Tr Su Su Hlaing

Tr Su Su Hlaing

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr Su Su Hlaing, Education Website, Shwe pyitar, .

06/10/2024

#ဆရာအလုပ်ဆိုတာ

စာသင်ရတဲ့ အလုပ်က မလွယ်ပါ။

ကိုယ်ကိုယ်တိုင် စာသင်တဲ့ နယ်ပယ်ထဲ၊
ထဲထဲဝင်ဝင် ရောက်လာလေလေ၊
စာသင်တဲ့ အလုပ်အပေါ်မှာ ပိုပြီး
တာဝန်ကြီးတယ်လို့ ခံယူလာဖြစ်လေလေ ဖြစ်လာတယ်။

စာသင်တဲ့ အလုပ် က၊ တကိုယ်လုံး နဲ့ လုပ်ရတယ်။

စာသင်ဖို့အတွက်၊ ဦးနှောက်လည်း သုံးရတယ်။

နှလုံးသားလည်း ပါရတယ်။

ကိုယ်ကာယကလည်း အားစိုက်ရတယ်။

ဥပမာ၊ စာသင်တဲ့ အချိန်တခုတည်းကိုပဲ ကြည့်ပါ။

စာသင်ချိန်မှာ၊ ဦးနှောက်လည်း တရပ်စပ် အလုပ် လုပ် နေရတယ်။

ဒီလိုပဲ ပါးစပ်က နေလည်း တတွတ်တွတ် ပြောနေရတယ်။

စာသင်နေရင်း လက်ဟန်၊ ခြေဟန် တွေ… က ၊ ဟိုလှုပ် ဒီလှုပ်။

တကိုယ်လုံးက လှုပ်ဖို့ လိုရင် လှုပ်နေရတယ်။

Body language နဲ့လည်း သင်ရ၊
နှုတ်ကလည်း အားထုတ်နေရတယ်။

ဒီကြားထဲမှာ၊ ဆရာတစ်ယောက်ဆိုတဲ့ အသိစိတ်က
လူကို လွှမ်းမိုးနေတယ်။

နှလုံးသားကနေ၊ သင်ယူသူတွေ နားလည်ရဲ့လား။

သူတို့ နားနဲ့ ကိုက်ရဲ့လား။

ငါ့ အာဘော်ကို နှစ်သက်ရဲ့လား။

သူတို့ စရိုက်နဲ့ အပ်စပ်ရဲ့လား ဆိုတာတွေကို
ခံစားနားလည်အောင် လုပ်ပြီး၊ သတိနဲ့ ကြည့်ကြည့်နေရတယ်။

ငါသာ သင်တန်းသား တစ်ယောက်၊
စာသင်သား တစ်ယောက်ဆိုရင် အခု၊ ငါ သင်တဲ့
အကြောင်းအရာတွေကို ကောင်းကောင်း နားလည်၊
သဘောပေါက်နိုင်ပါ့မလား…. ဆိုတဲ့ ပုံစံနဲ့ စဉ်းစားရတယ်။

ပမာပြု ခံစားရတယ်။

ဒါတွေဟာ ဆရာတစ်ယောက်ရဲ့ စာသင်ချိန်မှာ
ထားရတဲ့ နှလုံးသား အလုပ်။

နောက်… စေတနာတို့၊ ဘာတို့ ဆို တာတွေက၊
အပိုဆုတွေ ဖြစ်လို့ မပြောတော့ပါဘူး။

နောက် ဆရာတစ်ယောက်ရဲ့ အလုပ်က၊
စာသင်ဖို့အတွက် ပြင်ဆင်ရတဲ့ အချိန်။

ဆရာတစ်ယောက်အဖြစ် နေထိုင်ဖို့၊
လေ့လာဆည်းပူးရတဲ့ ပုံစံတွေ… စသည်ဖြင့် ရှိနေပါတယ်။

ဆရာတစ်ယောက်ဟာ၊ သူ့အလုပ်ကို လုပ်ဖို့
စာအုပ်ပုံထဲကို ခေါင်းတိုးရတယ်။
ဆရာဆိုတာ ထာဝရ ​ကျောင်းသားပါ။

သဘောတရားသက်သက်ချည်း မဟုတ်ဘဲ၊
လက်တွေ့သိနားလည်အောင်လည်း လုပ်ရတယ်။
ကိုယ်သင်တဲ့ဘာသာရပ်ကို ထဲထဲဝင်ဝင် ပိုပိုပြီး နားလည်နေဖို့ အမြဲ ကြိုးစားနေရတယ်။

ခေတ်ကိုလည်း မျက်ခြေမပြတ် ကြည့်နေရတယ်။

ကိုယ်သင်ကြားတဲ့ ဘာသာရပ်တွေမှာ၊
အမြဲ အသစ်အသစ် ဖြစ်နေဖို့ အားထုတ်ရတယ်။

ထိုနည်းလည်းကောင်း ပဲ၊ ရှုထောင့်အသစ်၊
နည်းနာသစ်တွေ ပေးနိုင်အောင် ကြိုးစားရတယ်။

ကိုယ်သင်တဲ့ ဘာသာရပ် အကြောင်း အရာကိုပင်၊
ချည်းကပ်ပုံအသစ်နဲ့ ထပ်မံတင်ပြနိုင်အောင် ကြိုးစားရတယ်။

ဆရာကြီး ဦးအောင်သင်း ပြောသလိုဆိုရင်၊
ဆရာဆိုတာ စာကိုချည်း သင်တာ မဟုတ်။

စိတ်ကိုလည်း သင်ရ တယ်။

ကျောင်းသားတွေရဲ့ စိတ်ကို သင်ဖို့၊
တတ်နိုင်သမျှ ကျောင်းသား တစ်ယောက်ချင်းစီရဲ့
စရိုက်၊ ဗီဇကို နားလည်အောင် ကြိုးစားရတယ်။

ဆရာဟာ၊ စာသင်ခန်းထဲမှာ
သင်ကြားသူ၊ ပြသသူ၊ လမ်းညွှန် အကြံပေးသူဖြစ်သလို၊
စာသင်ခန်း ပြင်ပမှာလည်း ဦးလေး သဖွယ်၊ အဖေသဖွယ်၊ အစ်ကိုသဖွယ်
နီးနီးကပ်ကပ် ပေါင်းသင်းကြရတယ်။

အဲ့လို စိတ်ချင်း၊ ကိုယ်ချင်း နီးကပ်ပြီးတော့
ကျောင်းသားတွေကို ဆွဲခေါ်ရတယ်။

အနီးကပ် ကြီးကြပ်ရ တယ်။

တကယ့် ဆရာတွေဟာ၊
သူတို့ ပညာရပ်ကို ဆက်လက် ဆည်းပူးဖို့ အမြဲကြိုးစားရတယ်။

သုတေသနလုပ်ဖို့ ကြိုးစားရတယ်။

စာတမ်းတွေ ရေးဖို့ မပြတ် လေ့လာရတယ်။

သင်ကြားရေးကို လည်း မျက်ခြေပြတ်လို့ မရဘူး။

တကယ့် ဆရာတစ်ယောက်ရဲ့ စိတ်ဟာ၊
သာမန် စိတ် မဟုတ်ပါဘူး။

ပရဟိတ စိတ်သက်သက်လည်း မဟုတ်ပါဘူး။

ဆရာဆိုတာ၊ နှုတ်၏ စောင်မခြင်းကိုလည်း ပြုရတယ်။

ကိုယ်၏ လုံ့လထုတ်ခြင်းကိုလည်း လုပ်ရတယ်။

မနောကံ ကရုဏာကိုလည်း မွေးရတယ်။

ဦးနှောက်ကလည်း၊ ဓားသွေးကျောက်လို မဖြစ်အောင် လုပ်ရတယ်။

ဓားသွေးကျောက်ဆိုတာ၊ ဓားတွေကို ထက်စေပေမယ့်
ကိုယ်က တဖြည်းဖြည်း ပါးသွားတယ်။

တုံးသွားတယ်။

ဆရာ အလုပ်ဆိုတာ၊ တစ်ပွဲထိုး အလုပ် မဟုတ်ဘူး။

ဆရာ အလုပ်ဆိုတာ၊
အပျင်းပြေ ဝင်လုပ်ရတဲ့ အလုပ် မဟုတ်ဘူး။

ကိုယ်ကျိုးကို မျှော်ကိုးပြီး လုပ်လို့ ရတဲ့ အမျိုးအစားလည်း မဟုတ်ဘူး။

ဆရာအလုပ်ဆိုတာ၊
ပညာကို ချစ်လို့ လုပ်တဲ့ အလုပ်သာ ဖြစ်ပါတယ်။

ဆရာ အလုပ် လုပ်နေပြီး၊
ပညာကို ဟန်ဆောင်ပန်ဆောင်ချစ်တယ်ဆိုရင်၊
ဆရာ အဖြစ်နဲ့ မထိုက်တန်သူလို့ပဲ ဆိုလို့ရပါမယ်။

Credit { စာ​ရေးဆရာတင်ညွန့် }᠌မှ ​ကောက်နုတ်ချက်။

Photos from Tr Su Su Hlaing's post 26/09/2024

Grade-1မေးခွန်း‌

ရေပေးဖို့‌ပြောထားတဲ့မေမေများရှင့်

Cbမှာပို့ထားပါတယ်ရှင့်

11/08/2024

သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား🤔
+++++++++++++
မိဘတိုင်းလိုလိုကတော့ ကလေးတွေကို အလိုလိုက်တတ်ကြပါတယ်။ ဆင်းရဲချမ်းသာမရွေး မိမိတို့ရဲ့ သားသမီး မျက်နှာမညှိုးရအောင် ထားလိုကြတာ မိဘတိုင်းရဲ့ လိုအင်ပါပဲ။ ဒါပေမယ့် အလိုလိုက် လွန်လွန်းပြန်ရင် ကလေးတွေက လိုတာရနေ၊ လိုတာဖြစ်နေတဲ့အတွက် စိတ်ဓါတ်ပျက်စီး သွားတတ်ပါတယ်။ လိုတာရနေတဲ့ အတွက် ကိုယ်လိုချင်တာရဖို့ စွမ်းအားစိုက်ထုတ်ဖို့ လိုအပ်တယ်ဆိုတာ ကလေးက မေ့လျော့နေ တတ်ပါတယ်။ ကိုယ့်ကလေးကို အလိုလိုက်တာ လွန်လွန်းနေသလားဆိုတာ ညွှန်ပြနေတဲ့ အချက် (၅) ချက်ကို ဆွေးနွေးထားပါတယ်။

