True Heart of Affectionate by Thet Htar

True Heart of Affectionate by Thet Htar

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from True Heart of Affectionate by Thet Htar, Beauty, cosmetic & personal care, .

Photos from True Heart of Affectionate by Thet Htar's post 17/11/2021

Every little smile can touch somebody’s heart. No one is born happy, But all of us are born with the ability to create happiness. Always be happy.🌿🎊

Photos from True Heart of Affectionate by Thet Htar's post 07/11/2021

If you truly love nature, you will find beauty everywhere.🌿🌿🎊🎊

Photos from True Heart of Affectionate by Thet Htar's post 06/11/2021

🌻 အားလုံးပဲ မင်္ဂလာပါ🌻
"True Heart of Affectionate by Thet Htar " page လေးမှ ​​ပြန်လည်ကြိုဆိုလိုက်ပါတယ်🌿

အခု တစ်ပတ် သက်ထားပြောပြချင်တဲ့အကြောင်းလေးကတော့ ညိုချောလေးများ ဖြူချောလေးဖြစ်လာဖို့အတွက် သုံးရမယ့် Lotion လေးများ အကြောင်းပဲ ဖြစ်ပါတယ်🤓

မိန်းကလေးတွေရဲ့ မတူညီတဲ့အလှတွေမှာ ဖြူချောတို့ ညိုချောတို့ မဟူရာအလှတို့ဆိုပြီး ယေဘူယျ ခွဲခြားလေ့ရှိကြတာသိထားကြမယ်ထင်ပါတယ်📣

အခုသက်ထားပြောပြချင်တဲ့ အကြောင်း ကတော့ အသားညိုတဲ့ မိန်းက​လေးများအတွက်​ပေါ့နော်👧👧

သက်ထားကိုယ်တိုင်ကလည်း အသားညိုတဲ့ထဲပါတဲ့အတွက် အသားဖြူတဲ့မိန်းကလေးတွေကို အားကျမိခဲ့တာပေါ့နော်...အရမ်းမဖြူလာရင်တောင် ခပ်လတ်လတ်တော့ဖြစ်ချင်ခဲ့တာပေါ့...😢

နောက်ပြီးအဝတ်အစားတစ်ခုခုဝယ်ရင်တောင်မှ Skin tone လေးက ခပ်လတ်လတ်လေးဖြစ်နေတော့ ဘာရောင်ဝတ်ဝတ်လိုက်ဖတ်တာပေါ့နော်....🎉

( အသားညိုရင်.တော့.ဟိုအရောင်နဲ့လိုက်ပါ့မလား? ဒီအရောင်နဲ့လိုက်ပါ့ဆိုပြီးတွေးနေရွေးနေရတာကိုက ခေါင်းရှုတ်စရာပေါ့ကွယ်)😪

အသားညိုတာကလှတယ်......ချောတယ်..အကြည့်ခံတယ်...ဘာညာနဲ့ပြောကြပေမယ့်လည်း အသားညိုတဲ့လူတိုင်း ဖြူချင်ကြတဲ့ ဆန္ဒလေးတစ်ခုတော့ ရှိကို ရှိကြတယ်ဟုတ်???😉မညာချင်စမ်းပါနဲ့နော် 😉

ဒါတွေကို ကိုယ်ချင်းစာမိလို့ သက်ထားသုံးခဲ့ဖူးတဲ့ lotion တွေအများကြီးထဲကမှ ၂ပတ်လောက်သုံးလိုက်ရုံနဲ့ skin tone ကို လုံးဝပြောင်းလဲသွားတဲ့ Lotion လေး နှစ်ခုအကြောင်း မိတ်ဆက်ပေးပါရစေ...😎

အဲ့ဒါကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Beauty Buffet က ထွက်တဲ့ Double milk triple white lotion လေးနဲ့ Tomato Body Essence လေးပဲ ဖြစ်ပါတယ်...🍼🥛

🔶Double milk tripe white lotion လေးအကြောင်း အရင်ပြောပြပါရစေ...

➡သူကတော့ Glutathione ကို အဓိက ingredient အနေနဲ့ထားပြီး ထုတ်လုပ်ထားတဲ့ lotion လေးပေါ့နော်...

➡Glutathione ဆိုတာကတော့ Amino Acid သုံးမျိုးဖြစ်တဲ့ cysteine၊ glutamic acid နှင့် glucine တို့ပါဝင်တဲ့ ဓာတ်တစ်မျိုးပေါ့.....

➡ပြောရမယ်ဆိုရင်တော့ အသားအရေအတွက် အဓိကလိုအပ်တဲ့ ဓာတ်တွေပေါ့နော်.....

အချို့အသားအရမ်းဖြူချင်တဲ့လူတွေဆို Gluta injection တွေတောင်လုပ်ကြတာနော်(injection ကတော့ ချက်ချင်းသိသာတယ်ဆိုပေမယ့် Side effect တွေ များတာမို့ ဘယ်တော့မှ မလုပ်ဘူးလို့ စဥ်းစားထားပါတယ်)❗❗

➡ဒီ lotionကတော့ လိမ်းလိုက်တာနဲ့ချက်ချင်းသိသာတာတော့ မဟုတ်ပေမယ့်သူပြောထားတဲ့ triple white ဆိုတဲ့အတိုင်း နှစ်ပတ်လောက်ဆက်တိုက်လိမ်းလိုက်ရုံနဲ့ လုံးဝကိုသိသိသာသာဖြူဝင်းလာတာပေါ့..

➡သက်ထားသုံးဖူးသမျှ lotion တွေထဲမှာတော့ result ပြတာ အမြန်ဆုံး lotionတစ်ခုပါပဲ..💯

▶250g ပါတဲ့အတွက် တစ်လလောက်တော့ ကောင်းကောင်းလူးလို့ရပါတယ်...
စျေးနှုန်းလေးကတော့ တစ်သောင်းခွဲဝန်းကျင်ပါ....

▶သူ့ရဲ့အားသာချက်ကတော့ နှစ်ပတ်လောက်လိမ်းလိုက်ရုံနဲ့ အသားအရေကို one tone လောက်တက်သွားစေတဲ့အပြင်....
အနံ့လေးလည်း တစ်ကယ်မွေးပါတယ်....
နို့ကို အဓိကထားပြီး ထုတ်ထားတဲ့အတွက် နို့နံ့သင်းသင်းလေးနဲ့ လိမ်းလိုက်တိုင်းစိတ်ကို လန်းဆန်းသွားစေတယ်...👀👀

📌သူ့ရဲ့ အားနည်းချက်တစ်ခုကတော့ သူ့ရဲ့ Textureက အနည်းငယ်ပြစ်တော့ အသားထဲစိမ့်ဝင်ဖို့ကို အချိန်အနည်းငယ်ယူပြီးပြီး လိမ်းရတာပဲ...

🛡အဲ့ဒီတော့ lotion က ပြစ်နေတော့ သက်ထားက ဘယ်လိုဖြေရှင်းသလဲဆိုတော့ beauty buffet ကထွက်တဲ့ Tomato body essence လေးကိုဝယ်ပြီး ရောလိမ်းတာပေါ့နော်........

🛡သူကတော့ body essence ဆိုတဲ့အတိုင်း အရမ်းအသားထဲစိမ့်ဝင်တာမြန်တယ်...

🛡Jelly typeလေး.....လိမ်းလိုက်ရင် အေးအေးလေးနဲ့ အသားထဲစိမ့်ဝင်သွားတာ..

🛡Lycopene, Nano Multi Vitamin A,B,C,E,K နဲ့ Hyaluronic Acid တို့ကို အဓိကထားပြီးထုတ်လုပ်ထားတယ်လို့လေ့လာမိပါတယ်...

🛡သူကတော့ 700ml ဘူးကြီးကိုမှ စျေးနှုန်းက တစ်သောင်းခွဲဝန်းကျင်ပါ...
🛡
ဘူးကြီးဆိုတော့ အကြိုက်လိမ်းပဲ....
3 လလောက်တော့ အေးဆေးလိမ်းလို့ရမယ်....

✔သက်ထားကတော့ Tomato essence ကို ၂ချိုး၊ Doulble milk lotion ကိုတစ်ချိုး ထားပြီး ရောလိမ်းဖြစ်တယ်....
ခုဆို Doulbe milk lotion လေး နှစ်​ဘူးတိတိကုန်သွားပြီပေါ့နော်..

