𝘿𝙧.𝙉 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙞𝙣𝙞𝙘 𝙖𝙣𝙙 𝙃𝙤𝙢𝙚 𝙎𝙚𝙧𝙫𝙞𝙘𝙚

𝘿𝙧.𝙉 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙞𝙣𝙞𝙘 𝙖𝙣𝙙 𝙃𝙤𝙢𝙚 𝙎𝙚𝙧𝙫𝙞𝙘𝙚

Getting quality Medical Care and vaccination service at 𝘿𝙧.𝙉 𝙊𝙣𝙡𝙞𝙣𝙚 𝘾

Photos from 𝘿𝙧.𝙉 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙞𝙣𝙞𝙘 𝙖𝙣𝙙 𝙃𝙤𝙢𝙚 𝙎𝙚𝙧𝙫𝙞𝙘𝙚's post 20/01/2024

ကာကွယ်ဆေးထိုးမယ်ဆို ကျွမ်းကျင်သော ဆရာဝန်များ၏ အကောင်းဆုံးဝန်ဆောင်မှု နှင့် ယုံကြည်စိတ်ချရသော Dr.N Online Clinic and Home service ကို ရွေးချယ်ကြရအောင်နော်

🛎နိုင်ငံခြားသွားရောက်မည့် သင်္ဘောသားများ၊ပြည်ပအလုပ်အကိုင်အေဂျင်စီ နှင့် Agent များ ၊ စက်ရုံ၊အလုပ်ရုံများအတွက်လည်း ကာကွယ်ဆေးထိုးဝန်ဆောင်မှုကို အထူးစျေးနှုန်းများဖြင့် 𝐃𝐫.N 𝐨𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐢𝐧𝐢𝐜 တွင် ရယူနိုင်ပါသည်ရှင့်။

▶️အပတ်စဉ် ဗုဒ္ဓဟူး ၊ စနေ နှင့်တနင်္ဂနွေနေ့တိုင်း home service လိုက်လံထိုးနှံပေးမှာဖြစ်​ပြီး ကြိုတင်၍ စာရင်းပေးသွင်းရန်လိုအပ်ပါမည်ရှင့်။

▶️ကြားရက်ထိုးနှံချင်သူများအတွက်လည်း ထိုးမယ့်လူဦးရေပေါ်မူတည်၍ ရက်ညှိနှိုင်းထိုးနှံပေးပါသည်ရှင့်

▶️ကိုယ်ပိုင် website QR ပါသော certificate card ကို ဆေးထိုးပြီးသည်နှင့် တစ်ခါတည်း ရရှိမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားအဆင်ပြေစေရန် English version QR card ထုတ်ပေးမှာဖြစ်ပါတယ်ရှင့်။

အသေးစိတ်သိရှိရန်နှင့် စာရင်းပေးသွင်းလိုပါက page chat box (သို့ ) 09958252134 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

11/01/2024

ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေ့ရှိမှု သတင်းထုတ်ပြန်ခြင်း
ရက်စွဲ၊ ၁၀- ၁-၂၀၂၄

၁။ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးသုတေသနဦးစီးဌာနသည် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာ (၁၈)ခုကို ၂၈-၁၂-၂၀၂၃ ရက်နေ့မှစ၍ မျိုးဗီဇတစ်ခုလုံးစစ်ဆေးမှု (Whole Genome Sequencing) ကို ဆောင်ရွက်ခဲ့ရာ ဓာတ်ခွဲနမူနာ(၁၆)ခုတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ တွေ့ရှိခဲ့ရပြီး စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိပြီးနောက် ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ(၃)ခုနှင့် ပြည် တွင်းကူးစက်မှုများမှ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ(၁၃)ခုတို့ဖြစ်ပါသည်။
၂။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများသည် SARS-CoV-2 Omicron Variant များ ဖြစ်ပြီး စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ(၃)ဦးတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကိုလည်းကောင်း၊ ပြည်တွင်းကူးစက်ဖြစ်ပွားသူ(၁၃)ဦးတွင် Omicron JN.1 (၁၁)ဦးနှင့် XBB.1.16.17 (၂)ဦးတို့ကိုလည်းကောင်း အသီးသီးတွေ့ရှိရပြီး ၎င်းတို့အားလုံးသည် ကျန်းမာရေး အခြေအနေများ သက်သာကောင်းမွန်ပါသဖြင့် သက်ဆိုင်ရာ ဆေးရုံအသီးသီးမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ် ပါသည်။ ယခုတွေ့ရှိရသော SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ပါသည်။
၃။ သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ အသစ်တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ JN.1 သည် EG.5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးထိခိုက်မှုအန္တရာယ်ဖြစ်နိုင် ခြေနည်းပါးကြောင်း၊ ၎င်းဗီဇပြောင်းမျိုးကွဲပိုးသည် ကူးစက်ပျံ့နှံ့မှုမြင့်တက်လာသော်လည်း ရောဂါ ပြင်းထန်မှုမရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာ ကွယ်ရန် ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို ခံယူသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

07/01/2024

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ အပတ်စဉ် သတင်းထုတ်ပြန်ချက်

(၁-၁-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၄-၁၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၁၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၃၇၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၉) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

25/12/2023

❤️𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥 ❤️

🎄❤️ချမ်းမြေ့ ပျော်ရွှင်ဖွယ်ရာ Christmas ကာလလေး ဖြစ်ပါစေလို့ "Dr N Online Clinic မိသားစုမှ"
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့် ❤️🌲

🎅ခရစ်ယာန်ဘာသာဝင်သူငယ်ချင်းများအားလုံးအတွက်လည်း ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်နေ့လေးဖြစ်ပါစေနော်..❤️🌲


☃️

Photos from 𝘿𝙧.𝙉 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙞𝙣𝙞𝙘 𝙖𝙣𝙙 𝙃𝙤𝙢𝙚 𝙎𝙚𝙧𝙫𝙞𝙘𝙚's post 17/12/2023

🛡🛡Pfizer (Bivalent) Vaccine ကြိုတင် စာရင်းပေးထိုးနှံနိုင်ပါပြီ။

‼️အခုဆိုရင် နောက်ဆုံးရ Bivalent vaccine ကို booster dose အနေ နှင့် ထိုးနှံနိုင်ပြီ ဖြစ်ပါတယ်ရှင့် ။

‼️ဆေးထိုးရမယ့်အကြောင်း မပြောခင် အရင်ဆုံးအနေနှင့် bivalent vaccine ဆိုတာ ဘာလဲ ၊ ဘယ်လို အကျိုးကျေးဇူးတွေရှိလဲ အရင်ရှင်းပြပေးချင်ပါတယ်ရှင့်။

‼️Bivalent လို့ ခေါ်တဲ့ နှစ်မျိုးစပ်ကာကွယ်ဆေးတွေဟာ ဘီတာ ၊ ဒလ်တာ နှင့် အိုမီခရွန်မျိုးစိတ်တွေအပြင် ယခုနောက်ဆုံး အသစ်ထွက်ပေါ်ထားတဲ့ အားကျူးရပ်စ်မျိုးကွဲတွေကိုပါ ကာကွယ်နိုင်စွမ်း(90% above) ရှိတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်ရှင့်

‼️ဒါကြောင့်မို့ အခုမှ Booster Dose ထိုးမယ့်သူများနှင့် အရင် Monovalent ကာကွယ်ဆေးထိုးထားတဲ့ မည်သူမဆို မဖြစ်မနေ တစ်ကြိမ် Bivalent vaccine ကို booster အနေနှင့် ထိုးနှံလို့ရပါမယ်ရှင့်။

(ထိုးရမည့် အကြိမ်အရေအတွက်.၊ပမာဏ dose တို့သည် အသက်အရွယ်၊Local guideline စသည်တို့ပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦးအနည်းငယ် ကွာခြားနိုင်ပါတယ်ရှင့်။)

