M.B.K အဝတ်အထည် လက်လီလက္ကား ဝန်ဆောင်မှု။
M.B.K မှ အဝတ်ထည် ၆ထည်တစ်စီး မှာယူတိုင်း
တစ်ထည် အပိုလက်ဆောင်ရရှိမည်။
လုပ်ငန်း System. ချဖို့ ဘာတွေ ပြင်ထားမလဲ..
လုပ်ငန်းကို System မချခင်မှာ ဒါလေးတွေ အရင် လုပ်ဆောင် ထားဖို့ လိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင် တိုင်းဟာ မိမိ လုပ်ငန်းကို အလွဲသုံးမှုတွေ ကင်းအောင်၊ စနစ်ကျအောင်၊ လူပေါ်မမှီခိုရအောင်၊ မိမိ ပါဝင်မှုအ နည်းဆုံး ဖြစ်အောင် စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်ငန်းကို System ချဖို့ လုပ်ဆောင်လိုကြပါတယ်။ တစ်ခုရှိတာက လုပ်ငန်း System ချတယ်ဆိုတာ ကွန်ပျူတာ ထဲ ဆော့ဝဲလ် ထည့်လိုက်သလို အခု ထည့် အခုinstall လုပ်ပြီး အခုတန်းသုံးလို့မရဘူးဆိုတာပါပဲ။ ဒီအတွက်လုပ်ငန်းကို System မချခင်မှာ ဒီအချက်လေးတွေ အရင်ဆောင်ရွက် ထားမယ်ဆိုရင် system ချရာမှာ ပိုမိုမြန်ဆန်ခရီးရောက်နိုင်မှာ ဖြစ်ကြောင်း ကျွန်တော့်ရဲ့ အတွေ့အကြုံတွေ အရ မျှဝေပေးလိုပါတယ်။
(၁) တကယ် System ချ ပြီး ပြောင်းလဲချင်ရဲ့လား။
တစ်ခါက ဝန်ထမ်းရာကျော် ရှိတဲ့ လုပ်ငန်းတစ်ခုက System ချမယ် ဖွဲ့စည်းပုံတွေ ပြောင်းမယ် သက်ဆိုင်ရာ ဌာန တွေ ထားရှိမယ်ဆိုပြီး ကျွန်တော့်ကို အကူအညီတောင်းပါတယ်။ ဒါပေမယ့် တကယ် လက်တွေ့မှာတော့ ပိုင်ရှင်ကိုယ်တိုင်က အရင်မိသားစု ပုံစံ အတိုင်းလုပ်ငန်းလုပ်ကိုင်နေရတာ၊ နေရာတကာ ဝင်လုပ်နေရတာ၊ ဝန်ထမ်းငယ်လေးတွေ နဲ့အောက်ခြေကအစ ကိုယ်တိုင်ထိတွေ့နေရတာ ကို သဘောကျ ပျော်ရွှင်နေ တာဖြစ်လေတော့ ဖွဲ့စည်းပုံပြောင်းလဲဖို့ကို ဆင်ခြေအမျိုးမျိုးနဲ့ ရွေ့ရင်း အကောင် အထည် မပေါ်တော့တာပါပဲ။ ဒီအတွက် ပထမ ဆုံး လုပ်ငန်းရှင် ကိုယ်တိုင်က system ချရာမှာ Commitment အပြည့်နဲံ ပါဝင်ဖို့က ပထမ အလိုအပ်ဆုံးပါပဲ။
(၂) BOD အားလုံး သဘောတူရဲ့လား။
လုပ်ငန်းတစ်ခုကို system ချမှ ဆက်လက်ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကိုမြင်တဲ့ ရှယ်ယာ ရှင်တွေက ပြောင်းလဲ မှုလုပ်လိုကြပေမယ့် အချို့ ရှယ်ယာရှင် ၊ BOD တွေ ကကျတော့ အရင်ပုံစံအတိုင်းပဲ လည်ပတ် ချင်နေကြတာ ရှိတတ်ပါတယ်။ ဒီအခါမှာ လုပ်ငန်းအတွင်း နှစ်ဖွဲ့ကွဲပြီး ခရီးမတွင် အချိန်ကုန် တာသာ ဖြစ်တတ်ပြန်ပါတယ်။ ဒီအတွက် သက်ဆိုင်ရာ ပိုင်ရှင် အားလုံးသဘောတူ အောင် ညှိနှိင်း ထား ကြဖို့ အရင် လိုအပ်ပါတယ်။
