Kha Yee Sin - ခရီးစဉ်

Kha Yee Sin - ခရီးစဉ်

Travel Services

Photos from Studio 3 IMAGE's post 25/12/2023

❤️

25/12/2023

December 31 ညလေးမှာတော့ ကိုယ်ချစ်ရတဲ့သူတွေနဲ့ဖြတ်သန်းချင်ပါတယ်..🏕️

ခရီးစဉ်နဲ့အတူသွားဖူးကြတဲ့ မိတ်ဆွေသူငယ်ချင်းများ New Year Night အတွက် Plan မရှိသေးဘူးဆိုလျှင် လာခဲ့ကြနော် #ခရီးစဉ် Team နဲ့အတူ နှစ်သစ်ကို ကြိုဆိုကြမယ်…🎉

ကလောအနီးဝန်းကျင်မှာရှိတဲ့သူတွေလည်း စိတ်ဝင်စားမယ်ဆိုရင် လာရောက်လည်ပတ်လို့ရပါတယ် 🥰

Photos from Kha Yee Sin - ခရီးစဉ်'s post 25/12/2023

Merry Christmas to you all 🎄🍃

21/12/2023

Nature’s Nirvana Campsite နားလေး ❤️

Photos from Kha Yee Sin - ခရီးစဉ်'s post 20/12/2023

2024 ခုနှစ်အတွက် ပထမဦးဆုံး ကြယ်မိုးရွာခြင်းကို မြင်တွေ့ရမယ့် ညဖြစ်တဲ့ ဇန်နဝါရီလ (၄) ရက်နေ့တွင်
MASES - Myanmar Astronomy & Science Enthusiasts Society ရယ် At Kalaw တို့နဲ့ ထပ်မံပူးပေါင်းပြီး Under 1st Meteor Shower of 2024 ပွဲလေးကို Nature’s Nirvana Campsite မှာ စီစဉ်ထားပါတယ်…🏕️🌌

ဒီပွဲလေးရဲ့ ထုံးစံအတိုင်း တမူထူးခြားချက်က ဘာလဲဆိုတော့ဂြိုဟ်တွေ၊ ကြယ်တာရာတွေကိုကြည့်ရှူနိုင်ဖို့ ကြယ်ကြည့်မှန်ပြောင်း (Astronomical Telescope) တွေလည်း ရှိပါမယ် 🌠💫🔭

ဒါ့အပြင် နိုင်ငံတကာက ကြယ်တာရာဝါသနာရှင်တွေ၊ ပညာရှင်တွေ စုစည်းထားတဲ့ The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦးကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြမယ်။ သိလိုတာတွေလည်း မေးလို့ရမယ် 🤩

ကြယ်တာရာတွေအကြောင်း ပိုသိနိုင်မယ့် ပျော်စရာ quiz အစီအစဉ်လေးလည်း ပါမယ် 🧩

Camping ထုံးစံအတိုင်း Tent လေးတွေ စီစဉ်ထားမယ် ⛺️🏕️
ဒီဇင်ဘာ ရှမ်းပြည်အအေးဓာတ်ကို အံတုကြဖို့ မီးပုံပွဲလေး ရှိမယ် 🔥
အစားအသောက်လေးတွေ ပြင်ဆင်ထားမယ် 🍡🍲

Camping Under 1st Meteor Shower of 2024 ရဲ့ ဈေးနှုန်းလေးကတော့ (၁၀၀,၀၀၀)ကျပ်ပါ 🥳
ဒီ့ထက်ပို သိချင်တာတွေရှိရင်လည်း Chat Box ကို လာမေးလှည့်နော်.. 🤗

Photo~ 2001 Film & Pic 📷

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 20/12/2023

🌌

Photos from Kha Yee Sin - ခရီးစဉ်'s post 19/12/2023

“The stars are the land-marks of the universe.”

