Hla Yin Style
Fashion & Lifestyle
How to be more mindful?
🍀Listen but don’t interrupt
🍀Notice but don’t react
🍀Feel but don’t be bothered
🍀Breathe but don’t rush
🍀Think but don’t worry
🍀Do but don’t hurry
Just sharing the random quote.
Happy New Year to you all🎉🎉🎉
၂၀၂၃ နှစ်သစ်က ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်းစတဲ့ ကောင်းမွန်တဲ့အရာတွေကို ယူဆောင်လာတဲ့နှစ်သစ်ဖြစ်ပါစေ။
ကိုယ်ရည်မှန်းထားတဲ့ အိပ်မက်တွေကိုလည်း ဒီနှစ်မှာ အကောင်အထည်ဖော်နိုင်ပါစေ။ 💕🥰🥰
Happy Karen New Year 🎉🎉🎉
December is one of the most joyful months for me.
May all the best things come to you all. ❄️❄️❄️
📷Ye Wint
Just a record
📷Ye Wint
My happiness for today is drinking a cup of hot chocolate
🍀
Which one?
1, 2 or 3
☘️
Whenever you are facing difficulties, just keep smiling #💕so that more smiles will come to your life
WORK
The beauty of nature🍀
Brain food 🍀nourishing my mind
I just need a little fresh air 🍀
Thanks to the ocean! You are just beautiful 💕
🍀🍀🍀
Woman 👩
Just an ordinary day 🍀but I enjoy it
A woman who is loved 💕🥰 thank you to the universe
I turned 36 yesterday officially and I felt full of love and joys 💕🥰
Thank you so much my family, friends, my AES team & students for loving and caring me 💕🥰🎉
A visit to Padamyar FM📻
Summer 🍀
Good morning 🍀
Esthetic Land makes me fresh and confident today
Accessories: Esthetic Land
My soulmate 💕full of love & trust!
Work hard together, grow together!
Two person one dream 💕🥰
Day out! Refreshing mind
🍀
Denim Day
မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေရှင်🍀🙏
အသံစာအုပ်လေးနားဆင်ဖို့ Hla Audio Books
YouTube Channel ကို Subscribe လုပ်ပြီးကြပြီလား။
ဒီတစ်ပတ် ဆရာဒီနိုဗို ဘာသာပြန်ဆိုထားတဲ့ ပိတ်ထားတဲ့အခန်းစာအုပ်လေးကို ရွေးပြီးဖတ်ပြထားပါတယ်။
ဒီစာအုပ်ရဲ့ မူရင်းစာရေးဆရာက Paul Auster ဖြစ်ပြီး The Locked Room လို့ အမည်ရပါတယ်။
