Yangon Health Care

Yangon Health Care

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Health Care, Medical and health, .

26/06/2023

နောက်ဆုံးပေါ် အမေရီကန်နိုင်ငံထုတ် Covid vaccine Moderna Bivalent ကြောင်း သင်တို့သိပြီးပြီလား💉💉

🚨လက်ရှိဖြစ်ပွါးနေတဲ့ XBBအမျိုးအစား အပါအဝင် အိုမီခရွန် မျိုးကွဲတွေပါ ကာကွယ်မူ့ပေးနိုင်တဲ့ Bivalent (နှစ်မျိုးစပ် ကိုဗစ်ကာကွယ်ဆေး)ကိုဆိုလိုချင်းဖြစ်ပါသည်။

🚨Booster စထိုးမည့်လူများ Booster ထိုးပြီးသော သူများ အသက်၆နှစ်မှ အထက် အကောင်းဆုံး ထိုးသင့်သည့် အမျိုးအစားဖြစ်ပါသည်။

🚨စတင်ထိုးမည့်သူများအတွက်လည်း အကောင်းဆုံးရွေးချယ်သင့်သည့် ကာကွယ်ဆေး ဖြစ်ပါသည်။

🚨အမေရိကန် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်မှု့ဗဟိုမှ Covid ကာကွယ်ဆေး အသုံးပြုမှူ့ အတွက်နောက်ဆုံး ညွှန်းကြားချက်ဖြစ်ပါသည်။

🚨ကာကွယ်ဆေးထိုးချင်သူများ စားရင်းပေးသွင်းနိုင်ပါသည်။
ဆက်သွယ်ရန် Page messenger or ဖုန်း 09972870755 သို့စားရင်ပေးသွင်းနိုင်ပါသည်။
Covid ဘေးမှ ကင်းဝေးပြီးကျန်းမာ ချမ်းသာကြပါစေ🙏

Photos from Yangon Health Care's post 24/04/2023

အပြင်ထွက်စစ်စရာမလို ကိုကိုယ်တိုင်စစ်လို့ရတဲ့
💉COVID Test Kit 💉 Made in India လက်ဟောင်း 😽🆘99.8% 🆘မှန်ကန်ပါတယ်
🆘တစ်စုံ 4500 ကျပ်🆘
ဆယ်စုံ 4000ကျပ်
ဘူးစျေး လက်ကားစျေးသီးသန့်
နေ့စဥ်နှင့်အမျှဈေး အပြောင်းအလည်းရှိပါသည်.

လူတိုင်းစစ်နိုင်အောင်အသက်သာဆုံး ရောင်းချပေးနေပါပြီ

ဘူးဈေး ဖာဈေးလက်ကားစျေးဘူးလိုက်သီးသန့်ရှိပါတယ်
🚨🚨စစ်ပုံစစ်နည်းvideo ပို့ပေးပါတယ်🚨🚨

☎ဆက်သွယ်ရန်-09972870755


✅SD Biosensor ကုမ္ပဏီရဲ့

‘Standard Q ‘အမှတ်တံဆိပ်

👍Korea နိုင်ငံမှ ထုတ်လုပ်ပြီး
နိုင်ငံပေါင်း 126 နိုင်ငံထိ ဖြန့်ဝေနေပါတယ်။

WHO ကအသိအမှတ်ပြုထောက်ခံထားပြီး

Korea, Canada, USA, India စတဲ့

နိုင်ငံတွေရဲ့ FDA တွေပါရရှိထားပါတယ်။

✅အခု SD Biosensor Standard Q ကေတာ့
🇮🇳 India ကနေ
တိုက်ရိုက်သွင်းထားပြီး
India ရဲ့ ဆေးဝါးထောက်ခံချက်များဖြစ်တဲ့

ICMR နှင့် AIIMS များပါ ရရှိထားတာမို့ အရည်အသွေးကို အထူးအာမခံပါတယ်။

SD Biosensor Standard Q COVID-19 Ag Rapid Test Kit (Nasal)

✅ဆေးရုံးဆေးခန်းသွားစရာမလိုဘဲ အိမ်မှာပဲ
အလွယ်တကူစစ်ဆေးလို့ရပါတယ်။

✅99% ကျော် မှန်ကန်တဲ့အတွက်
Home Test Kit အဖြစ်
WHO မှ ဖြန့်ဝေခွင့်ပြုခဲ့ပါတယ်။

✅စစ်ဆေးပြီး 15 မိနစ် - 30 မိနစ်အတွင်း ရလဒ်ကို လျင်မြန်စွာ သိရှိနိုင်ပါတယ်။
တစ်ခါသုံး Test Kit ဖြစ်ပြီး နှာခေါင်းမှ တို့ဖတ် ယူရတာပဲဖြစ်ပါတယ်။

အသုံးပြုနည်း
--------------------

ခေါင်းမော့ ပြီးSwab အတံလေးကို နှာခေါင်းမှ
ထည့်ပါ အတွင်းထဲအတော်ဝင်ပြီးစူးခနဲဖြစ်တဲ့ထိ
ထည့်ရပါမယ်နော် ပြီးရင် ၁၀စက္ကန့်လောက်ထား
ပြီးအတံလေးကို နှစ်ပတ်လောက် လှည့်ပါ
အဲ့ဒီအတံလေးနဲ့ပဲ နောက်နှစ်ခေါင်းနောက်ထပ်
တစ်ဖက်သို့ထည့်ပြီးထပ်လှည့်ပါ
Swab အတံလေးကို Bufferခေါ်အရည်ပါတဲ့
ဘူးလေးထဲသို့အတံထည့်စိမ်ပြီးပြန်ထုတ်ကာ
၃/၄ ခါလောက် လှုပ်ပါပြီးရင် nozzle cap လေးကို
အဲ့Buffer မှာတပ်ပီး Test kit ထဲသို့အစက်3စက်
လောက်ချပေးပါ၁၅မိနစ်လောက်

Photos from Yangon Health Care's post 20/07/2022

HANMA Medical Grade Mask
(ဆေးဘက်ဆိုင် နှာခေါင်းစည်း)ကို
ဝယ်ယူရရှိနိုင်ပါပြီ

✅FDA ထောက်ခံချက်ရရှိထားပြီးဖြစ်သော

💚Hanma အမှတ်တံဆိပ်

👉 ၅၀ပါတစ်ဗူး - 4000ကျပ်
( ၁၀ခု တစ်ထုပ်ပါရှိပြီး တစ်ဗူး ၅ထုပ်ပါ )

👉 ၁၀၀ပါတစ်ဗူး - 7500ကျပ် (အဖြူ/ စိမ်း)
( ၁၀ခုတစ်ထုပ်ပါရှိပြီး တစ်ဘူး ၁၀ထုပ်ပါ)

👉 Hanma K-94 - 2800ကျပ်
( တစ်ခုတစ်ထုပ်ပါရှိပြီး တစ်ဗူး ၁၀ခုပါ )

မှာယူလိုပါက
Page Messenger သို့မဟုတ် ဖုန်းမှတဆင့် Hello လေးလုပ်ပြီး မှာယူနိုင်ပါတယ်ရှင့်
✅နယ်မှမှာယူသူများကို ကားဂိတ်/ Delivery Service တွေမှတဆင့် ပို့ဆောင်ပေးနေပါပြီရှင
☎️ 09972870755

Photos from Yangon Health Care's post 09/05/2022

ဆေး နှစ်ကြိမ်ထိုးပြီးယုံ ဖြင့် စိတ်မချရပါ🚨🚨🚨
Booster dose ထိုးပြီးမှ စိတ်ချရပါမည်,(အိမ်အရောက်ထိုးပေးခြင်း ဝန်ဆောင်မှူ့)
American နိုင်ငံထုတ် Moderna Vaccine booster (ယိုးဒယား နိုင်ငံမှ direct flightဖြင်မှာယူပါသည်)
India နိုင်ငံထုတ် Covishield vaccine ထိုးနှံနိုင်ပါသည်။
Home Service Moderna vaccine(အိမ် အရောက် ဆေးထိုးပေးခြင်း) ထိုးနံ နိုင်ပါသည်။
Booster one dose/Person = 90000 MMK(Moderna vaccine) အိမ်အရောက်
Covishield vaccine တစ်ယောက် 30000ကျပ်
ထိုးချင်သူများစာရင်းပေးသွင်းနိုင်ပါသည်

ဆက်သွယ်ရန် Page messenger or Ph 09972870755

Photos from Yangon Health Care's post 09/05/2022

🚨အိမ်တိုင်ရာရောက်ဆေး ထိုးပေးခြင်း🚨
ဆေး နှစ်ကြိမ်ထိုးပြီးယုံ ဖြင့် စိတ်မချရပါ🚨🚨🚨
Booster dose ထိုးပြီးမှ စိတ်ချရပါမည်,
India နိုင်ငံထုတ် Covishield ထိုးနှံနိုင်ပါသည်။

