Mommy Choice

Mommy Choice

စာအုပ်များ/သင်ထောက်ကူများကိုစျေးနှ

Photos from Mommy Choice's post 16/12/2022

လက်ကျန်ဖြတ်လေး
တစ်ဝက်စျေးလောက်နဲ့ အကုန်ယူရင်
abc သံလိုက်ကတ် ပုံပြင် ဉာဏ်စမ်းစာအုပ် အရောင်ခြယ်စာအုပ် pen လက်ဆောင်ထပ်ထည့်ပေးပါမယ်ရှင်..

အကုန် - 49000 ပါ

Photos from Mommy Choice's post 17/05/2022
17/02/2022

Mmoy choice မှရရှိနိုင်သော သင်ထောက်ကူများ စာအုပ်များကို..စျေးနှုန်းချိုသာစွာရောင်းချပေးနေပါပြီရှင့်.....
Handmade learnig file လေးများမှာယူပါက ၃ရက်မှ၅ရက်အတွင်းစောင့်ပေးရပါမယ်ရှင့်...

ရန်ကုန်အိမ်ရောက်ငွေချေ..ရပါတယ်ရှင့်....🛒

Kpay / wave pay ဖြင့်လဲပေးချေလို့ရပါတယ်🛒
ငွေလွှဲပြီးနောက်နေ့ deli အပ်ပေးပါတယ်ရှင့်...

ကျန်မြို့များ ငွေကြိုလွှဲစနစ်ဖြင့်
ငွေလွှဲဝင်ပြီး..နောက်ရက် ကားဂိတ်တင်ပေးပါတယ်..

📌သန်လျင် အိမ် ဖြစ်ဖြစ်
📌တောင်ဒဂုံဆိုင်ဖြစ်ဖြစ် လာယူချင်သူများလဲ ကြိုမှာထားပြီးလာယူလို့ရပါတယ်ရှင့်
☎ဖုန်းလေးတော့ကြိုဆက်ပေးပါ
📌အိမ်မှာလာရွေးလို့မရသေးတာတော့ရောဂါအခြေနေနဲ့မို့နားလည်ပေးပါနော်😷😷😷

မေမေနဲ့အတူတူ Home schooling မှာ....👩‍👧👩‍👦
သားသားမီးမီးတို့ ပျော်ရွှင်ပါစေရှင့်...👶😊

ကစားရင်းသင်ယူပါ👯👭👬👫

🤗 ပစ္စည်း အသင့်ရှိပီး စျေးနှူန်းချိုသာစွာဖြင့် ရောင်းပေးနေပါတယ်ရှင့်

မှာယူလိုပါက ဖုန်း 📲 0943182025(or) 💌 Messenger မှ မှာယူလိုသော ပစ္စည်း ပုံနှင့်တကွ လိပ်စာ ဖုန်းနံပါတ်လေးပေးပီး မှာယူနိုင်ပါသည်

ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေရှင်းပါ စိတ်ချမြန်ဆန်သော Delivery ဖြင့်ပို့ဆောင်ပေးပါသည် မြို့နယ်လိုက် ပို့ခပေးရပါမည်

အိမ်အရောက် deli ရနိုင်သောမြို့များ page မှာတင်ပေးထားပါတယ်

အိမ်အရောက် delivery မရသူများ ကားဂိတ်ထိ ပို့ပေးပါသည်
( ပစ္စည်းဖိုး+ကားဂိတ်ပို့ခ) ကြိုလွှဲပေးရပါမည်

ကားဂိတ်ပို့ခ သည် (ကားဂိတ်မှတောင်းသော တန်ဆာခ မဟုတ်ပါရှင့် )တန်ဆာခ က ဂိတ်မှထုတ်ယူသည့်အခါမှသာပေးလို့ရပါသည်
၀ယ်ယူအားပေးမှူကို Mommy Choice မှ အထူးကျေးဇူးတင်ပါသည်.🙏🙏🙏

13/02/2022

Mandalas coloring activity

mandalas promotes well-being at all ages.
For children👶👶 is an activity that helps

💕develop hand-eye coordination,
💕trains the mind to recognize shapes,
💕 develops creativity,
💕stimulates the sense of patience and attention,
💕helps the development of intelligence and reasoning.

crayon လေးတွေကိုင်နိုင် color လေးတွေသိပြီဆို ၂နှစ်ဝန်းကျင်လောက်ကနေ စပြီး သင်ကြားပေးလို့ရတဲ့..
brain development အတွက် အထောက်အကူပြု တဲ့ activity လေးတစ်ခုပါရှင့်

5000ks📣📣📣
mandala pattern 72 cards
coloring ပြန်လုပ်ဖို့ 72 ရွက်ပါပါမယ်ရှင့်
နောက်တစ်ကြိမ်ပြန်သုံးချင်ရင် color ခြယ်ရမယ့်စာရွက်လေးတွေ copy ဆွဲထားလို့ရပါတယ်

လေ့ကျင့်ရမယ့်ပုံစံလေးကတော့
pattern တစ်ခုကိုသားသားမီးမီးတို့က မှတ်ထားပြီး
မှတ်ထားတဲ့ pattern ထဲကအတိုင်း color ပြန်ခြယ်ပေးရမှာပါ

Photos from Mommy Choice's post 11/02/2022

👬👭 ကလေးများနှင့် အိုမီခရွန်(Omicron)ကိုဗစ်

📌 အိုမီခရွန်က ကလေးများတွင်အရင်ကိုဗစ်တွေထက်ပိုမိုပြင်းထန်နိုင် ဟု ဆိုပါတယ်။

📌 ကိုဗစ်ကူးစက်ခံရတဲ့ကလေးတွေများလာပါတယ်။ US ရဲ့စစ်တမ်းများအရအိုမီခရွန်က ကလေးငယ်တွေမှာပိုပီးဖြစ်နိုင်တယ်လို့သိရပါတယ်။ အိုမီခရွန်က ကလေးတွေမှာပိုဖြစ်နိုင်သလို အရင်လှိုင်းကလူကြီးများ ကဲ့သို့ oxygen ကျပြီး အရေးပေါ်အခြေအနေဖြစ်လာတာမျိုးတွေရှိတယ်ဟု သိရပါတယ်။

📌 ကလေးအိုမီခရွန်လက္ခဏာများ။

- ဖျားခြင်း။

- ကိုယ်လက်ကိုက်ခဲခြင်း။

- လည်ချောင်းနာခြင်း။

- ချောင်းဆိုးခြင်း တွေပါ။

👬👭 ကလေးငယ်လေးတွေမှာ အိုမီခရွန် ကူးစက်ခံရရင်အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောင်ရမ်းပြီး တအုံးအုံးနဲ့ လှိုဏ်ခေါင်းသံပေါက်ပြီး ချောင်းဆိုးတတ်တာကို တွေ့ရပါတယ်။

🤒 ကလေးငယ်လေးတွေ လေပြွန်ရောင်တဲ့အခါ။

- ချောင်းဆိုးခြင်း၊ အထူးသဖြင့် ညဘက်မှာ ချောင်းပိုဆိုးခြင်း။

- ငိုတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ လှိုက်ခေါင်းသံလိုမျိုး တဟုန်းဟုန်းနဲ့ အသံကျယ်ကျယ်ချောင်းဆိုးခြင်း။

- ဖျားခြင်း။

- အသံပြောင်းသွားခြင်း၊ အသံသြလာခြင်း။

- အသက်ရှူတဲ့အခါ တရွှီရွှီနဲ့ ဆူညံနေခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

📌 အရမ်းပြင်းထန်တဲ့ကလေးတွေမှာ Muti-organ inflammatory syndrome ဆိုတာဖြစ်နိုင်ပါတယ်။

📌 လက္ခဏာတွေက။

- အဖျား 24 နာရီ သို့ 24 ထက်ပိုကြာခြင်း။

- အန်ခြင်း။

- ဝမ်းလျောခြင်း။

- ဗိုက်အောင့်ခြင်း။

- အသက်ရှုနှုန်းမြန်လာခြင်း။

- နှလုံးခုန်နှုန်းမြန်ခြင်း။

- အရေပြားတွင်အနီပြင်များထွက်ခြင်း။

- အရမ်းမှိန်းခြင်း တို့ဖြစ်တတ်ပါတယ်။

🤧 US စစ်တမ်းများအရ လူကြီးများကဲ့သို့ Oxygen ရုတ်တရက်ကျတတ်ပြီး အရေးပေါ်အခြေအနေဖြစ်နှုန်းများလာပါတယ်။ မေမေတို့အနေနဲ့သတိရှိစေချင်ပါတယ်။

