Orecare Toothpaste

Orecare Toothpaste

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Orecare Toothpaste, Shopping & retail, .

Photos from Orecare Toothpaste's post 10/10/2022

Products များအားလုံး
မူရင်းသတ်မှတ်ထားတဲ့ ဒေါ်လာ($) နှုန်းထားများမပြောင်းလဲပေမဲ့
မြန်မာ့ငွေကြေးပြောင်းလဲမှုများကြောင့်
✓ 27.10.2022 နေ့မှစတင်ပြီးဈေးနှုန်းစတင်ပြောင်းလဲတော့မှာမို့ သုံးစွဲသူမိဘ မိတ်ဆွေသစ်မိတ်ဆွေဟောင်းများအားလုံးကို ကြိုတင်အကြောင်းကြားအပ်ပါတယ်ခင်ဗျ☺️
(1$ =1500 မှ 1$ = 2000သို့)

လက်ရှိ➡️ရှီးပတီးတစ်ဘူး

36$x1500 MMK=54000 MMK

🔜 36$x2000MMK =72000 MMK

27ရက်မတိုင်ခင် (ဈေးမပြောင်းခင်)များများဝယ်ထားပါလို့😍

👉ပြောင်းလဲသွားမည့် ‌စျေးနှုန်းလေးများ👈

🍎 Cordyceps ရှီးပတီး 👉 အလုံး ၁၀၀ ပါတစ်ဗူး
ယခု ၅၄၀၀၀.ကျပ်
27.10.2022 မှစတင်၍ 72000/-

🍎 Super Serene စူပါဆရင်း 👉 အလုံး ၆၀ ပါတစ်ဗူး
ယခု ၄၅၀၀၀ ကျပ်
27.10.2022 မှစတင်၍ 60000/-

🍎 Natto Ginkgo နာတိုဂျင်ဂို 👉 အလုံး ၆၀ ပါတစ်ဗူးကို ၆၀၀၀၀ ကျပ်
27.10.2022 မှစတင်၍ 80000/-

🍎 Cell Rejuvenation (ရိခန်း) 👉 အလုံး ၁၅၀ ပါတစ်ဗူးကို ၅၇၀၀၀ ကျပ်
27.10.2022 မှစတင်၍ 76000/-

🍎 Zinc Nutrients ဇင့် 👉 အလုံး ၆၀ ပါတစ်ဗူး ၁၈၀၀၀ ကျပ်
27.10.2022 မှစတင်၍ 24000/-

🍎 ဦးနှောက်အားပေးကယ်(လ်)စီယမ် 👉၁၈ လုံးပါတစ်ဗူး ၁၃၅၀၀ ကျပ်
27.10.2022 မှစတင်၍ 18000/-

🍎 လူကြီးကယ်(လ်)စီယမ် 👉 ၁၀ ထုတ်ပါတစ်ဗူး ၃၃၀၀၀ ကျပ်
27.10.2022 မှစတင်၍ 44000/-

🍎 ခလေးကယ်(လ်)စီယမ် 👉 ၁၀ ထုတ်ပါတစ်ဗူး ၃၃၀၀၀ ကျပ်
27.10.2022 မှစတင်၍ 44000/-

🍎 အချိုပေါ့ကယ်(လ်)စီယမ်👉 ၁၀ ထုတ်ပါတစ်ဗူး ၃၉၀၀၀.ကျပ်
27.10.2022 မှစတင်၍ 52000/-

🍎 Spirulina စိမ်းပြာရေညှိ 👉 အလုံး ၁၀၀ ပါတစ်ဗူး ၄၅၀၀၀ ကျပ်
27.10.2022 မှစတင်၍ 60000 Kyats

🍎 Selenium ဆီလီနီယမ် 👉 အလုံး ၆၀ ပါတစ်ဗူး ၃၀၀၀၀ ကျပ်
27.10.2022 မှစတင်၍ 40000/-

🍎 Vitality ဂျုံညွန့်လောင်းအဆီ 👉 အလုံး ၃၀ ပါတစ်ဗူးကို ၄၂၀၀၀ ကျပ်
27.10.2022 မှစတင်၍ 56000/-

🍎 Vision Plus မျက်လုံးအားဖြည့် 👉 အလုံး ၆၀ ပါတစ်ဗူး ၄၅၀၀၀ ကျပ်
27.10.2022 မှစတင်၍ 60000 Kyats

🍎 ချစ်တိုစံ 👉 အလုံး ၁၀၀ ပါတစ်ဗူး ၅၁၀၀၀ ကျပ်
27.10.2022 မှစတင်၍ 68000/-

🍎 Grape (ဟိုလိခန်း) 👉 အလုံး ၆၀ ပါတစ်ဗူးကို ၅၇၀၀၀ ကျပ်
27.10.2022 မှစတင်၍ 76000/-

🍎 Seabuckthron ဆားကျိ 👉 အလုံး ၇၀ ပါတစ်ဗူးလျှင် ၅၂၅၀၀ ကျပ်
27.10.2022 မှစတင်၍ 70000/-

🍎 အဆီချဆေးလဖက်ခြောက် အထုပ် ၄၀ ပါ တစ်ဗူးလျှင် ၁၉၅၀၀.ကျပ်
27.10.2022 မှစတင်၍ 26000/-

🍎 ကိုယ်အလေးချိန်ချဆေးလဖက်ခြောက် အထုပ် ၄၀ ပါတစ်ဗူးလျှင် ၃၆၀၀၀.ကျပ်
27.10.2022 မှစတင်၍ 48000/-

🍎 ဆေးဘက်ဝင်သွားတိုက်ဆေး + သွားတိုက်တံပါ 👉 တစ်ဗူးလျှင် ၉၀၀၀.ကျပ်
27.10.2022 မှစတင်၍ 12000/-

to Original

🎉🎉Tiens Product များအကြောင်း
စိတ်ပါဝင်စားတဲ့ Customer မိတ်ဆွေများ
ယခု‌page မှဖြစ်‌စေ
📲 09796884039 သို့ဖြစ်စေမေးမြန်းခြင်းဆက်သွယ်မှာယူခြင်းများလုပ်ဆောင် နိုင်ပါတယ်ခင်ဗျ။

ကျေးဇူးတင်စွာဖြင့်🤗

🎆🎇၀ယ်ယူသူတိုင်းအတွက်လည်း သီတင်းကျွတ်လက်ဆောင်လေးတွေထည့်ပေးနေပါတယ်ဗျ🎆🎇

04/05/2022
Photos from Orecare Toothpaste's post 04/05/2022
Photos from Orecare Toothpaste's post 03/02/2022

တစ်ရက်ကို တစ်ကြိမ်ပဲသွားတိုက်မယ်ဆိုရင် လုံ​လောက်ပါသလား??
လုံ​လောက်ပါတယ်✅✅✅

တစ်ရက်မှာ သွားတစ်ကြိမ်ပဲ တိုက်လို့ရပါတယ် ဒါ​ပေမယ့် အဲ့ဒီ တစ်ကြိမ်က ညအိပ်ယာမဝင်ခင် ဘာအစာမှ ထပ်မစား​တော့မယ့် အချိန်မှာ တိုက်ရမှာဖြစ်ပါတယ်

အဖြစ်အများဆုံး သွား​ရောဂါဖြစ်တဲ့ သွားပိုးစားခြင်းက သွား​ပေါ်မှာကပ်ကျန်​နေတဲ့ အစာ​တွေ ရယ် ခံတွင်းထဲမှာ ပုံမှန်ရှိ​နေတဲ့ bacteria ပိုးမွှား​တွေရယ် ဓါတ်ပြုပြီး ထွက်လာတဲ့ အက်စစ်​ပျော့နှင့် သွားမျက်နှာပြင်ထိ​တွေ့ခြင်း အချိန်ကြာလာတဲ့အခါမှာ သွားပိုးစားခြင်းဖြစ်လာတာပါ
ဒါ​ကြောင့် တစ်​နေကုန် စားထားတဲ့ အစာအကြွင်းအကျန်တွေ သွား​ပေါ်မှာ ကပ်ကျန်​မနေအောင် သွားတိုက်ရခြင်း ဖြစ်ပါတယ်

မနက်တစ်ကြိမ်သွားတိုက်ခြင်းက​တော့ တစ်ညလုံးအိပ်ထားတဲ့အချိန် ပါးစပ်နှင့် အသက်ရှူခြင်း ၊ ​ဟောက်ခြင်းတို့​ကြောင့် တံ​တွေး​ခြောက်သွားတဲ့အချိန် အနံ့ထွက်တဲ့ bacteria ​​တွေ ပွားလာပြီး ခံတွင်းနံ့ မ​ကောင်းလို့ပါ
လူအများ နှင့် ​ပြောဆိုဆက်ဆံရာတွင် အဆင်​ပြေ​စေရန် ၊ ခံတွင်းနံ့​ကောင်း​နေစေရန် တိုက်ရခြင်း ဖြစ်ပါတယ်

ဤ အချက်များ​ကြောင့် ညဘက် သွားတိုက်ခြင်းက ပိုအ​ရေးကြီးပြီး မဖြစ်မ​နေ ညအိပ်ယာမဝင်ခင်တိုင်း သွားတိုက်ဖို့လိုအပ်ပါတယ်....

