TraditionalCurtain

TraditionalCurtain

Traditional product decoration

19/01/2024
19/01/2024

📣Happy TGIF Give Away စနေပြီဗျို့..🎊
** ကံထူးရှင် အယောက် (၃၀) အတွက် ** 🤩🤩

💐 အသားကောင်းတဲ့ ပွဲထိုင် ပြင်သစ်ဇာပါးလေးတွေ ကို မင်မင်တို့ ဒီနေ့ Store clearance day ရဲ့ အလှုလေး အတွက်ဖြစ်ပါတယ်ရှင် ⚜️

Surprise TGIF Give Away အလှုလေးမှာ ပျော်ပျော်ပါးပါး ပါဝင်ကံစမ်းလိုက်ကြပါစို့နော် 😀🥳

ချစ်ရင် ပိုစ့်တိုင်း ဝန်းရံပေးနော် 🌸
ပိုစ့်တိုင်း ရှိနေသူလေးတွေကိုဘဲ မင်မင်က သတိထားမိလို့ပါ ရှင့် 💓😚

Page ကို see first လေး လုပ်ပေးရင် ပိုချစ်ပြီ 🥰

#မင်မင်တို့ရဲ့အချစ်တွေကြောင့်_ပျော်ရွှင်ပါစေ

🎊 Think Stylish … Think MaxCute 🎉

👉 MaxCute Silk & Fabric
📲 09255723657 , 09456882204

Photos from Traditional Diversity's post 15/01/2024
25/12/2023
05/11/2022

ရန်ကုန်မှာနေရင်ဒါတွေလုပ်ဖို့လိုမယ်_Friendsတို့

အခုအချိန်က ပြသနာက ကိုယ်နဲ့အနီးအနားမှာအချိန်ပြည့်နီးပါးရှိနေပါတယ်။
မလုံခြုံတာကိုဂရုစိုက်သတိထားရင်
မလိုလားအပ်တာတွေကို အနဲဆုံးရှောင်နိုင်ပါလိမ့်မယ်။

#အပြင်သွားလျင်သတိပြုဖို့ပါ
---------

#ပိုက်ဆံအိတ်
လက်မှာမကိုင်ပါနဲ့၊ပုခုံးမလွယ်ပါနဲ့၊
(ခါးပါတ်အိတ်၊စလွယ်သိုင်းလို့ရတဲ့အိတ်သုံးပါ)

့်ကြည့်လုပ်မနေပါနဲ့
(ဖြစ်နိုင်ရင် လမ်းမှာ ဖုန်းမပြောတာအကောင်းဆုံး၊အရေးကြီးဖုန်း လာဖို့ရှိရင်
နီးစပ်ရာ ဆိုင်တဆိုင်ဆိုင်(သို့)လူအများရှိနေသည့်နေရာသို့ရောက်အောင်သွားပြီး အသုံးပြုပါ)..
#လက်ဝတ်ရတနာမဝတ်ပါနဲ့။
(အတုရော အစစ်ပါ မဝတ်တာအကောင်းဆုံး)

#ဘဏ်ငွေထုတ်ခြင်း_ဈေးဆိုင်တခုခုမှာဈေးဖိုးငွေသိမ်းခြင်း၊
ဘဏ်မှငွေထုတ်ယူလျှင် ဘဏ်အပြင်ရောက်တာနဲ့ ဂရုစိုက်ပါ၊ဖြစ်နိုင်ရင် အဖော်ခေါ်သွားပါ။
ဈေးဆိုင်များမှ ကုန်ဖိုးငွေသိမ်းလျှင် နေ့လည်နေ့ခင်းသိမ်းပါ၊ ညနေစောင်းမှ သိမ်းရမယ်ဆို
ဆိုင်မှ အဝင်/အထွက် သတိထားပါ။

#လူပြတ်တဲ့နေရာ_ရှောင်ပါ။
(ကားဂိတ်(သို့)လမ်းတနေရာရာတွင် ကားစောင့်ဖို့၊လူစောင့်ဖို့ ရှိပါက အနီးအနားကိုသတိထားပါ)

#ဘေးပတ်ဝန်းကျင်ကို_သတိရှိပါ
(ရန်ပွဲဖြစ်ခြင်း၊ပြေးလွှားနေကြခြင်း၊ထူးခြားမှုတခုခုရှိခဲ့ရင် မစပ်စုကြပါနဲ့)

#မျက်စိလျင်ပါ
(မိမိလျှောက်နေတဲ့ လမ်း၊ မောင်းနေသည့်ကား ရှေ့/နောက်..ဝဲ/ယာ မှာ သံသယဖြစ်ဖွယ်ကား၊ဆိုင်ကယ်ပါ/မပါ၊ စစ်ဆေးသည့် အဖွဲ့အစည်းများရှိ/မရှိ အမြဲ သတိထားကြည့်ပါ)

#အိမ်မှာနေလျှင်
--------
#တံခါးအမြဲပိတ်ထားပါ
(မိမိအိမ်သားအပြင်မှပြန်လာဖို့ရှိလျှင် ဖုန်းအရင်ကြိုဆက်ခိုင်း(သို့)သော့အပိုယူသွားခိုင်းပါ။