📌 သတိထားသင့်သည့်ကလေးများ။

- အာဟာရချို့တဲ့သောကလေးများ။

- ဆုံဆို့ ကြက်ညှာ ဝက်သက် ကာကွယ်ဆေးတွေ မထိုးရသေးသောကလေးများ။

- ကိုယ်ခံအားနည်းသူများ။

- ခဏခဏဖျားတတ်သူများ။

- ခဏခဏနှာစီး၊ချောင်းဆိုးဖြစ်တတ်သူများ။

- ပန်းနာရင်ကျပ်နှင့်ရောဂါအခံရှိသူများ။

- ကိုဗစ်ကာကွယ်ဆေးမထိုးများသူများပါ။

📌 ပြုစုပေးရမည့်နည်းလမ်းများ။

ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ )ရင်ပါရာစီတမောတိုက်ပါ။

📌 ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လာရင် ပြောင်အောင် မသုတ်ပါနဲ့။ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ။

( ၁ ) နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်။ 100 mg / ml ပါပါတယ်။
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်။

( ၁ )နှစ်က( ၅ ) နှစ်။

အရည် (Syrup or suspension) တွေရှိပါတယ်။
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်။
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်။

Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

( ၅ )နှစ် အထက်။
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်။
တပြား ၅၀၀ မီလီဂရမ်ပါတယ်။
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ။
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ။ ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသောက်သင့်ပါ။

😤 နှာစေး နှာခေါင်းပိတ်ရင်။

Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်။
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်။
၂ နှစ်အောက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ။

📌 မိမိတို့အနေနဲ့ ပေးလေ့ရှိတာကတော့

၆ လအောက် - 1 ml ၂ ကြိမ်။

၆ လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်။

၁ နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်။

ဆေးပြား 10 mg /tab ဆိုရင်

၁ - ၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်။

၃ - ၅ နှစ်ကြား ၁/၃ ၂ ကြိမ်။

၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်။

📌 နှာခေါင်းအခြောက်ပိတ်ရင်။

ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်။

ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်။

😮 ချောင်းအရမ်းဆိုးလျှင်။

စိုထိုင်းဆမြင့်တဲ့ လေ (သို့) အေးမြတဲ့လေကို ရှူရှိုက်စေပါ။ ကလေးကို ရေနွေးငွေ့၊ ဒါမှမဟုတ် အိမ်အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူခိုင်းပါ။

အသက်ရှူရတာ လွယ်ကူစေဖို့ မတ်မတ်အနေအထားနဲ့ နေစေပါ။

ကလေးငိုတဲ့အခါ ချောင်းဆိုးတာ ပိုဆိုးတာကြောင့် ကလေးကို ငြိမ်အောင် ချော့ပေးပါ။

အရည်နွေးနွေးလေးတွေ တိုက်ပေးပါ။

များသောအားဖြင့်တော့ လေပြွန်ရောင်ရမ်းတာဟာ အိမ်မှာပဲ သက်သာအောင် လုပ်ပေးလို့ရပေမယ့် ရောဂါလက္ခဏာတွေ ပိုဆိုးလာခဲ့ရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူဖို့ လိုပါတယ်။

ဝမ်းသွားရင်။

အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ။

ရိုးရိုး အရသာမပါ - MPF

လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electroforte ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်။
အညွှန်းအတိုင်းဖျော်ပါ။

ဆေးလိုမသောက်ရပါ - ရေဆာ တိုင်းရေအစားသောက်ရပါမယ်။

ဓါတ်ဆားရည် မသောက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သောက်နိုင်ပါတယ်။

အန်ရင်။

Domperidone အအံပျောက်ဆေး တကြိမ် သောက်လို့ရပါတယ်။

အစက်ချဆေးဆိုရင်၊

၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်။
( Voneta/ Deflux / စသည်ဖြင့် )

အရည် ဆိုရင်၊

၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
Motilium syrup/ Cosy စသည်ဖြင့်ပါ။

ဆေးရုံ၊ ဆေးခန်း၊ ချက်ချင်းသွားရမည့်လဏ္ခာများ။

အသက်ရှူသွင်း၊ ရှူထုတ်လိုက်တိုင်းမှာ တရွှီရွှီနဲ့ ဆူညံနေရင်၊

ငိုခြင်း၊ ဂျီကျခြင်း မရှိတဲ့အချိန်မှာတောင် အသက်ရှူတာ ဆူညံနေရင်၊

သွားရည်ကျနေရင်၊ အစာမျိုရခက်ရင်၊

ဂနာမငြိမ်ဘဲ ဂျီကျနေရင် (သို့) မှိန်းနေရင်၊

အသက်ရှူမြန်ရင်၊

အသက်ရှူရခက်နေတဲ့ပုံစံမျိုးတွေ။

ဆက်တိုက်အန်နေလျှင်၊

ဝမ်းဆက်တိုက်သွားပီးမျက်တွင်းတွေပါချိုင့်သွားလျှင်။

ရှူးနည်း၊ ဗိုက်အောင့်၊ တကိုယ်လုံးအေးစက်နေခြင်းတွေပါ။

သိလိုသည်များမေးမြန်းနိုင်ပါတယ်။
သားသားမီးမီးတို့ ဥမ္မာခင် (Omicron)အန္တရာယ်မှကင်းဝေကြပါစေ။

မေတ္တာဖြင့်

ဒေါက်တာကောင်းထက်ကျော်

Credit : First Post Owner
Photo credit: Google

07/02/2022

ဘယ်အရွယ်မှာ ဘာဦးစားပေးသင်မလဲ။
------------------------------------------
မွေးစကနေ ပထမဆုံး ရက် ၁၀၀၀ က ကလေးတွေရဲ့ ဖွံ့ဖြိုးမှု၊ ထက်မြက်မှု၊ ထူးချွန်မှုနဲ့ ပျော်ရွှင်စွာ သင်ယူနိုင်မှုတို့အတွက်အရေးပါပါတယ်။ ဒါကြောင့် နောက်ကျမှ ကလေးကို ကျူရှင်ကောင်းကောင်း၊ ကျောင်းကောင်းကောင်းထားမယ်လို့ တွေးပြီး ငယ်တုန်းမှာ ပစ်ထားခဲ့ရင် ကလေးက သူများထက် နောက်ကျသလို ဖြစ်နေမှာပါပဲ။ ဒီတော့ ကလေးတွေရဲ့ ပထမဆုံး ရက် (၁၀၀၀) အတွင်း ဘယ်ကာလတွေမှာ ဘယ်အရာတွေကို ဦးစားပေးပြီး ဖွံ့ဖြိုးသလဲဆိုတာ သိရင် ဘယ်ကာလမှာ ဘာကို ဦးစားပေးပြီး သင်ပေးမလဲ၊ ပံ့ပိုးပေးမလဲဆိုတာ သိရတာပေါ့။ ဒီတစ်ပတ်မှာတော့ ကျွန်မက ပထမဆုံး (၇) နှစ်မှာ ဦးနှောက်ပိုင်းဆိုင်ရာ ဘာတွေ ဘယ်အချိန်မှာ ဖွံ့ဖြိုးမလဲဆိုတာကို ပုံပါ ဇယားလေးအတိုင်း ရှင်းပြချင်ပါတယ်။

ပုံထဲမှာ -
၁) အပြာရောင် မျဉ်းကြောင်း လေးက (Numbers) သင်္ချာ၊ ဂဏန်း၊ တွက်ချက်မှုတွေကို မှတ်သား သိရှိနိုင်မှုကို ပြပါတယ်။ မွေးခါစကနေ အသက် ၂ နှစ်အထိ အဲဒီ့ သင်္ချာဆိုင်ရာ ဖွံ့ဖြိုးမှု သိသိသာသာ တိုးတက်မှုမရှိပေမယ့် အသက် ၂ နှစ်ကျော် အသက် ၃ နှစ်နဲ့ ၄ နှစ်အရွက်တွေမှာ ဂဏန်းသင်္ချာနဲ့ တွက်ချက်မှုတွေကို စတင်မှတ်သားလာလို့ သင်ပေးသင့်တဲ့၊ မျှဝေသင့်တဲ့အရွယ်ဖြစ်ပါတယ်။ အသက် ၄ နှစ်ကျော်သွားတဲ့အခါ သင်္ချာဆိုင်ရာ ဖွံ့ဖြိုးမှုက အနည်းငယ်နိမ့်ကျသွားပေမယ့် ဆက်လက် ဖွံ့ဖြိုးမှုတော့ ရှိနေပါသေးတယ်။

