MADAM LIZA

MADAM LIZA

နုပျိုလှပ အမျိုးသမီးဘဝကိုပိုင်ဆိုင

30/10/2023
03/07/2023

🌹🌹🌹Madam Aliza 🌹🌹🌹
သင့်ရဲ့တနေ့တာကို…..
အနံ့ဆိုးကင်း၊ယားယံမှုမရှိဘဲ🫢🤭
ယုံကြည့်မှုရှိရှိနဲ့ဖြတ်သန်းဖို့….

Madam Aliza -32000ks
Madam serum-36000ks
Madam Cleanser-32000ks

03/07/2023

ပုံမှန်ထက် မိုးရာသီပိုအဖြစ်များတဲ့ ဆီးပိုးဝင်ခြင်းအကြောင်း သိကောင်းစရာများ
**************************************************
ကျောက်ကပ်၊ ဆီးအိမ် နှင့် ဆီးလမ်းကြောင်တစ်လျှောက် ပိုးဝင်ခြင်းကို ဆီးပိုးဝင်ခြင်းလို့ခေါ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးပိုးဝင်နှုန်း ပိုမြင့်ပါတယ်။

ဆီးပိုးဝင်ခြင်းဖြစ်စေသော အကြောင်းအရာများ
----------------------------------------------------------------------------
👩‍⚕ တကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း

👩‍⚕ကြပ်တည်းသော အတွင်းခံများ
အချိန်ကြာမြင့်စွာ ဝတ်ဆင်ခြင်း

👩‍⚕ အဝတ်အစားများကို မီးပူမတိုက် မလျှော်
မဖွတ်ပဲဝတ်ခြင်း

👩‍⚕ အမျိုးသမီးသန့်စင်ဆေးရည်များကို လိုအပ်သည်
ထက်ပို သုံးစွဲခြင်းအစရှိသည်တို့ကြောင့်ဖြစ်ပါတယ်။



ဆီးပိုးဝင်နိုင်ခြေများသောအခြေအနေများ (Risk factor)
-----------------------------------------------------------------------------------
အမျိုးသမီးတွေဟာ အမျိုးသားများထက်ဆီးပိုးဝင်နိုင်ခြေ ပိုများစေတဲ့ အဓိက အချက်တွေကတော့....

👩‍🏫 အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ
အမျိုးသားများထက်လမ်းကြောင်းတိုခြင်း

👩‍🏫 Diaphragm ကဲ့သို့ကိုယ်ဝန်တားပစ္စည်းမှားသုံးခြင်း

👩‍🏫 သွေးဆုံးပြီးချိန် oestrogen ဟော်မုန်းလျော့နည်း
လာခြင်းတို့ကြောင့် ဖြစ်ကါတယ်။

👩‍🏫 မွေးရာပါ ဆီးလမ်းကြောင်းပုံမှန် မဟုတ်ခြင်း

👩‍🏫 ဆီးလမ်းကြောင်း တွင်ကျောက်တည်ခြင်း

👩‍🏫ဆိးကျိတ်ရောဂါရှိသူများ

👩‍🏫 ဆီးပိုက် အချိန်ကြာမြှင့်စွာ ထည့်ထားရသူများ

👩‍🏫 ဆီးလမ်းကြောင်းခွဲစိတ်မှုပြုလုပ်ထားသူများ

👩‍🏫 ဆီးချိုရောဂါရှိသူများ နှင့်ကိုယ်ခံအားကျဆင်းစေသော ရောဂါ အခံရှိသူများ တို့ပဲ ဖြစ်ပါတယ်။


#ဆီးပိုးဝင်းခြင်း၏ ရောဂါလက္ခဏာများ

(1) ဆီးကျဉ်ခြင်း၊ဆီးပူခြင်း

(2) ဆီးခဏခဏ သွားချင်သလို ဖြစ်ခြင်း

(3) ဆီး အနည်ပါခြင်း

(4) ဆီးအရောင်ရင့်ခြင်း(လက်ဖက်ရည်ကြမ်းအရောင်၊ကိုကာကိုလာ အရောင်) -သွေးပါခြင်းလက္ခဏာ

(5) ဆီးအနံ့ နံခြင်း

(6) အမျိုးသမီးများတွင်တင်ပါဆုံ ဝန်းကျင်အောင့်ခြင်း

(7) အဖျားကြီးခြင်းနှင့် ချမ်းတုန်ခြင်း

(8) ပျို့အန်ခြင်း

(9) အဖြူဆင်းခြင်း

#ဆီးပိုးဝင်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးများ

ဆီးပိုးရောဂါ ဖြစ်ဖြစ်ချင်းကုပါက နောကိဆက်တွဲဆိုးကျိုးဖြစ်နိုင် ခြေနည်းပါတယ်။သို့သော် မကုသပါက..

(1) ခဏခဏ ဆီးပိုးဝင်ခြင်း
အမျိုးသမီးတွေမှာ မကုသပဲ ထားပါက ၆လတစ်ကြိမ် (သို့) ၁နှစ်အတွင်း ၄ကြိမ် နှင့်အထပ် ရောဂါ လက္ခဏာ ပေါ်လာတတ်ပါတယ်။

(2) ကျောက်ကပ် ပျက်စီးခြင်း

(3) ကိုယ်ဝန်ဆောင် အမျိုးသမီးများရောဂါကိုအချိန်မှီ မကုသပါက နေ့မစေ့၊လမစေ့မွေးခြင်း နှင့် ပေါင်မပြည့်သောခလေး မွေးခြင်း

(4) ပိုးဆိပ်တက်ခြင်း တို့ဖြစ်နိုင်ပါတယ်။

ဆီးပိုးမဝင်အောင် လိုက်နာရမည့် အချက်များကတော့..

(1) ဆီးသွားလျှင် ဆီးဝသည်ဟု သေချာသည်အထိ
သွားပါ။ အလျင်မလိုပါနှင့်။

(2) အညစ်အကြေး သန့်ရှင်းချိန်တွင် စက္ကူကို အရှေ့မှ အနောက်သို့ ဦးတည်ချက် တခုတည်းကိုသာ သုတ်ပါ။ နောက်မှ အရှေ့သို့ မသုတ်ရပါ။ အရှေ့အနောက် ဆွဲပြီးလဲ မသုတ်ရပါ။

(3) ရေများများသောက်ပါ။

(4) အမျိုးသမီး သန့်စင်ဆေးရည်၊ကိုယ်တိုက်ဆပ်ပြာ၊တခြား အမွေးနံ့သာ ပါသော သန့်စင်ရည်တို့နဲ့ သန့်ရှင်းခြင်းရှောင်ပါ။ ဖြစ်နိုင်လျှင်ရိုးရိုးရေသာ သုံးပါ။

(5) လိင်မဆက်ဆံခင် မိမိ အင်္ဂါကို သန့်ရှင်းရေး လုပ်ပါ။

(6) လိင်ဆက်ဆံ ပြီးပြီးချင်းပိုးများ ဆီးလမ်းကြောင်းထဲ မဝင်စေရန် ရူးပေါက်ပေးပါ။

(7) ချည်သားအတွင်းခံ၊တအားမကြပ်သော အတွင်းခံများကိုသာ ဝတ်ဆင်ပါ။

Reference : Mayo clinic WebMD
Your Beauty Healthy Ladies

28/06/2023

ရတနာလေး ပန်းနုရောင်နဲ့မွှေးမွှေးလေး ဖြစ်နေတာ

Madam Aliza ရဲ့ Secret Cleanser နဲ့ Lady Serum ကြောင့်ပေါ့

Lady Serum ... 36000 ks
Lady Cleanser ... 32000 ks

#10ဗူးယူတာနဲ့လက်ကားဈေးရပါမယ်ရှင့်

Photos from MADAM LIZA's post 25/06/2023

🌹❤️MADAM ALIZA❤️🌹
🌹အပျိုဖော်ဝင်စမှ သွေးဆုံးခါနီးသည်အထိ အမျိုးသမီးများ၏ နေ့စဉ်ဘဝမှာ 🌹နုပျို🌹စိုပြေ🌹တင်းရင်း🌹လှပ🌹ကျစ်လစ်🌹မွှေးကြိုင်🌹ရုံသာမက တစ်ကိုယ်ရေသန့်ရှင်းစွာနဲ့ 🌹ထာဝရကျန်းမာ
လန်းဆန်း🌹တက်ကြွ🌹နေဖို့အတွက်🌹သင့်ဆီမှာ
🌹❤️MADAM ALIZA ❤️🌹ရှိဖို့လိုနေပြီနော်🌹🌹

🌹❤️MADAM ALIZA❤️🌹ဟာမိမိတို့၏အိမ်ဦးနတ်
အမျိုးသားအပေါ် အိမ်ထောင်ရေး သုခ များ ကောင်း
မွန်စွာ ပေးစွမ်းနိုင်သည့်အတွက် အိမ်ထောင်ရေးဖောက်ပြန်မှု ပြသာနာများနှင့် ကင်းဝေး၍ မိမိတို့၏
သာယာပျော်ရွှင်သော မိသားစု ဘဝလေးကို လူမှုဝန်းကျင်တစ်ခုမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
အနာဂတ်ဘဝခရီးလမ်းကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့အတွက် 🌹❤️သင့်ဆီမှာ 🌹
MADAM ALIZA🌹❤️ရှိဖို့လိုနေပြီနော်❤️🌹

❤️ချစ်ခြင်းမေတ္တာများဖြင့်
K . Boss Koy❤️ Boss Koy Lady AEC❤️🌹

Photos from MADAM LIZA's post 24/06/2023

ဗူးပေါင်း သိန်းသောင်းချီပြီးရောင်းနေရတာဟာ ရောင်းခဲ့ရတာတွေဟာ ဒီလိုစစ်မှန်ထိရောက်တဲ့ ရလဒ်တွေကြောင့် ဖြစ်လာခဲ့တာပါ။ တကယ်သုံးရင် တကယ်သိသာတာမို့ ဝယ်ပါလို့ အတင်းမပြောချင်ဘူး။ သုံးစွဲသူတွေရဲ့ အတွေ့အကြုံတွေကိုသာ ဖတ်ကြည့်လိုက်ပါ။

Photos from MADAM LIZA's post 18/06/2023

အိမ်ထောင်ကျတာ နှစ်တွေကြာပြီးးးအိမ်ထောင်ဘက်က ကိုယ့်အပေါ် စိတ်ကုန်နေပြီလား

ကိုယ့်ကိုယ်ကို လိုအပ်ချက်တွေရှိနေပြီဆိုတာ သိရဲ့လား.....

