ဟာန်နုမာန် by ei thet paing

ဟာန်နုမာန် by ei thet paing

ခါးကြောညှပ်ခြင်း,ဇက်ကျီးပေါင်းအစရှ

24/05/2022

ဂုဏ်တော်ကွန်ချာ ဂါထာ (ပါဠိ-အနက်-မြန်မာပြန်)..........................................

၁ ။ သောဘဂဝါ ဣတိပိ အရဟံ
အရဟံ ၀တ သောဘဂဝါ
အရဟန်တံ သရဏံ ဂစ်ဆာမိ
အရဟန်တံ သိရသာ နမာမိ
ပထမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ အရဟံ ။

၂ ။ သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သောဘဂဝါ
သမ်မာသမ်ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
သမ်မာသမ်ဗုဒ်ဓံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။

၃ ။ သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော
၀ိဇ္ဇာစရဏသမ္ပန္နော ၀တ သောဘဂဝါ
၀ိဇ်ဇာစရဏသမ်ပန်နံ သရဏံ ဂစ်ဆာမိ
၀ိဇ်ဇာစရဏသမ်ပန်နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော ။

၄ ။ သောဘဂဝါ ဣတိပိ သုဂတော
သုဂတော ၀တ သောဘဂဝါ
သုဂတံ သရဏံ ဂစ်ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သုဂတော ။

၅ ။ သောဘဂဝါ ဣတိပိ လောကဝိဒူ
လောကဝိဒူ ၀တ သောဘဂဝါ
လောကဝိဒုံ သရဏံ ဂစ္ဆာမိ
လောကဝိဒုံ သိရသာ နမာမိ
ပဉ္စမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ လောကဝိဒူ ။

၆ ။ သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ
အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သောဘဂဝါ
အနုတ်တရော ပုရိသ ဒမ်မသာရထိံ သရဏံ ဂစ်ဆာမိ
အနုတ်တရံ ပုရိသ ဒမ်မသာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ ။

၇ ။ သောဘဂဝါ ဣတိပိ သတ္ထာဒေ၀ မနုဿ နံ
သတ်ထာဒဝေ မနုဿာနံ ၀တ သောဘဂဝါ
သတ်ထာရံ ဒဝေ မနုဿာနံသရဏံ ဂစ်ဆာမိ
သတ်ထာရံ ဒဝေ မနုဿာနံသိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သတ်ထာဒဝေ မနုဿာနံ။

၈ ။ သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သောဘဂဝါ
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဗုဒ်ဓံ သိရသာ နမာမိ
အဋ္ဌမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ ။

၉ ။ သောဘဂဝါ ဣတိပိ ဘဂဝါ
ဘဂဝါ ၀တ သောဘဂဝါ
ဘဂ၀န်တံ သရဏံ ဂစ်ဆာမိ
ဘဂ၀န်တံ သိရသာ နမာမိ
နဝမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဘဂဝါ ။

၁၀ ။ သောဘဂဝါ ဣတိပိ လောကဝိဒူ
လောကဝိဒူ ၀တ သောဘဂဝါ
လောကဝိဒုံ သရဏံ ဂစ္ဆာမိ
လောကဝိဒုံ သိရသာ နမာမိ
ပဉ္စမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ လောကဝိဒူ ။

၁၁ ။ သောဘဂဝါ ဣတိပိ သုဂတော
သုဂတော ၀တ သောဘဂဝါ
သုဂတံ သရဏံ ဂစ်ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သုဂတော ။

၁၂ ။ သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ
အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သောဘဂဝါ
အနုတ်တရော ပုရိသ ဒမ်မသာရထိံ သရဏံ ဂစ်ဆာမိ
အနုတ်တရံ ပုရိသ ဒမ်မသာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ ။

၁၃ ။ သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သောဘဂဝါ
ဝိဇ်ဇာစရဏသမ်ပန်နံ သရဏံ ဂစ်ဆာမိ
ဝိဇ်ဇာစရဏသမ်ပန်နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော ။

၁၄ ။ သောဘဂဝါ ဣတိပိ သတ္ထာဒေ၀ မနုဿ ာနံ
သတ်ထာဒဝေ မနုဿာနံ၀တ သောဘဂဝါ
သတ်ထာရံ ဒဝေ မနုဿာနံသရဏံ ဂစ်ဆာမိ
သတ်ထာရံ ဒဝေ မနုဿာနံ သိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သတ်ထာဒဝေ မနုဿာနံ။

၁၅ ။ သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သောဘဂဝါ
သမ်မာသမ်ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
သမ်မာသမ်ဗုဒ်ဓံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။

၁၆ ။ သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သောဘဂဝါ
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဗုဒ်ဓံ သိရသာ နမာမိ
အဋ္ဌမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ ။

၁၇ ။ သောဘဂဝါ ဣတိပိ အရဟံ
အရဟံ ၀တ သောဘဂဝါ
အရဟန်တံ သရဏံ ဂစ်ဆာမိ
အရဟန်တံ သိရသာ နမာမိ
ပထမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ အရဟံ ။

၁၈ ။ သောဘဂဝါ ဣတိပိ ဘဂဝါ
ဘဂဝါ ၀တ သောဘဂဝါ
ဘဂ၀န်တံ သရဏံ ဂစ်ဆာမိ
ဘဂ၀န်တံ သိရသာ နမာမိ
နဝမော ၀ဇိရပါကာရော
သောဘဂဝါ ဣတိပိ ဘဂဝါ ။

