Power Transmission Line Mansan

Power Transmission Line Mansan

Official Page

13/12/2020

မေ့လျော့ခံသူရဲကောင်းများသို့

ရှမ်းမြောက်တစ်ခွင် အလင်းဆင်ဖို့
ခြေဥမပေါ်ခင် လိုင်းမန်စံဟု
ခေါ်တွင်စေကာ နေပူမိုးရွာ
တိုက်ပွဲမရှောင် ငါတို့သည်လည်း
အလင်းပေးဖို့ ဆောင်ရွက်ကြ၏

မြေပြန့်ဒေသ တောင်တန်းမကျန်
အလင်းဆောင်ရန် မွေးရပ်စွန့်ကာ
တာဝန်ထမ်းဖို့ မန်စံမြေမှာ
ငါတို့ရှိသည်
အဘယ်တိုက်ပွဲမှုမည်နည်း။

မင်မင်(၁၃.၁၂.၂၀၂၀)
၁၄း၂၀

မဟာဓာတ်အားလိုင်းမှူးရုံး (မန်စံ)
၂၃၀ ကေဗွီမန်စံပင်မဓာတ်အားခွဲရုံ ဝန်ထမ်းများသို့
ဂုဏ်ပြုပါသည်။

11/12/2020

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရဲ့ စွမ်းဆောင်ခဲ့တဲ့ လုပ်ငန်းများပါ
ရှမ်းမြောက်အမျိုးတို့ရေ ကြွားစရာကတော့
မန်စံ ပင်မဓာတ်အားခွဲရုံ နှင့် မန်စံ (ရှမ်းမြောက်) မဟာဓာတ်အားလိုင်းမှူးရုံး
၂ ရုံးစလုံး စွမ်းဆောင်ရည်ဆုတွေရရှိကြပါတယ်👏👏

Photos from Power Transmission Line Mansan's post 19/09/2020

မဟာဓာတ်အားလိုင်းမှူးရုံး (မန်စံ) မှ တာဝန်ယူထိန်းသိမ်းသော ၂၃၀ ကေဗွီ ရွှေလီ မန်စံ အမှတ် ၁
လိုင်း တိုင်အမှတ် ၂၄၅ ကြွေသီးကွဲ
လဲလှယ်ခြင်းလုပ်ငန်းအား မဟာဓာတ်အားလိုင်းမှူး ဦး‌‌ဆောင်၍ ရှမ်း/မြောက်ဓာတ်အားပြတ်ဧရိယာ
မရှိစေရန် တစ်ဖက် alive ဖြင့် ‌ အောင်မြင်စွာ
ဆောင်ရွက် ခဲ့ပါကြောင်း
ပါဝင်ဆောင်ရွက်ပေးကြသော ဝန်ထမ်း
များအား ကျေးဇူးတင်ရှိပါသည် ။
(၁၉.၉.၂၀၂၀ )ရက်နေ့

24/06/2020

🔌အသိပေးကြေညာချက်🔌
မဟာဓတ်အားလိုင်းမှူးရုံး(မန်စံ)မှ တာဝန်ယူထိန်းသိမ်းသော 230kV မန်စံ-ရွှေစာရံဓာတ်အားလိုင်းအား (၂၈.၆.၂၀၂၀) ရက်နေ့ (09:00)နာရီ မှ (13:00) နာရီအထိ အရေးပေါ်ဓာတ်အားပိတ်၍
ကြွေသီးကွဲလဲလှယ်ခြင်း၊ Jumper nut re-tightening ပြုလုပ်ခြင်း၊ u bolts and nuts များ အစားထိုးလဲလှယ်ခြင်း
ဆောင်ရွက်မည်ဖြစ်ပါသောကြောင့်
ရှမ်း/မြောက် မြို့နယ်အချို့ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း အသိ‌ပေးကြေညာအပ်ပါ
သည်။
#ညွှန်ကြားချက်
ထမင်း ဟင်းစောစောချက်
ဖုန်းတွေအားသွင်းထား ဒါဗျဲ😂😂

