Daha vintage

Daha vintage

Clothing (brand)

24/11/2023

မင်္ဂလာပါ🥰

Photos from ဝတ်ကြည့်'s post 22/02/2022
21/02/2022

Thrift Store နဲ့ Vintage Shops ဘာတွေကွာလဲ
နေ့စဉ်နဲ့အမျှ Vintage Shop owner တွေမေးခံနေရတဲ့အရာတစ်ခုရှိတယ် အဲ့တာက ''ဒါတွေကိုဘယ်ကနေရှာဝယ်တာလဲ'' . ဒီလိုမျိုးမေးခံရတဲ့အခါမျိုးတွေမှာ တိုက်ရိုက်ကြီးပြန်ဖြေဖို့ကမလွယ်သလို ဒီလိုမျိုးအရာတွေက trade secret တစ်ခုဖြစ်တဲ့အတွက်ကြောင့် ပြန်ပြောပြဖို့ကအန်မတန်ကိုခဲ့ယဉ်းပါတယ် အမှန်တိုင်းပြောရရင် တော်တော်များများက စု​​ဆောင်းထားတဲ့သူတွေဆီကလာတာဖြစ်ပြီး ကျန်တာတွေကတော့ public ကနေပဲတင်သွင်းကြတာများပါတယ်။

Vintage ဆိုတဲ့စကားလုံးအတိုင်း Vintage လို့ခေါင်းစဉ်တပ်ဖို့က နှစ် 20 နီးပါးထိလိုအပ်မှာဖြစ်တဲ့အတွက် အခုအနေနဲ့ဆိုရင်လွန်ခဲ့တဲ့ 2003 လောက်ကထုတ်လုပ်ထားတဲ့ product တွေဖြစ်ရပါ မယ် တစ်ချို့သောဆိုင်တွေအနေနဲ့ 19 century product တွေတင်သွင်းတာဖြစ်တဲ့အတွက် ပိုပြီးလည်း အိုဟောင်းသလို ဈေးနှုန်းတွေကလည်းပိုပြီးမြင့်နိုင်ပါတယ်။

ဒီနေမှာအကြီးမားဆုံး လွဲမှားနေတဲ့ယူဆချက်တစ်ခုက Vintage Shopping တွေကို Thrift ဆိုတဲ့ခေါင်းစဉ်တပ်ကြတာပါပဲ။ Thrift Store ဆိုတဲ့အရာမျိုးက အိမ်သုံးပရိဘောဂကအစ clothing တွေအပြင် အခြားသော product တော်တော်များများကို ပြန်လည်ရောင်းချတဲ့သဘောဖြစ်ပြီး အများစုက donate လုပ်ခံထားတဲ့ကုန်ပစ္စည်းတွေဖြစ်တယ်။ America မှာရှိတဲ့ Thrift Shop အများစုက​တော့ community ဘက်ကိုပြန်လည်စွန့်ကြဲကြပြီး ဒါကလည်း အသုံးမပြုတော့တဲ့ ပစ္စည်းတွေကို လိုအပ်တဲ့သူတွေအတွက် Donate လုပ်လိုက်တာကကောင်းတဲ့အရာပဲဆိုရမှာပါ၊ အမှိုက်ပုံရန်ကလည်းကင်းဝေးတာပေါ့။

Vintage Shop တွေအ​နေနဲ့က​တော့ ရှာရခက်တဲ့အပြင် အိုပြီးဟောင်းလွန်းတဲ့ လွန်ခဲ့တဲ့နှစ် 20 ကျော်လောက်ကထုတ်တဲ့ Product တွေကိုပြန်လည်ရောင်းချတာဖြစ်ပြီး ဒါတွေကိုစုဆောင်းဖို့အတွက်ကလည်း product knowledge ရှိမှရသလို Vintage စစ်မှန်ကြောင်း မမှန်ကြောင်းကိုလည်း ချင့်ချိန်နိုင်တဲ့မှတ်ညဏ်ရှိရပါမယ်။ Thrift Shore တွေနဲ့မတူတဲ့အချက်ကတော့ Vintage Collector တွေအများစုက Educated ဖြစ်သလို Background ကလည်း အတိုင်းအတာတစ်ခုထိရှိကြပါတယ်။ တစ်ခါတစ်လေ Vintage Shop အနည်းစုကတော့ Customer တွေအတွက် Thrifting အများစုကိုရှာဖွေရောင်းချဖို့် ဖွင့်တတ်ကြပါတယ်။