Photos from Orecare Toothpaste's post 03/02/2022

သွားနဲ့ ခံတွင်း ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာ (၇) ရပ်

သွားနဲ့ ခံတွင်း ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာ (၇) ရပ်
ခံတွင်းဆိုတာ လူ့ကျန်းမာရေးရဲ့ အဓိကအကျဆုံး နေရာလို့ ဆိုကြတယ်။ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အစာအာဟာရအားလုံးဟာ ခံတွင်းကနေတဆင့် ကိုယ်တွင်းကို ဝင်ကြရတယ်မဟုတ်လား။

ဒီတော့ ခံတွင်းမကျန်းမာတဲ့အခါ အစားအသောက်ပါ တစ်ခါတည်းပျက်ရပါတယ်။ ဒါမှမဟုတ် ဆာနေလျက်နဲ့ မစားရတာမျိုးလည်းဖြစ်တတ်ပါသေးတယ်။

ဒီလိုအရေးကြီးလှတော့ မိမိရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေးဟာ လူတိုင်းအတွက် အထူးအရေးပါနေတော့တာပေါ့။ လူတစ်ယောက်အနေနဲ့ မိမိရဲ့ ခံတွင်း ကျန်းမာလား မကျန်းမာလားဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

ဘာကြောင့်လဲဆိုရင် တစ်ချက်ကတော့ အားနည်းနေတဲ့၊ ချို့ယွင်းနေတဲ့ နေရာကို ကုစားဖို့ဖြစ်ပြီးတော့ နောက်တစ်ချက်ကတော့ ကျန်းမာနေတယ်ဆိုရင် ဂုဏ်ယူဖို့အတွက်ပါပဲ။ လူအများစုဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာအမြဲရှိနေတတ်တာမို့ တကယ်လို့ ကိုယ်ကကျန်းမာနေတယ်ဆိုရင် အရမ်းကို ဂုဏ်ယူဖို့ ကောင်းနေပြီလေ။

ကဲ သင့်ရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရဲ့လားဆိုတာကို အောက်ကအချက်တွေနဲ့ ကိုက်ညှိပြီး ဆန်းစစ်ကြည့်ရအောင်
ခံတွင်းနံ့ဆိုး မရှိဘူး – ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာအများအပြားရှိပေမယ့် အဓိကအချက်ကတော့ ခံတွင်းကျန်းမာရေးဆိုင်ရာပြဿနာတစ်စုံတစ်ရာရှိနေတာကြောင့်ပါ။ တကယ်လို့သင့်မှာ ခံတွင်းအနံ့ဆိုးမရှိဘူးဆိုရင် သင့်ရဲ့ ခံတွင်းကျန်းမာရေးဟာ အိုကေနေတဲ့ သဘောပါ။
ပန်းရောင်သန်းတဲ့ လျှာ – လျှာကလည်း ကျန်းမာတဲ့ ခံတွင်းရဲ့ အရေးပါတဲ့ အရာတစ်ခုပါပဲ။ ကျန်းမာတဲ့ လျှာဟာ ပန်းရောင်သန်းပြီး နူးညံ့နေတတ်ပါတယ်။ လျှာကဖြူနေရင် ဒါမှမဟုတ် အရောင်တစ်ခုခုဖြစ်နေရင် သင့်ခံတွင်းကျန်းမာရေး အခြေအနေက အနှုတ်ဘက်ကို ရောက်နေပါပြီ။
ခိုင်မာတဲ့ သွား – ကျန်းမာတဲ့ ခံတွင်းကို ပိုင်ဆိုင်ဖို့ဆိုရင် သွားခိုင်ခိုင်လေးတွေ ရှိနေဖို့လည်းလိုတာပေါ့။ သွားလေးတွေဟာ ဖြူပြီးမာကျောကြံ့ခိုင်နေရင်လည်း ဒါက ကောင်းတဲ့ လက္ခဏာပါပဲ။ ကိုယ့်သွားခိုင်မခိုင်သိချင်ရင် ရေခဲရေ အေးအေးလေးသာ သောက်ကြည့်လိုက်ပါ။ မခိုင်တဲ့သွားတွေက အလွန်ကျဉ်တက်လာတတ်ပါတယ်။
တင်းရင်းတဲ့ သွားဖုံး – သွားဖုံးလေးကလည်း တင်းတင်းရင်းရင်းနဲ့ ခိုင်ခိုင်မာမာလေးဖြစ်နေဖို့ လိုပါတယ်။ သွားဖုံးက ဂျယ်လီလို ပျော့နေတာ၊ ပန်းရောင်မဟုတ်ပဲ အရောင်ပြောင်းနေတာ၊ မို့မောက်ဖောရောင်နေတာတွေဖြစ်နေရင် သင့်သွားဖုံးဟာ ပြဿနာရှိနေတာ သေချာနေပါပြီ။
သွားပိုးပေါက် မရှိတာ – သွားပိုးပေါက်တွေ ရှိနေပြီဆိုမှတော့ ဘယ်ကျန်းမာတော့မလဲ။ သွားပိုးပေါက်တွေ၊ အက်ကြောင်းတွေဟာ သွားရဲ့ ကြွေလွှာပျက်စီးမှုလက္ခဏာတွေဖြစ်ပါတယ်။ ကျန်းမာတဲ့ ခံတွင်းကို ပိုင်ဆိုင်ဖို့ဆိုရင် သွားပိုးပေါက်တွေ၊ အက်ကြောင်းတွေလည်း မရှိဖို့ လိုအပ်ပါတယ်။
လှပတဲ့သွား – လူတိုင်းကတော့ သွားတည်ဆောက်ပုံ ညီညာနေကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်လိုက်ချိန်မှာ၊ ပြုံးလိုက်ချိန်တွေမှာ ကြည့်ပျော်တယ်၊ လှတယ်ဆိုတဲ ခံစားချက်မျိုးရတာကို ဆိုလိုတာပါ။ ညီနေရင်တော့ ပိုလှတာမို့ ခုနောက်ပိုင်းမှာ သွားညီအောင် သွားထိန်း (Braces) တပ်ပြီး ပြုပြင်ယူကြတာပါ။
အရောင်အသွေးညီတဲ့ သွား – သွားလေးတွေက ဖြူဖွေးပြီး ညီညာနေမှ လှတာဖြစ်သလို ဒီလို အရောင်အသွေးညီနေတာလေးကိုက သင့်သွား ကျန်းမာနေမှုရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ သွားတွေ ညစ်နေမယ်ဆိုရင် ပိုးကူးစက်ခံရတာတွေ၊ နာ့ဗ်ကြောသေလေးတွေ ရှိနေတာတွေ ဖြစ်နေနိုင်တာကြောင့်ပါ။
သွားတိုက်ရင် သွေးမထွက်ဘူး – တချို့တွေဆို သတိထားမိပါလိမ့်မယ်။ သွားတိုက်ရင် ဘာကြောင့်မှန်းမသိ သွေးစလေးတွေ ထွက်ထွက်လာတတ်တာကို။ ဒါက သင့်ရဲ့သွားတွေ ကြံ့ခိုင်မှုအားနည်းနေတာကို သိသာစေတဲ့အချက်ပါ။ ကျန်းမာတဲ့လူတစ်ယောက်ရဲ့သွားမှာ ဒီလိုမဖြစ်နိုင်ပါဘူး။
အထက်ပါအချက်တွေနဲ့သာ ကိုက်ညီနေမယ်ဆိုရင် သင်ဟာ ဂုဏ်ယူစရာကောင်းလောက်အောင်ကို သွားနဲ့ ခံတွင်း ကျန်းမာနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကျန်းမာခြင်းလာဘ်ကြီးကို ဆက်ပြီး ထိန်းသိမ်းထားပါနော်။

