Virox Myanmar

Virox Myanmar

Virox Myanmar provides a full range of lint- free wet wipes for the fight against preventable infect

29/09/2023

မေမေမေတ္တာကဲ့သို့ သန့်စင်အေးမြမှုကိုပေးစွမ်းမယ့် Bello Baby Wipes 🥰

Baby Wipes လေးတွေက မွေးဖွားပြီးစမေမေတွေ၊ ကလေးရှိတဲ့အိမ်တွေအတွက် မရှိမဖြစ်ပဲနော်အလွယ်တကူသန့်စင်မှုပေးပြီး မေမေတို့ကို အလုပ်ဝန်ပေါ့စေတဲ့ Baby wipes လေးတွေကို ရွေးချယ်တဲ့အခါ နူးညံ့တဲ့ကလေးတွေရဲ့အသားအရည်ပေါ် ဘေးကင်းစိတ်ချစွာ အသုံးပြုနိုင်မယ့် ပါဝင်ပစ္စည်း၊ ဖော်မြူလာတွေ သုံးထားတဲ့ baby wipes ကို ရွေးချယ်ဖို့လိုပါတယ်။

Virox Myanmar မှာ ရနိုင်တဲ့ Bello Baby Wipes က 𝟗𝟗.𝟗 % 𝐏𝐮𝐫𝐞 𝐖𝐚𝐭𝐞𝐫 ဖြင့် ပြုလုပ်ထားကာ Alcohol ၊ MIT/ CIT နှင့် Paraben တို့အပြင် Frangrance ပါ မပါဝင်တာမို့ ငယ်ရွယ်နုနယ်တဲ့ ဘေဘီလေးတွေအတွက်စိတ်ချယုံကြည်စွာ အသုံးပြုလို့ရပါတယ်။

Vitamin E အဆီအနှစ်များ နှင့် Aloe Vera ပါဝင်လို့ အသုံးပြုပြီး အသားအရည်ကို ခြောက်ကပ်မှုမရှိစေတဲ့ 𝐁𝐞𝐥𝐥𝐨 𝐁𝐚𝐛𝐲 𝐖𝐢𝐩𝐞𝐬 တစ်ထုပ်မှာ 150 * 200 mm Wipe အရွက်ရေ ၈၀ တောင်ပါဝင်ပြီး ISO,CE နှင့် FDA အသိအမှတ်ပြုလက်မှတ် တွေရရှိထားပြီးဖြစ်တဲ့ 𝐁𝐞𝐥𝐥𝐨 𝐁𝐚𝐛𝐲 𝐖𝐢𝐩𝐞𝐬 ကို 𝟑𝟔𝟎𝟎 ကျပ်ထဲနဲ့ 𝐕𝐢𝐫𝐨𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။

14/09/2023

မိနစ်ပိုင်းအတွင်း အလွယ်ကူဆုံး နှင့် သန့်စင်မှုကို ပေးစွမ်းမဲ့ Virox Adult Wet Wipes ✨

ထိခိုက်ဒဏ်ရာရသူ လူနာများနှင့် နာတာရှည် နာမကျန်းလူကြီးမိဘတွေကို ပြုစုစောင့်ရှောက်ပေးရာမှာ လွယ်ကူသက်သာပြီး အကောင်းမွန်ဆုံးသန့်စင်မှုကိုပေးစွမ်းမဲ့ Patient Care ကိုရှာနေရင် Virox Myanmar မှာရနိုင်တယ်နော်။

Virox Adult Wet Wipes ဟာ

✅ Sensitive ဖြစ်လွန်းတဲ့ အသားအရည်ပိုင်ရှင်များအတွက်ပါ စိတ်ချလက်ချသုံးလို့ရအောင် Alcohol Free, Fragrance Formula ဖြင့် ထုတ်လုပ်ထားခြင်း၊

✅ 200mm * 300 mm ရှိသော Wipe အရွယ်အစားကြောင့် တစ်ရွက်ထဲသုံးရုံနှင့် ခန္ဓာကိုယ်အနှံ့ကို လုံလောက်အောင် ပွတ်တိုက်သန့်စင်နိုင်ခြင်း။

✅ Aloe Vera နှင့် Vitamin E ပါဝင်ခြင်းကြောင့် အသုံးပြုပြီး အသားအရည်ကို ခြောက်သွေ့ခြင်းမရှိပဲ အစိုဓာတ်ရရှိကာ လန်းဆန်းစေတဲ့အပြင် စေးကပ်မှုမရှိခြင်း။

✅ Singapore နိုင်ငံရဲ့ Quality Standard များနှင့် အညီထုတ်လုပ်ထားပြီး ISO, CE နှင့် FDA Certificates များပါရရှိထားပြီးဖြစ်လို့ အရည်အသွေးကိုစိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။

ဒီလို အသားအရည်ကို အချိန်တိုအတွင်း သန့်စင်နိုင်ဖို့ အထူးထုတ်လုပ်ထားတဲ့ Virox Adult Wet Wipes တစ်ထုပ်မှာ Wipes အရွက်ရေ 40 ပါဝင်ပြီး တစ်ထုပ်ကို 6000 ကျပ်ပဲကျသင့်တာမို့ မိသားစုအတွက် တွက်ခြေလည်းကိုက်စေမှာဖြစ်ပါတယ်။

Virox ‌Adult Wet Wipes များကို မှာယူလိုပါက Virox Myanmar Page Messenger မှာလာရောက်မှာယူအားပေးနိုင်ပါတယ်ရှင်။

07/09/2023

စိုစိုစွတ်စွတ် အုံ့မှိုင်းတဲ့ ရာသီဉတုကြောင့် မိသားစုဝင်တွေ ဖျားနာကြတဲ့အခါ 🤒…..

ယခုတလော ရာသီဉတုက မိုးရွာလိုက် နေပူလိုက် နဲ့ ပူအိုက်စိုစွတ်ကာ နေထိုင်ရ အတော်လေးမသက်မသာဖြစ်သလို ပတ်ဝန်းကျင်မှာ နှာစေး, နာဖျားကြသူတွေကိုလည်း ခပ်စိတ်စိတ်တွေ့လာရပါတယ်။ မိသားစုဝင်တွေ နေမကောင်းဖျားနာဖြစ်လာရင် ကိုယ်တိုင် စိုးရိမ်ပူပန်ကြရသလို သင့်တော်တဲ့ နည်းလမ်းတွေနှင့် ပြုစုပေးနိုင်ဖို့လည်း အရေးကြီးလှပါတယ်။ သင့်တော်တဲ့နည်းလမ်းတွေအနေနဲ့

( ၁ ) ရေပတ်ဝတ်တိုက်ပေးပါ။

ဖျားနာနေတဲ့သူကို အဝတ်၊ သဘက် အသုံးပြုကာ ရေပတ်ဝတ်တိုက်ပေးခြင်းက ကိုယ်အပူချိန်ကိုလျော့ကျစေဖို့ အတွက် အထောက်အကူပေးနိုင်ပါတယ်။ ဒါ့အပြင် လူနာအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေဖို့ ရေနွေးနွေလေးနှင့် ရေချိုးသန့်စင်ပေးနိုင်ပါတယ်။

( ၂ ) ရေဓာတ်ပြည့်ဝနေအောင် အထူးဂရုစိုက်ပေးပါ။

ဖျားနာစဉ် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ အထူးဂရုပြုပေးရပါမယ်။ ရေဓာတ်ပြည့်ဝနေခြင်းဟာ ကိုယ်ခံအားကို အားဖြည့်စေလို့ Recovery ဖြစ်ဖို့ ပိုမိုလွယ်ကူပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ စည်းချက်ကျကျဖြစ်နိုင်ဖို့အတွက် အထောက်အကူတစ်ရပ်ဖြစ်စေပါတယ်။ ဒါကြောင့်မို့ ဖျားနာသူကို ရေဓာတ်ပြည့်ဝစေမည့် အစားအသောက်၊ ရေ နှင့် အရည်များ၊ သစ်သီးဝလံများကို စားသောက်စေသင့်ပါတယ်။

( ၃ ) အာဟာရပြည့်ဝအောင် စားသောက်အနားယူခိုင်းပါ။

နာမကျန်းဖြစ်ခြင်းမှ အလျှင်မြန်ဆုံးသက်သာစေနိုင်ဖို့ အာဟာရပြည့်ဝအောင် စားသောက်စေခြင်း၊ အိပ်စက်အနားယူနိုင်ဖို့ လိုအပ်ပါတယ်။ ဖျားနာသူကို အလုပ်တာဝန်တွေမှ စိတ်ရောကိုယ်ပါ ခေတ္တခဏအနားယူစေခိုင်းကာ ကိုယ်ခံအားပြည့်ဝစေဖို့ ကူညီပေးသင့်ပါတယ်။