❤️💉Booster Dose Price - Pfizer Bivalent (0.3ml)-85000 kyats

🛎နိုင်ငံခြားသွားရောက်မည့် သင်္ဘောသားများ၊ပြည်ပအလုပ်အကိုင်အေဂျင်စီ နှင့် Agent များ
အတွက်လည်း ကာကွယ်ဆေးထိုးဝန်ဆောင်မှုကို အထူးစျေးနှုန်းများဖြင့် 𝐃𝐫.𝐍 𝐨𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐢𝐧𝐢𝐜 တွင် ရယူနိုင်ပါသည်ရှင့်။

▶️အပတ်စဉ် ဗုဒ္ဓဟူး ၊ စနေ နှင့်တနင်္ဂနွေနေ့တိုင်း home service လိုက်လံထိုးနှံပေးမှာဖြစ်​ပြီး ကြိုတင်၍ စာရင်းပေးသွင်းရန်လိုအပ်ပါမည်ရှင့်။

▶️ကြားရက်ထိုးနှံချင်သူများအတွက်လည်း ထိုးမယ့်လူဦးရေပေါ်မူတည်၍ ရက်ညှိနှိုင်းထိုးနှံပေးပါသည်ရှင့်။

▶️Dr.N Clinic ၏ ကိုယ်ပိုင် website QR ပါသော certificate card ကို ဆေးထိုးပြီးသည်နှင့် တစ်ခါတည်း ရရှိမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားအဆင်ပြေစေရန် English version QR card ထုတ်ပေးမှာဖြစ်ပါတယ်ရှင့်။

⛑အသေးစိတ်သိရှိရန်နှင့် စာရင်းပေးသွင်းလိုပါက page chat box (သို့ ) 09958252134 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်




#အပိုဆောင်းထိုးနှံခြင်း









#အိမ်တိုင်ရာရောက်ဆေးထိုးဝန်ဆောင်မှု
#အလုပ်အကိုင်ရှာဖွေရေး


#သင်္ဘောသား
#ဆေးစစ်ဝန်ဆောင်မှု
#ပြည်ပအလုပ်အကိုင်ရှာဖွေရေး

Updated Links-https://www.cdc.gov/vaccines/covid-19/clinical-considerations/interim-considerations-us.html?fbclid=IwAR0qQB-gG4hJaGbW6wgqbUMKKukBr3ZAwV3EW6d49EJMLaqGmt6ja3namGs_aem_AeVfyms2YGZmsyzwpWaxUNw2CiWdDtf7dtu13r-3KWf-MD8D4uJdPFwaQFIjqmbdAIc&mibextid=Zxz2cZ

11/12/2023

ကာကွယ်ဆေးထိုးမယ်ဆို ကျွမ်းကျင်သော ဆရာဝန်များ၏ အကောင်းဆုံးဝန်ဆောင်မှု နှင့် ယုံကြည်စိတ်ချရသော Dr.N Online Clinic and Home service ကို ရွေးချယ်ကြရအောင်နော်

🛎နိုင်ငံခြားသွားရောက်မည့် သင်္ဘောသားများ၊ပြည်ပအလုပ်အကိုင်အေဂျင်စီ နှင့် Agent များ ၊ စက်ရုံ၊အလုပ်ရုံများအတွက်လည်း ကာကွယ်ဆေးထိုးဝန်ဆောင်မှုကို အထူးစျေးနှုန်းများဖြင့် 𝐃𝐫.N 𝐨𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐢𝐧𝐢𝐜 တွင် ရယူနိုင်ပါသည်ရှင့်။

▶️အပတ်စဉ် ဗုဒ္ဓဟူး ၊ စနေ နှင့်တနင်္ဂနွေနေ့တိုင်း home service လိုက်လံထိုးနှံပေးမှာဖြစ်​ပြီး ကြိုတင်၍ စာရင်းပေးသွင်းရန်လိုအပ်ပါမည်ရှင့်။

▶️ကြားရက်ထိုးနှံချင်သူများအတွက်လည်း ထိုးမယ့်လူဦးရေပေါ်မူတည်၍ ရက်ညှိနှိုင်းထိုးနှံပေးပါသည်ရှင့်

▶️ကိုယ်ပိုင် website QR ပါသော certificate card ကို ဆေးထိုးပြီးသည်နှင့် တစ်ခါတည်း ရရှိမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားအဆင်ပြေစေရန် English version QR card ထုတ်ပေးမှာဖြစ်ပါတယ်ရှင့်။

အသေးစိတ်သိရှိရန်နှင့် စာရင်းပေးသွင်းလိုပါက page chat box (သို့ ) 09958252134 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

09/12/2023

⛑💉သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံဖို့ Dr.N online clinic မှာ စာရင်းပေးသွင်း ထိုးနှံလို့ရပါပြီရှင့်💉⛑

⛑⛑ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ကောင်းမွန်သောကြောင့် ရောဂါပိုးမကူးစက်ခံရခင် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်ကြရအောင်နော်။

💉💉Gardasil-4 = 90000 kyats

❤️သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးအကြောင်း❤️

သင်သိပါသလား??

👉👉 သားအိမ်ခေါင်း ကင်ဆာ ဆိုတာ လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ Human Papilloma Virus ကြောင့် ဖြစ်တယ် ဆိုတာ……?

🎯ဒါဟာ အမျိုးသမီးတွေမှာ ဒုတိယ အဖြစ်များဆုံး ကင်ဆာရောဂါ တစ်ခု ဖြစ်ပါတယ်

👉 သားအိမ်ခေါင်းကင်ဆာ ဘာကြောင့် ဖြစ်ရတာလဲ❔❔❔

🎯လိင်ဆက်ဆံရာကနေတစ်ဆင့် ကူးစက်တတ်တဲ့ HPV virus 🦠 ကြောင့် အများဆုံး ဖြစ်ပြီး အထူးသဖြင့်

👉အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံတာ
👉လိင်ဆက်ဆံဖော် များတာ
👉လိင်ဆက်ဆံဖော် များသူနဲ့ အတူနေမိတာမျိုးမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်

သားအိမ်ခေါင်းကင်ဆာ ရောဂါရဲ့ လက္ခဏာတွေ အနေနဲ့

📌ပုံမှန် မဟုတ်တဲ့ သွေးဆင်းတာ
📌ပုံမှန်မဟုတ်တဲ့ အဖြူ ဆင်းတာ
📌ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုအကြား သွေးစလေးတွေ ဆင်းတာ
📌သွေးဆုံးပြီးနောက်ပိုင်းမှ သွေးပြန်ဆင်းတာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

‼️သားအိမ်ခေါင်း ကင်ဆာရဲ့ လက္ခဏာတွေက ကနဦးအဆင့်မှာ သိသိသာသာ ပြလေ့မရှိတာကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။

👉 သားအိမ်ခေါင်းကင်ဆာကို ကုသနိုင်မဲ့ ဆေးတွေ မပေါ်သေးပေမယ့် ကာကွယ်နိုင်ဖို့ အတွက် HPV Vaccine💉 သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ရှိနေပြီးသားပါ။ ၂၀၁၉ ခုနစ်က စတင်ပြီး💉 သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် အနေနဲ့ ထည့်သွင်းလာကြတာ အခုအချိန်ထိပဲ ဖြစ်ပါတယ်။

👉 ဒီကာကွယ်ဆေးကို အသက် (၉) နှစ်ကနေ စတင်ထိုးနှံနိုင်သလို လိင်ဆက်ဆံမှုတွေ မပြုလုပ်သေးတဲ့ အသက် (၁၁) မှ (၁၂) နှစ်အတွင်း ထိုးနှံတာက အကောင်းဆုံး ဖြစ်ပါတယ်။ အသက်အရွယ်နဲ့ ကာကွယ်ဆေး အမျိုးအစားပေါ် မူတည်ပြီး (၂) ကြိမ်၊ (၃) ကြိမ် ထိုးပေးဖို့ လိုအပ်ပါတယ်။

