Naypyi Taw Daily News

Naypyi Taw Daily News

နေပြည်တော်အတွင်းမှ သတင်းများကို အခ?

03/06/2023

ကျောင်းသား၊ သူများ
ကျောင်းအပ်နိုင်မည်ဟုဆို

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက်
ကျောင်းအပ်နိုင်ပါပြီ

အလယ်တန်းနှင့် အထက်တန်း
ကျောင်းသား၊သူများသည်

Page Messenger တွင်
- ကျောင်းသား၊ သူ အမည်
- တက်ရောက်မည့်အတန်း
- မွေးသက္ကရာဇ်
- အထက်တန်းဖြစ်ပါက (Bio/Eco)
အချက်အလက်များကိုပေးပို့၍ လွယ်ကူစွာ
စာရင်းသွင်းနိုင်ပါပြီ

http://m.me/NaypyitawFreedomEducation

Photos from Naypyi Taw Daily News's post 11/04/2023

"တော်လှန်မှာလား ကျွန်ခံမှာလား"

အကြမ်းဖက်စစ်အာဏာရှင်တွေကို တော်လှန်မှာလား
အာဏာရှင်တွေရဲ့ စိတ်တိုင်းကျနေထိုင်ရင်း ကျွန်အဖြစ်ခံကြမလား အမြဲ စိတ်ထဲတွေးတောဆုံးဖြတ်ကြပါ။

ကျွန်တော်တို့ကတော့ တော်လှန်တဲ့ဘက်မှာနေပါ့မယ်
ပြည်သူတွေကော ကျွန်တော်တို့ဘက်မှာ အတူရှိနေကြ
မယ်မဟုတ်လားခင်ဗျာ

Photo- ဒီကနေ့ ရှေ့တန်းတစ်နေရာသို့ ထွက်ခွာသည့် ရဲဘော်များ

စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့

Photos from Naypyi Taw Daily News's post 07/02/2023

နေပြည်တော် PDF တပ်ရင်းအမှတ် ၈၀၄ ထူထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကျင်းပ

ဖေဖော်ဝါရီ ၈ရက် နေပြည်တော်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်စစ်ဒေသခွဲ၊ တပ်ရင်း အမှတ် ၈၀၄ ထူထောင်ခြင်း တစ်နှစ်ပြည့်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

05/02/2023

နေပြည်တော်၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်ခိုင်၏ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်

ဖေဖော်ဝါရီ ၅ နေပြည်တော်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတင်ခိုင်၏နေအိမ်ကို ယနေ့ ညပိုင်း ​စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)က ဗုံးခွဲတိုက်ခိုက်ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဖေဖေ်ာဝါရီလ ၄ ရက်နေ့ ည ၇ နာရီ ၂၇ မိနစ်အချိန် အုပ်ချုပ်ရေးမှူး တင်ခိုင် ၏ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း၊ အုပ်ချုပ်ရေးမှူးတင်ခိုင်သည် စစ်တပ်က ပြုလုပ်ရန်ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အခြေခံမဲစာရင်းပြုစုခြင်းအပါအ၀င် တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးအပေါ်ယုံကြည်ပူး ပေါင်းသည့်ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့်အတွက် ဗုံးခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း သိရှိရသည်။

Photos from Naypyi Taw Daily News's post 02/02/2023

နေပြည်တော် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မိမိကိုယ်အဆုံးစီရင်တဲ့ ကျောင်းသူကို ကယ်တင်ဖို့ ကြိုးစားရင်း ဆရာပါ ပြုတ်ကျသေဆုံး

ဖေဖော်ဝါရီ ၂ နေပြည်တော်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ခေတ်ရှေ့ဆောင် ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းက Grade 10 ကျောင်းသူ တစ်ဦး ကျောင်းရဲ့ ၄ လွှာမှ ခုန်ချကာ အဆုံးစီရင်ရာ နောက်မှ လိုက်လံ ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့ ဆရာပါ ပြုတ်ကျခဲ့လို့ ၂ ဦးစလုံး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

"ခေါင်မိုးပေါ်ကို အမြဲတက်လို့ မရပါဘူး။ ပွဲရှိတဲ့ရက်တွေမှ တံခါးဖွင့်တာပါ။ ကလေးမလေးက အိမ်မှာ သိပ်အဆင်မပြေဘူး ပြောတယ်။ တိတိကျကျတော့ သိပ်မသိရဘူး။ ဆရာကတော့ ကလေးမလေး ခုန်ချမှာစိုးလို့ အပေါ်ပြေးတက်ပြီး လိုက်ကယ်တာ။ အားလုံးကလည်း ခုန်မချဖို့ ဝိုင်းတားနေရင်း ဖြစ်သွားတာ။ အားလုံး ဝမ်းနည်းနေကြတယ်" လို့ နီးစပ်သူကပြောပါတယ်။

သေဆုံးခဲ့တဲ့ ကွန်ပျူတာ ဆရာဟာ လူချစ်လူခင်ပေါများတဲ့ ကျောင်းဆရာ ဖြစ်တယ်လို့ ကျောင်းသား မိဘတစ်ဦးက ပြောပါတယ်။

ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်း ကျောင်းပေါ်မှ ပြုတ်ကျခဲ့တဲ့ ဆရာနဲ့ ကျောင်းသူကို ဆေးရုံသို့ တင်ပို့ခဲ့ပေမယ့် မနေ့ ညနေ ၅ နာရီကျော်မှာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ၂ ဦးစလုံး သေဆုံးသွားတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

Photos from Naypyi Taw Daily News's post 01/02/2023

နေပြည်တော် ပျဥ်းမနားမြို့ရဲ့
အသံတိတ်သပိတ်

Photos from Naypyi Taw Daily News's post 01/02/2023

နေပြည်တော် တွင် အသံတိတ်သပိတ်ပါဝင်

31/01/2023

ပြည်သူ့တော်လှန်ရေး
၂ နှစ်ပြည့်
လူထုတိုက်ပွဲ

Photos from Naypyi Taw Daily News's post 24/01/2023

နေပြည်တော် သပြေကုန်းမှာ လျှပ်စစ်ကားအားသွင်းစခန်း စတင်တည်ဆောက်နေ

ဇန်နဝါရီလ ၂၄ ရက်၊ နေပြည်တော်

လျှပ်စစ်မီးပြတ်တောက်မှုနည်းပါးတဲ့
နေပြည်တော်၏ သပြေကုန်းစျေးရဲ့မှာ MG ကားကုမ္ပဏီက လျှပ်စစ်ကားအားသွင်းစရာနေရာ စတင်ဆောက်လုပ်နေပြီး ယခင်က ဘတ်စ်ကားမှတ်တိုင်အဖြစ်လျာထားသတ်မှတ်ခဲ့တဲ့နေရာကို အသွင်ပြောင်းပြီး တည်ဆောက်လိုက်တာလည်းဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်မှုလည်းများပြားနေပါတယ်

