Khayee Thit

Khayee Thit

ခရီးသစ်တွေနဲ့ ခရီးဆက်ကြရအောင်

Photos from Khayee Thit's post 20/11/2023

ဂဏန်းကျရေတံခွန်
👣👣💦💦
#ရွာငံ
#ဂဏန်းကျရေတံခွန်

Photos from Khayee Thit's post 16/11/2023

Sea Stars !!! 🏖🏝🌊🌊🌊🏖🏝

29/08/2022

ကားခဏနားစဉ်

ကြက်ကြော်သည် လာပါဦးဟု

ခေါ်လိုက်မိသောအခါ 😁😁

Photos from Khayee Thit's post 11/08/2022

အနားကပ်တာနဲ့ ထောင်၆လ နဲ့ ဒဏ်ငွေ ဒေါ်လာ 5000 ပေးဆောင်ရမဲ့ သစ်ပင်
-------------------------------------------------

ရက်ဒ်ဝုဒ် သစ်တောကြိုးဝိုင်း အတွင်းထဲက အမြင့် ၁၁၅.၉၂ မီတာ ( ပေ ၃၈၀ ) ရှိတဲ့ ရက်ဒ်ဝုဒ်ပင် သစ်ပင်ကြီးက သက်ရှိအပင်တွေထဲမှာ အမြင့်ဆုံး သစ်ပင်လို့ ပြောရမှာဖြစ်ပါတယ်။

သက်တမ်း နှစ် ၆၀၀ ကနေ ၈၀၀ အတွင်းရှိတဲ့ ဟိုက်ပါရီယံ ရဲ့ အစာချေစနစ်က ထူးခြားပြီး သူ့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ချုံပုတ်တွေနဲ့ အစာချေစနစ်က ဆက်စပ်နေတာဖြစ်ပါတယ်။

ဟိုက်ပါရီယံရဲ့ တည်​နေရာက ​တောနက်ထဲမှာ​ပေါက်တာဖြစ်တဲ့ အတွက် သွားဖို့လမ်းမရှိပါဘူး အဲ့ဒီအပင်ကြီးဆီကို ခရီးသွားဘလော့ဂါတွေ ၊ ခရီးသွားဆောင်းပါရှင်တွေ နဲ့ ဝက်ဘ်ဆိုက်သမားတွေ သွားပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်တဲ့အခါမှာ ​တောကိုထွင်းပြီး သွားကျတာ ဖြစ်ပါတယ်။

​တောက တ​ဖြေး​ဖြေးပါးလာပြီး အပင်ကြီးရဲ့ ​ဂေဟစနစ်ကို လာထိခိုက်သလို ဖြစ်​နေပါတယ် ဧည့်သည်တွေ အများကြီးလာပြီ ဟိုက်ပါရီယံကိုလာကြည့် တာက ဟိုက်ပါရီယံကို သတ်သလိုဖြစ်နေပါတယ်။

ဘေးမဲ့တော ထိန်းသိမ်းသူတွေက ပြည်နယ်အစိုးရကို အဲ့ဒီအကြောင်းအစီရင်ခံလိုက်တော့ ပြည်နယ်အစိုးရက ဟိုက်ပါရီယံ နားကို တာဝန်မရှိဘဲ သွားတဲ့သူတွေကို ထောင် ၆ လနဲ့ ငွေဒဏ် ကန်ဒေါ်လာ ၅၀၀၀ ပေးဆောင်ရမယ်လို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

ဟိုက်ပါရီယံ ကို ၂၀၀၆ ဩဂုတ် ၆ မှာ သဘာဝသိပ္ပံပညာရှင်တွေဖြစ်တဲ့ ခရစ်အက်ကင်နဲ့ မိုက်ကယ်တေလာတို့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဟိုက်ပါရီယံ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ရက်ဒ်ဝုဒ် ကမ်းခြေမှာ ရှိတဲ့ ရက်ဒ်ဝုဒ် သစ်တောကြိုးဝိုင်း အတွင်းထဲက ရက်ဒ်ဝုဒ်ပင် ဖြစ်ပါတယ်၊

&T


Ref ; greenness-myanmar.org

Photos from Khayee Thit's post 21/07/2022

အဝေးပြေး ကားကြီးတွေ ...

စီးရတဲ့ အရသာကိုကြိုက်လား?

အထူးသဖြင့် ညလုံးပေါက်

စီးသွားရတဲ့ ခရီးမျိုးတွေမှာပေါ့၊

နားကြပ်လေး တပ်ပြီး

သီချင်း နားထောင်မယ်

စာဖတ်ချင်ဖတ်နေမယ်

လိုင်းသုံးချင်သုံးနေမယ်၊

လိုက်ကာလေး လှပ်ကြည့်လိုက်လို့

ကားမှန်ရဲ့အပြင်မှာ မှောင်မဲနေတာမျိုးဆို

အကြောင်းမဲ့ငေးနေမိမယ်၊

"အဲ့ဒီ့အရသာမျိုး ကျွန်တော်သိပ်ကြိုက်တာ"

အဲ့ဒီ နေ့ရက်တွေကို ပြန်လည်တောင့်တရင်း....🖤

#🍁

29/06/2022

Dangerous Tourist Place in the World 😯😯😯

Photos from Khayee Thit's post 21/06/2022

Crystal Water
💦💧💦💧🌊🌊🌊

Photos from Khayee Thit's post 20/06/2022

Beauties of Cambodia 🇰🇭🇰🇭🇰🇭
😍😍😍

16/06/2022
Photos from Khayee Thit's post 13/06/2022

အမှတ်မရှိ One Day လိုက်ပါဦး 😑

Photos from Khayee Thit's post 12/06/2022

💭💭💭 Float in the sky 💭💭💭
🏊🏻🏊🏻🏊🏻‍♀️🏊🏻‍♀️

Hotel in Switzerland

Photos from Khayee Thit's post 11/06/2022

Angkor Wat သည် ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုဖြစ်ပြီး ခရစ်နှစ် 12 ရာစုတွင် ဟိန္ဒူဘုရား Vishnu ကို ရည်စူး၍ မူလက ကမ္ဘောဒီးယားနိုင်ငံ၊ ၎င်းသည် အီဂျစ်နိုင်ငံ၊ Thebes ရှိ Temple of Karnak ပြီးလျှင် ဒုတိယအကြီးဆုံး ဘာသာရေးအဆောက်အအုံများထဲမှဖြစ်ပြီး အချို့က ပို၍ကြီးမားသည်ဟု ဆိုကြသည်။ ၎င်း၏အမည်မှာ "ဗိမာန်တော်၏မြို့တော်" ဟု အဓိပ္ပာယ်ရပြီး ၎င်းကို နတ်ဘုရားများ၏ နယ်ပယ်နှင့် လူသားတို့ အပြန်အလှန်ဆက်ဆံခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ထင်ရှားမှုအဖြစ် ဖန်တီးထားသည်။
ပင့်ကူများသည် ထာဝရတောင်တန်းများနှင့် ထာဝရရေ၏ကျုံးတို့ကို ကိုယ်စားပြုသည်။
သဲနှင့် နုန်း ၁.၅ ကုဗမီတာကို အသုံးပြု၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဗိဿနိုးဘုရင်အား ဗိဿနိုးအား အပ်နှံကြောင်း ဖော်ပြသည့် ခမ်းနားသော ဟိန္ဒူဘုရားကျောင်းအဖြစ် တည်ဆောက်ခဲ့သည်။

Ankor Wat သည် ဗိသုကာ လက်ရာမြောက်ပြီးဧက 400 ကျော် ကျယ်ဝန်းကာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်တစ်ခုဖြစ်ပါသည်။ ဗာတီကန်စီးတီးထက် လေးဆသော ဧရိယာကို လွှမ်းခြုံထားသည်။
၁၁၁၀-၁၁၅၀ ဝန်းကျင်တွင် ခမာဘုရင် Suryavarman II က ၁၂ ရာစု ပထမတစ်ဝက်တွင် ဟိန္ဒူဘုရားကျောင်းအဖြစ် တည်ဆောက်ခဲ့ပြီး ၎င်းအင်ပါယာ၏ နိုင်ငံတော်ဘုရားကျောင်းနှင့် နိုင်ငံရေးဗဟိုချက်အဖြစ် ကိုးကားထားသည်။ Angkor Wat သည် နှစ်ပေါင်း ၉၀၀ နီးပါး သက်တမ်းရှိပီဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိပြီး ကြီးမားသော ဗုဒ္ဓဘာသာဘုရားကျောင်း အဆောက်အအုံဖြစ်သည်။ ခမာဘာသာစကားဖြင့် “ဘုရားကျောင်း” ဟုပြန်ဆိုထားသည်။

Photos from Khayee Thit's post 10/06/2022

မြန်မာနိုင်ငံ၏ အကျော်ကြားဆုံးထဲက တစ်ခုအပါအဝင်ဖြစ်တယ့် ရှမ်းပြည်နယ်တောင်ပိုင်းတွင်ရှိသော ပင်းတယ ရွှေဥမင်လှိုဏ်ဂူ၏ အံ့ဖွယ် ထူးခြားချက်များ

🔷 မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ( ၁၀ ) နေရာထဲက တစ်ခုအပါဝင်ဖြစ်သည့် ပင်းတယ ရွှေဥမင်လှိုဏ်ဂူ၊ ကမ္ဘာ့ခရီးသွား စာမျက်နှာများပေါ်များတွင်ထင်ရှားဖော်ပြခဲ့သည့် ပင်းတယဂူသည်ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့တွင်တည်ရှိသည်။