🌟 (၁) ကလေးက သူလိုတာမှန်သမျှရရမယ်၊ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ် ရှိနေတယ်

ကလေးက လိုတာရနေ၊ ဖြစ်ချင်တာအားလုံးကို မိဘက ပံ့ပိုးပေးနေတော့ သူ့စိတ်မှာ သူလိုတာမှန်သမျှ ရရမယ်၊ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ် ဆိုတဲ့စိတ် ဝင်နေပါတယ်။ အိမ်မှာ ပြဿနာ မရှိလှပေမယ့် အခြားသူတွေ၊ သူငယ်ချင်းတွေနဲ့ကျတော့ သူလိုချင်တာမှန်သမျှ မရနိုင်၊ သူဖြစ်ချင်တာ မှန်သမျှ မဖြစ်နိုင်တဲ့အတွက် ကလေးက သူငယ်ချင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့ အလုပ်တွေ၊ ကစားနည်းတွေမှာ အဆင်ပြေအောင် မကစားနိုင်ပါဘူး။ ဒီအမူအကျင့်ဟာ အသက်ကြီးတဲ့အထိ ပါသွားရင် အလုပ်ခွင်မှာ အများနဲ့ ပေါင်းသင်ဆက်ဆံရေး အဆင်မပြေ ဖြစ်တတ်ပါတယ်။ သင့်ကလေးဟာ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် မပေါင်းနိုင်ဘူး၊ သူငယ်ချင်းတွေနဲ့ အပေးအယူ မလုပ်တတ်ဘူး၊ သူငယ်ချင်းတွေအကြောင်း တချိန်လုံး၊ မကြာခဏ ညည်းညူတတ်တယ်ဆိုရင် သူတို့ဟာ လိုတာရရမယ်၊ ဖြစ်ရမယ်ဆိုတဲ့စိတ် ဝင်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးနဲ့ သူ့သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးကို မိဘက ဂရုပြု စောင့်ကြည့်သင့်ပါတယ်။

🌟 (၂) လိုချင်တာရဖို့ ကြိုးစားအားထုတ်မှု လိုအပ်တယ်ဆိုတာကို ကလေးက နားမလည်ဘူး

ကလေးက လိုတာအကုန်ရနေတော့ လိုချင်တာရှိရင် ကြိုးစားအားထုတ်မှု လိုအပ်တယ်ဆိုတာ နားမလည်ပါဘူး။ အသက်ကြီးလာတဲ့ အခါကျတော့ ကြိုးစားအားထုတ်ချင်စိတ် လျှော့နည်းသွား တတ်ပါတယ်။ သင့်ကလေးဟာ သူမြင်သမျှကို လက်ညှိုးထိုး တောင်းဆိုတတ်တယ်၊ မိဘက သူတောင်းဆိုတာ ဝယ်မပေးရင် စိတ်ဆိုးပြီး မိဘကို အပြစ်တင်တတ်တယ်၊ ဒါမှမဟုတ် သူလိုချင်တာ မှန်သမျှ မိဘက ဝယ်ပေးရမယ်ဆိုတဲ့ စိတ်မျိုးရှိတယ်ဆိုရင် သင်အလိုလိုက်တာ နဲနဲ များသွားလို့ ဖြစ်နိုင်ပါတယ်။

🌟 (၃) အခက်အခဲ ကြီးကြီးမားမား အကြုံဖူးတဲ့အတွက် အခက်အခဲကြုံလာရင် ဘယ်လိုဖြေရှင်းရမှန်း မသိဘူး ဖြစ်နေတတ်တယ်

ကလေးက အခက်အခဲ တစ်ခုခု ကြုံလာတိုင်း မိဘက ကြားကဝင်ပြီး ဖြေရှင်းပေးလေ့ရှိတဲ့ အတွက် ကလေးဟာ အခက်အခဲကြုံလာရင် သူကိုယ်တိုင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိဘူး ဖြစ်နေတတ်ပါတယ်။ ကျောင်းမှာဖြစ်စေ၊ သူငယ်ချင်းတွေ ကြားထဲမှာ ဖြစ်စေ ကိုယ့်ကလေးက အခက်အခဲ တစ်ခုခု ကြုံလာရင် မိဘက ကြည့်မနေနိုင်တော့ ကြားကဝင်ပြီး ဖြေရှင်းပေးချင် တတ်ကြပါတယ်။ လက်ငင်းပြဿနာ ပြေလည်သွားပေမယ့် ရေရှည်မှာ ကလေးရဲ့ အခက်အခဲကို ကျော်လွှားနိုင်မှု စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးကို ပြဿနာတွေကို သူ့ဟာသူ အရင် ဖြေရှင်းစေဖို့ အခွင့်အရေး ပေးသင့်ပါတယ်။ ကလေးအတွက် ကြီးမားလွန်းတဲ့ ပြဿနာ၊ ဒါမှမဟုတ် ကလေးက ကြိုးစားပေမယ့် မရှင်းနိုင်တဲ့ ပြဿနာ မျိုးမှသာ မိဘလုပ်သူက ဝင်ရောက် ဖြေရှင်း ပေးသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ ပြဿနာမှန်သမျှ မိဘက ဒိုင်ခံဖြေရှင်း ပေးနေမယ်ဆိုရင် သင်ဟာ သင့်ကလေးကို အလိုလိုက်တာ များနေပြီဆိုတာ ပြနေပါတယ်။

🌟 (၄) ကလေးက သူ့မှာရနေတာ ရှိနေတာတွေကို ကြေနပ်ရောင်ရဲမှု မရှိဘူး

ကလေးက သူ့မှာရနေတာ ရှိနေတာတွေနဲ့ ကြေနပ်ရောင့်ရဲမှု မရှိပဲ သူ့မှာ မရှိတာကိုပဲ ညည်းညူနေမယ်၊ အလိုမကျ ဖြစ်နေမယ်ဆိုရင် ဒါဟာ ကလေးအလိုလိုက် ခံရတာ များလွန်းနေတယ် ဆိုတာ ပြနေတဲ့ လက္ခဏာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဥပမာ သူ့မှာ ဘက်ထရီနဲ့ သွားတဲ့ ကားလေးရှိနေတာ သူငယ်ချင်းရဲ့ ရီမုတ်ကွန်ထရိုးကား မရလို့ သူ့ကားက မကောင်းကြောင်း တချိန်လုံး ညည်းနေတာမျိုး၊ ခဲတန်ဘူး လှလှလေး မှမရှိတာ ဘယ်လိုလုပ် လက်ရေးလှလှ ရေးနိုင်မှာလဲ ညည်းတာ၊ ကိုယ့်မှာရှိတဲ့ အရုပ်တွေက လှလဲ မလှဘူး၊ မကောင်းဘူး ဆိုပြီး ညည်းတာမျိုးတွေဟာ ကလေးရဲ့ အလိုလိုက်ခံရမှု လွန်ကဲတာကို ပြနေပါတယ်။

🌟 (၅) ကလေးက သူသာလျှင် စကြာဝဠာရဲ့ ဗဟိုချက်လို့ ထင်နေတာ

ဟုတ်ပါတယ်။ အလိုလိုက် ခံရလွန်းတဲ့ ကလေးတွေဟာ မိဘနဲ့ ဆွေမျိုးတွေက သူ့ကို ဖူးဖူးမှုတ်ထားတဲ့အတွက် သူသာလျင် အားလုံးရဲ့ ဗဟိုချက် ဖြစ်တယ်။ လူအားလုံး အရာအားလုံးဟာ သူ့လိုအင်ဆန္ဓတွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်လာတယ်လို့ ထင်နေတတ်ကြပါတယ်။ အခြားသူတွေမှာလဲ သူတို့ရဲ့ လိုလားချက်တွေ၊ လိုအင်ဆန္ဒတွေ ရှိနေတယ်ဆိုတာ သဘောမပေါက်ပါဘူး။ သူလိုချင်တာတွေ မရနိုင်၊ မဖြစ်နိုင်တဲ့ အခါမျိုးတွေ၊ အခက်အခဲတွေ ကြုံလာတဲ့ အခါမျိုးတွေမှာ ငါကတော့ ကံဆိုးလွန်းပါတယ်၊ ဘာ့ကြောင့် ငါ့မှ ဒီလိုအခက်အခဲတွေ ကြုံရတာလဲ ဆိုတဲ့အတွေးမျိုးတွေ ဝင်တတ်ပါတယ်။ သူများတွေမှာလဲ ဒီလိုအခက်အခက်တွေ လူတိုင်းလိုလို ကြုံတွေ့ရ တတ်တယ်ဆိုတာကို နားမလည်ပါဘူး။ ဒီလိုပဲ သူတို့ရဲ့ လုပ်ရပ်ကြောင့် သူများတွေကို ထိခိုက်နိုင်တယ် ဆိုတာကိုလဲ သဘောမပေါက် တတ်ကြပါဘူး။ အင်္ဂလိပ်လိုတော့ Self-centered လို့ခေါ်ပါတယ်။ ဒီလိုအတွေးမျိုး၊ စိတ်ခံယူမှုမျိုး ရှိနေရင် ကလေးကို အလိုလိုက်တာ များနေကြောင်း ပြနေပါပြီ။

Credit : cuddle me to read
Myanmar🙏🙏🙏

Photos from Tr Su Su Hlaing's post 28/02/2024

ဆရာမ ဆိုတာ !!!
🌹🌹🌹🌹🌹

🌹မင်းသမီးမဟုတ်ဘူး
ဒါပေမဲ့တပည့်တွေအတွက်တော့
သရုပ်‌ဆောင်တတ်ရတယ်

🌹လူရွှင်တော်လဲမဟုတ်ဘူး
ဒါပေမဲဲ့........
တပည့်တွေအတွက်တော
ဟာသတွေပြောတတ်ရတယ်

🌹လူမိုက်လဲ မဟုတ်ဘူး
ဒါပေမဲ......တပည့်တွေ
ကောင်းစားစေဖို့ ရိုက်နက်နေရတယ်

🌹မိဘလဲမဟုတ်ဘူး
ဒါပေမဲ့......တပည့်တွေကို
မိဘမေတ္တာတွေနဲ့ ပေးဆပ်နေရတယ်

🌹ဆရာမဟူသည်
တပည့်တွေအတွက် ဥယျာဉ်မှုး

🌹မိဘများအတွက် လမင်းကြီး

🌹လမင်ကြီးအတွက်တော့ဓူဝံကြယ်လေးပေါ့

🌹ကလေးများအတွက်ဆို
နေမင်းကြီးပေါ့နော်

Credit
Pre School

Photos from Tr Su Su Hlaing's post 26/02/2024

ဟုတ်ကဲ့
မူကြိူမှာ စာမသင်ဘူးလား
ဘယ်မူကြိုမှာ အပေါင်းအနှုတ်တွေ သုံး၊လေးနှစ်နဲ့ သင်နေပြီ။
ကလေးက ABCတောင် တစ်လုံးချင်းမမှတ်မိသေးဘူး။
ကလေးက စာလုံးတွေ ပြောင်းပြန်ရေးနေတယ်