လျှပ်စစ်ကားတွေကို တင်သွင်းဖို့ စကစထံ လိုင်စင်လာလျှောက်တဲ့ကုမ္ပဏီပေါင်း နှစ်ဒါဇင်ကျော်တောင်ရှိနေပြီး ဓာတ်ဆီဆိုင် ၃၈ ဆိုင်မှာ လျှပ်စစ်ကားအားသွင်းစခန်းတွဲဆောက်ဖို့ ညွှန်ကြားချက်တစ်ခုလည်း ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၁၅ မိုင်မှာလည်း လျှပ်စစ်ကားအားသွင်းစခန်း တည်ဆောက်နေတာကိုလည်း တွေ့ရပါတယ်။

Photos from Naypyi Taw Daily News's post 23/01/2023

ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုကြောင်း
NUG မှ ကြေညာခြင်း

12/01/2023

နေပြည်တော် ဒက္ခိဏသိရီမြို့နယ် ထန်းတပင်ရွာတွင် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုမိတ္ထူမဟုတ်ပဲ အစစ်ပို့ခိုင်းနေ

NRN 12/1/2023

နေပြည်တော် ဒက္ခိဏသိရီမြို့နယ် ထန်းတပင်ရွာတွင်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မဲကော်မရှင်ဥက္ကဌ
သောင်းလွင်အိမ်ကို ၆၆ မိတ္ထူမရဘဲ အစစ်သာပို့ကြရန် ထန်းတပင်မှ အုပ်ကြီးဆွေငြိမ်းက လော်စပီကာ ဖြစ်တိုက်တွန်းအော်နေပါတယ်။

ထန်းတပင် မဲကော်မရှင်ဥက္ကဌ သောင်းလွင်၏နေအိမ်မှာလည်း စခတွေလာရောက်ပြီး ပျူသင်တန်းများပေးလျက်ရှိကြောင်း ဒေသခံများမှ Naypyitaw Daily news သို့ပြောပါတယ်။

25/12/2022

ပထမနှစ်အတွက် ကျောင်းသား စတင် လက်ခံပါပြီဟုဆို
********************************************

NMU ပြည်သူ့ကိုယ်ပိုင် (Private) တက္ကသိုလ်ကို
တက်ရောက် ပညာသင်ယူနိုင်ဖို့ Forms ဖြည့်ဖို့ လိုပါမယ်နော်

NMU တက္ကသိုလ်ဟာ အများပြည်သူကိုသာ
အမှန်တကယ် ကိုယ်စားပြုပါတယ်။

NMU ဟာ အာဏာရှင်ဆန်သည့် မည်သည့်အဖွဲ့
အစည်းများနဲ့မှ ပူးပေါင်းလုပ်ဆောင်မှ မဟုတ်တဲ့အတွက်
ပိုမို၍ ယုံကြည်ရပါတယ်။

အဓိက အားသာချက်ကတော့
ကျောင်းသားဗဟိုပြု သင်ကြားရေးနည်းစနစ် ဖြစ်ပြီး
သင်ခန်းစာတွေကို တိုက်ရိုက် ပို့ချပေးမှာ ဖြစ်လို့
လွတ်လပ်စွာ မေးမြန်းနိုင်ပြီး စဥ်းစားတွေးခေါ်မှု
ပိုမို ရရှိလာမှာ ဖြစ်ပါတယ်။

ဒါကြောင့်.....
ကျောင်းမအပ်ခင် သိထားသင့်တဲ့ အချက်တွေက

NMU မှာ ပညာသင်ခွင့်ရသူများမှာ
ပညာသင်ယူခွင့် ဆုံးရှုံးနေသည့် ကျောင်းသား၊
ကျောင်းသူများ၊ လက်တွေ့ဘဝတွင် အသုံးပြုလိုသည့်
ပညာရပ်များကို အမှန်တကယ် လိုလားသည့်
မည်သူမဆို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဘွဲ့ရဖို့ အဓိက မရည်ရွယ်ဘဲ
လုပ်ငန်းခွင်မှာ အမှန်တကယ် အသုံးပြုနိုင်အောင်
ဝါသနာပါတဲ့ ဘာသာရပ်တွေကို ရွေးချယ်ပြီး
အရည်အသွေးရှိအောင် ကြိုးစားမယ့်သူများ
ဖြစ်ဖို့ အဓိက ကျပါတယ်။

ဝါသနာပါတာကို လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်
( အရည်အချင်း ပြည့်မှီဖို့ အခြေခံအဖြစ်တော့
မည်သူမဆို ၃ လ သင်ယူရမှာ ဖြစ်ပါတယ်)
ပညာသင်ကာလ သတ်မှတ်ချိန် ပြည့်မှသာ
Certificate / Diploma / ဘွဲ့ စသည်တို့ကို
ထုတ်ပေးမှာ ဖြစ်ပါတယ်။

ကိုယ်သူငယ်ချင်း မိတ်ဆွေတွေ သိရအောင်
Like & Share ပြုလုပ်သွားဖို့လည်း လိုပါမယ်နော်

တခြားသော
ဒုတိယနှစ်၊ တတိယနှစ်တွေနဲ့ Certificate / Diploma အတန်းတွေလည်း ဆက်လက် ဖွင့်နိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။

ကျောင်းအပ်ရက်ကိုတော့

(25-12-2022) မှ (5-1-2023) အတွင်း လက်ခံမှာ ဖြစ်လို့
အမြန် ဖြည့်ဖို့ လိုပါတယ်နော်

Page ကို Like လုပ်ရန်
https://www.facebook.com/profile.php?id=100087647749517

Telegram Channel link
https://t.me/NewMyanmarUniversity

Forms ဖြည့်ရန်
https://forms.gle/irkf5b5AszuyXwP67

မူရင်းလင်ခ် ==>https://www.facebook.com/permalink.php?story_fbid=130874369844154&id=100087647749517

03/12/2022

ဖီးနစ်မြို့ပြပြောက်ကျားအဖွဲ့ဝင် ကိုခင်မောင်ရင်နဲ့ ကိုတင်ကိုငြိမ်းတို့ကို နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးက နှစ်ရှည် ထောင်ဒဏ်နှစ် ၄၀ ကျော်ချမှတ်

4/12/2022 NRN

နေပြည်တော် မြို့မဈေးနဲ့ ဥတ္တရသီရိမြို့နယ် လျှစ်စစ်ရုံးတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဖီးနစ်မြို့ပြပြောက်ကျားအဖွဲ့ဝင် ကိုခင်မောင်ရင်နဲ့ ကိုတင်ကိုငြိမ်းတို့ကို နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ နှစ် ၄၀ ကျော် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်ကြောင်း ဖီးနစ်မြို့ပြပြောက်ကျားအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်

ကိုခင်မောင်ရင်နဲ့ ကိုတင်ကိုငြိမ်းတို့ကို နိုင်ဝင်ဘာလ ၁၃ ရက် ၂၀၂၁ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံပြီး တစ်နှစ်ကျော်မှာ ဒီလိုချမှတ်လိုက်တာလည်း ဖြစ်ပါတယ်

17/11/2022

ကိုမောင်မောင်ဆွေ

ပြန်လည်လွတ်မြောက်ဟုသိရ

10/10/2022

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နေပြည်တော်က စစ်ကောင်စီဝါဒဖြန့် ဆို၊က၊ရေး၊တီးပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သူတွေ ကိုဗစ်ရောဂါပိုးအစုလိုက်အပြုံလိုက်ကူးစက်နေ