🔷 ပင်းတယ ရွှေဥမင်လှိုဏ်ဂူသည် ထုံးကျောက်တောင်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသောကြောင့် ဘူမိဗေဒသက်တမ်းနှင့် ဆိုလျင် လွန်ခဲ့သော နှစ် သန်း ( ၂၀၀ ) ကတည်းက ရှိခဲ့သည်ဟု ဆိုသည်။

🔷 မြင့်မားတဲ့ တောင်စောင်းကနေ တောင်မြောက် ဖြစ်ပေါ်နေတဲ့ ဂူ သုံး ဂူ ရှိတယ်လို့ဆိုပေမဲ့ တောင်ဘက် အကျဆုံး ဂူတစ်ခုသာ ဝင်ရောက်နိုင်တယ်လို့ဆိုသည်။

🔷 ဂူဟာ ပေ ( ၄၉၀ ) ထိ ဝင်ရောက်နိုင်ပြီး ကုန်းဘောင်ခေတ် အစောပိုင်းကနေ၊ ယနေ့ ခေတ်အထိ ခေတ်အသီးသီး ထုလုပ် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်ပေါင်း ( ၈၀၀၀ ) ကျော်လောက်ရှိပြီး၊ ဒီလောက်များပြားပြီး ပုံသဏ္ဌာန်စုံလင်တဲ့ ဗုဒ္ဓဆင်းတုတော် တွေကို မြန်မာနိုင်ငံက ဘယ်နေရာမှာမှ တစ်နေရာတည်း မတွေ့နိုင်ဘူးလို့ ဆိုပါတယ်။

🔷 ဂူရဲ့ အဝင်ဝမှာ ဉာဏ်တော် ( ၁၅ ) မီတာ ( ၄၉ ) ပေ ရှိတဲ့ စေတီတော်တစ်ဆူကို ဖူးတွေ့ရပြီး အဲ့ဒီစေတီတော်ဟာ မူလက အသောကမင်းကြီးရဲ့ ကောင်းမူတော်ဖြစ်တယ်။

🔷 ( ၁၂ ) ရာစုမှာ ပုဂံဘုရင် အလောင်းစည်သူမင်းက ထပ်မံ ပြုပြင်ထားတယ်လို့ ပြောကြပေမဲ့ သမိုင်း အထောက်အထား မတွေ့ကြရဘူးလို့ ဆိုပါတယ်။

🔷 သမိုင်းပါမောက္ခဒေါက်တာ သန်းထွန်း၏အဆိုအရတော့ ဂူအတွင်းက ဆင်းတုတော်တွေမှာ ရေးထိုးထားတဲ့ ခုနှစ် သက္ကရာဇ် အရ အစောဆုံး ဆင်းတုတော်တွေဟာ ကုန်းဘောင်ခေတ်အစောပိုင်း ( ၁၇၇၃ ) ရက်စွဲတပ်ထားတယ် လို့ဆိုတယ်။

🔷 ရုပ်ပွားတော်တွေ ရဲ့ ထုလုပ်မူဟန်အရ အစောဆုံး ( ၁၇၅၀ ) ထိ ဖြစ်နိုင်ပြီး ဒီထက် မစောနိုင်ဘူး လို့ ဆိုပါတယ်။

🔷 အဲဒီ နောက်ပိုင်း ဘုရားဖူး ခရီးသည် တွေ၊ အလှူ ရှင်တွေဟာ ယနေ့ခေတ် အထိ ဂူအတွင်းမှာ ဘုရားဆင်းတုတော်တွေ ထားရှိပူဇော်ရာကနေ ခု အခြေနေထိ များ ပြားလာခြင်းဖြစ်တယ် လို့ဆိုတယ်။

🔷 တောင်ဘက် အပေါက်နားမှာတော့ ပိဿာချိန် ( ၄၀၀ ) ရှိတဲ့ ကြေးခေါင်းလောင်းတော် တစ်ခု ရှိပြီး သက္ကရာဇ် ( ၁၈၂၄ ) က လှူဒါန်း မူဖြစ်ကြောင်း ရေးထိုးထားတယ်။

🔷 ပင်းတယ ရွှေဥမင်လှိုဏ်ဂူရဲ့ ထူးခြားမူ တစ်ခုကတော့ '' ဘေသဇ္ဇဂုရု '' လို့ ခေါ်တဲ့ ဗုဒ္ဓ ရုပ်ပွားတော် ပုံဟန် ဆင်းတုတော်ပေါင်း ခုနှစ်ဆယ် လောက်တွေ့ ရှိရခြင်းဖြစ်သတဲ့။

🔷 ဒီလို ဆင်းတုတော်မျိုးကို ပင်းတယ ရွှေဥမင်လှိုဏ်ဂူမှာသာ တွေ့နိုင်ပြီး မြန်မာပြည်က ဘယ်နေရာမှ မတွေ့ရဘူးလို့ ဆိုပါတယ်။

🔷 ဒီဆင်းတုတော်ရဲ့ ဆံတော်ပုံစံ၊ မျက်လုံးတော်၊ နားတော်၊ သင်္ကန်းရုံပုံ ဟာ အခြား ဗုဒ္ဓရုပ်ပွားတော် တွေနဲ့ ကွဲပြားခြားနားပြီး လှန်ထားတဲ့ ညာဘက် လက်တော်ဟာ ဆေးသစ်စေ့ တစ်စေ့ကိုလည်း ကိုင်ထားတော်မူတယ်။

🔷 ဒီဆင်းတုတော် မျိုးကို မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်လေ့ ရှိတယ် လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ ပင်းတယ ရွှေဥမင်လှိုဏ်ဂူ ဟာ ( ၁၈ ) ရာစု နှောင်းပိုင်းလောက်မှာ မဟာယာန ဗုဒ္ဓဘာသာဝင် တို့ရဲ့ ပူဇော်ရာနေရာ တစ်ခု ဖြစ်မယ်လို့ မှန်းဆပါတယ်။

🔷 ( ၁၉၂၅ ) တုန်းက ဂူပေါက်ကို ဒိုင်းနမိုက်တွေနဲ့ ချဲ့ထွင်တဲ့အခါ ဘုရားဆင်းတော်အချို့နဲ့ မှတ်တမ်း ကျောက်စာ အချို့ ပျက်စီးခဲ့ရပြီး အရေးပါတဲ့ ဗုဒ္ဓရုပ်ပွားတော် အချို့ကို အနီးနား ဘုန်ကြီးကျောင်း များသို့ ရွှေ့ပြောင်းထားရှိခဲ့တယ်။

🔷 သို့သော်လည်း အဲဒီ ဆင်းတုတော်တွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတယ် လို့ သိရပါတယ်။

🔷 ပေ ( ၄၉ဝ ) အရှည်ရှိသော ပင်းတယ ရွှေဥမင်လှိုဏ်ဂူအတွင်းရှိ ရှေးဟောင်းစေတီ၊ ရုပ်ပွားတော် ( ၈ဝ၉၄ ) ဆူ ရေရှည် ထိန်းသိမ်းရန် အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံပြုချက် တို့ဖြင့် ရွှေဥမင်လှိုဏ်ဂူ အတွင်းရှိ ကျောက်စည်၊ ကျောက်မောင်း (ပုံ) တို့ကို တီးခွင့်၊ ထိုးခွင့် မပြု တော့ခဲ့ကြောင်း သိရသည်။

🔷 ပင်းတယ ရွှေဥမင်ဘုရားလှိုဏ်ဂူ ကို နေ့စဉ် ပြည်တွင်းရော ပြည်ပ ခရီးသွားတွေ လေ့လာသူ၊ ဘုရားဖူးသူ တွေဟာ လှိုဏ်ဂူထဲမှာ ရှိတဲ့ ဘုရား၊ စေတီတွေရဲ့ ထူးခြားဆန်းပြား ဟန်တွေကို ဖူးကြ၊ လေ့လာ ကြတဲ့အပြင် တီးလို့ ခတ်လို့ ရတဲ့ ကျောက်စည်၊ ကျောက်မောင်း တွေကို ထိုးလို့ တီးလို့ ရအောင် အရင်က ဝါးလုံးကြီးတွေ၊ အသားတွေနဲ့ စီစဉ်ပေးထား ပေမယ့်နောက်ပိုင်း မှာ ပြည်ပ ပညာရှင်တွေ၊ ပြည်တွင်း ပညာရှင်‌ေတွ‌ ဆွေး နွေး တိုင်ပင်ပြီး ကျောက်စည် ကျောက်မောင်း မတီး ကြဖုိ့အထိ သတိပေး လာပါတယ်။

🔷 ဒါနဲ့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ရယူပြီးကျောက်စည်၊ ကျောက္မောင်း တီးခတ်ခွင့်ကို မပြုတော့ခဲ့သည်ဟု သိရှိရသည်။

🔷 ယခင် ကျောက်ခေတ် ဟောင်းတွင် အဆိုပါ ဂူများအတွင်း လူနေထိုင်မှု ရှိ၊မရှိကို ရှေးဟောင်း သုတေသန ၏ တူးဖော် ခွင့်ရလျှင် သိနိုင်မည် ဖြစ်ကြောင်း သမိုင်း ပါမောက္ခ ဒေါက်တာ သန်းထွန်း ပြုစု ထားသော ပင်းတယမြို့ ရွှေဥမင်စေတီ နှင့် ဂူသမိုင်း မှ သိရသည်။

Credit_Original_Uploader
Credit_Photo
တောင်ကြီးချစ်သူရှမ်းပြည်သား

Photos from Khayee Thit's post 05/06/2022

One day with you 😁😁

Photos from Khayee Thit's post 01/06/2022

ခရီးသွား Gamer တို့အကြိုက် 🎮 🎮

မလေးရှားနိုင်ငံရဲ့ ပထမဆုံးဖွင့်လှစ်လိုက်တဲ့

E-Sports Hotel | SEM9.Senai ❤

Start Booking your Esports Experience now at:
hotel.sem9.gg/senai

Photos from Khayee Thit's post 29/05/2022

No Internet. Just Calmness 💚

Photos from Khayee Thit's post 26/05/2022

Passport PJ/PV
အသစ်လျှောက် / သက်တမ်းတိုးများအတွက်

* Passport စလုပ်ဖို့အတွက် ရုံးထဲကိုဝင်ခွင့် Online Booking လျှောက်ထားရန်လိုအပ်ပါတယ်