မေးနေပြောနေသူအများကို
ဒီနေရာကနေရှင်းပြချင်ပါတယ်။
စာဘာလို့မသင်သလဲဆိုရင် နိုင်ငံတကာမှာ စာထက်အရေးကြီးတာတွေ သင်ဖို့ ပြင်ဆင်နေကြလို့ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းအတိုင်း သင်ရတာပါ။

စာဆိုတာအလွယ်ပြောတာဖြစ်ပြီး စာသင်တယ်ဆိုတာ ABCDကို လေးကြောင်းမျဉ်းထဲဝင်အောင်ရေးနိုင်တဲ့ အထိသင်တာ၊ ပေါင်းနှုတ်မြှောက်စားတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်နိုင်နေဖို့သင်တာလို့ သတ်မှတ်ပြီး မေးကြတဲ့သူတွေအတွက်ပြောတာပါ။

စာဆိုတာ
ပညာဆိုရင်၊
လေ့လာသင်ယူခြင်းဆိုရင်၊ အလေ့အကျင့်ကောင်းတွေကို ရယူဖို့ဆိုရင်
ဉာဏ်ရည်ထက်မြက်ဖို့ဆိုရင်
သဘာဝတရားကြီးရဲ့ ဖြစ်စဉ်တွေအကြောင်း သိဖို့ဆိုရင်

သင်ပါတယ်။

အဲအဲ့ဒီလိုမဟုတ်ဘဲ

မိရိုးဖလာ နှုတ်တိုက်လက်ရေးကျင့်စာသင်နည်း
ရှေ့ကပြောနောက်ကလိုက်လုပ်နည်းဆိုရင်တော့
ကလေးတွေရဲ့ အချိန်ကိုမတရားလုယူပြီး ငြိမ်ငြိမ်နေ ခြိမ်းခြောက်စာသင်နည်းဆိုရင်တော့

မသင်ပါဘူး။

သင်လို့လည်းမရပါဘူး ဥပဒေထုတ်တားမြစ်ထားပါတယ်။ သင်ချင်တဲ့သူတွေသင်ရင် သင်ကြပါလိမ့်မယ်။ ကျွန်မတို့မသင်ပါ။

သို့သော်

စာကို အမြီးအမောက်တည့်အောင် မရေးနိုင်သေးပေမဲ့
ကျွန်မတို့ကလေးတွေမှ ရေးချစရာ စိတ်ကူးစိတ်သန်းတွေ အပြည့်ရှိနေဖို့ သင်ပါတယ်။

သင်္ချာမတွက်တတ်သေးပေမဲ့ spacial awareness, estimation, logical thinking skillsအစရှိတဲ့ သင်္ချာအခြေခံအရည်အချင်းတွေရှိဖို့ လေ့ကျင့်ပေးထားလို့ အချိန်တန်ရင်ကျန်တဲ့ အပေါင်းအနှုတ်တွေကတော့ မှုစရာမရှိပါ။

စာအုပ်ထဲမှာ လေ့ကျင့်ခန်းတွေမလုပ်သေးပေမဲ့ ကျွန်မတို့ သုံးနှစ်ကလေးတွေဟာ ရေ လေတွေရဲ့ အကျိုးဆက် မြေတိုက်စားခြင်းအကြောင်းကို လေ့လာပြီးသွားပါပြီ။ သတ္တဝါတွေရဲ့ ကျက်စားရာနေရာတွေ အပင်တွေရဲ့ အစာချက်လုပ်ပုံတွေ သိနေကြပါပြီ။

ဘယ်နေရာမှာနိမ့်သလဲ ဘယ်နေရာမှာမြင့်သလဲ အခုလောလောဆယ် ရလဒ်တော့ ကျွန်မတို့မှာ မြင်သာထင်သာ ပြစရာ ရှိချင်မှ ရှိဦးမှာပါ။ နောင်ဆယ်နှစ်လောက်နေရင်တော့ ‌ဒီကလေးတွေရဲ့ နေရာဟာ ဉာဏ်ရည်ဟာ၊ အခြားသောအရည်အချင်းတွေဟာ မမျှော်မှန်းနိုင်လောက်တဲ့ အမြင့်မှာ ရောက်နေမယ် ဆိုတာတော့ အပ်ချမတ်ချ ပြောနိုင်ပါတယ် လို့ပဲ ဆိုပါရစေ။

Credit
pre school

23/02/2024

💑လိမ္မာတဲ့ ကလေးလေးဖြစ်အောင် 💑

#တချို့သော မိဘတွေ ကိုယ့်ကလေးကို အမူအကျင့်ကောင်းအောင် ပြုပြင်ရာမှာ ပြစ်ဒဏ်ပေးတဲ့နည်း။ (တစ်နည်းအားဖြင့် ရိုက်နှက်ဆုံးမတဲ့နည်း) ကို သုံးတတ်ကြပါတယ်။ ဒါပေမဲ့ ဒီနည်းဟာ ကလေးကို စည်းကမ်းကို နားလည်လိုက်နာလာအောင် သင်ပြမပေးနိုင်သလို သိပ်ဆိုးရွားတဲ့ အခြေအနေတွေမှာဆိုရင်လည်း ကလေးကို ငြိမ်သက်သွားအောင် ထိန်းသိမ်းလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေးကို ဆုံးမပဲ့ပြင်ရာမှာ မိဘများအတွက် ထိရောက်တဲ့ ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်တဲ့ အကြံပြုချက်များကို ဖော်ပြပေးလိုက်ပါတယ်။

#ကလေးကို အလွန်အမင်း အကာအကွယ်မပေးပါနဲ့။ ပြဿနာအပြုအမူတစ်ခုရှိလာပြီဆိုရင် အမြန်ဆုံးဖြေရှင်းဖို့ ကြိုးစားပါ။ ကလေးရဲ့ ကောင်းမွန်တဲ့ အပြုအမူတွေကို အသိအမှတ်ပြု ချီးမွမ်းဖို့လည်း မမေ့ပါနဲ့။

#ကလေးဟာ မိဘတွေဆီက ချစ်ခင်မှု၊ ကြင်နာမှုတွေလည်း ရသင့်ပါတယ်။ ကလေးငယ်ဝမ်းနည်းတဲ့အခါ အထီးကျန်ခံစားနေတဲ့အခါ မိဘက ချစ်ခင်မြတ်နိုးစွာနဲ့ ပွေ့ဖက်ထိတွေ့ပေးဖို့ လိုပါတယ်။

#ကလေးတိုင်းမှာ ထူးခြားတဲ့ ကိုယ်ပိုင် အမူအကျင့်တွေ ရှိကြပါတယ်။ တချို့ ကလေးတွေက ရှက်တတ်တယ်။ တချို့ကလေးတွေက မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိကြပါတယ်။ ဒါပေမဲ့ ကလေးရဲ့ ပင်ကိုသဘာဝကိုတော့ ဇွတ်အတင်းပြောင်းခိုင်းလို့မရပါဘူး။ မိဘများအနေနဲ့ ကလေးကို သူ့ပင်ကို အရှိအတိုင်းပဲ လက်ခံ အသိအမှတ်ပြုရပါမယ်။

#တချို့မိဘတွေဟာ ကလေးကို အချို့အပြုအမူတွေ ဇွတ်အတင်းသင်ပြပြီး ပြုလုပ်ခိုင်းတတ်ပါတယ်။ ကလေးက အသင့်မဖြစ်သေးမီမှာ ဇွတ်အတင်းလုပ်ခိုင်းဖို့ မသင့်ပါဘူး။

#ကလေးက သူ့တာဝန်တစ်ခုကို လုပ်ဆောင်ပြီးမြောက်တဲ့အခါ အားပေးဖို့၊ ဆုချဖို့လည်း မမေ့ပါနဲ့။ ဒီလို အားပေးအသိအမှတ်ပြုခြင်းဟာ နောက်မှာ အပြုအမူကောင်းတွေ ထပ်ပြီး ပြုလုပ်အောင် အားဖြည့်ပေးစေလိုလိမ့်မယ်။

#ကလေးက ရိုင်းပြစွာ ပြုမူတဲ့အခါ ဒီလိုပြုမူရခြင်းရဲ့ နောက်ကွယ်ကအကြောင်းရင်းကို သိရှိအောင် ကြိုးစားပါ။ တချို့မိဘတွေဟာ ဘာကြောင့် ဒီလိုပြုမူတယ်ဆိုတာကို သိအောင် မရှာဖွေဘဲ အပြစ်ပေးဖို့သာ ကြိုးစားကြပါတယ်။ အပြစ်ပေးခြင်းဟာ ကလေးကို ပိုပြီး ရိုင်းပြသွားအောင်ပဲ လုပ်နိုင်ပါတယ်။ ဒီပြဿနာမျိုးကို ကိုင်တွယ်ရာမှာ မိဘကိုယ်တိုင်ကလည်း စိတ်အေးအေးထားပြီး သိမ်မွေ့ညင်သာတဲ့နည်းနဲ့ ကိုင်တွယ်သင့်ပါတယ်။

#နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန် သတ်မှတ်ပေးပြီး ဆုပေး၊ ဒဏ်ပေးခြင်းကိုလည်း ကြိုတင်ချမှတ်ထားပါ။ ကလေးက သူဘာလုပ်ရင် ဘာရမယ်ဆိုတာ သိနားလည်သွားခြင်းနဲ့အတူ သူ့တာဝန်သူ ယူတတ်လာပါလိမ့်မယ်။

#မတ်တတ်ပြေးအရွယ် ကလေးလေးကို အခြားသူတွေရှေ့မှာ ဆိုးတဲ့ကလေး အသုံးမကျတဲ့ကလေး ဆိုတာမျိုး ဆူပူပြောဆိုခြင်း မပြုပါနဲ့။ ဒီလိုဝေဖန်ပြစ်တင်ခြင်းဟာ ကလေးရဲ့ အပြုအမူကို ပိုပြီးဆိုးသွားစေနိုင်ပါတယ်။

