ရွှေလှေ-Shwe Hlay online shopping
အတန်ဆုံးစျေးတွေနဲ့ တခုခြင်းရောင်းပ
admin ရဲ့ တခြား စီးပွားရေး Pageဖြစ်တဲ့
အလှထား Japan Anime Figure တွေကို သိတယ် ကြိုက်နှစ်သက်တယ်ဆိုရင်
like and Follow လုပ်ပြီး Support လုပ်ပေးကြပါအုံးဗျ..မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ🙏🙏🙏
Instock ပျက်သွားလို့ ရယ်
မင်မင်တို့ အလုပ်တွေရှုပ်နေတာရယ်ကြောင့် Page က ခဏနားထားပါတယ်ဗျ..
Page ပြန် Run တဲ့ အခါ အသစ်အသစ် တွေနဲ့ တစ်ဖန်ပြန်လာခဲ့ပါမယ်ဗျ..
အဲ့ကျ ရပ်ဝေးရပ်နီးက Coustomer များအားလုံ တဖန်ပြန်ပီး အားပေးကြပါအုံးခင်ဗျ..ရွှေလှေပရိတ်သက်များ ကို အထူးလေးစားလျက်..
မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ခပ်သိမ်းကင်းငြိမ်းပီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို အမြန်ပိုင်ဆိုင်နိုင်ကြပါစေ🙏
ဘယ်လောက်နဲ့ရောင်းရင် ကောင်းမလဲ ☺️
Size 10"
Photo by My Mom 😁
မင်မင့် ရဲ့ နောက်ထပ် Page လေးပါရှင်..
like & share လေးလုပ်ပေးပါအုံးနော် ❤️❤️❤️
ယူရစ်အက်ဆစ်
( Uric Acid ) နဲ့ #ဂေါက်ရောဂါ
စားသင့် / မစားသင့်သော
#အစားအစာများ
➖➖➖➖➖➖➖➖➖➖
ယူရစ်အက်ဆစ် ဆိုတာ
အစားအစာ အတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။
ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ် ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။
ယူရစ်အက်ဆစ်က များသော အားဖြင့် ဆီးထဲမှာ ပါသွားပေမယ့်
သင့် ကျောက်ကပ်က ကောင်းစွာ
အလုပ် မလုပ်ဘူးဆိုရင်•••
သင့် ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ် ဆိုရင်
၎င်းက ပြဿနာတွေကို
ဖြစ်ပေါ်စေနိုင်ပါတယ်။
ယူရစ်အက်ဆစ် ပိုလျှံမှုက
သင့်အဆစ်များမှာ အနည်ထိုင်လာပြီး ( အဆစ်အမြစ် ဂေါက်ရောဂါ လို့
သိကြတဲ့ ) ရောင်ရမ်းခြင်းတွေ၊
နာကျင် ကိုက်ခဲခြင်းတွေ
ဖြစ်ပေါ် စေနိုင်ပါတယ်။
သင့် ကျောက်ကပ်ထဲမှာ
substanceတွေ စုပုံနိုင်ပြီး
ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။
အရွယ်ရောက်ပြီး အမျိုးသားများ နှင့် သွေးဆုံးပြီး အမျိုးသမီးများတွင်
အဖြစ်များပါသည်။
ယူရစ် အက်ဆစ် လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံက
စားသုံးတဲ့ အစားအစာ
တွေကြောင့်လို့ သိရပါတယ်။
Uric Acid ယူရစ်အက်ဆစ်ကို
လျော့ချပေးမည့် အစားအစာများ၊
စားပေးသင့်သော အစားအစာများ
1️⃣ ပန်းဂေါ်ဖီစိမ်း - သခွားသီး
- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ်
ပိုလျှံမူနဲ့ အဆစ်များ
ပတ်လည်ရှိ ယူရစ်အက်ဆစ်
ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။
2️⃣ ငှက်ပျောသီး
- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန် အကောင်းဆုံး အသီးပါ။
3️⃣ မုန်လာဥနီ
- မုန်လာဥနီကို ပုံမှန်စားပါက
ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကိုလည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။
4️⃣ ချယ်ရီသီး
- anthocyanin လို့ ခေါ်တဲ့
ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
အက်ဆစ်ပမာဏကို
လျော့ချပေးနိုင်တယ် -
အဆစ် ပတ်ပတ်လည်မှာ ရှိတဲ့
crystals မဖြစ်ပေါ်အောင်
တားဆီး ပေးနိုင်ပါတယ်။
5️⃣ ရေ
- ရေ မကြာခဏ သောက်ခြင်းက
ယူရစ်အက်ဆစ် ပမာဏကို
လျောနည်း စေရုံသာ မက
ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်း နဲ့
အဆိပ်တွေကိုလည်း ဖယ်ရှား
ပေးနိုင်ပါတယ်။
6️⃣ ပန်းသီး
- ပန်းသီးကို ပုံမှန်စားသုံးတဲ့ အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့ အပြင် ပိုလျှံနေတဲ့ ယူရစ်အက်ဆစ်တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။
7️⃣ တရုတ်နံနံကြီး
- ယူရစ်အက်ဆစ် များလို့
ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ
ဆိုးကျိုးတွေကနေ
ကာကွယ်ပေးနိုင်တယ် -
ယူရစ်အက်ဆစ် ပမာဏကိုလည်း
လျော့ချ ပေးနိုင်ပါတယ်။
8️⃣ ကြက်သွန်နီ
- ခန္ဓာကိုယ်ကနေ
ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး
ယူရစ်အက်ဆစ် ပိုလျှံလို့
ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ
ပြဿနာတွေကို ကြက်သွန်နီက
ကူညီ ပေးနိုင်ပါတယ်။
9️⃣ ရေနွေးကြမ်း
- ရေနွေးကြမ်း ပုံမှန်သောက်ရင်