ဂုဏ်တော်ကွန်ချာဂါထာပြီးပါပြီ
~~~~~~~~~~~~~~~~~..........................................

24/05/2022

💥1လစာ စမ်းမှာပြီး ကြိုက်လို့ နောက်ထပ်တစ်လစာထပ်မှာသွား

ဝိုးးဝင့်ဝါဆိုတာအမျိုးသား၊အမျိုးသမီး၊ရုပ်ရှင်သရုပ်ဆောင်တေပါအကြိုက်​ေတွ့နေတာ

💢ပြည်တွင်းထုတ်ကုန် ဈေးသက်သာတယ်ဆိုပြီး
အထင်မသေးနဲ့ နိုင်ငံခြားဖြစ်ဈေးကြီးမှ
ကောင်းတယ်မထင်နဲ့နော Cus Reviewကသက်သေပဲ 👇

💢ဝိတ်ချတာ ဘယ်နဲ့မှ အဆင်မပြေဖြစ်နေသူများ
သောက်ကြည့် ပေးရတဲ့ဈေးထက် ပိုတန်တဲ့ ရလာဒ်ရရမယ် 💯%

✨ပြည်တွင်းတိုင်းရင်းဆေးကောင်းတစ်ခွက်
သဘာ၀ထုတ်ကုန်များနဲ့အချိုးကျ ပေါင်းစပ်ဖော်စပ်ထားတာမို့ ဈေးနူန်းသင့် ဘေးဥပုဒ်ကင်း သဘာ၀စစ်စစ်ကို
ထုတ်ပိုးမှုပါကင် သေသပ်စွာထုတ်ပိုးပြီး ၀ယ်သူကိုစေတနာအပြည့်ထားတာ ၀င့်ဝါပါနော💛

💸၁၀ရက်စာ ၅၆၀၀ကျပ်
💸တစ်လစာ ၁၆၈၀၀ ကျပ်

📱09950374768 or cb

🚛 ရန်ကုန် မန်းလေး နေပြည်တော်နှင့် နယ်မြို့ 1️⃣2️⃣0️⃣
ကျော် အိမ်ရောက်ငွေချေ ၀န်ဆောင်မှုရှိပါတယ်။

#အမြို့မြို့အနယ်နယ်တိုင်းကိုယ်စားလှယ်အလိုရှိပါတယ်ရှင့်။

#10ဘူးမှစလက်ကားဈေးရရှိပြီး
#ဘူး30ဆိုတရား၀င်ကိုယ်စားလှယ်ကဒ်ပါရရှိပြီးလျော့ပေးငွေပါရရှိပါတယ်ရှင့်။

👉10ဘူးယူသူများပို့ခအခမဲ့ဖြင့်ပို့ပေးပါတယ်။

👉Wave pay/K payလက်ခံပါတယ် %မပေးရပါ။

24/05/2022

သလဲသီးရဲ့ကောင်းကျိုး🍅🍅

အသားအရေကျန်းမာခြင်းအတွက်ဓာတ်စာ သလဲသီး
သလဲသီးက နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးတာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပြီး free radicals တွေကြောင့် အသားအရေထိခိုက်ပျက်စီးတာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေနေလောင်ပျက်စီးမှုတွေကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ အသားအရေကျန်းမာဖို့အတွက် တစ်နေ့ကို သလဲသီးဖျော်ရည် ၁ ခွက်သောက်ပေးရုံပါ။ ဒီလိုမှမဟုတ်လဲ အသားအရေနေလောင်ပျက်စီးသွားတဲ့အခါ သလဲသီးအခွံကို ကြိတ်ခြေပြီး အနှစ်လုပ်လို့ သံပရာရည် တစ်စက် နှစ်စက်လောက်နဲ့ရောမွှေပြီး နေလောင်သွားတဲ့နေရာမှာ လူးပေးပါ။ ခြောက်သွားရင် ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။

အသားအရေကို တင်းရင်းစေနိုင်တယ်

ဇရာက ရှောင်လွှဲလို့မရတာမှန်ပေမယ့် အရွယ်မတိုင်ခင်အိုမင်းမှုကိုတော့ မဖြစ်မနေကာကွယ်ပေးဖို့လိုပါမယ်။ နေရောင်ဒဏ် ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မိတာကြောင့် အသားအရေပျက်စီးတဲ့အခါ အရွယ်မတိုင်ခင်အိုမင်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခါမျိုးတွေမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတဲ့ သလဲသီးလေးရဲ့အကူအညီကို ရယူလိုက်ပါ။သလဲသီးက ကော်လာဂျင်ကိုထွက်စေပြီ အသားအရေကို တင်းရင်းကျန်းမာစေသလို အရွယ်မတိုင်ခင် အိုးမင်းတာမျိုးမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

သလဲသီးစေ့မှာ fatty acid တစ်မျိုးဖြစ်တဲ့ punicic acid ပါင်နေတာကြောင့် အသားအရေကို အစိုဓာတ်ထိန်းပေးပြီး အရေးအကြောင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သလဲသီးက နေရောင်ခြည်မှာပါတဲ့ UVB ကြောင့် အရေးအကြောင်း တွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်တာကြောင့် အရေးအကြောင်းကင်းချင်ရင် သလဲသီးကို ပုံမှန်လေး စားပေးဖို့ ပြောပါရစေ။

အသားအရေကို ကြည်လင်ဝင်းပစေနိုင်တယ်

အသားအရေလေး Glow ချင်တယ်ဆိုရင်တော့ သလဲသီးကိုသာစားပေးပါ။ သလဲသီးက နေရောင်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေကို သက်သာစေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင် ပါတယ်။ သလဲသီးမှာပါတဲ့ ဗီတာမင် C ကလည်း အသားအရေကို ကြည်လင်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။

အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ သလဲသီးအခွံနဲ့အစေ့ကိုရောကြိတ်ပြီးရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ ပွတ်လိမ်းပေးပါ။ ပြီးရင်ရေဆေးချလိုက်ပါ။

ဝက်ခြံသက်သာစေနိုင်တယ်

ဝက်ခြံသက်သာစေဖို့အတါက်လည်း သလဲသီးကို အားကိုးလို့ရပါတယ်။ မကြာခဏဝက်ခြံဖြစ်တတ်တဲ့သူတွေမှာ ဟော်မုန်းပြဿနာရှိတာနဲ့ အစားခြေစနစ်ပြဿနာရှိနေတာတွေကြောင့် အဆီပိုတွေအများကြီးထုတ်လုပ်မိနေတဲ့အတွက် ဝက်ခြံဖြစ်ရတာလို့ တွေ့ရှိရပါတယ်။ ဒီပြဿနာကိုအကောင်းဆုံးဖြေရှင်းဖို့ဆိုရင်တော့ အရေပြားကျန်းမာရေးအတွက် ဆရာဝန်တွေဖြစ်ကြတဲ့ ဗီတာမင် A၊ ဗီတာမင် E နဲ့ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေပြီး ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတဲ့ သလဲသီးက အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ ဒါကြောင့် ဝက်ခြံကင်းစင်ပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သလဲသီးစားပေးပါ။ သလဲသီးခွံကိုကြိတ်ပြီး မျက်နှာပေါင်းတင်ပေးလို့လည်းရပါတယ်။

ရေဓာတ်ဖြည့်ပေးနိုင်တယ်

ဝက်ခြံဖြစ်လွယ်ပြီး အဆီပြန်လွယ်တဲ့အသားအရေအတွက်ပဲ သလဲသီးကို သုံးလို့ရတာမဟုတ်ပါဘူး။ ခြောက်သွေ့တဲ့ အသားအရေကို ရေဓာတ်ဖြည့်တင်းစေဖို့အတွက် သလဲသီးကို အားကိုးလို့ရပါသေးတယ်။ သလဲသီးမှာပါတဲ့ punicic acid နဲ့ သလဲသီးစေ့မှာပါတဲ့ oleic acid တို့က အရေပြားကို အစိုဓာတ်ဖြည့်ပေးပြီး အသားအရေကို ကျန်းမာအောင် အားဖြည့်ပေးနိုင် ပါတယ်။ ဗီတာမင် C ကြွယ်ဝမှုကလည်း အသားအရေကြမ်းတမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

အနာကျက်စေနိုင်တယ်

အနာတွေဖြစ်တဲ့အခါ အမာရွတ်ကျန်မှာစိုးတယ်ဆိုရင်တော့ သလဲသီးဖျော်ရည်သာသောက်ပေးပါ။ အနာကို သလဲသီးခွံကြိတ်ခြေပြီး အုံပေးလို့လည်းရပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာက အနာပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ် ပေးပြီး အနာကျက်မြန်စေနိုင်ပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့လည်း အနာကျက်စေဖို့ သလဲသီးစားပေးလို့ရပါတယ်။

