Hparkant Township Football Federation
ဖားကန့်မြို့နယ် ဘောလုံး အားကစား ဖွံ?
Lonekhinn…⚽️⚽️⚽️💪💪💪
မန္တလေး ဘောလုံး အကယ်ဒမီ တက်ရောက်ခွင့် ရရှိသွားတဲ့ လုံးခင်း ကျေးရွာမှ လူငယ်ကစားသမား ၂ ဦးအတွက် CONGRATULATIONS ပါ…လုံးခင်း ကျေးရွာ နွေရာသီ အခြေခံဘောလုံးသင်တန်းမှ သင်တန်းသားများ ဖြစ်သည့်အတွက်..လုံးခင်း အားကာကော်မတီကိုလည်း CONGRATULATIONS ပါဗျာ…အကယ်ဒမီ မှတဆင့် နိုင်ငံကိုယ်စားပြုနိုင်တဲ့…အောင်မြင်တဲ့ player တွေ ဖြစ်ပါစေလို့လည်း မြို့နယ် ဘောလုံးအဖွဲ့ချုပ်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ…
March 3 ရက်မှ April 3 ရက်နေ့ထိ လုံးခင်း အားကာကော်မတီမှ ပြုလုပ်ပေးခဲ့တဲ့ လူငယ် နွေရာသီ အခြေခံ ဘောလုံးသင်တန်း အောင်မြင်စွာ ပြီးမြောက်…ခုလို အခက်ခဲအများကြီးထဲက အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့တဲ့ လုံးခင်း အားကာကော်မတီကို မြို့နယ်ဘောလုံး အဖွဲ့ချုပ်အနေနဲ့ အများကြီး လေးစား ဂုဏ်ယူမိပါတယ်ခင်ဗျာ…
LONEKHINN YOUTH LEAGUE ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ ပုံရိပ်များ…
CHAMPION အသင်း AUNG UNION A FC…
1st runner up COMRADE FC…
အကောင်းဆုံးကစားသမား ဆု
ရှေ့တန်း- နိုင်ထက်လင်း comrade fc
အလယ်တန်း- ယဉ်ထွေးဦး comrade fc
နောက်တန်း-ဟန်မျိုးဇင် aung union fc
ဂိုး - ဇော်သက်အောင် aung union fc
ပွဲစဉ်တလျှောက်- ယော်ဘွမ် aung Union fc
ဂိုးသွင်းအများဆုံး-ရန်ပိုင်စိုး aung union fc
MOM - ကိုဖိုးလုံး comrade fc
#နောက်နှစ်တွေမှာလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်
LONEKHINN YOUTH LEAGUE ကွာတား စတုတ္ထပွဲစဉ်အဖြစ် AUNG UNION A နှင့် SHAN YOUTH FC အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး AUNG UNION A အသင်းမှ 3-1 ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။အကြိုဗိုလ်လုပွဲတွင် COMRADE FC နှင့်တွေ့ဆုံမည်ဖြစ်သည်။ အကြိုဗိုလ်လုပွဲစဉ်များအဖြစ်
15.12.22 ညနေ 2:30 တွင်
SUT NING JA FC နှင့် AUNG UNION B FC 16.12.22 ညနေ 2:30 တွင် COMRADE FC နှင့် AUNG UNION A အသင်းတို့ ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်သည်။
LONEKHINN YOUTH LEAGUE ကွာတား တတိယပွဲစဉ်အဖြစ် COMRADE FC နှင့် မလန်း FC အသင်းတို့ ယှဉ်ပြိုင်ရာ COMRADE FC အသင်းက 4-1 ရလဒ်ဖြင့် အနိုင်ရပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါတယ်….
