Lord of TheJade - ကျောက်စိမ်းသခင်
ကျောက်စိမ်းကိုကြောက်ပြီးစိမ်းမသွာ?
တနေ့လုံး၊ တညလုံး ကျောက်ကြည့်၊ကျောက်ကွမ်၊ကျောက်ပဲကိုင်ချင်နေတဲ့ ကျောက်စိမ်းချစ်သူ ကျားကျားကို အနားမှာမြဲစေတဲ့ ... #ချွမ်ဘော်လီ ရပြီနော် 😁
#ဝါ ဆိုတာ ကျောက်အခွံနဲ့ ကျောက်သားကိုဘယ်လောက်ထိတွဲပြီး မှတ်မိနေသလဲပေါ်မူတည်ပြီး သိသိသာသာအမှားယွင်းနဲလာတာမျိုးကို #ကျောက်စိမ်းပညာ လို့ခေါ်တာပါ။
အခွံကိုကြည့်ပြီး ဘာလို့ မီးမထောက်ပြရသလဲဆိုတာကို မြင်အောင်ကြည့်ပါ။
သူလိုက်ပြနေတဲ့အချက်တွေကိုကြည့်ရင်းအာရုံနဲ့ စျေးကိုပေးဖို့ မဆုံးဖြတ်ပါနဲ့။ ... .....................................
လိုင်းပေါ်က ပညာသင်တွေနဲ့
လိုင်းပေါ်က ဝယ်သူများ ခင်ဗျာ ...
စည်းစိမ်ကုန်ပြီး ဘဝပျက်လည်း ကျောက်ပညာကို
(လုံးဝ) မတတ်ပါလို့ ဤနေရာမှ အာမခံလိုက်ပါသည်။
အပြင်မှာ စာတွေ့၊ လက်တွေ့ သင်ချင်လျှင်...
၂၀.၈.၂၀၂၃ - ၂၀.၉.၂၀၂၃ ထိ
တပတ် လေးရက်ဖြင့် ၁၆ရက် သင်တန်း
ကျောက်စိမ်းကြည့်နည်းများ အခြေခံ နှင့်
လက်တွေ့ဆေးနည်း၊ခေါင်းနည်း အခြေခံသင်တန်းများ
ရန်ကုန်တွင် ဖွင့်လှစ်သွားပါမည်။
(နယ်မှ လာသူနေစရာစီစဥ်ပေးပါမည်။)
မသိမှာ၊ မတတ်မှာ၊ မရပ်တည်နိုင်မှာ မပူနဲ့
အခြေခံဆို အခြေခံပီပီသသ၊ လက်တွေ့လုပ်နိုင်တဲ့အထိ ဆရာကိုယ်တိုင် ဆေးပြ၊ ခေါင်းပြသွားပါမည်။
Ph: 09773971707 သို့
မက်ဆေ့ဖြင့် ဖြစ်စေ၊ Cb တွင်ဖြစ်စေ...
နာမယ်စာရင်း ကြိုပေးထားနိုင်သည်။
(လူအရေအတွက် ကန့်သတ်ထားပါသည်။)
Crd to Org Uploader
ကိုဟာ ဘယ်လိုလူလဲဆိုတာ..
ဘုရားဟော တရားတော်ကိုသာ စံထားပြီးတိုင်းတာပြီး ကြိုးစားကြည့်ပါ သေချာပေါက်အောင်မြင်ပါတယ်။
#အောင်မြင်သွားတဲ့အချိန်မှာလည်းဒီစံနှုန်းကိုမမေ့မလျော့ဖို့ပါပဲ လို့ အကြံပြုလိုက်ပါတယ်။
🙏🙏🙏
#ဂွါတီမာလာကျောက်စိမ်း ဝင်ရောက်မှုရှိနေကြောင်း သတင်းထွက်ပေါ်နေသဖြင့် ဝယ်ရောင်းသမားများ သတိပြုလုပ်ကိုင်ကြရန် လိုအပ်
Jun 24, 12:08 PM A jade မဟုတ်တဲ့ဂွာတိ
မန္တလေးကျောက်စိမ်းဈေးကွက်အတွင်းသို့ ဂွါတီမာလာကျောက်စိမ်းများ ဝင်ရောက်မှုရှိနေကြောင်း သတင်းထွက်ပေါ်နေသဖြင့် ကျောက်စိမ်းဝယ်ရောင်းသမားများအနေဖြင့် သတိပြုဝယ်ယူလုပ်ကိုင်ကြရန် လိုအပ်လာကြောင်း ဒေသခံကျောက်စိမ်းကုန်သည်များထံမှ သိရသည်။
ဂွါတီမာလာကျောက်စိမ်းများသည် မြန်မာကျောက်စိမ်းကဲ့သို့ ဂျေဒိုက်အမျိုးအစားဖြစ်သော်လည်း သက်တမ်းနုခြင်းနှင့် မာကျောမှုအဆင့်နိမ့်သဖြင့် မြန်မာ့ကျောက်စိမ်းဂုဏ်သတ္တိနှင့် အရည်အသွေးကိုမမီကြောင်း၊ သို့သော် မြန်မာ့ကျောက်စိမ်းအထည်ပါးများနှင့် ဆင်တူမှုရှိသောကြောင့် ပြည်ပဈေးကွက်များသို့ မြန်မာပြည်ထွက်ကျောက်စိမ်းဟူ၍ မှားယွင်းရောင်းချမိပါက ပြည်တွင်းဈေးကွက်ကို ကျဆင်းသွားစေနိုင်ကြောင်း ဝါရင့်ကျောက်စိမ်းကုန်သည်တဦးက ဇွန်၂၄ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
“ဂွါတီမာလာကျောက်စိမ်းဟာ မြန်မာကျောက်စိမ်းကိုယှဉ်လို့မရတဲ့အချက်တွေက မာကျောမှုပိုင်းနိမ့်သလို အရည်သွေးပိုင်းလည်းမတူပါဘူး။ ဒါပေမယ့် ဝယ်ယူသူတွေအနေနဲ့ ခွဲရခက်တော့ ဂွါတီမာလာကို မြန်မာပါလို့ လိမ်ရောင်းသူတွေ ရှိလာရင် မြန်မာ့ကျောက်စိမ်းအပါးထည်စျေးကွက်က ပျက်သွားနိုင်လို့ သတိထားဝယ်ရောင်းကြဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
မြန့်မာ့ကျောက်စိမ်းနှင့် လွဲမှားစွာ အဝယ်မမှားမိစေရန် ဂွါတီမာလာကျောက်စိမ်းများကို နမူနာကြည့်လိုပါက K Mandalay ကဖေး ၅၄လမ်း×၃၆လမ်းထောင့်တွင် အခမဲ့ လာရောက်လေ့လာနိုင်သည်ဟု ကျောက်စိမ်းဂရုတခုအတွင်း၌ ကုန်သည်တဦးက ဖိတ်ခေါ်ထားသည်ကို တွေ့မြင်ရသည်။
ကျောက်စိမ်းဟု ပြောဆိုခေါ်ဝေါ်နေကြသော်လည်း ယေဘုယျအားဖြင့် ဂျေဒိုက် (Jadeite) နှင့် နက်ဖရိုက်(Nephrite) ဟူ၍ ကျောက်စိမ်းနှစ်မျိုးရှိသည်။ ဤနှစ်မျိုးသည် အမြင်အားဖြင့် ခပ်ဆင်ဆင် တူသော်လည်း စင်စစ်တွင် တခုနှင့်တခု လုံးဝ ကွဲပြားခြားနားသည်။ ယင်းကွဲပြားမှုကို ပြင်သစ်လူမျိုး သိပ္ပံပညာရှင် ဒမား (Damur) ဆိုသူက စနစ်တကျ ခွဲခြားပြသခဲ့၏။ အဆိုပါကျောက်စိမ်းနှစ်မျိုးတွင် ဂျေဒိုက်ကျောက်စိမ်းသည် ပိုမိုကောင်းမွန်လှပပြီး ပိုရှားပါးသည့် အမျိုးအစားဖြစ်သည်။
ဂျေဒိုက်ကျောက်စိမ်းနှင့်နက်ဖရိုက်ကျောက်စိမ်းတို့၏ ခြားနားချက်များထဲမှ သိသာထင်ရှားပြီး အရေးအကြီးဆုံးသောတချက်မှာ ဂျေဒိုက်ကျောက်စိမ်းတွင် နေရောင်အောက်၌ ယင်ကောင်၏ အတောင်ပံကဲ့သို့စူးရှပြီး ရောင်ပြန်ဟပ်စေ၍ ကမ္ဘာပေါ်တွင် မည်သည့်တွင်းထွက်တွင်မှမမြင်တွေ့နိုင်သော ယမ်းဆိုသည့်အလွှာပါရှိသည်။
နက်ဖရိုက်ကျောက်စိမ်းတွင် ကြွေကဲ့သို့သောစူးရှမှုအားနည်းသော အလွှာသာပါရှိချေသည်။ ဂျေဒိုက်ကျောက်စိမ်းများ၏အစိမ်းရောင်သည် ကြည့်ရှုသူအား ကြည်လင်အေးမြသောရေအောက်ထဲတွင် အစိမ်းရောင်ဖန်ပုလင်းကိုကြည့်နေရသကဲ့သို့သောရသမျိုးကို ပေးစွမ်းစေနိုင်ပြီး နက်ဖရိုက်ကျောက်စိမ်းများမှာမူ လေထဲတွင်ကြည့်နေရသကဲ့သို့သောရသမျိုးသာပေးစွမ်းနိုင်ချေသည်။
နက်ဖရိုက်ကျောက်စိမ်းကို တရုတ်ပြည် ဟိုတန်ဒေသ၊ ဗြိတိသျှ၊ ကိုလံဘီယာ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ အီတလီ၊ ပိုလန်၊ ထိုင်ဝမ်၊ အလက်စကား၊ ကယ်လီဖိုးနီးယား ဒေသများ၌ တွေ့ရှိရသည်။ ဂျေဒိုက်ကျောက်စိမ်းကို ဂွါတီမာလာ၊ ဆိုက်ဗေးရီးယားနှင့် မြန်မာနိုင်ငံတို့တွင်သာ တွေ့ရှိရသည်။
crd.
#သူလိုခေါင်းဆောင် အတွက် ဂုဏ်ယူစွာဖြင့် ...