Booster one dose/Person = ၃၀၀၀၀ ကျပ်
အိမ်ထိုင်ရာရောက် ၃ယောက်နှင့်အထက် ၃၀၀၀၀ တစ်ယောက်(ဆရာဝန်အိမ်အရောက် လာထိုးအပြီး)
ထိုးချင်သူများစာရင်းပေးသွင်းနိုင်ပါသည်
ဆေး Expired dateကောင်း cold chain အာမခံပါ

ဆက်သွယ်ရန် Page messenger or Ph 09972870755

Photos from Yangon Health Care's post 10/04/2022

ဆေး နှစ်ကြိမ်ထိုးပြီးယုံ ဖြင့် စိတ်မချရပါ🚨🚨🚨
Booster dose ထိုးပြီးမှ စိတ်ချရပါမည်,
Moderna Vaccine booster ထိုးနှံနိုင်ပါသည်။
Home Service Moderna vaccine(အိမ် အရောက် ဆေးထိုးပေးခြင်း) ထိုးနံ နိုင်ပါသည်။
Booster one dose/Person = 110000 MMK
ထိုးချင်သူများစာရင်းပေးသွင်းနိုင်ပါသည်

ဆက်သွယ်ရန် Page messenger or Ph 09972870755

05/03/2022

⛔ နိုင်ငံတော်တော်များများမှာ Omicron ရဲ့ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ BA 2 ရဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပါပြီ ⛔

Omicron ထက်အဆပေါင်းများစွာ ကူးစက်လွယ်တဲ့ BA 2 Virus ကို ခံစားရပြီဆိုရင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်ပြီး Delta ကဲ့သို့ အဆုတ်လေပြွန်ကို တိုက်ရိုက်သက်ရောက်တာဖြစ်လို့ ယောင်ရမ်းပျက်စီးစေနိုင်ပါတယ် ✅

အခုလက်ရှိမှာဆိုရင် ဟောင်ကောင် နဲ့ ထိုင်ဝမ်မှာ အပြင်းအထန်ဖြစ်ပေါ်နေပြီး အနောက်နိုင်ငံတော်တော်များများကိုလည်း ကူးစက်ပျံ့နှံ့နေပြီဖြစ်ပါတယ်။ အရင်ရက်သတ္တပတ်တုန်းကဆိုရင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ကူးစက်မှုနှုန်း ၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (W. H. O) ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါတို့မှာလည်း စ,တင်ဖြစ်ပေါ်နေပြီဆိုတာ သိထားရပါတယ် ‼

ဒါပေမယ့် Omicron BA 2 မှာဆိုရင် အရင်က Covid တို့လို စမ်းသပ်လို့မရနိုင်ဘဲ ရောဂါလက္ခဏာတွေပြသမှသာ သိရှိနိုင်တာဖြစ်လို့ သတိထားကာကွယ်စေချင်ပါတယ် 💪🏻

🚫 ဗီဇပြောင်းမျိုးကွဲ BA 2 က ပုံမှန်ထက်လည်း အကူးမြန်သလို ခန္ဓာကိုယ်ထဲမှာ Syncytia ပိုးတွေ မျိုးပွားနိုင်တာဖြစ်လို့ ကူးစက်ခံရတာနဲ့အမျှ အဆုတ်ကို ထိခိုက်လာနိုင်ပြီး လေပြွန်ပျက်စီးခြင်းနဲ့ သွေးကြောမျှင်ပိတ်ဆို့ခြင်း စ,တာတွေ ဖြစ်စေလာနိုင်ပါတယ်🚫

ဒီကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး လူတိုင်းသိချင်နေကြတဲ့ အချက် (၂) ချက်ရှိပါသေးတယ်။

✅ BA 2 ရဲ့ ဖြစ်ပွားမှုနှုန်းက Omicron ထက် အရှိန်မြင့်နိုင်လား?
✅ အရင် Covid တုန်းကကဲ့သို့ ရောဂါပြင်းထန်သူတွေကို ဆေးရုံမှာထားရမလား? ဆိုတဲ့မေးခွန်းတွေပါ။

ဒါပေမယ့် ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဆေးပညာရှင်တွေမှာ တိကျတဲ့အဖြေ မရှိသေးပါဘူး ❎

📌 ဒိန်းမတ်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ အဆိုအရဆိုရင် ဒီ BA 2 ရောဂါပိုးဟာ ယခင် Omicron ဖြစ်ဖူးတဲ့သူတွေဆီကိုလည်း ပြန်လည်ကူးစက်နိုင်ပြီး ပိုမိုပြင်းထန်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

📌 BA 2 ရဲ့ ကူးစက်နိုင်စွမ်းက အရင်က Covid Shield ကို အကြိမ်ရေအပြည့်ထိုးထားတဲ့သူတွေအပါအဝင် Covid ဖြစ်ဖူးတဲ့သူတွေကိုပါ ပြန်လည်ကူးစက်နိုင်ပါတယ်။ အကယ်၍ ဒီလို လက္ခဏာလေးတွေပြရင် သတိထားနေထိုင်ဖို့ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။

⚠ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်အတွင်းမှာ လည်ချောင်းနာပြီး နှာစေးခြင်းဖြစ်ခဲ့ပြီး ဒီရက်ပိုင်းမှာ အရင် Covid ဖြစ်ခါနီးတုန်းကလို လက္ခဏာတွေ ပြန်ပြလာရင် သတိထားနေထိုင်ဖို့လိုအပ်ပါတယ် ⚠

🚫 ဥပမာ အနံ့ပျောက်ခြင်း ၊ လည်းချောင်းနာခြင်း ၊ ကိုက်ခဲခြင်း

ဒါ့ကြောင့် Test Kit စစ်ဆေးလို့ မရတာဖြစ်လို့ Positive ဖြစ်မှန်းမသိနိုင်လို့ အရင် Covid ကလိုမျိုး လက္ခဏာတွေ ပြန်လည်ပြသလာပြီဆိုရင် သတိရှိထားကြဖို့ လိုအပ်ပါတယ်နော် ။

Ref : CNBC Website

Link : https://tinyurl.com/cuhm83u8

Photos from Yangon Health Care's post 27/02/2022

ဥမ္မာ ခင်ဖြစ်ပြီးAntibody ထွက်မထွက် လက်ထိပ်သွေးဖောက်စစ် ကြည့်ချင်လား😊😊
🆘မစစ်တတ်မှာတော့မပူနဲ့ စစ်ပုံ စစ်နည်း video လေး ပို့ပေးပါတယ်🆘
👉🏻နိုင်ငံခြား ခရီးသွားဖို့ရှိလား -တပတ်တခါစစ်နေပါ။
👉🏻ပြည်တွင်းခရီးသွားဖို့ရှိလား လေယဉ်မစီးခင် ၂ ရက် အလိုကြိုစစ်ကြည့်ထားပါ။
👉🏻ဆေးရုံဆေးခန်း တက်ရမယ်၊ ကလေးမွေးရမယ်၊ ခွဲစိတ်ရမယ်ဆို ရက် အလိုကြိုစစ်ကြည့်ထားပါ။
👉🏻 အလုပ်ပြန်ဖွင့်မယ်၊ ရုံးပြန်တက်မယ်ဆို screening သဘော ဝန်ထမ်းအကုန်လုံးစစ်သင့်တာမျိုးပါ။
ဆေးရုံဆေးခန်း / ဓါတ်ခွဲခန်းသွားစရာမလိုပဲ မိမိဘာသာ စစ်ရတာလည်းလွယ်လို့ အိမ်တိုင်း / ရုံးတိုင်း/ စက်ရုံတိုင်း မှာဆောင်ထားသင့်ပါတယ်နော်။
လက်ထိပ်သွေးဖောက် တက်စကစ် တစ်စုံမှာ ဘာတွေပါလဲ??
✅စစ်ဆေးတဲ့ တက်စကစ် တစ်ခု
✅သွေးဖောက်ဖို့ တခါသုံးအပ်
✅ sing use buffer ဘူးလေး
✅သွေးစုပ်ယူပြီး ထည့်ဖို့ pipette စုပ်တံ
✅အညွှန်း စာရွက်တရွက်
ဘာပစ္စည်းမှ ထပ်ဝယ်စရာမလိုအောင် တစ်ခါထဲပါပြီးသားပါနော်
❣️တစ်ခုချင်းစီ single sterile packaging နဲ့ သေချာထုတ်ပိုးထားတာဖြစ်လို့ အသုံးပြုရတာ ရော discard လုပ်ရတာရောအရမ်းအဆင်ပြေပါတယ်နော်။

✅Yangon မြို့တွင်း delivery serviceရှိပါတယ်

တခုချင်း -၄၅၀၀ကျပ်
ဆယ်စုံ ၄၀၀၀ ကျပ်

23/02/2022

Date. 23.2.2022
Crd Prof Than Than Aye

အိုမီခရွန် အကြောင်း ထပ်လောင်းသိကောင်းစရာများ
အပိုင်း(၂)

၂) Omicron vs Delta severity
အိုမီခရွန်နဲ့ ဒယ်လ်တာ ဘယ်သူဆိုးလဲ ။

ယခင် delta မျိုးကွဲတုန်းက ကိုဗစ်က ကူးတာလဲမြန်တယ်။ ရောဂါလည်း ပြင်းထန်လို့ သေပျောက်နှုန်းကြည့်ရင် ထင်ရှားပါတယ်။
ယခုအိုမီခရွန်ကြောင့်ဖြစ်တဲ့ ကိုဗစ်ရောဂါကျတော့ ......ကူးစက်တာ အရမ်းပိုမြန်ပေမဲ့ သိပ်မဆိုးဘူး။ ပျော့တယ်၊ အသေအပျောက်နှုန်းနည်းတယ်။
Omicron is less severe than delta
ဘာကြောင့် အိုမိုင်ခရွန် ကြောင့်ရတဲ့ ကိုဗစ်က အရင်ကိုဗစ်( Delta ) လို မပြင်းထန်တော့သလဲ ?

