Hein Htet Aung- H2A Macadamia Nuts

Hein Htet Aung- H2A Macadamia Nuts

တူသောစေတနာအကျိုးပေးမည်။

Photos from Hein Htet Aung- H2A Macadamia Nuts's post 23/11/2023

💙🔥🌟အများနဲ့မတူ နည်းစနစ်မြင့်မားစွာ ထုတ်လုပ်ထားတဲ့ ကမ္ဘာ့စျေးအကြီးဆုံး အစေ့အဆံဖစ်တဲ့ မက္ကဒေးမီးယားစေ့(ချောကလက်သီး) ရောင်းပေးပါရစေဗျ။🤗💙

♦️☺️တာရှည်ခံ၊ဓာတုဆေး လုံးဝမသုံးထားဘဲ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးအတွက်အထူးညီညွတ်တဲ့ 100%organic သီးပါဗျ♦️🤗

🙏စားသုံးသူမိတ်ဆွေကျေးဇူးရှင်များအဆင်ပြေစေရန်အတွက် ၁၁လပိုင်းမကုန်ခင်အထိ ယခင်စျေးအတိုင်းရပါအုံးမယ်ဗျ🙏

အသင့်စား မက္ကဒေးမီးယားစေ့(အကောင်း)
1kg-36000ks
500g-18000ks
250g-10000ks
120g-5000ks
လက်ကားစျေးသီးသန့်ရှိပါတယ်ဗျ

အတန်ဆုံးဖြစ်မဲ့အသင့်စားအကြေစ
ကိတ်မုန့်ထဲထည့်တာဖြစ်ဖြစ် ဒိန်ချဉ်နဲ့တွဲစားတာဖြစ်ဖြစ် ရေခဲမုန့်ထဲထည့်စားတာဖြစ်ဖြစ် ငရုတ်သီးနဲ့ကြော်စားတာဖြစ်ဖြစ် ဘယ်လိုစားစား တန်မှတန်
1kg-26000ks
500g- 13000ks

က်ိုယ်တိုင်ကြိတ် မက္ကဒေးမီးယားဆီ
တပိသာ- 50000ks
တစ်ဆယ်သားကစ၍ ဝယ်ယူရရှိနိုင်ပါတယ်

💥💪ကိုယ်တိုင်တံဆိပ်ကပ် သီးသန့်ထုတ်ချင်တဲ့ လုပ်ငန်းရှင်များအတွက်လည်း အထူးစျေးပေးအုံးမယ်ဗျ🤗💪

🔷မန္တလေးမြို့တွင်းပို့ခ 1000-1500ks ကျသင့်မှာဖစ်ပြီး

🔷🛵တခြားမြို့/ နယ် ပေါင်း၁၂၀ကျော်ကိုလည်း အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်

‼ kpay/wave pay ပေးချေနိုင်ပြီး %ထပ်ပေးဆောင်ရန်မလိုပါဗျ‼

🙏မှာယူလိုပါက09-423796396 ဆက်သွယ်နိုင်ပါတယ်ဗျ
🙏သိချင်တာမှန်သမျှလည်း စိတ်တိုင်းကျစုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ

❣ ကျန်းမာရေးတွက် အကျိုးပြုတာလေးတွေ share လုပ်ထားပေးပါတယ်ဗျ ❣

မက္ကာဒေးမီးယား နေ့တိုင်းစားသုံးပါက ခံစားရရှိနိုင်သောအကျိုးကျေးဇူးများ

✅ဦးနှောက် ဖွံဖြိုးတိုးတက်စေခြင်း

✅ဆီးချို သွေးချို ကာကွယ်ပေးခြင်း

✅နှလုံးအားကောင်းစေခြင်း

✅သွေးကြောတွင်းအဆီဓာတ်လျော့ကျစေခြင်း

✅ကင်ဆာရောဂါကာကွယ်ပေးခြင်း

✅အိုမင်းရင့်ရော်မှု အမာရွတ်များ လျော့ကျစေခြင်း

✅ဗီတာမင်အီးပါဝင်သဖြင့် အသားအရည်ကို စိုပြေစေခြင်း

✅ဆံကေသာကျန်းမာသန်စွမ်းခြင်း

✅သွားနှင့်အရိုးများ သန်စွမ်းစေခြင်း

✅အစာခြေစနစ်ကောင်းစေခြင်း

✅ခန္ဓာကိုယ်သွယ်လျလှပစေ

✅ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်စေခြင်း

စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်🤗

09/11/2023

မင်္ဂလာပါ H2A Macadamia ကိုဝယ်ယူစားသုံးနေကြတဲ့ကျေးဇူးရှင်များခင်ဗျာ
ကျွန်တော်များH2Aမှ ညိုးငယ်စိတ်မကောင်းစွာဖြင့်ကြေညာပါရစေဗျ
ယခုလက်ရှိကုန်ကြမ်းရှားပါးမှု ကုန်ကြမ်းစျေးတက်မှု အခြေအနေများကြောင့် H2A Macadamiaစျေးနှုန်းများမကြာမီအချိန်အတွင်းစျေးအပြောင်းအလဲရှိမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ🙏🙏🙏

Photos from Hein Htet Aung- H2A Macadamia Nuts's post 24/10/2023

မက္ကဒေးမီးယားသီးဖို့ စတင်ဖူးပွင့်ကြပြီ
Photoအားလုံး creditပါဗျ

24/10/2023

H2Aမက္ကဒေးမီးယားထုတ်လုပ်ဖြန့်ချီရေးမှသီတင်းကျွတ်၁၀ရက်တာ အထူးအထူး promotionစပါပြီဗျ☺️🙏
(၂၄.၁၀မှ ၂.၁၁လပိုင်းအထိသာ )

💙🔥🌟အများနဲ့မတူ နည်းစနစ်မြင့်မားစွာ ထုတ်လုပ်ထားတဲ့ ကမ္ဘာ့စျေးအကြီးဆုံး အစေ့အဆံဖစ်တဲ့ မက္ကဒေးမီးယားစေ့(ချောကလက်သီး) ရောင်းပေးပါရစေဗျ။🤗💙

♦️☺️တာရှည်ခံ၊ဓာတုဆေး လုံးဝမသုံးထားဘဲ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးအတွက်အထူးညီညွတ်တဲ့ 100%organic သီးပါဗျ♦️🤗

🔥 🤤Food Dehydrator ထဲထည့်၍သင့်လျော်တဲ့မီးအပူချိန်နဲ့ ၁၂နာရီကြာပေါင်းခံထားတဲ့အတွက် ကြွပ်၊ချို၊ဆိမ့်ပြီး အသင့်စားရုံပါဘဲဗျ🤤🔥

🔥 အစိမ်းအရသာနဲ့လုံးဝ လုံးဝ မတူတော့ပဲ တကိုက်နဲ့တင် ထပ်စားချင်သွားမယ်ဗျ🔥🤧

စျေးနှုန်းတွေကတော့
အသင့်စား မက္ကဒေးမီးယားစေ့(အကောင်း)
1kg-36000ks
500g-18000ks
250g-10000ks
120g-5000ks
လက်ကားစျေးသီးသန့်ရှိပါတယ်ဗျ

အတန်ဆုံးဖြစ်မဲ့အသင့်စားအကြေစ
ကိတ်မုန့်ထဲထည့်တာဖြစ်ဖြစ် ဒိန်ချဉ်နဲ့တွဲစားတာဖြစ်ဖြစ် ရေခဲမုန့်ထဲထည့်စားတာဖြစ်ဖြစ် ငရုတ်သီးနဲ့ကြော်စားတာဖြစ်ဖြစ် ဘယ်လိုစားစား တန်မှတန်
1kg-26000ks
500g- 13000ks

က်ိုယ်တိုင်ကြိတ် မက္ကဒေးမီးယားဆီ
တပိသာ- 50000ks
တစ်ဆယ်သားကစ၍ ဝယ်ယူရရှိနိုင်ပါတယ်

💥💪ကိုယ်တိုင်တံဆိပ်ကပ် သီးသန့်ထုတ်ချင်တဲ့ လုပ်ငန်းရှင်များအတွက်လည်း အထူးစျေးပေးအုံးမယ်ဗျ🤗💪

🔷မန္တလေးမြို့တွင်းပို့ခ 1000-1500ks ကျသင့်မှာဖစ်ပြီး

🔷🛵တခြားမြို့/ နယ် ပေါင်း၁၂၀ကျော်ကိုလည်း အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်

‼ kpay/wave pay ပေးချေနိုင်ပြီး %ထပ်ပေးဆောင်ရန်မလိုပါဗျ‼

🙏မှာယူလိုပါက09-423796396 ဆက်သွယ်နိုင်ပါတယ်ဗျ
🙏သိချင်တာမှန်သမျှလည်း စိတ်တိုင်းကျစုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ

❣ ကျန်းမာရေးတွက် အကျိုးပြုတာလေးတွေ share လုပ်ထားပေးပါတယ်ဗျ ❣

မက္ကာဒေးမီးယား နေ့တိုင်းစားသုံးပါက ခံစားရရှိနိုင်သောအကျိုးကျေးဇူးများ

✅ဦးနှောက် ဖွံဖြိုးတိုးတက်စေခြင်း

✅ဆီးချို သွေးချို ကာကွယ်ပေးခြင်း

✅နှလုံးအားကောင်းစေခြင်း

✅သွေးကြောတွင်းအဆီဓာတ်လျော့ကျစေခြင်း

✅ကင်ဆာရောဂါကာကွယ်ပေးခြင်း

✅အိုမင်းရင့်ရော်မှု အမာရွတ်များ လျော့ကျစေခြင်း

✅ဗီတာမင်အီးပါဝင်သဖြင့် အသားအရည်ကို စိုပြေစေခြင်း

✅ဆံကေသာကျန်းမာသန်စွမ်းခြင်း

✅သွားနှင့်အရိုးများ သန်စွမ်းစေခြင်း

✅အစာခြေစနစ်ကောင်းစေခြင်း

✅ခန္ဓာကိုယ်သွယ်လျလှပစေ

✅ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်စေခြင်း

စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်🤗

Photos from Hein Htet Aung- H2A Macadamia Nuts's post 23/06/2023

အားပေးကြတဲ့ ကျေးဇူးရှင် စားသုံးသူတွေရဲ့စကားသံတွေ ခုလိုသိရလို့ တကယ်ဝမ်းသာကျေနပ်ရပါတယ်ဗျ☺️🙏🙏🙏

အခုလိုအခြေအနေတခုထိ အားပေးကြလို့လည်း အားလုံးသောဝယ်ယူအားပေးသူများကို
H2Aမှ ကျေးဇူးအများကြီးတင်ပါတယ်ဗျ 🙏

💪✊H2Aက အမြဲတမ်းပိုမိုကြိုးစားသွားနေမှာပါ H2Aမှာဒီအချက်၃ချက်က အခြေခံအနေနဲ့ အစဉ်အမြဲမှန်နေစေရပါမယ်
👉(1) quality အရသာ အမြဲတမ်းလတ်ဆတ်ကောင်းမွန်စေရပါမယ်
👉(2)စျေးနှုန်းကိုလည်း တခြားထက်သက်သာစေရပါမယ်
👉(3)ဝန်ဆောင်မှုကို အမြဲစိတ်တိုင်းကျဖစ်စေရပါမယ်
ဒီ(၃)ချက်ကိုဘဲ လုပ်ငန်းစလုပ်ကတည်းက H2Aက လက်ကိုင်ထားပြီး ကြိုးစားခဲ့ပါတယ်

နောင်များတွင်လည်း လိုအပ်တာတွေ၊အဆင်ပြေမှု၊မပြေမှုတွေကိုလည်း ထောက်ပြအကြံပြုပေးနိုင်ပါတယ်ဗျ

လက်ရှိစျေးနှုန်းလေးပါဗျ
မက္ကဒေးမီးယား (အကောင်း)
1kg-36000ks
500g-18000ks
မက္ကဒေးမီးယား(အကြေစ)
1kg-26000ks
500g-13000ks
မက္ကဒေးမီးယားဆီ
တပိသာ-50000ks
တဆယ်သားကစပြီးဝယ်ယူ၍ရပါတယ်ဗျ
Page Cb(သို့)09-423796396 ဖုန်းဆက်မှာယူနိုင်ပါတယ်

ပင်ရင်းကတော့ မန္တလေးကပါ
ရန်ကုန် ၊ နေပြည်တော် အပါဝင် မြန်မာပြည်ရှိ မြို့ပေါင်း ၁၃၀ ကျော်သို့ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပါပြီဗျ

မြို့နယ်အလိုက်ပို့ဆောင်ခလေးတော့ ဝယ်သူမှပေးရပါမယ်ဗျ

-Macadamia Nut
Nut

Photos from Hein Htet Aung- H2A Macadamia Nuts's post 31/05/2023

💙🔥🌟အများနဲ့မတူ နည်းစနစ်မြင့်မားစွာ ထုတ်လုပ်ထားတဲ့ ကမ္ဘာ့စျေးအကြီးဆုံး အစေ့အဆံဖစ်တဲ့ မက္ကဒေးမီးယားစေ့(ချောကလက်သီး) ရောင်းပေးပါရစေဗျ။🤗💙

♦️☺️တာရှည်ခံ၊ဓာတုဆေး လုံးဝမသုံးထားဘဲ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးအတွက်အထူးညီညွတ်တဲ့ 100%organic သီးပါဗျ♦️🤗

🔥 🤤Food Dehydrator ထဲထည့်၍သင့်လျော်တဲ့မီးအပူချိန်နဲ့ ၁၂နာရီကြာပေါင်းခံထားတဲ့အတွက် ကြွပ်၊ချို၊ဆိမ့်ပြီး အသင့်စားရုံပါဘဲဗျ🤤🔥

🔥 အစိမ်းအရသာနဲ့လုံးဝ လုံးဝ မတူတော့ပဲ တကိုက်နဲ့တင် ထပ်စားချင်သွားမယ်ဗျ🔥🤧

စျေးနှုန်းတွေကတော့
အသင့်စား မက္ကဒေးမီးယားစေ့(အကောင်း)
1kg-36000ks
500g-18000ks
250g-10000ks
120g-5000ks
လက်ကားစျေးသီးသန့်ရှိပါတယ်ဗျ

အတန်ဆုံးဖြစ်မဲ့အသင့်စားအကြေစ
ကိတ်မုန့်ထဲထည့်တာဖြစ်ဖြစ် ဒိန်ချဉ်နဲ့တွဲစားတာဖြစ်ဖြစ် ရေခဲမုန့်ထဲထည့်စားတာဖြစ်ဖြစ် ငရုတ်သီးနဲ့ကြော်စားတာဖြစ်ဖြစ် ဘယ်လိုစားစား တန်မှတန်
1kg-26000ks
500g- 13000ks

က်ိုယ်တိုင်ကြိတ် မက္ကဒေးမီးယားဆီ
တပိသာ- 50000ks
တစ်ဆယ်သားကစ၍ ဝယ်ယူရရှိနိုင်ပါတယ်

💥💪ကိုယ်တိုင်တံဆိပ်ကပ် သီးသန့်ထုတ်ချင်တဲ့ လုပ်ငန်းရှင်များအတွက်လည်း အထူးစျေးပေးအုံးမယ်ဗျ🤗💪

🔷မန္တလေးမြို့တွင်းပို့ခ 1000-1500ks ကျသင့်မှာဖစ်ပြီး

🔷🛵တခြားမြို့/ နယ် ပေါင်း၁၂၀ကျော်ကိုလည်း အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်

‼ kpay/wave pay ပေးချေနိုင်ပြီး %ထပ်ပေးဆောင်ရန်မလိုပါဗျ‼

🙏မှာယူလိုပါက09-423796396 ဆက်သွယ်နိုင်ပါတယ်ဗျ
🙏သိချင်တာမှန်သမျှလည်း စိတ်တိုင်းကျစုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ

❣ ကျန်းမာရေးတွက် အကျိုးပြုတာလေးတွေ share လုပ်ထားပေးပါတယ်ဗျ ❣

မက္ကာဒေးမီးယား နေ့တိုင်းစားသုံးပါက ခံစားရရှိနိုင်သောအကျိုးကျေးဇူးများ

✅ဦးနှောက် ဖွံဖြိုးတိုးတက်စေခြင်း

✅ဆီးချို သွေးချို ကာကွယ်ပေးခြင်း

✅နှလုံးအားကောင်းစေခြင်း

✅သွေးကြောတွင်းအဆီဓာတ်လျော့ကျစေခြင်း

✅ကင်ဆာရောဂါကာကွယ်ပေးခြင်း

✅အိုမင်းရင့်ရော်မှု အမာရွတ်များ လျော့ကျစေခြင်း

✅ဗီတာမင်အီးပါဝင်သဖြင့် အသားအရည်ကို စိုပြေစေခြင်း

✅ဆံကေသာကျန်းမာသန်စွမ်းခြင်း

✅သွားနှင့်အရိုးများ သန်စွမ်းစေခြင်း

✅အစာခြေစနစ်ကောင်းစေခြင်း

✅ခန္ဓာကိုယ်သွယ်လျလှပစေ

✅ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်စေခြင်း

စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်🤗

17/05/2023

ကျွန်တော်ရဲ့ ဝယ်ယူအားပေးကြတဲ့ ကျေးဇူးရှင်များကို စိတ်မကြည်သာဘဲ ကြေညာပါရစေ။
မကြာမီအချိန်အတွင်း Macadamia စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်ဗျ ခါတိုင်းထက် စျေးလေးတက်ပါမယ်
အသီးရဲ့သဘောသဘာဝအရ တစ်နှစ်ပတ်လုံးအလွယ်တကူမရနိုင်သော အခြေအနေဖစ်တာမို့ ခုကာလအရအသီးရှားချိန် တုံးချိန်ဖစ်နေတာမို့ ဝယ်ယူရတဲ့စျေးမြင့်မားတာမို့ တောင်းပန်စွာနဲ့ စျေးလေးတက်ဖစ်ပါမယ်ဗျ🙏🙏🙏
(အသီးရှားချိန် ၂-၇လပိုင်းအကုန်ထိ ရှိပေမဲ့ ၂-၅လပိုင်းအတွက် ကြိုတင်စုဆောင်းခဲ့တာမို့ စျေးမတက်ဘဲ အမြတ်အဓိကမထားဘဲ ပိုအဆင်ပြေစွာနဲ့ရောင်းပေးခဲ့ပါတယ်)