အောက်တိုဘာလ ၁၀ ရက်

စစ်ကောင်စီကဝါဒဖြန့်လုပ်ဆောင်နေတဲ့ နေပြည်တော်မှာကျင်းပမယ့် ဆို၊က၊ရေး၊တီးပြိုင်ပွဲကို လာရောက်ယှဉ် ပြိုင်တဲ့သူတွေမှာ ကိုဗစ် ရောဂါပိုးအစုလိုက် အပြုံလိုက်ကူးစက်မှုတွေဖြစ်ပွားနေတယ်လို့ နေပြည် တော်ဒေသခံတွေဆီကသိရပါတယ်။|

ဆို၊က၊ရေး၊တီးလာရောက်ယှဉ်ပြိုင်တဲ့သူတွေကို နေပြည်တော်၊ပျဉ်းမနားမြို့နယ်၊ ရွာတော်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၃ တည်းခိုရေးစခန်းမှာ ထားရှိတာဖြစ်ပြီး အောက်တိုဘာလ ပထမအပတ်အတွင်းက စတင်ရောက်ရှိလာတဲ့ အဲ့ဒီ ဆို၊က၊ရေး၊တီးပြိုင်ပွဲလာရောက်ယှဉ်ပြိုင်သူတွေကို ကိုဗစ်စစ်ဆေးတာကနေ အခုလိုအများအပြားတွေ့ရှိတာလို့ ဒေသခံတဦးကအခုလိုပြောပါတယ်။
''သူတို့စရောက်တာ ၄၊၅ ရက်လောက်တော့ရှိပြီ။ အဲ့ဒီဆို၊က၊ရေး၊တီးက မနက်ဖြန်စမှာထင်တယ်။ကြိုပြီးလာကျ တာပေါ့။ သူတို့ကိုထားတာက ရွာတော်စစ်တပ်တည်းခိုရေးမှာ။ အဲ့ဒီတည်းခိုရေးတပ်ထဲမှာဘဲ အကုန်ကူး ကုန်တာထင်တယ်။ တိုင်း၊ပြည်နယ်အစုံဆိုတော့ စလာထဲဘဲကပါလာကြပြီးပြန်ကူးတာမျိုးဖြစ်မယ်။ အထဲမှာ အစု လိုက်အပြုံလိုက်တွေကူးနေတယ်လို့ သိရတယ်။ သူတို့ထဲက ဆေးရုံတင်ပြီးကုနေရတဲ့ ကိုဗစ်လူနာကို မနည်းဘူး၊ အဲ့ဒီမှာ ကိုဗစ်တွေတအားဖြစ်နေတယ် လို့ နေပြည်တော်ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီစစ်တပ်တည်းခိုရေးစခန်းမှာ ဆို၊က၊ရေး၊တီးပြိုင်ပွဲအတွက် လာရောက်နေတဲ့သူတွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ များပြားနေလို့ နေပြည်တော်အတွင်းမှာရှိတဲ့ကိုဗစ်စင်တာနဲ့ ဆေးရုံတွေကိုပို့ဆောင်ကုသပေးနေ ရတာတွေရှိတယ်လို့ နေပြည်တော်အခြေစိုက်လူမှုကူညီရေးအသင်းတချို့နဲ့နီးစပ်တဲ့သူတွေကလည်း ပြောပါတယ်။

စစ်ကောင်စီက ယဉ်ကျေးမှုအမွေအနှစ်တွေပြန်လည်ထိန်းသိမ်းဖို့ဆိုပြီး ဝါဒဖြန့်ချီလုပ်ဆောင်မယ့် ဆို၊က၊ရေး၊ တီးပြိုင်ပွဲကို နေပြည်တော် အောက်တိုဘာလ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ ၈ ရက်ကြာကျင်းပပြုလုပ်ဖို့ပြင်ဆင်နေတာ ဖြစ်တယ်လို့သိရပါတယ်။

နေပြည်တော်နယ်​မြေမြို့နယ်တွေမှာ စက်တင်ဘာလဆန်းပိုင်းကစလို့ ကိုဗစ်ရောဂါပိုးကူးစက်မှုတွေပြန်လည်မြင့်တက်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီက နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ခုကို ၅ ဦးထက်ပိုမစုရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပေမယ့် အခုလိုလူစုလူဝေးနဲ့ပြိုင်ပွဲပြုလုပ်နေတဲ့အပေါ် ဒေသခံတွေဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။

AYAT -

04/10/2022

ရွေးကောက်ပွဲအနိုင်မရတာ၊ ပါတီဝင်တွေသတ်ဖြတ်ခံနေရတာ၊ ကျန်းမာရေးမကောင်းတာရယ်ကြောင့် ပါတီဥက္ကဌတာဝန်ကနားတာလို့ ဦးသန်းဌေးပြော

အောက်တိုဘာလ ၄ ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌတာဝန်မှ တရားဝင်ရပ်နားကြောင်း ပါတီဥက္ကဌ ဦးသန်းဌေးက ယနေ့ကျင်းပပြုလုပ်သည့် ကြံ့ခိုင်ရေး ပါတီညီလာခံတွင် တရားဝင်ပြောဆိုခဲ့ကြောင်း ပါတီအသိုင်းအဝိုင်းထံကသိရသည်။

နေပြည်တော်ကြံ့ခိုင်ရေးပါတီဌာနချုပ်တွင်ပြုလုပ်သည့် တတိယအကြိမ် ပါတီညီလာခံအဖွင့်မိန့်ခွန်းတွင် ၎င်းကိုဝေဖန်မှုများကြောင့် ပါတီကိုစွန့်ခွာခြင်းမဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခြင်းနှင့် ကျန်းမာရေးအရဖြစ် ကြောင်း ပြောဆိုခဲ့သည်။

၎င်းက"ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရအောင်မလုပ်နိုင်ခဲ့တာရယ်၊ ကျန်းမာရေးကြောင့်ရယ် ပြီးတော့ မြို့နယ်နဲ့တိုင်းဒေသကြီးအသီးသီးက ပါတီဝင်တွေ သတ်ဖြတ်ခံရတာတွေကို ကျွန်တော့်ဘက်က ဘာမှ လုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် ခုလိုနုတ်ထွက် ရခြင်းဖြစ်ပါတယ်"ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိကျင်းပနေသည့် ညီလာခံနှင့်ပါတီဥက္ကဌပြန်ရွေး ချယ်ပွဲတွင်လည်း ဦးသန်းဌေးအနေဖြင့်ပြန်လည်ရွေးချယ်ခံတော့မည်မဟုတ်ဘဲ ​အပြီးတိုင်အနားယူမည်ဖြစ်ကြောင်းသိရသည်။

USDP ပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ပါတီရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်ခြင်း၊ တစ်ဦးတည်း သဘောဖြင့် ပါတီစည်းမျဥ်းများပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း ဝေဖန်သံများထွက်ပေါ်ပြီးနောက် ဥက္ကဋ္ဌရာထူးမှ ရပ်နားတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒုဥက္ကဋ္ဌ ဦးခင်ရီမှ လက်ရှိတွင် ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ဦးခင်ရီသည် ယခင်က ရဲချုပ်ဟောင်းဖြစ်သလို ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လဝကဝန်ကြီး အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး သြဂုတ်လ ၁၉ ရက်နေ့က အဆိုပါလဝကဝန် ကြီးတာဝန်မှအနားပေးခံရကာ ကြံ့ခိုင်ရေးပါတီသို့ပြန် လည်ရောက်ရှိလာခဲ့ပြီး စက်တင်ဘာလ တတိယအပတ်အတွင်းက ကြံ့ခိုင်ရေးပါတီယာယီဥက္ကဌဖြစ်လာခဲ့ခြင်းဖြစ်သည်။