03/02/2022

ဘေဘီလေးတွေလည်းခံတွင်းသန့်ရှင်းဖို့လိုပါတယ်

ဘေဘီလေးတွေလည်းခံတွင်းသန့်ရှင်းဖို့လိုပါတယ်
သွားတွေပါက်မှ ခံတွင်းသန့်ရှင်းရေးလုပ်ပေးရမှာလား။ ကလေးဆိုတာ နို့ပဲသောက်တာ ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့ မလိုဘူးလို့များတွေးနေလား။ မဟုတ်သေးဘူလေး။ဘေဘီပေါက်စလေးတွေကိုမွေးလာကတည်းကစပြီး ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ သွားပေါက်လာတဲ့အခါမှ သွားပိုးစားတာေတွဖြစ်တာပဲဆိုပြီး သွားနဲ့ခံတွင်းကိုစောင်ေ့ရှာက်ပေးဖို့လိုတာမဟုတ်ပါဘူး။ဘေဘီလေးတွေကိုနေ့စဉ် သွားဖုံး၊လျှာနဲ့ ခံတွင်းတွေကို သန့်စင်ပေးမှပေါက်လာမယ့် သွားတွေခိုင်ခန့်ပြီး ခံတွင်းကျန်းမာရေးကောင်းမှာပါ။

ဘေဘီလေးတွေကို ခံတွင်းသန့်ရှင်းရေးလုပ်ဆောင်ပေးမယ်ဆိုရင်
မွေးစကနေ ၆ လအထိ

ဘေဘီလေးတွေက သွားမပေါက်သေးလို့ သွားပွတ်တံတွေ၊ သွားတိုက်ဆေးတွေသုံးဖို့တော့ မလိုအပ်သေးပါဘူး။ ဒီတော့ ဘယ်လိုသန့်ရှင်းပေးရမှာလဲလို့တွေးနေလား။

အရင်ဆုံး ကလေးကို လက်ထဲမှာပွေ့ချီလိုက်ပါ
ပြီးရင်နောက်လက်တစ်ဖက်ရဲ့ လက်ညှိုးမှာ အဝတ်စသန့်သန့်လေး ဒါမှမဟုတ် ကလေးအနှီးစသန့်သန့်လေးကို ပတ်လိုက်ပါ
ပြီးရင်ရေနွေးခပ်နွေးနွေးလေးထဲကို စိမ်ပေးပါ။ရေကအရမ်းမပူဖို့ သတိထားပါ
ပြီးရင်တော့ ကလေးရဲ့လျှာ၊ သွားဖုံးတွေနဲ့ ပါးစောင်တွေကို သုတ်ပေးပါ
ဒီလိုလုပ်ပေးတာက ကလေးရဲ့လျှာကို သန့်စင်စေပြီး နို့သောက်ရတာအဆင်ပြေစေမှာပါ။ ကလေးမွေးစကနေ ၆ လအရွယ်ရောက်တဲ့အထိ ဒီနည်းကအဆင်အပြေဆုံးပါ။

၆လကနေ ၁ နှစ်အထိ

ဒီအရွယ်မှာတော့ဘေဘီလေးကမေမေ့နို့အပြင်ဖြည့်စွက်စာတွေစစားနေပါပြီ။ သွားငုတ်တုတ် လူငုတ်တုတ်အရွယ်ပေါ့။ သူတို့ရဲ့ ပထမဆုံးထွက်တဲ့ သွားလေးတွေထွက်လာပါပြီ။ ဒီအချိန်မှာတော့အစားတစ်ခုခုကျွေးပြီးတိုင်း ခံတွင်းသန့်ရှင်းမှုလုပ်ရပါတော့မယ်။

ကလေးကသွားစပေါက်ပြီဆိုတော့ သွားကြားမှာ စားကြွင်းစာကျန်တွေ မကပ်နေစေဖို့ ကလေးတိုက်တဲ့ သွားပွတ်တံကိုအသုံးပြုပေးပါ
သွားတိုက်ဆေးမလိုသေးပါဘူး
ရေသန့်သန့်နဲ့ သွားပွတ်တံခပ်ပျော့ပျော့လေးသုံးပြီး သွားနဲ့ ခံတွင်းကိုသန့်စင်ပေးပါ
ဒီအရွယ်မှာ ကလေးသွားနဲ့ခံတွင်းကို ဂရုစိုက်ဖို့လိုတာကြောင့် ကလေးသောက်နေကျရေဗူးကိုသီးသန့်ထားပေးပါ။ ကလေးရဲ့နို့ဗူး၊ ချိုလိမ်၊ ဇွန်း၊ခွက်တို့ကို သီးသန့်ထားပေးပါ။
ကလေးကို အချိုများတဲ့ အစားအစာတွေမကျွေးပါနဲ့
အိပ်ခါနီးတိုင်း ပလုတ်ကျင်းခိုင်းတာမျိုးလုပ်ပေးပါ
၁ နှစ် ကနေ ၁ နှစ်ခွဲ

ဒီအချိန်မှာလည်း သွားတိုက်ဆေးမသုံးဘဲ အပေါ်မှာပြောခဲ့သလိုပဲရေသန့်သန့်နဲ့ သွားပွတ်တံခပ်ပျော့ပျော့လေးသုံးပြီး သန့်စင်ပေးရင်းဘေဘီလေးရဲ့ သွားနဲ့ခံတွင်းကိုစောင့်ရှောက်ပေးပါ။

၂ နှစ်ကနေ ၅ နှစ်အထိ

ဒီအချိန်မှာတော့အရွယ်လေးလည်းရောက်လာပြီဖြစ်တာကြောင့် အစားလည်းတော်တော်စုံစုံစားတတ်နေပါပြီ။ သွားတွေကို ပိုဂရုစိုက်ရပါတော့မယ်။ ဒါမှဘေဘီလေးက သွားကျိုးဆိုပြီး သူငယ်ချင်းတွေ စနောက်မခံရမှာပါ။ ဒီအရွယ်ကမေမေဖေဖေတို့အနေနဲ့ ဘေဘီလေးကို သူကိုယ်တိုင် သွားနဲ့ခံတွင်းကိုစောင့်ရှောက်တတ်အောင်အလေ့အကျင့်တွေမွေးမြူပေးရတော့မှာပါ။

ကလေးကို သွားတိုက်ချင်လာအောင် သွားပွတ်တံလှလှလေးဝယ်ပေးပါ
အသက် ၂ နှစ်လောက်ရောက်လာပြီဆိုရင် ကလေးကို ပဲစေ့ အရွယ်လောက် သွားတိုက်ဆေးထည့်ပေးပြီး သွားတိုက်တတ်အောင်သင်ပေးပါ။ သွားတိုက်ဆေးကိုမျိုမချဖို့လည်းပြောပါ
သွားတိုက်နည်းမှန်အောင်လည်းသင်ပေးပါ
ကလေးကိုတစေ်န့နှစ်ကြိမ်သွားတိုက်တဲ့အလေ့အကျင့်မွေးမြူပေးပါ
ကလေးကိုပုံမှန်သွားဆရာဝန်နဲ့ သွားရောက်ပြသပေးပါ။
နောက်ပိုင်းမှာတော့ ကလေးက တဖြည်းဖြည်းချင်းအရွယ်ရောက်လာပြီဖြစ်သလို သွားတိုက်တာက စလို့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ကိုယ်တိုင်လုပ်နိုင်ပါပြီ။ ဒါကြောင့်မေမေဖေဖေတို့အနေနဲ့ ကလေးကို နည်းစနစ်မှန်မှန်နဲ့ ကိုယ်တိုင်ကိုယ်ကျသန့်ရှင်းရေးလုပ်နိုင်စေဖို့ဘေးကနေ သင်ကြားပေးရုံပါ။

03/02/2022

သွားတိုက်နည်းမှန်ကန်ရဲ့လား???

