N&A Online Shopping
မြန်မာ့တိုင်းရင်းဆေးမြစ်စုံ
စစ်စစ?
မေမြို့ခြံထွက် သဘာဝ
❇️မက္ကာဒေးမီးယားသီး (ခေါ် )ချောကလက်သီး
❇️အခြောက် အသန့် လတ်ဆတ်မှု100%
✅1Kg 6000(အလုံး ၁၃၀ခန့်ပါ)
✅10kg ယူ 1kgတစ်ထုတ်လက်ဆောင်
🌱🌱🌱🌱မက္ကဒေးပျိုးပင် 🌱🌱🌱🌱
✅၂ပေကျော် ပျိုးသက်၁နှစ်
၁ပင် ၄၅၀၀
၁၀ပင် ၃၅၀၀၀
✅၃ပေကျော် ပျိုးသက်၁နှစ်ကျော်
၁ပင်၅၅၀၀
၁၀ပင် ၄၅၀၀၀
✅၄ပေကျော် ပျိုးသက် ၁နှစ်ခွဲ
၁ပင်၆၅၀၀
၁၀ပင် ၅၅၀၀၀
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
နေ့တိုင်းစားသုံးပါက ခံစားနိုင်သောအကျိုးကျေးဇူးများ
💟အရွယ်တင်နုပျိုခြင်း
💟ဦးနှောက် ဖွံဖြိုးတိုးတက်စေခြင်း
💟ဆီးချို သွေးချို ကာကွယ်ပေးခြင်း
💟နှလုံးအားကောင်းစေခြင်း
💟သွေးကြောတွင်းအဆီဓာတ်လျော့ကျစေခြင်း
💟ကင်ဆာရောဂါကာကွယ်ပေးခြင်း
💟အိုမင်းရင့်ရော်မှု အမာရွတ်များ လျော့ကျစေခြင်း
💟ဗီတာမင်အီးပါဝင်သဖြင့် အသားအရည်ကို စိုပြေစေခြင်း
💟ဆံကေသာကျန်းမာသန်စွမ်းခြင်း
💟သွားနှင့်အရိုးများ သန်စွမ်းစေခြင်း
💟အစာခြေစနစ်ကောင်းစေခြင်း
လက်လီ လက်ကား ပြန်လည်ရောင်းချလိုသူများ
09882625252
09776988871
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်
ကိုယ်ပိုင်တံဆိတ်ဖြင့် ကိုယ်ပိုင်စီးပွားရေး
စတင်လုပ်ချင်သူများအတွက်
စျေးနှုန်းချိုသာစွာဖြင့်လက်လီလက်ကားလိုသလောက်မှာယူနိုင်ပါသည်
ရန်ကုန်/မန်းလေး/မေမြို့ အိမ်ရောက်ငွေချေ
မြန်မာနိုင်ငံအနှံ့ ကားရောက်တဲ့ နယ် အစုံ ငွေကြိုလွဲစနစ်ဖြင့်ပို့ဆောင်ပေးပါသည်
မှာယူလိုပါက cb တွင် လိပ်စာ ဖုန်း လိုတဲ့အရေအတွက်ပြောပြီးမှာယူလို့ရပါသည်
မန်းလေး /မေမြို့ ခုမှ ခုချက်ခြင်းပို့ပေးပါသည်
ရန်ကုန်မှာပီး ၃ရက်အိမ်အရောက်ပို့ပေးပါသည်
နယ် ငွေလွဲဝင်ချက်ခြင်းကားတင်ပေးပါသည်
☎️09882625252 📞09776988871 or cb သို့ဆက်သွယ်မှာယူနိုင်ပါသည်
မေမြို့ခြံထွက် သဘာဝ
❇️မက္ကာဒေးမီးယားသီး (ခေါ် )ချောကလက်သီး
❇️အခြောက် အသန့် လတ်ဆတ်မှု100%
✅1Kg 6000(အလုံး ၁၃၀ခန့်ပါ)
✅10kg ယူ 1kgတစ်ထုတ်လက်ဆောင်
နေ့တိုင်းစားသုံးပါက ခံစားနိုင်သောအကျိုးကျေးဇူးများ
အရွယ်တင်နုပျိုခြင်း
ဦးနှောက် ဖွံဖြိုးတိုးတက်စေခြင်း
ဆီးချို သွေးချို ကာကွယ်ပေးခြင်း
နှလုံးအားကောင်းစေခြင်း
သွေးကြောတွင်းအဆီဓာတ်လျော့ကျစေခြင်း
ကင်ဆာရောဂါကာကွယ်ပေးခြင်း
အိုမင်းရင့်ရော်မှု အမာရွတ်များ လျော့ကျစေခြင်း
ဗီတာမင်အီးပါဝင်သဖြင့် အသားအရည်ကို စိုပြေစေခြင်း
ဆံကေသာကျန်းမာသန်စွမ်းခြင်း
သွားနှင့်အရိုးများ သန်စွမ်းစေခြင်း
အစာခြေစနစ်ကောင်းစေခြင်း
ကိုယ်ပိုင်တံဆိတ်ဖြင့် ကိုယ်ပိုင်စီးပွားရေး
စတင်လုပ်ချင်သူများအတွက်
စျေးနှုန်းချိုသာစွာဖြင့်လက်လီလက်ကားလိုသလောက်မှာယူနိုင်ပါသည်
ရန်ကုန်/မန်းလေး/မေမြို့ အိမ်ရောက်ငွေချေ
မြန်မာနိုင်ငံအနှံ့ ကားရောက်တဲ့ နယ် အစုံ ငွေကြိုလွဲစနစ်ဖြင့်ပို့ဆောင်ပေးပါသည်
မှာယူလိုပါက cb တွင် လိပ်စာ ဖုန်း လိုတဲ့အရေအတွက်ပြောပြီးမှာယူလို့ရပါသည်
မန်းလေး /မေမြို့ ခုမှ ခုချက်ခြင်းပို့ပေးပါသည်
ရန်ကုန်မှာပီး ၂ရက်အိမ်အရောက်ပို့ပေးပါသည်
နယ် ငွေလွဲဝင်ချက်ခြင်းကားတင်ပေးပါသည်
☎️09882625252 📞09776988871 or cb သို့ဆက်သွယ်မှာယူနိုင်ပါသည်
ဆေးမြစ်၈မျိုး ၁စုံ ၁၀၀၀၀ကျပ်
ကျားခြေရာ
ဝံအူ
တောင်နံကြီး
ဆေးခါးကြီး
သက်ရင်းကြီး
ပရုပ်မြစ်
နလင်ကျော်
တောရှောက်
မြို့ပေါင်း၁၂၀အိမ်ရောက်ငွေချေ
09776988871 /09408335548
သို့ ဆက်သွယ်မှာယူနိုင်ပါသည်
ဆေးမြစ် ၈မျိုး ၁စုံ မြန်မာငွေ ၁၀၀၀၀ကျပ်
မြို့ပေါင်း၁၂၀ အိမ်ရောက်ငွေချေ ပို့ပေးနေပါပီ
📞09776988871 📞09408335548သို့ဆက်သွယ်မှာယူနိုင်ပါသည်
ပါဝင်သောဆေးမြစ်များ⤵️⤵️⤵️⤵️⤵️
✅တောရှောက်
✅ကျားခြေရာ
✅ဝံအူ
✅နလင်ကျော်
✅တောင်နံကြီး
✅ဆေးခါးကြီး
✅သက်ရင်းကြီး
✅ပရုပ်မြစ်
ဆေးမြစ် ၈မျိုးကို
၁မျိုး ခြင်းစီ ကို လိုအပ်သလိုသွေးလိမ်းနိုင်ခြင်း
၈မျိုးစလုံးကို အနဲငယ်ဆီ ခုတ်ပီး အရက်ဦးရည်ဖြင့် စိမ်၍လိမ်းခြင်း
၈မျိုးစလုံးကို အနဲငယ်ခုတ်ပီး မုန့်ညှင်းဆီစစ်စစ်ဖြင့် စိမ်၍လိမ်းခြင်း ဖြင့်
ထုံနာ /ကျင်နာ /ကိုက်ခဲ /ဒူးနာ/ခါးနာ/အကြောတက် /လေဖျတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်
N&A ဆေးမြစ်စုံစစ်စစ် ပင်ရင်း pageမှ
ဝယ်ယူအားပေးကျသော
မိဘ /ဆွေမျိုး/မိတ်ဆွေ များကို
ကျေးဇူးတုံ့ပြန်သောအနေဖြင့်
❇️မကြာမီရောက်ရှိလာမည့် ဝါတွင်းကာလအတွင်း
✅နံ့သာ၅ပါးဖြင့် ဘုရားပူဇော်ခြင်း
✅ဘိုးဖွား /မိဘ/ဆွေမျိုး များအား နံ့သာငါးပါးဖြင့်ဂါရဝပြုခြင်း
❇️ဝါတွင်းအထူးpromotion ဖြစ်သာ
(Buy 1 Set Get 1set )
#နံ့သာ၅ပါးset 1
✳️နံ့သာဖြူ၅ကျပ်သား
✳️ကရမက် ၅ကျပ်သား
✳️နံ့သာနီ၅ကျပ်သား
✳️တောင်နံကတိုး၅ကျပ်သား
✳️တောင်နံကြီး ၅ကျပ်သား ပါဝင်သော
(နံ့သာ၅ပါး Set 1 ၄၅၀၀၀ကျပ် )
ဝယ်ယူသူတိုင်းကို
✅တောရှောက်
✅ကျားခြေရာ
✅ဝံအူ
✅တောင်နံကြီး
✅နလင်ကျော်
✅ပရုပ်မြစ်
✅ဆေးခါးကြီး
✅သက်ရင်းကြီး
ပါဝင်သော
၈မျိုး အစုံ ဆေးမြစ်
1set မေတ္တာလက်ဆောင် ပေးနေပါပီရှင်။
💟💟💟💟💟💟💟💟💟💟💟💟💟
#နံ့သာ၅ပါးSet 2
✳️နံ့သာဖြူ ၁၀သား
✳️နံ့သာနီ၁၀သား
✳️ကရမက်၁၀သား
✳️တောင်နံကတိုး၁၀သား
✳️တောင်နံကြီး၁၀သား ပါဝင်သော
(နံ့သာ၅ပါး set 2 ၈၇၀၀၀ကျပ်)
ဝယ်ယူသူတိုင်းကို
✅တောင်ရှောက်
✅ဝံအူ
✅ကျားခြေရာ
✅တောင်နံကြီး
✅သက်ရင်းကြီး
✅ဆေးခါးကြီ
✅ပရုပ်မြစ်
✅နလင်ကျော်
✅သက်ရင်းဝါ
✅ရေမျောသီး
✅ဘုဒလက်စေ့
✅ဒိုးပျောက်သီး
✅သစ်မင်း
✅ဌက်ကြီးတောင်
✅လိပ်ကျောက် ပါဝင်သော
၁၅မျိုး အစုံ ဆေးမြစ် ၁ဆက် မေတ္တာလက်ဆောင် ပေးနေပါပီ ။
✅ဆေးမြစ်စုံစစ်စစ်ဖြစ်ကြောင်း ၁၀၀%အာမခံဖြင့် မြို့ပေါင်း ၁၂၀ အိမ်ရောက်ငွေချေ ပို့ပေးနေပါပီ။
ဝယ်ယူသူတိုင်း စိတ်တိုင်းကျကျေနပ်ရတဲ့
နံ့သာစစ်စစ် ဆေးမြစ်စစ်စစ်ကို
ယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူအားပေးနိုင်ပါပီရှင်။
ဝယ်ယူလိုပါက
09776988871 သို့ဖုန်းဆက်၍ဖြစ်စေ
N&A page cbသို့
အမည် လိပ်စာ ဖုန်းနံပါတ်ပေး၍
မိမိလိုအပ်သော် set 1 or set 2
ကိုပြော၍မှာယူနိုင်ပါသည်ရှင်။
ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ
စီးပွားဥစ္စာဒီရေအလားတိုးပွားကြပါစေ လို့
မင်မင်သို့ N&A မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။🙏🙏🙏
❗️ကန့်ချုပ်နီ ဆေးမြစ်❗️ ရပါပီရှင်။
၁၀သား-3500
၁ပိသာ-30000
#ခရုသင်းပျောက်နည်း
ကန့်ချုပ်ဖြူ(သို့)ကန့်ချုပ်နီ အမြစ်ကို ဆန်ဆေးရည်နဲ့သွေးပြီး
ခရုသင်းအဖြူကွက်များပေါ်မှာ နံနက် ည ပါးပါး ၂ ကြိမ် လိမ်းပေးပါ။
၇ ရက်လောက်လိမ်းရုံနှင့်အသားများ ဖြူရာမှ နီလာပါမည်။
၂။ မုန်လာဥနီ နှင့် ကြက်ဥ ကြော်၍နေ့စဉ်စားပေးပါ။
၃။ ညက်စွာကြိတ်ထားသော ဧကရာဇ်အမြစ်အစို ၂၀ ကျပ်သားနှင့်ထန်းလျက် ၁ ပိဿာကို ရေထည့်၍
လက်ကော်ရအောင် ကျိုချက်ပြီး နံနက် ည ဟင်းစားဇွန်း ၂ ဇွန်းစီ နေ့စဉ်သောက်ပါက အရေပြားတွင်
ဆွတ်ဆွပ်ဖြူသော ခရုသင်းနာ တစ်နေ့တခြား လျော့ပါးပျောက်ကင်းပါသည်။
တစ်ကိုယ်လုံးဖြူလျှင် ဆေး ၂ ဖုံ၊ ကွက်ကျားဖြူသူများ ဆေး ၁ဖုံ သောက်ရုံမျှ ပျောက်ကင်းနိုင်ပါသည်။
၄။ သမဲ့ကိုင်း၏ တစ်ဖက်ကိုမီးရှို့ပေးခြင်းဖြင့် တစ်ဖက်မှထွက်လာသော သမဲ့ဆီကို အရေပြားပေါ် လိမ်းပေးပါက
တစ်ကျပ်သားကုန်လျှင် ခရုသင်းရောဂါသိသာစွာလျှော့ပါးလာသည်။
သိမ်ဖြူ ဆေးအဘိဓာန် နှင့် ဘေသဇ္ဇ သင်္ဂဟ
ဆေးကျမ်း စာအုပ် များမှကူးယူဖော်ပြပါသည်။
မူရင်းရေးသားသူအားလေးစားစွာဖြင့်ကူးယူဖော်ပြပါသည်
Source from internet.....
