Otra

Otra

Media and tech news

Photos from Otra's post 02/08/2022

OPPO A57 အား ပြည်တွင်းစျေးကွက်တွင် စတင်ဝယ်ယူနိုင်
=================================
ရန်ကုန်၊ ဩဂုတ် ၂

OPPO A Series အသစ် OPPO A57 ကို မြန်မာတစ်နိုင်ငံလုံးတွင် ကျပ်ငွေ ၄၃၉,၉၀၀ ဖြင့် ဝယ်ယူရရှိနိုင်နေပြီဖြစ်ပြီး Glowing Green နှင့် Glowing Black ဟူ၍ အရောင် နှစ်ရောင်ဖြင့် ရွေးချယ်ဝယ်ယူနိုင်နေပြီဖြစ်ကြောင်း သိရပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၅၆ မျက်နှာပြင်ပါဝင်ပြီး Screen Resolution 720x1612 ဖြစ်ပါတယ်။ RAM 4 GB နှင့် ROM 64 GB ပါဝင်မည်ဖြစ်ပြီး RAM Expansion နည်းပညာ ထည့်သွင်း ထားသည့်အတွက် နောက်ထပ် RAM 4GB သို့ ထပ်မံတိုးချဲ့နိုင်မည်ဖြစ်ပြီး 8 GB နှင့် ညီမျှသော လုပ်ဆောင်မှုကို ပိုင်ဆိုင်စေနိုင်မည်ဖြစ်ကာ App များစွာကို တစ်ပြိုင်တည်း အသုံးပြုသည့်အခါ ထစ်ခြင်း၊ Lag ခြင်း မရှိဘဲ အဆင်ပြေပြေ အသုံးပြုနိုင်မည်ဖြစ်သည်။ ROM ကိုလည်း အများဆုံး 1TB အထိ SD Card စိုက်ကာ ချဲ့ထွင်နိုင်သည့်အတွက် အမှတ်တရ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ App များ၊ Game များကို စိတ်တိုင်းကျ သိမ်းဆည်းနိုင်မည် ဖြစ်သည်။

Android 12 ကို အခြေခံထားသည့် ColorOS 12.1 ကို အသုံးပြုထားပြီး MediaTek Helio G35 (12nm) Processor ကို ထည့်သွင်းပေးထားသည်။ 13MP Main Camera၊ Depth Camera 2MP Camera နှင့် 8MP Selfie Camera ပါရှိပြီး Front Camera နဲ့ Main Camera နှစ်ခုလုံးသည် ဓာတ်ပုံများကို ရုပ်ထွက်လှပစေမည်ဖြစ်ကာ ညအချိန်တွင် ရုပ်ထွက် ကြည်လင်ကောင်းမွန်စေရန် အလင်းဖြည့်ပေးမည့် 360° Fill Light ပါဝင်သည့်အတွက် ညဘက် ရိုက်ကူးသော မိမိ ဓာတ်ပုံများကို ပိုမိလင်းလက်လှပအောင် စွမ်းဆောင်ပေးနိုင်သည်။ ထို့ကြောင့် အလင်းမှိန်သော ပတ်ဝန်းကျင်တွင် ရိုက်ကူးလျှင်ပင် ကြည်လင်ပြတ်သားသော Night Selfie ကို ရရှိစေမည်ဖြစ်သည်။

Photos from Otra's post 20/07/2022

Gaming Mode ရော Music Mode ပါ 2 မျိုးအသုံးပြုနိုင်တဲ့ Yookie ရဲ့ Earbuds GM08
==================================
ရန်ကုန်၊ ဇူလိုင် ၂၀

Gaming Mode နဲ့ Music Mode ကို Switch လုပ်အသုံးပြုနိုင်မဲ့ Function ပါဝင်ပါတယ်။

Designက တော်တော် စွဲမက်စရာကောင်းပြီး
Casing box ကိုဖွင့်လိုက်တာနဲ့ RBG Light အစိမ်းရောင်မီးလင်းတာက Gamer တွေအတွက် သဘောကျချင်စရာပါ။

Bluetooth 5.2 + EDR System ဖြစ်လို့ ချိတ်ဆက်မှုနှစ်ဆမြန်ဆန်ပြီး Low Power Consumption ဖြစ်လို့ ဘင်ထရီ အစားသက်သာစေပါတယ်။

Sensor ကို 3second ကြာဖိထားလိုက်ရင် Game Mood / Music Mood ပြောင်းလဲပေးနိုင်ပါတယ်။

Intelligent Noice Reduction ပါဝင်ပြီး ပါတ်ဝန်းကျင် ဆူညံသံတွေကို 80% လျှော့ချပေးနိုင်လို့ ဆူညံပတ်ဝန်းကျင်မှာဖုန်းပြောရရင်လဲအဆင်ပြေစေမှာပါ။