MadamAliza..3မျိုး 1set လေး သုံးကြည့်နော်

သောက်ဆေးက ရင်သားကိတ်တယ် အဖြူဆင်းခြင်း အနံ့နံခြင်း ယားယံခြင်း မိန်းမကိုယ်ကျယ်နေခြင်း တို့ကို တပတ်အတွင်း သိသာပါတယ်နော်

ရင်သားအတွက်က 3ဘူးကစပြီး သိသာပါတယ် ရှင့်

Serum နှင့် Cleanser က

မိန်းမကိုယ်လေးကို အပျိုလေးလို ကျစ်လျစ်တင်းကျပ်စေပြီး

မိန်းမကိုယ်အသားများကို ပန်းနုရောင် သန်းစေပါတယ်

နှင်းဆီပန်း ရဲ့ အဆီအနှစ်များဖြင့် ထုပ်လုပ်ထားသောကြောင့် တနေကုန် သင်းပျံ့ပြီး မွှေးကြိုင်စေပါတယ်

MadamAliza....32000
Cleanser....32000
Serum.... 36000

1set ယူ ပို့ခ free

page messenger(or) viber 09882450450သို့ ဆက်သွယ် မှာယူပါရှင့်

Photos from MADAM LIZA's post 18/06/2023

သွေးလွန်တုပ်ကွေးရောဂါ အကြောင်းသိကောင်းစရာ

အားလုံးသိကြတဲ့ ခြင်ပေါတဲ့ မိုးရာသီဝင်ရောက်လာပြီလေ။ခြင်ကြောင့် ဖြစ်တဲ့ရောဂါများထဲက #သွေးလွန်တုပ်ကွေးရောဂါ အကြောင်း သိသင့်သိထိုက်တာတွေကို ရှင်းပြချင်ပါတယ်။

၁။ #သွေးလွန်တုပ်ကွေးရောဂါဘာကြောင့်ဖြစ်တာလဲ။

သွေးလွန်တုပ်ကွေးရောဂါဟာ Dengue virus ကြောင့်ဖြစ်တာပါ။Dengue virus အမျိုးအစား (၄)မျိုးရှိပါတယ်။Dengue Virus ကို သယ်ဆောင်ထားတဲ့ Aedes ဆိုတဲ့ ခြင်အမျိုးအစားကိုက်ခံရခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်စေပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အပူပိုင်းနဲ့ အပူလျော့ပိုင်း ဒေသမှာ အဖြစ်များပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံ (၁၀၀)ကျော်မှာ ဖြစ်ကြပါတယ်။လူဦးရေ (၃)ဘီလီယံကျော်ဟာ သွေးလွန်တုပ်ကွေးဖြစ်နိုင်တဲ့ဒေသမှာ နေထိုင်ကြပါတယ်။

တစ်နှစ် ကမ္ဘာ့လူဦးရေသန်း(၄၀၀) သွေးလွန်တုပ်ကွေးဖြစ်ကြပေမယ့် လူဦးရေ သန်း(၁၀၀)လောက်သာ လက္ခဏာပြကြပြီး လူဦးရေ (၂၂၀၀၀)ကျော်ဟာ သေဆုံးကြပါတယ်။(CDC)

၂။ #သွေးလွန်တုပ်ကွေးဖြစ်စေတဲ့Aedesခြင်အကြောင်း

သွေးလွန်တုပ်ကွေးရောဂါကိုသယ်ဆောင်နိုင်တဲ့ ခြင်အမျိုးအစားကတော့ Aedes species(A.aegypti /A.albopictus)ဖြစ်ပါတယ်။ဒီခြင်အမျိုးအစားက ရေသန့် ရေသေတဲ့နေရာမှာရှင်သန်ပေါက်ဖွားကြပါတယ်။နေ့ခင်းပိုင်းနဲ့ ညပိုင်းမှာ ကိုက်တဲ့ ခြင်အမျိုးအစားဖြစ်ပါတယ်။

၃။ #သွေးလွန်တုပ်ကွေးရောဂါရဲ့လက္ခဏာများ

-ပုံမှန်အားဖြင့် သွေးလွန်တုပ်ကွေးရောဂါဟာ Dengue virus ဝင်တဲ့သူရဲ့ (၄)ယောက်မှာ (၁)ယောက်သာ လက္ခဏာခံစားလေ့ရှိပါတယ်။(CDC)

-သာမန် ဖျားနာတဲ့ လက္ခဏာနဲ့ ရောဂါပြတတ်သလို ပြင်းထန်သွေးလွန်တုပ်ကွေးလက္ခဏာ ပြတဲ့သူတွေလည်းရှိပါတယ်။

#တွေ့ရအများဆုံးသွေးလွန်တုပ်ကွေးလက္ခဏာတွေကတော့

-ဖျားခြင်း နှင့်
*အော့အန်ခြင်း
*ခေါင်းမူးဝေခြင်း
*ကိုယ်လက်ကိုက်ခဲခြင်း
*အရေးကြီးလက္ခဏာများ တို့ဖြစ်ပါတယ်

( #အရေးကြီးလက္ခဏာများ-ဟာ အဖျားကျပြီး (၂၄-၄၈)နာရီ လောက်မှာပြတတ်ပါတယ်)

-ဗိုက်အောင့်ခြင်း
-မကြာခဏအန်ခြင်း
-နှာခေါင်းသွေးလျှံခြင်း/သွားဖုံးသွေးလျှံခြင်း
-သွေးအန်ခြင်း/ဝမ်းမည်းမည်းသွားခြင်း
-အရမ်းနှုံးနေခြင်း/ဂဏှာမငြိမ်ဖြစ်ခြင်း တို့ဖြစ်ပါတယ်။

၄။ #သွေးလွန်တုပ်ကွေးရောဂါကာကွယ်ခြင်း

သွေးလွန်တုပ်ကွေးကို သယ်ဆောင်နိုင်သော ခြင်ဟာ ရေသန့် ရေသေမှာ အဓိကပေါက်တဲ့အတွက် ခြင်ပေါက်ဖွားနိုင်တဲ့ ရေအိုင် ၊ကားတာယာ၊ရေကန်တွေ ရေအိုးတွေကို အဓိကသတိထားရမှာဖြစ်ပါတယ်။ပိုးလောက်လန်းများတွေ့ရင် ဇကာနဲ့စစ်ထုတ်ဖို့ အကြံပြုခြင်ပါတယ်။

အိမ်တွေမှာ ခြင်လုံဇကာများတပ်ဆင်ခြင်း၊ခြင်ထောင်နဲ့အိပ်ခြင်း ၊ခြင်မကိုက်ဆေးလိမ်းခြင်း၊အင်္ကျီအရှည် ဘောင်းဘီအရှည်များ ဝတ်ဆင်ခြင်းဖြင့် ခြင်မကိုက်အောင်ကာကွယ်နိုင်ပါတယ်။

နောက်ပြီး ကလေးများအနေနဲ့ ကိုယ်ခံအားကောင်းအောင်စားခြင်း
ဖျားပြီး မလန်းလျှင် သတိထားပြီးစောင့်ကြည့်ဖို့လိုပါတယ်။

Crd:

Photos from MADAM LIZA's post 17/06/2023

သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံတစ်ခုထဲမှာ
Singapore ပါတယ်

နိုင်ငံသေးပြီး လည်စရာသိပ်မများပေမယ့်
တိုးတက်မှု အခွငိ့အလမ်းကတော့ အများကြီးရှိတယ်

ပျော်စရာအကောင်းဆုံးကတော့
မှာ ကစားစရာတွေ စုံအောင်
ဆော့ရင်တောင် တစ်ရက်နဲ့ မလောက်ပါဘူး 😅☺️

ဒီတစ်ခေါက်ကတော့
ဲ့ သွားတဲ့ခရီးစဉ်ပါ

Madamaliza Team partner တွေကို ပုံရိပ်ဖော်နိုင်အောင် ပုံလေးတင်ပေးရခြင်း ဖြစ်ပါတယ် 😘

ောင်းတဲ့သူအတွက်ကိုလည်း
points (2000)နဲ့လုပ်ပေးထားပါတယ်

နောက်Trip က Korea ပါ
နှစ်ကုန်အထိ စုလို့ရလို့ အချိန် (၅)လခွဲ
ကျန်သေး တာမို့ ကြိုးစားဖို့အခွင့်အရေးရှိပါတယ်
ရပြီးတဲ့သူတွေလည်းရှိနေပါပြီ

#ခရီးစဉ်ကတော့ နောက်နှစ်ထဲမှာသွားရမှာ
ဖြစ်ပါတယ်

ကမ္ဘာပတ်ချင်တဲ့ အိမ်မက်ကို
Madamaliza နဲ့အခုပဲ လက်တွေ့
အကောင်အထည်ဖော်လိုက်ပါနော် 💪🏻💛