အာဇာနည်နေ့အား လေးစားစွာဖြင့် ဂုဏ်ပြုပါ၏။
ဒီနေ့ပြောချင်တာက မန်း ဆိုတဲ့ ... မန်းတွေအကြောင်း
အရည်မန်း အသားမန်း မန်းနု မန်းကျစ် မန်းခြောက် မန်းစို မန်းနဲ့ပတ်သတ်သမျှ လက်လှမ်းမှီသလောက် ပြောပြချင်ပါတယ်။
ကျနော်တို့ ကျောက်သမားအများစုကအလွယ်နားလည်ထားတာက ကျောက်မှာမန်းပါရင် စျေးကောင်းကောင်းရပြီဆိုတာ... တကယ်တော့ မန်းပါတိုင်း စျေးမရဘူး၊ အဲ့ဒီမန်းဟာ ဘာမန်းလဲ လူကဘယ်လိုဆေးထားလဲ၊ သဘာဝက ဘယ်လိုပြလဲ... ပြီးတော့ ကျောက်ရဲ့မျိုးတန်း၊ မှော်မှန်မမှန်၊ အရည်မန်းလား? အသားမန်လား?မန်းကျစ်မကျစ် အများကြီးမှ အများကြီး သဘာဝပြချက်တွေကို ဖက်ပြီးကြည့်ရအုံးမှာက အဲ့ဒါတွေပေါ်မှာပဲ မှုတည်ပီး စျေးပြောင်းလဲမှာကိုး ပြောင်းတဲ့စျေးကလည်း သိပ်မြင့်မယ်၊ သိပ်မြန်တယ်၊ သိပ်တန်တယ်။
တစ်ချိုဆို အရည်မန်း အသားမန်း မကွဲကြဘူး။ ဝါ နုသေးလို့ပါ။
အရည်မန်းအသားမန်းခွဲရတာရိုးရှင်းပါတယ်။
အသားမန်းဟာ မီးထောက်ရင် စိမ်းဖန့်ဖန့်ရှိပေမဲ့ အရည်မဟုတ်ပါ ကာလာက ကာလာပါပဲ
(အရေးကြီးလို့ ကျနော် ဝင်ပြောပါရစေ...
အရည်၊ ကာလာမပီပြင်ရင် မီးဝါနဲ့ ပြောင်းထောက်ပါ။ ကာလာဆိုရင် လှတဲ့အရောင်လေးလွင့်သွားပြီး၊ အရည်ဆိုရင် အစိမ်းရောင်ကခဲနေပါလိမ့်မယ်။) ☄
နောက်ပိုင်း ကြည့်တာများလာရင် အသားမန်း၊ အရည်မန်းက အမြင်နဲ့ကြည့်ရုံနဲ့ သိ့သာလာပါလိမ့်မယ်။ (ခွံဖြူ ခွံဝါ ကြက်သွေး ) ကျောက်မျိုးရင့်ပီး မန်းရင့်တာရှိသလို
ကျောက်မျိုးရပီး မန်းနုတာရှိပါတယ် ဒါကြောင့် မန်းပါတိုင်း မပြာပါနဲ့ ကျောင်မျိုးနဲ့မန်းနဲ့ လိုက်မလိုက် မှော်ရဲ့သန္နေနဲ့ ကိုက်မကိုက် ဖြတ်သမားဆိုရင် အရမ်းသတိထားကြည့်သင့်ပါတယ်။
မန်းနုရင် ဖြတ်လို့ကွမ်လို့ အရည်က မစီး၊မပီ သလို၊
မန်းက ခြောက်နေရင်လဲ အသားထဲလုံးလုံးမဝင်တာကြောင့် ကျောက်ခွံပေါ်မှာ အဖတ်လေးတင်ရုံလေး တင်နေပ 😁
ကျောက်ကြည့်ရင် ရေအခြောက်နဲ့အရင်ကြည့်...
ကျောက်မျိုး၊ ယမ်း အခွံမှန်မမှန်၊ သေချာကြည့်ပါ။
အဲ့ဒါတွေ စိတ်တိုင်းကျမှ မန်းကြည့်ကြည့်၊ ပန်းကြည့်ကြည့်ပေါ့။
ရေဆွတ်ပြီးအသေချာကြည့်ပေတော့...
ကျောက်မျိုးလည်းရတယ်၊ မန်းပီပြင်ပြီးကျစ်ရင် စျေးပေးလက်မတွန့်ပါနဲ့ ထိုက်တန်တဲ့စျေးနဲ့သာဝယ် ဖြတ်အောင်တဲ့အခါ ဂုဏ်သိက္ခာရှိရှိ ကိုပြုံးနေဖို့လေ 😇
အသားမန်း၊ အရည်မန်း ကို မန်းမဲဆိုရင် အမဲကြောမှာ ခွဲရနည်းနည်းခက်ပေမယ့်
အကြမ်းဖျင်း မှတ်လို့ရတာတစ်ခုက လူခန္နာကိုယ်ပေါ်မှာ ဒဏ်ရာရ၊ ကွဲရှလို့ ချုပ်ရတဲ့အခါ ချုပ်ရိုးဖြည်ပြီးရင် ကျန်ခဲ့တဲ့ အမာရွတ်လိုပဲ ...
မန်းဟာ ကျောက်ပေါ်မှာ ချုပ်ရိုးကြောင်းလို အစိတ်အကျဲနဲ့ ရှိတတ်တဲ့ အမာရွတ်တစ်ခုပဲ ။
မန်းခုန်း မန်းချိုင့် မန်းပိ့ မန်းပြား မန်းကပ် ဗျိုင်းချေး၊.... အခေါ်အမျိုးမျိုးခေါ်ပေမဲ့ မန်းဟာ မန်းပါပဲ အရည်မန်း တစ်မျိုးကအသားမန်း နှစ်မျိုးပါတဲ့ ကျောက်ကို ပိုပြီးလူကြိုက်များတတ်ကြတယ်။ အောင်မြင်ဖို့ ငါးဆယ်ရာခိုင်နှုန်းသေချာနေပြီမို့လေ 😍
အသားမြင့်ပြီး အရည်ရွှမ်းတဲ့ မန်းလှလှနဲ့ အောင်ကြပါစေဗျာ...🙏🙏🙏
သဘာဝတရားကို (အနီးစပ်ဆုံး) ဖြစ်နိုင်ချေကို
သခင်တစ်ယောက်လိုခန့်မှန်းနိုင်ဖို့ သင်ယူဆဲ၊ လေ့လာဆဲ... သခင် ....
လေ့လာလိုသူ မိတ်ဆွေများအားလုံးကိုလည်း အဧဥ် လေးစားလျှတ် ...
ကျောက်စိမ်းသခင်
PS
#မူရင်းတင်သူကိုလေးစားစွာနဲ့တောင်းပန်အပ်ပါတယ်။
အဆင့်ဆင့် Copy တွေ ယူသူအဆင့်ဆင့်ကနေ တဖြည်းဖြည်းလွဲလာပြီး တချို့စာကြောင်းတွေဆို တကြောင်းနဲ့ တကြောင်းတောင် အချိတ်ဆက်မမိ၊ တချို့နေရာတွေမှာ လိုရင်းပျောက်နေတဲ့ အဓိပ္ပါယ်တွေဖြစ်နေတာမို့ ဆီလျော်အောင်ဖြည့်စွက်၍ မူရင်းတင်သူအာဘော်မပျောက်ပျက်အောင် ကြိုးစားခဲ့ပေမယ့် ခွင့်ပြုချက်အရင် မတောင်းမိတဲ့အတွက် တောင်းပန်အပ်ပါတယ်။
Crd _ original Uploader
ငယ်ငယ်ကကြားဖူးတဲ့။ပုံပြင်လေးလိုပေါ့။
တောထဲကမျောက်တွေကိုစားစရာ ကောင်းကောင်းယူပြီးသွားပေးရင် အဲ့မျောက်တွေကတောထဲဝင်ပြီးရွှေတိုရွှေစတွေပြန်ယူလာပေးတယ်တဲ့။ #သူတို့ကဘာလုပ်ရမယ်မှန်းမသိဘူးလေအရောင်ပိုတာမလှတာလောက်ပဲကြည့်တတ်တာ...
လူသားတွေနေထိုင်တဲ့ နိုင်ငံချင်းအတူတူ.. ကိုယ့်နိုင်ငံကထွက်ပေမယ့် တခြားနိုင်ငံတခြားလူမျိုးက ပညာရှင်။ #ကိုယ်တွေကဘာလုပ်ရမယ်မှန်းမသိဘူးလေအရောင်ပိုလှတာမလှတာလောက်ပဲကြည့်တတ်တာ...
ပိုလှရင်နေစရာ၊စားစရာ၊ဝတ်စရာ ပိုရမယ်လေ 😁😁😁
စာကြွင်း ::: ကျနော်လည်း မျောက်တစ်ကောင်ပါ။ 😁
#မဂ်လာပါ #အကောင်းဆုံး #အိမ်ပြောင်းအိမ်ရွေ့ဝန်ဆောင်မှုလုပ်ငန်း
ဒီနေ့တော့ ကျောက်စိမ်းရဲ့ကျောက်ရည်အကြောင်းပါ...
ကျောက်စိမ်းအသားမှာ စွဲတဲ့အရည်က အစိမ်းရောင် အပြင်အရောင် မျိုးစုံ စွဲဝင်ပါတယ်..ညုိ..နီ..လိမ်..ဝါ..စိမ်း..ပြာ..ရမ်း..ခိုး..ဖြူ..နက်..စတဲ့ ရောင်စုံရှိပါတယ်.. ဒါထက် အပြင်မှာရှိသော အရောင်အဆင်းမှန်သမျှ အကုန်ရှိပါတယ်
ခုံ့ရေ ခွံ၊ ဘိရေ၊ မောက်ရေ၊ ချွမ်ရေ၊ အသာခံစိမ်းရေ၊ မျိုးရေ၊ မျိုးစီးရေ၊ ပြာစိမ်းဝါစိမ်း..စိမ်းပုတ် စိမ်း ရွှင်..ကန် စွန်းစိမ်း..(ကုန်းကန် စွန်းမဟုတ်ဘူးနော်)..
သဘာဝကန် စွန်းက စိမ်းဖန်ဖန်နဲ့အရောင်နဲနဲညစ်တယ်..
ကန် စွန်းပလိမ်းလုပ်တဲ့ ကုန်းကန် စွန်းက စိမ်း ရွှင်ရည်ဖြစ်နေလို့..