👧အသက် ၉ နှစ်ကနေ ၁၄ နှစ်ကြား အမျိုးသမီးတွေအတွက် ကာကွယ်ဆေး (၃) ကြိမ်ထိုးဖို့ လိုအပ်ပြီး first dose နဲ့ second dose ကို (၁) လ ၊ နောက်ဆုံးအကြိမ်ကို (၆)လ လောက် ခြားပြီး ထိုးပေးဖို့ လိုပါတယ်။ တကယ်လို့ အသက် ၁၅ နှစ်အထက်၊ ကိုယ်ခံအားလဲကျတယ်ဆိုရင် ကာကွယ်ဆေးကို ၃ ကြိမ် (၀- ၁လ- ၆လ) ထိုးပေးဖို့ လိုပါတယ်။

🚨အိမ်ထောင်သည်အမျိုးသမီးများ(သို့မဟုတ်) လိင်ဆက်ဆံမှုရှိပြီးသား အမျိုးသမီးများအနေဖြင့် ကာကွယ်ဆေးမထိုးမှီ သားအိမ်ခေါင်းအချွဲမြှေး(Pap Smear) ကိုအရင်စစ်ဆေးပြီးမှထိုးနှံရပါမယ်။

👉🏻👉🏻 သားအိမ်ခေါင်းကင်ဆာဟာ ပိုးဝင်ချိန်ကနေစပြီး ကင်ဆာအထိ ကူးပြောင်းချိန်ဟာ ၁၀ နှစ်ကနေ ၁၅ နှစ်ထိ ကြာနိုင်လို့ စောစောသိလေ ကုသဖို့လွယ်ကူလေ ဖြစ်တာကြောင့် ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်သင့်ကြောင်း မျှဝေလိုက်ရပါတယ်။

🚨🚨လေ့လာတွေ့ရှိချက်အရ ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာ မဖြစ်ခင်အကြိုအဆင့်ကိုတောင် 94.2 ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်တာကိုတွေ့ရှိရပါတယ်🚨🚨

Reference
https://www.mayoclinic.org/diseases-conditions/hpv-infection/in-depth/hpv-vaccine/art-20047292

အသေးစိတ်သိရှိရန်နှင့် စာရင်းပေးသွင်းလိုပါက page chat box (သို့ ) 09958252134 , သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်

Photos from 𝘿𝙧.𝙉 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙞𝙣𝙞𝙘 𝙖𝙣𝙙 𝙃𝙤𝙢𝙚 𝙎𝙚𝙧𝙫𝙞𝙘𝙚's post 08/12/2023

🏡အပတ်စဉ် company များ၊ အသင်းအဖွဲ့များအတွက် ဆေးထိုးနှံပေးမှု မှတ်တမ်းများ 💉📷

🛎နိုင်ငံခြားသွားရောက်မည့် သင်္ဘောသားများ၊ပြည်ပအလုပ်အကိုင်အေဂျင်စီ နှင့် Agent များ
အတွက်လည်း ကာကွယ်ဆေးထိုးဝန်ဆောင်မှုကို အထူးစျေးနှုန်းများဖြင့် 𝐃𝐫.𝐍 𝐨𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐢𝐧𝐢𝐜 တွင် ရယူနိုင်ပါသည်ရှင့်။

▶️အပတ်စဉ် ဗုဒ္ဓဟူး ၊ စနေ နှင့်တနင်္ဂနွေနေ့တိုင်း home service လိုက်လံထိုးနှံပေးမှာဖြစ်​ပြီး ကြိုတင်၍ စာရင်းပေးသွင်းရန်လိုအပ်ပါမည်ရှင့်။

▶️ကြားရက်ထိုးနှံချင်သူများအတွက်လည်း ထိုးမယ့်လူဦးရေပေါ်မူတည်၍ ရက်ညှိနှိုင်းထိုးနှံပေးပါသည်ရှင့်။

▶️Dr.N Clinic ၏ ကိုယ်ပိုင် website QR ပါသော certificate card ကို ဆေးထိုးပြီးသည်နှင့် တစ်ခါတည်း ရရှိမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားအဆင်ပြေစေရန် English version QR card ထုတ်ပေးမှာဖြစ်ပါတယ်ရှင့်။

⛑အသေးစိတ်သိရှိရန်နှင့် စာရင်းပေးသွင်းလိုပါက page chat box (သို့ ) 09958252134 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်




#အပိုဆောင်းထိုးနှံခြင်း









#အိမ်တိုင်ရာရောက်ဆေးထိုးဝန်ဆောင်မှု
#အလုပ်အကိုင်ရှာဖွေရေး


#သင်္ဘောသား
#ဆေးစစ်ဝန်ဆောင်မှု
#ပြည်ပအလုပ်အကိုင်ရှာဖွေရေး

08/12/2023

🦟⛑️မိမိတို့ရဲ့ ရင်သွေးငယ်များအတွက် မဖြစ်မနေ ထိုးနှံပေးသင့်တဲ့ သွေးလွန်တုပ်ကွေးကာကွယ်ဆေး⛑️🦟

☔️🦟နှစ်စဉ် မိုးရာသီရောက်တိုင်း မေမေတို့ စိတ်ပူနေရတဲ့ ကလေးငယ်တွေ ခြင်ကိုက်ခံရခြင်းမှ ဖြစ်ပွါးသောသွေးလွန်တုပ်ကွေးရောဂါဖြစ်ခြင်းမှ ၈၀% ကာကွယ်ပေးနိုင်ပြီး သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရတဲ့အခြေအနေမှ ၉၀% ကာကွယ်ပေးနိုင်တဲ့ ဂျပန်နိုင်ငံထုတ် သွေးလွန်တုပ်ကွေးကာကွယ်ဆေး 𝐐𝐝𝐞𝐧𝐠𝐚 ကို 𝐃𝐫.𝐍 𝐨𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐢𝐧𝐢𝐜 မှာ အသက်သာဆုံး နှုန်းထားနဲ့ ထိုးနှံလို့ရတော့မှာဖြစ်လို့ အမြန်ဆုံး booking ယူထားကြရအောင်နော်။

‼️ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ခန့်ဟာ နှစ်စဉ်နှစ်တိုင်းမှာ သွေးလွန်တုပ်ကွေး ရောဂါကို ခံစားနေရပါတယ် ။

🦠သွေးလွန်တုပ်ကွေး ဆိုတာ Dengue ဗိုင်းရပ်စ် လို့ ခေါ်တဲ့ ရောဂါပိုးကူးစက်ခံထားရတဲ့ 🦟 အေးဒီးစ် ခြင်ကျား ကိုက်ရာကနေတဆင့် ကူးစက်ခံရတဲ့ ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ အပူပိုင်းဇုန်၊ သမပိုင်းဇုန်တွေ၊ ကျေးလက်ဒေသတွေမှာ အဖြစ်များပါတယ်။ မိုးရာသီမှာ အဖြစ်များဆုံး ဖြစ်ပြီး တစ်နှစ်ပတ်လုံးလည်း ဖြစ်နိုင်ပါတယ်။

⛑သွေးလွန်တုပ်ကွေးရောဂါမှာ အပျော့စား သွေးလွန်တုပ်ကွေးရောဂါနဲ့ အပြင်းစား သွေးလွန်တုပ်ကွေး ရောဂါ ဆိုပြီး (၂) မျိုး ရှိပါတယ်။ များသောအားဖြင့် (၁) ပတ်၊ (၂) ပတ် အတွင်း သက်သာသွားသလို တခါတရံမှာ ပြင်းထန်သွေးလွန်တုပ်ကွေး ဖြစ်ပြီး ဆေးရုံတက်ရတာ၊ အသက်ဆုံးရှုံးရတာတွေအထိလည်း ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

💁‍♀️ရောဂါလက္ခဏာတွေအနေနဲ့ ရောဂါပိုး ကူးစက်ပြီး (၄) ရက်၊ (၇) ရက်ကြာမှ ပေါ်လာတတ်ပြီး
📌အဖျားကြီးတာ
📌ပြင်းထန် ခေါင်းကိုက်တာ
📌တစ်ကိုယ်လုံး နာကျင်ကိုက်ခဲတာ
📌မျက်လုံးတွေ နာကျင်ရတာ
📌ပျို့အန်တာ
📌ဗိုက်အောင့်ဗိုက်နာ ဖြစ်တာ
📌အရေပြားမှာ အနီကွက်တွေ ထတာ စတဲ့ လက္ခဏာတွေကို (၂) ရက် မှ (၇) ရက်ကြာအထိ ခံစားရနိုင်ပါတယ်။