( ၄ ) အဖျားပျောက်ဆေးတွေ သောက်သုံးဖို့ သတိပေးပါ။

အဖျားကျစေဖို့အတွက် ဆေးသောက်ဖို့လိုပါတယ်။ လူနာသောက်သုံးနေကျ ဆေးဝါးများ၊ အဖျားကျစေဖို့ထုတ်ထားတဲ့ OTC Drugs တွေကို ဆေးညွှန်းအတိုင်း ဂရုတစိုက်မှီဝဲဖို့ သတိပေးပါ။ လိုအပ်ပါက နီးစပ်ရာကျန်းမာရေးဆေးပေးခန်း၊ ဆေးရုံ၊ ဆေးခန်းများသွားရောက်ကာ ကုသမှုခံယူပါ။

( ၅ ) အရေးကြီးဆုံးအနေဖြင့် အဖျားရောဂါကူးစက်ပျံ့နှံ့ခြင်းမရှိအောင် ဂရုစိုက်ပါ။

ဒီအချက်ဟာ နာမကျန်းဖြစ်နေသူကို ပြုစုစဉ်မှာ အထူးသတိပြုရမည့် အချက်ပါပဲ။ ဖျားနာသူကို အနီးကပ်ထိတွေ့မှုရှိချိန်မှာ နှာခေါင်းစည်း ( Mask ) တပ်ဆင်ထားခြင်း၊ မကြာခဏ လက်ဆေးခြင်း တို့အပြင် အခြားသူများကို ပျံ့ပွားကူးစက်မှုမရှိစေဖို့ ဖျားနာသူရော ပြုစုစောင့်ရှောက်သူပါ Self-Isolation ပြုခြင်းကို ရောဂါအမျိုးအစားပေါ်မူတည်ပြီး လိုက်နာကျင့်သုံးသင့်ပါတယ်ရှင်။

28/08/2023

ခေါင်းမလျှော်ရသေးလို့ ကိုယ့်အနားမကပ်ပါနဲ့လို့ပြောဖူးကြလား ?

ချစ်သူက ဆံကေသာကိုဖွဖွလေးနမ်းဖို့ပြင်တဲ့အခါမျိုးဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေက ဖက်လှဲတကင်း ပွေ့ဖက်နှုတ်ဆက်ကြချိန်တွေ နှင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အနီးကပ် အိုင်ဒီယာထုတ်ဆွေးနွေးကြချိန်တွေမှာ ကိုယ်က ခေါင်းမလျှော်ရသေးလို့၊ ဆံသားအနံ့ဆိုးတွေထွက်နေလို့ “ အနားမကပ်ပါနဲ့ “ လို့ လူတိုင်းနီးပါး စိုးရိမ်တကြီး တားမြစ်ဖူးကြပါတယ်။

မိမိမှာ အချိန်မပေးနိုင်လို့ နေထိုင်မကောင်းလို့ ဓမ္မတာလာလို့ စတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ ခေါင်းမလျှော်နိုင်ပဲ ယုံကြည်မှုမရှိမဝံ့မရဲဖြစ်တာတွေကို ကျော်လွှားဖို့ Virox Rinse-Free Conditioning Shampoo Cap လေးရှိတယ်နော်။

Shampoo Cap အထုပ်လေးကိုဖောက် ဆံသားအားလုံးလုံအောင် ဦးခေါင်းမှာစွပ်ပြီး ဦးရေပြားအနှံ့ သေသေချာချာ နှိပ်နယ်ပေးရုံနဲ့ ခေါင်းလျှော်ခြင်းလုပ်ငန်းစဉ်ဟာ ရေပြန်ဆေးချစရာမလို ထိုင်ရာကမထ ချေးညော်ကင်းပြီး သင်းပျံ့တဲ့မွှေးရနံ့နဲ့ အတူ အချိန်ခဏအတွင်း ပြီးစီးသွားမှာပဲဖြစ်ပါတယ်။

ဒါဆို ကိုယ်တိုင်စိတ်မလုံခြုံ ယုံကြည်မှုမရှိဖြစ်ရတဲ့ အချိန်တွေအတွက် အသင့်ဖြစ်အောင်၊ ဒါမှမဟုတ် ခေါင်းမလျှော်ရသေးလို့ အနားမကပ်ပါနဲ့လို့ပြောတတ်တဲ့ ချစ်ရသူအတွက် အကောင်းဆုံးလက်ဆောင်လေးအဖြစ် Virox Rinse-Free Conditioning Shampoo Cap လေးကို အခုပဲလာရောက်မှာယူလိုက်တော့နော်။

သက်ကြီးရွယ်အို နှင့် ထိခိုက်ဒဏ်ရာရထားသူများ၊ နာမကျန်းသူများအတွက် အဓိကဦးစားပေးထုတ်လုပ်ထားပြီး ISO, CE နှင့် FDA ထောက်ခံချက်ရရှိထားပြီးဖြစ်လို့ အရည်အသွေးစိတ်ချလက်ချအသုံးပြုနိုင်ပါတယ်ရှင်။

17/08/2023

မိသားစုအတွက် အကောင်းမွန်ဆုံး ရွေးချယ်တတ်စေဖို့…

အခုနောက်ပိုင်းမှာ Wet Wipes လေးတွေက လူသုံးလည်းများလာကြသလို ဈေးကွက်ထဲမှာလည်း တွင်တွင်ကျယ်ကျယ် ရောင်းချလာကြပါတယ်။ ဒါကြောင့်မို့ မိမိနဲ့ အသင့်တော်ဆုံး Wet Wipes တွေကို ရွေးချယ်ဝယ်ယူတတ်စေဖို့ကလည်း အရေးကြီးပါတယ်နော်။

ဈေးကွက်ထဲအသုံးများတဲ့ Wet Wipes အမျိုးအစားတွေအနေနဲ့ Baby Wipes, Makeup remover Wipes, Hand & Body Wipes, Feminine Wipes, Disinfecting Wipes တွေဖြစ်ပြီး လွယ်လင့်တကူ သန့်ရှင်းရေးပြုလုပ်နိုင်ဖို့ အသုံးများလာကြပါတယ်။ အဲ့ဒီထဲကမှ Disinfecting Wipes အချို့ဟာ ပစ္စည်းနှင့် အရာဝတ္ထုမျိုးစုံမျက်နှာပြင်မှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကို သန့်စင်ဖို့ ရည်ရွယ်ချက်နှင့် Alcohol ပါဝင်တာ သို့မဟုတ် Alcohol အစားထိုးဖော်မြူလာတွေနဲ့ ထုတ်ထားတာဖြစ်လို့ ကိုယ်ခန္ဓာ နှင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ နေ့စဉ်သန့်ရှင်းရေးပြုဖို့ အသုံးမပြုသင့်ပါဘူး။

သုံးစွဲသူအသားအရည်ကို အစိုဓာတ်ဖြည့်စွမ်းပေးနိုင်ပြီး သန့်စင်မှုကိုပေးစွမ်းနိုင်ဖို့ အမျိုးမျိုးသော Ingredient အစုံအလင်နှင့် Wet Wipes Brand မျိုးစုံကို ဈေးကွက်ထဲတွေ့ရှိနိုင်ပေမဲ့ မိမိတို့အသားအရည်ပေါ် အသုံးပြုရန် အမှန်တကယ်စိတ်ချရပြီး အကောင်းမွန်ဆုံးရလဒ် တွေပြန်လည်ရရှိနိုင်မဲ့ Wet Wipes လေးတွေကတော့ ရှာမှရှားပါပဲရှင်။

Virox Myanmar မှာ ရရှိနိုင်တဲ့ မွေးကင်းစကလေးတွေအထိ သန့်စင်သုံးစွဲနိုင်သော Bello Baby Wipes နှင့် Virox Adult Wet Wipes များဟာ Skin Friendly & PH Balanced ဖြစ်ပြီး တစ်ချက်ပွတ်ဆွဲရုံနှင့် ချေးညော်နှင့် အနံ့ဆိုးတွေပါသက်သာကာ Alcohol, Paraben/MIT နှင့် Fragrance - free ဖြစ်လို့ Sensitive Skin များပါအသုံးပြုနိုင်သည့်အပြင် ISO, CE နှင့် FDA အသိအမှတ်ပြုလက်မှတ်များပါရရှိထားသည့်အတွက် မိသားစုဝင်တိုင်း စိတ်ချလက်ချ အသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင်။

Virox Adult Wet Wipes - 6000 MMK
Bello Baby Wipes - 3600 MMK

10/08/2023

ဘေဘီလေးတွေကို ရေချိုးပေးရတာ တိုက်ပွဲတစ်ရာဆင်နွှဲရသလို ခြေကုန်လက်ပန်းကျနေပြီလား 🤔🤔??