💘Resultကတော့ တွေ့တဲ့လူတိုင်း အသားတွေ​ဖြူ လာတယ်နော် ဆိုပြီး ပြောကြတာပဲ😊 (Ex တွေကအစပေါ့ 😉)🤣

ကိုယ်ကငယ်ငယ်လေးကတည်းက အသားတော်တော်ညိုတဲ့ထဲပါခဲ့တော့ အခုလောက်လေး အသားလေးလတ်လာတာကိုပဲ တော်တော့်ကို ကျေနပ်ပီတိဖြစ်မိတာဝန်ခံပါတယ်။🤗🤗

အရင်ကဆို အပြင်သွားတိုင်း ကိုယ့်ဘေးက လူတော်တော်များများကိုကြည့်လိုက်ရင် ကိုယ့်ထက်အသားဖြူတဲ့လူတွေချည်းပဲ....ကိုယ့်အသားလေးက ညိုလို့ဆိုပြီး အားငယ်မိခဲ့တာပေါ့နော်😞

အခု ဆိုရင် ကိုယ့်အသားကလတ်လာတော့ ကိုယ့်ထက်ညိုတဲ့လူတွေ တော်တော်များများကို တွေ့လာရပြီ😇

ပြောချင်တာကတော့ ကိုယ်တော်တော်ဖြူလာတာပေါ့နော်....😊

📌အဲ့lotion နှစ်မျိုးလုံးကိုတော့ Supermarket တွေ city mart တွေနဲ့ market place တော်တော်များများမှာရှိတဲ့ Beauty Buffet counter တွေမှာ ဝယ်ယူလို့ရပါတယ်...
Beauty Buffet Myanmar fb page မှာလည်း သွားမှာလို့ရပါတယ်နော်💯

အခုshare လိုက်တဲ့အကြောင်းကတော့သက်ထားလို အသားညိုလို့ဆိုပြီး ကိုယ့်ကိုကိုယ်စိတ်တိုင်းမကျဖြစ်ပြီး confidence ပျောက်နေတဲ့မမတွေ သူငယ်ချင်းတွေ ညီမလေးတွေအတွက် အကျိုးရှိသွားမယ်ဆို သက်ထားရေးရကျိူးနပ်ပါပြီ💟💟

ဟုတ်ကဲ့...ဒီလောက်ပါပဲ
ကိုယ်တိုင်သုံးပြီး ကိုယ်တိုင်ရေးထားတဲ့ Honest review လေးမို့ ယုံကြည်စွာနဲ့ ဝယ်ယူသုံးစွဲလို့ရပါတယ်နော်📢

04/11/2021

Happy Dipawali to all my Hindu Friends and family ❤🎉🎊

03/11/2021

ဘာအလုပ်မှမလုပ်ဘဲ အေးဆေးနေလို့ရပေမယ့်
အလုပ်လေးတစ်ခုလုပ်ပြီး ကိုယ့်လုပ်အားခလေးကို မိဘကိုတစ်ဖက်တစ်လမ်းက အထောက်အကူပေးနိုင်တာ
ကိုယ့်အတွက်တော့ ကြည်နူးစရာကောင်းတဲ့ အချိန်လေးပါပဲ❤❤

ကိုယ့်မိဘတွေ သက်ရှိထင်ရှားရှိနေတဲ့အချိန်မှာ စိတ်ချမ်းသာအောင် ထားကြပါ.....❤

စိတ်ချမ်းသာအောင် မထားနိုင်ရင်တောင်မှ စိတ်ဆင်းရဲအောင်တော့ မလုပ်ကြပါနဲ့....😢

မိဘဆိုတာ သက်ရှိဘုရားသခင်ပါပဲ❤

Photos from True Heart of Affectionate by Thet Htar's post 02/11/2021

Quotes of the Week!!!

7 ways to boost your mindset for Success🎉🎊🎊🎊

Photos from True Heart of Affectionate by Thet Htar's post 31/10/2021

Doing what you love is freedom.
Loving what you do is happiness.🎊🎊🎊
Happiness is not something you postpone for the future; it is something you design for the present.🎊🎉🎉

30/10/2021

ပိတ်ရက်လေးဆိုတော့ အားနေတာနဲ့ အာလူးတူးဟင်းလေးချက်စားဖြစ်တယ်🤗🤗
စားကြပါအုံးရှင်🤗🤗🤗

မှာစားချင်ရင်ချင် Preorder မှာလို့ရပါတယ်နော်......

အဲ့လိုတူးဖို့ တစ်ရေးလောက်အိပ်ရသေးတာမို့.....အချိန်လေးတော့ယူရလို့ပါ😁😁😁

Photos from True Heart of Affectionate by Thet Htar's post 30/10/2021

Hellloooooooo.....Beauties လေးတို့💖

True Heart of Affectionate by Thet Htar pageလေးမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်🌿🌿

ဒီတစ်ပတ် Sharing လုပ်ပေးချင်တဲ့ အကြောင်းလေးကတော့ သက်ထားသုံးနေတဲ့ ခေါင်း​ဖြီးလေး ( Comb) အကြောင်းပေါ့နော်🤗

ခေါင်းဘီးအကြောင်းဆိုလို့ မထူးဆန်းဘူးလို့ထင်သွားတယ်မို့လား?

အောက်မှာသေချာဖတ်ကြည့်လိုက်အုန်းနော်😉

ဟုတ်ကဲ့ ဘီးနာမည်လေးကတော့
"Tangle teezer" လေးပဲ ဖြစ်ပါတယ်ရှင်🎶🎶

Tangle teezer မှာမှ
The wet detangler,
The wet detangler fine and fragile
The Original
Thick & Curly
Naturally curly
Fine and fragile
Compact styler ဆိုပြီး အမျိုးမျိုးရှိပါသေးတယ်🌿

UK မှာရှိတဲ့ Shaun Pulfrey ဆိုတဲ့ကောင်လေးက ၂၀၀၇ ခုနှစ်​လောက် စတင်ထုတ်လုပ်ပြီး ခုဆိုရင်တော့ နိုင်ငံတော်တော်များကနေ ဝယ်လို့ရနေပြီ​နော်...🌿

online shop တော်တော်များများကနေလည်း Preorder လုပ်ပြီးမှာလို့ရသလို instockရောင်းတဲ့ ဆိုင်လေးတွေလည်းရှိပါတယ်နော်.....🌿🌿

ပစ္စည်း စစ် မစစ်ကိုတော့ သူ့မှာပါတဲ့ Barcodeလေးကို Scan ဖတ်ပြီး စစ်လို့ရပါတယ်📣

▶ကိုယ်သုံးနေတာလေးကတော့ Original tangle teezer လေးပါ

Original မှာမှ Mini လေးလည်းရှိပါသေးတယ်...

သက်ထားသုံးနေတာလေးကတော့ အကြီးလေးပါ

သက်ထား အဲဒီခေါင်းဘီး လေးကို ဝယ်ဖြစ်သွားတဲ့ အကြောင်းကတော့ blogger တော်တော်များများက ကောင်းတယ်..အဆင်​ပြေတယ် ညွှန်းကြတာနဲ့ သုံးကြည့်ချင်တာနဲ့ အရဲစွန့်ပြီး ဝယ်လိုက်တာပါ😅

အဲဒီခေါင်းဘီးလေးတစ်ချောင်းကို
"၂ သောင်း" ဝန်းကျင်ပေးပြီး ဝယ်ရမယ်ဆိုတော့ နည်းနည်းတော့ နှမြောတာပေါ့နော်...😢

သုံးရက် လေးရက်လောက်စဥ်းစားပြီးမှ ငါ့တွက် ငါဝယ်တာ ဘာဖြစ်လဲ၊ ငါ့တွက် ငါသုံးတာ ဘာကိုနှမြောနေရမှာလဲဆိုပြီး အားတင်းပြီး ဝယ်ချပလိုက်ပါတယ်😆🤣🤣🤣

(အမေ မေးရင်တော့ ၂ထောင်ပဲ ပြောရတာပေါ့🤣အာ့တောင်စျေးများလို့ဆိုပြီး အော်နေသေးတာ😒)

ဟုတ်ကဲ့ ဝယ်ပြီး နောင်တရလားဆိုတော့
လုံးဝကို မရပါဘူးနော်😇
ဒီခေါင်းဖြီးတစ်ချောင်းကို ၅သောင်းပေးပြီး ဝယ်ရမယ်ဆိုရင်တောင် တန်တယ်လို့ စိတ်ထဲ ခုချိန်ထိ တွေးနေမိတုန်းပဲ....😉

ခုဆိုရင် သုံးနေတာ ၂နှစ်ကျော်လောက်ရှိပြီပေါ့နော်.....👧

ဆံပင်ရှည်တဲ့ မိန်းကလေးတိုင်း Tangle teezer လေးတစ်ချောင်းလောက်ရှိသင့်တယ်လို့ ယူဆပါတယ်...👧👧

💠သက်ထား ဘာလို့ကြိုက်လဲဆိုတဲ့ အကြောင်းလေးကိုပြောပြချင်ပါတယ်နော်👀👀

ခု သက်ထားတို့ ခေါင်းလျှော်ပြီးရင် Dryerမှုတ်တယ်....အဲ့ချိန်မှာ ဆံပင်ရှည်တဲ့သူတော်တော်များများ ဆံပင်တွေညှိတယ်.....ရှုပ်တယ်....ရှင်းလို့တောင်မရတဲ့ အခါတွေကို ဆံပင်ရှည်တဲ့လူတော်တော်များများခံစားဖူးမှာပါ.....ဟုတ် ???

ပြီးတော့ ဆိုင်ကယ်စီးတဲ့အခါ ကားစီးတဲ့အခါတို့ လေတိုက်တဲ့အခါ ဆံပင်တွေ ရှုပ်ပြီးရှင်းလို့ခက်တဲ့ အခြေအနေကို မိန်းကလေးတော်​တော်များများ ကြုံဖူးမှာပါ.....