* Online Booking တင်ပုံတင်နည်းအကြောင်း Post ‌အောက်ဆုံးမှာ Link ပေးထားပါတယ်

* Booking Appointments QR Code ရပီဆိုရင် QR Code မှာပါတဲ့ Date & Time မှာသွားပီ Passport စာအုပ်စလုပ်လို့ရပါပီ ကိုယ်ရထားတဲ့အချိန်ထက်နာရီဝက်ကြိုရောက်အောင်သွားပါ

* Booking QR Code ပုံကိုဖုန်းထဲသိမ်းထားပြီးပြလို့ရသလို Print ထုတ်သွားလို့လည်းရပါတယ်

* Passport လုပ်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်း တွေက
အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်
မှတ်ပုံတင် မူရင်း + မိတ္တူ ၂ စောင်
၁၀ နှစ်အောက်ကလေးများ မွေးစာရင်း မူရင်း + မိတ္တူ ၂ စောင် သက်တမ်းတိုးသမားတွေက စာအုပ်အဟောင်း + PP မှာ မိမိဓါတ်ပုံပါတဲ့စာမျက်နှာ မိတ္တူ ၂ စောင် PJ သမားတွေဆို Labour Card လိုပါတယ် ၊ Labour Card ကနီးစပ်ရာမြို့နယ် အလုပ်သမားဦးစီးဌာနမှာ လျှောက်ထားလို့ရပါတယ် ၅၀၀ (သို့) ၁၀၀၀ ကျပ်

* ရုံးထဲဝင်ဖို့အတွက်ဝင်ပေါက် ၃ နေရာ ( ပန်းခြံဘေး, ရန်ကင်း centerရှေ့, စက်မှု ၁ ) ကြိုက်တဲ့နေရာက ဝင်လို့ရပါတယ်၊ ဝင်ပေါက်မရောက်ခင်အပြင်မှာရှိတဲ့ပွဲစားတွေဘာပြောပြောနားမထောင်ပါနဲ့သူတို့ရိုက်စားခွင်လုပ်လို့ရအောင်တမင်ပြောနေတာမလို့ ဝင်ပေါက်နားမှာရှိတဲ့ ရဲတွေကိုမေးမြန်းပါ ကိုယ့်မှာပါတဲ့ Booking Qr Code ကိုသူတို့ကိုပြလိုက်ရင် စစ်ပီးပေးဝင်ပါတယ်

* ပထမဆုံးစစ်တဲ့ဂိတ်မှာ ဖုန်းထဲမှာအသင့် Save ထားတဲ့ ဓါတ်ပုံ (သို့) Print ထုတ်လာတဲ့ Booking Qr Code ထဲက ကိုယ်ရေးအချက်လက်နဲ့ မှတ်ပုံတင်ထဲကကိုယ်ရေးအချက်လက် စစ်ဆေးပီးရင်အထဲကိုဝင်လို့ရပါပီ

* ဒုတိယဂိတ်မှာ ပါလာတဲ့ QR Code မှတ်ပုံတင် မျက်နှာ Scan ဖတ် စစ်ဆေးပီးရင်ရုံးထဲကို ဝင်လို့ရပါပီ အထဲကို ဖုန်း စာရွက်စာတမ်းပါတဲ့ ဖိုင် နဲ့ ပိုက်ဆံအိတ်အသေးကလွှဲရင် ကျန်တာဘာမှပေးမယူပါဘူး ထီး ရေဘူး tissue ထုပ်ကအစအကုန်အပြင်မှာထားခဲ့ရတာ

* ရုံးထဲစဝင်တာနဲ့ အဝင်ဝလေးမှာရဲနှစ်ယောက်ထိုင်နေပီ အထဲမှာဖြည့်ရမယ် Form ပေးပါတယ် Form ခ ၁၀၀၀ ကျပ် တစ်ခါတစ်လေ Free

* Form ရပီဆိုရင် မဖြည့်ပါနဲ့အုံး လဝက ကောင်တာတွေမှာ အရင်ဆုံးယူလာတဲ့စာရွက်စာတမ်းတွေစစ်ဖို့တန်းစီပါ လူအရှင်းဆုံးအတန်းမှာစီပါမသေချာရင်အဲ့မှာရှိနေတဲ့ ဝန်ထမ်းတွေ ရဲတွေ ကိုမေးပါ သက်တန်းတိုးသမားတွေက Counter 1 မှာတန်းစီရပါတယ် မှတ်ပုံတင်မှာ ကရင်+ဗမာ / ဗမာရှေ့မှာ (+) ဆိုရင်သွေးနှော လို့ဆိုပီ တစ်ခြားကောင်တာတစ်ခုမှာသီးသန့်စီရပါတယ် လဝက form စစ် ၂၀၀၀ ကျပ်ပါ သွေးနှောသမားတွေက ၂၀၀၀+ ၅၀၀၀ အားလုံးစစ်ပီးသွားရင် ခုနပေးထားတဲ့ မူရင်း+ စာရွက်စာတမ်းတစ်စုံရယ် ဘဏ်သွင်းဖို့ စာရွက်ပေးပါတယ်

* လဝကပေးတဲ့ ဘဏ်ငွေသွင်းဖို့စာရွက်နဲ့ အထဲမှာရှိတဲ့ ဘဏ်မှာ ၂၅၀၀၀ ပေးသွင်းပါ ဘဏ်ဘယ်နားရှိလဲမသိရင် အထဲကဝန်ထမ်းတွေ ရဲတွေကိုမေးပါ မကြောက်ပါနဲ့သူတို့ပြောပြတယ် ဘဏ်ငွေသွင်းပီရင် ငွေသွင်းပီးကြောင်း စာရွက်ပြန်ပေးပါတယ် အချိန်နည်းနည်းကြာတတ်လို့ ဝင်ဝင်ခြင်းမှာယူလာတဲ့ Form ကိုဖြည့်ပါ Form ဖြည့်နေတုန်း ဘဏ်ကကိုယ့်နာမည်ခေါ်တာကိုလဲ နားစွင့်ထားပါ ကိုယ့်နာမည်ခေါ်ပီဆို ဘဏ်ကပေးတဲ့ Slip စာရွက်ယူ ကိုယ့်နာမည် မှတ်ပုံတင်အမှတ် မှန်မမှန်ပြန်စစ်ပါ စစ်လို့မှန်ရင် ဓါတ်ပုံရိုက်ဖို့သွားပါ

* ​နောက်ဆုံးအဆင့် ဓါတ်ပုံရိုက်ဖို့တန်းစီပါ Counter 16 ကလွဲရင်ကျန်တဲ့ Counter လူအနည်းဆုံး Counter မှာတန်းစီပါ မိတ္တူတစ်စုံ ဖြည့်ထားတဲ့ Form ဘဏ်ငွေသွင်းပီးကြောင်း Slip သူတို့ကိုပေးပါ ဓါတ်ပုံရိုက် လက်ဗွေနှိပ် မျက်စိ Scan ဖတ် Tablet ပြားပေါ်မှာလက်မှတ်ထိုး အထဲမှာသူတို့မေးတာပြန်ဖြေ ပီးရင် ၅၀၀၀ သွင်း

* ဓါတ်ပုံရိုက်တဲ့အခန်းမှာ အရေးကြီးဆုံးက PJ သမားတွေပါ PV (သို့) PJ လို့မေးပါမယ် အလည်ပတ် PV သမားတွေက PV ဘဲပြောပါ အလုပ်နဲ့သွားမယ့်သူတွေက PJ လို့ပြောပါ Labour Card မလုပ်ရသေးဘူးဆိုရင် အဲ့ဒီနေရာမှာ Labour Card လုပ်ချင်ကြောင်းပြောလိုက်ပါ အပြင်ထက်ဈေးပိုများပါတယ် ၅၀၀၀ ပေးရမှာ အားလုံးပီးသွားရင် Passport စာအုပ်ထုတ်ဖို့ Slip ရပါပီ

* Slip ရရင် သေချာပြန်စစ်ပါ ကိုယ်ပေးထားတဲ့ ကိုယ်ရေးအချက်လက်တွေအားလုံး မှန်လား မှားလား နာမည် English စာလုံးပေါင်း မွေးသက္ကရာဇ် PV /PJ တွေကအရေးကြီးဆုံးပါ မှားနေရင်ပြန်ပြောပီ ပြင်ခိုင်းပါ အားလုံးမှန်တယ်ဆိုရင် Slip လေးယူပီအိမ်ပြန်လို့ရပါပီ

* နောက် ၁၀ ရက် ကြာရင် ရုံးသွားပီကိုယ့်ရဲ့ Passport စာအုပ်ထုတ်လို့ရပါပီ ထုတ်ရမယ့်နေ့က စနေ တနင်္ဂနွေ အစိုးရ ရုံးပိတ်များဆိုရင် ထုတ်မရပါဘူး ရုံးပိတ်ရက်ပီးနောက်နေ့ကစ ရက်ပေါင်း ၉၀ အတွင်း ထုတ်လို့ရပါတယ် စာအုပ်ထုတ်ရင်ပေးထားတဲ့ Slip နဲ့ ပြပီဝင်လို့ရပါတယ် တန်းစီစရာမလို Online Booking ထပ်ယူစရာမလိုပါဘူး သွား ထုတ်တဲ့အခါ Slip ရယ် မှတ်ပုံတင်မူရင်းရယ် ယူသွားပါ ၃၀၀၀ ကျပ်ပေးရ Passport စာအုပ်ရပါပီ ၊၊