စဉ်းစားစရာ ၂ ခုရှိတယ်။

(1) ယခင်က ကိုဗစ်ဖြစ်ဘူးသူတွေနဲ့ ကာကွယ်ဆေး (booster အထိ) အပြည့်ထိုးပြီးထားသူများလာခြင်းကြောင့်လား။ ဒီ၂ ခုပေါင်းပြီးလူတွေမှာ (HERD IMMUNITY )အုပ်စုလိုက် ကိုယ်ခံအားကောင်းလာပြီး ကိုဗစ်ကိုခံနိုင်ရည်ရှိလာလို့လား။
ဒါပေမဲ့ ပြောစရာရှိတာက ....ကာကွယ်ဆေး ထိုးထားပြီးတာ နည်းသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ Africa , India တွေမှာလည်း Omicron သိပ်မပြင်းထန်ဘူး။ အရင်delta ကထက် အသေအပျောက်နည်းတယ်။ ကာကွယ်ဆေး လုံးဝ မထိုးထားသူ၊ သို့မဟုတ် ယခင်က မဖြစ်ဘူးသေးသူတွေမှာလည်း အိုမီခရွန်ကြောင့်ကိုဗစ်ရောဂါဖြစ်ရင် Delta လောက် မဆိုးဘူး။

ဒါမှမဟုတ်

(2) အိုမီခရွန်ရဲ့ ပင်ကိုယ်စရိုက်ကိုက အားမပြင်းတာ၊ မဆိုးတာလား?( LESS VIRULENT) )
ဒါတွေက စဉ်းစားစရာဖြစ်နေတယ်။
လေ့လာချက်တွေနဲ့ ဝေဖန်ချက်တွေအရ .....
ကာကွယ်ဆေးထိုးထားသူရော မထိုးထားသေးသူတွေမှာရော ၊ ယခင်ကိုဗစ်ဖြစ်ဘူးလို့ ( natural immunity)သဘာဝ ခုခံအားရှိပြီးသူမှာရော၊ မရှိသေးသူတွေမှာပါ အားလုံးလိုလိုမှာ Severityပြင်းတဲ့ကိုဗစ် ဖြစ်တာ လျော့ကျသွားတာတွေ့ရပါတယ်။ အိုမီခရွန်ဟာ ကာကွယ်ဆေး ထိုးထားလို့ရတဲ့ Immunity ခုခံအားတွေနဲ့ မဆိုင်ဘဲ သူ့ပင်ကိုယ်ကအားပျော့တဲ့ အမျိုးအစားဖြစ်ပါတယ်။
High risk အောက်စီဂျင်ကျနိုင်ခြေများသူတွေမှာတောင် အိုမီခရွန် ကြောင့်ဖြစ်တဲ့ကိုဗစ်ဟာ ယခင် delta တုန်းကလိုသိပ်မပြင်းထန်တော့တာတွေ့ရတယ်။
ဒါဟာ ကိုဗစ်ကို ကာကွယ်တဲ့ immunityပြည့်ဝလာတာတစ်ခုထဲကြောင့် ရောဂါမပြင်းထန်တာမဟုတ်ဘဲရောဂါကိုယ်၌ကလည်း ပေါ့သွားကြောင်း သာဓကတွေရှိနေပါတယ်။

******
Research တွေအရ ...
11th Jan 2022
USA ( California )မှ the Kaiser Permanente Southern California healthcare system ရဲ့ November 30, 2021 မှ January 1, 2022 က လေ့လာချက်ကို မှီငြမ်းပြီးပြောပါမယ် ။
***
December 2021 ၁ လတာ ကာလမှာ ကောက်ယူတဲ့ လေ့လာချက်အရ.....
လူပေါင်း ၇၀,၀၀၀ ကိုလေ့လာကြည့်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Delta ပိုးကလျော့ကျလာပြီး အိုမီခရွန်ကလည်းများလာချိန် ....၂ မျိုးလုံးကို တပြိုင်ထဲ နှိုင်းယှဉ်ပြီး လေ့လာထားတာတွေ့ရပါတယ်။ အဲဒီထဲမှာ...
Delta လူနာ - ၁၆၉၈၂ယောက်
Omicron လူနာ - ၅၂၉၆၇ ယောက် ကိုလေ့လာခဲ့ပါတယ်။
တွေ့ရှိချက် ...
Omicron ကြောင့်ဖြစ်တဲ့ ကိုဗစ်ရောဂါခံစားရသူတွေမှာ....
ကာကွယ်ဆေးထိုးထားသူဘဲဖြစ်ဖြစ် ၊ မထိုးထားသူဘဲဖြစ်ဖြစ် ၊
ယခင်က ကိုဗစ်ရောဂါဖြစ်ခဲ့သူဘဲဖြစ်ဖြစ်၊ မဖြစ်ခဲ့ဘူးသူဘဲဖြစ်ဖြစ်
ရောဂါ ပြင်းထန်တာ သိသိသာသာ လျော့သွားပါတယ်။
ရလာဒ်အားလုံးကိုခြုံပြီးကြည့်မယ်ဆိုရင်....
Delta မှာ ဆေးရုံတက်ဖို့လိုအပ်သူ ၁.၃% ရှိနေချိန်မှာ Omicron ဖြစ်တဲ့သူတွေဟာ ၀.၅% လောက်သာရှိပါတယ်။ Omicron ကဆေးရုံတက်ရတာ ၆-၈ ဆပိုလျော့နည်းပါတယ်။
ICU မှာကုရသူ ၀.၂၆ ဆလျော့ကျသွားပါတယ်။ဥပမာ .. Delta တုန်းက ၄ ယောက်ICU ဝင်ရချိန်မှာ Omicron ကြောင့်ဖြစ်တဲ့ ကိုဗစ်လူနာတွေဆို ၁ ယောက်လောက်ဘဲ ရှိပါမယ်။ ICU လိုအပ်မှု ၇၄% လျော့သွားတယ်။
သေပျောက်နှုန်းကလည်း Delta တုန်းကနဲ့ဆာရင် ၀.၀၉ဆလျော့သွားပါတယ်။ ( Delta ရဲ့ ၁/၁၀ ခန့်သာရှိပါတယ်။ သေပျောက်နှုန်း ၉၁% လျော့သွားတာတွေ့ရတယ်။)
လူနာ ၅သောင်းကျော်မှာ အသက်ရှူစက်တင်ရသူ တစ်ယောက်မျှမရှိပါဘူး။
ဆေးရုံတင်ရတဲ့ရက် ၃.၂ ရက်(၇၅%) ပိုတိုပါတယ်။
*****
another study from Hong Kong study
သေနှုန်း ..,
Omicron မှာ ၀.၉% နဲ့
Delta မှာ ၅.၃% ရှိတယ် ။
******
ကနေဒါ မှတွေ့ရှိချက် ( Estimates of SARS-CoV-2 Omicron Varient severity in Ontario , Canada published in 17-2-2022)