Photos from Power Transmission Line Mansan's post 03/06/2020

Welcome all fresher
Credit photo

Photos from Power Transmission Line Mansan's post 17/05/2020

မဟာဓာတ်အားလိုင်းမှူးရုံး (မန်စံ) မှ တာဝန်ယူထိန်းသိမ်းသော
230 kV ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါအမှတ် 239 Line 2 A phase , တာဝါတိုင်အမှတ် 250 Line 1 C phase မိုးကြိုးထိမှန်၍ ကွဲပြတ်သွားသော ကြွေသီးတွဲများအစားထိုးလဲလှယ်ခြင်း
အရေးပေါ် shutdown အား ပြည်သူများ ဓာတ်အားသုံးစွဲမှု မလျော့ကျစေရန်တစ်ဘက် Alive ဖြင့် တစ်လိုင်းခြင်းစီဓာတ်အား
ပိတ်၍ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
ရာသီဉတုကြောင့် မညီးမညူ ဆောင်ရွက်ပေးကြသောဝန်ထမ်းညီအစ်ကိုများအားလေးစားလျက်

14/05/2020

(18:20) 66 kV မန်စံ-သီပေါ
NCC ဝန်အားလျော့
မကြာမှီပြန်ရပါမယ်🙏🙏

13/05/2020

ရှမ်းမြောက် နမ့်ဆန် ရာသီဉတုဆိုးဝါးသောကြောင့်
66kV မန်စံ-သီပေါ -နမ့်ဆန် ဓာတ်အားလိုင်း (11:15) တွင်ယာယီဓာတ်အားပြတ်

13/05/2020

Convid-19 ကာလမှာ ပြည်သူများ ဝင်ငွေနည်းပါးခြင်းနှင့်
စားဝတ်နေရေး အကျပ်အတည်းများ ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ မီတာခ (၁၅၀) ယူနစ်ကင်းလွတ်ခွင့်အားမီတာသုံးစွဲသည့်ပြည်သူများအပေါ်ပေးအပ်ခဲ့ပါသည်။
ရည်ရွယ်ချက်။ သာမာန်လူတန်းစား၊ ဝင်ငွေနည်းပါးသော လက်လုပ်
လက်စား အများစု၏ နေအိမ် အသုံး ယူနစ် (၁၅၀) (Lighting, TV, Refrigerator) ထက်မများသောကြောင့် ထိုမိသားစုများသက်သာနိုင်စေရန်ကင်းလွတ်ခွင့်ပေးရခြင်းဖြစ်

ကျေးဇူးတင်လွှာ။ ကင်းလွတ်ခွင့်ပေးသည့် ၁၁၅၅၀ အား Convid-19 ကာကွယ်ရေးအတွက်လှူဒါန်းသူများအားဌာနမှ
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ဖြေရှင်းချက်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၏ (၂၀၂၀ ခုနှစ် ဧပြီ
၇ ရက် ထုတ်ပြန်ချက် အပိုဒ်ခွဲ ၅ ပါ
"(၁၅၁ ယူနစ်နှင့် အထက်သုံးစွဲသူများအား အလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်"
ဆိုရာတွင်
၁ မှ ၃၀ ယူနစ် ( ၃၅ ကျပ်)
၃၁ မှ ၅၀ ယူနစ် (၅၀ ကျပ်)
၅၁ မှ ၇၅ ယူနစ် (၇၀ ကျပ်)
၇၆ မှ ၁၀၀ ယူနစ် (၉၀ ကျပ်)
၁၀၁ မှ ၁၅၀ ယူနစ် (၁၁၀ ကျပ်)
၁၅၁ မှ ၂၀၀ ယူနစ် (၁၂၀ ကျပ်)
၂၀၁ နှင့် အထက် (၁၂၅ ကျပ်) ဟုသတ်မှတ်ထားပါသည်။
အလွှာလိုက် ပေးဆောင်ရမည်ဟုသတ်မှတ်ထားသောကြောင့်
ကျသင့်ငွေစုစုပေါင်းမှ (၁၅၀)ယူနစ်ကင်းလွတ်ခွင့်နှုန်း (၁၁၅၅၀ ကျပ်)နုတ်ပြီးပေးဆောင်ခိုင်းခြင်းမဟုတ်ဘဲ
၂၀၂ ယူနစ် သုံးစွဲသူများအဖို့
၁၅၁ မှ ၂၀၀ ယူနစ်အထိ ၁၂၀ကျပ် X ၅၀ ယူနစ်=၆၀၀၀ကျပ်
၂၀၁ နှင့် အထက် ၁၂၅ ကျပ် X ၂ ယူနစ်= ၂၅၀ ကျပ်
စုစုပေါင်း သုံးစွဲယူနစ် အတွက် ၆၂၅၀ ကျပ် (မီတာထိန်းသိမ်းခမပါ‌ေသးဘူး‌ေနာ်)ပေးဆောင်ရခြင်းဖြစ်ပါသည်။