အရေပြားကင်ဆာကာကွယ်ပေးနိုင်ပါတယ်

အရေပြားရောဂါကင်းပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ နဲ့ အရေပြားကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင်တော့ ဗီတာမင် C၊ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝစွာပါဝင်နေတဲ့ သလဲသီးကို ပုံမှန်စားသုံးပေးပါ။ အသားအရေကို အဆိပ်အတောက်တွေကြောင့် ထိခိုက်နိုင်ခြေကနေ အထိရောက်ဆုံးကကွယ်ပေးပါတယ်။ သလဲသီးစေ့ အဆီက အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

#ဘယ်သူတွေမစားသင့်ဘူးလဲ…….
သလဲသီးက အရေပြားအတွက် ကောင်းကျိုးများတယ်ဆိုပေမယ့် ဒီလိုအခြေအနေမျိုးဆိုရင်တော့ မစားသင့်ပါဘူး။

• ဝမ်းပျက်ဝမ်းလျှောဖြစ်နေမယ်
• ကိုယ်ဝန်ဆောင် မိခင်ဖြစ်နေမယ်
• သွေးပေါင်ကျဆေးသောက်နေရမယ်
• သွေးတွင်းကိုလက်စထရောကျအောင် ဆေးသောက်နေရမယ်ဆိုရင်တော့ သလဲသီးကို မစားသင့်ပါဘူး။

crd
Hello Health Group

Photos from ဟာန်နုမာန် by ei thet paing's post 24/05/2022

ခြေဖဝါးတင်းခြင်း၊ပူခြင်း၊ကျိန်းခြင်း၊ထုံခြင်းအတွက် ​
လေ့ကျင့်ခန်း(၄)မျိုး
************************************************

​✅လေ့ကျင့်ခန်း(၁)
••••••••••••••••••
ခြေသုတ်ပုဝါတစ်ခုကို ကြမ်းပြင်မှာချပြီး ခြေချောင်းလေးတွေနဲ့ ရအောင်ညှပ်ယူရပါမယ်။ ခြေချောင်းလေးတွေနဲ့ ခြေသုတ်ပုဝါကိုညှပ်ယူလိုက်၊ ခြေချောင်းတွေကို ပြန်ဖြန့်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးပါ။ ဘယ် ၁၀ ကြိမ်၊ ညာ ၁၀ ကြိမ်နဲ့ ခြေထောက်နှစ်ဖက်လုံး လုပ်ရမှာပါ။ ခြေချောင်းလေးတွေ ကိုက်ခဲတာ၊ နာကျင်တာကို သက်သာစေပါတယ်။

​✅လေ့ကျင့်ခန်း(၂)
••••••••••••••••••
ထိုင်ခုံမှာထိုင်ပြီး တင်းနစ်ဘောလုံးကို ခြေဖဝါးအောက်မှာထားတာ ၂ မိနစ်လောက် လှိမ့်နေပေးရပါမယ်။ ဘယ်ခြေဖဝါးနဲ့ ၂ မိနစ်၊ ညာခြေဖဝါးနဲ့ ၂ မိနစ်လုပ်ပေးရမှာပါ။ ခြေဖဝါးနာကျင်တာ၊ ညောင်းညာတာကို သက်သာစေပါတယ်။

​✅လေ့ကျင့်ခန်း(၃)
••••••••••••••••••
ပုံမှာပြထားသလို လေ့ကျင့်ခန်းလုပ်တဲ့ သားရေကြိုးကြီးတွေ အပြင်မှာရောင်းပါတယ်။ ဒီသားရေကြိုးကြီးရဲ့ ကွင်းမှာ ခြေထောက်တစ်ဖက်ကို ထည့်ထားပြီး နောက်ခြေထောက်တစ်ဖက်နဲ့ သားရေကြိုးကို တက်နင်းထားပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်းထိုင်းပြီး ကွင်းမှာထည့်ထားတဲ့ခြေထောက်ကို လက်နဲ့ဆွဲတင်လိုက်၊ ပြန်ချလိုက် လုပ်ပေးရမှာပါ။ ဘယ်၊ ညာ တစ်လှည့်စီ ၁၀ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။ ခြေထောက်နာကျင်ကိုက်ခဲတာ တော်တော်သက်သာစေပါတယ်။

​✅လေ့ကျင့်ခန်း(၄)
••••••••••••••••••
အလုပ်လုပ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ထိုင်တဲ့အချိန်မှာပဲဖြစ်ဖြစ် ဖိနပ်ကို ချွတ်ထိုင်ပါ။ အထူးသဖြင့် အပိတ်ဖိနပ်စီးတဲ့သူတွေက ပိုနာပါတယ်။ ဒါကြောင့် အမြဲစီးမထားပဲ ချွတ်ထားပါ။ ပြီးရင် လေ့ကျင့်ခန်းလုပ်ပါ။ ထိုင်နေရင်းနဲ့ ခြေထောက်ကို ကြမ်းနဲ့ထိထားပါ။ ပြီးရင် ထိပ်ပိုင်းလေးကို ကော့လိုက်၊ ပြန်ချလိုက်နဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။

လေစားစွာဖြင့်မူရင်း Credit

24/05/2022

ဒူးခေါင်းနာခြင်းအတွက် အစွမ်းထက်အိမ်တွင်းကုသနည်းများ
************************************

ဒူးခေါင်းနာခြင်းကို အသက်ကြီးပိုင်တွေဆီကနေ မကြာခဏလိုလိုကြားနေရပါတယ်။ တကယ်တော့ ဒူးခေါင်းနာတာက လူငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ထိခိုက်ဒဏ်ကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကြောင်းအရင်းကြောင့်ပဲဖြစ်ဖြစ် ဒူးခေါင်းနာတာကို ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရနိုင်ပါတယ်။ ဒူးခေါင်းနာတာအတွက် ကုသနည်းတွေရှိပါတယ်။ အဲဒီကုသနည်းတွေက အိမ်မှာပဲလုပ်ဆောင်လို့ရပြီး အတော်လေးကို အကူအညီဖြစ်ပါတယ်။

✔️မရှိမဖြစ်ဆီတွေလိမ်းပြီး နှိပ်နယ်ပေးပါ

နှိပ်နယ်ပေးခြင်းကလည်း ဒူးခေါင်းနဲ့ အဆစ်အမြစ်နာကျင်တဲ့လက္ခဏာရပ်တွေကို သက်သာသွားစေနိုင်တဲ့ နည်းတစ်နည်းပါပဲ။ သင့်ဒူးခေါင်းကို ဆီလိမ်းပြီး နှိပ်နယ်ပေးတာက ပိုပြီးထိရောက်မှုရှိပါတယ်။ တချို့လေ့လာချက်တွေအရ ချင်းနဲ့ လိမ္မော်ဆီတွေက ဒူးခေါင်းနာခြင်းကို ပျောက်ကင်းသက်သာစေတဲ့နေရာမှာ အစွမ်းထက်တယ်လို့ ဆိုပါတယ်။

✔️အပူအအေးကပ်ပေးပါ

အပူကော၊ အအေးကောနှစ်ခုလုံးက ဒူးခေါင်းနာခြင်းလက္ခဏာရပ်တွေကို ပြောလျော့စေတဲ့နေရာမှာ အစွမ်းထက်ပါတယ်။ ဒါပေမဲ့ သင် ရွေးချယ်တဲ့ကုသမှုက သင်ခံစားနေရတဲ့နာကျင်တဲ့အမျိုးအစားပေါ်မူတည်ပါတယ်။ သင်က ရောင်ရမ်းနေတယ်ဆိုရင် အပူကပ်ပေးတာကို ရှောင်သင့်ပါတယ်။ အပူနဲ့ကုသတာက အဆစ်ရောင်နာကဲ့သို့ နာတာရှည်နာကျင်မှုအတွက် အကောင်းဆုံးပါပဲ။ အားကစားလုပ်လိုက်လို့ ထိခိုက်နာကျင်တာမျိုးတွေဆိုရင် အအေးကပ်ပေးလို့ရပါတယ်။

✔️ပန်းသီးအရက်ရှာလကာရည်
ပန်းသီးအရက်ရှာလကာရည်က အဆစ်အမြစ်ရောင်ရမ်းခြင်းကဲ့သို့ နာတာရှည်နာကျင်မှုမျိုးကို ပြေလျော့သွားစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဒါက နာကျင်မှုတွေ ပြောလျော့စေတဲ့ အဆစ်အမြစ်တွေမှာရှိတဲ့ Lubrication ကို သိုလှောင်ဖို့အတွက် ကူညီပေးပြီး ခြေထောက်လှုပ်ရှားရတာလည်း လွယ်ကူသွားစေပါတယ်။ ရေတစ်ခွက်ထဲကို ပန်းသီးအရက်ရှာလကာရည်ခွက်တစ်ဝက်ထည့်ပြီး ရောစပ်လိုက်ပါ။ အဲဒီရောစပ်ထားတဲ့အရည်ကို ညအိပ်ရာမဝင်ခင် နေ့စဉ်သောက်သုံးပေးပါ။

✔️ချင်းမှုန့်