တစ်ချို့သော Vintage Shop တွေက Thrift နဲ့ဘာမှမခြားတာမှန်ပေမယ့်လို့ အများစုဆိုရင်တော့ သိမ်းကြုံးပြီး Thrift Shop လို့ခေါင်းစဉ်တပ်လို့မရပါဘူး။ ဒီနေရာမှာနှစ်ခုလုံးက သူ့ဟာနဲ့သူ ကောင်းတာတွေရောဆိုးတာတွေရောရှိပါတယ် အထူးသဖြင့် Thrift Shop တွေဆီက ဈေးသက်သက်သာသာနဲ့ရသလို တစ်ခါတစ်လေ ပေးရတဲ့ဈေးနဲ့တောင်မတန်လွန်းတဲ့ တန်ဖိုးကြီးကြီးမားမားရနိုင်ပါတယ်။ မွှေနောက်ရှာဖွေတတ်ရင်ပေါ့လေ ဒါ​ပေမယ့် Vintage Shop အနေနဲ့​ေတာ့ ရှာဖွေတဲ့ process အများစုကို ကိုယ်တိုင်လုပ်ဆောင်ပေးမှ item အများစုကလည်း professionally clean ဖြစ်နေမှာဖြစ်ပါတယ်၊ နှစ်ခုလုံးကအချိန်သက်သာပေမယ့်လို့ အကုန်အကျစရိတ်များပါတယ်။

#ဝတ်ကြည့်

Photos from Daha vintage's post 20/02/2022

ဘေထုပ်လို့ပြောလိုက်ရင် မျက်လုံးထဲအချိုးမကျတဲ့အရောင်တွေ cuttingတွေနဲ့အဝတ်တွေပဲလှမ်းမြင်ကြမယ်ထင်တယ် ....
များသောအားဖြင့်ကအဲ့လိုပဲအကြမ်းဖျဉ်း
သိထားတာမို့ ဘေထုပ်ကို
ရှက်စရာfigureတစ်ခုအဖြစ်မြင်ကြတာပါ

``ဘာရောင်းတာလဲ -``ဘေထုပ်ရောင်းတာပါ
``ဘေထုပ်တွေဝတ်တာလား စသဖြင့်
ဘေထုပ်ကို ရှက်စရာတစ်ခုလိုမြင်ကြပေမယ့်
Vantage Fashion တွေပြန်ခေတ်စားလာတဲ့
ဒီနှစ်တွေအတွင်းမှာ ဒီအမြင်တွေတဖြည်းဖြည်း
လျော့ပါးလာတာကိုသိသိသာသာမြင်ရတာ
ဝမ်းသာစရာပါပဲ။

တကယ်တော့အဲ့လိုမဟုတ်ပဲ ကိုယ့်Fashion senseကောင်းရင်ကောင်းသလို ဘေထုပ်လို့ထင်စရာမရှိအောင်ကိုအရည်အသွေးကောင်းတဲ့ Authenticအဝတ်တွေ ဘေထုပ်ထဲမှာရနိုင်ပါတယ်
H&M,Urban Outfitters,Zara,Gap,
Old Navy,Uniqlo,bathing ape, dickies စတဲ့ Mid-range brandတွေ

Adidas,Nike,Kappa,Asics,Under Armour,New Balance,Converse,Sport Brandတွေ,

Levi's,Erwin,American Eagle, LEE, Tommy Hilfiger, Champion လို ခပ်မြင့်မြင့်Brandတွေရယ်ကအစ