Omicron varient cases : 0.6% ဆေးရုံတက်ရပြီး 0.03% ဘဲသေတယ် ။

Delta varient cases : 1.4% ဆေးရုံတက်ရန်လိုပြီး 0.3% သေဆုံးတာတွေ့ရတယ်။

WHY ?
ဘာကြောင့် Omicron ကပိုပျော့တာဖြစ်နိုင်လဲ?
တွေ့ရှိချက်
Omicron က upper respiratory tract အသက်အရှူလမ်းကြောင်း အထက်ပိုင်းမှာဘဲ ပိုeffect ဖြစ်တာများပြီး အခြား ကိုဗစ်တွေလို lower respiratory tract ကိုသွားတွယ်ကပ်တာ နည်းတယ် ။ ဒါကြောင့် ဆိုးရွားတဲ့ အဆုပ်ရောင်တာ ၊ အောက်စီဂျင်ကျတာ သိပ်မရှိဘူး ။
Honkong study တစ်ခု မှာ အိုမီခရွန်ဟာ ယခင်ပိုးအမျိုးအစားတွေနဲ့ဆာရင် လေပြွန်ကြီးတွေ၊ (Upper airways )အပေါ်ပိုင်း အဆုပ်လေပြွန်မှာ အဆ ၇၀ ပိုပွားများတာ တွေ့ရပြီး ( lower airways ) အောက်ပိုင်း အဆုပ်ပြွန်နဲ့ လေအိပ်လေးတွေမှာစွဲကပ်တာ infect ဖြစ်တာ ၁၀ ဆပိုနည်းပါတယ်။
ဒါကြောင့် လေပြွန်ကြီးတွေပိုယောင်ပြီး ချောင်းဆိုးတာ ပိုဖြစ်ပါတယ်။ ပိုးတွေအလွယ်တကူ ဖြန့်ပြီးကူးစက်စေတယ်။ အောက်ပိုင်း အသက်ရှူလမ်းကြောင်းနဲ့ အဆုပ်လေအိပ်တွေ မှာဖြစ်တဲ့ နမိုးနီးယား အဆုပ်ယောင်တာ၊ အောက်စီဂျင်ကျတာ၊ ရောဂါပြင်ထန်တာ နည်းသွားပါတယ်။ ဒါကြောင့်လည်း အသေအပျောက်နှုန်းပိုလျော့နည်းသွားပါတယ်။
*****
သတိပြုရမှာက ကူးစက်နှုန်းအရမ်းမြန်တဲ့အတွက် ကာကွယ်မထားဘဲ လွှတ်ထားရင် ဖြစ်တဲ့သူ အများကြီးတိုးပွါးလာပြီး နောက်ဆုံးတော့ ဆေးရုံတက်ရသူဦးရေ၊ ဆိုးတဲ့လူနာဦးရေ၊သေတဲ့သူ စုစုပေါင်ဦးးရေ ကတော့ ယခင် ဒယ်လ်တာနဲ့တန်းတူ သို့မဟုတ် ပိုလို့တောင်များသွားနိုင်တယ်။

နောက်ထပ်တွေ့ရှိချက်ကတော့ရောဂါစုံတဲ့ co-morbidity တွေများရင် ကိုဗစ်ကြောင့်ပိုသေနိုင်တဲ့အပြင် ၊ ကိုဗစ်မို့ မကူးစက်အောင် အိုင်ဆို Isolation လုပ်ထားရလို့ ကြည့်ရှုစောင့်ရှောက်မှု အပြည့်မရလို့ အသက်ဆုံးရှုံးရတာပိုဖြစ်တယ်လို့ဆိုပါတယ်။ သူတို့တွေ မကူးသွားအောင် အထူးကရုစိုက်ပါ။
အိုမီခရွန်ကို မတားနိုင်လို့ ကာကွယ်ဆေးက အလကားမဖြစ်ပါဘူး။သေတဲ့သူတွေအများစုက ကာကွယ်မထားသူတွေ ဖြစ်ပါတယ်။ booster ထပ်ထိုးထားသူတွေမှာ ရောဂါဆိုးတာနဲ့ သေနှုန်း ပိုနည်းတာတွေ့ရလို့ ကာကွယ်ဆေးbooster တော့ ပြည့်အောင်ထိုးထားပါ။ ပိုးမဝင်အောင် မတားဆီးနိုင်ပေမဲ့ Severe ဆိုးတဲ့အဆင့်ရောက်မသွားအောင် ကာကွယ်နိုင်ပါသေးတယ် ။

****
Summary
ခြုံပြောရရင်
Omicron variant ( အိုမီခရွန် မျိုးကွဲ )ကြောင့်ဖြစ်တဲ့ ကိုဗစ် ၁၉ ရောဂါသည် .......
ပိုပြီးကူစက်မြန်တယ်
ကာကွယ်ဆေး ( vaccine immunity ) အတားအဆီးကို ကျော်နိုင်တယ်။ breakthrough infection လို့ခေါ်တယ်။
ယခင်ရောဂါဝင်ဘူးလို့ရထားပြီးတဲ့ ခုခံနိုင်စွမ်း ( natural immunity ) တို့ကိုလည်း ကျော်လွှားနိုင်တယ် ။
ဒါပေမဲ့ ယခင်မျိုးကွဲတွေ( Alpha , Delta ) တွေနဲ့စာရင် ရောဂါသိပ်မပြင်းထန်တော့ဘူး။ တော်တော်လေး အားပျော့သွားပါတယ်။သိပ်မကြောက်ပါနဲ့ ။
ဘယ်လောက်အားပျော့ပျော့ မပေါ့ပါနဲ့ ။ သေတဲ့ သူရှိသေးတယ်။ဖြစ်ပွါးနှုန်း အဆပေါင်းများစွာတိုးပွါးလာရင် အသက်ဆုံးရှုံးသူဦးရေလည်း အလွန်များသွားနိုင်ပါတယ်။
အထူးသဖြင့် နောက်ခံ ရောဂါကြီးတွေရှိသူ၊ နာတာရှည် နေမကောင်းသူ ၊ အသက်အရွယ်ကြီးလွန်းသူတွေကတော့ အသေအပျောက်များအုန်းမှာဖြစ်ပါတယ်။

**********
ဆေးရွေးချယ်တာနဲ့ ပတ်သက်လို့ ....
ဒီအချက်တွေ လေ့လာပြီး ရင်တော့ တတိယလှိုင်း delta တုန်းကလိုဘဲ မစဉ်းစား Omicron အလိုက်ဆုံးဖြတ်သင့်ပါတယ်။
ဒါကြောင့် Anti viral drugs တွေ Remdesivir နဲ့ Monupiravir ကိုရွေးချယ်ရာမှာ ဘယ်လိုလုပ်သင့်လည်း ? ( ဒါကိုယ်လုပ်တဲ့ပုံစံပါ။ GL မရှိသေးပါဘူး။)
-oxygen ကျခါစတွေ့ရင် Rem ဘဲသုံးမယ်။
-unvaccinated & very high risk especially bed ridden , sdvere comobidity တွေကိုတော့ ဆေးသွင်းတာ safe ဖြစ်ရင် Rem ကိုရွေးလို့သင့်တယ်။ ၃ ရက်လောက်မှာ inflammatory markers တွေများနေရင် ၅ ရက်ပြည့်အောင်သွင်းသင့်တယ်။ ဒါပေမဲ့ LFT, RFTတော်တော်မကောင်းရင်၊ Heart arrhythmia ,bradycardia ရှိရင် Rem မသုံးသင့်ပါ။ ဒါပေမဲ့ သွင်းတာက ပိုအကျိုးရှိမယ်၊ သွင်းမှဖြစ်မယ်ဆိုရင် GFR 30 အောက်နည်းနည်းကျပေမဲ့ ဘာမျှမဖြစ်သွားဘူး။ keep good hydration if no oedema .ပြီးတော့ Liver enzyme တွေက မကောင်းတာက ကိုဗစ်ဖြစ်ပြီးမှဆိုရင် ဆေးသွင်းပြီး ပြန်ကောင်းသွားတယ်။ ဒါအတွေ့အကြုံလေးပါ။
ကျန်တဲ့ risk ရှိသူအားလုံး၊ vaccine ထိုးထားပြီးသူတွေကို monupiravir ဘဲတိုက်ဖြစ်ပါတယ်။ ခုထိ သူ့ဘာသာသူလည်းကောင်းသွားကြတယ်။ စောစော စတိုက်ရင် Symptoms တွေမြန်မြန်သက်သာပါတယ်။ ၅ ရက်တော့မကျော်မီစပေးဖို့ သတိပေးပါ။တအိမ်လုံးဖြစ်ဖို့သေခြာနေတော့ ဖြစ်လာလို့ ပြသနာရှိနိုင်သူတွေကို post exposure အနေနဲ့ ပေးတာထိရောက်ပါတယ်။ ဒါကGL မဟုတ်သေးပေမဲ့ ၊ individualized approach ပါဘဲ။
*********
Post Omicron thoughts
အိုမီခရွန်ပြီးရင် ....
အိုမီခရွန်က ကူးစက်နှုန်းသိပ်မြန်လို့
လူတိုင်းကိုကူးပြီးသွားရင် လူတွေခုခံအားတွေပြည့်ပြီး ခံနိုင်သွားလို့ ဒါနောက်ဆုံးကိုဗစ်ဖြစ်ပြီလား။ ဒါဆို pandemic / epidemic တွေဇာတ်သိမ်းတော့မှာလား။ ဆက်ရှိအုန်မလား။