ဒီစာအုပ်လေးကို လွန်ခဲ့တဲ့ ၆ လလောက်ကဖတ်ဖြစ်ခဲ့တယ်။ လှယဉ်က Suspense ဆန်ဆန်ဇာတ်လမ်းလေးတွေ ကြိုက်တတ်လို့ ဒီခေါင်းစဉ်လေးကို စိတ်ဝင်စားသွားပြီး ရွေးဖတ်ဖြစ်ခဲ့တာ။
လူတစ်ယောက်ရဲ့စူးစမ်းချင်စိတ်က ဒီဇာတ်လမ်းရဲ့အဆုံးထိဖတ်ဖို့ ဆွဲခေါ်သွားနိုင်တယ်။ တကယ်လို့ The Girls On the Train လို ဇာတ်လမ်းမျိုးကြိုက်တတ်တယ်ဆို ဒီစာအုပ်လေးကိုလည်း ကြိုက်မယ်ထင်ပါတယ်။
စာအုပ်မဖတ်ရသေးဘူးဆိုရင် လှယဉ်ဖတ်ပြထားတာလေး နားဆင်နိုင်ပါတယ်ရှင်။
ဘာသာပြန်ဆိုသူ ဆရာဒီနိုဗိုကိုလည်း ကျေးဇူးအထူးတင်ရင်း ဒီနေရာကနေ ဂါရဝပြုပါတယ်ရှင်။ 🙏
Subscribe မလုပ်ရသေးဘူးဆိုရင် Hla Burmese Audio Books Channel ကို အောက်က Link လေးကနေ Subscribe လုပ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
https://youtube.com/channel/UCpYLwKQARTPt56cLbuV8s7A
Good morning everyone! 🍀
Hla Audio Books Youtube Channel မှာ ဆရာမနိုင်းနိုင်းစနေရဲ့ "ကံကောင်းခြင်းတံခါးလာခေါက်တဲ့အခါ" ဘာသာပြန်စာအုပ်လေးဖတ်ပြထားပါတယ်။
ဒီစာအုပ်လေးက လွန်ခဲ့တဲ့ ၄နှစ်လောက်က လှယဉ်ဖတ်ဖြစ်ခဲ့တဲ့စာအုပ်လေးပါ။ ကံကောင်းခြင်းဆိုတာဘာလဲ ကံကောင်းခြင်းတွေက ဘယ်လိုလူမျိုးတွေမှာဖြစ်ပေါ်တတ်တာလဲဆိုတာ ဒီစာအုပ်လေးက အဖြေပေးပါလိမ့်မယ်။
ဒါလေးဖတ်ပြီး အတွေးသစ်လေးတွေရတယ် စိတ်ဓာတ်ခွန်အားလည်းရတယ်။
အဲ့ဒါကြောင့် အားလုံးအတွက် လှယဉ်ဖတ်ပြထားပါတယ်။
ဘာသာပြန်ဆိုရေးသားသူ ဆရာမနိုင်းနိုင်းစနေကို အထူးကျေးဇူးတင်ရင်း ဒီနေရာကနေဂါရဝပြုပါတယ်ရှင် 🙏
အရမ်းစိတ်ပင်ပန်းလာလို့ပဲဖြစ်ဖြစ် ခုံပေါ်မှာခဏလေးထိုင်အနားယူရင်း Ear phone လေးနဲ့ ဒီ အသံစာအုပ်လေးကို နားဆင်ပေးပါဦး။ Subscribe button လေးကိုလည်း နှိပ်ပေးထားပါဦး။
စာအုပ်ကသိပ်မထူပေမယ့် လှယဉ်အပိုင်းလေးတွေခွဲပြီးဖတ်ပြထားပါတယ်။ အပိုင်း-၁ ကနေ ၈ အထိရှိတယ်။
နားဆင်ကြည့်ပါဦးရှင်။
https://youtu.be/MyLiLL0_4K0
လှယဉ်ကိုဖတ်စေချင်တဲ့စာအုပ်လေးတွေရှိရင်လည်း comment လေးမှာ ရေးပေးခဲ့နော်။ 💕
သာယာတဲ့နေ့လေးဖြစ်ပါစေ 🍀
ကံကောင်းခြင်းတံခါးလာခေါက်တဲ့အခါ - နိုင်းနိုင်းစနေ (အပိုင်း-၁) ကံကောင်းခြင်းတံခါးလာခေါက်တဲ့အခါ - နိုင်းနိုင်းစနေ (အပိုင်း-၁)| Audio BookDuration: 17:32 Read by Hla YinThank you to Sayar Ma Nine Nine Sanay and Original A...