ဂေါက်ရောဂါကို တားဆီးသလို
သွေးထဲ ယူရစ်အက်ဆစ်ပမာဏ
မြင့်တက်တာကိုလည်း
ထိန်းပေးပါတယ်။
🔟 ရှောက်သီး သံပုရာသီး. သံပုရိုသီး
- ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့် အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ် အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။
11. ဘယ်ရီသီးများ
- ဘယ်ရီသီးတွေ ပုံမှန် စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ်
လွန်ကဲစွာ စုပုံခြင်းကို
တားဆီး ပေးနိုင်ပါတယ်။
🥗❌.မစားသင့်သည့်အစားအစာများ
➖➖➖➖➖➖➖➖➖➖
1️⃣ ဝမ်းတွင်း ကလီစာ -
ဥပမာ -
အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။
2️⃣ အနီရောင် ရှိသော အသားများ -
ဥပမာ -
အမဲသား၊ ဆိတ်သား။
3️⃣ ပင်လယ်စာ များ၊ ငါးသေတ္တာ ငါးအစရှိတဲ့ အစားအစာ တွေ ပာာ
Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို
ပိုများစေပါတယ်။
4️⃣ တစ်နေ့ကို အသင့်သောက်
အချိုရည် ၆ဘူး အထက်
သောက်တဲ့ သူတွေ မှာ လည်း
Uric Acid တွေ များနေပါတယ်။ အကြောင်းအရင်း ကတော့
အချိုရည် တွေ မှာပါတဲ့
သကြားတစ်မျိုးဂဖြစ်တဲ့
Fructose (ဖရက်တို့စ်) ကြောင့် ပါပဲ။
5️⃣ အရက် အလွန်အကျွံသောက်တာ ကိုလည်း ရှောင်ကြဉ် ရပါမယ်။
6️⃣ ကော်ဖီ ကိုလည်း
တစ်နေ့ ( ၂ ) ( ၃ ) ခွက်ထက်
ပိုပြီး မသောက် သင့်ပါဘူး။
7️⃣ ပဲပုပ်စေ့၊ ကုလားပဲ စတဲ့
ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့
လိုအပ်ပါတယ်။
8️⃣ ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။
ဆီးကျောက်တည်တာ ကို
ပိုပြီး ဆိုးစေလို့ပါ။
9️⃣ အသီးအရွက်ထဲ မှာ ဆိုရင် •••
ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊
မှို တွေကို အများကြီး မစားသင့်ပါဘူး။
ခြေထောက် ထုံနာ ကျင်နာကို မပြောခင် ဂေါက်ရောဂါအကြောင်းကို
ပြန်လည်မျှဝေသည်။
💌မေတ္တာဖြင့်
ပြန်လည် မျှဝေပါသည်။
💘Credit to HTET OO HLAING.
ဖက်ရှင်ဒီဇိုင်းအလှဆုံးအလန်းဆုံးအဝတ်အစားလေးတွေအကြာခင်ရောင်းပေးတော့မယ်နော်❤️❤️
😁
ခုတလော stay homeရင်း admin ကိုယ်တိုင်သုံးနေတဲ့ X5 Slimming belt ( အဆီကျခါးပတ် )
Price_ 12500 Ks
အဆီကျဆေးသောက်စရာမလိုပဲ
အိမ်မှာပဲ အေးအေးလူလူနဲ့ ခါးပတ်လေးပတ်
ပလပ်လေးတပ်ပြီး တနေ့ကို နှစ်ကြိမ်
( တကြိမ်မှာ မိနစ်သုံးဆယ်ခန့် ) အသုံးပြုပေးပြီးတိုင်း စက်ကို နှစ်နာရီသုံးနာရီလောက် အနားပေးထားဖို့မမေ့နဲ့နော်။
ဝမ်းဗိုက်မှာ အဆီစုနေသူများ
ပေါင်လုံးကြီးလို့ စိတ်ညစ်နေရသူများ
လက်မောင်းသားလေး တင်းတင်းရင်းရင်း ဖြစ်ချင်နေသူများ
အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု မရှိသူများ
လေ့ကျင့်ခန်း ပုံမှန် လုပ်ဖို့ အချိန်မပေးနိုင်တဲ့ သူများ
အတွက် သတင်းကောင်းပေါ့နော်။
X 5 အဆီကျခါးပတ်လေးမှာ
မော်တာ 5 လုံးပါဝင်လို့ တုန်ခါအားပြင်းပြင်းနဲ့
အဆီပိုတွေ အဆီအခဲ တွေကို ထိရောက်စွာ
ချေဖျက်ပေးနိုင်ပါတယ်။
Slimming belt ကို ကိုယ်လိုသလို
အကျဉ်းအကျယ် အလျှော့အတင်း ပြုလုပ်နိုင်ပြီး
ပတ်ပတ်လည်မှာ ကပ်ခွာလေးတွေ ပါဝင်တာမို့
မိမိစိတ်ကြိုက် လက်မောင်း ပေါင် ဗ်ိုက်သား
ဘယ်နေရာမှာမဆို အလွယ်တကူ ပတ်နိုင်ပါတယ်နော်။
အဆီကျခါးပတ်လေးနဲ့ ပလပ်ပေါက်ကို join ပြီး
အရှိန်ပြင်းပြင်းတုန်ခါလိုလျှင် strong
အရှိန်လျော့လိုလျှင် weak
ပိတ်ချင်လျှင် off ကို နှိပ်ပြီး အလွယ်တကူ
အသုံးပြုနိုင်ပါတယ်ရှင်။
✖ အစာအိမ်အခံရှိသူများ
✖ ကိုယ်ဝန်ဆောင်များ အသုံးပြုရန်သင့်တော်ခြင်းမရှိပါ
သတိပြုရန် ။ ။
အဆီကျခါးပတ်အသုံးပြု ပြီး တစ်နာရီခွဲ နှစ်နာရီကျော်မှ ရေချိုး ထမင်းစားပါ။
မူရင်း video Crd
အရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားသူ
တစ်ယောက်က ကျောက်ကပ်ထိလို့ ကျောက်ကပ်ဆေးနေရတယ်ဆိုတော့...
ဇစ်မြစ်ကို လိုက်ကြည့်လိုက်တဲ့အခါမှာ...
အဖြေကတော့
ဒီလူဟာ မုန့်ဟင်းခါးအလွန်ကြိုက်လို့ နေ့တိုင်းစားသူပါတဲ့
မုန့်ဟင်းခါးမှာပါတဲ့ မုန့်ဖတ် မချဉ်အောင် မပုတ်မသိုး
အောင်သုံးတဲ့ ဓါတုဆေးဝါးတွေကြောင့်ပါတဲ့ ......
မုန့်ဖတ်လုပ်တဲ့ဖို အားလုံးနီးပါးကလည်း မုန့်ဖတ်တွေ
မပုတ်အောင် အတွက် လူသေတွေမပုတ်အောင်သုံးတဲ့
ဖေါ်မလင်တွေ သုံးကြတယ်ဆိုတာ့့ ့
ကိုယ်တွေလည်း ကြားဖူးတာတော့ကြာပါပြီ....
