Putao Lover

Putao Lover

Putao Travel Agency

Photos from Putao Lover's post 02/11/2023

🏔️⛰️ ကျောက်ဂျပိုး (or) ရဝမ်အခေါ် ( SHELANG )

🪲 အဓိကဝယ်ယူသူကတော့ တရုတ်ကုန်သည်တွေပါပဲ တရုတ်ပြည်မှာတော့ တိုင်းရင်းဆေးတမျိုးပါ

🐞 တို့တောင်ပေါ်ဒေသမှာတော့ မီးအေးအေးလေးနဲ့လှော်ပြီး ငရုပ်သီးနဲ့ထောင်းစားပါတယ်

📷 k.Sar Ram

2 Nov 2023

17/05/2023

“ရဝမ်မလေးတွေကို ရီးစားစကား
ပြောတော့မှာမလား..." 🤭🤭🤭

#အနန်
အနန် တွေ အများကြီးရှိတဲ့အထဲက
မင်းတစ်ယောက်တည်းကိုပဲ
နန်းဆန်ဆန် ချစ်နေရတာပါ။
ငါ့အချစ်တွေလည်း နန်း ဆန် နေပါပြီ။
နင်နဲ့စတွေ့ကတည်းက ငါ့နှလုံးသားလည်း
တနန့်နန့်နဲ့ ခွေးကလေးတကောင်လို
အနန် ခေါ်ရာနောက် အမြှီးနန့်ပြီး
လိုက်လာနေရတော့တာ အမှန်ပါပဲ။ 😁😁

#အနင်
အနင် တွေ အများကြီးရှိတဲ့အထဲက
နင်တစ်ယောက်တည်းကိုပဲ
နင်နေအောင်
နင့်နေအောင်
တနင့်တပိုး ချစ်တာပါကွာ... 🤭😂
နင့် အချစ်တွေနဲ့ပဲ
ငါ အိုမင်းရင့်ရော်သွားချင်တာပါ...
😂😂

#အခေါ်
အခေါ် တွေ အများကြီးရှိတဲ့အထဲက
မင်းတစ်ယောက်ကိုပဲ
ငါ့နှလုံးသားက စွဲစွဲမြဲမြဲ အော် ခေါ်နေမိတာပါ။
နင်ဆွဲ ခေါ်ရာနောက်ကိုပဲ တစ်ဖဝါးမခွာ
ဆွဲဆွဲမြဲမြဲ လိုက်မိတာပါ။ 😐😐
အေးခဲသွားတဲ့ ငါ့နှလုံးသားလည်း
မင်း ခေါ်သံသဲ့သဲ့လေးနဲ့အတူ
လန်းလန်းဆန်းဆန်း နိုးကြားလာခဲ့ပါပြီ။
အချစ် ခေါ်ရာလိုက်ပြီး
ဘဝခရီးအတူသွားကြရအောင်... 😁😁

#အချန်
တစ်လောကလုံးက မင်းကိုချန်ထားလည်း
ငါ မင်းရဲ့အနား ရှိနေမှာပါ။ 😐😐
ပြီးတော့...
တစ်လောကလုံးကို ချန် ထားခဲ့ပြီး
မင်းတစ်ယောက်တည်းကို ချစ်ဖို့
ငါ အမြဲအသင့်ရှိနေသူပါ။ 🤭🤭
ဘဝထိုးသတ်ကွင်းကြီးထဲမှာ
အချန် တစ်ချက်ပဲ အားပေးပါ။
ချန်ပီယံတစ်ယောက်အဖြစ်
အောင်ပွဲခံဖို့ ငါအလဲထိုးလာခဲ့ပါမယ်...
ဒါတွေအားလုံးထက် နင်ဟာ ငါ့နှလုံးသားရဲ့
ထာဝရချန်ပီယံ ဖြစ်နေတာက
ငါ ဂုဏ်အယူရဆုံးပါ။ 😌😌😂😂

#အထီ
အထီ တွေ အများကြီးရှိတဲ့အထဲက
မင်းတစ်ယောက်ကပဲ
ငါ့နှလုံးသားကို ဟိုအဖွားကြီး
ထီ ပေါက်သလို ပြုံးပျော်စေနိုင်တာပါ။
မင်းနဲ့စတွေ့ကတည်းက ငါ နေ့တိုင်း
ထီ ပေါက်ခဲ့တာ ဒီနေ့အထိပါ... 😐😐
ထီးကလေးတစ်လက်လို
နေပူမိုးရွာ နင့်အနားမှာ ငါအနေမြဲမှာပါ။
နင့်အချစ်နဲ့ ထီးနန်းကြီးဆောက်ပြီး၊
သားသားမီးမီးတွေမွေးပြီး ငါနေမှာပါ။
😂😂

#အခူရ်
အခူရ် တွေ အများကြီးရှိတဲ့အထဲက
မင်းတစ်ယောက်တည်းကပဲ
ခူကောင်လေးဖြစ်နေတဲ့ ငါ့ဘဝကို
ရောင်စုံလှပတဲ့ လိပ်ပြာလေးတစ်ကောင်လို
ပျံသန်းနိုင်အောင် စွမ်းဆောင်ပေးခဲ့တာပါ။
😎😎😎

#အဂင်း
အဂင်း... ရေ...
နင့်အချစ်တွေကိုသာ ငါပိုင်ပါရစေ။
ငါ့အချစ်တွေနဲ့ပေါင်းပြီး...
လူတွေဘယ်တော့မှ မချိုးဖျက်နိုင်မယ့်
အချစ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်အောင်
ငါတို့ မှတ်တိုင်ထူလိုက်ကြရအောင်...🤭🤭

#အထမ်း...
နင့်က အထမ်းဆို
ငါက အထမ်းသမား ဖြစ်ပါရစေ။ 🤭🤭
နင့်ရဲ့စိတ်ဒုက္ခ၊ သောက ရှိရှိသမျှကို
ထမ်းစင်ပေါ်တင်ပြီး ငါ ထမ်းပါ့မယ်။
တစ်ဘဝလုံး စားဖို့သောက်ဖို့ ဖူလုံစေဖို့
ထမ်းပိုးကောင်းအဖြစ် ငါဖြစ်ပါရစေ။
နင့်အပါး ငါ့အခစားပြီးတော့၊
နင့်အမှု ငါထမ်းပါရစေ... 😎😎
နင်တိုက်တဲ့ စစ်ပွဲတိုင်းမှာလည်း
ငါက နင့်တပ်မတော်ကြီးရဲ့
စစ်မှုထမ်းကောင်းတစ်ယောက် ငါ ဖြစ်ပါရစေ။
😂😂😂

(ပေါ်ပင်တွေရမယ် ပေါ်ပင်တွေ... 😂)

ငါတို့တုန်းက ရီးစားစာဆိုတာ
ဒီလို ရေးခဲ့ရတာဗျ... 😎😎

အစိုးရကျောင်းသားဘဝတုန်းက
ရီစားစာရေးခဲ့တာတွေကို သတိရရင်း...

🤭🤭🤭

#ပြန်လည်ဖော်ပြတင်ဆက်ခြင်းသာ

Photos from Putao Lover's post 07/04/2023

တာ့လီပြည်

"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "သုတစုံလင် သိုင်းလောကတခွင်" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက သိုင်းလောကသားတွေနဲ့ ရင်းနှီးနေပြီးသားဖြစ်တဲ့ "တာ့လီပြည်" အကြောင်း ဖြစ်ပါတယ်။

"တာ့လီပြည်" ဟာ လက်ရှိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တောင်ပိုင်းမှာတည်ရှိပြီး ကာလကြာရှည် ကိုယ့်မင်း ကိုယ့်ချင်း ရပ်တည်နိုင်ခဲ့တဲ့ နိုင်ငံငယ်လေးတစ်ခု ဖြစ်ပါတယ်။

တကယ်တမ်းတော့ "တာ့လီပြည်" ဟာ ရှေးဦးဗမာတွေနဲ့ နီးစပ်တဲ့ မျိုးနွယ်စု၊ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ တာ့လီပြည်ရယ်လို့ မပေါ်ထွန်းသေးခင်က အဲဒီနေရာဟာ "နန်ချောင်" (Nanzhao) တို့ရဲ့ ဒေသ ဖြစ်ပါတယ်။ "နန်ချောင်" ကို "နန်စော" လို့ ရှေးဦး ဗမာတွေက ခေါ်ဝေါ်ခဲ့ကြပါတယ်။