❌ အများအားဖြင့်လူတစ်ယောက်ရဲ့ သွားတိုက်ချိန်စက္ကန့် ၄၀ လောက်ပဲကြာတတ်ကြပါတယ်။
✅ ပုံမှန် သွားတိုက်ချိန်က ၃ မိနစ်ခန့် ရှိရပါမယ်။

❌ သွားကို ကြမ်းတမ်းစွာ ဖိပွတ်တိုက်ခြင်း ၊ သွားပွတ်တံကို ဖွာလန်တဲ့ထိ အချိန်ကြာမြင့်စွာ သုံးတတ်ကြပါတယ်။
✅ သွားပွတ်တံတစ်ချောင်းကို ပုံမှန် (၃) လပဲသုံးသင့်ပါတယ်။

❌ သွားကို ကန့်လန့်ဖြတ် ၊ ဘေးတိုက် ၊ အပေါ်အောက် ပွတ်တိုက်ခြင်းက သွားရဲ့ကြွေလွှာကို ပျက်စီးစေပါတယ်။
✅ သွားပွတ်တံကို ၄၅° ခပ်စောင်းစောင်း စက်ဝိုင်းပုံ တိုက်ရပါမယ်။

✅ အံသွား ၊ သွားအတွင်း နဲ့ လျှာကို ပါ ပွတ်တိုက်ရပါမယ်။

✅ ခံတွင်း သန့်ရှင်းဖို့အတွက် အစားစားပြီးတိုင်း ပလုတ်ကျင်းပါ။
တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ ။
မနက် ၁ ကြိမ် ၊ ည ၁ ကြိမ် သွားတိုက်ပါ။

Photos from Orecare Toothpaste's post 02/02/2022

ဈေးကွက်မှာ

2000/3000 ဆို
သွားတိုက်ဆေး ရနေတာပဲဟာ။

အဲ့‌သွားတိုက်ဆေး
9000 ပေးပြီးဘာလို့သုံးမှာလဲ? 🤔

ဘာလို့လဲ ‌ဆိုတော့

အရည်အသွေးမတူလို့လေ။

ဘာတွေများ အဲ့လောက်ကောင်းနေတာလဲ?

သွားနဲ့ပတ်သတ်တဲ့ရောဂါမှန်သမျှ

သွားဖုံးရောင် သွားကိုက် သွားနာ
သွားခြေယိုင်တာတွေအတွက် အထူးကောင်းမွန်လို့ပါ။

ခံတွင်းနံ့ရှင်းပြီး
သွေးခဲတိတ်စေတဲ့
အာနိသင်ပါပါဝင်တယ်နော်။

သွားများကြံ့ခိုင်စေပြီး သွားဖုံးကိုလည်း
ကြံ့ခိုင်စေပါတယ်။

( ဒါကြောင့်အသက်ကြီးတဲ့အထိ
အပြုံးတွေလှနေစေဖို့ သွားလေးတွေ ခိုင်မာနေဖို့လိုအပ်ပါတယ်‌နော်)

သွား‌ကို သဘာဝ အတိုင်း ဖြူဖွေးသန့်စင်ပြီးတော့ ခံတွင်းနံ့လည်း သင်းပျံ့စေမှာပါ။
ဓာတ်မတည့်ခြင်းလည်း မရှိပါဘူးနော်။

သဘာဝ သွားတိုက်ဆေးဖြစ်လို့ ဘက်စုံအသုံးပြုလို့လည်းရပါတယ်။

ဆီပူလောင်တာ / ဒဏ်ရာ အနာတရ ဖြစ်တာ/ ခွေးကိုက်တာက အစ

သွေးတိတ်မြန်စေပြီး‌

ဒီသွားတိုက်ဆေးလေး

လိမ်းထားလိုက်ရင် အမာရွတ်ပါမကျန် အမြန်ပျောက်တာပါ။

( ကိုယ်တွေ့စစ်စစ်ပါရှင့်)

သဘာဝသွားတိုက်ဆေးရဲ့ အားသာချက် (၇)ချက်

၁) #သွားဖုံးရောင်၊သွားဖုံးကြွ၊ရေစီးကမ်းပြို ၊သွားကိုက်၊သွားနာ နှင့် ခံတွင်းအနံ့သက်ဆိုးများကိုသက်သာစေခြင်း။သွားနှင့်ခံတွင်း ရောဂါအမျိုးမျိုးကိုကြိုတင်ကာကွယ်ပေးခြင်း။

၂) #မျက်နှာသစ်ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။မျက်နှာပေါ်ရှိ ဆဲလ်အသေများ ကိုဖယ်ရှားပေးနိုင်သည်။

၃) #အပူလောင်ဒဏ်ရာအမျိုးမျိုးကို အမြန်ဆုံးသက်သာပျောက်ကင်းစေသည်။
ဥပမာ-အိတ်ဇောပိုက်ထိ၍လောင်သောအပူနာ၊ရေနွေးလောင်သောအနာ)

၄) #ပိုးဟတ်နှင့်အခြားအင်းဆက်ပိုးများ
ကိုက်၍ ပေါက်သောအနာများကို ပျောက်ကင်းစေသည်။

၅) #လိပ်ခေါင်းရှိသူများသည် အနာများကိုOrecare သွားတိုက်ဆေးသုတ်လိမ်းခြင်းဖြင့် အနာများကိုခြောက်စေ၍ ကြွေကျစေပြီးသက်သာစေသည်။

၆) #ပူလွန်းပြီးချွေးထွက်များသောရာသီဥတုတွင် ရေချိုးဆပ်ပြာအဖြစ်သုံးနိုင်သည်။

၇) #အတွင်းခံဘောင်းဘီများကို ဘက်တီးရီးယားများကင်းစင်အောင်
လျှော်ဖွတ်နိုင်ပါတယ်‌။

(ကျန်းမာခြင်းအတွက်ခံတွင်းကအရေးကြီးပါတယ်)

Aww မေ့တော့မလို့

နိုင်ငံတကာရဲ့ စံချိန်စံညွှန်းနဲ့ အညီထုတ်လုပ်ထားပြီးတော့ ဆုတံဆိပ်ပေါင်းများစွာရထားတာရယ်။
အရေးကြီးတာကျန်ခဲ့တော့မလို့ တော်သေးတာပေါ့။☺️

Photos from Orecare Toothpaste's post 29/01/2022

သွားကိုက် သွားနာ ရေစီးကမ်းပြို
သွားနဲ့ပတ်သက်သော ရောဂါအမျိုးမျိုး ထိခိုက်လျှနာ အတွက် သဘာဝသွားတိုက်ဆေးကိုမှ စွဲမြဲစွာ သုံးစွဲကြတဲ့ Tiens သွားတိုက်ဆေးကို
အရသာမပြောင်းလဲပဲ ဘူးခွံပြောင်းလဲ ထုတ်လုပ်ပါကြောင်း
သတင်းကောင်း ပါးအပ်ပါတယ်
ရှင့်

ပိုးသတ်ထားတဲ့ တံပွတ်တံလေးလဲ အပိုထည့်ပေးထားပါတယ်ရှင့်

135 gပါ ဘူးကြီး ၁ဘူး 9000 ks

29/01/2022

#မူလအရည်အသွေးအတိုင်း 😍

ပုံစံအသစ်လေးနဲ့

Tiens သွားတိုက်ဆေးဘူးလေးတွေ 😘

မှာယူလို့ရပါပြီရှင့်👇

Ph no - 09796884039

Photos from Orecare Toothpaste's post 29/01/2022

&-Orecare Herbal သွားတိုက်ဆေး(ပင်စိမ်းရနံ့)

New Design
ဒီဇိုင်းအသစ်ဖြင့် ထပ်မံထုတ်လုပ်
ဖြန့်ဖြူးပေးတဲ့ Orcareအရည်အသွေးမြင့်
သွားတိုက်ဆေးဖြစ်ပါသည်။

သဘာဝဆေးဖက်၀င်အပင်များဖြင့်ပြုလုပ်ထားသော Orecare Herbal သွားတိုက်ဆေးသည် နာကျင် ရောင်ရမ်းမှုများကိုသက်သာပျောက်ကင်းစေပြီး ဘက်တီးရီးယားပိုးကို ထိထိရောက်ရောက်ကာကွယ်နိုင်သော Iuteolin Saponin နှင့် tannin ဒြပ်ပေါင်းများပါ၀င်သည်။

&- ခံတွင်းအတွင်းအပူဓါတ်နှင့်အဆိပ်အတောက်ဓါတ်များကိုဖယ်ရှားပေးသောတောဂန္ဓမာပန်း၊corn flower ပင်မှရရှိသော ဂလူကိုဆိုဒြပ်ပေါင်း၊ဗီတာမင်Aနှင့်ဗီတာမင်B1ပါ၀င်သည်။

&- သွေးတိတ်စေသည့်ဂုဏ်သတ္တိများရှိ၍သွား၏ကြွေအလွှာကို ထိခိုက်မှုမရှိဘဲ သဘာ၀အတိုင်းသွားဖြူ စေသည်။

&- ခံတွင်းအနံ့ဆိုးမထွက်ရန် ကာကွယ်ပေးပြီး အမြှုပ်များထွက်စေကာ အစင်ကြယ်ဆုံးသန့်စင်ပေးနိုင် စွမ်းရှိသည်။