ချင်းအဆီ၊ ချင်းမှုန့် (ချင်းကိုအမှုန့်ဖြစ်အောင်လုပ်ထား) (သို့) ချင်းတို့က သင့်ဒူးခေါင်းအတွက် ကောင်းပါတယ်။ ဒီဆေးဘက်ဝင်အပင်က ရောင်ရမ်းနာကျင်မှုတွေကို သဘာဝအလျောက်ဖယ်ရှားပေးနိုင်တဲ့ gingerolဆိုတဲ့ဒြပ်ပေါင်းပါဝင်ပါတယ်။ ချင်းပြုတ်ရည်လုပ်ပြီး ဒူးခေါင်းနာတာသက်သာဖို့အတွက် တစ်နေ့ နှစ်ကြိမ်သောက်ပေးသင့်ပါတယ်။

✔️နနွင်းမှုန့်

နနွင်းမှုန့်က အစွမ်းထက်ဟင်းခတ်အမွေးအကြိုင်ဖြစ်ပြီး ဟိုအရင်ကတည်းက ဆေးပညာသမိုင်းမှာ အသုံးပြုခဲ့ကြတာပါ။ နနွင်းမှုန့်မှာပါဝင်တဲ့ ကာကူမင်း (curcumin) ဆိုတဲ့ဒြပ်ပေါင်းက အဆစ်အမြစ်နာကျင်တာနဲ့ ရောင်ရမ်းခြင်းတွေကို ကုသတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။ ရေခွက်တစ်ခွက်ထဲမှာ ချင်းနဲ့နနွင်းမှုန့်တို့ကို ရောထည့်ပြီး (၁၂-၁၅) မိနစ်လောက် ဆူအောင်ထားလိုက်ပါ။ အဲဒီနောက် ဒူးခေါင်းနာတာ၊ အဆစ်အမြစ်နာကျင်တာတွေ သက်သာသွားဖို့အတွက် ဒီအရောအနှောကို နေ့စဉ်သောက်သုံးပေးလို့ရပါတယ်။

လေးစားစွာဖြင့်မူရင်း Credit

24/05/2022

#အိပ်နေရင်းနဲ့_ကြွက်တက်တာ_လန့်ပါနိုးတယ်
#ဒူးခေါင်းကျော်ရင်သေတတ်တယ်ဆိုလို့_အတင်းဖိချထားရတယ်


#ကြွက်တက်တယ် (ကြွက်သားအစုကြီးဖောင်းတတ်လာတာပါ)

အဖြစ်များတာက ခြေသလုံးကြွက်သားဖြစ်ပါတယ်
ပေါင်အရှေ့ကကြွက်သားတွေလည်း ကြွက်တက်တတ်သလို ပေါင်အနောက်ကကြွက်သားတွေလည်း ကြွက်တက်တတ်ပါတယ်။

ဘာလို့ဖြစ်ရတာလဲဆိုတော့ ⁉️

ကြွက်သားတွေကို ထိန်းချုပ်ထားတဲ့ အာရုံကြောက ရုတ်တရက်ထပြီး ကြွက်သားကိုညှစ်ခိုင်းလိုက်လို့ပါ။

ဖြစ်ရတဲ့အကြောင်းရင်းတွေက

- ကြွက်သားကို အလွန်အကျွံအသုံးပြုထားတယ်
ဥပမာ - Leg day (Gym မှာ ခြေထောက်ဆော့ထားတဲ့နေ့၊ ဘောလုံးကန်တယ်၊ ပြေးတယ်၊ တောင်တတ်ထားတယ်)
- ရေဓာတ်ခမ်းခြောက်လို့ (Dehydration)
ချွေးထွက်များတဲ့ နွေရာသီမှာချွေးထွက်လွန်ရင်ကြွက်တက် တတ်သလို ၊ 😢 အခုဆောင်းတွင်းမှာလည်း အေးတဲ့အတွက် ရေသောက်ဖို့မေ့နေတတ်ပါတယ် နှုတ်ခမ်းတွေအရမ်းခြောက်နေတာဟာ (လေထုရဲ့ စိုထိုင်းစ နည်းနေတာအပြင်) ရေဓာတ်ခမ်းခြောက်လို့လည်းပါ ပါတယ်
- တချို့ဓာတ်တွေချို့တဲ့လို့
Calcium, Potassium, Magnesium, Vitamin B12
- ကိုယ်ဝန်ဆောင်တွေမှာလည်း မကြာခဏ ကြွက်တက်တတ်ပါတယ်
- ​ကြွက်သားကို သွေးအသွားအလာနည်းလို့
( တချို့က ဒူးခေါင်းကိုကျော်ပြီးကြွက်တက်ရင် သေတတ်တယ်ဆိုလို့ ကြိုးနဲ့စည်းထားတတ်ပါတယ် ၊ ကြိုးစည်းထားလို့ သွေး အသွားအလာနည်းတာကလည်း ကြွက်တက်စေတဲ့အကြောင်းရင်းပါ)
- ခါးအာရုံကြောတွေညပ်နေတာကလည်း ကြွက်တက်သလို ကြွက်သားတွေ နာတတ်ပါတယ်။

👉👉👉
ကြွက်တက်တာက ကြွက်သားအစုအဝေး အနည်းငယ်ပဲ ရုတ်တရက် အရမ်းညှစ်လိုက်တာဖြစ်လို့ မခံမရပ်နိုင်အောင်နာပေမယ့် အသက်အန္တရာယ်မရှိပါဘူး

​ခြေသလုံးကြွက်သားဟာ ဖနောက်ရိုးနဲ့ကို ဖနောက်ကြော(လူရဲ့တစ်ကိုယ်လုံးမှာအကြီးဆုံးအရွတ်) နဲ့ဆက်ထားတဲ့အတွက် အပေါ်တတ်လာနိုင်စရာ (လုံးဝ) မရှိပါဘူး။

အဲ့ဒါကြောင့် ကြွက်တက်တာ ဒူးခေါင်းကျော်ရင် သေတတ်တယ်ဆိုတာ လုံးဝ (လုံးဝ) မဟုတ်ပါဘူး

👉👉👉

#ကြွက်မတက်အောင်_ဘာလုပ်ရမလဲ ⁉️

1. လေ့ကျင့်ခန်းလုပ်တိုင်း ကြွက်မတက်ပါဘူး၊ အကြောသေချာမလျှော့ မှ ဖြစ်တာမို့လို့
လေ့ကျင့်ခန်း လုပ်ပြီးတိုင်း အကြောလျှော့တာကို အချိန်ပေးပြီး သေသေချာချာလုပ်ပါ
2. သတိထားပြီး ရေသောက်ပါ တစ်နေ့ (၂-၃) လီတာသောက်ပါ၊ ရေသောက်တာဟာ ဝမ်းမှန်စေသလို၊ အသားအရေစိုပြေချောမွေ့စေပါတယ်
3. ဓာတ်တွေချို့တဲ့လို့ဆိုပြီး ဆေးတွေလျှောက်မသောက်ကြပါနဲ့
ကျွန်တော့ကို Chat Box က လာမေးကြတဲ့ လူတွေမှာ တစ်နေ့ကို အားဆေး (၆) မျိုးလောက် သောက်နေကြတာ အရမ်းအံ့ဩဖို့ကောင်းပါတယ်။
- အားဆေး ဆိုတာ အားရှိစေတဲ့ဆေးမဟုတ်ပါဘူး Multivitamins တွေပါ
- ပိုသောက်လို့ ပိုကောင်းမလာပါဘူး ၊ Daily requirements ထက်ပိုတာမှန်သမျှ ခန္ဓာကိုယ်က စွန့်ထုတ်ပစ်ပါတယ်
- တချို့ fat-soluble vitamins (Vitamin - A,D,E,K) တွေက လိုတာထက်ပိုရင် Overdose ဖြစ်ရင် အန္တရာယ်တောင်ရှိပါတယ်
- လက်တွေ့ မကောင်းကျိုးကတော့ ပိုက်ဆံတွေသမျောစရာကြီးဗျာ (တစ်နေ့ဆေးဖိုး ၃-၄ ထောင်လောက်ရှိတယ်) ဆီးထဲဝမ်းထဲပါသွားမယ့်ဟာတွေအတွက် ဖြုန်းနေကြတာ။

#ကြွက်မတက်အောင် စားရမှာတွေက
Potassium က ဖီးကြမ်းငှက်ပျောသီးမှာပါဝင်ပါတယ်။
Calcium က နို့နဲ့နို့ထွက်ပစ္စည်း
Magnesium ကနို့နဲ့နို့ထွက်ပစ္စည်း၊ အစေ့အဆန်တွေမှာပါဝင်ပါတယ်
Vitamin B12 က အသားစားရင်ရပါတယ်
နေ့တိုင်းစားနေစရာမလိုပါဘူး၊ တစ်ပတ် (၃-၄) ရက်လောက်စားရင် ရပါပြီ။

👉👉👉
#ကြွက်တက်ပြီ_ဘာလုပ်ရမလဲ ⁉️

ခြေသလုံးကြွက်တက်ရင် #ဒူးခေါင်းအထက် ရောက်မှာစိုးလို့ ဒူးအတင်းကွေးကြပါတယ် ❌ မဟုတ်ပါဘူး
- ခြေထောက်ဆန့်ထားပါ

အတင်းဖိချကြပါတယ် ❌ မလုပ်ပါနဲ့
- ဖြည်းဖြည်းပဲ ဖိနှိပ်ပေးပါ

အချိန်ခဏနဲ့ပဲ ကြွက်သားတင်းနေတာ လျော့သွားပါလိမ့်မယ်
နာပြီးကျန်ခဲ့တာအတွက်က
- ရေစိုဝတ်ကပ်ပေးပါ
- ခပ်ဖွဖွ နှိပ်နယ်ပေးပါ

ခြေထောက်ကြီးကွေးလိုက်ရင် ကြွက်တက်တဲ့အချိန်ကြာနိုင်သလို၊ အတင်းဖိပြီးအောက်ကိုတွန်းချကြရင် 😰 လမ်းမလျှောက်နိုင်လောက်အောင် နာပြီး ကျန်ခဲ့ နိုင်ပါတယ်။

***ကိုယ်ဝန်ဆောင်များအတွက်ကတော့
- ရေများများသောက်ပါ
- အဟာရပြည့်ဝအောင်စားပါ
- OG ဆရာဝန်ညွှန်းတဲ့ ကိုယ်ဝန်ဆောင်အားဆေး တွေမှန်မှန်သောက်ပါ
- အကြောတွေတင်းမနေအောင် လှုပ်လှုပ်ရှားရှားနေပါ
- ကြွက်ခဏခဏတက်ရင်တော့ ကိုယ်ဝန်အပ်ထားတဲ့ OG ဆရာဝန် နဲ့ တိုင်ပင်ပါ

***အကြောင်းရင်းမရှိပဲ ခဏခဏ ကြွက်တက်နေပြီး ၊ ထုံကျဉ်တာ၊ ခါးနာတာပါ ရှိရင်တော့ #အရိုးခွဲစိတ်အထူးကုဆရာဝန် နဲ့ပြသပါ။

(Photo credit ; jbyrdyoga)
(Original post ; Dec ,2020 👉 https://www.facebook.com/104993831383029/posts/154443399771405/ )

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင် #အိပ်နေရင်းနဲ့_ကြွက်တက်တာ_လန့်ပါနိုးတယ်
#ဒူးခေါင်းကျော်ရင်သေတတ်တယ်ဆိုလို့_အတင်းဖိချထားရတယ်


#ကြွက်တက်တယ် (ကြွက်သားအစုကြီးဖောင်းတတ်လာတာပါ)