ရေကြောက်တဲ့ ဘေဘီလေးတွေကို ရေချိုးပေးရတာထက် တိုက်ပွဲတစ်ရာဆင်နွှဲပစ်လိုက်ချင်တယ်ဆိုတဲ့ မေမေတွေအတွက် အဆင်ပြေစေမဲ့ နည်းလမ်းလေးတွေကို Virox Myanmar က မျှဝေပေးလိုက်ပါတယ် 🤗

✨ စိတ်ရှည်ရှည်နဲ့ ဖြေးဖြေးချင်းလေ့ကျင့်ပေးပါ။

မေမေတွေအနေနဲ့ ရေချိုးချိန်မှာ အသုံးပြုမဲ့ ရေဇလား နှင့် ပစ္စည်းအသုံးအဆောင်တွေကို ကလေးလေးတွေနဲ့ ရင်းနှီးအောင် အရင်ဆုံး အချိန်ပေးချော့မြှူအသုံးပြုသင့်ပါတယ်။ ရေပမာဏကိုလည်း ကလေးငယ် ရုတ်တရက်ကြောက်လန့်သွားခြင်းမရှိစေဖို့ ရေပတ်တိုက်ခြင်း ( သို့ ) ရေပမာဏအနည်းငယ်သာထည့်ပြီး ကလေး သက်တောင့်သက်သာဖြစ်ခါမှသာ ပမာဏဖြည်းဖြည်းချင်းတိုးကာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပူချိန်နဲ့ နီးစပ်တဲ့ ရေအပူချိန်ကို အသုံးပြုပေးပါက ကလေးငယ်အနေနဲ့ ရေချိုးခြင်းကို ပိုပြီးသက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။

✨ မိမိကလေးစိတ်ဝင်စားနိုင်မဲ့ ပစ္စည်းအသုံးအဆောင် နှင့် အရုပ်လေးတွေအသုံးပြုပါ။

ရေချိုးချိန်ကို ကလေးတွေအနေနဲ့ စိတ်ရှုပ်စရာမဖြစ်အောင် ကလေးလေးတွေ သဘောကျနှစ်သက်နိုင်မဲ့ အရုပ်လေးတွေပါတဲ့ ရေဇလား နှင့် ပစ္စည်းအသုံးအဆောင်တွေကို အသုံးပြုသင့်ပါတယ်။ ထိုနည်းတူစွာ ရွေးချယ်အသုံးပြုမည့် အရာတိုင်းဟာလည်း ကလေးတွေရဲ့ အတွက် ဘေးအကင်းဆုံးဖြစ်စေဖို့ အရေးကြီးပါတယ်။

✨ ရေချိုးချိန်ဟာ မိမိနှင့် ရင်သွေးငယ်အတွက် ချစ်ခင်ရင်းနှီးမှုတိုးပွားစေတဲ့ အခိုက်အတန့်လေးဖြစ်ပါစေ။

ကလေးလေးနဲ့ မိမိကြားပိုမိုနွေးထွေးတဲ့ အခိုက်အတန့်ဖြစ်အောင် ရေချိုးစဉ် သီချင်းဆိုပြခြင်း၊ ပုံပြင်ပြောပြခြင်း၊ ချော့မြှူခြင်းနှင့် အရုပ်လေးများအသုံးပြုကာဆော့ကစားခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ မေမေ၊ ဖေဖေကိုယ်တိုင် သို့မဟုတ် အခြားသောကလေးငယ်များ၊ မွေးချင်းတွေနဲ့ အတူတူရေကစားစေခြင်းဖြင့်လည်း ကလေးငယ်လေးတွေ ရေချိုးခြင်းကိုနှစ်သက်လာစေနိုင်ပါတယ်။

✨ စိတ်ရှည်ပါ။ ကြင်နာယုယပါ။

ကလေးငယ်လေးတွေအပေါ် စိတ်ရှည်ဖို့၊ ကြင်နာယုယမှုရှိဖို့ဟာ အလွန်အရေးကြီးဆုံးပါပဲ။ ရေချိုးရမှာကြောက်တဲ့ကလေးငယ်ကို ရိုက်နှက်ဆူပူခြင်း၊ ကြိမ်းမောင်းခြင်းများဟာ နုနယ်တဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို နာကျင်ခံစားရစေတာမို့ ပြုစုသူများအနေနဲ့ အတတ်နိုင်ဆုံး ညင်ညင်သာသာ နူးနူးညံ့ညံ့ ဆက်ဆံသင့်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ 99.9 % Pure Water ဖြင့် ထုတ်လုပ်ထားပြီး FDA, CE နှင့် ISO လက်မှတ်တွေရရှိထားတဲ့ Bello Baby Wipes လေးက ကလေးငယ်တွေကို သန့်စင်ပေးရာမှာ ခြေကုန်လက်ပန်းကျနေတဲ့ မေမေတွေအတွက် စိတ်ချရပြီး ဈေးနှုန်းလည်းတွက်ခြေကိုက်တာမို့ အခုပဲစမ်းသုံးကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ရှင် ❤

𝐁𝐞𝐥𝐥𝐨 𝐁𝐚𝐛𝐲 𝐖𝐢𝐩𝐞𝐬 - 𝟑𝟔𝟎𝟎 𝐌𝐌𝐊

30/07/2023

🥳 Giveaway Winner Announcement 🥳

ယခုအချိန်မှာတော့ Virox Myanmar ရဲ့ Giveaway Winners လေးတွေထွက်ပေါ်လာခဲ့ပါပြီ။ ဘယ်သူတွေကံထူးသွားကြလဲဆိုတာ ပုံလေးထဲမှာ ဖော်ပြထားပေးပါတယ် 🤩

Winner လေးတွေအနေနဲ့ Virox Myanmar ကနေ ဆုလက်ဆောင်လေးတွေပို့ပေးလို့ရအောင် Virox Page Messenger မှာ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပတ်လေးတွေကို ပို့ပေးကြပါဦးနော်။

Virox Myanmar ရဲ့ Giveaway လေးမှာ ပါဝင်ခဲ့ပေးကြသူတွေကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းလည်းပြောကြားလိုပါတယ်။ Virox Myanmar Page မှာ Giveaway တွေ Promotion အချက်အလက်တွေ စဥ်ဆက်မပြတ် တင်ပေးသွားဦးမှာမို့ အမြဲစောင့်ကြည့်အားပေးကြဖို့ မမေ့ကြနဲ့နော် 😉🥰

27/07/2023

Like & Share ပြုလုပ်ပြီး Virox Myanmar ရဲ့ ပစ္စည်းသစ်လေးတွေကို စမ်းသုံးကြည့်နိုင်မဲ့ အခွင့်အရေး 🥳

ယခုအခါမှာတော့ Virox Myanmar ကနေ ချစ်ခင်ရသူတွေအတွက် Virox Product အသစ်လေးတွေကို စမ်းသုံးနိုင်မည့်အခွင့်အရေးလေးယူဆောင်လာပါပြီ။

ဒီ Giveawayလေးထဲမှာ Virox Myanmar Page မှာသာရရှိနိုင်တဲ့ Rinse-Free Conditioning Shampoo Cap, လူကြိုက်အများဆုံး Adult Wet Wipes အပြင် မွေးကင်းစဘေဘီလေးတွေအတွက် အထူးထုတ်လုပ်ထားပြီး Sensitive Skin တွေအထိပါ အသုံးပြုနိုင်တဲ့ Baby Wipes စတဲ့ Product 3 မျိုးစလုံးကို 3 ယောက်တိတိ Giveaway ပေးသွားမှာဖြစ်ပါတယ်။

Giveaway ပါဝင်လိုသူတွေအနေနဲ့

✨ Virox Myanmar Page ကို Like & Follow ပြုလုပ်ပါ။

✨ ယခု Giveaway Post လေးကို Like လုပ်ပြီး Public ဖြင့် Share ပေးရပါမယ်။

✨ ပြီးရင်တော့ Post ရဲ့ Comment Box မှာ Public နဲ့ Share ထားတဲ့ Screenshot လေးကို Comment ပေးလိုက်ရုံပါပဲ။

Giveaway Winner 3 ယောက်ကို ကျပန်းရွေးချယ်ပြီး 30.7.2023 မှာ Virox Myanmar Page မှာပဲ ပြန်လည်ကြော်ငြာပေးသွားမှာ ဖြစ်ပါတယ် ။

ဒါဆို Virox Products လေးတွေကို စမ်းသုံးကြည့်နိုင်ဖို့ အခုပဲ Giveaway အစီအစဉ်လေးထဲပါဝင်လိုက်တော့နော်။

14/07/2023

ဖျားနာနေချိန်မှာ အနံ့ဆိုးကင်းစင်ပြီး တစ်ကိုယ်ရည်သန့်စင်မှုအပြည့်ရှိနေဖို့ Virox 💛

ယခုလို ရာသီတုပ်ကွေးကြောင့် နာမကျန်း နှင့် ဖျားနာခြင်းတို့ ဖြစ်လာတဲ့အခါ မိမိရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အရင်တွေလောက် ဂရုမစိုက်နိုင်လို့ ကိုယ်ခန္ဓာအနံ့အသက်မကောင်းဖြစ်တာ၊ ဆံသားအဆီတွေထွက်ပြီး ဆံသားအနံ့ဆိုးတွေရတော့ စိတ်မကြည်မသာတွေဖြစ်တတ်ပါတယ်။ ဒီလိုအချိန်အခါမျိုးမှာမှ အသိမိတ်ဆွေတွေနဲ့ ကြုံကြိုက်တဲ့အခါ အားတုံ့အားနာ နဲ့ ပိုလို့ စိတ်မသက်မသာဖြစ်ရတာပေါ့။