မုန့်ဖတ်ဖိုတွေရဲ့ လက်သုံးစကားက လူတကာ က
သုံးနေကြလို့ သူတို့လည်းမသုံးမဖြစ် သုံးလိုက်ရတာပါတဲ့..
ဒီကြားထဲ သစ်သီးသည်တွေက မှည့်ဆေးတွေသုံး..
ပုဇွန်ခြောက်ငခြောက်က ဓါတုဆေးတွေဖြန်း....
အစာအတု ဆေးအတု ရေသန့်အတု နဲ့ ဆိုးဆေးတွေ ဓါတုဆေးတွေကြားမှာ နေထိုင်ရှင်သန်နေကြရတဲ့
ဘဝတွေထဲက....
ကိုယ့်အလှည့် ဘယ်တော့ရောက်ပါ့မလဲတွေးရင်း 🙄🙄
@ Mg via ချန်ပီယံ @
Myanmar Health Journal
စျေးခဏခဏမသွားနိုင်တဲ့ကာလမှာ အသားငါး အသီးအရွက်အစုံ ရေခဲသေတ္တာထဲအထားခံအောင် သိမ်းဆည်းနိုင်မယ့် အသုံးဝင် မီးဖိုချောင်နည်းလမ်းလေးတွေပါ 🍅🥕
အသားဆို ဆားနနွင်းနယ်ပြီး ကော်ဘူးထဲထည့်သိမ်းလို့ရပါတယ် (ကြက် ၀က် အမဲသား ဘဲသား အသားစုံထိုနည်းအတိုင်းပါ)
ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာ ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကျက်နေအောင်ပြုပ်ပြီး ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်🍤🍤🍤
ငါးမွှေဖို့ဆို ငါးကို ငံပြာရည်နဲ့မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကင်းမွန်ကိုတော့ သေချာကိုင်ပြီး ရေနွေးနဲ့ခနပြုပ်ပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်
ငါးဖယ်ကိုတော့ ချက်မှာဆို မပျော့မမာလေးကြော်ထားပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်
ငါးဖယ်အစိမ်းချက်ဆိုရင်တော့ ရေနွေးဆူထဲ ဆားနည်း၂ထည့် လက်လေးနဲ့ အနေတော်လုံးပြီး ၃မိနစ်လောက်ပြုပ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကင်းပွန်းချဉ်ရွက်ကိုတော့ သေချာနယ်ဖတ်ဆေးပြီး ရေနွေးအိုးဆူထဲ ခနပြုတ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး
စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီး
သိမ်းနိုင်ပါတယ်
ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်
ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်
ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီး အိုးထဲထည့်ကျိုပြီး ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်
မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ် 🥕🥕🥕
မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နည်း၂နူးရင် ဘူးထဲထည့်သိမ်းနိုင်ပါတယ်
မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့တဖတ်ချင်းစီပတ်ပြီး သိမ်းနိုင်ပါတယ် 🥬🥬🥬
မျှစ်ကိုတော့ ရေစင်အောင်ဆေး တနာရီလောက်ပြုပ် ရေစစ်ပြီး အဖတ်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီး အခဲကန့်မှာ ထည့်သိမ်းနိုင်ပါတယ်
ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ်
ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲပဲပြားတုံး ရေမြုပ်တဲ့ထိစိမ်ပြီး သိမ်းနိုင်ပါတယ်
ဇရစ်ရိုးကိုတော့ အမျှင်တွေဖယ်သင်ပြီး ရေဆေးပြီး ရေနွေးဖျောကာ အခဲကန့်ထဲမှာ ဘူးနဲ့သိမ်းနိုင်ပါတယ်
ဂေါ်ဖီထုပ်ကိုတော့ ရိတာတွေ ပိုးကိုက်တာတွေကို ဓားနဲ့သင်ပြီးမှ သတင်းစာနဲ့ ၃ထပ်လောက်လုံနေအောင်ပတ်ပြီး သိမ်းနိုင်ပါတယ်
အချိန်ရရင် တဖတ်ချင်းစီခွာပြီး သတင်းစာနဲ့ပတ်ပြီးလည်း သိမ်းနိုင်ပါတယ်
နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီး
အိတ်ထဲထည့်ကာ သိမ်းနိုင်ပါတယ်
ငြုပ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်
ပြုတ်မထားဘဲ အစိမ်းထားချင်သူက ဘူးအောက်ခြေမှာ သတင်းစာလေးခံပြီး အညာချွေထားတဲ့ငြုပ်သီးလေးတွေကို ရေစင်အောင်သုတ်