၂) မဲနယ်ပြာရောင် မျဉ်းကြောင်းလေးက (Peer Social Skills) - ရွယ်တူချင်း အပြန်အလှန် ဆက်သွယ်နိုင်တဲ့စွမ်းရည်၊ လူမှုရေးစွမ်းရည်တွေကို ညွှန်းပါတယ်။ သူကလည်း ဂဏန်းသင်္ချာလိုပါပဲ ၂ နှစ်ကျော်ကနေ ၄ နှစ်အထိ အဖွံ့ဖြိုးဆုံးအချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ မိတ်ဆွေတွေဖွဲ့တယ်၊ လူတိုင်းကို ပြုံးရယ်ပြချင်တယ်၊ ကစားဖေါ်တွေလိုချင်ကြတယ်။ ဒီစွမ်းရည်ကလည်း ၄ နှစ်နောက်ပိုင်းမှ ဖွံ့ဖြိုးမှုမမြင့်မားတော့ပေမယ့် ဆက်လက်ပြီး ဖွံ့ဖြိုးပါသေးတယ်။

၃) အဝါရောင်လေးက (Language)ဆိုတဲ့ဘာသာစကားသင်ယူမှုကို ညွှန်းဆိုပါတယ်။ ဘာသာစကားသင်ယူမှုကို အပေါ်က စွမ်းရည်နှစ်ခုထက် စောပြီး ဖွံ့ဖြိုးပါတယ်။ မွေးကတည်းက ကလေးတွေက ဘေးပတ်ဝန်းကျင်က ပြောတဲ့စကားတွေကို ကြားတယ်၊ လူကြီးတွေ ပါးစပ်လှုပ်တဲ့ပုံတွေ၊ ပြောဆိုတဲ့ စတိုင်လ်တွေကို မြင်တယ်။ ဒီလိုနဲ့ သူတို့စတင်လေ့လာမှတ်သားပါတယ်။ ဘာသာစကားဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးမှုကို အသက် ၁ နှစ်ကနေ ၃ နှစ်အတွင်းမှာ အမြင့်မားဆုံး တွေ့နိုင်ပါတယ်။ အသက် ၃ နှစ်နောက်ပိုင်းမှာ ဘာသာစကားဆိုင်ရာ ဉာဏ်ရည်ဖွံ့ဖြိုးမှု လျော့ကျသွားပါတယ်။ ဂဏန်းသင်္ချာမှတ်သားနိုင်မှု၊ လူမှုဆက်ဆံရေးတွေထက်ကို ဖွံ့ဖြိုးမှု နည်းသွားပါတယ်။ ဒါကြောင့် အသက် ငယ်လေလေ ဘာသာစကားသင်လို့ ကောင်းလေလေဖြစ်ပါတယ်။

၄) အနီရောင်မျဉ်းလေးကတော့ (Conceptualization)ဆိုတဲ့ နားလည်သဘောပေါက်မှု၊ ချိတ်ဆက်စဉ်းစားနိုင်မှုဆိုင်ရာ ဉာဏ်ရည်ပါ။ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တာတွေက ဘာဖြစ်တာလဲ၊ ဘယ်လိုအဓိပ္ပါယ်တွေနဲ့ ဘာတွေလုပ်ကြသလဲဆိုတာကို နားလည်အောင် လုပ်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ အသက် ၁ နှစ်လောက်ကတည်းကနေ ၂ နှစ်ခွဲလောက်ထိ သူတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို လိုက်ပြီး မှန်းဆကြတယ်၊ နားလည်အောင်လုပ်ကြရတဲ့အချိန်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီဉာဏ်ရည်ဖွံ့ဖြိုးမှုက နိမ့်သွားပေမယ့် ဆက်လက်ပြီး ရှိနေပါတယ်။ အသက် ၃ နှစ်အရွယ်နောက်ပိုင်း စကားပြောနိုင်လာတဲ့အခါ ဘာကြောင့်လုပ်တာလဲ၊ အဲဒါဘာလဲ၊ ဘယ်လိုဖြစ်သွားတာလဲစတဲ့မေးခွန်းတွေနဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို နားလည်သဘောပေါက်အောင် ကြိုးစားကြပါတယ်။

၅) မရမ်းရောင်မျဉ်းလေးကတော့ (Vision) အမြင်အာရုံဖြစ်ပြီး အစိမ်းရောင်လေးကတော့ (Hearing)အကြားအာရုံကို ညွှန်းဆိုပါတယ်။ အမြင်အာရုံနဲ့ အကြားအာရုံဟာ မတိမ်းမယိမ်း စတင်ဖွံ့ဖြိုးကြပါတယ်။ မွေးစကနေပြီး ၂ နှစ်လောက်ထိ အမြင်၊အကြားအာရုံဖွံ့ဖြိုးမှု အမြင့်ဆုံးရောက်ကြတယ်။ဒါကြောင့် ကလေးတွေရဲ့ သင်ယူမှုက အမြင်အားဖြင့်၊ အကြားအားဖြင့် သင်ယူခြင်းနဲ့ စတင်ကြတာပါ။ ကလေးရှေ့မှာ လုပ်ပြတာ၊ ကလေးရှေ့မှာ ပြောတာတွေကို သတိထားဖို့ အကောင်းဆုံးအချိန်ပါ။ ချိုသာယဉ်ကျေးပြီး နူးညံ့တဲ့ ကလေးတစ်ယောက်ဖြစ်စေချင်ရင် ကလေးရဲ့ အမြင်၊အကြားတွေမှာ ချိုသာမှု၊ ယဉ်ကျေးမှု၊ နူးညံ့မှုနဲ့ ချစ်ခင်မှုတွေရှိနေဖို့လိုပါတယ်။

၆) နက်ပြာရောင်မျဉ်းလေးကတော့ (Habitual ways of responding) ပြန်လည်တုံ့ပြန်နိုင်တဲ့ ဉာဏ်ရည်၊ခွန်းတုန့်ပြန်နိုင်တဲ့စွမ်းရည်ပါ။ ဒီစွမ်းရည်က အမြင်အကြားပြီးရင် ဒုတိယမြောက် အစောဆုံး ဖွံ့ဖြိုးတဲ့စွမ်းရည်ပါ။ အသက် ၂ နှစ်ကျော်တဲ့အထိ အမူအရာအားဖြင့်၊ အသံအားဖြင့် ပြန်လည်တုန့်ပြန်ဖို့ သင်ယူကြတဲ့အချိန်ပါ။ ကလေးကို စတဲ့အခါ လက်ကလေးတွေနဲ့ ပြန်တုန့်ပြန်တာတို့ ရယ်ပြတာတို့ လုပ်ဖို့ လိုအပ်တဲ့ ဖွံ့ဖြိုးမှုတစ်ခုပါ။ ၂ နှစ်နောက်ပိုင်းမှာတော့ ဒီဉာဏ်ရည်က တော်တော်လေးဖွံ့ဖြိုးပြီးသွားပြီမို့ ဖွံ့ဖြိုးမှု အားနည်းသွားပါတယ်။

၇) ပန်းခရမ်းရောင်လေးကတော့ (Emotional Control) ဆိုတဲ့ ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ ဉာဏ်ရည်ဖြစ်ပါတယ်။ ဗိုက်ဆာတာ၊ ငိုချင်တာ၊ အိပ်ချင်တာ၊ ရယ်ချင်တာ၊ ပျော်တာ စတဲ့ ခံစားချက်အမျိုးမျိုးကို သင်ယူပြီး ခံစားချက်တွေကို ပြသဖို့၊ ထိန်းချုပ်ဖို့ သင်ယူရမယ့်ကာလဖြစ်ပါတယ်။ မွေးပြီး သိပ်မကြာခင်မှာ စတင်ဖွံ့ဖြိုးပြီး၂ နှစ်ကျော် ၃ နှစ်အတွင်းမှာ ခံစားချက်ဆိုင်ရာ ဉာဏ်ရည်က အမြင့်မားဆုံးဖွံ့ဖြိုးပါတယ်။ ငယ်စဉ်မှာ ကလေးကို အမေက ကုလားကြီးနောက်လိုက်သွားပြီတို့၊ နင့်ကို အမှိုက်ပုံက ကောက်ရတာတို့၊ ရုပ်ဆိုးတာတို့ စတဲ့ ကလေးကို စိတ်ဝမ်းနည်းစေမယ့် စနောက်မှုမျိုးတွေ မလုပ်ဖို့ အရေးကြီးပါတယ်။ ခံစားချက်ထိန်းချုပ်ဖို့ သင်ယူစဉ်မှာ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ရှိဖို့လိုပါတယ်။ ကိစ္စရပ်တွေကိုဒေါသနဲ့ မတုန့်ပြန်ပဲ ဘယ်လို အေးအေးဆေးဆေးဖြေရှင်းနိုင်မလဲ၊ ဘယ်လို ဆန်းဆန်းပြားပြားလုပ်ဆောင်မလဲဆိုတာတွေက ငယ်စဉ်ကတည်းက လူကြီးတွေအနေနဲ့ ပံ့ပိုးပေးလို့ရပါတယ်။ ကလေးကို ဒေါသထွက်တာလေး၊ စိတ်ဆိုးတာလေးက ချစ်စရာကောင်းတယ်ဆိုပြီး စရင်တော့ ဒေါသကြီးပြီး စိတ်ကို မထိန်းချုပ်နိုင်တဲ့ လူကြီးတွေအဖြစ် ကြီးပြင်းလာတာကို မြင်ရမှာပါ။