LONEKHINN YOUTH LEAGUE ကွာတား ဒုတိယပွဲစဉ်အဖြစ် THREE STAR FC နှင့် AUNG UNION B အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး မိနစ် ၉၀ ထိ တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်ကြောင့် အချိန်ပို ဆက်လက်ကစားခဲ့ကြရသည်။အချနိပိုတွင်လည်း နှစ်သင်းလုံး ဂိုးမသွင်းနိုင်ကြဘဲ ပယ်နယ်တီ အဆုံးအဖြတ် ကန်ကြရာ AUNG UNION B အသင်းက 8-7 ရလဒ်ဖြင့် အနိုင်ယူပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ အကြိုဗိုလ်လုပွဲတွင် SUT NING JAR FC အသင်းနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
LONEKHINN YOUTH LEAGUE ကွာတား ပထမပွဲစဉ်..SUT NING JAR FC 6-0 NING SHAWNG FC
LONEKHINN YOUTH LEAGUE အုပ်စုပြိုင်ပွဲ…MOM ဆုရရှိသူများ..Hat Trick ဆုရှင်များ…
LONEKHINN YOUTH LEAGUE ..7.12.2022 အုပ်စုအဆင့် ပြီးမြောက်သွားပါပြီ.. 9.12.2022 ညနေ ၂:၃၀ မှာ ကွာတားဖိုင်နယ်အဖြစ် SUT NING JAR FC အသင်းနဲ့ NING SHAWNG FC အသင်းတို့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်…အုပ်စု ပြိုင်ပွဲ ပုံရိပ်များနဲ့ hat trick ဆုရသူများ Man of the match ဆုရရှိသူများ…
LONEKHINN YOUTH LEAGUE ပြိုင်ပွဲဝင် အသင်းများ မိတ်ဆက်…
လူငယ်များ ဘောလုံးအားကစားအား ပိုမိုစိတ်ဝင်စားပြီး လူငယ်ကစားသမားသစ်များ ပေါ်ထွက်လာရန် ရည်ရွယ်၍ လုံးခင်း အားကာကော်မတီမှ ကျင်းပပေးသည့် U-23 + 3 LONEKHINN YOYTH LEAGUE အမျိုးသားဘောလုံးပြိုင်ပွဲ… အဖွင့်ပွဲစဉ်အဖြစ်
မလန်းFC အသင်း နှင့် SUT NING JAR FC အသင်းတို့ယှဉ်ပြိုင်ခဲ့ပြီး SUT NING JAR အသင်းမှ 4-1 ဖြင့် အနိုင်ရရှိခဲ့ပါသည်…17.10.22 မှ 25.11.22 ထိ ပြိုင်ပွဲကျင်းပရန် ရည်ရွယ်ထားသော်လည်း …..အခက်အခဲအမျိုးမျိုးကြောင့် ပြိုင်ပွဲအား 21.11.22 မှ ပြန်လည်စတင်ကျင်းပလျက်ရှိပါသည်..
၈.၃.၂၀၂၀ (တပေါင်း လပြည့်နေ့) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဝှေခါ အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖားကန်မြို့နယ်ဘောလုံး အဖွဲ့ချုပ်မှ တက်ရောက်ဖွင့်လှစ်ပြီး ဘောလုံးများလက်ဆောင်ပေးအပ်ခဲ့ပါသည်..ပြိုင်ပွဲပြီးမြောက်သည်အထိ မြို့နယ်အဖွဲ့ချုပ်မှ ဒိုင်လူကြီးများစေလွတ်ကူညီပေးသွားမည်ဖြစ်ပါသည်..ဖားကန့်မြို့နယ်အတွင်းကျင်းပသည့် ဘောလုံးပြိုင်ပွဲများကို အဖွဲ့ချုပ်အနေနှင့် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်..
Breaking news! လုံးခင်း အားကစားကွင်းမှာ ပြုလုပ်မည့် နွေရာသီ လူငယ်ဘောလုံးသင်တန်း အား ခေတ္တ ဆိုင်းငံ့သွားပါမည်..ပြုလုပ်မည့်ရက်အား ပြန်လည်ကြေညာပေးသွားပါမည် ..သင်တန်းကြေးပေးသွင်းထားသူများ ပြန်လည် ထုတ်ယူနိုင်ပါကြောင်း..
ဖားကန့်မြို့နယ် လုံးခင်းအားကစားကွင်းမှာ ဒုတိယ အကြိမ်မြောက်ပြုလုပ်မယ့် နွေရာသီ လူငယ်ဘောလုံးသင်တန်း..လူငယ်များ နည်းစနစ်တကျ ဘောလုံးကစားတတ်ဖို့..နွေရာသီ အားလပ်ရက်တွေကိုလည်း အကျိုးရှိရှိ အသုံးချဖို့..ကစားသမားမျိုးဆက်သစ်တွေ ပိုမိုထွက်ပေါ်လာဖို့..