#ကွန်ဒိုတိုက်ခန်းများနေလျှင်
(ဓါတ်လှေခါးထဲ မျက်နှာစိမ်းပါလာခဲ့ရင် တခြားအဖော်လူစောင့်ပါ၊ ဖြစ်နိုင်လျှင် လုံခြုံရေးဝန်ထမ်းကို အကူအညီတောင်းပါ)

#ရိုးရိုးကန်ထရိုက်တိုက်ခန်းမှာနေလျှင်
(မျက်နှာချင်းဆိုင်အခန်း၊ ဘေးခန်း
အိမ်ရှေ့ဝရန်တာရှိလျှင် ဘေးပါတ်ဝန်းကျင်
အခန်းများနဲ့ မိတ်ဆွေဖွဲ့ထားပါ...
ဖြစ်နိုင်လျှင် ဖုန်းနံပါတ်ယူထားပါ...
ဒီအချိန်မှာ အရေးအကြောင်းဖြစ်ခဲ့လျှင် ပါတ်ဝန်းကျင်သိခဲ့ပါက အကူအညီတခုခုရနိုင်ပါတယ်)

ှာစားလျှင်
(အိမ်တံခါးဖွင့်မယူပါနဲ့၊
သံပန်းတံခါးတွင်ချိတ်ထားခဲ့ခိုင်းပါ၊
ပေးရမယ့်ငွေ အတိအကျဆောင်ထားပါ။
ပြန်အမ်းငွေ မစောင့်ပါနဲ့။

မြို့ကြီးတွေမှာရော နယ်တွေမှာပါ
နေ့တိုင်းလိုလို
ခိုး ဆိုး လုယက်မှုတွေဖြစ်နေကြတာ
မြင်နေကြနေကြမှာပါ။
ဒီအချိန်မှာ သတိတချက်လစ်တာနဲ့ ဥစ္စာပစ္စည်းရော လူ့အသက်ပါ ဆုံးရှုံးနိုင်ပါတယ်။
မိတ်ဆွေများအားလုံး ဘေးကင်း ရန်ကင်း
အန္တရာယ် အမျိုးမျိုး ကင်းကြပါစေ။

ချစ်၍သတိပေးပါသည်။

#ဦးပိုင်
4.11.2022
(သောကြာနေ့)

04/11/2022

#မငယ်တော့တဲ့အခါ
*****************
လုပ် နိုင် သ လောက်
လုပ် ပေးဖို့ အ သင့် ရှိ ပေ မယ့်
မ နိုင် ဝန် အ ချို့ကိုတော့ ပြုံး ပြုံး လေး
ငြင်း တတ် လာ တယ်.....

တ ချို့ စ ကား တွေ ကို
ချင့် ချိန် ပြော တတ် လာ ပြီး
က တိ တွေ ကို လည်း
ပေးနိုင် တာထက် ပို မ ပေးတော့ဘူး......

မ ခေါ်ချင် တဲ့ သူ တွေ ကို
အတင်းကာ ရောလိုက်
မ ခေါ် ဖြစ် တော့သလို
မ တွဲ ချင် တဲ့ လက် တွေ ကိုလည်း
မျှော် လင့် တ ကြီး
ဆုပ် ကိုင် မ ထား တော့ ဘူး.....

အ ရှုံး တွေ ကို
ခံနိုင် ရည် ပို ရှိ လာ တယ်
အဲဒီ့ အ ရှုံးတွေ က နေ လည်း
သင် ခန်းစာ တွေ
ယူ တတ် လာ တယ်.....

လူ တွေ ရဲ့ အ ပေါ်ယံ
မျက် နှာ ဖုံး တွေ ကို ကျော်
ကြည့် တတ် လာ ပြီး
စ ကားချို ချို တွေ ကို လည်း
သ ရုပ် ခွဲ တတ် လာ တယ်......

ထစ် ခ နဲ ရှိ စိတ်နောက် ကိုယ် ပါ
မ တုန့် ပြန်တော့ ဘူး
မ တုန့် ပြန် ဖြစ် တာ တွေ ကို လည်း
အ ပူ လောင် ခံပြီး
နှစ် ရှည် လများ
တေး မှတ် မ ထား တော့ဘူး......

ကိုယ် မ ပိုင် တာ တွေ ကို
အား ကျ တာ နည်း လာ ပြီး
ကိုယ့် ရှိ တာ လေး ကို ပဲ
ကျေ နပ် တန် ဖိုးထား တတ် လာ တယ်.....

ဝမ်း နည်း စ ရာ လို့ မ မှတ် ယူ ပေ မယ့်
မ ငယ် တော့ တဲ့အ ခါ ..

ပျော် စ ရာ ဆို တာ
များ များ စား စား မ ရှိ တော့ ဘူး
ရှိ လာ တဲ့အ ခါ လည်း ကိုယ့်ဆီမှာ
အ ချိန် ကြာ ကြာ မ မြဲ တော့ပါ ဘူး.....