Photos from Hein Htet Aung- H2A Macadamia Nuts's post 11/05/2023

(ဂရုစိုက်ကြပါ အားလုံးသောသွေးချင်းညီအစ်ကိုအပေါင်းတို့……)

ဆိုင်ကလုန်းမုန်တိုင်း "ONE" (01B) ဖြစ်လာပြီး မုန်တိုင်းလမ်းကြောင်းလဲ စစ်တွေကို ဝင်မယ်ဆိုတာသေချာသွားပြီဖြစ်ပါတယ်။

"ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်" (Global Disaster Alert and Coordination SYSTEM) ကလဲ မြန်မာနိုင်ငံကို အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်)ရှိ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်မဲ့အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် "RED ALERT" ထုတ်ပြန်လိုက်ပါတယ်။

GDACS ရဲ့ ထုတ်ပြန်ချက်မှ -
ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀
ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀
မကွေးတိုင်းမှ လူဦးရေ ၁၇၀,၀၀၀ နဲ့
စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့ဟာ အန္တရာယ်ရှိတဲ့ လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။

အနည်းဆုံး တစ်နာရီ မိုင် ၄၀ အထိ လေပြင်းတိုက်ခိုက်မှုဒဏ်ကိုခံရနိုင်တဲ့ မြန်မာနိုင်ငံက လူဦးရေ စုစုပေါင်းကတော့ ၅.၄ သန်းအထိရှိကြောင်း၊ အဓိက ထိခိုက်ပျက်စီးနိုင်မဲ့ လေယာဉ်ကွင်းတွေကတော့ စစ်တွေ၊ ထီးလင်းနဲ့ ဂန့်ဂေါလေယာဉ်ကွင်းများဖြစ်ကြောင်းလဲ ထုတ်ပြန် သတိပေးထားပါတယ်။

မုန်တိုင်းဝင်ရောက်သွားမဲ့ လမ်းကြောင်းတစ်လျှောက်အတွက် အသေးစိတ်သတိပေးချက်တွေကို ထပ်ပြီး တင်ပြပေးသွားပါဦးမယ်။

09/05/2023

🌅🌅 နွေအပူ နဲ့ မန်ကျည်း​ဖျော်ရည်🍯

မန်ကျည်းသီးထဲမှာ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နှင့် Carotenes တို့ ပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးကောင်းမွန်အောင် ကူညီပေးတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်

🍯🍯မန်ကျည်းသီးဖျော်ရည် ​သောက်ခြင်းရဲ့အကျိုး​ကျေးဇူးများ

👀👀မျက်လုံးအားကောင်းခြင်း

တိုင်းရင်းရိုးရာ မျက်စဉ်းဆေးတွေကို မန်ကျည်းသီးအစေ့ကနေ ဖော်စပ်ထားတာပဲဖြစ်ပါတယ်။ မန်ကျည်းသီးထဲမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များက မျက်စိနာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

🧘‍♀️အစာအိမ် ကျန်းမာရေးကောင်းမွန်စေခြင်း

မန်ကျည်းသီးဖျော်ရည်သောက်သုံးခြင်းက အစာအိမ် အနာဖြစ်ခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်းတို့ကို သက်သာစေပါတယ်။ အစာမကြေဖြစ်ခြင်းကို သက်သာစေချင်တယ်ဆိုရင်တော့ မန်ကျည်းသီးဖျော်ရည်ထဲသို့ ပျားရည်၊ နွားနို့နှင့် သံပုယိုရည်တို့ ထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။

🧘‍♀️ဆီးချိုရောဂါကို သက်သာစေခြင်း

အစားစားပြီးတိုင်း မန်ကျည်းသီးဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးတာကြောင့် ဆီးချိုသမားများအနေနဲ့ မှန်မှန်သောက်သုံးသင့်တဲ့ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။

🧘‍♀️ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

မန်ကျည်းဖျော်ရည်ထဲမှာ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ တုပ်ကွေးမိခြင်း စတဲ့ ရောဂါများမှ ကာကွယ်ပေးပြီး ခန္ဓာကိုယ်ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။

🧘‍♀️နှလုံးအားကောင်းစေခြင်း

မန်ကျည်းသီးဖျော်ရည်က ကိုလက်စတောပမာဏမြင့်မားခြင်းမှ ကာကွယ်ပေးပြီး နှလုံးသွေးကြောနံရံများတွင် ကိုလက်စတော်များ ပိတ်ဆို့ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါ မဖြစ်ပွားအောင် တားဆီးပေးပြီး နှလုံးအားကောင်းအောင် ကူညီပေးတဲ့ မန်ကျည်းဖျော်ရည်ပဲဖြစ်ပါတယ်

🍯မန်ကျည်းသီး ဖျော်ရန်

🍯 မန်ကျည်းသီးကို မသောက်ခင်၁၅ မိနစ်ခန့်ကြိုတင်၍ ဇလုံတစ်ခုတွင်ထန်းလျက်ကိုစိမ်ပါ နောက်ပန်းကန်လုံးတစ်ခုတွင်မန်ကျည်းသီးမှည့်ကိုစိမ်ပါ
🍵ဖျော်ရည်သောက်တော့မည်ဆိုမှ ထန်းလျက်ရည်နှင့်မန်ကျည်းရည်​(အနှစ်​ချေပြီး)ရောထည့်ပါ

✅️မန်ကျည်း​ဖျော်ရည်သောက်နည်းအမှန်

🍯 မန်ကျည်းရည်သောက်မည်ဆိုလျှင် ထမင်းစားရင်း ရေနွေးသောက်သကဲ့သို့ ရောသောက်၍လည်းရသလို ထမင်းစားပြီးအနည်းဆုံး ၂နာရီခွဲခြားပြီးမှ သောက်လျှင်လဲကျန်းမာရေးနှင့်ညီညွှတ်ပါတယ်

✖️အစာနှင့်နာရီဝက်မျှခြားရုံနှင့် မသောက်မိစေရန် အထူးသတိထားသင့်ပါတယ်
လေပွတက်ကာ ခေါင်းခြာခြာလည်အောင် မူးသွားတတ်ပါတယ်

⏩️ မိမိဝမ်းအခြေအနေအလိုက် မန်ကျည်းရည်ကို အတိုးအလျှော့ချိန်ဆသောက်ပါ
▶️ဝမ်းချုပ်သူများအတွက်ဆိုလျှင် မန်ကျည်း
ရည်ချဉ်ချဉ်ကျဲကျဲ ငန်ငန်လေးသောက်ပါ
▶️ဝမ်းပုံမှန်ရှိများကတော့မန်ကျည်းရည်ချဉ်ချိုလေးသောက်ပါ
▶️ဝမ်းပျော့သူများအတွက်တော့မန်ကျည်းရည်ချိုချိုလေးသောက်ပါ


✅️သောက်ရုံတင်မဟုတ် မန်ကျည်းရည်ကျဲကျဲလေးနှင့် ရေချိုးပေးပါက အပူငြိမ်း၍ခန္ဓာကိုယ်ကိုအေးမြသွားစေပါတယ်

Reference: ဆရာကြီးဦးရန်အောင်နှင့်ဆရာကြီးဦးကျော်မြင့်တို့၏ ဟောပြောပို့ချချက်

#ကျန်းမာလှပ​​သောဘ၀ကိုပိုင်ဆိုင်နိုင်ကြပါ​စေ

Photos from Hein Htet Aung- H2A Macadamia Nuts's post 01/05/2023

💥😋 တကိုက်စာနဲ့တင် ထိမိနေမယ့် အစာလေး 😋💥
ဘယ်သူ့ဆီမှာမှ မရနိုင်မဲ့စျေးနှုန်းလေးနဲ့👌🤗
(ကျန်းမာရေးတွက်ပါ အထောက်အကူဖြစ် 🌚)

မက္ကဒေးမီးယားအစေ့(ချောကလက်သီးစေ့)လှော်ကြွပ်ကြွပ်ချိုချိုဆိမ့်ဆိမ့်လေး ဖြစ်ပါတယ် 🤗🤗

🔥 ခေတ်မှီစက်ကိရိယာ သင့်လျော်တဲ့ temperatureနဲ့ အချိန်ကြာမြင့်စွာ ပေါင်းလှော်အခြောက်ခံပေးထားပါတယ်ဗျ 🔥

🔥 အစိမ်းအရသာနဲ့လုံးဝမတူတော့ပဲ တကိုက်နဲ့တင် ထပ်စားချင်သွားမယ်🔥🤧
😍 ကြွပ်ချိုဆိမ့်မွှေးလေး 😍
မယုံရင် ဝယ်စားကြည့်ပါ 😅