09776988871 သို့ဆက်သွယ်မှာယူနိုင်ပါသည်
မြို့ပေါင်း၁၂၀ အိမ်ရောက်ငွေချေပို့ပေးပါသည်
မှာမှ တူးပေးတာမို့ ၁ရက်ကြိုမှာပေးရပါတယ်။
"သစ်မင်း" အပင်၊အခေါက်တို့ရဲ့ အထွေထွေဗဟုသုတများ
သစ်တို့ရဲ့ဘုရင်မို့ ရရှိသူတွေ သိမ်းဆည်းကြပါတယ်။
တောတောင်ကြီးတွေမှာသာ ပေါက်တတ်ပြီး
မကောင်းတဲ့ သစ်ဆိုး၊ သစ်တောက် သစ်မျက်များနဲ့ သစ်ဘီလူး၊ သစ်စုန်းတွေကိုနိုင်တယ်လို့ ဆောင် ထားတတ်ကြပါတယ်။
အချို့လည်း အိမ်မှာ စိုက်ပျိုးတတ်ကြပါတယ်
ဆေးအသုံးအဖြစ် ဗိုက်အောင့်ဗိုက်နာ၊လေထိုးလေအောင့်ဖြစ်ပါက နနွင်းမှုန့် ,ဆားနှင့် သစ်မင်းခေါက်ကို သွေးလိမ်းပေးပါက သက်သာပျောက်ကင်းပါသည်။
အချို့အနာပြည်တည်ရောင်ရမ်းနေပါက သစ်မင်းရွက်ကို ထုချေပြီး အုံခြင်းပြုပါက အမြန် ပြည်ထွက်ပြီး အသားနုတက်ပါသည်။
သစ်မင်း ဘယ်လို အသုံးပြုတာလဲ?ဆိုတာကို မဟာမြိုင်တော၊ ပလ္လင်တောင်က ဘရသေ. ရှင်ပညာဒီပ ကို မေးလျောက်မိတော့..
"ဒကာတဲ့ ဒုတ္တာရေထဲ ဆား အနည်းငယ်ထည့်ပြီး သစ်မင်းကို ၁နာရီစိမ်ပြီးမှ သုံးရင် ပိုအစွမ်းထက်တယ်" လို့မိန့်ပါတယ်။
"ဒုတ္တာရေနဲ့စိမ်ပြီးတဲ့ သစ်မင်းကို ကျောက်ပျဉ်မှာ ရေကျဲကျဲ နဲ့များများလေးသွေးပြီး သစ်နဲ့ပတ် သက်တဲ့ လူအသုံးအဆောင်၊ အိမ်၊အဆောက်အဦ တွေကိုမကြာခဏ ပက်ဖျန်းခြင်းပြုကြတယ်"လို့ မိန့်ပါတယ်။
ယုံသူတို့ လိုသလိုဆောင်ရွက် ရွတ်ဖတ်နိုင်စေဖို့ မေတ္တာရည်ကာ တင်ပြလိုက်ပါတယ်။✅✅✅
ဂုဏ်တော်(၉)ပါး ရွတ်ပြီး သွေးပါက ပိုစွမ်းပါကြောင်း။
မနောမယဂျာနယ်မှာ သစ်တို့အရှင်သစ်မင်းသခင် စာမူရေးခဲ့ပြီးဖြစ်ပါတယ် ….ရဲမျိုးသူ ဗောဓိမြိုင်
” သစ်မင်း ပုံပါ ”
သစ်ဆိုး ၊ဝါးဆိုးတွေကို နိုင်နင်းတယ်လို့ ဆိုပါတယ်။ အိမ်တွေမှာ သစ်ဆိုတာ မပါမဖြစ်ပါ။ သစ်ဝါးတွေဆိုတာကလည်း တောမှာပေါက်ကြတယ်။
အချို့သစ်ဝါးတွေက အန္တရာယ်ဖြစ်စေတတ်တဲ့ ကမ္မစိဒ္ဓိရှင်တွေရဲ့ အရိပ်အငွေ့တွေပါလာတတ်ကြပါတယ်။ အဲလိုသစ်ဝါးမျိုးနဲ့ ဆောက်မိရင် အဲဒီအိမ်မှာ နေကြသူများအတွက် မကောင်းတော့ပါဘူး။
ပြဿနာဖြစ်တာများလာပါတယ်။ သတိပြုမိရင် ညညတောက်ခေါက်သံလိုမျိုး ကြားရတတ်ပါတယ်။ ဒါကတကယ်ပါ လက်သမားတွေသိကြပါတယ်။
ကဲ ဒီအခါဘယ်သစ်ဝါးက မကောင်းဆိုးဝါးသဘောပါနေတာလဲ။ ဘယ်လိုသိမလဲ?
သစ်ခြောက်လို့လည်း ခေါ်တယ် အဲ့လို
တောက်ခေါက်တဲ့ သစ်ဝါးဆိုရင်လေ။
ဘယ်နေရာမှာ သုံးမိမှန်း မသိတော့ ဘယ်လိုဖယ်မလဲ?
နေရာသိရင်တောင် ပရိဘောဂကို ဖျက်ဆီးပြီးအသစ်လုပ်ရမှာနော်။ အဲလိုဆို ကုန်ကျစားရိတ်တွေ များတော့မယ်။ အသစ်လုပ်ရင်တောင် သစ်ဝါးအပိုင်းတင်မပြီးဘူး ။ တိုက်တွေဆိုရင် ပန်းရံကိစ္စတွေ Decorationအပိုင်းတွေထိ ပြန်ကုန်ရတော့မယ်။
တောက်ခေါက်သံကြားရတဲ့ နေရာမှာ သစ်မင်းကို သပ်သဘောမျိုး ရိုက်လိုက်ရင် ပြီးပါတယ်။
အကယ်လို့ သေချာချင်ရင် တောက်ခေါက်သံကြားကြား မကြားကြား ၊အိမ်ရဲ့ လေးဖက်လေးတန်မှာ သစ်မင်း အသားစလေးတွေကို သပ်ရိုက်ခဲ့ရင် ရပါတယ်။
တောက်ခေါက်သံဆိုလို့ လူတောက်ခေါက်သလိုမျိုး မဟုတ်ဘူးနော်။ အိမ်မြောင်စုတ်ထိုးသလိုမျိုး သဘောဆင်ပါတယ်။
သစ်မင်းက အခေါက်ပိုင်းမှာ ပုံပါအတိုင်း ကွင်းချိတ်ကလေးတွေ ဆက်နေပါတယ်။ ဒါတွေက ဘုရားဟော မဟုတ်လို့ ပယ်ပြီးတော့ လောကီနယ်အတွင်းမှာ နေကြသူတွေ အဖို့ရာ အလွန်တရာမှ အန္တရာယ် များလှပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သစ်ခြောက်မှာ အစွဲရှိနေတဲ့ ကမ္မစိဒ္ဓိရှင်က မကောင်းရာ၊မကောင်းကြောင်း
လုပ်ဖို့ အိမ်ရှင်နေရာကို တကယ့်အိမ်ရှင် မနေသေးခင်ကတည်းက ဦးသွားလို့ပါပဲ။
အခြားသမာဓိ အားကောင်းသူ သမထသမားဖြစ်စေ၊ သမထမလုပ်သော်လည်း ဝိပဿနာသဘော အသိအားကောင်းသူ တရားရှင်ဖြစ်စေပေါ့
ထိုသူတစ်ဦးတစ်ယောက်ရဲ့ အရှိန်အဝါကြောင့်လည်း သစ်ခြောက်မှာစွဲနေတဲ့ ကမ္မစိဒ္ဓိသဘောကို ဖျက်စီးနိုင်ပါတယ်။
သေချာတာကတော့ တောက်ခေါက်သံကြားကြား မကြားကြား သစ်မင်းကို အိမ်သစ် အိမ်ဟောင်းမရွေး ညှပ်ထည့်ပေးလိုက်ရင် ရပါပြီ။
ဒါ့အပြင် သစ်မင်းဟာ ပယောဂဖြစ်သူကို ဖြစ်တဲ့နေရာမှာ ထိတွေ့ထားရင် ကာယကံရှင်ဟာ သိတတ်သူဆိုရင် ခန္ဓာကိုယ်ကနေ စူးကနဲ စူးကနဲနဲ့ ကမ္မစိဒ္ဓိစက်တွေ အနှေးနဲ့အမြန် ထွက်တာကို
သိပါလိမ့်မယ်။
ဒါကတော့ ကျွန်တော် စမ်းကြည့်ဖူးတာကို
ပြောပြတာပါ။ ဖြစ်တဲ့နေရာမသိရင် ဦးခေါင်းနဲ့ ဝမ်းဗိုက်ပေါ်တင်ပါတယ်။
သစ်မင်းအကြောင်းလေးရှာတွေ့သလောက်လေး
ပြန်လည်ဝေမျှပါသည်။
writer crd
Costumer ဝယ်သူတွေရဲ့ review လေးတွေ ဖတ်ကြည့်ကြနော်☺️
ဗဟုသုတ တကယ်ရတာ။
နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ တောင်နံကတိုး….. စသည့် ဆေးမြစ်ဝယ်သူများ စာလေးတွေ ဖတ်ပီး စမ်းသပ်စစ်ဆေးနိုင်ပါတယ်ရှင်။☺️
🪴🪵သဘာဝတိုင်းရင်းဆေးမြစ် စစ်စစ်များကိုသာရောင်းချပေးတာပါရှင်🌱🪵🪴
ဝယ်သူတိုင်းကိုလဲ လက်ဆောင်လေးတွေ ထည့်ပေးထားပါတယ်ရှင်။ ကျန်းမာ ချမ်းသာ ကြပါစေရှင်။🙏🙏🙏
#ကရမက်
#ဆေးစွမ်းထက်တဲ့ကရမက်
#မိန်းမအသက်ကရမက်
09776988871
မြို့ပေါင်း ၁၂၀ အိမ်ရောက်ငွေချေ
ကရမက်၁၀ကျပ်သား ၆၀၀၀
ကရမက်သည် အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့တွင် အဓိကပေါက်ရောက်သော ဆေးဖက်ဝင် အပင်မျိုးဖြစ်သည်။ အမြစ်ကိုလည်းကောင်း၊ ပင်စည်ကိုလည်းကောင်း ဆေးဖက်အဖြစ်အသုံးပြုနိုင်သည်။ ကရမက်ရဲ့မွှေးပျံ့တဲ့ရနံ့ကြောင့် cosmetic တွေမှာ ထည့်သွင်းအသုံးပြုကြသည်။ ကရမက်ကို အမှုန့်ပြု၍ သော်လည်းကောင်း၊ အနှစ်ကြိတ်၍ သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။
*** ကရမက်ကိုလိမ်းပေး၊ သောက်ပေး၊ ရှူပေးခြင်းဖြင့်
- ပွေး၊ ညှင်း၊ ဝဲ တို့ကိုပျောက်စေပါသည်
- ခေါင်းမူးခေါင်းကိုက်ခြင်းကိုသက်သာစေပါသည်
- ကိုယ်ပူကျစေပါသည်
- အဖောကျစေပါသည်
- အဆစ်ရောင်ခြင်းကိုသက်သာစေပါသည်
- ပိုးသေစေပါသည်
- ချောင်းဆိုးပျောက်စေပါသည်
- လည်ချောင်းနာခြင်းကို သက်သာစေပါသည်
- စိတ်ငြိမ်စေပါသည်
- နှလုံးအားကောင်းစေပါသည်
- အစာချေစနစ်ကို ပိုမိုကောင်းမွန်စေပါသည်
- ဝမ်းပျက် ဝမ်းလျှောခြင်းကိုသက်သာစေပါသည်
- ပျို့အန်ခြင်းကိုသက်သာစေပါသည်
- ခေါင်းချွေးပြန်ခြင်းကိုသက်သာစေပါသည်
#ကရမက်အညွှန်း
အပူအောင်း၍ဖြစ်တတ်သောလက္ခဏများ၊ညောင်းညာကိုက်ခဲခြင်း၊အဆစ်မြစ်နာခြင်း၊ဓာတ်မတည့်မှုကြောင့်ဖြစ်သောသွေးယားခြင်း၊အရေပြား၌အဖု၊အပိန့်ထွက်ခြင်း၊သွေးစုနာ၊အနာစာဥ၊အဖုအကျိတ်များကိုသွေးလိမ်းရင်သက်သာစေပါတယ်။နှလုံခုန်ရင်တုန်၊မူးဝေ၊အိပ်မပျော်သူများ၊ခန္ဓာကိုယ်အနံဆိုးထွက်သူများ၊မီးယပ်၊အဖြူဆင်း၊အပူဝမ်းသွားသူများသောက်သုံးနိုင်ပါသည်။
💚ကရမက်💚