# Credit
Original Uploader

22/10/2022

အရှင်းဆုံး Life skill တစ်ခုကို ပြောပြမယ်။

လူဆိုတာ နေ့တစ်ဒူဝ စားဝတ်နေရေး ပြဿနာတွေဖြေရှင်းနေရတာ

လူပေါင်းစုံနဲ့ဆက်ဆံရတယ်

ချီမွန်းမယ့်သူ ကဲ့ရဲ့မယ့်သူ အတိုက်အခိုက် မျိုးစုံ

အဲ့ဒီအခါ စိတ်ခွန်အားတွေလျော့ စိတ်ဒဏ်ရာတွေ ကြီးလာတတ်တယ်

တစ်အချက်ဟာ တစ်နေ့တာ ဖြတ်သန်းပြီး စိတ် အလိုမကျတာနဲ့ အဆုံးသတ်တဲ့အခါ

ငါဒါလေးဘာလို့မလုပ်မိတာလည်း မပြောမိတာလည်း မစဉ်းစားမိတာလည်း ဘာလို့မှားတာလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့

ငါဘာတွေ စွမ်းဆောင်ခဲ့လည်း ဘယ်နေရာတွေမှာ အကောင်းဆုံးလုပ်နိုင်ခဲ့ သလည်းကို ပြန်စဉ်းစား ကိုယ့်ကိုယ်ကိုယ်ချီးမွန်းပါ အဲ့ဒီ စံနှုန်းတွေကို ဆက်ထိန်းရမယ်ဆိုတဲ့ professionl ethics ကို စိတ်ထဲထည့်လိုက်ပါ

Endorphin လား အဲ့တာတွေ ဦးနောက်နားက ထွက်လာပြီး ပိုတည်ငြိမ် ခွန်အားတွေဖြစ်လာမယ်

အထူးသဖြင့် ရက်သတ္တပါတ်ရဲ့ စာရင်းချုပ်နေ့ရဲ့ ညနေတွေမှာပေါ့

ကိုယ်တွေအတွက်ကတော့ သောကြာပေါ့

ချီးမွန်းပါ ဂုဏ်ပြုပါ

အဲ့ဒီလေ့ကျင့်ခန်းဟာ အကောင်းဆုံးပဲ

လူဆိုတာ အတ္တသမာ ပေမာ နတ္ထိ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးမလား

အချစ်ဆုံးက အားပေးစကားပြောနေတာလေ

ဘဝ အမောတွေ အရက်နဲ့ဖြေစရာမလိုဘူး

ဘားသွားပြီး သောက်ခဲ့ရင်တောင် Congratulatory ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုခြင်းမျိုးပဲဖြစ်ရမယ်

လူအမျိုးမျိုးရှိတဲ့အတွက်

သူတို့ အမြင် သူတို့ တိုက်ခိုက်တာ သူတို့ ခင်လာအောင် သူတို့ ကိုယ့်အပေါ် ဘယ်လိုခြေလှမ်းမယ် နေပူတာ မိုးရွာတာ ဈေးတက်တာ အဲ့တာတွေ ကိုယ်လက်ထဲမရှိဘူး

ကိုယ်ကထိန်းချုပ်ပိုင့်ခွင့်မရှိဘူး

ကိုယ်လက်ထဲရှိတာ ကိုယ့်ကိုယ်ရယ်စိတ်ရယ် ကျန်းမာရေးရယ် ချစ်ရတဲ့မိသားစုရယ် မိတ်ဆွေစစ်ရယ်ပဲ

5 to 1 ratio ဆိုတဲ့ ငါးဆ နားထောင် တစ်ဆပြော ဆိုတာလေးပါ ကျင့်သုံးပါ

တစ်နေ့တာ ပြောမိတာ များသွားရင် ကျန်တဲ့ အချိန်ကို ပါးစပ်ပိတ် ခေါင်းငြိမ့်ပြီး ဖြတ်သန်းလိုက်ပေါ့

အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုဖို့နော် နေ့တိုင်း သေသေချာချာလုပ်ပေးပါ

ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးမလား ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးနေရတာ 😀😃😁
Crd; Original uploader

Photos from Moe Family's post 11/10/2022
11/10/2022
08/10/2022

သီတင်းကျွတ်လပြည့်နေ့
အဘိဓမ္မာအခါတော်နေ့
===============
ယနေ့သည်သီတင်းကျွတ်လပြည့်နေ့
အဘိဓမ္မာအခါတော်နေ့
ဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။

ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။

မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားသခင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။

အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
D.မင်း ၉. ၁၀. ၂၂

08/10/2022

မုန့္ဖိုးမ်ားမ်ားေ ပးပါေ နာ်!

07/10/2022

ချင့်ချိန်ပြီး စား....

တခါကရန်ကုန်မှာဂျပန်မိသားစုတစုလာနေခဲ့ဖူးပါတယ်။ ၉မိုင်မှာအိမ်ခြံငှားပြီးရုံးခန်းလာဖွင့်တာပါ။
အဲဒီကုမ္ပဏီမှာကျနော့်သူငယ်ချင်းကအလုပ်လုပ်တယ်။ စနေနေ့ဆိုရင်နေ့တဝက်မို့ အဲဒီသူငယ်ချင်းကိုသွားခေါ်ပြီး တနေရာရာမှာ စားကြသောက်ကြပေါ့။

သူငယ်ချင်းဆီကိုမကြာခဏသွားလည်လေ့ရှိတော့
အဲဒီအိမ်က ဂျပန်တွေမွေးထားတဲ့ခွေးတွေနဲ့လည်း
ရင်းနှီးလာတာပေါ့။ ဒါကြောင့် အဲဒီအိမ်ကိုသွားရင်
ခွေးလေးတွေစားဖို့ပေါက်ဆီတို့အသားပေါင်းတို့ကြက်ကြော်တို့ ဝယ်ဝယ်သွားပြီးကျွေးတယ်။