🎯ဗူးအလုံထဲထည့်သိမ်းထားမယ်ဆိုရင် ကြာရှည်လဲ ထားနိုင်သေးတယ် 🎯

1ဗူး(သို့)1ထုပ် - 5000ks (165g)

kgလိုက်ယူချင်တဲ့သူတွေတွက်
1kg - 30000ks 🤑
500g - 15000ks
အနည်းဘဲ စစားချင်သူများအတွက်လည်း
100gကစပြီး အထုတ်သေးဖြင့်မှာယူလို့ရပါတယ်
100g-3200ks

🛢️🌰ဒါ့အပြင် 100%အာမခံအပြည့်အဝပေးထားပြီး လုံးဝအရောအနှောကင်းတဲ့ Macadamia Oilကိုလည်း
1ပိသာ- 40000ks
တစ်ဆယ်သားကစပြီးဝယ်ယူလို့ရပါတယ်🙋‍♂️🍀

😊အတန်ဆုံးသော အရာလေးကတော့ မက္ကဒေးမီးယားစေ့ အကြေစပါ
မုန့်လုပ်မလား ဒီတိုင်းဘဲစားမလား ရေခဲမုန့်နဲ့ရောစားမလား တခုခုနဲ့ရောနှောပေါင်းစပ်တီထွင်မလား😋
အခြောက်ခံလှော်ပီးသားပါ
1kg-22000ks
500g- 11000ks
သူလည်း 100gကစပြီး မှာလို့ရပါတယ်
100g-2500ks

💚အစိမ်းမှ အစိမ်းလတ်လတ်ဆတ်ဆတ်အသီးသစ်ကို ကိုယ်တိုင်ခွဲစားချင်သူအတွက်လည်း
အခွံညိုပါအသီးသစ် 1kg-6000ks
500g-3000ks
အားလုံးက လက်လီးစျေးပါ လက်ကားစျေးသီးသန့်ရှိပါတယ်

09-423796396 ကိုမေးမြန်းဆက်သွယ်နိုင်ပါတယ်
⚛ လက်ကားသမားအတွက်လည်းသီးသန့်စျေးရှိပါတယ်ဗျ
🤗ပင်းရင်းကတော့ မန်းလေးကပါ🤗
⚛ မန္တလေးမြို့တွင်းပို့ခ 1000-1500ks ကျသင့်မှာဖစ်ပြီး

⚛ တခြားမြို့/ နယ်တွေကိုလည်းပို့ဆောင်ပေးပါတယ်ဗျ

‼ kpay/wave pay ပေးချေနိုင်ပြီး %ထပ်ပေးဆောင်ရန်မလိုပါဗျ‼

🙏မှာယူလိုပါက09-423796396 ဆက်သွယ်နိုင်ပါတယ်ဗျ
🙏သိချင်တာမှန်သမျှလည်း စုံစမ်းမေး
မြန်းနိုင်ပါတယ်ဗျ

❣ ကျန်းမာရေးတွက် အကျိုးပြုတာလေးတွေ share လုပ်ထားပါတယ်ဗျ ❣

မက္ကာဒေးမီးယား နေ့တိုင်းစားသုံးပါက ခံစားနိုင်သောအကျိုးကျေးဇူးများ

✅ဦးနှောက် ဖွံဖြိုးတိုးတက်စေခြင်း

✅ဆီးချို သွေးချို ကာကွယ်ပေးခြင်း

✅နှလုံးအားကောင်းစေခြင်း

✅သွေးကြောတွင်းအဆီဓာတ်လျော့ကျစေခြင်း

✅ကင်ဆာရောဂါကာကွယ်ပေးခြင်း

✅အိုမင်းရင့်ရော်မှု အမာရွတ်များ လျော့ကျစေခြင်း

✅ဗီတာမင်အီးပါဝင်သဖြင့် အသားအရည်ကို စိုပြေစေခြင်း

✅ဆံကေသာကျန်းမာသန်စွမ်းခြင်း

✅သွားနှင့်အရိုးများ သန်စွမ်းစေခြင်း

✅အစာခြေစနစ်ကောင်းစေခြင်း

✅ခန္တာကိုယ်သွယ်လျလှပစေခြင်း

စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်🤗

01/05/2023

စိတ်ညစ်ရင်_ဒီ_၁၄_ချက်ကို_သတိရလိုက်ပါ
--------------------------------------------------

၁။ စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ကောင်းကင်ကိုကြည့်ပါ။ ကောင်းကင်ကြီးက တစ်ကမ္ဘာလုံးနဲ့ ဆက်နေတာနော်။

၂။ နားမလည်တဲ့အရာဆိုတာရှိနိုင်ပါတယ်။ အရေးကြီးတာက နားမလည်တာကို နားလည်အောင် ကြိုးစားဖို့ပါ။

၃။အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုကိုယ် ပြန်မေးပါ။ဒီတစ်ကြိမ်မှ မကြိုးစားရင် ဘယ်တော့ကြိုးစားမှာလဲ။

၄။ "ကြိုးစားတာ” နဲ့ “စိတ်မပါပဲလုပ်တာ” ဆိုတာ အဓိပ္ပာယ်က မတူပါ။

၅။ တခါတလေ ငိုသင့်ရင်လည်း ငိုလိုက်ပါ။ မငိုတာကြာရင် မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

၆။ အရမ်းပင်ပန်းလာရင် ရှေ့ဆက်ပြီးကြိုးစားဖို့ထက်စာရင် ခဏအနားယူတတ်ဖို့လည်းလိုပါတယ်။

၇။ ကြုံတွေ့နေရတဲ့ ပြဿနာကို အရှုံးပေးရမယ်ဆိုရင်လည်း အကောင်းဘက်ကတွေးပြီး နောက်ဆုတ်ပေးလိုက်ပါ။

၈။ ပထမလည်းတော်သလို၊ ဒုတိယ တတိယလည်းတော်ပါတယ်။

၉။ စကြ်ာဝဠာသမိုင်းကနေကြည့်ရင် ကမ္ဘာ့သက်တမ်းဟာ ၄ နာရီလောက်ပဲရှိပါသေးတယ်။

၁၀။ သက်တံ့ဆိုတာဟာ မိုးတိတ်သွားမှ မြင်ရတာပါ။

၁၁။ ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ အသက်ရှင်နေတာပါ။ အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့။

၁၂။ အဆင်ပြေရင်လည်း အဆင်ပြေသလိုနေပါ။ ဆုံးရှုံးမူတွေရှိရင်လည်း စ်ိတ်ကိုဖြေပြီး နောက်တကြိမ် မမှားအောင် သတိထားပါ။

၁၃။ ကြိုးစားပေမဲ့လည်း အဆင်မပြေဘူး။ မကြိုးစားပဲ ထိုင်နေရင် ပိုအဆင်မပြေဖြစ်မှာပါ။

၁၄။ လူဆိုတာ ကြိုးစားချင်စိတ်ရှိရင် ဘယ်လောက်ပဲအသက်တွေရရ ပြောင်းလဲနိုင်ပါတယ်။

Credit ရာမညမြေ

Photos from Hein Htet Aung- H2A Macadamia Nuts's post 30/04/2023

🚨အထူးသတိပေးချက်
အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်ပြီး နှလုံးခုန်မြန်။ ရေသောက်လည်း တံတွေးတွေ မထွက် အာခေါင်ခြောက်ကာ ကိုယ်လက်တွေ ထုံကျင် ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ အဖြစ်များလာတယ်လို့ ကြားရတယ်။
ညဘက်ပိုင်းမှာ နေမပူပေမဲ့ ပူအိုက်ပြီး အသားတွေ ပူလာ ၊ ချွေးမထွက်ပဲ ရေဆာ ရေငတ် မူးဝေ ခြေလက်ထုံကျင် နှလုံးခုန် မမှန်တာတွေဟာ အပူရှပ်တာဖြစ်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။ ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။ Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေပါတယ်။ ကိုယ်လက်ကိုက်ခဲ နေမကောင်းဘူး ထင်ပြီး ချွေးလေးထွက်အောင် ပါရာစီတမောလေး သောက်မိရင် ရောဂါကို ပိုဆိုးစေပြီး သေတတ်ပါတယ်။ အခုလို ရာသီမှာ အိမ်တိုင်းမှာ ဓာတ်ဆားထုတ်တွေ ဆောင်ထားသင့်ပါတယ်။ ဆီးချို သွေးတိုးရှိသူတွေကတော့ သတိထား သောက်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ Heat Stroke ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားပြသင့်ပါတယ်။

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်


#အပူလျှပ်ခြင်း

Credit ;

Photos from Hein Htet Aung- H2A Macadamia Nuts's post 28/04/2023

ကျန်းမာရေးအတွက် တန်ဖိုးရှိလှတဲ့ အစေ့အဆံတွေကို ဘယ်လိုစားသုံးကြမလဲ❓

အစေ့အဆံတွေကို နေ့စဥ်စားသုံးသင့်သလားဆိုတော့ ဟုတ်ကဲ့စားသုံးသင့်ပါတယ်၊ လူတယောက် နေ့စဥ်လိုအပ်ချက် ပမာဏလောက်စားသုံးပေးမယ်ဆို ကျန်းမာရေးအတွက် များစွာအကျိုးများစေပါတယ်၊ လူတယောက်ရဲ့ နေ့စဥ်လိုအပ်တဲ့ ပမာဏဆိုတာ သူ့တေသီတွေရဲ့ အလိုအရ လက်တဆုပ်စာ/ ၄၀ ဂရမ်လောက်ပဲဖြစ်ပါတယ်။ ဒီထက်ပို့စားမယ်ဆိုရင်တော့ အကျိုးထက် အဆိုးကိုဖြစ်စေနိုင်ပါတယ်၊ စားကောင်းကောင်းနဲ့ တထိုင်ထဲအများကြီးစားမယ်ဆိုရင် ငွေကုန်ကြေးကြများတာ၊ ရင့်ပြည့်ရင်ကယ်ဖြစ်တာ လေပွတာတွေဖြစ်နိုင်ပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုပေမဲ့ တန်ဆေးလွန်ဘေးလို့ အဆိုလည်းရှိတယ်မို့လား။