အချုပ်အားဖြင့်ပြောရရင် ကျွန်မမျှဝေထားတဲ့ပုံမှာ ကြည့်လိုက်တဲ့အခါ ဉာဏ်ရည် ဖွံ့ဖြိုးမှုတွေက ပထမ ၃ နှစ်မှာ အမြင့်ဆုံးဖြစ်ကြပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ ပထမ ရက် ၁၀၀၀ က အရမ်းအရေးကြီးတယ်လို့ ဆိုလိုတာပါ။ လက်ဦးဆရာ ဆိုတာ မိဘတွေဖြစ်တယ်လို့ ဘာကြောင့်ပြောကြတာလဲဆိုရင် ဘယ်ဆရာ၊မရဲ့ လက်ထဲကိုမှ မရောက်ခင် မိဘတွေ၊ မိသားစုတွေနဲ့ အရင်ဆုံး တွေ့ဆုံးပြီး၊ မိဘတွေရဲ့ ပံ့ပိုးမှုတွေအပေါ်မူတည်ပြီး သင်ယူခွင့်ရကြလို့ပါ။ ပိုက်ဆံတွေရှာပြးီ ဆရာ၊မကောင်းတွေ၊ ဈေးကြီးတဲ့ကျောင်းတွေ ထားမယ်ဆိုပြီး ရည်ရွယ်တာ မမှားပေမယ့် ပထမဆုံး ရက် ၁၀၀၀မှာ ကလေးကို ကောင်းကောင်း မပံ့ပိုးပေးခဲ့ရင်၊ အပြုသဘောဆောင်ပြီး ပျော်ရွှင်စရာ သင်ယူမှုဝန်းကျင်လေး မဖန်တီးပေးနိုင်ခဲ့ရင် ကလေးတွေရဲ့ ဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်တွေဖြစ်ပြီး တိုးတက်သင့်သလောက် တိုးတက်မှာမဟုတ်ပါဘူး။ ကလေးက အတန်းကြီးလာတဲ့အခါ တိုးတက်သင့်သလောက်မတိုးတက်ဘူးလို့ ထင်ရင် ကလေးကို မဆူပါနဲ့၊ သူငယ်စဉ်က ဘယ်လောက် ပံ့ပိုးပေးခြင်းခံခဲ့ရသလဲဆိုတာကို ပြန်စဉ်းစားပါ။

ကလေးတွေအတွက် ပျော်ရွှင်စရာ အပြုသဘောဆောင်သော သင်ယူမှုဝန်းကျင်လေးတွေ ဖန်တီးပေးနိုင်ကြပါစေ။

မေတ္တာဖြင့်…..
Sayarma-ဆရာမ

Photo Credit to - https://deikindergarten.org/first-1000-days-mothers-club/

ဘယ်အရွယ်မှာ ဘာဦးစားပေးသင်မလဲ။
------------------------------------------
မွေးစကနေ ပထမဆုံး ရက် ၁၀၀၀ က ကလေးတွေရဲ့ ဖွံ့ဖြိုးမှု၊ ထက်မြက်မှု၊ ထူးချွန်မှုနဲ့ ပျော်ရွှင်စွာ သင်ယူနိုင်မှုတို့အတွက်အရေးပါပါတယ်။ ဒါကြောင့် နောက်ကျမှ ကလေးကို ကျူရှင်ကောင်းကောင်း၊ ကျောင်းကောင်းကောင်းထားမယ်လို့ တွေးပြီး ငယ်တုန်းမှာ ပစ်ထားခဲ့ရင် ကလေးက သူများထက် နောက်ကျသလို ဖြစ်နေမှာပါပဲ။ ဒီတော့ ကလေးတွေရဲ့ ပထမဆုံး ရက် (၁၀၀၀) အတွင်း ဘယ်ကာလတွေမှာ ဘယ်အရာတွေကို ဦးစားပေးပြီး ဖွံ့ဖြိုးသလဲဆိုတာ သိရင် ဘယ်ကာလမှာ ဘာကို ဦးစားပေးပြီး သင်ပေးမလဲ၊ ပံ့ပိုးပေးမလဲဆိုတာ သိရတာပေါ့။ ဒီတစ်ပတ်မှာတော့ ကျွန်မက ပထမဆုံး (၇) နှစ်မှာ ဦးနှောက်ပိုင်းဆိုင်ရာ ဘာတွေ ဘယ်အချိန်မှာ ဖွံ့ဖြိုးမလဲဆိုတာကို ပုံပါ ဇယားလေးအတိုင်း ရှင်းပြချင်ပါတယ်။

ပုံထဲမွာ -
၁) အပြာရောင် မျဉ်းကြောင်း လေးက (Numbers) သင်္ချာ၊ ဂဏန်း၊ တွက်ချက်မှုတွေကို မှတ်သား သိရှိနိုင်မှုကို ပြပါတယ်။ မွေးခါစကနေ အသက် ၂ နှစ်အထိ အဲဒီ့ သင်္ချာဆိုင်ရာ ဖွံ့ဖြိုးမှု သိသိသာသာ တိုးတက်မှုမရှိပေမယ့် အသက် ၂ နှစ်ကျော် အသက် ၃ နှစ်နဲ့ ၄ နှစ်အရွက်တွေမှာ ဂဏန်းသင်္ချာနဲ့ တွက်ချက်မှုတွေကို စတင်မှတ်သားလာလို့ သင်ပေးသင့်တဲ့၊ မျှဝေသင့်တဲ့အရွယ်ဖြစ်ပါတယ်။ အသက် ၄ နှစ်ကျော်သွားတဲ့အခါ သင်္ချာဆိုင်ရာ ဖွံ့ဖြိုးမှုက အနည်းငယ်နိမ့်ကျသွားပေမယ့် ဆက်လက် ဖွံ့ဖြိုးမှုတော့ ရှိနေပါသေးတယ်။

၂) မဲနယ်ပြာရောင် မျဉ်းကြောင်းလေးက (Peer Social Skills) - ရွယ်တူချင်း အပြန်အလှန် ဆက်သွယ်နိုင်တဲ့စွမ်းရည်၊ လူမှုရေးစွမ်းရည်တွေကို ညွှန်းပါတယ်။ သူကလည်း ဂဏန်းသင်္ချာလိုပါပဲ ၂ နှစ်ကျော်ကနေ ၄ နှစ်အထိ အဖွံ့ဖြိုးဆုံးအချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ မိတ်ဆွေတွေဖွဲ့တယ်၊ လူတိုင်းကို ပြုံးရယ်ပြချင်တယ်၊ ကစားဖေါ်တွေလိုချင်ကြတယ်။ ဒီစွမ်းရည်ကလည်း ၄ နှစ်နောက်ပိုင်းမှ ဖွံ့ဖြိုးမှုမမြင့်မားတော့ပေမယ့် ဆက်လက်ပြီး ဖွံ့ဖြိုးပါသေးတယ်။

၃) အဝါရောင်လေးက (Language)ဆိုတဲ့ဘာသာစကားသင်ယူမှုကို ညွှန်းဆိုပါတယ်။ ဘာသာစကားသင်ယူမှုကို အပေါ်က စွမ်းရည်နှစ်ခုထက် စောပြီး ဖွံ့ဖြိုးပါတယ်။ မွေးကတည်းက ကလေးတွေက ဘေးပတ်ဝန်းကျင်က ပြောတဲ့စကားတွေကို ကြားတယ်၊ လူကြီးတွေ ပါးစပ်လှုပ်တဲ့ပုံတွေ၊ ပြောဆိုတဲ့ စတိုင်လ်တွေကို မြင်တယ်။ ဒီလိုနဲ့ သူတို့စတင်လေ့လာမှတ်သားပါတယ်။ ဘာသာစကားဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးမှုကို အသက် ၁ နှစ်ကနေ ၃ နှစ်အတွင်းမှာ အမြင့်မားဆုံး တွေ့နိုင်ပါတယ်။ အသက် ၃ နှစ်နောက်ပိုင်းမှာ ဘာသာစကားဆိုင်ရာ ဉာဏ်ရည်ဖွံ့ဖြိုးမှု လျော့ကျသွားပါတယ်။ ဂဏန်းသင်္ချာမှတ်သားနိုင်မှု၊ လူမှုဆက်ဆံရေးတွေထက်ကို ဖွံ့ဖြိုးမှု နည်းသွားပါတယ်။ ဒါကြောင့် အသက် ငယ်လေလေ ဘာသာစကားသင်လို့ ကောင်းလေလေဖြစ်ပါတယ်။