ကရမက် ကို အသားရေအေးမြစေရန်အသုံးပြုကြပါသည်။နွေရာသီတွင်ဖြစ်တတ်သော မိတ်ဖု အပူဖု မိတ်အိုင်းများကို ခန္ဓာကိုယ်အနှံလူးပေးနိုင်ပါသည်။မွေးကင်းစကလေးငယ်များကို အသားရေအေးမြစေရန် မှတ်ခြင်ယင် ကိုက်ခြင်းမှကင်းဝေးရန် လူးပေးနိုင်ပါသည်။မိန်းမအသက် ကရမက် -ကရမက်ကို အမျိုးသမီးရောဂါများ ကုသရာတွင်အသုံးပြုကြပါသည်။ များသောအားဖြင့် ကရမက်ကို ခန္ဓာကိုယ်တွက်သာအသုံးပြုကြပါသည်။
#ကရမက်
Crd:
🌿 တပင်တိုင်မြနန်းဥ အသုံးဝင်ပုံနှင့် အသုံးပြုပုံ 🌿
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရင်သားအကျိတ်၊ လည်ပင်းအကျိတ်၊ အဆီကျိတ်၊ ကိုယ်ခန္ဓာအနှံ့အပြားတွင် ပေါက်တတ်သော အကျိတ်အဖု အားလုံးနှင့် အစာအိမ်နာရောဂါများ အတွက် တပင်တိုင်မြနန်း
(၁) အရွက်၊ ပင်စည်နှင့် ဥများကို စားဆေးအဖြစ် အသုံးပြုနိုင်သကဲ့သို့ လိမ်းဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
(၂) တပင်တိုင်မြနန်းပင် အဖြူ-အနီ-အနက်ရောင် အမျိူးအစားအားလုံးရဲ့ အမြစ်ဥတွေက မြစ်ပွားနာအပါအဝင် အဖု၊ အကျိတ်၊ အနာများအား သွေးလိမ်းရုံဖြင့် ပျောက်ကင်းစေပါတယ်။ (သို့မဟုတ်) အဖု၊ အကျိတ်၊ အနာများပေါ်တွင် အရွက်ကို အစိမ်းလိုက်ချေ၍ အုံကပ်ထားခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေပါတယ်။
(၃) မြေအောက်မြစ်လျှောက် ပင်စည်ပွားဖြစ်တာကြောင့် ကင်ဆာကဲ့သို့ အမြစ်တွယ်သော ရောဂါများကို နိုင်ပါတယ်။ တပင်တိုင်မြနန်းပင်အနီနှင့် အနက်ရောင်များက ပိုမိုအာနိသင်ထက်မြက်ပြီး ကင်ဆာအကြိတ်ဖြစ်ခါစ(ကင်ဆာမပွင့်ခင်) ရင်သား၊ သားအိမ်၊ အဆုတ်၊ ဆီး အိမ်ကင်ဆာ အမျိုးမျိုးတို့ကို ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်ပါတယ်။အရေပြားကင်ဆာ အဆင့်(၄)ကိုပင် ပျောက်ကင်းစေခဲ့ကြောင်း သာဓကများ ရှိကြပါတယ်။
(၄) ၂၀၀၄-၂၀၀၆ ကာလများတွင် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မအူပင်အထွေထွေဆေးရုံမှာ သိပ္ပံဆေးပညာနည်းအရ အမျိုးသမီး ကင်ဆာရောဂါများအတွက် တပင်တိုင်မြနန်းအပင်ဖြင့် ဆေးဝါးဖော်စပ်ထားတဲ့ Biocrush ဆေးကျွေး၍ ၃-လကြာတဲ့အခါ လူနာများရဲ့ ကိုယ်အလေချိန် အတက်အကျ၊ အထွေထွေ ကျန်းမာရေးအခြေအနေ၊ သားဖွားနှင့်မီးယပ် စစ်ဆေးမှု၊ultrasound ရိုက်ခြင်း၊ scan ဖတ်ခြင်း၊ အသည်း အခြေအနေ၊ ဆီးထဲမှာ သွေးပါရှိမှုအခြေအနေ၊ electrolytes ရိုက်ကြည့်ခြင်း…စတဲ့ နည်းတွေဖြင့် ရောဂါအခြေအနေ အဆင့်အလိုက် ဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်။ အဖြေထွက်ရှိမှု ရလာဘ်ကတော့၊ ဤ ၃-လတာကာလအတွင်း ဝေဒနာသည်များ တစ်ဦး တစ်ယောက်မျှ အသက်မသေဆုံးကြပါဘူး။ ကျန်းမာရေးလည်း သိသိသာသာတိုးတက် ကောင်းမွန်လာတာတဲ့အပြင်၊ စိတ်ချရတဲ့ အခြေအနေမှာ ရှိတာကြောင့် မိမိတို့ဌာနေ ရပ်ရွာများသို့ပြန်၍ မိသားစုနဲ့အတူ လယ်တောထဲဆင်းကာ ပဲစိုက်ပျိုးရေးလုပ်ငန်းတွေကို ကူညီလုပ်နိုင်လာပါကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။
(၅) မြန်မာ့တိုင်းရင်းဆေးနည်း ကုထုံးဖြင့် အမျိုးသမီးရောဂါ သားအိမ်ကင်ဆာရောဂါများအတွက် တပင်တိုင်မြနန်းဥကို သွေး၍ ရေအေးဖြင့်သောက်ခြင်း၊ တပင်တိုင်မြနန်း အမြစ်ဥကို ဆန်ဆေးရည်ဖြင့် သွေး၍ ဆီးခုံပေါ် လိမ်းပေးခြင်းဖြင့် ကုသခဲ့ရာ ရောဂါများ ပျောက်ကင်းသွားပြီး အသက်ချမ်းသာရာရတဲ့ သာဓကများရှိပါတယ်။
(၆) အစာအိမ်ရောဂါများအတွက် တပင်တိုင်မြန်းပင် အမြစ်ဥ ၅-ကျပ်သားခန့် ကို အမှုန့်ပြုလုပ်၍ ပျားရည်ဖြင့် အလုံးအရေအတွက် ၅၀ တိတိ အလုံးကလေးတွေ ပြုလုပ်ပါ။ တစ်နေ့ တစ်လုံး မှန်မှန်စားပေးခြင်းဖြင့် အစာအိမ်နာကို ပျောက်ကင်းစေနိုင်ပါတယ်။
(၇) အနာမြန်မြန်ကျက်ပြီး အသားနုတက်စေဖို့အတွက် အရွက်ကို အနာပေါ်တင်၍ကပ်ထားပေးပါ။
(၈) တပင်တိုင်မြနန်းပင် အမြစ်ဥ ၅-ကျပ်သား အား အမှုန့်ပြုလုပ်၍၊ ရှားစောင်းလက်ပပ် ၂၅-ကျပ်သား၊ ထန်းလျက် ၁၀-သားနှင့် ရေ ၂၅-ကျပ်သားခန့် ထည့်၍ ပျစ်အောင်ကျိုပါ။ လက်ဖက်ရည်ဇွန်းကြီး တစ်ဇွန်းပမာဏကို၊ တစ်နေ့ တစ်ကြိမ်ကျနှုန်းဖြင့် တစ်လတိတိ သောက်ပေးခြင်းဖြင့် သားအိမ်တွင်း အလုံးအကြိတ်များ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၉) တပင်တိုင်မြနန်းဥ အမှုန့်၁၀-ကျပ်သား၊ ပျားရည် ၁၀-သား၊ ထောပတ် ၅-ကျပ်သားတို့ကို ရောမွှေပါ။ ထိုအရောအနှောများကို အသက်ရှည် အားတိုးဆေးအဖြစ် တစ်နေ့လျှင် လက်ဖက်ရည်ဇွန်းသေး တစ်ဇွန်းခန့်သောက်ပေးနိုင်ပါတယ်။
(၁၀) တပင်တိုင်မြနန်းဥ အမှုန့် ၅-ကျပ်သား၊ ထန်းလျက် ၁၀-ကျပ်သား၊ မန်ကျည်းသီးမှည့် အနှစ် ၅-ကျပ်သားအား ရောကျိုပြီး တစ်နေ့ လက်ဖက်ရည်ဇွန်းသေး တစ်ဇွန်း သောက်သုံးပေးခြင်းဖြင့် သွေးမသန့်ခြင်းနှင့် အမျိုးသမီးများ မီးယပ်ရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။
(၁၁) ဝက်ခြံ၊ မီးလောင်နာ၊ အဆီကျိတ်၊ ရိုးရိုးအဖုအကျိတ်များ၊ အတွင်း/အပြင် လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ ရင်သားအကျိတ်၊ လည်ပင်းအကျိတ်၊ ကိုယ်ခန္ဓာအနှံ့အပြားတွင် ပေါက်တတ်သော အကျိတ်အဖု၊ အနာစို၊ အနာဆွေး၊ မြုံနေသော အနာများ (အားလုံး)အတွက် တပင်တိုင်မြနန်းပင် အမြစ်ဥကို ရေစင်စင်ဆေး၍ ဆန်ဆေးရည်ဖြင့် သွေးလိမ်းအုံပေးခြင်းဖြင့် အမြန်ဆုံးပျောက်ကင်းစေပါတယ် (သို့မဟုတ်) အမြစ်ဥကို ရေအေးနှင့် သွေး၍လည်း သောက်နိုင်ပါတယ်။
(၁၂) မိန်းမကိုယ်ရှိ ကူးစက်ရောဂါ အဖုအပိမ့်များအတွက် တပင်တိုင်မြနန်းပင် အနက်ရောင်ရဲ့ အမြစ်ဥကို သွေးလိမ်းပေးခြင်းဖြင့် ဒိဌ ပျောက်ကင်းစေပါတယ်။
(၁၃) ရှေးနှစ်ပေါင်း ထောင်ကျော်ကတည်းကစ၍ အိန္ဒိယနိုင်ငံတွင် အရိုးကျိုးခြင်း၊ အက်ခြင်း နှင့် အရေပြားကွဲရှခြင်းတို့အတွက် ဆေးမြီးတိုအဖြစ် တပင်တိုင်မြနန်းအရွက်ကို ထောင်းထု၍ ကြက်ဥအကာဖြင့်ရောနယ်ကာ လိမ်းကျံလေ့ရှိပါတယ်။