&- Orecare တွင်သွားအတွင်းအလွယ်တကူစိမ့်၀င်နိုင်ပြီး သွားနံဘေးရှိတစ်ရှူးများရောင်ရမ်းခြင်း၊သွားဖုံး ရောင်ခြင်း၊လည်ချောင်းနာခြင်းနှင့် သွားဖုံးသွေးယိုခြင်းများကို ကုသရာတွင် ထိရောက်ပြီးဘေးထွက်ဆိုးကျိုးလုံး ၀မရှိဘဲဘ၀တစ်သက်တာလုံးအတွက်စိတ်ချစွာ အသုံးပြုနိုင်သည်။
_ သုံးစွဲသုံးတိုင်း အကြိုက်တွေ့စေတာ Orcare Hebral သွားတိုက်ဆေးပါ။
အလွန်နူးညံ့ပြီး
_သွားတိုက်တံပါတယ်နော်။ တိုက်ပြီး ပိုးသတ်ပေးတဲ့ အဖုံးပါတော့ ကိုယ့်ရဲ့ ခံတွင်းသန့်ရှင်းနေဖို့ကို Orcare က တာဝန်ယူပါတယ်။
၁၃၅ g ပါ တစ်ဘူးကို

Price - 9000ksပါ။
Crd

ph _မှာယူလိုပါဖုန်း 09796884039မှာယူနိုင်သလို
cb (or) viber မှ တဆင့်လည် မှာယူနိုင်ပါတယ်။
_မြို့ပေါင်း (150)ကျော်ကို ဖြန့်ဖြူး ​ပို့ဆောင်ပေးနေပါပြီနော်။

&_လက်လီလက်ကားလည်းရရှိနိုင်ပါတယ်။

Photos from Orecare Toothpaste's post 29/01/2022

စျေးဗန်းလေးခင်းပါရစေ🙏🙏🙏😍😍

သွားကိုက် သွားနာ သွားဖုံးရောင် ထိခိုက်ရှနာ ကတော့ တကယ်ကို လက်တွေ့ သက်သာတာပါ ကိုယ်တိုင်လဲသုံးနေတာမို့ အာမခံ ပြောနိုင်ပါတယ်

ရောက်ကုန်ပစ္စည်းလေးမို့ preorder နဲ့ကြိုမှာတဲ့သူ အရင်ရပါမယ်နော်

#သွားကိုက်တာ ၊ နားကိုက်တာ ကိုယ်တိုင်ခံစားဖူးမှသိတယ်။😖 နှိုင်းပြလို့မရတဲ့ဝေဒနါ 😖 ခံစားဖူးသူအချင်းချင်းပဲ သိတာမို့ လက်တို့ပေးလိုက်တယ်နော်။
သွားကိုက်တာ ဘယ်လိုမျိုးလဲဆိုတာတောင် ပြန်စဥ်းစားယူရတဲ့အထိ ဖြစ်သွားတယ်။😎😎👍👍👍

📦 လက်လီ / လက်ကား လိုသလောက် Instock 📦
🚕လျင်မြန် မြန်ဆန်တဲ့ ပို့ဆောင်မှုစနစ် 🚕

Price...............9000
Net Weight.....135 g
Ph No.............09796884039

Photos from Orecare Toothpaste's post 29/01/2022

Tiens ကအမြဲ့up dateဖြစ်‌ေနတာ‌ေနာ်တခါလေးဝယ်ပြီး ဘက်စုံသုံးလို့ရတဲ့ orecare toothpast
#ကွမ်းဂျိုးအတွက်orecare
# သွားကိုက်ခြင်းအတွက်orecare
#သွားကျင်ခြင်းအတွက်orecare
#သွားပိုးစားခြင်းအတွက်orecare
#အရေးပြားယားယံအတွက်orecare
#ချွေးအနံ့ဆိုးအတွက်orecare
#ထိခိုက်ရှနာအတွက်orecare
#လည်ချောင်းနာ အတွက်orecare
ဘက်စုံ သုံးလို့ရတဲ့ orecare toothpast
ကျမ ရဲ့💗💗လေးများ တခုခု နဲ့ကိုက်ညီတယ်ဆိုရင်ဖြင့်
☎️☎️☎️09796884039
ကြိုမှာသူများဦးစားပေးပို့ပေးပါ့မယ်ရှင်

27/01/2022

သွားတိုက်ဆေးဗူးတွေရောက်ပါပြီးနော်

30/01/2021

ဘယ်သွားလေးတွေ ဘယ်နှချောင်းရှိလဲ သိလား??
သွားအမျိုးအစား (၄) မျိုးရှိပါတယ်။
>> 8 Incisors
>> 4 Canines
>> 8 Premolars
>> 12 Molars

Incisors (ရှေ့သွား)
~~~~~~~~~~~~~
ပထမဦးဆုံး ထွက်တဲ့သွားတွေဖြစ်ပါတယ်။အပေါ် ၄ ချောင်း အောက် ၄ ချောင်းရှိပါတယ်။
အစားအစာတွေကို ကိုက်ဖြတ်ဖို့ အဓိကလုပ်ဆောင်ပါတယ်။

Canines (သွားစွယ်)
~~~~~~~~~~~~
ရှေ့သွားနဲ့ ကပ်ရက် အပေါ် ၂ ချောင်း အောက် ၂ ချောင်း ရှိပါတယ်။ ရှေ့သွားထွက်ပြီးရင် သွားစွယ်လေးတွေ ထွက်လာပါတယ်။

Premolars ( ရှေ့အံသွား )
~~~~~~~~~~~~~~~~~
အပေါ် ၂ ချောင်း အောက် ၂ ချောင်း ရှိပါတယ် ။အစားအစာကြိတ်ဝါးဖို့အတွက် ဖြစ်ပါတယ်။

Molars ( အံသွား / အံဆုံး)
~~~~~~~~~~~~~~~~~~
အံဆုံးအပါအဝင် အံသွား အပေါ် ၆ ချောင်း အောက် ၆ ချောင်း ရှိပါတယ်။
Third Molars (or) Wisdom Molars လို့ခေါ်တဲ့
အံဆုံး ၄ ချောင်း ထွက်ပြီးရင် သွားစုံပါပြီ။
အံဆုံးက နောက်ဆုံးထွက်သော သွားများဖြစ်ပါတယ်။ ပျမ်းမျှ အသက် ၁၇ ကနေ ၂၃ ဝန်းကျင်မှာ ထွက်တတ်ပါတယ်။ အံဆုံးမထွက်တဲ့သူတွေလဲ ရှိပါတယ်။ တစ်ချို့ တစ်စောင်းပေါက်တတ်ပါတယ်။ အာ့လိုအခြေအနေမျိုးဖြစ်ခဲ့ရင် ခွဲထုတ်ရတတ်ပါတယ်။
#

30/01/2021

သွားဖုံးရောင်ခြင်း ဘာ့ကြောင့်ဖြစ်လဲ???

ယေဘုယျအားဖြင့် ခံတွင်းသန့်ရှင်းမှု အားနည်းခြင်းကြောင့်ဖြစ်တတ်ပါတယ် ။
နောက်ထပ်......ဆေးလိပ်သောက်ခြင်း ၊ ကွမ်းစားခြင်း ၊ သွားဂျိုး (ချေး) ကပ်ခြင်း ၊ အချိုစားလွန်းခြင်း များကြောင့်လည်းဖြစ်တတ်ပါတယ်။

# # သွားဖုံးရောင်ခြင်း လက္ခဏာများ # #
ခံတွင်းအနံ့မကောင်းခြင်း
သွားဖုံး သွားကြား သွေးထွက်ခြင်း
သွားဖုံး ရောင်ခြင်း
သွားဖုံး နီခြင်း ၊ နာခြင်း
သွားဖုံးပျော့ခြင်း
သွား နဲ့ခြင်း
သွားဖုံး ခွက်ဝင်ခြင်း
အသက်ရှူရခက်ခြင်း
သွားဖုံးရောင်ခြင်းကို သေချာဂရုမစိုက်ရင် ဘက်တီးရီးယားပိုးတွေက သွားကို ထောက်ပံ့ပေးတဲ့ အရိုးထိ ဝင်သွားပြီး နောက်ဆုံးသွားနှုတ်ပစ်
သွားဆုံးရှုံးတဲ့ထိဖြစ်တတ်ပါတယ်။
ကိုယ့်ရဲ့အပြုံးလေးတွေတောက်ပဖို့ ၊ ကိုယ့်ကို ယုံကြည်မှုရှိဖို့ ၊ လန်းဆန်းတက်ကြွနေဖို့ မိမိသွားလေးတွေကို ဂရုစိုက်ကြပါလို့ သတိပေးမှာချင်ပါတယ်နော် ။😊😊

29/01/2021

ဘာ့ကြောင့် ခံတွင်းနံဆိုးရတာလဲ???