ကျနော်တို့က တိချစ်သူတွေဆိုတော့ဂျပန်အိမ်ကိုသွားတိုင်း အစာတွေဝယ်ဝယ်သွားပြီး ခွေးလေးတွေကို ဗိုက်ကားအောင်ကျွေးကြတယ်။

တနေ့မှာတော့ အဲလိုကျွေးတာကို ဂျပန်တွေ
သိသွားပြီး တော်တော်စိတ်ဆိုးကြပါတော့တယ်။

ဂျပန်ကဘာပြောသလဲဆိုရင် "ငါတို့ကခွေးတွေကိုစည်းကမ်းတကျပဲကျွေးတယ်၊ အာဟာရကောင်းကောင်းကို နည်းနည်းပဲကျွေးတယ်၊ ဘယ်တော့မှပိုမကျွေးဘူး၊ သူ့အချိန်နဲ့သူ စနစ်
တကျကျွေးတယ်၊ ရေကိုကြိုက်တဲ့အချိန်သောက်လို့ရအောင် ချထားပေးတယ်။ နည်းနည်းပဲကျွေးပေမဲ့သူတို့မဆာဘူး။ အကျင့်ရနေပြီ" တဲ့။

"ခွေးတွေကိုပိုကျွေးရင်ရောဂါဖြစ်ပြီးမြန်မြန်
သေတတ်တယ်။ ပြီးတော့အပျင်းကြီးသွားရော။နောက်ကို ဒီလိုလာမကျွေးပါနဲ့တော့" တဲ့။

ဂျပန်တွေက သူတို့ကိုယ်တိုင်လည်း ဒီလိုပဲစားသောက်နေထိုင်ကြတာဖြစ်တယ်။ နည်းနည်းပဲစားတယ်၊ကောင်းတဲ့အာဟာရတွေကို စနစ်တကျစားတယ်။ ထမင်းပန်းကန်သေးသေးတစ်လုံး၊ ငါးဟင်း၊မီဆိုဟင်းချိုတခွက်။

အဲဒါဟာသူတို့စားတဲ့ ခွက်ချင့်ပုံစံဖြစ်တယ်။ ဒါကြောင့်မို့ ဂျပန်တွေဟာ ကမ္ဘာမှာ အကျန်းမာဆုံးနဲ့ အသက်အရှည်ဆုံးဖြစ်နေတာပေါ့။ ငါးနဲ့အသီးရွက်စားတာတခုတည်းကြောင့် မဟုတ်ဘူး။ ဝက်သား၊အမဲသားတွေလည်းစားတာပဲ။ တကယ်တော့
သူတို့ဟာသင့်ရုံစားပြီး လှုပ်ရှားမှုများလို့ ကျန်းမာအသက်ရှည်ကြတာဖြစ်တယ်။

တချို့လူတွေကဘယ်လိုထင်နေကြသလဲဆိုရင်
"ကာယလုပ်သားတွေက အများကြီးစားဖို့လို
အပ်တယ်လို့ထင်နေကြတယ်"။ မဆိုင်ဘူးဗျ။
နည်းနည်းစားလည်း အားမယုတ်ဘူး။

ပေါ့ပါးလို့ အားပိုရှိတယ်လို့တောင် ခံစားရဦးမယ်။
ကမ္ဘာကျော်ဘော်လုံးသမားတွေကို လေ့လာကြည့်ပါ။ သူတို့ကို Clubတွေက သင့်ရုံလေးပဲ စားခိုင်းတယ်။ သွေးထဲကသကြားဓာတ်မကျအောင် အလေ့အကျင့်လုပ်ခိုင်းတယ်။

အများကြီးမစားပေမဲ့ ကိုယ်ကာယတွေအများကြီးထုတ်သုံးနိုင်ကြတယ်။ အဲဒါနမူနာပဲ။ ညကိုယ်တိုင်လုပ်ကြည့်ရင် သိလာလိမ့်မယ်။

India ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီက ဘာပြောခဲ့သလဲဆိုရင် "ခပ်နည်းနည်းပဲစားပါ" တဲ့။ "ထမင်းစားပြီးတာတောင် နည်းနည်းဆာနေရဦးမယ်" တဲ့။

"လူကနည်းနည်းဆာနေတဲ့အချိန်ဟာ နေလို့အကောင်းဆုံးပဲ"ဘတဲ့။ "တော်တော်ဆာမှ နည်းနည်းစားပါ" တဲ့။

မဟတ္တမဂန္ဓီဟာ အသက်၈၀ကျော်အရွယ်မှာ ဘာရောဂါမှမရှိဘဲ ကျန်းကျန်းမာမာရှိခဲ့တယ်။ လုပ်ကြံခံခဲ့ရလို့သာ အသက်ဆုံးရှုံးရတာပါ။ အကယ်၍ သူလုပ်ကြံခြင်းမခံရဘူးဆိုရင် အသက်ရာကျော်မယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ဗုဒ္ဓဂါယာကိုဘုရားဖူးသွားလည်ကြတဲ့မိတ်ဆွေတွေ
ပြောပြတာတစ်ခုရှိသေးတယ်။ ဂါယာကိုပတ်ဖို့ ၁၄ရက် ကြာတယ်။ လေအိတ်ကားကြီးတွေနဲ့ပေါ့။၁၄ရက်လုံး တနေကုန်ကားမောင်းတဲ့ Driver က အသက် ၇၀ လောက်ရှိပြီ။