"နန်ချောင်" တွေမှာ ဘာသာစကားအမျိုးမျိုး၊ မျိုးနွယ်စုအမျိုးမျိုးရှိကြပြီး အထက်တန်းလွှာလူတန်းစားတွေဟာ ဗမာစကားနဲ့ နီးစပ်တဲ့ တိဗက် - မြန်မာ ဘာသာစကားအုပ်စုဝင် "နော့ဆူ" ဘာသာစကားကို သုံးစွဲခဲ့ကြပါတယ်။

မျိုးနွယ်စု အသီးသီးနဲ့ ကိုယ်ပိုင်ပြည်ထောင်ငယ်အမျိုးမျိုးနဲ့ တည်ရှိနေခဲ့ရာက သက္ကရာဇ် ၇၃၇ ခုနှစ်မှာ ဘုရင် "ဖီလော်ကော့" (Piluoge) က ပြည်ထောင်ငယ်တွေကို စုစည်းပြီး "နန်ချောင်ပြည်" ကို ထူထောင်ခဲ့ပါတယ်။

အဲဒီအချိန်က "နန်ချောင်" မှာရှိတဲ့ လူမျိုးနွယ်စုတွေနဲ့ ပတ်သက်ပြီး ယနေ့ထိတိုင် ပညာရှင်တွေ ငြင်းခုန်နေကြဆဲပါ။ တရုတ်ပညာရှင်တွေက "နန်ချောင်ပြည်" ရဲ့ အုပ်ချုပ်သူ လူတန်းစားဟာ "ပိုင်" ( Bai) သို့မဟုတ် "ယီ" (Yi) မျိုးနွယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ်လူမျိုးမဟုတ်တဲ့ ပညာရှင်တွေကတော့ "နန်ချောင်ပြည်" ကို "တိုင်းရှမ်း" (Tai) လူမျိုးတွေနဲ့ အဓိကဖွဲ့စည်းထားပြီး နောက်ပိုင်းမှာ တောင်ဘက်ပိုင်းကို ပြောင်းရွှေ့ရင်း အခုခေတ် မြန်မာ၊ လာအို၊ ထိုင်း နိုင်ငံတွေဆီ ပျံ့နှံ့နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သက္ကရာဇ် ၇၄၈ ခုနှစ်၊ ဘုရင် "ဖီလော်ကော့" ကံကုန်ပြီးနောက် သားတော် "ကော်လော်ဖင့်" (Geluofeng) ဘုရင်လက်ထက်ကစပြီး နောက်ပိုင်းမင်းဆက်တွေမှာ "နန်ချောင်" တွေဟာ အင်အားကြီးမားလာတဲ့အတွက် အိမ်နီးချင်းဒေသတွေကိုပါ နယ်မြေချဲ့ထွင်လာခဲ့ပါတယ်။ သက္ကရာဇ် ၈၂၀ မှာ "နန်ချောင်" တွေဟာ လက်ရှိ မြန်မာနိုင်ငံအထဲက ပျူမြို့ပြနိုင်ငံတွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။

သက္ကရာဇ် ၇၅၅ ခုနှစ်နောက်ပိုင်း နန်းတွင်းရေး မတည်ငြိမ်မှုတွေကြောင့် တရုတ်ပြည် ဖရိုဖရဲဖြစ်နေချိန်မှာ "နန်ချောင်" တွေဟာ "တိဗက်" နဲ့ မဟာမိတ်ဖွဲ့ပြီး တရုတ်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။

သက္ကရာဇ် ၈၇၀ နောက်ပိုင်းမှာတော့ "နန်ချောင်" ဟာ နန်းလုပွဲတွေကြောင့် စည်းလုံးမှုအင်အားကျဆင်းလာခဲ့ပြီး သိမ်းပိုက်ထားခဲ့တဲ့ နယ်မြေတွေကိုလည်း တဖြည်းဖြည်း စွန့်လွှတ်ခဲ့ရပါတယ်။ သက္ကရာဇ် ၉၀၂ မှာ အမတ်အကြီးတစ်ယောက်က အိမ်ရှေ့မင်းသား အပါအဝင် ဘုရင့်မျိုးနွယ်တွေကို သုတ်သင်ပစ်လိုက်တဲ့အတွက် "နန်ချောင် မင်းဆက်" အဆုံးသတ်ခဲ့ရပါတော့တယ်။

အဲဒီနောက်ပိုင်း "နန်ချောင်ဒေသ" မှာ မင်းဆက်သုံးခု ["Da Changhe" (၉၀၂-၉၂၈)၊ "Tianxing" (၉၂၈-၉၂၉)၊ "Da Yining" (၉၂၉-၉၃၇)] ပေါ်ပေါက်ခဲ့ပေမယ့် တိုင်းပြည်အင်အား ကြီးမားခြင်း မရှိခဲ့သလို မျိုးနွယ်စုအားဖြင့်လည်း စည်းလုံးခြင်း မရှိခဲ့ပါဘူး။

ရှေးယခင်က "နန်ချောင်တိုင်းပြည်" ရဲ့ အချုပ်အခြာအာဏာကို ကြီးစိုးထားခဲ့တဲ့ "ရှမ်း" (Tai) တွေဟာလည်း တဖြည်းဖြည်း သြဇာအာဏာကျဆင်းလာခဲ့ပြီး နေရပ်စွန့်ခွာပြောင်းရွှေ့ခြင်း၊ မျိုးနွယ်စု သွေးနှောခြင်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါကြောင့် သက္ကရာဇ် ၉၃၇ ခုနှစ်မှာတော့ "ရှမ်း" (Tai) နဲ့ တခြားမျိုးနွယ်စုတွေ သွေးနှောရာက အင်အားကြီးမားလာတဲ့ "သွမ့်" (Duan) မျိုးနွယ်၊ "သွမ့်စစ်ဖျင်" (Duan Siping) က "တာ့လီပြည်" (Dali Kingdom) ကို စတင်ထူထောင်ခဲ့ပါတယ်။

ခေတ်ပြိုင် တရုတ်ဘုရင်တွေဟာ "တာ့လီပြည်" ကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး ရင်းနှီးတဲ့ဆက်ဆံရေး ထားရှိခဲ့ကြပါတယ်။ "Song" မင်းဆက်ကို တည်ထောင်သူ "Song Taizu" လက်ထက်မှာ "Dadu" မြစ်တောင်ဘက်ရှိ မြေအားလုံးကို တာ့လီပိုင်နယ်မြေအဖြစ် ကြေညာပေးခဲ့ပါတယ်။

"တာ့လီမင်းဆက်" တွေကတော့ "Duan Siping" (၉၃၇–၉၄၄)၊ Duan Zhengming (၁၀၈၁–၁၀၉၄)၊ Duan Zhengchun (၁၀၉၆–၁၁၀၈)၊ Duan Zhixing (၁၁၇၂–၁၂၀၀)၊ Duan Xingzhi (၁၂၅၁–၁၂၅၄) ဖြစ်ပါတယ်။

သက္ကရာဇ် ၁၂၅၃ ခုနှစ်မှာ "တာ့လီပြည်" ကို "မွန်ဂို" တွေ သိမ်းပိုက်ခဲ့ပြီး တာ့လီဘုရင်တွေကို "ယွမ်မင်းဆက်" (Yuan Dynasty) ရဲ့ အုပ်ချုပ်မှုအောက်မှာ မျိုးနွယ်စုအကြီးအကဲ (Tusi) တွေအဖြစ် ဆက်လက်အုပ်ချုပ်ခွင့်ပေးခဲ့ပါတယ်။

၁၃၈၂ ခုနှစ်မှာတော့ "ယူနန်" ကို မင်ဘုရင် (Ming) က သိမ်းပိုက်ပြီး "မွန်ဂို" ဦးဆောင်တဲ့ "ယွမ်မင်းဆက်" ရဲ့ အုပ်ချုပ်မှုက ဖယ်ရှားခဲ့ပါတယ်။

