Chindwin Medical Network

Chindwin Medical Network

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chindwin Medical Network, Medical Service, .

Photos from Chindwin Medical Network's post 26/11/2023

စစ်ဘေးရှောင်ပြည်သူများ၊ ဒဏ်ရာရ ပြည်သူလူထုအတွက် CDM Medical Network, Medical Family Mandalay, Yangon Medical Network နှင့် Chindwin Medical and Humanitarian Network တို့မှ စုပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကာလတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန်၊ လိုအပ်သော ဆေးဝါးပစ္စည်းများဝယ်ယူနိုင်ရန် အတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ၂၄ ရက်နေ့ နိုဝင်ဘာလ ၂၀၂၃ ခုနှစ်တွင် ၁၀၂၇ စစ်ဆင်ရေးအရ သိမ်းပိုက်ရရှိထားခဲ့သော ချင်းရွှေဟော်မြို့၌ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ပြည်သူတို့၏တရားသောစစ် မုချအောင်မြင်နိုင်ရန် မိမိတို့ အဖွဲ့အစည်းများမှ ကူညီခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမိပါကြောင်းနှင့် လာမည့်အချိန်တိုအတွင်း စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရန် အရေးပါသော ကျရာကဏ္ဍမှ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိကဝတ်ပြု၍ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Chindwin Medical and Humanitarian Network

Photos from Chindwin Medical Network's post 18/08/2023

ချင်းတွင်းကျန်းမာရေးကွန်ယက်(Chindwin Medical Network-CMN) မှ ကြေညာချက်

၂၀၂၃ခုနှစ် သြဂုတ်လ ၁၅ ရက်
ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ပြီး လေးစားတန်ဖိုးထားရသော ဒေါက်တာ ဇော်ထွယ်အောင် ကွယ်လွန်ခြင်းအတွက် ညိုးငယ်သောစိတ်ဖြင့် ဝမ်းနည်းကြေကွဲစွာ အသိပေးအပ်ပါသည်။ ဒေါက်တာ ဇော်ထွယ်အောင်သည် အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှုတွင် ကြံ့ကြံ့ခိုင်သော စိတ်ဓာတ်၊ မယိမ်းယိုင်သော ခံယူချက်တို့ဖြင့် ပါဝင်ခဲ့သော ခေါင်းဆောင် တစ်ဦးဖြစ်ရုံသာမက ချင်းတွင်းကျန်းမာရေးကွန်ယက် (Chindwin Medical Network-CMN) ၏ အဓိက အဖွဲ့ဝင်တစ်ဦးအနေဖြင့်လည်း တာဝန်ယူဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပါသည်။
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်များက ဒေါက်တာ ဇော်ထွယ်အောင်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၂၀၂၃ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့၌ စစ်ကောင်စီတပ်များ၏ အစီအစဥ်ဖြင့် မုံရွာအကျဉ်းထောင်မှ မန္တလေးအကျဉ်းထောင်သို့ ရွှေ့ပြောင်းခံရစဥ် လမ်းပိုင်းတစ်နေရာတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အသက်ဆုံးရှုံးခဲ့ရပါသည်။ ထိုကဲ့သို့ တရားမျှတမှုရရှိရေးအတွက် တိုက်ပွဲဝင်နေသော အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဒေါက်တာဇော်ထွယ်အောင်၏ ကျဆုံးမှုသည် သူ၏ ချစ်လှစွာသော မိသားစုဝင်များ၊ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် အစားထိုးမရသော ကြေကွဲဖွယ်ဖြစ်ရပ်ဆိုး တစ်ခု ဖြစ်ပါသည်။
ဒေါက်တာဇော်ထွယ်အောင်သည် ၂၀၂၁ ခုနစ် စက်တင်ဘာလတွင် အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခံရရုံသာမက ပြင်းထန်စွာညှင်းပန်း နှိပ်စက်ခြင်း နှင့် လူသားမဆန်စွာ ဆက်ဆံခံရခြင်း အခြေအနေတို့ကို ကြုံတွေ့ခဲ့ရပါသည်။ သို့သော် သူ၏ ကြံ့ကြံ့ခိုင်သောစိတ်ဓါတ်သည် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်ရှိရေး တိုက်ပွဲဝင်နေသူများအတွက် လေးစားအတုယူစရာ တွန်းအားတစ်ခုဖြစ်လာခဲ့ပါသည်။
ထိုဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးကြောင့် ဒေါက်တာ ဇော်ထွယ်အောင် အသက်ဆုံးရှုံးခဲ့ရပြီး အပြင်းအထန် ဒဏ်ရာရသူ နိုင်ငံရေးအကျဉ်းသား (၅) ဦးနှင့် အခြား ဒဏ်ရာရသူ အယောက် (၃၀) ကျော် ရှိခဲ့ပါသည်။ ကျွန်ုပ်တို့သည် ထိခိုက်ခံစားခဲ့ရသူများအပါအဝင် ၎င်းတို့၏ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ထပ်လောင်းပြောကြားလိုပါသည်။
လွတ်လပ်မှု၊ တရားမျှတမှု နှင့် ပြည့်သူအကျိုးကို ဘဝတစ်လျောက်လုံး စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သော ဒေါက်တာဇော်ထွယ်အောင်၏ဆုံးရှုံးမှုကို ပြည်သူလူထု တစ်ရပ်လုံးက ယူကြုံးမရ ဖြစ်ရပါသည်။ ကျွန်ုပ်တို့သည် ဤအကြမ်းဖက်လုပ်ရပ်ကို ဆောင်ရွက်သူများအား တိကျသေချာစွာ စုံစမ်းဖော်ထုတ်ပေးရန် တာဝန်ရှိသူများကို လေးလေးနက်နက်တောင်းဆိုအပ်ပါသည်။
ဒေါက်တာ ဇော်ထွယ်အောင်အပါအဝင် ဒီမိုကရေစီရရှိရေးလှုပ်ရှားသော အခြားသူများ၏ စိတ်ဓာတ်ပြင်းပြမှုသည် ထိုအကြမ်းဖက်လုပ်ရပ်များကြောင့် ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။ ဒေါက်တာ ဇော်ထွယ်အောင်အတွက် တရားမျှတမှု ရရှိရန်နှင့် ပြစ်မှုကျူးလွန်သူများကို အရေးယူမှတ်တမ်းတင်ထားရှိရန်မှာ ကျွန်ုပ်တို့ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ တာဝန်ပင်ဖြစ်ပါသည်။
ခက်ခဲကြမ်းတမ်းသော အချိန်များတွင် ဒေါက်တာ ဇော်ထွယ်အောင်၏ ရဲစွမ်းသတ္တိ၊ တရားမျှတမှုကိုလိုလားသော စိတ်ထားနှင့်အနိုင်မခံ အရှုံးမပေးသောစိတ်ဓါတ်တို့ကို ကျွန်ုပ်တို့ အမြဲလေးစားသတိရနေမည်ဖြစ်ပါသည်။ တရားမျှတမှုနှင့် လွတ်လပ်မှု ရရှိရေးအတွက်တိုက်ပွဲဝင်ခဲ့သော ဒေါက်တာ ဇော်ထွယ်အောင် နှင့်အတူ အခြား မရေမတွက်နိုင်သော စွန့်လွတ်အနစ်နာခံခဲ့သူများအတွက် တရားမျှတမှု ပြန်လည်မရမချင်း ကျွန်ုပ်တို့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