(၃) သက်ဆိုင်ရာ Function တွေ အကြောင်း ကြိုေ့လလာထားမယ်။
လုပ်ငန်းကို System ချရာမှာ အဆင့်တစ်ခုက ဖွဲ့စည်းပုံကို စနစ်တကျ ပြောင်းလဲ ရတာပါပဲ၊ လုပ်ငန်းအတွက် လိုအပ်တဲ့ ဌာန တွေ စတင်ဖွဲ့စည်းကာ ချိတ်ဆက်ဆောင်ရွက်မှုတွေ၊ ထိန်းချုပ်မှုတွေ၊ Target တွေ စတင်ချမှတ်ပေးရတော့တာပါပဲ။ လုပ်ငန်းရှင်တွေ ကျတော့လဲ အသစ်ဖွဲ့စည်းမယ့် ဌာနတွေ ရဲ့ Function တွေကို နားမလည် ထားတဲ့အခါ ဘယ်လို ညွှန်ကြားရမယ် ဘာတွေ လုပ်စေရမယ် ကို မသိပဲ လွဲမှားတတ်ပါတယ်။ ဒါကြောင့် HR, Finance, Admin, Account, Sales, Marketing, Warehouse, Production, Procurement စတဲ့ အဓိက ဌာနတွေ အကြောင်း၊ လုပ်ဆောင်ပုံတွေကို ကြိုတင်လေ့လာထားသင့်ပါတယ်။
(၄) အမြတ်ကောင်းရဲ့လား..
လုပ်ငန်းကို system ချတဲ့အခါမှာ အပိုကုန်ကျစရိတ်တွေ ရှိလာမှာ ကြိမ်းသေပါပဲ။ Supporting ဌာနတွေ ဖွဲ့စည်းရလို့ လစာတွေ ပိုများလာမယ်၊ နည်းပညာတွေ ဝယ်ယူ သုံးစွဲရလို့ ကုန်ကျစရိတ်တက်မယ်၊ Control Point တွေ Audit တွေ လုပ်ရလို့ ငွေပိုကုန်လာနိုင်တယ်။ ဒီအတွက် လုပ်ငန်းကို System မချခင်မှာ ကိုယ့်လုပ်ငန်းက ကောင်းမွန်တဲ့ Net Profit Margin တစ်ခုမှာ ရှိနေရဲ့လား၊ ပိုကုန်ကျလာမယ့် စရိတ်တွေကိုခံနိုင်လောက်လား စတာတွေ သုံးသပ်တွက်ချက်ဖို့လို ပါတယ်။
(၅) ဝန်ထမ်းတွေကို ရှင်းလင်း နားလည်ထားစေမယ်…
တစ်ခါက ဌာနအသစ်တွေ ဖွဲ့တော့ Finance and account, Audit စတာတွေ ဖွဲ့စည်း ပါတယ်တဲ့။ ဒီအခါမှာ Profit and loss ဆွဲဖို့ ကုန်တွေကို စာရင်းစစ်က လိုက်စစ် ရပါတော့တယ်။ ဒီလိုလဲစစ်ရော အရောင်းပိုင်းမှာ နှစ်ရှည်လုပ်လာတဲ့ ဝန်ထမ်းဟောင်းတွေက ဒါဟာ သူတို့ ရဲ့ ရိုးသားမှုကို မယုံကြည်လို့ စစ်ဆေးတာပါဆိုပြီး အစုလိုက် အလုပ်ထွက်ကုန်တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ် ပါတော့တယ်။ ဒီအတွက် system ချတဲ့ အခါ ပြောင်းလဲ လိုက်တဲ့ တစ်ခုစီရဲ့ ရည်ရွယ်ချက် နဲ့ အကျိုးကျေးဇူး တွေကို သက်ဆိုင်ရာ လူဟောင်းတွေ အတွက် ပြောပြ ပေးထားကာ အထင်လွဲမှုတွေကို ကြိုရှင်းထားသင့်ပါတယ်။
(၆) ဘယ်နေရာက ဘယ်လိုစမလဲ..