(ဝါစိမ်း ဝါစိမ်းရွှင်..ပြာကဲ စိမ်းဝါကဲစိမ်း)
ပြာဝါစိမ်းစံရည်ဆိုတာက ဝါစိမ်းရည်ထဲ အပြာရည် မဆိုသလောက်ကလေးပါတာဖြစ်ပါတယ် ကရင်ဆိုဒါဘူး ခွံ အရောင်နဲ့တူတယ်လို့ သတ်မှတ်ထားကြတယ်....ဟိုတုန်းက ဘူး ခွံနော် အခုပုလင်းတွေ မဟုတ်ဘူး....
ကျောက်ရည်ကို ခန့်မှန်းရင် ဝါသလား..ပြာသလား..အရောင်ညစ်နေသလား.. ဖန့်နေသလား.. ထိုင်းနေသလား..အရည် ရွှင်သလားဆိုတာ စဉ်းစားရမှာပါ..
အဝါရည်ကဲတဲ့ ဂဲက ရှားတယ်..အပေါ်ကြောကရတဲ့ ဂဲတွေမှာ တွေ့ရတတ်ပါတယ်.....အပြာကဲတဲ့ ဂဲက ပေါတယ်..ကန် စွန်းရည်က ပေါတယ်..အပြာကဲရင် စိမ်းပြာဖြစ်ပြီး အရည်ပျက်ပါတယ်....စိမ်းညို့ရောင်ဖြစ်ပြီး မ ပွင့်တော့ပါဘူး..
အစိမ်းကဲရင်လည်း ဘလက်ဂျိတ်ဖြစ် သွားပါတယ်..ဂဲကိုဖြတ်ပြီး အနာလွတ် .. အနာရှင်းလိုက်ရင် တစ်စရပြီ....တစ်စရဲ့ကျောက်ရည်က အပွင့်ဖြစ်လာမဲ့ ကျောက်ရည်ဖြစ်ပေမဲ့ အရည်မှန် မြင်ရပြီလို့ မဆိုနိုင်သေးပါဘူး..
ကျောက်ရည်က တစ်ရေတိုး တစ်ရေလျော့ဖြစ်နိုင်ပါတယ်..မှတ်ကုန်တင်လိုက်ရင်အသားရဲ့အနေအထား..ကျောက်ရဲ့အထူအပါး..အရည်ရဲ ပွင့်နိုင်အား..ကြည့်တဲ့ ပဏာပေါ် မူတည်ပြီး အရည်ပြောင်းပါတယ်....
မှတ်ကျော်ပြီး ခုန်တက်တာက နည်းပြီး မှတ်လျော့ပြီး ခုန်ချတာက များပါတယ်..သတိထားစရာတွေ ဖြစ်ပါတယ်..ကျောက်ရည် ကျောက်သားနှစ်ခုစလုံးကို ခန့်မှန်နိုင်အောင် အလေ့အကျင့်ရှိထားဖို့ လိုအပ်ပါတယ်..
ငွေကုန် အချိန်ကုန် လူပင်ပန်းခံပါမှ လက်တွေ့ အကဲဖြတ်နိုင်တဲ့ ဂဲသမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်..မ လွယ်ပါဘူး.....
ကျောက်နမူနာပုံကလေးအတွက်ကျေးဇူးပါခရစ်ဒက်ပါ..
# : Original Up-loader
# # #ကျောက်စိမ်းပါဝင်တဲ့ကျောက်အမျိုးအစား # # #
အသွင်ပြောင်းကျောက် ဆိုသည်မှာ လက်ရှိကျောက်အမျိုးအစားများ အသွင်ပြောင်းခြင်းမှ ဖြစ်ပေါ်လာသော ကျောက်ဖြစ်သည်။ လက်ရှိ ကျောက်အမျိုးအစား များသည် အပူချိန်နှင့် ဖိအား (၁၅၀ ဒီဂရီမှ ၂၀၀ ဒီဂရီ ထက်မြင့်သော အပူချိန်နှင့် ၁၅၀၀ ဘားထက်များသော ဖိအား) တို့ကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ပြောင်းလဲမှုမျိုး ဖြစ်ပေါ်ခြင်းပင် ဖြစ်သည်။
အသွင်ပြောင်းသော ကျောက်မျိုးမှာ မီးသင့်ကျောက်၊ အနည်ကျကျောက် သို့မဟုတ် အလွန်အိုမင်းနေသော အသွင်ပြောင်းကျောက်တို့ ဖြစ်နိုင်သည်။ ကမ္ဘာ့မြေလွှာတွင် အသွင်ပြောင်းကျောက်များကို အများဆုံးတွေ့ရပြီး အသွင်အပြင်နှင့် ဓာတ်နှင့် သတ္တုပါဝင်မှုတို့အပေါ်မူတည်၍ အမျိုးမျိုး အစားစား ခွဲခြားနိုင်သည်။
ကမ္ဘာ့မြေလွှာ၏ အောက် နက်ရှိုင်းသော နေရာတွင် ရှိနေခြင်း တစ်ခုတည်းနှင့်ပင် အထက်ရှိ ကျောက်လွှာတို့မှ မြင့်မားသောအပူချိန် နှင့် ဖိအားတို့ကြောင့်အသွင်ပြောင်းကျောက်အဖြစ် ပြောင်းလဲလာနိုင်သည်။
Crd to Org Writer
(ဒီလိုကျောက်မျိုးတွ့တတ်ဖြတ်အောင်တတ်ပါတယ် ကျောက်စိမ်းလို့သာမှတ်)😁😁
မြန်မာ့ကျောက်စိမ်းကို အထူးသဖြင့် အသွင် ( ၂ ) မျိုး အနေနှင့် တွေ့မြင်ကြရသည်။
ယင်းအသွင် ( ၂ ) မျိုးမှာ
( ၁ ) အယ်လ်ဗိုလ်ဂျေဒိုက် ကျောက်စိမ်းကြောကြီးများ အသွင်ဖြင့် အိမ်သည်ကျောက်မျက်အတွင်း ထိုးဖောက်ဝင်ရောက်နေသည်ကို တွေ့ကြရသည်။
( ၂ ) ခြေမွ ကြွင်းကျန်ကျောက်တုံးကြီးများအသွင်ဖြင့်လည်း ကုန်းပေါ်နှင့်ချောင်းများ မြစ်များအတွင်းတွင် တွေ့ကြရသည်။
ယင်း အယ်လ်ဗိုလ်ကျောက်စိမ်းကြောကြီးများ၏ ဦးတည်ဘက်သည် များသောအားဖြင့် အရှေ့မြောက်မှ အနောက်တောင်သို့ ဖြစ်ပြီး၊ အရှေ့မြောက်မှ အနောက်တောင်အတိုင်း ရှိသည်ကို တွေ့ရသည်။ ၎င်းတို့၏ အလျားမှာ ရာထောင်ချီ တည်ရှိနေသည်။ အထူမှာလည်း တစ်နေရာနှင့် တစ်နေရာမတူဘဲ ဖြစ်နေတတ်သည်။
ယင်း အယ်လ်ဗိုက်ဂျေဒိုက်ကျောက်စိမ်းကြောကြီးများကို အများအားဖြင့် အခြားကျောက်အမျိုးအစားများနှင့်အတူ ရောနှောတွေ့ရတတ်သည်။ ကျောက်စိမ်းကြောကြီးများကို ဆာပင်တိုင်းကျောက်ထူထဲသို့ တိုးဝင်အနေအထားဖြင့် တွေ့ကြရပြီး ကျောက်စိမ်းကြော၏ အပြင်ဘက်ဆုံး ဇုံတွင် အသွင်ပြောင်းကျောက်အမျိုးအစားဖြစ်သည့်
ရှစ်ကျောက်အမျိုးမျိုးကို ကျိုးကြေနေသော အနေအထားများဖြင့် တွေ့ကြရသည်။ ၎င်း ကျောက်အမျိုးအစားကို ယင်း ဒေသမှ မိုင်းသမားများက ” ဗြင်းဒုံး “ဟု ခေါ်ကြသည်။ အဆိုပါ အယ်လ်ဗိုက်ဂျေဒိုက်ကျောက်စိမ်းနှင့်အတူ တွေ့ရတတ်သော အခြားကျောက်တစ်မျိုးမှာ အမ်ဖိဗိုလိုက် ( Albitite ) ( ခေါ် ) အသွင်ပြောင်းကျောက်တစ်မျိုးဖြစ်သည်။ ယင်း ကျောက်မှာ အစိမ်းရင့်ရောင်ရှိပြီး ဖွဲ့သာကြမ်း၍ အမျှင်လေးများဖြင့် ရှိတတ်သည်။ ပုံဆောင်ခဲသည် အပ်ချောင်းလေးများပုံနှင့် ဓားသွားပြားပုံ ရှိတတ်သည်။ ပုံဆောင်ခဲသည် အပ်ချောင်းပုံနှင့် ဓားသွားပြားပုံရှိတတ်သည်။ မြန်မာနိုင်ငံမှ ခိုင်စုမော်အရပ်တွင် တွေ့ရသော ကျောက်စိမ်းကြောကြီးသည် ကျောက်စိမ်းကြော၏ တိုးဝင်ပုံ အနေအထားအရ စံထားလောက်အောင် ရှင်းလင်းကောင်းမွန်လှ၏ ။
မြန်မာ့ကျောက်စိမ်း၏ ရင်းမြစ်ကို သုတေသန ပြုလုပ်ခဲ့သူအများအပြားထဲတွင် ထင်ရှားသော သုတေသီများ
ဖြစ်သည့် ” Lacroix ” နှင့် ” Chhibber ” တို့က မြန်မာ့ကျောက်စိမ်းသည် မြင့်မားသော ဖိအားအခြေအနေတွင်ဆီလီကာ လျော့နည်းသွားသော ဂရက်နစ်ယောင် ကျောက်ရည်ပူမှ တိုက်ရိုက်ပုံဆောင်သည်ဟု လက်ခံယုံကြည်ကြသည်။
တိုးဝင်လာသော ကျောက်ရည်ပူများ၏ ဖွဲ့စည်းပုံသည် အခြေခံအားဖြင့် ဆိုဒါကြွယ်ဝသော ဂရက်နစ်အက်ပလိုက် ကျောက်အမျိုးအစား ဖြစ်ကြသည်။ မျက်မှောက်ခေတ် ကာလတွင်မူ ကျောက်စိမ်း၏ ရင်းမြစ်ကို အသွင်ပြောင်းကျောက်အဖြစ် တင်ပြကြရာ မူလကျောက် ကို အယ်လဗိုက်အဖြစ် တင်ပြကြသည်။
မီးသင့်ကျောက်၏ ရင်းမြစ်သည် ကျောက်ရည်ပူမှ တိုက်ရိုက်ပုံဆောင်ခြင်းဖြစ်သည် ဟူသော ဖြစ်စဉ်ကို လက်တွေ့ပြသရန် အထောက်အထားများ မရှိသဖြင့် လက်မခံကြပါ။
အကြောင်းမှာ မြန်မာ့ကျောက်စိမ်း၏ ရင်းမြစ်သည် အသွင်ပြောင်းကျောက် ဖြစ်ကြောင်းကို ရှစ်ကျောက်များနှင့် ကျိုးပဲ့နေသောကျောက်များကြောင့် ဖြစ်သည်။ ယင်း တို့သည် ဦးတည်ရာ အားလုံးဆီသို့ ဖြာထွက်ကာ အက်ကြောင်းများထဲတွင် နောက်ဆက်တွဲ အသွင်ပြောင်း ဂျေဒိုက်များကို တွေ့ကြရသည်။
အဆိုပါ အထောက်အထားများအရ မြန်မာနိုင်ငံ၏ ကျောက်စိမ်းရင်းမြစ်သည် အယ်ဗိုက်ကျောက်အသွင်ပြောင်းရာမှ ဖြစ်လာသော ကျောက်ဟု ကောက်ချက်ချကြသည်။
ကွယ်လွန်သွားပြီဖြစ်သော ဆရာကြီးဦးဥာဏ်သင်းအားအမှတ်တရ- credit-
#ကျောက်စိမ်းလောက ထဲ ... ဝင်လာတော့မယ် ဆိုရင်...