၄) အနီရောင်မျဉ်းလေးကတော့ (Conceptualization)ဆိုတဲ့ နားလည်သဘောပေါက်မှု၊ ချိတ်ဆက်စဉ်းစားနိုင်မှုဆိုင်ရာ ဉာဏ်ရည်ပါ။ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တာတွေက ဘာဖြစ်တာလဲ၊ ဘယ်လိုအဓိပ္ပါယ်တွေနဲ့ ဘာတွေလုပ်ကြသလဲဆိုတာကို နားလည်အောင် လုပ်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ အသက် ၁ နှစ်လောက်ကတည်းကနေ ၂ နှစ်ခွဲလောက်ထိ သူတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို လိုက်ပြီး မှန်းဆကြတယ်၊ နားလည်အောင်လုပ်ကြရတဲ့အချိန်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီဉာဏ်ရည်ဖွံ့ဖြိုးမှုက နိမ့်သွားပေမယ့် ဆက်လက်ပြီး ရှိနေပါတယ်။ အသက် ၃ နှစ်အရွယ်နောက်ပိုင်း စကားပြောနိုင်လာတဲ့အခါ ဘာကြောင့်လုပ်တာလဲ၊ အဲဒါဘာလဲ၊ ဘယ်လိုဖြစ်သွားတာလဲစတဲ့မေးခွန်းတွေနဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို နားလည်သဘောပေါက်အောင် ကြိုးစားကြပါတယ်။

၅) မရမ်းရောင်မျဉ်းလေးကတော့ (Vision) အမြင်အာရုံဖြစ်ပြီး အစိမ်းရောင်လေးကတော့ (Hearing)အကြားအာရုံကို ညွှန်းဆိုပါတယ်။ အမြင်အာရုံနဲ့ အကြားအာရုံဟာ မတိမ်းမယိမ်း စတင်ဖွံ့ဖြိုးကြပါတယ်။ မွေးစကနေပြီး ၂ နှစ်လောက်ထိ အမြင်၊အကြားအာရုံဖွံ့ဖြိုးမှု အမြင့်ဆုံးရောက်ကြတယ်။ဒါကြောင့် ကလေးတွေရဲ့ သင်ယူမှုက အမြင်အားဖြင့်၊ အကြားအားဖြင့် သင်ယူခြင်းနဲ့ စတင်ကြတာပါ။ ကလေးရှေ့မှာ လုပ်ပြတာ၊ ကလေးရှေ့မှာ ပြောတာတွေကို သတိထားဖို့ အကောင်းဆုံးအချိန်ပါ။ ချိုသာယဉ်ကျေးပြီး နူးညံ့တဲ့ ကလေးတစ်ယောက်ဖြစ်စေချင်ရင် ကလေးရဲ့ အမြင်၊အကြားတွေမှာ ချိုသာမှု၊ ယဉ်ကျေးမှု၊ နူးညံ့မှုနဲ့ ချစ်ခင်မှုတွေရှိနေဖို့လိုပါတယ်။

၆) နက်ပြာရောင်မျဉ်းလေးကတော့ (Habitual ways of responding) ပြန်လည်တုံ့ပြန်နိုင်တဲ့ ဉာဏ်ရည်၊ခွန်းတုန့်ပြန်နိုင်တဲ့စွမ်းရည်ပါ။ ဒီစွမ်းရည်က အမြင်အကြားပြီးရင် ဒုတိယမြောက် အစောဆုံး ဖွံ့ဖြိုးတဲ့စွမ်းရည်ပါ။ အသက် ၂ နှစ်ကျော်တဲ့အထိ အမူအရာအားဖြင့်၊ အသံအားဖြင့် ပြန်လည်တုန့်ပြန်ဖို့ သင်ယူကြတဲ့အချိန်ပါ။ ကလေးကို စတဲ့အခါ လက်ကလေးတွေနဲ့ ပြန်တုန့်ပြန်တာတို့ ရယ်ပြတာတို့ လုပ်ဖို့ လိုအပ်တဲ့ ဖွံ့ဖြိုးမှုတစ်ခုပါ။ ၂ နှစ်နောက်ပိုင်းမှာတော့ ဒီဉာဏ်ရည်က တော်တော်လေးဖွံ့ဖြိုးပြီးသွားပြီမို့ ဖွံ့ဖြိုးမှု အားနည်းသွားပါတယ်။

၇) ပန်းခရမ်းရောင်လေးကတော့ (Emotional Control) ဆိုတဲ့ ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ ဉာဏ်ရည်ဖြစ်ပါတယ်။ ဗိုက်ဆာတာ၊ ငိုချင်တာ၊ အိပ်ချင်တာ၊ ရယ်ချင်တာ၊ ပျော်တာ စတဲ့ ခံစားချက်အမျိုးမျိုးကို သင်ယူပြီး ခံစားချက်တွေကို ပြသဖို့၊ ထိန်းချုပ်ဖို့ သင်ယူရမယ့်ကာလဖြစ်ပါတယ်။ မွေးပြီး သိပ်မကြာခင်မှာ စတင်ဖွံ့ဖြိုးပြီး၂ နှစ်ကျော် ၃ နှစ်အတွင်းမှာ ခံစားချက်ဆိုင်ရာ ဉာဏ်ရည်က အမြင့်မားဆုံးဖွံ့ဖြိုးပါတယ်။ ငယ်စဉ်မှာ ကလေးကို အမေက ကုလားကြီးနောက်လိုက်သွားပြီတို့၊ နင့်ကို အမှိုက်ပုံက ကောက်ရတာတို့၊ ရုပ်ဆိုးတာတို့ စတဲ့ ကလေးကို စိတ်ဝမ်းနည်းစေမယ့် စနောက်မှုမျိုးတွေ မလုပ်ဖို့ အရေးကြီးပါတယ်။ ခံစားချက်ထိန်းချုပ်ဖို့ သင်ယူစဉ်မှာ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ရှိဖို့လိုပါတယ်။ ကိစ္စရပ်တွေကိုဒေါသနဲ့ မတုန့်ပြန်ပဲ ဘယ်လို အေးအေးဆေးဆေးဖြေရှင်းနိုင်မလဲ၊ ဘယ်လို ဆန်းဆန်းပြားပြားလုပ်ဆောင်မလဲဆိုတာတွေက ငယ်စဉ်ကတည်းက လူကြီးတွေအနေနဲ့ ပံ့ပိုးပေးလို့ရပါတယ်။ ကလေးကို ဒေါသထွက်တာလေး၊ စိတ်ဆိုးတာလေးက ချစ်စရာကောင်းတယ်ဆိုပြီး စရင်တော့ ဒေါသကြီးပြီး စိတ်ကို မထိန်းချုပ်နိုင်တဲ့ လူကြီးတွေအဖြစ် ကြီးပြင်းလာတာကို မြင်ရမှာပါ။

အချုပ်အားဖြင့်ပြောရရင် ကျွန်မမျှဝေထားတဲ့ပုံမှာ ကြည့်လိုက်တဲ့အခါ ဉာဏ်ရည် ဖွံ့ဖြိုးမှုတွေက ပထမ ၃ နှစ်မှာ အမြင့်ဆုံးဖြစ်ကြပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ ပထမ ရက် ၁၀၀၀ က အရမ်းအရေးကြီးတယ်လို့ ဆိုလိုတာပါ။ လက်ဦးဆရာ ဆိုတာ မိဘတွေဖြစ်တယ်လို့ ဘာကြောင့်ပြောကြတာလဲဆိုရင် ဘယ်ဆရာ၊မရဲ့ လက်ထဲကိုမှ မရောက်ခင် မိဘတွေ၊ မိသားစုတွေနဲ့ အရင်ဆုံး တွေ့ဆုံးပြီး၊ မိဘတွေရဲ့ ပံ့ပိုးမှုတွေအပေါ်မူတည်ပြီး သင်ယူခွင့်ရကြလို့ပါ။ ပိုက်ဆံတွေရှာပြီး ဆရာ၊မကောင်းတွေ၊ ဈေးကြီးတဲ့ကျောင်းတွေ ထားမယ်ဆိုပြီး ရည်ရွယ်တာ မမှားပေမယ့် ပထမဆုံး ရက် ၁၀၀၀မှာ ကလေးကို ကောင်းကောင်း မပံ့ပိုးပေးခဲ့ရင်၊ အပြုသဘောဆောင်ပြီး ပျော်ရွှင်စရာ သင်ယူမှုဝန်းကျင်လေး မဖန်တီးပေးနိုင်ခဲ့ရင် ကလေးတွေရဲ့ ဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်တွေဖြစ်ပြီး တိုးတက်သင့်သလောက် တိုးတက်မှာမဟုတ်ပါဘူး။ ကလေးက အတန်းကြီးလာတဲ့အခါ တိုးတက်သင့်သလောက်မတိုးတက်ဘူးလို့ ထင်ရင် ကလေးကို မဆူပါနဲ့၊ သူငယ်စဉ်က ဘယ်လောက် ပံ့ပိုးပေးခြင်းခံခဲ့ရသလဲဆိုတာကို ပြန်စဉ်းစားပါ။

