Aung Clinic အောင်ဆေးခန်း
Teleconsultation for all
ဂရုစိုက်ကြပါ.
🥵 အငွေ့ပြန်သွားမတတ်ပူနေတဲ့ ဒီလိုကာလမှာ အသက်အန္တရာယ်အတွက် သတိထားရမှာက "အပူကြောင့် လေဖြတ်ခြင်းဆိုတဲ့ (𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞)"
🌡️ပုံမှန်အားဖြင့် လူတွေရဲ့ခန္ဓာကိုယ်မှာ အပူချိန်ကိုမျှအောင် ထိန်းညှိပေးတဲ့ စနစ်ရှိပြီးသားပါ
🌡️𝐇𝐲𝐩𝐨𝐭𝐡𝐚𝐥𝐚𝐦𝐮𝐬 ဆိုတဲ့ ဂလန်းက ခန္ဓာကိုယ်ပူလာရင် အရေပြားကနေ ချွေးထွက်စေပြီး အပူဓါတ်တွေကို Evaporationနည်းနဲ့ အပြင်ထုတ်ပေးတတ်ပါတယ်
🌡️ဒါပေမယ့် ခန္ဓာကိုယ်အပူချိန်က 𝟏𝟎𝟒'𝐅 (𝟒𝟎'𝐂) အထက်ရောက်လာရင် အဲ့စနစ်ကပျက်သွားပြီး ပြန်မညှိပေးနိုင်တော့ဘူး အဲ့အခါမှာ ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်ပြီး အန္တရာယ်ရှိလာပါတယ်
🌡️ပူတာနဲ့ heat stroke တန်းဖြစ်တာတော့မဟုတ်ပါဘူး .. သူ့ရှေးပြေးတွေဖြစ်တဲ့ 𝐡𝐞𝐚𝐭 𝐜𝐫𝐚𝐦𝐩𝐬, 𝐡𝐞𝐚𝐭 𝐬𝐲𝐧𝐜𝐨𝐩𝐞, 𝐡𝐞𝐚𝐭 𝐞𝐱𝐡𝐚𝐮𝐬𝐭𝐢𝐨𝐧 စတဲ့အဆင့်တွေပြီးမှ နောက်ဆုံး 𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞 ဖြစ်တတ်တာပါ
🌞 𝐇𝐞𝐚𝐭 𝐞𝐱𝐡𝐚𝐮𝐬𝐭𝐢𝐨𝐧 အဆင့်ရဲ့ လက္ခဏာတွေ
🔸မူးဝေခြင်း
🔸ချွေးတအားထွက်ခြင်း
🔸ကိုယ်လက်တွေ ရုတ်တရက်အေးပြီး ဖြူဖျော့သွားခြင်း
🔸ပျို့အန်ခြင်း
🔸သွေးခုန်နှုန်းမြန်ခြင်း
🔸ကြွက်တက်ခြင်း
✅ အဲ့လိုအချိန်မှာ ဘာလုပ်သင့်သလဲ
🔸လေဝင်လေထွက်ရှိပြီး အေးတဲ့နေရာကို ရွှေ့ပါ
🔸လူနာကသတိရှိသေးရင် ရေတိုက်ပေးပါ
🔸ရေအေးချိုးပေးပါ (သို့) ရေပတ်တိုက်ပေးပါ
အဲ့လိုလုပ်ရင်း ခန္ဓာကိုယ်အပူချိန်ကို မိနစ်ပိုင်းအတွင်း မချနိုင်ရင် 𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞 ရနိုင်ပါတယ်
🌞 𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞 ရဲ့လက္ခဏာတွေ
🔸ခေါင်းတအားကိုက်ခြင်း
🔸လုံးဝချွေးမထွက်တော့ခြင်း၊ အသားရေခြောက်သွားခြင်း
🔸ခန္ဓာကိုယ်အပူချိန်က 𝟏𝟎𝟑'𝐅 ထက်ကျော်ပြီး နီရဲ ပူကျစ်နေခြင်း (စဖြစ်ပြီး ၁၀ -၂၀မိနစ်အတွင်း 106'F ထိတက်သွားနိုင်ပါတယ်)
🔸ပျို့အန်ခြင်း
🔸သွေးခုန်းနှုန်းတအားမြန်လာခြင်း
🔸လူက သတိမရှိတော့ခြင်း၊ တက်ခြင်း
🚨 အဲ့လိုဖြစ်တာနဲ့
🔺ချက်ချင်းလုပ်ရမှာက ဆေးရုံကိုမိနစ်ပိုင်းအတွင်း အမြန်ပို့ပါ၊ လမ်းမှာ လူနာကို အေးအောင်လုပ်ပေးပါ
✅ အေးအောင်ဘယ်လိုလုပ်ရမလဲ
🔸အရိပ်ရှိတဲ့နေရာ၊ လေဝင်လေထွက်ရှိတဲ့နေရာမှာထား
🔸ပန်ကာကိုဖွင့်ထား၊ ပန်ကာလေက လူကိုဖြတ်ပြီး လေထွက်ရာလမ်းကြောင်းကို ထွက်သွားပါစေ
🔸အဝတ်တွေကို ချွတ်ထားပါ
🔸ရေစိုအဝတ်၊ ရေခဲထုတ်တို့နဲ့ ချိုးကြား၊ ပေါင်ကြား၊ လက်ကောက်ဝတ်၊ ခြေချင်းဝတ်နေရာတွေကိုအုပ်ထားပေး၊ ရေပတ်တိုက်ပေးပါ
🌞 ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲ?
🔸နေပူထဲ အလုပ်လုပ်နေရသူတွေ
🔸ရာသီဥတုတအားပူတဲ့ထဲ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ
🔸အသက်ကြီးသူတွေ
🔸ရောဂါအခံရှိသူ/ ဖျားနာနေသူတွေ (သွေးတိုး/ ဆီးချို/ ကျောက်ကပ်ရောဂါ အစရှိသည်)
🔸ဆေးသောက်နေရသူ (beta blockers, anticholinergics အစရှိသည်)
🔸အခန်းလှောင်ပိတ်ထဲ နေနေသူတွေ (eg ကလေးကို ကားတံခါးပိတ်ပြီးထားခဲ့တာမျိုး)
⛔ ကာကွယ်တတ်ဖို့လိုပါတယ်? ⛔
🔺ဖြစ်နိုင်ချေရှိသူတွေက ပိုသတိထားပါ
🔺ကိုယ့်နားမှာ လေဝင်လေထွက် ရှိနေဖို့အရေးကြီးပါတယ်
🔺ရာသီဥတုပူရင် တစ်နာရီကို ရေအေး သုံးလေးခွက်လောက်သောက်ပေးပါ
🔺ဆားနဲ့ သတ္တုဓာတ်တွေပါတဲ့ အချိုရည် သောက်ပေးပါ
🔺ပါးလွှာတဲ့အဝတ်အစားကို ရွေးဝတ်ပါ
🔺Suncreen လိမ်းပါ
🔺နေအေးတဲ့အချိန်မှသာ အပြင်ထွက်ပါ
🔺အရိပ်ရတဲ့နေရာမှာ နေပါ
🔺အရက်ကရေဓာတ်ဆုံးရှုံးစေတဲ့အတွက် အရက်သောက်ခြင်းကို ရှောင်ပါ
🔺အေးတဲ့ဒေသကနေ ပူတဲ့ဒေသခရီးသွားသူတွေအနေနဲ့ ရာသီဥတုဒဏ်ခံနိုင်အောင် ဖြေးဖြေးခြင်း အသားကျအောင် အရင်လုပ်ပါ
⛑️⛑️⛑️ အရေးကြီးဆုံးက 𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞 လက္ခဏာတွေ့တာနဲ့ မိနစ်(၃၀) အတွင်း အပူချိန်ကျအောင် ချနိုင်မှဖြစ်ပါမယ်... အချိန်ကြာလေ အသက်အန္တရာယ်ရှိလေဖြစ်ပါတယ်
#အပူလေဖြတ်ခြင်း
𝓑𝓮 𝓗𝓮𝓪𝓵𝓽𝓱𝔂, 𝓑𝓮 𝓗𝓪𝓹𝓹𝔂
By, Dr.A
30.11.22 (Sunday )
Physiotherapy Home Care in Myanmar မှ
အခမဲ့ လာရောက်စမ်းသပ်ကုသပေးခဲ့ပုံများ
(Cervical Spondylosis ,
Knee Pain , Trigger Finger , OA Knee, PCL tear ,
DM Neuropathy )
Patient များကို
TENS, ES, Infrared,
Ultrasound, PCD စက်များ
Exercise များ ဖြင့် စမ်းသပ်ကုသပေးခဲ့ပါတယ်။
လာရောက်အားဖြည့်ပေးတဲ့ Physiotherapist အစ်မကို
ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ🥰
*နောက်လတွေမှာလည်း
ယခုလို လတိုင်း အခမဲ့ကုသပေးမယ့် အစီအစဉ်တွေ
ကျန်ရှိနေပါသေးတယ်🥰*
အောင်ဆေးခန်းနှင့်
Physiotherapy Home Care in Myanmar တို့
ပူးပေါင်းစီစဉ်မှုအနေဖြင့်
ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းမှု နည်းပညာရှင်
(Physiotherapist)များကိုယ်တိုင်
အခမဲ့ ကုသစမ်းသပ်ပေးမည့် အစီအစဉ်လာပါပြီ✨