💁‍♀️သွေးလွန်တုပ်ကွေး ရောဂါ တစ်ခါခံစားဖူးသူဟာ နောက်ထပ်လည်း ထပ်ဖြစ်နိုင်ပြီး ပြင်းထန် သွေးလွန်တုပ်ကွေးရောဂါအထိ ဆက်ဖြစ်န်ိုင်ပါတယ်။
ရောဂါလက္ခဏာတွေ အနေနဲ့
📌အသက်ရှူ မြန်လာတာ
📌ခဏခဏ ပျို့အန်တာ
📌နှာခေါင်းနဲ့ သွားဖုံးကနေ သွေးထွက်လာတာ
📌မောပန်းနုံးချိတာ
📌ဝမ်းသွားတဲ့အခါ သွေးစလေးတွေ ပါလာတာ
📌ဖြူဖက်ဖြူရော်ဖြစ်နေတာ စတဲ့ လက္ခဏာတွေ ဖြစ်နေပြီ ဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသမှု ခံယူတာ အကောင်းဆုံး ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးအတွက် ကာကွယ်ဆေး ရှိလား?

👉Dengvaxia နဲ့ Qdenga လို့ ခေါ်တဲ့ ကာကွယ်ဆေးတွေ ရှိနေပါပြီ။

✅Dengvaxia ကာကွယ်ဆေးကို (၂၀၂၂) ကတည်းက ထိုးနှံနေကြတာ ဖြစ်ပြီး သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် (၄) မျိုးလုံးကို ကာကွယ်ပေးနိုင်ပြီး (၆) လတစ်ကြိမ် (၃) ကြိမ်ဆက်တိုက် ထိုးနှံပေးရပါတယ်။
👉အသက် (၉) နှစ်မှ (၁၄) နှစ်အတွင်း၊
👉သွေးလွန်တုပ်ကွေး ဖြစ်ခဲ့ဖူးသူတွေ သာ ထိုးနှံလို့ ရပါတယ်။ ဒါပေမယ့် (၇၀) ရာခိုင်နှုန်းမျှသာ သွေးလွန်တုပ်ကွေး ရောဂါကို ကာကွယ်နိုင်ပါတယ်။

✅Qdenga ကာကွယ်ဆေးကတော့ U.K, အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ အာဂျင်တီးနား နိုင်ငံတွေမှာ (၂၀၂၃) ဂျူလိုင် လက စပြီး ထိုးနှံနေကြတာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် (၄) မျိုးလုံးကို ကာကွယ်ပေးနိုင်ပြီး (၃)လ ခြားပြီး (၂) ကြိမ် ထိုးနှံပေးရပါတယ်။ Qdenga ရဲ့ အားသာချက်ကတော့
👉အသက် (၄) နှစ်ကနေ စတင် ထိုးနှံနိုင်တယ်၊
👉သွေးစစ်စရာ မလိုဘဲ သွေးလွန်တုပ်ကွေး မဖြစ်ဖူးသူတွေ အနေနဲ့လည်း ကာကွယ်ဆေးနဲ့ ကြိုတင် ကာကွယ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်ပွါးနှုန်းကို (၈၀) ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရမှုကို (၉၀) ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။

⛑ကာကွယ်ဆေးတွေ အပြင် သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်ဖို့အတွက် အထိရောက်ဆုံး နည်းလမ်းကတော့ ခြင်မကိုက်အောင် နေထိုင်ပေးခြင်း ဖြစ်ပါတယ်။

💉( QDENGA )ကာကွယ်ဆေး မထိုးသင့်တဲ့သူများ-
1)မွေးရာပါ ကိုယ်ခံအားနည်းရောဂါရှိသူများ၊ ကိုယ်ခံအားကျဆင်းစေတဲ့ ဆေး အသုံးပြုနေသူများ၊
2)ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV/AIDS)ရှိသူများ၊
3)ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ၊
4)အရင်ကာကွယ်ဆေးနဲ့ ပြင်းထန် ဓာတ်မတဲ့မှုဖြစ်ဖူးသူများ။

⛑{QDENGA ဆေးစျေးနှုန်း - ၁ ကြိမ်စာ - ၂၅၀၀၀၀ ကျပ်

အသက် ၄ နှစ်မှ စတင်၍ ထိုးနှံနိုင်မှာဖြစ်ပြီး ဆေး နှစ်ကြိမ် ထိုးနှံရန် လိုအပ်ပါမယ်ရှင့်

ပထမအကြိမ် ထိုးပြီး (၃) လအကြာ ဒုတိယအကြိမ် ထိုးနှံပေးရပါမယ်ရှင့်။}⛑

💳ဆေးထိုးပြီးကြောင်း certificate card ရရှိမှာဖြစ်ပြီး Dr N clinic ရဲ့ QR ပါတဲ့ digital card ကို ဆေးထိုးပြီးတာနဲ့ တစ်ခါတည်း ထုတ်ပေးမှာပါရှင့်။

🏡ကိုယ်ပိုင်ကျောင်းများ ၊ အင်တာနေရှင်နယ်ကျောင်းများ နှင့် ဆေးထိုးနှံတဲ့ လူဦးရေအလိုက် အထူးနှုန်းထားများနှင့် ဝန်ဆောင်မှုများ ရယူနိုင်ပါသည်ရှင့်။

❄️cold chain စနစ်တကျနှင့် သိမ်းဆည်းထားသော ဆေးများကိုသာ ထိုးနှံပေးခြင််းဖြစ်ပါသည်ရှင့်။❄️

အသေးစိတ်သိရှိရန်နှင့် စာရင်းပေးသွင်းလိုပါက page chat box (သို့ ) 09958252134 , သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🛎နိုင်ငံခြားသွားရောက်မည့် သင်္ဘောသားများ၊ပြည်ပအလုပ်အကိုင်အေဂျင်စီ နှင့် Agent များ
အတွက်လည်း ကာကွယ်ဆေးထိုးဝန်ဆောင်မှုကို အထူးစျေးနှုန်းများဖြင့် 𝐃𝐫.𝐍 𝐨𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐢𝐧𝐢𝐜 တွင် ရယူနိုင်ပါသည်ရှင့်။

▶️အပတ်စဉ် ဗုဒ္ဓဟူး ၊ စနေ နှင့်တနင်္ဂနွေနေ့တိုင်း home service လိုက်လံထိုးနှံပေးမှာဖြစ်​ပြီး ကြိုတင်၍ စာရင်းပေးသွင်းရန်လိုအပ်ပါမည်ရှင့်။

▶️ကြားရက်ထိုးနှံချင်သူများအတွက်လည်း ထိုးမယ့်လူဦးရေပေါ်မူတည်၍ ရက်ညှိနှိုင်းထိုးနှံပေးပါသည်ရှင့်။

▶️Dr.N Clinic ၏ ကိုယ်ပိုင် website QR ပါသော certificate card ကို ဆေးထိုးပြီးသည်နှင့် တစ်ခါတည်း ရရှိမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားအဆင်ပြေစေရန် English version QR card ထုတ်ပေးမှာဖြစ်ပါတယ်ရှင့်။

⛑Hot Line 09-958252134

Reference
https://www.who.int/news-room/fact-sheets/detail/dengue-and-severe-dengue #:~:text=About%20half%20of%20the%20world's,urban%20and%20semi%2Durban%20areas.

https://www.who.int/news-room/questions-and-answers/item/dengue-vaccines #:~:text=One%20dengue%20vaccine%20has%20been,now%20in%20Phase%20III%20trials.
https://www.thaitravelclinic.com/blog/vaccineinfo/dengue-vaccine-for-foreigners-travelers-in-thailand-should-i-get-it-update-2023.html #:~:text=Study%20showed%20that%2C%20after%204.5,protected%20against%20dengue%20or%20not%3F