ဒီလိုမျှော်လင့်ကြပေမဲ့ ကိုဗစ်က မျိုးကွဲတွေကတော့ထပ်ပေါ်လာနေအုန်းမှာပါဘဲ။
(အခုတောင် ယခုOmicron subvarient BA1 ရဲ့ အဆွယ်အပွါး Omicron sub varient BA2 ဆိုပြီး ဒိန်းမတ်၊ ယူကေ ၊ နော်ဝေး စတဲ့နိုင်ငံတွေမှာဖြစ်နေတယ်။ သူကလည်း ကူးစက်နှုန်အရမ်းမြန်ပါတယ်။ သူလည်း အသေအပျောက်နည်းပါတယ်။
အိုမီခရွန် ၂ ကြိမ်ဖြစ်နိုင်မလားမေးစရာရှိပေမဲ့ ဖြစ်ဖို့အလားမလာနည်းပါတယ်တဲ့။ )
ဒါဆို Pandemic ကနေ Endemic အသွင်ပြောင်းသွားတာဘဲရှိမယ်လို့ပြောကြတယ်။ အမြဲတမ်း ကိုဗစ်နဲ့နေသွားရတော့မယ်လို့ဆိုပါတယ်။

"အကူးစက်နှေးပြီး ရောဂါမပြင်းတဲ့ Covid varient မျိုးကွဲလေးတွေ" ဘဲ ပေါ်ပေါက်လာကြပါစေ။
အကောင်းဆုံးမျှော်လင့်ယင်း အထိရောက်ဆုံးပြင်ဆင်ထားပါ။
အားလုံးကိုဗစ်ဘေးမှဝေးပြီးကျန်းမာချမ်းသာကြပါစေ🙏🙏🙏

Photos from Yangon Health Care's post 22/02/2022

အပြင်ထွက်စစ်စရာမလို ကိုကိုယ်တိုင်အမြန် စစ်လို့ရတဲ့
💉COVID Test Kit 💉 Standard Q Ag test kit Made in India လက်ဟောင်း 😽🆘99.8% 🆘မှန်ကန်ပါတယ်
🆘တစ်စုံ 4500 ကျပ်🆘
ဆယ်စုံ 4000ကျပ်
ဘူးစျေး သီးသန့်
နေ့စဥ်နှင့်အမျှဈေး အပြောင်းအလည်းရှိပါသည်.

AbChek တံဆိပ် Test kit ရောက်ပါပြီရှင် 🇮🇳 𝐈𝐧𝐝𝐢𝐚 𝐁𝐫𝐚𝐧𝐝
နိုင်ငခြားထွက်မည့်သူများ Covid ကိုယ်ခံအားAb ထွက်မထွက်စမ်းလိုသူများ စစ်နိုင်ပါသည်
✅စျေးနှုန်း၁စုံ - 4500 ကျပ်🆘
10စုံ -4000ကျပ်
India နိုင်ငံမှာ ICMR approved ဖြစ်ပြီးသား Ab check Antibody test kit ပါ
(blood test)
လူတိုင်းစစ်နိုင်အောင်အသက်သာဆုံး ရောင်းချပေးနေပါပြီ

ဘူးဈေး ဖာဈေးလက်ကားစျေး သီးသန့်ရှိပါတယ်
🚨🚨စစ်ပုံစစ်နည်းvideo ပို့ပေးပါတယ်🚨🚨

☎ဆက်သွယ်ရန်-09972870755


✅SD Biosensor ကုမ္ပဏီရဲ့

‘Standard Q ‘အမှတ်တံဆိပ်

👍Korea နိုင်ငံမှ ထုတ်လုပ်ပြီး
နိုင်ငံပေါင်း 126 နိုင်ငံထိ ဖြန့်ဝေနေပါတယ်။

WHO ကအသိအမှတ်ပြုထောက်ခံထားပြီး

Korea, Canada, USA, India စတဲ့

နိုင်ငံတွေရဲ့ FDA တွေပါရရှိထားပါတယ်။

✅အခု SD Biosensor Standard Q ကေတာ့
🇮🇳 India ကနေ
တိုက်ရိုက်သွင်းထားပြီး
India ရဲ့ ဆေးဝါးထောက်ခံချက်များဖြစ်တဲ့

ICMR နှင့် AIIMS များပါ ရရှိထားတာမို့ အရည်အသွေးကို အထူးအာမခံပါတယ်။

SD Biosensor Standard Q COVID-19 Ag Rapid Test Kit (Nasal)

✅ဆေးရုံးဆေးခန်းသွားစရာမလိုဘဲ အိမ်မှာပဲ
အလွယ်တကူစစ်ဆေးလို့ရပါတယ်။

✅99% ကျော် မှန်ကန်တဲ့အတွက်
Home Test Kit အဖြစ်
WHO မှ ဖြန့်ဝေခွင့်ပြုခဲ့ပါတယ်။

✅စစ်ဆေးပြီး 15 မိနစ် - 30 မိနစ်အတွင်း ရလဒ်ကို လျင်မြန်စွာ သိရှိနိုင်ပါတယ်။
တစ်ခါသုံး Test Kit ဖြစ်ပြီး နှာခေါင်းမှ တို့ဖတ် ယူရတာပဲဖြစ်ပါတယ်။

အသုံးပြုနည်း
--------------------

ခေါင်းမော့ ပြီးSwab အတံလေးကို နှာခေါင်းမှ
ထည့်ပါ အတွင်းထဲအတော်ဝင်ပြီးစူးခနဲဖြစ်တဲ့ထိ
ထည့်ရပါမယ်နော် ပြီးရင် ၁၀စက္ကန့်လောက်ထား
ပြီးအတံလေးကို နှစ်ပတ်လောက် လှည့်ပါ
အဲ့ဒီအတံလေးနဲ့ပဲ နောက်နှစ်ခေါင်းနောက်ထပ်
တစ်ဖက်သို့ထည့်ပြီးထပ်လှည့်ပါ
Swab အတံလေးကို Bufferခေါ်အရည်ပါတဲ့
ဘူးလေးထဲသို့အတံထည့်စိမ်ပြီးပြန်ထုတ်ကာ
၃/၄ ခါလောက် လှုပ်ပါပြီးရင် nozzle cap လေးကို
အဲ့Buffer မှာတပ်ပီး Test kit ထဲသို့အစက်3စက်
လောက်ချပေးပါ၁၅မိနစ်လောက်

AbChek တံဆိပ်𝐈𝐧𝐝𝐢𝐚 𝐁𝐫𝐚𝐧𝐝
Test Kit ဆိုတာကတော့ Covid နလံထလူနာတွေအနေနဲ့ ဖြစ်ပြီး ၁၄ ရက်အကြာမှာ မိမိ ခန္ဓာကိုယ်က resistence လုပ်နိုင်တဲ့ Anti Body ထွက်မထွက်ကို စစ်ဆေးတဲ့ ဟာပါ

ဘယ် အချိန်မှာ စစ်သင့်လဲ?

Antibody Test Kit ကို စစ်သင့်တဲ့အချိန်ကတော့ Antigen Test kit နဲ့စစ်လို့ Covid (+) ဖြစ်ပီး 1ပတ် ကနေ 3ပတ်မှာ antibody စစ်လို့ရပါပြီ။
Antibodyထွက်တာအစောဆုံး နှစ်ပတ် (14ရက်)အကြာမှာ ထွက်တာမို့ နှစ်ပတ်မှာ စစ်ရင် အကောင်းဆုံးပါ

⚠️ ကာကွယ်ဆေးထိုးပြီးသူများ / P ဖြစ်ပြီးသူများ Antibody စစ်ဖို့အတွက်ပါ

⚠️Positive ထွက်ပြီး ၁ပတ်ကနေ (၃) ပတ်အတွင်းစစ်ရင် ပိုကောင်းပါတယ်

✅ ဘယ်လို စစ်မလဲ
============
သူ့ထဲမှာ အဆင်သင့်ပါလာပြီးဖြစ်တဲ့ တခါသုံးအပ်နဲ့ လက်ထိပ်ကို ဆီးချိုစစ်ရင်ဖောက်သလို တချက်ကလေးဖောက်ပြီး တခါသုံး Rapid Test Kit ထဲကို တစက်ချ ပြီးရင် ပါလာတဲ့အရည်ဘူးထဲက အရည်ကို 2စက်ချပြီး အဖြေကို ၁၅ မိနစ်အတွင်း ကြည့်လို့ရပါပြီ ။

✅Result များ
========
Test Kit မှာ C , G , M သုံးနေရာတွေ့ရပါမယ်
C နေရာမှာပေါ်ရင် => Covid Negative
C နေရာရယ် Mနေရာရယ် နှစ်နေရာ ပေါ်နေရင် => positive ဖြစ်ပြီး isolate နေရမဲ့အချိန်ဖြစ်ပါတယ်။
C နေရာရယ် Gနေရာရယ် နှစ်နေရာပေါ်နေရင် => positive ဖြစ်ဖူးးခဲ့ပြီး ကိုယ်ခံအားထွက်ပြီး recovery state အကောင်းဆုံးအခြေအနေဖြစ်ပါတယ် ။

