Interlink M&E Engineering Group

Interlink M&E Engineering Group

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Interlink M&E Engineering Group, Engineering service, .

09/10/2022

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှစ၍ (၇)ရက်သားသမီးအပေါင်း ရန်သူမျိုး (၅)ပါးမှကင်းဝေးပြီး စီးပွားလာဘ်လာဘများတိုးပွားကြပါစေ 🙏🙏🙏

04/10/2022

ဘာကြောင့် Earth Cable (green yellow ) ကို powerကြိုးနေရာမှာ မသုံးသင့်တာလဲ
===============

မြန်မာပြည် မှာ တခု သတိထားမိတာတွေ့သည် ။ အဲဒါကတော့ Earth cable green yellow ကို Power ကြိုးနေရာ တွေ မှာ သုံးနေတာပဲ ဖြစ်သည်။ international air port မှာတောင် water cooler မှာ သုံးထားသည်။ နောက် TU ကျောင်း များပြပွဲတွင် မော်တာ Power ကြိုး ကို သုံးထားသည်။

တခြားနေရာများတွင်တော့ အများကြီး တွေ့နေရသည် ။
 မသိလို့ သုံးတာလား ။
 သိရက်နဲ့ ပစ္စည်း မရှိလို့ သုံးတာလား။
 မသိလဲ မသိ ပစ္စည်း လဲ ဒါပဲ တွေ့လို့ သုံးတာလား။
ဘယ်လို့ကြောင့်သုံးသုံး ဒီ ကစ္စ သည် လုံး၀
မဖြစ်သင့်သော အကြောင်း အရာ ဖြစ်ပါသည်။

ဘာကြောင့်ပါလဲ ။ earth ကြိုးသည် လျပ်စစ်တွင် အရေး အကြီးဆုံး safety protection ဖြစ်ပါသည် ။ နောက် သူ့ရဲ့ connection တိုင်းသည် potential zero တွင်သာ လုံး၀ ဆက်ရပါသည် ။ အချိန် မရွေး တိုင်းတာ မှု
မလုပ်ပဲ ကိုင်ခွင့် ရှိပါသည်။

ထို့ကဲ့သို့သော အပ်ကြိုး ကို potential ရှိသော နေရာတွင် သုံးပါက မည်သို့သော အ န္တာရယ် ရှိမည်ကို လျပ်စစ် သမားများအတွက် အထူး တလယ် ရှင်းပြနေရန် မလိုပေ ။ electrocution , short circuit , earth fault ကို ဖြစ်ပေါ်စေရန် % များစေပါသည်။ မည်သည့်နိုင်ငံ မည်သည့် specification က မှ ခွင့်ပြုထားခြင်း မရှိပါ။
***********

neutral cable တွင်တောင် အစားထိုး မရပါ ။ electrical safety course တွင် neutral ကို LIVE wire အဖြစ် သတ်မှတ်ပ်သည်။
---------------------
(တကယ်လို့ ကျွန်တော့် site တွင် )
အကယ်ရ်ျ ကျွန်တော်သည် အဲ သလို earth ကြိုး ကို Power တွင်သုံးထားခဲ့သော် မိမိ ရဲ့ အထက် အရာ ရှိ မှ လျပ်စစ် နား မလည် သောကြောင့် မသိနား မလည်သော်လည်း annual electrical inspection မှ တတ်ကျွမ်း နားလည်သူမှ လာရောက် စစ်ဆေး စဉ်
တွေ့ ရှိသွားပါ က
ချက်ခြင်း inspector သူသည် ကျွန်တော့် အထက်
အရာ ရှိ ကို သတင်းပို့မည် ။
နောက် ကျွန်တော်ကို ခေါ်တွေ့မည် ။ လျပ်စစ် ဋ္ဌာနမှ နေပြီး တခြား အရေး မပါသော ဋ္ဌာန ကို ပြောင်း မည်လား ဟုမေးမည် ။ ဒါမှ မဟုတ် အလုပ်ထွက်ချင်လျင် အမြန် စီစဉ်ပေးမည် ။ နီးစပ်ရာ chopper ဖြင့် ပြန်ပို့ပေးပါမည်။
Electrical inspection များ ဘယ်လိုမှ
လက်မခံ နိုင်သော ကိစ္စ ဖြစ်ပါသည်။

ထို့ကြောင့် earth green yellow cable ကို power ကြိုး နေရာတွင် လုံး၀ မသုံးသင့်ကြောင်း
အကြံပေးလိုက်ရပါသည်။
ဖတ်ရှုတဲ့ အတွက်ကျေးဇူးတင်ပါသည်။