အဖြစ်များတာက ခြေသလုံးကြွက်သားဖြစ်ပါတယ်
ပေါင်အရှေ့ကကြွက်သားတွေလည်း ကြွက်တက်တတ်သလို ပေါင်အနောက်ကကြွက်သားတွေလည်း ကြွက်တက်တတ်ပါတယ်။

ဘာလို့ဖြစ်ရတာလဲဆိုတော့ ⁉️

ကြွက်သားတွေကို ထိန်းချုပ်ထားတဲ့ အာရုံကြောက ရုတ်တရက်ထပြီး ကြွက်သားကိုညှစ်ခိုင်းလိုက်လို့ပါ။

ဖြစ်ရတဲ့အကြောင်းရင်းတွေက

- ကြွက်သားကို အလွန်အကျွံအသုံးပြုထားတယ်
ဥပမာ - Leg day (Gym မှာ ခြေထောက်ဆော့ထားတဲ့နေ့၊ ဘောလုံးကန်တယ်၊ ပြေးတယ်၊ တောင်တတ်ထားတယ်)
- ရေဓာတ်ခမ်းခြောက်လို့ (Dehydration)
ချွေးထွက်များတဲ့ နွေရာသီမှာချွေးထွက်လွန်ရင်ကြွက်တက် တတ်သလို ၊ 😢 အခုဆောင်းတွင်းမှာလည်း အေးတဲ့အတွက် ရေသောက်ဖို့မေ့နေတတ်ပါတယ် နှုတ်ခမ်းတွေအရမ်းခြောက်နေတာဟာ (လေထုရဲ့ စိုထိုင်းစ နည်းနေတာအပြင်) ရေဓာတ်ခမ်းခြောက်လို့လည်းပါ ပါတယ်
- တချို့ဓာတ်တွေချို့တဲ့လို့
Calcium, Potassium, Magnesium, Vitamin B12
- ကိုယ်ဝန်ဆောင်တွေမှာလည်း မကြာခဏ ကြွက်တက်တတ်ပါတယ်
- ​ကြွက်သားကို သွေးအသွားအလာနည်းလို့
( တချို့က ဒူးခေါင်းကိုကျော်ပြီးကြွက်တက်ရင် သေတတ်တယ်ဆိုလို့ ကြိုးနဲ့စည်းထားတတ်ပါတယ် ၊ ကြိုးစည်းထားလို့ သွေး အသွားအလာနည်းတာကလည်း ကြွက်တက်စေတဲ့အကြောင်းရင်းပါ)
- ခါးအာရုံကြောတွေညပ်နေတာကလည်း ကြွက်တက်သလို ကြွက်သားတွေ နာတတ်ပါတယ်။

👉👉👉
ကြွက်တက်တာက ကြွက်သားအစုအဝေး အနည်းငယ်ပဲ ရုတ်တရက် အရမ်းညှစ်လိုက်တာဖြစ်လို့ မခံမရပ်နိုင်အောင်နာပေမယ့် အသက်အန္တရာယ်မရှိပါဘူး

​ခြေသလုံးကြွက်သားဟာ ဖနောက်ရိုးနဲ့ကို ဖနောက်ကြော(လူရဲ့တစ်ကိုယ်လုံးမှာအကြီးဆုံးအရွတ်) နဲ့ဆက်ထားတဲ့အတွက် အပေါ်တတ်လာနိုင်စရာ (လုံးဝ) မရှိပါဘူး။

အဲ့ဒါကြောင့် ကြွက်တက်တာ ဒူးခေါင်းကျော်ရင် သေတတ်တယ်ဆိုတာ လုံးဝ (လုံးဝ) မဟုတ်ပါဘူး

👉👉👉

#ကြွက်မတက်အောင်_ဘာလုပ်ရမလဲ ⁉️

1. လေ့ကျင့်ခန်းလုပ်တိုင်း ကြွက်မတက်ပါဘူး၊ အကြောသေချာမလျှော့ မှ ဖြစ်တာမို့လို့
လေ့ကျင့်ခန်း လုပ်ပြီးတိုင်း အကြောလျှော့တာကို အချိန်ပေးပြီး သေသေချာချာလုပ်ပါ
2. သတိထားပြီး ရေသောက်ပါ တစ်နေ့ (၂-၃) လီတာသောက်ပါ၊ ရေသောက်တာဟာ ဝမ်းမှန်စေသလို၊ အသားအရေစိုပြေချောမွေ့စေပါတယ်
3. ဓာတ်တွေချို့တဲ့လို့ဆိုပြီး ဆေးတွေလျှောက်မသောက်ကြပါနဲ့
ကျွန်တော့ကို Chat Box က လာမေးကြတဲ့ လူတွေမှာ တစ်နေ့ကို အားဆေး (၆) မျိုးလောက် သောက်နေကြတာ အရမ်းအံ့ဩဖို့ကောင်းပါတယ်။
- အားဆေး ဆိုတာ အားရှိစေတဲ့ဆေးမဟုတ်ပါဘူး Multivitamins တွေပါ
- ပိုသောက်လို့ ပိုကောင်းမလာပါဘူး ၊ Daily requirements ထက်ပိုတာမှန်သမျှ ခန္ဓာကိုယ်က စွန့်ထုတ်ပစ်ပါတယ်
- တချို့ fat-soluble vitamins (Vitamin - A,D,E,K) တွေက လိုတာထက်ပိုရင် Overdose ဖြစ်ရင် အန္တရာယ်တောင်ရှိပါတယ်
- လက်တွေ့ မကောင်းကျိုးကတော့ ပိုက်ဆံတွေသမျောစရာကြီးဗျာ (တစ်နေ့ဆေးဖိုး ၃-၄ ထောင်လောက်ရှိတယ်) ဆီးထဲဝမ်းထဲပါသွားမယ့်ဟာတွေအတွက် ဖြုန်းနေကြတာ။

#ကြွက်မတက်အောင် စားရမှာတွေက
Potassium က ဖီးကြမ်းငှက်ပျောသီးမှာပါဝင်ပါတယ်။
Calcium က နို့နဲ့နို့ထွက်ပစ္စည်း
Magnesium ကနို့နဲ့နို့ထွက်ပစ္စည်း၊ အစေ့အဆန်တွေမှာပါဝင်ပါတယ်
Vitamin B12 က အသားစားရင်ရပါတယ်
နေ့တိုင်းစားနေစရာမလိုပါဘူး၊ တစ်ပတ် (၃-၄) ရက်လောက်စားရင် ရပါပြီ။

👉👉👉
#ကြွက်တက်ပြီ_ဘာလုပ်ရမလဲ ⁉️

ခြေသလုံးကြွက်တက်ရင် #ဒူးခေါင်းအထက် ရောက်မှာစိုးလို့ ဒူးအတင်းကွေးကြပါတယ် ❌ မဟုတ်ပါဘူး
- ခြေထောက်ဆန့်ထားပါ

အတင်းဖိချကြပါတယ် ❌ မလုပ်ပါနဲ့
- ဖြည်းဖြည်းပဲ ဖိနှိပ်ပေးပါ

အချိန်ခဏနဲ့ပဲ ကြွက်သားတင်းနေတာ လျော့သွားပါလိမ့်မယ်
နာပြီးကျန်ခဲ့တာအတွက်က
- ရေစိုဝတ်ကပ်ပေးပါ
- ခပ်ဖွဖွ နှိပ်နယ်ပေးပါ

ခြေထောက်ကြီးကွေးလိုက်ရင် ကြွက်တက်တဲ့အချိန်ကြာနိုင်သလို၊ အတင်းဖိပြီးအောက်ကိုတွန်းချကြရင် 😰 လမ်းမလျှောက်နိုင်လောက်အောင် နာပြီး ကျန်ခဲ့ နိုင်ပါတယ်။

***ကိုယ်ဝန်ဆောင်များအတွက်ကတော့
- ရေများများသောက်ပါ
- အဟာရပြည့်ဝအောင်စားပါ
- OG ဆရာဝန်ညွှန်းတဲ့ ကိုယ်ဝန်ဆောင်အားဆေး တွေမှန်မှန်သောက်ပါ
- အကြောတွေတင်းမနေအောင် လှုပ်လှုပ်ရှားရှားနေပါ
- ကြွက်ခဏခဏတက်ရင်တော့ ကိုယ်ဝန်အပ်ထားတဲ့ OG ဆရာဝန် နဲ့ တိုင်ပင်ပါ

***အကြောင်းရင်းမရှိပဲ ခဏခဏ ကြွက်တက်နေပြီး ၊ ထုံကျဉ်တာ၊ ခါးနာတာပါ ရှိရင်တော့ #အရိုးခွဲစိတ်အထူးကုဆရာဝန် နဲ့ပြသပါ။

(Photo credit ; jbyrdyoga)
(Original post ; Dec ,2020 👉 https://www.facebook.com/104993831383029/posts/154443399771405/ )

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

Photos from ဟာန်နုမာန် by ei thet paing's post 23/05/2022

‼️လူတချို့က ထင်ကြလိမ့်မယ်‼️

မင်မင်တို့ရဲ့ 🐒ဆေးကပ်ခွာ

က ရောဂါအစုံကို ပျောက်နေတော့တာပဲလို့

ပြောကောင်းပြောကြပါလိမ့်မယ်🤷‍♀️

🙅ရောဂါကုသပေးတဲ့ဆေးမဟုတ်ပါဘူးရှင့်🙅

ရောဂါကြောင့်ဖြစ်တက်တဲ့ နာကျင်ကိုက်ခဲမှု

ဝေဒနာတွေကို သက်သာစေတာပါရှင့်🙆

💁ဒီတခါမှာတော့ ဆေးထိုးဆေးသောက်

ကြောက်တက်တဲ့👶 Babyလေးတွေ

အတွက် ဘယ်လို အသုံးပြုပေးလို့ရတယ်ဆို

တာဖော်ပြလိုက်ပါရစေရှင်🥰

#ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ


09950374768orcb

Photos from ဟာန်နုမာန် by ei thet paing's post 23/05/2022

ဆေးဖက်၀င် တဲ့ ဒန့်ဒလွန် အကြောင်း

ဒန့်ဒလွန်စေ့ ဟာ အသည်း ပျက်စီးမှုမှ ကာကွယ်ပေးနိုင်တဲ့
အာနိသင်ရှိပါတယ်

သွေးတိုးရောဂါတွင်
*ဒန့်ဒလွန် အရွက် သတ္ထု ရည် ကို တစ်ကြိမ်လျှင် လက္ဘက်ရည်ဇွန်း
(၂)ဇွန်းစာကို တစ်နေ့ (၂) ကြိမ် သောက်ခြင်းဖြင့် သက်သာစေ
နိုင်ပါတယ်

(သို့) ဒန့်ဒလွန်ပြုတ်ရည် 300 ml ကို နံနက်စောစော အစာမစားမီ
သောက်ပေးခြင်းဖြင့် သွေးတိုးကို ထိန်းပေးနိုင်ပါတယ်

*အမျိုးသမီးများ ဓမ္မတာ ထိန်ခြင်း ငုတ်ခြင်းအတွက် ဒန့်ဒလွန်