ကုန်ကျငွေ
Form - ၁၀၀၀ ကျပ် လဝက စစ် - ၂၀၀၀ ကျပ် ဘဏ်သွင်း - ၂၅၀၀၀ ကျပ် ဓါတ်ပုံရိုက် - ၅၀၀၀ ကျပ် စုစုပေါင်း = ၃၃၀၀၀ ကျပ်

မှတ်ချက် -
အိမ်သားများ စာအုပ်လုပ်တုန်းကအတွေ့ကြုံများနှင့် Group ထဲကညီကိုမောင်နှမများရဲ့အတွေ့ကြုံရေးသားချက်များကိုယူပီး Passport စာအုပ် လုပ်မယ့်သူများအတွက် အခက်ခဲမရှိအောင် ရည်ရွယ်ပီးရေးသားထားတာမလို့ လိုအပ်ချက်များ တစ်ခါတစ်လေရေးသားချက်များနဲ့ ရုံးထဲက လုပ်ဆောင်ချက်များ ငွေပေးသွင်းနှုန်းများ ကွာခြားမှုများရှိနိုင်တာမို့ အဆင်မပြေဖြစ်ခဲ့ရင်နားလည်ပေးကျပါခင်ဗျာ ၊၊

စာအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
အားလုံးအဆင်ပြေကျပါစေ.................................................

Online Booking တင်နည်း
https://www.facebook.com/groups/234307355356726/posts/338717048249089/
Credit to original uploader

Photos from Khayee Thit's post 24/05/2022

စိမ်းညက် ညီအစ်မ
----------------------------------

" ပုဂံမြို့ဟောင်းမှာ တော်ရုံသွေးကောင်းရုံနဲ့တော့
စိမ်းညက်ညီအစ်မဘုရားနား မသွားနဲ့နော် ”

" ဘုရားတည်သူ ညီအစ်မနှစ်ယောက်ဟာ
မကျွတ်လွတ်ဘူးထင်ပါရဲ့
ညဖက်ဆို စောင်းသံ၊တယောသံ ကြားရတယ် ”

" မကျွတ်လွတ်တာ မဟုတ်ဘူး
ဘုရားအနီးမှာ သိုက်နန်းရှိလို့
သိုက်စောင့်ညီအစ်မအဖြစ် စောင့်ရှောက်နေကြတာ ”

" ရှေးမင်းသမီးဝတ်စုံနဲ့ မိန်းမပျိုလေးနှစ်ယောက်
မြင်ရသူ တော်တော်များတယ်
တစ်ခါတစ်လေ အဘိုးကြီးတစ်ယောက်
ဒါမှမဟုတ် ယောက်ျားလေးနှစ်ယောက်
အစောင့်အရှောက်တွေ ပါတယ်”

" စိမ်းညက်ညီအစ်မဘုရားရှေ့က ကားလမ်းမှာ
ဆိုင်ကယ်လက်ကိုင်ကို ဆွဲလှဲလို့ ခဏခဏလဲဖူးတယ်
Ebikeလည်း လဲတယ်”

" နွေရာသီဘယ်လောက်ပူပူ
စိမ်းညက်ညီအစ်မဘုရား နားရောက်ရင်
စိမ့်ခနဲဖြစ်ပြီး အေးသွားတယ် ”

" ဘုရားအနီးက အပင်ကြီးမှာ
ကျောင်းသားလေး ကြိုးဆွဲချဖူးတယ် ”

စိမ်းညက်ညီအစ်မ ပါးစပ်ရာဇဝင်
---------------------------------------------------

ပုဂံပြည် အနော်ရထာခေတ်မှာ
ငကျွဲ၊ စိမ်းညက်၊ စိမ်းခက်ဆိုတဲ့
မောင်နှမသုံးယောက်ရှိတယ်။
အဲဒီအချိန်တုန်းက ပုဂံမှာ အရည်းကြီးဝါဒ အလွန်အားကောင်းချိန်ဖြစ်တယ်။

( ပုဂံအရည်းကြီးအကြောင်း ဖတ်ရှုလိုပါက
Album ထဲဝင်ဖတ်ပါ )

စိမ်းညက်နဲ့စိမ်းခက်ဟာ
အလွန်လှပတဲ့ မိန်းမပျိုများဖြစ်တော့
အရည်းကြီးတို့ သဘောကျတာပေါ့။
ဒီလိုနဲ့ အရည်းကြီးတွေဟာ စိမ်းညက်နဲ့စိမ်းခက်ကို
ပန်းဦးလွှတ်ဖို့ တောင်းတဲ့အခါ
ပုဂံလူသန်ကြီးငကျွဲလည်း ညီမနှစ်ယောက်ကို
ပခုံးပေါ်တစ်ဖက်တစ်ချက်တင်ပြီး
ထွက်ပြေးပါလေရော ။

လိုက်လံဖမ်းစီးတဲ့ အရည်းကြီးတွေကို
ခုခံတိုက်ခိုက်ရင်း၊ ပုန်းရင်း၊ပြေးရင်း
ပုဂံနဲ့ဝေးရာကို ရောက်ရှိသွားတယ်။
ဒီလိုနဲ့ တစ်နေ့မှာ
လူတွေဝတ်တဲ့ အဝတ်စားမျိုးမဟုတ်ဘဲ
သစ်ခေါက်ဆိုးထားတဲ့ အဝတ်ရှည်ကြီးနဲ့
ခေါင်းတုံးပြောင်ပြောင် လူတစ်ဦးကိုမြင်တဲ့အခါ
အရည်းကြီးထင်ပြီး တိုက်ခိုက်ပါတယ်။
သန်ပါတယ်ဆိုတဲ့ငကျွဲရဲ့ ထိုးခုတ်တိုက်ခိုက်ချက်တွေဟာ
ထိုသူရဲ့အသားကိုမဆိုထားနဲ့
အဝတ်ကိုတောင် မလှုပ်ခတ်နိုင်ဘူး။
ငကျွဲကိုလည်း မတုံ့ပြန်သလို
မျက်နှာမှာလည်း ဒေါသတစ်စေ့တစ်စမှ မရှိဘဲ
ကြည်လင်သန့်စင်နေတယ်။

ဒါနဲ့
ဒီလူဟာ သာမန်တော့မဟုတ်ဘူး
မေးကြည့်မှ သင့်မယ်ဆိုပြီး
ငကျွဲလည်း စကားလှမ်းပြောတယ်။

အသင် ဘယ်သူ၊ ဘယ်အရပ်သားလဲ မေးတော့
ငါသည် သင့်ရန်သူအရည်းကြီးလည်းမဟုတ်
သင့်လို သာမန်လူလည်းမဟုတ်
ဗုဒ္ဓဘုရား၏သားတော်သာ ဖြစ်၏လို့ မိန့်တယ်။

ထိုသူကား...ရှင်အရဟံတည်း

ဒီလိုနဲ့ မြတ်သောအကျင့်ရှိတဲ့ ရှင်အရဟံကို
တုရင်းတောင်အရပ်မှာ ခဏသီတင်းသုံးစေပြီး
မကြာမီမှာပဲ ဘုရင်အနော်ရထာနဲ့ တွေ့ဆုံစေခဲ့တယ်။
ရှင်အရဟံနဲ့ အနော်ရထာပေါင်းပြီး
ပုဂံမှာ ဗုဒ္ဓသာသနာစည်ပင်အောင်ဆောင်ရွက်ကြတယ်။
ငကျွဲကိုလည်း သူကောင်းပြုတယ်။
စိမ်းညက်နဲ့စိမ်းခက်ကိုလည်း မင်းသမီးအရာထားခဲ့တယ်။

စိမ်းညက်နှင့်စိမ်းခက် မင်းသမီးနှစ်ပါးလည်း
သူတို့ပုန်းခိုခဲ့တဲ့နေရာမှာ စေတီတည်ဖို့ကြိုးစားတယ်။
အုတ်၊ပန်းရံ၊ပန်းချီ၊ပန်းပုအစရှိတဲ့အဖိုးအခများအတွက်
ညီအစ်မနှစ်ဦး အလုပ်လုပ်ပြီး ငွေစုခဲ့ကြတယ်။
တစ်ရက်ဝင်ငွေကို တစ်ရက်စာ အုတ်ဝယ်ပြီး
ဘုရားတည်ခဲ့ကြတယ်။
တစ်နေ့မှာ စိမ်းခက် နေမကောင်းတဲ့အတွက်
စိမ်းညက်ဟာ နှစ်ယောက်စာအလုပ်ပိုလုပ်
ငွေရှာခဲ့တယ်။ အလုပ်ကအပြန် မောမောနဲ့
ဘုရားတည်တဲ့နေရာရောက်တဲ့အခါ
စိမ်းခက်ဟာ စိမ်းညက်စုထားတဲ့အုတ်များကို
ခိုးယူပြီး ဘုရားတည်တာကို တွေ့လိုက်ရချိန်
စိတ်ဆိုးပြီး ကျိန်စာတိုက်ခဲ့ပါတယ်။
အဲဒီကျိန်စာကြောင့်ပဲ
စိမ်းခက်ရဲ့ပုထိုးဟာ ပိုမြင့်ပေမယ့်
စိမ်းညက်ရဲ့ဂူဘုရားကိုပဲ အရင်မြင်ရတယ်။

ပုထိုးနဲ့ဂူဘုရား အပြီးသတ်တည်ပြီးတဲ့အခါ
ညီမဖြစ်သူဟာ အတွင်းတံတိုင်း
အစ်မဖြစ်သူဟာ အပြင်တံတိုင်းဆိုပြီး
တံတိုင်း နှစ်ထပ် ခတ်လိုက်ကြတယ်။