ဖြန့်ထားကာ ထားနိုင်ပါတယ် 🌶🌶🌶
ဂေါ်ဖီပန်းပွင့်ကိုတော့ မကောင်းတာတွေဓားနဲ့ရှပ်ပြီး လက်တဆုပ်စာလေးတွေသင်ပြီး သတင်းစာလေးနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်🥦🥦🥦
ခရမ်းချဉ်သီးကိုတော့ ရေစင်အောင်ဆေး ရေနွေးဆူထဲထည့် အနှစ်ရတဲ့ထိမွှေပြီး အနှစ်ပျစ်လာတဲ့အခါအခါဆယ်ပြီး ဘူးထဲထည့် သိမ်းနိုင်ပါတယ်
ခရမ်းသီးကိုတော့ ရေစင်အောင်ဆေးပြီး သေချာခြောက်နေအောင် ပြန်သုတ်ပြီးတလုံးချင်းစီ သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ် 🍆🍆🍆
သံပရာသီးကိုတော့ ရေဆေးပြီး ဇကာပေါက်ပါတဲ့ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ် 🍋🍋🍋
သံပရာသီးခြောက်မှာစိုးရင်တော့ အလုံးလိုက်အရည်တွေ ညစ်ယူပြီး ဖန်ပုလင်းအသန့်ထဲ ထည့်ကာ သိမ်းနိုင်ပါတယ်
ကြက်ဥ ဘဲဥကိုတော့ ရေစင်အောင်ဆပ်ပြာနဲ့ဆေးပြီး ကတ် သို့မဟုတ် ဇကာပေါက်ပါတဲ့ ကော်ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်
အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ် 🍎🍇🍊🍋
ဆီခနခနသတ် အဖြူအနီတွေမထုထောင်းချင်ဖူးဆိုရင်တော့ ဂျင်းကြက်သွန်ဖြူနီကိုများများနွှာပြီးထုထောင်း ဆီသတ်နွမ်းတဲ့အခါ
အရောင်တင်မှုန့်ထည့်ပြီး
ဟင်းချက်နှစ်ကို စတီးချိုင့်ထဲထည့်ကာ
သိမ်းနိုင်ပါတယ်
ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အသီးကတော့ ငှက်ပျောသီးပါ အမှည့်ကြာစေတာမို့
အပြင်မှာဘဲထားစားပါ
ပေါင်မုန့်ကိုလည်းမထည့်သင့်ပါဖူး အစိုဓာတ်ကိုခြောက်သွေ့စေပြီး ပေါင်မုန့်သား မာဆတ်၂ ဖြစ်စေလို့ပါ
ကြက်သွန်ဖြူနီတွေကိုလည်းနွှာပြီး ရေခဲသေတ္တာထဲ ဒီတိုင်းမထည့်သင့်ပါဖူး အနံ့တွေနံတတ်လို့ပါ သိမ်းချင်ရင်နွှာပြီး ရေစင်အောင်ဆေးပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်ရှင့်😇
Credit မူရင်းဝေမျှသူ
Credit photos
ကျနော် အုန်းနို့ခေါက်ဆွဲ အရမ်းကြိုက်ပါတယ် -
နို့နဲ့ချက်တဲ့ အတုကို မစားပါ - အုန်းနို့ဟာ
လူကို အန္တရယ်ဖြစ်စေလား - ဆရာ၀န်ကိုယ်တိုင်
ရေးထားတာလေးဖတ်ကြည့်ပါ -
-
-
၄၀ ဂရမ်လောက်ရှိတဲ့ အလတ်စား
အုန်းသီးတလုံး ရဲ့ အုန်းဆန် နဲ့ အုန်းရေ
မှာအရွယ်သင့် လူတဦးအတွက် တနေ့ စာ
လိုအပ်တဲ့ ဗီတာမင် ၊ သတ္တုဓါတ် နဲ့ကယ်လို
ရီစွမ်းအင် အပြည့်အ၀ ပါရှိပါတယ် ။
-
အုန်ဆန်မှာ ပါ၀င်သော အဆီက
ပြည့်၀ဆီ saturated fatty acid
( lauric acid ) ဖြစ်ပါတယ် ။
-
ဒီ Lauric acid အဆီက
High - density lipoprotein(HDL)ကို
မြင့်တင်ပေးပါတယ် ။ ဒါကြောင့်နှလုံး
သွေးကြောပိတ်ခြင်း ၊လေဖြတ်ခြင်း ကို
ကာကွယ် ပါတယ် ။
-
အုန်းရေက လူကို လန်းဆန်းစေပြီး
ရေငတ်ခြင်းကို ပြေပျောက်စေပါတယ် ။
-
အုန်းရေမှာ သကြားဓါတ် ၊ သတ္တုဓါတ် နဲ့
electrolytes များ ပါ၀င်ပါတယ် ။
ယခု လူလုပ် ဓါတ်ဆားနဲ့ တူညီပါတယ် ။
-
အုန်းရေမှာပါတဲ့ cytokinin ဟာ
အိုမင်းရင့်ရော်ခြင်းကို တားဆီးပေး
သလို ၊ သွေးခဲခြင်းနဲ့ ကင်ဆာဖြစ်ခြင်း
ကိုလဲ ကာကွယ်ပါတယ် ။
-
အခုထိ တွေ့ ရတာက အုန်းသီးမှာ အန္တရာယ်
ပေးမဲ့ ပစ္စည်း ရယ်လို့ မပါ ပါဘူး ။
-
ဒါပေမဲ့ မြန်မာတွေ အကြားမှာ
အုန်းသီးက လူဆိုးကြီးဖြစ်နေပါတယ် ။
-
လူတွေက အုန်သီးဆန် ၊ အုန်းရေ ၊ အုန်နို့ ၊
အုန်းထမင်း ၊ အုန်းနို့ ခေါက်ဆွဲ စသည်တို့ကို
ကြိုက်ကြပေမဲ့ ကြောက်ကြပါတယ် ။
-
အုန်းနို့ ခေါက်ဆွဲ လို့ ပြောပြီး
အုန်းနို့ မပါဘူး ၊ နို့စိမ်းနဲ့ ချက်တာလို့