#ကလေးက မကောင်းတဲ့ အပြုအမူတစ်ခုခုကို ပြုမူခဲ့ရင်တောင်မှ ‘အသုံးမကျတဲ့ ကလေး’ ၊ ‘အတော်ဆိုးတဲ့ ကလေး’ လို့ ဘယ်တော့မှ မပြောပါနဲ့။ သူ့ရဲ့ မကောင်းတဲ့ အပြုအမူကို ဘယ်လိုပြုပြင်ရမယ်ဆိုတာကိုပဲ သင်ကြားပေးပါ။

#တချို့ကိစ္စတွေမှာ ကလေးကို ဆုံးဖြတ်ချက်ချခွင့်ပေးပါ။ သူဟာလည်း တခြားမိသားစုဝင်အားလုံးလိုပဲ တန်းတူအရေးပါသူတစ်ဦး ဖြစ်တယ်ဆိုတာ သူ နည်းလည်ပါစေ။ စျေးဝယ်ထွက်တဲ့အခါ သူ့ကိုလည်း ဘာကြိုက်တယ်၊ ဘာမကြိုက်ဘူးဆိုတာ မေးဖို့ မမေ့ပါနဲ့။

#ကလေးနဲ့ ဆက်ဆံတဲ့အခါ မိဘနဲ့ သားသမီးလို ဆက်ဆံတာထက် တစ်ခါတစ်ရံ မိတ်ဆွေသူငယ်ချင်းလို ဆက်ဆံဖို့လည်း အရေးကြီးပါတယ်။ ကလေးနဲ့အတူ ကစား ပေးပါ။ နေ့စဉ် ကလေးနဲ့အတူ အချိန်ပေးနေပါ။ ကိုယ့်ရဲ့ တစ်နေ့တာ အတွေ့အကြုံတွေကို ပြောပြပါ။ သူ့ရဲ့အတွေ့အကြုံတွေကိုလည်း မေးပါ။ အဲဒီလို ရင်းရင်းနှီးနှီးဆက်ဆံခြင်းဖြင့် ကလေးနဲ့ မိဘရဲ့ သံယောဇဉ်ကြိုး ပိုမို ခိုင်မာစေပါလိမ့်မယ်။

#မိသားစုရဲ့ အစဉ်အလာတွေ၊ နေ့စဉ်လုပ်ငန်းတွေကို ကလေးနဲ့ အကျွမ်းဝင်လာအောင် ပြောပြအသိပေးပါ။
မိသားစုပုံစံကိုညှိယူနိုင်စေတဲ့ အလေ့အထကောင်းတစ်ခုဖြစ်ပါတယ်။

#ကလေးအတွက် စည်းကမ်းချမှတ်တဲ့အခါ ဘာတွေ ပိုကောင်းအောင် ပြင်ချင်သေးသလဲလို့ သူ့ကိုမေးပါ။ သူ သဘောမတူတဲ့ အချက်တွေကို ဇွတ်အတင်း မလုပ်ပါနဲ့။ သူကျေနပ်အောင် နည်းနည်းပါးပါး ပြုပြင် ပြောင်းလဲပေးလိုက်ပါ။

#မိမိအလိုမကျတဲ့ အချိန်၊ အခက်အခဲကြုံတဲ့ အချိန်တွေမှာ ဒေါသကို ဘယ်လို ထိန်းသိမ်းရမယ်။ စိတ်အေးအေးဘယ်လိုထားရမယ်ဆိုတာ ကလေးကို သင်ကြားပေးပါ။

#ကလေးက ရန်လိုတဲ့ အပြုအမူတွေ လုပ်လာခဲ့ရင် ခွင့်မပြုပါနဲ့။ ရန်လိုတဲ့ အပြုအမူဆိုတာ ဘယ်နည်းနဲ့မှ လက်ခံနိုင်ဖွယ်ရာ မဟုတ်ကြောင်း နည်းလည်သဘောပေါက်အောင် ရှင်းရှင်းလင်းလင်း အသိပေး ရှင်းပြထားပါ။

#ဒေါက်တာမြင့်လွင် (စိတ်ပညာ)

22/01/2024

မူကြိုပဲ ကွယ်
မအားလည်း ကျောင်းမပို့တော့ဘူး။

မိုးရွာလို့ မသွားနဲ့တော့။

နေပူလို့မတက်နဲ့တော့နော်။

ဧည့်သည်လာလို့ ကျောင်းပျက်လိုက်မယ်။
အဲလို အတွေးမျိုး အလွယ်လေး ဆုံးဖြတ်ချက်ချပြီး ကျောင်းမပို့တာမျိုးတော့ မလုပ်ကြပါနဲ့ ဖေဖေ၊မေမေတို့ရှင်🙏

မူကြိုဆိုပေမယ့်လည်း အိပ်၊စား၊ကစားပြီး ပြန်ရုံမဟုတ်ပဲ သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးမှု ၅ရပ်နဲ့အညီ ရေးဆွဲထားတဲ့ ၁ပတ်စာ၊၁လစာ၊၁နှစ်စာ
Lesson plan လေးတွေရှိတဲ့အတွက် ချိတ်ဆက်သင်ကြားရာမှာ ကျောင်းမှန်မှန်တက်တဲ့ကလေးနဲ့ ကျောင်းပျက်ရက်များတဲ့ကလေးနဲ့ သင်ယူတတ်မြောက်မှုခြင်း ကွာဟသွားတာတွေရှိပါတယ်☺

အဲဒီတော့မှ ဒီကျောင်းက စာမသင်ဘူး။
ဒီကျောင်းမှာတက်တာ ဘာစာမှမရဘူး။
ကလေးအတွက် ဘာတိုးတက်မှုမှ မရှိဘူး
ဆိုပြီး ကျောင်းကိုအပြစ်မပြောကြပါနဲ့😞

တစ်ခုမေတ္တာရပ်ခံချင်တာက ကျန်းမာရေးကိစ္စ၊ အရေးကြီးကိစ္စမှ လွဲပြီး ကလေးလေးတွေကို ကျောင်းမှန်မှန်လေးပို့ပေးစေချင်ပါတယ်ရှင့်🙏🙏🙏

Crd
pre-school

Photos from Tr Su Su Hlaing's post 18/01/2024

❣💕💞 မူကြို ပညာရေးက စာအုပ်ထဲမှာ စာရှိမှ စာရွတ်ပေါ်မှာ စာပါမှာ စာသင်တာမဟုတ်ရပါရှင့်
💞 စာရွတ်အကောင်းကို အစိတ်အပိုင်းတွေ ဖြစ်အောင် လက်နဲ့ဖြဲပစ်တာ ကတ်ကြေးနဲ့ ကိုက်ပစ်တာကလည်း သင်ကြားခြင်းပဲဖြစ်ပါတယ်ရှင့်
💛 ပစ္စည်းတွေကို ဝှက် ထားပြီး ကလေးတွေကို ရှာခိုင်းတာကလည်း စာသင်နေတာပါ
💚 သူတို့လေးတွေ မြင်ဖူး တွေ့ဖူး ကြားဖူးတာလေးတွေကို ဆရာ ဆရာမ နဲ့ အတူတူ ဆွေးနွေးကြ အဖြေရှာကြတာလည်း စာသင်နေတာပါပဲရှင့်
💙 ကဗျာတွေ သီချင်းတွေဆိုကြပြီး ကခုန်နေတာကလည်း သင်ကြားနည်း တစ်မျိုးပါ
💓 ရေတွေ သဲတွေနဲ့ ဆော့နေကြတာကလည်း ကလေးတွေ လေ့လာသင်ယူနေကြတာပါ
💖 အရိုးရှင်းဆုံး အရောင်ခြယ်ခြင်းကနေ ကလေးတွေ ဘာတွေသင်ယူနေကြ သလဲဆိုရင် အရောင်ကိုသင်ယူကြတယ်👑 eye-hand codination🎒 self control🎓 fine motor skill💼 concentration☂ တွေကို သင်ယူနေတာဖြစ်လို့ မူကြိုမှာ ဘာ games တွေပဲဆော့ဆော့ ဘယ်လို activities မျိုးတွေပဲ လုပ်လုပ် အဲဒါတွေကနေပဲ ကလေးတွေ လေ့လာသင်ယူနေကြတာပါရှင့် 💗💗💗

credit
pre school

25/12/2023

Christmas 🎄

🩵🩵🩵♥️♥️🥰🥰

25/12/2023

Christmas to you all

13/12/2023

မိမိကလေးကိုစာရေးသင်မယ့်မေမေများရှင့်

ကလေးကိုစာရေးမသင်ခင်
မိမိဘယ်အရွယ်တုန်းကစာစရေးလဲပြန်စဉ်းစားပါရှင့် ဘယ်လိုသင်ခဲ့ရလဲ
အတန်းထဲမှာလက်ရေးလက်သား လှပအောင်ရေးနိုင်ခဲ့ရဲ့လား ပဲပင်ပေါက်ကဲ့သို့
ယခုအရွယ်ထိမလှမပဖြစ်နေလား ရေးဆွဲနည်းတွေမမှန်ပဲ အခုဒီအရွယ်ထိ
ပြီးစလွယ်ရေးနေသူတစ်ယောက်လား အရင်ဆုံးပြန်သုံးသပ်ပေးပါရှင့်

မိမိကလေးစာရေးသင်တော့မယ်ဆို အရင်ဆုံးသတိပြုရမယ့်အချက်တွေမျှဝေပေးချင်ပါတယ်ရှင့်
မိမိကလေးအသက်အရွယ်ဘယ်အရွယ်ရှိနေပြီလဲ
စာရေးသင်ဖို့အသက်ပြည့်ပြီလာ ၅နှစ်မှစသင်တာကောင်းပါတယ်
ကလေးတွေအတွက်၅နှစ်ခွဲ၆နှစ်ကအဆင်အပြေဆုံးပါရှင့် (ဖြစ်သင့်တာပြောတာပါ)