Photos from Naypyi Taw Daily News's post 28/09/2022

စကစမှ အဂတိလိုက်စားရေးကော်မရှင်ရုံး
စွမ်းဆောင်ရည်မြင့်သင်တန်းပို့ချ

Photos from Naypyi Taw Daily News's post 23/09/2022

လက်ရှိဖြစ်ပွားနေသော မိုးဗြဲမြို့တိုက်ပွဲတွင် နေပြည်တော် PDF တပ်ရင်း (၈၀၅) သည် မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသော နေပြည်တော် PDF တပ်ရင်း(၈၀၄) ၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ KGZ တို့နှင့်အတူ ပူးတွဲ၍ခုခံကာကွယ်၊ တိုက်ခိုက်လျက်ရှိကြောင်း သိရပါသည်။

Photos from Naypyi Taw Daily News's post 22/09/2022

တပ်ကုန်းမြို့နယ်မှာ PDF ၃ ယောက်အလင်း ဝင်တယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်

စက်တင်ဘာလ ၂၂ ရက်

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်စစ်ကောင်စီက ၄င်းတို့ထံအလင်းဝင်ရောက် လာတဲ့ PDF ၃ ဦးကို ပြန်လည်လက်ခံတဲ့အခမ်းအနား စက်တင်ဘာလ ၂၁ ရက် မနေ့နေ့လည်ပိုင်းကပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေပြည်တော်ကောင်စီ လှုမှုကွန်ယက်စာမျက်နှာမှာ ဝါဒဖြန့်ဖော်ပြလာပါတယ်။

'' ဒါဟာကျနော်တို့ အဖွဲ့ဝင်တွေမဟုတ်ဘူး လို့ တပ်ကုန်း Pdf တပ်ရင်း ၈၀၃ တာဝန်ရှိသူကဆိုပါတယ်

ဒါ့အပြင် ခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က ဝါဒဖြန့်တာတွေကိုနည်းလမ်းပေါင်းစုံနဲ့ပိုမိုလုပ်ဆောင်လာလို့ ပြည်သူလူထုအနေနဲ့မယုံကြည်ကြဖို့နဲ့ ဒါဟာ ကျရှုံးလာတာကိုပြသနေတယ်လို့ သူကဆက်လက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်မှာ ခိုးမှုနဲ့ထောင်ချခံခဲ့ရသူ ၄ ဦးကို အလင့းဝင်ရောက်လာတဲ့PDF တွေလို့ စစ်ကောင်စီကဝါဒဖြန့်ဖော်ပြခဲ့ပါသေးတယ်။

ဓာတ်ပုံ - Naypyitaw Council

21/09/2022

စစ်ရေးသတင်းထုတ်ပြန်ချက်
----------------------------
ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့။

စက်တင်ဘာလ (၂၀) ရက်နေ့ နှင့် (၂၁) ရက်နေ့တွင် မိုးဗြဲမြို့ထဲ တပ်စွဲထားသော အကြမ်းဖက်စခများနှင့် ကျွန်တော်တို့ မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသော မိုးဗြဲ PDF၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1107 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF များနှင့် Titeပွဲဆက်လက်ပြင်းထန်ခဲ့ပါသည်။

ယမန်နေ့ နှင့် ယနေ့Titeပွဲတွင် အကြမ်းဖက်စခများမှ ထိခိုက်ကျဆုံးမှုမြောက်များစွာရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပါ။ စခဖက်မှ အရပ်သုံးမျက်နှာဖြင့် တာဝေးပစ်လက်နက်ကြီးများ နှင့် တင့်ကားများဖြင့် အဆမတန်လွန်စွာပစ်ကူခဲ့သော်လည်း ကျွန်တော်တို့ ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိပေ။ မိုးဗြဲမြို့တွင် စခများအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် နေသောကြောင့် ကျွန်တော်တို့ မဟာမိတ်တပ်ပေါင်းစုများသည်လည်း အကောင်းဆုံးခုခံတွန်းလှန်နေပါသည်။

စခများမှ (၁၉) ရက်နေ့တွင် ဓားစာခံလူသားဒိုင်းအဖြစ်အသုံးပြုခဲ့သော အပြစ်မဲ့ပြည်သူ (၁၀၀) ဦးခန့်အထဲမှ အချို့သည် ပြန်လည်လွတ်မြောက်လာပြီး အချို့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါသည်။

မိုးဗြဲမြို့တွင် အကြမ်းဖက်စခများ နှင့် ကျွန်တော်တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျှက်ရှိနေပါသဖြင့် မိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေထိုင်ပေးကြပါရန်နှင့် ခရီးသွားမိဘပြည်သူများအနေဖြင့် မိုးဗြဲလမ်းကိုအသုံးမပြုကြသေးပါရန် အသိပေးအပ် ပါသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)
ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
09981061487

21/09/2022

နေပြည်တော် ကိုယ်ပိုင်ကျောင်းတခုက ကျောင်းဆရာ လူငယ် ၁ ဦးကို စစ်ကောင်စီက ထောင်ဒဏ်အနှစ် ၂၀ ချ

စက်တင်ဘာလ ၂၁ ရက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ် ကိုယ်ပိုင်အထက်တန်း ကျောင်းတခုက ကျောင်းဆရာလူငယ် ၁ ဦးကို စစ်ကောင်စီရဲ့နေပြည် တော်ထောင်တွင်းတရားရုံးက စက်တင်ဘာလ ၂၀ ရက်နေ့ မနေ့က ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံလိုက်ရသူဟာ ကိုရဲစိုးကျော်ဆိုသူ အသက် ၂၄ နှစ်အရွယ် လူငယ်ကျောင်းဆရာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က လယ်ဝေးမြို့ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ''ထက်မြက်သူ''ကိုယ်ပိုင်အထက်တန်း ကျောင်းမှာ စာသင်ကြားပေးနေတုန်း စစ်ကောင်စီတပ်သားတွေက PDF ကိုထောက်ပံ့တယ်ဆိုပြီး လာရောက်ဖမ်းဆီးသွားတာပါ။

အဲ့ဒီလိုဖမ်းဆီးပြီးတဲ့နောက် ၉ လအကြာမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည နဲ့ စစ်ကောင်စီထောင်တွင်းတရားရုံးက ထောင် နှစ် ၂၀ ချမှတ်လိုက်တာဖြစ်ပါတယ်။