ဒါတွေလုပ်နိုင်မလား စိတ်ကိုကြိုတင်ပြင်ဆင်လာခဲ့ပါ။
၁။ ဝါသနာ စိတ်ဝင်စားမူနဲ့ စိတ်အားထက်သန်မှုရှိရမည်။
၂။ အရောင်ခွဲခြားသိမြင်မှုနှင့် အမြင်အာရုံ ကောင်းမွန်ရမည်။
၃။ ကိုယ်ကျင့်တရားနှင့် သိက္ခာကို တန်ဖိုးထားတတ်ရမည်။
(ရေရှည်ရပ်တည်နိုင်ရန်အတွက်)
၄။ မျက်စိဖြင့် ဓာတ်ပုံရိုက်ထားသကဲ့သို့ လေ့လာမှတ်သားနိုင်ရမည်။
၅။ လောဘစိတ်ကို ထိမ်းသိမ်းနိုင်ရမည်။ မျှတသောစိတ်ထားရှိရမည်။
(ဒီစျေးနဲ့ဝယ်ရင် ဒီလောက်အမြတ်နဲ့သူပြန်ရောင်းလို့ရနိုင်မယ်။)
၆။ ဆရာကောင်း သို့မဟုတ် သင်ယူ ညွန်ပြပေးသူ ရှိလျှင်ပိုကောင်း၏။
မိတ်ဆွေတုဆရာတုများနှင့်ဆုံတာထက် တစ်ယောက်တည်းရပ်တည်ခြင်းက ပိုကောင်း၏
၇။ ကျောက်စိမ်းအခွံ၏ အားနည်းချက်/ အားသာချက်တွေကို လေးလေးနက်နက် မှတ်သားနိုင်ရမည်။
၈။ ကျောက်စိမ်း၏ ညံ့ကျောက်၊ ကျောက်ကောင်း ( ရောင်းတန်းဝင်သောကျောက် / မဝင်ကျောက် ) ခွဲခြားသိရှိနိုင်ရမည်။
၉။ ကျောက်စိမ်း၏ စျေးကွက်ကို စောင့်ကြည့်နိုင်ရမည်။
(ကျောက်စိမ်းများပုံစံအခြေနေ၏ ရောင်းစျေး/ဝယ်စျေးများကို "ကြား" မြင်" "သိ" မှတ်သားလေ့လာနေရမည် )
၁၀။ အသားကျောက် /အရည်ကျောက် ဖြစ်ဖြစ် အရင်ဆုံးကျောက်မျိူးမှန်မမှန်ကို အဓိကထား ခွဲခြားနိုင်ရမည်။
( ကျောက်ယမ်းကိုကြည့် အခွံကိုကြည့် အလေးချိန်ကိုကြည့်)
၁၁။ ကျောက်စိမ်းတုံး မူလထွက်ရှိရာ ဒေသကို
မှော်အမျိုးအစားနဲ့ ကျောက်အမျိုးအစားတွဲ၍ သင်ယူရမည်။
(ကျောက်အခွံကိုကြည့်သည်နှင့် မှော်ကို သိကိုသိနေရမည်)
၁၂။ ကျောက်စိမ်းပုံစံကို ကြည့်၍ ကျောက်စိမ်းလိုင်းတည်ရာကို သိရှိ တွဲမြင်ရမည်။ ဒီပုံစံဒီအသားက ပန်းပုလိုင်း၊ အရည်လိုင်း၊ ပုတီးလိုင်း စသဖြင့်..
၁၃။ကြိုက်တိုင်းလည်း မတန်တဆပေးမဝယ်ပါနဲ့ ရောင်းချင်မှန်းသိလို့လည်း စျေးမနှိမ်ပါနဲ့ တန်ဖိုးအတိုင်းပေးဝယ်ပါ။
( ကိုယ့်ကအသာစီးရပြီထင်နေပေမယ့် ကိုယ့်ထက်မြင့်တဲ့တောင် ၊ ကိုယ့်ထက်လည်တဲ့သူတွေ အများကြီးရှိတာကို လောဘကြောင့်မမေ့ပါနဲ့)
၁၄။ကျောက်စိမ်းထွက်ရှိရာနေရာ (မှော်ထဲ) သို့မဟုတ်
ကျောက်စိမ်းအရိုင်းအချော ပြုလုပ်ရောင်းချရာနေရာ၌ နေလျှင်ပိုကောင်းပါသည်။
(နီးစပ်မှ သိရှိနားလည်လွယ်မည်၊ မြန်မည်။ ကျောက်စိမ်းကျောက်ကောင်းများများကြည့်လေ များများသိလေပါ ....)
>>> ပညာလိုက သူဖုန်းစား (ရှေးစာဆို)
#ကျောက်စိမ်းရဲတိုက်ရှင်🏰
#အပြစ်မရှိလောက်အောင်လှလွန်းရင်အစစ်ဖြစ်နိုင်ဖို့ခဲယဥ်းတယ်။
#ကျောက်မြတ်ရတနာ #စကားပုံ
အောက်မှာ 👇🏻👇🏻 2016 လောက်က
ကိုယ်တွေ့၊ ကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးတွေတင်ပေးလိုက်ပါတယ်။
ကျောက်ကောင်း ✔
သေချာကြည့်ဖို့လိုတဲ့ကျောက် 🔍 ဆိုပြီးတော့ ပေါ့ 😍
မိတ်ဆွေများ... ဗဟုသုတတိုးပါစေဗျာ...ပြန်လည်ဝေမျှပေးချင်တာရှိလည်း ကျနော်လည်း လေ့လာနေသူတစ်ယောက်မို့ ... သိခွင့်ရချင်ပါတယ်။
#ကျောက်စိမ်းရဲတိုက်ရှင်🏰
ကျောက်စိမ်းအကြောင်းကို တော်တော်လေးပြည့်ပြည့်စုံစုံနဲ့ စုံစုံလင်လင်ဖြစ်အောင် တင်ဆက်ထားတာတွေ့ရလို့ ပြန်တင်လိုက်တယ်။..
အနည်းငယ်လွဲချော်မှုရှိပေမယ့်လည်း... ပရိသတ်တွေအပေါ် တကယ်စေတနာထားပြီး ရှာဖွေတင်ဆက်ပေးထားတဲ့ Day to Day ကိုလည်း Credit ပါဗျာ
သိန်း ၁၂၀၀ တန်ကျောက်က ဘယ်လိုအချက်တွေရှိရမယ် အရည်တုံးဖြစ်မလားဆိုတာကို #ကျောက်ဖြတ်ခြင်းအနုပညာ အနေနဲ့ ဗဟုသုတအဖြစ် ခံစားကြည့်ရအောင်...