Credit - Kyaw Oo,

04/10/2022

သိထားသင့်တဲ့ Site Survey

ကိုယ်ပိုင်အလုပ်လုပ်လာတော့ ပိုပြီးသတိထားမိလာတာက Site Survey ပဲ
Company အကြီးတွေမှာ Project Engineer/Manager or QS ရာထူးယူထားရတဲ့သူတွေလည်း သွားရတတ်ပါတယ်
Tender Drawing ကိုကြည့်ပြီး QS တယောက်က BQ ကောက် Supplier တွေဆီက Quotation တောင်းပြီးဈေးနှုန်းဖြည့်လို့ရပေမဲ့ အမှန်တကယ် Install လုပ်မယ်ဆိုရင် ကြုံတွေနိုင်မဲ့အခက်အခဲတွေကိုတော့ On Site ကို သွားကြည့်မှပဲ ပိုပြီးမြင်လာရမှာပါ
ဥပမာ ဟိုတနေ့က Car Showroom ကို Site Survey သွားကြည့်တော့ မြေညီထပ် ကတော်တော်မြင့်တာတွေ့ရတယ် ( Schematic Drawing တွေမှာ Floor ရဲ့ Height တွေပါမေမဲ့ ဒီမှာတော့ သွားကြည့်တာက ပိုအစဉ်ပြေပါတယ် စလုံးမှာတုံးကလည်း Split Type AC တွေ Install လုပ်မယ်ဆိုရင်တောင် Condo, Apartment တွေဆိုရင် သွားကြည့်မှ အစဉ်ပြေတာပါ )Ladder နဲ့အစဉ်မပြေတဲ့အတွက် ငြမ်းငှားဖို့ (သို့) ဝယ်ဖို့ထည့်တွက်ရတော့တယ် နောက်ပြီး Man/Day မှာလည်း Ladder နဲ့ အလုပ်လုပ်ရတာနဲ့ Scaffold နဲ့ အလုပ်လုပ်ရတဲ့ ပြီးမြောက်ခြင်းက မတူတော့ဘူး အဲ့လိုဆိုတော့ အရင်တွေတင်ထားဘူးတဲ့ ဈေးနှုန်းအတိုင်းတာဆိုရင် သေချာပေါက်ရှုံးမှာပါ

အဲ့လိုဆိုတော့ Site Survey သွားတဲ့သူတယောက်ဟာ သက်ဆိုင်ရာ Service မှာ ကျွမ်းကျင်တဲ့သူတယောက်ဖြစ်ရပါ့မယ်
Drawing ကိုကြည့်ပြီး ကိုယ့်ရဲ့ Service Install လုပ်ခဲ့မယ်ဆိုရင် ကြုံရနိုင်တဲ့ အခက်အခဲတွေကို မြင်အောင်ကြည့်ထားရပါ့မယ်
ဥပမာ Electrical နဲ့ပက်သက်ပြီး စဉ်းစားကြည့်မယ် Ceiling တွေပြီးမှ ကိုယ့်ကို Install လုပ်ဖို့ အလုပ်လာအပ်မယ် Ceiling Frame တန်း ဒါမှမဟုတ် ထုတ်/ယောက်တွေအပေါာ်ကနေ တက်လို့အစဉ်ပြေနိုင်လောက်လား မပြေခဲ့ရင် Ceiling တွေကို လူဝင်ဖို့အတွက် အပေါက်ဖောက်ဖို့ ( Access Panel or Man Hole ) ခွင့်ပြုနိုင်သလား နောက်ပြီး Ceiling Damage ဖြစ်နိုင်တဲ့ ကိစ္စ, Earth Pit တူးဖို့ မြေကြီးအမာ အပျော့ , Floor တခုနဲ့ တခုကူးဖို့ Slab မှာ Pipe Sleeve တွေက ထည့်ပြီးသားလား , အမိုးရဲ့အနေအထား , အပြင်နံရံပေါာ်ကနေ Trunking နဲ့သွားမယ်ဆိုရင် နံရံက Trunking ရိုက်သံနဲ့ ရိုက်လို့ရမရ မရခဲ့လျှင် Wall Plug + Screw ဆိုတော့ အချိန်ပိုကုန်နိုင် စတဲ့ စတဲ့ အချက်တွေ ထည့်စဉ်းစားဖို့လိုအပ်ပါ့မယ်

Photos from Interlink M&E Engineering Group's post 27/09/2022

Oakkyin Office Renovation, M&E Work and ELV System

Telephone

Website