နောက်တစ်ခုက မနက်ခင်း အိပ်ယာနိူးလို့ ဆံပင်တွေ ရှင်းလို့မရအောင် ရှုပ်နေတဲ့ အခါမျိုးတွေမှာပေါ့

အဲ့လိုရှင်းလို့မရအောင် ရှုပ်နေတဲ့အခါမျိုးတွေမှာတော့ ရှင်းသွားအောင် Tangle Teezerလေးက အခက်အခဲမရှိဖြေရှင်းပေးနိုင်ပါတယ်..💘💖

သူမှာပါတဲ့ အသွားစိတ်တဲ့ဘီးသွားလေးတွေနဲ့ ရှုပ်နေတဲ့ ဆံသားတွေကို နာကျင်မှုမရှိဘဲ အသာအယာဖြီးချလိုက်ရုံနဲ့ ရှင်းသွားတာပါပဲ....💟

ပုံမှန်ဘီးတွေနဲ့ဆို ဆံပင်တွေကို အားနဲ့ဖိဆွဲတာတို့ ​ဘီးတွေနဲ့ ဖြတ်ခုတ်ပစ်ရတာတို့ဆို ကိုယ့်ရဲ့ဆံသားတွေလည်း ပြတ်ထွက်၊ ကိုယ့်ရဲ့ဦးရေပြားတွေလ​ည်း နာကျင်တာမျိုးတွေ ဖြစ်တာပေါ့နော်...တစ်ခါနှစ်ခါဖြစ်တာမျိုးမဟုတ်ဘဲ အမြဲတမ်းလိုလို အဲ့လိုမျိုးတွေ ဖြစ်နေတော့ ဆံသားတွေ ဦးရေပြားတွေကလည်း ဘယ်ခံနိုင်ရည်ရှိတော့မလဲလေ.....ဟုတ်?😓

အဲ့ဒီလိုကနေစပြီး ဦးရည်ပြားတွေကနာကျင်ပြီး ဆံပင်တွေက ကျွတ်...ဘီးတွေနဲ့အသားကုန်ဖြီးချထားလို့ ဆံပင်အဖျားတွေက ပြတ်ထွက်ပြီး ဦးရေပြားရော ဆံသားကျန်းမာရေးရော ထ်ိခိုက်ပြီး အထွေးလိုက်ကျွတ်တာတွေ ဖြစ်လာတာပေါ့နော်😅😅😅😅

Tangle teezerကတော့ အဲ့ပြသာနာတွေကိုလုံးဝဖြေရှင်းပေးနိုင်တာပေါ့နော်...

🔶သူ့မှာပါတဲ့ အသွားစိတ်စိတ်ဘီးသွားလေးတွေနဲ့ ရှုပ်နေတဲ့ဆံသားတွေကို နာကျင်မှု လုံးဝလုံးဝမရှိဘဲ အသာလေးဖြီးချလိုက်ရုံနဲ့ ရှင်းသွားမှာနော်...

🔶ပြီးတော့ အဲ့ဘီးသွားလေးတွေက ဦးရေပြားကို နှိပ်နယ်သလိုမျိုး ဖြစ်တဲ့အတွက် ဦးခေါင်းရဲ့သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းစေမှာပါ။

🔶ဘယ်လောက်အရှုပ်တွေကိုရှင်းရှင်း ဆံပင်ကိုပြတ်ထွက်တာမျိုးလုံးဝမရှိတဲ့အတွက်
ဆံသားလေးကိုလည်း ပိုပြီးကောင်းလာစေမှာပါ.....

⏹Tangle teezer သုံးလို့ ဆံပင်တွေလုံးဝမကျွတ်ဘဲ အရမ်းကြီးကောင်းလာမှာမဟုတ်ပေမဲ့
သုံးရင်းနဲ့ တစ်ဖြည်းဖြည်း ဦးရေပြားရော ဆံသားရော ကျန်းမာလာမယ်ဆိုတာတော့ လက်တွေ့ပါပဲနော်❗

သက်ထားအတွက်ကတော့ Tangle Teezerလေးကတော့ တကယ့်ကို life Saver ပါပဲ....❤

နောက်ထပ်လည်း ထပ်ဝယ်ဖို့အစီအစဥ်ရှိပါသေးတယ်....🌻🌿

အမေမေးရင်တော့ Dollar စျေးတွေနည်းနည်းတက်နေတာနဲ့ 5000 ပေးရတယ်လို့တော့ ပြောဖို့စဥ်းစားထားပါတယ်😅

ကဲ့....တကယ့်ကိုအသုံးဝင်တဲ့ Tangle Teezerအကြောင်းကတော့ဒီလောက်ပါပဲ....

ပျိုမေလေးတို့လည်း ကိုယ့်အတွက် ဘီးကောင်းကောင်းတစ်ချောင်းတော့ ရှိသင့်ပါတယ်နော်.....

ကိုယ့်ကိုကိုယ်မှာ invest လုပ်ပါ....
မနှမြောပါနဲ့😉

ကိုယ့်ကိုကိုယ် ခေါင်းအစခြေအဆုံးဂရုစိုက်ပြီး လှလှပပနေကြပါ....💖

💠ဘယ်သူတွက် လှအောင်နေတာတို့
ဘယ်သူက ဒီလိုနေမှ ကြိုက်တာတို့ အဲ့လိုToxicအတွေးတွေကို ခေါင်းထဲကထုတ်ပြီး ကိုယ့်တွက်ကိုယ် Self-confidence ရှိအောင် ပြင်ဆင်ပါ နေထိုင်ပါ...

💠မိန်းကလေးဆိုတာမျိုးက ၂နှစ် ၃ နှစ်ကနေ အသက် ၈၀-၉၀ အထိ လှချင်စိတ်
ရှိကိုရှိကြပါတယ်
❤ကိုယ့်အတွက်ကိုယ်ရှင်သန်ပါ
❤အမြဲလှအောင်နေကြပါ လို့တိုက်တွန်းလိုက်ပါတယ်နော်



'sConsultant

Photos from True Heart of Affectionate by Thet Htar's post 30/10/2021

ကိုယ့်ပုံလေးကို ညီမလေးတစ်ယောက်ဆွဲပေးတာ❤
ဆွဲကြိုးလေးတောင်ပါသေး......ဆွဲထားတာ😍😍
ချစ်လိုက်တာ ပုံလေးကို🌿🌻
တစ်ခါမှ အပြင်မှာ မမြင်ဖူး/မတွေ့ဖူး
ပေမယ့် ချစ်ပေးလို့ ကျေးဇူးပါ❤

24/10/2021

တစ်ခုခုလုပ်လို့ အချိုးမပြေတိုင်း

Mom: : နင် ဘာလုပ်လုပ် စောက်ချိုးကို မပြေဘူး....

Me : : အာ့ အမေ့ယောကျာ်းနဲ့တူလို့😅😇

Photos from True Heart of Affectionate by Thet Htar's post 23/10/2021

Motivational Quotes for you..Guyss!

I hope you all enjoy it!!

ဒီက မမက Moti လည်း ပေးတက်ပါတယ်နော်💗💖

22/10/2021

Me: : သီတင်းကျွတ်တိုင်း အဖေနဲ့ အမေကို ကန်တော့ဖြစ်တယ်....

Others: : ဘာနဲ့ ကန်တော့ဖြစ်လဲ????

me: : ငါ ကြိုက်တဲ့ မုန့်တွေနဲ့ပေါ့😁

Photos from True Heart of Affectionate by Thet Htar's post 22/10/2021

လူတော်တော်များများက မျက်နှာရဲ့အသားအရေ ၊ကိုယ်ခန္ဓာရဲ့ အသားအရေတွေကိုတော့ ဂရုစိုက်ကြတယ်ဆိုပေမယ့် နှုတ်ခမ်းလေးကိုကျ ဂရုစိုက်ဖို့ မေ့နေတက်ကြပါတယ်..🙄

အဲ့လို ဂရုမစိုက် ပစ်ထားရင်းနဲ့ ကြာလာတဲ့အခါမှာ နှုတ်ခမ်းရဲ့ အပေါ်ယံလွှာက ပျက်စီးပြီး နှုတ်ခမ်း​ခြောက်တာတွေ နှုတ်ခမ်းကွဲတာတွေ နှုတ်ခမ်းအဖတ်လန်တာတွေ နှုတ်ခမ်းသားညိုမဲလာတာတွေ ဖြစ်လာတာပေါ့နော်🤔

အဲ့လိုတွေ မဖြစ်စေဖို့ Lip Care လေးအတွက် အရမ်းအရမ်းကို အဆင်ပြေတဲ့ Product လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေရှင့်.....🤗

Local Brand လေးထဲက တစ်ခုဖြစ်တဲ့
"Beauty Care by May" က ထုတ်ထားတဲ့
Lip Care Set လေးပဲ ဖြစ်ပါတယ်...📣📣

Lip Care Set လေးမှာ Lip scrub လေးနဲ့ Lip balm လေး✌🏻နှစ်မျိုးပါပါတယ်ရှင့်🧚🏻🧚🏻

သူက Peach နဲ့ Rose နဲ့ ဆိုပြီး နှစ်မျိုးထုတ်ထားတာပါ...Peach လေးကတော့ လိမ်မော်ရောင် နုနုလေးဘက်သွားပြီးတော့ Rose လေးကတော့ ပန်းရောင်ကနေ အနီရောင်နုနုလေးဘက်သွားတာပေါ့နော်.