ကြီးမားတဲ့ Wipe အရွယ်အစားကြောင့် တစ်ရွက်ထဲနဲ့ ခန္ဓာကိုယ်အနှံကို အသုံးပြုနိုင်တဲ့အပြင် Aloe Vera နဲ့ Vitamin E ပါဝင်လို့ အသားရည်ခြောက်သွေ့ခြင်းမရှိပဲ အနံ့ဆိုးများကိုပါ တစ်ခါတည်း ပျောက်ကင်းစေတဲ့ Virox Adult Wet Wipes နဲ့

ဦးရေပြားမှာ Cap လေးကိုစွပ်ကာ မိနစ်ပိုင်းလောက် နှိပ်နယ်ပေးရုံနဲ့ ချေးညော်နှင့် အနံ့ဆိုးများကို ထိုင်ရာကမထ ရေပြန်ဆေးချစရာမလိုပဲ ပျောက်ကင်းသက်သာစေပြီး လန်းဆန်းမှုနဲ့ သင်းပျံ့သောရနံ့လေးကို ရရှိစေမဲ့ Virox Rinse-Free Conditioning Shampoo Cap တို့သာ လက်ဝယ်ရှိမယ်ဆိုရင် နာမကျန်းစဉ်မှာတောင် အနံ့ဆိုးကင်းပြီး တစ်ကိုယ်ရည်သန့်စင်နေဖို့က အလွယ်လေးပဲနော်။

အနွေးဓာတ်အပြည့်နဲ့ ပိုမိုကောင်းမွန်သော ခံစားမှုရရှိနိုင်ဖို့ Virox Adult Wet Wipes လေးနဲ့ Virox Rinse-Free Conditioning Shampoo Cap တို့ကို Microwave ထဲ 700 watt ထက်မပိုစေပဲ စက္ကန့် 30 ထားနိုင်သလို ရေနွေးခွက်လေးထဲ အချိန်ခဏစိမ်ပြီး အသုံးပြုနိုင်ပါတယ်ရှင်။

Virox Adult Wet Wipe - 6000 ကျပ်
Virox Rinse-Free Conditioning Shampoo Cap - 6000 ကျပ်

10/07/2023

ဘဝရဲ့ အမှတ်တရတွေပြန်လည်စဉ်းစားရင် ငယ်ရွယ်စဉ်က ဖေဖေ၊ မေမေ၊ ဖိုးဖိုးဖွားဖွားတို့ရဲ့ ချော့တစ်ခါ ‌ခြောက်တစ်လှည့် ရေချိုးသန့်စင်ပေးခဲ့ချိန်တွေဟာ ခေါင်းထဲပေါ်လာစမြဲပါ။ သားသမီးမြေးမြစ်တွေအပေါ် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပြုစုယုယပေးမှုတွေဟာ ပြန်လည်အစားထိုးမရတဲ့ အခိုက်အတန့်တွေပါပဲ 🥰

မိမိတို့ကို ပြုစုခဲ့တဲ့ လက်တစ်စုံကို ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုတွေ ပြန်လည်မျှဝေနိုင်ဖို့အတွက် 𝐕𝐢𝐫𝐨𝐱 𝐀𝐝𝐮𝐥𝐭 𝐖𝐞𝐭 𝐖𝐢𝐩𝐞𝐬 လေးက အကောင်းဆုံးကူညီပေးနိုင်ပါတယ်။ အသက်အရွယ်ကြီးရင့်လို့ဖြစ်စေ နာမကျန်း၊ ဖျားနာခြင်း နှင့် ထိခိုက်ဒဏ်ရာရထားလို့ တစ်ကိုယ်ရည်သန့်စင်ပေးဖို့ အားနည်းတဲ့ ဖေဖေ‌ မေမေ ဖိုးဖိုးဖွားဖွား အပါအဝင် ချစ်ခင်ရသူတွေကို အန္တရာယ်ကင်း၊ စိတ်ချယုံကြည်ရပြီး အသုံးပြုရအဆင်ပြေလွယ်ကူတဲ့ 𝐕𝐢𝐫𝐨𝐱 𝐀𝐝𝐮𝐥𝐭 𝐖𝐞𝐭 𝐖𝐢𝐩𝐞𝐬 လေးသုံးပြီး တစ်ကိုယ်ရည်သန့်စင်ပေးခြင်းဖြင့် ငယ်စဉ်က ကြည်နူးဖွယ်အခိုက်အတန့်တွေဆီကို ယခုပဲသွားရောက်နိုင်ပါပြီ 🤗

Singapore နိုင်ငံမှ Quality Standard များနှင့် အညီထုတ်လုပ်ထားပြီး FDA ၊ CE နှင့် ISO လက်မှတ်များရရှိထားပြီးဖြစ်တဲ့ အရွက် 40 ပါ 𝐕𝐢𝐫𝐨𝐱 𝐀𝐝𝐮𝐥𝐭 𝐖𝐞𝐭 𝐖𝐢𝐩𝐞လေးကို ယခုပဲ Virox Myanmar Page Messenger မှာ လာရောက်မှာယူနိုင်ပါတယ်ရှင်။

𝐕𝐢𝐫𝐨𝐱 𝐀𝐝𝐮𝐥𝐭 𝐖𝐞𝐭 𝐖𝐢𝐩𝐞𝐬 - 𝟔𝟎𝟎𝟎 ကျပ်

30/06/2023

တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ငန်းစဉ်တွေထဲမှာ ခေါင်းလျှော်ခြင်းက လူအားရော အချိန်ရောအပြည့်နီးပါးသုံးပစ်ရတာပါ။ အားလပ်ရက်မဟုတ်ပဲ အလုပ်ရှုပ်တဲ့နေ့တွေဆိုရင် ခေါင်းလျှော်ဖို့အတွက် ကိုယ့်ရဲ့ မရှိသလောက်နီးပါးအနားယူချိန်ကို ဖဲ့ယူရတာဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုလိုပါပဲ။

အကယ်လို့ ထိုင်ရာကမထ အလုပ်လုပ်ရင်းဖြစ်ဖြစ်၊ ကိုရီးယားဇာတ်လမ်းတွဲကိုကြည့်ပြီး အနားယူချိန်မှာ အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး ခေါင်းလျှော်လိုက်ချင်တာဆိုရင် Virox Rinse - Free Conditioning Shampoo Cap ရှိတယ်နော်။

အသုံးပြုမယ်ဆိုရင်
1 - Virox Rinse - Free Conditioning Shampoo Cap အထုပ်လေးကိုဖောက်ပါ။
( နွေးနွေးလေးအသုံးပြုချင်တယ်ဆိုရင်တော့ ရေနွေးခွက်လေးထဲ သို့မဟုတ် Microwave ထဲမှာ အပူချိန် ၇၀၀ Watt ထပ်မပိုစေပဲ စက္ကန့် ၂၀ လောက်ထားနိုင်ပါတယ်။ )
2 - မိမိရဲ့ဆံသားတွေအားလုံးလုံအောင် Shampoo Cap လေးကို ဦးခေါင်းမှာစွပ်လိုက်ပါ။
3 - ဆံသားအတိုအရှည် နဲ့ အထူအပါးပေါ်မူတည်ပြီး ၁ - ၂ မိနစ် သို့ ၂ - ၃ မိနစ် ကြာ ဦးရေပြားအနှံ့ နှိပ်နယ်ပေးနေရုံပါပဲ။

ဆံသားအားလုံးအစိုဓာတ်ရပြီဆိုရင် ခေါင်းလျှော်ခြင်းလုပ်ငန်းစဉ်ဟာ ရေပြန်လည်ဆေးချစရာမလိုပဲ ၅ မိနစ်အတွင်းမှာပဲ အလွယ်ကူဆုံး ပြီးဆုံးသွားပါပြီ။ အဲ့ဒီနောက် Shampoo Cap ကို ချွတ်ပြီး သဘက်လေးနဲ့ ဆံသားကိုခဏလေးအခြောက်ခံရုံနဲ့ မွှေးပျံတဲ့ရနံ့နဲ့အတူ သန့်ရှင်းလန်းဆန်းတဲ့ဆံသားကိုပိုင်ဆိုင်ရပြီပေါ့။

Virox Rinse - Free Conditioning Shampoo Cap လေးဟာ Singapore Standard များနှင့်အညီ ထုတ်လုပ်တားပြီး ISO, CE နဲ့ FDA အသိအမှတ်ပြုလက်မှတ်များရရှိထားသည့်အပြင် PH 5.5 level နှင့် Alcohol Free ဖြစ်တာမို့ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။