အရွက်ကိုမိဿလင်ဥ ၊ ပဒဲကော တို့ကို ပါးပါးလှီး၍ ငရုတ့ကောင်းမှုန့်ခတ်ပြီးဟင်းခါးချက်သောက်လျှင် သက်သာပျောက်ကင်းစေ
ပါတယ်

*အအေးမိလည်ချောင်းနာ အသံ၀င်ခြင်းတို့တွင် ဒန့်ဒလွန်မြစ်
လတ်လတ်ဆက်ဆက်ကို ထုထောင်း ကြိတ်ချေ၍ ရသော သတ္ထု ရည်ကိုစားပွဲတင်ဇွန်း(၁)ဇွန်းခန့် သောက်ပေးပါက သက်သာစေနိုင်
ပါတယ်

အားဆေး
-----------
*ဒန့်ဒလွန်မြစ်မှုန့် နှင့် ပရန္နဝါမြစ်အမှုန့်ကို ဆတူ ရော၍ အုန်းနို့ ၊
ပျားရည်တို့နှင့် ရောစပ်ချက်ပြီး နံနက် ၊ ည ဟင်းစားဇွန်း (၁)
ဇွန်းခန့်သောက်ပေး ပါက ခွန်အား တိုးစေပါတယ်

*ကာမ အားတိုးဆေး
----------------------
ဒန့်ဒလွန် အပွင့်များကို နွားနို့ နှင့် ကျို ၍ သောက်ပေးခြင်း ၊
အပွင့်ဖက်များကိုစားပေးခြင်းဖြင့် အားတိုးစေပါတယ်

*နားကိုက် နားပြည်ယို အတွက် ပျောက်ဆေး
ဒန့်ဒလွန် ပင်စည် အခေါက် လက်လက်ဆတ်ဆတ်ကို
ထုထောင်းအရည်ညှစ်ကာ နားတွင်းသို့ တစက် နှစ်စက်မျှ
ထည့်ပေးပါကပျောက်ကင်းစေပါတယ်

*ဆီးလွန် ဆီးများ ရောဂါ
---------------------------
ညဘက်မကြာခဏ ထ၍ ဆီးသွားရသော ဆီးလွန်
ဆီးများရောဂါများတွင်ဒန့်ဒလွန်သီး အရင့်၏ အတွင်းသားများကို ခြစ်ယူအခြောက်လှမ်း၍
ခံတက်ခေါက်မှုန့် နှင့် ဆတူရော၍ နေ့လည် -ညနေ တို့တွင် ၂ ပဲသားခန့်သောက်ပေးပါကသက်သာစေနိုင်ပါတယ်

၀ါတဗျာဓိ (သွေးကျဆေး)
----------------------------
-စမုံမျိုးငါးပါး ၁ ကျပ်သားစီ ၅ကျပ်

-ချင်းခြောက် ၁ကျပ်

-လင်းနေ. ၁ကျပ်

-ဧကရာဇ်ျမစ် ၁က်ပ်

-ဘုမ္မရာဇာ ၁ကျပ် ၈ပဲ

-ဆင်တုန်းမနွယ် ၂ကျပ်

-နနွင်းခါး ၂ကျပ်

-ဒန့်ဒလွန်မြစ် ၂ကျပ်

ဒန့်ဒလွန်သီးဓာတ်စာ
---------------------
-ဒန်လွန်သီးကို ငါးရံ့ကင်နှင့် ဟင်းခါးချက်သောက်လျှင် မီးဖွပြီးစ
အမျိုးသမီးများ နို့ခမ်းခြင်း ၊ နို့ချောင်းပိတ်ခြင်း ၊ မီးယပ်ချမ်းထခြင်း
သက်သာပျောက်ကင်းစေသည်

- ဒန့်ဒလွန်သီးကို ပုဇွန် ထုပ်နှင့် ချက်စားပါက သွေး၀မ်သက်ရောဂါ
သက်သာစေနိုင်ပါတယ်

- ဒန့်ဒလွန် သီးကို ကြက်သားဖြင့် ချက်စားပါက နာတာရှည် ဒူလာ
ညောင်းကိုက် သက်သာစေပါတယ်

လွန်ကဲစွာ သုံးပါက
Moriginine ဒြပ်ပေါင်းသည် နှလုံးကို လှုံ့ဆော်ပေး၍
သွေးဖိအားတက်
စေရုံမက ခန္ဓာကိုယ်ရှိ ကိုယ်တွင်း ကလီစာ ကြွက်သားများနှင့်
sympatheticအာရုံကြောများ လှုံ့ဆော်ပေးသဖြင့် လွန်ကဲစွာ
မစားသုံးသင့်ပါ ။



ဒူးနာ၊ခါးနာခြင်း၊ခြေလက်ထုံကျဉ်ကိုက်ခဲခြင်း၊ကျီးပေါင်းတက်ခြင်း၊လေဖြန်းခြင်း များအတွက် #ဟာနုမာန်ကထုတ်လုပ်ထားတဲ့Aromamassageoilထဲတွင်ဒန့်ဒလွန်ဆီပါဝင်ထားလို့အသုံးပြုနိုင်ပါတယ်

09950374768

Photos from ဟာန်နုမာန် by ei thet paing's post 23/05/2022

🪴ဗိုက်ခေါက်လေးထွက်နေလား ❓
🪴ပေါင်ချိန်တိုင်း တိုးနေပြီလား ❓
🪴အစားမလျော့ ချင်ဘူးလား ❓
🪴Work outလုပ်ရမှာပျင်းနေလား❓
🪴အဝတ်စားလေးဝတ်ရင် ဗိုက်လေး ချပ်ချင်နေပြီလား❓
🪴ဝမ်းချုပ်နေလား❓
🪴သွေးတိုးနေလား❓
🪴ဆီးချို တက်နေလား❓

👉စားသမျှ အစာတွေ ချေဖျက်ပေးဖို့ လာပြီဝင့်ဝါ🔑🔑🔑🔑🔑🔑🔑🔑🔑🔑

👉ညအိပ်ခါနီး မိနစ်20ပဲအချိန်ပေးပြီး ဝင့်ဝါအဆီကျ လက်ဖက်ခြောက်လေးစိမ်ပါ(အချိန် လိုတိုး ပိုလျှော့နိုင်သည်)

🌻နေ့တိုင်း ပုံမှန် သောက်သုံးပေးခြင်းဖြင့်
အူရှင်း၊ဗိုက်ချပ်ကာ အဆီပိုဖယ်ရှားပြီးဖြစ်ပါသည်။အဆီကြောင့်ဖြစ်သော ရောဂါ ကာကွယ်ပေးပါသည်။

၁၀ရက်စာ တစ်ဗူး ၅၆၀၀
တစ်လစာ ၁၆၈၀၀

09950374768orcb

အမြို့မြို့အနယ်နယ်ပို့ဆောင်ပေးနေပါတယ်ရှင်

23/05/2022

#ခါးနာရင်ဒါတွေမလုပ်ပါနဲ့ ‼️

>>အလေအပင်မခြင်း
>>အိပ်ယာ ပျော့ပျော့(​မွေ့ယာ)တွင် အိပ်ခြင်း
>>ပတ်လက်ကုလားထိုင် ထိုင်ခြင်း
>>ကား၊ဆိုင်ကယ် နယ်ဝေးစီးခြင်း
>>အထိုင်များခြင်း
>>လမ်းများများလျှောက်ခြင်း
>>ပင်ပန်းသော အလုပ်ဆက်တိုက်လုပ်ခြင်း
>>ခါးကုန်း ၍ ပစ္စည်းကောက်ယူခြင်း
>>မတ်တပ် အရပ်များခြင်း ရှောင်ပါ။
>>အနင်းခံခြင်း ရှောင်ပါ။

ဒါတွေလိုက်နာပါ✅

>>အိပ်ယာထဲတွင် အနားယူပေးပါ။
>>အောက်ခြေထောက်ဆန့် အပေါ်ခြေထောက်ကွေးပြီး ခြေထောက်အောက်တွင် ဖက်လုံး ခံ၍ဘေးစောင်း အနားယူပေးပါ။ပုံမှာပြထားသည်။
>>ဝမ်းမှန်စေရန် အသီးအရွက်များများစားပါ။
>>ရေများများသောက်ပါ။
>>မဖြစ်မနေ ကား၊ဆိုင်ကယ်စီးပါက ခါးထိန်းခါးပတ် ဝယ်ပတ်ပါ။
>>ရေနွေးအိတ် ကပ်ပေးနိုင်သည်။
>>ခါးနာပြင်းထန်ပါက ဆေးရုံဆေးခန်းပြသပါ ။

➡️လေ့ကျင့်ခန်းတစ်ခုစီကို စက္ကန့် ၂၀ ပြုလုပ်ပေးခြင်းဖြင့်
#ခါးနာဝေဒနာကိုသက်သာစေနိုင်ပါတယ်👇👇👇

20/05/2022

ခြေလက်​ထုံကျင်​

ထုံကျင်ဖြစ်လျှင်မပေါ့နှင့်

​လေငန်းအစထုံကျင်​က၊ ထုံကျင်​ဖြစ်​လျှင်​သတိပြုပါ။

အ​အေးမပတ်​​အောင်​ဂရုစိုက်​ပါ။ ​သွေးတိုးမရှိ​အောင်​အစားအ​သောက်​ အ​နေအထိုင်​ ဂရုစိုက်​ပါ။
အချိုနှင့်ကောက်ညှင်းအစားများလျှင် ဆီးချိုဝင်လာတတ်သည်။ထုံကျင်ဖြစ်လျှင် ဆီးချိုစစ်ပါ။

၀မ်းမချုပ်​​အောင်​ အသီးအနှံများများစားပါ။ ခြေလေးချောင်းသားတတ်နိုင်သမျှ ရှောင်စားပါ။

သံပရာသီး၊သံပယိုသီးများ လေးစိတ်စိတ် အခွံပါ ရေနွေးမတ်ခွက်တစ်လုံးနဲ့စိမ် တစ်နေ့တစ်ခွက်သောက်ပါ။ သွေးကြော
အဆီပိတ်၍ ဖြစ်သော ထုံကျင်ရောဂါများသက်သာ၍ အဆီကျစေသည်။

လိမ်းဆေးလိမ်းပါ။နှင်းခူအခြောက် ဖရုံရွက်အခြောက်ခံ ပြာချ ရေနံချေးနဲ့လိမ်းပါ။
ဆင်အရေခွံ ပရဆေးဆိုင်မေးဝယ် ပြာချ အုန်းဆီနဲ့လိမ်းပါ။
တစ်နည်း
ကင်မွန်းသီးခြောက်ကိုသွေးလိမ်းပေးပါ။
မုံညှင်းဆီထဲမှာ ချင်းတက်​အနည်​းငယ်​ထု​ချေထည့် မီးဖြင့်ဆူအောင်ချက်​ထား။ တစ်​​နေ့၃ကြိမ်​ အသားထဲစိမ့်၀င်​​အောင်​လိမ်းပါ။

ပဲရာဇာ​ခေါ် ပဲနီ​လေး ဟင်းချိုချက်​​သောက်​ပါ။ ရဲယိုရွက်ကို ရေနွေးဖျော အတို့အမြုပ်လုပ်စားလျှင် ထုံကျင်ရောဂါအပြင် သွေးတိုးနှင့်ဆီးချို ရောဂါများပါသက်သာစေသည်။

ပိုဆိုးလာသောထုံကျင်ကိုက်ရောဂါများ