ပုဂံခေတ်မှာ ဘုရင့်အမျိုးနွယ်များတည်တဲ့ဘုရားသာ
အုတ်တံတိုင်း ခတ်ခွင့်ရှိတဲ့အတွက်
မင်းသမီးအစစ်မဟုတ်တဲ့ စိမ်းညက်ညီအစ်မဟာ
သေဒဏ်ကျခံခဲ့ရပါတယ် ။

အဆုံးမှာ
ဘုရားတည်ခဲ့ပေမယ့် ရေစက်မချခဲ့ရတဲ့အတွက်
မကျွတ်မလွတ်တော့ဘဲ
ဘုရားမှာ အစောင့်အရှောက်အဖြစ်
ယနေ့တိုင် နေထိုင်ကြပါတယ်။
နောင်ပွင့်မယ့်ဘုရားကိုရည်စူးတဲ့
စိမ်းညက်သိုက်စောင့် ညီအစ်မလို့လည်း
ယုံကြည်ကြပါတယ်။

ပါးစပ်ရာဇဝင်အပေါ် ကျနော့်အမြင်
-------------------------------------------------------

ကျနော့်မိတ်ဆွေများကို ပထမဆုံးပြောချင်တာက
သဗ္ဗေညုဘုရားအနီးမှာ
ငကျွဲနားတောင်းစေတီဆိုတာရှိတယ်။
ယခုပုံပြင်မှာ ပါသော ငကျွဲ ဝတ်တဲ့နားတောင်းပုံ
စေတီဆိုပြီး ပြောကြတယ်။
ဒါဟာ ရှေးကလူတွေ ဘွဲ့အမည်မသိရင်
လျှောက်ပေးခဲ့တဲ့ နာမည်ထဲက တစ်ခုပဲဖြစ်မယ်။
မလာဖြစ်၊မလုံးဖြစ်ဘုရားလို၊မသူဇာဂူလို
ဘွဲ့အမည်မသိတော့ ပုံပြင်တစ်ခုခုနဲ့ ဆက်စပ်ပေးလိုက်တာမျိုးထင်တယ်။
ငကျွဲနားတောင်းစေတီဟာ ပျူဟန် စေတီဖြစ်ပြီး
ပုဂံခေတ်ရဲ့ အစောဆုံးစေတီတွေထဲ ပါတယ်။
နားတောင်းနဲ့ တူတာမဟုတ်
သရေခေတ္တရာက ပျူခေတ်စေတီဖြစ်တဲ့
ဘောဘောကြီးစေတီနဲ့ ပုံစံတူတယ်။

ဘုရားတည်တဲ့
ဘုရားဒါယိကာ၊ဘုရားဒါယိကာမ ဆိုတာ
အခြားသော သူတွေထက် မြတ်တယ်။
နတ်စိမ်းတွေ၊ သိုက်နန်းရှင်တွေထက်
ဘုရားဒါယိကာမ ဆိုတာလေးက
ပိုမြတ်ပါတယ်။

စိမ်းညက်နဲ့စိမ်းခက် ဆိုတာလည်း
ကျနော့်မိတ်ဆွေများစိတ်ထဲ
ဇာတ်ပွဲတွေမှာ အော်ပရာကဖို့
ပြဇာတ်တစ်ခုအနေနဲ့ လက်ခံရုံလောက်ပဲကောင်းပါတယ်။ ကြာရင် မကောင်းဘူး။
ဥပမာပြောရရင်
မန္တလေးမှာရှိတဲ့ ရွှေစာရံစေတီက စောမွန်လှမင်းသမီး။
အစက ဘုရားတည်သူ ဘုရားဒါယိကာမပဲ။
ဇာတ်လမ်းရေးသူတွေရဲ တအားညွှန်းဖွဲ့မှုတွေက
နှစ်ကာလများ ကြာတဲ့အခါ
နတ်စိမ်းလိုလို၊ သိုက်နန်းရှင်လိုလိုဖြစ်ပြီး
အခုဆို ဘုရားပတ်ပတ်လည်မှာ
သိုက်နန်းတွေရော၊ နဂါးတန်ဆောင်းတွေပါ
ဆောက်လုပ်ကြတယ်။
ကျနော်က ဒေသခံဖြစ်လို့ ရွေ့လာတဲ့ ပါးစပ်ရာဇဝင်နဲ့
အဆောက်ဦးတွေကို အတိကျ မှတ်မိနေခဲ့တာပါ။

ကျိန်စာကြောင့်
စိမ်းခက်ပုထိုးဟာပိုမြင့်ပေမယ့်
စိမ်းညက်ဂူဘုရားကိုပဲအရင်မြင်ရတယ်။
ဒါက ရှင်းပါတယ်
နှစ်ဆူမှာ အမြင့်ချင်းမကွာရင်
ထုထည်ကြီးတဲ့ဘုရား အရင်မြင်ကြမှာပဲ။
ကားလမ်း၊ကားရပ်ကွင်းဟာလည်း
စိမ်းညက်ရှိတဲ့ဘက်မှာ ဖြစ်နေတယ်။

ဒါဆို ညီအစ်မနှစ်ယောက်ပုံပြင်ကို
ခဏဖယ်ထားလိုက်ရင်
ဘာကြောင့် ဘွဲ့အမည်က စိမ်းညက်ညီအစ်မဖြစ်နေလဲ
ကျနော်တို့ ထပ်တွေးကြပါစို့။

စူဠာမဏိနဲ့ကန်တော့ပလ္လင်သမိုင်းမှာ ပါတဲ့
ပံသကူမဟာထေရ်ဆိုတာ
စိမ်းညက်မင်းရဲ့ သားဖြစ်ပါတယ်။

ဆိုတော့
စိမ်းညက်မင်းရဲ့ မိဖုရားနှစ်ဦးက တည်ခဲ့လို့
စိမ်းညက်ညီအစ်မလို့ တွင်သလား စဥ်းစားရမယ်။
ဒီနေရာမှာ စကားကြုံလို့
ကျနော့်မိတ်ဆွေများကို ပြောရဦးမယ်။
ရွှေစည်းခုံဘုရား အနောက်ဖက်တံတိုင်းမှာ
ကျန်စစ်သားမင်းရဲ့ မိဖုရားနှစ်ဦးဖြစ်တဲ့
ခင်ဦးနဲ့ခင်တန် တည်ခဲ့တဲ့ စေတီအသေး နှစ်ဆူရှိတယ်။
ပုဂံခေတ်က မိဖုရားတွေက
အဲဒီလို သင့်မြတ်စွာ စေတီတည်ခဲ့ကြပါတယ်။

နောက်တစ်ချက်က
တံတိုင်းတစ်ခုထဲမှာ ဂူနဲ့ပုထိုး ကပ်ရက်ရှိလို့
ညီအစ်မဘုရားဆိုပြီး ခေါ်တွင်ကြတာရော
မဖြစ်နိုင်ဘူးလား။

ဒီလိုခေါ်ကြေးဆိုရင်တော့
မြင်းကပါ အနောက်ပိုင်းက
ဖြတ်စရွှေဂူနဲ့ ဖြတ်စပုထိုးကိုလည်း
ဖြတ်စညီအစ်ကိုလို့ ခေါ်ရမယ့်ပုံ ။

ဖြတ်စရွှေဂူဟာလည်း ဂူနဲ့ပုထိုး ကပ်ရက်ရှိတယ်။

ပုထိုးနှစ်ဆူဟာ ဒီဇိုင်းခြင်းနီးစပ်ပြီး
ပုဂံမှာ အဲ့ဒီဇိုင်းရှိတာလည်း
စိမ်းညက်နဲ့ဖြတ်စ ပုထိုးနှစ်ဆူပဲ ရှိတယ်။

အနုပညာများ
----------------------------

မြင်းကပါရွာနှင့် ပုဂံမြို့သစ်ကြား
စိုးမင်းကြီးအုတ်ကျောင်းအကျော်
ကားလမ်းဘေးတွင်ရှိသည်။

စိမ်းညက်ဂူဘုရား
(အဆောက်အအုံအမှတ် ၁၀၈၅/၄၅၇)

ဂူဘုရားလေးမျက်နှာ၌ အဝင်မုခ်လေးခုရှိသည်။
မုခ်အားလုံး စုလစ်သုံးခုစီဆင့်၍ အလှဆင်ထားသည်။
စုလစ်များတွင်ရှိသော ရုပ်တု၊ရုပ်ကြွများ
ပျက်စီးကုန်ပြီဖြစ်သည်။
အတွင်းစင်္ကြပတ်လမ်းရှိပြီး
နံရံများနှင့် အလယ်တိုင်တွင်
ဗုဒ္ဓဝင်ငါးရာ့ငါးဆယ် ပန်းချီများရှိသည်။
ဂူဘုရားတွင် ပစ္စယာလေးဆင့်ပါပြီး
အထက်တွင် ကွမ်းတောင် ရှိသည်။
ပစ္စယာ သုံးဆင့်အထိ
နတ်လှေကားဖြင့် တက်၍ရသည်။

စိမ်းညက်ပုထိုး
(အဆောက်အအုံအမှတ် ၁၀၈၆/ ၄၅၈)