"တာ့လီ" ဘုရင်တွေဟာ ဘာသာတရား ကိုင်းရှိုင်းသူတွေအဖြစ် ကျော်ကြားပြီး "တာ့လီမြို့တော်" ကတော့ ဗုဒ္ဓဘာသာ သင်ကြားလေ့လာရာ နေရာဌာနကြီး ဖြစ်လာပါတယ်။

"တာ့လီ"ဘုရင်တွေလက်ထက်မှာ ဗမာနိုင်ငံနဲ့ တာ့လီနိုင်ငံအကြား ဆက်သွယ်မှုအားကောင်းပြီး ပုဂံပြည်ထူထောင်ရာမှာ တာ့လီ က အကူအညီပေးခဲ့တယ်လို့ အချို့က ယူဆပါတယ်။

ယနေ့ခေတ်မြေပုံအရ "တာ့လီပြည်" ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တောင်ပိုင်းမှာတည်ရှိပြီး "ယွင်လင်တောင်တန်း" က တာ့လီကို အရှေ့နဲ့ အနောက် နှစ်ပိုင်းပိုင်းထားပါတယ်။

အရှေ့ဘက်မှာ တာ့လီမြို့၊ Midu မြို့နယ်၊ Xiangyun မြို့နယ်၊ Binchuan မြို့နယ်၊ Eryuan မြို့နယ်၊ Jianchuan မြို့နယ်၊ Heqing မြို့နယ်တို့တည်ရှိပြီး အနောက်ဘက်မှာ Yangbi မြို့နယ်၊ Weishan မြို့နယ်၊ Nanjian မြို့နယ်၊ Yongping မြို့နယ်၊ Yunlong မြို့နယ်တို့ တည်ရှိပါတယ်။

#သုတစုံလင်သိုင်းလောကတခွင်

#တာ့လီပြည်

Photos from Putao Lover's post 20/03/2023

မြန်မာဝတ်စုံ နဲ့ ပနံသင့်နေတဲ့
မြန်မာပြည်မြောက်ဖျားက
❄️ ဖုန်ကန်ရာဇီရေခဲတောင် ❄️

#သိုရင်း
#တောင်ရှည်
#ဖုန်ကန်ရာဇီ


PhotoCrd

Photos from Putao Lover's post 25/02/2023

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့ ရီဒမ်းကြိုးတံတား

25/02/2023

တၢင်းၵႃႈပီႈၼွင်ႉမိူင်းၶွၼ်ႈ မိူင်းတႂ်ႈၶူင်း💞

နေရာ-သျှမ်းရှေးဟောင်းနန်းတော်(傣族古镇)
မိန်းခွမ်(ခေါ်)မန်စီမြို့ အကအလှ❤️
တယ်ဟုန်သျှမ်းဒေသ၊ယူနန်ပြည်နယ်

Dai Traditional dance from Mangshi,
Dehong Dai Autonomous Prefecture,
Yunnan Province

Lavender S. Villen

Photos from Putao Lover's post 08/12/2022

ရှီးပဒီး (သို့) ဆောင်းပိုးနွေမြက် ဆိုသည်မှာ................(ပတ်ဝန်းကျင် ဗဟုသုတ). ..

ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါတယ်။ ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။ ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။ ပေပေါင်း များစွာ မြင့်မားတဲ့ ရေခဲတောင်တွေ ရှိရာ ဒေသဖြစ်တဲ့ ဟိမဝန္တာ တောင်တန်း ဖြာဆင်းရာ တရုတ်၊ တိဘက်၊ နီပေါ၊ ဘူတန်နဲ့ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ တရုတ် တိုင်းရင်း ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်ကြပြီး ဈေးလည်း အလွန်ကြီးတဲ့ ဆေးဘက်ဝင် အမျိုးအစား ဖြစ်ပါတယ်။

ပိုးနွယ်ရှင်ခေါ် ရှီးပဒီးဖြစ်ပေါ်လာပုံက ထူးထူးဆန်းဆန်းလို့ ပြောရမှာပါဘဲ။ အကောင်မဖြစ်ခင် သန္ဓေသားလောင်း ဖြစ်တဲ့ ပိုးဥကောင်လေးတွေဟာ ဆောင်းရာသီအချိန်မှာ အလွန် အေးလွန်းတာကြောင့် မြေကြီးထဲမှာ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ် တို့ကိုစားသုံးပြီး ဆောင်းခိုနေခဲ့ပါတယ်။ အဲဒီလို ဆောင်းခိုနေတဲ့အချိန်မှာ ပိုးလောင်းကောင်လေးတွေဟာ မြေကြီးအောက်မှာ ငြိမ်သက်နေသော်လည်း ကပ်ပါးမှိုတစ်မျိုးရဲ့ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၎င်း ကပ်ပါးမှိုဟာ ပိုးလောင်းကောင်လေးတွေကို ဖုံးလွှမ်း သွားခဲ့ပြီး နွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများရဲ့ ဦးခေါင်းပေါ်ကနေ မြက်ပင်နဲ့ ဆင်တဲ့ ဦးချိုသဖွယ် အညှောင့်ကလေး ထွက်လာခဲ့ပါတယ်။ အဲဒီ အညှောင့်ကလေးတွေဟာ ၅စင်တီမီတာကနေ ၁၅စင်တီမီတာအထိ ရှည်လျားစွာ ထွက်ပေါ်လာတတ်ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရတော့ အဲဒီအချိန်ဟာ ပိုးကောင်ဘဝကနေ နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ရေခဲချိန်မှာ ပိုးကောင်၊ ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ မြင်ရချိန်မှာတော့ အပင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

၎င်းရေခဲများ အရည်ပျော်ချိန်မှာ မြေအောက်က ပိုးလောင်းကောင်လေးတွေရဲ့ ဦးခေါင်းကနေ အပင်လေး ထွက်လာတဲ့အခါ ဒေသခံ တောင်ပေါ်သားများက ရှာဖွေ စုဆောင်း ကောက်ယူ ကြပါတယ်။ တောင်ပေါ်ဒေသတွေမှာ ရှေးယခင်ကတည်းက ဆေးဘက်ဝင်တယ်လို့ သိခဲ့ကြတာကြောင့်လည်း ၎င်း ပိုးကောင်လေးများကို ရှာဖွေ စုဆောင်းသူများပြားလှပါတယ်။ ကျန်းမာရေး အတွက် အလွန် အကျိုးပြုပြီး ဆေးဘက်ဝင်လှတဲ့ ရှီးပဒီး ပိုးကောင်လေးတွေဟာ ဈေးကောင်းရပါတယ်

ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင်မှုတွေက တော်တော်ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၎င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ကာ ရောင်းချတတ်ကြပါတယ်။

အာဟာရဓာတ် ပါဝင်မှု များပြားတဲ့အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာများ ချောမွေ့စေခြင်း ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း၊ ချောင်းဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်း ကင်ဆာဖြစ်ပွားခြင်းကို လျော့နည်းစေခြင်း သွေးဥများကို တိုးပွားစေခြင်း သွေးရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ခြင်း အမျိုးသားများအတွက် ခွန်အားတိုးပွားစေခြင်း ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေခြင်း အမျိုးသမီးများ ဓမ္မတာကောင်းမွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေးအကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း အကျိုးများလှတယ်လို့ သိရပါတယ်။

ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါတယ်။ ၎င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယားစသည့်နိုင်ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန်အတွက် ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၎င်း ရှီးပဒီး သက်သက်ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။ တိဘက်ဒေသတွေမှာ ၎င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက်လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှတဲ့ ရေခဲတောင်တွေထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း စိတ်ကူးယဉ် အိပ်မက်မိပါတော့တယ်။

# Credit to သုတဇုန် ထွန်းလင်း

11/11/2022

ပီႈၼွင်ႉတႆး မိူင်းႁၢင်ႊလီႊ တႂ်ႈၶူင်း
တယ်ဟုန် မိန်းမောဝ်ဒေသ သျှမ်းသီချင်း
"ထာဝရ တို့နှစ်ယောက်အတူ"

09/10/2022

迎亲

Photos from Putao Lover's post 09/10/2022

အောဂင်းနစ် မြင်းခွာရွက်စိုက်ခင်း
Organic Pennywort Farm

Photo: Ko Nge Lay ( Bhamaw )