နောက်တချက်က ကျန်းမာရေး အကျိုးများစေဖို့ဆို လိုအပ်တဲ့ ပမာဏကို မနက်နဲ့ နေ့လည်တို့မှာ စားပေးဖို့လိုပါတယ်၊ မနက်နဲ့ နေ့လည်တို့မှာ စားပေးချင်းအားဖြင့် သွေးတိုးခြင်း ကင်းဝေးစေပြီ နှလုံးသွေးလည်ပတ်မှု အားကောင်းစေတဲ့အတွက် အစဥ်နုပျိုလန်းဆန်းနေမှာဖြစ်ပါတယ်။ ညနေနဲ့ ညပိုင်းတွေမှာ စားသုံးမိရင်တော့ ကယ်လိုရီနဲ့ အဆီတိုးစေပြီး ဝိတ်တက်စေမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ အစေ့အဆံတွေကနေ အမှန်တကယ် ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်ဖို့ဆို နေ့စဥ် လက်တဆုပ်စာ/ ၄၀ ဂရမ် လောက်ကို မနက်နဲ့ နေလည်ဘက်တွေမှာ စားပေးဖို့လိုပါတယ်၊ ကိုယ်ကြိုက်နှစ်သက်ရာ အစေ့အဆံ တမျိုးမျိုးကိုသော်၎င်း၊ ရောရာကိုသော်၎င်း သုံးဆောင်ပေးမယ်ဆိုရင် အသက်ရှည်ပြီး အနာမဲ့တဲ့သူများ ဖြစ်နိုင်ကြမှာ အမှန်ပါ။ အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ။

Photos from Hein Htet Aung- H2A Macadamia Nuts's post 17/04/2023

🙏 "နှစ်သစ်ဆုတောင်း" 🙏

💞မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် 💞

နှစ်သစ် အခါသမယမှာ (၇) ရက် သားသမီးများအားလုံး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ကိုယ်၊စိတ်၊ နှလုံး ကျန်းမာ၊ ချမ်းသာကြပါစေ🙏🙏🙏

နှစ်ဟောင်းကအညစ်အကြေးများပပျောက်ပြီးနှစ်သစ်ကိုကံကောင်းခြင်းမင်္ဂလာများနှင့်ဖြတ်သန်းနိုင်ကြပါစေ🙏🙏🙏

နှစ်သစ်မှ စ၍ မြန်မာ ပြည်သူ ပြည်သား များနှင့် ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🙏 🙏

လို့ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျ❤️❤️❤️
#နှစ်သစ်ဆုတောင်း

Photos from Hein Htet Aung- H2A Macadamia Nuts's post 03/04/2023

#နှစ်သစ်တန်ခူးpromotionလေးလာပါပြီ

#တန်ခူးပရိုမိုးရှင်း လေးရယူပြီး ကိုယ်ချစ်ခင်ရတဲ့ လူပုဂ္ဂိုလ်များကို အတာရေနဲ့ ကန်တော့ရင်း မြန်မာ့ရိုးရာနှစ်သစ်ကို ဖြတ်သန်းကြမယ်

တခါစားပြီး ထပ်စားကိုစားချင်သွားမဲ့
မက္ကဒေးမီးယားအစေ့(ချောကလက်သီးစေ့)လှော်ကြွပ်ကြွပ်ချိုချိုဆိမ့်ဆိမ့်လေး ဖြစ်ပါတယ် 🤗🤗

🔥 ခေတ်မှီစက်ကိရိယာ သင့်လျော်တဲ့ temperatureနဲ့ အချိန်ကြာမြင့်စွာ ပေါင်းလှော်အခြောက်ခံပေးထားပါတယ်ဗျ 🔥

🔥 အစိမ်းအရသာနဲ့လုံးဝမတူတော့ပဲ တကိုက်နဲ့တင် ထပ်စားချင်သွားမယ်🔥🤧
😍 ကြွပ်ချိုဆိမ့်မွှေးလေး 😍
မယုံရင် ဝယ်စားကြည့်ပါ 😅
1ဗူး(သို့)1ထုပ် - 5000ks (165g)

kgလိုက်ယူချင်တဲ့သူတွေတွက်
1kg - 30000ks 🤑
500g - 15000ks
အနည်းငယ် စမ်းစားချင်သူများအတွက်လည်း
100gကစပြီး အထုတ်သေးဖြင့်မှာယူလို့ရပါတယ်
100g-3200ks

🛢️🌰ဒါ့အပြင် 100%အာမခံအပြည့်အဝပေးထားပြီး လုံးဝအရောအနှောကင်းတဲ့ Macadamia Oilကိုလည်း
1ပိသာ- 40000ks
တစ်ဆယ်သားကစပြီးဝယ်ယူလို့ရပါတယ်🙋‍♂️🍀

😊အတန်ဆုံးသော အရာလေးကတော့ မက္ကဒေးမီးယားစေ့ အကြေစပါ
မုန့်လုပ်မလား ဒီတိုင်းဘဲစားမလား ရေခဲမုန့်နဲ့ရောစားမလား တခုခုနဲ့ရောနှောပေါင်းစပ်တီထွင်မလား😋
အခြောက်ခံလှော်ပီးသားပါ
1kg-22000ks
500g- 11000ks
သူလည်း 100gကစပြီး မှာလို့ရပါတယ်
100g-2500ks

💚အစိမ်းမှ အစိမ်းလတ်လတ်ဆတ်ဆတ်အသီးသစ်ကို ကိုယ်တိုင်ခွဲစားချင်သူအတွက်လည်း
အခွံညိုပါအသီးသစ် 1kg-6000ks
500g-3000ks
အားလုံးက လက်လီးစျေးပါ လက်ကားစျေးသီးသန့်ရှိပါတယ်

09-423796396 ကိုမေးမြန်းဆက်သွယ်နိုင်ပါတယ်
⚛ လက်ကားသမားအတွက်လည်းသီးသန့်စျေးရှိပါတယ်ဗျ
🤗ပင်းရင်းကတော့ မန်းလေးကပါ🤗
⚛ မန္တလေးမြို့တွင်းပို့ခ 1000-1500ks ကျသင့်မှာဖစ်ပြီး

⚛ ရန်ကုန်၊နေပြည်တော်၊မန္တလေးအပါအဝင်တခြားမြို့/ နယ်ပေါင်း၁၃၀ကျော်ကိုလည်းပစ္စည်းရောက်မှ ငွေချေ အိမ်အရောက်ပို့များဖြင့် ပို့ဆောင်ပေးပါတယ်ဗျ

‼ kpay/wave pay ပေးချေနိုင်ပြီး %ထပ်ပေးဆောင်ရန်မလိုပါဗျ‼

🙏မှာယူလိုပါက09-423796396 ဆက်သွယ်နိုင်ပါတယ်ဗျ
🙏သိချင်တာမှန်သမျှလည်း စုံစမ်းမေး
မြန်းနိုင်ပါတယ်ဗျ

❣ ကျန်းမာရေးတွက် အကျိုးပြုတာလေးတွေ share လုပ်ထားပါတယ်ဗျ ❣

မက္ကာဒေးမီးယား နေ့တိုင်းစားသုံးပါက ခံစားနိုင်သောအကျိုးကျေးဇူးများ

✅ဦးနှောက် ဖွံဖြိုးတိုးတက်စေခြင်း

✅ဆီးချို သွေးချို ကာကွယ်ပေးခြင်း

✅နှလုံးအားကောင်းစေခြင်း

✅သွေးကြောတွင်းအဆီဓာတ်လျော့ကျစေခြင်း

✅ကင်ဆာရောဂါကာကွယ်ပေးခြင်း

✅အိုမင်းရင့်ရော်မှု အမာရွတ်များ လျော့ကျစေခြင်း

✅ဗီတာမင်အီးပါဝင်သဖြင့် အသားအရည်ကို စိုပြေစေခြင်း

✅ဆံကေသာကျန်းမာသန်စွမ်းခြင်း

✅သွားနှင့်အရိုးများ သန်စွမ်းစေခြင်း

✅အစာခြေစနစ်ကောင်းစေခြင်း

✅ခန္တာကိုယ်သွယ်လျလှပစေခြင်း

စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်🤗

01/04/2023

အညာနဲ့တမာ (နွေထနောင်း၊ ဆောင်းမန်ကျည်း)
#လူထုဒေါ်အမာ

တစ်နေ့ကတော့ အောက်အရပ်မှာ နှစ်ပေါင်း ၃၀ လောက် ကြာအောင် သွားနေရတဲ့ ကျွန်မ တူကလေးတစ်ယောက် မန္တလေးကို တစ်ခေါက် ပြန်လာတယ်။ ဒါနဲ့ ကျွန်မက ရောက်တုန်းရောက်ခိုက် အေးအေးလူလူ စကားပြောရအောင် ငါ့အိမ်မှာလည်း ထမင်းစားဦးဟဲ့ဆိုပြီး သူ့ကို ထမင်း ခေါ်ကျွေးတယ်။ သူက စားလိုက်တာ ခေါင်းမဖော်ဘူး၊ ဘာတွေနဲ့ သူစားနေသလဲလို့ ကြည့်လိုက်တော့ ကျွန်မတို့ဆီက ရာသီဟင်း ခရမ်းချဉ်သီး ငါးပိချက်ကို တမာရွက်ပြုတ်နဲ့ တို့မြှုပ်ပြီး စားနေတာကိုး။ ကြက်သား ဟင်းကလေး ချက်ထားတာကို တို့ပုံတောင် မရဘူး။ "တမာရွက်က ဟိုမှာ မစားရဘူး ဒေါ်ဒေါ်ရဲ့" ဆိုပြီး တမာရွက်တွေချည်း ထမင်းထဲ မြှုပ်မြှုပ် စားနေတယ်။

