TMH Mahar

TMH Mahar

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TMH Mahar, Financial service, .

TMH Mahar Provides
--- Financial Services ---
--- Investment Services ---
--- Forex/Crypto trading account opening ---
--- Forex/Crypto trading Free/Paid Educational trading ---

Contact us for free advisory at
PyaePyae: 09770399415
Yamin: 09752883351

03/04/2024

#ကမ္ဘာ့ရွှေ

14/03/2024

ယနေ့ခေတ် လူငယ်
တော်တော်များများဟာ
ကိုယ့်ကို
“မင်းတန်ဖိုးမရှိတဲ့ကောင်လို“
ပြောရင် သိိပ်စိတ်ဆိုးတာပဲ။

အဲတော့
“တန်ဖိုး” ဆိုတာ
ဘာလဲ လို မေးလိုက်ရင်
အကုန်လုံးက
ကြောင်တောင်တောင်နဲ့
ဘာဖြေရမှန်း
မသိကြတော့ဘူး။

တကယ်တော့
“တန်ဖိုး” ဆိုတာ
သဘာဝကို လုပ်အား
ထည့်ပေါင်းလို ရလာခြင်းပဲ။

Value = Nature + Labour
တန်ဖိုး = သဘာဝ + လုပ်အား

ဥပမာ ~
မိုးတွင်းမှာဆို တိုတွေ
ရွှတွေ မတွေ့ရဘူးလား။

အဲဒီ ရွှကို
မင်းသွားခွာလည်း ရတယ်။
ငါ သွားခွာလည်း ရတယ်။
သဘာဝက အလကား
ပေးထားတာလေ။

အဲဒီရွှကို
မင်းက သွားမခွာဘူး။
ငါက သွားခွာပြီး
လောက်စလုံး လုံးတယ်။
ငါက လုပ်အား
ထည့်လိုက်တာပေါ့။
လောက်စလုံး တစ်ဖိုကို
ဘယ်လောက်ဆိုပြီး
ငါက ပြန်ရောင်းလို ရတယ်။

သဘာဝကို ငါက
လုပ်အား ထည့်လိုက်တော့
“တန်ဖိုး”
တက်မသွားဘူးလား ???

ငါ့ထက် တော်တဲ့ကောင်
တစ်ယောက်က
လောက်စလုံး မလုံးပဲ
ရေအိုး လုပ်မယ်ကွာ။

လုပ်အား တက်သွားတော့
တန်ဖိုး ပိုတက်
မသွားပေဘူးလား။

ငါတိုတွေ လေကို
အလကား မရှူရဘူးလား။
ဒါပေမယ့် စက်ဘီးတွေ၊
ဆိုင်ကယ်တွေ
လေထိုးရင် တစ်ဘီးကို
ငါးဆယ် တစ်ရာ
မပေးရဘူးလား ??

မင်းက အကိုရယ်
လေ အလကား ရတာပဲလို
ပြောကြည့်ပါလား။
မင်းကို ဟိုက
ပါးပိတ်ရိုက်မှာပေါ့။
သူ့လုပ်အား အတွက်
ပိုက်ဆံယူရမယ်လေ။

ငါတိုတွေဟာ
မွေးလာတုန်းက
အတူတူပါပဲ။
သဘာဝလိုပဲ ဆိုပါတော့။

ကိုယ့်ကိုယ်ကို
လုပ်အားထည့်နိုင်ရင်
ထည့်နိုင်သလောက်
တန်ဖိုးတက်လာမှာပါပဲလို
ကျနော် ပြောချင်တယ်။

Crd - ဆရာကြီးဦးအောင်သင်း

14/03/2024

သူတိုပြောချင်ရာပြော

အချိန်တော်တော်များများမှာ
မဖြေရှင်းတာဟာ ဝန်ခံတာမဟုတ်ပါဘူး။
အလေးကို မထားချင်တာပါ။

အချိန်တော်တော်များများမှာ
နှုတ်ဆိတ်နေတာဟာ
ပြောစရာ စကားမရှိလို မဟုတ်ပါဘူး။
ပြောတော့လည်း ထူးလာမှာ မဟုတ်လိုပါ။

အချိန်တော်တော်များများမှာ
အငြင်းမပွားတာဟာ
သည်းခံစိတ်ကောင်းလွန်းလို မဟုတ်ပါဘူး။
ဒေါသဖြစ်ဖိုကို မထိုက်တန်လိုပါ။