Photos from Putao Lover's post 16/09/2022

အင်ခိုင်ဘွမ်တောင်တန်း နဲ့ အပြိုင် လှပနေသော ၅၀ ကျော် မတ်မတ်များ

06/09/2022

ပူတာအိုမြို့မှ လှမ်းမြင်ရသော ရေခဲတောင်အလှ

18/08/2022

Camping ⛺

https://fb.watch/e_4xYBzZVC/

11/07/2022

နောင်မွန်ဌါနေ
Vocalist- MH.Ram seng
Composer- Mvyøt Tin ram
Music Arrange-Z.Ah lin
Mixing- Chya htaw
Actors- MH.Ram seng I T.Yin ram I MH.Merry sar I SN.Zvmi htwe I ML.Nang kam Mon
Dop - နောင်မွန် သင်တန်းသားများ

Photos from Putao Lover's post 08/07/2022

ပူတာအို ချစ်သူများ အဖွဲ့မှ ထုတ်လုပ်ဖြန့်ချီမယ့် ထုတ်ကုန်လေးပါ
🐝 ရှီးပတီးဂျင်ဆင်း ကျောက်ဆောင်ပျားရည်စိမ်
🐛 ရှီးပတီးဂျင်ဆင်း ကချင်မီးတောက်ဆေးစိမ်

03/06/2022

ရှီးပတီးရှာဖွေခြင်း မှတ်တမ်း

မုဆိုးကြီး ဦးယောဆက် ( အဝပ်ဒမ်းကျေးရွာ )
ဦးမာဖမ်းဆားရ် ( ပူတာအို )

မှတ်တမ်းတင်ရိုက်ကူးပေးသော
ဦးကျော်ကျော်ဝင်း ( စွယ်တော်ရိပ် )
လေးစားဂုဏ်ယူလျက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင်..

20/05/2022

ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ် အပိုင်း - ၂

ရေခဲတောင်ခရီးစဉ်ကို မှတ်တမ်းတင်ရိုက်ကူးပေးတဲ့ Travel Blogger Ko Thiha ( Thiha,the traveler ) ကို ပူတာအိုချစ်သူများအဖွဲ့ မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်...

.Hpongkanrazi

ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ဆီ [အပိုင်း - ၁] | Up To the Top of Phong Kan Razi Glacier [Episode - 1] 14/05/2022

ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ် အပိုင်း - ၁

ရေခဲတောင်ခရီးစဉ်ကို မှတ်တမ်းတင်ရိုက်ကူးပေးတဲ့ Travel Blogger Ko Thiha ( Thiha,the traveler ) ကို ပူတာအိုချစ်သူများအဖွဲ့ မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်...

.Hpongkanrazi

ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ဆီ [အပိုင်း - ၁] | Up To the Top of Phong Kan Razi Glacier [Episode - 1] အမြင့်ပေ ၁၁၉၀၀ ကျော်ရှိတဲ့ ဖုန်ကန်ရာဇီ ရေခဲတောင် ဟာ ကချင်ပြည်နယ် မြောက်ပိုင်း မချမ်းဘော၊ ပူတာအို နဲ့ နောင်မ....

Photos from Putao Lover's post 14/05/2022

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်။
🌹🙏🌹🙏🌹🙏🌹🙏🌹🙏🌹

02/05/2022

ငယ်ရွယ်တုန်းခရီးသွားပါ..

Photos from Putao Lover's post 02/05/2022

လေ့လာထားသင့်သည့် ကချင်ပြည်နယ်သမိုင်းကြောင်းများ

ကချင်ပြည်နယ်သည် မြန်မာပြည်၏ မြောက်ဘက်ဆုံးအပိုင်းတွင် ရှိသည်။ ကချင်ပြည်နယ်၏အရှေ့နှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ တည်ရှိသည်။ မြောက်လတ္တီတွဒ် ၂၃ ၂၇' နှင့် ၂၈ ၂၅' လောင်ဂျီတွဒ် ၉၆ ၀' နှင့် ၉၈ ၄၄' ကြားတွင် တည်ရှိသည်။ ကချင်ပြည်နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း (၃၄၃၇၉ ဒသမ ၂၂ ) ကျယ်ဝန်းသည်။ ကချင်ပြည်နယ်၏ မြို့တော်မှာ မြစ်ကြီးနားမြို့ဖြစ်သည်။ အခြားသော အဓိကမြို့မှာ ဗန်းမော်မြို့ဖြစ်သည်။
ကချင်၊ ချင်း၊ ဗမာ၊ ရှမ်း၊ နာဂ စသည့် တိုင်းရင်းသားမျိုးနွယ်စုများ အတူတကွ ပူးပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုငယ်တစ်ခုအသွင် တည်ရှိနေသည်။ လက်ရှိလူဦးရေ ၁,၅၅၉,၈၃၉ ခန့်ရှိသဖြင့် ပျမ်းမျှလူနေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ၄၅ ယောက်ဖြစ်သည်။ တောတောင်ထူထပ်သော ပြည်နယ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်များဖြစ်သော ခါကာဘိုရာဇီ (၁၉,၂၉၆ ပေ)နှင့် ဂမ်လန်ရာဇီ (၁၉,၁၄၂ ပေ) စသည့် တောင်ထိပ်များတည်ရှိကာ ဆီးနှင်းရေခဲများ အမြဲဖုံးလွှမ်းလျက်ရှိသည်။ အကျယ်ဆုံးလွင်ပြင်များမှာ ချင်းတွင်းမြစ်ဖျားရှိ တနိုင်းခမြစ်ဝှမ်းမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ မလိခမြစ်ဝှမ်းရှိ ပူတာအိုလွင်ပြင်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့ဝန်းကျင်ဒေသများ၊ အင်းတော်ကြီးကန်၊ မိုးကောင်းချောင်း၊ ကောက်ကွေ့ချောင်း ပတ်ဝန်းကျင်ဒေသများဖြစ်ကြသည်။