ကျွန်မတို့ အညာမှာတော့ တမာပင်က ပေါသမှတ်လား၊ ဒီဇန်နဝါရီလလို ရာသီမှာ တမာပင်တွေက အရွက်တွေ ကြွေပြီး ရွက်နုကလေးတွေ ထွက်ကြပြီ။ အဲဒါကို ကျွန်မတို့က ချိုးယူပြီး ရေနဲ့ ပြုတ်တယ်။ အခါးရည်ကလေး ထွက်သွားပြီ ဆိုတော့ ဇီး(ဆီး) ချဉ်သီး ပြုတ်ကလေးနဲ့ အချဉ်သတ်တယ်။ တမာရွက် နုချိန်မှာ ဇီး (ဆီး) ချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီး(ဆီး) သီး ချဉ်ကလေးက ဇီး(ဆီး) နံ့လေး မွှေးတယ်လေ။ ဒါကြောင့် ကျွန်မတို့က ဇီး (ဆီး) ချဉ်သီးမှည့်ကလေးတွေကို ပြုတ်၊ နူးတော့ လက်နဲ့ချေနယ်ပြီး ရတဲ့ အချဉ်ရည်ကလေးထဲ ရေနွေးဖျောပြီးသား တမာရွက်ပြုတ်ကလေးကိုနှစ်ပြီး စိမ်ထားလိုက်တယ်။ ပြီးတော့ သူ့ကို အတို့အမြှုပ် လုပ်စားလေ့ရှိပါတယ်။

အောက်အရပ်က ဒီအချဉ်နှပ်ပြီး တမာရွက်ပြုတ်ကို တမာချဉ်လို့လည်း ခေါ်ကြရဲ့။ တမာချဉ်ကို ငါးပိချက်၊ ငါးပိရည်၊ ငံပြာရည်နဲ့လည်း တို့ကြ မြှုပ်ကြပါရဲ့။ ဒါပေမဲ့ ခုလို ဆောင်းမှာ ခရမ်းချဉ်သီးကလည်း အညာမှာ ပေါနေတော့ ခရမ်းချဉ်သီးနဲ့ ငါးပိနဲ့ အချဉ်ချက်ထားတဲ့ ခရမ်းချဉ်သီး ငါးပိချက်ကလေးနဲ့ တို့တော့ ပိုပြီး လိုက်ဖက်တယ်လေ။ တမာက အခါးမှုတ်လား။ ကျွန်မတို့အညာမှာ မန်းကျည်း၊ ထနောင်းနဲ့ တမာဟာ ပေါပေါများများ ပေါက်တဲ့အပင်မျိုးပါပဲ။ တမာကို NEEM လို့ ခေါ်ပြီး အိန္ဒိယကတော့ တမာဟာ သွားအတွက် အကောင်းဆုံးဆေးလို့ သတ်မှတ်တာမို့ သူတို့လူမျိုးဓလေ့ တမာရိုးနဲ့ သွားတိုက်ရုံသာမက တမာဆီနဲ့ သွားတိုက်ဆေးများပါ ထုတ်လုပ်နေလေရဲ့။ ကျွန်မတို့ဆီမှာတော့ တမာသီးတဲ့အခါ အစေ့ကို ဆီကြိတ်တယ်။ တမာရွက်နုကို လူတွေက စားတယ်။ ဒါပဲ အသုံးရှိပါသေးတယ်။ တမာရွက် နုတဲ့အခါ ရွက်နုခူးရင် တစ်ခုတော့ သတိထားရတယ်။ သူ့အကိုင်းက ဆတ်တယ်လေ၊ ဒါကြောင့် တံချူနဲ့ ခူးတာက အန္တရာယ်ကင်းတယ်။ တမာပွင့်တဲ့အခါ သူက အများကြီးလည်း ပွင့်တယ်။ မွှေးလည်း မွှေးတယ်။ ဒါကြောင့် ကျွန်မတို့ ကလေးဘဝမှာ တမာပန်းဟာ ချိုးစရာ၊ သင်္ကြန်အိုးထိုးစရာ ပန်းပါပဲ။ တမာဟာ မျိုးကွဲမျိုးပွား ဘယ်နှမျိုး ရှိသလဲတော့ မသိဘူး။

ကျွန်မတို့ဆီမှာတော့ ဟိုအရင်ကတည်းက ရှိတဲ့ တမာမျိုးကို ကျွန်မတို့က ဗမာမျိုးလို့ ခေါ်ကြတယ်။ စားတော့လည်း အဲဒါကို ပိုကြိုက်တယ်။ သူက အရွက်ကျဲတယ်၊ နည်းတယ်။ ကျွန်မတို့အထင် သူက အခါး နည်းပြီး ပိုဆိမ့်တယ်ထင်တယ်။ နောက်စိုက်တဲ့မျိုး တမာကတော့ အရင် ကျွန်မတို့ဆီမှာ ရှိနှင့်တာထက် ပိုပြီး အရွက်စည်ပါတယ်။ စားတဲ့လူက ရှိရင်းစွဲတမာ မရှိရင် အတူတူထားပြီး စားတာပါ။ သိပ်မခွဲတတ်ပါဘူး။ ဒီတမာနဲ့ ပတ်သက်လို့ မြသန်းတင့်က တမာနုချိန်စစ်တမ်းဆိုပြီး ၁၉၈၉ ခုနှစ်က ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ မြသန်းတင့်ကလည်း အညာသား၊ စာကလည်း အရေးကောင်းဆိုတော့ သူ့ "တမာနုချိန် စစ်တမ်း" က တမာနဲ့ပတ်သက်ပြီး တကယ့် စာတစ်စောင်ပေတစ်ဖွဲ့ဖြစ် ကျန်ရစ်ပါတယ်။ ကျွန်မတို့အညာက ဥတုရာသီက ပူစရာရှိလည်း တော်တော် ပူပြင်းတယ်။ ဖာရင်ဟိုက် ၁၀ဝ က ကျော်တာချည်းရယ်။ ပိုပူတဲ့ နှစ်တွေမှာ ၁၁၀ ဒီဂရီလောက်အထိ ပူလာတာ။ ဆောင်းရောက် ပြန်တော့လည်း ၇၀ ဒီဂရီလောက်အထိ အေးပြန်ရော။ နွေနဲ့ ဆောင်းမှာ အဲဒီလို ဖာရင်ဟိုက် ဒီဂရီ ၃- ၄၀ ခြားတော့ ဒီဥတုရာသီရဲ့ ဒဏ်ကို ခံနိုင်ဖို့ သဘာဝက ပေးနိုင်တဲ့ အကာအကွယ်ကိုလည်း လူက မက်မောရတယ် ထင်ပါရဲ့။