လူဦးရေ ကန့်သတ်ထားပါသဖြင့်
ကြိုတင်စာရင်းပေးနိုင်ပါပြီ ခင်ဗျာ✨
⏱30.10.2022 (တနင်္ဂနွေ)
မနက် ၁၀:၀၀ နာရီ မှ ညနေ ၃ နာရီအထိ သာ
အောင်ဆေးခန်း
ဘုရင့်နောင်လမ်း အောင်ချမ်းသာ (၂)စျေးရှေ့ သန်လျင်မြို့
ဖဝါးနုနု Diabetes Foot Clinic မှ
(အခမဲ့ )စတင်စမ်းသပ်ပေးနေပါပြီ
ဆီးချိုဝေဒနာရှင်များ ခြေထောက်အာရုံကြော
လာရောက်စမ်းသပ်နိုင်ပါပြီ
အောင်ဆေးခန်း
အောင်ချမ်းသာ (၂)စျေးရှေ့ သန်လျင်မြို့
09966023657
ဖဝါးနုနု Diabetes Foot Clinic နဲ့ အောင်ဆေးခန်း ရဲ့
ပူးပေါင်းစီစဉ်မှုအနေဖြင့်
👍🏼သန်လျှင်မြို့နားတဝိုက်က ဆီးချိုလူနာများအတွက် သတင်းကောင်း လာပါပြီ👍🏼
ဖဝါးနုနု “အခမဲ့” ခြေထောက်အာရုံကြော စမ်းသပ်ပေးခြင်းအစီအစဉ်ကို အောက်ပါအစီအစဉ်အတိုင်းပြုလုပ်ပေးသွားမှာမို့ ကြိုတင်စာရင်းပေးနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။
✅အောင်ဆေးခန်း✅
အမှတ် ၈/၁၈၅ ၊ ဘုရင့်နောင်လမ်း ၊ ၂ စျေးရှေ့ ၊ အောင်ချမ်းသာ (၂) ရပ်ကွက် ၊ သန်လျင်မြို့
မှာ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
👉🏼နေ့ရက်
✅ ၂၅.၉.၂၀၂၂✅ တနင်္ဂနွေနေ့
နေ့လည် ၁၂-၃ နာရီ
👉🏼စာရင်းပေးရန်
09953563313
09953563323
ရာသီတုပ်ကွေး ကာကွယ်ဆေးတွေ ရောက်ပါပြီ
(ဒုတိယ အသုတ်ပါ)
MM FDA ပါ
ပထမအသုတ် ၂၀၀ ကတော့
Pre order နဲ့တင်ပြတ်သွားလို့ပါခင်ဗျ
💉ရာသီတုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) 💉
ပထမအသုတ် အတွက်
ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ✅
(April နောက်ဆုံးပတ် (သို့)
Mayလ ပထမအပတ် ဆေးရောက်ပါမယ်✅
30000 ks/ (ဆေးဖိုးနှင့်ဆရာဝန်ခအပါ) ✅
+Home Service Charges (သန်လျင်မြို့တွင်းသာ)✅
Vaxigrip Tetra 2022 (MM registration) 
Myanmar FDA approved ပါ။
2022မိုးဦးကျ မြန်မာနိုင်ငံမှာ ဖြစ်ပွားနိုင်တဲ့
Southern Strains တုပ်ကွေးပိုးမျိုးကွဲ (၄) မျိုးကို
ကာကွယ်ပါတယ်
(ခ) ကာကွယ်ဆေးထိုးသင့်သူများ
🛑🛑🛑🛑🛑🛑🛑🛑🛑
၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကြပ်၊ ဆီးချိုနှင့် နာတာရှည် ခုခံမှုအားနည်းသော ရောဂါသည်များ၊ လူနာနှင့် တိုက်ရိုက်ထိတွေ့နေသော ကျန်းမာရေးဝန်ထမ်းများက တုပ်ကွေးကာကွယ်ဆေး ရနိုင်လျှင်၊ မတန်တဆ စျေးမပေးရလျှင် ထိုးသင့်ပါသည်။
(ဂ) ကိုယ်ဝန်ဆောင်များ
🛑🛑🛑🛑🛑🛑🛑
-ကိုယ်ဝန်ဆောင်များ စောထိုးနိုင်လျှင် ကာကွယ်မှုစောစောရသည်။ မည်သည့်လမဆို ထိုးနိုင်သည်။ ကိုယ်ဝန်ဆောင် တုပ်ကွေးဖြစ်လျှင် လက္ခဏာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိ၍ ထိုးသင့်ပါသည်။ ကိုယ်ဝန်ဆောင်မိခင် ထိုးခြင်းဖြင့် မွေးလာမည့် ကလေးကို အသက် ၆ လအထိ တုပ်ကွေးကာကွယ်ပေးနိုင်သည်။
(ဃ) ဆေးအာနိသင်ရစေရန်
🛑🛑🛑🛑🛑🛑🛑🛑
-ရောဂါပိုးက အသွင်အမျိုးမျိုး ပြောင်းနေ၍ ကာကွယ်ဆေးကို နှစ်စဉ်ပြပြင်မွမ်းမံ ထုတ်လုပ်သည်။ ထိုးချင်လျှင်၊ ထိုးသင့်လျှင် နှစ်စဉ်ထိုးရသည်။
-၆ လမှ ၉ နှစ်ထိ ကလေးများတွင် ပထမဆုံးအကြိမ်ထိုးသောနှစ်တွင် အနည်းဆုံး ၄ ပတ်ခြား၍ ၂ လုံး ထိုးရသည်။ နောက်နှစ်များတွင် တစ်နှစ်တစ်ကြိမ်သာ ထိုးဖို့လိုသည်။
-၉ နှစ်ပြည့်ပြီး ကလေးများတွင် ပထမဆုံးစထိုးသော နှစ်တွင် တစ်ကြိမ်သာ လိုပြီး နှစ်စဉ်ထိုးရသည်။
-၉ နှစ်အောက်ကလေးများ အကြောင်းတစုံတရာကြောင့် တစ်ကြိမ်ပဲ ထိုးမိလျှင်လည်း စိတ်တအားမပူပါနှင့်။ လုံးဝမထိုးတာထက်တော့ ခုခံမှုပိုပါသည်။
-တုပ်ကွေးရာသီ မတိုင်ခင် ၂လ ကြိုထိုးလျှင်အကောင်းဆုံးဖြစ်သော်လည်း အဖြစ်များချိန်တွင် ထိုးဖို့နောက်မကျသေးပါ။
-ကာကွယ်ဆေးထိုးပြီး ၂ ပတ်-၃ ပတ်ကြာလျှင် ခုခံမှုစွမ်းရည်စတင် ရရှိသည်။
-ရနိုင်သည့် ခုခံမှုပမာဏက ဆေး၏အာနိသင်ပေါ်တွင်သာမက ဗိုင်းရပ်စ်ပိုး၏ ပြင်းထန်ဆိုးရွားမှု၊ လူ၏ ပင်ကိ်ုယ်ကိုယ်ခံအားတို့ အပေါ်တွင်ပါ မူတည်သည်။
-ကာကွယ်ဆေးက တုပ်ကွေးပိုးများကို ရာနှုန်းပြည့်ကာကွယ်မပေး၍ ကာကွယ်ရန်အခြားနည်းလမ်းများဖြစ်သော အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ လက်ပုံမှန်ဆေးခြင်း၊ လူထူထပ်သော နေရာများကို ရှောင်ရှားခြင်းစသည်တို့ကို ဆက်လက်ကျင့်သုံးဖို့လိုအပ်သည်။
(င) ဘေးထွက်သက်ရောက်မှု
🛑🛑🛑🛑🛑🛑🛑🛑🛑
-အဖြစ်များသည့် ဘေးထွက်သက်ရောက်မှုမှာ ယာယီအဖျားငွေ့ရှိခြင်း၊ ထိုးသည့်နေရာတွင် ယာယီနီခြင်းတို့ဖြစ်သည်။
-မထိုးသင့်သောသူများမှာ ပထမအကြိမ်ထိုးပြီးပြီးခြင်း နှုတ်ခမ်းများ ရောင်လာခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ရှိဖူးလျှင် မတည့်ခြင်းဖြစ်၍ ဆက်မထိုးသင့်ပါ။ အလွန်ရှားသော်လည်း ကြက်ဥမတည့်သူများက ဆရာဝန်အနားရှိလျှင်ထိုးနိုင်သည်။

COVID-19 Vaccines Booster dose ထိုးရန်
💉Sinovac or Sinopharm ၂ ကြိမ် (2 doses) ထိုးပြီး ၃ လနှင့် အထက်အကြာတွင်
💉Moderna or Pfizer ၂ ကြိမ် (2 doses) ထိုးပြီး ၆ လနှင့် အထက်အကြာတွင်
💉Johnson & Johnson ၁ ကြိမ် (single dose) ထိုးပြီး ၂ လနှင့် အထက်အကြာတွင်