" သူ့ကိုဖမ်းသွားတာ ၉ လ ရှိပြီပေါ့။ မနေ့က ထောင်တွင်းတရားရုံးက ၅၀ ည နဲ့ အနှစ် ၂၀ ချလိုက်တယ်ဆိုတာသိရတယ်။ သူက နိုင်ငံရေးလုပ်တာမျိုးလည်းမရှိဘူး။ ကျောင်းပြန်ဖွင့်တော့ပုံမှန်စာပြန်သင်နေတာ။ သင်နေရင်းကနေ KBZ ဘဏ်အကောင့်စပြီးအပိတ်ခံရတယ်၊ သိပ်မကြာဘူး PDF ထောက်ပံ့တယ်ဆိုပြီး ကျောင်းကနေ စခန်းခဏလိုက်ခဲ့ဖို့ခေါ်သွားတယ်၊ စခန်းရောက်တော့ ပုဒ်မ ၅၀ ည နဲ့ တရားစွဲပြီးဖမ်းထားလိုက်တာ'' လို့ ကိုရဲစိုးကျော်နဲ့ နီးစပ်သူလယ်ဝေးမြို့ခံအမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီက ၄င်းတို့ ဆန့်ကျင်တယ်လို့ယူဆတဲ့လူငယ်တွေကို PDF ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ဖမ်း ဆီးပြီးတဲ့နောက် ထောင်နှစ်ရှည်ချမှတ်နိုင်တဲ့ပုဒ်မတွေတပ်ပြီး အမြင့်ဆုံးပြစ်ဒဏ်တွေကိုချမှတ်နေတာပါ။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း -AAPP ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးတဲ့နောက် စက်တင်ဘာလ ၂၀ ရက် မနေ့ကထိ စွပ်စွဲဖမ်းဆီးခံရသူပေါင်း ၁၂၄၄၄ ဦးထိရှိနေပြီး ထောင်ဒဏ်ချမှတ်ခံရသူ ၁၄၄၇ ဦးရှိနေတယ်လို့သိရပါတယ်။

Photos from Naypyi Taw Daily News's post 21/09/2022

နေပြည်တော် ရဲတပ်ရင်း ၁၇ မှ ရဲတပ်သား ပြည့်ဖြိုးဇင် လက်နက် ၂ လက် ၊ ကျည်များဖြင့် CDM ဝင်၊ ဆုကြေးငွေ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေပို့ဆောင်

စက်တင်ဘာ ၂၁

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ပြည့်ဖြိုးဇင်၊ ရဲတပ်ရင်း(၁၇)၊ နေပြည်တော်မှ လက်နက် ၂ လက် ၊ ကျည်များဖြင့် CDM လုပ် အလင်းဝင် သဖြင့် ဆုကြေးငွေ ချီးမြှင့်ပြီး လွတ် မြောက် နယ်မြေ ပိုပဆောင်လိုက်ကြောင်း CDF-Kanpetlet က သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ရဲတပ်ရင်း ၁၇ မှ ရဲတပ်သား ပြည့်ဖြိုးဇင်သည်
(၁) G3 (၁)လက်
(၂) M16 (၁) လက်
(၃) G3 ကျည်ဘောက် (၃)ခု
(၄) M16 ကျည်ဘောက် (၂)ခု
(၅) 7.62 ကျည် (၁၁၀) တောင့်
(၆) 9mm ကျည် (၅)တောင့်
(၇) ကျည်ကာ (၁) ထည် တို့နှင့်အတူ CDM ဝင်လာခြင်းဖြစ်ပြီး CDF-Kanpetlet က ပြည်သူနှင့်ပူးပေါင်းလိုသော မည်သည့် ရဲနှင့် တပ်မတော်သားကို မဆို ကြိုဆိုကြောင်း တရားဝင် ဖိတ်ခေါ်ထားသည်။

Photos from Naypyi Taw Daily News's post 20/09/2022

နေပြည်တော် PDF တပ်ရင်း ၈၀၄
စစ်ရေးသတင်းထုတ်ပြန်ချက် ( ကြေညာချက်အမှတ် 1/2022 )

ရက်စွဲ - 20/9/2022

ယခုလက်ရှိဖြစ်ပေါ်နေသော မိုးဗြဲမြို့အခြေအနေအရ ကျွန်တော်တို့ နေပြည်တော် PDF (BO -804) သည် မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသော နေပြည်တော် PDF (BO- 805 )၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ KGZ တို့နှင့်အတူ နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးတို့တွင် ပူးတွဲ၍ခုခံကာကွယ်လျက်ရှိပါသည်။

တိုက်ပွဲစတင်ဖြစ်ပေါ်သည့်(8.9.2022)နေ့မှစ၍ စခများ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ နေပြည်တော်pdf(BO-804)မှ ရဲဘော်နှစ်ဦး အသေးစားထိခိုက်ဒဏ်ရာရရှိပီး တပ်ရင်းတွင်အသုံးပြုနေသည့်မော်တော်ကား ထိခိုက်ပျက်ဆီးခဲ့ပါသည်။

တိုက်ပွဲမှာဆက်လက်ပြင်းထန်နိုင်ပါသဖြင့် ကျွန်တော်တို့ နေပြည်တော် PDF (BO-804 ) သည် မဟာမိတ်တပ်ပေါင်းစုများနှင့်အတူဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသဖြင့် လိုအပ်ချက်များရှိနေသေးပါသောကြောင့် ဆက်လက်ကူညီပေးနိုင်ကြပါရန် မိဘပြည်သူများအား မေတ္တာရပ်ခံအပ်ပါသည်။

Photos from Naypyi Taw Daily News's post 18/09/2022

နေပြည်တော်နယ်မြေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

| စက်တင်ဘာ ၁၈

နေပြည်တော်နယ်မြေအတွင်းက မြို့နယ်၄မြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရအမိန့်တွေကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တွေမှာ ည၁၂နာရီကနေ မနက် ၄နာရီအထိ ညမထွက်ရ အမိန့်တွေ အသီးသီးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါမြို့နယ်တွေမှာ ညမထွက်ရအမိန့်အပြင် လူငါးဦးထက် ပိုပြီး စုဝေးတာတွေမလုပ်ကြဖို့ကိုလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါဟာ အမိန့်ထုတ်ပြန်တဲ့ မနေ့က(စက်တင်ဘာလ ၁၇ရက်)စလို့ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်ထောင်စုနယ်မြေလို့ခေါ်ဝေါ်တဲ့ နေပြည်တော်နယ်မြေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရုံးစိုက်ရာဒေသလည်းဖြစ်ပါတယ်။

15/09/2022

အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် (ဥတ္တရသီရိမြို့နယ်)
အတွင်း​ရေးမှူး ဦး​ဇော်မျိုးဝင်း (ခ) ကိုကြီး
စစ်အာဏာရှင်များရဲ့ဖမ်းစီးမှုခံရပြီး စစ်​ကြော​ရေးတွင်ကျဆုံးသွားကြောင်း သိရပါတယ်

13/09/2022

အမေရယ်

ဒေါ်အောင်ဆန်းစုကြည်၏(လက်ရှိ)ကျန်းမာရေးအခြေအနေ
13.09.2022

အသက် ၇၈ နှစ်အရွယ်ရှိနေပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးခုန်နှုန်းသည် အတက်အကျ ကြမ်းလာသည့်အတွက် စက်တင်ဘာလဆန်းက ဆေးစစ်မှု ပြုလုပ်ခဲ့ရသည်။