အပူအအေးကာကွယ်မှုနဲ့ ပတ်သက်လို့ "နွေထနောင်း ဆောင်းမန်ကျည်း" လို့ အညာမှာရှိတဲ့ ထနောင်းပင်နဲ့ မန်ကျည်းပင်ကို ခုံခုံမင်မင် မက်မောမှုနဲ့ စာဖွဲ့လေ့ရှိပါတယ်။ နွေခါမှာ ထနောင်းပင်က သိပ်အဖိုးတန်တာ အမှန်ပါ။ ဆောင်းရောက်တော့လည်း မန်ကျည်းပင်လေ။ အညာမှာ နွေရောက်ရင် ရာသီဥတုပူပူကြီးထဲမှာ နွေပေါက်မှ ရွက်သစ်တွေဝေလာတဲ့ ထနောင်းပင်က တစ်နွေလုံးကို သူ့အစွမ်းအစကလေးနဲ့ အန်တုနေသလား အောက်မေ့ရတယ်။ ရွက်နုစိမ်းစိမ်းကလေးတွေ ဝေနေတဲ့ ထနောင်းပင်ရဲ့အလှက စိတ်ချမ်းသာစရာ ကောင်းလိုက်တာ ကြည့်မဝဘူး။ ပြီးတော့ အလွန်ပူပြင်းနေတဲ့ ပတ်ဝန်းကျင်ထဲက သူ့အရိပ်ကလေးကလည်း တကယ်ပဲ အေးသွားတာပါ။ သစ်ပင်တွေရဲ့ အရွက်ဆိုတာ အစိမ်းချည်းပါပဲ။ ဘယ်အပင်က ဘာရွက်ဖြစ်ဖြစ် စိမ်းတာပါပဲ။ ဒါပေမဲ့ ထနောင်းပင်က ထနောင်းရွက်နု ထွက်လာတဲ့အခါ စိမ်းပုံက ဘာရွက်စိမ်းနဲ့မှ မတူပါဘူး။ အစိမ်းပေမယ့် အဝါစွက်တဲ့ အစိမ်းမို့ သူက စိုပြီးရွှင်ပြီး စိမ်းတဲ့အစိမ်း၊ ပူလွန်းလို့ တခြားအပင်တွေက အရွက်တွေက မကြွေသေးရင်လည်း အရောင်မလှတော့ဘဲ ရော်နေတဲ့အချိန်မှာ သူက ဝေနေတဲ့ ရွက်သစ်တွေက နုစိမ်းပြီး ဝါဖန့်ဖန့်ကလေး ရှိနေလိုက်ပုံက သစ်ရွက်သာဆိုတယ် အရောင်တွေ တောက်နေတဲ့ သစ်ရွက်ပါ။ ကျွန်မက ပန်းချီမျက်စိ မရှိလို့ အရောင်ကို ပန်းချီပြော မပြောတတ်လို့သာပေါ့။ ဒီအချိန် ဒီရာသီမှာ ထနောင်းရွက်နုကလေး စိမ်းလန်းနေပုံက သူအရိပ်ထဲ မဝင်ရသေးဘဲနဲ့ စိတ်ကို အေးချမ်းနှင့်စေတာမို့ အလွန်ကို နှစ်ခြိုက်ကျေနပ်ဖို့ ကောင်းတာပါ။

ပြီးတော့ ထနောင်းရော၊ မန်ကျည်းရော၊ အရွက်ရဲ့ ရွက်ဖတ်က သေးသေးကလေးတွေရယ်။ ဒါပေမဲ့ သူတို့က စိပ်စိပ်ကလေးထွက်တဲ့ အရွက်ဆိုတော့ အဝေးက လှမ်းကြည့်ရင် တစ်ရွက်ချင်း မမြင်ရဘဲ ထိစပ်နေတဲ့ အစိမ်းပြင်အဖြစ်နဲ့ မြင်ရတာ။ ဒါကြောင့် နေကိုကာတဲ့ အရိပ်ပေးကြစို့ဆိုတော့လည်း တခြား ဘာပင်တွေနဲ့မှ မတူဘူး။ တကယ်လုံအောင် မိုးပေး ကာပေးကြတဲ့ ရွက်စိပ်ကလေးတွေ။ ဒါကြောင့် ပူလောင်ပြင်းပြတဲ့ နေပူက လာတဲ့လူက ထနောင်းပင်ရိပ်ကို ဝင်လိုက်ရတဲ့အခါ သိသိသာသာ အေးသွားတယ်လေ။ ထနောင်းက ပင်စောက်ပင်ကြီးမျိုး၊ အကိုင်းအခက်က ဘေးဖြာထွက်တော့ ထီးမိုးသလို အရိပ်ရစေတယ်။ ထနောင်းဟာ အရိပ်ရရုံ အပင်တော့လည်း မကဘူး။ သူ့အရွက်ကို ကျွန်မတို့အညာက လူတွေက စားကြတယ်။ ထနောင်းရွက်နုကလေးတွေ ထွက်လာရင် ခူးပြီး ပြုတ်တယ်။ ထနောင်းရွက်နုပြုတ် ဈေးထဲမှာ ရောင်းတယ်။ ဝယ်လာခဲ့ အိမ်မှာ အရိုးသင်ပြီး နှမ်း၊ မြေပဲ၊ ပုစွန်ခြောက်၊ ဆီချက် နဲ့ သုပ်စားကြတယ်လေ။ သူက ချိုတယ်ချဉ်တယ်ဆိုတာမျိုး မဟုတ်ဘူး၊ ဆိမ့်တာပါ။ လူတွေက ထနောင်းပင်က အခေါက်ကို ခွာပြီးတော့ သားရေနယ်ရာမှာ သုံးတယ်။ ထန်းလျက်ချက်ရာမှာ ခပ်တယ်။ အရက်ချက်ရာမှာလည်း ထနောင်းခေါက်ကို ထည့်သေးတယ်။ ထနောင်းပင်ဟာ မကြီးလွယ်ဘူး။ မန်ကျည်းလိုပဲ နှစ်ရှည်စိုက်ရတဲ့ အပင်မျိုး။ သူ့ကို သေမကုန်အောင်တော့ အခေါက်ခွာသူတွေက သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ စီးပွားရေးက အရေးကြီးလေတော့ နတ်နေကိုင်း မချန်နိုင်တာတွေက များများလာလို့ပါ။ ထနောင်းရဲ့ အစ်ကိုကတော့ မန်ကျည်းပေါ့။ ကျွန်မတို့ငယ်ငယ်က "နွေ ထနောင်း၊ ဆောင်းမန်ကျည်း" ဆိုတာကို အဓိပ္ပာယ် သေသေချာချာ သိတာမဟုတ်ဘူး။ ကြီးလာမှ မန်းကျည်းပင်ရိပ်ကြီး အုပ်အုပ်ဆိုင်းဆိုင်းရဲ့ အောက်ကို ဝင်လိုက်ရင် ဆောင်းတွင်းမှာ နွေးတာကို သိတယ်။ မန်ကျည်းပင်က ဆောင်းတွင်းမှာ အရွက်က စည်တုန်း ဆောင်းကုန်မှ သူက အရွက်ကြွေတာ။ အဲဒီတော့ မန်ကျည်းရွက် အထပ်ထပ်ကို နှင်းက မထိုးဖောက်နိုင်ဘူး ထင်ပါရဲ့။

မန်ကျည်းရွက်က ကြွေပြီဆိုရင် အရင်ကတော့ ကျွန်မတို့ ကလေးဘဝတုန်းက မန်ကျည်းရွက်နု ခူးလို့ အလွန်ကောင်းခဲ့တာပေါ့။ မန်ကျည်းပင်ပေါ် တက်ကြ၊ ရွက်နုခူးကြ၊ လွယ်အိတ်တွေနဲ့ သီချင်းတကြော်ကြော် မန်ကျည်းရွက်ခူးရင်း သီဆိုကြနဲ့ အလွန်ပျော်တာ။ မန်ကျည်းပင်က ကိုင်းခိုင်တော့ လူကြီးတွေကလည်း ကျိုးကျမှာ မပူဘူး။ တက်လို့ကောင်းတဲ့ အပင်ဆိုရင် တက်ကြပဲ။ မန်ကျည်းကိုင်းက ဆတ်မှ မဆတ်တာ။ လက်သန်း လက်ညှိုး တုတ်ရင် လူခိုစီးလို့ ရနေတယ်လေ။ မန်ကျည်းရွက်က ကြွေပြီဆိုရင်ဖြင့် မန်းကျည်းရွက် အကြွေကို မြေဩဇာသမား၊ ပန်းပင် သစ်ပင်စိုက်သမားက သိပ်ကြိုက်ပါတယ်။ မန်ကျည်းရွက်ဆွေး မြေဩဇာဆိုတာ သိပ်ကောင်းသတဲ့။ ပြီးတော့ မန္တလေးမှာ မန်ကျည်းပင်ကြီးတွေကလည်း ပေါမှပေါ။ ဒုတိယကမ္ဘာစစ်မီးကြီး မြို့ကို အလောင်မြိုက်ခံလိုက်ရတော့ ဘိုးစဉ်ဘောင်ဆက်က ရှိလာတဲ့ မန်ကျည်းပင်ကြီးတွေ စစ်မီးလောင်လို့ ကုန်ပါရော။ ပြာပုံထဲက ကုန်းထရတဲ့ မန္တလေးက ရုတ်တရက် အရိပ်အာဝါသရအောင် ဗာဒံပင်လို ချက်ချင်း အပင်ဖြစ်နိုင်တာတွေကို စိုက်ကြရတယ်။ မန်ကျည်းက အပင်တော်တော်နဲ့ ကြီးတာမဟုတ်တော့ မန်ကျည်းကို မစိုက်ကြတော့ဘူး။ လောလောဆယ် အရိပ်က ရချင်ကြတာကိုး။ စစ်ကြီးမဖြစ်ခင်ကတော့ တစ်မြို့လုံး မန်ကျည်းပင်တွေက ရပ်ကွက်တိုင်း လမ်းတိုင်း အိမ်ဝင်းတိုင်းမှာ ရှိနေတာ။ မန်ကျည်းက အရွက်သာစားရတာ မဟုတ်သေးဘူး။ ရွက်နုကလေး ဖားလာလို့ အဖူးနဲ့ အပွင့်ကလေးတွေ ဝင်လာပြီဆိုပြန်တော့လည်း ကျွန်မတို့က မန်ကျည်းဖူးကလေးတွေကို ခူးပြုတ်ပြီး
သုပ်စားကြပြန်ရော။ မန်ကျည်းပွင့် မန်ကျည်းဖူးကို အချဉ်လုပ်ပြီး သုပ်စားပြန်တော့လည်း မြေပဲဆံကလေး၊ နှမ်းကလေး၊ ဆီချက်ကလေးနဲ့ အချဉ်သနပ်ကလေးအဖြစ် စားလို့ ကောင်းပြန်ရော။ မန်ကျည်းက ဖူးပွင့်ပြီးရင် မကြာပါဘူး။ သီးကင်းကလေးတွေ ဝင်လာတော့တာပါ။ ကျွန်မတို့အညာက မန်ကျည်းသီးကို သီးကင်းစကစပြီး ရင့်လာ မှည့်လာ ခြောက်လာတဲ့အထိ အရွယ်မရွေး ခူးစားပါတယ်။ သီးနုကလေးတွေကို ထောင်းစား၊ ထောင်းပြီး ချက်စားလိုက်တာ အစေ့ဝင်လို့လာတဲ့အထိပါ။ အစေ့ဝင်တော့လည်း သီးရင့်ကို တစ်ခါ ပြုတ်ပြီး ချဉ်ရည်ဟင်းမှာ အချဉ်ရည်ထည့်ပြန်ပါရော။ သီးရင့်က မှည့်ချင်လို့ ရွမ်းလာတော့လည်း မန်ကျည်းသီးရွမ်းပြင်းကို မန်ကျည်းကြက်ဆူလို့ခေါ်ပြီး စပ်ချဉ်ဟင်းအဖြစ်နဲ့ ငါးပိတစ်များနဲ့ ချက်စားပြန်ပါရော။ မန်ကျည်းကြက်ဆူဟင်းက အနံ့လေးတစ်မျိုး မွှေးသေးတယ်။ မန်ကျည်းက မှည့်သွားပြီဆိုရင်တော့ တစ်နိုင်ငံလုံး သုံးဖို့၊ နိုင်ငံခြားတင်ပို့ဖို့အထိ ကျယ်ပြန့်သွားပြီလေ။