Virox Rinse - Free Conditioning Shampoo Cap - ၆၀၀၀ ကျပ်

16/06/2023

ပိုးသားလေးလို နူးညံ့တဲ့ဘေဘီလေးတွေကို သန့်စင်ပေးနိုင်ဖို့ အထူးထုတ်လုပ်ထားတဲ့ 𝐁𝐞𝐥𝐥𝐨 𝐁𝐚𝐛𝐲 𝐖𝐢𝐩𝐞𝐬 တွေကို 𝐕𝐢𝐫𝐨𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာ ရနေပြီနော်။

တန်ဖိုးထားချစ်မြတ်နိုးရတဲ့ ရင်သွေးလေးတွေဟာ ကျမတို့မိသားစုတွေအတွက် အဖိုးတန်ရတနာပါပဲ။ မွေးကင်းစ နဲ့ ငယ်ရွယ်တဲ့ကလေးငယ်လေးတွေရဲ့ အသားအရည်ဟာ အင်မတန်မှ နုနယ်နူးညံ့လွန်းတာကြောင့် သူတို့လေးတွေအတွက် အသုံးပြုမည့် ပစ္စည်းအသုံးအဆောင်တွေဟာ အန္တရာယ်ကင်းစိတ်ချရဖို့က မေမေတွေရဲ့ နံပတ်တစ် ဦးစားပေး စဉ်းစားရတဲ့ အချက်ပဲလေ။

ဒီလို မေမေတွေရဲ့ စိုးရိမ်မှုကိုတာဝန်ယူဖြေရှင်းဖို့အတွက် 𝐕𝐢𝐫𝐨𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကနေ 𝐁𝐞𝐥𝐥𝐨 𝐁𝐚𝐛𝐲 𝐖𝐢𝐩𝐞𝐬 လေးတွေ ရနိုင်ပါပြီ။ 𝐁𝐞𝐥𝐥𝐨 𝐁𝐚𝐛𝐲 𝐖𝐢𝐩𝐞𝐬 ဟာ 𝟗𝟗.𝟗 % 𝐏𝐮𝐫𝐞 𝐖𝐚𝐭𝐞𝐫 ဖြင့် ပြုလုပ်ထားကာ Alcohol ၊ MIT/ CIT နှင့် Paraben တို့အပြင် Frangrance ပါ မပါဝင်တာမို့ ငယ်ရွယ်နုနယ်တဲ့ ဘေဘီလေးတွေသာမက Sensitive ဖြစ်လွန်းတဲ့ အသားအရည်ပိုင်ရှင်တွေအတွက်ပါ သင့်တော်ပါတယ်။

Vitamin E အဆီအနှစ်များ နှင့် Aloe Vera ပါဝင်လို့ အသုံးပြုပြီး အသားအရည်ကို ခြောက်ကပ်မှုမရှိစေတဲ့ 𝐁𝐞𝐥𝐥𝐨 𝐁𝐚𝐛𝐲 𝐖𝐢𝐩𝐞𝐬 တစ်ထုပ်မှာ 150 * 200 mm Wipe အရွက်ရေ ၈၀ တောင်ပါဝင်ပြီး ISO,CE နှင့် FDA အသိအမှတ်ပြုလက်မှတ် တွေရရှိထားပြီးဖြစ်တဲ့ 𝐁𝐞𝐥𝐥𝐨 𝐁𝐚𝐛𝐲 𝐖𝐢𝐩𝐞𝐬 ကို 𝟑𝟔𝟎𝟎 ကျပ်ထဲနဲ့ 𝐕𝐢𝐫𝐨𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။

10/06/2023

သုံးရတာစိတ်ကျေနပ်မှုအပြည့်ရလို့ Customer တွေ တမေးတည်းမေးနေကြတဲ့ 𝑽𝒊𝒓𝒐𝒙 𝑨𝒅𝒖𝒍𝒕 𝑾𝒆𝒕 𝑾𝒊𝒑𝒆𝒔 လေးတွေကို 𝐕𝐢𝐫𝐨𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာ In Stock ပြန်လည်ရရှိနေပါပြီ 🥰

𝑽𝒊𝒓𝒐𝒙 𝑨𝒅𝒖𝒍𝒕 𝑾𝒆𝒕 𝑾𝒊𝒑𝒆𝒔 လေးကို သုံးဖူးကြတဲ့ Customerတွေ ပါးစပ်ဖျားမှာ ဘာကြောင့် Virox မှ Virox ဖြစ်နေရသလဲဆိုတော့ 𝑽𝒊𝒓𝒐𝒙 𝑨𝒅𝒖𝒍𝒕 𝑾𝒆𝒕 𝑾𝒊𝒑𝒆𝒔 လေးဟာ -

✅ မီးဖွားပြီးစ ကိုယ်ဝန်ဆောင်မိခင်များ၊ အိပ်ယာထဲလဲလျောင်းနေရတဲ့ ဖိုးဖိုးဖွားဖွားများ နှင့် နာမကျန်းခြင်း ( သို့မဟုတ် ) ထိခိုက်ဒဏ်ရာရခြင်းကြောင့် ကိုယ်လက်သန့်စင်ဖို့အဆင်မပြေသူတွေ မိနစ်ပိုင်းအတွင်း အလွယ်တကူသန့်ရှင်းရေးပြုနိုင်အောင်အထူးထုတ်လုပ်ထားခြင်း။

✅ PH 5.5 ပမာဏ ပါဝင်ပြီး Fragrance Free ၊ Alcohol-free Formula ဖြင့်ထုတ်လုပ်ထားခြင်းကြောင့် Sensitive Skin ပိုင်ရှင်တွေအထိပါ စိတ်ချလက်ချအသုံးပြုနိုင်ခြင်း။

✅ Aloe Vera နှင့် Vitamin E ပါဝင်ခြင်းကြောင့် အသုံးပြုပြီး အသားအရည်ကို ခြောက်သွေ့ခြင်းမရှိပဲ အစိုဓာတ်ရရှိကာ လန်းဆန်းစေတဲ့အပြင် စေးကပ်ကပ်မကျန်ခဲ့ခြင်း။

✅ Wipe အရွယ်အစားမှာ 200mm x 300mm ရှိပြီး တစ်ရွက်ထဲနဲ့တင် ကိုယ်ခန္ဓာအနှံ့အပြားကို လုံလုံလောက်လောက်သန့်စင်ပေးနိုင်ကာ အထုပ်တစ်ထုပ်မှာ Wipe အရွက် 40 တောင် ပါဝင်တာမို့ တစ်ထုပ်ဝယ်ထားရုံနဲ့ တစ်လလောက်အဆင်ပြေပြေသုံးရုံပါပဲ။

ဒီလိုအချက်တွေအပြင် Singapore နိုင်ငံက Quality Standards များနှင့်အညီထုတ်လုပ်ထားပြီး ISO, CE နဲ့ FDA Certificates တွေရရှိထားတဲ့ 𝑽𝒊𝒓𝒐𝒙 𝑨𝒅𝒖𝒍𝒕 𝑾𝒆𝒕 𝑾𝒊𝒑𝒆𝒔 တစ်ထုပ်ကိုမှ 𝟔𝟎𝟎𝟎 ကျပ်ပဲကျသင့်တာဆိုတော့ အသုံးပြုရာမှာ တွက်ခြေလဲကိုက် စိတ်ချယုံကြည်မှုကလည်းအပြည့်မို့ ဝယ်ယူဖူးသူ Customer တိုင်းရဲ့ အကြိုက်ဖြစ်နေတာပေါ့ရှင်။

ဝယ်ယူလိုပါက ကျမတို့ရဲ့ Virox Myanmar Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။

03/06/2023

𝗩𝗶𝗿𝗼𝘅 𝗠𝘆𝗮𝗻𝗺𝗮𝗿 ကနေ မိနစ်ပိုင်းအတွင်း ခေါင်းအစခြေအဆုံး တစ်ကိုယ်ရည်သန့်ရှင်းမှုပြုနိုင်တဲ့ ပစ္စည်းအသစ်လေးတွေရနိုင်ပြီဆိုတာ သိပြီးကြပြီလား 🤔 ?