ဆင်​တုံးမနွယ်​ အမှုန့်ကို ပရ​ဆေးဆိုင်​ ​မေး၀ယ်​၊ ပျားရည်​နဲ့​တေ ဟင်းစားဇွန်း ၁ဇွန်းမနက်​ညစားပါ။
တိုင်းရင်းဆေးဆရာများပြသ၍ လေပူကျဆေး၊ အကြောလေလျှောက်ဆေး များသောက်ပါ။

ဆရာဝန်ပြသနိုင်သောနေရာဖြစ်လျှင်
အနောက်တိုင်းဆရာဝန်များပြသ၍.. သွေးတိုးနှင့် ဆီးချိုကို ပုံမှန်စစ်ဆေးပါ။

ကြည်လွင်မြင့် (မုဒြာ)

Credit.

ပြန်လည်မျှဝေသည်

20/05/2022

🛑 အိပ်နေစဉ် ဆတ်ခနဲ တုန်ပြီး
🛑 အကြောဆွဲခြင်း

တစ်ခါတစ်လေ အိပ်နေတုန်း အကောင်းကြီးကနေ ဘာဖြစ်မှန်းမသိ ဆတ်ခနဲ တုန်ပြီး အကြောဆွဲဖူးပါလား။ ??

တချို့ဆို လက်တွေ မြှောက်တာ၊ ခြေထောက်တွေ ကန်မိတာတွေ အထိပါ ဖြစ်တယ်လေ။ အဲ့ဒါကို ဆေးပညာအရ Sleep myoclonus လို့ ခေါ်ပါတယ်။ ကလေးတွေမှာ ပိုပြီး အတွေ့ရများပါတယ်။ လူကြီးတွေမှာလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဒါမျိုး ဖြစ်လာရင် တက်တာများလား၊ ထမင်းလုံးတစ္ဆေခြောက်တာလားဆိုပြီး စိုးရိမ်တတ်ကြတယ်ဟုတ်။ သူ့နောက်ကွယ်က အဖြစ်မှန်က ဘာလဲဆိုတာ ဆက်ကြည့်ကြည့်ရအောင်။

ဘာကြောင့် ဖြစ်တာလဲ⁉️

ဖြစ်ရတဲ့ အကြောင်းရင်းကို သေသေချာချာ မပြောနိုင်သေးပေမယ့် ဦးနှောက်ထဲက neurotransmitter ဒိုပါမင်းကြောင့်လို့ ယူဆကြပါတယ်။ ဒီတစ်ချက်တည်းနဲ့တင် အတက်ရောဂါနဲ့ ခွဲလို့ ရနေပါပြီ။ အတက်ရောဂါကတော့ ဦးနှောက်ထဲက လျှပ်စီးဓာတ်တွေ ကမောက်ကမ ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် ဦးနှောက်မှာ ဒိုပါမင်း မညီမျှတာကို ဖြစ်စေတဲ့ ဆေးတွေ၊ တချို့သော စိတ်ကျရောဂါကုဆေးတွေ၊ bismuthတွေပါ။ ကံကောင်းတာက ဆေးတွေရပ်လိုက်ရင် ပြန်သက်သာသွားပါတယ်။ restless legs syndrome လို့ ခေါ်တဲ့ အိပ်နေစဉ် ခြေထောက် ဂနာမငြိမ်ဖြစ်တာ၊ periodic limb movements of sleep လို့ ခေါ်တဲ့ အိပ်နေတုန်း မသိလိုက်ဘဲ ခြေတွေ လက်တွေ လှုပ်နေမိတာ၊ မှေးခနဲ အိပ်ပျော်တုန်း ကြွက်သားတွေ အကြောဆွဲတာ၊ ညအိပ်တုန်း ခြေထောက်ကြွက်တက်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဘယ်နေရာတွေ ဖြစ်တတ်လဲ။⁉️

နှုတ်ခမ်း၊ မျက်လုံး၊ ခြေချောင်း လက်ချောင်းတွေက စပြီး ခြေတွေ လက်တွေ အထိ အကုန်ဖြစ်နိုင်ပါတယ်။ တစ်ညကို တစ်ခါတည်း ဖြစ်နိုင်သလို၊ တစ်ခါမကလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါဖြစ်ရင် ဆတ်ခနဲ တုန်ပြီး ပြီးသွားနိုင်သလို မိနစ်အနည်းငယ်လည်း ကြာနိုင်ပါတယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်လဲ⁉️

ကလေးရော လူကြီးမှာပါ ဖြစ်နိုင်ပါတယ်။ လသားအရွယ်ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ကလေးတွေ အိပ်နေရင်း တုန်တက်သွားတာ တွေ့ဖူးမှာပါ။ မေမေတွေက ကလေး တစ်ခုခုကြောင့် လန့်သွားတယ်ထင်လို့ ဖင်လေးပုတ်ပြီး စောင်လေးခြုံပေးလိုက်ပါတယ်။ တကယ်တော့ အဲ့တာ Sleep myoclonus ဖြစ်တာပါ။ လူကြီးတွေမှာလည်း တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။

စိုးရိမ်ရလား⁉️

ကလေးတွေက များသောအားဖြင့် နည်းနည်းကြီးလာရင် သူ့အလိုလို ပျောက်သွားပါတယ်။ အရေးကြီးတာက အိပ်နေတုန်းမှာပဲ တုန်ရပါမယ်။ တုန်နေတုန်း နိုးလာရင် အတုန်ရပ်သွားရပါမယ်။ နိုးနေတဲ့အချိန်မှာ မတုန်ရပါဘူး။ ဒီလိုမှ မဟုတ်ရင်တော့ အတက်ရောဂါလား ဆိုတာ သေချာအောင် ဆရာဝန်နဲ့ ပြသစစ်ဆေးရပါမယ်။
လူကြီးတွေကတော့ သာမန်ပဲ တစ်ခါတစ်လေမှ ဆိုရင် ပြဿနာ မရှိပါဘူး။

Sleep myoclonus ကို ရောဂါလို့ မသတ်မှတ်လို့ပါ။ ဒါပေမယ့် ခဏခဏ ဖြစ်နေတယ်။ အိပ်လိုက်တာနဲ့ ဖြစ်နေလို့ အိပ်ရေးပျက်ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။ အကြောင်းက multiple sclerosisတို့၊ မှတ်ဉာဏ်ချို့ယွင်းတာတို့ ပါကင်ဆန်တို့ဟာလည်း ဒီလို လက္ခဏာမျိုးနဲ့ လာနိုင်လို့ပါ။

Sleep myoclonus ဆိုတာ ကြို့ထိုးတာ၊ တစ်ယောက်ယောက်က စလိုက်လို့ လန့်သွားပြီး တုန်တက်သွားတာတို့နဲ့ သဘောတရားချင်း တူတူပါပဲ။ ဒါကြောင့်လည်း ရောဂါလို့ မသတ်မှတ်တာပါ။ ဒါပေမယ့် ပြောခဲ့သလိုမျိုး အပေါ်က အချက်တွေ ရှိနေမယ်ဆိုရင်တော့ နောက်ခံရောဂါ တစ်ခုခု ရှိနေနိုင်တာမို့လို့ ဆရာဝန်နဲ့ပြသဖို့ အကြံပေးလိုပါတယ်။

Photos from ဟာန်နုမာန် by ei thet paing's post 20/05/2022

👉 ခါး နာတယ်၊ ကျော နာတယ် ဆိုရင် အဖြစ်နိုင် ဆုံးက ကြွက်သားဒဏ်ဖြစ်တာပါ။

ခန္ဓာကိုယ်မှာ ကျောရိုးဆစ်တွေက အာရုံကြောမကြီးကို ကာကွယ်ထားသလို ကျောရိုးဆစ်တစ်ခုစီကနေ အာရုံကြောတွေထွက်ပါတယ်။

ကျောရိုးဆစ်တွေ ပုံမှန်မဟုတ်တဲ့အခါ အာရုံကြောတွေညပ်တတ်ပါတယ်။


#ခါးကြောညှပ်ခြင်း

Sciatic Nerve က တင်ပါးဆုံရိုးထဲကနေ ခြေထောက်ကို ဆင်းပါတယ်၊ တင်ပါး ပေါင်အနောက် ခြေသလုံးကနေ ဖနောက်အထိဆင်းပါတယ်။‌
အမှတ်တမဲ့ အနေအထိုင်၊အပြုအမှုကြောင့် Sciatic Nerve ဒဏ်ဖြစ်တဲ့အခါ ခါးနာတာအပြင် တင်ပါး ပေါင်အနောက် ခြေသလုံးကနေ ဖနောက်အထိ ထုံ၊ ကျဉ်၊ နာပါတယ်။
ကြွက်သားတွေအားလျော့ပါတယ်။
အရမ်း အရမ်းကို နာတတ်ပါတယ် (ခါးကုန်းကုန်းဖြစ်နေပြီး ဆန့်မရ၊ ထိုင်မရ၊ အိပ်မရ၊ ထမရ အောင်ဖြစ်ပါတယ်)

👉👉👉
#ဘယ်လိုသိမလဲ ⁉️

ဘယ်လိုနာလဲပြောပြတာနဲ့ကို ချက်ချင်းသိပါတယ်။
{{တင်ပါး ပေါင်အနောက် ခြေသလုံးကနေ ဖနောက်အထိ ထုံ၊ ကျဉ်၊ နာပါတယ်}}
​သေချာချင်ရင် လုပ်ရတာက
#ခါးရိုးဓာတ်မှန်ရိုက်ရတာနဲ့
#ခါးရိုးသံလိုက်ဓာတ်မှန်(MRI)ရိုက်ရတာပါ
👉👉👉

Sciatica ရဲ့ (၉၀ ရာခိုင်နှုန်းက) ဆေးသောက်ခြင်း၊ရေခဲကပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နဲ့ ပျောက်သွားနိုင်ပါတယ်။

လူကြီးတွေမှာ Spinal Stenosis ဆိုတဲ့ ခါးဆစ်ရိုးလမ်းကြောင်းကျဉ်းတာကို ခါးထဲဆေးထိုးတဲ့ ကုသမှုရှိသလို ခါးဆစ်ရိုးနု အခြေအနေဆိုးဆိုး ကျွံနေတာမျိုးဆိုရင်တော့ ခွဲစိတ်မှုခံယူရပါတယ်။

ဖော်ပြပါ လက္ခဏာများဖြစ်လာလျှင်အချိန်မီကုရန် မပေါ့ဆသင့်ပါ။(Orthosurgeon)ဆရာဝန်နှင့်ပြသပါရန်။

Drဘုန်းစည်သူလွင်pageမှ ကိုးကား ဖော်ပြပေးထားပါသည်။