(၁၄) အရက်မသောက်ရလျှင် မနေနိုင်သော သူများအတွက် ဆေးစွမ်းတစ်လက်လေးပါ။ တပင်တိုင်မြနန်းဥ(အစို) ၅-ကျပ်သားကို ခပ် ပါးပါးလှီးက ဌက်ပျောဖူးပုလင်း တပိုင့်ခန့်ရသည်အထိ အပူပေးကျို၍၊ ဖန်ပုလင်းထဲမှာ ကဇော်ပေါက်အောင် ၃-ရက်ခန့် သိပ်ထားပြီး သောက်ပါ။ (ထိုအရည်က အရက်၏ အရသာအနံ့များနှင့်ဆင်တူတာကြောင့် အရက်အဖြစ်အစားထိုးသောက်လို့ရတာကြောင့် နောက်ဆုံးမှာ အရက်ပြတ်စေပါတယ်) အကယ်၍ တပင်တိုင်မြနန်းဥ (အခြောက်)သာ ရရှိပါကလည်း အရက်အရသာ လောက်မပြင်းသော်ငြား အရက်ဇိုးသမား များအတွက် အရက်ပြတ်စေဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။မှတ်ချက် – အရွက်ကို စားရာတွင်လည်းကောင်း၊ အမြစ်ဥကိုသွေးလိမ်းရာတွင်လည်းကောင်း၊ အနည်းငယ်ယားယံသော ခံစားမှုကို နာရီ အနည်းငယ် ( ၁ နာရီ မှ ၃ နာရီ) ကြာသည်အထိ ခံစားရနိုင်ပါတယ်။ သို့သော် ထိုခဏတာကာလအကြာမှာ အခိုးများပွင့်လာပြီး ယားယံမှုတွေ သူ့ အလိုလို ပျောက်ကင်းသွားပါလိမ့်မယ်။ စိတ်ပူရန်မလိုပါ။ (သို့မဟုတ်ပါက) သွေးယားယံပျောက်ဆေး တမျိုးမျိုးဖြင့် တွဲသောက်သုံးပေးပါ။သတိပြုရန် – တပင်တိုင်မြနန်းအပင်မှာ အပူဓာတ် ပါရှိတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များ၊ အသက် ၂-နှစ်အောက် ကလေး ငယ်များ၊ သွေးမခဲဆေးဝါးကုထုံးဖြင့် ကုသမှုခံယူနေရသော လူနာများက တပင်တိုင်မြနန်း သုံးစွဲမှုကို (အထူး) ရှောင်ရှားသင့်ပါတယ်။
တပင်တိုင်မြနန်းဥ ဝယ်ယူလိုပါက
☎09776988871 or cb
10သား ၆၅၀၀
၁ပိသာ ၆၀၀၀၀
မြို့ပေါင်း၁၂၀အိမ်ရောက်ငွေချေပို့ပေးပါသည်
လိပ်စာဖုန်းပေးပြီးလိုအပ်သလောက်မှာယူလို့ရပါသည်
အနာနဲ့ဆေးတွေ့ပီး စိတ်ကျန်းမာကိုယ်ချမ်းသာ
သာယာပျော်ရွှင်တဲ့ ဘဝတွေပိုင်ဆိုင်နိုင်ကျပါစေ
ဒီလိုစာလေးတွေ ပြန်လာပြောပြပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ အခုခေတ်မှာ online ကနေ စျေးဝယ်ရတယ်ဆိုတာ တော်တော်လေး ကို စဉ်းစားပီးမှ ဝယ်ကြတာပါ။ အခုလို ယုံယုံကြည်ကြည်လေးနဲ့ အားပေးလို့ ကျေးဇူး အများကြီးတင်ပါတယ်ရှင်။ ဝယ်သူများ အားလုံးကျန်းမာ ချမ်းသာကြပါစေရှင်။🙏🙏🙏
❗️ကန့်ချုပ်နီ❗️ ဝယ်ယူအားပေးကြသော မိတ်ဆွေတော်များရှင့် ။
ယခုအချိန်မှာ မိုးများစွာရွာသွန်းမှုများကြောင့် ကန့်ချုပ်နီ တူဖော်ရန် ခက်ခဲနေပါသဖြင့် ခေတ္တခန စောင့် ဆိုင်းပေးကြပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ရှင့်။ 🙏
ကန့်ချုပ်နီ ရတဲ့ အချိန်ကြရင်လဲ ပြန်လည်ကြေညာပေးပါမယ်ရှင့်။
မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာ ကြပါစေရှင်။🙏
ကျွန်းနက်စိပ်ပုတီးလေးတွေနဲ့ လည်ပင်းမှာဆွဲထားလို့ရတဲ့ ပုဆိန်လေးတွေ ရနေပြီနော် ။
သိဒ္ဓိဝင်ကျွန်းနက်ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲဆိုတော့
-ကျွန်း တနင်္လာနံ ၂ နဲ့ နက် စနေနံ ၇ ပေါင်း ၉ နဝင်းမိတာကြောင့် ကောင်းကျိုးများစွာဆောင်ကျဉ်းပေးတဲ့သစ်ဖြစ်ခြင်း
-ဂုဏ်တော် ၉ ပါး နေ့တိုင်း ပူဇော်ပါက လာဘ်ရွှင် ငွေဝင် ဈေးရောင်းကောင်ခြင်း
-မေတ္တာသုတ်ရွတ်ဖတ်ပြီး ပုတီးစိပ်ပါက ဈေးဝယ်သူများနဲ့စည်ကားစေခြင်း
-အိမ်တွင်း အိမ်ပြင် အန္တရာယ်ကင်းလုံခြုံစေခြင်း
အပြင်မီး၊ အတွင်းမီး ၊ အပူသောကမီးများငြိမ်းအေးစေခြင်း
-ပရောဂအတိုက်အခိုက်ကင်းစေခြင်း
အိပ်မက်ဆိုးမက်ပြီးအနှောက်အယှက်ခံရခြင်းတို့မှ ကင်းဝေစေခြင်း တို့ကြောင့်သိဒ္ဓိဝင်သစ်အနေနဲ့ ဆင်းတုတော်များ၊ စိပ်ပုတီးများနဲ့ အဆောင်များ ပြုလုပ်ကိုးကွယ်ကြပါတယ်။
စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ သိဒ္ဓိဝင်ကျွန်းနက်ပုတီးကို
ဆောင်ချင် စိပ်ချင်တယ်ဆိုရင်တော့
09255695259
09776988871သို့ ဆက်သွယ်နိုင်ပါတယ် ။
�ဈေးနှုန်းလေးတွေကတော့
(ယောင်္ကျားကိုင် 18လက်မ) ကျွန်းနက်ပုတီး ၁ကုံး - 55000mmk
(မိန်းမကိုင် 16 လက်မ) ကျွန်းနက်ပုတီး ၁ကုံး - 45000 mmk
ဟပုဆိန် လည်ဆွဲ 1လက်မခွဲ -
15000mmk
မြန်မာတစ်ပြည်လုံး အနှံ့မှာလို့ရပါတယ်နော် ။
အကောင်းဆုံးအရည်အသွေး၊ အချိုသာဆုံး ဆက်ဆံရေးနဲ့ ဝယ်ယူသူတွေစိတ်တိုင်းကျတဲ့အထိ ဝန်ဆောင်မှုပေးနေတာမို့ အတွေးမမှားဖို့ လိုပြီနော်။
လာဘ်ရွှေငွေဝင်ပြီး💸
အတိုက်အခိုက်ကင်းစေတဲ့ ကျွန်းနက်သားစစ်စစ် အဆောင်တွေလည်းမျိုးစုံရှိပါတယ်ရှင် ။
(ပုံအောက်မှာ စျေးနှုန်း ရေးထားပေးပါတယ်ရှင်။)
ကျွန်းနက်သား
အဆောင်တစ်ခု
(15000)ပါရှင်။
သန်လျက်ကအတိုက်အခိုက်ဘေးဥပါဒ်ကင်းတယ်
ပြောသမျှစကား
တစ်ခွန်းထဲနဲ့အောင်မြင်တယ်။
အိတ်ဆောင် ဒါမှမဟုတ်လည်ဆွဲအနေနဲ့ထားသင့်ပါတယ်
ကားထဲမှာလည်းဆောင်ထားသင့်ပါတယ်။
ရှင်သီဝလိက
လာဘ်လာဘပေါများတယ်
ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းတယ်
အိမ်ဘုရားနဲ့ဆိုင်၊ရုံးခန်းတွေမှာထားသင့်ပါတယ်။
(၂၀၀၀၀ကျပ်)
ပိတုန်းကောင်းလေးက စန်းပွင့်တယ်
လူချစ်လူခင်ပေါများတယ်။
သူများမကောင်းကြံ
တာမခံရဘူး။
အိတ်ထဲမှာဆောင်ထားသင့်ပါတယ်။
ဆက်သွယ် မှာယူချင်ပါက
Cb or ph
-09255695259
-09776988871
ကျွန်းနက်အစွမ်း
သိဒ္ဓိအရှင် ကျွန်းနက်ပင်....................................
ကျွန်ုပ်သိသော ကျွန်းနက်အကြောင်းများကို ခေါင်းစဉ် (၁၈)ခု ခွဲ၍ အတတ်နိုင်ဆုံး ပြည့်စုံအောင် စာစီစာရိုက် ရေးသားထားပါသည်။
(၁)ကျွန်းနက်ဟူသည်
********************
ကျွန်းနက်များသည် ရေအောက်၊ မြေအောက်တွင် အချိန်ကာလကြာမြင့်စွာ နှစ်မြှုပ်ရာမှ သဘာဝဓာတ်များပြောင်း၍ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည့် ကျွန်းတုံး၊ ကျွန်းပင်များဖြစ်သည်။ရေနံမြေဖြစ်သည့်ဒေသတို့တွင် ကျွန်းနက်များကို အများစုတွေ့ရသဖြင့် ဓာတုဗေဒ သိပ္ပံနည်းဖြင့်ဆိုရသော် ရေနံမှဓာတ်တစ်မျိုးမျိုးနှင့် ကျွန်းတုံးများ အချင်းချင်းဓာတ်ပြုကြကာ အရောင်များပြောင်းလဲသွားခြင်းဟု ယူဆနိုင်သည်။ရေနံဓာတ်နှင့်ထိတွေ့၍ ဓာတ်ပြောင်း၊ အရောင်ပြောင်းသွားသော ကျွန်းသားများတွင် အများစုမှာ ကျွန်းဖိုပင်များ အဖြစ်များကြောင်း တွေ့ရသဖြင့် တစ်မျိုးတစ်ဖုံထူးဆန်းသည့် သစ်သားဟူ၍လည်း ဆိုနိုင်သည်။
ဝိဇ္ဇာဓရအယူအဆတို့တွင် သာမန်အရောင်မှ အနက်ရောင်သို့ သဘာဝနည်းဖြင့် ပြောင်းလဲသွားသော သစ်သားများသည် သိဒ္ဓိဝင်ကြသည်ဟု ဆိုသည်။သစ်ကနက်သား၊ ကျွန်းနက်သားများအား လောကီလမ်းလိုက်စားသူအများစုက နှစ်ခြိုက်ကြပေသည်။
(၂)ကျွန်းနက်နှင့်ဆင်တူယိုးမှားသော သစ်သားများ
************************************************
သစ်ကနက်သား၊ တည်(တယ်)သား၊ ယင်းတိုက်သားများကို မီးရှို့ကြည့်ပါက ရလာသည့်ပြာမှုန့်တို့မှာ ရွှေရောင် ကြေးနီရောင်များ ထွက်သည်။ကျွန်းနက်သားသည်လည်း ထိုသို့ပင်ဖြစ်၏။သို့သော် ကျွန်းနက်သားအား ပြာချလျှင် ဝါဖန့်ဖန့်အရောင်၊ ရွှေအိုရောင်ထွက်၍ သံလိုက်တုံးဖြင့် ဆွဲကြည့်လျှင် ကပ်ပါလာ၏။ကျွန်းနက်မှလွှဲ၍ ကျန် သစ်သားသုံးမျိုးမှာ ပြာမှုန့်အရောင်တူသော်လည်း သံလိုက်ဖြင့်ဆွဲပါက သံမလိုက်ပေ။ကျွန်းနက်အများစု၏အရောင်သည် အလွန်နက်ပြောင်နေခြင်းမဟုတ်ပဲ သဘာဝဆန်ဆန် အလှနှင့် နက်နေခြင်းဖြစ်သည်။သစ်ကနက်တို့ကား ကျွန်းနက်ထက် အနည်းငယ် နက်မှောင်သည်ဟု ဆိုနိူင်သည်။သစ်ကနက်သားသည် ရှားပါးသစ်သားဖြစ်သော်လည်း ကျွန်းနက်မှာ သစ်ကနက်ထက် အဆများစွာ ပိုရှားသည်။သဘာဝဓာတ်အလျှောက် ပြောင်းသွားသောကျွန်းနက်ကို အလွယ်တကူ ရှာမတွေ့နိုင်ပေ။အွန်လိုင်းပေါ်တွင်ကြည့်ရှုပါက တစ်နိုင်ငံလုံးကို ခြုံကြည့်ရသဖြင့် ကျွန်းနက်သားများ ပေါသည်ဟု ဆိုနိုင်သော်လည်း လက်တွေ့အပြင်လောကတွင်မူ အလွန်ရှားသည်။တော်ရုံ ရှာ၍မတွေ့ပေ။တွေ့ရှိခဲ့ပါကလည်း ဝယ်ယူနေစဉ်အချိန်၌ပင် အခက်အခဲအမျိုးမျိုး ပေါ်လာကာ မဝယ်ဖြစ်တတ်ပေ။ထိုက်မှသာရသည်။မထိုက်လျှင်မရတတ်။