နေ့စဉ်လှုပ်ရှားသွားလာမှုပြုရင်း အခန့်မသင့်လို့ အလွယ်တကူ နဲ့ မြန်မြန်ဆန်ဆန် သန့်ရှင်းရေးပြုလုပ်ဖို့ အကြောင်းပေးတဲ့အခါ ခေါင်းအေးစေမဲ့ 𝑽𝒊𝒓𝒐𝒙 𝑨𝒅𝒖𝒍𝒕 𝑾𝒆𝒕 𝑾𝒊𝒑𝒆 နဲ့ မွေးကင်းစဘေဘီလေးတွေကို သန့်ရှင်းပေးနိုင်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ 𝑩𝒆𝒍𝒍𝒐 𝑩𝒂𝒃𝒚 𝑾𝒊𝒑𝒆 လေးအပြင် ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် အချိန်မပေးနိုင်လို့ဖြစ်ဖြစ် ၅ မိနစ်အတွင်း ထိုင်ရာကမထ ရေမလိုပဲ ခေါင်းလျှော်နိုင်မဲ့ 𝑽𝒊𝒓𝒐𝒙 𝑹𝒊𝒏𝒔𝒆-𝑭𝒓𝒆𝒆 𝑪𝒐𝒏𝒅𝒊𝒕𝒊𝒐𝒏𝒊𝒏𝒈 𝑺𝒉𝒂𝒎𝒑𝒐𝒐 𝑪𝒂𝒑 လေးတွေကို 𝗩𝗶𝗿𝗼𝘅 𝗠𝘆𝗮𝗻𝗺𝗮𝗿 မှာ ဝယ်ယူလို့ရနိုင်ပါပြီနော်။

ပစ္စည်းလေးတွေကို Singapore နိုင်ငံ Quality Standard များနှင့်အညီ ထုတ်လုပ်ထားပြီး ISO, CE နှင့် FDA အသိအမှတ်ပြုလက်မှတ်များပါ ရရှိထားပြီးဖြစ်ကာ Alcohol Free Formula ကြောင့် Sensitive ဖြစ်တဲ့ အရေပြားပိုင်ရှင်တွေမှာပါ စိတ်ချယုံကြည်စွာဖြင့် အသုံးပြုနိုင်တာမို့ အခုချက်ချင်းပဲ အမြန်လာရောက်ဝယ်ယူလိုက်ပါရှင် 💁‍♀️

21/05/2023

အိမ်အလုပ် ရုံးအလုပ်တွေများရတဲ့အထဲ ဟင်းချက်မီးဖိုချောင်မှာ စွန်းထင်းနေတတ်တဲ့ ဆီစွန်းတွေကိုပြောင်အောင် ရှင်းလင်းသုတ်သင်နေရတာ အခက်တွေ့နေပြီလား 🤔🤔

ပင်ပင်ပန်းပန်းဈေးဝယ်ချက်ပြုတ်ပြီး အမြန်အနားယူချင်ပေမဲ့ မီးဖိုချောင်ကိုပြန်လည်သန့်ရှင်းဖို့က အချိန်တစ်ခုပေးနေရတာကို စိတ်ညစ်နေပြီဆိုရင်…..

Wipes တစ်ထုပ်ဝယ်ရုံနဲ့ မီးဖိုချောင်မှာစွန်းထင်းတတ်တဲ့ ဆီအစွန်းကွက်တွေကို သန့်ရှင်းရေးပြုရာမှာလွယ်ကူစေမည့်အပြင် အရာဝတ္ထုမျက်နှာပြင်မျိုးစုံမှာ ကပ်ငြိနေတဲ့ မမြင်နိုင်တဲ့ရောဂါပိုးမွှားနဲ့ ဘတ်တီးရီးယားတွေအထိ လွယ်လွယ်ကူကူချေမှုန်းပစ်နိုင်တဲ့ Virox ရဲ့ Multi- Surface Disinfecting Wipes လေးရှိတယ်နော်။

Singapore နိုင်ငံရဲ့ Quality Standards များနှင့် ထုတ်လုပ်ထားပြီး အရွက် ၆၀ တောင်ပါတာဆိုတော့ တစ်ထုပ်ဝယ်ပြီး တစ်အိမ်လုံးအတွက် သုံးရုံပါပဲ။ Shop.com.mm မှာလည်း အထူးလျော့ဈေးတွေနဲ့ရောင်းချနေတာဆိုတော့ အောက်ပါလင့်ကနေတစ်ဆင့် အမြန်သွားရောက်ဝယ်ယူလိုက်တော့နော်။

https://shorturl.at/BNPRU

17/05/2023

ယနေ့ မေလ ၁၇ ရက်နေ့ဟာ World Hypertension Day ( ကမ္ဘာသွေးတိုးရောဂါနေ့ ) ဖြစ်ပါတယ်။ Virox Myanmar မှ လူအများခံစားနေရတဲ့ သွေးတိုးရောဂါအကြောင်းကို ဗဟုသုတဖြစ်စေရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။

Hypertension လို့ခေါ်တဲ့ သွေးတိုးရောဂါဟာ ကမ္ဘာ့လူဦးရေ ၁.၂၈ ဘီလီယံ အထိခံစားနေရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ သွေးပေါင်ချိန်စမ်းသပ်လို့ တသမတ်တည်း 140/90 mmHg အထက်ရောက်နေရင် သွေးတိုးရောဂါဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ အစားအသောက်ညီမျှမှုမရှိခြင်း၊ ဆားနှင့်အငံစားသောက်မှုများခြင်း၊ အရက်လွန်ကျွံစွာသောက်သုံးခြင်း၊ မိသားစုထဲတွင် သွေးတိုးရောဂါအခံရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း နှင့် အဝလွန်သူများတွင် သွေးတိုးရောဂါဖြစ်ပွားနိုင်ခြေများပါတယ်။

သွေးတိုးရောဂါဟာ လူအများစုမှာ ရောဂါလက္ခဏာပြခြင်းမရှိတတ်ပဲ ပုံမှန်သွေးပေါင်ချိန်စစ်ဆေးခြင်းပြုမှသာ သွေးတိုးနေခြင်းရှိမရှိသိနိုင်ပါတယ်။ သွေးတိုးရောဂါရှိနေပြီဆိုလျှင် မှန်ကန်သောကျန်းမာရေး စောင့်ရှောက်မှုခံယူခြင်းဟာ အရေးကြီးပါတယ်။ သွေးတိုးရောဂါဟာ ထိထိရောက်ရောက်ကုသမှုမရှိပါက နောက်ဆက်တွဲရောဂါလက္ခဏာများဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းခြင်း (သို့) နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးညှစ်အားလျော့နည်းလာခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်း နှင့် လေဖြတ်ခြင်း၊ မျက်စိအမြင်အာရုံချို့ယွင်းပျက်စီးခြင်း နှင့် သွေးတိုးရောဂါကြာရှည်ပါက ကျောက်ကပ်လုပ်ငန်းယိုယွင်းခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း စသောရောဂါများဖြစ်ပွားနိုင်ပါတယ်ရှင်။

သွေးတိုးရောဂါကို ကုသရာတွင် ဆရာဝန်ညွှန်ကြားသည့်အတိုင်းတိတိကျကျလိုက်နာဆောင်ရွက်ခြင်း နှင့် သွေးတိုးအတွက်သောက်ဆေးများအားလည်း အချိန်မှန်မှီဝဲသောက်သုံးခြင်းများပြုလုပ်သင့်ပါတယ်။ မိမိတို့ကိုယ်တိုင်အနေဖြင့်လည်း ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊ ကျန်းမာသောကိုယ်အလေးချိန်ဖြစ်စေရန် ထိန်းသိမ်းခြင်း နှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်းတို့ဖြင့် စနစ်တကျ သွေးတိုးရောဂါကို ကာကွယ်သင့်ပါသည်။

09/05/2023

မျိုးကွဲဗီဇအသစ်နှင့် တစ်ဖန်ပြန်လည် ပျံ့နှံ့ကူးစက်လာတဲ့ Covid ရောဂါ 🦠

လူအများအပြားကို ကူးစက်ကာ နာမကျန်းမှုများ နှင့် သေဆုံးမှုများကိုဖြစ်ပေါ်စေခဲ့တဲ့ Covid-19 ရောဂါပိုးဟာ ယခုနှစ်နွေရာသီမှာ မျိုးကွဲဗီဇအသစ်အနေဖြင့် အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှာ တစ်ဖန်ပြန်လည် ပျံ့နှံလို့လာပါတယ်။ ယခုလက်ရှိ လူထုထဲပျံ့နှံ့ဖြစ်ပွားနေတဲ့ မျိုးကွဲသစ် Arcturus ဟာ ယခင် coronavirus မျိုးကွဲများဖြစ်တဲ့ Omicron, Delta တို့လောက် ရောဂါပြင်းထန်မှုမရှိသေးပေမဲ့ ကူးစက်မှုအနေဖြင့် ပိုမိုပြန့်ပွားလွယ်ပြီး ပြောင်းလဲလာနိုင်ချေရှိလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ( WHO ) မှ စောင့်ကြည့်လျှက်ရှိပါတယ်။

Omicron Sub Vibrant ဖြစ်တဲ့ Arcturus ရဲ့ ရောဂါလက္ခဏာများအနေဖြင့် လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း နှင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းတို့အပြင် ယခင်မျိုးကွဲများနှင့် မတူတာကတော့ မျက်လုံးယားယံခြင်း၊ မျက်မြှေးယောင်ခြင်း၊ မျက်လုံးပန်းရောင်သမ်းခြင်း သို့ နီခြင်းများ ဖြစ်ပေါ်တာပဲဖြစ်ပါတယ်။