💉Johnson & Johnson ၂ ကြိမ် (2doses) ထိုးပြီး ၆ လနှင့် အထက်အကြာတွင်
💉AstraZeneca ၂ ကြိမ် (2doses) ထိုးပြီး ၆လနှင့်အထက်ကြာတွင် Booster ထိုးရန် လိုအပ်ပါတယ်
💉CoviShield အတွက်တရားဝင် booster dose India ကမပြောထားပေမယ့် Indian version of AstraZeneca ဖြစ်တဲ့အတွက်ကြောင့် ၂ ကြိမ်(2doses) ထိုးပြီး ၆လနှင့် အထက်အကြာတွင် booster ထိုးရန် recommend လုပ်ထားပါသည်
CDC က Omicron variant ရဲ့ ကူးစက်မှုနှုန်းမြန်သောကြောင့် booster dose များထိုးရန် recommend လုပ်ထားပါတယ်
လတ်တလောမှာ Fever Case 🤒 တွေပြန်ပြီးအဖြစ်များလာတဲ့အတွက် Seasonal Flu အကြောင်းနဲ့ဘယ်လိုနေထိုင်ပြီးကာကွယ်နိုင်မလဲဆိုတာလေးမျှဝေပေးချင်ပါတယ်။
ရာသီတုပ်ကွေး ( Seasonal Flu) ဆိုတာဘာလဲ❓
ရာသီတုပ်ကွေးဆိုတာတော့ Influenza Virus ကြောင့်ဖြစ်တဲ့လူတစ်ဦးမှတစ်ဦးကူးစက်နိုင်တဲ့ရောဂါတစ်မျိုးပါ။ အခုလိုရာသီမျိုးမှာအဖြစ်များပြီးရောဂါပိုးရှိသူကအသက်ရှူထုတ်လိုက်တဲ့အမှုန်အမွှားလေးတွေမှတစ်ဆင့် အသက်ရှူလမ်းကြောင်းကနေကူးစက်နိုင်ပါတယ်။
ရာသီတုပ်ကွေးဖြစ်ပြီလို့ဘယ်အချိန်မှာသံသယဝင်နိုင်လဲ❓
ဒါကတော့ အခု Covid 19 Case တွေ အမြစ်မပြတ်သေးတာရယ်၊ ရိုးရိုးသာမန်အအေးမိတာရယ် ဖြစ်နိုင်သေးတာမို့ မိမိကိုယ်တိုင်ခွဲခြားနိုင်ဖို့ခက်ပါတယ်။
ဒါပေမယ့် အဖြစ်များတဲ့ရောဂါလက္ခဏာတွေပြောပြပေးသွားပါမယ်။
🔸ဖျားနာခြင်း
🔸ခေါင်းကိုက်ခြင်း
🔸ကိုယ်လက်မအီမသာကိုက်ခဲခြင်း
🔸ချောင်းဆိုးခြင်း
🔸နှာစေးခြင်း
🔸လည်ချောင်းနာခြင်း
🔸အန်ခြင်း
🔸ဝမ်းလျှောခြင်း
အထက်ပါလက္ခဏာများခံစားရပြီဆိုရင် မိမိကိုယ်ကို Self Isolate နေသင့်ပါပြီ။
Covid လား ❓ရာသီတုပ်ကွေးလား ❓သာမန်အအေးမိလား❓
ရောဂါလက္ခဏာတွေကခပ်ဆင်ဆင်မို့ သက်ဆိုင်ရာဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့လိုအပ်ပါတယ်။
ရာသီတုပ်ကွေးဖြစ်ပြီဆိုရင်ဘယ်လိုနေထိုင်စားသောက်ရမလဲ ❓
အဓိကဇာတ်လိုက်ကတော့ကိုယ်ခံအားကောင်းနေဖို့ပါပဲ။
🔸Immune တက်စေမဲ့ အစားအစာတွေစား
မယ်
🔸အိပ်ရေးဝအောင်အိပ်မယ်
🔸Immune ကို boost လုပ်ပေးမယ့်
Vitamins & supplements တွေ သောက်
မယ်
🔸အဖျားရှိရင်ရေပတ်တိုက်မယ်
🔸အသက်ရှူလေ့ကျင့်ခန်းလုပ်မယ်
‼️ဒီနေရာမှာပြောချင်တာတော့ မလိုအပ်ပဲပိုးသတ်ဆေးတွေမသောက်ဖို့ပါပဲ။
ရာသီတုပ်ကွေးဟာVirus ကြောင့်ဖြစ်တဲ့ရောဂါမလို့ Bacteria ကိုသေစေတဲ့ ပိုးသတ်ဆေး(Antibiotics)တွေသောက်လဲအလကားပါပဲ။ပိုးသတ်ဆေးရဲ့ဆိုးကျိုးတွေခံစားရတာပဲအဖတ်တင်မှာပါ။ဒါကြောင့်ပိုးသတ်ဆေးကတော့ဆရာဝန်လမ်းညွှန်မှုနဲ့သာသောက်သုံးသင့်ပါတယ်။
ရာသီတုပ်ကွေးမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ ❓
ပြောနေကြအတိုင်းပါပဲ
❌လူစုလူဝေးရှောင်မယ်
↔️ခပ်ခွါခွါနေမယ်
🧼လက်ကိုခနခနဆေးမယ်
😷Mask တပ်မယ်
🍊ကိုယ်ခံအားကောင်းစေမယ့်အစားအစာတွေစားမယ်
💉ရာသီတုပ်ကွေးကာကွယ်ဆေး(Flu Vaccine )ထိုးပြီးလည်းကြိုတင်ကာကွယ်နိုင်ပါတယ်။
ဒါပေမယ့် Virus ကမျိုးကွဲများစွာရှိလို့ကာကွယ်ဆေးထိုးပြီးရင်လည်းသာမန်အတိုင်းသွားလာနေထိုင်လို့မရပါဘူး။
ရာသီတုပ်ကွေးကူးစက်ခံရတဲ့သူတွေမှာအများစုကရက်အနည်းငယ်အတွင်းပြန်ကောင်းသွားကြပါတယ်။တစ်ချို့ကတော့ပြင်းထန်အဆင့်ထိဖြစ်တတ်တာမလို့မပေါ့ဆဖို့ပြောချင်ပါတယ်။
အခုဆိုရင် Teleconsultation Page တွေလည်းရှိတဲ့အတွက်မိမိကိုယ်ကိုသံသယရှိပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။ 🤍
ဆေးခန်းစဖွင့်တာ
သုံးနှစ်ကျော်လို့ လေးနှစ်ပြည့်ခါနီးနေပါပီ
ဘာသာရေးတော့ ပုံမှန်မလုပ်ဖြစ်ပေမယ့်
ဒီကုသိုလ်တော့ ဆေးခန်းဖွင့်ထားသမျှ ယူပါ့မယ်🙏🏾
မြန်မာမှာလဲ Moderna ရလာတဲ့အခါ Booster အနေနဲ့ထိုးဖို့ကိုရှေ့ကထိုးပြီးသား vaccine နဲ့ဘယ်လိုခြားပြီးMix Vaccinationလုပ်လို့ရလဲဆိုတဲ့interval guideline ပါ။
ဒီguideline ကနေModerna တစ်ခုထဲမဟုတ်ပဲကိုယ်ထိုးပြီးသား vaccine ကိုပဲ ၆လကြာတဲ့အခါ Boost လုပ်သင့်တယ်ဆိုတာလဲသဘောပေါက်သွားပါတယ်။
ဒါကြောင့်ခုချိန်မှာဘာဆေးရရထိုးကြပါ
နောက်ထပ်ကောင်းဆဲ့ဆေးရောက်လာတဲ့အခါပိုကောင်းဆဲ့ဆေးနဲ့ပဲဖြစ်ဖြစ်အမျိုးအစားတူပဲဖြစ်ဖြစ်3- 6 months ကြာတာနဲ့Boost ထပ်လုပ်ရမှာပါ။
ခုပုံလေးကို ထိုင်းဆေးရုံတစ်ခုကတင်ထားလို့သိချင်တဲ့သူတွေ save ထားလို့ရအောင်တင်ပေးလိုက်ပါတယ်။
သန်လျင်နာရေးကူညီမှုအသင်း၊သဘာဝ
ဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေး
ဆပ်ကော်မတီမှ သန်လျင်မြို့ရှိ
Covid-19 ရောဂါ သံသယရှိသူများ အကူ
အညီ တောင်းနိုင်ရန် Call Center ကို
ကျိုက်ဗောဓိ အရှေ့ကျောင်း ဘုရားဝင်း၊
အမှုထမ်းရပ်ကွက်၊သန်လျင်မြို့။
☎️ ၀၉-၇၉ ၆၆၆၆ ၈၃၆ တွင်ဖွင့်လှစ်
ထားပြီးဖြစ်ပါသဖြင့် ဆက်သွယ်အကူအ
ညီတောင်းခံနိုင်ပါသည်။
၁၀-၇-၂၀၂၁ (စနေနေ့) မှစ၍ နေ့စဉ်
နံနက်(၉)နာရီမှ(၁၂)နာရီထိ အထွေထွေ
ရောဂါကုဆေးရုံကြီး၊သန်လျင်မြို့တွင်
Fever Clinc ဖွင့်လှစ်ပြီး Covid-19
ရောဂါသံသယရှိသူများ၊ရောဂါဖြစ်နေ