22/02/2022

- Prof Dr. Than Than Aye

Date 22-2-22

အိုမီခရွန် အကြောင်း ထပ်လောင်းသိကောင်းစရာများ
အပိုင်း(၁)
ယခင်က ပြောထားတဲ့ management idea တွေက အရင်ဖြစ်တဲ့ ကိုဗစ်မျိုးကွဲတွေ ( alpha,delta variant ) အတွက်ဖြစ်ပါမယ်။
ယခုဖြစ်တဲ့ omicron နဲ့ ယခင်က ကိုဗစ်တွေ ဖြစ်တဲ့ alpha,delta နဲ့ဘာကွာလဲ သိမှ ကုသတဲ့အခါ ယခင်အတိုင်း ပုံသေလိုက်မလုပ်ဘဲ လိုအပ်သလို ချင့်ချိန်နိုင်ဖို့ adjust လုပ်နိုင်ဖို့ ရည်ရွယ်ပြီး omicron အကြောင်း ထပ်မန်ဖြည့်စွက်လိုက်ပါတယ်။
ထပ်ပြောချင်တာက
" သိပ်လည်း မပူနဲ့ .... အိုမီခရွန်က ဒယ်လ်တာလောက် မပြင်းထန်တော့ဘူး"
" သိပ်လည်းမပေါ့နဲ့ .....ဆိုးသွားရင်တော့ အရင်ကိုဗစ်တွေလို သေပါတယ်။ကိုဗစ်က ကိုဗစ်ပါဘဲ "
"ပုရွက်ဆိပ်လား ကျားလား " သိမှ ဘယ်လို သတ်မလဲ စဉ်းစားရမယ်။
*****
ကိုဗစ်တတိယလှိုင်း တုန်းက ဒယ်လ်တာ (delta ) ဆိုတဲ့ မျိုးကွဲ ကြောင့်ဖြစ်တာ။ Delta ကူးစက်တာဘယ်လောက်မြန်တယ် ၊ ဘယ်လောက်ဆိုးတယ် ဆိုတာ အားလုံးသိရှိပြီး၊ တော်တော်များများလည်း ခံစားခဲ့ရပြီး ဖြစ်ပါတယ်။
အခုတော့ စတုတ္ထလှိုင်း လာနေပါပြီ။Omicron မီခရွန် virus မျိုးကွဲသစ်ကြောင့်ဖြစ်တာ ပါ။ အိုမီခရွန်ကရော ယခင်မျိုးကွဲ Delta နဲ့ နှိုင်းစာရင်ဘာတွေကွာလဲ။
Omicron ဝင်ပြီးတဲ့ အခြား တိုင်းပြည်တွေက ပြောပြတဲ့ လေ့လာချက်တွေကို မှီငြမ်းပြီး မိမိသိသလောက် ပြန်လည်ပြောပြပါမယ်။ ဗဟုသုတအဖြစ် လေ့လာပြီး တစ်ဦးချင်းအလိုက် ဆုံးဖြတ် Individualised decision နိုင်စေဖို့ ဖြစ်ပါတယ်။
*******
ရုပ်ရှင်ထဲမှာဆို ....
မနေ့ကဖြစ်တဲ့ ဒယ်လ်တာက ( လူဆိုး လူကြမ်းမင်းသား - မြန်တယ်၊ အားပြင်းတယ်၊ဆိုးတယ် လူတိုင်းကို ဒုက္ခပေးတယ် )
ဒီနေ့ အိုမီခရွန်ကတော့ ( လူဆိုးလုပ်ရတဲ့ ဇာတ်လိုက်မင်းသား - မြန်တယ်၊ စွမ်းတယ်၊ ဆိုးတဲ့အခါဆိုးချင်ပေမဲ့ တကယ်တော့ လူတိုင်းကိုဒုက္ခမပေးဘူး )
ဒီလို အနီးစပ်ဆုံး တွေးကြည့်လို့ရအောင်ပါ။
အဓိက ၂ ပိုင်း ခွဲပြောပါမယ်။
(၁) Omicron and Immunity to Covid
အိုမီခရွန်နဲ့ ကိုဗစ်ခုခံကာကွယ်အား
(၂) Omicron severity vs Delta severity
အိုမီခရွန်နဲ့ ဒယ်လ်တာ ဘယ်သူဆိုးလဲ ။

**********
(၁) Omicron and covid Immunity
အိုမီခရွန်နဲ့ ကိုဗစ်ခုခံနိုင်စွမ်း
" ကျွန်တော် ကာကွယ်ဆေး ၄လုံးတောင်ထိုးထားတယ် ။ ကျမမှာ ကိုဗစ်အင်တီဘေါ်ဒီ ၈၀၀ ကျော်ရှိတယ် ။ ခုခံနိုင်စွမ်းအရမ်းကောင်းနေပြီ။ဒါကြောင့် မတ်စ်ခ် တပ်စရာမလိုဘူး။လျှောက်သွားလို့ရတယ် ၊ မကြောက်ဘူး။ "
"အခုဖြစ်တာကလည်း ရိုးရိုး နှာမွှန်ချောင်းဆိုး ရာသီဥတုကြောင့်ပါ၊ ကိုဗစ်တော့မဖြစ်နိုင်ဘူး။ "
ဒီလိုဘဲ ကိုယ့်ကိုယ်ကို အထင်ကြီးကြတယ်။ ပေါ့ကြတယ်။ မသိကြဘူး။
ဒါက ရာသီချောင်းမဟုတ်ဘူး။ ကိုဗစ်ပါဘဲ ။ သွားစစ်ကြည့်ခိုင်းရင် " P " ဖြစ်ပြီး ပြန်လာတာဘဲ ။
ပိုသေခြာတာက ဒီလိုမေးခွန်းလေးမေးကြည့်ပါ။
" တအိမ်ထဲနေ မိသားစုထဲက တစ်စုံတစ်ယောက်များ ချောင်းဆိုးတာလေး ၊လည်ချောင်းနာတာလေး၊ ခဏလေးဘဲ ဖြစ်ဖြစ် ကိုယ်ပူတာများရှိလား "
ဒါဆိုရင်တော့ ဖြေမှာက " ဟိုတစ်ပတ်က အိမ်ကခလေးမလေး ကိုယ်နည်းနည်းပူပြီး ချောင်းနည်းနည်းဆိုးလိုက်တယ်။ သူကတော့ ကိစ္စမရှိပါဘူး။ ကောင်းသွားပါပြီ။သူ့ကိုလည်း တခြားကိုခွဲထားပါပြီ " ဒီအဖြေမျိုးရပြီဆိုရင် ကိုဗစ်ဖြစ်ဖို့များပြီ။ တစ်အိမ်ထဲမှာ ၂ ယောက်ထက်ပိုဖြစ်ရင် စစ်စရာတောင်မလိုတော့ပါဘူး။ ပေါ်ပြီ။
*********
ကိုဗစ်ကာကွယ်ဆေးက အိုမီခရွန်ကို ဘာကြောင့် မတားဆီးနိုင်တာလဲ။
Vaccine protection
ယခင်က ဖြစ်တဲ့ ကိုဗစ်မျိုးကွဲတွေ (ဒယ်လ်တာ )မှာတုန်းက ကာကွယ်ဆေးအကြိမ်များများ booster ပါ ထိုးထားရင် ရောဂါကို ကောင်းစွာ ကာကွယ်နိုင်တာတွေ့ ရတယ်။ ကာကွယ်ဆေးတေါ်တေါ်ထိရောက်ခဲ့ပါတယ်။ အလားတူဘဲ alpha, delta တွေတုန်းက ကိုဗစ်ဖြစ်ပြီးသားသူတွေဟာလည်း လုံခြုံတယ်။ ထပ်ဖြစ်ခဲတယ်။
ဒါပေမဲ့ ........
အခုဖြစ်တဲ့ ကိုဗစ်ပိုးအသစ်အိုမီခရွန်မျိုးကွဲ ကတော့ ......
Vaccine ထိုးထားပေမဲ့ မတားဆီးနိုင်ဘူး။ကာကွယ်ဆေးက ထိရောက်မှုမရှိသလို ဖြစ်နေတယ် ။ Breakthrough Infection လို့ခေါ်တယ်။ Vaccine breakthrough rate in omicron is 55.9% . ကာကွယ်ဆေးအတားအဆီးကိုကျော်နိုင်တာ လူ၁၀၀ မှာ ၅၅.၉ယောက် ။
ကိုဗစ် ဖြစ်ဘူးသူတွေလည်း Omicron ကိုမကာကွယ်နိုင်ဘူး။ delta တုန်းက နဲ့စာရင် ကိုဗစ်ပြန်ဖြစ်နှုန်း ၅ ဆပိုများတယ်။
Immunity ကိုဗစ်ကိုယ်ခံအားကောင်းပြီးသားလူတွေ(ဥပမာ ကိုဗစ်အင်တီဘေါ်ဒီ SARS-aCoV-2 antibody level မြင့်သူတွေမှာလည်း အိုမီခရွန်ကို မကာကွယ်နိုင်ဘူး။

