WarTee - SayarGyi

WarTee - SayarGyi

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WarTee - SayarGyi, Fast food restaurant, .

14/11/2022

ကိုဝါးတီးတို့ မြန်မာမှု ပြုတော့မယ့် မာလာအရသာများ :3

06/11/2022

ကိုဝါးတီးတို့ရဲ့
🥗 မာလာအကင်သုပ်နဲ့
🥗 စီချွမ်မာလာအကင်သုပ် တို့ကို
မနက်ဖြန် တန်ဆောင်တိုင်အမှီ အော်ဒါ တင်လို့ရပါပြီဗျို့ !

📌 page messenger မှာ လာရောက် မှာယူနိုင်သလို
📌 09421334812 သို့ ဖုန်းဆက်ပြီးလည်း မှာယူရရှိနိုင်ပါတယ်ခင်ဗျ။

Photos from WarTee - SayarGyi's post 05/11/2022

Order အကိုအစ်မတို့ရဲ့ feedback တွေပါ ❤️

ရှူးရှူးရှဲရှဲနဲ့ မာလာအရသာအပြင် စီချွမ်အရသာ ထပ်စောင်းရမယ့် မာလာအကင်သုပ်ကို order တင်လို့ ရပါပြီဗျို့📣📣

မှာယူကြတဲ့ အကိုအစ်မများနဲ့ အကြံပေးမှုများကိုလည်း ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ။ လိုအပ်ချက်တွေိကိုလည်း ကိုဝါးတီးတို့အနေနဲ့ ထပ်ပြီး ကြိုစား ဖြည့်စွက်သွားမယ် ခင်ဗျ။

Photos from WarTee - SayarGyi's post 30/10/2022

လူကြီး လူငယ် ကလေးတွေထိ အရမ်းစွဲလမ်းနေကြတဲ့ မာလာအရသာကို ကိုဝါးတီးတို့က ထပ်စောင်းဆန်းသစ်လို့ အားလုံးအတွက် ယူ‌ဆောင်လာခဲ့ပါပြီ ❗❗

ကိုဝါးတီးတို့ သယ်ဆောင်းလာခဲ့တာကတော့
🥗 မာလာအကင်သုပ် ပဲ ဖြစ်ပါတယ်။

လူတိုင်း စားဖူးသလို မာလာအရသာအပြင် ကိုဝါးတီးတို့ဆီမှာ မာလာစီချွမ်အရသာပါ ထပ်ဆောင်းရရှိနိုင်ပါတယ်။

ကဲ ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါဘူး။ အရသာကို မြည်းစမ်းကြည့်ဖို့ အခုပဲ အမှာသွင်းလို့ ရပါပြီ။

မာလာအကင်သုပ် တစ်ပွဲကို
▪️၂၀၀၀ ကျပ် ဖြစ်ပြီး
▪️နိုဝင်ဘာလ ၃ ရက်နေ့ကနေစပြီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
▪️အခုကတည်းက အမှာများ လက်ခံသွားမှာ ဖြစ်ပါတယ်နော် ။
▪️page messenger ကနေ လာရောက်မှာယူလို့ ရသလို
▪️ဖုန်းနံပါတ် 09421334812 သို့ တိုက်ရိုက်ဆက်သွယ်ပြီးလည်း မှာယူနိုင်ပါတယ်ခင်ဗျ။
▪️ အစပ် lv ကိုတော့ လိုသ‌လို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ ကိုဝါးတီးတို့ စစချင်းဖြစ်တာကြောင့် ပွဲရေနဲ့ ပဲမှာလို့ ရပါဦးမယ် ခင်ဗျ။ ဒါအပြင် ကိုဝါးတီးတို့အနေနဲ့ ဆိုင်သီးသန့်ဖွင့်ဖို့ အခက်အခဲ ရှိနေသေးတာကြောင့် အမှာတွေကိုပဲ ကိုဝါးတီးတို့ လက်ခံပါမယ်ခင်ဗျ။

အခုဆိုရင် တန်ဆောင်တိုင်လည်း လာတော့မယ် ဆိုတော့ ကိုဝါးတီးတို့က customer တွေကို တန်ဆောင်တိုင် လက်ဆောင်တစ်ခု ပြန်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဒါကတော့
*(၃) ပွဲမှာတဲ့ သူတိုင်းကို ကူပွန်တစ်စောင် လက်ဆောင်ပြန်ပေးသွားမှာ ဖြစ်ပြီး
*ကူပွန် (၅) စောင်ရရှိရင်တော့ မာလာအကင်သုပ်တစ်ပွဲဖြင့် လှဲလှယ်လို့ ရမှာ ဖြစ်ပါတယ်။

ဒီတော့ အခုပဲ အမှာတင်သွင်းလိုက်တော့နော် 😉

Photos from WarTee - SayarGyi's post 26/10/2022

"အချစ်မရှိလို့ရတယ်
အချိုနဲ့ အအေးမရှိလို့မရဘူး" 💥

ကဲ အချိုဓာတ်နဲ့ အအေးဓာတ်နဲ့ဟာ လူတိုင်းအတွက် အမှန်တကယ် လိုအပ်တယ်ဆိုတာ လက်ခံကြမယ် မလား။
(ကိုဝါးတီးက FA မို့လို့ တော့ မထင်စေချင်ပါ: 3)

သားသားမီးမီးတို့အတွက် သဘောကျ နှစ်ခြိုက်စရာ၊ ကိုကို မမတို့ အတွက် ချစ်သူနဲ့ နှစ်ဦးအတူ date စရာ၊ ဦးဦးဒေါ်ဒေါ် ဘိုးဘိုးဘွားဘွားတို့ထိ ခံတွင်းတွေ့ အရသာရှိစေဖို့
ကျနော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ "ဝါးဟားဟား" ရေခဲမုန့်လေးတွေကို မိတ်ဆက်ပေးသွားမှာပါ။

အနံအရသာစုံနဲ့ အရွယ်စုံ ဆိုက်စုံ ရေခဲမုန့်၊ ရေခဲချောင်း တွေကို ကာလတန်ဖိုး ငွေ (၅၀၀) အောက်ထစ်နဲ့ လူကြီးမင်းတို့ရဲ့ စိတ်ကျေနပ်မှုကို ရ‌ရှိစေမှာပါ။ ကဲ ရေခဲမုန့်ဈေးလေးတွေကိုတော့ အောက်က ပုံလေးတွေမှာ ကြည့်ပေးပါနော်။

ဒီရေခဲမုန့် အစုံကို တော့
📌 ကမ္မဈေးမြောက်ဘက် ၊ အိမ်မွန်စံ လက်ဖက်ရည်ဆိုင် အနောက်ဘက်၊ အရင် ခိုင်ရွှေဝါ ထီဆိုင်ဟောင်း မှာ လာရောက် ဝယ်ယူလို့ ရပါတယ်။
📌 အိမ်ကနေ မှာယူချင်သူများ အနေနဲ့ကတော့ (၂၀၀၀) ဖိုးနဲ့ အထက်ဆိုရင် ကမ္မမြို့အတွင်း delivery ပို့ပေးပါနော်။

အခုရက်ပိုင်း နည်းနည်းပိုအေးတယ်ဆိုပေမယ့် အခုလိုအေးနေတုန်း ရေခဲချောင်းလေး စားလိုက်ရတာက တကယ်ကိုသူမတူတဲ့ အရသာ တစ်ခုပဲဗျ, ဖတ်တဲ့ ကိုယ့်လူတို့ရော မယုံဘူးလား ၊ မယုံရင် စမ်းစားကြည့် လာ ...🦋

Telephone

Website