သူမ၏ နှလုံးခုန်နှုန်းသည် ၉၀ နှင့်အထက် ရှိနေသည့်အတွက် စစ်ဆေးမှုပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အရင်က ထိုကဲ့သို့ နှလုံးခုန် မမှန်သည့် ဖြစ်စဉ်မျိုး မရှိခဲ့ပေ။

အာဏာမသိမ်းခင်အထိ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး အထူးသဖြင့် သူမ၏ ခန္ဓာကိုယ် အတွင်းရှိ သက်စောင့်အင်္ဂါကြီးများဖြစ်သော အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့်အသည်းတို့တွင် မည်သည့်ချို့ယွင်းမှုမှ မရှိပေ။

အကျဉ်းထောင်ဘက်မှ ပြင်ဆင်ပေးသည့် အစားအသောက်များကလည်း အဆင်မပြေသဖြင့် ပေါင်မုန့်၊ နွားနို့နှင့် Ensure ကဲ့သို့သော ဖြည့်စွက်စာများကို အားကိုးနေရသည်။ ထိုသို့ အစားအသောက် အဝင်နည်းလာသဖြင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိလာခြင်း ဖြစ်သည်။

ထို့ပြင် ထောင်တွင်းမှာ သုံးရသည့် ရေမသန့်ခြင်းနှင့် ခြင်ကိုက်ခြင်း ပိုးမွှားကိုက်ခြင်းတို့ကြောင့် ခန္ဓာကိုယ် အချို့နေရာတွင် ယားနာအဖုများပေါက်လာပြီး အချို့ယားနာဖုများသည် အနာရင်းသည်အထိ ဖြစ်လာခဲ့သည်။

The Irrawaddy - Burmese Edition

Photos from Naypyi Taw Daily News's post 13/09/2022

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (​နေပြည်​တော်) မှ မိုးဗြဲမြို့တိုက်ပွဲ ၅ ရက်​မြောက် ပါဝင်ပွဲက​နေ​သော ပုံရိပ်တချို့
NPT - PDF နှင့် မဟာမိတ်တပ်​ပေါင်းစုများ ပြည်သူများအတွက် ​အောင်ပွဲယူ​ဆောင်​ပေးနိုင်ပါ​စေ 🙏🙏🙏🙏🙏

11/09/2022

နေပြည်တော် Freedom education ကျောင်းမှာ
ကျောင်းအပ်လို့ရပါပြီ

https://www.facebook.com/105170712337127/posts/109160791938119/

10/09/2022

နေပြည်တော်ကိုပါမထိန်းနိုင်တော့သည့်အခြေအနေဖြစ်နေ၍ မအလမှ ပြည်သူ့စစ်အမည်ခံ ဘောမများကိုစတင်ဖွဲ့စည်းနေ

စက်တင်ဘာ ၁၀ရက်

နေပြည်တော် ပျဥ်းမနားမြို့နယ်တွင် အကြမ်းဖက်စကစမှ ဦးဆောင်၍ ပြည်သူ့စစ်အမည်ခံ ကျွန်တသိုက်နှင့် ဘောမများဖြင့် စတင်၍ ဖွဲ့စည်းနေပြီး သင်တန်းများပေးလျက်ရှိပါတယ်။

ဒါဟာ နေပြည်တော်ကိုပါ မထိန်းနိုင်တော့ဘဲ ​ကြောက်ရွံ့စိတ်တွေပြည့်နက်နေကြောင်းကို ပေါ်ပေါ်လွင်လွင် ပြသလိုက်တာဖြစ်ပါတယ်။

'' စကစ ထောက်တိုင်မှန်သမျှကိုတော့ ချေမှုန်းသွားရမှာပဲ လို့ ပျောက်ကြားအဖွဲ့ဝင် တစ်ဦးက နေပြည်တော်တော်လှန်ရေးသတင်းဌာန သို့ ပြောပါတယ် ''

ကျေးရွာရပ်ကွက်တိုင်းမှာတော့ ဖြုစင်မေတ္တာအသင်းအမည်ခံပြီး ဘောမတွေ ဖွဲ့ထားကြတယ်။ NLD ထောက်ခံသူအမာခံတွေ လှုပ်လာရင် သတင်းပေးဖို့ ဖမ်းဆီးပိုင်ခွင့်ပါပေးထားတယ်လို့ သိရပါတယ်ဟု ပြည်သူတစ်ဦးကပြောပါတယ်

အခုနောက်ပိုင်း NLD အမာခံအိမ်တွေကို သန်းခေါင်စားရင်းတွေ၊ ဖုန်းတွေ ဝင်စစ်နေကြောင်းလည်း ပြည်သူတစ်ဦးက ​ပြောပါတယ်။

10/09/2022

နေပြည်တော် Freedom Education ဟာ
မနက်ဖြန်ကစပြီး ကျောင်းအပ်စတင်လက်ခံသွားမည်ဟုဆို

စက်တင်ဘာလ ၁၀ ရက်

Naypyi taw freedom education ကျောင်းက
အာဏာရှင်ကိုတော်လှန်ပြီး CDMပြုလုပ်နေကြတဲ့ ကြားကာလတွင် ပညာသင်ယူခွင့်မဆုံးစေရေးအတွက်
အလယ်တန်း နှင့် အထက်တန်းကို မနက်ဖြန် စက်တင်ဘာလ ၁၁ ရက်ကနေ ၂၀ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမယ်လို့ သိရပါတယ်။

အလယ်တန်း
Grade-6 (စနစ်သစ်)၊Grade-7 (စနစ်သစ်)၊
Grade-8 (စနစ်သစ်)၊Grade-9 (စနစ်ဟောင်း)
အထက်တန်း
Grade-10 (စနစ်သစ်)၊
Grade-11 (စနစ်ဟောင်း)
စတဲ့ အတန်းတွေကို လက်ခံသွားမှာ ဖြစ်​ကြောင်းသိရပါတယ်။

အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်နိုင်ပါတယ်။
https://www.facebook.com/NaypyitawFreedomEducation/

Photos from Naypyi Taw Daily News's post 10/09/2022

မဟာမိတ် ညီအကိုများနှင့် နယ်မြေရှင်းလင်းရေးဆီသို့...
နေပြည်တော် PDF
ဘေးကင်းလုံခြုံ ပါစေ