(၃)ကျွန်းနက်ကို အမျိုးမျိုး ပုံပြောင်း၍ အသုံးပြုကြပုံ
************************************************
ကျွန်းနက်သားအစစ်အား ဘုရားဆင်းတုပုံများအဖြစ် မုဒြာပုံစံအမျိုးမျိုး ထုလုပ်၍ ကိုးကွယ်ကြသည်။
(၁)ပုတီးအဖြစ် လုပ်၍လည်းကောင်း၊
(၂)ဂဝံရုပ်အဖြစ် လုပ်၍လည်းကောင်း၊
(၃)ရှင်သီဝလိပုံအဖြစ် လုပ်၍လည်းကောင်း၊
(၄) ရှင်ဥပဂုတ်ပုံအဖြစ် လုပ်၍လည်းကောင်း၊
(၅)မာတင်္ဂပုံအဖြစ်လုပ် ၍လည်းကောင်း၊
(၆)သံလျက်ပုံအဖြစ် လုပ်၍လည်းကောင်း၊
(၇)ဆံထိုးများအဖြစ် လုပ်၍လည်းကောင်း၊
(၈) တောင်ဝှေးများအဖြစ် လုပ်၍လည်းကောင်း၊
(၉)ဝိဇ္ဇာဓရပိတုန်းရုပ်များလုပ်၍လည်းကောင်း၊
(၁၀)အဆောင်သက်သက်အဖြစ်လည်းကောင်း
(၁၁)ဆေးအဖြစ်လည်းကောင်း
(၁၂)ဆေးစုတ်တံအဖြစ်လည်းကောင်း
(၁၂)ရဲဒင်းအဖြစ်လည်းကောင်း
(၁၂)ကညစ်အဖြစ်လည်းကောင်း
(၁၃)လက်ပတ်အဖြစ်လည်းကောင်း
(၁၄)လက်စွပ်အဖြစ်လည်းကောင်း
(၁၅)ဓားပုံအဖြစ်လည်းကောင်း ဉာဏ်ရှိသလို ပုံဖော်ထွင်းထု၍ အသုံးချကြသည်။
(၄)ကျွန်းနက်သည် ထိုက်မှရသလော
**********************************
ကျွန်းနက်တို့မည်သည် ရှားပါးသောသစ်သားဖြစ်သည်ကတစ်ကြောင်း၊ သိဒ္ဓိဝင်သစ်သား ဖြစ်သည်ကတစ်ကြောင်း၊ အသားမာ၍ ပုတီး၊အရုပ်၊ဆင်းတုများအဖြစ် ထုလုပ်ရာတွင် ခက်ခဲသည်ကတစ်ကြောင်း စသည့် အချက်များကြောင့် လူတိုင်းမရနိုင်ကြပေ။ဝယ်နိုင်သည့်ငွေပမာဏ ရှိနေသည့်တိုင်အောင် မကြား၊ မသိ၊ မတွေ့၊ မမြင်၊ မကြုံ၊ မနှစ်သက်ကြသဖြင့် ကျွန်းနက်ကို လူတိုင်းမရကြပေ။အချို့ကား ကျွန်းနက်တုံးကြီး မိမိအရှေ့တွင်ရှိနေသော်လည်း ကျွန်းနက်မှန်း မသိ၍ လက်လွှဲသွားတတ်သည်။အချို့ကား ငွေရှိသော်လည်း ဝယ်ယူရန်ပြင်နေစဉ် အခက်အခဲအမျိုးမျိုး၊ ပြဿနာအမျိုးမျိုး၊ အရှုပ်အထွေးအမျိုးမျိုး ပေါ်လာကာ မဝယ်ယူဖြစ်တော့ပေ။ဤကား ကျွန်းနက်၏ ထိုက်မှသာ ရနိုင်သော ဂုဏ်သတ္တိဖြစ်သည်။
(၅)ကျွန်းနက်သည် မည်သည့်ပုဂ္ဂိုလ်များနှင့် ထိုက်တတ်သနည်း
**************************************************
ကျွန်းနက်အား သိုက်ဆက်များနှင့် ဝိဇ္ဇာဓရပဋ္ဌာန်းဆက်များ၊ နဂါးဆက်များစသည့် ပုဂ္ဂိုလ်အများစုတို့သာ ရတတ်ကြသည်။ထိုပုဂ္ဂိုလ်တို့ထံတွင် ကျွန်းနက်ရောက်ရှိသွားပါက အလွန်ပင် သိသာသောအကျိုးကို ပေးလေသည်။ဤစာကိုဖတ်နေသူလည်း ကျွန်းနက်နှင့်အဆက်မရှိဟု တပ်အပ်မပြောနိုင်ပေ။သာသနာသက္ကရာဇ် ၂၅၀၀ ကျော်လွန်လာသည်နှင့်တစ်ပြိုင်နက် သိုက်မှပုဂ္ဂိုလ်များသည် ယခင်ကထက်ပို၍ လူ့ဘုံသို့လာရောက်ကာ လူဝင်စားကြသည်။လူဆယ်ယောက်တွင် လေးယောက်မှာ သိုက်ဆက်မိသည်ဟု အကြမ်းဖျင်းဆိုနိုင်သည်။တပေါင်းလ၊ တန်ခူးလ၊ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလ စသည့် လများ၌ မွေးဖွားကြသူတို့၏ ငါးပုံ လေးပုံသည် သိုက်ဆက်များ ဖြစ်ကြသည်။အထူးသဖြင့် ထိုလများ၏ သောကြာနေ့၊ စနေနေ့တို့တွင် ဖွားမြင်ကြသူတို့သည် သိုက်ဆက်အလွန်မိသည်။သိုက်ဆက်မြူးသော နေ့သားများနှင့် ရာသီလများဟုပင် ဆရာများက ဆိုကြပြန်သည်။ယင်းကာလတို့၌ မွေးဖွားသူတို့သည် ရေကိုကြောက်တတ်၍ ရေဘေးခရီးသွားလျှင် အလွန်သတိထားရမည်။သိုက်မှလာသူအများစုသည် ရေဘေးကြောင့် အသက်ဆုံးကြသည်က များ၏။ရေကို ရှိန်ကြကုန်။
အထက်ပါအချင်းအရာများကိုထောက်ရှုပါက အသက်(၆၀) မကျော်သေးသည့်လူတိုင်း သိုက်ဆိုက်နှင့်အလွန်နီးစပ်နေသဖြင့် ကျွန်းနက်နှင့် အဆက်ရှိသည်က များပါသည်။အချို့လူများမှာ ကျွန်းနက်ပုတီးလိုချင်သည်ဟု စိတ်မှ တ,လိုက်သည်နှင့် မကြာသောကာလအတွင်း ငွေများဝင်ကာ ကျွန်းနက်ရယူရန် အခွင့်အလမ်းများ ပွင့်လာသည်အထိ ပဋ္ဌာန်းဆက်ပါကြသည်။ထိုက်တန်ကြသည်။စာရေးသူ ကျွန်ုပ် လေသွေးချွန်မှာမူ သရဏဂုံပဋ္ဌာန်းအဓိဋ္ဌာန်ကြောင့် တစ်ပတ်ကျော်ကာလအတွင်း ကျွန်းနက်ပုတီးအား ရရှိခဲ့လေသည်။အခြားသူများကလည်း အဓိဋ္ဌာန်ပြု သစ္စာဆို၍သော်လည်းကောင်း၊ အဓိဋ္ဌာန်ဝင်၍ ဆုတောင်းလျှင်သော်လည်းကောင်း ရနိုင်ပေသည်။ကျွန်းနက်နှင့်ထိုက်တန်၍ အဆက်ပါလာသည့်သူများထံသို့ ကျွန်းနက်သားများ ရောက်လာလျှင် သိသာသောအကျိုးပေးမည်မှာ အမှန်ပင်ဖြစ်သည်။
(၆)ကျွန်းနက်နှင့် သံဓာတ်
************************
အဂ္ဂိရတ်သမားတို့သည် သံဓာတ်လုံးထိုးရန်အတွက် သံအနှစ်သားကို ထုတ်ယူရာတွင် ကျွန်းနက်မှ ထုတ်ယူသည်ဟု သိရသည်။သံများတွင် ကျွန်းနက်သံမှာ အကောင်းဆုံး ဖြစ်လေသည်။
စာရေးသူ မှတ်သားဖူးသော ဗဟုသုတအချို့ကို ပြောပြပါမည်။ကျွန်ုပ် လေသွေးချွန်၏ အသိမိတ်ဆွေဖြစ်သော သထုံဘက်ခြမ်းမှ မိတ်ဆွေသည် လက်ဝဲပညာ၌ အလွန်ထုံ၍ ဗဟုသုတလည်း နှံ့စပ်၏။ အရန်း ကရင်တစ်ဦးဖြစ်သည်ဟုလည်း သိရသည်။ ထိုမိတ်ဆွေ၏ အကာတန်ပြန်ကန်တော့ပွဲတွင် တွေ့ရတတ်သည်မှာ သံအပိုင်းအစများဖြစ်သည်။ အဓိပ္ပါယ်မှာ သံသည် မာကျော၍ တော်ရုံမဖောက်နိုင်သောကြောင့် အကာအကွယ်အဖြစ် အုန်းပွဲတွင်ထားရခြင်းဖြစ်သည်ဟု ဆိုလေသည်။လောကီပညာရပ်၏ မန္တန်အချို့တွင်လည်း ကိုယ်လုံအဖြစ် သံချပ်ဝတ်၊ သံတံတိုင်း၊ သံကွန်ချာ စသည့် အသုံးအနှုန်းများကို သုံးကြသည်။တစ်ဖက် မိစ္ဆာပညာသည်မှ မတိုက်ခိုက်နိုင်ရန် သံဓာတ်ကို ယူကြသည့် သဘောဖြစ်မည်။သံတို့တွင် ကျွန်းနက်သံသည် အကောင်းဆုံးဖြစ်သောကြောင့် သံဓာတ်ကို ယူသည့်အနေဖြင့် ကျွန်းနက်ပုတီး၊ ကျွန်းနက်အဆောင်များကို ဆောင်ထားပါက အလိုအလျောက် ကိုယ်လုံကာကွယ်ပြီးသား ဖြစ်သည်။
(၇)ကျွန်းနက်နှင့် လောကီပညာရှင်များ
************************************
လောကီပညာကိုဝါသနာထုံကြသော၊ ဂန္ဓာရီခရီးကိုသွားနေကြသော ဆရာများသည် ကျွန်းနက်များကို အထူးနှစ်ခြိုက်ကြသည်။မည်မျှပင်စျေးကြီးစေကာမူ ဝယ်ယူ၍ မိမိတို့စိတ်ကူးအတိုင်း ထွင်းထုကာ အသုံးချကြသည်။ကျွန်းနက်သည် သိဒ္ဓိဝင်အသားဖြစ်သဖြင့် လောကီကျင့်စဉ်များ တက်ရာတွင် အခြားသူထက် တစ်လှမ်းသာနိုင်လေသည်။ထို့ကြောင့် လောကီဆရာတို့ အကြိုက်တွေ့ကြချင်းဖြစ်သည်။
(၈)ကျွန်းနက်နှင့် ငွေဓာတ်
*************************
ကျွန်းနက်သည် တနင်္လာနံနှင့် စနေနံကိုပေါင်းထားသော နဝင်းကိုက်သည့် သစ်သားဖြစ်သည်။ ကျွန်း (၂) + နက် (၇) = ၉ ဖြစ်သည်။ ၉ သည် မူလနဝင်းဖြစ်ပြီး ၂၇ သည် ငွေနဝင်းဖြစ်သည်။တစ်ဖန် ၉ သည် သတ်၍မသေသော ဂဏာန်းဟု လောကီဆရာတို့က ယူဆကြသဖြင့် ကျွန်းနက်၏ဓာတ်သဘောသည် ငွေများအဆက်မပြတ်ဝင်စေသည်။