~ John Herschel

Photo ~ Ye Pyae Photography 📷

19/12/2023

Dec 23-24 အတွက် လွယ်မိုင်းတောင်တက်ခရီးစဉ်မှာ
လူပြည့်ဖို့ ၃ယောက်ပဲလိုတော့တာမလို့ မြန်မြန်လေး စာရင်းပေးကြပါနော် 🎄🤶

Photos from Kha Yee Sin - ခရီးစဉ်'s post 17/12/2023

“Nature’s Nirvana Campsite” သဘာဝရဲ့ နိဗ္ဗာန်ဘုံ

Campsite က အပေါ်မှာ 360 view မြင်ရတဲ့အပြင် Campground က ၃ဧကလောက်ကျယ်တာမလို့ Camp ချဖို့ နေရာတွေအများကြီးရှိပါတယ် 🏕️
အေးအေးဆေးဆေးနဲ့ သဘာဝကိုခံစားရင်း Chill ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ…🍃

Photo by - The Razi Studio & Clients ❤️

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 17/12/2023
Photos from Kha Yee Sin - ခရီးစဉ်'s post 16/12/2023

“ Nature’s Nirvana Campsite “ မှာ Dec 14 ရက်
ကြယ်မိုးရွာတဲ့နေ့က Meteor Shower Camping 2023 event ကို At Kalaw ရယ် MASES - Myanmar Astronomy & Science Enthusiasts Society တို့နဲ့ ပူးပေါင်းပြီး စီစဉ်ဖြစ်ခဲ့ပါတယ်…🏕️

ကြယ်တွေကို Telescope နဲ့ကြည့်ခဲ့ရသလို ကြယ်တာရာနဲ့ ညကောင်းကင်ကြီးအကြောင်းကို MASES က အကိုနဲ့အမတွေက သေချာလေးရှင်းပြတာကြောင့် တော်တော်များများလည်း သိခဲ့ရပါတယ်🔭

ကြယ်တာရာတွေအကြောင်း Questions & Answers လေးတွေလည်းပါဝင်တာကြောင့် ပျော်စရာ အခိုက်အတန့်လေးတွေလည်းဖြစ်ခဲ့ပါတယ်..🤗

မီးပုံဘေးမှာ သီချင်းတွေဆိုရင်း ကြယ်ကြွေတာကိုကြည့်ခဲ့တာကြောင့် တစ်ညလုံးမအိပ်ဘဲကြည့်ဖြစ်ခဲ့ပါတယ် 🌠

ပုံလေးတွေကတော့ The Razi Studio ကနေ ရိုက်ပေးတာဖြစ်လို့ ပိုပြီးတော့လှသွားပါတယ် 😁

Camping & Trekking လုပ်ချင်တယ်ဆိုရင်တော့ Dec 25 နဲ့ Dec 31 မှာ ရှိမှာဖြစ်ပါတယ် 😊

16/12/2023

Dec 23-24 ပိတ်ရက်မှာ လွယ်မိုင်းတောင်တက်ခရီးစဉ်ရှိပါမယ်ခင်ဗျာ..

လိုက်ပါမယ့်သူများ စာရင်းပေးလို့ရပါပြီ 🤩

Dec ပိတ်ရက်ဖြစ်တာကြောင့် ကားလက်မှတ်၊ လေယာဉ်လက်မှတ်တွေလည်း ပြည့်လွယ်တာမလို့ မြန်မြန်စာရင်းပေးပြီး လက်မှတ်လေးတွေဖြတ်ပေးကြပါနော် 🌲

Photos from ပန်ဒိုရာ's post 16/12/2023

Nature’s Nirvana Campsite အနီးက မြင်းဒိုက်ဘူတာလေးပေါ့ Camping လာရင်းနဲ့ ဘူတာမှာ ဝင်လည်လို့ရတယ်…🚂

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 13/12/2023

Tomorrow 🤩

Photos from Kha Yee Sin - ခရီးစဉ်'s post 11/12/2023

ဒီနေ့က International Mountain Day တဲ့

ခရီးစဉ်နဲ့အတူ တောင်တွေအတူတက်ခဲ့ကြတဲ့ ဘော်ဒါတွေကိုလည်း သတိရနေပါတယ်..🥰

တောင်တက်ဖို့စိတ်ကူးရှိရင် ဘယ်တောင်ကိုတက်ချင်လဲ..
ဒါမှမဟုတ် အရင်ကတက်ခဲ့ဖူးတွေတောင်တွေရှိရင် Comment မှာ အမှတ်တရလေးတွေ ပြောပေးကြပါအုံး 😁

Photos from Kha Yee Sin - ခရီးစဉ်'s post 10/12/2023

Nature’s Nirvana Campsite ကို သွားဖို့အတွက် Trekking လျှောက်ရတဲ့လမ်းလေးပေါ့…

အခုချိန်က စပါးခင်းတွေရိတ်သိမ်းတဲ့ရာသီဆိုတော့ စပါးခင်းတွေကသိပ်မရှိတော့ပဲ စပါးပုတ်တဲ့သူတွေရယ် ကောက်ရိုးပုံလေးတွေကို လွမ်းမောဖွယ် မြင်တွေ့ရပါတယ်..