ဂုဏ်လုပ် ပြောဆိုနေကြပါတယ် ။
-
အုန်းသီးရှောင်နိုင်ရင် လူတော်လိုလို ၊
ပညာရှိလိုလို ဖြစ်နေပါတယ် ။
-
ကောင်းတဲ့ အစာကို ရှောင်နေရပါတယ် ၊
စားပါလို့ ရဲရဲလဲ မပြောဝံ့ပါဘူး ။
-
-
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
-
-
(Dr) Myint Thein ၏ ဖေ့ဘွတ် စာမျက်နှာ မှ
ကူးယူ * (ကောက်နှုတ်) * ဖေါ်ပြပါသည်
စာရေးသူ အား ခရက်ဒစ်ပေးပါသည်
သာသနာ ( ၂၅ဝဝ )ကျော်လာရင်
ရှေးလူကြီးတွေ ပြောဖူးတယ်။
သာသနာ ( ၂၅ဝဝ )ကျော်လာရင်
မမြင်ဘူးတာတွေ မြင်ကြရလိမ့်မယ်။
မကြားဘူးတာတွေ ကြားကြရလိမ့်
မယ်။
မဖြစ်ဖူးတာတွေ ဖြစ်ကြလိမ့်မယ်။
သဘာဝဘေးဆိုးတွေ ဝင်လာလိမ့်
မယ်။
လက်နက်ဆန်းတွေ ပေါ်လာလိမ့်မယ်။
ရောဂါဆန်းတွေ ဖြစ်ကြလိမ့်မယ်။
စစ်ပွဲတွေ ဖြစ်လာမယ်။
အငတ်ဘေးတွေ ကြုံလာမယ်။
ရောဂါ ကပ်ဘေးတွေ ဖြစ်လာမယ်။
သဘာဝဘေးတွေ ဖြစ်လာမယ်။
ရုပ်ဝတ္ထုတွေ ထွန်းတောက်
တိုးတက်လာကြလိမ့်မယ်။
လူ့အတတ် နတ်မက
လူ့အကြိုက်လည်း နတ် မလိုက်နိုင်။
လူတွေ လောဘ
အတ္တ အားကြီးလာကြလိမ့်မယ်။
ရုပ်ဝတ္ထု တိုးတက်ရင်
လောဘနောက် လိုက်ကြရင်း
လူတွေ
စိတ်ပိုင်းဆိုင်ရာ အားနည်းလိမ့်မယ်။
မလုပ်သင့် မလုပ်ထိုက်တာတွေ
လုပ်ကြလိမ့်မယ်။
မိန်းမတွေ
ယောက်ျားနှင့် ရင်ဘောင်တန်း
လာလိမ့်မယ်။
မိန်းမတွေ
ယောက်ျားနှင့် တူလာမယ်။
ရဟန်းတွေ လူနဲ့တူလာမယ်။
ဘုန်းကြီးကျောင်းတွေ အိမ်နှင့်
တူလာမယ်။
အဆိုးအကောင်း ဒွန်တွဲလာလိမ့်မယ်။
အပျက်တရား ပိုမြန်လာလိမ့်မယ်။
ရုပ်ဝတ္ထု တိုးတက်နေ၍
လူတွေ
ကိလေသာအာရုံ လောကီနောက်သာ
လိုက်နေကြလိမ့်မယ်။
မိဘကို ပြန်သတ်
မိဘကို ပြန်စော်ကား
သား သမီးကို မယားလုပ် လင်လုပ်
လာကြလိမ့်မယ်။
ဒီလိုအချိန်မှာ…
ပါရမီရှိတဲ့သူ
စိတ်ကောင်းရှိတဲ့သူ
သံဝေဂ တရား
ရလာကြလိမ့်မယ်။
အလိုလို
ကြောက်စိတ်၀င်လာကြလိမ့်မယ်
တဖက်မှာလည်း…
အရိယာသူတော်ကောင်းတွေ
ပေါ်ထွန်းနေလိမ့်မယ်။
တရားပြ တရားကျင့်နေကြလိမ့်မယ်။
မသိသူ ကျော်သွား
သိသူ ဖော်စားကြလိမ့်မယ်။
၀ိမုတ္တိယုဂခေတ်
အနတ္တသာသနာ တပါတ်လည်
ပြန်ပေါ်လာမယ်။
အရိယာတွေ ပေါ်ထွန်းနိုင်တဲ့ခေတ်
တရားကျင့်ရင် ကျင့်သလို
တရားရကြလိမ့်မယ်။
မကောင်းသူ ပယ်
ကောင်းသူ ကယ်မယ် တဲ့။
အရိယာသံဃာ စော်ကားလို့
အပါယ်ငရဲ ဆင်းကြလိမ့်မယ်။
သိသူဖော်စားလို့ နတ်ပြည်တက်
အရိယာဖြစ်ကြလိမ့်မယ်။
ဒီအချိန် သူတော်ကောင်းကို
တွေ့အောင် ရှာ။
မတွေ့တွေ့အောင် ရှာပါတဲ့။
သူတော်ဆည်းကပ် မြတ်တရား
နာပါတဲ့။
လူ့ဘဝဆိုတာ ရခဲတယ်။
ဘုရားရှင်နဲ့ တွေ့ခဲတယ်။
သာသနာနဲ့ ကြုံကြိုက်ခဲတယ်။
ကြုံနေရင်လည်း လက်ခံခဲတယ်။
လက်ခံပါသော်လည်း ကျင့်ကြံခဲတယ်။
ကျင့်ကြံသော်လည်း ဆိုက်ရောက်ခဲ
တယ်။
ယခုအခါမှာကား…
လူလည်း ဖြစ်လာ
သာသနာနှင့်လည်း ကြုံခိုက်
အမြိုက်တရား
ဟောကြားမည့်သူက မရှား။
ထိုသို့ဖြစ်ပါလျှက်
အမှန်ကို မကြိုက်
အမှားကို လိုက်ပြီး
အမှားကို ကြိုက်နေကြပါလျှင်
အမိုက်တကာ့ ဗိုလ်မင်းထက်
မိုက်တဲ့သူ မရှိ။
သူတော်ကောင်းစကား နားမထောင်
တရားကို မကျင့်ကြံကြလျှင်
တီထွေးကြီးတွေသာ ဖြစ်ကြရလိမ့်မည်
တဲ့။
(ရှေးလူကြီးသူမများစကားမှ)
အရှင်ဇဝန
Credit SLC
ပြန်လည်မျှဝေပါသည် 🙏🙏🙏
ညကကျန်နေတဲ့ရေနွေးတွေကို မနက်ရောက်ရင် သွန်ပစ်ပါ
သောက်မိရင် အဆိပ်ထက်ပြင်းပါတယ်။
️ ၁/ ထမင်းစားပြီးရင်ရေနွေးတခွက် သောက်ပေးရပါတယ်။
️၂/ရေနွေးကိုအအေးခံထားရင် ရေကျက်အေး
ဖြစ်သွားပါတယ် ပိုးမွှားကင်းစင်ပြီး ဝမ်းကိုထိန်းစေပါတယ်။
ဝမ်းပျက်ဝမ်းလျှောကို ကာကွယ်စေပါတယ်။
️၃/နေ့ကျိုရင် နေ့သောက်ပါ ညကျိုရင်ညသောက်ပါ