#ကာကွယ်ဆေးမျိုးစုံထိုးနှံပေးခြင်းဝန်ဆောင်မှု



#အပိုဆောင်းထိုးနှံခြင်း









#အိမ်တိုင်ရာရောက်ဆေးထိုးဝန်ဆောင်မှု
#အလုပ်အကိုင်ရှာဖွေရေး


#သင်္ဘောသား
#ဆေးစစ်ဝန်ဆောင်မှု
#ပြည်ပအလုပ်အကိုင်ရှာဖွေရေး

08/12/2023

🍁🍁နွေဦးရာသီ ရေကျောက်လာပြီ 🍁🍁

🍁ဆောင်းအကုန် နွေအကူးမှာ ရေယုန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ Varicella-Zoster virus ကြောင့် ရေကျောက် (Chickenpox) ဖြစ်လေ့ရှိပါတယ်။ ရေကျောက်ရောဂါဟာ လူတိုင်းဖြစ်နိုင်ပေမဲ့ ကလေးငယ်တွေမှာ အများဆုံး ဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ မြန်မာနိုင်ငံမှာ နှစ်စဥ် အဖြစ်များတဲ့ရောဂါဖြစ်တာကြောင့် ကြိုတင်ကာကွယ်နိုင်စေရန် ရေကျောက်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အကြောင်းအရာတွေကို ရှင်းလင်းပြောပြပေးသွားပါမယ်။

🍁အရင်ဆုံး ရေကျောက်ဖြစ်ရင် ဘယ်လိုသိနိုင်မလဲ ဆိုတော့...
- Varicella-Zoster virus ကူးစက်ခံရပြီး (၁၀) ရက် မှ (၂၁) ရက်အကြာမှာ ရေကျောက်စဖြစ်ပါတယ်။ ကလေးတွေမှာ အနီစက် (Rash) လေးတွေ အရင်ထွက်လာတတ်ပြီး လူငယ်တွေကတော့ အနီစက်မပေါ်ခင် ၁-၂ ရက်အလိုလောက်မှာ ဖျားမယ်၊ အားမရှိသလိုဖြစ်ပြီး မှိန်းမယ်၊ ချောင်းဆိုး ၊ နှာစေး ၊ ခေါင်းကိုက်တာတွေကို ခံစားရပါတယ်။

🍁ထူးခြားချက်က အနီစက်လေးတွေပေါက်တဲ့အခါ ဦးခေါင်း ၊ မျက်နှာ ၊ ရင်ဘတ်၊ ဗိုက်မှတစ်ဆင့် လက်၊ ခြေထောက်တွေအထိ တစ်ကိုယ်လုံးကို ပျံ့နှံ့နိုင်ပါတယ်။ စစချင်းမှာ အနီစက်တွေထွက်ပြီး (၂) ရက် လောက်အကြာမှာ အရည်ကြည်ဖုလေးတွေအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီအချိန် အလွန်ယားယံ တတ်ပါတယ်။ အဲဒီအရည်ကြည်ဖုလေးတွေက ပေါက်ထွက်ပြီး (၂)ရက်လောက်မှာ အနာဖေး တက်ပါတယ်။ ၇-၁၀ ရက်ကြာပြီးနောက်မှာတော့ အနာဖေးကွာကျပြီး အမာရွတ်လေးတွေ အဖြစ် ကျန်ခဲ့ပါတယ်။ ရေကျောက်ဖြစ်နေစဥ် ခန္ဓာကိုယ်မှာ အနီစက်၊ အရည်ကြည်ဖု၊ အမာရွတ်အားလုံးကို တစ်ပြိုင်နက် တွေ့ရနိုင်ပါတယ်။

🍁ရေကျောက် ဘယ်လိုကူးစက်သလဲ ?

- အသက်ရှူလမ်းကြောင်းကနေ ကူးစက်နိုင်သလို အနာများကို ထိတွေ့ကိုင်တွယ်မိရာမှလည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ရေကျောက်လူနာတွေကို သီးသန့်နေရာမှာ ထားရပါမယ်။ တတ်နိုင်သလောက် လူနာနဲ့ မထိတွေ့ပဲ မဖြစ်မနေတွေ့ရလျှင် Mask တပ် ၊ လက်အိတ်ဝတ်၊ လက်ဆေးပါ။ ရေကျောက်ဖြစ်နေတဲ့ ကလေးငယ်တွေကို ကျောင်းမလွှတ်ပဲ အိမ်မှာပဲထားပါ။

🍁ဘယ်လိုလူတွေမှာ ရေကျောက်ပေါက်တတ်သလဲ ?
- တစ်ခါမှ ရေကျောက်မပေါက်ဖူးသူ၊
- ရေကျောက်ကာကွယ်ဆေး မထိုးထားတဲ့သူ။ တွေ၊
- ကျောင်းသားကျောင်းသူများ၊
- ဆေးရုံ ဆေးခန်းတွင်အလုပ်လုပ်ကြသူများ ၊ - ဆေးရုံတက်နေရသည့် လူနာများ၊
- ကိုယ်ခံအားကျဆင်းနေသူများ၊

🍁ပြင်းထန်နောက်ဆက်တွဲဆိုးကျိုးများအနေနဲ့
အများစုက တစ်ပတ်မှ ဆယ်ရက်အတွင်းပြန်ကောင်း လာနိုင်ပေမဲ့
- ကလေးတွေမှာ ယားလို့ကုတ်ရင်း အရေပြားမှတစ်ဆင့် ဘက်တီးရီးယားပိုးဝင်ခြင်းများ၊
- အသက် တစ်နှစ်အောက်ကလေးများ၊ ကိုယ်ခံအားကျဆင်းနေသူများတွင် အဖျားကြီးပြီးတက်ခြင်း (Febrile seizures), အဆုတ်ရောင် (Pneumonia), ဦးနှောက်ရောင်ခြင်း (Encephalitis) တို့ကို ခံစားရနိုင်ပါတယ်ရှင့်။

-⛑ရေကျောက်ကာကွယ်ဆေးမထိုးထားသည့် ကိုယ်ဝန်ဆောင်များတွင် ကိုယ်ဝန် (၅)လအတွင်း ရေကျောက်ကူးစက်ခံရလျှင် Congenital Varicella Syndrome လို့ခေါ်တဲ့ သန္ဓေသားမှာ ကိုယ်လက်အင်္ဂါများချို့ယွင်းကာ ဉာဏ်ရည်မမီတဲ့အထိ ဆိုးရွားနိုင်ပါတယ်။


⛑ရေကျောကိဖြစ်ရင် လိုက်နာရမဲ့ အချက်များ ကတော့
-ရေကျောက်ဖြစ်တဲ့ကလေးတွေမှာ ရေဓာတ်မခန်းခြောက်အောင် အရည်များများဝင်အောင်တိုက်ပေးဖို့လိုပါတယ် ရှင့်။
-အဖျားအတွက်paracetamol ကို အသက်အရွယ်နဲ့ လိုက်ပြီး တိုက်ပေးဖို့ လိုပါတယ်။
-ရေကျောက်မှာယားယံနိုင်တာကြောင့် လက်သည်းညှပ်ပေးဖို့လိုပါတယ်ရှင့်။
-ယားယံတာအတွက်antihistamine (example)cetrizineပေးနိုင်ပါတယ်။
-ရေကျောက်ဖြစ်ရင်ရေချိုးပေးလို့ရပါတယ်။

⛑⛑ရေကျောက်ကူးစက်မခံရအောင် အကောင်းဆုံးကာကွယ်နိုင်မယ့် နည်းလမ်းက ရေကျောက် ကာကွယ်ဆေးထိုးနှံခြင်း ဖြစ်ပါတယ်။ Varicella Vaccine သည် 90% အထိ ကူးစက်မှုကို လျှော့ချပေးနိုင်ပါတယ်။ ကျန်တဲ့ 10% မှာ ရေကျောက်ဖြစ်ခဲ့ရင်တောင် ရောဂါမပြင်းထန်အောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။