ခုသက်ထားသုံးနေတာကတော့ Peach setလေးပါ....ကြိုက်လွန်းလို့ မနက်ရော ညရော....တစ်ရေးနိုးပါ ထထသုံးတာပါ😅🤣အနံ့လေးကလည်း ချစ်ဖို့ကောင်းလို့
ချိုချဥ်အနံလေး...🍡🍡

Lip scrub
Lip Scrub လေးက lip careမှာ must have ပါနော်....lip balm တွေ ဘယ်လောက်လိမ်းလိမ်း lip scrub မလုပ်ထားဘူးဆိုရင် ဘယ်လိုမှ အာနိသင်ထိရောက်မှာ မဟုတ်ပါဘူး...မျက်နှာကို ဂျီးချွတ်တယ်....Exfoliate တွေလုပ်တယ်..
bodyကို scrub တွေတိုက်တယ်..အဲ့လိုသဘောပါဘဲ၊
နှုတ်ခမ်းလေးကိုလည်း ဂျေးချွတ်ဖို့ scurbလုပ်ဖို့ လိုကိုလိုအပ်ပါတယ်နော်...👍🏻👍🏻

''Beauty Care By May'' က ထုတ်ထားတဲ့ Lip Care လေးမှာတော့ Scrub ရော lip balm လေးပါ ပါတော့ တစ်ခုဆီ လိုက်ရှာဝယ်စရာမလိုတော့ဘူး...😍
သူ့ရဲ့ Scurb သား Texture လေးက နူးညံ့တယ်.....မြေပဲစေ့ နှစ်စေ့စာလောက်ယူပြီး နှုတ်ခမ်းလေးကို ရေလေးအနည်းငယ်စွတ်ပြီး သူ့မှာပါတဲ့ သကြားအစိလေးတွေ အရည်ပျော်သွားတဲ့ ထိပွတ်ပေးလိုက်ရုံပဲ......🎊🎊🎊
ပြီးရင် ရိုးရိုးရေ or lukewarm water
​​လေးနဲ့ဆေးချလိုက်ရုံပဲ..🌧🌧🌧

လုပ်လုပ်ပြီးချင်းဆို နှုတ်ခမ်းသားမှာရှိတဲ့ Deadcell တွေ မရှိတော့ဘဲနဲ့ နှုတ်ခမ်းသားလေးက လုံးဝချောသွားတာ...✌
📌 Vitamin E
📌Shea Butter နဲ့
📌Honey ကို အဓိက ingredient အနေနဲ့ ထည့်ပြီး လုပ်ပေးထားတဲ့အတွက်ကြောင့်မို့လို့
နှုတ်ခမ်းသားက ခြောက်ခြောက်ကြီးကျန်ခဲ့တာမဟုတ်ဘဲနဲ့ အစိုဓာတ်လေးနဲ့ ကျန်ခဲ့တာ....လုံးဝပေါ့ပါးပြီး နေလို့ကောင်းသွားတယ်...နှုတ်ခမ်းသားညိုတဲ့ လူတွေ...
lip line တွေ မဲနေတဲ့လူတွေ ၁လလောက်မှန်မှန်လုပ်တာနဲ့ လုံးဝသိသာစေရမယ်...

သက်ထားကိုယ်တိုင်ကလည်း နှုတ်ခမ်းသာ ညိုတဲ့ထဲပါတာမို့ ၂လလောက် ပုံမှန်သုံးပြီးတဲ့နောက်မှာ ညိုတာတွေက လုံးဝကိုသိသိသာသာ သက်သာလာတာ...
Resultကတော့ Woww ပေါ့နော်။🙄🙄
(အောက်မှာ ပုံလေးပြထားပေးပါ့မယ်)

Lip balm...
Lip balm လေးက Almond oil, Jojoba oil တို့ပါတဲ့ အတွက်ကြောင့်မို့လို့ lip ကိုလုံးဝ Moisturzing ဖြစ်စေမယ်....တစ်ပတ်လောက်နေ့တိုင်း သုံးပြီးတာနဲ့ နှုတ်ခမ်းမှာရှိတဲ့ အရေးကြောင်းတွေ နှုတ်ခမ်းကွဲတာတွေ ညိုတာတွေ သိသိသာသာကို သက်သာလာလိမ့်မယ်....
📌Lip Scrubလေးသုံးပြီးတဲ့ခါမှ သုံးပေးရမှာပေါ့နော်..
📌ညဘက် မအိပ်ခင်မှာလည်း သုံးပေးရမယ်နော်...အာ့မှ မနက်နိုးလာတဲ့ အခါကျ နှုတ်လေးက ဖူးဖူးလေးနဲ့ စိုစိုအိအိလေးဖြစ်နေမှာ.....
😪သက်ထားကတော့ တစ်နေကုန် အပြင်သွား...Matte typeတွေ Glossတွေ နေ့တိုင်းလိုလိုဆိုးနေရတော့ ညဘက်မှာတော့ သေသေချာချာလေး ဂရုစိုက်ပြီး လိမ်းဖြစ်တယ်..တစ်ရေးနိုးရင်တောင် ထလိမ်းတာပါ🤣(အမလေး...ငါလေးက လှချင်လိုက်တာမှ စက်စက်ယို😅၊မိန်းကလေးတိုင်းကတော့လှချင်ကြမှာပါဘဲနော်)
Price လေးကတော့ Lip Scrub ရော Lip Balm လေးကိုမှ ၁ သောင်းဝန်းကျင်ပါနော်.
lip scrub လေးက 15g ပါပြီး Lip balmလေးက 5g ပါ.....​နေ့တိုင်း သုံးမယ်ဆိုရင်တောင် ၅လလောက်ကတော့ အေးဆေးပါ....It's worth to spend ပါ..😎😎

ဒါကတော့ Beauty Care by May ရဲ့ Page linkလေးပါ
https://www.facebook.com/Beauty-Care-By-May-347610009199673/

သက်ထားကတော့ သန်လျင်ကမို့လို့.....
သက်ထားလိုချင်တဲ့ ပစ္စည်းတွေ တော်တော်များများရတဲ့ Naw Daily Care ဆိုင်လေးကဝယ်ပါတယ်...
ဆိုင် linkလေးပါရှင့်...
https://www.facebook.com/NAW-Daily-Care-Online-Store-105964207445712/

သက်ထားကိုယ်တိုင် ၂လလောက် နေ့တိုင်းသုံးပြီး ရေးပေးထားတဲ့ Honest Review လေးမို့ ယုံကြည်စိတ်ချစွာသုံးလို့ရပါနော်..

sponsor post မဟုတ်ပါဘူးရှင်...
အလိုက်တသိနဲ့ပေးလာရင်တော့ Warmly welcome ပေါ့ 😉

Okkkk...နောက်ဆုံးပြောချင်တာကတော့ မိမိရဲ့နှုတ်ခမ်းလေးတွေကို နေ့စဉ်ဂရုစိုက်ပေးပါ...
ကိုယ့်ကိုကိုယ် သေးသေးဖွဲဖွဲလေးတွေက အစ ဂရုစိုက်ပါ...
ကိုယ့်ကိုကိုယ်ကို ကိုယ်ကိုယ်တိုင်မှ ဂရုမစိုက်ရင် ဘယ်သူကမှလ​ည်း လာဂရုစိုက်မှာမဟုတ်ပါဘူး.......😇😇
နောက်ပြီးတချို့ကောင်လေးတွေကကောင်မလေးတွေရဲ့နှုတ်ခမ်းလှလှလေးတွေကိုကြည့်ပြီးမှကြွေသွားတာလည်းကြားဖူးလို့ပါ ♥️😅 ( ကိုယ်တွေ့နော် 😉)

မိန်းကလေးတိုင်း လှစေချင်သာ ဆန္ဒဖြင့်...



&LipBalm

20/10/2021

သီတင်းကျွတ်အခါသမယမှာ ကျန်းမာခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ပျော်ရွှင်ခြင်း၊ စိတ်နှလုံးချမ်းမြေ့ခြင်း၊ ကြံစည်သမျှအောင်မြင်ခြင်းများနှင့် အတူ အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်❤💓🤩

ပျော်ရွှင်စရာ သီတင်းကျွတ်ချိန်ခါလေးဖြစ်ပါစေ ✌✌🤗🙏

Photos from True Heart of Affectionate by Thet Htar's post 17/10/2021

ပိုက်ဆံတစ်ပြားမှ မကုန်သော/
ဘေးထွက်ဆိုးကျိုးမရှိသော
"Skincare Tips" လေးတွေပါ📣📣

လိုက်နာမယ်ဆို ပျိုမေလေးတို့ရဲ့ Skin လေး ကောင်းလာမှာ မလွဲဧကန်ပါနော်

16/10/2021

Hellooooo...Guyyyysss!!

How are you?

Hope this message finds you well !!!

သက်ထား ဒီတစ်ပတ်လုံးလည်း Post တွေ
Knowledge Sharing တွေ မလုပ်နိုင်သေးတာ ခွင့်လွှတ်ပါရှင်😞😞

တက်လက်စသင်တန်းတွေကတစ်ဖက်/အလုပ်တွေကတစ်ဖက်နဲ့ .......
လူက Stressတွေ ပိပြီး Physically အရရော
Mentally အရပါ totally break down ဖြစ်နေလို့ ကိုယ့်ကိုကိုယ် ပြန်ပြီး Healing လုပ် ဖို့ အချိန်ယူနေရလို့ပါနော်😞😔

စိတ်ထဲမှာတော့ကိုယ့်ရဲ့ Fan တွေကိုအမြဲသတိရနေပါတယ်....လွမ်းနေပါတယ်...♥️

Post တွေကို အဆက်အပြတ်တင်ချင်ရင်တင်လို့ရနေပေမယ့် သက်ထားကိုယ်တိုင်ကအကြောင်းအရာ တစ်ခုကို သေသေချာချာ လေ့လာစူးစမ်းပြီးမှ/ ကိုယ်ကိုတိုင်ကလည်း တိတိကျကျသိ​ပြီးမှ ဖတ်ရတဲ့သူလည်းအကျိုးရှိမှ ပြန်ပြီး Sharing လုပ်ပေးချင်တဲ့ဆန္ဒ ကြောင့်မို့လို့ပါ....✌

ဒါကြောင့်သက်ထားအကြာကြီးပျောက်နေလို့ မစိုးရိမ်ကြပါနဲ့ရှင်.....