ကိုယ့်ကိုယ်ကိုယ် သိလွန်း
တတ်လွန်းတယ် မထင်ပါနဲ့။
တကယ်တော့ တခြားသူလည်း မအပါဘူး။

တခါတလေမှာ တုံးအချင်ဟန်ဆောင်တိုင်း
သူတကယ် အနေတာ မဟုတ်ပါဘူး။
နှုတ်ဆိတ်ခြင်းအနုပညာကို သူနားလည်လိုပါ။

ငါက ဘာလဲဆိုတာ အရေးမကြီးဘူး။
ဘယ်သူက ဘာဆိုတာလည်း အရေးမကြီးဘူး။
ရှင်သန်ခြင်းကသာ တန်ဖိုးကြီးတယ်။

မလိုအပ်တဲ့အရာတွေအပေါ်
သိပ်မဖြုန်းမိပါစေနဲ့။

ကိုယ့်ဘဝထဲကို လူတွေအများကြီး
ဖိတ်ဝင်စရာ မလိုသလို လူအများ
ကိုယ့်ကို နှစ်သက်ဖိုလည်း မမျှော်လင့်ပါနဲ့။

သင့်အပေါ် နားမလည်သူတွေကို
ဖြေရှင်းချက် ထုတ်နေစရာမလိုသလို
သင့်အပေါ် နားလည်သူတွေက
သင့်ရဲ့ဖြေရှင်းချက်တွေကို မလိုပါဘူး။

ဒီလောကမှာ လူတိုင်း ကိုယ့်ကို
နှစ်သက်ကြမှာမဟုတ်ဘူး။

တချိုက သင့်ကို အားကျတယ်။
တချိုက သင့်ကို မုန်းတယ်။

တချိုက သင့်ကို မနာလိုဘူး။
တချိုက သင့်ကို ချစ်ခင်တယ်။

ဘဝဆိုတာ ဒီလိုပါပဲ...

ကိုယ်လုပ်သမျှက လူတိုင်းကို
ကျေနပ်စေမှာ မဟုတ်ဘူး။

တခြားသူနှစ်သက်လာအောင်
လုပ်ဆောင်ရင်း ကိုယ့်နဂိုကို
မပျောက်ဆုံးပါစေနဲ့။

တခြားသူရဲ့ပါးစပ်ထဲက သင်ဟာ
စစ်မှန်တဲ့သင် မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံးလုပ်ပါ။
ကိုယ်နှစ်သက်တဲ့ ကောင်းမွန်တဲ့ အလုပ်ကို လုပ်ပါ။

ကိုယ့်လမ်း ကိုယ်လျှောက်
ကိုယ့်စတိုင်လ်နဲ့ ကိုယ်နေပါ။

သူတိုပြောချင်တာ ပြောပါစေ။
crd📖📖📖

13/03/2024

လူတွေက ရေပေါ်ဆီအပေါ်ယံသာသာ။

13/03/2024

မလိုအပ်ဖူးသေးလို မသိကြတာပါ

11/03/2024

မင်း ထက်တော်တဲ့သူ မရှိဘူး.........
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️
လောကကြီးမှာ....
မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။
မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။

မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာ မရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင် ကြိုးစားနေသူတွေပဲရှိတယ်။

မင်းတစ်ယောက်တည်း
စိတ်ညစ်စရာ၊ ပျော်စရာရှိတာမဟုတ်ဘူး။
မင်းလိုပဲ စိတ်ညစ်စရာ၊ ပျော်စရာတွေကြားမှာ
အဆင်ပြေအောင် နေနေရသူတွေချည်းပဲ ရှိတယ်။

မင်းတစ်ယောက်တည်း မျက်ရည်ကျဖူးတာ မဟုတ်ဘူး
လူဆိုတာ မွေးလာကတည်းက အငိုနဲ့ စပြီး အငိုနဲ့ အဆုံးသတ်ကြတာသဘာဝပဲ။

မင်း တစ်ယောက်တည်း ကျရူံးဖူးတာ မဟုတ်ဘူး
ဘဝမှာ ရူံးနိမ့်ခြင်းဆိုတာ ကို လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။

မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရတာ မဟုတ်ဘူးလူသားတိုင်း ဖြစ်ချင်တာတွေ သေဆုံးချိန်အထိ မဖြစ်ခဲ့ရတာတွေ အများကြီး ရှိတယ်။

မင်းဘာကြောင့် အားငယ်နေမှာလဲ
မင်းဘာကြောင့်တွေဝေနေမှာလဲ
မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ
မင်းဘာကြောင့် စိတ်ဓါတ်ကျနေမှာလဲ
မင်းဘာကြောင့် ကြောက်ရွံနေရတာလဲ

ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ အရှုးမပေးနဲ့
မင်းအမေကမင်းကို ဘဝကို လွယ်လွယ်နဲ့ အရှုးပေးဖို
အသက်နဲ့ရင်းပြီးမွေးလာခဲ့တာမဟုတ်ဘူး။

ခုချက်ခြင်း မင်းမျက်ရည်တွေသုတ်လိုက် ။
မနက်ဖန်တိုင်းမှာ မင်းအတွက် ကံကောင်းခြင်းတွေ
စီးကြိုနေတယ် မင်းကြိုးစားလိုက်စမ်းပါ။

မင်း လည်း လူပဲ
အခြားသူတွေလည်း လူတွေပဲ ။

လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်သန်နေတာဆိုရင်
မျှော်လင့်ခြင်း အိပ်မက်ကို
တကယ်လက်တွေ့ဖြစ်အောင် လုပ်နိူင်သူရယ်.....
မလုပ်နိုင်သူရယ်ပဲရှိတယ်။

အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ
သံသရာလည်နေတဲ့သူတော့ မင်း"မဖြစ်စေနဲ့ ။
"မိတ်ဆွေ"

11/03/2024

11/03/2024

#ကမ္ဘာ့ရွှေ

08/03/2024

သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင်
============================

သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ ~~~

သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ ~~~

သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ ~~~

သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ ~~~

သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ ~~~

သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ ~~~

သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ ~~~

သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ~~~

သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ ~~~
. မဖြုန်းသင့်သည့်အရာ ( ၃ )ခု. ငွေကို ဖြုန်းလျှင် ...... ဥစ္စာကို ဆုံးရှုးရတတ်သည် ....''
. စကားကို ဖြုန်းလျှင်. သိက္ခာကို ဆုံးရှုးရတတ်သည် .... ''
. အချိန်ကို ဖြုန်းလျှင်. ဘဝကို ဆုံးရှုးရတတ်သည် .......

08/03/2024

တစ်ချိုသူတွေက "ရေ" နဲ့တူတယ်။
ထိတွေ့လိုက်သူတိုင်းကို အေးမြမှုပေးတယ်။

တစ်ချိုသူတွေက "မြေကြီး"နဲ့ တူတယ်။
သူ့အပေါ်နင်းသွားလည်း သည်းခံနိုင်ခြင်း ပါရမီပြည့်ဝတယ်။

တစ်ချိုသူတွေက "လေမုန်တိုင်း" နဲ့တူတယ်။
အနားရှိသမျှ အရာတွေကို ဟိုးဝေးဆုံးကို တွန်းပိုတယ်။

တစ်ချိုသူတွေက "မီး" နဲ့တူတယ်။
တောက်လောင်မှု အပူ အနားရှိသူ အပူဟပ်စေတယ်။

တစ်ချိုသူတွေက "နေ" နဲ့တူတယ်။
ဝေးဝေးကနေရင် လိုအပ်တဲ့ အပူချိန်ရပေမယ့် အနားကပ်ရင်တော့ သေလောက်အောင်
ပူပြင်း လောင်မြိုက်တယ်။

တစ်ချိုသူတွေက "လ"နဲ့ တူတယ်။
အဝေးက အေးချမ်းသလိုပေမယ့် သူ့ပေါ်ရောက်ရင် မညီညာမှုတွေနဲ့ ...

တစ်ချိုသူတွေက "သစ်ပင်"နဲ့ တူတယ်။
အရိပ်လည်းပေးတယ်။ အသီးအပွင့်တွေ လည်းပေးတယ်။

စွန့်ပစ်ချင်ရင်တောင် အလွယ်တကူ
စွန့်ပစ်မရဘဲ အမြစ်တွယ်နေပေးတယ် ။

သင်ရော ဘယ်လိုလူမျိုးလဲ.... ?

#ဦးဘုန်း

06/03/2024

စားချင်ရင်စွန့်...“မစွန့်ရဲရင် အစားခံရမယ်”...