ပြည်သူအခေါ် EPC မှ မီတာခများလိမ်နေသည်ဟု အတွေ့
များသောကြောင့် အမှန်သိစေရန်ပါ။

အထက်ပါစာသားများသည်
#မင်မင်၏အာဘော်မျှသာဖြစ်ပါသည်။
Plz like and share our page

12/05/2020

13.5.2020
partial breakdown
ရှမ်းမြောက်မြို့များ
ယာယီဓာတ်အားပြတ်‌တောက်နေ

02/05/2020

Bro Than Htun Naing လက်ရာ Dawn and transmission line Shan north

Photos from Power Transmission Line Mansan's post 01/05/2020

ခွင့်ဖြင့်နေရက်ပြန် ဝန်ထမ်း ၅ ဦးအား ဌာနညွှန်ကြားချက်နှင့် အညီ
Quarantine ၂၁ ရက်ဝင်ရန် အပူချိန်စစ်ဆေးပြီး
ဝန်ထမ်းအိမ်ရာအတွင်း သီးသန့် Quarantine Center ထားရှိပြီး
မနက် တစ်ကြိမ် ညနေတစ်ကြိမ် ကိုယ်အပူချိန်နှင့် ကျန်းမာရေး စစ်ဆေးခြင်း၊ ခွင့်ဖြင့်ပြန်စဉ် ခရီးသွား မှတ်တမ်းရေးသွင်းခြင်း ဖြင့်
Convid 19 ကူးစက်မှုထိန်းချုပ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း /မဟာဓာတ်အားလိုင်းမှူးရုံး မန်စံ

17/04/2020

မိုင်ဆွန်ခ
ရှမ်းပြည်မြောက်ပိုင်းမှ အမျိုးများ၊ ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့
နှစ်သစ်မှစ၍ ရောဂါဆိုးကြီးမှကင်းလွတ်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ
လို့ လိုရာဆန္ဒများ ပြည့်စုံကြပါစေလို့
မဟာဓာတ်အားလိုင်းမှူးရုံးမန်စံ မှ ဆုတောင်းပေးလိုက်ပါတယ်

Photos from Power Transmission Line Mansan's post 08/04/2020

မိုင်ဆုန်ခ

၂၀၂၀ပြည့်နှစ် ဧပြီလအတွက် သုံးစွဲ ယူနစ် ၁၅၀ ထိ

ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့်နှင့် ပတ်သက်၍

ဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေး တင်ပြချက် .

03/04/2020

မိုင်ဆုန်ခ
ဒီနေ့ သီပေါ မီးပျက်တာ ဒုတိယသုံးလပတ် ထိန်းသိမ်းပြုပြင်ရေးဆောင်ရွက်ရလို့ပါ။ ရှမ်း/မြောက် အခြားမြို့များကတော့ system breakdown ကြောင့်မီးပျက်တာပါ။
ရှမ်း/မြောက်လိုင်းရုံးရဲ့ ရွှေလီ မန်စံ ရွှေစာရံ လိုင်းအပြစ်ကြောင့်မဟုတ်ပါဘူးနော်။
မြောင်းတကာ လှိုင်သာယာလိုင်းအပြစ်ပါ။
လျပ်စစ်မီးမပျက်စေချင်တာက လျှပ်စစ်ဝန်ထမ်းတွေပါကွယ်
ပြည်သူတွေ convid ကြောင့် stay at home ချိန် လျှပ်စစ်ဝန်ထမ်းတွေက 24 hr standby ပါ ကိုယ်ချင်းစာပေးပါဗျ
System breakdown အကြောင်း ယခု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး Dr Tun Naing ရှင်းလင်းချက်လေး ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်
(ထပ်မံ ဖြန့်ဝေပေးရန် တိုက်တွန်းပါတယ်)

လျှပ်စစ်ဓာတ်အားပြတ်တောက်နိုင်သည့်အကြောင်းအရင်းများကို လျှပ်စစ်ဓါတ်အားသုံးစွဲသူပြည်သူများ ဗဟုသုတအနေဖြင့် သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။ 👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

System Breakdown
⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡

System Breakdown ဆိုသည်မှာ တစ်နိုင်ငံလုံးကို လျှပ်စစ်ပေးနေသော ဓာတ်အားစနစ် တစ်ခုလုံး၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဓာတ်အားပေးစက်ရုံ အတော်များများက အလိုအလျောက် ထိန်းချုပ်စနစ်များကြောင့် ရပ်တန့်ကုန်သည်။