ဒေါက်တာဇော်ထွယ်အောင် ကောင်းကင်ဘုံတွင် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။

ဝမ်းနည်းစွာဖြင့်
ချင်းတွင်း ကျန်းမာရေး ကွန်ယက်
Chindwin Medical Network (CMN)

Photos from Chindwin Medical Network's post 08/01/2023

Statement regarding the terrorist military group’s illegal detainment, torturing, and killing of CDM health workers along with the oppression conducted by Non-CDM at the will of the terrorist military group

Photos from Chindwin Medical Network's post 08/01/2023

အကြမ်းဖက်စစ်အုပ်စုက CDM ကျန်းမာရေးဝန်ထမ်းများကို ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေခြင်းနှင့် CDM ကျန်းမာရေးဝန်ထမ်းများအပေါ် စစ်အုပ်စုအလိုကျ ဖိနှိပ်နေသည့် Non-CDM များနှင့်စပ်လျဉ်း၍ ကျန်းမာရေးအင်အားစုများ၏ ပူးပေါင်းထုတ်ပြန်ချက်

18/10/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Myanmar Humanitarian Aid, Melbourne" အဖွဲ့မှ အလှူငွေ ၁,၅၀၀,၀၀၀ ကျပ် တိတိ ကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏

25/08/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့” ၅/မမများ အဖွဲ့မှ အလှူငွေ ၁၅၀,၀၀၀ ကျပ် တိတိ ကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏

18/08/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့” William Than Nyunt ၊Mandalayမှ အလှူငွေ USD 100 တိတိ ကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏

Photos from Chindwin Medical Network's post 29/07/2022

“လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ”

ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဖြစ်သည်။
တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုများအနေဖြင့် မိမိတို့စုဝေးရန် အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင် စုဝေးကြပြီး အောက်ပါ သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆို၍ သစ္စာအဓိဋ္ဌာန်ပြုကြမည်။
- တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်။
- တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။
- တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်း တို့သည် ဤမြေ၌ တည်ပါစေသတည်း။
- တရားတဲ့သူသာ နိုင်ကြေးဟေ့
ပြည်သူများစုဝေးရာတစ်နေရာရာသို့ ရောက်ရှိရန် အခက်အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်း တို့ဖြင့် “လူထု့သစ္စာအဓိဋ္ဌာန်ပြုပွဲ” ကို ပါဝင်အားဖြည့်နိုင်ပါသည်။