စာရေးသင်ဖို့အသက်ပြည့်ပြီးသော်လည်း မူကြိုကိုဘယ်အရွယ်မှစထားခဲ့လဲ
၄နှစ်ကျော်မှလား ၅နှစ်ပြည့်ဖို့လပိုင်းလိုမှလား
ဒါဆိုရင် မိမိကလေးစာရေးသင်ဖို့အဆင်မပြေသေးပါဘူးရှင့်
မူကြိုမှာ ၃နှစ်ကနေ၅နှစ်ထိ အသက်အရွယ်အလိုက်ရှိသင့်ခဲ့တဲ့
ဖွံ့ဖြိုးမှုမိုင်တိုင်တွေ အပြည့်အ၀ရရှိခဲ့ဖို့အရေးကြီးပါတယ်ရှင့်

ကလေးဟာ မူကြိုပညာရေးကိုလည်း ဆုံးခန်းတိုင်အောင်ပြီးမြှောက်လာတယ်
မူကြိုမှပေးခဲ့သော ဘက်စုံဖွံ့ဖြိုးရေးအပြင် ကလေးဟာ Manipulative Practice ပါ
ကောင်းကောင်းအပြည့်အ၀ရပြီဆိုရင် ကလေးအတွက်စာရေးဖို့အရမ်းလွယ်ကူသွားပါပြီ

မူကြိုထားခဲ့သော်လည်း ကလေးဟာ လက်ချောင်းလေးတွေကိုင်တွယ်အသုံးပြုရာမှာ
မကျွမ်းကျင်လာဘူးမသန်မာလာဘူးဆိုရင် စာရေးရာမှာ စိတ်ဖိစီးမှုဖြစ်လာပြီး
၀န်နဲ့အားနဲ့မမျှသော သင်ကြားရေးဖြစ်လာပါမယ်

#မိမိကလေးကိုစာရေးစမသင်မှီ ၀န်နဲ့အားနဲ့မမျှသော သင်ကြားရေးမဖြစ်စေဖို့
အဆင့်လိုက်လုပ်ပေးပါရှင့်

#ပထမဆုံးအဆင့်
ပန်ချီဆွဲတဲ့စာအုပ်အဖြူအလွတ်ပြောင်ပေါ် ခဲတံဖြင့် လျှောက်ခြစ်ခိုင်းပါ
မျဉ်းဖြောင့် မျဉ်းကွေး တြိဂံ လေးထောင့် Dot to Dot lineတွေ အကုန်ဆွဲခိုင်းပါ
ကလေးပန်းချီ အရုပ်တွေဆွဲခိုင်း၍ ဆေးရောင်ခြယ်ခိုင်းပါ ခဲတံ သို့ စုတ်တံ ရေဆေး
မာကာပင် အကုန်အသုံးပြုပြီး ပန်းချီဆွဲစေပါ
မူကြိုမှာတော့ လက်ချောင်းကြွက်သား Activitiesတွေ ကျင့်ခိုင်းပြီးသားမို့
ကတ်ကြေးညှပ်တာ ဂျုံနယ်တာ အစရှိသည်များထည့်မပြောတော့ပါရှင့်

#ဒုတိယအဆင့်
လေးကြောင်းမျဉ်းဖြင့် မျဉ်းဖြောင့် မျဉ်းကွေး wave to wave line
Dot to dot lineများ ပြန်လေ့ကျင့်ခိုင်းပါ
ကလေးလက်ဖိအားနှင့်ခဲတံကိုင်နိုင်စေရန်ဖြစ်ပါတယ်
ကလေးဆွဲသည့် မျဉ်းအရာလိုက် လက်ဖိအားကိုကြည့်ပြီး ကလေးအခြေအနေကို
ခန့်မှန်းပေးပါ လက်ဖိအားအသင့်အတင့်ဖြစ်ပြီဆို အစက်ချစာရေးစလို့ရပါပြီ

#တတိယအဆင့်
လေးကြောင်းမျဉ်းဖြင့် အရင် ၀ လုံးကို အစက်ချ၍ စာမျက်နှာ တစ်မျက်နှာကို
တစ်ကြောင်းစီခြား၍ စသင်ပါ
၀လုံးကို ရေးဆွဲနည်းမှန်ပါစေ ၀လုံးဆွဲနည်းနှင့် Eng oဆွဲနည်းမတူပါ မှားတတ်ပါတယ်
အစက်ချကို စာအုပ်တစ်အုပ်ကုန်သည်ထိ အစက်ချမလွတ်မချင်း ၀လုံးအစက်ချသင်ပါ
ကလေး၏ ၀လုံးလက်ဖိအားကိုကြည့်၍ ခန့်မှန်းပါ
လက်ဖိအားနိုင်ပါက အစက်ချလွတ်၍ လေးကြောင်းမျဉ်းထဲ ၀လုံးရိုးရိုးရေးစေပါ
လူကြီးမှ ဘေးကစောင့်ကြည့်၍ ခဲဖျက်ကိုင်ကာ ၀လုံးဆွဲနည်းမမှန်သည်မျိုး
ကြီးသော်သေးသော်ဖြစ်နေပါက ဖျက်ပြီးပြန်ကလေးကိုရေးစေပါ
အချိန်ပေးရပါမည် မိမိနုတ်မှလဲ ကလေးကိုဖျက်သည်မှာဘာကြောင့်ဆိုတာ
နားလည်အောင်ပြောပြပေးပါ
၀လုံးကို ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်လက်ဖိအားငြိမ်သည်အထိ တစ်အုပ်ကုန်ရင်ကုန်ပါစေ
အချိန်စောင့်ပါစိတ်ရှည်ပါ ၀လုံးနိုင်ခြင်းနောက်မှာကလေးက
ဗျည်းတွေရေးဖို့အရမ်းလွယ်ကူသွားတဲ့အတွက်ပါရှင့်

#စတုထ္ထအဆင့်
အရေးကြီးဆုံး မိဘများရေးဆွဲနည်းမှန်အောင်သင်ရပါမယ် မသိပါကလေ့လာပြီးမှသင်ပါ
#မြန်မာစာဗျည်းစသင်မယ်ဆိုပါက
အဆင့်၁ ၀ ဂ င ပ
အဆင့်၂ ထ တ က ဘ
အဆင့်၃ သ လ ဟ ယ
အဆင့်၄ စ ဓ ခ ဆ
အဆင့်၅ မ ဖ ဗ ရ န ဇ ဒ အ ည

#အင်္ဂလိပ်စာဗျည်းစသင်မယ်ဆိုပါက
မျဉ်းဖြောင့်အတိုင်းရေးဆွဲရတာအရင်သင်ပါ
A E F H I K L M N T V W X Y Z
မျဉ်းကွေးအတိုင်းရေးဆွဲရတာကို ဒုတိယသင်ပါ
O C S Q
မျဉ်းဖြောင့်နှင့်မျဉ်းကွေး ပေါင်းရေးရတာကိုတတိယသင်ပါ
B D G J P R U

#သင်္ချာအက္ခရာစသင်မယ်ဆိုပါက
လေးကြောင်းမျဉ်းအောက်ဆုံးအနီထိအောင်သင်ရပါမယ် မျဉ်းပြာကနေစပါမယ်
၂ ၃ ၄ ၅ ၇ ၉
မျဉ်းပြာအလယ်မှာရေးသင်ရတာကဒုတိယသင်ပါ
၀ ၁ ၈
အပေါ်ဆုံးမျဉ်းနီကနေ မျဉ်းပြာအောက်ထိရေးသင်ပါ

သင်္ချာသင်မည်ဆိုပါက ၁ မှ ၁၀ထိ ကလေးသိထားပါစေ

အထူးသတိပြုရန်မှာ ရေးဆွဲနည်းမှန်မှန်သင်ပေးပါ ကလေးကိုဘေးမှ အချိန်ပေး၍
ကလေးဆွဲနည်းမမှန်သည်များ စာလုံးလိုတာထက်ကြီးသေးနေသည်များကို
ချက်ချင်းဖျက်ပြန်ရေးစေခိုင်းပါ နားလည်အောင်ရှင်းပြပေးပါ
မြန်မာအင်္ဂလိပ်သင်္ချာ ၃ဘာသာတွဲသင်ပါ
တစ်ဘာသာပြီးပြတ်မှ နောက်တစ်ဘာသာမစစေပါနဲ့
ကလေး၃ခုလုံးသိနေရပါမည်
တစ်မျက်နှာကို တစ်ကြောင်းခြားပြီး ၃ဘာသာကို ရေးခိုင်းလို့ရပါတယ်
ကလေးအတွက်လဲ အဆင်ပြေပါတယ် ကလေးကျွမ်းကျင်သွားရင်
ကလေးကိုလေးကြောင်းမျဉ်းမှ၂ကြောင်းမျဉ်းထဲသို့
ပြန်ပြောင်းရေးစေတာပါကျင့်ပါရှင့်

မေတ္တာဖြင့်
တီချယ်ဖြူစင်လှိုင်
🙏🙏🙏

11/12/2023

Grade-4
မေးခွန်းရေးပေဖို့ပြောထားတဲ့မေမေများရှင့်
Cbမှာပို့ထားပါတယ်

07/12/2023

💚 ငယ်ဆရာ 💚
-------------------

မြစ်ပြင်ကျယ်ကြီး‌ကိုရောက်တော့
မြစ်ဖျားကျဉ်းကျဉ်းလေးကိုမေ့တတ်တာ
သဘာဝပေါ့။

ဝလုံးဝိုင်းဝိုင်းလေးပဲလေ ။

ဂုဏ်ထူးတွေ
အမှတ်စာရင်းတွေလောက်‌တော့
ဘယ်ထင်ရှားပါ့မလဲ ။

ကမ္ဘာကြီးကို ကယ်တင်မယ့်သူရဲကောင်းဟာ
အိမ်ပြန်ချင်လို့ ငိုနေခဲ့ဖူးတယ်ဆိုတာ...