မင်္ဂလာပါရှင်။
အားလုံးပဲနေကောင်းကြတယ်ဟုတ်။
အခုလိုအချိန်အခါကြီးမှာ စိတ်ချမ်းသာနေတဲ့သူတွေရှိမယ်မထင်ဘူးနော်။ စားဝတ်နေရေးကြောင့်မဖြစ်မနေသွားလာနေရပေမယ့် ရင်ထဲမှာတော့ ဘယ်လိုမှနေလို့အဆင်ပြေမနေဘူး။ စိတ်မကောင်းဖြစ်စရယတွေ စိတ်ပူပန်စရာတွေလည်း အများသားနော်။
ဒီလိုအချိန်မျိုးမှာ လှယဉ် video တွေ ဆက်လုပ်ဖို့ ခွန်အားမရှိတဲ့အတွက် Hla Yin's Style Video လေးတွေကို ဆက်ပြီးရပ်ထားပါမယ်ရှင်။
ဒါပေမဲ့ လူဆိုတာ လုပ်စရာတခုခုမရှိရင် စိတ်ကကယောက်ကယက်ပိုဖြစ်တတ်ပြီး အတွေးလွန်တတ်တော့ အလုပ်တစ်ခုခုကို အာရုံစိုက်ပြီးလုပ်နေခြင်းဖြင့် စိတ်သက်သာရာရပြီး မလိုလားအပ်တဲ့အတွေးတွေ အလုပ်တွေ မလုပ်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
လှယဉ် အခုVideo လေးတွေမလုပ်ဖြစ်ပေမဲ့ လှယဉ်ဖတ်ဖြစ်နေတဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာအုပ်လေးတွေ ဝတ္ထုတွေကို အသံစာအုပ်အဖြစ် ဖတ်ပြဖို့ စီစဉ်ထားပါတယ်။
အကြောင်းကြောင်းကြောင့် စာမဖတ်ဖြစ်ဘူးဆိုရင်
Hla Audio Books YouTube Channel ကို Subscribe လုပ်ထားပြီး နားဆင်နိုင်ပါတယ်။
https://youtube.com/channel/UCpYLwKQARTPt56cLbuV8s7A
ဖတ်ပြစေချင်တဲ့စာအုပ်လေးတွေရှိတယ်ဆိုရင် comment မှာရေးပေးခဲ့လို့ရပါတယ်။ ကြိုးစားဖတ်ပြပေးပါမယ်ရှင်။
အားလုံးပဲနေကောင်းကျန်းမာပါစေ။ သွားရမယ့်ခရီးကဝေးပြီးကြမ်းတမ်းတဲ့အတွက် ကျွန်မတို့အတူတူခွန်အားဖြည့်တင်းရင်း အချင်းချင်းကူညီဖေးမရင်း ရှေ့ဆက်ကြပါစို့။ 💕
HLA Burmese Audio Books - YouTube This is the channel for the people who prefer listening rather than reading the books. Some might want to read the books alone, Some might want to close thei...
ရှောင်ရန် Don’t ❌
🚫မျက်ခွက်ပြောင်ပြီးပဲဖြစ်ဖြစ် ဘာရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် စစ်ကားတွေနဲ့ ဓာတ်ပုံမရိုက်ပါနဲ့။
နိုင်ငံတကာက အထင်မှားနိုင်ပါတယ်ရှင်။
🚫တက်လာသမျှသတင်းတိုင်း ချက်ချင်းမရှယ်ပါနဲ့။
ရှယ်သင့်မရှယ်သင့်အကြိမ်ကြိမ်သေချာပြန်စဉ်းစားပါ ။
(Psywar တွေမိနိုင်ပါတယ်။)
🚫သူများပြောတိုင်းမယုံပါနဲ့။ မဝေဝါးပါစေနဲ့။
လူထုရဲ့ဦးဆောင်သူပြောတာကိုပဲ လုပ်ကြပါစို့။
CDM တွင်ပါဝင်ကြသော နိုင်ငံ့ဝန်ထမ်းများအားလုံးကို လေးစားပါတယ်။
ကျေးဇူးအထူးအထူးတင်ပါတယ်ရှင်။ 🙏
✊အရေးတော်ပုံအောင်ရမည်။
15.2.2021
အားလုံးချီးကျူးနေကြတဲ့ Gen Z လေးတွေရဲ့ Creative Idea လေးတွေနဲ့ ဆန္ဒထုတ်ဖော်တာတွေကို သဘောကျမိပါတယ်။ Gen Y လေးတွေလည်း ပါပါတယ်။ မနေ့ကဓာတ်ပုံတွေက နိုင်ငံတကာ Attention လည်းရပါတယ်။ ထိလည်းထိရောက်ပါတယ်။