Bandအစုံ Artistအစုံ studioအစုံ
ရဲ့Merchအစစ်တွေ,တက္ကသိုလ်ပေါင်းစုံ ကျောင်းပေါင်းစုံက Tshirtအစုံကို ဘေထုပ်ထဲတင်ရှာတွေ့နိုင်ပါတယ်

Brandအစွဲနဲ့မဟုတ်ပဲ comfortဖြစ်ဖို့ qualityကောင်းနေဖို့ကပဲ အဓိကဆိုရင်လဲ
တကယ်မိုက်တဲ့ပုံစံပေါင်းစုံနဲ့အဝတ်အထည်တွေရာသီတိုင်းအတွက်ရှိသေးတယ်..
ဒါပေမဲ့ ဘေထုပ်သွားရွေးတိုင်းလဲ
ဒီလိုမျိုးတွေ့ရဖို့ကမသေချာလှပါဘူး။ ဒါတွေက
ကိုယ်ရွေးဝယ်တဲ့အမျိုးအစား,ကိုယ့်ရဲ့ရွေးတတ်မှူနဲ့ Brand knowledge နဲ့လဲဆိုင်ပါသေးတယ်။
ကိုယ့်ဝတ်လေ့ရှိတဲ့ style / Fashion တွဲမြင်မှုအမြင်တွေနဲ့ ...ဘာဝယ်ရမလဲ?
သေချာစဥ်းစားပြီးရင်တော့
ဘေထုပ်တန်းကိုလာခဲ့ဖို့လဲဖိတ်ခေါ်ပါရစေ...

Pre-owned လေးတွေ ဝတ်ဆင်ခြင်းက
သဘာဝပတ်ဝန်းကျင်ကို တဖက်တစ်လမ်းကအကျိုးပြုသလို
ထောင်ဂဏာန်းဝန်းကျင် thrift clothes လေးတွေက (၂ထည် ၃ထည်လောက်နဲ့
၁လစာလောက်ကုန်နေတဲ့) အဝတ်အစားဖိုးကိုလဲအများကြီးသက်သာစေမှာပါ

Photos from Daha vintage's post 19/02/2022

⚡vintage အကြောင်းတစေ့တစောင်း ⚡

(ဘေကို စျေးပေါတယ် ရှက်စရာလို့ထင်မြင်သောလူများဖတ်ရန်မလိုပါ )

🔺Vintage ဆိုရင် မြန်မာအခေါ်ဝေါ် ဘေ(bale) လို့အလွယ်တကူ သတ်မှတ်ကျပါတယ် ။used clothing (thrift clothing) လို့တနည်းအားဖြင့် ခေါ်နိင်ပါသေးတယ် ။ ကိုရွှေမြန်မာတွေကတော့ ဘေလို့ပဲ ခေါ်ကြပါတယ် ။(" vintage is call ဘေ ”လိုတော့မသတ်ကြပါနဲ့ဗျ) ဘေတိုင်းက vintageမဟုတ်ပါဘူး ။ ဘေထုတ်ကဘေထုတ်ပါပဲ ❗❗

🔺Thrift clothing "Bale” ဘေဆိုတာ English အခေါ်အဝေါ်ဖြစ်ပြီး အထုတ်တစ်ခုထုတ်ပိုးထားတယ်လို့ သတ်မှတ်လို့ရပါတယ်။ thrift တွေကို ထိုင်း/အင်ဒို /ဂျပန်/ကိုရီးယားဘက်က လာတဲ့အထည်တော်တော်များပါတယ် ။ Fashion sense ကောင်းရင်ကောင်းသလို ဘေထုတ်တွေထဲ က အရည်သွေးကောင်းတဲ့ Authentic အထည်တွေဘေထုတ်တွေထဲ စျေးသက်သက်သာသာရနိင်ပါတယ်။

(Vintage နဲ့ ဘေ ကလည်း ကွဲပြားမူရှိပါတယ်)