ကာကွယ်ကုသမှုများအနေဖြင့် ကျန်းမာရေးအဖွဲ့အစည်းများက လမ်းညွှန်ထားသည့်အတိုင်း -

ကိုဗစ်ကာကွယ်ဆေးကို သတ်မှတ်ထားသည့်အတိုင်း အကြိမ်ပြည့်ထိုးနှံခြင်း။
ပါးစပ် နှင့် နှာခေါင်းစည်း ( Mask ) တပ်ဆင်ခြင်း။
အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာဆေးခြင်း။
လူစုလူဝေးများကို တတ်နိုင်သမျှရှောင်ရှားခြင်း။
ထိတွေ့ကိုင်တွယ်မှုများသည့် အရာဝတ္ထုမျက်နှာပြင်များအား ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် နှင့် ရောဂါပိုးများ ကပ်ငြိခိုအောင်းမှုမဖြစ်အောင် ပုံမှန်ရှင်းလင်းမှုပြုသင့်ပါတယ်။

03/05/2023

ယနေ့ကျရောက်သော မြန်မာသက္ကရာဇ် ၁၃၈၅ ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ Virox Myanmar ကို အားပေးကြသူမိဘပြည်သူအပေါင်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး စီးပွားလာဘ်လာဘများတိုးပွားကြပါစေ......။

26/04/2023

ပူပြင်းတဲ့နွေအပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့သိထားသင့်တဲ့ အချက်များ ⛱

နွေရာသီကုန်ခါနီးနှင့် မိုးတွင်းမရောက်ခင် စပ်ကြားကာလမှာ ပြင်းထန်လွန်းလှတဲ့အပူရှိန်ကို လူတိုင်းမဖြစ်မနေ ခံစားကြရပါတယ်။ အပူပိုင်းမုတ်သုံရာသီဥတုရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အပူဒဏ်ကရှောင်လွှဲလို့မရတဲ့ ပြဿနာဆိုတော့ အပူဒဏ်ကိုကြံ့ကြံ့ခံနိုင်မဲ့ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်တယ်နော်။

၁။ နွေရာသီအပူချိန်ပြင်းတဲ့ကာလတွေမှာ သက်တောင့်သက်သာဖြစ်စေမဲ့ ပွပွချောင်ချောင် အဝတ်အစားများကို ဝတ်ဆင်ပါ။ အထူးသဖြင့် ချွေးစုပ်တဲ့ချည်သား၊ လီနင်၊ စပန့်သားများနှင့် အရောင်နုနုလွင်လွင်လေးများကို ရွေးချယ်ဝတ်ဆင်သင့်ပါသည်။

၂။ အပူချိန်အပြင်းထန်ဆုံးနေ့လည်နေ့ခင်းအချိန်တွေမှာ အပြင်ထွက်သွားလာလှုပ်ရှားခြင်းကို တတ်နိုင်သမျှရှောင်ရှားပြီး အရိပ်ရ၍ အေးသောနေရာများတွင်နေထိုင်ပါ။ မဖြစ်မနေသွားလာရသည့်အခါမျိုးတွင်လည်း ထီး၊ ဦးထုပ် စသောအကာအကွယ်များဖြင့်သွားလာပါ။

၃။ ခရမ်းလွန်ရောင်ခြည် နှင့် နေရောင်ခြည်ကိုကာကွယ်နိုင်ဖို့အတွက် နေရောင်ကာ Lotion ၊ Suncream နှင့်‌ နေကာမျက်မှန်များကို ဝတ်ဆင်အသုံးပြုပါ။

၄။ ရေဓာတ်ပြည့်ဝအောင် ရေသောက်ခြင်း၊ ဓာတ်ဆားရည် နှင့် အသီးဖျော်ရည်သုံးဆောင်ခြင်းတို့ကိုပြုလုပ်ပါ။

၅။ နေ့ခင်းအပူချိန်ပြင်းသည့်အခါများတွင် အရက်သေစာသောက်စားခြင်း၊ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ခြင်းများကို အထူးသတိပြုရှောင်ရှားပါ။

၆။ အသက်အရွယ်ကြီးသူ ဘိုးဘိုးဘွားဘွားများနှင့် ကလေးသူငယ်များအား အပူဒဏ်လွန်ကဲခြင်း၊ အပူရှပ်ခြင်း စသော ပြဿနာများမဖြစ်စေရန်အထူးဂရုပြုပါ။

၇။ မိမိပတ်ဝန်းကျင်ရှိတစ်စုံတစ်ဦးတွင် အပူရှပ်ခြင်းလက္ခဏာများပြသနေပါက နီးစပ်ရာကျန်းမာရေးဆေးပေးခန်း၊ ဆေးရုံများသို့ ချက်ချင်းသွားရောက်ပို့ဆောင်ဖို့ Virox Myanmar မှအကြံပြုပါရစေရှင်။

22/04/2023

ယနေ့ ဧပြီလ ၂၂ ရက်နေ့ဟာ ကျမတို့လူသားတွေအပါအဝင် သက်ရှိအားလုံး အမှီသဟဲပြုနေတဲ့ မိခင်ကမ္ဘာမြေကြီးအား ထိန်းသိမ်းစောင့်ရှောက်ဖို့ အသိပညာပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပေါ်လာခဲ့တဲ့
“ International Mother Earth Day “ ပဲဖြစ်ပါတယ်။

လူသားများရဲ့ ဆင်ခြင်မှုကင်းမဲ့စွာ ပြုမူလုပ်ဆောင်မှုများကြောင့် မိခင်ကမ္ဘာမြေကြီးဟာ အဖက်ဖက်မှပျက်စီးယိုယွင်းလာကာ ရလဒ်အနေဖြင့် ရာသီဥတုဆိုးရွားဖောက်ပြန်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း၊ သယံဇာတများရှားပါးလာခြင်း၊ အပူချိန်အဆမတန်မြင့်တက်လာခြင်း နှင့် သားရဲတိစ္ဆာန်များ မျိုးတုံးပျောက်ကွယ်ခြင်း အစရှိသည်တို့ ဖြစ်ပေါ်လာပြီး လူသားနှင့်သက်ရှိများအား တဖန်ပြန်လည်ကာ ကြောက်မက်ဖွယ်ဆိုးကျိုးများ သက်ရောက်စေပါတယ်။

ဒါကြောင့်မို့ သက်ရှိသတ္တဝါများနှင့် မိမိတို့နောက်မျိုးဆက်များအတွက် စိမ်းလန်းသောပတ်ဝန်းကျင် ရေမြေသဘာဝကို ဖန်တီးပေးနိုင်ဖို့အတွက် မိမိတို့သက်ရှိလူသားများ အစဉ်ထာဝရ အပြန်အလှန်မှီခိုနေကြရတဲ့ မိခင်ကမ္ဘာမြေကြီး တစ်ဖန်ပြန်လည်သန်စွမ်းကျန်းမာဖို့ လုပ်ဆောင်ကြရန်မှာ မိမိတို့အားလုံးရဲ့အရေးကြီးတာဝန်ဖြစ်ပါတယ်။

ထို့ကြောင့် ယနေ့မှစတင်ကာ လူသားတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ပလတ်စတစ်သုံးစွဲမှုလျော့ချခြင်း၊ ကာဗွန်လျှော့ချခြင်း၊ အဖိုးတန်သယံဇာတ၊ ရေချို နှင့်စွမ်းအင်များ လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ခြင်း၊ Reduce, Reuse, Recycle Method များလက်ခံကျင့်သုံးခြင်း၊ မိမိတို့နီးစပ်ရာပတ်ဝန်းကျင်ကို အသိပညာပေးခြင်းများပြုလုပ်ခြင်း၊ ရပ်ရွာနှင့်အဖွဲ့အစည်းတာဝန်ရှိသူများပါပူးပေါင်းပါဝင်လာစေရန် တိုက်တွန်းနှိုးဆော်ခြင်း၊ အပင်များအားတတ်နိုင်သလောက်စိုက်ပျိုးခြင်းနှင့် ကာကွယ်ခြင်းတို့အား တတ်နိုင်သမျှလုပ်ဆောင်ခြင်းဖြင့် မိခင်ကမ္ဘာမြေကြီးနှင့်သက်ရှိသတ္တဝါများအား ထိန်းသိမ်းကာကွယ်ကြရမှာပဲဖြစ်ပါတယ်။

19/04/2023

ရှောင်မလွှဲနိုင်တဲ့ အရေးပေါ်မှုတိုင်းအတွက် အသင့်ရှိနေမဲ့ Virox Multi-Surface Disinfecting Wipes

လူတိုင်းဘဝမှာ တစ်ကြိမ်တစ်ခါတော့ ခရီးသွားဟန်လွဲ Public Toilet တွေကို မလွှဲသာမရှောင်သာ အသုံးပြုကြရဖူးမှာပါ။ လူအများသိကြတဲ့အတိုင်း Public Toilet တွေရဲ့ ဘိုထိုင်အိမ်သာခုံ၊ ရေဆွဲခလုတ် နှင့် တံခါးလက်ကိုင်တွေဟာ ထိတွေ့မှုများကြောင့် မမြင်နိုင်တဲ့ ဘတ်တီးရီးယားနှင့် ရောဂါပိုးမွှားတွေ အစုံကပ်ငြိနေနိုင်ပါတယ်။ သို့သော်လည်း ကိစ္စအရေးပေါ်လို့ မဖြစ်မနေအသုံးပြုကြရတဲ့အခါ မိမိတို့နေအိမ်မှာအသုံးပြုနေကြအိမ်သာလို စိတ်သန့်သန့် အသုံးပြုနိုင်စေဖို့ 𝐕𝐢𝐫𝐨𝐱 𝐌𝐮𝐥𝐭𝐢-𝐒𝐮𝐫𝐟𝐚𝐜𝐞 𝐃𝐢𝐬𝐢𝐧𝐟𝐞𝐜𝐭𝐢𝐧𝐠 𝐖𝐢𝐩𝐞𝐬 လေးတွေကိုအားကိုးလို့ရပါတယ်။