ရာသီဥတုက အခုရက်ပိုင်းမိုးအုံ့နေတော့ နေသိပ်မပူပဲ Trekking လျှောက်လို့ အရမ်းကောင်းပါတယ်

Campsite က မြင်းဒိုက်ဘူတာနဲ့ သိပ်မဝေးတာမလို့ ကားနဲ့ သွားရင် ၅မိနစ်လောက်သာမောင်းရပြီး လမ်းလျှောက်ဆိုရင် ၁၅မိနစ်လောက်သာ သွားရပါတယ်..

📷- Phoe Wa Nge

Photos from Kha Yee Sin - ခရီးစဉ်'s post 09/12/2023

ခရီးစဉ်ရဲ့” Nature’s Nirvana Campsite “
လေးကတော့ အခုဆိုရင် အဆင်သင့်ဖြစ်နေပါပြီ..🏕️

သဘာဝကိုခံစားဖို့အတွက် နောက်ထပ်ခရီးစဉ်လေးတစ်ခုဖြစ်ပါတယ်..🤗

ကလောမြို့နဲ့ မနီးမဝေးနေရာမှာရှိပြီးတော့ Campers တွေ အကြိုက်တွေ့စေမဲ့ရှုခင်းတွေကိုလည်း ပတ်ပတ်လည် မြင်ရမှာပါ…🏞️

၁ နာရီခန့် တောလမ်းလေးမှာ Trekking လျှောက်ကြပြီး Campsite မှာ ညအိပ်ကြမှာပါ
(Trekking မလျှောက်ချင်ရင် Campsite နားထိ ကားနဲ့သွားလို့ရပါတယ်. ၁၀ မိနစ်လောက်တော့ လမ်းလျှောက်ရပါမယ်နော်) 🌲
ညစာနဲ့ မနက်စာလည်း စီစဉ်ပေးပါတယ် 🍜

ကိုယ့် Tent & Sleeping bag နဲ့ လာချင်တဲ့ campers တွေအတွက်လည်း ဝန်ဆောင်မှုပေးပါတယ်နော် ⛺️

Camping က အပတ်စဉ်ရှိနေမှာဆိုတော့ စုံစမ်းစာရင်းပေးလို့ရပါပြီနော်.. 🥰

✨💫ကြယ်အများဆုံးကြွေတာ ကြည့်ချင်တဲ့သူတွေအတွက်ကတော့ Dec 14 ရက်နေ့မှာ Camping Under Meteor Shower အစီအစဉ်ရှိမှာဖြစ်ပါတယ်..🌌

Package အသေးစိတ်ကိုသိချင်တယ်ဆိုရင်တော့ Page CB မှာ လာရောက်မေးမြန်းနိုင်သလို 09-5240929 သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

ဤ Post ကို Share ပေးထားသူများ 20 % Discount ရရှိမှာဖြစ်ပါတယ် 🎁💐
ယခင် ခရီးစဉ်နဲ့ လိုက်ပါဖူးတဲ့မည်သူမဆို 25% Discount ရရှိမှာဖြစ်ပါတယ် 🥰

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 09/12/2023

🌲🌌

02/12/2023

နှစ်တိုင်းမှာ ကြယ်မိုးရွာတယ်လို့တောင် တင်စားကြတဲ့ ကြယ်တွေအများဆုံးကြွေမယ့် ရက်မှာပြုလုပ်မယ့် Camping under Meteor Shower လေးရောက်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တယ်နော်…

Camping under Meteor Shower event လေးကို လေးမှာ ပါဝင်ကြသူတွေအတွက် Exclusive Offer လေးတွေ ရှိကြောင်း ပြောပြပေးချင်ပါတယ်။

Event Ticket လေးကို သုံးပြီးတော့
✨✨ I wish you were here clothing brand မှာ ဝယ်ယူရင် ဘယ် item မဆို ၃၀%
🍹🍹 WUNJO Bar ကနေလည်း ၁၅% နဲ့
⛰️⛰️ Kha Yee Sin - ခရီးစဉ် ရဲ့ တောင်တက်ခရီးစဉ်တွေကနေလည်း ၁၀% Discount တွေ ရရှိမှာပါ။

ဒီ exclusive offer လေးတွေကို အသုံးပြုနိုင်ဖို့ Package ဝယ်ယူထားပြီးသူတွေကို နံပတ်စဉ်အလိုက် ticket လေးတွေ ပွဲနေ့မှာ ပေးမယ်နော်..