စာသင်ခန်းအိုလေးထဲ
A . B . C. D လို့
ပျော်ပျော်ကြီး ဆိုနေခဲ့ဖူးတယ်ဆိုတာ

လက်ဖမိုးအောက်ကခဲတံတိုတို‌လေးကပဲ
အမှတ်ရတော့မယ် ။

ဖူးပွင့်လာတိုင်း
မျိုးစေ့ချခဲ့သူတွေလည်း ပျော်ရသလို
ရုတ်တရက်ဆုံတိုင်း
နှုတ်ဆက်လာဖို့လည်း မျှော်ရတာပဲမဟုတ်လား ။

ဘယ်နေရာရောက်ရောက်
ဂုဏ်ယူနေရုံကလွဲပြီး
ဘယ်တော့မှ မဏ္ဍပ်တိုင်တက်မပြတဲ့သူတွေကို
ငယ်ဆရာ လို့ခေါ်ပါတယ် ။

Crd

.SSH

Photos from Tr Su Su Hlaing's post 29/11/2023

မူကြိုအရွယ်ကလေးတွေကိုစာသင်လို့မရပါဘူး
စာသင်ရမဲ့အရွယ်ကျသင်ပေးပါတယ်
မူကြိုအရွယ်ကလေးစာမသင်လို့မိဘတွေကကျောင်းထုတ်သွားလည်းတီချယ်တွေကတော့ကလေးတွေကိုသနားမိပါတယ်ဈ
မိဘတွေလုပ်သမျှကိုကလေးတွေကလုပ်နေရပါတယ်မူကြိုအရွယ်မှကလေးတွေကိုလက်ချောင်းအားသန်အောင်အရင်လုပ်ပေးရပါတယ်၊ ဦးနှောက်ဉာဏ်ဖွံ့ဖြိုးအောင်အရင်လုပ်ရပါတယ်
၃နှစ်အရွယ် လက်ကလေးတွေကသေးသေးလေးတွေပါ၊ မိဘတွေကိုဆန္ဒမစောဖို့အကြံပြုအပ်ပါတယ်ရှင် ကလေးတွေက ကစားရင်းနဲ့သင်ယူနေရတဲ့အရွယ်ပါရှင် ။
Crd
.SSH

Photos from Tr Su Su Hlaing's post 28/11/2023

လေးတွေကို ဆိုပြဖို့မဂ်လာကဗျာများ

Crd phto

Photos from Tr Su Su Hlaing's post 26/11/2023

#မူကြိုအရွယ်ကလေးများအတွက်ကဗျာများ

crdphoto

24/11/2023

စာသင်တဲ့အလုပ်ဆိုတာ
တော်တော် စိတ်ပန်ပန်းတဲ့အလုပ်ပါ

ကိုယ်သင်ထားသမျှ ဘာမလုပ်မလုပ်တဲ့
ကျောင်းသားနဲ့တွေ့တဲ့အခါ
ဂရုဏာဒေါသတွေ ဖြစ်ရသလို

ကြိုးစားနေပေမယ့် အခြေခံဘာမှ ပါမလာလို့
စာမရတဲ့ ကျောင်းသားနဲ့တွေ့တဲ့အခါ
သနားဝမ်းနည်းစိတ်တွေက
အိပ်ရေးပျက်ညတွေ ဖြစ်စေတယ်

စိတ်ဒုက္ခတွေနဲ့
ဘဝဟာ တကယ်ပန်ပန်းတယ်

စာသင်တာ ဘယ်လောက်ကြာကြာ
ခုအချိန်ထိ စိတ်ခံစားချက် မထိမ်းချုပ်နိုင်သေး

အကုန်သူမရနိုင်မှန်းသိပေမယ့်
ရစေချင်တဲ့ စေတနာ ဖြစ်စေချင်တဲ့ဆန္ဒများတဲ့အခါ
စိတ်ခံစားချက် မထိန်းချုပ်နိုင်

တကယ်စိတ်ပန်ပန်းရတယ်
စေတနာအပြည့်နဲ့ စာသင်ဖူးရင်
ဒီခံစားချက် နားလည်မယ်ထင်တယ်
Credit

18/11/2023

၇နှစ်မပြည့်တဲ့ကလေးတွေကိုလိမ်ပြောတယ်လို့ မသတ္မွတ္သင့္ဘူးဆိုၿပီး
ကလေးဆရာဝန်တွေက အဆိုရှိပါတယ်

😊😊ကလေးက ဘာကြောင့်လိမ်ပြောရတာလဲ အပြစ်တင်ခံရဖူးလို့ပါ အိမ်ကလူကြီးတွေ က လိမ်ပြောတတ်လို့ ကလေးလိမ်ပြောရတယ်

😊😊ဆိုလိုတာက ထမင်းကုန်အောင်စားရင် အရုပ်ဝယ်ပေးမယ် ထမင်းကုန်အောင်စားတယ် ဒါပေမဲ့ ပြောပြထားသလို ဝယ်မပေးဘူး

😌😌လူကြီးမိဘက ရေချိုးမယ် ကလေးကပတ်ပြေးနေလို့ အပြင်ကိုလည်လည်ခေါ်သွားမယ် ရေချိုးရင် ဒါပေမဲ့ ချိုးပြီး အပြင်ခေါ်မထွက်ဘူး ဒါကြောင့် ကလေးလည်း
ဖြစ်လာတဲ့အခြေနေပေါ်မူတည်ပြီး အဆင်ပြေသလိုနေလိုက်တာမျိုး

😌😌အပြစ်တင်ခံရမှာကြောက်လို့ အမှန်တိုင်းမပြောတော့ဘူး

😄😄ပြသနာဖြစ်မယ်လို့ မတွေးတတ်တော့ ပုံမှန်နေတယ်လို့ပဲသတ်မှတ်ပြီး နေလိုက်တော့တာပါ

😍😍အသေးအဖွဲကအစ ဂတိတည်ပေးပါ မဖြစ်နိုင်တာကို ကလေးရှေ့ မပြောသင့်ပါဘူး ဖြစ်နိုင်တာကို ပဲ တိတိကျကျပြောပေးပါ

😊😊၂နှစ်အရွယ်ကစလို့ ရေဖိတ်ကျတယ် အမေကဆူတယ် အပြစ်တင်တယ် အဲဒါတွေကို ကလေးကကြိုသိနေတဲ့အခါ ရေဖိတ်ကျအောင် လုပ်တဲ့သူက သူမဟုတ်ဘူးလို့ ငြင်းမိပါလိမ့်မယ်

😊😊ဖြစ်နေတဲ့အခြေနေကို အမှန်အတိုင်း မပြောတာလောက်ပါပဲ လိမ်ပြောတယ်လို့ မသတ်မှတ်သင့်ပါဘူး

😍😍မေမေကပါးနပ်စွာ သမီးရေယူဖိတ်တာဟုတ်လား ဒါဆိုရင်တော့ သမီးလမ်းလျောက်ရင် ခြေချော်လဲနိုင်တယ် ဒါကြောင့် မေမေနဲ့သမီး ခြောက်အောင်ကူသုတ်ကြမယ်
ဆိုပြီး ပြောလို့ရသလို

😍😍သမီးရေယူဖိတ်တာကို မေမေသိနေတယ် ဒါကြောင့် ရေခြောက်သွားအောင် ဘယ်လိုလုပ်သင့်လဲ ဆိုပြီး ကလေးတွေးခေါ်တတ် ပြသနာကို မိဘက အတူဖြေရှင်းပြနိုင်တယ်ဆိုတဲ့ သက်သေကိုပြပါ

တစ်ခုခု ကွဲတာပဲဖစ်ဖြစ် နို့ဖိတ်တာ အစားဖိတ်တာကို အပြစ်မတင်ပါနဲ့

ဖြစ်လာတာကို မေမေနဲ့အတူဖြေရှင်းမယ် မေမေဝမ်းသာတယ် သားက အမှန်တိုင်းပြောပြတာကို လို့ အစချီပြီး ချီးကျူးပေးပါ

အမေက ကလေးအမှားလုပ်မိတဲ့အခါ သတိရှိပေးပြီး ဒေါသနဲ့ မဖြေရှင်းပဲ စိတ်အေးအေး ဖြေရှင်းပေးရင် ကလေးက အမှန်တိုင်း ပြောတတ်ဖို့ လမ်းပြနိုင်တဲ့မိဘကို စံပြယူမှာပါ

သားသမီးတွေက မိဘတွေရဲ့ Reaction ကိုပဲ ကြည့်ပြီး အတုယူနေတာမို့ စိတ်ရှည်ပေးနိုင်ရင် စိတ်ရှည်ပေးတဲ့ကောင်းကျိုးကို မိဘတွေ ခံစားရမှာဖြစ်သလို ဒေါသထွက်ပြရင်လည်း ဆိုးကျိုးကို ရင်ဆိုင်ရမယ်ဆိုတာ အရမ်းသေခြာပါတယ်

ဒါကြောင့် ၇ နှစ်အောက်ကလေးရှေ့မှာ စကားပြောရင် ရတာကို ရအောင်လုပ်ပေးပါ မရတာကျို ပြတ်သားပေးပါ ဂတိတည်ပေးဖို့ အကြံပြု တိုက်တွန်း လိုက်ပါရစေ

of 3

09/11/2023

အော် ကလေးတွေ ကလေးတွေ ငယ်တဲ့ အချိန်လေးပဲ နေ့ခင်းဘက် ဝဝလင်လင် အိပ်ရတာ မအိပ်ချင်ကြဘူး …ဆရာမတွေနဲ့ နေရာသာလဲလိုက်ချင်တော့တယ် 😀

ဆရာမတွေက အိပ်ခါနီး ပုံပြင်တွေပြော အမြုပ်တွေတစီစီထွက်လို့ ပြီးရင် အိပ်တယ်မထင်နဲ့ ပုံပြင်တစ်ပုဒ်ဆုံးတာနဲ့ မျက်လုံးကြီးတွေပြူးလာကြတာ။

တီချယ်သား မအိပ်ဘူး နော် ဆိုပြီး နှိူးမရတာလည်းသူတို့ပဲ တစ်နေ့တစ်မျိုး မရိုးရပါဘူး မူကြိုရဲ့ တစ်နေ့တာမှာ 😀

31/10/2023

သမီးကို တကယ်ချစ်ရင်
စက်ဘီးဝယ်ပေးနိင်တဲ့အချိန်မှာ နေပူထဲလမ်းမလျှောက်ခိုင်းပါနဲ့တော့...

ဆိုင်ကယ်ဝယ်ပေးနိင်တဲ့အချိန်မှာ စက်ဘီးကြီးနှင်းပြီးမသွားခိုင်းပါနဲ့တော့...

ကားဝယ်ပေးနိင်တဲ့အချိန်မှာ "ဆိုင်ကယ်စီးလည်းအဆင်ပြေနေတာပဲ ရောက်ရင်ပြီရော"လို့မတွေးလိုက်ပါနဲ့
ဝယ်ပေးလိုက်ပါ....!

တခါတလေ မိဘတွေဟာလေ သားသမီးကိုဆိုရင်အလိုလိုက်မိမှာကိုသိပ်ကြောက်တာဆိုတဲ့ အတွေး...