WHY ?
"ကိုဗစ်ပိုးက ရုပ်ပြောင်းရုပ်လွှဲ အလွန်တော်တယ်"
ဘယ်လိုရုပ်ပြောင်းသွားတာလဲ ?
ဗိုင်းရပ်ပိုးတွေက လူတွေရဲ့ ကလပ်စည်းထဲဝင်ပြီး လူရဲ့ gene ကိုသုံးပြီး သူတို့ရဲ့ အစိတ်အပိုင်းတွေတည်ဆောက်ခိုင်းခြင်းဖြင့် ပိုးပွါးစေပါတယ်။
" သူများစက်ရုံ အငှါးသုံးသလို " or " စက်ရုံကို မိုက်ကြေးခွဲပြီး Run ခိုင်းနေတာ" နဲ့တူတယ်။
တခါတရံ genetic coding ကေါ်ပီကူးတာ ချွတ်စွတ်မတူဘဲ ပုံစံ အနည်းငယ်ကွဲသွား( error တက်) တတ်ပါတယ်။formula မှားသွားသလိုပေါ့ ။ ဒါကြောင့် ပင်မပိုးနဲ့ မတူတဲ့ မျိုးကွဲပိုးအသစ်ပြောင်းသွားတယ်။ Mutation လို့ခေါ်တယ်။
အချွန်spike အပိုင်းမှာ ပိုပြီး mutation ဖြစ်လွယ်တယ်။ ဒီအချွန်အတက်လေး ( Spikes ) လေးတွေဟာ ပိုးကို လူရဲ့ (cell )ကလပ်စည်းနဲ့ ချိတ်ဆက်ပေးပြီး ပိုးအထဲဝင်နိုင်ရန်အကူအညီပေးပါတယ်။ ( ပုံ ကြည့်ပါ) ဒါကြောင့်အချွန် spike protein ပြောင်းလဲမှုဟာ ကူးစက်မှု မြန်မမြန် နဲ့ ဆိုင်တယ်။ အခု အိုမီခရွန်က ကူးစက်မှု အဆပေါင်းများစွာ များနိုင်လို့ ....လူတိုင်းနီးပါး ကူးစက်စေနိုင်ပါတယ်။ " သတိ ပြုပါ"
ပိုးအတွင်းပိုင်းမှာလည်း RNA နဲ့ RNA polymerase enzyme တွေမှာလည်း mutation နဲ့ပြောင်းသွားနိုင်ပါတယ်။ သူကတော့ ရောဂါ ရဲ့သဘာဝကို ပြောင်းစေနိုင်ပါတယ်။
****
အိုမီခရွန်က immune system ကိုကျော်နိုင်တာ ဆက်မပြောခင် အများနားလည်အောင် လူတွေ ရဲ့ကိုယ်ခံအား Immune system ရဲ့ ပိုးကိုတိုက်ခိုက်တားဆီးပုံကို အနည်းငယ်ရှင်းပြလိုပါတယ်။
Immunity to covid
အစကနေပြောရရင် ကိုဗစ် ဗိုင်းရပ်စ်ပိုး ၊ ခန္ဓာကိုယ်ထဲ ရောက်လာတာနဲ့ သူ့ကို ခုခံ တိုက်ခိုက်ဖို့ (Innate immunity) မွေးရာပါ ပင်ကိုယ်ခုခံအားကိုသုံးရပါတယ်။ ဒီကနဦး ခုခံအားက အတိအကျ မဟုတ်ပဲ ဝင်လာတဲ့ဘယ်ပိုးကိုမဆို တိုက်ခိုက်တဲ့စနစ်ဖြစ်ပါတယ်။ သိပ်မထိရောက်ပေမဲ့မြန်တယ်။ နောက်မှ ပိုတိကျထိရောက်တဲ့ Acquired Immunity ရလာတဲ့အထိ ရှေ့ကခံပြီး တိုက်ခိုက်ပေးထားတာပါ။
တစ်ယောက်နဲ့ တစ်ယောက် Innate Immunity မတူပါဘူး။ အသက်ငယ်သူတွေဟာ အသက်ကြီးသူတွေထက် Innate immunity အားပိုကောင်းပါတယ်။ ဒါကြောင့် လူငယ်တွေမှာ ကိုဗစ်သိပ်မဖြစ်၊သိပ်မဆိုးဘဲ သက်ကြီးအရွယ်တွေမှာ ကိုဗစ်က ပိုဆိုးပါတယ်။
Innate Immunity ကခဏတာဘဲ လှုပ်ရှားပြီး Acquired Immunity နဲ့ အစားထိုးလိုက်ရပါတယ်။ Acquired Immunity ဟာပိုးကိုတိတိကျကျ ရွေးပြီး သတ်နိုင်တဲ့ ပိုထိရောက်တဲ့ ခုခံအား စနစ်ဖြစ်တယ်။ချက်ချင်းတော့မရဘူး။၁ပတ်၊ ၂ ပတ်စောင့်ရတယ် ။အဲဒီမှာ အင်တီဘေါ်ဒီနဲ့တိုက်ခိုက်တာ ရှိသလို သွေးဖြူဥတွေဖြစ်တဲ့ Killer T cells or T-lymphocytes တွေနဲ့ သတ်ပစ်တာ ၂ မျိုးရှိတယ်။
ရောဂါပျောက်ကင်းသွားပြီးရင် ဒီပိုးရဲ့ အချက်အလက်ကို Memory T cells တွေမှာသိမ်းထာပါတယ်။ ရန်သူကိုမှတ်ထားတာဖြစ်ပါတယ်။ နောက်တစ်ခါ ဒီပိုးထပ်ဝင်လာတာနဲ့ ချက်ချင်းတိုက်ခိုက်ခြေမှုန်းနိုင်လို့ ရောဂါထပ်မဖြစ်နိုင်ပါဘူး။
ဒီအချက်ကို အသုံးပြုပြီး လူတွေရောဂါမခံစားရဘဲ ခုခံအားတွေရအောင် memory cells တွေဖြစ်ပေါ်အောင် ကာကွယ်ဆေးထိုးကြပါတယ်။ ကာကွယ်ဆေးက တကယ်တော့ ပိုးကို အားပျော့အောင်ပြုပြင်ထားတာပါဘဲ။ သေနေတဲ့ ပိုးအကောင်လိုက် သို့မဟုတ် ပိုးရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဖြတ်ထုတ်ပြီး အသုံးပြုတယ်။ ခောတ်မှီစနစ်ကတော့ ပိုးစိတ်အပိုင်းကို ပိုးအစစ်ကနေမယူဘဲ ထပ်တူ ကေါ်ပီကို ဓါတ်ခွဲခန်းမှာ တီထွင်မယ် ။ ဒီလိုနဲ့ ကာကွယ်ဆေးဖေါ်ထုတ်ကြပါတယ်။
အခု Delta, Alpha, beta , gamma မျိုးကွဲ တွေရဲ့Spike protein နဲ့ပါဝင် ဖေါ်ထုတ်ထားတဲ့ ကိုဗစ် ကာကွယ်ဆေးကြောင့် ရတဲ့ ခုခံအားmemory cell တွေ ဟာ mutation ကြောင့် ပုံစံ ပြောင်းသွားတဲ့ omicron ရဲ့ spike ကိုတော့ မသိတော့ပါဘူး။ မဝင်အောင်လည်း မတားနိုင်တော့ပါဘူး။ ဒါကြောင့် ကာကွယ်ဆေး မနိုင်တော့တာပါ။
" ဘိန်းအနံ့နဲ့ လေ့ကျင့်ထားတဲ့ မူးရစ်ဆေး ဖမ်းတဲ့ ခွေးက ဘိန်းကိုဖမ်းနိုင်ပေမဲ့ အခြားမှောင်ခိုပစ္စည်း ရေမွှေးကိုတော့ မဖမ်းနိုင်သလို"
ဒါကြောင့် ပိုးမျိုးစိတ်အသစ်ပေါ်လာတိုင်းဖြစ်ပွါးနှုန်းများလာပြီး ကိုဗစ်လှိုင်အသစ် ပေါ်လာခြင်းဖြစ်ပါတယ်။
အဲ့ဒီအခါ ယခင်ကိုဗစ်ဖြစ်ဘူးသူတွေ မှာလည်း ပိုးကထပ်ဝင်နိုင်ကြောင်း အထူးသတိပြုစေလိုပါတယ်။
လူအားလုံးကိုကူးနိုင်တယ်။
(ဒုတိယပိုင်း ဆက်ရန် )