ကချင်ပြည်နယ် နောက်ခံ သမိုင်း
----------------
ကချင်ပြည်နယ်ဟူ၍ဖြစ်လာမည့် ဒေသတွင် ရှေးက ရှမ်းလူမျိုးများနေထိုင်ခဲ့ကြပြီး မိုးကောင်း၊ မိုးညှင်း၊ ပူတာအို စသည့် မြို့များထွန်းကားခဲ့သည်။ မိုးကောင်း၊ မိုးညှင်းမြို့များသည် အင်အားကောင်းပြီး ပြည်မ(အင်းဝ)ကို ထိပါးသည့်အခါထိပါးသည်။ အခြားထွန်းကားခဲ့သောမြို့များမှာ ဗန်းမော်၊ ကာမိုင်း၊ ဝိုင်းမော်စသည့်မြို့များဖြစ်သည်။ ဗန်းမော်သည် တရုတ်နှင့်ကုန်သွယ်သည့် နယ်စပ်မြို့ဖြစ်သည်။ ဘုရင်ခံအဆင့်ထားရှိပြီး ကင်းစခန်းများ၊ ခံတပ်များထားရှိသည်။ စော်ဘွားအဆက်ဆက်အုပ်စိုးခဲ့ကြပြီး တော်လှန်ပုန်ကန်မှုများကြောင့် ဘိုးတော်ဘုရားလက်ထက်တွင် စော်ဘွားစနစ်အားဖျက်သိမ်းပြီး မြို့ဝန်များထားရှိအုပ်ချုပ်ခဲ့သည်။ သီပေါမင်းလက်ထက်တွင် မိုးကောင်းမြို့သည် မြန်မာနိုင်ငံမြောက်ဖျား၏အဓိကမြို့တော်ဖြစ်ခဲ့ပြီး တော်လှန်ပုန်ကန်မှုများဖြစ်ပွားခဲ့သည်။ အင်္ဂလိပ်များသိမ်းပိုက်ပြီးနောက်ပိုင်းအထိ အမတ်ကြီး ဦးဖိုးစောဦးဆောင်သည့် တော်လှန်ရေးများဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းသို့ချီတက်သိမ်းပိုက်သည့် အင်္ဂလိပ်တပ်များသည် မိုးကောင်းမြို့တွင်အခြေချရာတွင် ရာသီဥတုပူအိုက်စွတ်စိုသဖြင့် အဖျားအနာထူပြောလှသဖြင့် နေရာသစ်ရှာဖွေရာ မြစ်ကြီးနားမြို့ကိုတွေ့ရှိပြီး မြို့ကိုချဲ့ထွင်ကာ အရေးပိုင်အုပ်ချုပ်သည့်မြို့အဖြစ်ထူထောင်ကြသည်။ မန္တလေး-မိုးကောင်းရထားလမ်းအား မြစ်ကြီးနားအထိ တိုးချဲ့ဖောက်လုပ်ခဲ့သဖြင့် မြစ်ကြီးနားမြို့သည် မြန်မာနိုင်ငံမြောက်ပိုင်း၏ ရထားလမ်းဆုံးမြို့ဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် မဟာမိတ်များက တရုတ်ချန်ကေချိတ်အစိုးရအားထောက်ပံ့ရန် တရုတ်မြန်မာလမ်းမကြီးဖောက်လုပ်ရာတွင် လီဒိုမှမြစ်ကြီးနားမြို့ကိုဖြတ်သန်းပြီး တရုတ်နိုင်ငံကူမင်းမြို့အထိဖောက်လုပ်ခဲ့သည်။ မြစ်ကြီးနားမြို့တွင် ကြည်းတပ်၊ လေတပ်များအခြေချရာမှ မြစ်ကြီးနားမြိုသည့်အရေးပါလာသည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် နယ်သားများသည် တစ်စိတ်တဝမ်းတည်းပူးပေါင်းပါဝင်ခဲ့ကြသည်။ ကချင်ပြည်နယ်ဟူ၍ သီးခြားပြည်နယ်တစ်ခုဖွဲ့စည်းပေးနိုင်ရန်အတွက် ပူတာအိုတောင်တန်းခရိုင်အားရွေးချယ်ခဲ့သည်။ မြစ်ကြီးနားခရိုင်နှင့်ဗန်းမော်ခရိုင်တွင် အဓိကလူမျိုးများမှာ ရှမ်းလူမျိုးများဖြစ်သဖြင့် ယင်းတို့အား ကချင်ပြည်နယ်အတွင်းသို့ထည့်သွင်းရန်သို့မဟုတ် ပြည်မနှင့်ပူးပေါင်းရန် ဒေသခံများအား မဲခွဲခဲ့ရာ ပြည်မနှင့် ပူးတွဲလိုသည့်ဖက်ကအနိုင်ရခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလအစိုးရက ဒေသခံပြည်သူများ၏ဆန္ဒကိုမျက်ကွယ်ပြု၍ ကချင်ပြည်နယ်အတွင်းသို့ ထည့်သွင်းခဲ့သည်။

ကချင်လူမျိုးတို့သည် ရှေးပေ၀သဏီကစပြီး အရှေ့သံလွင်မြစ် (Sakhkung Hka)၊ အနောက် အိန္ဒိယပြည်၊ ဗြဟ္မာပုတရမြစ်ကြား ယခုတရုတ်ပြည် အနောက်မြောက်၊ တိဘက်အရှေ့မြောက်၊ မွန်ဂိုးလီးယားကနေ တောင်ဘက် (လက်ရှိနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်) သို့ ဆက်လက်နေထိုင်လာခဲ့သည်။ ယင်းနယ်မြေများသည် ကချင်လူမျိုးစုတို့၏ ဇာတိချက်ကြွေနေရာများပင် ဖြစ်ကာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်။

၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အင်္ဂလိပ် (ဗြိတိသျှ) များ ဝင်ရောက်လာခဲ့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ တွင် သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့တို့သည် ၁၈၈၅ ဒီဇင်ဘာ ၅ ရက်နေ့၌ ဗန်းမော်ကို ရောက်ရှိလာခဲ့သည်။

အင်္ဂလိပ်အစိုးရမှ ကချင်ပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၁၉၂၀ ခုနှစ်နောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ကာ ၁၉၃၀ ခုနှစ် မှာတော့ မေခ၊ မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူနိုင်ခဲ့သည်။

သီးခြားရပ်တည်နေသည့် ကချင်လူမျိုးတွေရဲ့ နယ်မြေဒေသတစ်ခုလုံးကို အင်္ဂလိပ်တို့က Kachin Hill Tract Regulation ဆိုသည့် ဥပဒေ ပြဌာန်းကာ ထိန်းချုပ် အုပ်ချုပ်လာနိုင်ခဲ့သည်။ ပူတာအိုတောင်တန်းနယ်ခြားခရိုင်ဟူ၍ဖွဲ့စည်းပြီးအုပ်ချုပ်ခဲ့သည်။

ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈)ခုနှစ်တွင် အီရတ်စစ်မြေပြင်၌ အင်္ဂလိပ်ဘက်မှ ကချင်စစ်သား ၄၀၀ ကျော် ပါဝင်တိုက်ခိုက် ကူညီခဲ့သည်။ စစ်ပြီးနောက် ၁၉၂၅ ခုနှစ်တွင် ဆရာဦးမရမ် ရိုဘင်နှင့် ဒူဝါဇော်တူးတို့က မြစ်ကြီးနားနှင့် ဗန်းမော်မှ ကချင်ကိုယ်စားလှယ် ၅၅ ဦးကို ဦးဆောင်၍ ဘုရင်ခံ ဆာကုတ်ဘတ္တာလာထံ ကချင်တောင်တန်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ပထမဦးဆုံးတောင်းခံခဲ့သည်။ သို့သော် ကချင်ခြေလျင်တပ် သုံးတပ်သာ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။

ဒုတိယ ကမ္ဘာစစ် (၁၉၄၂) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက်လာခဲ့သည်ကို အင်္ဂလိပ်နှင့် အမေရိကန်စစ်တပ်ပေါင်းကာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲ၌ ကချင် စစ်တပ်သားများသည် Northern Kachin Levis (N.K.L)၊ V_Force၊ Chindit နှင့် American-Kachin Ranger တပ်ဖွဲ့များဖြင့် ပါဝင်ကူညီခဲ့သည်။

၁၉၄၄ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့တွင် N.K.L၊ V_Force၊ Chindit စစ်တပ်သားများသည် မြစ်ကြီးနားရှိ ဂျပန်တပ်သားများအား အမြစ်ပျက် ချေမှုန်းနိုင်ခဲ့သည်။ American-Kachin Ranger စစ်တပ်ဖွဲ့သည် တရုတ်ပြည် ယူနန်ပြည်နယ်ထဲထိ ဂျပန်စစ်တပ်အား တိုက်ခိုက် အောင်ပွဲခံခဲ့ကာ ယခု Ying Jiang မှာ အထိမ်းအမှတ် အဖြင့် ကျောက်တိုင် စိုက်ထူထားသည်။

၁၉၄၅ ခုနှစ် မတ်လ (၂၄-၂၆)ရက်နေ့တွင် စိန်လုံကဘာကျေးရွာ၌ ကချင်တောင်တန်း ဒေသတွင် ဂျပန်စစ်တပ်သားများ အကုန်အစင်တိုက်ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် Padang Manau (အောင်ပွဲခံမနောပွဲ) ကျင်းပခဲ့ကြသည်။

ဆက်ပြီး အောက်မြန်မာပြည်၌ ကချင်စစ်တပ်ပါသည့် အင်္ဂလိပ်စစ်တပ်သားနှင့် Force 136 တို့မှ ကူညီသဖြင့် ၁၉၄၅ ခုနှစ် ဩဂုတ် (၁၄)ရက်နေ့ ဂျပန်ကို မြန်မာနိုင်ငံမှ အပြီးတိုက်ထုတ်နိုင်ခဲ့သည်။

စစ်တိုက်ပြီး အောင်ပွဲခံပြန်လာခဲ့ကြသည့် ကချင်စစ်တပ်သားများသည် ကချင်ပြည်သူလူထုနဲ့ အတူ မြစ်ကြီးနား၊ စီတာပူရပ်ကွက်တွင် (၁၄-၁၉)ရက်ကြား ၆ ရက်တိတိ “အောင်ပွဲခံ မနော” (Padang Manau) ပွဲကြီး ကျင်းပခဲ့ကြသည်။ (ယခုကျင်းပသည့် စီတာပူ မနောကွင်းကြီး မရှိသေး။) ရန်ကုန်ရှိ အင်္ဂလိပ် ဒုတိယ ဘုရင်ခံ Sir. Dorman Smith လည်း ပါဝင်ခဲ့သည်။