လုပ်ငန်းကို System ချတယ်ဆိုတာ လုပ်ငန်းတစ်ခုနဲ့ တစ်ခုကို ပုံစံ တူ ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ဥပမာ လူတစ်ယောက် ဆေးစစ်လိုက်သလိုပါပဲ။ ဆေးစစ်ချက်ထွက်လာတဲ့အပေါ်မူတည်ပြီး အသည်းအဆီဖုံးတာ အရင်ကုရမလား၊ ဆီးချိုအရင်ချရမလား၊ ခွဲစိတ်မှု ချက်ချင်းလုပ်ရမလားကို လူတစ်ယောက်နဲ့ တစ်ယောက် မတူ သလိုပါပဲ။ ဒီအတွက် လုပ်ငန်း အခြေအနေကို သေချာစစ်ဆေးပြီး ဘယ်နေရာကနေ အရင်ဆုံး စရမလဲ၊ အထိရောက်ဆုံးဖြစ်မလဲကို သုံးသပ်ဖို့လိုပါတယ်။ ဒီအချက် လုပ်ဆောင်နိုင်ဖို့ ကတော့ ကျွမ်းကျင် တဲ့ လုပ်ငန်းအကြံပေးတွေ ကိုငှားရမ်းအသုံးပြု ဖို့ တိုက်တွန်း လိုပါတယ်။
(၇) လူတွေက လိုက်လုပ်နိုင်မလား…
လူနဲ့ System ထိပ်တိုက်တွေ့ပြီး မကိုက်တဲ့ အခါ ကွဲထွက်တတ်ပါတယ်။ မိသားစု ပုံစံ ခေါက်ရိုးကျိုးနေ တဲ့ ဝန်ထမ်းတွေက ခေတ် ပေါ် စနစ်တွေ စည်းကမ်းတွေ လုပ်ရိုးလုပ်စဉ်တွေကို လိုက်လုပ်ဖို့၊ ပူးပေါင်းပါဝင်ဖို့ ဆန္ဒမရှိ တဲ့အခါ system ကလဲ အောင်မြင်လာ မှာ မဟုတ်ပြန်ပါဘူး။ နောက်တစ်ခါ စနစ် ချထားတဲ့အတိုင်း အဆင်ပြေပြေ လုပ်နိုင်လောက်အောင် Capacity မရှိပြန်ရင်လည်း စနစ် ဖော်ဆောင်ခြင်းဟာ ဝေးသွားဦးမှာပါပဲ။
(၈) လမ်းခွဲခြင်းတွေ…
လုပ်ငန်းကို မိရိုးဖလာ ကနေ company system ချမှတ်လိုက်တဲ့ အခါ ကြိမ်းသေ ဒါကို လိုက်မလုပ် နိင်တဲ့သူတွေ ရှိပါလိမ့်မယ်။ တမင် လိုက်ကြပ်တာ၊ မလိုတာတွေ လုပ်နေတာ၊ ငါတို့ကိုမယုံတာ၊ စတဲ့ ကိုယ့်ဟာကိုယ် ကြိုက်သလို ထင်မြင်ယူဆပြီး စိတ်မပါတော့ဝန်ထမ်းတွေ လူရင်းတွေ အများအပြား အလုပ်က နုတ်ထွက်တာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီအတွက် လုပ်ငန်းကိုမထိခိုက်အောင် ကြိုတင် ပြင်ဆင်ထားမှုတွေ လုပ်ဖို့လိုပါတယ်။
(၉) အချိန်တစ်ခု သတ်မှတ်ပြီး ရလဒ် ဖြစ်အောင် လုပ်ဖို့ စီစဉ်တာ…
System ချရာမှာ အပိုင်းလိုက် တစ်ခုစီ ဆောင်ရွက်ကြလေ့ရှိပါတယ်။ HR System ကို ဘယ်နှစ်လနဲ့ အပြီးလုပ်မယ် Finance and account ကိုဘယ်လောက် အချိန်ယူပြီး အပြီး စနစ် ချမလဲ စတဲ့ အချိန် နဲ့ ရလဒ်ကို တစ်ခါထဲဆုံးဖြတ်ကာ ဆောင်ရွက်ပြင်ဆင်တာက ပိုပြီးထိရောက်မှာ ဖြစ်ပါတယ်။
အထက်က အချက်လေးတွေ ကတော့ မိမိ လုပ်ငန်းကို system ပြောင်းတော့မယ်ဆိုရင် ပိုမိုမြန်ဆန်ထိရောက်စေဖို့အတွက် ပြင်ဆင် ထားသင့်တဲ့ အချက် ပဲဖြစ်ပါတယ်ခင်ဗျား။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲများကိုလွယ်ကူစွာ ကျော် ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant
Telephone
Website
Opening Hours
Monday | 05:30 - 18:00 |
Tuesday | 05:30 - 18:00 |
Wednesday | 05:30 - 18:00 |
Thursday | 05:30 - 18:00 |
Friday | 05:30 - 18:00 |
Saturday | 05:30 - 18:00 |
Sunday | 05:30 - 18:00 |