16/06/2023

♦သားအိမ်ဝရောင်ခြင်း♦
------------------------
👉Cervicitis ဆိုတာ ရောဂါလား၊ ဘာကြောင့် ဖြစ်ရတယ် ဆိုတာရယ် ရောဂါဆို ဘယ်လို ကုသရတယ်၊ ဘာတွေ ရှောင်လို့ ဘယ်လိုနေရတယ်၊ Cervicitis ဆိုတာ သားအိမ်အဝရောင်တဲ့ ရောဂါဖြစ်တယ်။ အဖြစ်များတယ်။ အမျိုးသမီး တဝက်လောက် တသက်မှာတခါ ဖြစ်တတ်ကြတယ်။ ဖြစ်နေမှန်း မသိကြတာလဲ မနည်းဘူး။ Bacterial vaginosis (ဗဂျိုင်းနား) ရောင်ရာကနေလဲ ဆက်ဖြစ်လာနိုင်တယ်။
🔺အသက် ငယ်ငယ်နဲ့ ဖို-မဆက်ဆံတာ၊ လိင်ဆက်ဆံနည်း ဆန်းပြားတာ၊ (ကွန်ဒုံး) မပါဘဲ ဆက်ဆံတာ၊ အရင်က STDs လိင်ကတဆင့် ကူးစက်ရောဂါ ဖြစ်ဘူးတာ၊ လိင်ဆက်ဆံဘက် အဖေါ်များတာတွေက ဒီရောဂါ ပိုဖြစ်စေပါတယ်။
🔹လိင်ကတဆင့် ကူးစက်ရောဂါတွေထဲက Gonorrhea ဂနိုရီးယား၊ Chlamydia (ကလာမိုင်ဒီယား)၊ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊ HIV (အိတ်ချ်အိုင်ဗွီ)၊ Ge***al herpes လိင်လမ်းရေယုံ တွေကနေဖြစ်လာစေနိုင်တယ်။ HPV လိင်လမ်း-ကြွက်နို့ ကနေ အဲလို ဖြစ်လာနိုင်တယ်လို့ ဆိုပေမယ့် Mayo Clinic ကတော့ သက်သေ မရှိဘူးလို့ ဆိုပါတယ်။
💢ရောဂါပိုး မဟုတ်ပေမယ့်လဲ -
🌀Pessary, Tampon ရာသီလာတုံး သုံးတဲ့ပစ္စည်းတွေ၊
🌀Cervical cap, Diaphragm, Latex, Contraceptive creams ကိုယ်ဝန်တား ပစ္စည်း-ဆေးတွေ၊
🌀သုတ်ပိုးသတ်ဆေး၊ (ကွန်ဒွမ်) တွေနဲ့ မတည့်သူတွေမှာလဲ ပိုးဝင်တာ ပိုလွယ်စေတယ်။
🌀စစ်ဆေးရာမှာ သုံးတဲ့ Surgical instrument ခွဲစိတ်ကရိယာတွေကနေလဲ ပိုးမသန့်ရင် ဖြစ်နိုင်တယ်။
🌀တချို့မှာ ဘာလို့ဖြစ်သလဲ ရှာမတွေ့တတ်ပါ။
👉သားအိမ်ဝရောင်တယ် ဆိုတာနဲ့ အရင်ဆုံးသိလာမယ့် လက္ခဏာကတော့မွေးလမ်းကြောင်းကနေ တခုခုဆင်းတာ ဖြစ်တယ်။
🔹အဖြူရောင်၊
🔹အဝါရောင်၊
🔹မီးခိုးရောင် စတဲ့ အရောင်တွေလဲ ဆင်းနိုင်တယ်။ ရာသီဆင်းအပြီး ပိုသိသာတယ်။
🔹ယားမယ်၊
🔹အနေရခက်မယ်၊
🔹ဆက်ဆံရင် နာမယ်၊
🔹ကြားရက်ဖြစ်ဖြစ်၊
🔹ဆက်ဆံနေတုံး ဖြစ်ဖြစ်သွေးဆင်းမယ်၊
🔹ဆီးပူ-ဆီးအောင့်မယ်၊
🔹ခါးဖြစ်ဖြစ် ဆီးစပ်ဖြစ်ဖြစ် နာမယ်။
♻ဆိုးတဲ့ အဆင့်ဖြစ်လာရင်အနံ့ဆိုးဝါးတာတွေ ဆင်းမယ်။ ဒိနောက် ကိုယ်ပူလာမယ်၊ ပျို့ခြင်လာမယ်။ ရောဂါလို့ သံသယနဲ့ လာသူကို ရောဂါ ရာဇဝင် မေးတယ်။ ခံစားနေရာတာအပြင် လိင်ဆက်ဆံရေး၊ အိမ်ထောင်ရေး မေးမယ်။ Pelvic exam မွေးလမ်း စစ်ဆေးမယ်။ Specimen collection မွေးလမ်းက ဆင်းနေတာကို ရယူစစ်ဆေးမယ်။ သားအိမ်အဝ ကင်ဆာ ဟုတ်-မဟုတ်ကို Pap smear test နည်းနဲ့ သိနိုင်တယ်။
🟢1. Chlamydia trachomatis ပိုးက Neisseria gonorrhoeae ပိုးထက်ပိုပြီး အဖြစ်များတယ်။
🟢2. နဲနဲပါးပါး ဖြစ်တတ်တဲ့ Herpes simplex virus (HSV) နဲ့ T. vaginalis ပိုးတွေကနေ သားအိမ်အဝရဲ့ Ectocervix အပေါ်ယံလွှာ Squamous epithelium ကို ထိခိုက်စေတယ်။
🟢3. Mycoplasma genitalium, Streptococci (A and 😎 (ဘက်တီးရီးယား) တွေကလဲ ဖြစ်စေတယ်။
🟢4. Cytomegalovirus (ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရင် လက္ခဏာ မပြတာ များတယ်။
Antibiotic therapy ဆေးတွေက အတော်နိုင်ပါတယ်။
🌀STDs လိင်ကတဆင့် ကူးစက်ရောဂါတွေဆိုရင် ဆိုင်ရာ-နိုင်ရာ ဆေးတွေ ပေးရမယ်။
🌀Chlamydial cervicitis ဖြစ်တာကို Doxycycline ဆေးပေးတာ များတယ်။
🌀Ge***al herpes မွေးလမ်း-ရေယုံဆိုရင် Acyclovir (Zovirax) ဆေးပေးမယ်။
🌀ရ ရက် လိင်မဆက်ဆံပါနဲ့။
🌀Safe-sex practices စိတ်ချရတဲ့ လိင်ဆံမှုပြုပါ။ ကိုယ့်အဖေါ်ကိုယ် သိပါ။ အဖေါ်များတာ မကောင်းပါ။
🌀ရောဂါပိုးက မွေးလမ်းမှာ ရောဂါစကတည်းက သားအိမ်အထိ မရောက်ခင် ဆေးကုပါ။
🌀Electrocoagulation လျှပ်စစ်နည်း၊ Cryotherapy အေးခဲစေနည်း နဲ့ Laser (လေဆာ) နည်းတွေနဲ့လဲ လုပ်နိုင်တယ်။ ဆေးနဲ့မရမှ လုပ်ပါတယ်။ ဒါတွေလုပ်ရင် မွေးလမ်းကျဉ်းတာ ထိခိုက်တာတွေ ဖြစ်နိုင်တယ်။
🔺ဘာမှ မခံစားရလို့ မကုဘဲနေရင် ကြာတော့ -
❎1. Pelvic Inflammatory Disease (PID) တင်ပဆုံးတွင်း အင်္ဂါတွေ ရောင်တာ ဆက်ဖြစ်လာနိုင်တယ်။
❎2. Infertility ကလေးမရ ဖြစ်နိုင်တယ်။
❎3. Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်နိုင်တယ်။
❎4. Chronic pelvic pain ဆီးစပ်နေရာ တာရှည် နာနေတတ်တယ်။
❎5. Spontaneous abortion သူ့အလိုလို ကိုယ်ဝန် ပျက်တတ်တယ်။
❎6. Cervical cancer သားအိမ်အဝ ကင်ဆာ ဖြစ်နိုင်တယ်။
❎7. ကလေး စောမွေးနိုင်တယ်။
❎8. မွေးလာတဲ့ကလေး ပိုးဝင်နိုင်တယ်။နူမိုးနီးယား၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။အထက်ပါ‌ဝေဒနာများခံစားနေရပြီဆို

16/06/2023

အခုပဲမှာယူလိုက်ပါ🌺🌺

24/05/2023

နာတာရှည် ကျောက်ကပ်အားနည်း‌ရောဂါ ကြောင့် ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်အစားထိုးထားရာကနေ အဲဒီအစားထိုးထားတဲ့ ကျောက်ကပ် ပြန်ပြီးပျက်စီးသွားလို့ ကျောက်ကပ်ပြန်ဆေးနေရတဲ့ လူနာတစ်ယောက်နဲ့ ကျွန်တော်စကားပြောကြည့်ဘူးတယ်။ အဲဒီတုန်းက အဲဒီလူနာက သူကျောက်ကပ်ဆေးဖို့လာရင်း သူ့အလှည့် မရောက်သေးလို့ ထိုင်ခုံကို မှီပြီးနားနေရင်း သူ့အလှည့်ကို စောင့်နေတဲ့အချိန်..။

နေကောင်းရဲ့လား လို့ ကျွန်တော်မေးတော့ ကျောက်ကပ်မဆေးရသေးတော့ လေးတေးတေးကြီးပေါ့ ဆရာရယ်တဲ့။ ဆေးပြီးရင်တော့ နေလို့ထိုင်လို့ ကောင်းပါတယ်တဲ့။

သူကဆက်ပြောတယ်။

ဒါပေမယ့် ခဏပဲ ဆရာ တဲ့။ တစ်ရက် နှစ်ရက် ဆို နေရတာ လန်းလန်းဆန်းဆန်း မရှိတော့ဘူး။

ဆရာရယ်.. ကျွန်တော်ကျောက်ကပ်ပြန်အစားထိုးချင်တာ။ ပိုက်ဆံ စုလိုက်ဉီးမယ်။
ကျောက်ကပ်အစားထိုးလိုက်တဲ့ အရသာ က ဘာနဲ့မှ မတူဘူး။ လေထဲမှာ လမ်းလျှောက်နေရသလို ပေါ့ပါးနေတာပဲ။ ထမင်းတွေလည်း စားလို့ကောင်း၊ အသက်ရှုလို့လည်း ဝ တယ်။ နေလို့ထိုင်လို့ အရမ်းကောင်းတာပဲ.. ဆရာရယ်.. တဲ့...။

သူပြောတာကို ကျွန်တော် နားထောင်နေရင်းနဲ့ သူ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် သူ ဘယ်လိုခံစားရတယ်ဆိုတာ ကျွန်တော် ဘယ်လိုနည်းနဲ့မှ သေချာမသိနိုင်ဘူး။ ကျွန်တော်မှ မခံစားဘူးပဲကိုး။
ကျွန်တော်တို့သိထားတဲ့ ဆီးဆိပ်တွေ (Urea) တွေ၊ Creatinine တွေ၊ အက်ဆစ်ဓါတ်တွေ၊ ကျန်တဲ့ ကျောက်ကပ်ပျက်စီးလို့ မစွန့်ထုတ်နိုင်တဲ့ အကြွင်းအကျန် အညစ်အကြေးတွေ ခန္ဓာကိုယ်မှာ စုပုံလာတဲ့အခါ လူတစ်ယောက် ဘယ်လိုခံစားရမလဲဆိုတာ ဝေဒနာရှင်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့တတွေ ဖျားဘူး၊နာဘူးကြတာပဲ။ ဖျားကြနာကြတဲ့အခါ အမြန်ဆုံး ပြန်သက်သာချင်ကြတာပဲ မဟုတ်လား။ တကယ်လို့သွားကိုက်တဲ့ ဝေဒနာကိုခံစားဘူးတယ်ဆိုရင် အဲဒီဝေဒနာကို အမြန်ဆုံး သက်သာချင်တဲ့ ဆန္ဒဘယ်လောက် ပြင်းပြသလဲ ဆိုတာ ကိုယ်တိုင်သွားကိုက်ဘူးတဲ့သူဆိုရင် ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။

ဒါပေမယ့်...