နေ့ရက် - ၃၁ ဇူလိုင် ၂၀၂၂(တနင်္ဂနွေနေ့)
အချိန် - နံနက် ၁၀ နာရီ ၃၇ မိနစ်

Photos from Chindwin Medical Network's post 25/07/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
ကြေညာချက်အမှတ်(၁၇/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး လမ်းကြောင်းများမှနေ၍ ဦးကျော်မင်းယု(ခ) ဦးဂျင်မီ ၊ ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော်တို့အား ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရှိရပါသည်။ အဆိုပါ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး အင်းစိန်အကျဉ်းထောင်သို့ သွားရောက်စုံစမ်းမေးမြန်းသော မိသားစုဝင်များကို အကျဉ်းထောင်အာဏာပိုင်များက ထုတ်ပြန်ချက်အတိုင်းဖြစ်သည်ဟု အတည်ပြုခဲ့ပြီး ကျန်ရစ်သော ရုပ်ကလာပ်များကိုလဲ ပေးအပ်နိုင်ခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရှိရပါသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ထူထောင်သူတစ်ဦးလဲဖြစ် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးလဲဖြစ်သည့် ဦးကျော်မင်းယု(ခ) ဦးဂျင်မီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သည့် ဦးဖြိုးဇေယျာသော် အပါအဝင် ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့အား တရားဥပဒေမဲ့စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် ဥပဒေအရ၊ လူ့ကျင့်ဝတ်စံနှုန်းများအရ မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ဖွယ်မရှိသောလုပ်ရပ်ဖြစ်ကာ အဆိုပါ ကိစ္စရပ်တွင် တာဝန်ရှိသူ တစ်ဦးတစ်ယောက် မကျန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူခံရစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် နိုင်ငံရေးနည်းလမ်း၊ နိုင်ငံခြားရေးနည်းလမ်း၊ စစ်ရေးနည်းလမ်း စသည့် နည်းလမ်းပေါင်းစုံဖြင့် ထိရောက်ပြင်းထန်သော တုံ့ပြန်ဆောင်ရွက် မှုများကို စနစ်တကျ စီစဉ်ဆောင်ရွက် သွားမည်ဖြစ်သည်။

အကျဉ်းထောင်အတွင်း တရားမဲ့သတ်ဖြတ်ခံခဲ့ရသူများအပါအဝင် နွေဦးတော်လှန်ရေးကာလ တလျောက် အကြမ်းဖက်စစ်ကောင်စီ၏ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသည့် နွေဦးသူရဲကောင်းအားလုံးတို့၏ ရင်းနှီးပေးဆပ်ခဲ့မှုများအတွက် ကျန်ရစ်သူ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ အားလုံးနှင့်ထပ်တူ ပူဆွေးဝမ်းနည်းရပါကြောင်း ဖော်ပြလျက် ဦးညွတ်အလေးပြုအပ်ပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ကျဆုံးသွားကြသော နွေဦးသူရဲကောင်းများ၏ ကျေးဇူးဂုဏ်ကို ဦးထိပ်ပန်လျက် အကြမ်းဖက် ဖက်ဆစ်ဝါဒ မြန်မာ့မြေပေါ်မှ အပြီးတိုင် အမြစ်ပြတ်ပျောက်ကွယ်သွားစေရေးကို ပြည်သူလူထုနှင့်အတူ တွဲလက်မြဲမြံစွာဖြင့် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု သန္နိဌာန်ပြုပါသည်။ ပြည်သူများ၊ မြေပြင်တွင် အသက်စွန့် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော် ရဲဘက်များအားလုံး သည်လည်း ပူဆွေးဝမ်းနည်းစိတ်၊ နာကျင်ခံပြင်းစိတ်များကို စိတ်ခွန်အားများအဖြစ်ပြောင်းလဲပြီး တော်လှန်ရေးကို ကျရာနေရာမှပါဝင်ကာ အောင်မြင်ပြီးဆုံးသည်အထိ မဆုတ်မနစ် တိုက်ပွဲဝင်သွားကြမည်ဟု ယုံကြည်ပါသည်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်များအား ယခုကဲ့သို့ တရားမဲ့ကျူးလွန် သတ်ဖြတ်သည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်သည် နိုင်ငံ၏အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရန် လုံးဝဆန္ဒမရှိသည်ကို ထပ်မံသက်သေထူပြသခြင်း ဖြစ်ပေသည်။ အကြမ်းဖက်စစ်တပ်အား အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် လက်ရှိရင်ဆိုင်နေရသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပြေလည်စေမည့် အဖြေဖြစ်နိုင် လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထား အမှန်ကို နားလည်သဘောပေါက်ကြသင့်ပြီဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားကြသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက် နိုင်ငံများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ရပ်တန့်ပြီး နောင်အနာဂတ်တွင် ယခုကဲ့သို့ကျူးလွန်မှုများ ထပ်မံပေါ်ပေါက်ခြင်းမရှိစေရန်အတွက် မြန်မာပြည်သူလူထု၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားညီနောင်အင်အားစုများ၊ ဒီမိုကရေစီအရေး လှုပ်ရှားရုန်းကန်နေကြသူများနှင့် အတူရပ်တည်ပြီး မြန်ဆန်ထိရောက်သော အကူအညီများ ပေးခြင်းဖြင့် လူသားမျိုးနွယ်စု တစ်ခုလုံးအပေါ်ခြိမ်းခြောက်လျက်ရှိသည့် အကြမ်းဖက် ဖက်ဆစ်စနစ်ကို အဆုံးသတ်ပေးကြရန် တိုက်တွန်းပြောကြားလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Chindwin Medical Network's post 14/07/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့
ကျန်းမာရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက်အမှတ် (၉/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာန များ၏ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် အောက်ဖော်ပြပါ တာဝန်များ (စုစုပေါင်း ၁၂ ခု) အတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်။