ထိုပွဲတွင် ကချင်လူမျိုးတို့သည် ဒုတိယအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သတ်မှတ်ပေးရန် ထပ်မံ တောင်းဆိုသည်။ ဘုရင်ခံမှ ပြည်နယ်သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည့်အပြင် “နင်တို့ဂျိမ်းဖော (ကချင်) တွေက ကိုယ်ပိုင်အုပ်ချုပ်ဖို့ ပညာမစုံသေးဘူး။ အဲ့တာကြောင့် ဗမာကို လွတ်လပ်ရေးပေးပြီး၊ နင်တို့ ဂျိမ်းဖော့တွေကို ချန်ထားလိုက်အုံးမယ်။ စိုက်ပျိုးရေးပညာ၊ ကျန်းမာရေးပညာတွေ သိလာအောင် အရင်သင်ပေးမယ်။ နင်တို့ ပညာစုံရင်၊ နင်တို့ နယ်မြေ၊ နင်တို့လက်ထဲ ပြန်အပ်ပေးမယ်။” ဟု ပြောခဲ့သည်။

တတိယအကြိမ်ဖြင့် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလဆန်း (၂)ရက်နေ့၊ မန်ခိန်ရပ်ကွက်၌ နယ်ခြားဒေသ ဆိုင်ရာ တောင်တန်းမင်းကြီး Mr.H.N.C. Stevenson ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သည်။ သို့သော် Mr.H.N.C. Stevenson က ငြင်းဆိုလိုက်သည်။

ဖဆပလ (ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်ရှိ အင်္ဂလိပ်အစိုးရထံ ဗမာပြည်မနဲ့အတူ တောင်တန်းဒေသတွေ လွတ်လပ်ရေး လိုချင်သည်ဟု တောင်းဆိုခဲ့ရာ အစိုးရမှ ပြည်မနဲ့ တောင်တန်းသားတွေ ဘဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဟု ဆို၍ ဗိုလ်ချုပ်ပြန်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းနှင့် ကချင် တိုင်းရင်းသားများ လက်ခံသဘောတူမှ လွတ်မြောက်နိုင်မည်ဟု ပြောဆိုကာ တိုင်းရင်းသားများနေထိုင်သည့် တောင်တန်းဒေသတို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး တိုင်းရင်းသားများအား “Federal ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သွားမည်ဟု အမျိုးသား တန်းတူညီမျှရေး ဆောင်ရွက်ခဲ့သည်။

နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ကချင်ခေါင်းဆောင်များမှ “ခင်ဗျားတို့ ဗမာတွေက၊ နေရာတိုင်းမှာ အရင်တတ်ကျွမ်းနားလည်တဲ့အတွက်၊ ငါတို့က ဘာမှမသိသေးတဲ့ ဂျိမ်းဖော့ (ကချင်)တွေ ညီအစ်ကိုရင်းပမာ ပံ့ပိုးပေးကြပါ။” ဟု ဆိုကာ ကချင်ခေါင်းပေါင်း ပေါင်း၊ ကချင်လွယ်အိတ်နဲ့ ဓါးလွယ် လွယ်ပေးကာ၊ ကချင်အမျိုးသမီး ၆ ဦးဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြသည်။

အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ပြည်ထောင်စု ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ စည်းဝေးလုပ်ရန်အတွက် နေရပ်ဌာနေ အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ဖိတ်ကြားလိုက်သည်။

၁၉၄၇ ခုနှစ် ဇန်နဝါရီလ(၂၉) ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များစုဝေးကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေးချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈) ဦးနှင့် ဗန်းမော်မှ ခေါင်းဆောင် (၄) ဦးသွားရောက်ခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြားဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များများအားလုံး ပင်လုံညီလာခံ စတင်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက “တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း၊ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” ဟု မိန့်ခွန်းပြောဆိုခဲ့သည်။ ယင်း “ပင်လုံစာချုပ်” ကိုအခြေခံတဲ့ ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။

အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း “မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များ ဟူ၍ ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခု အဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ‘ကချင်ပြည်နယ်’ ဟုခေါ်ဆိုရမည်။” ဟု ရေးဖွဲ့ထားသည့်အတိုင်း မြစ်ကြီးနား အပိုင်း ၁၊ ၂ နှင့် ဗန်းမော် အပိုင်း ၁၊ ၂ တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဟု ခေါ်ဆိုရာတွင် အင်္ဂလိပ် အစိုးရမှ မြစ်ကြီးနားမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ အရှေ့လောင်ဂျီတွဒ် ၉၆ ံနှင့် ၉၈ ံ ၄၇’ ကြား၊ မြောက်လတ်တီတွဒ် ၂၃ ံ ၃၇’ နှင့် ၂၈ ံ ၃၂’ ကြားရှိပြီး ဧရိယာ စတုရန်း ၃၃,၉၀၃ ခန့် ရှိသည်။ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည်တို့မှ နယ်မြေ သတ်မှတ်ယူကာ ကချင်ပြည်နယ် ဟု သတ်မှတ်လာခဲ့သည်။
လူမျိုး

ကချင်တိုင်းရင်းသားတို့သည် တိဘက်မြန်မာ အုပ်စုဝင်များ ဖြစ်သည်။ ဂျိန်းဖော့၊ အဇီး(ဇိုင်ဝါး)၊ လရှီး(လာချန်)၊ လီဆူး၊ ရဝမ် နှင့် မရူ(လော်ပေါ်) မျိုးနွယ် ၆ မျိုးကို စုပေါင်း၍ ကချင်ဟုခေါ်သည်။ ကချင်ပြည်နယ်တွင် ရှမ်းကြီး၊ ရှမ်းတရုတ်၊ ရှမ်းမြန်မာ၊ ဂဒူး စသောမျိုးနွယ်(၄)မျိုးပါဝင်သော ရှမ်းများနှင့် ချင်း၊ ပလောင်၊ နာဂ၊ ဂေါ်ရခါးတို့ပါ နေထိုင်ကြသည်။
တွင်းထွက်များ

ကချင်ပြည်နယ် ဖားကန့်၊ လုံခင်၊ တောမှော်နှင့် ဟောင်ပါးဒေသတို့မှ အဖိုးတန်ကျောက်စိမ်းများထွက်ရှိသည်။
မြို့တော်

ကချင်ပြည်နယ်၏ မြို့တော်မှာ မြစ်ကြီးနားမြို့ ဖြစ်သည်။
ကချင်ပြည်နယ်မြေပုံ
ရာသီဥတု

တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းအေးသော ရာသီဥတုရှိသည်။
အုပ်ချုပ်ရေး

ကျေးရွာ အကြီးအကဲ အဖြစ် ကချင်ဒူဝါတစ်ဦးစီ ရှိသည်။ ၎င်း၏ အိမ်ခေါင်း၌ ကျွဲချိုကဲ့သို့သော သစ်ပြားဖြင့် ပြုလုပ်သည့် အိမ်ချိုတပ်ဆင်ထားသည်။ ကျေးရွာအုပ်စုများနှင့် ဒူဝါ နယ်မြေများကို အုပ်ချုပ်ရန် ပြည်နယ် အစိုးရက တောင်အုပ်များနှင့် တောင်တန်း ဝန်ထောက်များကို ခန့်ထားပေးသည်။ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မီတီများကိုပါ ယခုအချိန်တွင် တွဲဘက်ပေးထားသည်။ ထုံးစံအရ ရိုးရာဥပဒေများသာ ရှိသည်။ ချိုးဖောက်ပါက ဝဋ်ကြွေး ပေးဆပ်ခြင်း ပြုရသည်။ `ဖဂါ´ခေါ် လက်ဆောင်အဖြစ် အဖိုးတန်ပစ္စည်း တစ်မျိုးမျိုးကို ကွမ်းဘိုးအဖြစ် ပေးရသည်။ `ဖဂါ´အဖြစ် ကျွဲ၊ မောင်း၊ ငွေ၊ ဖိုခနောက်၊ အဝတ်အထည်၊ ဓါး၊ လှံ၊ သန္တာပုတီး၊ သေနတ် စသည်တို့ကို အသုံးပြုသည်။
ခရိုင်ရုံးစိုက်ရာမြို့များ

မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့- မြို့နယ်(၆)မြို့နယ်
ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ - မြို့နယ်(၄)မြို့နယ်
ပူတာအို ခရိုင်၊ ပူတာအိုမြို့ - မြို့နယ်(၅)မြို့နယ်
မိုးညှင်းခရိုင်၊ ၊ မိုးညှင်းမြို့- မြို့နယ်(၃)မြို့နယ်

ကချင်ပြည်နယ်သည် မြို့နယ်ပေါင်း(၁၈)မြို့နယ်နှင့် ဖွဲ့စည်းထားရာ ...