နေ့ကျိုတာကိုညသောက်ပြီး ညကျိုတာကို နေ့သောက်မိရင်
တေဇောဓာတ်ညံ့သွား၍ ဝမ်းချုပ်စေသည်။
️၄/ရေကျက်အေးကို ရေနွေးလုပ်လျှင်မသင့်
အဆိပ်နှင့်တူပါတယ်။
၅/ရေနွေး ကျိုချက်တဲ့အခါ ဆူပွက်ပြီး ကျက်အောင်ကျိုပါ
️၆/ကော်ဖီဖျော်ရင် ၆နာရီအတွင်း ကျိုချက်ထားတဲ့
ရေနွေးနဲ့ဖျော်ပါ။
️၇/ဓာတ်ဘူးထဲက ရေနွေးနဲ့ဖျော်ရင် ၆နာရီထက်ကျော်ပြီး
လှောင်ထားတဲ့ရေနွေးကို မသုံးသင့်ပါ။
️၈/ဓာတ်ဘူးထဲမှာအေးပြီးသားရေနွေးဟာ
ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွှေးပြီမသုံးသင့်ပါ
ပြန်ကျိုချက်ပြီးမသောက်ပါနှင့်
️၉/ညသိပ်ရေနွေး ရေနွေးကြမ်းကအဆိပ်ဖြစ်လို့
အစာအိမ်ကို ကမောက်ကမဖြစ်စေပါတယ်။
️၁၀/ရေနွေးသောက်ပြီး ၁နာရီအတွင်း
ရေအေးမသောက်ပါနဲ့။
️၁၁/ရေအေးသောက်ပြီး ၁နာရီအတွင်းမှာလဲ
ရေနွေးမသောက်ပါနဲ့။
မူရင်းတင်သူ ပညာရှင်အား လေးစားစွာ
ပြန်လည်ဖော်ပြပေးပါသည်။
# Crd
🙏🙏🙏 စျေးအသက်သာဆုံး အတန်ဆုံး တစ်ခုခြင်းလက်လီဝယ်လို့ရတဲ့
ရွှေလှေ online shopping မှ ကြိုဆိုပါတယ်ရှင်🙏🙏🙏
Online ကစျေးဝယ်ရတာ စျေးတွေကကြီး ပို့ခကများနဲ့မို့ မဝယ်ဖြစ်တဲ့အိမ်ရှင်မများအတွက်👈👈👈
😍ရွှေလှေ online shopping လာပါပီရှင် 😍
⭐ အမှန်ကန်ဆုံးပစ္စည်းများကို အသက်သာဆုံးစျေးနဲ့ ဝယ်သူဆီအမြန်ဆုံးပို့ပေးနေပါတယ်ရှင် ⭐
👍နေ့စဉ်နဲ့အမျှအသစ်အသစ်ပေါ်လာတဲ့အိမ်သုံးပစ္စည်းတွေကိုတနေရာထဲမှာ စျေးသက်သာစွာဝယ်ယူချင်တဲ့ အိမ်ရှင်မများ Like လုပ်ထားသင့်တဲ့ Page လေးပါ။
📦ရန်ကုန် မှအပ အခြားမြို့များမှ မှာယူသူများ ငွေလွှဲဝင်ပြီး နောက်နေ့ ကားဂိတ်ပို့ပါတယ်ရှင် ပစ္စည်းတန်ဖိုးနှင့်အတူ ဂိတ်ပို့ခ ၂၀၀၀ ပေါင်းလွှဲပေးရပါမယ်ရှင်
📣ပဲခူး ၊ မန်းလေး ၊ နေပြည်တော် အိမ်အရောက်ပို့ဆောင်ပေးပါတယ်။
📦ပဲခူး နဲ့ မန်းလေး မြို့တွင်း ပို့ခ ၃၀၀၀ ကျပ်
📦နေပြည်တော် မြို့တွင်း ပို့ခ ၃၅၀၀ ကျပ်
Chat box မှ မှာယူနိုင်ပါတယ်ရှင် ( သို့မဟုတိ )
📲 09 967407090ကို Viber တွင် နာမည် -လိပ်စာအတိအကျအပြည့်အစုံ-ဖုန်းနံပါတ် နှင့် လိုချင်တဲ့ပစ္စည်း(အရေအတွက်နှင့်တကွ) ပေးပို့ပီးမှာယူနိုင်ပါတယ်ရှင်
အိမ်ရှင်မတိုင်းအကြိုက်တွေ့နေတဲ့ Kitchen စင်အသစ်လေးတွေ ထပ်ရောက်ပီနော်😍😍😍
စျေးနှုန်း - 6500ကျပ်
မီးဖိုချောင်သန့်ရှင်းပြီးသားလဲဖြစ်
နေရာလည်းမယူ
ဆားထည့်ဘူး နဲ့ ဟင်းခတ်အမွှေးအကြိုင်များထည့်နိုင်ပီး ငံပြာရည် ဆီ ဓါး
ဘူးစုံ ပုလင်းစုံ ဓါးစုံ တင်ထားလို့ရတဲ့
2ထပ်စင် လေးဖြစ်လို့ အခုပဲအိမ်မှာဆောင်ထားလိုက်နော် 😍😍😘
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်နော်!!!!
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေပါ/ပို့ခကတော့မြို့နယ်အလိုက် ကျသင့်ပါမည်။
နယ်မှ Customer များ deli ခနဲ့တန်ဆာခကိုထည့်ရှင်းပေးရပါမယ်။ နယ်သမားများငွေကြိုလွဲရပါတယ်၊ငွေလွဲပြီး 3 ရက်တွင်းပစ္စည်းပို့ပေးပါတယ် ။
✔️6 ချိတ် ဗိုက်စည်းတွေ ရပါပြီ...
စျေးနှုန်း 4000 ကျပ်
Size - M L XL 2XL 3XL 4XL 5XL
Color - သား၊ နက်
ဒီတစ်ခေါက်တော့ over မမတို့အတွက် 4XL 5XL ထိကိုမှာပေးထားတယ်နော်..
✔️Quality အာမခံတယ်နော်..
✔️အသားတံဆိပ်ပါတဲ့ပစ္စည်းအကောင်း
🥰🥰🥰ရောက်ရင်မှာမယ်ဆိုတဲ့ sis တို့တွေ၊ ပစ္စည်းအရောင်တွေ ဆိုဒ်တွေစုံတုန်းလေးအမြန်မှာထားကြပါနော်..!!!
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်နော်!!!!
မြို့နယ်အလိုက် Delivery Fees ပေးချေရပါမည်!!