၁။ အရိုးအထူးကုဆရာဝန် - (၁၀) နေရာ
၂။ အရိုးအထူးကု ဘွဲ့လွန်သင်တန်းသား - (၁၀) နေရာ
၃။ ခွဲစိတ်အထူးကုဆရာဝန် - (၁၀) နေရာ
၄။ ခွဲစိတ်အထူးကု ဘွဲ့လွန်သင်တန်းသား - (၁၀) နေရာ
၅။ မေ့ဆေးအထူးကုဆရာဝန် - (၁၀) နေရာ
၆။ မေ့ဆေးအထူးကု ဘွဲ့လွန်သင်တန်းသား - (၁၀) နေရာ
၇။ အရေးပေါ်အထူးကုဆရာဝန် - (၁၀) နေရာ
၈။ အရေးပေါ်အထူးကု ဘွဲ့လွန်သင်တန်းသား - (၁၀) နေရာ
၉။ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန် - (၁၀) နေရာ
၁၀။ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဘွဲ့လွန်သင်တန်းသား - (၁၀) နေရာ
၁၁။ လက်ထောက်ဆရာဝန် - (၂၀) နေရာ
၁၂။ သူနာပြု - (၃၀) နေရာ

၂။ လျှောက်ထားသူသည် -

(က) ပြည်ထောင်စုမြန်မာနိုင်ငံဖွား ဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
(ဂ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း ဖြစ်ရမည်။ အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမည်။
(ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမည်။
(င) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေး ဌာနများက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account - https://t.me/HR_MOHNUG သို့မဟုတ် Telegram Username - တွင် လျှောက်လွှာပုံစံများကို ထုတ်ယူနိုင်ပြီး (၂၈-၇-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည် ဖြစ်ပါသည်။ ယခုလျှောက်လွှာခေါ်ယူခြင်းသည် တော်လှန်ရေးကာလ လိုအပ်ချက်အရ ပထမအသုတ်အဖြစ် ခေါ်ယူခြင်းဖြစ်ပြီး အခြားသော ကျန်းမာရေးဝန်ထမ်းများကိုလည်း နောင်တွင် ထပ်မံခေါ်ယူသွားမည် ဖြစ်ပါသည်။

၄။ လျှောက်လွှာတွင် ဖြည့်သွင်းရမည့် ပုံစံနှင့် အချက်လက်များ၊ ပူးတွဲပါရှိရမည့် Soft Copy များ နှင့် အသေးစိတ်အချက်လက်များကို အထက်ပါ Telegram Account တွင် နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၁၀) နာရီမှ ည (၈) နာရီအတွင်း အသေးစိတ် စုံစမ်းနိုင်ပါသည်။

၅။ ဝန်ထမ်းစိစစ်ရွေးချယ်ခန့်အပ်ရေးကော်မတီက အတည်ပြုရွေးချယ်ခြင်း ခံရသူများသည် တာဝန် ချထားမည့်နေရာများအတွက် လိုအပ်သည့် သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာနများ၏ အစီအစဉ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည်ဖြစ်ပါ သည်။

၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာန များ၏ တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲကောင်းများအတွက် လက်ရှိကာလများအတွင်း လူမှုဘဝလုံခြုံမှုနှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရန် အစီအစဉ် များ အတတ်နိုင်ဆုံး ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန် ကာလများတွင်လည်း ကျန်းမာရေး သူရဲကောင်းများအတွက် ဘဝအာမခံချက်များကို ဖက်ဒရယ်ဒီမိုကရေစီ မူဝါဒများနှင့်အညီ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၇။ ဝန်ကြီးဌာနသည် CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးအင်အားစုများနှင့် တော်လှန်ရေးကာလအတွင်း အခက်အခဲအမျိုးမျိုးကြား၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ များအားလုံးကို အထူးအသိအမှတ်ပြု၊ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
https://moh.nugmyanmar.org/