နာတာရှည်ကျောက်ကပ်အားနည်းတဲ့ရောဂါ ဟာ သာမန်တုပ်ကွေးမိ ဖျားနာသလို၊ သွားကိုက်သလိုမျိုး မဟုတ်ပါဘူး။

ရုတ်တရက် ပျက်စီးတဲ့ ကျောက်ကပ်ရောဂါ (Acute Kidney Injury) ဆိုရင် ပြန်ကောင်းနိုင်ပေမယ့် တကယ်သာ နာတာရှည်ကျောက်ကပ်‌ဝေဒနာ ခံစားရပြီဆိုရင် အဲဒီကျောက်ကပ်ဟာ NO U-TURN ဘယ်တော့မှ ပြန်ပြီးကောင်းလာမှာ မဟုတ်တော့ပါဘူး။ အရှင်းဆုံးပြောရရင်တော့ အခုထိ.. ဘယ်နိုင်ငံမှာမှ ကုရာနတ္ထိ ဆေးမရှိ တဲ့ ရောဂါဆိုး လို့ပဲ ပြောရမှာပါပဲ။

ကမ္ဘာ့လူဉီးရေရဲ့ ၁၅ ရာခိုင်နှုန်းနီးပါးဟာ နာတာရှည် ကျောက်ကပ်အားနည်းရောဂါ ခံစားနေရပါတယ်။ လူ ၁၀၀ မှာ ၁၅ ယောက်လောက်ဟာ နာတာရှည်ကျောက်ကပ်အားနည်းနေကြတယ်လို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်။
ကျောက်ကပ်ဆေးတယ်လို့ အရပ်ထဲမှာ အလွယ်ပြောကြတဲ့ (Hemodialysis) ကျောက်ကပ်သွေးသန့်စင်တာပဲဖြစ်ဖြစ်၊ (Peritoneal Dialysis) ဝမ်းဗိုက်အမြှေးပါးက သွေးသန့်စင်တာပဲ ဖြစ်ဖြစ်၊ ကိုယ့်ခန္ဓာကိုယ်ထဲက သဘာဝကျောက်ကပ်က အလုပ်မလုပ်နိုင်လို့ ကိုယ်စားဝင်အလုပ်လုပ်ပြီး ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက် အညစ်အကြေးတွေကို စွန့်ထုတ်ပေးရုံပဲ တတ်နိုင်တာပါ။ ပျက်စီးသွားတဲ့ ကျောက်ကပ်ကို ပြန်ပြီးကောင်းလာအောင် ကုစားပေးတာ မဟုတ်ပါဘူး။ ဒါကို တစ်ချို့ဆရာဝန်တွေတောင် နားလည်မှုလွဲနေကြတာ ရှိပါတယ်။ ကုန်ကျစားရိတ်လည်း အင်မတန်များပါတယ်။

အနည်းဆုံး တစ်လကို ၅ သိန်း လောက်မှ အကုန်မခံနိုင်ရင် ကျောက်ကပ်ဆေးဖို့ မလွယ်ပါဘူး။ ဒါတောင် အနည်းဆုံး စျေးကို တွက်ပြထားတာပါ။ ဘယ်လိုပဲ ကျောက်ကပ်ဆေးဆေး ကိုယ့်သဘာဝကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြည့်မှီအောင် မစွမ်းဆောင်နိုင်တာတေွ အများကြီးရှိပါသေးတယ်။

ကျောက်ကပ်လဲတယ်လို့ ပြောကြတဲ့ ကျောက်ကပ်အစားထိုးတယ် ဆိုတာကလည်း ကျောက်ကပ်အကောင်း (အသစ်) တစ်လုံး ထည့်လိုက်တာဖြစ်လို့ ပုံမှန်အတိုင်း စားနိုင်သွားနိုင်လာနိုင်တယ် ဆိုသည့်တိုင်အောင် အဲဒီ ကျောက်ကပ်အသစ်ကလေး ပျက်မသွားရအောင် နေ့စဉ် ဆေးဝါးတွေ ရာသက်ပန်သောက်သုံးနေရတာပါ။ အဲဒီဆေးတွေကြောင့်လည်း ကိုယ်ခံအားကျဆင်းနေတာဖြစ်တဲ့အတွက် လူမမာတပိုင်းလို့ ဆိုရင် မမှားပါဘူး။

ဒီလောက်ဆိုရင် နာတာရှည်ကျောက်ကပ်ရောဂါ ဆိုတာ ပေါ့‌ပေါ့လေးမဟုတ်မှန်း သိလောက်ပြီထင်ပါတယ်။

ကျွန်တော်တို့ဆီမှာ နှလုံးရောဂါဖြစ်မှာ၊ ကင်ဆာ ဖြစ်မှာ သိပ်ကြောက်ကြတယ်။ ဘီပိုး စီပိုး ကူးစက်ခံရမှာလည်း သိပ်ကြောက်ကြပါတယ်။ အဲဒီရောဂါတွေဟာ ကြောက်ဖို့ကောင်းတာမှန်ပါတယ်။ ဒါပေမယ့် ရောဂါရဲ့ အတိမ်အနက်ပေါ်မူတည်ပြီး မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။

နာတာရှည်ကျောက်ကပ်ရောဂါကတော့ ဖြစ်ပြီဟေ့ ဆိုတာနဲ့ နောက်မဆုတ်တော့ပါဘူး။ အသက်ကြီးလာမှာကို တားမရသလို နာတာရှည်ကျောက်ကပ်ဝေဒနာရှင်ရဲ့ ကျောက်ကပ်ပျက်စီးသွားမှာကို ဘာနဲ့မှ တားလို့ မရပါဘူး။ မသကာ အရွယ်တင်အောင် အလှတွေပြင်၊ လေ့ကျင့်ခန်းတွေလုပ် လို့ ရသလို ကျောက်ကပ်ပျက်စီးတဲ့ နှုန်းထားကို နှေးနေအောင်ပဲ ‌ဆေးဝါးတွေ၊ အပြုအမူအနေအထိုင်တွေနဲ့ ကုသပေးလို့ ရပါတော့တယ်။ ဉပမာ- ၃၀ ဖိုး ပဲ အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်က တစ်နှစ်နေရင် ၂၀ ဖိုးပဲ ကျန်တော့မယ်ဆိုရင် သေသေချာချာ ကုသလို့ရှိရင် ၂၅ ဖိုး လောက် ကျန်နိုင်တာမျိုး လောက်အထိပဲ စွမ်းဆောင်ပေးနိုင်ပါတယ်။ အဲဒီ ကျန်နေတဲ့ ၃၀ ဖိုး ကို ၅၀ ဖိုး- ၆၀ ဖိုး ဖြစ်လာအောင် ကုသပေးလို့ မရနိုင်တော့ပါဘူးခင်ဗျာ။

အဲဒီတော့ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ဆိုတာ ဘာများပါလိမ့်။
နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ဟာ ကနဉီးကာလတွေမှာ ဘာလက္ခဏာမှ မပြပါဘူး။ ကျွန်တော်တို့ ဆီးဆိပ်လို့ အလွယ်ပြောကြတဲ့ (သာမန်လူ နားလည်အောင် အလွယ်ပြောရရင်) Creatinine စစ်မကြည့်မချင်း မသိနိုင်ပါဘူး။

စက်ရုံတစ်ရုံမှာ အလုပ်သမား ၁၀၀ ရှိတယ် ဆိုပါစို့။ အင်တိုက်အားတိုက် အလုပ်လုပ်နေကြတယ်။
အလုပ်သမား ၂၀ လောက်က အလုပ်ထွက်သွားတယ်။ ၈၀ ပဲ ကျန်တယ် ဆိုပါစို့။ အဲဒီ ကျန်နေတဲ့ ၈၀ က လူ ၁၀၀ စာ ကို ဟန်မပျက် ထိမ်းပြီး အလုပ်လုပ်ပေးနေနိုင်သေးတယ်။ မသိသာသေးဘူး‌ပေါ့လေ။
ဒါပေမယ့် အဲဒီ လူ ၈၀ ကလည်း ၁၀၀ စာ မလုပ်နိုင်တော့ဘဲ တဖြည်းဖြည်းနဲ့ လေျာ့လေျာ့လာမယ်ဆိုရင် လူ ၅၀ လောက်ပဲ ကျန်တော့တဲ့ အချိန်မှာတော့ အဲဒီ စက်ရုံက မနိုင်မနင်း ဖြစ်လာပါပြီ။ လူ ၅၀ ကပဲ အရင် လူ ၁၀၀ စာ လုပ်ခဲ့တဲ့ အလုပ်တွေကို သိမ်းကြုံးလုပ်ရတော့တာကိုး။

အဲဒီ ကျန်နေတဲ့ လူ ၅၀ ကနေ.. ၃၀.. ၂၀ အစရှိသဖြင့် နည်း နည်း လာမယ် ဆိုရင်တော့ နောက်ဆုံး ၁၀ ယောက် လောက်ပဲ ကျန်တော့တဲ့ အခါ စက်ရုံအလုပ်လုပ်ဖို့ မလွယ်တော့ပါဘူး။