𝐕𝐢𝐫𝐨𝐱 𝐌𝐮𝐥𝐭𝐢-𝐒𝐮𝐫𝐟𝐚𝐜𝐞 𝐃𝐢𝐬𝐢𝐧𝐟𝐞𝐜𝐭𝐢𝐧𝐠 𝐖𝐢𝐩𝐞𝐬 ဟာ Alcohol အစားထိုး Benzalkonium Chloride ဖြင့်ထုတ်လုပ်ထားသောကြောင့် ရာဘာ၊ ပလတ်စတစ်၊ စတီး အစရှိသော မျက်နှာပြင်မျိုးစုံကို ပျက်စီးမှုမရှိပဲ အသုံးပြုနိုင်ကာ ဘတ်တီးရီးယားပိုးမွှားမျိုးစုံကို တစ်ကြိမ်ပွတ်တိုက်အသုံးပြုရုံဖြင့် စက္ကန့် 60 အတွင်း မြန်မြန်ဆန်ဆန် နဲ့ 99.99 % အထိသုတ်သင်ပေးနိုင်တာမို့ အရေးပေါ်အချိန်တွေအတွက် အဆင်ပြေဆုံးဖြစ်မှာ အမှန်ပါပဲရှင်။

05/04/2023

❗သတိပြုဖွယ် Heat Stroke ( အပူရှပ်ခြင်း ) အန္တရာယ် ❗

အပူချိန်ပြင်းထန်လွန်းတဲ့ နွေရာသီကာလတွေမှာ Heat Stroke လို့ ခေါ်တဲ့ အပူရှပ်ခြင်းဖြစ်စဉ်တွေ အဖြစ်များလေ့ရှိပါတယ်။ Heat Stroke ဆိုတာ ပြင်းထန်လွန်းတဲ့အပူချိန်နှင့် အချိန်ကြာမြင့်စွာထိတွေ့ရာမှ မိမိတို့ ကိုယ်ခန္ဓာအပူချိန် ပုံမှန်ထက် လွန်ကဲစွာ မြင့်တက်ခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။

Heat Stroke ဟာ ကလေးသူငယ်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ နေပူထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ရှားအလုပ်လုပ်ကိုင်ကြရသူများ၊ အရက်သေစာ အလွန်အကျွံသောက်သုံးသူများနှင့် နှလုံး၊ သွေးတိုးရောဂါအခံရှိသူများတွင် ဖြစ်ပွားနိုင်ခြေများပါတယ်။

Heat Stroke ရဲ့ ရောဂါလက္ခဏာတွေကတော့ ခန္ဓာကိုယ်အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက်မြင့်မားခြင်း၊ ချွေးထွက်မှုမရှိပဲ အရေပြားပူကာခြောက်သွေ့နီမြန်းခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းတို့ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်အချိန်မီကုသမှုမရှိလျှင် ဦးနှောက်နှင့် အရေးကြီးကိုယ်တွင်းအင်္ဂါများပျက်စီးကာ အသက်သေဆုံးနိုင်သည်အထိ ဆိုးကျိုးများဖြစ်ပွားနိုင်ပါတယ်။

Heat Stroke အပူရှပ်ခြင်းဟာ အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်ပြီး အချိန်မှီစနစ်တကျ ပြုစုကုသမှု ရရှိဖို့အရေးကြီးပါတယ်။ မိမိတို့ပတ်ဝန်းကျင်အနီးအနားတွင် Heat Stroke လက္ခဏာပြသူရှိပါက လူနာအား အေးမြ၍ အရိပ်ရသောနေရာသို့ခေါ်ဆောင်သွားကာ တဖြေးဖြေးကိုယ်အပူချိန်ကျစေရန် ရေပတ်တိုက်ခြင်းစသည့် ရှေးဦးပြုစုမှုများပြုလုပ်ပေးပြီး အရေးပေါ်ကုသမှုခံယူနိုင်ဖို့ နီးစပ်ရာကျန်းမာရေးဆေးကုခန်းများကိုခေါ်ဆောင်သွားသင့်ပါတယ်။

ဒါ့အပြင် ပူပြင်းသောနွေရာသီကာလတွင် အပူလွန်ကဲခြင်းကြောင့် ဆိုးကျိုးများမဖြစ်စေရန် နေ့ခင်းအချိန်အခါများတွင် အေးမြ၍ အရိပ်ကောင်းသော နေရာများတွင်နေခြင်း၊ နေပူထဲတွင်အပြင်းအထန်လှုပ်ရှားအားကစားပြုခြင်း မှရှောင်ကြဉ်ခြင်း၊ အပြင်သို့ထွက်မည်ဆိုပါက ထီး၊ ဦးထုပ်စသည့် အဆောင်းအကာများအသုံးပြုခြင်း၊ နေ့အပူချိန်ပြင်းသည့်အခါတွင် အရက်သေစာသောက်စားခြင်း၊ ရေချိုးခေါင်းလျှော်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ ရေဓာတ်ခမ်းခြောက်မှုမရှိစေရန်အတွက် ရေ၊ဓာတ်ဆားရည်တို့ကိုသောက်သုံးခြင်းနှင့် သက်တောင့်သက်သာဖြစ်စေနိုင်မည့် ပွပွချောင်ချောင်အဝတ်အစားတို့ကို ဝတ်ဆင်ခြင်းတို့ကို ကြိုတင်ကာကွယ်မှုများအနေဖြင့် ပြုလုပ်သင့်ပါသည်။

28/03/2023

ပူပြင်းတဲ့နွေရာသီကာလမှာ ပြင်းထန်တဲ့နေရောင်ခြည်၊ ဖုန်မှုန့်၊ ချွေးတွေနှင့်အတူ မိမိတို့ ဂရုပြုစိုးရိမ်သင့်တာက နေရာစုံမှာပျံ့နှံ့ကပ်ငြိနေတတ်တဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောဂါပိုးမွှားတွေပါ။ လူအများနဲ့ နေ့စဉ်မဖြစ်မနေ ထိတွေ့နေရသူတွေအတွက် အဆိုပါ ဘတ်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးတွေဟာ မိမိတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ဖုန်း၊ ပိုက်ဆံအိတ်၊ လွယ်အိတ်နှင့် Computer keyboard အစရှိသည်တို့မှာ ဖုန်မှုန့်များနှင့်အတူ အလွယ်တကူကပ်ငြိတင်ကျန်နေနိုင်တာမို့ မိမိတို့နဲ့ ထိတွေ့နေတဲ့အသုံးအဆောင်တွေကို ပုံမှန်သန့်စင်မှုပြုဖို့ရာ အရေးကြီးလှပါတယ်။

Virox ရဲ့ Benzalkonium Chloride နဲ့ထုတ်လုပ်ထားတဲ့ 𝐌𝐮𝐥𝐭𝐢-𝐒𝐮𝐫𝐟𝐚𝐜𝐞 𝐃𝐢𝐬𝐢𝐧𝐟𝐞𝐜𝐭𝐢𝐧𝐠 𝐖𝐢𝐩𝐞𝐬 ဟာ ဘတ်တီးရီးယားနဲ့ ရောဂါပိုးမွှားများကို 60 seconds အတွင်း 99.999% အထိဖယ်ရှားပေးနိုင်ပြီး Alcohol-Free Formula ဖြင့်ထုတ်လုပ်ထားခြင်းကြောင့် စတီး၊ ပလတ်စတစ်၊ ရာဘာ၊ သတ္တု အစရှိတဲ့ မျက်နှာပြင်မျိုးစုံကို အလွယ်တကူပိုးသတ်သန့်စင်ပေးနိုင်တော့ အဆင်အပြေဆုံးပဲပေါ့။

ဒါ့အပြင် Shop.com.mm မှလည်း အထူးသီးသန့်လျော့ဈေးတွေနဲ့ ရောင်းချပေးနေတာမို့ အမြန်ဆုံး ဝယ်ယူအားပေးကြဖို့ မမေ့ပါနဲ့နော်။

ဝယ်ယူရန်လင့်
https://rb.gy/fxuzlt

08/03/2023

ယနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ကမ္ဘာ့နေရာအသီးသီး ကဏ္ဍအသီးသီးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတဲ့ အမျိုးသမီးများကို " 𝐕𝐢𝐫𝐨𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 " မှ လှိုက်လှိုက်လှဲလှဲ လေးစားဂုဏ်ပြုအပ်ပါတယ်ရှင်။

Telephone

Website