Varicella Vaccine လို့ပြောလိုက်ရင် ရေကျောက်တစ်မျိုးတည်းကို ကာကွယ်ပေးတဲ့ Varivax နဲ့ (MMR-Varicella) ၄မျိုးစပ် Proquad ဆိုပြီး (၂)မျိုး ရှိပါတယ်။ နှစ်မျိုးလုံးက Live Vaccine ဖြစ်ပြီး အရေပြားအောက် (Subcutaneous) ထိုးရတဲ့ဆေး ဖြစ်ပါတယ်။

Varivax ကို အသက် (၁၃)နှစ်အောက်ဆိုရင်
- အသက် (၁) နှစ် မှ (၁) နှစ်ခွဲတွင် ပထမတစ်ကြိမ် (1st dose)
- အသက် (၄) နှစ် မှ (၆)နှစ်အတွင်း ဒုတိယတစ်ကြိမ် (2nd dose)
စုစုပေါင်း (၂) ကြိမ် ထိုးနှံရမှာ ဖြစ်ပြီး အသက် (၁၃)နှစ် နှင့် အထက်ဆိုလျှင် 1st dose နဲ့ 2nd dose ကို (၂၈)ရက် ခြားပြီး ထိုးနိုင်ပါတယ်။

Proquad ကိုတော့
- အသက် (၁၂ - ၄၇)လ အတွင်းမှာ 1st dose
- အသက် (၁၂ )လ မှ (၁၂ )နှစ်အတွင်း 2nd dose ထိုးနိုင်ပါတယ်။

- သို့ရာတွင် ကိုယ်ခံအားကျဆင်းနေသူများ၊ ကိုယ်ဝန်ဆောင်များအနေနဲ့ ဆရာဝန်နှင့် သေချာဆွေးနွေးပြီးမှ ကာကွယ်ဆေးထိုးရပါမယ်။ ရေကျောက်ရောဂါကာကွယ်ဆေးသည် အနည်းဆုံး အနှစ် (၂၀)အထိ ရောဂါကာကွယ်နိုင်စွမ်း ရှိပါတယ်။

“ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်“ ဆိုတဲ့စကားအတိုင်း ရေကျောက်ရောဂါ ကူးစက်ပြန့်ပွားခြင်းမရှိအောင် ရေကျောက်ရောဂါကာကွယ်ဆေးကို
ကလေးအထူးကု ဆရာဝန်များ၊မိသားစုအတိုင်ပင်ခံ ဆရာဝန်များ နှင့် တိုင်ပင်ထိုးနှံ ထားသင့်ပါတယ်ရှင့်။

👨🏼‍⚕️Family Physician ကိုယ်တိုင် ဦးဆောင်သော team ဖြင့် Home visit service များကို နေ့စဉ် ဝန်ဆောင်မှု ပေးနေပါတယ်ခင်ဗျာ။

▶️vaccine ထိုးနှံလိုသူများအတွက် လဲ
အပတ်စဉ် ဗုဒ္ဓဟူး ၊ စနေ နှင့်တနင်္ဂနွေနေ့တိုင်း home service လိုက်လံထိုးနှံပေးမှာဖြစ်​ပြီး ကြိုတင်၍ စာရင်းပေးသွင်းရန်လိုအပ်ပါမည်ရှင့်။

▶️ကြားရက်ထိုးနှံချင်သူများအတွက်လည်း ထိုးမယ့်လူဦးရေပေါ်မူတည်၍ ရက်ညှိနှိုင်းထိုးနှံပေးပါသည်ရှင့်။

▶️Dr.N Clinic ၏ ကိုယ်ပိုင် website QR ပါသော certificate card ကို ဆေးထိုးပြီးသည်နှင့် တစ်ခါတည်း ရရှိမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားအဆင်ပြေစေရန် English version QR card ထုတ်ပေးမှာဖြစ်ပါတယ်ရှင့်။

⛑Hot Line 09-958252134

Ref : CDC - Advisory Committee on Immunization Practices (ACIP)
Epidemiology and Vaccine Preventable Diseases



#ရေကျောက်ကာကွယ်ဆေး
#ကလေးအထူးကုဆရာဝန်
#ကလေးကျန်းမာရေး








#ကာကွယ်ဆေးမျိုးစုံထိုးနှံပေးခြင်းဝန်ဆောင်မှု



#အပိုဆောင်းထိုးနှံခြင်း









#အိမ်တိုင်ရာရောက်ဆေးထိုးဝန်ဆောင်မှု
#အလုပ်အကိုင်ရှာဖွေရေး


#သင်္ဘောသား
#ဆေးစစ်ဝန်ဆောင်မှု
#ပြည်ပအလုပ်အကိုင်ရှာဖွေရေး

06/12/2023

စင်ကာပူနိုင်ငံတွင် ယခု ရက်ပိုင်းအတွင်း ကိုဗစ်

လှိုင်းသစ်ကြောင့် နေ့စဉ် လူ ၂၀၀၀ ခန့် ကိုဗစ်

ရောဂါကူးစက်ခံနေရကြောင်း စင်ကာပူနိုင်ငံ

ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

ကို channelnewsasia မှ ဖော်ပြထားပါသည်ရှင့်

crd

Disclaimer:No copyright infringement intended. For Health knowledge purpose only.We do not own this video and Audio.All rights and credits go to the rightful owner.

27/11/2023

❝ တန်ဆောင်မုန်း လပြည့်နေ့ ❞ အခါသမယတွင် မြန်မာပြည်သူများအားလုံး၊မိတ်ဟောင်း၊မိတ်သစ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ နိုင်ကြပါစေကြောင်း Dr N online clinic and Home Service ဆေးခန်း မိသားစုမှဆုတောင်း​မေတ္တာပို့သအပ်ပါသည်။


#စိတ်ချရသောသွေးစစ်ဆေးခြင်း

Photos from 𝘿𝙧.𝙉 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙞𝙣𝙞𝙘 𝙖𝙣𝙙 𝙃𝙤𝙢𝙚 𝙎𝙚𝙧𝙫𝙞𝙘𝙚's post 24/11/2023

🏠Dr N online clinic ၏ အိမ်အရောက် ကျန်းမာရေး စောင့်ရှောင့်ပေးမှု (Home Service Medical Treatment)🏠

💁‍♂️လူကြီးမင်းတို့ အနေဖြင့် ဆေးရုံ၊ဆေးခန်းသွားရောက်ရန် အခက်ခဲရှိနေပါသလား?

💁‍♂️အသက်အကြီးရွယ်အိုများ၊မသန်မစွမ်း လူနာများအတွင် အိမ်တွင်းကုသမှုများနှင့် ဆီးပိုက်လဲခြင်း၊ဆေးသွင်းခြင်း နှင့် သွေးဖောက်စစ်ဆေးခြင်းများအတွက် စိတ်ချရသော ကျန်းမာရေး team အဖွဲ့တခု လိုအပ်နေပါသလား?

💁‍♂️ပုံမှန် medical check up လုပ်လိုသူများ၊သွေးဖောက် စစ်ဆေးလိုသူများ အတွက်စိတ်ချရသော အိမ်တိုင်ရာရောက် သွေးဖောက်ဝန်ဆောင်မှု လိုအပ်နေပါသလား?

💁‍♂️vaccine အမျိုးမျိုးကို cold chain စိတ်ချစွာ အိမ်တိုင်ရာရောက် ထိုးနှံလိုပါသလား?