13/06/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ "ဦးပေါ်လွင်ဦး၊ မသီတာသိန်း၊ Australia မှ အလှူငွေ A$ 150 တိတိ ကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏

13/06/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ "ALL YOUNG BURMESE LEAGUE” အဖွဲ့က အမေ့စု (၇၇) နှစ် မွေးနေ့ အလှူငွေ A$1250 တိတိ ကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏

08/06/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ "Donors from Japan"အဖွဲ့က အလှူငွေ (၅၀ သိန်း) ကျပ်တိတိ ကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏

27/05/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "ကြွယ်ဖိုးရွာမှ ပြည်သူများက အလှူငွေ (၄) သိန်းကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

19/05/2022

စစ်ဘေးရှောင်ပြည်သူများ မိုးတွင်း အမိုးအကာဝယ်ယူနိုင်ရန်အတွက်"Chindwin Medical Network "သို့ “ဦးပေါ်လွင်ဦးနှင့် ညီမ မသီတာသိန်း”အလှူရှင်များ က အလှူငွေ (၉၈၀,၀၀၀) သိန်းကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

12/05/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Myanmar Humanitarian aids Melbourne “အလှူရှင်များ က အလှူငွေ (၁၅)သိန်းကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

27/03/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ “ဆစ်ဒနီရောက် မြန်မာမိသားစုများ“အလှူရှင်များ က အလှူငွေ (၅ )သိန်းကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

Photos from Chindwin Medical Network's post 27/03/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ “S&N” , “T( Monywa) “နှင့် “Catherine “အလှူရှင်များ က အလှူငွေ ၂ သိန်းခွဲ ကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

Photos from Chindwin Medical Network's post 23/03/2022

20/3/2022 ရက်နေ့တွင် ကျနော်တို့ Chindwin Medical Network နှင့်TMD - Kani တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အိုင်တောင်ရွာနှင့် ချောင်းမရွာရှိ မီးရှို့ခံ ပြည်သူ (အိမ်ထောင်စု စုစုပေါင်း ၃၀) အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ အနေဖြင့် အိမ်ထောင်စု တစုလျှင် ငွေ 25000 ကျပ် (စုစုပေါင်း ကျပ်ငွေ ၇ သိန်းခွဲ ) ကို သွားရောက်လှူဒါန်းခဲ့ပါကြောင်း သာဓုအနုမောဓနာ ခေါ်ဆို နိုင်ရန် မှတ်တမ်းတင် အပ်ပါသည်။

21/03/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ “ WE ARE FAMILY “ အလှူရှင်များ က အလှူငွေ ၃ (သိန်း) ကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

21/03/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ “ SG ( Monywa) က အလှူငွေ ၂ (သိန်း) ကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

12/03/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ “ Thaw Dar Htet and Friends “အလှူရှင်များက အလှူငွေ ၅ (သိန်း) ကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

08/03/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ “ PH 9” အလှူရှင်က အလှူငွေ ၁၃ (သိန်း) ကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

04/03/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ " KTH- Ygn အဖွဲ့”က အလှူငွေ - ၁ (သိန်း) ကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

04/03/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ " Chindwin Family အဖွဲ့”က အလှူငွေ ၃ (သိန်း) ကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

Photos from Chindwin Medical Network's post 28/02/2022

#ပြည်သူ့အတွက်CMN

ကျနော်တို့ Chindwin Medical Network အနေဖြင့် မင်းကင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒေသများသို့ ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည် ။ကျေးရွာပေါင်း ၁၂ ရွာမှ စစ်ဘေးရှောင်ပြည်သူပေါင်း ၁၅၂၃ ဦးတို့အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည် ။

စစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးရှိပြည်သူများ အတိဒုက္ခရောက်နေချိန်တွင် ကျနော်တို့ CMN အပါအဝင် ကျန်းမာရေးအဖွဲ့အစည်းပေါင်းများစွာသည် အခက်အခဲအမျိုးမျိုးကြားမှ ပြည်သူတို့၏ကျန်းမာရေးပြဿနာများကို ကူညီဖြေရှင်းပေးလျက်ရှိပါသည် ။

အလှူရှင်များနှင့် ကူညီဆောင်ရွက်ပေးနေကြသည့် ပြည်သူများအား အထူးကျေးဇူးတင်ရှိပါကြောင်း တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ရန် ဆုတောင်းလျက်...