သောသူများကို စစ်ဆေးပေးပြီး၊အတည်
ပြုခြင်း၊ဆေးကုသပေးခြင်း၊
Contact person များကို လိုအပ်သလို
ညွန်ကြားပေးခြင်းများပြုလုပ်ပေးမည်
ဟုသိရပါသည်။
Fever Clinicတွင်စစ်ဆေးမှုခံယူမည့်
သူများကို သန်လျင်နာရေးကူညီမှုအသင်း
သဘာဝဘေးအန္တရာယ် ကူညီစောင့်
ရှောက်ရေးဆပ်ကော်မတီမှ၊စစ်ဆေးမည့်
သူများကို မိမိတို့အိမ်မှ Fever Clinic သို့
လာရောက်ခေါ်ယူပို့ဆောင်ပေးခြင်း
Fever Clinic မှညွန်ကြားမှုအရ၊သက်ဆိုင်
ရာဆေးရုံ၊ Q Center များသို့ပို့ဆောင်
ပေးခြင်း၊Stay Home (မိမိအိမ်တွင်း)
နေရမည့်သူများကို အိမ်သို့ပြန်ပို့ပေးခြင်း
များဖြင့် ကြို/ပို့ပြုလုပ်ပေးပါမည်။
☎️ ၀၉-၇၉ ၆၆၆၆ ၈၃၆ သို့ဆက်သွယ်
အကူအညီတောင်းခံပါခင်ဗျာ။
သန်လျင်နာရေးကူညီမှုအသင်း page
ကိုဗစ်ပိုးကူးစက်ခံရသူများအတွက်
အာဟာရဆိုင်ရာ အကြံပြုချက်များ
(Dr ဆုမြတ်သဇင်
အာဟာရအထူးပြုဆရာဝန် (Clinical Nutritionist))
ဆီမှ ပြန်လည်ကူးယူထားပါသည်
(Reference - ASPEN, attached as photo below)
- ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့အချိန်မှာ အများအားဖြင့် ၈၈% သော လူတွေဟာ ပိုးကူးပေမယ့် ဆေးရုံတက်ဖို့မလိုပါဘူး။ ၁၂% ကသာ ဆေးရုံတက်ကုသဖို့ လိုအပ်ပါတယ်။
- ကိုဗစ်ရဲ့လက္ခဏာတွေက ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နုန်းခြင်း၊ မောခြင်း နဲ့ အနံ့အရသာပျောက်ခြင်းတို့ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါမပြင်းထန်သူအချို့ဆိုရင် အိမ်မှာ အောင်းပြီးကုနေကြတာမျိုးတောင် ကြားနေရပါတယ်။
ဘယ်မှာပဲကုကု — ကိုဗစ်-၁၉ ရောဂါပိုးဟာ ဗိုင်းရပ်စ်အမျိုးအစားဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကိုယ်ခံအားက အဓိကဖြစ်ပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ ဘယ်လိုစားသောက်ဖို့လိုတယ် (သို့) လူနာတွေကို အကြမ်းဖျဉ်း အာဟာရဘယ်လိုပေးမလဲဆိုတာလေး မျှဝေချင်ပါတယ်။ 😇
တစ်နေ့တာအာဟာရ လိုအပ်ချက်
- ရေ ၂-၃ လီတာ
- ကယ်လိုရီ ၂၀၀၀-၂၅၀၀
- အသားဓာတ် ၇၅-၁၀၀ ဂရမ်
(၁) ရေ ၃ လီတာသောက်ဖြစ်စေဖို့ ဘာလုပ်ကြမလဲ
- လူနာအနားမှာ ရေသန့်ဘူးတစ်ဘူး အဆင်သင့်ပြင်ပေးထားပါ။ ၁၅-၂၀ မိနစ်ခြားတစ်ခါ ရေ ၁၀၀ စီစီ သောက်စေပါ။
- သောက်ရလွယ်တဲ့ အရည်ကြည်လေးတွေ ပြင်ဆင်ထားပေးပါ (အာဟာရည်များ၊ ဓာတ်ဆားရည်နဲ့ sport drink တွေသောက်ခိုင်းနိုင်ပါတယ်)
- ဆီးချိုနဲ့ ကျောက်ကပ်လူနာတွေမှာတော့ သတ်မှတ်ထားတဲ့ အရည်ပမာဏနဲ့ သင့်တော်တဲ့ အာဟာရရည် အမျိုးအစားကိုသာ တိုက်ရပါမယ်။
(၂) ကယ်လိုရီပြည့်မှီအောင် ဘယ်လိုစားသင့်လဲ
- ပမာဏနည်းနည်းနဲ့ ခဏခဏစားပေးပါ။ တကယ်လို့ စားချင်စိတ် ပျောက်နေရင်တောင် နာလန်ထူစေဖို့ ကြိုးစားစားပေးပါ။
- ထမင်းတစ်ချိန်နဲ့ တစ်ချိန်အကြားမှာ ကယ်လိုရီနဲ့ အသားဓာတ်များများပါတဲ့ အာဟာရည်တွေသောက်ပေးပါ။ ကြက်ဥအကာလိုမျိုး စားရလွယ်ပြီး အသားဓာတ်များတဲ့အရာမျိုးကို စားပေးသင့်ပါတယ်။
- ဘာပဲစားစား အာဟာရများများပါတာကို ရွေးချယ်ပါ။ ခေါက်ဆွဲပြုတ်နဲ့ အသင့်စားအစားအစာတွေကို ရှောင်ပါ။
- တစ်နေ့ကို ၆ ကြိမ်ထက်မနည်း အစားစားပေးပါ။
(၃) Enteral Feeding Support လိုတဲ့လူနာတွေကို ဘယ်လိုကျွေးမလဲ
- ကယ်လိုရီလိုအပ်ချက်ကို ကိုယ်အလေးချိန် နဲ့ ရောဂါအခြေအနေအလိုက် တွက်ချက်ပြီး စနစ်တကျထည့်ပေးခြင်းဖြင့် ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းကို သက်သာလျော့နည်းစေပါတယ်
- အာဟာရည်အမျိုးအစားနဲ့ ပမာဏရွေးချယ်ရာမှာ အာဟာရဆိုင်ရာကျွမ်းကျင်ဆရာဝန်များ (သို့) အာဟာရအကြောင်းနားလည်သော ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ခြင်းက လူနာရဲ့ outcome (ရလဒ်) ကို ပိုကောင်းစေပါတယ်။
မစားမသောက်ပဲနေရင်ရောပြန်ကောင်းမှာလား
- ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေမှာ အာဟာရမှန်မှန်ကန်ကန် မရလည်းပဲ ရောဂါပိုးကို တိုက်ထုတ်နိုင်ပါတယ်
- ဒါပေမယ့် ရောဂါဖြစ်စဉ် အာဟာရမပြည့်မှီတဲ့အပြင် နာလန်ထအချိန်မှာ စနစ်တကျ မစားသောက်ရင် ကြွက်သားအားနည်းခြင်း/ အမောမခံနိုင်ခြင်းနှင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
(မှတ်ချက် - ကိုဗစ်ရောဂါဖြစ်အပြီး ပျောက်ကင်းစလူနာတွေကို ဆေးရုံမှာအတွေ့ရများလာပြီး လာတက်တဲ့အကြောင်းရင်းတွေက - အားနည်းခြင်း/ ညအိပ်မပျော်ခြင်း/ မောလွယ်ခြင်း/ အစားအသောက်ပျက်ခြင်း နဲ့ ဆီးချိုမထိန်းနိုင်ခြင်းတွေ ဖြစ်ပါတယ်။ အသားဓာတ်နည်းနေတဲ့သူတွေမှာ လက္ခဏာတွေ ပိုဆိုးတာကို ဆက်စပ်တွေ့ရပါတယ်။ research တွေထပ်လုပ်ဖို့တော့ လိုနေပါသေးတယ်)
“FOOD IS MEDICINE WHEN YOU ARE ILL”
“နေမကောင်းနေချိန်မှာ အစာဟာ ဆေးပါ”
ရာသီတုပ်ကွေးကာကွယ်ဆေး ရောက်နေပါပြီ
Pre order သမားများလည်း ဖုန်းဆက်ပေးနေပါတယ်
နောက်ဆုံးအသုတ်ဖြစ်လို့ ထပ်မဝင်တော့ပါခင်ဗျာ
💉💉ရာသီတုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) 💉💉
ဒုတိယအသုတ်(နောက်ဆုံးအသုတ်)အတွက်
ဆေးရောက်ပါပြီ .