Crd to Org Uploader and this link -
https://www.facebook.com/watch/?v=960155204754572
Video Credit to Original Uploader
#ကျောက်စိမ်းတစ်တုံးရဲ့ပြောပြချက်များ (၂)
ကျောက်စိမ်းလုံးစွပ်များတွင် အပြစ်အနာများကို အခွံပေါ်တွင်တွေ့မြင်နိုင်ပြီး တစ်ခါတစ်ရံ ဖြတ်တောက်ပြီးမှသာ တွေ့မြင်ရသည်။
သေချာစွာ စစ်ဆေးကြည့်ရန်လိုအပ်ပါသည်။
#အခွံတွင်တွေ့ရတတ်သောအပြစ်အနာများမှာ –
(၁) အနာ။
အခွံပေါ်တွင် တွေ့ရတတ်သောအက်ကြောင်း၊ အက်ရာအကြီးအသေးများ ကိုခေါ်သည်။ အလျားလိုက်သော်လည်းကောင်း၊ ဒေါင်လိုက်သော်လည်းကောင်း၊ ကြက်ခြေခတ်အနေအထားသော် လည်းကောင်း တွေ့ရတတ်သည်။ အက်ကြောင်းကြီးလျှင် အတွင်းသားထိဝင်နိုင်ပြီး #အရည်ကြောရှိလျှင်တစ်ဖက်သို့မကူးနိုင်ပေ။
(၂) ရှင်း။
အခွံပေါ်တွင်အနက်ရောင်အကြော(Amphibole, Tremolite) တွေ့ရ လျှင် ရှင်းဟုခေါ်သည်။ အများအားဖြင့် #ရှင်းသည်ကျောက်သားနှင့်အသွေးအရောင်ကိုဖျက်ဆီးတတ်သည်။
ခြွင်းချက်အနေဖြင့် အစိမ်းရောင် အရည်ကြောသည် ရှင်းနှင့်ကပ်လျက်သီးခြားရှိလျှင် အရည်ကောင်းတတ်ပြီး " #ရှင်းအောက်မြခို" ဟုခေါ်ကြသည်။
(၃) ဝက်မှင်။
အခွံပေါ်တွင်တွေ့ရတတ်သော အနက်စက်အနက်စင်းများကိုခေါ်သည်။ အသားတွင်လည်းကောင်း၊ အရည်ရှိသော အပိုင်းတွင်လည်းကောင်း၊ ဝက်မှင်ကဲ့သို့ အနက်စက်အနက်စင်းလေးများ တိုးဝင်နေတတ်သည်။
(၄) မောက်။
အခွံနှင့်ကပ်လျက်ပတ်လည်တွင် မီးခိုးရောင်သန်းသည့်အပိုင်းဝင်ရောက် နေခြင်းကိုခေါ်သည်။ မောက်သားရှိသည့်အပိုင်းတွင် အရည်စွဲလျှင် #အရောင်မပွင့်ဘဲထိုင်းတတ်သည်။
(၅) မာရား။
ကျောက်သားတွင် ကျောက်စိမ်းမဟုတ်သော (Silica) ဝင်ရောက်နေခြင်း ကိုခေါ်သည်။ ကျောက်သားတွင်နို့နှစ်ကဲ့သို့ အဖြူရောင်နှင့်ပြောင်လက်နေသော အနေ အထားကို အကြောင်းလိုက်တွေ့ရတတ်သည်။ #ကျောက်သားကိုဖျက်ဆီးသဖြင့် အပြစ်အနာအဖြစ် ထည့်သွင်းတွက်ချက်ရသည်။
(၆) အသားပျက်။
ကျောက်သားတွင်ကျောက်စိမ်းမဟုတ်သည့်မာဆင့်နည်းသော အခြား အမျိုးအစားများ ရောနှောပါဝင်နေခြင်းကိုခေါ်သည်။ ကျောက်အသားခံကို #ပျက်စီးစေတတ်ပြီးအရောင်တင်လျှင်မတက်ပေ။
(၇) ကွမ်းသွေး။
အခွံပေါ်တွင်အနီရောင်၊ အနက်ရောင်အစက်များ တွေ့ရသည့်အနေအထား ကိုခေါ်သည်။ ဖြတ်တောက်ကြည့်လျှင်လည်း ကျောက်သားထိတွင် #အနီစက်အနက်အစက်အပြောက်များကို တွေ့ရတတ်သည်။
(၈) ဖြုတ်ချေး။
အခွံပေါ်တွင် အနက်စက်၊ အညိုစက်များတွေ့ရခြင်းကိုခေါ်သည်။ ဖြတ်တောက်ပါက #ဖားဥစွဲသည့်ပုံသဏ္ဍာန်အနေအထားတွေ့ရတက်ပါသည်။
(၉) ဆံပြုတ်။
အခွံပေါ်တွင် ပုံမှန်ယမ်း (Crystal)များအတွင်း အရွယ်ကြီးယမ်းများ (Very Coarse Grain Crystal)ပါဝင်ခြင်းကိုခေါ်သည်။ ဖြတ်သားမျက်နှာပြင်တွင် ဝတ်ဆံများ၊ အမြုပ်များသည် ဆံပြုတ်သားကဲ့သို့ ဝင်ရောက်ပြီး #ကျောက်သားပိတ်တတ်ပါသည်။
Crd to ကျောက်စိမ်းတူးဖော်ရေး
Crd photo uploader
မြန်မာပြည်က #အလှဆုံးသောရတနာ တပါးကို
မြန်မာပြည်ဖွားတွေအများဆုံး ... #အောင်စေပိုင်စေ ချင်လွန်းတဲ့ ...
မြန်မာပြည်က ... ... #ကျောက်စိမ်းရဲတိုက်
🙏🙏🙏
🏰 The JADE CASTLE 🏰 ကျောက်စိမ်းရဲတိုက် 🏰
#ကျောက်စိမ်းတစ်တုံးရဲ့ပြောပြချက်များ(၁)
အခွံအမျိုးမျိုးပေါ်တွင် အရည်မန်း/ အသားမန်း(ယမ်းပျက်မန်းပျက်)၊ အရည်ပွင့်၊ ခရမ်းရောင် ယမ်းပွေး စသည်ဖြင့် ပြချက်ပါဝင်မှု ရှိ/မရှိ လေ့လာခွဲခြားသတ်မှတ်ရမည် –
(၁) အရည်/အသားမန်း။
အခွံပေါ်တွင် ယမ်းအနေအထားသည် အခြားနေရာနှင့် မတူဘဲ တွန့်ခေါက်နေသော အစင်းကြောင်းအနေအထားကိုခေါ်သည်။ ပြချက်နေရာတွင် အစိမ်း ရောင်အစအနတွေ့လျှင် (အရပ်ခေါ်တီဖောက်လျှင်) ပွတ်တိုက်ကြည့်၍ #အစိမ်းရောင်ရှိလျှင်အရည်မန်း၊ အစိမ်းရောင် မရှိလျှင် အသားမန်းဟုခေါ်သည်။
(၂) အရည်ပွေး။
အခွံပေါ်တွင် ယမ်းအနေအထားသည် #သစ်ပင်အပွေးတက်နေသကဲ့သို့ အနေအထားကိုခေါ်သည်။
(၃) အရည်ပွင့်။
အခွံပေါ်တွင် ယမ်းပွင့်လေးများ ပန်းပွင့်သဏ္ဍာန်ရှိပြီး #အစိမ်းရောင်အစက်အပြောက် တွေ့ရလျှင်အရည်ပွင့်ဟုခေါ်သည်။
(၄) မန်းဖြူ။
ကတေအမဲကြောလွှာ (Cement Conglomerate Bed) မှထွက်သည့် #ခွံမဲများတွင်တွေ့ရသည့်ပြချက် အမျိုးအစားဖြစ်သည်။
အခွံပေါ်တွင် အဖြူရောင် (မဖောက်ထုံးအမှုန့်အရောင်) ဖြူးထားသကဲ့သို့ဖြစ်နေသည့် အနေအထား (အရပ်ခေါ် #ဗျိုင်းချေးမန်း)ကိုခေါ်သည်။
( ဂ ) အခွံပေါ်တွင်ပြချက်ပါလျှင် ပြချက်အမျိုးအစား ခွဲခြားသတ်မှတ်ရမည်။
ပြချက် အမျိုးအစားများ မှာ-
(၁) ကြိုးပတ်။
အရည်မန်း၊ အရည်ပွေး၊ အရည်ပွင့်တစ်မျိုးမျိုးသည် ဆက်စပ်လျှက် ကျောက်စိမ်းတုံးတစ်တုံးလုံးကို #ကြိုးသဖွယ်ပတ်နေပါကကြိုးပတ် ဟုခေါ်သည်။
(၂) ကျားကိုက်။
အရည်မန်း၊ အရည်ပွေး၊ အရည်ပွင့်တစ်မျိုးမျိုးသည် ဆက်စပ်လျှက် ကျောက်စိမ်းတုံး၏ #မျက်နှာပြင်သုံးဘက်ပတ်နေသောအနေအထား (ကျားကိုက်ထားသည့်ပုံသဏ္ဍာန်) တွေ့ရလျှင် ကျားကိုက်ဟုခေါ်သည်။
(၃) တံစို့ထိုး။
အရည်မန်း၊ အရည်ပွေးသည် ကျောက်စိမ်းတုံးအခွံတွင် #တစ်ဖက်နှင့်တစ်ဖက်တံစို့ထိုးအနေအထား မြင်တွေ့ရလျှင် တံစို့ထိုးဟုခေါ်သည်။
(ဃ) အခွံပေါ်တွင် ပြချက်နှင့်မှားနိုင်သော အနေအထားများစွာတွေ့ရတတ်၍ ပြချက်ဟုတ်/မဟုတ် သေချာစွာအချိန်ပေး စစ်ဆေးခွဲခြားရမည်။
ပြချက်နှင့်မှားနိုင်သော အနေအထားများမှာ-
(၁) ကပ်ရည်။
အခွံအပေါ်ယံတွင်သာကပ်နေသောအနေအထားဖြစ်သည်။ ကောက်ရော့ ဟုလည်းခေါ်၍ #အတွင်းသားထိအရည်မဝင်ပါ။
(၂) ဖားမျက်ဆံ။
အခွံပေါ်တွင် ဖားမျက်စိကဲ့သို့ဖုထွက်နေသော အစိမ်းရောင်အကွက်၊ အစေ့လေးများဖြစ်သည်။ #အရည်ပွေးအရည်မန်းနှင့်လွှဲမှားနိုင် သဖြင့် သတိပြုရမည်။
(၃) ချော်စိမ်း။
ကတေအောက်ကြောများနှင့် ချောင်းအတွင်းမှထွက်ရှိသည့် ရေခွံများ တွင် တွေ့ရှိရတတ်ပြီး #အခွံအရောင်မှာအစိမ်းရောင်ရှိ ၍ပြချက်နှင့်မှားတတ်သည်။
ကျောက်စိမ်းတူးဖော်ရေး
Photo _ Crd
မြန်မာပြည်က #အလှဆုံးသောရတနာ တစ်ပါးကို
မြန်မာပြည်ဖွား တွေအများဆုံး #အောင်စေပိုင်စေ ချင်လွန်းလို့ ...
မြန်မာပြည်မှ ... ... #ကျောက်စိမ်းရဲတိုက်
🙏🙏🙏
#လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေနဲ့တစ်ထပ်တည်းဖြစ်နေတဲ့ပုံလေး
သတိထားကြပါညီအကိုတို့ရေ...
#ကိုအပြင်မှာမမြင်ဖူးတဲ့ကျောက်ကိုဝယ်တဲ့ရော live ထဲမှာစျေးပေးနေကြတဲ့ သူတွေကိုရော... #သတိထားပါ။
#ဒီကျောက်ကိုဖြတ်နေတဲ့အချိန်မှာလိုင်းကျသွားလို့ ဆိုတဲ့သူတွေကိုလည်း #သတိထားပါ။
#ကျောက်မျက်ရတနာအရောင်တောက်ပတဲ့ညအချိန်မှာ အရောင်တောက်ပတဲ့ #ဖုံးကင်မရာနဲ့ရိုက်ပြတဲ့live တွေကို #သတိထားပါ။
မယုံကြည်ဖို့ပြောတာ မဟုတ်ပါဘူး။
ဂုဏ်သိက္ခာကို အသက်ထက်ပိုပြီးတန်ဖိုးထားတဲ့ ကျောက်စိမ်းသမားတွေလည်းရှိပါတယ်။ ၁၀၀ မှာ ၅ ယောက်လောက်ပေါ့။
စဥ်းစားချင့်ချိန်ပြီး အောင်မြင်တဲ့ လောပန်းတွေဖြစ်ကြပါစေ..