သူဘယ်လိုစားလဲဆိုရင် တစ်နေ့ကို ချာပါတီ၂ချပ်နဲ့သီးစုံပဲဟင်း၂ခွက်၊ လ္ဘက်ရည်၂ခွက်။ ဒါဘဲစားတယ်။ ရေတော့သောက်တာပေါ့။ အသက်၇၀မှာ ဘာရောဂါမှမရှိ၊ ကျန်းမာပေါ့ပါးစွာ အလုပ်လုပ်နိုင်တုန်းပဲ။

ကားပေါ်မှာအိပ်ပြီးလိုက်လာတဲ့ မြန်မာတွေက ခရီးပန်းလို့ လမ်းတောင်ကောင်းကောင်းမလျှောက်
နိုင်ချိန်မှာ သူကတစ်နေကုန်ကားမောင်းပြီး ညနေမှာလည်း ပေါ့ပေါ့ပါးပါးပဲ။ သူတို့ကိုယ်တွေ့ကိုပြောပြတာဖြစ်ပါတယ်။

ကျနော်တို့က စားဖို့သောက်ဖို့အတွက် အဓိကထားပြီး ပိုက်ဆံရှာနေကြရတာဖြစ်နေကြတယ်။ ရှာသမျှကိုလည်း အစားအသောက်အတွက် အများဆုံးသုံးနေကြရတာမဟုတ်သေးဘူး။ ရသတဏှာကိုဦးစားပေးနေတာကို ပြင်ဖို့လိုတယ်။

အစားအသောက်ကတော့ စားရမှာပဲ။ ဒါပေမဲ့ စားတတ်ဖို့လိုတယ်။ အဟာရစုံအောင်စီမံပြီး သင့်ရုံစားဖို့ပဲဖြစ်တယ်။

လူ့ဘဝရဲ့အနှစ်သာရတခုက ကျန်းမာရွှင်လန်းခြင်းပါ။ အစားအစာကို ခပ်နည်းနည်းစားခြင်းက အဲဒီရလဒ်ကို မုချပေးနိုင်ပါတယ်။

မူလပိုင်ရှင် ခရက် တစ်.ပါ
joe❤langkawi

06/10/2022

ရန်ကုန်မြို့ ၏ သုည မိုင်တိုင် တည်နေရာကို ခြေရာခံမိခြင်း

ရန်ကုန်မြို့တွင် ၆မိုင်ခွဲ၊ ၇မိုင်ခွဲ၊ ၈မိုင်၊ ၉မိုင်၊ ၁၀မိုင် ဘတ်စ်ကား မှတ်တိုင် နေရာများ ရှိပါသည်။ ထိုအကွာအဝေးများကို မည်သည့်နေရာက စတင်၍ တိုင်းတာပါသလဲဟု မေးခွန်းထုတ်လျှင် ဖြေဆိုနိုင်သူ အနည်းငယ်သာ ရှိပါလိမ့်မည်။

ဆူးလေစေတီ မှ အခြေခံ၍ တိုင်းတာသည်ဟု ဖြေဆိုနိုင်သူ အနည်းငယ်တော့ ရှိပါလိမ့်မည်။ သို့သော် ကျွန်တော့အနေဖြင့် ဗြိတိသျှ တို့သည် အဘယ့်ကြောင့် ပြည်လမ်းတလျှောက် ၏ အကွာအဝေးပြ မိုင်တိုင်အမှတ်အသားကို စိုက်ထူရာတွင် ဆူးလေစတီ တည်နေရာအား သုည မိုင် အဖြစ် သတ်မှတ်ခဲ့ရကြောင်း အကြောင်းရင်းကို ရှာဖွေ မတွေ့ရှိခဲ့ပါ။

ဆူးလေစေတီ သည် မြို့တော်ခန်းမ အနီးတွင် တည်ရှိသောကြောင့် မြို့တော်ခန်းမ အစား ဆူးလေစေတီ ကို ဗဟိုပြုရသည်ဟု စဉ်းစားလျှင် ယုတ္တိတန်သည်။ ကျွန်တော့၏ သူငယ်ချင်း ကိုဇော်မြင့်ဦး ပြန်လည် ပြောပြသည်မှာ ဗြိတိသျှ တို့ အုပ်ချုပ်စဉ်ကာလက ဘုရင်ခံ ဆားဟူးဖရန့်ကိုယ်တိုင် ရွှေတိဂုံဘုရား တောင်ဖက်မုဒ်ရှိ သခင်ကိုယ်တော်မိုင်း အုတ်ဂူ တည်ရှိရာ နေရာတ၀ိုက်တွင် ရန်ကုန်မြို့ ၏ ဗဟို အဖြစ် အမှတ်အသားကျောက်တိုင် စိုက်ထူခဲ့ကြောင့် သူမှတ်ထားသမျှ ရန်ကုန်မြို့ ၏ သမိုင်းကြောင်းကို ရှင်းပြခဲ့သည်။ အလွန်စိတ်ဝင်စားစရာကောင်းသည်။ သူငယ်ချင်း ကိုကျော်ကျော်စိုး လည်း ကျွန်တော့အား ရန်ကုန်မြို့ ၏ သမိုင်းကြောင်းကို ကိုလိုနီလက်ထက် ရန်ကုန်မြို့၏ မြေပုံ နှင့်တကွ ရှင်းပြခဲ့သည်။