မကြာမှီ လာမည် မျှော် ပါလို့😘

သက်ထားကိုသတိတရ ရှိနေပေးတဲ့ သူအားလုံးကိုလည်း ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင့်❤

ဝါသနာအရ ဖွင့်ထားတဲ့ page လေးမို့ အမြဲတမ်း active ဖြစ်နေအောင် ကြိုးစားသွားမှာပါ....😢

သက်ထားဘက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ စိတ်ဝင်စားစရာ subject လေးတွေ/ post လေးတွေ/Blog လေးတွေ နဲ့ အတူ ပြန်လာခဲ့ပါမယ်နော်💗💗✌
Take care ! Have a nice day!!!

09/10/2021

https://www.facebook.com/104790191970741/posts/113909464392147/

အပေါ်က post မှာ ကြက်မ video လေးတွေ မမြင်ရဘူးဆိုလို့
ကျွန်မရဲ့ အသည်းကျော်မရဲ့ Video လေးတွေကို ထပ်တင်ပေးလိုက်ပါတယ်😍

Photos from True Heart of Affectionate by Thet Htar's post 09/10/2021

🍎 အားလုံးပဲ မင်္ဂလာပါ🍎
True Heart of Affectionate Pageလေးမှပြန်လည် ကြိုဆိုပါတယ် ရှင်😍

ဒီတစ်ပတ် ရေးချင်တဲ့ အကြောင်းလေးကတော့ သက်ထားနဲ့ ၄ နှစ်နှီးပါး အတူတူ လက်ပွန်းတသီးနေလာတဲ့ သက်ထားရဲ့ "ကြက်မလေး" 🐓🐓အကြောင်းပဲ ဖြစ်ပါတယ်...

Story လေးကို မပြောပြခင် ကြက်ကလေးတွေရဲ့ သဘာဝလေးတွေကို အရင် Sharing လုပ်ပေးပါရစေ..သိပြီးသားသူတချို့ရှိချင်ရှိနိုင်ပေမဲ့အများကတော့မသိကြဘူးထင်ပါတယ်✌✌

⏺လူအတော်များများက ခွေးလေးတွေ ကြောင်လေးတွေနဲ့ ချစ်ခင်ကြင်နာရင်နှီးမှုကို ဖန်တီးယူနေကြပေမယ့် ကြက်ကလေးတွေနဲ့ကြရင်ချစ်ခင်နွေးထွေးမှုတော်တော်ရှားတယ်လို့ပြောရပါမယ်

အမှန်တော့ ကြက်ကလေးတွေကလည်း ချစ်လို့ရပါတယ်, အချစ်ခံချင်ကြတဲ့ သတ္တဝါလေးတွေပါ..🐓🐓

လေ့လာမှုများအရ....🙋🙋
🔶ကြက်တွေဟာ အရမ်းကို ဉာဏ်ကောင်းတဲ့ တိရိစ္ဆာန်လေးတွေပါ
🔶သူတို့ရှေ့မှာ လူတစ်ယောက်က ပစ္စည်းတစ်ခုကိုယူပြီး ဖွက်လိုက်ရင်တောင် ဘယ်မှာထားတယ်ဆိုတာကို တစ်ခါကြည့်ရုံနဲ့ မှတ်မိနိုင်တဲ့ သူတွေပါ 😘
🔶လူတွေမှာဆိုရင် baby လေးတွေကို မွေးဖွားပြီးချင်း ၆လ နေမှ ဖွံ့ဖြိုးမှုတွေ စတင်ပေမယ့် ကြက်ကလေးတွေမှာကျ မွေးပြီး ၂ရက်အတွင်းမှာပဲ ဖွံ့ဖြိုးမှုတွေ စတင်လုပ်ဆောင်ပါတယ်တဲ့
🔶ကြက်မေမေကြီးကလည်း ကြက်ကလေးတွေ ဥထဲကနေ,မပေါက်ခင် အချိန်ကတည်းကနေပြီး အပြင်ကနေ အသံပေးတာဟာ ကလေးတွေကို သင်ပေးနေတာပါတဲ့
🔶ကြက်ကလေးတွေ ထွက်လာတဲ့ အခါမှာလည်း ဘယ်လိုဟာကိုစားရမယ်...safe ဖြစ်အောင် ဘယ်လိုနေရမယ်ဆိုတာကို စပြီး သင်ကြားပေးပါတယ်တဲ့
🔶ကြက်ကလေးတွေကလည်း ကြက်မေမေကြီးနေတဲ့ အတိုင်း အတုခိုးနေတတ်ကြပါတယ်တဲ့
🔶လူတွေက အရောင်တွေကို ခွဲခြားနိုင်သလို ကြက်ကလေးတွေကလည်း အရောင်တွေက်ို ကောင်းကောင်းခွဲခြားနိုင်ပါတယ်
🔶ပြီးတော့ ကြက်ကလေးတွေက အိပ်မက်လည်း မက်တက်ပါသေးတယ်တဲ့
ဘာတွေမက်လဲဆိုတော့ သူတို့မိသားစုနဲ့ ကောင်းကောင်းစားပြီး ပျော်ပျော်ရွှင်ရွှင်နေနေတာတွေကို မက်လေ့ရှိပါတယ်တဲ့
🔶ပြီးတော့ တစ်နာရီကို ၉မိုင်နှုန်းနဲ့ပြေးနိုင်ပါသေးတယ်တဲ့
🔶လူအယောက် ၁၀၀ နီးပါးရဲ့မျက်နှာတွေကို ခွဲခြားမှတ်မိနိုင်ပါသေးတယ်တဲ့ ( ကဲ အံ့ဩစရာမကောင်းဘူးလားရှင်???)
🔶ကြက်ကလေးတွေက သူတို့ရဲ့သခင်ကို အရမ်းကိုချစ်တက်ပါတယ်တဲ့...အစာအမြဲကျွေးတဲ့ကိုယ့်ဆီကိုပြေးပြေးလာမယ်..ကိုယ့်ကို သူ့လည်ပင်းလေးနဲ့ပွတ်သပ်မယ်..ကိုယ်ဘာလုပ်လုပ် အရိပ်တကြည့်ကြည့် နဲ့ လိုက်ကြည့်နေတက်ပါတယ်တဲ့...
🔶ပြီးတော့ ကြက်တစ်ကောင်ရဲ့ သက်တမ်းက ၁၀နှစ်ကနေ ၁၂နှစ်အတွင်းရှိပါတယ်တဲ့......... ဒါကတော့ဗဟုသုတလေးပါနော်။

🤗🤗ကဲ့ အခု သက်ထားရဲ့ကြက်ကလေး အကြောင်းကိုပြောပြပါ့မယ်နော်🤗🤗

လွန်ခဲ့တဲ့ ၄ နှစ်လောက်က အိမ်မှာ ကြက်တွေ အကောင် ၃၀ ကျော်​ရှိပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ကြက်နာကျတဲ့အချိန်နဲ့ကြုံပါတော့တယ်😞သက်ထားတို့ခြံက ကြက်တွေရော ဘေးခြံကကြက်တွေရော အကုန်သေကြပေါ့။ တစ်ရက်ကို ၇ကောင် ၈ကောင်နှုန်းနဲ့ ၄ရက်လောက်နဲ့ အကုန်ပြောင်ပါလေရော။ 😥

အဲ့မှာ ထူးဆန်းစွာနဲ့မသက်ပြင်းကြက်မလေးတစ်ကောင်ပဲကျန်နေခဲ့တယ်။ သူကလည်း ခြေထောက်လုံးဝမထောက်နိုင်တော့ဘူး။ သေမှာပဲဆိုပြီး အုပ် ဆောင်းအောက်မှာပဲ ပစ်ထားလိုက်တယ်။ ၃ရက်လောက်ထိကို မသေဘူးတော့ 😯 အံ့ဖွယ်သုတပါဘဲနော်။ အဲဒါနဲ့ကိုယ်လည်း မနေနိုင်တော့ဘူး။ မေခလာဝင်လုပ်လိုက်ရပါတော့တယ်။😁😇

သူ့ကို အိမ်ပေါ်တင်၊ ​ဆေးထိုးအပ် 1 cc လေးကိုဝယ်, ရေကို အပ်လေးနဲ့တိုက်, ensure အထုပ်လေးတွေ ​ဖျော်တိုက်, ဆန်ကို ကြိတ်ပြီး ပါးစပ်ထဲ ထည့်ပေး, ခြေထောက်တွေကို အိမ်မှာရှိတဲ့ လင်ဇီးပုရုတ်ဆီတွေလူးပေး.....(တစ်ရက်ကို ၆ခါ ၇ခါလောက်ကို လိမ်းပေးခဲ့တာနော်)
4 ရက်လောက်နဲ့ တော်တော်ကိုသက်သာလာတာပါ။ ခေါင်းလေးထောင်နိုင်လာတာပေါ့။

၆ရက်လောက်လည်းနေရော လမ်းတောင် လျှောက်နိုင်နေပြီတော်။ စစလုပ်ပေးတုန်းကတော့ ရုန်းတာပေါ့။ နောက်ပိုင်းကျ မရုန်းတော့ဘူး။ ကိုယ်က ပြုစုပေးရင် သူက ငြိမ်ငြိမ်လေးနေပြီး ခံပေးတာ။😚

နောက်ပိုင်းပုံမှန်ကြက်တစ်ကောင်လို မလျှောက်နိုင်ပေမယ့် ခြေထောက်တစ်ချောင်းက လေဖြတ်သလိုလေးဖြစ်သွားတော့ ထော့နဲ့ ထော့နဲ လေးပေါ့....ဝဋ်ကြွေးပါလာတယ်ထင်ပါရဲ့၊☹️

(အဲ့တုန်းက သက်ထားတောင် တွေးလိုက်သေးတယ်...
အော် ဒီကြက်မလေးက ကြက်ဖြစ်ဖို့ကို ကံပါလာတာပဲလို့😞...ကြက်တွေအကုန်လုံး သေသွားတာတောင် သူတစ်ကောင်ပဲ ကျန်နေခဲ့တာကိုး)😞