ဒီသဘောပါပဲ။ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ရဲ့ ကနဉီး အဆင့်တွေမှာ ကျောက်ကပ်ရဲ့ အလုပ်လုပ်ပေးနေတဲ့ Nephron လို့ ခေါ်တဲ့ ယူနစ်သေးသေးလေးတွေက အလုပ်တွေပိုလုပ်ပေးနေလို့ မသိသာသေးပါဘူး။ ရောဂါ လက္ခဏာလည်း မပြသေးပါဘူး။ သူတို့တွေ တဖြည်းဖြည်းနဲ့ လျော့ကျလာတဲ့ အခါမှာတော့ ကျောက်ကပ်အားနည်းတဲ့ အဆင့်က ပိုပြီး ဆိုးလာပါတော့တယ်။ အဲဒီယူနစ်ကလေးတွေဟာ အနာရွတ်တွေ ဖြစ်သလို ကျောက်ကပ်ထဲမှာ ရှုံတွပျက်စီးကုန်တာ ဖြစ်တဲ့အတွက် ဘယ်တော့မှ ပြန်ကောင်းမလာနိုင်တော့ပါဘူး။
ညှိုးသွားတဲ့ ပန်းကလေး ဟာ ဘယ်တော့မှ ပြန်လန်းမလာနိုင်တော့သလိုပါပဲ။
တချို့က ပြောကြတယ်။

ဆီးတွေလည်း သွားတယ်။ ဖော လည်း မဖောဘူး။ ကျောက်ကပ်အားနည်းတာ ဟုတ်ပါ့မလား တဲ့။

ဆီးတွေနည်းတယ်၊ ဖောတယ် ဆိုတာ ကနဉီး ကျောက်ကပ်ရောင်တာ၊ ရုတ်တရက် ကျောက်ကပ်ပျက်တဲ့ အနေအထားတွေမှ ချက်ချင်းလက်ငင်း ဖြစ်တတ်ပေမယ့် နာတာရှည်ကေျာက်ကပ်အားနည်းရင်တော့ တော်တော်လေး ‌နောက်ကျမှ သိတတ်တာမျိုးပါ။

တချို့ကလည်း ကျွန်တော်/ကျွန်မ က ခါးမှ မနာတာ။ ကျောက်ကပ်ပျက်တယ်ဆိုတာ ဟုတ်ပမလား တဲ့။

ကျောက်ကပ်ကြောင့် ခါးနာတယ်ဆိုတာ ကျောက်ကပ်မှာ ကျောက်တည်တာတို့၊ ကျောက်ကပ်မှာ ပိုးဝင်ပြီး ပြည်ဝင်တာမျိုး (Pyelonephritis)၊အင်မတန် ရှားတဲ့ ကျောက်ကပ်ပုတ်တာမျိုးမှ နာတတ်တာမျိူးပါ။ နာတာရှည်ကျောက်ကပ်အားနည်းတာဟာ ခါးလည်း မနာတတ်ပါဘူး။ (တစ်ခုတော့ရှိတာပေါ့လေ။ သူ့ဟာသူ ကြီးပေါင်းတို့၊ သွေးကင်ဆာတစ်မျိုး (Myeloma) ကြောင့် အရိုးတွေ ကြွတ်ဆတ်ပြီး နာတာကြောင့် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်တာမျိုးက လွဲရင်ပေါ့)

လက်တွေ့မှာ အတွေ့ရအများဆုံးကတော့ ထိန်းမနိုင်သိမ်းမရ လေယာဉ်ပျက်ကျတဲ့အခါ (Crash Landing) ဘာမှလုပ်မရသလို မဖြစ်မနေ နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်မှ ကျောက်ကပ်ဆရာဝန် ဆီ ရောက်လာတဲ့ အခါ လူနာရဲ့ အနေအထားဟာ ပျက်ကျတဲ့လေယာဉ်ထဲက ခရီးသည် လို ဖြစ်နေတာမို့ (Crash Lander) လို့တောင် တင်စားခေါ်ဝေါ်နေကြပါပြီ။

နာတာရှည်ကျောက်ကပ်အားနည်းရောဂါဆိုတာ သွေးချို၊ဆီးချိုရောဂါ ကြာလာပြီဆိုရင်၊ သွေးတိုးရောဂါ ကြာလာပြီဆိုရင် ဖြစ်လာတတ်တာကြောင့် သတိထားဖို့လိုပါတယ်။ ဒါ့အပြင် အရေပြားလေးဖက်နာလို ရောဂါမျိုးတွေ၊ ကျောက်ကပ်ရောင်ရောဂါမျိုးတွေကို သေသေချာချာကုသမှု မခံယူခဲ့ရင် သေချာပေါက် ဖြစ်လာမယ့် ရောဂါပဲ ဖြစ်ပါတယ်။

အဓိက က တော့ မိမိမှာ သွေးတိုးရှိရင်၊ သွေးချိုဆီးချိုရှိရင်၊ နှလုံးရောဂါရှိရင် ကျောက်ကပ်ဆီးဆိပ်ကို မဖြစ်မနေ စစ်ကြည့်ပါ။ အနည်းဆုံး ၆ လ တစ်ခါ စစ်ကြည့်ပါ။ စျေးမကြီးပါဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက သွေး မစစ်ချင်ကြဘူး။ တစ်ချို့ က နှမြောတယ်။ တစ်ချို့ကျတော့ ရောဂါ သိမှာ ကြောက်ကြတယ်။ တကယ်တော့ ရောဂါ ဆိုတာ စောစောသိလေလေ ကုသဖို့ အချိန် ပိုရ လေလေပါပဲ။

အထူးသဖြင့် (ဆရာဝန်တွေကိုပါ တောင်းဆိုချင်တာပါ) ငယ်ငယ်ရွယ်ရွယ် သွေးတိုးရင် လူနာတွေကို မဖြစ်မနေ စစ်ကြည့်စေချင်ပါတယ်။ အနည်းဆုံး Creatinine နဲ့ Urine RE လောက်တော့ စစ်ကြည့်ပေးဖို့ အနူးအညွတ် တောင်းဆိုလိုပါတယ်။ အဲဒီလို စစ်ကြည့်လို့ ကောင်းနေခဲ့ရင်တောင် တစ်လ နှစ်လလောက် ခြားပြီး ထပ်စစ်ပေးဖို့ လိုပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့ နာတာရှည်ကျောက်ကပ်ပျက်စီးကြရသူ အများစုဟာ ကျောက်ကပ်မပျက်ခင်မှာ သွေးတိုးနဲ့ ဆရာဝန် ပြထားကြသူတွေ များပါတယ်။ သွေးကျဆေး ပေးထားတဲ့ အချိန် လူနာတွေက နေကောင်းနေပေမယ့် သူတို့ရဲ့ ကျောက်ကပ်ရောင်နေတာ (Glomerulonephritis) ကို မသိရတဲ့အတွက် ကုသလို့ ရသေးတဲ့ အချိန်မှာ ကုသခွင့် ဆုံးရှုံးကြရသူတွေ အများကြီးရှိပါတယ်။ ကျောက်ကပ်ဆရာဝန်ဆီ ရောက်လာရင်တော့ လေယာဉ်ပျံကြီး ပျက်ကျနေပြီပေါ့ဗျာ။
နောက်တစ်ခု က အကိုက်အခဲ ပျောက်ဆေးပါ။ အရပ်ထဲမှာ အလွယ်ဝယ်လို့ရနေတဲ့ ဝက်ငါးကောင် (Mefenaemic Acid) တို့၊ အလွယ်ထိုးလို့ရနေတဲ့ အသားဆေး (Diclofenac) တွေဟာ ကျောက်ကပ်သမားတွေအတွက် အင်မတန်ကြောက်ဖို့ကောင်းတဲ့ အဆိပ်တွေလို့ ဆိုရင် မမှားပါဘူး။ သာမန်လူကောင်းတွေတောင် အခန့်မသင့်ရင် ဒုက္ခပေးနိုင်ပါတယ်။

နောက်သတိထားဖို့ကတော့ တိုင်းရင်းဆေးတွေပါ။ အယူတိမ်းရင် နတ်စိမ်း ဖြစ်တယ် ဆိုသလိုပဲ.. တိုင်းရင်းဆေးကို အောဂန်းနစ် ဆိုပြီး အားကိုးတကြီး သောက်ကြတာတွေကလည်း အဓိက ကုသမှုကို မရဘဲ လူနာတွေ နစ်နာစေတဲ့အပြင် ကျောက်ကပ်ကို ဝန်ပိစေလို့ သတိပြု ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ တစ်ချို့ တရားဝင်ရောင်းချနေတဲ့ တိုင်းရင်းဆေးတွေ၊ ဖြည့်စွက်စာတွေဟာလည်း ကျောက်ကပ်ကို အန္တရာယ်ပေးနိုင်ပါတယ်။ အဆိုးဆုံးက အဲဒီဆေးဝါးတွေကို သောက်နေပြီး လူနာအတွက် အဓိကလိုအပ်တဲ့ ဆေးဝါးတွေကို ဆက်မသောက်တော့ဘဲ ရပ်ပစ်လိုက်တာမျိုးပါ။ ဖြည့်စွက်စာ ဆိုတာ ဆေး မဟုတ်ပါဘူး။ အရာရာဟာ တန်ဆေး လွန်ဘေး ပါပဲ။

ဒီနေ့ဟာ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ (World Kidney Day) ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကလည်း Bridge the knowledge gap to better kidney care ဖြစ်ပါတယ်။ အသိပညာများများပေး ကျောက်ကပ်ပိုမို ကျန်းမာရေး လို့များ ဆိုရမလား။