👉ခါးနာသူများအတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ထိုင်းတိုင်းရင်းဆေး တွဲသုံးပေးပါ။

👉(ပုံလေးတွေ ကြည့်ပြီး လုပ်ပါ)
👉ပုံကို commentတွင် ဖော်ပြပေးထားပါသည်

#နာကျင်သည်နေရာသို့ဟာနုမာန်လိမ်းဆေးအဆီကိုနေ့ဘက်လိမ်းပေးပြီး‌ေဆးကပ်ခွါကို
ညဘက်ကပ်အိပ်ပေးခြင်းဖြင့်နာကျင်မှုကိုသက်သာစေပါသည်။ဆေးကပ်ခွါ (၃)ထုပ်လောက်ထိ စွဲသုံးပေးပါ ။ဝေဒနာပေါ်မူတည်၍
သုံးပေးပါ။

#ဆေးကပ်ခွါ 14500
#လိမ်းဆေးအဆီ 13500
#အိမ်ရောက်ငွေချေရပါသည်

#10ထုပ်ကနေကိုယ်စားလှယ်ဝင်ယူရောင်းနိုင်ပါတယ်ရှင်🙆🙆🙆🙆
09950374768

Photo crd

20/05/2022

ဂုဏ်တော်ကွန်ချာ ဂါထာ
************************

၁။ သော ဘဂဝါ ဣတိပိ အရဟံ၊

အရဟံ ၀တ သော ဘဂဝါ၊

အရဟန်တံ သရဏံ ဂစျဆာမိ၊

အရဟန်တံ သိရသာ နမာမိ၊

ပထေမာ ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ အရဟံ။

၂။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊

သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊

သမ်မာသမ်ဗုဒ်ဓံ သရဏံ ဂစျဆာမိ၊

သမ်မာသမ်ဗုဒ်ဓံ သိရသာ နမာမိ၊

ဒုတိယော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

၃။ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊

၀ိဇ်ဇာစရဏသမ်ပန်နော ၀တ သော ဘဂဝါ၊

၀ိဇဇှာစရဏသမပှနနှံ သရဏံ ဂစဆှာမိ၊

၀ိဇဇှာစရဏသမပှနနှံ သိရသာ နမာမိ၊

တတိယော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။

၄။ သော ဘဂဝါ ဣတိပိ သုဂေတာ၊

သုဂေတာ ၀တ သော ဘဂဝါ၊

သုဂတံ သရဏံ ဂစဆွာမိ၊

သုဂတံ သိရသာ နမာမိ၊

စတုတ္ထော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သုဂေတာ။

၅။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊

လောကဝိဒူ ၀တ သော ဘဂဝါ၊

လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊

လောကဝိဒုံ သိရသာ နမာမိ၊

ပဉ္စမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၆။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊

အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သော ဘဂဝါ၊

အနုတ်တရံ ပုရိသ ဒမ်မသာရထိံ သရဏံ ဂစ်ဆာမိ၊

အနုတ်တရံ ပုရိသ ဒမ်မသာရထိံ သိရသာ နမာမိ၊

ဆဋ္ဌမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။

၇။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊

သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂဝါ၊

သတ်ထာရံ ဒဝမေနုဿာနံ သရဏံ ဂစျဆာမိ၊

သတ်ထာရံ ဒဝမေနုဿာနံ သိရသာ နမာမိ၊

သတ္တမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သတ်ထာ ဒဝမေနုဿာနံ။

၈။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊

ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊

ဗုဒ်ဓံ သရဏံ ဂစျဆာမိ၊

ဗုဒဓှံ သိရသာ နမာမိ၊

အဋ္ဌမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။

၉။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊

ဘဂဝါ ၀တ သော ဘဂဝါ၊

ဘဂ၀န်တံ သရဏံ ဂစျဆာမိ၊

ဘဂ၀န်တံ သိရသာ နမာမိ၊

နဝေမာ ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဘဂဝါ။

၁၀။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊

လောကဝိဒူ ၀တ သော ဘဂဝါ၊

လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊

လောကဝိဒုံ သိရသာ နမာမိ၊

ပဉ္စမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၁၁။ သော ဘဂဝါ ဣတိပိ သုဂေတာ၊

သုဂေတာ ၀တ သော ဘဂဝါ၊

သုဂတံ သရဏံ ဂစဆွာမိ၊

သုဂတံ သိရသာ နမာမိ၊

စတုတ္ထော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သုဂေတာ။

၁၂။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊

အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သော ဘဂဝါ၊

အနုတ်တရံ ပုရိသ ဒမ်မသာရထိံ သရဏံ ဂစ်ဆာမိ၊

အနုတ်တရံ ပုရိသ ဒမ်မသာရထိံ သိရသာ
နမာမိl

ဆဋ္ဌမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။

၁၃။ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊

ဝိဇ်ဇာစရဏသမ်ပန်နော ၀တ သော ဘဂဝါ၊

ဝိဇဇှာစရဏသမပှနနှံ သရဏံ ဂစဆွာမိ၊

ဝိဇဇွာစရဏသမပွနနွံ သိရသာ နမာမိ၊

တတိယော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။

၁၄။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊

သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂဝါ၊

သတ်ထာရံ ဒဝေမနုဿာနံ သရဏံ ဂစ်ဆာမိ၊

သတ်ထာရံ ဒဝေမနုဿာနံ သိရသာ နမာမိ၊

သတ္တမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သတ်ထာ ဒဝေမနုဿာနံ။

၁၅။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊

သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊

သမ်မာသမ်ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊

သမ်မာသမ်ဗုဒ်ဓံ သိရသာ နမာမိ၊

ဒုတိယော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

၁၆။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊

ဗုဒ္ဓေါ ၀တ သော ဘဂဝါ၊

ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊

ဗုဒဓှံ သိရသာ နမာမိ၊

အဋ္ဌမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။

၁၇။ သော ဘဂဝါ ဣတိပိ အရဟံ၊

အရဟံ ၀တ သော ဘဂဝါ၊

အရဟန်တံ သရဏံ ဂစ်ဆာမိ၊

အရဟန်တံ သိရသာ နမာမိ၊

ပထမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ အရဟံ။

၁၈။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊

ဘဂဝါ ၀တ သော ဘဂဝါ၊

ဘဂ၀န်တံ သရဏံ ဂစ်ဆာမိ၊

ဘဂ၀န်တံ သိရသာ နမာမိ၊

နဝမော ၀ဇီရပါကာရော၊

သော ဘဂဝါ ဣတိပိ ဘဂဝါ။

ဂုဏ်တော်ကွန်ချာပြီး၏။

@@@

Telephone

Website