ခံတွင်းနံဆိုးခြင်းက မိမိကိုယ်ကို ယုံကြည်မှုကိုလျော့ကျစေပါတယ်။လူမှုဆက်ဆံရေးတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းက...
⚠များသောအားဖြင့်...........
# #ခံတွင်းတွင် အစာဟောင်းများ ညပ်ကျန်နေခြင်း
~~အစာစာပြီးတိုင်း ပလုတ်ကျင်းပါ။
# #သွားသေချာမတိုက်ခြင်း
~~သွားကို နည်းစနစ်မှန်မှန် တစ်နေ့ ၂ ကြိမ်တိုက်ပါ။တစ်ရက်ခြားလောက် floss လုပ်ပါ။
# #သွားရောဂါရှိခြင်း
~~သွားပိုးပေါက် ၊ သွားပိုးစားခြင်းက ခံတွင်းအနံ့ဆိုးခြင်း ဖြစ်စေတတ်တာမို့ သွားကျန်းမာရေးကို ၆ လတစ်ကြိမ် စစ်ဆေးပါ။
⚠​အခြားသောအကြောင်းအရာများဖြစ်တဲ့....
# #ဝမ်းချုပ်ခြင်း
# #အသက်ရှူလမ်းကြောင်းဆိုင်ရာ
# #အစာအိမ်နဲ့အူလမ်းကြောင်း
# #အာသီးရောင်ခြင်း စတဲ့
အခြေအနေတွေမှာလဲ ခံတွင်းနံဆိုးစေတတ်ပါတယ်။

#

Photos from Orecare Toothpaste's post 29/01/2021

Orecare Herbal Toothpast
Tianshi Toothpaste

Tiens Orecare ဆေးသွားတိုက်ဆေး
ဘာတွေနဲ့ ဖော်စပ်ထားလဲ

✅ နာကျင်ရောင်ရမ်းမှုများကို သက်သာပျောက်ကင်းစေသည့်အပြင်ဘက်တီးရီးယားပိုးကာကွယ်နိုင်တဲ့ Sarcandra အရွက် ပါဝင်ပါတယ်။

✅အဆိပ်အတောက်များကို
ဖယ်ရှားပေးတဲ့ Wild Chrysarthemum ဂန္ဒမာပန်းရိုင်းပွင့် ပါဝင်ပါတယ်။

✅ခံတွင်းအပူဓာတ်နှင့် ဘက်တီးရီးယားပိုးများကို ထိထိရောက်ရောက်ကာကွယ်နိုင်သော Honeysuckle ပျားရည်စို့ပန်းပါဝင်တယ်။

✅ခံတွင်းအနံ့ဆိုးမထွက်ရန်နှင့့် အမြုပ်ကောင်းစွာထွက်စေရန် အဆင့်ဆင့်သန့်စင်ထားသော အုန်းဆီကို အသုံးပြုထားပါတယ်။

အကျိုးသက်ရောက်မှုများ

✅ခံတွင်း အနံ့ဆိုးများနဲ့ ဘက်တီးရီးယားပိုးများကို ရှင်းလင်းပေးနိုင်တယ်..

✅ရောင်ရမ်းမှုများကို လျှော့ပါးစေပြီး သွေးတိတ်စေတဲ့ အာနိသင်ပါရှိပါတယ်..

✅ရောဂါဖြစ်စေတဲ့အပူဓာတ်ကို ဖယ်ရှားပေးပြီး အဆိပ်ကင်းဘို့ကူညီပေးစေတယ်...

✅ခံတွင်းတစ်သျှူးများက တိုက်ရိုက်စုပ်ယူနိုင်တဲ့အတွက် သွားပတ်မြှေး ရောင်ရမ်းခြင်းနှင့် နာကျင်မှုကို သက်သာစေတယ်...

✅ညအိပ်ခါနီး သွားတိုက်ဆေးကို ရေနှင့်ဖျော်ပြီး မျက်နှာကို ခပ်ပါးပါးလိမ်းပြီး အိပ်ခြင်းဖြင့် အသားရည် ဝင်းပလာလိမ့်မယ်...

✅မျက်နှာပေါင်းတင်ချင်လျှင်တော့ သွားတိုက်ဆေးကို ခပ်ထူထူလိမ်းပြီး ၁၅ မိနှစ်ကြာလျှင် မျက်နှာသစ်လိုက်ပါ..

✅ချောင်းဆိုးလျှင် လည်ပင်းကို လိမ်းပေးပါ...

✅လေမလည်ဘဲ ဗိုက်နာနေသောကလေး၏ ဗိုက်ကို ခပ်ပါးပါး လိမ်းပေးပါ...

✅ခြင်ကိုက်ခံရ၍ ယားယံနေသော အဖုများကို ခပ်ပါးပါးလိမ်းပေးလျှင် အယားပြေပြီး အဖုများ ပျောက်သွားလိမ့်မယ်...

✅ရေနွေးပူလောင်လျှင် လိမ်းပေးလို့ရတယ်..

✅အခြားသွားတိုက်ဆေးများတွင် ပါဝင်သော fluoride နှင့် ဓာတ် မတည့်သောသူများ
Tiens သွားတိုက်ဆေးကို သုံးပါ.....

✅ဓာတုဗေဒပစ္စည်းများမပါဝင်သဖြင့့််
ပါးစောင်တွင်ကြာကြာငုံထားသော်လဲ အန္တရာယ်လုံးဝမရှိသည့်အပြင်အေးမြပြီး နူးညံ့ချို မွှေးသော ခံစားချက်ကို ရရှိစေပါတယ်...

✅အတွင်းခံ ဘောင်းဘီများမှ ဘက်တီးရီးယားများကင်းစင်အောင် ဤသွားတိုက်ဆေးဖြင့်လျှော်ဖွတ်နိုင်တယ်...

✅အမြုပ်ထွက်အားး ၇ ဆ ပိုတဲ့အတွက် တခြားသွားတိုက်ဆေးရဲ့ ၇ ပုံ ၁ ပုံ (ရွေးကြီးစေ့ခန့်) သာ ထည့်သုံးဖို့ လိုအပ်ပါတယ်...

💥Orecare သွားတိုက်ဆေးမှာ အလေးချိန် Net wt.135 gm ပါဝင်ပါတယ်..💥

💥Orecare သွားတိုက်ဆေးဗူးတိုင်းမှာ
နိုင်ငံတကာစံချိန်စံညွှန်းနှင့် ထုတ်လုပ်ထားတဲ့ သွားတိုက်တံပါဝင်ပါတယ်..

#သွားတိုက်တံရဲ့ ထူးခြားချက်က အခြားသွားတိုက်တံများကဲ့သို့ အသုံးပြုတာကြာလာလျှင် သွားတိုက်တံအောက်ခြေမှာ သွားချေးများ ကပ်ငြိနေခြင်းမျိုးလုံးဝမရှိသဖြင့် ဘက်တီးရီးယားများ မပေါက်ဖွားနိုင်ပါဘူး။ ထို့ပြင် သွားတိုက်တံအမျှင်ကို စက်ဝိုင်းပုံစံ လိုသလိုလှည့်လို့ရတဲ့ နည်းပညာနှင့်ပြုလုပ်ထားတဲ့အတွက် ခံတွင်းနဲ့ သွားဖုံးကို အလွှယ်တကူ တိုက်ချွတ်ပေးနိုင်ဘို့ ကူညီပေးပါတယ်

29/01/2021

🌲Orecare Herbal Toothpast🌲
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
💥Tianshi Toothpaste 💥
💢💢💢💢7💢💢💢💢💢

💥 #အစိမ်းရောင် 👉 သဘာဝ✅
💥 #အပြာရောင် 👉 သဘာဝ + ဆေးဝါး✅
💥 #အနီရောင် 👉 သဘာဝ + ဓာတုဆေးဝါး✅
💥 #အနက်ရောင် 👉 ဓာတုဆေးဝါးသီးသန့် ✅

💥💥💥💥💥💥💥💥💥💥💥💥💥

💥သင်တို့လက်ရှိသုံးနေတဲ့ သွားတိုက်ဆေးတွေရဲ့
အမှတ်သား အရောင်လေးတွေကို သတိထားမိရဲ့လား❓

💥Tiens Orecare ဆေးသွားတိုက်ဆေး💥

💥ကုန်ကြမ်းများ💥
💢💢💢💢💢💢

🌲.နာကျင်ရောင်ရမ်းမှုများကို သက်သာပျောက်ကင်းစေသည့်အပြင်ဘက်တီးရီးယားပိုးကာကွယ်နိုင်တဲ့ Sarcandra အရွက် ပါဝင်ပါတယ်။✅