Photos from Naypyi Taw Freedom Education's post 10/09/2022

NUG ၏ အခြေခံပြီးမြောက်ကြောင်း
စစ်ဆေးအကဲဖတ်မည့်
English မေးခွန်းပုံစံ

Photos from Naypyi Taw Freedom Education's post 09/09/2022

မကြာခင် တွင် နေပြည်တော် Freedom education. မှာ
ကျောင်းစတင်အပ်လို့ရတော့ပါမည်။

07/09/2022

NUG ကို တရားဝင် အသိအမှတ်ပြုဖို့ ကုလအကြံပေးအဖွဲ့ SAC-M တိုက်တွန်း
~~~~~~
■ လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ နိုင်ငံရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပြီမို့ မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်မှုကို ကိုယ်စားပြုတဲ့ တရားဝင် အစိုးရအဖြစ် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုသင့်ကြောင်း မစ္စယန်းဟီလီ အပါအဝင် ကုလသမဂ္ဂအရာရှိတွေ၊ လူ့အခွင့်အ‌ရေး ကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar (SAC-M) က စက်တင်ဘာ ၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ “မြန်မာနိုင်ငံက ထိရောက်တဲ့ ထိန်းချုပ်မှု” လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာရဲ့ ကနဦး အကျဉ်းချုပ် ဖော်ပြချက်လည်း ဖြစ်ပါတယ်။

SAC-M အဖွဲ့ကို ဦးဆောင်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စ ယန်းဟီလီက မြန်မာနိုင်ငံသစ်ရဲ့ပုံသဏ္ဍန် ပေါ်လွင်နေပြီ ဆိုတာကို ကမ္ဘာကြီးက သိရှိဖို့လိုတယ်၊ NUG ဟာ စဉ်ပြိုင်အစိုးရ မဟုတ်သလို အဝေးရောက် အစိုးရတစ်ရပ်လည်း မဟုတ်ဘူး၊ မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်မှုကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရတစ်ရပ် ဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

SAC-M ရဲ့ ဒီထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်ကို ဖော်ပြထားတာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရဆိုတာ Legality ပေါ့။ Legality ပိုင်းမှာ ကျနော်တို့မှာ အပြည့်အဝ ရှိတယ်။ သူတို့(စစ်တပ်)က သေနတ်နဲ့ အာဏာလုဖို့ ကြိုးစားတာပေါ့နော်။ မြန်မာပြည်သူလူထုကလည်း ကျနော်တို့ အစိုးရကို သူတို့ရဲ့ ကိုယ်စားလှယ်အနေနဲ့ လက်ခံထားတာ။ ဆိုတော့ မစ္စ ယန်ဟီလီ တို့ ပြောတဲ့ဟာက ကျနော်တို့ အစိုးရရဲ့ အနေအထားကို အမှန်အကန်ကို ထုတ်ဖော် ပြောကြားတာလို့ ကျနော်တို့ သုံးသပ်မိပါတယ်"

အစိုးရတစ်ရပ်ကို အသိအမှတ်ပြုဖို့ လိုအပ်တဲ့အခါ အဲဒီအစိုးရဟာ နိုင်ငံရဲ့နယ်မြေကို ဘယ်လောက် လက်တွေ့ကျကျ ထိန်းချုပ်ထားနိုင်လဲဆိုတဲ့ အချက်ကို နိုင်ငံတကာ အသိုက်အဝန်းက ထည့်သွင်းစဉ်းစားပါတယ်။

SAC-M ရဲ့ ထုတ်ပြန်ချက်မှာ NUG လက်အောက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့တွေဟာ တိုင်းပြည်နယ်မြေရဲ့ ၅၂ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး၊ စစ်ကောင်စီကတော့ ၁၇ ရာခိုင်နှုန်းလောက်ကိုပဲ တည်ငြိမ်အောင်ထိန်းထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။ တိုင်းပြည်ရဲ့ ၂၃ ရာခိုင်နှုန်းလောက်မှာတော့ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေအကြား နယ်မြေထိန်းချုပ်နိုင်ရေး အားပြိုင်နေတယ်လို့ ဆိုပါတယ်။

ပုလဲ၊ မြိုင်၊ ရေစကြို၊ ယင်းမာပင်၊ ကနီ အပါအဝင် စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ် ၁၆ မြို့နယ်ဟာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်ကင်းသွားပြီး လက်နက်ကိုင် ခုခံသူတွေက စီမံခန့်ခွဲရေးလုပ်ငန်းတွေကို စတင်နေပြီလို့ အစီရင်ခံစာမှာ ပြောထားပါတယ်။

SAC-M ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း ပုလဲမြို့နယ်ရဲ့ နယ်မြေ ၈၀ ရာခိုင်နှုန်းမှာ ဒေသအုပ်ချုပ်ရေး ယန္တရားတွေ ထူထောင်ထားပြီလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“အကိုတို့ ပုလဲနယ်မှာဆိုရင်တော့ မစ္စယန်ဟီးလီရဲ့ အဆိုကို အကိုတို့ ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ ထောက်ခံတယ်။ လက်ရှိ ပုလဲနယ်မှာဆိုရင်ကို PDF ထိန်းချုပ်တယ် ဆိုတာထက် စစ်ရေးအရလည်း တော်တော်များများ လွှမ်းမိုးထားနိုင်တဲ့ အနေအထား ရှိတယ်။ နောက်ပြီးတော့ ပြည်သူတွေအတွက် အဓိက လိုအပ်တဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ကောင်းကောင်း ထူထောင်နိုင်တယ်။ ပုလဲမြို့နယ်မှာဆိုရင် ရွာပေါင်း ၂၀၀ ဝန်းကျင်ရှိတဲ့ အနေအထားမယ် ရွာပေါင်း ၁၈၀ ဝန်းကျင်၊ ပျှမ်းမျှအားဖြင့်တော့ ၈၀ ရာခိုင်နှုန်းလောက် အထိ အုပ်ချုပ်ရေး ယန္တရားတွေ ထူထောင်နိုင်ပြီ ပေါ့နော်”

နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၃၃၀ မှာ ၉၃ မြို့နယ်ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး အဲဒီထဲက၂၁ မြို့နယ်ကိုတောင် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ အားကိုးနဲ့ ထိန်းချုပ် ထားရတာလို့လည်း မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ SAC-M အဖွဲ့က ပြောပါတယ်။

ဒီအချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ မြန်မာ့အရေး အထူးအကြံပေးကောင်စီရဲ့ အစီရင်ခံစာဟာ လက်တွေ့မြေပြင်နဲ့ အကြီးအကျယ် ကွဲလွဲတယ်လို့ ဝေဖန်ပါတယ်။

"ဘယ်အချက်အလက်တွေပေါ် မူတည်ပြီး သူတို့ ဒီထုတ်ပြန်ချက်ထုတ်လဲ ကျနော်တို့ မစဉ်းစားတတ်ဘူး။ ဘာရည်ရွယ်ချက်နဲ့ ထုတ်တယ်ဆိုတာတော့ ရှိမှာပေါ့။ ဒါပေမဲ့ လက်တွေ့ အခြေအနေနဲ့ ထုတ်ပြန်ချက် ဘယ်လိုကွာခြားနေတယ်ဆိုတာ သူတို့ကိုယ်တိုင် သိပါလိမ့်မယ်။ ကျနော်တို့ ပြောနိုင်တာကတော့ ဒီထုတ်ပြန်ချက်ဟာ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မတည်ငြိမ်မှု တစ်ခုခုကို ရောက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်တယ်လို့ သုံးသပ်ပြီးပြောနိုင်ပါတယ်"

ဒီအစီရင်ခံစာဟာ မကြာခင် အဆုံးအဖြစ်ပေးဖို့ရှိနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် နေရာအတွက် နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်တာလို့လည်း ဦးသိန်းထွန်းဦးက ဝေဖန်ပါတယ်။

စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဘယ်သူ့ကို ကိုယ်စားပြုခွင့် ပေးမလဲဆိုတဲ့ အချက်ကို နိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂအဖွဲ့က စဉ်းစားတဲ့အခါ ဒီလိုအစီရင်ခံစာမျိုးကို ထည့်သွင်း စဉ်းစားလေ့ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