အချို့သော ဓာတ်အားပေးစက်များက ဓာတ်အားထုတ်ခြင်းမရှိပဲ စက်လည်လျှက် ( Full Speed, No-Load condition ) ဖြစ်ကုန်သည်။

အချို့သော ဓာတ်အားလိုင်းများက အလိုအလျောက် ပိတ်သွားကြသည်။

တနည်းအားဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်မီး အမှောင်ကျသွားခြင်း ဖြစ်သည်။

ထိုကိစ္စကို မြန်မာပြည်သူများ ယခင်က မကြာခဏ တွေ့ကြုံခံစား ကြရသည်။

ထို့ကြောင့် ပြည်သူတွေနှင့် မီဒီယာအကြားတွင် “စစ်စတန် ဘရိတ်ဒေါင်း” ဟူသော အင်ဂျင်နီယာ အသုံးအနှုန်းတစ်ခုမှာ တရင်းတနှီး ဖြစ်သွားခဲ့ဖူးသည်။

သို့သော် ပြည်သူတွေက ထိုသို့ တွေ့ကြုံရမှုကို မနှစ်သက်ပါ။

ထို့အတူ လျှပ်စစ်ဝန်ထမ်းများက ပို၍ မနှစ်သက်ပါ။

ဖြစ်လာခဲ့လျှင် အလွန် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ကြရပါတယ်။

တစ်နိုင်ငံလုံးမှာ ရှိတဲ့၊ ဓာတ်အားပေးစက်တွေရဲ့ အခြေအနေတွေကို မေးရင်း၊ စက်တစ်လုံးပြီး တစ်လုံးကို ပြန်မောင်းနိုင်ဖို့၊ စက်တွေကို ပြန်တွဲနိုင်ဖို့၊ ဓာတ်အားလိုင်းတွေကို တစ်လိုင်းပြီး တစ်လိုင်း ဓာတ်အားပြန်လွှတ်နိုင်ဖို့၊ ထိုသို့ လုပ်ကြရင်းနဲ့ အမှားအယွင်း ကင်းကင်းနဲ့ မြန်မြန်ထက်ထက် ဆောင်ရွက်နိုင်ဖို့၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဖြင့် တွေ့ကြုံနေရတဲ့ မတူညီသော အခြေအနေ အမျိုးမျိုးကြားမှာ ပြည်သူတွေ လျှပ်စစ်မြန်မြန်ပြန်ရဖို့အတွက် ဇောချွေးပြန်ကာ ဆောင်ရွက်ကြရပါတယ်။
ဒီကြားထဲမှာ ဝိုင်းပြီးပို့တဲ့ မေတ္တာတွေကို အဟောသိကံ ခံယူကြရင်းနဲ့ပေါ့။

System Breakdown ဖြစ်စေနိုင်သော အကြောင်းရင်း များစွာ ရှိပါသည်။

အဖြစ်အများဆုံး ကိစ္စရပ်မှာ ဓာတ်အားထုတ်လုပ်နိုင်မှုထက် ဓာတ်အား သုံးစွဲမှုက အလွန်ပိုမိုများပြားလာသည့်အချိန်တွင်
Under-Frequency Protection ဖြင့် စက်များ Trip ဖြစ်၍ ရပ်တန့်ကုန်တတ်သည်။

တစ်ခါတစ်ရံ၌ လျှပ်စစ်များစွာ စီးဆင်းနေသော ဓာတ်အားလိုင်းကြီးတစ်ခု၌ လိုင်းအပြစ် တစ်မျိုးမျိုး ဖြစ်ပေါ်ခြင်းကြောင့် အလိုအလျောက်ထိန်းချုပ်စနစ်က အပြစ် (Fault) ရှိနေသော ထိုဓာတ်အားလိုင်းကို ဓာတ်အားစနစ်မှ ဖယ်ရှားသည့်အခါ ကျန်ဓာတ်အားလိုင်းများကပါ အပိုဝန်ကို ထပ်ထမ်းရန် မနိုင်ရာမှ System Breakdown ဖြစ်ရတတ်သည်။

သဘာဝဘေးအန္တရာယ်များကြောင့် ဓာတ်အားစနစ်အတွင်းရှိ အရေးကြီးသော လျှပ်စစ်စက်ပစ္စည်းများ ထိခိုက်ပျက်ဆီးရာမှလည်း System Breakdown ဖြစ်ရတတ်သည်။