Chindwin Medical Network

25/02/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ " တော်လှန်ရေး ညီအစ်ကိုမောင်နှမများအဖွဲ့”က အလှူငွေ ၁ (သိန်း) ကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

25/02/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ " Mr. Ye အဖွဲ့က အလှူငွေ ၁ (သိန်း) ကျပ်တိတိကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏

Photos from Chindwin Medical Network's post 23/02/2022

အကြမ်းဖက်စစ်ရာဇဝတ်သမားတွေကတော့ ရာဇဝတ်ကောင်တွေပီပီ အပစ်မဲ့ပြည်သူများတွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့ပြီး၊ သတ်ဖြတ်နေမြဲ၊သတ်ဖြတ်နေလိမ့်ဦးမည်သာ…

သို့သော်လည်း တစ်ဖက်မှာ Chindwin Medical Network အပါအဝင် မြန်မာပြည်တနှံ့တလျားက ပြည်သူ့ဘက်တော်သား ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကာကွယ်စောင့်ရှောက်နေကြပါတယ်…

ယခုတင်ထားတဲ့ပုံတွေက စကစ အကြမ်းဖက်စစ်တပ်က လူ့စိတ်ကင်းမဲ့စွာ အပစ်မဲ့ပြည်သူတစ်ဦးကို သေနတ်နဲ့ပစ် ၊ ဦးခေါင်းကိုရိုက်နက်၊ လည်ပင်းလှီးခဲ့တဲ့ ပုံပါ ။
သူဟာ ကံကောင်းထောက်မစွာ အသက်မသေဘဲ ကျနော်တို့ Chindwin Medical Networkဆီကို ရောက်လာခဲ့ပါတယ် ။ အခက်အခဲတွေများစွာကြားက ကျနော်တို့ သူ့ကိုရအောင်ကယ်နိုင်ခဲ့ကြတယ်။ အခုတော့ လူနာအနေနဲ့ အခြေအနေကောင်းမွန်နေပြီ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးသွမ်းယုတ်မာမှုက နှိုင်းစရာစကားလုံးမရှိတော့သလို… ပြည်သူအပေါ်လူ စိတ်ကင်းမဲ့စွာ ပြုမူနေမှုက တစ်နေ့ထက်တစ်နေ့ပိုမိုဆိုးဝါးလို့သာလာပါတယ်။
ဒီစစ်မိစ္ဆာတွေရဲ့ ဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ကျွန်တော်တို့တတွေ သန်မာနေဖို့ လိုပါတယ်၊ အချင်းချင်း စည်းလုံးနေ ဖို့လိုပါတယ်။

စစ်အာဏာရှင်စနစ် အမြန်ကျဆုံးပါစေ။
စစ်မိစ္ဆာများ တူသောအကျိုးကို ခံစားရပါစေ။

Chindwin Medical Network

21/02/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သောဆေးဝါးကုသမှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ "Care and Courage for CMN"အဖွဲ့က အလှူငွေ (၅ သိန်း) ကျပ်တိတိ ကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏

Photos from Chindwin Medical Network's post 20/02/2022

***အသက် (၁၃)နှစ်အရွယ် ကိုရင်လေး…
“အူကျရောဂါ” ကို ခံစားနေရတာ လွန်ခဲ့တဲ့ (၃)နှစ်ကျော်လောက်ကတည်းကတဲ့…ငွေကြေးကမတတ်နိုင်၊ သွားလာရေးခက်ခဲတဲ့ဒေသကဖြစ်နေတော့ ရောဂါကိုမွေးထားရသလိုဖြစ်နေပြီး လွန်ခဲ့တဲ့တစ်ပတ်လောက်က ကျွန်တော်တို့ Chindwin Medical Network အဖွဲ့ဆီရောက်လာခဲ့တယ်။ ရောက်လာချိန်မှာတော့ နာကျင်မှုဝေဒနာကို အတော်ခံစားနေရပြီး ခွဲစိတ်မှုမခံယူနိုင်ခဲ့လျှင် အူပုတ်ပြီးအသက်အန္တရာယ်ရှိနိုင်တဲ့ အနေအထားဖြစ်တယ်။ ဒီအတွက် အဖွဲ့သားများအနေဖြင့် နေ့တွင်းချင်းပဲအရေးပေါ်ခွဲစိတ်ကုသမှုကို ပြုလုပ်ပေးခဲ့ပြီး ၎င်းကိုရင်လေးရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့တယ်။ အခုတော့ ရောဂါသက်သာလာပြီး ခွဲစိတ်ဒါဏ်ရာလဲ ကောင်းမွန်လာခဲ့ပြီး ဖြစ်တယ်။

ကျွန်တော်တို့ Chindwin Medical Network အဖွဲ့သားတွေအနေနဲ့ နယ်လှည့်ဆေးကုသမှုပေးစဉ်မှာဖြစ်စေ၊ အထိုင်ဆေးကုသမှုပေးစဉ်မှာဖြစ်စေ အကြီးစား၊ အသေးစားခွဲစိတ်ကုသမှုများကို လက်လှမ်းမီသလောက် ခွဲစိတ်ကုသမှုပေးလျှက်ရှိရာ ယခင်နှစ် ဧပြီလမှစတင်၍ ယခုနှစ်ဖေဖော်ဝါရီ လလယ်အထိ ခွဲစိတ်ကုသမှုပေါင်း - (၃၀၀)ကျော်နီးပါးပြုလုပ်နိုင်ခဲ့တယ်။