🔺Vintage က လွယ်လွယ်ပြောရရင်ရှေးဟောင်းပစ္စည်း တစ်ခု လိုပါပဲ 80/90s ပတ်ဝန်းကျင်ကအထည်တွေ ယခု ကာလ တစ်ခုနဲ့ဆို သက်တမ်း၂၀ကျော်လောက်ကအထည်တွေ vintage လို့သတ်မှတ်နိင်ပါတယ် ။ vintage အထည်တိုင်း သူရဲ့ ချုပ်ရိုးချုပ်သား/painting style တွေအပြင် သူရဲ့ ကိုယ်ပိုင် Original Quality သီးသန့်ရှိပါတယ် ။ ဘာလို့လည်းဆိုတော့ သက်တန်း ၂၀
ကျော်တာတောင် အသစ်နီးပါးရှိနေတာကိုးက vintage တစ်ထည်ရဲ့ အားသာချက်တစ်ခုပါပဲ။
(Vintage ကိုတော့ vintage စျေးနဲ့ပဲရမှာပါ )
Vintage တတစ်ထည်က အပေါက်အစွန်းအထင်း တွေများသောအားဖြင့်ပါတက်ပါတယ် ဒါကိုစုတ်တယ် လို့သတ်မှတ်လို့မရပါဘူး ။ ဟောင်းနွမ်းတာကိုမှာ vintage အထှာဖြစ်ပါတယ် ။တကယ့်တန်ဖိုးထားတဲ့လူအတွက်တော့ vintage tee တစ်ထည်ရွှေထက်ကိုတန်ဖိုးထားကြပါတယ် ။ အဲ့တာကြောင့် Europe နိင်ငံ တချိို့ vintageအထည်တွေ စျေးကြီးပေးဝယ်ကြသလို တန်ဖိုးလည်းထားကြပါတယ် ။
Reporduction လုပ်ထားတဲ့အထည်တွေကလည်းvintage မဟုတ်ပါဘူး( အလွယ်ပြောရရင် vintage အထှာ အပေါက်အပြဲတွေ ကိုဒီဘက်ခေတ်အနေနဲ့ပြန်ထုတ်လုပ်ထားမျိုးတွေ / အရင်ကခုနစ်ကိုဒီဘက်ခေတ်အနေနဲ့ ပြန်ထုတ်လုပ်တာမျိုးတွေ ကို reproductionလုပ်တယ်လို့ခေါ်ပါတယ်)vintage ကို local မှာအနိမ့်ဆုံးပေါက်စျေး
(30000/40000)လောက်ရှိပါတယ်။ sellerတွေပေါ်မူတည်ပြီးစျေးတော့ကွဲပြားနိင်ပါတယ်။

🔺Resell ဆိုတာကတော့ ဘေထုတ် အထည်တွေထဲကမှာ Branded အထည်တွေ (ဂေါင်ထည်)တွေကိုသီးသန့်ပြန်ရွေးပြီးရောင်းတာကို Resell လို့ခေါ်ပါတယ် ။

ဥပမာ carhartt တစ်ထည်ကို ၅၀၀၀ရဝယ်လိုက်တယ် ဆိုပါတော့ (သူရဲ့ quality / သူရဲ့သမိုင်းတစ်ခုပြီးတော့ branded တစ်ခုတန်ဖိုး ထောင့်စေ့လေ့လာထားတာမို့ )ဒီ barnd ရဲ့ ထုတ်ခဲ့တဲ့ 80/90s ခုနှစ်တွေထုတ်ခဲ့တာတွေ /limitedအနေနဲ့လည်းသိထားတဲ့အချက်ရယ် Resell market နဲ့ international websites ‌‌ပေါက်စျေး dollar $100/200ပေါက်စျေးတွေသိထားလို့ ၅၀၀၀ တန်ပစ္စည်းကို ၁၅၀၀၀ ပြန်ရောင်းတာကို Resell လုပ်တယ်လို့ ခေါ်ပါတယ် (ဒါကိုမှာ၅၀၀၀တန်၁၅၀၀၀ပြန်ရောင်းလို့ ဂျင်းထည့်တယ်လို့ပြောလို့မရပါဘူး)ကျတော်တို့တွေလည်းဘေထုတ်တွေထဲကမှတစ်ထည်ပြီးတစ်ထည်ရှာယူပြီးရောင်းရတာပါ။အထည်ကောင်း တစ်ခုရဖို့မလွယ်ပါဘူး ။ကိုယ်တွေလည်း online က နေကိုယ်ကြိုက်တဲ့အထည်အလုအယှက်ဝယ်ရင်း ကိုယ်ကြိုက်တဲ့အထည် သူများဆီပါသွားလို့ ပြန်ဝယ်ရရင်ဝယ်သူပြောတဲ့စျေးတိုင်းပြန်ဝယ်ရတာပါ ။ကြိုက်ရောင်းကြိုက်ဝယ်သဘောမျိုးပေ့ါဗျ ။