26000kyats/ (ဆေးဖိုးနှင့်ဆရာဝန်ခအပါ)
Vaxigrip Tetra 2021 (MM registration) 
Myanmar FDA approved ပါ။
2021 မိုးဦးကျ မြန်မာနိုင်ငံမှာ ဖြစ်ပွားနိုင်တဲ့
Southern Strains တုပ်ကွေးပိုးမျိုးကွဲ (၄) မျိုးကို
ကာကွယ်ပါတယ်
(ခ) ကာကွယ်ဆေးထိုးသင့်သူများ
🛑🛑🛑🛑🛑🛑🛑🛑🛑
၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကြပ်၊ ဆီးချိုနှင့် နာတာရှည် ခုခံမှုအားနည်းသော ရောဂါသည်များ၊ လူနာနှင့် တိုက်ရိုက်ထိတွေ့နေသော ကျန်းမာရေးဝန်ထမ်းများက တုပ်ကွေးကာကွယ်ဆေး ရနိုင်လျှင်၊ မတန်တဆ စျေးမပေးရလျှင် ထိုးသင့်ပါသည်။
(ဂ) ကိုယ်ဝန်ဆောင်များ
🛑🛑🛑🛑🛑🛑🛑
-ကိုယ်ဝန်ဆောင်များ စောထိုးနိုင်လျှင် ကာကွယ်မှုစောစောရသည်။ မည်သည့်လမဆို ထိုးနိုင်သည်။ ကိုယ်ဝန်ဆောင် တုပ်ကွေးဖြစ်လျှင် လက္ခဏာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိ၍ ထိုးသင့်ပါသည်။ ကိုယ်ဝန်ဆောင်မိခင် ထိုးခြင်းဖြင့် မွေးလာမည့် ကလေးကို အသက် ၆ လအထိ တုပ်ကွေးကာကွယ်ပေးနိုင်သည်။
(ဃ) ဆေးအာနိသင်ရစေရန်
🛑🛑🛑🛑🛑🛑🛑🛑
-ရောဂါပိုးက အသွင်အမျိုးမျိုး ပြောင်းနေ၍ ကာကွယ်ဆေးကို နှစ်စဉ်ပြပြင်မွမ်းမံ ထုတ်လုပ်သည်။ ထိုးချင်လျှင်၊ ထိုးသင့်လျှင် နှစ်စဉ်ထိုးရသည်။
-၆ လမှ ၉ နှစ်ထိ ကလေးများတွင် ပထမဆုံးအကြိမ်ထိုးသောနှစ်တွင် အနည်းဆုံး ၄ ပတ်ခြား၍ ၂ လုံး ထိုးရသည်။ နောက်နှစ်များတွင် တစ်နှစ်တစ်ကြိမ်သာ ထိုးဖို့လိုသည်။
-၉ နှစ်ပြည့်ပြီး ကလေးများတွင် ပထမဆုံးစထိုးသော နှစ်တွင် တစ်ကြိမ်သာ လိုပြီး နှစ်စဉ်ထိုးရသည်။
-၉ နှစ်အောက်ကလေးများ အကြောင်းတစုံတရာကြောင့် တစ်ကြိမ်ပဲ ထိုးမိလျှင်လည်း စိတ်တအားမပူပါနှင့်။ လုံးဝမထိုးတာထက်တော့ ခုခံမှုပိုပါသည်။
-တုပ်ကွေးရာသီ မတိုင်ခင် ၂လ ကြိုထိုးလျှင်အကောင်းဆုံးဖြစ်သော်လည်း အဖြစ်များချိန်တွင် ထိုးဖို့နောက်မကျသေးပါ။
-ကာကွယ်ဆေးထိုးပြီး ၂ ပတ်-၃ ပတ်ကြာလျှင် ခုခံမှုစွမ်းရည်စတင် ရရှိသည်။
-ရနိုင်သည့် ခုခံမှုပမာဏက ဆေး၏အာနိသင်ပေါ်တွင်သာမက ဗိုင်းရပ်စ်ပိုး၏ ပြင်းထန်ဆိုးရွားမှု၊ လူ၏ ပင်ကိ်ုယ်ကိုယ်ခံအားတို့ အပေါ်တွင်ပါ မူတည်သည်။
-ကာကွယ်ဆေးက တုပ်ကွေးပိုးများကို ရာနှုန်းပြည့်ကာကွယ်မပေး၍ ကာကွယ်ရန်အခြားနည်းလမ်းများဖြစ်သော အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ လက်ပုံမှန်ဆေးခြင်း၊ လူထူထပ်သော နေရာများကို ရှောင်ရှားခြင်းစသည်တို့ကို ဆက်လက်ကျင့်သုံးဖို့လိုအပ်သည်။
(င) ဘေးထွက်သက်ရောက်မှု
🛑🛑🛑🛑🛑🛑🛑🛑🛑
-အဖြစ်များသည့် ဘေးထွက်သက်ရောက်မှုမှာ ယာယီအဖျားငွေ့ရှိခြင်း၊ ထိုးသည့်နေရာတွင် ယာယီနီခြင်းတို့ဖြစ်သည်။
-မထိုးသင့်သောသူများမှာ ပထမအကြိမ်ထိုးပြီးပြီးခြင်း နှုတ်ခမ်းများ ရောင်လာခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ရှိဖူးလျှင် မတည့်ခြင်းဖြစ်၍ ဆက်မထိုးသင့်ပါ။ အလွန်ရှားသော်လည်း ကြက်ဥမတည့်သူများက ဆရာဝန်အနားရှိလျှင်ထိုးနိုင်သည်။
💉💉ရာသီတုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) 💉💉
ဒုတိယအသုတ်(နောက်ဆုံးအသုတ်)အတွက်
ဆေးရောက်ပါပြီ .