ကိုဗစ် ဗိုင်ရပ်စ်ပိုးရဲ့ အစိတ်အပိုင်းများ

Photos from Yangon Health Care's post 19/02/2022

အိမ်မှာအမြန်စစ်လို့ရတဲ့
1.(Standard Q ) တစ်စုံစျေး ၄၅၀၀ ကျပ်
အိန္ဒိယ ထုတ် လက်ဟောင်း
ကိုဗစ် ရှိမရှိ နှာခေါင်းတို့ပတ် စစ်ပစ္စည်း
လက်ကားစျေး ဘူးစျေးသီးသန့်
🚨စစ်ပုံစစ်နည်းVideo ပို့ပေးပါသည်။🚨

2• (AbChek)သွေးစစ် Ab အိန္ဒိယ ထုတ်
တစ်စုံစျေး ၄၅၀၀ကျပ်
လက်ကားစျေးသီးသန့်

လက်ကားစျေး ဆယ်စျေး ဘူးစျေး ရာစျေး များသီးသန့်ရှိပါသည်
လက်လီလက်ကားဝယ်ယူရရှိနိုင်ပါပြီ
ရန်ကုန်မြို့တွင်း အိမ် အရောက် ပို့ဆောင်ပေးသည့် delivery service ရှိပါသည်.

ဆက်သွယ်ရန် Ph-09972870755

Photos from Yangon Health Care's post 16/02/2022

AbChek တံဆိပ် Test kit ရောက်ပါပြီရှင် 🇮🇳 𝐈𝐧𝐝𝐢𝐚 𝐁𝐫𝐚𝐧𝐝
နိုင်ငခြားထွက်မည့်သူများ Covid ကိုယ်ခံအားAb ထွက်မထွက်စမ်းလိုသူများ စစ်နိုင်ပါသည်
✅စျေးနှုန်း၁စုံ - 4500 ကျပ်🆘
10စုံ -4000ကျပ်
ဆက်သွယ်ရန် Ph 09972870755
🆘စစ်ပုံစစ်နည်း videoပို့ပေးပါသည်🆘
India နိုင်ငံမှာ ICMR approved ဖြစ်ပြီးသား Ab check Antibody test kit ပါ
(blood test)
Antibody Test Kit ဆိုတာကတော့ Covid နလံထလူနာတွေအနေနဲ့ ဖြစ်ပြီး ၁၄ ရက်အကြာမှာ မိမိ ခန္ဓာကိုယ်က resistence လုပ်နိုင်တဲ့ Anti Body ထွက်မထွက်ကို စစ်ဆေးတဲ့ ဟာပါ

ဘယ် အချိန်မှာ စစ်သင့်လဲ?

Antibody Test Kit ကို စစ်သင့်တဲ့အချိန်ကတော့ Antigen Test kit နဲ့စစ်လို့ Covid (+) ဖြစ်ပီး 1ပတ် ကနေ 3ပတ်မှာ antibody စစ်လို့ရပါပြီ။
Antibodyထွက်တာအစောဆုံး နှစ်ပတ် (14ရက်)အကြာမှာ ထွက်တာမို့ နှစ်ပတ်မှာ စစ်ရင် အကောင်းဆုံးပါ

⚠️ ကာကွယ်ဆေးထိုးပြီးသူများ / P ဖြစ်ပြီးသူများ Antibody စစ်ဖို့အတွက်ပါ

⚠️Positive ထွက်ပြီး ၁ပတ်ကနေ (၃) ပတ်အတွင်းစစ်ရင် ပိုကောင်းပါတယ်

✅ ဘယ်လို စစ်မလဲ
============
သူ့ထဲမှာ အဆင်သင့်ပါလာပြီးဖြစ်တဲ့ တခါသုံးအပ်နဲ့ လက်ထိပ်ကို ဆီးချိုစစ်ရင်ဖောက်သလို တချက်ကလေးဖောက်ပြီး တခါသုံး Rapid Test Kit ထဲကို တစက်ချ ပြီးရင် ပါလာတဲ့အရည်ဘူးထဲက အရည်ကို 2စက်ချပြီး အဖြေကို ၁၅ မိနစ်အတွင်း ကြည့်လို့ရပါပြီ ။

✅Result များ
========
Test Kit မှာ C , G , M သုံးနေရာတွေ့ရပါမယ်
C နေရာမှာပေါ်ရင် => Covid Negative
C နေရာရယ် Mနေရာရယ် နှစ်နေရာ ပေါ်နေရင် => positive ဖြစ်ပြီး isolate နေရမဲ့အချိန်ဖြစ်ပါတယ်။
C နေရာရယ် Gနေရာရယ် နှစ်နေရာပေါ်နေရင် => positive ဖြစ်ဖူးးခဲ့ပြီး ကိုယ်ခံအားထွက်ပြီး recovery state အကောင်းဆုံးအခြေအနေဖြစ်ပါတယ် ။

Photos from Yangon Health Care's post 11/02/2022

Covid အတွက် အကာအကွယ် ပစ္စည်း မျိုးစုံ တစ်နေရာတည်း ဈေးနှုန်းချိုသာစွာဖြင့် လက်လီလက်ကား ဝယ်ယူလို့ရပါပြီ😍😍

1. (Standard Q India လက်ဟောင်းပါ)Exp date 2023
Covid ရှိမရှိ နှာခေါင်းတို့ပတ် စစ်ပစ္စည်း
တစ်စုံစျေး 4500ကျပ် (နေ့စဥ်ဈေးနှုန်းအပြောင်းအလည်း ရှိပါသည်)
ဘူးစျေး လက်ကားစျေး သီးသန့်
🚨စစ်ပုံစစ်နည်းVideo ပို့ပေးပါသည်။🚨

2• Antibody test skit(သွေးစစ်)
Diagnos ~တစ်စုံစျေး 4500ကျပ်
ဆယ်စုံ 4000ကျပ်

3. တစ်ခုစျေး 5000ကျပ်
Direct from bkk

4• K94 ဆယ်ထုတ် တစ်ဘူး 2500ကျပ်

5• (နှာခေါင်းစီ) 3 Layers mask တစ်ဘူး 1500ကျပ်

6• ၁၀၀ခုပါ တစ်ထုတ် 4000ကျပ်


7• #ပိုးသတ် အရက်ပျံ (500ml) ဘူးကြီး 2000 ကျပ်
8• # အိပ်ဆောင် လက်သန့်ဆေးသော့ချိတ် (Hand Sanitizer ) ဘူးသေး ၁၀၀၀ ကျပ် {၁၀ဘူး စျေး သီးသန့်)

9• # Facemask KF94 တစ်ထုတ်စျေး 1000ကျပ်


10• တစ်ခုစျေး ၃၅၀၀ ကျပ်
၁၀ခုစျေး ၃၀၀၀ ကျပ်

11• တစ်ခု ၅၀၀ကျပ်

လက်ကားစျေး ဆယ်စျေး ဘူးစျေး ရာစျေး များသီးသန့်ရှိပါသည်
ဆက်သွယ်ရန် Ph-09972870755

Photos from Yangon Health Care's post 11/02/2022

Digital Thermometer က
ဘယ်ကာလမှာပဲ ဖြစ်ဖြစ်
အိမ်တိုင်း ကိုယ်ပိုင်တစ်ခုစီ ဆောင်ထားသင့်ပါတယ်
Price-3500 MMK
(စျေး ၃၅၀၀ကျပ်)

အပူချိန် တိုင်းနည်း
Thermometerရဲ့ ဘေးခလုပ်ဘုသီးလေး အောက်ပုံ မှာပြထားသော one button operation နေရာကိုနှိပ်ပါ
အသံလေးမြည်ပြီး Lo လို့ပြတဲ့အထိစောင့်ပါ ပြီးလျှင်
အောက်ဖော်ပြပါသုံးမျိုးမှ တစ်မျိုး တိုင်းနိုင်ပါသည်
1.လျှာအောက်မှာ ထားပြီး တိုင်းပါ
2.ဂျိုင်းကြားညှပ် တိုင်းပါ
3.စအိုထဲ ထည့်တိုင်းပါ
အသံမြည်လျှင် ဖတ်နိုင်ပါပြီ

ဂျိုင်းကြားညှပ်တိုင်းသူများ 1° ထည့်ပေါင်းပေးပါ

ဆက်သွယ်ရန် Ph.09972870755

Instock
Direct from bkk

Photos from Yangon Health Care's post 09/02/2022

📌📌ကလေးတွေ မှာ အိုမီခရွန်ဖြစ်လျှင်
စောင့်ကြည့်သင့်တဲ့
နီ ဝါ စိမ်း လက္ခဏာများ

#

Telephone

Website