🏠🏠စသော Home Visit medical treatment and services အမျိုးမျိုးအတွက် ကျွန်တော် တို့ Dr N online clinic ကိုယုံကြည်စိတ်ချစွာ appointment လုပ်နိုင်ပါတယ်ခင်ဗျာ။

👨🏼‍⚕️Family Physician ကိုယ်တိုင် ဦးဆောင်သော team ဖြင့် Home visit service များကို နေ့စဉ် ဝန်ဆောင်မှု ပေးနေပါတယ်ခင်ဗျာ။

▶️vaccine ထိုးနှံလိုသူများအတွက် လဲ
အပတ်စဉ် ဗုဒ္ဓဟူး ၊ စနေ နှင့်တနင်္ဂနွေနေ့တိုင်း home service လိုက်လံထိုးနှံပေးမှာဖြစ်​ပြီး ကြိုတင်၍ စာရင်းပေးသွင်းရန်လိုအပ်ပါမည်ရှင့်။

▶️ကြားရက်ထိုးနှံချင်သူများအတွက်လည်း ထိုးမယ့်လူဦးရေပေါ်မူတည်၍ ရက်ညှိနှိုင်းထိုးနှံပေးပါသည်ရှင့်။

▶️Dr.N Clinic ၏ ကိုယ်ပိုင် website QR ပါသော certificate card ကို ဆေးထိုးပြီးသည်နှင့် တစ်ခါတည်း ရရှိမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားအဆင်ပြေစေရန် English version QR card ထုတ်ပေးမှာဖြစ်ပါတယ်ရှင့်။

⛑Hot Line 09-958252134






#ကာကွယ်ဆေးမျိုးစုံထိုးနှံပေးခြင်းဝန်ဆောင်မှု



#အပိုဆောင်းထိုးနှံခြင်း









#အိမ်တိုင်ရာရောက်ဆေးထိုးဝန်ဆောင်မှု
#အလုပ်အကိုင်ရှာဖွေရေး


#သင်္ဘောသား
#ဆေးစစ်ဝန်ဆောင်မှု
#ပြည်ပအလုပ်အကိုင်ရှာဖွေရေး

Photos from 𝘿𝙧.𝙉 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙞𝙣𝙞𝙘 𝙖𝙣𝙙 𝙃𝙤𝙢𝙚 𝙎𝙚𝙧𝙫𝙞𝙘𝙚's post 17/11/2023

🛡အသည်းရောင် အသားဝါ B ပိုးကာကွယ်ဆေး ထိုးနှံပြီးပြီလား?🛡

🔠 အသည်းရောင် အသားဝါ (B) ပိုး ၊ (C) ပိုး နှင့် (HIV) ပိုးရှိ၊မရှိ စစ်ဆေးချင်ပါသလား?

💉DR.N online clinic and home service team မှာ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး နှင့် သွေးစစ်ဆေးခြင်း ကို စျေးနှုန်းသက်သာစွာ ဖြင့်ရရှိ နိုင်ပါပြီရှင့်။

🅱️အသည်းရောင် အသားဝါ (B) ပိုးကနဦး
စစ်ဆေးခြင်း (ဆရာဝန်လက်မှတ် ဆေးစာ) အပါ - (၆၀၀၀) ကျပ်

🔠 အသည်းရောင် အသားဝါ (C) ပိုးကနဦး
စစ်ဆေးခြင်း (ဆရာဝန်လက်မှတ် ဆေးစာ) အပါ - (၆၀၀၀) ကျပ်

🔠 ကိုယ်ခံအား ကျဆင်းရောဂါ (HIV) ပိုးကနဦးရှိ၊မရှိ စစ်ဆေးခြင်း (ဆရာဝန်လက်မှတ် ဆေးစာ) အပါ - (၆၀၀၀) ကျပ်

🤝(3) မျိုးလုံးစစ်ဆေးခြင်းအတွက် -(၁၅၀၀၀) ကျပ်ဖြင့် နိုင်ငံခြားအလုပ်သွားလုပ်
မည့်သူများ၊ seamen များ၊ အလုပ်အကိုင် agency များအတွက် မှန်ကန်တိကျသော စက်များ ဖြင့် စစ်​ဆေးပေးနေပါတယ်ရှင့်။

🦠B ပိုးက ဘယ်လိုအန္တရာယ်ပေးနိုင်လဲ?🦠

🦠အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းကနေ အသည်းကင်ဆာရောဂါတွေအထိ အသက်အန္တရာယ်ကို ထိပါးတိုက်ခိုက်နိုင် လို့ကြိုတင်ကာကွယ် ထားသင့်ပါတယ်ရှင့်။

💉ဘယ်လိုကာကွယ်ရမလဲ?💉

🛡DR.N online clinic team ကနေ booking ယူပြီး ဆေးခန်းတွင်သော်လည်းကောင်း၊ home service သော်လည်းကောင်း ထိုးနှံနိုင်ပါတယ်ရှင့်။

(0-1-6) months အနေနဲ့ထိုးပြီး (5) နှစ်အကြာတိုင်း booster တကြိမ်ထပ်မံ ထိုးနှံသင့်ပါတယ်ရှင့်။

💉ဘယ်သူတွေ အဓိက ထိုးနှံသင့်လဲ 💉

(လူတိုင်းထိုးနှံ ထားရပါမယ်ရှင့်)

‼️ပိုမို ဂရုတစိုက်ထိုးနှံထားသင့်သူများမှာ‼️

၁)ကိုယ်ဝန်ဆောင်မိခင်များ၊
၂)ကလေးငယ်များ၊
၃)Bပိုးရှိသူနှင့် အတူနေသူ၊ နေ့စဥ်ထိတွေ့ဆက်ဆံနေရသူများ၊
၄)B ပိုးရှိသူနှင့် လိင်တူလိင်ကွဲဆက်ဆံသူများ၊
၅)မူးယစ်ဆေးဝါးသုံးစွဲသူများ၊
၆)ပုံမှန်သွေးသွင်းနေရသူ လူနာများ၊
၇)အသည်းရောဂါရှိသူများ၊
၈)ကျန်းမာရေးဝန်ထမ်းများ၊(သွေး၊တံတွေးစသည့် လူနာခန္ဓာကိုယ်မှ ထွက်သောအရည်များနှင့် နေ့စဥ်ထိတွေ့နေရသူများ)

အထူးထိုးနှံကာကွယ်ထားသင့်ပါတယ်။

🛎နိုင်ငံခြားသွားရောက်မည့် သင်္ဘောသားများ၊ပြည်ပအလုပ်အကိုင်အေဂျင်စီ နှင့် Agent များ
အတွက်လည်း ကာကွယ်ဆေးထိုးဝန်ဆောင်မှုကို အထူးစျေးနှုန်းများဖြင့် 𝐃𝐫.𝐍 𝐨𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐢𝐧𝐢𝐜 တွင် ရယူနိုင်ပါသည်ရှင့်။

▶️အပတ်စဉ် ဗုဒ္ဓဟူး ၊ စနေ နှင့်တနင်္ဂနွေနေ့တိုင်း home service လိုက်လံထိုးနှံပေးမှာဖြစ်​ပြီး ကြိုတင်၍ စာရင်းပေးသွင်းရန်လိုအပ်ပါမည်ရှင့်။

▶️ကြားရက်ထိုးနှံချင်သူများအတွက်လည်း ထိုးမယ့်လူဦးရေပေါ်မူတည်၍ ရက်ညှိနှိုင်းထိုးနှံပေးပါသည်ရှင့်။

▶️Dr.N Clinic ၏ ကိုယ်ပိုင် website QR ပါသော certificate card ကို ဆေးထိုးပြီးသည်နှင့် တစ်ခါတည်း ရရှိမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားအဆင်ပြေစေရန် English version QR card ထုတ်ပေးမှာဖြစ်ပါတယ်ရှင့်။

⛑အသေးစိတ်သိရှိရန်နှင့် စာရင်းပေးသွင်းလိုပါက page chat box (သို့ ) 09958252134 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်




#အပိုဆောင်းထိုးနှံခြင်း









#အိမ်တိုင်ရာရောက်ဆေးထိုးဝန်ဆောင်မှု
#အလုပ်အကိုင်ရှာဖွေရေး


#သင်္ဘောသား
#ဆေးစစ်ဝန်ဆောင်မှု
#ပြည်ပအလုပ်အကိုင်ရှာဖွေရေး



#အသည်းရောင်အသားဝါကာကွယ်ဆေး
#အလုပ်အကိုင်agency
#ပြည်ပအလုပ်အကိုင်
#ရောဂါရှာဖွေရေး
#စိတ်ချရသောသွေးစစ်ဆေးခြင်း