ကလေးတွေအတွက် ပျော်ရွှင်စရာ အပြုသဘောဆောင်သော သင်ယူမှုဝန်းကျင်လေးတွေ ဖန်တီးပေးနိုင်ကြပါစေ။

မေတ္တာဖြင့်…..
Sayarma-ဆရာမ

Photo Credit to - https://deikindergarten.org/first-1000-days-mothers-club/

Photos from Mommy Choice's post 06/02/2022

Animals & their babies ကပ်ခွာ file
10pages
animals 40 စာ ကပ်ခွာ (40)ခု ပါပါတယ်

6000ks

Photos from Mommy Choice's post 06/02/2022

Sound Great book (1-5)

📕📕📕📕📕
Level-1 single letter sounds
Level- 2 short vowel sounds
Level- 3 long vowel sounds
Level -4 double-letter consonant sounds
Level-5 double- letter vowel sounds ဆိုပြီး level အလိုက် လေ့ကျင့်ခန်းများပါဝင်ပါတယ်

level 1 ခု 4800ks
1-5 - 19000ks

06/02/2022

Color sorting -4500ks

06/02/2022

My first busy file📒 (for 2-3 years old baby)

📝What comes next?1500ks
📝Which is different? 1000ks
📝Match the patterns? 1000ks
📝What goes together? 2500ks
📝Shadow matching. 4000ks
📝Shape matching. 3500ks
📝Match the colors. 1000ks
📝Big or small. 1500ks
📝face. 2000ks
📝Farm animals. 1000ks
📝Choose my clothing. 2500ks

✔Title 11မျိုး...
✔စုစုပေါင်း 24 charts + 150cardဝန်းကျင်
The whole file >>> 18000ks

02/02/2022

🇯🇵Japanese🇯🇵
hiragana learning file for kids 👶

ကလေးလေးတွေအတွက် hiragana (46) လုံးကို စမိတ်ဆက် သင်ကြားပေးလို့ရမယ့် ကပ်ခွာ ဖိုင် လေးတွေရပါပြီ

あいうえお.......ん(Hiragana ကပ်ခွာ ၄၆ ခု)
chart (9) ချပ် ပါပါမယ်...

6500ks

Photos from Mommy Choice's post 24/01/2022

Maths 1-10 & ၁-၁၀ package

number 1-10
ကိန်း ၁-၁၀
big & small
long & short
pattern
dot to dot
cut & paste
coloring
shape
matching
Counting
choice
tracing....စတဲ့ activity အစုံပါဝင်တဲ့ packge လေးပါ

1စုံ - 12000 ks

24/01/2022

မြန်မာစာလေး ၃နှစ်လောက်က စသင်ချင်တာဆို ဒါလေးနဲ့ package လေးတွဲယူပါနော်

package link👇👇👇
https://m.facebook.com/story.php?story_fbid=290846166238717&id=103483481641654

မြန်မာစာ အတွက်
ဗျည်းလေးတွေ မှတ်မိစေဖို့
art and craf လုပ်နိုင်မယ့် worksheet လေးတွေပါ

cut & paste
art & craft
color ခြယ်
tracing
activity အစုံပါတာမို့..ကလေးတွေ fun learning ဖြစ်စေမှာပါရှင့်

1စုံ-4000ks

Photos from Mommy Choice's post 21/01/2022

အိမ်မှာပဲနေရတဲ့အချိန်လေး..
သားသားမီးမီးတို့ အပျင်းလဲပြေ...
စနစ်တကျ စျေးဝယ်တတ်အောင်...
shopping ထွက်ရအောင်နော်🛒🛒🛒🛒🛒🛒🛒

4500ks

Photos from Mommy Choice's post 20/01/2022

phonics ကိုခုမှ စသင်ချင်ရင်ပဲ ဖြစ်ဖြစ်
သင်ပြီးသားကလေးတွေကို ပြန်လေ့ကျင့်ချင်ရင်ပဲ ဖြစ်ဖြစ် အရမ်းကောင်းတဲ့စာအုပ်တွဲလေးပါ

worksheet လေးတွေနဲ့လေ့ကျင်ခန်းလေးတွေလုပ်တဲ့အခါ တမျိုးနဲ့တမျိုးတူရင် ကလေးလေးတွေ ပျင်းတတ်ကြပါတယ်..

ခုစာအုပ်လေးတွေက letter တခု စီမှာ activity လေးတွေတမျိုးစီသုံးထားလို့ လုံးဝ fun ဖြစ်စေပြီး သင်ပေးတဲ့မေမေပါ ဘာလေးတွေလုပ်ရမလဲ လို့ ရင်ခုန်ပြီး စိတ်ဝင်စားစေတဲ့ စာအုပ်လေးတွေပါ

Book 1-12 (12အုပ်) ပါပါတယ်
12အုပ်တွဲ 30000ks
1အုပ် 2500 ဝန်းကျင်ပဲကျ ပါတယ်

phonicsကို ဘယ်နည်းနဲ့ပဲသင်ထားထား လေ့ကျင့်လို့ အဆင်ပြေမယ့်စာအုပ်လေးတွေဖြစ်ပြီး
letter sound
short vowel
long vowel
initial blend
final blend
vowel digraph
consonant digraph
silent sound
special sound အစုံပါဝင်တဲ့အပြင်
short sentence လေးတွေနဲ့ reader လေးတွေ
title တခုပြီးတိုင်း နောက်ဆုံးမှာ revision လေးတွေပါတာမို့ အရမ်းကောင်းပါတယ်

သားသားကို တချို့အသံလေးတွေမေ့မေ့သွားလို့
ဒီစာအုပ်လေးတွေနဲ့ပြန်လေ့ကျင့်ရင်း ငယ်ငယ်က မရသေးတဲ့ trace လေးတွေ spelling လေးတွေပါထပ်တိုးသင်ပေးဖြစ်နေတာမလို့ ပြန်လေ့ကျင့်မယ့်ကလေးတွေအတွက်လဲ အရမ်းအဆင်ပြေပါတယ် ရှင်

comment မှာ စာအုပ်နမူနာလေးပြထားပေးပါတယ်

Photos from Mommy Choice's post 18/01/2022

ခုတလော သားသား ဖတ်ဖြစ်နေတာလေး
word family လေးတွေသင်ပြီးရင် ဖတ်လို့ရမယ့်စာအုပ်လေးတွေပါ

64အုပ် ပါ
original ကို 45000 လောက်ရှိပါတယ်

printed book လေးတွေချုပ်ပေးပါမယ်
64အုပ် 25000ပါ
ခွဲလိုချင်လဲ ခွဲရောင်းပေးပါမယ်နော်

Photos from Mommy Choice's post 18/01/2022

"ဖတ်ပါ-တွဲပါ"

Grade 1သားသားမီးမီးတို့အတွက်
စာလုံးပေါင်း စာသင်မယ့်ကလေးတို့အတွက်

စာလုံးပေါင်းလေးတွေကို ပုံလေးနဲ့တွဲမှတ်ကြမယ်
Exercise 9မျက်နှာ ပုံပေါင်း140ကျော်

ပုံလေးတွေရဲ့ကျောဘက်မှာလဲ စာပါလို့ အမှန်အမှား ကိုယ်တိုင်စစ်လို့ရပါတယ်🥰

ပျော်ရွှင်စွာနဲ့ ကစားရင်း မြန်မာသတ်ပုံလေးတွေလေ့လာကြရအောင်

စျေးနှုန်း 8500ကျပ်

Photos from Mommy Choice's post 18/01/2022

👍ပြည်တွင်းဖြစ်ကိုအားပေးပါ🤝

Domino Series

အကျိုးကျေးဇူး

1.တစ်ခုပြီးတစ်ခုစပ်ဆက် တွေးခေါ်နှိုင်မယ်
2.Hand eyes coordination တိုးတက်စေမယ်
3.Homeschooling မယ့်သားသားမီးမီးတို့အတွက် ကစားရင်းသင်ယူလို့ရမယ်