အင်္ဂလိပ် လူမျိုးများသည် အင်မတန်တိကျ၍ စနစ်ကျသူများဖြစ်သောကြောင့် သုညမိုင် အမှတ်အသား ကို ရန်ကုန်မြို့အလယ် ၏ မြေပြင်တနေရာတွင် စိုက်ထူခဲ့ပေလိမ့်မည်။ သို့သော် လွှတ်လပ်ရေး ရသောအခါ အင်္ဂလိပ် အစိုးရထံမှ စည်ပင်သာယာ မြေပုံများကို လွှဲပြောင်း ယူရာတွင် အချို့ အရေးကြီးသော မြေပုံ အချက်အလက်များ ကျန်ကောင်း ကျန်နိုင်ပါသည်။
ထိုပျောက်ဆုံးနေသာ သမိုင်း အချက်အလက် ကွင်းဆက်များကို ကျွန်တော်တို့ သူငယ်ချင်း ၃ယောက် အားလပ်သော အချိန်များတွင် မြေပြင်တလျှောက် လေ့လာ၍ သုတေသန လုပ်ရန် တက္ကသိုလ်ကျောင်းသားဘ၀ က စိတ်ကူးယဉ် ခဲ့ကြသည်။

လွန်ခဲ့သောတပါတ်က ကိုကျော်ကျော်စိုး တယောက် သခင်ကိုယ်တော်မှိုင်းဂူ တ၀ိုက်တွင် သဲလွန်စ ရလိုရငြား သွားရောက် ရှာဖွေခဲ့သည်။ နှစ်အတ်ာကြာခဲ့သည်ဖြစ်၍ မြေပြင်အနေအထားမှာ လုံးဝ ပြောင်းလဲနေပါပြီ။ မည်သည့် သမိုင်းဝင် ကျောက်တိုင်မျှ မတွေ့ခဲ့ရတော့ပေ။ ရွှေတိဂုံဘုရား ၏ နယ်နမိတ်အစ ဆိုသည့် ကျောက်တိုင် တခုကိုသာ တွေ့ရှိခဲ့သည်။

ထို့နောက် ကိုကျော်ကျော်စိုး သည် သူ၏ကားကို ယင်းနေရာမှစတင်ပြီး ပြည်လမ်းတလျှောက် မောင်းနှင်ခဲ့ရာ ၆မိုင်ခွဲ မှတ်တိုင် နှင့် ၈မိုင် မှတ်တိုင်သို့ရောက်ခိုက် သူ၏ကားတွင် တပ်ဆင်ထားသော အကွားဝေးပြ ဒိုင်ခွက် နှင့် တိုက်ကြည့်သောအခါ ၂မိုင် နီးပါး လိုနေသည်ကို သတိထားမိခဲ့သည်။ ထို့ကြောင့် သုည မိုင်တိုင် နေရာသည် ရွှေတိဂုံဘုရား တောင်ဖက်မုဒ် နေရာ ဖြစ်နိုင်ချေ အလွန်နည်းသွားပြီး ဆူးလေစေတီ နေရာသည်သာ ရန်ကုန်မြို့ ၏ သုည မိုင် တည်နေရာ ဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။

သမိုင်း စိတ်ဝင်စားသူများ ၏ ပြောပြချက်အရ သခင်ကိုယ်တိုင်မှိုင်း အုတ်ဂူနေရာ တ၀ိုက်တွင် အထင်ကရ ကျောက်တိုင် စိတ်ထူခဲ့ခြင်းမှာ ဖြစ်နိုင်ခြေ ရှိပြီး မည်သည့်အကြောင်းအရာအတွက် စိုက်ထူခဲ့ရခြင်း ဖြစ်ကြောင်းကိုသာ အဖြေမထုတ်နိုင်ခြင်း ဖြစ်ဖို့များပါသည်၊

ကိုကျော်ကျော်စိုး ၏ တွေ့ရှိချက်ကို အခြေခံပြီး ကျွန်တော်လည်း Google map တွင် ဆူးလေစေတီအား စတင်မှတ်အဖြစ် အခြေပြုပြီး ပြည်လမ်းတလျှောက် အကွာအဝေးကို အပြန်ပြန်အလှန်လှန် တိုင်းတာကြည့်ရာ ၆မိုင်ခွဲ အကွာအဝေးသည် မြေပြင်ပေါ်ရှိ ၆မိုင်ခွဲ ဘတ်စ်ကား မှတ်တိုင်နေရာတွင် မပြဘဲ ၄င်းမှတ်တိုင်ကိုကျော်လွန်၍ အေဒီလမ်းမရောက်ခင် လူငယ်အင်းယားလေးနေရာအထိ ရောက်သည်ကို တွေ့ရှိခဲ့သည်။ ၈မိုင် အကွာအဝေးသည်လည်း မြေပြင် ၈မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်ကို လွန်ပြီး ၉မိုင် နေရာလောက်ထိ ရောက်သည်ကို တွေ့ရှိခဲ့သည်။