သစ်စေ့နှစ်စေ့ဟာ မြေကြီးပေါ်မှာ
ယှဉ်လျက်သား ကျနေတယ်။

ပထမသစ်စေ့က ပြောတယ်…

" ငါ သစ်ပင်ပေါက်ချင်တယ်။ ငါ့အမြစ်ကို
မြေကြီးထဲ နက်နိုင်သမျှ နက်အောင်
ဆင်း သွားချင်တယ်။

မြေကြီးပေါ်မှာလည်း အစိုအညှောင့်
ထွက်လာချင်တယ်။

အဲဒီကနေ ပင်စည်ဖြစ်လာပြီး အသီးအပွင့်တွေ
ဝေဝေဆာဆာ သီးပွင့်ချင်တယ်။

ငါ့မျက်နှာကို နွေဦးပေါက်မှာ
နေရောင်ခြည်လေးနဲ့ ဖြန်းပက်ချင်သလို

ဆောင်းတွင်းကျရင်လည်း
ငါ့သစ်ရွက်လေးတွေပေါ်မှာ နှင်းမှုန်လေးတွေ
တင်ကျန်နေ ချင်တယ်ကွာ "

ဒုတိယသစ်စေ့က ပြောတယ်…

" ငါကတော့ ကြောက်တယ်။ငါ့အမြစ်ကို
မြေကြီးအောက်ကို မချရဲဘူး။
မြေကြီးအောက် မှာ မှောင်မည်းမည်းနဲ့မို
ဘာရှိမှန်းမသိဘူး။

ငါ့အစိုအညှောက်တွေကို မြေကြီးပေါ်ကို
တက်ခိုင်းလိုက်ရင် သူတိုဟာ နုညံ့လွန်းလို
လေတိုက်ရင် ပျက်စီးသွားမယ်။

အဖူးအငုံတွေ ထွက်လာရင် ပိုးကောင်တွေ
လာစားကြလိမ့်မယ်။ အပွင့် ပွင့်ပေးလိုက်ရင်
ကလေးတွေ လာခူးကြလိမ့်မယ်။

ဒီအတိုင်းနေတာက ငါ့အတွက်
အလုံခြုံဆုံး ဖြစ်မယ်"

ဒါကြောင့် ရက်အနည်းငယ် ကြာတော့
ပထမသစ်စေ့ကနေ အပင်ပေါက်လေး
ဖြစ်လာတယ်။ ဒုတိယသစ်စေ့ကတော့
အစေ့အတိုင်းပဲ ရှိနေတယ်။

ကြက်မတစ်ကောင်ဟာ မြေကြီးကိုယက်ပြီး
အစာရှာရင်း ဒုတိယသစ်စေ့ကို တွေ့လိုက်တော့
နှုတ်သီးနဲ့ ဆိတ်ယူ ကောက်စားလိုက်တယ်။

မစွန့်စားရဲသူဟာ နောက်ဆုံးတော့
ဘဝရဲ့ ဝါးမြိုခြင်းကို ခံရမှာပါ။

...

06/03/2024

" စာဖတ်ခြင်းအနုပညာ "
-----------------------

စာတစ်အုပ်ဟာ သင့်ကို
ဘာမှ လုပ်မပေးနိုင်ပေမယ့်
စာတစ်ကြောင်းကတော့
သင့်ရဲ့ဘဝကို ပြောင်းလဲ
ပေးနိုင်ပါတယ် ။

အကြောင်း အမျိုးမျိုးကြောင့်
ကမ္ဘာကို မပတ်နိုင်ခဲ့ ပေမယ့်
ရသ သုတ စာပေတွေကို ဖတ်ပြီး
ကိုယ်တိုင် ကမ္ဘာပတ် နေခဲ့ရသလို
ခံစားရနိုင်ပါတယ် ။

ကိုယ်က အသိပညာ နည်းပါး
ခဲ့ရင် အသိပညာ မြင့်မားသူရဲ့
ဦးဆောင်မှုနောက်မှာ နေရလိုက်ရ
လိမ့်မယ် စာမဖတ်သူ အတွက်
စာတစ်ကြောင်းဟာ အပေါစား
ဆန်ချင် ဆန်နေလိမ့်မယ် စာဖတ်သူ
တစ်ယောက်အတွက် စာတစ်ကြောင်းဟာ
ရတနာ တစ်ခုပါပဲ ။