မြို့နယ်ဘောလုံးအဖွဲ့ချုပ်နဲ့ လုံးခင်းအားကာအဖွဲ့တို့ ပူးပေါင်း၍ ၁၂.၂.၂၀၂၀ မှ ၂၆.၂.၂၀၂၀ ထိ လုံးခင်းအားကစားကွင်းတွင် ကျင်းပခဲ့သော ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာ့ဝင်းအောင်ပွားဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့..နောက်နှစ်တွေလည်း ဆက်လက်ကျင်းပနိုင်အောင် ကြိုးစားသွားပါဦးမည်..
မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့်လုံးခင်းအားကာကော်မတီတို့ ပူးပေါင်း၍ 12.2.2020 မှ 26.2.2020 ထိ လုံးခင်းဘောလုံးကွင်းတွင် ကျင်းပခဲ့သော ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ဝင်းအောင်ပွားဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့..နောက်နှစ်တွေမှာလည်း ဆက်လက်ကျင်းပနိုင်အောင် ကြိုးစားသွားပါမည်..
ဖားကန့်မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့်လုံးခင်းအားကာအဖွဲ့တို့ ပူးပေါင်းကျင်းပသော (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာ့ဝင်းအောင်ပွားဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကိုလွတ်တော် အမတ်ကြီး ဦးHလအောင် လုံးခင်းအုပ်ချုပ်ရေးမှူး ဦးလအောင် လုံးခင်းတိုက်နယ်ဆရာဝန် DR ကျော်မျိုးထွန်း မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးမင်းဂေါင် နှင့် မြန်မာ့ဝင်းအောင်ပွား ကုမ္ပဏီ လုပ်ငန်းရှင် ချိုချိုဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်..ဖားကန့်မြို့နယ်မှ အမျိုးသမီးအားကစားသမားသစ်များ ပေါ်ထွက်လာရေးနှင့် အမျိုးသမီးများ ဘောလုံးအားကစားကို ပိုမိုပြုလုပ်နိုင်စေရန် မြို့နယ်ဘောလုံး အဖွဲ့ချုပ်မှ တတ်နိုင်သမျှ ပံ့ပိုးပေးသွားပါမည်..
၃.၂.၂၀၂၀ လုံးခင်းအားကစားကွင်းမှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့တဲ့ ဖခင်များချစ်ကြည်ရေးကွင်းရံပုံငွေဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နဲ့ ဆုပေးပွဲ အခမ်းအနား..
၂၉..၁.၂၀၂၀ မှ ၃၁.၁.၂၀၂၀ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှပြုလုပ်တဲ့ ရွေးကောက်ပွဲ နဲ့ FIFA FOOTBALL FOR SCHOOLS PROGRAM အတွက် ဖားကန့်မြို့နယ် ဘောလုံးအဖွဲ့ချုပ် ကိုယ်စားပြုအဖြစ်တက်ရောက်ခဲ့တဲ့ ဒု-ဥက္ကဋ္ဌ ဦးမင်းဂေါင်..
၇၃ နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ဝင်းအောင်ပွား ဖလား အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ကျင်းပသွားပါမည်။
နှစ်သစ်မှာ ဖားကန့်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ခိုမရွာ ဟောင်ပါးအုပ်စု က အခြေခံဘောလုံးသင်တန်းဆင်းပွဲ တက်ရောက်..(မှော်ဒေသမှာ ဒီလိုသင်တန်းလေးတွေ အများကြီးလုပ်စေချင်တာ..)အခက်ခဲတွေကြားက အောင်မြင်အောင် ပြုလုပ်ပေးနိုင်ခဲ့တဲ့ ခိုမရွာက သူတွေအားလုံးအား လေးစားဂုဏ်ယူပါတယ်ဗျာ..ဖားကန့်မြို့နယ်မှာ ဒီလိုသင်တန်းတွေဖွင့်လှစ်နိုင်ဖို့ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ကနေ တတ်နိုင်တဲ့ဘက်က ပံ့ပိုးပေးသွားမှာပါ..