မြန်မာပြည်က အလှဆုံးသော ရတနာတပါးကို
မြန်မာပြည်ဖွားတွေအများဆုံး အောင်စေပိုင်စေချင်လွန်းလို့ ...
မြန်မာပြည်ထဲက ...
ကျောက်စိမ်းခံတပ် (သို့) ကျောက်စိမ်းရဲတိုက်
🏰 The JADE CASTLE 🏰 玉城堡 🏰
🙏🙏🙏
Photo Crd
#ကျောက်စိမ်းအကျင့်စရိုက်များအကြောင်း #
#အသားလိုကယမ်းကြည့် #
#အရည်လိုကမန်းကြည့် #
#ချွမ်လိုကအခွံကြည့် #
#လက်ကောက်လိုကအနာကြည့် #
#အပွင့်လိုကလိုက်ချက်ကြည့် #
#အချပ်လိုကဖြတ်ကွက်ကြည့် #
#ရောင်းပန်းဝင်လိုကစျေးကွက်ကြည့် #
#ပန်းပုလိုကလှချက်အရောင်ကြည့် #
........... . ................
#မှတ်မနိုင်ကဖြတ်သားမကိုင်နဲ့
#အသားမနိုင်ကဖြတ်သားမကိုင်နဲ
#အရောင်မနိုင်ကအပွင့်မကိုင်နဲ့
♥♥
ချော် ယမ်း အထိုင် ၃ချက်မနိုင်
ရေမဆေးမကိုင်နဲ့
♥♥
ကျောက်ကိုမသိ စျေးမသိသော်
ဝယ်ယူသောကျောက် မှားတတ်သည်။
♥♥
အနာသာတွက် ရှို့မတွက်သော
အနာထုကြောင့် မှားတတ်သည်
♥♥
စိမ်းစိမ်းမြင်တိုင်း အရည်မထင်နဲ့
အသားရည် မျိုးရည်မကောင်းလို့ ထုံဆန်အရည်နဲ့မှားတတ်သည်။(ထုံဆန်ပိတ်)
♥♥
ခွံကြပ် မီးမပေါက် အကာခံဆန်း
ထင်မြင်မှားက ပိန်းဥပိန်းသား အသားပိတ်နဲ့ မှားတတ်သည်
♥♥
#မီးရောင်ကိုတွက် အသားတန်းမတွက်သော်
လှပအရောင်ကြောင့် အဝယ်မှားမည်။
♥♥♥
မန်းစိမ်းသာမြင် မန်းကြိုးသာမြင်
အကျစ် အကျယ် မတွက်သော် အဖြတ်မှား၍
ကားတတ်သည်။
♥♥
ဆန်းပွေ ကျွတ်ပွေး အပွေးဆန်းသာမြင် တစ်ကွက်ပွေးမို့ ကော့ရော့ပွေ့ဖြစ် အဖြတ်မှား၍ ကားတတ်သည်။
♥♥
မသိသူကျော်လွှား သိသူဖော်စား ကျောက်လောကသား မမှားဘူးသူ မရှိပါ
♥♥
သင်ဆရာ မြင်ဆရာ ကြားဆရာ စကား
ပုံသေမမှတ်ပဲ ကျောက်ပုံစံကိုကြည့် အလုံးစုံတွက်မှ အမှားနည်းမည်။
♥♥
အောင်ကျောက်ဖြစ်ဖို့ထက် ရှုံးကျောက်မဝယ်မိဖို့ အရေးကြီးသည်။
♥♥♥ ♥♥ ♥♥♥ ♥♥
#ကျောက်စိမ်းမြင့်မိုရ် #(လုံးခင်း) မူရင်းရေးသားသူ
မူရင်းမပျက် copy ယူသုံးခြင်းခွင့်ပြုပါသည်။
#မူရင်းရေးသားသူအားလေးစားစွာဖြင့်ကော်ပီအသုံးပြုပါသည်။
Crd - Photo _ Org Uploader
Crd to Org Uploader
Crd to Org Uploader
အခုတလော ရန်ကုန်မှာလည်း ကျေက်စိမ်းရောင်းတဲ့ဆိုင်လေးတွေဖွင့်လာတာကို တွေ့ရပါတယ်။
ရန်ကုန်ကလူတွေလည်း ကျောက်စိမ်းလောပန်းတွေဖြစ်လာနိုင်မှာမို့ ဝမ်းမြောက်ဝမ်းစွာကြိုဆိုပါတယ်။
ဒါပေမယ့်..ညဘက်ကြီးကျောက်စိမ်းကို live လွှင့်ရောင်းနေတာမျိုးကိုလည်း တွေ့ရတော့ စိတ်ပူမိပါတယ် ဘာကြောင့်လည်းဆိုတော့ ကျောက်စိမ်းဆိုတဲ့ ရတနာတစ်ပါးဟာ ညဘက်တွေဆို ပိုလှနေလို့ ဆုံးဖြတ်ချက်မှားနိုင်ပါတယ်။ နောက်ပြီး ဖုံးကင်မရာဆိုတာကလည်း အရောင်တွေကိုပိုလှစေတယ်မဟုတ်လားဗျာ... သတိထားကြပါလို့
အဲ့ဒီအကြောင်းရေးတင်ထားတာတွေမတွေ့ရင် ကျနော်အချိန်ရတာနဲ့ ရေးတင်ပေးပါ့မယ်။
အခုတော့ ကျောက်စိမ်းရောင်းတဲ့ဆိုင်တွေမှာရောင်းတဲ့ ရေမဆေးကျောက်တွေကိုဝယ်တဲ့အခါ အချက်အလက်တချို့ကိုသိထားဖို့ ဆရာတစ်ယောက်ရေးတင်ထားတာတွေ့နဲ့ အဲ့ဒါလေး ကျနော်ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။ 😊😊☺
ဟုတ်ကဲ့....
ရေမဆေးဆိုင်မှာကျောက်သွားရွေးတဲ့ အခါ
အများဆုံးတွေ့ရတဲ့ ချော်မျိုးက ချော်ကြပ်ပါ။....
ချော်ကြပ်ကို ဘယ်လို သိနိုင်မလဲ ????? .....
မသိမသာပေါ့ 😁😁
လက်သဲလေးနဲ့ ခြစ်ကြည့် ဖဲ့ကြည့် ခွာကျိကျိ...
လက်သဲကုန်သွားမယ် ချော်က အပြုံးမပျက်ဘူးရယ်....
မကျေနပ်သေးဘူးလား!! ရတယ်
သံချောင်းလေးနဲ့ ပွတ်ကြည့်တိုက်ကျိကျိ... 😁😁
ပိုင်ရှင်အော်ရင်တော့ ကျတော်ပြောတယ်လို့မပြောပါနဲ့နော် 😅
အိုခေ...ဒါဆိုတွေးကြည့်ရအောင်...
ကျောက်ဆိုတာ အမာ ...ချော်ဆိုတာ အပျော့ ....
အမာကို အပျော့က ဘယ်လောက် ဆွဲထားနိုင်မလဲပေါ့ ????
ကျောက်သားက မြင့်လေလေ ... ချော် မကပ်လေပါပဲ........ ....
မျက်စိထဲမြင်အောင်ပြောရရင်ဗျာ ...
"မော်ဒယ်မလှလှလေးဒေဗျာ...
သူတို့ခန္ဓာကိုယ်လှလာလေလေ...
အဲ့ဒီအလှကိုပြချင်လို့ အဝတ်အစားတွေကို
သူတို့ရဲ့ကိုယ်အပေါ်မှာ မကပ်နေစေချင်တော့သလိုမျိုးပေါ့"
(မြင်ရဲ့နော်)😁😁.....
လက်မောင်းပြုတ်လောက်အောင်
ဆေးရတဲ့ ကျောက်တွေဟာချော်ကြပ် ဖြစ်ပါတယ်
ချွင်းချက်လေးတွေရှိတာပေါ့နော် .........
"ချော်" ဆိုတော့ ...
"ရေထဲကရတဲ့ ကျောက်မှာကော ချော်ကျပ်ရှိလား" လို့
မေးနေ တွေးနေမှာစိုးလို့ဗျ .. တခါတည်းဖြေခဲ့မယ်နော်
ရေထဲက ရတဲ့ကျောက်မှာတော့"ပြောင်ချော်ချော်"ပဲ ရှိတယ်ဗျ
🤣🤣🤣.....
သတိထားဖို့ အသိပေးလိုတာက...
#ချော်ကြပ်နဲ့လာရင်ကျောက်သားပျက်တာများပါတယ် ခင်ဗျ...
😊😊
.....
အနည်းငယ်ဖြည့်စွက်ပြောလိုတာကတော့...
သဘာဝကတော့ သဘာဝပါပဲ ...
ဖြစ်နိုင်ခြေအနည်းနဲ့အများပဲ ကျနော်တို့ကမှန်းဆနိုင်ပါမယ်။
သဘာဝနဲ့ လူတစ်ယောက်ရဲ့ကံတရားမှာ ပုံသေနည်းနဲ့ တွက်လို့
မရနိုင်ပါဘူး ခင်ဗျာ.....
မြန်မာပြည်က အလှဆုံးသော ရတနာတပါးကို
မြန်မာပြည်ဖွားတွေအများဆုံး အောင်စေ ပိုင်စေ ချင်လွန်းလို့ ...
မြန်မာပြည်က ... ကျောက်စိမ်းခံတပ် (သို့) ကျောက်စိမ်းရဲတိုက်🙏🙏🙏
မူရင်းရေးသားသော ဆရာအား လေးစားစွာ ဂါရဝပြုပါတယ် ခင်ဗျ
(ဆရာ့အရေးအသားတွေကသိပ်ကောင်းပါတယ်။
ပညာရှင်အရေးအသားဆိုတော့ လုံးဝမသိနားမလည်သေးတဲ့သူတွေလည်း နားလည်ရအောင် ကျနော်အနည်းငယ် ပြင်ဆင်ထားကြောင်း ဝန်ခံပါတယ် ခင်ဗျ)
မင်္ဂလာအောင်ကျောက်များ ပိုင်ဆိုင်နိုင်ပါစေ ....