🌲အဆိပ်အတောက်များကို
ဖယ်ရှားပေးတဲ့ Wild Chrysarthemum ဂန္ဒမာပန်းရိုင်းပွင့် ပါဝင်ပါတယ်။✅

🌲 ခံတွင်းအပူဓာတ်နှင့် ဘက်တီးရီးယားပိုးများကို ထိထိရောက်ရောက်ကာကွယ်နိုင်သော Honeysuckle ပျားရည်စို့ပန်းပါဝင်တယ်။✅

🌲ခံတွင်းအနံ့ဆိုးမထွက်ရန်နှင့့် အမြုပ်ကောင်းစွာထွက်စေရန် အဆင့်ဆင့်သန့်စင်ထားသော အုန်းဆီကို အသုံးပြုထားပါတယ်။✅

🍀အကျိုးသက်ရောက်မှုများ🍀
🌳🌳🌳🌳🌳🌳🌳🌳

🌲.ခံတွင်း အနံ့ဆိုးများနဲ့ ဘက်တီးရီးယားပိုးများကို ရှင်းလင်းပေးနိုင်တယ်..✅

🌲.ရောင်ရမ်းမှုများကို လျှော့ပါးစေပြီး သွေးတိတ်စေတဲ့ အာနိသင်ပါရှိပါတယ်..✅

🌲.ရောဂါဖြစ်စေတဲ့အပူဓာတ်ကို ဖယ်ရှားပေးပြီး အဆိပ်ကင်းဘို့ကူညီပေးစေတယ်...✅

🌲ခံတွင်းတစ်သျှူးများက တိုက်ရိုက်စုပ်ယူနိုင်တဲ့အတွက် သွားပတ်မြှေး ရောင်ရမ်းခြင်းနှင့် နာကျင်မှုကို သက်သာစေတယ်...✅

🌲ညအိပ်ခါနီး သွားတိုက်ဆေးကို ရေနှင့်ဖျော်ပြီး မျက်နှာကို ခပ်ပါးပါးလိမ်းပြီး အိပ်ခြင်းဖြင့် အသားရည် ဝင်းပလာလိမ့်မယ်...✅

🌲.မျက်နှာပေါင်းတင်ချင်လျှင်တော့ သွားတိုက်ဆေးကို ခပ်ထူထူလိမ်းပြီး ၁၅ မိနှစ်ကြာလျှင် မျက်နှာသစ်လိုက်ပါ...✅

🌲.ချောင်းဆိုးလျှင် လည်ပင်းကို လိမ်းပေးပါ...✅

🌲.လေမလည်ဘဲ ဗိုက်နာနေသောကလေး၏ ဗိုက်ကို
ခပ်ပါးပါး လိမ်းပေးပါ...✅

🌲ခြင်ကိုက်ခံရ၍ ယားယံနေသော အဖုများကို ခပ်ပါးပါးလိမ်းပေးလျှင် အယားပြေပြီး အဖုများ ပျောက်သွားလိမ့်မယ်...✅

🌲.ရေနွေးပူလောင်လျှင် လိမ်းပေးလို့ရတယ်..✅

🌲လိပ်ခေါင်းလိမ်းပေးလို့ရတယ်..✅

🌲.ခေါင်းမှာဘောက်ထနေရင် ချီတိုစံအမှုန့်နှင့်ရောလိမ်းပြီး နာရီဝက်ခန့်ကြာလျှင် ခေါင်းလျှော်လိုက်ပါ..✅

🌲အမျိုးသ္မီးများအင်္ဂါစပ်ယားယံလျှင် သွားတိုက်ဆေးကို ချီတိုစံအမှုန့်နှင့် ရောလိမ်းပေးပါ...✅

🌲.ဆောင်းရာသီ အရေခွံကွာလျှင် ချီတိုစံနှင့်ရောလိမ်းပေးပါ...✅

🌲.လက်ကွေးရဆန့်ရခက်နေသူများ လက်ကပ်နေသူများ ချီတိုစံနှင့်ရောလိမ်းပေးပါ...✅

🌲.အခြားသွားတိုက်ဆေးများတွင် ပါဝင်သော fluoride နှင့် ဓာတ် မတည့်သောသူများ
Tiens သွားတိုက်ဆေးကို သုံးပါ.....✅

🌲ဓာတုဗေဒပစ္စည်းများမပါဝင်သဖြင့့််
ပါးစောင်တွင်ကြာကြာငုံထားသော်လဲ အန္တရာယ်လုံးဝမရှိသည့်အပြင်အေးမြပြီး နူးညံ့ချို မွှေးသော ခံစားချက်ကို ရရှိစေပါတယ်...✅

🌲အတွင်းခံ ဘောင်းဘီများမှ ဘက်တီးရီးယားများ
ကင်းစင်အောင် ဤသွားတိုက်ဆေးဖြင့်လျှော်ဖွတ်နိုင်
တယ်...✅

🌲အမြုပ်ထွက်အားး ၇ ဆ ပိုတဲ့အတွက် တခြားသွားတိုက်ဆေးရဲ့ ၇ ပုံ ၁ ပုံ (ရွေးကြီးစေ့ခန့်) သာ ထည့်သုံးဖို့ လိုအပ်ပါတယ်...✅

💥Orecare သွားတိုက်ဆေးမှာ အလေးချိန် Net wt.135 gm ပါဝင်ပါတယ်..💥

💥Orecare သွားတိုက်ဆေးဗူးတိုင်းမှာ
နိုင်ငံတကာစံချိန်စံညွှန်းနှင့် ထုတ်လုပ်ထားတဲ့ သွားတိုက်တံပါဝင်ပါတယ်..💥

💥အဲဒီသွားတိုက်တံရဲ့ ထူးခြားချက်က အခြားသွားတိုက်တံများကဲ့သို့ အသုံးပြုတာကြာလာလျှင် သွားတိုက်တံအောက်ခြေမှာ သွားချေးများ ကပ်ငြိနေခြင်းမျိုးလုံးဝမရှိသဖြင့် ဘက်တီးရီးယားများ မပေါက်ဖွားနိုင်ပါ ထို့ပြင် သွားတိုက်တံအမျှင်ကို စက်ဝိုင်းပုံစံ လိုသလိုလှည့်လို့ရတဲ့ နည်းပညာနှင့်ပြုလုပ်ထားတဲ့အတွက် ခံတွင်းနဲ့ သွားဖုံးကို အလွှယ်တကူ တိုက်ချွတ်ပေးနိုင်ဘို့ ကူညီပေးပါတယ်💥

28/01/2021

# # # သွားနှင့်ကလေး # # #

ကလေးသွားလေးတွေက ပျမ်းမျှ ၆ လ ကနေ ၉ လ ဝန်းကျင် ပေါက်တတ်ပါတယ်။
ပုံမှာ သွားပေါက်ချိန်လေးတွေ ထည့်ပေးထါးပါတယ်။
ကလေးသွားပေါက်လာပြီဆိုရင် သေးငယ်နူး
ညံ့တဲ့ သွားပွတ်တံသုံးပါ။ ၃ နှစ်သားဝန်းကျင်လောက်ထိ သွားတိုက်ဆေး ပမာဏ ဆန်စေ့ပမာဏထက်မကြီးပါစေနှင့်။
ကလေးသွားလေးတွေကျန်းမာစေဖို့ သွားပိုးစားခြင်းမှ ကာကွယ်ရန်လသွားကျန်းမာရေးကို အထူးဂရုစိုက်ပေးသင့်ပါတယ်။
သွားပိုးစားခြင်းဖြစ်လာပါက သွားကိုက်ခြင်း ၊ ဂျီကျခြင်း ၊ အစားပျက်ခြင်း ၊ ဖျားနာခြင်း တို့မှ နောက်ဆုံး သွားနှုတ်ပစ်ရသည်ထိ ဖြစ်တတ်ပါတယ်။
အရွယ်မတိုင်မီ သွားနှုတ်လိုက်ရပြီဆိုရင် လူကြီးသွားထွက်တဲ့အခါ မညီမညာဖြစ်ခြင်း ၊ သွားကျဲခြင်း တွေ ဖြစ်လာတတ်ပါတယ်။