မြစ်ကြီးနား
ကာမိုင်း
ချီဖွေ
ဒေါ်ဘူဒဲ
ဆော့လော်
ဆွမ်ပရာဘွမ်
တနိုင်း
နောင်မွန်း
ပူတာအို
ဗန်းမော်
မချမ်းဘော
မံစီ
မိုးကောင်း
မိုးညှင်း
မိုးမောက်
ရွှေကူ
ဝိုင်းမော်
အင်ဂျန်းယန် တို့ဖြစ်သည်။

Crd

https://www.facebook.com/100024132456422/posts/1200365774111160/?d=n

Photos from Putao Lover's post 25/04/2022

🏔️ ရဝမ်လူမျိုး

ရဝမ်လူမျိုးများဟာ ကချင်အုပ်စုဝင် လူမျိုးတစ်မျိုးဖြစ်တယ်။ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ထုံးစံသမိုင်း အခိုင်အမာနဲ့ ဆင်သက်လာသည့် လူမျိုးတစ်မျိုးလည်း ဖြစ်ပြန်တယ်။

ရဝမ်လူမျိုးများ ဆင်းသက်လာပုံ သမိုင်းမှာ>>>>>>>

ကနဦးက မွန်ဂိုလီးယားလွင်ပြင်မှ အစပြုပြီး တရုတ်ပြည်
စီချွမ်ပြည်နယ်တွင် နေထိုင်ခဲ့သည်။ ထိုမှတဆင့် ရေကြည်ရာ မြက်နုရာ ရှာဖွေရွေ့ပြောင်းရင်း မြစ်များ အသွယ်သွယ်ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်
ပြည်နယ်ဘက် ယိုးဒယား(ထိုင်း)နယ်မြောက်ဘက်မှ မြန်မာပြည် မြောက်ဖျားပိုင်း ပူတာအို လွင်ပြင်ကြီးကို ရောက်ရှိလာရခြင်း ဖြစ်တယ်။ ရဝမ်လူမျိုးများဟာ တိဘက် မြန်မာ အုပ်စုတွင် ပါဝင်သော လူမျိုးစုတစ်ခုလည်း ဖြစ်တယ်။(ရဝမ် သမိုင်းစာအုပ်မှ)
ရဝမ်လူမျိုးများ ဆင်းသက်လာတဲ့သမိုင်းမှာ အရေးပါ တဲ့ မြစ်များ ရှိတယ်။ အဲ့ဒီ မြစ်များဟာ ဆင်းသက်လာပုံ
သမိုင်းအတွက် အထောက်အကူဖြစ်စေပြီး မပါမဖြစ် မြစ်မကြီးတွေ ဖြစ်တယ်။ ရဝမ်တွေ အခေါ်
မြစ်နီ(Mvshèwàng) ခေါ်တဲ့ သံလွင်မြစ် ၊
မြစ်နက်/အလယ်မြစ် (Tinaq wàng/Rvwè wàng)၊မဲခေါင်မြစ်
ရေနှောက်မြစ်(Tìnøng wàng) မြစ်ဝါမြစ်(China)
မြစ်ဖြူ(Tìmùng wàng) ယန်စီမြစ်( China)
စသည့်မြစ် များ ဖြစ်တယ်။

ပူတာအိုလွင်ပြင်သို့ AD 200 လောက်က ရောက်ရှိပြီး အစပြုနေထိုင်ခဲ့တဲ့ ပူတာအို ဒေသကြီး၏ တိုင်းဦး
သားများဖြစ်ကြတယ်။ ပူတာအို လွင်ပြင်ကို ကနဦးတွေ့တော့ မြေဆီသြဇာ ကောင်းမွန်ကာ ရေဆီ အပြည့် နေချင်စဖွယ် ဖြစ်သည့် လွင်ပြင်မို့ ကောင်းသော လွင်ပြင်
( Gvmdi vdám) ဟု ရှေး ရဝမ် လူကြီးများက ချစ်စနိုး ခေါ်ခဲ့ဖူးတယ်လို့ ဘိုးဘေးများ ပြောပြဖူးတယ်။