26000kyats/ (ဆေးဖိုးနှင့်ဆရာဝန်ခအပါ)
Vaxigrip Tetra 2021 (MM registration) 
Myanmar FDA approved ပါ။
2021 မိုးဦးကျ မြန်မာနိုင်ငံမှာ ဖြစ်ပွားနိုင်တဲ့
Southern Strains တုပ်ကွေးပိုးမျိုးကွဲ (၄) မျိုးကို
ကာကွယ်ပါတယ်
(ခ) ကာကွယ်ဆေးထိုးသင့်သူများ
🛑🛑🛑🛑🛑🛑🛑🛑🛑
၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကြပ်၊ ဆီးချိုနှင့် နာတာရှည် ခုခံမှုအားနည်းသော ရောဂါသည်များ၊ လူနာနှင့် တိုက်ရိုက်ထိတွေ့နေသော ကျန်းမာရေးဝန်ထမ်းများက တုပ်ကွေးကာကွယ်ဆေး ရနိုင်လျှင်၊ မတန်တဆ စျေးမပေးရလျှင် ထိုးသင့်ပါသည်။
(ဂ) ကိုယ်ဝန်ဆောင်များ
🛑🛑🛑🛑🛑🛑🛑
-ကိုယ်ဝန်ဆောင်များ စောထိုးနိုင်လျှင် ကာကွယ်မှုစောစောရသည်။ မည်သည့်လမဆို ထိုးနိုင်သည်။ ကိုယ်ဝန်ဆောင် တုပ်ကွေးဖြစ်လျှင် လက္ခဏာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိ၍ ထိုးသင့်ပါသည်။ ကိုယ်ဝန်ဆောင်မိခင် ထိုးခြင်းဖြင့် မွေးလာမည့် ကလေးကို အသက် ၆ လအထိ တုပ်ကွေးကာကွယ်ပေးနိုင်သည်။
(ဃ) ဆေးအာနိသင်ရစေရန်
🛑🛑🛑🛑🛑🛑🛑🛑
-ရောဂါပိုးက အသွင်အမျိုးမျိုး ပြောင်းနေ၍ ကာကွယ်ဆေးကို နှစ်စဉ်ပြပြင်မွမ်းမံ ထုတ်လုပ်သည်။ ထိုးချင်လျှင်၊ ထိုးသင့်လျှင် နှစ်စဉ်ထိုးရသည်။
-၆ လမှ ၉ နှစ်ထိ ကလေးများတွင် ပထမဆုံးအကြိမ်ထိုးသောနှစ်တွင် အနည်းဆုံး ၄ ပတ်ခြား၍ ၂ လုံး ထိုးရသည်။ နောက်နှစ်များတွင် တစ်နှစ်တစ်ကြိမ်သာ ထိုးဖို့လိုသည်။
-၉ နှစ်ပြည့်ပြီး ကလေးများတွင် ပထမဆုံးစထိုးသော နှစ်တွင် တစ်ကြိမ်သာ လိုပြီး နှစ်စဉ်ထိုးရသည်။
-၉ နှစ်အောက်ကလေးများ အကြောင်းတစုံတရာကြောင့် တစ်ကြိမ်ပဲ ထိုးမိလျှင်လည်း စိတ်တအားမပူပါနှင့်။ လုံးဝမထိုးတာထက်တော့ ခုခံမှုပိုပါသည်။
-တုပ်ကွေးရာသီ မတိုင်ခင် ၂လ ကြိုထိုးလျှင်အကောင်းဆုံးဖြစ်သော်လည်း အဖြစ်များချိန်တွင် ထိုးဖို့နောက်မကျသေးပါ။
-ကာကွယ်ဆေးထိုးပြီး ၂ ပတ်-၃ ပတ်ကြာလျှင် ခုခံမှုစွမ်းရည်စတင် ရရှိသည်။
-ရနိုင်သည့် ခုခံမှုပမာဏက ဆေး၏အာနိသင်ပေါ်တွင်သာမက ဗိုင်းရပ်စ်ပိုး၏ ပြင်းထန်ဆိုးရွားမှု၊ လူ၏ ပင်ကိ်ုယ်ကိုယ်ခံအားတို့ အပေါ်တွင်ပါ မူတည်သည်။
-ကာကွယ်ဆေးက တုပ်ကွေးပိုးများကို ရာနှုန်းပြည့်ကာကွယ်မပေး၍ ကာကွယ်ရန်အခြားနည်းလမ်းများဖြစ်သော အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ လက်ပုံမှန်ဆေးခြင်း၊ လူထူထပ်သော နေရာများကို ရှောင်ရှားခြင်းစသည်တို့ကို ဆက်လက်ကျင့်သုံးဖို့လိုအပ်သည်။
(င) ဘေးထွက်သက်ရောက်မှု
🛑🛑🛑🛑🛑🛑🛑🛑🛑
-အဖြစ်များသည့် ဘေးထွက်သက်ရောက်မှုမှာ ယာယီအဖျားငွေ့ရှိခြင်း၊ ထိုးသည့်နေရာတွင် ယာယီနီခြင်းတို့ဖြစ်သည်။
-မထိုးသင့်သောသူများမှာ ပထမအကြိမ်ထိုးပြီးပြီးခြင်း နှုတ်ခမ်းများ ရောင်လာခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ရှိဖူးလျှင် မတည့်ခြင်းဖြစ်၍ ဆက်မထိုးသင့်ပါ။ အလွန်ရှားသော်လည်း ကြက်ဥမတည့်သူများက ဆရာဝန်အနားရှိလျှင်ထိုးနိုင်သည်။
ဒီနေ့ပဲ ဆေးခန်းမှာ သွေးလွန်တုပ်ကွေး အဆင့် ၂ နဲ့
Shock ရ သွေးပေါင်ကျနေတဲ့ ကလေး တစ်ယောက်တွေ့လို့
သွေးလွန်တုပ်ကွေးအကြောင်း
ပြန်လည်ကူးယူတင်ပေးချင်ပါတယ်
ဒီနှစ် သွေးလွန်တုတ်ကွေးရောဂါ သတိထားဖို့ ကလေးဆရာဝန်တွေ သတိပေးထားပါတယ်။
သွေးလွန်တုတ်ကွေးရောဂါ (Dengue Haemorrhagic Fever) ဆိုတာ ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါဖြစ်ပါတယ်။
ခုခံအားကောင်းတဲ့ ကလေးတွေမှာလည်းဖြစ်တတ်ပြီး ထပ်ခါထပ်ခါ ဖြစ်သူတွေမှာ ရောဂါ လက္ခဏာ ပိုဆိုးရွားတတ်ပါတယ်။
အဓိက စိုးရိမ်ရတာ သွေးလန့်ခြင်း (shock) ဖြစ်ပြီး ဆေးရုံမှာ အထူးဂရုပြု ကုသဖို့ လိုအပ်ပါတယ်။
ကာကွယ်ခြင်း
ခြင်ကိုက်မခံရအောင် ကာကွယ်ရပါမယ်။ ရောဂါပိုးသယ်ဆောင်တဲ့ ခြင်ကျားဟာ ငြိမ်သက်တဲ့ ရေသေမှာ ပေါက်ပွားပြီး အရုဏ်ဦး၊ ဆည်းတာ၊ တိမ်ထူထပ်ချိန်တွေမှာ အဓိက ကိုက်လေ့ရှိပေမယ့် ကျန်တဲ့အချိန်တွေမှာလည်း ကိုက်နိုင်ပါတယ်။ ဖုံး၊ စစ်၊ လဲ၊ သွန်၊ ခပ် ဆိုတဲ့ ခြင်သားလောင်းပေါက်ဖွားမှု တားမြစ်ရေးကို အိမ်တိုင်း လုပ်ဆောင်ပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပါ။ ညအိပ်လျှင် ခြင်ထောင်ဖြင့်အိပ်ပါ။
ဂရုပြုခြင်း
ကလေးတိုင်း နှစ်ရက်ထက် ပိုဖျားလျှင်၊ မှိန်းလျှင်၊ အစာမဝင်ရင်၊ ကော်ဖီအနည်လို မည်းမည်းများ အန်ဖတ်ထဲပါလျှင်၊ ဝမ်းအမည်းသွားလျှင်၊ ခြေလက်များ မှေးမှိန်အေးစက်လျှင် ဆေးရုံ ချက်ချင်း သွားသင့်ပါတယ်။
ရှောင်ရန်များ
မက်ကလောင်ခြစ်တာ၊ ဖျားနေချိန်မှာ အန်တတ်တာမလို့ အညိုရောင်၊ အမည်းရောင် ကော်ဖီ၊ အိုဗာတင်းလိုမျိုး အစားအစာတွေ မတိုက်ပါနဲ့။
(သတိပေးချက်။ ။ ယခုစာသည် သွေးလွန်တုတ်ကွေးကို သတိပြုနိုင်ရန်အတွက်သာဖြစ်၍ ကလေးဆရာဝန်၏ ကုသမှုသည်သာ အတည်ဖြစ်သည်။ )
ဒီနှစ်တော့ ကိုဗစ်နှင့်အတူ မိုးဦးကျပိုင်းမှာပဲ
ဝမ်းပျက် ဝမ်းလျှော လူနာများစွာ တွေ့ရသည့် အတွက်
ပြန်လည် ကူးယူဖော်ပြလိုက်ပါသည်
▶ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး
ဝမ်းပျက်၊ဝမ်းလျှောရောဂါသည် ရာသီဥတုပြောင်းလဲမှုနှင့်အညီ ဖြစ်ပွားမှုများပြားလာပါသည်။ မိသားစုဝင်တစ်ဦးမှ မိသားစုတစ်ခုလုံးဖြစ်ပွားနေကြပါသည်။ ၄င်းတို့မှတဆင့် အခြားသူများကို ကူးစက်လျက် ရှိပါသည်။ ဆေးရုံဆေးခန်းသို့ အချိန်မီပို့ဆောင် ကုသခြင်းမပြုလုပ်နိုင်ပါက အသက်သေဆုံးသည် အထိ ဖြစ်တက်ပါသည်။ ထို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးကို ပြည်သူအားလုံး ပါဝင်ဆောင်ရွက် ပေးရန် လိုအပ်ပါသည်။
(၁) ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဆိုသည်မှာ
ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကူးစပ်ရောဂါ ဖြစ်ပါသည်။ ရောဂါပိုးများသည် ရောဂါဖြစ်ပွားနေသူ၏ ဝမ်းနှင့် အန်ဖတ်များထဲတွင် ပါဝင်ပြီး ၄င်း ဝမ်းနှင့် အန်ဖတ်များထဲမှ ရောဂါပိုးများ၊ ရေနှင့် အစားအစာများထဲသို့ ရောက်ရှိကာ လူတို့စားသုံးမိခြင်းကြောင့် ရောဂါကူးစက် ပြန့်ပွားပါသည်။
(၂) ရောဂါဖြစ်စေသော အကြောင်းအရင်းများ
ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေသော အကြောင်းအရင်း များစွာ ရှိပါသည်။ တစ်ကိုယ်ရည်သန့်ရှင်းမှု နည်းခြင်း၊ မလတ်ဆတ်သော အစားအစာများကို စားသောက်ခြင်း၊ ယင်ကောင်ပေါများခြင်း၊ ယင်လုံအိမ်သာ အသုံးမပြုဘဲ မြေပေါ်မစင်စွန့်ခြင်း၊ ယင်နားစာများ စားသောက်ခြင်း၊ မသန့်ရှင်းသောရေဖြင့် အိုးခွက်၊ပန်းကန် များ ဆေးကြောခြင်း၊ သောက်သုံးရေများ အတွင်းသို့ ညစ်ညမ်းရေများစီးဝင်ခြင်း၊ ချောင်းရေ၊ တွင်းရေ၊ ကန်ရေ များကို မကျိုချက်ပဲ သောက်သုံးခြင်း၊ အရည်အသွေးမမီသော သောက်ရေသန့်များ သောက်သုံးခြင်း၊ အမှည့်လွန်သော သစ်သီးများ စားသုံးခြင်း၊ အစားအစာမကိုင်တွယ်မီနှင့် မစင်စွန့်ပြီးချိန်တွင် လက်ကို ရေ၊ ဆပ်ပြာသုံး၍ စင်ကြယ်အောင်မဆေးခြင်း၊ ရက်လွန်သော အသားဘူး၊ ငါးဘူး၊ ပဲဘူး များ စားသုံးခြင်းနှင့် ပင်လယ်စာအချို့ကို စားသောက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
(၃) ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ အရည်ဝမ်းများ သွားခြင်း၊ အော့အန်ခြင်း၊ ရေနှင့်ဓာတ်ဆားများ လျှင်မြန်စွာဆုံးရှုံး၍ အားအင်ကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းနှင့် အသက်သေဆုံးခြင်းတို့ ဖြစ်တက်ပါသည်။
(၄) ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများ
သွေးအားအလွန်ကျခြင်း၊ သွေးခုန်နှုန်း စမ်းမရခြင်း၊ အသက်ရှုနှုန်းမြန်ဆန်ခြင်းနှင့် တစ်ကိုယ်လုံး အေးစက်ခြင်းများ ဖြစ်ကာ သွေးလန့်(ရှောခ်)ဖြစ်ခြင်း၊ ဆီးနည်းကာ လတ်တလော ကျောက်ကပ် ပျက်စီးခြင်းနှင့် သတိလစ်၍ အသက်သေဆုံးခြင်းများ ဖြစ်တက်ပါသည်။
(၅) လက်ဆေးခြင်း
ဝမ်းပျက်၊ ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရန် လက်သေချာဆေးရပါမည်။ အလွယ်ကူဆုံးနှင့် စရိတ်အသက်သာဆုံးနည်းလမ်းဖြင့် ကျန်းမာဖို့ရာ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးရပါမည်။
လက်ဆေးနည်းမှာ လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးရပါမည်။ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ပွတ်တိုက်ရပါမည်။ လက်သည်းကြားထဲသို့လည်း ဆပ်ပြာဝင်အောင် ပွတ်တိုက်ရပါမည်။ ရေသန့်ဖြင့် လက်ကို တိုက်၍ ပွတ်တိုက်ရပါမည်။ ရေကြည်ရေသန့်ဖြင့် လက်ကိုလောင်း၍ ဆေးရပါမည်။ ဆပ်ပြာမရှိလျှင် သဲဆပ်ပြာ၊ ပြာ၊ ပြာရည်၊ ကင်ပွန်းသီး၊ တရော်ရည် စသည်တို့ကို အသုံးပြုနိုင်ပါသည်။
လက်ဆေးခြင်းဖြင့် လူမစင်မှ ရောဂါပိုးများ၊ ကြက်၊ ငှက်၊ တိရိစ္ဆာန်များမှ ရောဂါပိုးများ ကင်းစင်၍ ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို ကာကွယ်နိုင်ပါသည်။
(၆) ရောဂါမဖြစ်အောင် ကာကွယ်ခြင်း
သန့်ရှင်းသော ယင်လုံအိမ်သာကို အသုံးပြုရပါမည်။ မြေပြင်ပေါ်မစင်စွန့်ခြင်းကို ရှောင်ကြဉ်ရပါမည်။ ယင်မလုံပါက ထုံး၊ ပြာ၊ မြေကြီးနှင့် ဖုံးရပါမည်။ အမှိုုက်သရိုက်များကို ကျင်းတူး၍ စွန့်ပစ်ပြီး နေ့စဉ် ထုံး (သို့) မြေကြိးနှင့် ဖုံးရပါမည်။ အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ကာကါယ်ရပါမည်။ ယင်နားစာများကို မစားဘဲ ရှေင်ကြဉ်ရပါမည်။ ရေကိုကျိုက်၍သောက်ရပါမည်။ အိမ်သာအဆင်းနှင့် အစားအစာများ မကိုင်တွယ်မစားသောက်မီ လက်ကို ရေနှင့် ဆပ်ပြာသုံး၍ စင်ကြယ်အောင် စနစ်တကျဆေးရပါမည်။
ဝမ်းပျက်၊ ဝမ်းလျှောလူနာများနှင့် လူနာပြုစုသူများသည်လည်း လူနာနှင့် တိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကို စင်ကြယ်စွာ ဆေးကြောရန် လိုအပ်ပါသည်။
FAQs on Covid-19 Vaccine
Credit- MOHS
Happy New Year ပါ
2021 နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့
အလုပ်အကိုင်တွေအဆင်ပြေပြီး
ကျန်းမာပျော်ရွှင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ
ပိတ်ရက်မှာ ကောင်းကောင်းနားပြီး
အားရှိအောင် နေကြပါဦး 🤗
စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အဆင်ပြေကြပါစေလို့
အောင်ဆေးခန်း မိသားစုမှ
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ🤗
ဒီရက်ပိုင်း ရာသီဥတုကြောင့်
နှာစေး နှာပိတ်သူတွေများလာပီး အမေးများလာကြလို့ အဖြစ်များတဲ့
ထိပ်ကပ်နာအကြောင်းလေး
ပြန်လည် share ပေးလိုက်ပါတယ်
ရုတ်တရတ်နှာခေါင်းလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် ထိပ်ကပ်နာ(acute sinusitis)