ဒိုးဆက်စီးရီး၆မျိုး

1.မြန်မာအက္ခရာ ဒိုးဆက်(26pieces)
2.Alphabet&pictures ဒိုးဆက်(27pieces)
3.Alphabet Capital &Smalll ဒိုးဆက်(27pieces)
4.Colors and Shapes ဒိုးဆက်(25pieces)
5.Zero to Ten and ၁မှ၁၀ ဒိုးဆက်(24pieces)
6.Community Helpers and their tools ဒိုးဆက်(24pieces)

စျေးနှုန်း :၁ဘူး4500ကျပ်


Size 2လက်မx1လက်မ

Photos from Mommy Choice's post 18/01/2022

Made in Myanmar Puzzle Boxလေးတွေ🤗🤗
မျှော်နေတဲ့ကလေးတို့အတွက်

မြန်မာကလေးများအတွက်❤️
မြန်မာပြည်တွင်လုပ်သည်။

သင်ထောက်ကူတွေဈေးကြီးနေတဲ့ကာလ မှာ 🧐

မေမေတို့ဝယ်ရ အဆင်ပြေအောင်

Qualityကောင်းကောင်းနဲ့ ဈေးသက်သက်သာသာလေးကြိုးစားပေးထားပါတယ်🤗💯

အမျိုးအစား(၃)မျိုး
⭐1.မြန်မာအက္ခရာPuzzle
Card Size 2" x 4"
25pairs (50pieces)
2pieces Puzzle
ဈေးနှုန်း 6500ကျပ်❗

⭐2.Alphabet Puzzle
Card Size 2" x 4"
26pairs (52pieces)
2Pieces Puzzle
ဈေးနှုန်း 6500ကျပ်❗

⭐3.မြန်မာတိုင်းရင်းသား Puzzle
Card Size 2" x 6"
11pairs (33pieces)
3Pieces Puzzle
ဈေးနှုန်း 5500ကျပ်❗

⭐ပြုလုပ်အသား
ကတ်ထူစက္ကူ Quality Aအထူအကျစ်သား💯

⭐Box Size
4.5in x 10in Plyအထူသား💯

အကျိုးကျေးဇူးများ
1.Hand Eye Coordinationကိုရစေမယ်
2.တစ်ခုနဲ့တစ်ခု ဆက်စပ်တွေးခေါ်နိုင်စွမ်းတိုးတက်လာမယ်
3.Thinking Skillတိုးတက်လာမယ်
4.ကစားရင်းသင်ယူနိုင်မယ်
5.ကျက်မှတ်စရာမလိုဘဲ အလွယ်တကူ စကားလုံးတွေကြွယ်ဝလာစေပါမယ်

Photos from Mommy Choice's post 18/01/2022

"English Spelling Game"

ပါဝင်ပစ္စည်းများ
၁။စာလုံးပေါင်းကတ်၃၀(ရုပ်ပုံ ၆၀ကျောကပ်ပုံပါ)
၂။ a to z 2စုံ

ဈေးနှုန်း ၇၅၀၀ကျပ်

💢ကတ်အထူသားကိုရေစိုခံPlasticလောင်းထားပါတယ်
💢ဖော့စာလုံးတွေက 1cmထိ အထူဆုံးကိုသုံးထားတာမို့ မပြဲလွယ်ပါ (လူကြီးအားနဲ့အတင်းဆွဲတောင်မပြဲ😁)ရေစိုခံပါတယ်
💢ဘူးက plyအထူသားပါရှေ့တစ်ခေါက်လိုဘဲနော်
Designရမှထပ်တင်ပေးပါမယ်

Photos from Mommy Choice's post 18/01/2022

"စာလုံးပေါင်းကစားနည်း"

8000 ks

မြန်မာစာကို သင်လွယ်တတ်လွယ်စေဖို့
သားသားမီးမီးတို့မြန်မာစာအပေါ်
စိတ်ဝင်စားလာအောင်
ရင်းနှီးကျွမ်းဝင်လာအောင်
ပျော်ရွှင်စွာ ကစားရင်းနဲ့ သင်ယူနိုင်အောင်
စတဲ့ရည်ရွယ်ချက်တွေနဲ့

Yangon Kidsက ဂုဏ်ယူစွာနဲ့ ထုတ်‌လုပ်ဖြန့်ဝေတော့မှာဖြစ်ပါတယ်

ပါဝင်ပစ္စည်းများ
၁။စာလုံးပေါင်းကတ်၃၀(ရုပ်ပုံ ၆၀ကျောကပ်ပုံပါ)
၂။အက္ခရာ၂၅လုံးနှင့်ဗျည်းတွဲစဉ် ၂စုံစီ

💢ကတ်အထူသားကိုရေစိုခံPlasticလောင်းထားပါတယ်
💢ဖော့စာလုံးတွေက 1cmထိ အထူဆုံးကိုသုံးထားတာမို့ မပြဲလွယ်ပါ (လူကြီးအားနဲ့အတင်းဆွဲတောင်မပြဲ😁)ရေစိုခံပါတယ်
💢ဘူးက plyအထူသားပါရှေ့တစ်ခေါက်လိုဘဲနော်
Designရမှထပ်တင်ပေးပါမယ်

Photos from Mommy Choice's post 08/01/2022

🇯🇵Japanese Language package🇯🇵 (for kids)

3နှစ်လောက်(ခန့်မှန်း) ကစ လို့ သားသားမီးမီးတို့ကို
japan စာလေးနဲ့မိတ်ဆက် သင်ကြားပေးချင်တယ်ဆိုရင်တော့ ခု beginner package လေးနဲ့ဆို မတတ်မှာ ကလေးတွေပျင်းမှာ မပူရတော့ပါဘူးနော်...

package လေးမှာဆိုရင် 💌💌💌
1️⃣Flash card ( 182 cards)- 20000ks
2️⃣Matching card (270 cards) -8500ks
3️⃣Reader book (10 books) - 10000ks

package 1ခုလုံး စာဆို 8% discount နဲ့ 35000ပဲ ကျပါမယ်ရှင့်

package လေးနဲ့သင်ဖို့ လေ့ကျင့်လို့ရမယ့် worksheet လေးတွေ လိုချင်ရင်လဲ ရပါမယ်နော်👇👇
https://www.facebook.com/103483481641654/posts/328075812515752/

Photos from Mommy Choice's post 07/01/2022

🇯🇵japanese language🇯🇵
beginner package လေးနဲ့သင်ကြားနေတဲ့ ကလေးတွေအတွက် လေ့ကျင့်လို့ရမယ့် worksheet လေးတွေလဲ ရပါမယ်ရှင့်...

1စုံ - 20000ks ပါ

package လေးကြည့်ချင်ရင်အောက်က link မှာပါရှင့်

japanese beginner package for kids🇯🇵👇👇

https://www.facebook.com/103483481641654/posts/328653789124621/

07/01/2022

သားသားနေမကောင်းနေလို့..
ဒီနေ့ deli အပ်ပေး
မယ့် order လေးတွေ မအပ်ဖြစ်ပါဘူးရှင်
😞 😞
နောက်နေ့ deli နဲ့ ပေါင်းအပ်ပေးပါမယ်နော်