စိမ်းညက်ပုထိုး၏ အရှေ့တောင်ဘက်တွင်
လူညစ်များ ဌာပနာဖောက်သည့် အပေါက်ရှိခဲ့သည်။
စိမ်းညက်ပုထိုးသည် ထူးခြားသော စေတီဖြစ်သည်။
အောက်ခြေလေးထောင့်ဖြစ်၍ ပစ္စယာသုံးဆင့်ရှိသည်။
ပထမပစ္စယာ စေတီများတွင် ဘီလူးရုပ်များ
ဒုတိယပစ္စယာ စေတီများတွင် ခြင်္သေ့ရုပ်များ
တတိယပစ္စယာ စေတီများတွင် ကိန္နရာရုပ်များ
ထုလုပ်ခဲ့သည်။
ခေါင်းလောင်းပုံတွင်
ဆင်းတုငယ်များထားရာ မုခ်ငယ်လေးခုရှိသည်။
သပိတ်မှောက်နှင့် ခါးပတ်တွင်
ဘီလူးပန်းဆွဲ အင်္ဂတေ လက်ရာများရှိသည်။
ခေါင်းလောင်းပုံအထက်တွင် ဖရုံတုံးခံ၍ ဖောင်းရစ်
အရစ်ရစ် တက်သွားသည်။
အမြှောင်းများဖော်ထားသည့် အရစ်ဝိုင်းများကို
တစ်ဆင့်စီထပ်လျက် ထုလုံးရှည်ပုံ တည်ဆောက်ထားသည်။

အထက်မှာပြောခဲ့သလိုပဲ
ပုဂံမှာ အဲ့ဒီဇိုင်းရှိတာ
စိမ်းညက်ပုထိုးနဲ့ဖြတ်စရွှေဂူပုထိုး နှစ်ဆူပဲရှိတယ်။
ကြည့်ဖြစ်အောင်ကြည့်ပါ။
တော်တော်လှတဲ့ အနုပညာလက်ရာပါ။
ဖြတ်စရွှေဂူသွားမယ်ဆိုရင်တော့ နယ်ခံတွေကို
လိုက်ပို့ခိုင်းပါ။

သိုက်စောင့်မင်းသမီးများနှင့် ကျနော်တွေ့ဆုံခြင်း
-----------------------------------------------------------------------

တစ်ရက်သား
ကျနော်ရယ်၊ ဟိုတယ်မန်နေဂျာပုဂံသားရယ်၊
ပန်းချီဆရာမြင်းကပါသားရယ်
စကားလက်ဆုံကျတာပေါ့။

သူတို့ငယ်ငယ်က
စိမ်းညက်ညီအစ်မဘုရားနား
ရှေးမင်းသမီးဝတ်စုံနဲ့ သွားလာနေတာ တွေ့ဖူးကြတယ်။
မကျွတ်မလွတ်ဘူး။ လူသေဆုံးမှုရှိတယ်တဲ့။

ဆောင်းပါးအစမှာ
ကျနော်ဖော်ပြခဲ့တဲ့စကားတွေဟာ
နယ်ခံအချို့နဲ့ ပရလောကကို အလွန်မင်းယုံကြည်သူ
ဘုရားဖူးတွေ ပြောနေကြ စကားတွေဖြစ်ပါတယ်။

ဒီလိုနဲ့
စိမ်းညက်ညီအစ်မကို ကျနော်ရှာဖွေမှဖြစ်မယ်ဆိုပြီး
ကိစ္စတစ်ခုချင်းကို
ကျနော် လေ့လာမိသမျှ ဖောက်သည်ပြန်ချလိုက်ရတယ်။

( ၁ )

" ရှေးမင်းသမီးဝတ်စုံနဲ့ မိန်းမပျိုလေးနှစ်ယောက်
မြင်ရသူ တော်တော်များတယ်
တစ်ခါတစ်လေ အဘိုးကြီးတစ်ယောက်
ဒါမှမဟုတ် ယောက်ျားလေးနှစ်ယောက်
အစောင့်အရှောက်တွေ ပါတယ်
ညဖက်ဆို စောင်းသံ၊တယောသံ ကြားရတယ် ”

ကျနော်က လက်တွေ့သမား
ဆိုင်ကယ်သော့ကို ကောက်ယူပြီး
စိမ်းညက်ညီအစ်မဂူဘုရားနားကို ထွက်ခဲ့တယ်။

ဂူဘုရားနဲ့မနီးမဝေးမှာ သိရီပစ္စယာရွာရှိတယ်
အဲ့ဒီရွာကိုဝင်ပြီး အဘိုး၊အဘွားတွေကို
မေးမြန်းကြည့်တယ်။

" အဘိုးရေ ဒီရွာမှာ ဟိုအရင်က
မြေဝိုင်းတို့ နှစ်ပါးခွင်တို့ ကတဲ့
မင်းသမီးတွေရှိဖူးလား ” ဆိုတော့

" ပွဲကြီးတွေသာ မန္တလေးဘက်က
သဘင်သည်တွေငှားပြီး ကတာ
ဟိုတယ်ဧည့်ခံပွဲတို့ နိုင်ငံခြားသားဧည့်သည်တို့
အစိုးရလူကြီးမင်း ညစာစားပွဲတို့လောက်ဆို
ဒီနားက မင်းသမီးလေးတွေ ထွက်ကြတာ ငါ့မြေးရဲ့”တဲ့

စာဖတ်သူအတွေးက ဘယ်သို့ရှိမယ် မသိပါ။
ကျွန်တော်ကတော့ စိမ်းညက်ညီအစ်မဂူအနား
ညညဆို ရှေးမင်းသမီးဝတ်စုံနဲ့ သွားလာနေတာဟာ
ဘုရားအနီး ဟိုတယ်ကြီးတွေမှာ
ဧည့်ခံပွဲကပြီး ခြေလျင်ပြန်လာတဲ့
မင်းသမီးလေးတွေ ဖြစ်ဖို့များပါတယ်။

စောင်းသံ၊တယောသံဆိုတာကတော့
ကျနော်တို့တည်းတဲ့ ဟိုတယ်အလတ်စားမှာတောင်
ညဖက်ဆို ဧည့်ခံကြတယ်။
ညသံနဲဆိုတော့ တော်တော်ဝေးဝေးကထိ
လွင်နေအောင် ကြားရပါတယ်။

စိမ်းညက်ညီအစ်မအနီးနဲ့
ပုဂံမြို့သစ်မှာ ဟိုတယ်ကြီးတွေ ရှိပါတယ်ဗျ ။

( ၂ )

" စိမ်းညက်ညီအစ်မဘုရားရှေ့က ကားလမ်းမှာ
ဆိုင်ကယ်လက်ကိုင်ကို ဆွဲလှဲလို့ ခဏခဏလဲဖူးတယ်
Ebikeလည်း လဲတယ် ”

စိမ်းညက်ဘုရားကို ရောက်ဖူးသူများ
ယခုမှ သွားမည့်သူများ သတိထားကြည့်ပါ။

စိုးမင်းကြီးအုတ်ကျောင်းဟာ ကုန်းမို့မို့
စိမ်းညက်ဘုရားဟာလည်း ကုန်းမို့မို့
အလယ်မှာကျ ချိုင့်ဝှမ်းဖြစ်ပါတယ်။
မိုးရာသီရေများတဲ့အခါ
စိမ်းညက်ဘေးပတ်ပတ်လည်မှ ရေစီးကြောင်းများဟာ
ဘုရားရှေ့ ကားလမ်းချိုင့်ဝှမ်းထဲ စီးဆင်းတယ်။

ဆိုတော့
စိမ်းညက်ဘုရားရှေ့က ကားလမ်းဟာ
အမြဲလိုလို သဲစီးကြောင်းရှိတတ်ပါတယ်။
ဆိုင်ကယ်၊ Ebike အများစုဟာ
ညဖက်ဘုရားရှေ့မှာ ကြောက်ကြောက်နဲ့မောင်းတော့
ကားလမ်းပေါ် ကန့်လန့်ဖြတ်နေတဲ့ သဲထဲချော်ပြီး
လဲကြတာမျိုးပဲ။

လဲကျဖူးသူ ဒေသခံအများစုကိုမေးကြည့်ရသလောက်
မိုးတွင်းရယ်၊ မူးနေတဲ့အချိန်ရယ် လဲကြတာများတယ်။

" နွေရာသီဘယ်လောက်ပူပူ
စိမ်းညက်ဘုရား နားရောက်ရင်
စိမ့်ခနဲဖြစ်ပြီး အေးသွားတယ် ”

အေးမှာပေါ့
ဘုရားနဲ့မျက်နှာချင်းဆိုင်မှာက
ရတနာဘုံစံတောရကျောင်း
သစ်ကြီးဝါးကြီးတွေနဲ့ အရိပ်ကောင်းမှကောင်း။
အဲ့ဒီနားမှာပဲ ထန်းပင်ထန်းတောတွေလည်း
စိမ်းစိုနေပြီး အပန်းဖြေစခန်းတောင် ဖွင့်လို့ရမယ်။

( ၃ )

ဘုရားရှေ့က ထနောင်းပင်မှာ
ကျောင်းသားလေး ကြိုးဆွဲချတယ်ဆိုပြီး
onlinပေါ်ရေးထားတဲ့ ပို့စ်တစ်ခုဖတ်လိုက်ရတယ်။
လုံးဝမဟုတ်ပါ။
အဲဒီကလေးလေး ဖြစ်စဥ်ဟာ
စိမ်းညက်ဘုရားနားလို့ အလွယ်ပြောကြပေမယ့်
ဘုရားနဲ့ ကားလမ်းခြားသလို
ထနောင်းပင်မဟုတ်ဘဲ ညောင်ပင်ကြီးမှာသာ
အခင်းဖြစ်ပွားခဲ့တာပါ။
ကျနော် အဲဒီနေရာအထိ စပ်စုခဲ့တယ်။

လူမသေဘူးတဲ့အိမ်
လူသေမမြုပ်ဘူးတဲ့မြေနေရာဆိုတာ မရှိလို့
တရားတော်တွေမှာ နာကြားဖူးပါတယ်။

ဥပါဒါန်ကြောင့် ဥပဒ်မဖြစ်စေချင်ဘူး

ပုဂံဘုရားတွေကို
သရဲ၊သိုက်၊ပရလောကနဲ့ ပြောကြတာက
ဌာပနာဖောက်သူရန်၊ဖျက်ဆီးသူရန်
အဲတာမျိုးလက်ထဲက ကာကွယ်ဖို့လည်း
ခြောက်လှန့်ကြတယ် ထင်ပါရဲ့။

ကျနော့်အယူဆများကို လက်ခံစရာမလိုပါ
လွတ်လပ်စွာတွေးပါ၊ နှစ်သက်သလို ခံယူပါ။
ကိုယ့်အတွေးခေါ်နဲ့ယုံကြည်ရာကို
ရဲရဲလုပ်ပါလို့ တိုက်တွန်းပါရစေခင်ဗျာ။


ဆန်းကျော်စွာဝင်း

ကျမ်းကိုးစာရင်း။ ။
ဦးသန်းဆွေ
ရှေးသု သုတေသနမှူး
ဦးဗိုကေ
ပုဂံသုတေသန

ပုဂံမှ ဘုရားသမိုင်းရှင်းသော ကလေးများ၏
ပါးစပ်ရာဇဝင်ကိုလည်း မှီငြမ်းပါသည်

Photos from Khayee Thit's post 19/05/2022

ကောင်းကင်ပြာကြီးအောက်က ကျူးလစ်ပန်းတွေ ဘယ်လောက်လှလဲ ......