၈မိုင်၊ ၇မိုင်ခွဲ၊ ၆မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်နေရာများကို အသီးသီး အခြေပြု၍ ဆန့်ကျင်ဖက်အရပ် ရန်ကုန်မြို့လယ်သို့ ပြည်လမ်းတလျှောက် ပြန်လှန် တိုင်းတာကြည့်ရာ အဆုံးနေရာများသည် ဆူးစေတီကိုလွန်၍ ၀.၇မိုင် ကျော်လွန်သည် ကို တွေ့ရှိရသည်။ ထို ၀.၇မိုင် ကျော်လွန်သောနေရာသည် ဆူးလေလမ်းမအတိုင်းဆိုလျှင် ၀န်ကြီးများ ရုံးအဆောက်အဦး၊ ကမ်းနားလမ်း ဆိုလျှင် ဗဟိုစာတိုက်ကြီး အဆောက်အဦး ရှိသည့် နေရာတ၀ိုက် ဖြစ်သည်ကို တွေ့ရှိခဲ့သည်။

ဗဟိုစာတိုက်ကြီးအား အစမှတ်အဖြစ် အခြေပြုပြီး ကမ်းနားလမ်းမှတဆင့် ပြည်လမ်းတလျှောက် တိုင်းတာကြည့်ရာ ၆မိုင်ခွဲ အကွာအဝေးသည် မြေပြင်ပေါ်တွင် ၆မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်၊ ၇မိုင်ခွဲ နေရာသည် ၇မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်၊ ၈မိုင်နေရာသည် ၈မိုင် ဘတ်စ်ကားမှတ်တိုင်နေရာ အသီးသီး ဖြစ်သည်ကို တွေ့ရှိခဲ့သည်။

အင်္ဂလိပ်တို့သည် Singapore မြို့ကို တည်ဆောက်ရာတွင် မြို့ပြအင်္ဂါရပ်များ သတ်မှတ်သည့်အခါ ဗဟိုစာတိုက်ကြီး (ယခု Fullerton hotel) ကို သုညမိုင် zero mile အဖြစ် အခြေပြု သတ်မှတ်ခဲ့သည်။ ထိုခေတ်က ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် စာပို့ခြင်း၊ ကြေးနန်း၊ တယ်လီဖုန်းများကိုသာ အသုံးပြုခဲ့သည်။ ဗဟိုစာတိုက်ကြီးကို အခြေပြု၍ မြို့တမြို့ နှင့် တမြို့အကွာအဝေးအလိုက် တံဆိပ်ခေါင်းအဖိုးအခ၊ ဆက်သွယ်ရေး ၀န်ဆောင်မှု အဖိုးအခ ကို သတ်မှတ်ခဲ့သည်။ ထို့ကြောင့် စာတိုက်ဌါနအား zero milestone အဖြစ် သတ်မှတ်ခဲ့ဟန်တူသည်ဟု စာရေးသူအနေဖြင့် ယူဆပါသည်။

Singapore မြို့သည် Rangoon မြို့တည်ပြီးသည့်နောက်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အင်္ဂလိပ်အစိုးရသည် Singapore မြို့အတွက် လိုအပ်သော မြို့ပြအင်္ဂါရပ်များ တည်ဆောက်ရာတွင် Rangoon မြို့ တည်ထားသည့် စနစ်အချို့ကို ပြန်လည်အသုံးပြုခဲ့နိုင်သည်ဟု မှန်းဆမိပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က Singapore အစိုးရသည် သမိုင်း အမွေအနှစ် ထောက်အထားများဖြစ်သည့် အကွာအဝေးပြ မိုင်တိုင် ကျောက်တိုင်များကို ပြန်လည်တူးဖေါ် ရရှိခဲ့ပြီးဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင်ကား မည်သည့် မိုင်တိုင်ကျောက်တိုင်ကိုမျှ ပြန်လည်တူးဖေါ် ရရှိကြောင်း မကြားရပါ၊

ကျွန်တော်တို့ သူငယ်ချင်း ၃ယောက်အနေဖြင့် ကြားဖူးခဲ့သည့် အကြောင်းအရာများ၊ ဖတ်ရှုခဲ့ဖူးသော သမိုင်းအထောက်အထားများ၊ မြေပြင်လေ့လာမှုအခြေအနေ၊ Google map မှ အပြန်ပြန်အလှန်လှန် တိုင်းတာချက်များကို ခြုံငုံ၍ ကောက်ချက်ချရလျှင် ရန်ကုန်မြို့၏ သုည မိုင်တိုင် ကျောက်တိုင် တည်နေရာ သည် ကမ်းနားလမ်း နှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဗဟိုစာတိုက်ကြီး ဖြစ်ပါကြောင်း သုံးသပ်ရပါတော့သည်။

ထပ်မံစုံစမ်း ရှာဖွေ ရရှိသော အချက်အလက်များ အထောက်အထားများ အရ zero mile ကျောက်တိုင်သည် ကမ်းနားလမ်း နျင့် ဗိုလ်အောင်ကျော်လမ်းထောင့် ရှိ ဗဟိုစာတိုက်ကြီး ရှေ့တွင် အမှန်တကယ် ရှိခဲ့ပါသည်ဟု ဗဟိုစာတိုက်ကြီးမှ အရာရှိတဦးက သမိုင်းကြောင်း အထောက်အထား နှင့် မျက်မြင်သက်သေ အဖြစ် အတည်ပြုပြီး ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်အနည်အငယ်က စည်ပင်သာယာမှ ပလက်ဖေါင်း ပြုပြင်ရာတွင် ၄င်း ကျောက်တိုင်ကို နုတ်ယူသွားပါသည်။