အဲ့လိုနဲ့ သူတစ်ယောက်တည်း နေလာတာ ၆လလောက် ကြာသွားတာပေါ့။ အာ့နဲ့
သက်ထားအမေက ကြက်ဖလေးတစ်ကောင် အဖော်ရအောင် ဝယ်ပေးလိုက်တယ်။ ကြက်မလေးခင်မျာ ပျော်ပြီး နှစ်ကောင်လုံး စားလည်းတူတူ, အိပ်လည်းတူတူ, အစာကျွေးရင်တောင်မှ တစ်ကောင်မရှိရင် နောက်တစ်ကောင်ကို လှမ်းခေါ်နေသေးတာတော်
(ကွတ် ကွတ် ကွတ် ဆိုပြီး😅)(Ro ချက်ပဲ...
အားကျလိုက်တာ 🤣)

နောက်ပိုင်း ကြက်မလေးက ဥလေးတွေဥ,
ပြီးတော့ ဝပ် တယ်..
ကြက်မဝပ်သွားတော့ သူ့ ချစ်သူခင်ပွန်း ကြက်ဖကြီးက သူအိပ်နေကျ သစ်ပင်ပေါ်မှာ မအိပ်ဘဲ ကြက်မဘေးနားမှာ သွားအိပ်ပေးတာနော်..😅ကြက်ကလေးတွေ ပေါက်လာတော့လည်း အတူတူထိမ်းကြတာ....တစ်ပူးပူးတစ်တွဲတွဲ😅😅(ကိုယ်တောင် ယွကျားယူချင်စိတ်ပေါက်သွားတယ်)😋🙄
😯😯😯
ခုဆို အဲ့ကြက်မလေးက သက်ထားကို သိပ်သိတာ....
အိမ်ရှေ့မှာ သက်ထားအသံကြားပြီ..ထိုင်နေတာတွေ့ပြီဆိုတာနဲ့ ပြေးလာပြီး အစာတောင်းတာ...
မကျွေးရင် ခြေထောက်ကို ဆိတ်သေးတာ😅(သူ့ကိုပြန်ကြောက်နေရတာ)🤣

စားပြီးရင် နာရီဝက်လောက် ပေါင်ပေါ်ထိုင်ပြီး သူ့ကို ပွတ်ပေးရသေးတာ...လုံးဝအိမ်ပေါ်ကနေ မဆင်းဘူး😅🙄🙄

အမေကလည်း အော်သလားမမေးနဲ့..
ကြက် ချီးပါရင် ကွာ့ကိုယ်ကျုံးတဲ့🤣🤣
(ကြက်ကိုပဲချစ်တာ ချီးကိုချစ် ဘူးလို့ ပြန်ပြောရတာပေါ့🤣)

ခုတော့ အဲ့ကြက်မနဲ့ကြက်ဖကြီးတို့ ပေါင်းပြီး ကြက်ကလေးတွေ မွေးထားတာ အကောင် ၃၀ လောက်ကျော်နေပါပြီရှင်♥️

ကဲ ပြောချင်တာကတော့ ကြက်ကလေးတွေကလည်း ခွေးလေးတွေ ကြောင်လေးတွေလို သူတို့သခင်ကို ချစ်တတ်ကြပါတယ်။ အချစ်ခံချင်ကြပါတယ်။ ဂရုစိုက်တာ ခံချင်ကြပါတယ်နော်။ ကြက်ကလေးတွေကိုလည်း ချစ်ပေးကြပါလို့😍

(မှတ်ချက်။ ။ကြက်တွေကို စီးပွားဖြစ်မွေးခြင်းမဟုတ်ပါ။ချစ်လို့မွေးခြင်းဖြစ်ပါတယ်။ အိမ်က ကြက်တွေကို စားချင်လို့ လာဝယ်တာမျိုးဆို မရောင်းပါဘူးရှင့်။ မွေးဖို့ လာဝယ်တယ်ဆိုမှသာ ရောင်းပေးတာပါနော်)❗❗❗

ကဲ ဒီလောက်ပါပဲ.....
အစကနေ အဆုံးထိ ဖတ်ပေးတဲ့ လူတွေ အားလုံးကို ကျေးဇူးများကြီးတင်ပါတယ်ရှင့်😍💗✌
သက်ထားစာလေးဖတ်ပြီးရင်ထဲမှာအတွေးထဲမှာတစ်ခုခုကျန်ခဲ့ရင် ရေးရကျိုးနပ်ပါပြီရှင်🤗
နောက်တစ်ခါတင်မဲ့ Post ကတော့ မတူညီတဲ့အကြောင်းလေးတွေဖြစ်မှာမို့စောင့်မျှော် အားပေးကြပါအုန်းနော်♥️♥️♥️

09/10/2021

ဒီတစ်ပတ်လုံး သက်ထား အလုပ်တွေ အရမ်းရှုပ်နေလို့ Post လေးတွေ မတင်ဖြစ်တာပါ😓
အလုပ်တွေ အရမ်းရှုပ်လွန်းလို့ အရေးကြီးတဲ့ Appointment လေးတစ်ခုတောင် လွတ်သွားလို့ စိတ်ဆိုးခံရပါတယ်😣

Page ကို ရပ်လိုက်တာလည်း မဟုတ်ပါဘူး...
နားလိုက်တာလည်း မဟုတ်ရပါဘူး....

တကူးတက သတိတရ နဲ့ လာလာမေးပေးလို့ကျေးဇူးပါနော်💗

တစ်ပတ်ကို Post 2 ခုလောက် တင်နိုင်အောင်တော့ ကြိုးစားသွားပါမယ်ရှင့်...

Love you all my hearties💗🍎

04/10/2021

◀◀◀အရင် post လေးရဲ့ အဆက်ပါ

https://www.facebook.com/104790191970741/posts/109335598182867/

သက်ထားရဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးကို မျှဝေပေးပါရစေရှင့်✍✍✍

သက်ထားကိုယ်တိုင်ကလည်း ဆီးကျင်ခြင်းကို မကြာခဏ ခံစားနေရသူတစ်ယောက်ပါ...😔😞

စစဖြစ်ချင်းကတော့ ဆေးခန်းတွေ ခဏခဏသွား၊ ဆရာဝန်က ပိုးသတ်ဆေးတွေပေး၊ ဆေးတွေထိုး​တော့ ချက်ချင်း သက်သာပေမယ့် အရှင်းပျောက်မသွားဘူး။ တစ်လလောက်နေရင် ပြန်ပြန်ဖြစ်တာပါပဲ။🤕🤕🤕

အဲ့နဲ့ I'm Something Wrong ဆိုပြီး ဆီးကျင်ခြင်း အကြောင်းတွေကို Google ခေါက်/U tubeတွေ မှာ ရှာဖတ်ပြီး လေ့လာလိုက်တော့မှ အဲ့အတိုင်း ဆင်ခြင်နေထိုင်လိုက်တော့မှပဲ အရှင်းပျောက်သွားတော့တယ်(ဆောင်ရန် ရှောင်ရန်များကို အပေါ်က link မှာ ရေးပေးပြီး)။

မြန်မာဆေးဆရာတွေနဲ့လည်း ကုဖြစ်တယ်။ အဓိက က မျှစ်၊ ပဲပြုတ်၊ အစပ်များတဲ့အစားအစာတွေ ၊ ရေခဲရေ ကို လုံးဝရှောင်ခိုင်းတယ်။ ကိုယ့်ရဲ့အဓိကဆီးကျင်ရတဲ့ အကြောင်းကတော့ ရေခဲရေနဲ့ အစပ်စားတာပဲ😅😅 ရတယ်လေ.. လုံးဝဖြတ်လိုက်တယ်(မဖြတ်လို့မရတော့ဘူးလေ....ကိုယ်ခံစားရတာကိုယ်ပဲသိတယ်😅)

သူတို့က သူတို့ရဲ့ remedies တွေလည်းပေးတယ်။အဲ့ထဲက သက်ထားနဲ့ လုံးဝအဆင်ပြေသွားတဲ့ နည်း ၂ နည်းကို ဝေမျှပေးပါ့မယ်...