ကြယ်မိုးရွာမယ့် ဒီဇင်ဘာ (၁၄) ရက်နေ့လေးမှာ တစ်ညတာလုံး တဖျောက်ဖျောက်ကြွေနေမယ့် ကြယ်ကလေးတွေကို အတူတူကြည့်ပြီး ကြယ်တာရာတွေအကြောင်းကို ပိုလေ့လာကြရအောင်…

Photos from Kha Yee Sin - ခရီးစဉ်'s post 01/12/2023

စိတ်တွေမွန်းကျပ်နေပြီလား ဒါမှမဟုတ် စိတ်ပင်ပန်းပြီးတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိပဲ အလုပ်လုပ်ရတာ မပျော်တော့ဘူးလား⁉️

ဒါဆိုရင်တော့ တောင်တက်ကြည့်လိုက်ပါလို့ ပြောချင်တယ် ⛰️

တောင်တက်ခြင်းဟာ စိတ်ကိုလန်းဆန်းစေသလို စိတ်ကိုလည်း ခွန်အားဖြစ်စေပါတယ် 💪🏼

တောင်တက်နေချိန်မှာ ပင်ပန်းချင်ပင်ပန်းလိမ့်မယ် ဒါပေမဲ့ တောင်ထိပ်ရောက်တဲ့အချိန်မှာတော့ ခင်ဗျားစိတ်ဟာ အရင်ကနဲ့မတူပဲ ငါလုပ်နိုင်ခဲ့ပြီ ငါဒီတောင်ကိုတက်နိုင်ခဲ့ပြီဆိုတဲ့ စိတ်နဲ့ စိတ်ဓါတ်ခွန်အားတွေရလာလိမ့်မယ် 👏🎊

လူဆိုတာ အမြဲတမ်းကြီး အလုပ်မလုပ်နိုင်ဘူး
အလုပ်ဆိုတာ အမြဲတမ်း ကျန်းမာအသက်ရှင်နေသ၍ လုပ်နေရမှာပဲ 👨‍💻

အနားယူသင့်တဲ့အချိန်မှာ အနားယူသင့်တယ်
ရှိတဲ့အလုပ်တွေကို ခဏထားခဲ့ပြီးတော့ လာကြည့်လိုက်ပါ 😎

သင်ခရီးစဉ်က ပြန်လာပြီး အိမ်ရောက်တဲ့အခါကျရင် အရင်ကနဲ့မတူပဲ တက်ကြွလန်းဆန်းနေလိမ့်မယ် 🤗

ကျနော်ဆိုရင် စိတ်တွေပင်ပန်းလာတဲ့အခါ ကိုယ်စိတ်ချမ်းသာမယ်လို့ထင်တဲ့နေရာကို တစ်ယောက်တည်း သွားပစ်လိုက်တယ်
ကိုယ်မရောက်ဖူးသေးတဲ့နေရာလည်း ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် ရောက်ဖူးပြီးသားနေရာလည်း ဖြစ်မယ် 🏞️

ဟိုရောက်တဲ့အခါ ပတ်ဝန်းကျင်အသစ်တွေကို စူးစမ်းမယ် လေ့လာမယ်ဆိုရင် ဗဟုသုတလည်းရနိုင်သလို မိတ်ဆွေတွေလည်း တိုးလာမယ်။ သဘာဝဟာ အကောင်းဆုံးသော မိတ်ဆွေပါပဲ..👯‍♂️

ကျွန်တော်တို့ခရီးစဉ်ကိုလာရင် အမေးများတာက တစ်ယောက်တည်း လာလို့ရလားဆိုပြီး မေးကြပါတယ် တစ်ယောက်တည်း လာကြည့်ပါ ပိုပြီးပျော်ရမယ်လို့ အာမခံပါတယ်
ဘာလို့လဲဆိုတော့ ဒီရောက်ရင် မတူညီတဲ့ နေရာမျိုးစုံကလူတွေနဲ့ တွေ့ရတာဆိုတော့ သူငယ်ချင်း မိတ်ဆွေအသစ်တွေတိုးစေပါတယ်