*********************************************
🖋ထိပ်ကပ်နာ ဖြစ်ရခြင်းသည် လူ့ဦးခေါင်းခွံတွင် နှာခေါင်းပေါက်နှင့် ဆက်သွယ်ထားသော ဦးခေါင်းခွံတွင်းလေလမ်းကြောင်း ပိတ်ဆို့မှုကြောင့်ဖြစ်သည်။
🖋နှာခေါင်းတွင်းရှိအခန်းလေးများရောင်ရမ်းကာ နှပ်ရည်များထွက်၍ပိတ်ဆို့ခြင်းဖြစ်သည်။နှာခေါင်းလမ်းကြောင်းပိတ်ဆို့မှုကြောင့် အသက်ရှူရခက်သည့်အပြင် မျက်လုံးနှင့်မျက်နှာများဖောင်းအစ်လာပြီး ခေါင်းကိုက်နိုင်ပါသည်။
🖊များသောအားဖြင့် တုပ်ကွေးဖြစ်ခြင်းမှ အစပျိုးတတ်ပြီး ဘတ်တီးရီးယားပိုးမဝင်ပါက တစ်ပတ်မှ (၁ဝ)ရက်အတွင်းသက်သာပျောက်ကင်းသွားတတ်ကြပါသည်။
🖊ဆေးဝါးများဖြင့်ကုသသော်လည်း (၁၂) ပတ်ကျော်
အထိ မပျောက်ကင်းပါက နာတာရှည်ထိပ်ကပ်နာဟုသတ်မှတ်ထားပါသည်။နာတာရှည်ထိပ်ကပ်နာဖြစ်ပွားပါက နောက်ဆက်တွဲဆိုးကျိုးများခံစားရနိုင်ပါသည်။
အဓိကလက္ခဏာများ
- နှာခေါင်းနှင့်လည်ချောင်းမှ ခပ်ပျစ်ပျစ် အဝါရောင် သို့မဟုတ် အစိမ်းရောင်အရည်များထွက်ခြင်း
- နှာခေါင်းပိတ်၍အသက်ရှူရခက်ခြင်း
- နဖူး၊မျက်လုံး၊ပါးနှင့်နှာခေါင်းဝန်းကျင် ဖောင်းအစ်၍နာကျင်ခြင်း
အခြားလက္ခဏာများ
- နားအတွင်းလေဖိအားများ၍နားအူနေခြင်း
- ခေါင်းကိုက်ခြင်း
- အပေါ်မေးရိုးနှင့်သွားများကိုက်ခြင်း
- အနံ့၊အရသာခံစားမှုအာရုံလျော့ခြင်း
- ချောင်းဆိုးခြင်း (အထူးသဖြင့် ညပိုင်းတွင်ဆိုးခြင်း)
- နှာခေါင်းနှင့်ပါးစပ်မှအနံ့အသက်ဆိုးများထွက်ခြင်း
- ပင်ပန်းနွမ်းလျခြင်း
- ဖျားနာခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
- ဗိုင်းရပ်စ်ပိုးကြောင့်တုပ်ကွေးဖြစ်ခြင်းမှတစ်ဆင့် ထိပ်ကပ်နာဖြစ်ခြင်း (အဖြစ်များသည်။)
- ဘတ်တီးရီးယားပိုးဝင်ခြင်း
ဖြစ်နိုင်ချေများသူများ
- ဓာတ်မတည့်ခြင်းလက္ခဏာရှိသူများ
- နှာခေါင်းလမ်းကြောင်းပုံစံမမှန်သူများ (နှာခေါင်းတွင်းအလုံး၊အကျိတ်ရှိသူများ၊နှာခေါင်းတွင်းရှိနှာနုရိုးသွေဖယ်ခြင်းများ)
- Cystic fibrosis ဟုခေါ်သောရောဂါရှိသူများ
- ခုခံအားကျဆင်းမှုရောဂါ (HIV/AIDS)ရောဂါရှိသူများ
နောက်ဆက်တွဲ ပြဿနာများ
- နာတာရှည်ထိပ်ကပ်နာဖြစ်တတ်ခြင်း
- ဦးနှောက်အမြှေးပါးရောင်ခြင်း
- ဗိုင်းရပ်စ် သို့မဟုတ် ဘတ်တီးရီးယားပိုးသည် အရေပြားနှင့်အရိုးများသို့ပျံ့နှံ့ကာ အရေပြားဆဲလ်နှင့်အရိုးများကိုပါရောင်စေပါသည်။
- အနံ့ခံအာရုံလျော့ခြင်း(ဦးခေါင်းခွံအတွင်းရှိအနံ့နှင့်သက်ဆိုင်သောအာရုံကြောကိုရောင်စေသောကြောင့်ဖြစ်သည်။)
- အကယ်၍ပိုးသည်အမြင်အာရုံလမ်းကြောင်းသို့ရောက်သွားပါက မျက်စိအမြင်အာရုံချို့ယွင်းခြင်းတို့ဖြစ်တတ်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- ခဏတာ ထိပ်ကပ်နာဖြစ်ခြင်းသည် များသောအားဖြင့် အလိုအလျောက်ပျောက်ကင်းသွားတတ်ကြပြီး ဆရာဝန်နှင့်ကုသရန်မလိုအပ်ပေ။
- သို့သော်ရောဂါလက္ခဏာမှာ ရက်ရှည်ပြီး ပို၍ဆိုးလာခြင်း၊အဖျားရက်ရှည်ခြင်း၊ခဏခဏပြန်ဖြစ်ခြင်းနှင့်နာတာရှည်ထိပ်ကပ်နာဖြစ်ခြင်းတို့ဖြစ်ပေါ်ပါက ဆရာဝန်နှင့်ပြသသင့်ပါသည်။
- မျက်နှာဖောင်းအစ်လာခြင်း၊မခံနိုင်အောင်ခေါင်းကိုက်ခြင်း၊အဖျားကြီးခြင်း၊မူးဝေခြင်း၊ပုံရိပ်နှစ်ထပ်မြင်ရခြင်း၊ဇာတ်ခိုင်ခြင်းတို့ဖြစ်ပေါ်ပါက ဆရာဝန်နှင့်အမြန်ဆုံးသွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
- နှာခေါင်းတွင်းသို့မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း
- နှာခေါင်းနှင့်နှာခေါင်းလမ်းကြောင်းမှအသားစယူကာ ပိုးကိုစစ်ဆေးခြင်း
- ဓာတ်မတည့်သောလက္ခဏာများရှိမရှိ စစ်ဆေးခြင်း တို့ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
- ပိုးသတ်ထားသောဆားရည်ဖြင့် နှာခေါင်းတွင်းသို့ အစက်ချ၍ဆေးခြင်း
- ရောင်ရမ်းမှုကို လျော့နည်းစေသောဆေးပါသည့် နှာခေါင်းဖျန်းဆေးများအသုံးပြုခြင်း
- နာကျင်မှုများရှိပါက အကိုက်အခဲပျောက်ဆေးများအသုံးပြုခြင်း
- ပဋိဇီဝဆေးဝါးများဖြင့်ကုသခြင်း (များသောအားဖြင့်မလိုအပ်ပေ၊သို့သော်ဘတ်တီးရီးယားပိုးဝင်မှုကြာရှည်ခြင်း၊ပြင်းထန်ခြင်းတို့ဖြစ်ပါက ပဋိဇီဝဆေးဖြင့်ကုသရန်လိုအပ်ပါသည်။)
- Immunotherapy (ဓာတ်မတည့်သောသူများတွင် မတည့်သောအရာကိုမိမိကိုယ်၏ခုခံအားစနစ်မှယဉ်သွားအောင်ပြုလုပ်ခြင်း)
ကာကွယ်ခြင်း
- ရေနှင့်အသီးဖျော်ရည်များသောက်သုံးပါ။
- ကော်ဖီသောက်သုံးခြင်း၊အရက်သောက်သုံးခြင်းတို့ကိုရှောင်ကြဉ်ခြင်း
- ရေနွေးငွေ့လေးရှူပေးခြင်း၊ရေနွေးနွေးလေးဖြင့်ရေချိုးပေးခြင်း
- မျက်နှာကိုရေနွေးဝတ်လေးနှင့်နှိပ်နယ်ပေးခြင်း
- နှာခေါင်းကိုပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးခြင်း တို့ဖြင့်ကာကွယ်နိုင်ပါသည်။
Ref: Mayo Clinics
Credit:Dr Toe
အောင်ဆေးခန်းမှ အခမဲ့နေ့စဉ်
တိုင်ပင်ကုသဆွေးနွေးပေးနေပါတယ်
Message များကိုလည်း
တတ်နိုင်သလောက်replyပြန်ပေးနေပါတယ် ခင်ဗျာ
လူကိုယ်တိုင် လာရောက်ကုသချင်သူများအတွက်
အမှတ် (ခ/၁၈၅)၊ ဘုရင့်နောင်လမ်း၊ (၂)စျေးရှေ့
အောင်ချမ်းသာ(၂)ရပ်ကွက်၊ သန်လျင်မြို့
Ph- 09966023657
မနက် 8နာရီမှ 12နာရီထိ
ညနေ 4နာရီမှ ည 8နာရီထိ
တနင်္ဂနွေမနက်ပိုင်းမှ လွဲ၍ နေ့စဉ်ပိတ်ရက်မရှိ
ပြသနိုင်ပါတယ်