📌ပထမတစ်နည်းကတော့ ရိုးရိုးရေကို လက်ဖက်ခြောက် ကွမ်းသီးလုံးနှစ်လုံးစာလောက် နဲ့ သကြားလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ကို ၁၅မိနစ်လောက်နှပ်ပြီး သောက်တာပါ။ လက်ဖက်ခြောက်တွေပါ ဝါးစားပစ်တာပါ😅😅..အလွန်ဆုံး ရေ နှစ်ဖန်ခွက်လောက်သောက်ရုံနဲ့ ချက်ချင်းသက်သာပါတယ်

❗မှတ်ချက်။ ။ရိုးရိုးရေကို လက်ဖက်​ခြောက်နဲ့သကြားထည့်ပြီး သောက်ရတာပါ။ ရေနွေးကို သကြားထည့်ပြီးသောက်ရတာ မဟုတ်ပါဘူးနော်။ ရေနွေးကို သကြားထည့်ပြီး သောက်ရင် ရှူးရှူးတွေပဲ ပေါက်ပါလိမ့်မယ်နော်🤣

📌ဒုတိယနည်းကတော့ ပထမနည်းနဲ့
မသက်သာရင် သုံးတဲ့နည်းပါ။

🔸ကြက်သွန်နီ ၂လုံးလောက်ကိုထောင်း
ရေနွေးပူပူထဲကို 30 min စိမ်
🔸30 min ပြည့်ရင် ကြက်သွန်နီအဖတ်တွေကို ဖယ်ပြီး ကျန်တဲ့အရည်ကို သောက်ရတာပါ။
🔸တစ်ခွက်သောက်ရုံနဲ့ လုံးဝကို
5 min လောက်အတွင်းမှာ ယူပစ်သလို သက်သာသွားတာပါ။
(အနံ့/အရသာကတော့ တော်တော်ဆိုးပါတယ်။ နှာပေါင်းပိတ်ပြီး သောက်တာတောင် ပျို့ပျို့တက်တာပါ)
🤧🤧

တစ်ပတ်တစ်ခါ ပုံမှန်သောက်ရင် ရောဂါအမြစ်ပြတ်တယ်ပြောပေမယ့် အော်ဂလီဆန်တာက တစ်ကြောင်း၊ လုပ်ရမှာ ပျင်းတာကတစ်ကြောင်းနဲ့ မသောက်ဖြစ်ပါဘူးရှင်😅😇😇

ဆီးကျင်မှပဲ အဖေကယ်ပါ၊ အမေကယ်ပါ၊ တစ်ဆွေလုံးတစ်မျိုးလုံးကယ်ပါဆိုပြီး အသည်းသန်ထထလုပ်တာပါရှင်🤣🤣

⏩အခုသက်ထားရေးတဲ့ကျန်းမာရေးပညာပေးလေးကြောင့်ပျိုမေတို့ ဆီးကျင်ဝေဒနာကသက်သာရာရတယ်ဆိုရင် post တင်ရကျိူးနပ်ပါပြီရှင်"
ဒီလောက်ဆို ပြည့်စုံမယ်လို့ ယူဆပါတယ်။
ထပ်ပြီး သိချင်တာရှိရင်တော့ comment မှာပဲ ဖြစ်ဖြစ်၊ page messenger မှာပဲ ဖြစ်ဖြစ် လာရောက်မေးမြန်းတိုင်ပင်နိုင်ပါတယ်နော်....

(UTIs)

's_Consultant

Photos from True Heart of Affectionate by Thet Htar's post 03/10/2021

🎭🎭အားလုံးပဲ မင်္ဂလာပါရှင်🎭🎭

သက်ထား ဒီတစ်ခေါက် Sharing လုပ်ပေးမယ့်အကြောင်းလေးကတော့ မိန်းကလေးအများစု မကြာခဏခံစားရလေ့ရှိတဲ့ "ဆီးကျင်ခြင်း" အကြောင်းပဲ ဖြစ်ပါတယ်။

⏩ဆီးကျင်ခြင်းဆိုတာကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း(Urinary Tract Infections-UTIs) ပဲ ဖြစ်ပါတယ်။

⏩Urinary Tract ဟုဆိုရာတွင် ကျောက်ကပ် (Kidneys) မှ တဆင့် ဆီးထုတ်ပြွန်(ureter)၊ ဆီးအိမ်(bladder)နှင့် ဆီးလမ်းကြောင်း(urethra)တို့ ပါဝင်ပါတယ်။ ထိုအစိတ်အပိုင်းတစ်ခုခုတွင် ပိုးဝင်ခြင်း(infection) ဖြစ်ပြီဆိုတာနဲ့တစ်ပြိုင်နက် ဆီးလမ်းကြောင်းပိုးဝင်ခြင်း(UTIs) ကို ခံစားရမည်ဖြစ်ပါသည်။

📌​ဖြစ်ရသည့်အခြေခံအကြောင်းအရင်း

ဆီးလမ်းကြောင်း(urethra)မှ တဆင့် ဆီးပြွန်(Urinary Tract)သို့ Bacteria များ ဝင်ရောက်သောအခါ ဆီးကျင်ခြင်းဖြစ်ပေါ်လာမည်။Urinary System သည် ဝင်ရောက်လာသော Bacteria များကို ပုံမှန်အားဖြင့် ကာကွယ်ပေးနိုင်သော်လည်း မကာကွယ်ပေးနိုင်သည့်အခါတွင် ဆီလမ်းကြောင်းနှင့် ဆီးအိမ်ထဲတွင် Bacteria များပေါက်ပွားပြီး ဆီးကျင်ခြင်းကိုစတင် ခံစားရတော့မည်ဖြစ်သည်။

📌ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

▶ ဆီးသွားသောအခါ နာကျင်ခြင်း/စပ်ခြင်း/ပူခြင်း
▶ မကြာခဏဆီးသွားချင်စိတ်ဖြစ်ပေါ်ခြင်း
▶ ဆီးများ ပုံမှန်ထက်ပို၍ အနံ့ဆိုးများထွက်ခြင်း
▶ ဆီးသွားချင်သော်လည်း တကယ်သွားသောအခါ ဆီးအနည်းသာ သွားနိုင်ခြင်း
▶ ဆီးသွားလျှင် သွေးပါခြင်း
▶ ဆီးခုံအပေါ်ဘက်ကြွက်သား(ဗိုက်အောက်သား)များ နာကျင်ခြင်း

📌ဖြစ်ပွားစေသော အကြောင်းတရားများ

▶ရေသောက်နည်းခြင်း
▶မကြာခဏ ဆီးထိန်းထားခြင်း(ဆီးသွားချင်သောအခါ ချက်ချင်းမသွားခြင်း)
▶တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း
▶ကိုယ်ဝန်ဆောင်ခြင်း
▶ဆီးချို/ ကျောက်ကပ်/ ဆီးကျိတ်ရောဂါ ရှိသူများ
▶Sexual Intercourse(လိင်ဆက်ဆံခြင်း) (Va**na မှ တဆင့် ဆီးလမ်းကြောင်းသို့ Bacteria များဝင်ရောက်ပြီး infection ဖြစ်နိုင်ခြင်း)

📌ဘယ်လိုကာကွယ်နိုင်မလဲ/သက်သာအောင် ဘယ်လိုနေထိုင်စားသောက်ကြမလဲ?

▶တစ်ရက်ကို အနည်းဆုံး ရေ 2.5 litres သောက်ခြင်း(ရိုးရိုးရေပါ)
✖✖ရေခဲရေ လုံးဝလုံးဝ မသောက်ရ ✖✖
▶ဆီးမထိန်းထားရပါ(ဆီးသွားချင်တာနဲ့ချက်ချင်းသွားရမည်)
▶Vit C မှီဝဲပေးခြင်း
▶ကြက်သွန်နီ/Green tea စားသုံးပေးခြင်း
▶အရမ်းချိုသော/စပ်သောအစားအစာများ မစားခြင်း၊ အရက်/Beer များ မသောက်သုံးခြင်း
▶ဆရာဝန်နဲ့တိုင်ပင်ပြီး ပိုးသတ်ဆေးများ မှီဝဲခြင်း
▶ဆီးခုံကို ရေနွေးအိတ်ကပ်ပေးခြင်း
▶underwears များအတွက် Cotton အသားကိုသာ အသုံးပြုခြင်း
▶underwear ကို အမြဲခြောက်သွေ့အောင် ထားပြီး စိုစွတ်လာသည်နဲ့တစ်ပြိုက်နက် နောက်တစ်ထည် လဲလှယ်ပေးခြင်း
▶Genital Areas ကို အနံ့ပါသော ဆပ်ပြာ/ ရေချိုးဆပ်ပြာ၊ အနံပါသော/အနံ့အရမ်းစူးသော Hygiene Liquid များ မသုံးစွဲပေးခြင်း
▶အနံ့မပါသော Toilet Paper များကိုသာ အသုံးပြုခြင်း စသည့် အချက်များပင်ဖြစ်သည်။

အထက်ပါ အချက်များကို လိုက်နာကျင့်သုံးဆင်ခြင်နေထိုင်ပါက ဆီးကျင်ခြင်း/ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infections - UTIs) ကို ကာကွယ်နိုင်မယ် ဖြစ်ပါတယ်။📢

သက်ထားကလည်း အမျိုးသမီးများထဲက အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ အတွက်ဆီးကျင်ခြင်းကို အလူးအလဲ ခံစားခဲ့ဖူးပါတယ်။ အာ့ကြောင့် ဆောင်ရန်/ ရှောင်ရန် လေးတွေကို Sharing လေးလုပ်ပေးဖြစ်တာပါ။
သက်ထားဘယ်လိုခံစားရတယ်/ ဘယ်လိုကုသခဲ့တယ်/ ဘယ်လိုပျောက်ကင်း သွားတယ်ဆိုတာကိုတော့ နောက် post လေးမှာ အသေးစိတ် Sharing လေး လုပ်ပေးသွားပါ့မယ်ရှင်......🔉🔉

စောင့်မျှော်ကြည့်ရှုပေးပါအုံးနော် 📣📣

(UTIs)

's_Consultant

Photos from True Heart of Affectionate by Thet Htar's post 01/10/2021

ဒီပုံလေးတွေကတော့ သက်ထားရဲ့လက်ရှိဆံပင်အနေအထားပဲ ဖြစ်ပါတယ်..🙋🙋

📌သက်ထားရဲ့ ဆံပင်ကို ဘယ်လိုထိန်းသိမ်းတယ်..........

📌ဘာ Products တွေကို သုံးတယ်ဆိုတာကတော့ အရင် Post တွေမှာ အသေးစိတ်ဖော်ပြပြီးပါပြီနော်......