ခရီးစဉ်တွေကိုတော့ December လထဲမှာရှိမှာမလို့ လိုက်ပါချင်တယ်ဆိုရင် စာရင်းပေးလို့ရပါပြီ
Dec- 23,24 မှာ လွယ်မိုင်းတောင်တက်ခရီးစဉ်ရှိပါမယ်

📷~ Studio 3 image

Photos from Kha Yee Sin - ခရီးစဉ်'s post 01/12/2023

Sweet December 🏕️🌲🎄

Campsite ကလည်းအသင့်ဖြစ်နေပါပြီ 🤗

29/11/2023

ခရီးစဉ် Page လေးကို အစဉ်အမြဲအားပေးကြတဲ့ သူငယ်ချင်းလေးတွေကြောင့် Page followers 10K ပြည့်တဲ့အနေနဲ့ Dec မှာထွက်မယ့် မည်သည့်ခရီးစဉ်မဆို Dec born လေးတွေကို 30% off discount ပေးပါမယ်ခင်ဗျ 🥳

Like & share လေးတွေလည်း လုပ်ပေးကြပါအုံးနော် 😍

28/11/2023

ဒီလမ်းလေးမှာ ဆိုင်ကယ်စီးရတဲ့ feeling လေး

Photos from Kha Yee Sin - ခရီးစဉ်'s post 27/11/2023

ပအိုဝ်းရိုးရာဆီမီးပူဇော်ပွဲ 🕯️🪔

နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်အထိ ပအိုဝ်းရွာတွေမှာ တစ်ရွာပြီးတစ်ရွာ ဆက်တိုက်ကျင်းပကြပါတယ်..
ရွာမှာရှိတဲ့အပျိုလေးတွေက ဆီမီးတိုင်တွေကိုင်ရပြီးတော့ လူပျိုလေးတွေက ကိုယ်စိတ်ဝင်စားတဲ့သူရှိရင် (သို့ ) ရင်းနှီးတဲ့အပျိုလေးတွေကို ဆီမီးမငြိမ်းသွားအောင် လိုက်ထိန်းပေးရသလို မီးကုန်သွားရင်လည်း အသစ်ပြန်လဲပေးရပါတယ်..

ချစ်စရာဓလေ့လေးဖြစ်ပါတယ် ❤️

26/11/2023

🤎

Photos from Kha Yee Sin - ခရီးစဉ်'s post 26/11/2023

တောပန်းကလေးများနဲ့ လှချင်တိုင်းလှနေပါတဲ့

လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဘက်မှာ..

အဆင်းအတက်ခရီးဆက်လို့ဖြတ်ကျော်မြင်ကွင်းရှေ့မှာ

တောင်ပြာတန်းတွေ ဆီးလို့ကာ…⛰️🌼

လွယ်မိုင်းတောင်သို့သွားရာလမ်းတစ်လျှောက်မှာ ဒီလို နေကြာရိုင်းပန်းတွေ အများကြီးပွင့်နေပါတယ် ⛰️🌻

Photos from Kha Yee Sin - ခရီးစဉ်'s post 25/11/2023

December ထဲမှာ လွယ်မိုင်းတောင်တက်ခရီးစဉ်တွေ ပြန်ရှိမှာမလို့ သွားချင်တဲ့ရက်လေးတွေရှိရင် စာရင်းလာပေးထားတော့နော် 🤗⛰️

21/11/2023

“ဦးနှောက်ထက် နှလုံးသားပိုကြီးတဲ့သူက
တောင်တွေကိုသဘောကျပြီး
နှလုံးသားထက် ဦးနှောက်ပိုကြီးတဲ့သူက
ပင်လယ်ကို သဘောကျပါတယ်”တဲ့
ကျွန်တော်က နှလုံးသားကြီးတဲ့ ကြင်နာတတ်တဲ့သူမျိုးမလို့ ပင်လယ်ထက် တောင်တွေကိုပိုသဘောကျပါတယ် ❤️

Credit; Decision To Leave(2022)