နောက်နေ့ လုပ်မယ့် creative idea တွေမှာလည်း မူလရည်ရွယ်ချက်ပေါ်စေမယ့် ဒီအချက်လေးတွေကို ကိုင်မယ့်စာတွေမှာ မပါမဖြစ်ထည့်ပေးပါနော်။
1) ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ သမ္မတ, ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့
Release President, Daw Aung San Suu Kyi & Voted government
2) စစ်အာဏာရှင်စနစ်ကို ပြန်ရောက်မသွားဖို့ (လုံးဝဆန့်ကျင်ကြောင်း ပြသဖို့)
Against Military Coup
3) ဒီမိုကရေစီရရှိဖို့
(ဒီမှာ မသေချာတဲ့အနာဂတ်တွေအကြောင်း ပေါ်လွင်အောင် ပုံဖော်နိုင်ပါတယ်)
We want Democracy back
4) ပြည်သူ့ဝန်ထမ်းတွေကို CDM မှာ ပါဝင်ပေးဖို့
“အလုပ်မသွားဖို့, ရုံးမတက်ဖို့"
ဒီအချက်တွေက မူလရည်ရွယ်ချက်တွေကနေ မသွေဖယ်စေဖို့ထိန်းကျောင်းပေးဖို့ ကူညီပေးနိုင်ပါတယ်။
ကိုင်မယ့်စာတန်းတွေကို (လက်ရေးနဲ့ရေးမယ်ဆိုရင်)
- စာလုံးခပ်ကြီးကြီးနဲ့ ရှင်းရှင်းရေးမယ်
- ပိုထင်းအောင် stroke တွေထည့်ရေးရင်ပိုကောင်းတယ်။
- ပေါ်လွင်စေမယ့် အနီရောင် အမည်းရောင်တွေသုံးပါ။
အရေးတော်ပုံအောင်ရမည်။
အနိုင်ရတဲ့အထိတိုက်ပွဲဝင်ကြမယ်။ မြန်မာပြည်သူပြည်သားအားလုံးညီစေမယ်။
We fight for democracy! Release our leader, Daw San Suu Kyi!
Respect our vote!
✊♥️🇲🇲
အခုမှ Twitter ကိုစအသုံးပြုမယ့်သူတွေအတွက် တော်တော်အသုံးဝင်မယ့် video လေးမို့ ပြန်ရှယ်ပေးပါရစေ။
ဒီရက်ပိုင်း ဝမ်းနည်း ကြေကွဲ စိတ်ပျက် စိတ်တို ဒေါသထွက် emotion တွေအရမ်းများနေလို့ page မှာ ဘာမှမတင်ဖြစ်ပါရှင်။ လှယဉ်ရဲ့ရပ်တည်ချက်ကိုသိချင်ရင်တော့ personal page မှာ ဝင်ကြည့်လို့ရပါတယ်။
Twitter ကို ၂၀၁၂ တည်းကဖွင့်ထားပေမယ့် အခုမှပြန်စသုံးမှာမို့ follow လုပ်ထားနိုင်ပါတယ်ရှင်။
လက်ရှိခံစားချက်ကတော့ မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဖော်မပြနိုင်လောက်အောင် ကြေကွဲနေပါတယ်ရှင်။ ကျွန်မတို့ရင်ထဲကတစ်ဦးတည်းသောခေါင်းဆောင်နဲ့အဖွဲ့သားများအတွက်လည်း တူတူဆုတောင်းပေးကြရအောင်။
Styles of the week! Which one☝️
တစ်ပတ်အတွင်းလုပ်စားမိသမျှလေးပါရှင့်
ကိုယ်ချက် ကိုယ်ကြိုက် ကောင်းမှကောင်းပဲ 😋
So many things in love with 😍
Roses, Earrings, Pleasant Weather, Work, Hope
Happy Monday to you all! 💕
My Story
Hla Yin’s style is the fashion and lifestyles blog. I’ll be sharing some of my ideas for fashion and my lifestyles, how I style my life to be happy, healthy, beautiful and enjoyable. If you are interested, please follow me.