🍉အစားအသောက် အုပ် ပလတ်စတစ်အလိပ်🍇
Price -1700 ကျပ်
Size - 30 cm
🍱အစားအသောက်တွေ အသီးအနှံတွေ အသားငါးတွွေ အစရှိတာတွေကို ရေခဲသေတ္တာထဲမှာ အနံ့တွေမစွဲအောင် တခြားအစားအစာတွေနဲ့မထိအောင် လေလုံအောင်ပိတ်ပြီး သိမ်းတဲ့ အခါပဲဖြစ်ဖြစ်
🍓အသီးအနှံလေးတွေကို လေလုံအောင် လှလှပပလေးထုပ် ပြီး လက်ဆောင် ပေးဖို့ပဲဖြစ်ဖြစ် အဆင်ပြေသလို အသုံးချလို့ရတဲ့ လိုသလောက်ဖြတ်ပြီးအသုံးပြုလို့ရတဲ့ ပလတ်စတစ်အအုပ်လေးတွေပါ
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေပါ/ပို့ခကတော့မြို့နယ်အလိုက် ကျသင့်ပါမည်။
နယ်မှ Customer များ deli ခကိုထည့်ရှင်းပေးရပါမယ်။ နယ်သမားများငွေကြိုလွဲရပါတယ်၊ငွေလွဲပြီး (၃)ရက်တွင်းပစ္စည်းပို့ပေးပါတယ် ။
ဘက်စုံသုံး ရေခဲသေတ္တာထည့်ခြင်းလေးတွေ 😍😘
Price - 2500 ks
ရေခဲသေတ္တာထဲ အစားအသောက် အသီးအနှံ့တွေ ပြန့်ကျဲပီး အိတ်တွေနဲ့ ရှုပ်ပွနေလား စနစ်တကျ သပ်သပ်ရပ်ရပ်ဖြစ်စေမယ့် ရေခဲသေတ္တာထည့်ခြင်းလေးပါနော်
ရေခဲသေတ္တာရယ်မှ မဟုတ်ပါဘူးနော် မိမိအသုံးပြုချင်သည့်နေရာကို အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်ရှင်😍😍😘
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေပါ/ပို့ခကတော့မြို့နယ်အလိုက် ကျသင့်ပါမည်။
နယ်မှ Customer များ deli ခကိုထည့်ရှင်းပေးရပါမယ်။ နယ်သမားများငွေကြိုလွဲရပါတယ်၊ငွေလွဲပြီး (၃)ရက်တွင်းပစ္စည်းပို့ပေးပါတယ် ။
သားသားမီးမီးတို့အတွက် ပုံ ပေါင်း 8000ပါ ရောင်ခြယ် စာအုပ်လေးလဲထပ်ရောက်တယ်နော်😍😍
စျေးနှုန်း - 4500 ကျပ်
မူကြိုတက်ရမည့် သားသားမီးမီးတို့ အတွက် Home Stay နေရတာ မငြီးငွေ့စေဖို့ ၊ စာသင်ဖို့ တော်တော် အကြံဉာဏ် ထုတ်နေစဉ် ဒီပုံပေါင်း 8000 ပါတဲ့ ပုံဆွဲစာအုပ်တွေ့တော့ ဝမ်းသားအားရဝယ်မိတော့တာပေါ့...
✏✏✏ရောင်စုံခဲတံ 12ချောင်း ပါပြီးသားပါ...
စာအုပ်လေးကိုတွေ့တာနဲ့ ကလေးတွေ အရမ်းသဘောကျကြမှာပါ စာအုပ်ထဲမှာ ကလေးတွေကြိုက်တဲ့ပုံအမျိုးအစားတွေ အများကြီးပါပါတယ်
စာမျက်နှာ 336 ရွက်ပါပြီး ပုံပေါင်း 8000 ပါလို့ phတွေပေးကြည့်မဲ့အချိန်မှာ ဒီ အရောင်ခြယ် စာအုပ်လေးသာပေးထားလိုက်ရင် ကလေးတွေအတွက် စိတ်တည်ငြိမ်မှုရှိစေပြီး တကယ်အကျိုးရှိမှာပါ
ပါဝင်တဲ့ပုံတွေကတော့ တိရစ္ဆာန်မျိုးစုံ/ အပင်အမျိုး/အသီးတွေ/ ယာဉ်တွေ/အရုပ်တွေ/ပန်းပွင့်တွေ စသဖြင့် တော်တော့်ကို စုံပါတယ်
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်နော်!!!!
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေပါ/ပို့ခကတော့မြို့နယ်အလိုက် ကျသင့်ပါမည်။
နယ်မှ Customer များ deli ခနဲ့တန်ဆာခကိုထည့်ရှင်းပေးရပါမယ်။ နယ်သမားများငွေကြိုလွဲရပါတယ်၊ငွေလွဲပြီး 3 ရက်တွင်းပစ္စည်းပို့ပေးပါတယ် ။
အိမ်ရှင်မတို့အတွက် ...ဓားအစုံ 🍎🍐🥦🥐🍗
စျေးနှုန်း 4000 ကျပ်
မီးဖိုချောင် မှာမရိှမဖြစ် ဓားအစုံလေးပါနော်
စတီးသားထူထူ နဲ့ ဓားထက်ထက်လေး 8မျိူး အစုံပါပီး
🍗🍖 အသားခုတ်ဓား ၁ချောင်း
🍐🥦 အသား အရွက်လှီးဓား ၁ချောင်း
🍐🍎ဓား အလတ် 1 ချောင်း
🍎 အခွံနွာ အသီးနွာ ၁ခု
🍎 ဓားသေး ၂ချောင်း
🍐 ကပ်ကျေး ၁လက်
🍐 ဓားသွေးတံတခု
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေပါ/ပို့ခကတော့မြို့နယ်အလိုက် ကျသင့်ပါမည်။
နယ်မှ Customer များ deli ခကိုထည့်ရှင်းပေးရပါမယ်။ နယ်သမားများငွေကြိုလွဲရပါတယ်၊ငွေလွဲပြီး (၃)ရက်တွင်းပစ္စည်းပို့ပေးပါတယ် ။
17 မျိုးဘူး
Price-7500ks
အရောင်- အစိမ်းရောင်/ ပန်းရောင်
👱♀️ အိမ်ရှင်မတို့ လက်စွဲလေးနော်
အရွယ်စုံ size စုံ ၁၇ မျိုးတောင်ပါတယ်နော်
🥓🥩🍗🍖 အသားမျိုးစုံ ထည့်မလား
🥜 ပဲအမျိုးမျိုးထည့်မလား
🍤🍤 အကြော်အလှော် ထည့်မလား
🍿🍫🍟 သရေစာမုန့် အမျိုးမျိုး ထည့်မလား
🍰🥪🍕 ကိတ်မုန့်၊ ပေါင်မုန့် ၊ ပီဇာ ထည့်မလား
🥕🍆🌶🥒🥬 ဟင်းသီးဟင်းရွက်
🍎🍊🍋🍍🥭🍑🍇🍓🍈 သစ်သီးဝလံ
📍✏️📌✂️🖇️ တိုလီမုတ်စလေးတွေ ထည့်မလား
ကြိုက်တာထည့်လို့ရပါတယ်ရှင့်
အိမ်ရှင်မတို့အတွက် မရှိအဖြစ်ဆောင်ထားသင့်တဲ့ ဘူးလေးတွေပါရှင့် 💗
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်နော်!!!!