ပူတာအို လွင်ပြင်ကို အဦးဆုံး ရောက်ရှိခဲ့သူများမှာ ခမ်းတီးရှမ်း လူမျိုးများဟု ပြောနေသော်ငြားလည်း လုံးဝ မမှန်ကန်ကြောင်း သမိုင်း အထောက်အထားများဖြစ်
သည့် တောင်တန်းများ၊ မြစ်များ၊ လိုဏ်ဂူများ၊ ကျောက်ဂူများက အထင်းသားဖေါ်ပြနေတယ်။
ခါကာဘို ၊ ဖုန်ရင် ၊ ဖုန်ကန် ၊ ဇီမာ ၊ ဘာပူလုံးထန်း ၊မကရာ၊ စရန်းချက်၊ ဆန်းလွတ်ချက်( Kagvbu ၊ pongyin ၊ ponggan ၊Zimà ၊ babúlóngtvng ၊
mvgvra song ၊ svrángchi၊ Sángløp chit)စသည့် တောင်တန်းများက သက်သေတည်သည်။
Rvmètì( ​ေမခ)၊ Mvliqti(မလိခ) ၊ Chvngrvmè
(အချန်ခ)၊ munglàng chi( မူလာချောင်း) ၊Rvnintì
(ရနင်ထီချောင်း) ၊ krangti( ခရန်ထီချောင်း) ၊ Kvsvngti
ကဆန်ချောင်း) စသည့် မြစ်ချောင်းတွေက သက်သေဖြစ်
သည်။ အားလုံးက ရဝမ်တွေ အခေါ်တွေသာ တွင်ပြီး ဖြစ်နေတယ်။(စကားလက်ဆောင်)
ရဝမ်လူမျိုးများတွင် ရှေးခါက သူရဲကောင်းများ အုပ်ချုပ်သော ခေတ် (Kàngsháng shvre) များ နှင့် သူကြွယ်များ ( Mvgàm) များ အုပ်စိုးသော ခေတ်ဟူ၍ ရှိခဲ့ဖူးကြောင်း ရှေးဘိုးဘေး ပုံပြင် များ အဆင့်ဆင့် လက်ဆင့်ကမ်းကာ သမိုင်း အစအနများ ရှိသေးတယ်။
ပူတာအို ၊ မချမ်းဘော ၊ နောင်မုန်း/မွန်း ၊ ခေါင်လန် ၊
ဆွမ်ဘရာဘွမ် ၊ ဘန်နန်ဒိန် ဒေသများဟာ ရဝမ်လူမျိုးများ အဓိကနေထိုင်ကြသော ရဝမ်လူမျိုးများ ဒေသများ ဖြစ်တယ်။
ကိုးကွယ်မှုမှာ နတ်ကိုးကွယ်မှု နှင့် ဗုဒ္ဓဘာသာ ထွန်းကားခဲ့တယ်။ဒါပေမယ့် ယနေ့ ရဝမ် လူမျိုးများ အားလုံးဟာ ခရစ်တော်ဘုရားကို လက်ခံယုံကြည်ကြသော ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာခဲ့တယ်။
ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံ နဲ့ စာပေရှိသော လူမျိုး တစ်မျိုးလည်း ဖြစ်တယ်။ ရဝမ်လူမျိုးများ ၏ လူဦးရေမှာ မြန်မာပြည်တွင် ၂၀၁၄ သန်းခေါင်စာရင်း အရ ၁ သိန်း ဝန်းကျင်သာ ရှိကြောင်း ဖော်ပြထားတယ်။ တရုတ်ပြည် ၊ ထိုင်းနိုင်ငံ များမှာလည်း ရဝမ်လူမျိုးများ နေထိုင်ကြပြီး အခြား နိုင်ငံများတွင်လည်းအနည်းအကျဉ်းနေထိုင်ကြသေးတယ်။
လူဦးရေအရ နည်းပါးသော်လည်း ရဝမ်လူမျိုးများဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းနဲ့ လွတ်လပ်ပြီး နောက်တွင်ရော အရေးပါ သည့် အခန်းကဏ္ဍများတွင် ပါဝင်ပတ်သက်သော လူမျိုးတစ်ခုဖြစ်တယ်။ ထက်မြက်သော ခေါင်းဆောင်များလည်း ပေါ်ထွန်းခဲ့တယ်။
လွတ်လပ်ပြီးခေတ် ပါလီမန်အစိုးရခေတ်မှာ သက်တမ်းအရှည်ကြာဆုံး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦး ဇန်ထဆင်မှာ ရဝမ် လူမျိုးတစ်ဦးဖြစ်တယ်။ သူ့ဝန်ကြီးချုပ် သက်တမ်းမှာ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနုက ဖီမော ၊ ကန်ဖန်၊ ဂန်လန် စသည့် ကချင်ဒေသများကို တရုတ်
ပြည်သို့ ရောင်းစားခဲ့တဲ့ ပြသာနာကြီး ပေါ်ပေါက်ခဲ့ရာ ကချင်လူမျိုးများ၏ ဘိုးဘွားမြေများ မဆုံးရှုံးအောင် ကာကွယ်ပေးခြင်းဖြင့် ကချင်လူမျိုးများ၏ အချစ်တော် ဖြစ်ခဲ့သူ ဖြစ်ပါ်။
တော်လှန်ရေး ကောင်စီ အစိုးရခေတ်တွင် ကချင်ပြည်နယ် ကောင်စီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဒိန်ရ တန်မှာ လည်း ရဝမ်လူမျိုးဖြစ်တယ်။ ဦး ဒ်ိန်ရ တန်ဟာ ပြည်ထောင်စု မြန်မာပြည်ရေလို့ ဖြစ်လာအောင် မွေးဖွားပေးလိုက်သည့် ပင်လုံစာချုပ်ကြီး ချုပ်ဆိုရာတွင် ကချင်လူထုကိုယ်စား တက်ရောက်လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်ကြီးဖြစ်တယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ဖွဲ့စည်းပြီး ဦးနေဝင်း ခေါင်းဆောင်သော အစိုးရအဖွဲ့လက်ထပ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်/ဥက္ကဌ ကြီး၏ အတိုင်ပင်ခံ သဘာပတိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦး အမ်ဆင်ဆာရ်း( Mvnghòng Sønsar) မှာလည်း ရဝမ် လူမျိုး ဖြစ်ခဲ့တယ်။ သက်ရှိထင်ရှား ယနေ့ထိပင် ရှိသေးတယ်။
ယနေ့ ၂၀၀၈ အခြေခံဥပဒေအရ ဖြစ်ပေါ်လာသည့် မျက်မှောက်ခေတ်တွင် လည်း သမ္မတ ဦး သ်ိန်းစိန် ပြည်ခိုင်ဖြိုး ပါတီသက်တမ်းတွင် ကချင်ပြည်နယ် လွှတ်တော်
ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူ ဦး ရားဝမ်ဂျုံ မှာလည်း ရဝမ်လူမျိုးဖြစ်တယ်။
ယခု NLD အစိုးရခေတ်မှာ လွှတ်တော် ဒုဥက္ကဌကြီး
ဦး ဒိန်ခန်ဖုန်/ခန်လိန် နှင့် ကချင်ပြည်နယ် ဥပဒေချုပ် ဦး ဒီ ဆင်ရမ်( Dvkøm sønrvm) တို့မှာလည်း ရဝမ် လူမျိုးများ ဖြစ်တယ်။
ထက်မြက်သော တောင်အုပ်များလည်း ရှိသေးတယ်။
ဒူဝါ ချန်းဖေရမ် ၊ ဒူဝါ ဖုန်ဇီးဖုန်(ဝဏ္ဏကျော်ထင်) တို့ဟာလည်း ထင်ရှားသော ခေါင်းဆောင် ကောင်းများဖြစ်ခဲ့တယ်။
မတ်ဝမ်၊ ထန်ဆာရ်၊ လုံမီ ၊ ဒူရူ ဟူသော လူမျိုး
နွယ် လေးစုပေါင်းပြီး ရဝမ် လူမျိုးလို့ ခေါ်တယ်။ ရဝမ် လူမျိုးများ၏ ထူးခြားချက်မှာ အဲ့ဒီMvtwang,Tvngsar,Longmi,Duru (မတ်ဝမ်၊ တန်ဆာရ်၊ လုံမီ ၊ ဒူရူ) တို့အုပ်စုထဲ၌ပင် မိသားစု စုအလိုက်
မျိုးနွယ်စု အစုအကွဲသေးသည်။ဒါကြောင့် ရဝမ် လူမျိုးများ အမည်နာမရှေ့တွင် မိသားစု နာမည်ပါတတ်
တယ်။ ဥပမာ စာရေးသူ နာမည်မှာ မောင် မဘု ဆင်ဆာရ်း ဖြစ်ပြီး ရှေ့က မဘု မှာ မိသားစု နာမည် ဖြစ်ပြီး နာမည်မှာ ဆင်ဆာရ်းသာ ဖြစ်တယ်။ တန်ဆာရ် အုပ်စုမှ
ဖြစ်တယ်။ မလောင် ဖုန်ရှင်း ၊ နန်ဟီး ဂျုံရမ် စသည့်ဖြင့် ရှေ့က မလောင်၊ နန်ဟီး(Nvnghø) မှာ Family name
များသာ ဖြစ်တယ်။
ရဝမ်လူမျိုးများ နာမည်တွင် မွေးချင်း နံပါတ် ဘယ်နှ
ယေက်မြောက်လဲ ၊ ကျား/မ တစ်ခါတည်း ကွဲပြားအောင် ခွဲခြားမှည့်ထားကြသဖြင့် အလွယ်တကူ မွေးချင်း ဘယ်မြောက်လဲ ၊ ယောကျာ်းလား မ်ိန်းကလေးလား ခွဲခြားသိ
နိင်တယ်။
မိသားစု အလိုက် စကားအသုံးအနှုန်း အလွန်ကွဲပြား
ပေမယ့် စာပေစကားအနေဖြင့် မတ်ဝမ် အသံလို အသုံးများကြပါတယ်။ယနေ့ထိတိုင် ရိုးရာပွဲတော်ကြီးများ ကျင်းပကာ ပျော်ရွင်ချစ်စဖွယ်သော ယဉ်ကျေးမှုများ ထိန်းသိမ်းသော လူမျိုးတစ်ခုဖြစ်ဆဲပင်။


Mabu Søn Svr

Videos (show all)

တၢင်းၵႃႈပီႈၼွင်ႉမိူင်းၶွၼ်ႈ မိူင်းတႂ်ႈၶူင်း💞နေရာ-သျှမ်းရှေးဟောင်းနန်းတော်(傣族古镇)မိန်းခွမ်(ခေါ်)မန်စီမြို့ အကအလှ❤️တယ်ဟုန်သ...
ပီႈၼွင်ႉတႆး  မိူင်းႁၢင်ႊလီႊ တႂ်ႈၶူင်းတယ်ဟုန် မိန်းမောဝ်ဒေသ သျှမ်းသီချင်း"ထာဝရ တို့နှစ်ယောက်အတူ"#Crd#PutaoLover
迎亲 #PutaoLover
Camping Trip
နောင်မွန်ဌာနေ
ရှီးပတီးရှာဖွေခြင်း မှတ်တမ်း
ထာဝစဉ်တည်စေ ခေါင်လန်ဖူးမြို့နယ်
ရဝမ်ရိုးရာ မီးပုံပွဲအက
🏔️ ရေခဲတောင်ပတ်လည်ဝိုင်းလျက်ရှိသော မြို့လေးကို " ပူတာအို " ဟုခေါ်သည်..  🏔️ အဝေးမှ မိတ်ဆွေများကို အလည်တခေါက်လာရောက်လည်ပတ်...

Telephone

Website