ဒီအရေအတွက်ဟာ ဒါဏ်ရာရသူနှင့် ကိုယ်ဝန်ဆောင်ခွဲမွေးအရေအတွက် မပါဝင်ပဲ အခြားခွဲစိတ်ကုသမှုခံယူရန် လိုအပ်သောရောဂါခံစားနေရသူများကို ခွဲစိတ်ကုသပေးနိုင်တဲ့ အရေအတွက်သာဖြစ်ပါတယ်။ အများစုကတော့ ငွေကြေးမတတ်နိုင်၊ သွားလာရေးခက်ခဲနေကြသူများဖြစ်ကြတယ်။ ယခုနှစ်ပိုင်းမှာ ၎င်းခွဲစိတ်ကုသမှုအရေအတွက် သိသိသာသာ များပြားလာခဲ့ပြီး ကျွန်တော်တို့ Chindwin Medical Network အဖွဲ့သားတွေအနေနဲ့ လည်း မြေပြင်ရှေ့တန်းမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပြည်သူ့အတွက်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါမယ်လို့ သတင်းစကားပါးလျှက်…

Chindwin Medical Network

20/02/2022

မင်းကင်းမြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သောအထောက်အပံ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် "Chindwin Medical Network "သို့ "ဆစ်ဒနီရောက်မြန်မာမိသားစုများ"အဖွဲ့က အလှူငွေ (၁,၂၅၀,၀၀၀) ကျပ်တိတိ ကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏

14/02/2022

ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် ပြည်သူအတွက် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရန် "Chindwin Medical Network "သို့ "We love Myanmar Family"အဖွဲ့က အလှူငွေ (၅ သိန်း) ကျပ်တိတိ ကို လှူဒါန်းပေးအပ်သည့်အတွက် ဝမ်းမြောက်စွာ သာဓု အနုမောဒနာခေါ်ဆိုကာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

စေတနာရှင် အလှူရှင်မိဘပြည်သူများလည်း စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးဘယာဝေးကွာပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏

Photos from Chindwin Medical Network's post 13/02/2022

အရင်တပတ်က ခွဲမွေးပေးလိုက်ရတဲ့ ကလေးငယ်လေး....မိခင်ဖြစ်သူက မွေးခါနီးကိုယ်ဝန်ဆိပ်တက်လို့ အရေးပေါ်ခွဲမွေးလိုက်ရတယ်။ ခုတော့မိခင်ကော ကလေးပါကျန်းကျန်းမာမာ ရှိပါတယ်။

Chindwin Medical Network အနေနဲ့ လက်လှမ်းမီရာ ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါ အခုလိုမွေးခါနီးမမွေးဖွားနိုင်လို့၊ ရိုးရိုးမွေးဖို့ အန္တရာယ်ရှိနေလို့ ခွဲစိတ်မွေးဖွားပေးနေရတဲ့ ကိုယ်ဝန်ဆောင်မိခင်ပေါင်းဟာ တစ်လကိုပျမ်းမျှ ၂၅ယောက်ရှိပါတယ်။

ရိုးရိုးမွေးဖွားပေးလိုက်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်ပေါင်းကတော့ တစ်လကို ၉၀ နဲ့ ၁၂၀ကြားရှိပါတယ်။

အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှုလိုမျိုး အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေတောင် မရနိုင်တော့တဲ့ စစ်ကိုင်းတိုင်းထဲက ကျေးလက်ဒေသတွေမှာ Chindwin Medical Network အဖွဲ့သားများအနေနဲ့ လက်လှမ်းမီသလောက်ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးလျှက်ရှိပါတယ်။

"အနာဂါတ်မျိုးဆက်အတွက် လုံခြုံကောင်းမွန်တဲ့ ဘဝတွေကို အတူတကွထုဆစ်ယူကြပါစို့" လို့တိုက်တွန်းလျှက်...
Chindwin Medical Network

Photos from Chindwin Medical Network's post 09/02/2022

***ကျွန်တော်တို့ Chindwin Medical Network အနေနဲ့ လက်လှမ်းမီရာ ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါ ရှေ့တန်းကရဲဘော်တွေရဲ့ မတော်တဆထိခိုက်ဖြစ်ပွားမှုတွေဟာ အများဆုံးထဲက တခုဖြစ်ပါတယ်။