"Credentials Committee က ကော်မတီဝင်တွေ စဉ်းစားကြလိမ့်မယ်။ အဲဒီလို စဉ်းစားတဲ့ အချက်ထဲမှာ ရန်ဟီးလီတို့အဖွဲ့က ထုတ်လိုက်တဲ့ အချက်က သူတို့အထောက်အထား လုပ်စရာတစ်ခုဖြစ်ကောင်းဖြစ်သွားလိမ့်မယ်။ အဲဒီအပေါ်မှာ မူတည်ပြီး သူတို့ဆုံးဖြတ်ကြမှာ။ အနည်းနဲ့ အများတော့ အခုထုတ်လိုက်တဲ့ အစီရင်ခံစာက ပြောဆိုဆွေးနွေးမှုတွေမှာ အထောက်အထား တစ်ခုအဖြစ် သုံးလို့ရစရာဖြစ်သွားလိမ့်မယ်"

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေဟာ ကုလသမဂ္ဂအဖွဲ့ကနေ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ နဲ့ NUG ကခန့်ထားတဲ့ ဦးကျော်မိုးထွန်းကိုပဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ် ထားရှိရေး ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂနဲ့ စစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်မှာ ပထမဆုံး ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနဲ့ သြဂုတ်လ ၁၇ ရက် နေပြည်တော်မှာ တွေ့ဆုံချိန် ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာ ၁၃ ရက်ကနေ ၂၇ ရက်နေ့အထိ ကျင်းပမယ့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပထမပိုင်း ရက်‌တွေမှာ အဖွဲ့ဝင် ကိုးနိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ် စိစစ်ရေးကော်မတီ (Credentials Committee ) ကနေ မြန်မာနိုင်ငံအတွက် ဘယ်သူ့ကို ကိုယ်စားပြုခွင့် ပေးမလဲဆိုတာကို ဆုံးဖြတ်ပေးရမှာပါ။

SAC-Mအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Chris Sidoti ကတော့ “မြန်မာ့တော်လှန်ရေးဟာ အောင်မြင်မှာ ဖြစ်တယ်၊ ဒါပေမဲ့ ကျနော်တို့ နိုင်ငံတကာ အသိုက်အဝန်းဟာ အရေးကြီးချိန်မှာ မြန်မာ ပြည်သူတွေနဲ့အတူ ဘယ်လို ရပ်တည်ခဲ့သလဲဆိုတဲ့ သမိုင်းကြောင်းကို နောက်ပြန်လှည့်ကြည့်တဲ့ အခါမှာတော့ ညှာညှာတာတာနဲ့ ကြည့်မှာမဟုတ်ဘူး” လို့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံတကာအစိုးတွေကို မနေ့က ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ မြန်မာနိုင်ငံက လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်ဖို့အတွက် မြန်မာနိုင်ငံအတွက် အထူး အကြံပေးကောင်စီ ( SAC-M) ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စ ယန်းဟီလီနဲ့အတူ အခြားကုလအရာရှိဟောင်းတွေဖြစ်ကြတဲ့ Marzuki Darusman နဲ့ Chris Sidoti တို့ ပါဝင်ပါတယ်။

07/09/2022

ပြည်သူ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက် တပ်ဖွဲ့ဝင် ၁၅၀၀ ကျော်ကျဆုံးပြီး စကစမှ ၂၀၁၅၀ ကျော်သေဆုံးကာ ၇၀၀၀ ကျော်ဒဏ်ရာရကြောင်း ယာယီသမ္မတပြော

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ ၇ ရက်မှာ ပြည်သူ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက် တစ်နှစ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ မဟာမိတ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဝင် ၁,၅၀၀ ကျော်ကျဆုံးခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် ဒီနေ့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

အခုလို ကျဆုံးခဲ့သူတွေကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်သလို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့၊ သပိတ်တိုက်ပွဲ မှာ ပါဝင်နေသူတွေနဲ့ CDM ဝန်ထမ်းတွေ အပါအဝင် အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန် ခဲ့ကြသူတွေကိုလည်း အသိအမှတ်ပြုကြောင်း ယာယီသမ္မတက ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတာကို လက်နက် အားကိုးပြီးတော့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တယ်။ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ ကိုလည်း သတ်ဖြတ်ခဲ့တယ်။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တရားဝင်တဲ့ ခုခံကာကွယ်မှုဖြစ်ဖို့ ဥပဒေတွေနဲ့ညီညွတ်ဖို့ ခုခံတော်လှန်စစ်ကိုကြေညာခဲ့တာ ဖြစ်ပါတယ်”

ဒါ့အပြင် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့အလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်ထဲက တပ်ရင်းတပ်ဖွဲ့နဲ့ မြို့နယ်အခြေပြု တပ်ဖွဲ့တွေထဲ ပါလာအောင် ချိတ်ဆက်ဆောင်ရွက်နေပြီး တပ်ရင်း ၃၀၀ ကျော်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့နယ် ၃၃၀ ကျော်ရှိတဲ့အထဲ မြို့နယ် ၂၅၀ ကျော်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်ပြီး ၂၄ မြို့နယ်မှာတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့လည်း ယာယီသမ္မတက ပြောပါတယ်။

24/08/2022

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးနားတွင် ဗုံး ၃ လုံးဆင့်ပေါက်ကွဲ

NRN 24/8/2022

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်သုခရွာအနီးဒက္ခိဏခရိုင်တရားရုံနားတွင် ယနေ့ည ၈နာရီ မီနစ် ၃၀ အချိန်ဝန်းကျင်က ဗုံး ၃ လုံးဆင့်၍ ပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက နေပြည်တော်တော်လှန်ရေးသတင်းဌာနသို့ ပြောပါတယ်။

'' ခရိုင်တရားရုံးနားမှာ အသံကျယ်ကျယ်နဲ့ ဗုံး ၃ ကြိမ်ပေါက်သံကြားတယ်၊ လူထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး၊ ကျနော်တို့လည်း မသွားကြည့်ရဲဘူး '' ဟု ပြောပါတယ်။

ဒီဖြစ်စဥ်နှင့်ပတ်သတ်ပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ မသိရသေးပါဘူး။ ဒီနောက်ပိုင်း မစ်ရှင်တွေကို သတိပေးမှာမဟုတ်သလို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ လုံခြုံရေးကြောင့် ထုတ်ဖော်မပြောတော့ဘူးလို့လည်း အဖွဲ့များထံမှလည်း ပြောပါတယ်။

ပြည်သူတွေအနေနဲ့ သွားသတိ စားသတိနေဖို့ အချိန်ရောက်သည့်အတွက်လည်း မေတ္တာရပ်ခံလိုက်တယ်လို့ အမည်မဖော်လိုသည့် ပြောက်ကျားအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

Telegram Channel https://t.me/NPTInformationDepartment

နေပြည်တော်
သတင်းမှန်ပြန်ကြားရေးအဖွဲ့

Videos (show all)

နေပြည်တော်PDF အထူးကွန်မန်ဒိုသင်တန်း ရုပ်သံ
နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်တွင် ကပြသူနဲ့ လုံခြုံရေးသာရှိနေ

Telephone

Website