အလိုလိုက်ရင်ဆိုးသွားမယ်ဆိုတဲ့အတွေးကသံမှိုလိုဆွဲနေတာတွေ .....

သမီးမိန်ကလေးကို အလိုမလိုက်ရင်နေပါစေ , မဖိနှိပ်ပါနဲ့!သဘာဝအရ ယောက်ကျားတွေထက်ပိုပြီးအားငယ်တတ်တဲ့သမီးတွေကို မိဘတွေကငယ်စဉ်ကတည်းကစကားလုံးဖြင့်သော်လည်းကောင်း အပြုအမှုဖြင့်သော်လည်းကောင်း ဖိနှိပ်ခဲ့မယ်ဆိုရင်

ကျွန်တော်တို့တွေအတွက် ကြီးပြင်းလာတဲ့အခါ self confident လေးတောင်ပြန်ရဖို့မလွယ်တော့ပါဘူး~
အလိုလိုက်ဆိုတဲ့နေရာမှာ လက်ညိုးညွန်ရာရေဖြစ်/လိုချင်တာတွေအကုန်ပေးပြီး မာနထောင်လွား ရိုင်းဆိုင်းအောင် သင်ပေးဖို့မဟုတ်ပါဘူး

အာဏာရူးမိဘတချို့ရဲ့အတွေးခေါ်တွေမှားနေတာကိုပြောချင်တာပါ။ ဥပမာ~ ပိုက်ဆံ
အရွယ်ရောက်လာတဲ့မိန်းကလေးတစ်ဦးဟာပိုက်ဆံရဲ့တန်ဖိုးကိုသိပြီး ပိုက်ဆံကိုကောင်းကောင်းအသုံးချတတ်နေသူဖြစ်ရမယ်

ဒါကို ငယ်စဉ်ကတည်းကtrain ပေးပါ
ပိုက်ဆံတစ်ပြားမှလက်ထဲမှာမကိုင်ခိုင်းဘူး
အိမ်ကအကုန်ဝယ်ပေးတာမျိုးကို ဂုဏ်ယူမနေပါနဲ့!
ပိုက်ဆံကို မသုံးဖူးတော့ မသုံးတတ်ဖူးပေါ့
ပိုက်ဆံလက်ထဲရောက်လာတဲ့အခါ "လအ"ကြီးကိုဖြစ်လို့ပေါ့~နောက်တော့အကုန်ပြောင်ရောပေါ့
စနစ်တကျ သုံးမှမသုံးတတ်တာ!

စျေးကြီးတဲ့ coffee shop တွေ/ hotel ကြီးတွေရဲ့ buffet ကို သမီးကိုခေါ်သွားစားဖို့မတွန့်တိုပါနဲ့
အဲ့ဒီလိုဆိုင်မျိုးမှာစားလို့ခင်ဗျားသမီးပျက်ဆီးမှာမဟုတ်ပါဘူး ....

အဲ့ဒီလိုဆိုင်လေးမျိုးမှာမစားဘူးတော့, တစ်ခေါက်နှစ်ခေါက်လောက်ခေါ်သွားစားတဲ့ယောက်ကျားကို အထင်ကြီးပြီး ကောက်ကောက်ပါအောင်လိုက်သွား မှခင်ဗျားတို့ ရင်ကျိုးရမှာ ~

Branded တွေကို နှစ်တတ်တဲ့ စိတ်ကိုမချိုးနှိမ်ပါနဲ့ , နင်တစ်သက်လုံးမမှန်းနဲ့ အဲ့လိုအိတ်မျိုးလို့မပြောမိပါစေနဲ့ , LV တစ်လုံးအတွက်နဲ့ သူ့ဘဝကိုသူရောင်းစားသွားလိမ့်မယ်....

ချိုးနှိမ်မယ့်အစား သူ့ကိုယ်ရှင်းပြပါ >ပညာရှာပါသမီး ပညာရှိရင် အလုပ်ရှိမယ် နောက်ကျရင်ဒီအရာတွေဟာအလိုလိုဝင်လာလိမ့်မယ် ဆိုတာမျိုး , ကိုယ်မဝယ်ပေးနိင်ရင်တောင် သူကြိုးစားရင် သူဝယ်နိင်မယ်ဆိုတဲ့အတွေးမျိုးပေးပါ ( ကြိုးစားနေရင်း သူမ သိလာပါလိမ့်မယ် မိန်းမတစ်ယောက်ရဲ့ဘဝမှာဒီbranded တွေထက် မိမိကိုယ်ကိုတောက်ပစေမယ့်အဓိပ္ပာယ်ရှိတဲ့အရာတွေအများကြီးရှိသေးတယ်ဆိုတာ)

ပြီးတော့ ပန်ကန်ဆေးတတ်မှ, ထမင်းဟင်းချက်တတ်မှ, သန့်ရှင်းရေးလုပ်တတ်မှ ယောက်ကျားရမယ် ဆိုတဲ့ခေတ်ကုန်ပါပြီ

ကိုယ့်သမီးကို အနစ်နှစ်ဆယ်ကျော် ပြုစုပျိုးထောင်ပညာသင်ပေးထားတာ သူများအိမ်အတွက်အိမ်ဖော်မွေးပြီး training ဆင်းပေးထားတာမဟုတ်ဘူး!

မယားဝတ္တရား မိခင်ဝတ္တရား တွေနဲ့လာမပေါက်နဲ့!
ကိုယ့်ယောက်ကျားကိုကိုယ်ပြုစုတာ ချစ်လို့ , ကိုယ်အိမ်ကိုယ်သန့်ရှင်းရေးလုပ်တာ အသန့်ကြိုက်လို့, ကိုယ်ဟာကိုချက်တာ သူများချက်တာမစားတတ်လို့....ဒါပါပဲ!

သမီးလေးဂျီးများတယ်ဆိုပြီး ဆူဆဲမနေပါနဲ့ , အရမ်းဆိုးဝါးတာမျိုးမဟုတ်ရင် အလိုလိုက်လိုက်ပါ
အကောင်းမှကြိုက်တတ်တဲ့သူ့စိတ်ကိုချီးကြူးလိုက်ပါ

ကောင်းတာမှကြိုက်တတ်တဲ့သူမဟာ, နောက်ဆုံးကြရင်အကောင်းဆုံးဆိုတဲ့ဘဝမျိုးကိုပိုင်ဆိုင်သွားလိမ့်မယ်

သမီးကိုပျိုးထောင်တဲ့နေရာမှာ အမြင်ကျဉ်းတဲ့မိန်းကလေးမျိုးလုံးဝမဖြစ်ပါစေနဲ့ !

နဲနဲလေးဆိုဇွတ်အထင်ကြီးနေတဲ့မိန်းကလေးမျိုးမဖြစ်စေနဲ့!

သွားဖူး,လာဖူး,စားဖူး,မြင်ဖူး~
သပ်သပ်ရပ်ရပ် နေတတ်ထိုင်တတ်~
တွေးတတ် တဲ့ အမြင်ကျယ်တဲ့မိန်းကလေးမျိုးဖြစ်ပါစေ.......

ဒီလိုပျိုးထောင်တဲ့နေရာမှာ တတ်နိင်တဲ့ငွေပမာဏလေးကို ထုတ်သုံးဖို့ဝန်မလေးပါနဲ့ !
ဒါဟာ investment(ရင်းနှီးမြုပ်နှံမှု)တစ်ခုလို့သဘောထားပါ

ကိုယ့်သမီးကို ကိုယ်ကဖြစ်သလိုထားရင် , ဖြစ်သလိုမိန်းကလေးပဲဖြစ်သွားမယ် , ပြီးတော့ဖြစ်လိုကောင်မျိုးနဲ့ပဲကြိုက်ပြီး သေတဲ့ထိတိုင် သူ့မကိုယ်တိုင်တောင်ဘုမသိဘမသိ ဖြစ်သလိုဖြစ်နေမှန်းလည်းမသိ သနားစရာဖြတ်တန်းသွားရလိမ့်မယ်

ဥစ္စာအမွေမပေးနိင်ရင်တောင် ပညာအတွေးအခေါ်အမွေတော့ပေးခဲ့ပါ ~

ရုပ်ဝတ္ထုတွေဖြည့်စည်းမပေးနိင်ရင်တောင် စိတ်ဓာတ်ခွန်အားကိုတော့ဖြည့်စည်းပေးပါ~

ိုင်ဇင်ရ(ဆေးမန်း)🙏

21/10/2023

ကလေးများ စိတ်ဖိစီးမှုနဲ့တွေ့ကြုံလာရင် သက်သာလာအောင် ဘယ်လိုကူညီပေးနိုင်မလဲ
_______________________________

ကျောင်းသူကျောင်းသား လူငယ်အများစုဟာ နေ့စဉ်ဘဝကို ဖြတ်သန်းရာမှာ တစ်ခါတစ်ရံ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဒဏ်ရာရရှိခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ကလေးများဟာ သူတို့ချစ်ခင်ရသူတစ်ယောက်ယောက် ဆုံးပါးသွားခြင်း၊ ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်းတို့နှင့် ရင်ဆိုင်ရပါက အချိန်ကြာမြင့်စွာ စိတ်ဒဏ်ရာရရှိနိုင်ပါတယ်။

ကလေးများအနေနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေခံစားရလာပါက ရှက်ရွံ့တုံ့ဆိုင်းမနေဘဲ ဖေဖေ၊ မေမေတို့ကို ချက်ချင်းပြောပြသင့်ပါတယ်။ ပြောပြတဲ့အခါမှာ ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲ၊ ဘယ်အကြောင်းအရာကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်လာရသလဲဆိုတာတွေကိုပါ ထည့်သွင်းပြောပြလို့ရပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးများ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ စိတ်ဒဏ်ရာတွေ ခံစားရပါက အိမ်အိမ်ပြောပြတဲ့အချက်လေးတွေကို သုံးပြီး ကလေးတွေကို စိတ်ပြေအောင် ကူညီလျှော့ချကြပေးပါနော်။