***ယခင်နှစ် နှစ်လယ်ပိုင်းကစလို့ မြင့်တက်လာတဲ့ မတော်တဆ ထိခိုက်ဖြစ်ပွားမှုတွေဟာ ယခုလတွေမှာဆိုရင် တလကိုပျမ်းမျှ (၆၀ - ၈၀)ကြားရှိပြီး ကျွန်တော်တို့ Chindwin Medical Network အနေနဲ့ ပြည်သူလူထုမှလှူဒါန်းမှုများဖြင့် တတ်စွမ်းသလောက်စောင့်ရှောက်ကုသမှု ပေးလျှက်ရှိပါတယ်။

***အကန့်အသတ် အတားအဆီးတွေရှိသော်လည်း ပြည်သူလူထုရဲ့ ပူးပေါင်းအားနဲ့ ဆက်လက်ကြိုးစားတွန်းလှန်သွားမည် ဟု ဆန္ဒပြုလျက်...

Chindwin Medical Network

Medical Family Mandalay - MFM 08/02/2022

MFM သီချင်း MTV လေးကို WE CLICK YouTube Channel မှာ ကြည့်ရှုနားဆင်နိုင်ပါပြီ။ Click ရင်းလှူ၊ လှူရင်း Click ကြမယ်။

MFM သီချင်း ကြည့်ရှုနားဆင်ရန် -
https://youtu.be/eSStm0tlrEU

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ရှေ့တန်းကနေ တစိုက်မတ်မတ် ပါဝင်တော်လှန်နေတဲ့ မန္တလေးမြို့အခြေစိုက် CDM ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်သားများ၊ ဆေး/ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများ၊ ကျန်းမာရေးမိသားစုဝင်များနဲ့ ဖွဲ့စည်းထားတဲ့ ကျန်းမာရေးမိသားစု - မန္တလေး (Medical Family Mandalay - MFM) ရဲ့ အဖွဲ့ဝင်များကိုယ်တိုင် ရေးစပ်သီဆိုတီးခတ်ထားတဲ့ MFM Theme Song လေးဖြစ်ပါတယ်။

အရေးတော်ပုံ အောင်ရမည်!

Medical Family Mandalay - MFM Medical Family Mandalay - MFMစစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ရှေ့တန်းကနေ တစိုက်မတ်မတ် ပါဝင်တော်လှန်နေတဲ့ မန္တလေးမြို့အခြ...

07/02/2022

ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အခမ်းအနားအကြို Profile Campaign

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အခမ်းအနားအစီအစဉ်ကို အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အနှစ်သာရများ၊ တိုင်းရင်းသားများအားလုံး၏ စုစည်းညီညွတ်မှုများကို ထင်ဟပ်ပေါ်လွင်စေမည့် ပုံသဏ္ဍာန်ဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Profile Campaign တွင် Profile Frame ကို ယနေ့မှစ၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့အထိ ပြောင်းလဲပေးခြင်းအားဖြင့် တိုင်းရင်းသားပြည်သူများအားလုံး ပူးပေါင်းပါဝင်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး “တန်းတူရေးကိုရှေးရှုချီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ” သွားရောက်မည့် ပြည်သူတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်မှုကို ပြသပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
Profile Frame ထားနည်း
အောက်ပါ Link ကို နှိပ်ပါ။
1) https://twb.nz/towardsfederalunion
2) Choose photoကိုနှိပ်ပါ၊
3) Files Managerထဲက မိမိ profileသုံးမယ့်ပုံကိုရွေးပါ၊
4) Nextကို နှိပ်ပါ၊
5) Downloadကို နှိပ်ပါ၊
6) Copyကို နှိပ်ပါ။
ပြီးပါပြီ။
ဂယ်လာရီထဲသွားပြီး Downထားတဲ့ပုံကို မိမိ Facebookမှာ Profileတင်နိုင်ပါပြီ။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အခမ်းအနားဖြစ်မြောက်ရေး ကော်မတီ

Photos from Chindwin Medical Network's post 02/02/2022

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ချင်းတွင်း မြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်ခွေးများနှင့် မင်းကင်း ဒေသခံ ပျူစောထီးများ လက်ချက်ကြောင့် မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ် အစပ်ရှိ ဘင်ကျေးရွာ ရွာလုံးကျွတ်နီးပါ မီးရှို့ခံ ခဲ့ရပါတယ်။

မီးသင့် အိမ်ခြေပေါင်း ၁၀၅လုံးကျော်ရှိပါတယ်။ စစ်ဘေးဒုက္ခသည်ပြည်သူများ အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိပါတယ်။ လိုအပ်တဲ့ အကူအညီများကို အရေးပေါ် ဆောင်ရွက်သွားရန် ကျနော်တို့ Chindwin Medical Network နှင့် ကနီကျန်းမာရေး ကော်မတီ တို့ ချိတ်ဆက်လျက် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

မိဘ ပြည်သူများ အနေဖြင့် တတ်အားသ၍ ပါဝင်ကူညီ လှူဒါန်းကြစေရန် နှိုးဆော်အပ်ပါသည်🙏🙏🙏

Photo crd CJ

Telephone

Website