သူ့ကိုနိုင်လို ဆ,ကိုခို ဟူသည့်စကားနှင့်အညီ 'ကျွန်း' ဟူသော တနင်္လာ၏ ဆပွတ်နံသည် 'နက်' ဟူသော စနေနံဖြစ်သောကြောင့် ကျွန်းနက်သည် ငွေဓာတ်ကိုနိုင်ကာ ငွေနဝင်းဓာတ်ပါ ထပ်မိသော နှစ်ထပ်ကွမ်း ငွေနံ သစ်သားဖြစ်သည်။ကျွန်းနက်ကို လာဘ်လာဘနှင့်ဆိုင်သော လောကီကျင့်စဉ်၊ အစီအရင်တို့တွင်သုံးက အကျိုးထိရောက်မှုပိုများလေသည်။
(၉)ကျွန်းနက်ပုတီးနှင့် လိမ္မော်ရောင်ပန်းပွား
*****************************************
ကျွန်းနက်သည် ငွေနံကိုလည်း နိုင်သကဲ့သို့ ငွေနဝင်းလည်းမိသော သစ်သားဖြစ်သည်။ကျွန်းနက်ပုတီးတွင် လိမ္မော်ရောင်ပန်းပွားကို တပ်ဆင်ပါက လိမ္မော် (၄+၅) သည် လာဘ်နဝင်းဖြစ်၍ ငွေကိုလည်းနိူင်ကာ ငွေရွင်၍ လာဘ်လာဘပါ ကြွယ်စေသော ဂုဏ်သတ္တိရှိလေသည်။
ကျွန်းနက်သည် ငွေ၏ ဆပွတ်ဖြစ်သောကြောင့် မိမိထံတွင်ရှိသော ငွေများကို လွှမ်းမိုးကာ အသုံးစရိတ်များနှင့် ထွက်ငွေများများ ထွက်သွားခြင်းကို အတန်အသင့် တားဆီးနိုင်သည်။ ငွေနဝင်းဓာတ်မိ၍ ငွေဝင်ကြမ်းစေသည်။လာဘ်လာဘနဝင်းဖြစ်သော လိမ္မော်ရောင်ကြိုး တပ်ဆင်ထားသဖြင့် လာဘ်လည်း ရွင်၏။သို့ကြောင့် ကျွန်းနက်ကို လိမ္မော်ရောင်ပန်းပွား တပ်ဆင်ပေးပါက အကျိုးသုံးမျိုးကို ပေးစွမ်းနိုင်လေသည်။၎င်းတို့မှာ
(၁) ဆပွတ်ဖြစ်သဖြင့် ငွေကိုနိုင်၍ ထွက်ငွေများများပါသွားချင်းကို တားဆီးပေးသည်။
(၂) ငွေနဝင်းဓာတ်မိသောကြောင့် ငွေရွင်စေသည်။
(၃)လိမ္မော်ရောင်ပန်းပွားကြောင့် လာဘ်နဝင်းထပ်မိ၍ ငွေများသာမက အခြားလာဘ်လာဘများပင် ရောက်ရှိလာစေသော ဂုဏ်သတ္တိရှိသည်။
(၁၀)ကျွန်းနက်နှင့်ကတ်ကင်းကျသော အယူအဆများ
***********************************************
'ကျွန်းနက်' နှင့် 'တန်ခိုး' သည် (၂+၇) (၇+၂) ဟူသော ကတ်ကင်းဓာတ်မိနေသောကြောင့် ကျွန်းနက်ပုတီး၊ ကျွန်းနက်သံလျက်များဆောင်ထားလျှင် ဓနသိဒ္ဓိနှင့်ရာဇသိဒ္ဓိများကို ပေးစွမ်းနိုင်ပေသည်။
တစ်ဖန် 'ကျွန်းနက်' သည် 'ထိပ်ကင်း' နှင့် ကတ်ကင်းမိပြန်သဖြင့် အထွဋ်အထိတ်သို့ရောက်စေသော ဓာတ်သဘောရှိသည်။
'ကျွန်းနက်' နှင့် 'နဂါး' သည်လည်း ကတ်ကင်းကျပြန်သဖြင့် နဂါးထံမှ တေဇောဓာတ်ဟူသည့် ဘုန်းတန်ခိုးမီးများ ဟုန်းဟုန်းတောက်စေသည်။
(၁၁)ကျွန်းနက်ပုတီးတွင် နဂါးပတ်ကြိုးထိုးခြင်း
********************************************
နဂါးပတ်၊ နဂါးလိမ်ဟူသည့် အသုံးအနှုန်းအား လောကီပညာအချို့တွင် တွေ့ရတတ်သည်။ပယောဂလည်ညစ် နဂါးလိမ်အစီအရင်များ၊ မြွေနိုင် နဂါးပတ်ကျော့ကွင်းအစီအရင်များ၊ နဂါးမျက်စောင်းတန်ပြန်အစီအရင်များသည် ပယောဂများ၊ ရွာသူတစ္ဆေများ၊ သားရဲမိစ္ဆာများ၏ လည်မျိုကိုညစ်၍ အသက်ထွက်သည်တိုင်အောင် တုန့်ပြန်တတ်သဖြင့် ပယောဂအစွဲများ အလွန်ကြောက်ရွံ့ကြသည်။မကပ်ဝံ့ကြပေ။ ပယောဂ လည်ညစ်အစီအရင်တွင် 'ဧဝ မေတံ ဓာရယာမိ' ဟူသော မန္တန် ပါဝင်သဖြင့် နဂါးပတ်ကြိုးထိုးထားသော ပုတီးကို ထိုမန္တန်ဖြင့် ဥုံခံကာ တတ်စွမ်းသ၍ ရွတ်ဖတ်သိဒ္ဓိတင်ပေးပါက ပယောဂလည်ညစ်အစီအရင်ကဲ့သို့ သက်ရောက်မှုရှိနိုင်ပေသည်။
နဂါးပတ်ကျော့ကွင်းအစီအရင်တွင် သုပဏ္ဏကဂါထာကို ရွတ်ဆိုပေးလျှင် အဆိပ်ပြင်းမြွေဆိုးတို့ ရှောင်ကြသည့်အပြင် မြွေဆိပ်ကိုပါ နိုင်စေတတ်သဖြင့် နဂါးပတ်ကြိုးထိုးထားသည့် ကျွန်းနက်ပုတီးကို သုပဏ္ဏက ဂါထာဖြင့် သိဒ္ဓိတင်ပေးပါက အဆိပ်ရှိသတ္တဝါတို့အပေါ် နိုင်နှင်းမည်ဖြစ်သည်။အဆိပ်ကိုလည်း နိူင်လေသည်။
နဂါးမျက်စောင်းတန်ပြန်အစီအရင်တွင်မူ သက်ဆိုင်ရာ ဒဏ်ပြန်မန္တန်၊ မန္တယားများပါဝင်သဖြင့် နဂါးနှင့်ကတ်ကင်းမိသော ကျွန်းနက်ပုတီးကို ယောပြန်ပရိတ်၊ အဋ္ဌာနမေတ္တံဂါထာတို့ဖြင့် သိဒ္ဓိတင်ထားပါက သူပြုနတ်နာ အပင်းစာများ အလိုလိုဒဏ်ပြန်သွားမည်ဖြစ်၏။
ဤကား နဂါးပတ်ကြိုးထိုးခြင်း၏ အကျိုးဖြစ်သည်။
(၁၂)ကျွန်းနက်ကိုစောင့်ကြပ်တတ်သော ပုဂ္ဂိုလ်များနှင့် နဂါးပတ်ကြိုးထိုးရခြင်း
*************************************************
ကျွန်းနက်သည် မြေအောက်တွင်နှစ်ကာလကြာအောင် မြှုပ်နေတတ်သဖြင့် ဘုမ္မိယသိုက်ဆက်၊ ဘုမ္မစိုးမြေစောင့်နတ်တို့နှင့်ဆက်နွယ်သည်။
ကျွန်းနက်သည် ရေအောက်တွင်နှစ်ကာလကြာအောင် မြှုပ်နေတတ်သဖြင့် မြွေနဂါးနှင့် နဂါးသိုက်မှပုဂ္ဂိုလ်များ စောင်ကြပ်ကြသည်။
ကျွန်းနက်သည် သိဒ္ဓိဝင်နတ်ဝှက်အပင်ဟု ဆိုကြသဖြင့် ဒေဝနာဂဟုခေါ်သော နတ်နဂါးများ၊ နတ်ဝိဇ္ဇာများ၊ ဒေဝယက္ခနတ်ဘီလူးများ စောင့်ကြပ်ကြသည်။
ကျွန်းနက်သည် သစ်ပင်ဖြစ်သောကြောင့် အချို့က ရုက္ခစိုးနတ်နှင့် ဆက်နွယ်သည်ဟုလည်း ဆိုကြပြန်သည်။
ထို့ကြောင့် ကျွန်းနက်အား ပုတီးဖြစ်စေ၊ အဆောင်ဖြစ်စေ၊ အရုပ်ဖြစ်စေ ထုလုပ်ပါက ဘုမ္မစိုးနတ်၊ သိုက်နန်းရှင်၊ သိုက်စီး သိုက်ချုပ်၊ ရုက္ခစိုး၊ မြွေနဂါး၊ နတ်နဂါး၊ နဂါးသိုက်ချုပ်၊ နဂါးသိုက်နန်းရှင်၊ နတ်ဘီလူး၊ နတ်ဝိဇ္ဇာ ၊ ဘီလူးနဂါးရုံဘုရား စသည့် အရုပ်ပုံများဖြင့် ထုလုပ်ပါက လျင်မြန်စွာပင် နာမ်ကိန်းလွယ်ကြသည်။ဘီလူးနက္ခတ်နှင့်ယှဉ်၍မွေးသောသူ၏ ကိုယ်ခန္ဓာတွင် နတ်ဘီလူးဆေးထိုးပါက အသက်ဝင်မြန်သကဲ့သို့ အထက်ပါအစောင့်အကြပ်ပုဂ္ဂိုလ်များ စောင့်ကြသော ကျွန်းနက်ကို ၎င်းတို့နှင့်သက်ဆိုင်သည့် ပုံများထုလုပ်ပါက အသက်ဝင်မြန်ဆန်၍ အစောင့်ကပ်ကြတော့သည်။ထို့ကြောင့် ကျွန်းနက်ပုတီးဝယ်ယူမည်ဆိုပါက နဂါးပတ်ကြိုးထိုးခိုင်းခြင်းဖြင့် ပုတီး၏အရှိန်အဝါကို ပိုကောင်းအောင် လုပ်ဆောင်နိုင်ပါသည်။
(၁၃)ကျွန်းနက်ကို ထိန်းသိမ်းပုံ
*****************************
ရှားပါးသည့် သိဒ္ဓိဝင်သစ်သားဖြစ်သောကြောင့် တန်ဖိုးကြီးသည်။တန်ဖိုးလည်း ထားရမည်။အစောင့်အကြပ်ပုဂ္ဂိုလ်များရှိကြသောကြောင့် အသန့်အပြန့်နှင့် စည်းစနစ်ကျခြင်းကို သဘောကျ၏။ကျွန်းနက်ကိုထားသည့်နေရာတွင် ဖုန်မှုန့် သဲမှုန့် အညစ်အကြေးများ မရှိရပါ။အရက်သမား သားသတ်သမား လောင်းကစားသမား စသည့် လူညစ်မျိုးပေါင်းစုံ ဖြတ်သန်းဝင်ထွက်ကြသည့် အများသုံး တံခါးဝတွင် ချိတ်မထားရပါ။ကျီးငှက်မနားစေရပါ။ကျွန်းနက်သည် ကျီးငှက်ကိုမကြိုက်ပေ။ပုတီးပေါ် ကျီးငှက်နားမိပါက အစောင့်ခွာ၍ သိဒ္ဓိပြယ်ကာ ကျွန်းနက်သားများ အလွယ်တကူပင် ဆွေးမြေ့လွယ်လေသည်။
လူနင်းများသော ကြမ်းပြင်များ အခင်များ၊ လှေကားအောက်၊ အိပ်ယာအောက်တို့၌ မထားရ။ တိုင်တွင် ချိတ်မထားရ။