📷 ALIEN Photography

Photos from Kha Yee Sin - ခရီးစဉ်'s post 16/11/2023

🌸🌼

Photos from Kha Yee Sin - ခရီးစဉ်'s post 12/11/2023

The Mountains Are Calling And I Must Go

Nov- 18,19 မှာ လွယ်မိုင်းတောင်တက်ခရီးစဉ်ရှိပါမယ်ခင်ဗျ🌼

လူမပြည့်ခင်လေး စာရင်းပေးထားလိုက်တော့နော် 🤗

Photos from Kha Yee Sin - ခရီးစဉ်'s post 09/11/2023

Camping under Meteor Shower @ Kalaw 🌠 ✨🌟💫🔭

နှစ်တိုင်းမှာ ကြယ်မိုးရွာတယ်လို့တောင် တင်စားကြတဲ့ ကြယ်တွေအများဆုံးကြွေမယ့် ရက်လေးကတော့ ဒီနှစ်မှာ ဒီဇင်ဘာလ (၁၃) ရက်နေ့လေးပါပဲ…

အဲ့ဒီနေ့မှာ တစ်ညတာလုံး တဖျောက်ဖျောက်ကြွေနေမယ့် ကြယ်ကလေးတွေကို အတူတူကြည့်ပြီး ကြယ်တာရာတွေအကြောင်းကို ပိုလေ့လာနိုင်ဖို့ တမူထူးခြားတဲ့ Camping under Meteor Shower အစီအစဉ်လေး ရှိပါမယ် 💫🌠🌌

ခရီးစဉ်အနေနဲ့ က Rebecca Nyi ရယ် MASES - Myanmar Astronomy & Science Enthusiasts Society နဲ့ပူးပေါင်းပြီး စီစဉ်တာဖြစ်လို့ နိုင်ငံတကာက ကြယ်တာရာဝါသနာရှင်တွေ၊ ပညာရှင်တွေ စုစည်းထားတဲ့ The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦးကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြမယ်။ သိလိုတာတွေလည်း မေးလို့ရမယ်။

🔭 တမူထူးခြားတာလေးက ဘာလဲဆိုတော့ဂြိုဟ်တွေ၊ ကြယ်တာရာတွေကိုကြည့်ရှူနိုင်ဖို့ လည်း ကြယ်ကြည့်မှန်ပြောင်း (Astronomical Telescope) တွေလည်း ရှိပါမယ်။ 🌠💫🔭

Camping ထုံးစံအတိုင်း Tent လေးတွေ စီစဉ်ထားမယ်⛺️🏕️

ကလောကနေ Campsite ကိုသွားဖို့ အသွားအပြန် ကားစီစဉ်ပေးမယ် 🚌

ဒီဇင်ဘာ ရှမ်းပြည်အအေးဓာတ်ကို အံတုကြဖို့ မီးပုံပွဲလေး ရှိမယ် 🔥🌌

ညစာနဲ့ မနက်စာအတွက် အစားအသောက်လေးတွေ ပြင်ဆင်ထားမယ် 🍡🍲

ပျော်စရာ ဂိမ်းလေးတွေကလည်း မပါမဖြစ်ပေါ့လေ… 🧩

နိုဝင်ဘာ (၂၀) ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းမယ့် Earlybird လေးတွေအတွက်လည်း Special Discount ရှိပါတယ်… 🤩

အသေးစိတ်အချက်အလက်လေးတွေနဲ့ package ရဲ့ ဈေးနှုန်းလေးတွေအတွက် Chat Box မှာ လာမေးလို့ရပါတယ် 🥰

Photos from Kha Yee Sin - ခရီးစဉ်'s post 06/11/2023

တောင်နေကြာတွေစပွင့်ပြီဆိုရင် မိုးကုန်ပြီတဲ့

Photos from KOE-Your Memories's post 03/11/2023

တစ်ဆောင်းသစ်ပြန်ပြီ..

Photos from Kha Yee Sin - ခရီးစဉ်'s post 01/11/2023

အရှေ့မြင်အနောက်မြင်တောင်သို့ ကျွန်တော်တို့ ခရီးစဉ်အဖွဲ့သားများ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါပြီ 🌼

ကျွန်တော့်ဆရာတွေပြောသလိုပြောရရင် တောင်တက်တယ်ဆိုတာ တောင်ထိပ်ပေါ်ကိုရောက်နိုင်ဖို့တစ်ခုတည်းမဟုတ်ပါဘူး၊ ကျွန်တော်တို့စခဲ့တဲ့နေရာကနေ ပြန်ရောက်တဲ့အထိ အန္တရာယ်ကင်းကင်းနဲ့ အားလုံးပြန်ရောက်မှသာ ဒီခရီးစဉ်က အောင်မြင်တယ်လို့ဆိိုရမှာပါ..