06/01/2022

စာကိုစောစောစီးစီးရေးသင်စေချင်တဲ့မေမေတွေ မူကြိုကျောင်းက ဘာလို့စောစောရေးမသင်တာလဲဆိုတာ သိချင်တဲ့မေမေတွေ အဆုံးထိဖတ်ပေးပါနော်
အောက်က X-ray ပုံလေးကို တွေ့ဖူးမယ်ထင်ပါတယ်။
ဘယ်ဘက် အပေါ်က ၃နှစ်ကလေးရဲ့ လက်ပုံနဲ့ ညာဘက် အပေါ်က ၆-နှစ်ကလေးရဲ့ လက်ပုံမှာ အရိုးတည်ဆောက်ပုံဟာ တော်တော်လေး ကွာတာကို တွေ့ရမှာပါ။ ၃ နှစ်ကလေးရဲ့ လက်ကောက်ဝတ် အရိုးလေးတွေကို သေချာ ကြည့်ကြည့်ပါ။ အရိုးနုလေးတွေပဲ ရှိပါသေးတယ် ။ အရိုးလေးတွေ တခုနဲ့တခုကြား နေရာလေးတွေ လွတ်နေပါသေးတယ် ။ ဆက်ပြီး ကြီးထွားဖို့ရာ လိုအပ်နေပါသေးတယ်။ ညာဘက်အောက်က ၁၄-နှစ်ကလေးရဲ့ လက်နဲ့ ၆ နှစ်ကလေးရဲ့ လက်က အရိုးလေးတွေတောင် ကွာခြားနေပါသေးတယ်။
၃-၅ နှစ် မူကြိုအရွယ်လေးတွေဟာ ကျောင်းသားအရွယ် ကလေးတွေနဲ့ လူကြီးတွေလို စာရေးနိုင်၊ လုပ်နိုင်ဖို့ဆိုရင် လက်ကလေးတွေ သန်မာဖို့ အများကြီး လိုပါသေးတယ်။
တကယ်လို့ မူကြိုအရွယ်လေးတွေ စာမရေးချင်ဘူး၊ ပုံမဆွဲချင်ဘူးဆိုရင်လည်း အရမ်းကြီး တွန်းအား မပေးသင့်သေးပါဘူး။ စိတ်ညစ်စရာလည်း မလိုပါဘူး။တချို့ လုပ်နိုင်ပေမယ့် တချို့ မလုပ်နိုင်သေးပါဘူး။ သူတို့ အရွယ်ကြီးလာတာနဲ့အမျှ လက်က အရိုးကလေးတွေ ၊ ကြွက်သားလေးတွေကလည်း ပိုသန်လာတာမို့ သူ့ အချိန်တန်ရင် ရေးနိုင်၊ဆွဲနိုင်လာမှာပါ။
လက်ကလေးတွေ သန်မာဖို့ အားပေးတဲ့ ကစားနည်းနဲ့ လှုပ်ရှားမှုလေးတွေကို လုပ်ပေးရင် စာရေးဖို့ အဆင်သင့် ဖြစ်လာမှာပါ။ ဒါမှလည်း စာရေးရ ၊ ပုံဆွဲရ ၊ အရုပ်ဆက်ရတာ အတင်းဖိအားပေးပြီး လုပ်ရတာထက် ပိုပျော်စရာကောင်းလာမှာပါ ။ (လက်မနာမညောင်းတော့ဘူးပေါ့။)
လက်ကလေးတွေ သန်မာအောင်
ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း( ခဲတံတုတ်တုတ် ၊ crayon တွေနဲ့ ပုံဆွဲတာ၊လက်ချောင်းတွေနဲ့ ဆေးခြယ်တာ ၊ ကိုင်ရတာ လွယ်ပြီး ကြီးတဲ့အရာတွေနဲ့ ဆေးခြယ်တာမျိုးဆို ပိုကောင်းပါတယ် ။
ဂျုံနဲ့ ကစားခြင်း။
စာရွက်တွေ ညှပ်ခြင်း၊ ဆုတ်ဖြဲခြင်း။ (ကလေးဆုတ်လို့ ညှပ်လို့ရတဲ့ စာရွက်တွေ ပေးထားဖို့ လိုပါတယ်။)
ကော်ကပ်ခြင်း။
အပေါက်ကလေးတွေ ဖောက်စေခြင်း။ (စာရွက်မှာ သွားကြားထိုးတံလိုမျိုးနဲ့ ဖောက်ပြီး ကစားကြည့်ပါ။)
မြေကြီးတူး၊ သဲတူးခြင်း။
အရွယ်စုံ ခွက်တွေနဲ့ ခြင်တွယ်ခြင်း။ ( ရေ ၊ ဆန်၊ သဲတွေနဲ့ ခြင်တာ၊ သယ်တာ ကစားနိုင်ပါတယ်။)
block တုံး၊Legoဆက်ခြင်း။
ပုတီးစေ့သီစေခြင်း။ ( ကတ္ထူပြားလေးမှာ အပေါက်လေးဖောက်ပြီး ကြိုးသွင်းစေတာ၊ပိုက်ကလေးတွေ ဖြတ်ပြီး သီစေတာမျိုး လုပ်နိုင်ပါတယ်။)
အသက်အလိုက် puzzles ဆက်ခြင်း။
အရွယ်စုံဘောလုံး ပစ်ခြင်း။ ဖမ်းခြင်း။
လက်နဲ့ ဖျစ်ညှစ်စေခြင်း။ (stress balls, ရေစိုနေတဲ့ ဖော့တုံး တို့ကို ဖျစ်ညှစ်ပြီး ဆော့ကစားနိုင်ပါတယ်။)
ကစားစရာများနဲ့ ကစားခြင်း။( ကားတွန်းတာ၊ အရုပ်ကောက်တာ ၊ ထားတာ၊ ဘောလုံးလှိမ့်တာတွေကို ကြည့်ပြီး ကလေးရဲ့ လက်ချောင်းသန်မာမှုကို သိနိုင်ပါတယ်)

24/12/2021

မြန်မာစာ အတွက်
ဗျည်းလေးတွေ မှတ်မိစေဖို့
art and craf လုပ်နိုင်မယ့် worksheet လေးတွေပါ

cut & paste
art & craft
color ခြယ်
tracing
activity အစုံပါတာမို့..ကလေးတွေ fun learning ဖြစ်စေမှာပါရှင့်

1စုံ-4000ks

Photos from Mommy Choice's post 16/12/2021

Alphabet wheel -7500ks
Number wheel. -6500ks

30/11/2021
Photos from Mommy Choice's post 28/11/2021

1000 Useful Words

Reprinted version

5500ks

26/11/2021

Grammar ကို အခြေခံကနေစပြီး သေချာလေးလေ့ကျင့်ပေးချင်တယ်ဆိုတဲ့ သူလေးတွေအတွက် စာအုပ်ကောင်းလေးတွေဖြစ်တဲ့ Grammar Friends လေးတွေ ရပါပြီ

Lesson တစ်ခုချင်းစီအတွက် Exercises လေးတွေပါတဲ့အပြင် Lesson -3 ခုပြီးတိုင်း Review Exercise လေးတွေ ထပ်ပြီးပါဝင်ပါတယ်

Cambridge Young Learner's Exam ဖြေဆိုချင်တဲ့ကလေးလေးတွေအတွက်လည်းအထောက်အကူဖြစ်စေပါတယ်

Level "6" ခုရှိပါတယ်

Starters - Grammar Friends 1 & 2
Movers - Grammar Friends 3 & 4
Flyers - Grammar Friends 5 & 6

Level တိုင်းမှာ Student Book + Teacher's Book ( Answer Book ) နှစ်အုပ်ပါဝင်ပါတယ်

Student Book (color)+ Answer Book (b/w)
Levelတစ်ခု - 6500ကျပ်

Reprinted version

Grammar friend (colour print)
အသက် (၆နှစ် မှ ၁၂ နှစိထိ )

CDမပါပါဘူးရှင့်။ လေ့ကျင့်ရမယ့်exerciseတွေပါတဲ့ multi rom linkကို chatboxကနေပို့ပေးမှာပါနော်။

Photos from Mommy Choice's post 08/11/2021

Alphabet (A-Z) ....26 letter သင်ဖို့ package လေးရပါပြီနော်

Online class လေး 1ခု အတွက် order လက်ခံဖြစ်ရင်း
worksheet ခဏခဏ မထုတ်ချင်တဲ့ မေမေတွေ တီချယ်တွေ အတွက် ပါ ရောင်းပေးပါမယ်နော်

A-Z ( 26cards)
A-Z ( color+play dough+find it)
Upper+lower (art and craft)
Activity book
Tracing -1
Tracing -2
6မျိုးအပြင် scissors + crayon +play dough+glue stick) အစုံပါဝင်မယ့် package အစုံလေးပါရှင့်

ABC package - 23000ks

ခန်မှန်း 3-6 ကလေးများအတွက် အသုံးပြုလို့ရမယ့် package လေးပါ.. 3,4ကလေးများစသင်မယ်ဆို 3လဝန်းကျင်လောက်သင်လို့ရတာမလို့ 1လမှ 7000 ဝန်းကျင်ပဲ ကျသင့်မှာမလို့ အရမ်းတန်ပါတယ်

တခြား package တွေဝယ်ပြီးသားမေမေတွေက
ကတ်ကြေး, crayon တွေထပ်မလိုချင်လဲ worksheet သီးသန့်လုပ်ပေးပါမယ်

phonic level -1 package

https://m.facebook.com/story.php?story_fbid=277760154213985&id=103483481641654

phonic level -2 package

https://www.facebook.com/103483481641654/posts/279147407408593/

မြန်မာစာ package

https://www.facebook.com/103483481641654/posts/290846166238717/

Telephone

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00