ကျောက်ကပ် ကျန်းမာအောင် သွေးပေါင်မတက်အောင် ဂရုစိုက်ပါ။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။ ဆေးလိပ်ဖြတ်ပါ။ ရေများများသောက်ပါ (မိမိမှာ ဖောရောင်နေတာ မရှိရင်)။ သွေးချိုဆီးချို ဂရုစိုက်ပါ။ အငန် ရှော့စားပါ။ အဝမလွန်အောင် ဂရုပြုပါ။ မလိုအပ်တဲ့ တိုင်းရင်းဆေး၊ အကိုက်အခဲပျောက်ဆေးတွေ ရှောင်ပါ။ မိမိမှာ မျိုးရိုးရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သွေးတိုး/ဆီးချို စတဲ့ ရောဂါအခံ တွေရှိရင် မဖြစ်မနေ သွေး/ဆီး စစ်ကြည့်ဖို့ မိမိဆရာဝန်ကို တိုင်ပင်ပါ။ ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေရင်တော့ မဖြစ်မနေ ကျောက်ကပ်ကုသမှု အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။
ကာကွယ်ခြင်း ဟာ ကုသခြင်းထက် ပိုပြီးထိရောက်ပါတယ်။

ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ကျန်းမာခြင်း၊ ကျောက်ကပ်၏ ကျန်းမာခြင်း နဲ့ ပြည့်စုံကြပါစေ လို့ ကျောက်ကပ်ဆရာဝန်တစ်ယောက်အနေနဲ့ ဆုတောင်းလိုက်ပါတယ်။

Credit to

ဒေါက်တာ ကျော်သူရိန်လွင်
(ကျောက်ကပ် ဆရာဝန်)

21/05/2023

Madamaliza🥰🥰

20/05/2023

[ကျန်းကျန်းမာမာ နေထိုင်ပါ-အသည်းအရောင်အသားဝါ A,B,C]
🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡
ဖတ်ရန်ကြာချိန် - ၁၅ စက္ကန့်

#အသည်းက ခန္ဓာကိုယ်မှာအလွန်အရေးကြီးပြီး မရှိမဖြစ်တဲ့ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။
#အသည်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေ၊ အဆိပ်အတောက်ဖယ်ရှားခြင်းလုပ်ငန်းတွေနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ပရိုတင်းဓာတ်ထုတ်လုပ်ပေးတဲ့ လုပ်ငန်းတွေကိုအဓိကလုပ်ဆောင်ပါတယ်။

#အသည်းရောင်တယ်လို့ပြောရင် အကြောင်းအရင်းကတော့နှစ်မျိုးရှိပါတယ်။
1.ဗိုင်းရပ်စ်ပိုးကြောင့်နဲ့
2. အခြားသော မူးယစ်ဆေး၊အရက် နဲ့ ကျန်းမာရေးဆိုင်ရာဆေးတွေ​ကြောင့်ဖြစ်နိုင်ပါတယ်။

#ဗိုင်းရပ်စ်ပိုးကြောင့်ဆိုရင်တော့ အသည်းရောင်အသားဝါ A,B,C ဆိုပြီးသုံးမျိုးကတော့အဖြစ်အများဆုံးပါ။

#ဒီနေ့မှာ အသည်းရောင်အသားဝါ A,B,C တွေကဘယ်လိုနည်းနဲ့ကူးတယ်ဆိုတာကိုပြောပြမှာပါ။

🔴အသည်းရောင် အသားဝါ A

▶အစားအသောက်နဲ့ ရေကနေတစ်ဆင့်ကူးပါတယ်။
အသည်းရောင်အသားဝါ A ပိုးရှိနေသူဟာ အိမ်သာတက်ပြီးလက်မဆေးဘဲ အစားအသောက်တွေကိုထိမိတဲ့အခါ အဲ့ဒီအစားအသောက်ကိုအခြားသူကဆက်စားမိမယ်ဆိုရင် ရောဂါကူးစက်နိုင်ပါတယ်။ သေချာကျက်အောင်မချက်ပြုတ်ထားတဲ့အစားအစာတွေနဲ့ မသန့်ရှင်းတဲ့ဟင်းသီးဟင်းရွက်တွေကနေလည်းကူးနိုင်ပါတယ်။

▶အသည်းရောင်အသားဝါ A ရောဂါက အလိုအလျောက်ပျောက်ကင်းနိုင်ပြီးတော့ နှစ်ရှည်လည်းမဖြစ်သလို အသည်းပျက်စီးခြင်းလည်းမဖြစ်ပါ။

🔴အသည်းရောင် အသားဝါ B

▶အသည်းရောင်အသားဝါ B ပိုးက ရောဂါရှိသူရဲ့ သွေးနဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကနေကူးနိုင်ပါတယ်။ ဆေးထိုးအပ်၊ ဘလိတ်ဓား နဲ့ သွားပွတ်တံတွေတူတူမျှသုံးခြင်းနဲ့ ရောဂါပိုးရှိတဲ့မိခင်ကနေ ကလေးကို ကလေးမွေးရင်းနဲ့လည်းကူးစက်နိုင်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကနေလည်း ကူးနိုင်ခြေရှိပါတယ်။ ဒါပေမယ့် အစားအသောက်၊ ပွေ့ဖက်ခြင်း နဲ့ ချောင်းဆိုးခြင်းကနေတော့မကူးစက်နိုင်ပါဘူး။

▶အသည်းရောင် အသားဝါ B ပိုးက ကာကွယ်ဆေးရှိပါတယ်။
ဒါပေမယ့် ရောဂါကူးစက်သွားရင်တော့ ပျောက်ကင်းအောင်ကုသလို့မရသေးပါ။ ဗိုင်းရပ်ပိုးအရေအတွက်ကိုလျှော့ချပြီး အသည်းပျက်စီးမှုမဖြစ်အောင်ဘဲ ထိန်းတဲ့နည်းပဲရှိပါသေးတယ်။ မကုသဘဲထားမယ်ဆိုရင်တော့ အသည်းပျက်စီးပြီး ကင်ဆာဖြစ်တဲ့အထိဆိုးနိုင်ပါတယ်။

🔴အသည်းရောင်အသားဝါ C

▶ရောဂါရှိသူရဲ့ သွေးနဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။ မိခင်ကနေကလေးဆီကိုလည်းကူးစက်နိုင်ပါတယ်။

▶C ပိုးက ကာကွယ်ဆေးတော့မရှိပေမယ့် ပျောက်ကင်းအောင်ကုသလို့ရနိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် အသည်းပျက်စီးပြီး ကင်ဆာဖြစ်နိုင်ပါတယ်။

အသည်းက အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်တဲ့အတွက် ဂရုစိုက်ဖို့လိုအပ်ပြီး အသည်းကိုကူးစက်နိုင်တဲ့ ဒီလိုရောဂါပိုးတွေကလည်းရှိနေပြီး ကိုယ့်ရဲ့ဂရုမစိုက်လိုက်တဲ့ အမှတ်တမဲ့အပြုအမူလေးတွေကနေ ဒီလိုရောဂါတွေကူးစက်နိုင်တယ်ဆိုတာသတိပြုရပါမယ်။ ဆေးပညာတွေကခေတ်မီတိုးတက်လာလို့ ကုသလို့ပျောက်ကင်းနိုင်တယ်ဆိုပေမယ့် ဘာရောဂါမှ မကူးစက်တာအကောင်းဆုံးပါပဲ။ ဒါကြောင့် သတိထားနိုင်ဖို့အတွက် ကူးစက်နိုင်တဲ့နည်းတွေကိုဖော်ပြလိုက်ရပါတယ်။ 🤗

အားလုံးပဲကျန်းကျန်းမာမာရှိကြပါစေ။👩‍⚕️✨
#ကျန်းကျန်းမာမာ
Credit

18/05/2023

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ
============================

အူမကြီးကင်ဆာဟာ အမျိုးသား ၂၃ ယောက်မှာ တစ်ယောက်နှုန်း နဲ့ အမျိုးသမီး ၂၆ ယောက်မှာ တစ်ယောက်နှုန်း ဖြစ်နိုင်တဲ့အတွက် အဖြစ်များလှတဲ့ ကင်ဆာရောဂါ တစ်ခုပါ။
” ဝမ်းချုပ်တတ်ရင် အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေရှိတယ် ” လို့ ပြောလေ့ရှိကြပါတယ်။ အူမကြီး ကင်ဆာ ( Colorectal Carcinoma ) ဆိုတာ နာမည်အတိုင်းပဲ အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်မှာ ဖြစ်တဲ့ ကင်ဆာရောဂါပါ။ အူမကြီးကင်ဆာဟာ ကမ္ဘာပေါ်မှာ တတိယမြောက် အဖြစ်အများ​ဆုံး ကင်ဆာရောဂါဖြစ်ပြီး ကင်ဆာရောဂါရှင်စုစုပေါင်းရဲ့ 10.7 ရာခိုင်နှုန်းဟာ အူမကြီးကင်ဆာကို ခံစားနေကြရပါတယ်။

အူမကြီးကင်ဆာ ဘာကြောင့် ဖြစ်ရတာလဲ?