စာဖတ်ခြင်း အားဖြင့် အနည်းဆုံး
ရရှိလာနိုင်တဲ့ အကျိုးတရား တွေကတော့

အဆိုးနဲ့အကောင်းကို ဝေဖန်
ပိုင်းခြားပြီးတော့ စဉ်းစားဆုံးဖြတ် နိူင်ခြင်း ။

လူဝင်ဆန့်အောင် နေထိုင်
ပြောဆိုတတ်ခြင်း

ကူညီတတ်ခြင်းရိုင်းပင်းတတ်ခြင်း
ဂရုဏာ မေတ္တာ စေတနာ ထားရှိနိုင်ခြင်း ။

ကိုယ့်ရဲ့အားသာချက် အားနည်းချက်ကို
သိရှိပြီး ကိုယ်တိုင် ဆုံးမနိုင်ခြင်း ။

အစရှိသည်တိုဖြင့် များစွာသော
အကျိုးကျေးဇူးများ ရရှိခဲ့ခြင်းကြောင့်
ကိုယ့်ဘဝ တစ်ခုရဲ့ လိုအပ်ချက်တွေကို
စာဖတ်ခြင်းဖြင့် ဖြည့်စွက်ပါ ။

Lovely.
With by Original Uploader.

05/03/2024

အောက်တန်းအကျဆုံးလူတွေပါပဲ

05/03/2024

အလုပ်တွေလုပ်ပြီး ကိုယ်တိုင်
ပိုက်ဆံ ရှာတတ်လာတဲ့အခါ . . .

ငွေရဲ့တန်ဖိုးကို နားလည်လာတယ်

မကုန်သင့်တဲ့နေရာမှာ မကုန်ဖို
စုဆောင်းတတ်လာတယ်. . .

အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ဖို
ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေထားတဲ့ ငွေကို
တန်ဖိုးထားတတ်ရတယ်. . .

အလုပ်လုပ်ရဖို တွေးကြောက်ပြီးနေတာထက်

အပင်ပန်းခံပြီး ပိုက်ဆံရှာရတာကို
ပိုပြီးနှစ်သက်လာတယ်. . .

ကြိုတင်စုဆောင်းတတ်ဖိုအတွက်
ငယ်ရွယ်ချိန်ရဲ့ တန်ဖိုးကို သိဖို
အရင်ကြိုးစားရတယ်. . .

ဒါမှ အိုမင်ချိန်မှာ မပူပင်ရဖို
ငယ်ရွယ်တဲ့အချိန်မှာ စုဆောင်းထားရမှာပေါ့. . .

အချိန်ကို တန်ဖိုးထားတတ်ဖို သင်ယူပါမှ
အနားယူတာနဲ့ ပျင်းရိတာကို ခွဲခြားတတ်လာတယ် . . .

ကိုယ့်အတွက်အကျိုးရှိဖိုရယ်
သူတစ်ပါးအတွက် အကျိုးရှိဖိုအတွက်ကိုပဲ
အချိန်တွေကုန်ဆုံးတယ်. . .

ငွေရဲ့တန်ဖိုး အချိန်ရဲ့တန်ဖိုး
ငယ်ရွယ်ခြင်းရဲ့တန်ဖိုးကို နားလည်မှ
ဘဝဟာ ပိုပြီးတန်ဖိုးရှိမှာ . . .။

ချစ်သော, 🎁


#ဗဟသုတစာပေများစုစည်းရာ

04/03/2024

လူတစ်ယောက်မှာ အမြဲဖြူ စင်တယ်ဆိုတာ
မရှိပါဘူး ဒါပေမယ့် ဖြူ စင်အောင်တော့
အမြဲ ကြိုးစားပါ။

လူတစ်ယောက်ဟာ ဘယ်လောက်တော်တော်
အမြဲတန်းမှန်တယ် ဆိုတာ မရှိပါဘူး
ဒါပေမယ့် မှန်အောင်တော့ အမြဲကြိုးစားပါ။

လူတစ်ယောက်က အခြားသူအပေါ်
အမြဲ စိတ်ကောင်းထားနိူင်တယ် ဆိုတာမရှိပါဘူး
ဒါပေမယ့် ယုတ်မာတဲ့စိတ်မမွေးမိအောင် အမြဲ သတိထားပါ။

လူတစ်ယောက်က ကိုယ့်အပေါ်ကို
နိုင်ထက်စီးနင်းဆက်ဆံသူကို အမြဲ သည်းခံဖိုဆိုတာ မလွယ်ပါဘူး
ဒါပေမယ့် ကိုယ်ကစပြီး မတရားမလုပ်မိအောင်
အမြဲကြိုးစားပါ။

လူ့လောကမှာ မုသားကင်းတဲ့ လူဆိုတာ
မရှိသလောက် ရှားပါးတယ်
ဒါပေမယ့် အတတ်နိူင်ဆုံး အလိမ်အညာနည်းအောင်တော့
အမြဲ ကြိုးစားပါ။