အားလုံး စည်းစည်းလုံးလုံးနဲ့ ကူညီဖေးမရင်း အဆင်ပြေပြေနဲ့တက်ရောက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်

ခရီးစဉ်ဖြစ်မြောက်အောင် ကူညီပေးကြတဲ့ ဒေသခံတွေနဲ့ အနောက်ကနေကူညီပေးကြသူများအားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်ခင်ဗျ

အရှေ့မြင်အနောက်မြင်တောင် ခရီးစဉ်ကိုတော့ ခေတ္တရပ်နားထားပြီး ပြန်ထွက်မယ့်ရက်ကို ပြန်တင်ပေးပါမယ်ခင်ဗျာ

Photos from Kha Yee Sin - ခရီးစဉ်'s post 25/10/2023

မကြာခင်မှာ Camping ရာသီစတော့မှာဆိုတော့ Campsite အတွက် အပင်လေးတွေသွားစိုက်ရင်း လမ်းမှာတွေ့တဲ့ကျွဲလေးကို အားကျသွားလို့ 😄

ကဲ အနားယူဖို့အတွက် Camping & Trekking လေးတွေ ဘယ်ရက်စမလဲဆိုတာ ပြန်တင်ပေးပါမယ် 🌻🌼🏕️
Stay tuned..💛

21/10/2023

ဒီနေရာကို ဘယ်သူသိလဲ 😁

Photos from Kha Yee Sin - ခရီးစဉ်'s post 20/10/2023

ကျွန်တော်အကြိုက်ဆုံးအရောင်က အဝါရောင်ဖြစ်တော့ ဓါတ်ပုံတွေထဲပြန်ကြည့်လိုက်ရင် အဝါရောင်တွေ အရမ်းကိုများပါတယ် 💛

နှမ်းပန်းတွေ၊ နေကြာပန်းတွေ၊ တောင်နေကြာတွေဘယ်နေရာကြည့်ကြည့် အဝါရောင်တွေနဲ့ပြည့်နေတတ်တော့ Nov,Dec ဆိုတာ အဝါရောင်တွေရဲ့လ လို့တောင်ပြောလို့ရပါတယ်🌼 🌻🌼

19/10/2023

စံဖူးရွာက ရွက်ပုန်းသီးလေး ခွန်ချစ်ကြီးရဲ့ အဆိုအတီးလေးတွေ ခံစားနားဆင်ပေးကြပါအုံးဗျာ

ပျော်စရာညလေးတစ်ညပေါ့ဗျာ ✨

https://www.facebook.com/profile.php?id=100083775394833&mibextid=LQQJ4d

Photos from Kha Yee Sin - ခရီးစဉ်'s post 19/10/2023

November လထဲမှာထွက်မယ့် လွယ်မိုင်းတောင်တက်ညအိပ်ခရီးစဉ်လေးကတော့ ရပါအုံးမယ်နော်.. 🥰🌻

ဆောင်းရာသီကူးပြောင်းလာပြီဖြစ်လို့ ရာသီဥတုကတော့ အရင်ကထက်အချမ်းပိုလာပါပြီ.. အနွေးထည်ထူထူလေးတွေယူလာခဲ့ဖို့ မမေ့ပါနဲ့ 🥶❄️

Videos (show all)

ဒီလမ်းလေးမှာ ဆိုင်ကယ်စီးရတဲ့ feeling လေး
စံဖူးရွာက ရွက်ပုန်းသီးလေး ခွန်ချစ်ကြီးရဲ့ အဆိုအတီးလေးတွေ ခံစားနားဆင်ပေးကြပါအုံးဗျာပျော်စရာညလေးတစ်ညပေါ့ဗျာ ✨https://www.f...
အိုးစည်သံကြားရင် အလိုလိုကချင်လာတဲ့သူရှိလား 😁#paoh #sanphoovillage #lwemai #oesi
NATURE Go and feel
Thitaw Lay House Kalaw 🏡

Telephone

Opening Hours

Monday 08:00 - 20:30
Tuesday 08:00 - 20:30
Wednesday 08:00 - 20:30
Thursday 08:00 - 20:30
Friday 08:00 - 20:30
Saturday 08:00 - 00:00
Sunday 08:00 - 00:00