🙏🙏🙏
Crd - Org Uploader
Photo Crd - Org Uploader ဗျာ...
၂ ယောက်စလုံးမှန်ပါတယ်။
ကိုယ့်ဘက်က "ကကြီး"နဲ့
သူ့ဘက်ကကြည့်တော့ "ယပက်လက်"ပါပဲ........
အတိအကျပြောပါဆိုရင်တော့..
ကံရယ်ဥာဏ်ရယ် အရည်အချင်းရယ်ပေါင်းပြီး လောင်းကြေးကြီးရင် ကြီးသလိုအရှုံးအမြတ် ကြမ်းတာနဲ့ မကြမ်းတာတော့ ကွာမယ်။
မြန်မာ့ကျောက်စိမ်းတုံးများကို မြန်မာနိူင်ငံသားတို့......
ကျွမ်းကျင်စွာ ခွဲခြမ်းစိတ်ဖျာနိူင်ရေး လေ့လာပြီး ကျိုးစားကြပါစို့.....ဦးစွာ...ကျောက်စိမ်းကို နားလည်စေရေး အချက်နှစ်ချက်ကို
မြင်သာသိသာ အောင် လေ့လာကြရအောင်...
၁,,,,,,ဘယ်ကဖြစ်တည် ရောက်ရှိလာလည်း....?
၂,,,,,မည်သို့ဖွဲ့စည်းထားပါလည်း....................?
ကျောက်စိမ်းဖြစ်စဉ် ပထမမှာ အငုတ်မှော်ခေါ် ***ပင်မအသိုက်***ငုတ်ကျောက်ဖြစ်ပါတယ်
မူလအိမ်သည်မှာ အလွှာလိုက် တိုးထွက်နေသော ကျောက်စိမ်းလွှာပါ
(အိန္ဒိယမြေအောက်ကမ္ဘာ့ကျောက်ချပ်လွာကြီးနဲ............
့မြန်မာ့မြေအောက်ကျောက်ချပ်လွာကြီး တို့ တွန်းတိုက်ပွတ်ကြိတ်မူဖြစ်စဉ်မှာ ပြင်းထန်သော.ဖိအားမြင့်အောက် ပေါင်းစပ်ပျော်ဝင်... အေးခဲအသွင်ပြောင်းခြင်း)
ပထမဖြစ်စဉ် အတိုချုံးပေါ့....၊
ဥပမာ။ ။
တောမှော်၊ထည်လုံးစိမ်းမှော်၊ ဆမားမှော် ၊ပန်းကြားမှော်၊မြင်းမှော်၊
ယခုခေတ်မှာ လုံးခင်း ကံစီး အထက်ပိုင်းမှာ တူးဖေါ်နေဆဲပါ......................၊
၎င်း...နောက်ဆက်တွဲ ကမ္ဘာမြေကြီးပြောင်လည်းမူ့ ဖြစ်စဉ်အရ
ဒုတိယ ဖြစ်စဉ် မှာ.......
ပထမ ဖြစ်စဉ် ငုတ်ကျောက် အကြောလွာကြီးပါရှိသော ကျောက်တောင်ကျောက်လွာများ မှနေ၍.............။..။
ပျိုပျက်လိမ့်ဆင်း မျောပါခြင်း မှ နောက်ဆက်တွဲ စုပုံ လွာဖြစ်သော
ဒုတိယဖြစ်စဉ် အဆုံး....နေရာ
ဥပမာ။ ။
ခန္တီးဒေသမှ နန်စီပွန်မှော် မကျန်ခမှော် ငါးလင်ဗန်းမှော်...............
မိုးညင်းအထက် နမ့်ချီမှော် ၊...
မှော်ကြီးဟု ခေါ်တွင်ကြသော ဖါးကန့်လုံးခင်းဒေသမှ......အောင်ပါလေ၊ မားဆား..ကုဋ္ဋေ ၊မှော်စီစာ၊မှော်ဝမ်း၊မန၊ကရင်ချောင်၊ဝှေခါ မှော်များမှာတူးဖေါ်နေကြသောနေရာများမှာ
အလုံးမှော် အမည်ပြု ဒုတိယဖြစ်စဉ်မှ
***ရေဆောင်သိုက်***မျာ့းဖြစ်ပါတယ်.......................၊
ယခုတင်ပြသော ပထမဖြစ်စဉ်နှင့် ဒုတိယဖြစ်စဉ် မှ
ပြောင်းလည်းဖြစ်ပျက် သက်ရောက်မူ့အချက်များကို ခြုံငုံ သုံးသပ် မြင်နိူင်လာမှသာလျင်ယခု ခေတ်ခါတူးဖေါ်ရရှိ ဝယ်ယူရရှိသော
အလုံးမှော်***ရေဆောင်သိုက်***အလွာမျိုးစုံမှ ကျာက်စိမ်းတလုံးစီတိုင်းရဲ့ ဖြစ်တည်မူ့ကိုလွယ်ကူစွာ ခွဲခြမ်းစိတ်ဖြာ နိူင်ဖို့တိကျသော အချက်လက်များနဲ့ ဘူမိ အထောက်ထားများကို ပေါင်းစပ် အဖြေထုတ်လာနိူင်မှာ ဖြစ်ပါတယ်.......................၊
***သတိပြုသုံးသပ်ရေး အရေးကြီးသည်မှာ
မူလ ကျောက်စိမ်းအစသည် .....ငုတ်ကျောက်ဟုခေါ်သော
***ပင်မအသိုက်***မှ ဒုတိယဖြစ်စဉ်ဖြစ်သော
ပြိုပျက်မျောပါ ခြေမွကြွင်းကျန်ဖြစ်တည်ခဲ့ရာမှ...
စုပြုံ ထိုင်နေသော အလွာများ ဖြစ်သောကြောင်
တိုက်စားမျောပါ လုံးဝန်းမူ့ရှိသော သဏ္ဍာန်ဖြစ်ပေါ်ကာ
ကြိမ်ဖန်များစွာဖြစ်ပျက် တည်ခြင်းကြောင့်
ကျောက်လုံးအလွာ ထပ်များအဖြစ် ဖြစ်တည်စုပုံကာ
မြေလွာများဒြပ်ပြုမူ့များကြောင့် .............................
ပြင်ပ အလွာ.....ဆွေးမြေ့ခြင်းအရောင်ပြောင်းခြင်း....ဖြင့်
မတူကွဲပြားသော အလုံးသဏ္ဍာန်ဖြင့် စုပုံအလွာများ ဖြစ်တည်ရင်း .....
ယနေ့တူးဖေါ်ရရှိသော......ကျောက်စိမ်းသဏ္ဍာန်အဖြစ်
မြေလွာ အလိုက် မတူ အရောင်ကွဲပြားခြင်း
ပုံဆောင်(ယမ်း)စုဖွဲ့ဖြစ်တည်မူ့အား နည်းခြင်း များခြင်းပေါ်မူတည်ပြီး
ပြင်ပအလွာမှာ..........ဆွေးမြေ့ဒြပ်ပြုကာ အထူအပါးမညီညာသော အခွံများဖြင့် တွေ့မြင်တူးဖေါ်ရရှိပြီး
မိမိတို့လက်ဝယ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါကြောင်း၊....................၊
ယခုရေးသားမူ့ ရှင်းလင်းပြထားမူ့အား
လေ့လာဆဲ သဘောမပေါက်သေးသူများအား ရည်ညွန်းပြီး
စတင်လေ့လာစေရေး အကြံပြုရင်း...
ဆက်လက်ပြီး......