Photos from Khayee Thit's post 17/05/2022

I just found my dream home on wheels! 🐶🚍❤️

Photos from Khayee Thit's post 16/05/2022

စိန်ပန်းနီနီလေးတွေနဲ့ ပုဂံမြေ

- ဒီလို မိုးဦးကျဆို အချိန်ဆို ပုဂံက လည်လို့ သိပ်ကောင်းတယ်
- လူနဲတယ် အေးချမ်းတယ် ဘုရားအေးဆေးဖူးလို့ရပီး ဓာတ်ပုံရိုက်လို့လဲကောင်းတယ်
- မိုးတွင်းမှာပဲ မြင်ရတဲ့ ပုဂံရဲ့ စိမ်းစိမ်းစိုစိုမြင်ကွင်းလေးတွေနဲ့ E - bike စီးပီး ပုဂံဘုရားတွေ ဖူးရတာ သိပ်ကို ပျော်ဖို့ကောင်းတယ်

Photo credit
Ko Ye(Bagan)

Photos from Khayee Thit's post 14/05/2022

House on the Tree or Treehouse

သစ်ပင်ပေါ်က အိမ်လေးတွေ 😍😍

Photos from Google

Photos from Khayee Thit's post 13/05/2022

No internet, no social media. Let's go wild camping for some days with friends 🏕⛺️💚

12/05/2022

Passport လျှောက်ဖို့ 📕📕📕

ရန်ကုန် Passport ရုံးမှာ ကိုယ်တိုင်လျှောက်တဲ့ အခါ လိုအပ်တဲ့ အချက်လေးတွေပါနော်
________________________________

ကြာချိန် - ၃ နာရီ
ကုန်ကျငွေ - ၃၂၀၀၀ကျပ်

💁‍♀️Online Booking ရယူရန်

ပွဲစားတွေလည်းအရမ်းများတဲ့အတွက်
Booking အပြည့်မြန်ပါတယ်။
Today dateကနေ နောက်နှစ်ပတ်လောက်အထိ
Booking အမြဲပြည့်နေတတ်လို့ တတ်နိုင်သမျှ
ကြိုယူထားတာအကောင်းဆုံးပါ။

https://www.passport.gov.mm/

အချိန်၊ နေ့ရက် လိုအပ်တဲ့အချက်အလက်များ
မှန်ကန်အောင်ဖြည့်ပါ။

💁‍♀️ပြင်ဆင်ထားရမည့်စာရွက်စာတမ်းများ

✅သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း) မူရင်း နဲ့ မိတ္တူ ၂ စုံ
✅မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ ၂ စုံ
✅Booking Appointment QR code
(ဖုန်းနဲ့ QRပုံရိုက်ထားလည်းရ၊ စာရွက်ထုတ်သွားလည်းရပါတယ်)
✅သက်တမ်းတိုး၊ အမျိုးအစားပြောင်းသူများက Passport အဟောင်း မူရင်း။
✅PJ passport လျှောက်ထားလိုသူများ Labor Card ပြင်ဆင်ထားရန်။

~~~~~

Passport ရုံးထဲရောက်ဖို့အတွက်
အဆင့်(၃)ဆင့်ဖြတ်ရပါမယ်။
▪️ Booking QR နှင့် မှတ်ပုံတင်မူရင်းပြ၍ ဝင်းအတွင်းဝင်ရန်။
▪️ အစစ်ဆေးခံရန်
▪️ QR Scan ဖတ်၍ ရုံအတွင်းဝင်ရန်။

🔺 စာရွက်စာတမ်း၊ဖုန်း၊ ပိုက်ဆံအိတ်အသေးကလွဲ၍
အခြားလွယ်အိတ်၊ ပိုက်ဆံအိတ်အကြီး၊ ထီး၊ ဦးထုပ်စတဲ့ ပစ္စည်းများ ဘာမှယူသွားလို့မရပါဘူး။
သွားတဲ့အချိန်ပေါ်မူတည်ပြီး ရုံအတွင်းရောက်ဖို့ အကြာကြီးတန်းစီရတတ်ပါတယ် ~~ ခန့်မှန်းခြေ (၁)နာရီ ဝန်းကျင်။ မိမိ Booking ရထားသောအချိန်၏ နာရီဝက်မတိုင်ခင်အရောက်သွားပါ။

~~~~~
ရုံအတွင်းရောက်လျှင်

🍀 လဝက စစ်ဆေးခြင်း

ကောင်တာတစ်ခုတွင်တန်းစီပြီး
ကိုယ့်အလှည့်ရောက်ပါက
ပါလာတဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင် မူရင်း၊ မိတ္တူကိုပေးပြီး ပြုံးပြပါ။ မေးတာဖြေပါ။