ဤ zero mile အမှတ်အသား ကျောက်တိုင်သည် ရှေးဟောင်း သမိုင်းအမွေအနှစ်တခုဖြစ်ပြီး ဗြတိသျှ အစိုးရ ၏ မ်ုင်တိုင်အကွာအဝေး သတ်မှတ်ပုံ အကြောင်းကို တစေ့တစောင်း လေ့လာနိုင်ပါသည်။

၎င်း ကျော်တိုင်ကို ပြန်လည်ရှာဖွေ၍ မူလနေရာတွင် ပြန်လည်စိုက်ထူနိုင်လျှင် နိုင်ငံသားများသာမက နိုင်ငံခြားသား ခရီးသွားများအတွက်ပါ အကျိုးရှိပါသည်။

ကမ္ဘာတ၀န်းလုံးတွင် ရှေးဟောင်းအမွေအနှစ်များကို လိုက်လံရှာဖွေ မှတ်တမ်းပြုစု၍ ပြန်လည်ထိန်းသိမ်း စောင့်ရှောက်နေသလို ကျွန်တော်တို့ နိုင်ငံတွင်လည်း ရှေးဟောင်း အမွေအနှစ်များကို ပြန်လည်စူးစမ်းရှာဖွေ၍ ထန်းသိမ်းစောင့်ရှောက်ကြပါစို့။

: Aung Ngwe Latt-30.1.2016

04/10/2022

ချစ်ကြရင်ဝမ်းသာ

03/10/2022

အထူ​လေး​တွေရ​သေးပါ၏ရှင်။
ဘူးအမာ​လေးများနှင့်ရနိုင်ပါသည်ရှင်။
သိပ်မကျန်​တော.လို.ဦးသူပါရှင်။
သဘာ၀​hand made ​လေး​တွေကို မှ တန်ဖိုးထားသူများတွက်ပါရှင်။

price 19500 mmk.

(Normal Sale price
22500 mmk)

**ဧကရာဇ်၊ ​ကွေး​တောက်​၊ညောင်​ခေါက်၊ မုံသီး
**ပင်ဖြူပင်ဝါ စုံလင်စွာ
**ကြိုးစားပါမှရသည့် ချည်ခင်
**စင်​ပေါ်တင်လို. အချိန်ယူ ယက် **ရိုးရာမပျက် ပညာလက်
**သဘာဝ ချည်ထည်ထွက်
**ရက်ကြာတယ်လို.မငြိုငြင်
**လိုချင်သူများ ​တန်ဖိုးထား
**ချစ်ခင်ဂုဏ်ယူ​​ရောင်းချသွား
*ဟန်ဓ​လေ.* ရဲ. ပန်းတိုင်များ


'ဟန်ဓ​လေ.' ရိုးရာ
09793135531
178 A, အင်း၀ ၂၀ ဟံသာဝတီ ၂၀
၆ ရပ်ကွက်
​တောင်ဥက္ကလာ
Stock
#​ဝေဇယန္တာ လမ်း
သစ္စာလမ်းတို.မှ ဝင်လို.ရပါသည်ရှင်။ # #

11/09/2022

Traditional Diversity ကို ချစ်ခင်ယုံကြည်ပြီး
အစဉ်တစိုက်အားပေးကြသော ချစ်ရ​သော customers များ နှင့် လက္ကား ဖောက်သည်ကြီးများ ရှင့် ....
အခြေအနေအရပ်ရပ်ကြောင့် ​မြန်မာ.လက်ရာ​တွေကို ရောင်းကို​ရောင်း​နေရမည်ဖြစ်​သော်လည်း
ယခုအခါအ​ခြေအ​နေအရပ်ရပ်​ကြောင့်ဘဲ ပုံ​ဟောင်း​လေး​တွေပြလို. ပစ္စည်းမှာယူတဲ့အခါ
ပုံလေးပြပြီး စျေးပြန်မေးပေးနော်

ပစ္စည်းထပ်မထွက်နိုငိတာတို. စျေးနှုန်းအပြောင်းအလဲလေးတွေတို. ရှိနေနိုင်သောကြောင့် ယခင် post ​တွေထဲက လိုအပ်တာလေးများရှိရင်
ဖုန်းဆက်၍ သော်လည်း​ကောင်း
09793135531
Viber number 095181024/ Page Chatbox TraditionalDiversity /Traditional curtain များမှတဆင့် အသေးစိတ် မေးပေးပါနော်

အမြဲ ယုံကြည်စိတ်ချစွာ အားပေးကြသော
TDရဲ့ မိတ်ဟောင်းမိတ်သစ် customers များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏

Viber number 095181024
Page phone number 09793135531

အဆင်တူမျိုးကွဲ​တွေ ခွဲခြားကြည်.ရှူရန်က....
▪️Stockလိပ်စာ​လေး >>>178 A Innwa20 st (Hanthawaddy 20 st).
6 ward South Okkalapa Yangon

Photos from MaxCute Silk & Fabric's post 11/09/2022

Videos (show all)

Telephone

Website