ယခု post မှာတော့ တစ်စုတစ်စည်းထဲ ​ဖတ်ချင်တဲ့သူတွေအတွက် link လေးများ ပြန်ချပေးထားပါ့မယ်ရှင်🤗

⏩ဆံပင်ထိန်းသိမ်းပုံ
https://www.facebook.com/104790191970741/posts/106222191827541/

⏩လက်ရှိသုံးနေတဲ့ Products များအကြောင်း
https://www.facebook.com/104790191970741/posts/107292838387143/

Photos from True Heart of Affectionate by Thet Htar's post 30/09/2021

"True Heart of Affectionate by Thet Htar" Page လေးမှ ​ပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင့်🤗

▶အခု Sharing လုပ်ပေးမယ့် အကြောင်း အရာလေးကတော့ သက်ထား လတ်တလော သုံးဖြစ်နေတဲ့ Shampoo နဲ့ Conditioner အကြောင်းပဲ ဖြစ်ပါတယ်

⏺ဆံသားလေးတွေ သန်မာလာစေဖို့ရန် Shampoo ကောင်းကောင်း Conditioner ​ကောင်း​ကောင်း သုံးပေးဖို့က အဓိက အချက်ဖြစ်ပါတယ်
⏺Shampoo တစ်ခုတည်း သုံးနေရုံပဲ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
⏺Shampoo ​ရော Conditioner ရော ကောင်းစွာ ရွေးချယ်မှန်ကန်စွာ သုံးစွဲနိူင်မှသာလျှင် ဝင်းလက်ပျော့ပျောင်းတောက်ပြောင်သော ဆံကေသာလေးများကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

➡Shampoo နဲ့ Conditionerကို ပုံမှန်သုံးပေးမှသာလျှင် ဆံသားနဲ့ ဦးရေပြားကို ခြောက်သွေ့လွန်းခြင်း၊ အဆီပြန်လွန်းခြင်း ဟူသော အစွန်းနှစ်ဖက်မှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
➡ဆံကေသာလေးများရဲ့ ရှင်သန်ပေါက်ဖွားရာ အစဖြစ်သော ဦးရေပြားကိုလည်း ကျန်းမာစေမှာ ဖြစ်ပါတယ်။
➡ကျန်းမာသော ဦးရေပြားရှိမှသာလျှင် ကျန်းမာသော ဆံကေသာလေးများ ပေါက်ဖွားနိုင်မှာ မဟုတ်လားရှင်...

ကဲ့ Product အကြောင်းလေးကို စလိုက်ရအောင်နော်📣📢📢

🔶သက်ထားကိုယ်တိုင် နှစ်နဲ့ချီသုံးပြီးမှ ပြောပြတဲ့ Review လေးမို့ ယုံကြည်စိတ်ချနိုင်ပါတယ်ရှင်...🔶

သက်ထားဦးရေပြားအခြေအနေက အဆီပြန်တက်တဲ့ ဦးရေပြားပါရှင့်။အရင်က ၂ရက်တစ်ခါ၊ ၃ရက်တစ်ခါ လောက် ခေါင်းလျှော်နေရတာပါ။ ဒီProductလေးတွေနဲ့တွေ့မှ ၄ရက်တစ်ခါ ၅ရက်တစ်ခါ လောက်မှ လျှော်လို့ရတဲ့ အခြေအနေလေးဖြစ်သွားလို့ ပျော်နေရတာပါရှင်🤗

Shampooလေးကတော့ L'oreal Paris က ထုတ်တဲ့
📌 Total Repair 5 Shampoo နဲ့
📌Keratin Smooth Shampoo ပဲဖြစ်ပါတယ်

🔀Total Repair 5 Shampoo ကတော့ Hair's Breakage,Dryness,Dullness, Roughness နဲ့ Split ends များအတွက် အထူးထုတ်လုပ်ထားတဲ့ Shampoo ပဲ ဖြစ်ပါတယ်။အဖျားနှစ်ခွဖြစ်နေတဲ့လူတွေ၊ ဆံသားခြောက်သွေ့ပီး ကြမ်းနေတဲ့ လူတွေအတွက် အထူးသင့်တော်ပါတယ်။သက်ထားကတော့ အဖျားနှစ်ခွလေးတွေရှိလို​့
Total Repair 5 Shampooကို သုံးဖြစ်တာပါ။ စျေးနှုန်းကတော့ ၆၅၀ml ကို ၁သောင်းဝန်းကျင်ပါပဲ။ ၆၅၀ml ကို တစ်ယောက်တည်း သုံးရင်တောင် ၁၀လလောက် သုံးရတာပါ။ အမုန်းသုံးနော်🤣သုံးပျော်ပါတယ်ရှင်....
တစ်လကို တစ်ထောင်လောက်ပဲကျတော့မှာပေါ့။ သက်ထားကတော့ ၆၅၀ ml တစ်ဘူးကုန်သွားတဲ့ အချိန်မှာတော့ အဖျား ၂ခွက 70% လောက်သက်သာသွားတာပါ..
resultကတော့ amazingပါပဲ...

🔥💥သူ့ရဲ့ အားနည်းချက်လေးတစ်ခုကတော့ သုံးပီးရင် ဆံပင်ကို ပုံမှန်ထက် အနည်းငယ်လေးပိုကြမ်းသွားတာဖဲ။
အာ့ကြောင့် သူ့ကို သုံးပြီးရင်တော့ Conditioner တစ်ခုခုကို မဖြစ်မနေ ပြန်သုံးပေးရပါမယ်နော်❗❗

🔀နောက်တစ်မျိုးကတော့ Keratin Smooth Shampoo ပါ။ သူကတော့ ဆံပင်နှစ်ခွ မဖြစ်တဲ့ လူတွေ/ဆံသားကို နဂိုထက် ပိုမိုနူးညံ့အိစင်းချင်သူတွေအတွက် ရည်ရွယ်ပါတယ်။
✅Keratin ဓာတ်ပါတဲ့အတွက် သုံးပြီးတာနဲ့ လုံးဝပျော့စင်းအိစက်သွားမှာနော်။ခေါင်းလျှော်ပီးရင်တောင် Conditioner သုံးဖို့ လုံးဝမလိုတဲ့ထိတောင် ပျော့ပျောင်းသွားမှာပါနော်...

သက်ထားကတော့ စိတ်ပါတဲ့နေ့ဆို Total Repairနဲ့ ခေါင်းလျှော်..Conditioner လေးသုံးပေမယ့်....အရမ်းပျင်းနဲ့ နေ့တွေကျ Keratin Smooth Shampoo လေးနဲ့ပဲ လျှော်လိုက်ပါတယ်ရှင်...🤣

🌨Conditioner နေရာမှာ​တော့ သက်ထားက Hair mask လေးတွေကို အစားထိုးသုံးလေ့ရှိပါတယ်။ Hair maskက Conditioner ထက် ပိုမိုပျော့ပျောင်းစေလို့ပါ။ တစ်လကို Conditioner 4 ခါ လောက် သုံးရမယ့် အချိန်မှာ Hair mask က ၂ ခါလောက် သုံးရုံနဲ့လုံလောက်လို့ပါ။
(ကျွန်မက တစ်ခါတစ်ရံ အပျင်းကြီးတာ ဝန်ခံပါတယ်ရှင်🤣🤣)

ကဲ့ Hair mask လေးအကြောင်းစမယ်နော်✨✨

🔀L'oreal Pairs➡Total Repair 5 Shampoo ကပဲထွက်တဲ့ Hair mask လေးကိုပဲ Shampooနဲ့ တွဲပီး သုံးလေ့ရှိပါတယ်။
Hair mask လေးက 200ml ကို ၉ထောင် ဝန်းကျင်ပါ။တစ်လနှစ်ခါလောက် သုံးမယ်ဆိုရင်တောင် ၅ လလောက် အနည်းဆုံး သုံးလို့ရပါတယ်။သက်ထားကတော့ အဲ့အတွဲလေးကို ၁ နှစ်နီးပါး သုံးပြီး ဆံပင် ၂ခွ ဖြစ်တာ ၇၀% လောက်ကို သက်သာသွားတာပါ။ ကျန်တဲ့ ၃၀% လောက်ကတော့ ညှပ်ထုတ်ပလိုက်တာပါ။
ခုဆိုရင် ဆံပင်နှစ်ခွဆိုတာ လုံးဝမရှိသလောက်နီးပါးကို ဖြစ်နေပါပြီ။

🔀နောက်တစ်ခုကတော့ L'oreal က Hair mask နီးပါး Quality ကောင်းတဲ့ ဂျပန်နိုင်ငံထုတ် Treatment လေးပါ။ ဂျပန်လိုတွေရေးထားလို့ ဘာမှမဖတ်တက်ပေမယ့်🤣 သုံးပြီးတာနဲ့ နူးညံ့ ပြောင်လက်ပြီး အဆီတစ်ခုခုလိမ်းထားသလို အိတုန်သွားတာပါ။ ဘယ်ကဝယ်လဲဆိုတော့ စျေးထဲက အလုကုန်ဆိုင်တစ်ဆိုင်က တွေ့လို့ ဝယ်ခဲ့တာပါ။ 480ml ကိုမှ ၈ထောင်ဝန်းကျင်ပါ။ အောက်မှာ ပုံလေးနှင့်တစ်ကွ ဖော်ပြပေးပါ့မယ်ရှင်။

🎭🎭ကဲ ကျွန်မရဲ့ Hair Care လေးကတော့ ဒီလောက်ပါပဲရှင်။ အဲ့တိုင်း ၁နှစ်နီးပါး သုံးလာရင်းနဲ့ သက်ထားဆံပင်လေးဘယ်လောက်ထိ ကောင်းလာတယ်ဆိုတာကိုတော့ နောက်လာမယ့် Post မှာ သက်ထားပုံလေးများနဲ့အတူ ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။🎭🎭

Stay tuned!!!!!🛩🛩🛩

Videos (show all)

Telephone

Website