မြို့နယ်အလိုက် Delivery Fees ပေးချေရပါမည်!!
အိမ်ရှင်မတို့ကြိုက်မယ့် 😊
အသုံးတည့် ဆီလီကွန် အဖုံးလေးတွေပါ။
ဗူး၊ ပန်းကန်၊ ခွက် ဆိုဒ်စုံ အတွက် လေလုံအဖုံးအဖြစ်အသုံးပြုနိုင်ပါတယ်။😊
6pcs set - 3000 kyats
instock!
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်နော်!!!!
မြို့နယ်အလိုက် Delivery Fees ပေးချေရပါမည်!!
အသင့်ရှိနော်😘😘
🤘ပန်းသီး လက်သည်းညှပ်🤘
💰 Price - 1500 /- Kyats
👌🏻တစ်ဘူးထဲနဲ့ အစုံပါတာနော်.. ခရီးသွားလို့ပဲ သယ်သယ် အိတ်ဆောင်ပဲထားထား အရမ်းကိုအဆင်ပြေတာနော်....
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်နော်!!!!
မြို့နယ်အလိုက် Delivery Fees ပေးချေရပါမည်!!
ဘိုထိုင်ခဲ 10 ခုပါတစ်ထုပ် 😍
Price -2500 ကျပ်
ဘိုထိုင်အိမ်သာတွေမှာသုံးဖို့ အတွက်
😊အညစ်အကြေးတွေကို အလွယ်တကူသန့်စင်စေနိုင်ပါတယ်
😊ပိုးသတ်ဆေးအပျော့စားပါဝင်လို့ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးပါတယ်
😊အနံ့အသက်ဆိုးတွေကိုလဲ ထိန်းသိမ်းပေးနိုင်ပါတယ်
😊တထုပ်မှာ ၁၀ ခဲပါပါတယ်၊စျေးလဲအရမ်းသက်သာလို့ သုံးပျော်ပါတယ်နော် 🙂🙂😍
Product - In Stock
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်နော်!!!!
မြို့နယ်အလိုက် Delivery Fees ပေးချေရပါမည်!!
Shopping bag
Price - 3500 ks
shopping ထွက်မယ့် ချစ်လေးတွေအတွက် ဘာမှ ယူသွားစရာမလိုဘူးနော်။ ပိုက်ဆံလေးထည့် ဒီခေါက်အိတ်လေး ယူသွားရုံပဲ ဟိုရောက်မှ ဝယ်စရာ ရှိတာဝယ်ပြီး ခေါက်အိတ်လေးကို လက်ဆွဲတွန်းလှည်းလေးအဖြစ် ပုံပြောင်းလိုက်မယ်လေ။ ပစ္စည်းများလို့ သယ်နိုင်ပါ့မလားလို့ လည်း စိတ်ပူစရာလိုတော့ဘူးOk ပြီနော်။
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေပါ/ပို့ခကတော့မြို့နယ်အလိုက် ကျသင့်ပါမည်။
နယ်မှ Customer များ deli ခကိုထည့်ရှင်းပေးရပါမယ်။ နယ်သမားများငွေကြိုလွဲရပါတယ်၊ငွေလွဲပြီး (၃)ရက်တွင်းပစ္စည်းပို့ပေးပါတယ် ။
ယုန်မွှေး ခါးကြိုးချည်လေး
ဈေးနှုန်း-(၇၀၀၀)ကျပ်
အသားလေးကတော့ မထူမပါးပဲနော်
ဘောင်းဘီလေးနဲ့ပဲဝတ်ဝတ်
စကပ်လေးနဲ့ပဲဝတ်ဝတ်
နုညံ့အိစက်နေတာမို့ ဝတ်ရတဲ့သူတွေအတွက်တော့ စိတ်ကျေနပ်မှု့ အပြည့်ပဲပေါ့ရှင်
ပေါင်-(၁၀၀-၁၄၀)လောက်ထိ တော်ပီး အရောင်(၇)ရောင်ပါရှင်
ဆင်စွယ်/အညိုရင့်/အညိုနု/အနီ/ငါးပိ/ခရမ်းဖျော့/အဝါ
Korea ခေါက်ဖျာ/ဖော့ဖျာ
size 5 ပေခွဲ 6 ပေခွဲ ဆိုဒ်
စျေးနှုန်း 15000 ကျပ်
ချစ်စရာအရုပ်ကလေးတွေနဲ့ အရောင်စိုစိုမျက်နှာပြင်နှစ်ဖက်အလှ korea ခေါက်ဖျာလေးပါနော်.....
♥ ♥ ♥ မီးမီးခေတ်နဲ့ သစ်အတွက်
မေမေချစ်သုဝေ ရွေးချယ်ပြီးသုံးလို့ လူကြိုက်များပြီး Hot ဖြစ်နေတဲ့ ဖော့ဖျာ Quality အကောင်းစားလေးပါရှင်.....
♥ ♥ ♥မေမေတို့အတွက် ယခင်ဖော့ဖျာများထက် ပိုမိုထူထဲအိစက်နေသည့် အထူ 1cm အား ယခုတစ်ခေါက် တင်သွင်းပေးထားပါတယ်နော်....
♥ ♥ ♥ခေါက်ချိုးရာလေးတွေပါလို့
ခေါက်ရလွယ်ပြီး အိတ်ကလေးနဲ့မလို့ အပြင်ယူသွားသွား/ အိမ်မှာသုံးသုံး/ခရီးသွားတဲ့အခါယူယူဘက်စုံအသုံးဝင်ပါတယ်ရှင် ....
♥ ♥ ♥ရေစိုရင်လည်းအလွယ်တကူ သုတ်လိုက်ရုံနဲ့ ပြောင်စင်သွားမှာပါပဲနော်....
💬Cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်
မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်းပစ္စည်းပို့ပေးပါတယ်နော်!!!!
မြို့နယ်အလိုက် Delivery Fees ပေးချေရပါမည်!!
Videos (show all)
Contact the business
Telephone
Website
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |
Sunday | 09:00 - 17:00 |