🔺Trade တယ်ဆိုတာ အထည်တစ်ခုနဲ့တစ်ခုဖလှယ်တဲ့သဘောမျိုးကို tradeတယ်လို့ခေါ်ပါတယ်။

ဥပမာ ကျတော်ဆီမှာThe beatles vintage tee တထည်နဲ့ ခဗျားဆီက Queen vintage tee တစ်ထည်လဲတယ်ဆိုပါတော့ ဒါပေမဲ့ကျတော်ရဲ့ အထည်က colour/ tag/ condition မိုက်လို့ တစ်သောင်း အလိုက်ပေးရမယ်ဆို ပြီး dealလုပ်တယ် ။
ခဗျားအနေနဲ့ သဘောတူတယ် ဒါမျိုး tradeတယ်လို့ခေါ်ပါတယ် ။

Rsell market တွေ Thrift store တွေ Trade market တွေ vintage store တွေပေါများလာတာ ကျတော်တို့အနေနဲ့အဆိုးထဲက အကောင်းလို့ ပြောရမှာဘဲ ။
ကိုယ်ရဲ့ knowledge နဲ့ vintage အထှာ Fashionတွေဖြုတ်နိင်သလို အပိုဝင်ငွေအနေနဲ့လည်းရှာနိင်ပါ‌ေသးတယ်။နောက်ဆို လူငယ်အချင်းချင်း တွေ့တဲ့အခါဝတ်ထားတဲ့ Tee တွေ pants လှမ်းရိုးတဲ့အထှာတွေ တစ်ယောက်နဲ့ တစ်ယောက်ကြွယ်တာမျိုးဆိုပိုမိုက် မှာဗျ။ ဘေထုတ်ကရှက်စရာလိုမြင်တဲ့အယူအဆနဲ့အတူ vinatage fashion တွေခေတ်အစားလာတာနဲ့ အမျှအမြင်တွေပြောင်းလဲလာတာကဝမ်းသာစရာတစ်ခုပါပဲဗျ 🌈 အဆိုတော် Macklemore တောင် Thriftဘေထုတ် နိူတ်တဲ့အကြောင်းတောင် သီချင်းစက်ဆိုထားပါသေးတယ် အဲ့သီချင်း ရဲ့ song title ကို"thrift shop”လို့တောင်အမည်ပေးထားပါသေးတယ်။ နားမထောင်ဖူးသေးရင် နားထောင်ဖို့အကြံပေးလိုက်ပရစေ ဗျ ။
နားထောင်ရန် link👇
https://youtu.be/QK8mJJJvaes

(မှတ်ချက်_ စာသားများကိုကိုးကားထားပါသည်)

အောက်မှာ ပြပေးထားတဲ့ photo တွေကျတော်အကြိုက်အဆုံး ဘဲကြီး Sean wotherspoon ရဲ့ Round Two Vintage shop ကပုံတစ်ချို့ဖြစ်ပါတယ်⚠️

Crd
Crd
Crd Thrift clothing

Telephone

Website