လူ့လောကမှာ ဟန်မဆောင်တတ်သူဆိုတာ မရှိပါဘူး
ဒါပေမယ့် ကိုယ့်အတ္တကြောင့်မဟုတ်ဘဲ
အခြားသူ စိတ်ချမ်းသာအောင်တော့ အမြဲကြိုးစားပါ။



#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

04/03/2024

*လမ်းမှာတွေ့တဲ့ သစ်တစ်ရွက် အမှတ်တမဲ့ကြည့်လိုက်မိတယ် ဪ သူကကိုယ့်ကို ပြုံးပြနေတာပါလားဆိုပြီး ကောက်ကိုင်
ကြည့်လိုက်မိတယ် ကိုယ်ပါပြုံးမိသွားတယ်*

*ဖြတ်သန်းသွားလာနေတဲ့ လူအများကလည်း ကျွန်တော်ကောက်ကိုင်ထားတဲ့သစ်ရွက်လေးနဲ့ ကျွန်တော့်ကိုကြည့်ပြီး ပြုံးသွားကြတယ်*

*ကျွန်တော့်ကို ကြည့်သွားကြတဲ့လူတွေကိုလည်း ပြန်လည်ပြုံးပြမိလိုက်တယ်*
*သက်မဲ့ဖြစ်နေတဲ့ သစ်ရွက်လေးကတောင် အပြုံးရိပ်လေးသန်းပြီး ကြည့်ကောင်းနေတာဘဲ*

*သက်ရှိဖြစ်တဲ့ လူသားတွေလည်း အပြုံးလေးတွေကိုယ်စီ ကိုယ်စီ ပိုင်ဆိုင်ထားကြည့်လိုက်ပါ ပို၍ ပို၍ ကြည့်ကောင်းလာပါလိမ့်မည်*

01/03/2024

တစ်ခါတစ်ခါ
စေတနာတွေကို လူပေးမှားမိတဲ့အခါ
ပြန်ရလိုက်တဲ့ တုံပြန်မှုကြောင့်
ကိုယ်ထားလိုက်တဲ့စေတနာတွေက
ကိုယ်ကိုယ်တိုင် ပြန်ခံစားလိုက်ရတာ
ဝေဒနာတွေချည်းပါပဲ။

တစ်ခါတစ်ခါ
သူကောင်းပါစေလို ပြောမိလိုက်တဲ့
စကားတွေက သူ့ရဲ့အဆိုးမြင်
စိတ်ကြောင့် ကိုယ်ကပဲ
အကောင်းမမြင်တတ်တဲ့
လူတစ်ယောက်ဖြစ်ခဲ့ရတယ်။

ကိုယ်ဘယ်လောက် ကောင်းနေပါစေ
အဆိုးမြင်သူတချိုရဲ့ စိတ်မှာ
ကိုယ်က နေရာတကာ အပြစ်မြင်နေတတ်တဲ့ လူဆိုးတစ်ယောက်ပဲဖြစ်နေတတ်တယ်။

တကယ်တော့ သူမှားတာမဟုတ်ပါဘူး
ကိုယ်ကပဲ စေတနာတွေကို
လူပေးမှားမိတာပါ။

ကိုယ့်စေတနာတွေကို
အသိမှတ်မပြုရင်နေပါစေ
တုံပြန်မှုက ခံရခက်တဲ့အခါ
ကိုယ့်ကိုယ်ကို ပဲအပြစ်တင်မိတော့တယ်။

လူတိုင်းက ကိုယ်မဟုတ်ဘူး
ဆိုတာသိလိုက်ရတဲ့အတွက်
ဘယ်သူဘာတွေလုပ်နေပါစေ
စေတနာနဲ့ တန်သူကိုသာ
စေတနာထားပေးလိုက်နိူင်ရင်
ကိုယ့်စိတ်လဲ ထိခိုက်မခံစားရသလို
သူ့အတွက်လဲ ကိုယ်ကအဆိုးမြင်တတ်တဲ့သူမဖြစ်တော့ဘူးဆိုတာပါပဲ။

ပြဿနာတစ်ခုကြုံတိုင်း
အသိတစ္ခုတိုးလာသကဲ့သို
အခက်အခဲတစ်ခုကြုံတိုင်း
သင်ခန်းစာတစ်ခုယူတတ်တဲ့
ကိုယ့်အတွက်တော့ အိမ်စာတစ်ခုရလိုက်ပါတယ်။

Telephone

Website

https://www.tmhmahar.com/

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00