မန်ကျည်းမှည့်ဟာ အညာဒေသရဲ့ တစ်ခုသော ဝင်ငွေရတဲ့ ဒေသထွက်ကုန်ပါ။ အထူးသဖြင့် ကျောက်ပန်းတောင်း၊ ရမည်းသင်း စတဲ့ ဒေသတွေမှာ မန်ကျည်းဟာ စီးပွားရေးလုပ်ငန်း တစ်ခုပါ။ ကျောက်ပန်းတောင်းက ထွက်တဲ့ မန်ကျည်းက အသားထူလို့တဲ့ ဝယ်သမားက ဈေးပိုပေးရတယ်။ မန်ကျည်းထွက်တဲ့ ဒေသတွေမှာ ပြောတဲ့စကားတစ်ခု ရှိသေးတယ်။ "မန်ကျည်းတစ်လှည့် ဆီးတစ်လှည့်" ပါတဲ့။ အဓိပ္ပာယ်က ဒီနှစ်မန်ကျည်းက သိပ်သီးလို့ ဝင်ငွေကောင်းခဲ့ရင် ရှေ့နှစ်တော့ မန်ကျည်းက အသီးနည်းနည်းလျှော့မယ်၊ အဲဒီနှစ်က ဆီးအထွက် ကောင်းတဲ့နှစ်ဖြစ်တယ်လို့ ပြောချင်တာပါ။ ဒါက သစ်ပင်များရဲ့ထုံးစံ တစ်နှစ်မှာ အများကြီးသီးထားရင် နောက်နှစ်ဆက်ပြီး အများကြီး မသီးဘူးလေ အနားယူတဲ့သဘော၊ သီးတော့သီးတယ် ဒါပေမဲ့ အသီးလျှော့တယ်။ တစ်နှစ်နားလိုက် လျှော့လိုက်ရင် နောက်နှစ်တော့ ပိုသီးပြန်ရော၊ အထွက်ကောင်းပြန်ရော ဆိုတဲ့သဘောပါ။ စာရေးဆရာကြီး ဒါရိုက်တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ အသုံးလုံးရုပ်ရှင်ကား "ဘယ်သူ ပြိုင်လို့ လှပါတော့နိုင်" ဇာတ်ကားမှာ " ရွှေရှိသယ်၊ ငွေရှိသယ်၊ မန်ကျည်း ရှိသယ်၊ စာသင်ဖို့ လိုပါဘူး" ဆိုတဲ့ စကားကလေး မှတ်မိကြမှာပေါ့၊ အညာက တချို့ဒေသမှာ မန်ကျည်းက စီးပွားရေးမှာ အရေးပါတာကို ပြောချင်တာပါ။

စီးပွားရေးကို ကိုင်တွယ်အုပ်ချုပ်မှု ပုံစံပြောင်းကာစ အချိန် တစ်ချိန်တုန်းကတော့ ဟာသလေးတစ်ခု ထွက်လာသေးတယ်။ အဲဒီ ဒေသဆိုင်ရာ အာဏာပိုင်တစ်ယောက်က မန်ကျည်းကို ဘယ်ရွေ့ဘယ်မျှသာ ရောင်းစားရမယ်၊ ဘယ်ရွေ့ဘယ်မျှကိုတော့ မျိုးအတွက် ချန်ထားရမယ်လို့ အမိန့်ပေးခဲ့ဖူးပါသတဲ့ ပြောစမှတ်ကလေးတွေပါ။ မန်ကျည်းပင်ဆိုတာ စိုက်ထားရင် တစ်ပင်ကို နှစ်တွေရာနဲ့ချီပြီး အသက်ရှည်တတ်တဲ့ အပင်မျိုး။ ပုဂံခေတ်က မန်ကျည်းပင် ခုထက်ထိ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။ မန်ကျည်းဟာ ကြီးခဲတယ်။ အသက်ရှည်တယ်။ ပြီးတော့ လေဒဏ်မိုးဒဏ် ခံတယ်။ ဘယ်မုန်တိုင်းတိုက်တိုက် မန်ကျည်းပင် ကြီးတွေ ပြတ်သတ် ပြိုလဲကုန်တယ်လို့ မဖြစ်လေ့ဘူး။ အပင်က သိပ်ခိုင်မြဲတဲ့ အပင်တွေပါ။ ဒီလို ခိုင်မြဲတော့ အကြောင်းမသင့်လို့ ခုတ်လှဲရရင် မန်ကျည်းသားကို လွှများနဲ့ ဖြတ်တောက်ပြီး စဉ်းတီတုံးများ အဖြစ် အသုံးပြုရပါတယ်။ မန်ကျည်းသားက သိပ်မာတယ် မဟုတ်လား။ စဉ်းတီးတုံးလုပ်လို့ အကောင်းဆုံးပဲ။

အဲဒီ မန်ကျည်းမာတဲ့ သတ္တိကြောင့် ဒီခေတ်မှာ ကြီးမားတဲ့ အန္တရာယ်တစ်ခု ပေါ်ပေါက်လာတာလည်း စိတ်မချမ်းမြေ့စရာ ကြားလာရတယ်။ အဲဒါကတော့ မန်ကျည်းသားက မာလို့ သူ့ကိုသွေးပြီး သူ့သွေးဖတ်ကို အမွှေးတိုင်လုပ်ငန်းသမားများက သုံးစွဲနေကြပါသတဲ့။ အဲဒီတော့ ရေစကြိုနယ်မှာဆိုရင် မန်ကျည်းပင်ကြီးတွေကို ခုတ်လှဲပြီး အမွှေးတိုင်လုပ်ဖို့ ရောင်းစားကြတာ မန်ကျည်းပင်ကြီးတွေ တော်တော်ကုန်ပြီလို့ ကြားရတယ်။ မန်ကျည်းဟာ ကျွန်းသစ်တောပြုန်းသလို ပြုန်းရရင် ကျွန်းပင်လို ပြန်စိုက်တော့ နှစ် ၈၀ နှစ် ၁၀ဝ နဲ့ အပင်ကြီး ဖြစ်မလာဘူး။ ပြီးတော့ မန်ကျည်းကို ပြန်စိုက်တဲ့ လူလည်း မရှိဘူး။

ဒါကြောင့် အရွက်ရော၊ အပွင့်ရော၊ အသီးရော၊ စားရတဲ့အပင်၊ တစ်ခါ ပေါက်နေရင် နှစ်ပေါင်း (၄-၅-၆၀ဝ) အသက်ရှင်နေတဲ့ အပင်ကြီးတွေမို့ သိပ်နှမြောရ ပါတယ်။ ဖြစ်နိုင်ရင် သူ့ကိုတော့ ချမ်းသာပေးကြပါလို့ တောင်းပန်ချင်လှတယ်။

လူထုဒေါ်အမာ

မှတ်ချက်။ ။ ဤ​ဆောင်းပါးကို Save the trees fb page က​နေ ပြန်လည် ကူးယူတင်ပြခြင်း ဖြစ်ပါသည်။

Telephone

Website