အသက် ၆ နှစ်နဲ့ ၁၂ ကြားမှာ ကလေးသွားအမြစ်လေးတွေ ပျက်စီးလာပြီး လူကြီးသွား ပေါက်လာပါတယ်။ ၃၂ ချောင်းထိပေါက်ပါတယ်။
အံဆုံးသွားကတော့ ကလေးဘဝမှာ မပေါက်ပါဘူး ။ လူငယ်အရွယ်မှ ပေါက်ပါတယ်။
ကလေးငယ်အများစုဟာ သွားဆေးခန်းသွားရမှာ ကြောက်တတ်ကြပါတယ်။ မေမေတို့အနေနဲ့
သွားပိုးစားခြင်း ၊ အရွယ်မတိုင်မီ သွားနှုတ်ပစ်ရခြင်း မဖြစ်အောင် သွားစပေါက်ကတည်းက မိမိရင်သွေးလေးတွေရဲ့သွားကျန်းမာရေး ကို အထူးဂရုစိုက်ပေးဖို့မမေ့ပါနဲ့နော်။

25/01/2021

ဘယ်သွားလေးတွေ ဘယ်နှချောင်းရှိလဲ သိလား??
သွားအမျိုးအစား (၄) မျိုးရှိပါတယ်။
>> 8 Incisors
>> 4 Canines
>> 8 Premolars
>> 12 Molars

Incisors (ရှေ့သွား)
~~~~~~~~~~~~~
ပထမဦးဆုံး ထွက်တဲ့သွားတွေဖြစ်ပါတယ်။အပေါ် ၄ ချောင်း အောက် ၄ ချောင်းရှိပါတယ်။
အစားအစာတွေကို ကိုက်ဖြတ်ဖို့ အဓိကလုပ်ဆောင်ပါတယ်။

Canines (သွားစွယ်)
~~~~~~~~~~~~
ရှေ့သွားနဲ့ ကပ်ရက် အပေါ် ၂ ချောင်း အောက် ၂ ချောင်း ရှိပါတယ်။ ရှေ့သွားထွက်ပြီးရင် သွားစွယ်လေးတွေ ထွက်လာပါတယ်။

Premolars ( ရှေ့အံသွား )
~~~~~~~~~~~~~~~~~
အပေါ် ၂ ချောင်း အောက် ၂ ချောင်း ရှိပါတယ် ။အစားအစာကြိတ်ဝါးဖို့အတွက် ဖြစ်ပါတယ်။

Molars ( အံသွား / အံဆုံး)
~~~~~~~~~~~~~~~~~~
အံဆုံးအပါအဝင် အံသွား အပေါ် ၆ ချောင်း အောက် ၆ ချောင်း ရှိပါတယ်။
Third Molars (or) Wisdom Molars လို့ခေါ်တဲ့
အံဆုံး ၄ ချောင်း ထွက်ပြီးရင် သွားစုံပါပြီ။
အံဆုံးက နောက်ဆုံးထွက်သော သွားများဖြစ်ပါတယ်။ ပျမ်းမျှ အသက် ၁၇ ကနေ ၂၃ ဝန်းကျင်မှာ ထွက်တတ်ပါတယ်။ အံဆုံးမထွက်တဲ့သူတွေလဲ ရှိပါတယ်။ တစ်ချို့ တစ်စောင်းပေါက်တတ်ပါတယ်။ အာ့လိုအခြေအနေမျိုးဖြစ်ခဲ့ရင် ခွဲထုတ်ရတတ်ပါတယ်။

Photos from Orecare Toothpaste's post 20/01/2021

မိတ်ဆွေ ဒါလဲအရေးကြီးတယ်နော်

သင့်ခံတွင်းကျန်းမာဘို့ အမြဲမွှေးနေစေဘို့ အရေးကြီးပါတယ် ကိုယ်က စကားပြောရင် ယုံကြည်မှူရှိစွာ ပြောနိုင်ဘို့ Tiens Orecare ကို သုံးကြရအောင်ပါနော်

သွားလေးတေကောင်းနေစဉ်မှာတော့ ဝါးခြင်တာ ဝါး စားခြင်တာစား သူ့တို့ကို သတိတောင်မရပါဘူး

သွားကိုက် သွားနာ သွားကျဉ် လာပီဆိုရင်တော့ မခံမရပ်နိုင်အောင် ခံစားကြရတယ် နောက်ဆုံး နုတ်ပစ်ကြရတယ် ငွေကုန်မယ် သွားတေဆုံးရှုံးမယ် အတုတေဘယ်လောက်ကောင်းကောင်း အစစ်ကိုတော့ လုံးဝမမှီ ပါဘူး

ဒါကြောင့်
သွားနာ
သွားကျဉ်
သွားကိုက်
သွားဖုံးယောင်
သွားဖုံးမှာသွေးထွက်ခြင်း
ညအိပ်စဉ် သွားရည်ကျခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်

ဒါ့အပြင် ဆီပူလောင်ခြင်း မီးအပူဟပ်ခြင်း ထိခိုက် ရှနာ များကိုလည်း ပဃတ်လိမ်းပေးရုံနဲ့ သိသာစွာ ပျောက်ကင်းပါတယ်

Tiens Orecare က မိတ်ဆွေတို့အိမ်မှာ မရှိမဖြစ် လိုတရ အသုံးဝင် ပစ္စည်းလေးပါရှင့်

14/01/2021

ဘာ့ကြောင့်သွားပေါ်မှာ အဖြူစက် ၊ အဝါစက်တွေ ရှိလာရတာလဲ?
သွားပေါ်မှာ အဖြူစက်၊အဝါစက်၊အညိုကွက်များ ရှိလာခြင်းသည် သင့်ရဲ့သွားနဲ့ခံတွင်းသန့်ရှင်းမှုအားနည်းလာပြီဆိုတဲ့လက္ခဏာပါ။တခြားအကြောင်းအရာများကြောင့်လည်း ရှိနိုင်ပါတယ်။ နောက်ထပ်အကြောင်းတစ်ခုက fluoride အလွန်အကျွံသုံးစွဲခြင်းဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်း ၊ကော်ဖီသောက်ခြင်းတို့ကြောင့်လည်းဖြစ်တတ်ပါတယ်။

ကာကွယ်ရန်
# # # # # # # # #
💠သွားနှင့်ခံတွင်းကို သန့်ရှင်းပါ။
💠တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ။
💠အက်ဆစ်များသောအစားအစာများ ၊ အချိုများသော အစားအစာများ ရှောင်ပါ။
💠ကော်ဖီအပါအဝင် အရောင်ပါသော ဖျော်ရည်များ အလွန်အကျွံသောက်ခြင်းမှရှောင်ပါ။
💠(၆) လ တစ်ကြိမ် သွားကျန်းမာရေး ပုံမှန်စစ်ဆေးပါ။

09/01/2021

သွားကိုက်ခြင်း
သွားပိုးစားခြင်း ၊ သွားဖုံးရောဂါဖြစ်ခြင်း ကြောင့် သွားနှင့်မေးရိုးတစ်ဝိုက် နာကျင်ခြင်းကို သွားကိုက်ခြင်း လို့ခေါ်ပါတယ်။ အခြားအကြောင်းအရာများကြောင့်လည်း သွားကိုက်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။အများစုကတော့ သွားပိုးစားခြင်းကြောင့် သွားကိုက်ခြင်း ဖြစ်ကြပါတယ်။
သွားပိုးစားခြင်း အဆင့် ၆ ဆင့်
အဆင့် (1) ။ ။ သွားပေါ်မှာ အဖြူစက်ကလေးတွေရှိလာခြင်း
အဆင့် (2) ။ ။ ကြွေလွှာတွင် သွားပိုးစားခြင်း
အဆင့် (3) ။ ။ သွားအပေါက်ဖြစ်လာခြင်း
အဆင့် (4) ။ ။ သွားအတွင်းပိုင်း အစွယ်လွှာ ပိုးစားခြင်း
အဆင့် (5) ။ ။ သွားအမြစ် အကြောများထိ ပိုးစားခြင်း
အဆင့် (6) ။ ။ သွား တစ်ချောင်းလုံး​သေသွားခြင်း (သွားနှုတ်လိုက်ရခြင်း)

အဆင့် 4 ထိ က သွားပေါက်ဖာခြင်းလုပ်၍ ရနိုင်သေးသော်လည်း အဆင့် 5 ထိဖြစ်လာပါက သွားအကြောဖြတ်ခြင်း ၊ အသစ်ပြန်စိုက်ခြင်းတွေ လုပ်မှသာ ရတော့တာမို့ သွားတစ်ချောင်းတည်းပါပဲ မထင်ပါနဲ့နော်။
သွားကိုက်ခြင်း ဝေဒနါဆိုတာ ဖော်မပြတတ်အောင် ခံစားရတာမို့ ကျန်တဲ့ လူမှုရေး ၊ စီးပွားရေး ၊ မိသားစုအပျော်တွေအထိပါ ထိခိုက်နိုင်ပါတယ်။

Telephone

Website