ကျွန်းနက်အား အိတ်ကလေးဖြင့် ထုပ်ထားရမယ်။အထူးသဖြင့် ကတ္တီပါအိတ်ဖြစ်ပါက အလွန်ကောင်းပါသည်။ကျွန်းနက်ပုတီးနှင့် သင့်လျော်သော လောကီဆရာများရွေးချယ်ထားကြသည့် အရောင်လေးမျိုးရှိသည်။ယင်းတို့မှာ အနီရောင်၊ အနက်ရောင်၊ အစိမ်းရောင်၊ ကြက်သွေးရောင်တို့ပင်ဖြစ်သည်။၎င်းအိတ်တို့ဖြင့် ထုပ်ထားပါက ပုတီး၏အရှိန်အဝါကို ပိုကောင်းစေသည်ဟု ဆိုသည်။အရောင်၏ အရ်ှိန်အဝါကို ယူခြင်းတစ်မျိုး ဖြစ်ပေလိမ့်မည်။
ကျွန်းနက်အား အမွေးရည်များဖြန်း၍ ထိန်းသိမ်းရမည်ဟုဆိုသော်လည်း ကျွန်ုပ် လေသွေးချွန်မှာ ထိုနည်းထက် အခြားနည်းကို ပိုနှစ်သက်မိသည်။ကျွန်းနက်ကို ရေအစိမ်များခြင်း၊ ဓာတုဗေဒဆေးနှင့်မကင်းကြသော ရေမွှေးများ မကြာခဏထိတွေ့ခြင်းတို့ကြောင့် ကျွန်းနက်၏အရောင် ဖျော့သွားတတ်သည်။အချို့ကား ရေစိုခံစေရန် ပုတီးကို အပေါ်မှ အကာဖုံးကြသည်။ထိုနည်းမှာ ကောင်းသော်လည်း လောကီဆရာများအတွက်မူ အကာဖုံးထားသောပုတီးကို ကျွန်ုပ်အကြံမပြုလိုပေ။ကျွန်းနက်ပုတီး၏ သဘာဝစစ်စစ်ဓာတ်သားနှင့် မိမိ၏လက်အကြားတွင် အရာတစ်ခုခုခံထားသောကြောင့် ကျင့်စဉ်တက်၍ သိဒ္ဓိကြံဆောင်ရာတွင် သိပ်၍ မထိရောက်ပေ။အဖုံးအကာ မလောင်းထား၊ မတင်ထား၊ မတပ်ထားသော ပုတီးကိုသာ သုံးစေချင်သည်။ယင်းသဘာဝစစ်စစ်ပုတီးသည် ရေခဏခဏစိမ်ခြင်း၊ ရေမွှေးအဆွတ်လွန်ခြင်းတို့ကြောင့် ဓာတုဗေဒသဘောအရ ဓာတ်ပြုခြင်းဖြစ်ပေါ်ကာ အရောင်မှိန်သွားတတ်သဖြင့် ရေမွှေးဆွတ်ခြင်း မပြုဘဲ ကတ္တီပါအိတ်ထဲတွင် ဂမုန်းဆီပုလင်းငယ်တစ်ခုကို ထည့်လိုက်ပါက အလွန်အဆင်ပြေသည်။ဂမုန်းဆီတို့မည်သည် အနံ့ပြင်း၍ အနံ့စွဲတတ်သောကြောင့် ကတ္တီပါအိတ်အတွင်းထည့်ထားပါက ပုတီးလည်းမွှေးမည်၊ ပုတီးအရောင်မှိန်ခြင်းကိုလည်း ကာကွယ်ပြီးသာဖြစ်မည်။
အကယ်၍ ဆရာဇော်မြတ်မင်းထံ၌ ကျွန်းနက်ပုတီးဝယ်ယူမည်ဆိုလျှင် ပုတီးကြိုးထိပ်တွင် အလုံးပိုတစ်လုံး ထည့်ပေးထားသောကြောင့် ကျွန်းနက်ပုတီးတစ်ကုံးလုံးအား ရေစိမ်ရန်မလိုပဲ ကြိုးထိပ်ရှိ အလုံးပိုကိုသာ ရေစိမ်လိုက်ပါက အလားတူသော ကျွန်းနက်စိမ်ရေကို ရမည်ဖြစ်သည်။ထိုအခါ ပုတီးတစ်ကုံးလုံးအား ရေစိုတော့မည်မဟုတ်ပေ။ကျွန်ုပ်မှ အကြံပြုလိုက်ခြင်းဖြစ်သည်။စာရှုသူများ မနှစ်သက်က မယူပါလေနှင့်။
(၁၄)ကျွန်းနက်ပုတီးနှင့် မြစကြာအစီအရင်
****************************************
(အကာအပွင့်အစီအရင်)
ဤအစီအရင်မှာ ဆရာဇော်မြတ်မင်းတို့ ပထမဆုံး တီထွင်ဖန်တီးထားသော အစီအရင်ဖြစ်သည်။ပုတီးအား နဂါးပတ်ကြိုးထိုး၍ ကြိုးထိပ်တွင် စပါးကြီးချက်ကြိုးဟုခေါ်သော ညို့တံသုံးခုကို ထည့်သွင်းထားသည်။ညို့တံဟုခေါ်သည့်အတိုင်း စကြ်ာဝဠာအတွင်း၊ အာကာသအတွင်း၊ အထက်ဝေဟင်အတွင်း၊ ပတ်ဝန်းကျင်အတွင်းမှ သဒ္ဓိဓာတ်များကို ထိုညို့တံက ဆွဲငင်ယူဆောင်၍ ပုတီးအတွင်းသို့ စီးဆင်းစေသည်ဟူသော အယူအဆနှင့် တပ်ထားခြင်းဖြစ်သည်။နဂါးပတ်ကြိုးထိုးထားသည်မှာ ကျွန်းနက်နှင့်နဂါးသည် ကတ်ကင်းဓာတ်မိ၍ ပုတီးတွင် နာမ်အလွယ်တကူကိန်းစေရန် ကြိုးထိုးထားခြင်းဖြစ်သည်။
ထို့အပြင် အကာစမနှင့် အပွင့်ဆေးကို ပုတီးခေါင်း၌ထည့်သွင်းထားသည်။အကာစမ သည် စုန်းတိုက်၊ နတ်တိုက်၊ သူပြု၊ နတ်ပြု၊ အပင်း စသည့် ပညာသည်အတိုက်များမှ စ၍ အတိုက်အခိုက်မျိုးစုံ၊ မနာလိုမှုမျိုးစုံကို ကာကွယ်ပေးသည်။
အပွင့်ဆေးသည် လူချစ်မျက်နှာပွင့်စေသည့် အစွမ်းသတ္တိရှိသည်။
အကာစမသည် 'ဠ' တန်ပြန်စမဟု ခေါ်ကြသော ရန်နှင်စမဖြစ်သည်။ထိုစမကို စာရေးသူ မသုံးဖူးသော်လည်း ထိုစမ၌ ပါဝင်သော အကာကြီးတန်ပြန်မန္တန်ကိုမူ ရှေးယခင်ကပင် လူတွေ့၊ လက်တွေ့သုံးဖူးသည်။မန္တန်တစ်မျိုးတည်းနှင့်ပင် အလွန်ကိုယ်လုံသော အကာကြီးတန်ပြန်မျိုးဖြစ်သောကြောင့် ယင်း၏ စမပုံဖြစ်သည့် 'ဠ' တန်ပြန်စမလိပ်ကို ပုတီးခေါင်းတွင်လိပ်၍ ထည့်ထားပါက အောက်ပါ အတိုက်အခိုက်ပညာစက်များကို ကာကွယ်နိုင်မည်ဖြစ်သည်။
သူတစ်ထူးအား ညှင်းပန်းနှိမ့်စက်တတ်သော နတ်ယုတ်၊နတ်ဆိုး၊ယက္ခ၊ဘီလူး၊ရက္ခိုသ်၊ကဝေ၊စုန်း၊မာတြာ၊သင်းကွဲပြိတ္တာ၊လမိုင်း၊တစ္ဆေ၊ဘုတ်၊နတ်ရဲ၊ဂုမ္ဘဏ်၊ဂန္ဓဗ္ဗ၊ဇော်ဂနီ၊ဇော်ဂနက်၊ကာကနီ၊ကာကနက်၊ဇော်ဂနဲ၊နှဲခရု၊ဥရူ၊လက်ဝဲအောက်ဝိဇ္ဇာဓိုရ်၊စုန်းကတော်၊ကဝေကတော်၊မောက်ကတော်၊လက်ဝဲကိုးသိန်း၊တောသူ၊ရွာသူ၊အစိမ်းအဝါး၊မှင်စာ သဘက် စသည့် မိစ္ဆာများနှင့် မိစ္ဆာအားကိုး ပညာဆိုးဖြင့် သတ်ဖြတ်နှိပ်စက်တတ်သော ပုဂ္ဂိုလ်တို့၏ ဘေးရန်မှ ကင်းလွတ်သည်။
အတိုက်အခိုက်၊ ပညာစက်၊ စက်ခို၊ စက်အောင်း၊ စက်လွှဲ၊ အတွင်းစက်၊ အပြင်စက်၊ ပုဏ္ဏကတိုက်၊စုန်းမြှောက်နတ်ကြွ၊ ရုပ်ထား နာမ်ထား၊ သံဖမ်း ရိပ်ဖမ်း၊ ခြေရာကောက်၊ အံကြိတ်၊ တောက်ခတ်၊ မျက်စောင်းထိုး၊ ဖနောင့်ပေါက်၊ နတ်တိုက်၊ စုန်းတိုက်၊ ကဝေတိုက်၊ ကတော်တိုက်၊ ဇော်ဂနဲအတိုက်၊ ဆရာတိုက်၊ အောက်လမ်းတိုက်၊ အစိမ်းတိုက်၊ သရဲတိုက်၊ပလောင်မသားကြူးတိုက်၊ တူစာ၊ ပေစာ၊ ကြိတ်လိပ်သေ၊ သားရေလိပ်၊ အင်းကြီးစိဏ္ဏကံ၊ လောင်တိုက်ကြီး၊ လောင်တ်ိုက်ငယ်၊ သင်တိုင်းစွပ်၊ ရန်သွပ်၊ ရန်စီး၊ နာမ်နှိမ် နာမ်ဆုတ်၊ ရုပ်ထား နာမ်ထား၊ ဓာတ်ရိုက်ဓာတ်ဆင်၊ ဖီလာရုပ်၊ အင်းမြှုပ်၊ သက်တန့်မန္တယား၊ သံကြားရိပ်ဖမ်း၊ သမားတိုက်၊ အစားပင်း၊ သွေးပင်း၊ လေပင်း၊ ရေပင်း၊ ဗူးပင်း၊ ဗူးလွှဲ၊ ဗူးကပ်၊ ဗူးခြောက်၊ ပီယတိုက်၊ ဂဝံတိုက်စသည့် ပညာသည်အတိုက်များကိုလည်း အလိုလို တန်ပြန်စေသည်။
ဤကား မြစကြာအစီအရင်အား သဘောကျမိ၍ ကျွန်ုပ် လေသွေးချွန်မှ အကြုံပြုရေးသားလိုက်ခြင်းဖြစ်သည်။
(၁၅)အကာကြီးတန်ပြန် ဥုံသုံးသုံမန္တန်
***********************************
(သို့)
ရန်နှင် တန်ပြန် ရှင်မဟာကဿပ မန္တန်
************************************
ဥုံ- ဘုရားဟူက မောက္ကလူ နှစ်ဆယ့်လေး၊ တရားဟူက ဗာလီကွေး လေးဆယ့်ငါး၊ သံဃာဟူက သံချပ်ဝတ် ခြောက်ဆယ့်ခုနှစ်။
ဥုံ- ဓူတင်တေရသာကို ကျင့်ဆောင်တော်မူသော ရှင်မဟာကဿပ ကျိန်းစက်တော်မူသည့်အခါ တောသားတစ္ဆေ ၊ သားရဲမိစ္ဆာတို့သည် ရှောင်ဖယ်သွားကြကုန်သည်။
ဥုံ- ကာဆြာကာ ကွယ်ဆြာကွယ် ပြန်ဆြာပြန် လှန်ဆြာလှန်။
အချို့ကား အထက်ပါ မန္တန်ကို အကာကြီးတန်ပြန်ဂါထာဟူ၍လည်းကောင်း၊ ဠကြီးတန်ပြန်ဂါထာဟူ၍လည်းကောင်း၊ ကိုယ်လုံဂါထာဟူ၍လည်းကောင်း၊ အန္တရာယ်ကင်းဂါထာဟူ၍လည်းကောင်း အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲကြသည်။
မန္တန်ကား မူကွဲ ငါးမျိုးမက များပြားစွာရှိသည့်အနက် ကျွန်ုပ်မှ အပြည့်စုံဆုံးနှင့် ရွတ်ရအလွယ်ဆုံးသော မန္တန်ကို ထုတ်နှုတ်ရေးသားလိုက်ပါသည်။ကိုယ်တွေ့လည်း များလှပြီးမို့ စာရှုသူများ အကျိုးထူးစေရန် စေတနာဖြင့် ရေးသားဖော်ပြလိုက်ခြင်းဖြစ်သည်။