စိတ်ခံစားချက်များနှင့် ပတ်သက်ရင် အနုပညာက အလွန်သင့်တော်ကောင်းမွန်တဲ့ ကုထုံးတစ်ခုဖြစ်ပြီး ကလေးတွေအားလုံး ပါဝင်လုပ်ဆောင်နိုင်တဲ့ ပျော်ရွှင်ဖွယ် အကောင်းဆုံးလှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။ မိဘများအနေနဲ့ ကလေးများကို ယုံကြည်မှု၊ ကျေနပ်မှုစတဲ့ စိတ်ခံစားမှုများဖြစ်ပေါ်လာအောင် အခွင့်အရေးများ နေ့စဉ်ဖန်တီးပေးပြီး အားပေးကူညီလုပ်ဆောင်ရပါမယ်။ တစ်ပတ်မှာ အနည်းဆုံး (၃)ကြိမ်၊ (၄)ကြိမ်ခန့် အချိန်ပေးပြီး ကလေးများ၊ အခြားမိသားစုဝင်များနဲ့အတူ စကားပြောခြင်း၊ အတူအလုပ်လုပ်ခြင်း၊ အတူကစားခြင်း စတဲ့ လှုပ်ရှားမှုများ လုပ်ဆောင်ပေးသင့်ပါတယ်။ ကလေးကို ဝေဖန်အပြစ်တင်မယ့်အစား အားပေးကူညီဖို့ လုပ်ဆောင်ရပါမယ်။

အခြေခံအဆင့် (အသက် ၃နှစ်မှ ၈နှစ်ထိ) အတွက် အနုပညာကုထုံးများ

ကလေးများ မူရင်းကပင် လုပ်နေကျဖြစ်သော ကစားခြင်း၊ သီချင်းဆိုခြင်း၊ သီချင်းနားထောင်ခြင်း၊ ပုံဆွဲခြင်း၊ ပုံပြင်ပြောခြင်းစသည့် လုပ်ဆောင်မှုများကို မိဘများအနေဖြင့် သင့်တော်သော ထောက်ပံ့ပစ္စည်းများကို အသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးလာအောင်နှင့် တီထွင်ဆန်းသစ်မှုတို့တွင် ကလေးများပါဝင်လာအောင် အားပေးလုပ်ဆောင်သင့်ပါတယ်။ မိဘများကလည်း ထိုအနုပညာလုပ်ငန်းလေးတွေကို အတူတူ အလျဉ်းသင့်သလို ပါဝင်လုပ်ဆောင်ပေးသင့်ပါတယ်။ ကလေးများဟာ သူတို့စိတ်ပါမှသာ ဆောင်ရွက်တတ်တာကိုလည်း သတိပြုရပါမယ်။ ဒီအရွယ်ကလေးတွေဟာ ဇာတ်ကြောင်းပြောပြခြင်း၊ ပုံပြင်နားထောင်ခြင်းတို့ကို နှစ်သက်တဲ့အတွက် အဲဒီအရာလေးတွေကိုလည်း ဖန်တီးပေးဖို့ မမေ့ပါနဲ့နော်။

အခြေခံအဆင့် (အသက် ၈နှစ်မှ ၁၁နှစ်ထိ) အတွက် အနုပညာကုထုံးများ

ဒီအရွယ် ကလေးငယ်တွေဟာ အကြောင်းအရာများကို ကွင်းဆက်မိအောင် ဆက်စပ်၍ စဉ်းစားခြင်း၊ စုစည်းခြင်းတို့ကို လုပ်ဆောင်နေတဲ့အတွက် သူတို့စိတ်ဝင်စားတဲ့အရာတွေကို စူးစမ်းပြီး မေးခွန်းတွေအများကြီး မေးလေ့ရှိပါတယ်။ မိဘများကလည်း ကလေးပြောတဲ့ အကြောင်းအရာတွေကို စိတ်ရှည်စွာနားထောင်ပေးဖို့ လိုပါတယ်။ ပုံဆွဲခြင်း၊ အရုပ်များဖြင့်ကစားခြင်း၊ ဂိမ်းကစားခြင်း၊ သီချင်းဆိုခြင်း၊ ကဗျာစပ်ခြင်း စတဲ့အနုပညာလှုပ်ရှားမှုတွေဟာ ကလေးတွေရဲ့စိတ်ကိုပျော်ရွှင်စေတာကြောင့် မိဘများက အတူပံ့ပိုးပေးဖို့ လိုပါတယ်။ ကလေးတွေဟာ စိတ်ပျော်မှသာ လုပ်ဆောင်ကြတဲ့အတွက် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ဝေဖန်အပြစ်တင်ခြင်းနဲ့ အမှားရှာခြင်းမျိုး လုံးဝမပြုလုပ်သင့်တာ သတိပြုပေးကြပါနော်။

အလယ်တန်းအဆင့် (အသက် ၁၁နှစ်မှ ၁၄နှစ်အထိ) အတွက် အနုပညာကုထုံးများ

ဒီအရွယ်ကလေးငယ်များဟာ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မိဘများရဲ့ လမ်းညွှန်မှုကို လိုအပ်ပါတယ်။ တစ်နေ့မှာ မိနစ် (၄၀) သို့မဟုတ် (၁)နာရီခန့် အချိန်ပေးပြီး သူတို့အတွက် အကျိုးရှိစေမယ့် လှုပ်ရှားမှုနဲ့ တီထွင်ဖန်တီးမှုတွေကို လုပ်ဆောင်ပေးရပါမယ်။ အထူးသဖြင့် မိသားစုအားလုံးပါဝင်နိုင်မယ့် ဆေးရောင်ခြယ်ခြင်း၊ ပုံဆွဲခြင်း၊ လက်မှုပညာဖန်တီးခြင်း၊ သီချင်းဆိုခြင်း၊ ကခြင်း၊ ဂီတတူရိယာတီးခတ်ခြင်းစတဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆောင်ရွက်နိုင်ပါတယ်။ စုပေါင်းပါဝင်တဲ့လှုပ်ရှားမှုတွေကို လုပ်ဆောင်ခြင်းဖြင့် ကလေးက မည်သည့်အရာကို စိတ်ဝင်စားလဲဆိုတာကို မိဘတွေက သိနိုင်ပါတယ်။ ထိုသို့အတူစုပေါင်းလုပ်ဆောင်ပေးခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦးသတ်မှတ်ထားတဲ့ သူ့စည်းကိုယ့်စည်းအလေးထားခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ ကွာဟချက်များကို ပြန်လည်ချိတ်ဆက်ပေးခြင်း၊ ကိုယ်ရေးကိုယ်တာနှင့် လူမှုဆက်ဆံရေးတိုးတက်ခြင်းစတဲ့ အကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။

အပျိုဖော်/ လူပျိုဖော်ဝင်စမှ လူကြီးဖြစ်သည့်အဆင့် (အသက် ၁၄နှစ်မှ ၁၈နှစ်ထိ) အတွက် အနုပညာကုထုံးများ

ကလေးဘဝမှ လူကြီးပေါက်စအရွယ်သို့ ကူးပြောင်းသည့်ကာလဖြစ်တဲ့အတွက် သူတို့ရဲ့ပင်ကိုလက္ခဏာများကို ဖော်ထုတ်တတ်တာကြောင့် အလွန်သတိထားကိုင်တွယ်ရမယ့်အချိန် ဖြစ်ပါတယ်။ ကျောင်းဟာ လူမှုဆက်ဆံရေးတိုးတက်ဖို့ အရေးပါတဲ့နေရာဖြစ်ပါတယ်။ သို့သော်လည်း အထူးသဖြင့် ဒီလိုကပ်ရောဂါကာလမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးများ မရရှိသည့်အတွက် ကလေးများ စိတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မိဘတွေဟာ ကလေးကို စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိအောင် ထောက်ပံ့ပေးဖို့လည်း အလွန်ခက်ခဲပါတယ်။ ဒီအခက်အခဲတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ အနုပညာကုထုံးဟာ ကလေးများရဲ့ ဖွံ့ဖြိုးမှုနယ်ပယ်အားလုံးကို တိုးတက်စေပြီး အကျိုးဖြစ်ထွန်းစေပါတယ်။

တစ်နေ့ကို မိနစ် (၄၀) သို့မဟုတ် (၁)နာရီ အချိန်ပေးပြီး အနုပညာလုပ်ဆောင်မှုတွေဖြစ်တဲ့ သီချင်းနားထောင်ခြင်း၊ သီဆိုခြင်း၊ ကခုန်ခြင်း၊ ဂီတတူရိယာပစ္စည်းများ တီးခတ်ခြင်း၊ သီကုံးရေးသားခြင်း၊ ဗဟုသုတတိုးပွားပြီး စိတ်ကြည်လင်စေမယ့် ရုပ်သံအစီအစဉ်ကြည့်ခြင်းတို့ကို လုပ်ဆောင်သင့်ပါတယ်။ မိဘများအနေနဲ့လည်း အနုပညာလေ့လာနိုင်ဖို့ အွန်လိုင်းအတန်းများက တက်ရောက်ခွင့်ပြုခြင်း၊ ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ အနုပညာလေ့လာမှုများသိမ်းဆည်းရန် ဖိုင်မှတ်တမ်းများ စုစည်းထားပေးခြင်း တို့ကိုလည်း ကူညီပံ့ပိုးပေးသင့်ပါတယ်။

သူငယ်ချင်းလေးတို့ရေ .. စိတ်ဖိစီးမှုတွေ၊ စိတ်ကျဆင်းတာတွေ ကြုံလာရတဲ့အခါ ဖေဖေ၊ မေမေတို့မှာ ကူညီဖြေရှင်းပေးဖို့နည်းလမ်းတွေ အသင့်ရှိနေတာကြောင့် သေသေချာချာ ချက်ချင်းပြောပြရမယ်နော်



🙏

Videos (show all)

#"ဈ"ဈဆွဲ ကဗျာ#my cute baby🩵🩵
#Merry Christmas 🎄#mycutebaby🩵🩵🩵♥️♥️🥰🥰
#Merry Christmas to you all
မိမိကလေးကိုစာရေးသင်မယ့်မေမေများရှင့် ကလေးကိုစာရေးမသင်ခင် မိမိဘယ်အရွယ်တုန်းကစာစရေးလဲပြန်စဉ်းစားပါရှင့် ဘယ်လိုသင်ခဲ့ရလဲ အတ...
#မူကြိုဆိုတာ ကလေးတစ်ယောက်ရဲ့ဒုတိယမိသားစု ရှိတဲ့ သင်ယူမှု ပတ်ဝန်းကျင်ပါ
💚 ငယ်ဆရာ 💚 -------------------မြစ်ပြင်ကျယ်ကြီး‌ကိုရောက်တော့မြစ်ဖျားကျဉ်းကျဉ်းလေးကိုမေ့တတ်တာသဘာဝပေါ့။ဝလုံးဝိုင်းဝိုင်းလေး...

Telephone

Website