Pocket Money 30/10/2023

သီတင်းကျွတ်မုန့်ဖိုး 🪔🎇

Pocket Money KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

30/10/2023

🏡🏡 စိတ်ဖိစီးမှုများကို လျှော့ချပြီး ကျန်းမာစွာ နေထိုင်နည်း 🏡🏡

🏞အကြပ်အတည်းကာလတွေနဲ့ ကြုံတွေ့ရပြီးဆို လူတိုင်းနီးပါးမှာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျခြင်း၊ မျှော်လင့်ချက်မဲ့ပြီး လမ်းပျောက်ခြင်းတွေ ခံစားရတတ်ပါတယ်။

🎏ဒီလို အခြေအနေတွေမှာ စိတ်ကျန်းမာရေး နှင့် ကိုယ်ကျန်းမာရေးကို ဂရုစိုက်ခြင်းက စိတ်ဖိစီးမှုကို တွန်းလှန် ထိန်းချုပ်ရာမှာ အရေးပါသောကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လို နည်းလမ်းလေးတွေ အသုံးပြုနိုင်လဲဆိုတာကို မျှဝေပေးပါရစေဗျာ။

1)ကိုယ်ကာယ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။

🚶‍♂️မနက်စောစောထ လမ်းလျှောက်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ gym ဆော့ခြင်း၊ Yoga 🧘‍♀️ ပုံမှန်ထိုင်ခြင်း အားဖြင့် စိတ်တည်ငြိမ် မှုရှိစေပြီး မကောင်းတဲ့ အတွေးများကို ပျောက်ပျက်စေကာ Stress ဖိစီးမှု အခြေအနေကနေ တွန်းလှန်နိုင်ပါတယ်။

2)မိမိအိမ်၊ ရုံးခန်း၊ နေထိုင်ရာ အရပ်ရှိ ပစ္စည်းများကို စနစ်တကျစီမံထားရှိခြင်း

🏡မနက်စောစော အိပ်ရာထလျှင်သော် လည်းကောင်း၊ အလုပ် (သို့) ကျောင်းသို့ရောက်ရှိလျှင် သော် လည်းကောင်း မိမိစားပွဲများ၊ရုံးခန်းများကို စနစ်တကျ စီမံခြင်း၊အစဉ်လိုက် စီစဉ်ခြင်းများ ဖြင့် စိတ်တည်ငြိမ်ပြီး စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။

3)👨‍👩‍👦မိမိ မိသားစု၊ချစ်ခင်ရသူ၊ မိတ်ဆွေ အပေါင်းအသင်းများ (အပေါင်းလက္ခဏာဆောင်သူများ) နှင့် အချိန်ပေးတွေ့ဆုံပါ။စကား လက်ဆုံ ပြောပါ။ ခရီးတူတူသွားပါ။ အပေါင်းလက္ခဏာ ဆောင်သော အတွေးအမြင်များကို ဖလှယ်ပါ။

4)🙏🏻မိမိကိုးကွယ်ရာ ဘာသာအရတရားထိုင်ခြင်း၊တရားစာများ ဖတ်ခြင်း ဖြင့်စိတ်တည်ငြိမ်
အောင် နေထိုင်ကျင့်ကြံပါ။

5)🐶🐱တကိုယ်ရည် ရှိချိန်များတွင် သီချင်းနားထောင်ခြင်း၊ အိမ်မွေး တိရစ္ဆာန် များနှင့် ဆော့ကစား ခြင်း ပြုလုပ်ပါ။

6)သွေးလည်ပတ်မှု အားကောင်းစေသော အစားများ၊ အသားငါးများ စားခြင်း နှင့် Protein ပြည့်ဝသော အစားများ၊ chocolate 🍫 နှင့် စိတ်လန်းဆန်းစေသော Green Tea 🍵 ၊နွားနို့ ပူပူကဲ့သို့ အရာများ ပုံမှန်သောက်သုံးပါ။

7)ညဖက်များတွင် အိပ်ရေး နှစ်ခြိုက်စွာအိပ်
ဆက်ပါ။ စောစောအိပ်ရာဝင်ပါ။

8)စိတ်အနှောက်အယှက်ဖြစ်စေသော နေရာများ၊အပေါင်းအသင်း နှင့် အရာဝထ္တုများကို ရှောင်ပါ။

9)Screen Time ဟုခေါ်သော Phone အလွန်အကျွံကြည့်ခြင်း၊ Computer အလွန်အကျွံအသုံးပြုခြင်းကို ရှောင်ရှားပါ။ အချိန်သတ်မှတ်၍ အသုံးပြုပါ။

10)ထွေးပွေ့ထားခြင်း၊ ပွေ့ဖက်ခြင်း၊

🫂ပွေ့ဖက်ခြင်း၊ နမ်းခြင်းနှင့် လိင်ဆက်ဆံခြင်းတို့ကထွက်ပေါ်လာသော အောက်ဆီတိုစင် ဟော်မုန်းကြောင့် သွေးဖိအားကို လျော့နည်းစေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။

11)အကူအညီရယူပါ။

စိတ်ဖိစီးမှုက နေ့စဉ် လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ပေးနေပါက စိတ်ပညာရှင် ဒေါက်တာ တဦးဦး (သို့) ကျွမ်းကျင်သော Counselor တစ်ဦးနှင့် စကားပြောပြီး အကူအညီ ရယူပါ။

🛎နိုင်ငံခြားသွားရောက်မည့် သင်္ဘောသားများ၊ပြည်ပအလုပ်အကိုင်အေဂျင်စီ နှင့် Agent များ
အတွက်လည်း ကာကွယ်ဆေးထိုးဝန်ဆောင်မှုကို အထူးစျေးနှုန်းများဖြင့် 𝐃𝐫.𝐍 𝐨𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐢𝐧𝐢𝐜 တွင် ရယူနိုင်ပါသည်ရှင့်။

▶️အပတ်စဉ် ဗုဒ္ဓဟူး ၊ စနေ နှင့်တနင်္ဂနွေနေ့တိုင်း home service လိုက်လံထိုးနှံပေးမှာဖြစ်​ပြီး ကြိုတင်၍ စာရင်းပေးသွင်းရန်လိုအပ်ပါမည်ရှင့်။

▶️ကြားရက်ထိုးနှံချင်သူများအတွက်လည်း ထိုးမယ့်လူဦးရေပေါ်မူတည်၍ ရက်ညှိနှိုင်းထိုးနှံပေးပါသည်ရှင့်။

▶️Dr.N Clinic ၏ ကိုယ်ပိုင် website QR ပါသော certificate card ကို ဆေးထိုးပြီးသည်နှင့် တစ်ခါတည်း ရရှိမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားအဆင်ပြေစေရန် English version QR card ထုတ်ပေးမှာဖြစ်ပါတယ်ရှင့်။

⛑Hot Line 09-958252134






#ကာကွယ်ဆေးမျိုးစုံထိုးနှံပေးခြင်းဝန်ဆောင်မှု



#အပိုဆောင်းထိုးနှံခြင်း









#အိမ်တိုင်ရာရောက်ဆေးထိုးဝန်ဆောင်မှု
#အလုပ်အကိုင်ရှာဖွေရေး


#သင်္ဘောသား
#ဆေးစစ်ဝန်ဆောင်မှု
#ပြည်ပအလုပ်အကိုင်ရှာဖွေရေး

Videos (show all)

စင်ကာပူနိုင်ငံတွင် ယခု ရက်ပိုင်းအတွင်း ကိုဗစ်လှိုင်းသစ်ကြောင့် နေ့စဉ် လူ ၂၀၀၀ ခန့် ကိုဗစ်ရောဂါကူးစက်ခံနေရကြောင်း စင်ကာပူ...

Telephone

Website