အူမကြီး ကင်ဆာ ​ဖြစ်ရတဲ့ အကြောင်းရင်းကို ယခုအချိန်ထိ သေချာ မသိရသေးပေမယ့် ကင်ဆာဖြစ်ဖို့ အလားအလာ အရှိဆုံးတွေကတော့…
၁။ အသက် ၆၀ နဲ့ အထက်တွေ ( ကင်ဆာ​ရှိတဲ့ လူ (၁၀) ယောက်မှာ (၉) ယောက်ဟာ အသက် ၆၀ နဲ့အထက်တွေပါ)
၂။ စားတဲ့အစားအစာထဲမှာ အမျှင်ဓာတ် နည်းပါးသူတွေ (အမျှင်ဓာတ်နည်းတဲ့အခါ ဝမ်းချုပ်လေ့ရှိပြီး အညစ်အကြေးတွေဟာ အူတွေထဲမှာ ကြာရှည်စွာ
ရှိနေရပါတယ်)
၃။ အနီရောင် ရှိသော အသားတွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာ စားသုံးနေသူတွေ၊
၄။ အဝလွန်သူတွေ၊
၅။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူတွေ၊
၆။ ဆေးလိပ်၊ အရက် သောက်သုံးသူတွေ ၊
၇။ (၁၀) နှစ်အထက် အူတွေရောင်ရမ်းတဲ့ရောဂါ ( extensive ulcerative colitis or Crohn’s disease ) ရှိသူတွေ၊
၈။ မိသားစုထဲမှာ အူမကြီးကင်ဆာ ဖြစ်ပွားထားသူတွေ ပဲ ဖြစ်ပါတယ်။ မိသားစုနဲ့ ပတ်သက်ပြိး ကင်ဆာမှတ်တမ်းရှိဖူးသူတွေဟာ စောလျင်စွာ နှစ်စဉ်ပုံမှန်စမ်းသပ် စစ်ဆေးမှုတွေ ခံယူထားသင့်ပါတယ်။

အူမကြီးကင်ဆာမှာတွေ့ရတတ်တဲ့ အဓိကလက္ခဏာတွေ…

၁။ ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလာခြင်း (မကြာခဏ ဝမ်းချုပ်တာ၊ ဆိတ်ချီးတုံးလို ဝမ်းမာမာကျစ်ကျစ် သွားတာ သို့မဟုတ် မကြာခဏ ဝမ်းလျောတာ)
၂။ ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလဲလာပြီးတဲ့နောက် ဝမ်းသွားရင် သွေးပါနေခြင်း၊
၃။ ဝမ်းကျန်သလို ခံစားရခြင်း
၄။ အစာစားပြီးနောက် အချိန်တိုင်းလိုလို ဗိုက်အောက်ပိုင်းထိုးအောင့်၊ ပြည့်အင့်ကာ မအီမသာဖြစ်ခြင်း၊ လေပွလေကယ်ဖြစ်ခြင်း
၅။ အကြောင်းပြချက်မရှိ ပိန်ချုံးသွားခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီလက္ခဏာတွေ ခံစားနေရတာ ကြာလာပြီး ဘယ်လိုမှ မသက်သာရင်၊ အသက် (၆၀) နဲ့ အထက် ရှိသောသူ ဖြစ်ရင် ပိုမို ဂရုတစိုက် စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။

ဘယ်လို ကုသမလဲ?

အူမကြီးကင်ဆာရဲ့ တည်နေရာ၊ ဘယ်လောက်အထိ ပျံ့နှံ့မှု ရှိမရှိ အပေါ် မူတည်ပြီး ​အမြစ်ပြတ်ကုသလို့ ရမရ သိရှိနိုင်မှာဖြစ်တဲ့အ​ပြင် အူလမ်းကြောင်းအပေါ် ကင်ဆာရဲ့ ပျံ့နှံ့မှုကြောင့် ဝမ်းအိတ် ခဏတာ (သို့)
တစ်သက်တာ ထုတ်ထားဖို့ လိုမလိုကို အကြမ်းဖျင်း ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
လူနာအခြေအနေပေါ် မူတည်ပြီး ခွဲစိတ်ကုသတာ၊ ဓာတ်ရောင်ခြည်ပေးတာ၊
ကင်ဆာဆေးသွင်းတာတွေကို လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဝမ်းအိတ်ထုတ်ထားရတဲ့ အခြေအနေတွေနဲ့ ကုသမှုတွေ ခံယူနေရစဉ်စိတ်ပိုင်း​ဆိုင်ရာအနေနဲ့ များစွာ ပြင်ဆင်ထားဖို့ လိုသလို ချစ်ခင်ရတဲ့ မိသားစု၊ဆွေမျိုးမိတ်ဆွေတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုကလဲ ရောဂါဖြတ်ကျော်ဖို့အတွက် အများကြီး အထောက်အကူပြုပါလိမ့်မယ်။

အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ ဆိုရင်…

• ကျန်းမာသန့်ရှင်း လတ်ဆတ်ပြီး အာဟာရ ပြည့်ဝသော အစားအစာကို စားသုံးပါ။ အထူးသဖြင့် အမျှင်ဓာတ် ကြွယ်ဝသော အသီးအရွက်၊ အစေ့အဆန်များ များများစားပါ။

• အဝလွန်နေပါက စနစ်တကျ ကိုယ်အလေးချိန်လျှော့ပါ။

• တစ်ပတ်မှာ မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပုံမှန် အချိန်ပေး၍ လုပ်ပါ။

• ဆေးလိပ်နဲ့ အရက် ဖြတ်ပါ။

ဝမ်းချုပ်တာဟာ အူမကြီးကင်ဆာရဲ့ ကနဦးအကြောင်းရင်းဖြစ်နိုင်တာမို့ ဝမ်းမချုပ်အောင် ဂရုပြုရမှာ ဖြစ်သလို ဝမ်းချုပ်တဲ့အကျင့် ရှိနေရင်လည်း အူမကြီးကင်ဆာ ရှိမရှိ စောစောစီးစီး စမ်းသပ်စစ်ဆေးသင့်ပါတယ်။ ရောဂါကို စောစီးစွာ သိရတာက အမြစ်ပြတ်အောင် ကုသနိုင်တဲ့ အခွင့်အလမ်း တစ်ခုဖြစ်ပါတယ်။

Credit #

24/04/2023

အခုတလော ကိုဗစ်လူနာပြန်များလာပါတယ်။ အခုနောက်ဆုံးကိုဗစ်အသစ် အာကျူရပ်စ် (Arcturus) ကြောင့်လို့ဆိုပါတယ်။

အာကျူရပ်စ် (Arcturus) ဟာ အိုမာခရွန်ကဆင်းသက်လာတဲ့ သန္ဓေကွဲ XBB.1.16 ဖြစ်ပါတယ်။

WHO ကပြီးခဲ့တဲ့လကတည်းက အာကျူရပ်စ်ကိုသတိပေးခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းမှာ အတွေ့များလာခဲ့တာပါ။

အာကျူရပ်စ်ဟာ အရင်အိုမာခရွန်တွေထက် ပိုပြီးအခြေအနေဆိုးတာ မတွေ့ရသေးဘူးလို့ဆိုပါတယ်။

သို့သော် ကူးစက်နှုန်းများတဲ့အတွက် ပူအိုက်တဲ့အချိန်မှာ ကလေးနဲ့ လူကြီးတွေမှာဖြစ်ရင် မလွယ်ပါ။

အဓိကပြောချင်တာက အာကျူရပ်စ်ရဲ့လက္ခဏာတစ်ခုလို့ ပြောနေကြတဲ့ Conjunctivitis ပါ။

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ဖြစ်ရင် Conjunctivitis မျက်လုံးပန်းရောင်ဖြစ်တာ အတွေ့များတယ်လို့ ဆိုကြပါတယ်။

ကမ္ဘာအနှံ့ကဆေးခန်းတွေက ကလေးတွေမှာ အဲ့ဒီလို မျက်လုံးပန်းရောင်ဖြစ်တာတွေ့ရတယ်လို့ဆိုပေမယ့် မျက်လုံးအပြင်လွှာရောင်ခြင်းဟာ အခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စင်ကာပူမှာ အခြေအနေဆိုးလာရင် Work from home ပြန်လုပ်သင့်ရင်လုပ်မယ်။ စာကျောင်းတွေမှာ mask ပြန်တပ်ခိုင်းရင် တပ်ခိုင်းမယ်လို့ ဆိုပါတယ်။

ရာသီဥတုကပူတဲ့အတွက် ကလေးတွေဖျားရင်မသက်သာပါ။ ကလေးတွေမှာ ကိုဗစ်ဖြစ်မဖြစ်သတိထားနိုင်ဖို့ မျှဝေလိုက်ပါတယ်။

Richard Myo Thant
19-April -2023

21/04/2023

ပင်ပန်းတယ်လို့ မပြောရက်ပါဘူး

ကိုယ့်ထက်အဆင်မပြေသည့်သူတွေကို အားနာလို့ပါ။

18/04/2023

လိပ်ခေါင်းရောဂါ နှင့် ဝမ်းချုပ်ခြင်း
*********************

လိပ်ခေါင်းရောဂါဆိုတာ အကြောင်းတစ်ခုခုကြောင့် စအို နဲ့ စအိုဝမှာရှိတဲ့ ( Re**um and A**l )သွေးပြန်ကြောလေးတွေ ယောင်ရမ်းဖောင်းကားလာတာပါ။ သွေးေဲာဖုလေးက ဝမ်းသွားတဲ့ အခါ ဝင်လိုက်ထွက်လိုက် နဲ့ လိပ်ရဲ့ ဦ ခေါင်းလို ဖြစ်နေလို့ ခေါ်တာပါ ။

အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ စအို
အောက်ပိုင်း ရှိတဲ့ သွေးကြောလေးတွေ အတွင်းမှာ (Pressure ) ဖိအား တက်လာတဲ့အတွက် သွေးကြောများကြီးထွား၍ ရောင်ရမ်းလာခြင်း ဖြစ်ပါသည် ။ဝမ်းချုပ်တဲ့ အလေ့အကျင့် ရှိတဲ့သူတွေ ၊ ကြာရှည်စွာ မတ်တတ်ရပ် နေရသူများ ၊ အထိုင်များ သူများ ၊ အဝလွန်တဲ့သူတွေ ၊ ကိုယ်ဝန်
ဆောင် မိခင်တွေမှာ ဖြစ်တတ်ပါတယ် ။အခြားအကြောင်းကြောင့် ဖြစ်တတ်တာလဲ ဖြစ်ပါသေးတယ် ။ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာ တွေကတော့ ဝမ်းသွားတဲ့အခါ စအိုကနေ သွေးကျလာတာပါပဲ ။ ဝမ်းသွားပြီးတဲ့အခါ အိမ်သာမှာပဲ ဖြစ်ဖြစ် ၊ စက္ကူ မှာပဲ ဖြစ်ဖြစ် သတိထားမိနိုင်ပါတယ် ။

လိပ်ခေါင်းကို အကြမ်းဖျင်းအားဖြင့် အတွင်းလိပ်
ခေါင်း နှင့် အပြင် လိပ်ခေါင်း ( External & Internal Hemorrhoid ) ဆိုပြီး (၂ ) မျိူ း ခွဲခြားထားနိုင်ပါတယ် ။
အပြင် လိပ်ခေါင်းကတော့ စအိုဝမှာ ဖြစ်တာဖြစ်ပြီး စအိုဝမှာ ယားယံတာ ၊ ရောင်တာတွေ ဖြစ်တတ်ပါတယ်။ အတွင်း
လိပ်ခေါင်းကတော့ စအိုအတွင်းမှာ ဖြစ်တာဖြစ်ပြီး မနာမကျင် တတ်ပဲ လူနာတွေ ကိုယ်တိုင် သတိ မထားမိတတ်
ကြပါဘူး ။