ကျောက်စိမ်းတလုံးခြင်းတတုံးခြင်း ခွဲခြမ်းစိတ်ဖျာ
တွက်ချက်မှန်ကန်နိုင်ရေးတွက်လိုအပ်သော အချက်လက်များ ထပ်မံရေးသား မျှဝေပေးသွားပါမည်။
......🌷
ကျောက်စိမ်းလုပ်ငန်းသည် ခက်ခဲနက်နဲသိမ်မွေ့သောလုပ်ငန်းတစ်ခုဖြစ်သည်။ကံကိုပဲအားကိုးလို့မရသလိုဉာဏ်ကိုကြီးပဲလည်းအသုံးပြုလို့မရပါ။ကံ ဉာဏ် နှစ်ပါးလုံးမျှတမှသာလျှင် အောင်မြင်ကြီးပွားတိုးတက်ပါမည်။ကံ ကိုယုံ၍ကျောက်ဖြတ်သော်လည်း မဖြတ်သင့်သောကျောက်ကိုဉာဏ်ပညာဖြင့်မသုံးသပ်မိသောကြောင့် မရှုံးသင့်ပဲရှုံးရတဲ့အဖြစ်တွေကျောက်လောကမှာများစွာရှိပါသည်။ဉာဏ်ကိုပဲဦးစားပေးလွန်း၍ မလုပ်သင့်မလုပ်ထိုက်သောအပြုအမူများကိုပြုလုပ်မိလျှင်စားရကံမရှိ၍လုပ်တိုင်းမဖြစ်ပဲအရှုံးနှင့်သာရင်ဆိုင်ရသောသူများလည်းလွန်စွာပေါများပါသည်။
ကျောက်လောကမှာစကားပုံတစ်ခုရှိပါသည်။ကံမရှိဉာဏ်ရှိတိုင်းမွဲ ဉာဏ်မရှိကံရှိတိုင်းမွဲဟူ၍စကားပုံရှိပါသည်။ကံမရှိဉာဏ်ရှိတိုင်းမွဲဟူသည်မှာ မိမိသည်ကျောက်တစ်လုံးအားဝယ်ခဲ့သည်ဆိုပါစို့ ဝယ်ခဲ့သည့်အတိုင်းတခြားသူမှ အမြတ်ပေး၍ဝယ်နေပါသည် မိမိကကြိုက်ဈေးမရခြင်း ကျောက်ကိုဖြတ်ချင်သောကြောင့်မရောင်းပဲ ဖြတ်လိုက်ပါသည်။မိမိသည်စားရကံမပါ၍ ထင်သလိုဖြစ်မလာသောကြောင့်အရှုံးနှင့်ရင်ဆိုင်လိုက်ရပါသည်။
ဉာဏ်မရှိကံရှိတိုင်းမွဲဟူသည်မှာ မိမိသည်ကျောက်တစ်လုံးအားကံကောင်း၍ အလကားနီးပါးရခဲ့သည်ဆိုပါတော့ ကျောက်ပညာဉာဏ်နည်းပါးသောကြောင့် တန်ရာတန်ကြေးအားမသိရှိနိုင်ပါ။ကံကောင်း၍သာကျောက်ရခဲ့သော်လည်း ဈေးကွက်နှင့်ကျောက်တန်ဖိုးမသိသောကြောင့် ဈေးနည်းစွာဖြင့်ရောင်းချမိတတ်ပါသည်။ဒါကကျောက်လောက၏အခြေခံသဘောတရားမျှသာရှိပါသည်။
ကျောက်တစ်လုံးအားဝယ်ယူတော့မည်ဆိုပါက (ဖြတ်သား သို့မဟုတ်လုံးစွပ်) မှော်ကိုအစွဲမထားရပါ အဓိက ကျောက်မျိုးတန်းနှင့်လုပ်ချက်ကိုကြည့်ရပါမည်။လုပ်ချက်ကျန် မကျန် ရှိ မရှိကိုကြည့်ရပါမည်။လုပ်ချက်ကျန်သောကျောက်ဆိုလျှင်အတည့်ဝယ်ရပါမည်။လုပ်ချက်မကျန် မရှိလျှင် ဈေးကွက်ကိုချိန်၍ဝယ်ရပါမည်။လုပ်ချက်မကျန်သောကျောက်အား လိုချင်မှုဖြင့်မဝယ်သင့်ပါ။အဘယ်ကြောင့်ဆိုသော် လုပ်ချက်ကျန်သောကျောက်ကိုဝယ်လျှင် ကိုယ့်ဖက်ရနိုင်ခြေ၈၀%နှုံးရှိ၍လုပ်ချက်မကျန်သောကျောက်သည် ကိုယ့်ဖက်လဲနိုင်ခြေ၈၀%နှုံးရှိပါသည်။
ကျောက်လောကမှာ မမှားဖူးသောကျောက်သမားဟူ၍မရှိကြပါ။အမှားထဲမှသင်ခန်းစာယူ၍လုပ်ကိုင်နေကြရသောသူများသာဖြစ်ကြပါသည်။ကျောက်ပညာအတွေ့ကြုံ အနည်း အများပေါ်မူတည်၍ အမှားနည်းခြင်း အမှားများခြင်းဟူ၍ဖြစ်ပေါ်လာပါသည်။ကျောက်လုပ်ငန်းသည်ပညာဆရာမရှိပါ သင်ညာဆရာဆိုတာပဲရှိပါသည်။ကျောက်သမားအားလုံး၏ဆရာသည် ကျောက်သာလျှင်ဖြစ်ပါသည်။ကျောက်လုပ်ငန်းသည် ထင်ကြေးဖြင့်သာလုပ်ဆောင်နေရသောလုပ်ငန်းတစ်ခုဖြစ်ပါသည်။ကိုယ်ထင်သလိုဖြစ်တဲ့ခါလည်းရှိသလို ထင်သလိုဖြစ်မလာတာလည်းရှိပါသည်။
ကျောက် စိမ်း လို့ ခေါ်တဲ့ကျောက် တွေဟာ တခု မကရှိတယ်။ကျောက် စိမ်း ရဲ့ဖြစ် တည် မှုဟာ တခု မက ရှိတယ်။
ကျောက် စိမ်း ဟာ တခြား ရတနာ အများ စုလို တွင်း ထွက် crystal တခု ထဲမဟုတ်တဲ့ အတွက် တတုံး ထဲမှာပဲ ဒီနား ကကျောက် စိမ်း၊ သူ နဲ့ကပ်ရက် ၁ စင် တီမီတာက ကျောက် စိမ်း မဟုတ် ဖြစ်နိုင်တယ်။( ဒါကို lab စစ်တဲ့နေရာမှာ ထည့် စဉ်းစား ရတယ်။)
ကျောက် စိမ်း ဟာ သူ့ နာမည်ထဲမှာ "စိမ်း" ပါ ပေမယ့်၊ တခြား အရောင် လည်း ရှိနိုင်တယ်။
အဲဒါ ကို မှ တရုတ် အခေါ်အဝေါ်၊ မြန်မာ အခေါ်အဝေါ်၊ ဒေသအခေါ်အဝေါ် တွေ ကလေ့လာသူတွေ၊ ရောင်း ဝယ်သူတွေကို ပို ပြီး မျက်စေ့ လည်၊ ရှုပ်ထွေး စေတယ်။
နာမည် တမျိုး တည်း ခေါ်ပေမယ့် ကျောက် က တမျိုး မကဖြစ် နိုင်တယ်။ ဥပမာ- ပလွန်- serpentine လည်း ဖြစ် နိုင် တယ်၊ albite လည်း ဖြစ်နိုင်တယ်။
ကျောက် စိမ်း လို့ ခေါ်ရတာ အဓိ က က သူ့ရံ ကျောက် သား က လက် ယှက်ထိုး လေး တွေ - ယမ်း- တွေနဲ့ ဖွဲ့စည်း ထား တယ်။ ယမ်း သား သေးလေ ၊ ကျောက် သား ကြည်လေ၊ပို တန်ဖိုး ရှိလေပေါ့။ ဒါပေမယ့် ဘာ ယမ်း မှမပါရင်တော့ အဲဒါကျောက်စိမ်း မဟုတ်တော့ဘူး။
မာဆင့် ကလည်း သူနဲ့အတူတွဲတွေ့တဲ့ ကျောက် တွေထက်ပိုမာတယ်။
သိပ်သည်း ဆ (အလေးချိန်) ကလည်း သူနဲ့ တွဲတွေ့ရတဲ့အရွယ်တူကျောက်တွေ ထက် ပိုလေး တယ်။
ဒါကြောင့်
ကျောက် သား၊
မာဆင့်
နှိုင်း ရအလေးချိန်
တွေကို လက် တွေ့ ချိန်ဆုံး ဖြတ် တတ် အောင် လေ့လာပါ။
ဒါ ဆိုရင် အကြမ်း ဖျင်း လောက် တော့ ကျောက် စိမ်း ကို ခွဲခြားနိုင်ပါလိမ့်မယ်။
ပညာရပ်နဲ့မဆိုင် သော ကျွန်နော့် ရဲ့အမြင်လေး ရေးချင်ပါတယ်။ သဘော ကွဲ လွဲ သူ တွေရှိနိုင်ပါတယ်။
တကယ်တော့ ကျောက် စိမ်း ကို အခွံကြည့် ရုံ နဲ့ အတိအကျ ပြော နိုင်တဲ့ပညာ၊
ကွမ်ချက်ကြည့် ပြီး အတိအကျပြောနိုင် တဲ့ပညာဆိုတာ မရှိပါဘူး။
နည်းနည်းတော့မှန်းလို့ရတာပေါ့။
တချပ်မှောက်ဖဲရိုက်သလိုပေါ့။
အတိအကျတော့ ဘယ်သူမှမသိဘူး။
အဲဒါဆိုဘာ ဖြစ်လို့ကျောက်စိမ်းပညာလေ့လာသလဲဆိုရင် မဖြစ်နိုင်တဲ့ မိုက်မိုက် မဲမဲစွန့် စားမှုတွေ မလုပ်မိအောင်၊ သူများ ကြပ်ပေး တိုင်း မလုပ်မိအောင်ပေါ့။
ဥပမာ
ဖဲ ဝိုင်းမှာ ကျ နော် က တစ်ပူး၊
တစ် နှစ် လုံး ကတခြား နှစ်အိမ် မှာ၊
တစ် အိမ်က ၉ သုံး လုံး ပြနေတယ်၊
အဲဒါကို တစ်သုံး လုံး နဲ့ ၉ သုံး လုံး ကို စား မယ် ဆို ပြီး ကျွန် တော် လိုက် ရင် အရူးပေါ့။ ( ဖဲလော ကစကားတွေသုံး တဲ့အတွက် ခွင့် လွှတ်ပါ။ အဲဒီနှစ် ခု တော် တော် တူလို့ပါ။ )
ဒါကြောင့်ပြော ချင် တာ က ကျောက် စိမ်း မှာ ဘယ် လို ဖြစ်ရင် ဘယ်လို လုပ်မယ်၊ ဘယ်လိုလုပ်လိုက် ရင် သေချာပေါက် ဘယ်လိုအောင်မြင်မယ်လို့ ပြောတာဟာ၊ ဖဲမှာ ဘေးထိုင်စာဖတ်၊ ချဲမှာ အတိတ်စိမ်း ပေးတဲ့လူတွေထက်ဘာမှမပိုဘူး။ သူတို့ကို မေးကြည့် လိုက် ထိုး စရာပိုက်ဆံတောင်မရှိဘူး။ တကယ်လို့ ပေါက် သွားရင် လည်း ခဏပဲ။ ပြီးရင် မွဲတာပဲ။
အဲ ဒီ တော့ ကျောက် စိမ်း လုပ် ရာ မှာ risk အနည်း ဆုံးဖြစ်တဲ့ ဈေး သင့်တဲ့အရိုင်း တွေဝယ်၊ လက်မှု ပညာတစ်ခု ခု နံ value added လုပ် ပြီး ရောင်း မယ် ဆို ရင် ရေ ရှည်တည်တံ့တဲ့ စီးပွား ရေး ကိုတည် ဆောက် ဖို့ ပိုသေချာနိုင်မယ်။
အဲ ကျာက် တွေ ဝယ် လိုက်၊ ဖြတ်လိုက်၊ အောင်လိုက်၊ မအောင်လိုက်၊ ဆို ရင် သူဟာ လောင်း ကစား.သဘော ဆန်တဲ့ အတွက် မွဲသွား နိုင်တဲ့ အန္တ ရယ် များ တယ်။
အရဲစွန့် ဖို့၊ မစွန့် ဖို့ပြော ခြင်း မဟုတ်ပါ။ ဖြစ် တတ် တဲ့ သဘာ ဝ၊ လုပ်ငန်းသဘောတရား များ ကို မျှဝေခြင်း ဖြစ်ပါ တယ်။ ဒါမှ သာ ကိုယ့် ဆုံးဖြတ် ချက်၊ အလုပ်၊ ရဲံ့ဖြစ်နိုင်ခြေ ရလဒ်တွေကို မှန်မှန် ကန်ကန် မျှော် လင့် ထား နိုင် မှာ ဖြစ်ပါတယ်။
..... ....... ......... ........ ......... ......... ......... ......... .........
Crd _ Org Writer
Photo Crd _ Org UpLoader