ရုံအနောက်ဘက်သို့သွားခွင့်ပြုပါကသွားပြီး
စစ်ဆေးပြီးကြောင်းတံဆိပ်ထုထားသောစာရွက်ယူပါ။
စစ်ဆေးခြင်းအတွက် ၂၀၀၀ကျပ် ပေးရပါမယ်။
~~~~~

Passport စတင်လျှောက်ထားရန်

အဆင့်(၁) ✔️ Form ဖြည့်ခြင်း
🔺 အခန်းထဲမဝင်ခင် ဝင်လာခဲ့တဲ့ဘက်ကို
ပြန်ထွက်လာပြီး ဝင်ဝင်ခြင်း ရုံအတွင်း TV အောက်တည့်တည့်ရှိစားပွဲတွင်ထိုင်နေသောတာဝန်ခံဆီမှ Form စာရွက်တစ်ရွက်တောင်းပါ။ (သူများတွေက ၁၀၀၀ ပေးရတယ်ပြောတယ် ကျွန်တော်က ဒီတိုင်းတောင်းလာခဲ့တယ်)။
လိုအပ်တဲ့အချက်အလက်များပြည့်စုံမှန်ကန်စွာဖြည့်ပါ။

အဆင့်(၂)✔️ ငွေသွင်းခြင်း။

လဝက က ပြန်ပေးလိုက်တဲ့စာရွက်စာတမ်းတွေကိုကိုင်ပြီး ရုံအတွင်းရှိမြန်မာ့စီးပွါးရေးဘဏ်တွင် ငွေသွင်းပါ။ ၂၅၀၀၀ ကျပ်။
ဘဏ်ကနေ ငွေသွင်းပြီးကြောင်းစာရွက်ကို တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး ပြန်ပေးပါတယ်။ စောင့်ရတာကြာပါတယ်။ ရေလေးသောက်ပြီး စိတ်ရှည်လက်ရှည်ထိုင်စောင့်နေပါ။

အဆင့်(၃) ✔️ ဓါတ်ပုံရိုက်ခြင်း၊ စာအုပ်ထုတ်ရန်slipရခြင်း။

နောက်ဆုံးအဆင့်ပါ။ အခြေအနေကြည့်ပြီး မြန်မြန်ပြီးမယ်ထင်ရတဲ့ အခန်း တစ်ခုခုအရှေ့မှာတန်းစီပါ။ ကိုယ့်အလှည့်ရောက်ပါက စာရွက်စာတမ်း မူရင်း၊ မိတ္တူများပြ၍ ဓါတ်ပုံအရိုက်ခံ၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုးပါ။ Slipတစ်ခါတည်းယူသွားမည်ဖြစ်ကြောင်းပြော၍ ထုတ်ယူပါ။ ပြုံးပြပါ။ ဓါတ်ပုံရိုက်ပြီးရင် ၅၀၀၀ပါတဲ့။

Slipရလျှင် နာမည်နှင့်အချက်အလက်များမှန်ကန်ကြောင်းစစ်ဆေးပြီး ယူခဲ့ပါ။

နောက်ဆယ်ရက်နေလျှင်စာအုပ်သွားထုတ်၍ရပါပြီ။

ပွဲစားနဲ့ဆိုလည်း အပေါ်ကအဆင့်တွေအကုန်လုံးက
ကိုယ်တိုင်းတန်းစီလုပ်ရတာပဲဆိုတော့ အတူတူပါပဲ~~ Booking appointment လေးပဲ ကြိုယူထားပါ။

ဘယ်သူမှမကြောက်နဲ့၊
လိုအပ်တာပြည့်ပြည့်စုံစုံယူသွားပြီး
မသိတာရှိရင်ပြုံးပြီးမေး။
အခြား၂၀၀၀ ၃၀၀၀အနည်းငယ်ထပ်ပေးရတာ
စျေးမတူတာလေးတွေရှိရင်လည်း ပေးလိုက်ပါနော်။


အဆင်ပြေကြပါစေ ✊

Full credit to - Original Uploader

Photos from Khayee Thit's post 11/05/2022

ပုဂံမှာ စုံတွဲပုံ လှလှလေး ဘယ်လိုရိုက်မလဲ
💏💏 📸📸 💏💏
ပထမဆုံး စုံတွဲပုံရိုက်မယ်ဆိုရင်.........

ရိုက်ရမယ့်လူရှိအောင်အရင်လုပ်ဦး 😁😁😁
Photo crd

Photos from Khayee Thit's post 10/05/2022

မိုးရာသီဆို ပိုလှတဲ့ ဇင်းကျိုက်တောင် 💚💚💚

တောင်ပေါ်ကမြင်ရတဲ့360ဒီဂရီရူခင်းနဲ့

Viewpointကမြင်ရတဲ့စိမ်းစိုစိုတောင်တန်းတွေ ဟာ စိတ်ကျဥ်းကျပ်နေသူတွေအတွက်တော့ ခဏတာ အမောပြေစရာလေးတခုပါ


တောင်တက်ကားတွေလဲရှိပြီး လမ်းလျှောက်တက်ချင်လဲတက်လို့ရပါတယ်



#ဇင်းကျိုက်​တောင်

Photo Credit Min Shwe Myine

Photos from Khayee Thit's post 08/05/2022

သူများနိုင်ငံဆို သင်္ချိုင်းတောင်မီးလာတယ် 😕😕
အိုက်စလန်နိုင်ငံက သင်္ချိုင်း ✝✝

Crd

07/05/2022

WOW 🥰🥰

Photos from Khayee Thit's post 07/05/2022

အိမ်ကနေစိတ်ချလက်ချ တယောက်ထဲခရီးပေးထွက်တဲ့အရွယ်ရောက်သောအခါ 😌😌😌

Photo crd

Photos from Khayee Thit's post 06/05/2022

မွန်ပြည်နယ် ကျိုက္ခမီ ရေလယ်ဘုရား သမိုင်း
----------------------------------------------------------------
ကျိုက္ခမီဘုရားမှာ သီဟိုဠ်ကျွန်းမှ ဒေဝါနံပိယတိဿမင်းကြီးက အဓိဋ္ဌာန်ဖြင့်မျှောလိုက်သော ရုပ်ပွားတော် ၄ ဆူအနက် ရုပ်ပွားတော်တစ်ဆူ ဖြစ်သည်ဟု သမိုင်းအဆိုရှိသည်။ ဒေဝါနံပိယတိဿ မင်းကြီးသည် မြတ်စွာဘုရားအား မဖူးမြင်လိုက်ရသော ရှင်လူအများတို့ ကြည်ညိုအားထား ကုသိုလ်ပွားစေခြင်းငှာ သိကြားမင်း ဖန်ဆင်းပေးသော ရုပ်ပွားတော် ၄ ဆူကို ပင်လယ်ရေပြင်၌ မျှောတော်မူလေသည်။ ထို ၄ ဆူအနက် ကျောက်လှည်းဘီးခံသော ရုပ်ပွားတော်သည် ကျိုက်ထိုမြို့သို့ ရောက်ရှိ၍ ကျိုက်ပေါလောဘွဲ့အမည်ဖြင့် ထင်ရှားရှိသည်။ ကျွန်းတုံးခံသော ရုပ်ပွားတော်မှာ ရခိုင်ပြည်နယ်သို့ ဆိုက်ရောက်သည်ဟု ဆို၏။ ပုသိမ်မြို့သို့ ဆိုက်ရောက်သည် ဟုလည်း အဆိုရှိသည်။ သင်္ကန်းတုံးခံသော ရုပ်ပွားတော် ၂ ဆူအနက် တစ်ဆူမှာ ထားဝယ်မြို့သို့၎င်း၊ ကျန်တစ်ဆူမှာ တုံဇောင်းပီမြို့ (ယခု ကျိုက္ခမီမြို့) သို့၎င်း အသီးသီး ဆိုက်ရောက်တော်မူလာလေသည်။ ထားဝယ်မြို့သို့ ရောက်ရှိလာသော ရုပ်ပွားတော်ကို လူအများက ပင့်ဆောင်ကိုးကွယ်ထားရာ ရှင်မုဋ္ဌီး အမည်ဖြင့် အထင်အရှားရှိပေသည်။

တုံဇောင်းပီမြို့သို့ ဆိုက်ရောက်လာသော ရုပ်ပွားတော်သည် ရှေးမင်းများက ဆံတော်ဓာတ် ၁၁ ဆူ ဌာပနာ၍ တည်ထားခဲ့သော ဧကာဒသစေတီတော် တည်ရှိရာ ရေလယ်ကျောက်ဆောင်အနီးသို့ ဆိုက်ရောက် လာလေသည်။ မြို့သူမြို့သားအပေါင်းတို့သည် ရုပ်ပွားတော်မြတ်ကို အမျိုးမျိုးကြိုးစား၍ ပင့်ဆောင်ကြသော်လည်း ရုပ်ပွားတော်သည် ရွေ့လျားခြင်းမရှိလေ။ နောက်ဆုံး၌ ငါးပါးသီလကို ခါးဝတ်ကဲ့သို့ မြဲမြံအောင် စောင့်ထိန်းသော မုဆိုးမတစ်ဦးက အဓိဋ္ဌာန်ပြု၍ ပင့်ဆောင်သောအခါမှ သာသနာနှစ် ၂၃၇ ခု နတ္တော် လဆန်း ၁၅ ရက်နေ့တွင် ကြွတော်မူလေသည်။

ရုပ်ပွားတော်ကို ရှေးဦးစွာ ဘုရားအရှေ့ဘက်မုတ်တွင် ပင့်ဆောင်ထားသော်လည်း တောင်ဘက်စူးစူးသို့သာ မျက်နှာတော်လှည့်၍ စံနေတော်မူသဖြင့် တောင်ဘက်မုတ်သို့ ပြောင်းရွေ့ ပင့်ဆောင်ထားရလေသည်။ ရုပ်ပွားတော်သည် တောင်ဘက်သို့သာ မျက်နှာမူလျက် စံပယ်တော်မူသည်မှာ ထားဝယ်မြို့ရှိ ရှင်မုဋ္ဌီးရုပ်ပွားတော်ကို မျှော်ကြည့်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ ထိုသို့ မျှော်ကြည့်သည်ကို အစွဲပြု၍ ဤရုပ်ပွားတော်ကို မွန်ဘာသာဖြင့် ကျိုက်ဟမီဟု ခေါ်ဝေါ်သမုတ်၏။ မြန်မာဘာသာဖြင့် ဘုရားမျှော်ဟု အဓိပ္ပာယ်ရရှိသည်။ နောင်ကာလကြာသောအခါ ကျိုက်ဟမီမှ ကျိုက္ခမီဟု စကားရွေ့လျောလာ ခဲ့သည်။ ထိုမျှမကသေး ဘုရား၏ဘွဲ့တော်ကို အစွဲပြု၍ တုံဇောင်းပီမြို့ကိုလည်း ကျိုက္ခမီမြို့ဟု ခေါ်တွင်လာခဲ့လေသည်။ ရုပ်ပွားတော်မြတ် ရောက်ရှိ၍ ကာလကြာလတ်သော် ဧကာဒသစေတီ ပျက်စီးယိုယွင်းသွားသဖြင့် ဌာပနာတိုက်ကျောက်တုံးကြီးသာ ကျန်ခဲ့လေသည်။ ထို့နောက် ဝတ်ကျောင်းကြီး ဆောက်လုပ်ကာ ရုပ်ပွားတော်ကို ထိုကျောင်းအတွင်းသို့ ပင့်ဆောင်ကိုးကွယ်ကြသည်။
ကျိုက္ခမီရုပ်ပွားတော် တည်ရှိရာ ဝတ်ကျောင်းပေါ်သို့ လှိုင်းတံပိုး မည်မျှပင်ကြီးစေကာမူ ရေမလွှမ်းခြင်းမှာ ဘုရား၏တန်ခိုးတော်ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားဝတ်ကျောင်းပေါ်သို့ မိန်းမများ မတက်ကြရချေ။ တက်ရောက်မိလျှင်လည်း အခါမဲ့ လေပြင်း မုန်တိုင်းကျခြင်း၊ မိုးကြီးသည်းထန်စွာ ရွာခြင်းများ ဖြစ်တတ်သည်ဟု ဆို၏။ ထိုသို့ တက်ရောက်မိသော မိန်းမများတွင်လည်း ဝေဒနာတစ်ခုခု စွဲကပ်တတ်သည်ဟု စွဲလန်းယုံကြည်ကြသည်။ ထို့ကြောင့် မိန်းမများ သည် ရုပ်ပွားတော်၏ ရှေ့ဖက်တူရှုတွင် ဆောက်လုပ်ထားရှိသော အာရုံခံဇရပ်ပေါ်မှသာလျှင် ဖူးမြော် ကြည်ညိုလေ့ ရှိကြသည်။

၁၂၈၇ ခုနှစ်ခန့်တွင် ဘုရားကို မီးပူဇော်ရာမှ မီးစတင် လောင်ကျွမ်းသဖြင့် ကျောင်းပြာသာဒ်များ ပျက်စီးကြလေသည်။ ထို့နောက် ဝံသာနုခေါင်းဆောင်ကြီး ဦးချစ်လှိုင် ကြီးမှူး၍ အုတ်တိုက်ကျောင်းပြသာဒ်ကို အများ၏ကုသိုလ်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့၏။

Telephone

Website