Study & Cirrus Clouds

Study & Cirrus Clouds

မျောလွင့်အတွေးများ

02/11/2023

Study with me

09/01/2023

လူတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိနိုင်သလား

အင်း ချစ်မိနိုင်တာပေါ့

သူ့ရဲ့ အပြုံးတစ်ပွင့်

သူရဲ့ အပြုအမူ တစ်ခုချင်းစီ တိုင်းကကို

ရင်ဘတ်ကြီးက တဒုန်းဒုန်း နဲ့ ခုန်ပေါက်နေတာ

ရင်ထဲမှာ လိပ်ပြာတွေ တဖျပ်ဖျပ် ခတ်ခဲ့ဖူးပြီ

သို့ပေမဲ့

မမှီနိုင်လောက်တဲ့ တော်ဝင်ပန်း မို့ ဆွတ်ခူးဖို့ မကြိုးစားရဲဘူး


#တိမ်လွှာမိုးသား

08/01/2023

ဘဝမှာ ပျော်ရွှင်ရတဲ့အခိုက်အတန့်ဆိုတာ အများကြီးရှိပါတယ်

တခါတလေ တခဏလေး တွေ့ဆုံမိဖို့အတွက် အတိတ်ဘဝက ရေစက်တွေ အများကြီးရှိဖို့လိုတယ်

တွေ့ဆုံမိတဲ့ အခါမှာလည်း
ဖမ်းဆုပ်ခွင့်မရတဲ့ အခိုက်တွေဟာလည်း
ကံကြမ္မာ ကြိုးရဲ့ တစ်ဘဝ တစ်ခန်းရပ် ဇာတ်လမ်းလေးပေါ့

ခုလို ဆုံတွေ့ခဲ့မိတာကိုက သိပ်ပျော်ဖို့
ကောင်းလှပါပြီ

ငေးကြည့်ရုံပါပဲ

(နှစ်သစ်ကူး အမှတ်တရ)

05/01/2023

''မာန''

ရှိသင့်တဲ့ မာနလောက်တော့ ရှိရမယ်တဲ့

ရှိသင့်တဲ့ မာနဆိုတာ ဘာကိုပြောတာလဲ

မာနတံခွန်လွှားဆိုတဲ့ စကားကိုတော့ ကြားဖူးပါရဲ့

သေချာစဉ်းစားကြည့်ရင် အခုချိန်ထိ မာနအကြောင်းကို မစဉ်းစားခဲ့ဖူးဘူး

မာနဆိုတာက ရှိခဲ့ဖူးလောက်ပေမဲ့
မာနမှန်း မသိခဲ့တာ

ခုတော့ ဘာ မာန မှလည်း မရှိဘူး

မာန်စွယ်ကို ချိုးထားသလိုမျိုး
ထွက်ပေါ်မလာတော့တာ နေမယ်

နေ့ရက်တိုင်းကို စိုးရိမ်စိတ်နဲ့ဖြတ်သန်းနေရတဲ့ သူတစ်ယောက်မှာ မာန ဆိုတာ ရှိပါ့လား

Videos (show all)

Study with me

Telephone

Website