ဓာတ်အားလိုင်းကြီးများ၏ အောက်တွင် လူက တောင်ယာမီးရှို့ကြရာမှဖြစ်စေ၊ သဘာဝတောမီး လောင်မှုကြောင့်ဖြစ်စေ၊ လိုင်းများ Trip ဖြစ်ကာ ကြုံရတတ်ပြန်သည်။

အမျိုးမျိုးသော အကြောင်းများကြောင့် မည်သို့ပင်ဖြစ်စေ၊ ကောင်းသော ဖြစ်ရပ် မဟုတ်ပေ။😒😒😒😒😒😒😒😒😒😒😒😒😒
System Breakdown ဖြစ်သည် ဆိုသည်မှာ ကောင်းသော အခြေအနေ မဟုတ်။ မဖြစ်လေ ကောင်းလေ ဖြစ်သည်။

ထို့ကြောင့် လျှပ်စစ်ဝန်ထမ်း အားလုံးက ဝိုင်း၍ ကြိုးစားကြရသည်။

Credit - ဆရာ Dr; tun naing

ဓာတ်အားပြတ်တောက်မှုများအား နည်းပါးစေရန်အတွက် လျှပ်စစ်ဌာနအနေဖြင့် ကြိုးစားဆောင်ရွက်နေပါကြောင်းနှင့် မီးသုံးသူပြည်သူများအနေဖြင့်လည်း ဓာတ်အားပြတ်တောက်မှုများ တွေ့ကြုံလာခဲ့ပါကလည်း နားလည်သည်းခံပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
Photo credit

Photos from Power Transmission Line Mansan's post 23/03/2020

မိုင်းရယ် တန့်ယန်းက အမျိုးတို့ မနေ့က (08:23) မှာ
ဓာတ်အားလိုင်းပေါ် သစ်ပင်လဲကြပြီး တိုင်ကျိုးလို့ မီးပျက်တာပါနော်
ညနေ မီးပြန်ရအောင် ရှမ်း/မြောက် လိုင်းထိန်းသိမ်းရေး fighter ကော်ရီးတို့အဖွဲ့လာပြီနော် ညနေ ရအောင်ကြိုးစားပေးမယ်နော်

Photos from Power Transmission Line Mansan's post 21/03/2020

Prevention is better than cure.
အမျိုးတို့ရေ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်ပါတယ်နော်
မဟာဓာတ်အားလိုင်းမှူးရုံး မန်စံ မှာတော့ ရှမ်း/မြောက်က အမျိုး
များ ဓာတ်အားမပြတ်စေရန် ကျန်းကျန်းမာမာတာဝန်ထမ်းဆောင်နိုင်ဖို့
Go Go Corona Go plan လေးတွေ လုပ်ဆောင်နေပါတယ်
မပေါ့ဆကြဖို့လဲ သတိပေးပါတယ်နော်။
နောက်ဆုံးပုံက အသက်
#မင်မင်ကော်ရီး

Photos from Power Transmission Line Mansan's post 18/03/2020

ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးတို့ရေ ဒီနေ့မီးပျက်တယ်ဟုတ်
တောမီးလောင်တာ‌ပါနော် ဓာတ်အားလိုင်းအောက်တောမီးလောင်ပါက
တာ၀န်ခံများထံအကြောင်းကြားပေးပါနော်
မရှိူ့ကြပါနဲ့လို့လဲမေတ္တာရပ်ခံအပ်ပါတယ်၊🙏🙏🙏

Photos from Power Transmission Line Mansan's post 16/03/2020

မိုင်ဆုန်ခ
ရှမ်းပြည်နယ် မြောက်ပိုင်းက အမျိုးတို့ရေ မဟာဓာတ်အားလိုင်းနဲ့ပတ်သက်တဲ့ရှောင်ရန် ဆောင်ရန်လေးတွေတင်ပြပေးလိုက်ပါတယ်နော်
မီးမပျက်ခြင်ရင် ဒါလေးတွေတော့လိုက်နာပေးကြပါနော်🙏🙏
သီပေါ၊ကျောက်မဲ၊လားရှိုး၊နမ္မတူ၊ရွှေလီ၊နမ့်ခမ်း၊မူဆယ်မှ အမျိုးများ
မဟာဓာတ်အားလိုင်းနှင့်ပတ်သက်၍ ထူးခြားမှု တစ်စုံတရာရှိပါက
မဟာဓာတ်အားလိုင်းမှူး-09979292874
AE မန်စံ -09661602737
AE သီပေါ- 09971388868
AE လားရှိုး- 09258156677
သို့ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်ဗျာ
မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေ
#မင်မင်ကော်ရီး
Photo-credit

Videos (show all)

Website