လိပ်ခေါင်းကို မကုပဲထားမယ်ဆိုရင် စအိုအပြင်ဘက်ကို ကျွံကျလာနိုင်ပါတယ် ။ ( Prolapase Pile ) နောက်
ဆက်တွဲ ပြသနာတွေ ဖြစ်တဲ့ လိပ်ခေါင်းထုအတွင်း သွေးခဲ
ခြင်း ( Therombosed Hemorrhoid) နဲ့ သွေးiလှည့်
ပတ်မှု နည်းလို့ လိပ်ခေါင်း အဖု ပုပ်သွားခြင်း ( Strangulated Hermorrhoid ) တို့ ဖြစ်သွားနိုင်ပါ
တယ် ။ အဲ့ဒီကနေ ခန္ဓာကိုယ် ရဲ့ တခြား တစ်နေရာတွေကို
ရောဂါပိုးဝင်သွားနိုင်ပါတယ် ။

လိပ်ခေါင်းဖြစ်ရသည့် အကြောင်းအရင်း
*************************

ဝမ်းချုပ် ခြင်းသည် လိပ်ခေါင်း ဖြစ်ရခြင်း ၏ အဓိက အကြောင်းအရင်း ဖြစ်သည် ။ အထူးသဖြင့် မကြာခဏ ဝမ်းချုပ်လေ့ရှိလျှင် လိပ်ခေါင်း ဖြစ်လာနိုင်သည် ။ ဝမ်းသွားသည့်အခါ ပုံမှန်မသွားဘဲ ညှစ်ပြီးမှ ဝမ်းမသွားနိုင်ခြင်း မှာ
လည်း လိပ်ခေါင်းဖြစ်စေသည့် အချက် ဖြစ်သည် ။
ကိုယ်ဝန်ဆောင် ချိန်တွင် လိပ်ခေါင်း ရောဂါ ဖြစ်နိုင်သည် ။ အရက်အလွန် အကျွံ သောက်လျှင် လိပ်ခေါင်း ဖြစ်
နိုင် သည် ။ အူမကြီး ကင်ဆာ ခံစားရသူတို့လဲ လိပ်ခေါင်း
ဝေဒနာကို ခံစားရတတ်သည် ။

လိပ်ခေါင်းရောဂါ လက္ခဏာများ
********************

လိပ်ခေါင်း ဖြစ်လျှင် ဝမ်းသွားသည့်အခါ သွေးစသွေးန ပါလာခြင်း ဖြစ်သည် ။ ဝမ်းသွားပြီးမှ သွေးတစ်စက် တစ်စက်
ကျခြင်းလည်း ဖြစ်နိုင်ပါသည် ။
စအိုဝတွင် နာကျင်နိုင်သည် ။ တစ်ဆို့မှု ခံစားနေရသည် ။
ဝမ်းသွားစဉ် အပြင်သို့ ထွက်လာပြီး ပြန်သွင်း၍ မရပဲ ရှိနိုင်
သည် ။ သူ့အလိုလို ပြန်ဝင်သွားနိုင်သည်မှာ ကနဦး အစ
တွင် တွေ့ရသော်လည်း နောက်ပိုင်းတွင် လက်ဖြင့် ထိုးသွင်း
မှသာ ပြန်ဝင်သည် ။ တစ်ချို့တွင် လက်ဖြင့် ထိုးသွင်းသော်
လည်း ပြန်မဝင်ပဲ ရောင်ရမ်းနာကျင်စေမှု ဖြစ်နိုင်သည် ။
လိပ်ခေါင်းရောဂါကြောင့် ဝမ်းသွားသည့်အခါ သွေးဆုံးရှုံးမှု များသဖြင့် သွေးအားနည်း ရောဂါ ဖြစ်နိုင်ပါသည် ။ ထိုအခါ ဖြူ ဖပ်ဖြူရော် ဖြစ်ခြင်း ၊ ရင်တုန်ခြင်း ၊ မောပန်း
ခြင်း တို့ ဖြစ်သည် ။

လိပ်ခေါင်းရောဂါ ကုသမှု
***************

တစ်ချို့ ဝေဒနာရှင်များမှာ လိပ်ခေါင်းရောဂါကို ရက်ရှည်လများ ခံစားရသော်လည်း ထူးထူးခြားခြား ဝေဒနာ မခံစားရချေ ။ တစ်ခါတစ်ရံသာ ဝမ်းသွားစဉ် သွေးတစ်စက် နှစ်စက်ကျ သည် ။ အလိုလို သက်သာသွားသည် ။ တစ်နှစ် လျှင်
နှစ်ကြိမ် ကာကွယ်လိုက်ပါက ပျောက်နိုင်သည် ။ သို့သော်လည်း စအို ကင်ဆာ ရရှိသူများ၏ မှတ်တမ်းအရ စအိုကင်ဆာရှိသူ တော်တော်များများ ဟာ မူလပထမတွင် လိပ်
ခေါင်းရောဂါရှိသည်ဟု ယုံကြည်ပြီး ဆရာဝန် မပြဘဲ နေလာရာမှ ရောဂါကျွမ်းလာပြီး ခွဲထုတ်၍ မရနိုင်တော့သည့်
အခြေအနေရောက်မှ ဆရာဝန်ပြဖြစ်သည့် သာဓကများစွာ
ရှိပါသည် ။ ထို့ကြောင့် မိမိတွင် လိပ်ခေါင်း ရောဂါရှိသည်
ဟု ယုံကြည်ပြီး ကိုယ့်နည်း ကိုယ့်ဟန်နှင့် ကုသနေသူများ
သည် အကယ်၍ ကင်ဆာဖြစ်နေပါက အချိန်မှီကုသရန် နှင့်
လိပ်ခေါင်း ဟုတ်မဟုတ် ကို သိရှိရန် ရှက်ကြောက်နေစရာမလိုဘဲ ဆရာဝန် နှင့် စမ်းသပ်စစ်ဆေးသင့်ပါသည် ။

မကြာခဏ ဝမ်းချုပ်ခြင်း ခံစားရလျှင်
*********************

အမျှင်ဓာတ် ကြွယ်ဝသော အစားအစာတွေက. ဝမ်းသွားတဲ့ လုပ်ငန်းဆောင်တာကို ပိုမိုကောင်းမွန်စေပါသည် ။ ဝမ်းချုပ်တာကို သက်သာစေမည့် အစားအစာတွေကတော့ -

(၁) ထောပတ်သီး

ထောပတ်သီးကို ဆားလေးအနည်းငယ် နဲ့ တို့စားပေးပါ ။ ထောပတ်သီးကို အတုံးခပ်သေးသေးလေးတွေ တုံး
ပြီး ဆားနဲ့ တို့စားနိုင်သလို၊ ဖျော်ပြီး ဆားအနည်းငယ် ထည့့်ပြီးလည်း စားနိုင်ပါတယ် ။ ထောပတ်သီးမှာ အမျှင်ဓာတ်
ပါဝင်တာကြောင့် အူလမ်းကြောင်း လှုပ်ရှားမှု ကို ပုံမှန်
ဖြစ်စေပါသည် ။

(၂) ဗာဒံစေ့

နေ့စဉ် သရေအဖြစ် လက်တစ်ဆုပ်စာလောက် ပုံမှန်စားပေးပါ ။ ဗာဒံစေ့ မှာ အမျှင်ဓာတ် တွေ ပေါပေါများများ ပါဝင်ပြီး ဝမ်းပုံမှန် သွားစေဖို့ လွယ်ကူပေးပါတယ် ။ ဗာဒံစေ့ စားသုံးတာက ကျန်းမာရေး အတွက် ကောင်းမွန်တဲ့
အဆီတွေကိုလည်း များစွာ ရရှိနိုင်ပါသည် ။

(၃) စပျစ်သီးခြောက်

စပျစ်သီးခြောက်မှာ အမျှင်ဓာတ် တွေ အံ့သြလောက်အောင် များများစားစား ပါဝင်နေပါသည် ။ များပြားတဲ့ အမျှင်ဓာတ်တွေက အူလမ်းကြောင်း လှုပ်ရှားမှု ကို ကောင်းမွန်စေ
တာကြောင့် စပျစ်သီးခြောက်ကိုလည်း ထမင်းစားဇွန်းတစ်
ဇွန်းစာလောက် ပုံမှန်စားပေးပါ ။

(၄) ပဲနို့ နှင့် ငှက်ပျောသီး

ပဲနို့ နှင့် ငှက်ပျောသီး ကို နေ့စဉ် စားပေးတာကလည်း
ဝမ်းမှန်စေပါသည် ။ ဝမ်းပုံမှန် သွားချင်ရင် မနက်ခင်းတိုင်း ငှက်ပျောသီး တစ်လုံး ပုံမှန်စားပေးတာ ၊ ပဲနို့ တစ်ခွက်
ပုံမှန် သောက်ပေးတာတွေကလည်း ကူညီပေးနိုင်ပါတယ်။

THW
( Nursing &Midwifery Training School ,Pyay )

Videos (show all)

Madamaliza🥰🥰
ဆရာမ​ရောအပျိုမ​လေး​တွေပါအကြိုက် madam🥰🌹🌹
နေ့စဥ်ဝင်​ငွေမပြတ်ချင်ရင် Madam🌹🌹 ​လေး​ရောင်းပါအမြဲအရွယ်တင်နုပျိုလှပချင်ရင်​တော့Madam ​သောက်ပါရှင့်🌹🌹Madamaliza myanmar0...
Madamaliza🌹🌹🌹
ကိုယ့်ရဲ့ ရတနာပိပိလေးအတွက် မရှိမဖြစ်လိုအပ်တာ Madam Aliza
ချေ​ချေပဲ🤣🤣
တင်းရင်းကျစ်လစ်ကျားကျားအနားကမခွာ​အောင်Madam ​လေး​ဆောင်ပါရှင့်

Telephone

Website