မန္တန်၏ဖွဲ့စည်းပုံမှာလည်း ဥုံသုံးဥုံနှင့် မန္တန်သုံးပိုဒ်ရှိကာ တစ်ပိုဒ်လျှင် အဓိပ္ပါယ်တစ်မျိုးစီရှိကြသည်။
တန်ခိုးကြီးလှသော ရှင်မဟာကဿပအား အာရုံပြု၍ ဤမန္တန်နှင့် ရေသန့်ကို (၁၃)အုပ်မန်း၍ ပက်ဖြန်းက စုန်းနတ်များပင် မခံနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်ကြလေသည်။မန္တန်၏အသုံးမှာ အလွန်ပင်ကျယ်ပြန့်လှသည်။စုန်းတိုက်၊နတ်တိုက်၊ ပီယတိုက်၊ ရွာသူတိုက်၊ နတ်ရဲတိုက်၊ ကဝေတိုက်၊ ဘီလူးတိုက်၊ သဘက်တိုက်၊ နွားတိုက်၊ ပုဏ္ဏကတိုက်၊ မြွေတိုက်မှအစ အောက်လမ်းတိုက် ၊ ဆရာတိုက်၊ သမားတိုက်၊ ရုပ်ထားနာမ်ထား၊ နာမ်နှိမ်နာမ်ဆုတ်၊ အံကြိတ် တောက်ခေါက် ခြေရာကောက်၊ အသံဖမ်း၊ ရိပ်ဖမ်း၊ အပင်း အထိ အလွန်နိုင်နှင်းသော တန်ပြန်မန္တန်ဖြစ်သည်။
မန္တန်တစ်ပုဒ်လျှင် ပုတီးတစ်လုံးချ၍ မနက်တစ်ပတ် ညတစ်ပတ်စိပ်က တစ်ရက်တာကာလလုံး ကိုယ်လုံ၏။သူတစ်ထူးမကြံနိုင် တန်ပြန်၏။အတိုက်အခံများလည်းပြေ၏။(ပွဲတွေ့)
(စာစီ၍ စေတနာဖြင့် ပြန်လည်ရေးသားဖော်ပြသည်)
(၁၆)ကျွန်းနက်နှင့် ပီယသိဒ္ဓိ
**************************
ကျွန်းနက်သည် သံဓာတ်ကောင်း၍ မြောက်ဘက်အရပ်သို့လှည့်ကာ မကြာခဏ ပုတီးစိပ်ပေးပါက သံလိုက်ဓာတ်များ တိုးပွားစေသည်။မြောက်အရပ်သည် သံလိုက်အားအလွန်ကောင်းသည်ဟု ဆိုကြ၏။ သံလိုက်ရှိရာဘက်သို့ သံကိုထားလျှင် သံအထဲသို့ သံလိုက်ဓာတ်များ ကိန်းအောင်းသွားပေမည်။ယင်းသံလိုက်ဓာတ်သည် ပီယဓာတ်ပင်ဖြစ်သည်။လူတို့၌ မမြင်နိုင်သော သံလိုက်ဓာတ်များရှိသည်။သံလိုက်ပမာဏ အနည်းအများကိုလိုက်၍ ဆွဲဆောင်မှုနှင့် လူချစ်လူခင်မှုများ ကွဲပြားသွားသည်ဟု အနောက်တိုင်းသားများက ယူဆထားကြသည်။ယင်းတို့၏ အဆိုအရ အပြစ်ကင်းစင်၍ ငြိမ်းချမ်းသော ကလေးငယ်တို့တွင် သံလိုက်ဓာတ်အလွန်ရှိသည်။ရုပ်ရည်ပြေပြစ်၍ ချောမောမှသာ သံလိုက်ဓာတ်ရှိသည်မဟုတ်။ တည်တံ့၍ ခန့်ညားသော ပုဂ္ဂိုလ်များတွင်လည်းကောင်း၊ အေးချမ်းသောပုဂ္ဂိုလ်များတွင်လည်းကောင်း သံလိုက်ဓာတ်ပမာဏများ လွန်စွာရှိလေသည်။သို့သော် ယင်းတို့သည် ကလေးငယ်များလောက် သံလိုက်ဓာတ်မရှိတတ်ကြပေ။
သံလိုက်ကို မီးဖြင့် မကြာခဏအပူပေးပါက ဆွဲငင်အားလျော့သွားတတ်သည်ကို အထူးပြောဖွယ်မလိုပေ။ကျောင်းသင်ခန်းစာ၌လည်းကောင်း သိပ္ပံဘာသာရပ်၌လည်းကောင်း ဖော်ပြထားကြသည်။သံလိုက်တုံးသည် အပူပေးသည်နှင့်အမျှ အားပျော့သွားသကဲ့သို့ သံလိုက်နှင့်ဆင်သော ပီယဓာတ်သည် ဒေါသမီး၊ လောဘမီးများနှင့် မကြာခဏ ထိတွေ့ပါလျှင် အားပျော့သွားတတ်သည်။ကလေးငယ်များသည် အပြစ်ကင်းစင်နေသောကြောင့် အရွယ်ရောက်သည့်လူထက် ပီယသံလိုက်ဆွဲငင်အား ပိုကောင်းရခြင်းဖြစ်ပေလိမ့်မည်။
အရွယ်ရောက်လာသည့် လူငယ်အများစုသည် လူချစ်လူခင်ပေါစေသော ပီယအားကို လိုချင်ကြသည်။လူချစ်လူခင်ပေါများခြင်းသည်လည်း လာဘ်တစ်မျိုးပင် မဟုတ်ပါလော။
သို့ကြောင့် မြောက်ဘက်အရပ်ရှိ သဘာဝသံလိုက်အားကို ရယူနိုင်ရန် သံတို့၏ဘုရင်ဖြစ်သည့် ကျွန်းနက်ဖြင့် ပုတီးစိပ်ကာ ပီယကျင့်စဉ်များ တက်လှမ်းပါက သာမန်ထက် သာလွန်မည်မှာ ဧကန်မုချပင်ဖြစ်သည်။ဂုဏ်တော်ကိုးပါးတွင် သုဂတော ဂုဏ်တော်သည် ပီယဓာတ်ကိုဆောင်သည်ဟု ဆရာများ သတ်မှတ်ကြ၏။
ထို့ကြောင့် သုဂတောဂုဏ်တော်ကို မြောက်ဘက်အရပ်သို့လှည့်၍ စိပ်ပါက ပီယဓာတ်များ တိုးပွားလာပေလိမ့်မည်။ဂုဏ်တော်သည် မည်သည့်အရပ်၊ မည်သည့်နေရာမဆို စိပ်၍ ရသည်။လောကီသိဒ္ဓိကြံဆောင်သူအဖို့မူ နည်းစနစ်များရှိသောကြောင့် သူတော်စင်လောကုတ္တရာပုဂ္ဂိုလ်များ ဤစာစုကို သည်းခံကြပါကုန်။
(၁၇)ကျွန်းနက်နှင့် သိဒ္ဓိငါးပါး
****************************
တစ်ဖန် ကျွန်းနက်သည်
(၁)သံဓာတ်ရှိသောကြောင့် ကာယသိဒ္ဓိကို ပေးစွမ်းနိုင်သည်။
(၂)တန်ခိုးအာဏာနှင့် ကတ်ကင်းမိသောကြောင့် ရာဇသိဒ္ဓိ (ပယောဂသိဒ္ဓိ)ကို ပေးစွမ်းနိုင်သည်။
(၃)နဂါးနှင့် ကတ်ကင်းမိသောကြောင့် ဘုန်းတန်ခိုးမီးဖြစ်သည့် တေဇသိဒ္ဓိကို ပေးစွမ်းနိုင်သည်။
(၄)ငွေနဝင်းမိသောကြောင့် ဓနသိဒ္ဓိကိုပေးစွမ်းနိုင်သည်။
(၅)သံဓာတ်ဖြစ်၍ သံလိုက်ဆွဲအား ကိန်းဝပ်စေနိုင်သောကြောင့် ပီယသိဒ္ဓိကို ပေးစွမ်းနိုင်သည်။
အထက်ပါ သိဒ္ဓိငါးဖြာမှ အလိုရှိရာတစ်မျိုးမျိုးကို ဇွဲလုံ့လကြီးစွာဖြင့် အားထုတ်ပါလျှင် မရနိုင်ဟု မည်သူက တပ်အပ်ပြောနိုင်မည်နည်း။
(၁၈)သာမညနှင့် ပဓာန
**********************
ကျွန်းနက်ပုတီးဝယ်၍ ဘာမျှမလုပ်ဘဲထားလျှင် အကျိုးပေးသိသာမည်မဟုတ်ပေ။လောက၌ အရာတစ်ခုကိုလိုချင်လျှင် ယင်းနှင့်ထိုက်တန်သည့်အရာတစ်ခုကို ပေးဆပ်ရမည်မှာ ဓမ္မတာပင်။သိဒ္ဓိလိုချင်လျှင် ငြိမ်နေ၍ မရနိုင်ပေ။ကျွန်းနက်ပုတီးမှ မဟုတ်။အခြားပုတီးများဖြင့်လည်း စိပ်ပါက ကြိုးစားသလောက် ခရီးပေါက်၏။မိမိနှစ်သက်ရာ၊ အဆင်ပြေရာ၊ အားသန်ရာအသားမျိုးဖြင့် စိပ်ကြပါကုန်။
ပုတီး၌ ရွေငွေကျောက်သံပတ္တမြားနှင့်စိန်များစီ၍ ပြုလုပ်စေကာမူ ပုတီးစိပ်ရာ၌ စိတ်မပါလျှင် အကျိုးထိရောက်မည်မဟုတ်ပေ။
ပုတီးသည် သာမည
အနုဿတိသည် ဒုတိယ
စိတ်သည် ပဓာနဖြစ်သည်။
ကျွန်းနက်ပုတီးမရ၍၊ နံ့သာပုတီးမရ၍၊ သစ်ကနက်ပုတီးမရ၍ ဝမ်းနည်းရမည်မဟုတ်။ပုတီးသည် သာမညဖြစ်သော အထောက်အကူပစ္စည်းသာ ဖြစ်၏။အဓိက ပစ္စည်းမဟုတ်ပေ။အဓိကမှာ စိတ်ဖြစ်သည်။သို့ဆိုလျှင် အဘယ့်ကြောင့် သိဒ္ဓိဝင်အသားများရှာ၍ စိပ်ရသနည်းဟု မေးလာပါလိမ့်မည်။
အခြေခံကောင်းလျှင် အတက်မြန်၍ အဖျာမရှူးသွားသကဲ့သို့ အထောက်အခံကောင်းကာ အကျမသန်ရလေအောင် သိဒ္ဓိဝင်အသားများ ယူစိပ်ရခြင်းဖြစ်သည်။မည်သည့်အင်္ကျီမဆို ဝတ်တတ်က လုံခြုံ၏။သို့သော် လုံခြုံသည်ထက်ပို၍ လှချင် ပချင်ပါက မိမိနှင့်လိုက်ဖက်သော အရောင်များကို ရွေးဝတ်ရမည်မဟုတ်လော။
ဤတွင် ကျွန်ုပ် စောဟန်ထူးအောင်(လေသွေးချွန်) ရေးသားတင်ပြသော 'သိဒ္ဓိအရှင် ကျွန်းနက်ပင်' ဟူသည့် စာစု ပြီးဆုံးလေသတည်း။
ဤစာစုမှာ ကျွန်ုပ်၏ စာတွေ့ စာသိ ဗဟုသုတများနှင့် ကြားဖူးနားဝအကြောင်းအရာများ၊ ဆရာသမားများရေးသားထားသည့်အကြောင်းအရာများမှ ထင်ရှားသောအကြောင်းအရာများ၊ ကိုယ်ပိုင်အတွေးအယူအဆများဖြင့် စာစီစာကုံး၍ ရေးသားထားသော စာစုဖြစ်ပါသည်။မည်သူမဆို ပြန်လည်ကူးယူ၍ ဖော်ပြခြင်းဖြင့် ရှားပါးကျွန်းနက်၏ စွမ်းရည်များကို မျှဝေနိုင်ပါသည်။
စောဟန်ထူးအောင်(လေသွေးချွန်)
https://m.facebook.com/story.php?story_fbid=408340287262528&id=100042596803446
Telephone
Website
Opening Hours
Monday | 09:00 - 22:00 |
Tuesday | 09:00 - 22:00 |
Wednesday | 09:00 - 22:00 |
Thursday | 09:00 - 22:00 |
Friday | 09:00 - 22:00 |
Saturday | 09:00 - 22:00 |
Sunday | 09:00 - 22:00 |