Battery 250 mAh ပါဝင်ကာ
Power Input အတွက် Type-C input ကိုအသုံးပြုပေးထားပါတယ်။

တန်ဖိုးအားဖြင့် မြန်မာငွေကျပ် ၄၁,၀၀၀ ဝန်းကျင်ဖြင့် Yookie Myanmar မှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

14/06/2022

VIVO V 23e ကို Limited Edition အရောင်ကွဲဖြင့် ပြည်တွင်းဈေးကွက်တွင်ဖြန့်ချိသွားမည်
===================================================
ရန်ကုန်၊ ဇွန် (၁၄) ရက်

vivo ၏ V23 စီးရီးမှာ စွမ်းဆောင်ရည်ကောင်းမွန်သော Features တွေကြောင့်လူငယ်များကြားမှာ ရေပန်းစားခဲ့ပြကာ စျေးကွက်မှာလည်း ကြီးမားတဲ့ အောင်မြင်မှုတစ်ခုအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ စတင်ရောင်းချချိန်ကစကာ V23e ရဲ့ အဓိက Features တွေဖြစ်တဲ့ စွဲမက်ဖွယ်ကောင်းသော ဓာတ်ပုံပညာနဲ့ ပြောင်မြောက်တဲ့ ဒီဇိုင်းအား တွဲဖက်ပေါင်းစပ်ထားပေးတဲ့အတွက် သုံးစွဲသူတွေအတွက် စတိုင်ကျပြီး အံ့မခန်းစွမ်းဆောင်ရည်များကို ဖန်တီးပေးသည့် စမတ်ဖုန်းဖြစ်ခဲ့ပါတယ်။ V23e ဟာ ငွေကုန်ကြေးကျ သက်သာစေကာ ခေတ်မှီဆန်းသစ်တဲ့ နည်းပညာ သုံးစွဲချင်သူတိုင်းအတွက် အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ယခုအခါ vivo မှ လူတိုင်းနှစ်သက်စေမယ့် ပြောင်မြောက်တဲ့အရောင်အသစ်ဖြစ်တဲ့ လူကြိုက်များ V23 series ရဲ့ V23e အား Limited edition အနေဖြင့် မကြာခင် မြန်မာပြည်စျေးကွက်ထဲတွင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

ယခုထွက်ရှိမယ့် V23e မှာ ယခင် အရောင်တွေမှာ ပါဝင်ခဲ့တဲ့အတိုင်း အရည်အသွေးမြင့် ကင်မရာစနစ်ဖြစ်တဲ့ 50MP AF Portrait Selfie Features ပါရှိကာ သုံးစွဲသူတွေကို အကောင်းဆုံးအခိုက်အတန့် နဲ့ လှပတဲ့အမှတ်တရတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Fluorite AG glass နဲ့ အထူ 7.41 မီလီမီတာသာရှိသော ပေါ့ပါးပြီး ခေတ်စားတဲ့ ဒီဇိုင်းကြောင့် သုံးစွဲသူတွေအတွက် အကောင်းဆုံးနဲ့ စတိုင်လ် အကျဆုံး စမတ်ဖုန်း တစ်ခုဖြစ်လာခဲ့ပါတယ်။ ယခု အသစ်ထွက်ရှိမယ့် V23e မှာ အရည်အသွေးမြင့် လုပ်ဆောင်ချက်များအားလုံးပါဝင်ကာ ထူးခြားပြောင်မြောက်တဲ့ အရောင်နဲ့ ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။
ကဲ VIVO ပရိတ်သတ်ကြီးတွေ စောင့်မျှော်ပေးကြပါအုံးဗျာ................

Photos from Otra's post 07/06/2022

OPPO A*5 ပြည်တွင်းစျေးကွက်ဝင်ရောက်
=============================
ရန်ကုန်၊ ဇွန် (၇) ရက်

ပါးလွှာပြီး စတိုင်ကျ သက်သောင့်သက်သာဖြစ်စေမည့် 3D Curved Design နှင့် ပြုလုပ်ထားပြီး Screen Size 6.51” တွင် စွမ်းဆောင်ရည်ကောင်းမွန်သည့် Punch-Hole LCD Display ကို 60 Hz နှင့် တပ်ဆင်ပေးထားကာ အလေးချိန် 193 g သာ ရှိသည်။ OPPO A*5 ကို ခေတ်မီသော အရောင်များဖြစ်သည့် အပြာရောင်ကောင်းကင်ပေါ်မှ သက်တံကို မြင်တွေ့ခံစားရသလို ဖြစ်စေမည့် Rainbow Blue အရောင်နှင့် ကြယ်များပြည့်နေသော ညကောင်းကင်ကို ကြည့်ရှုနေသကဲ့သို့ ခံစားရမည့် Starry Black ဟူ၍ အရောင်နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ Rainbow Blue ၏ နောက်ကျောဘက်ကာဗာသည် တောက်ပနေသော မှန်ကဲ့သို့ မျက်နှာပြင် ဒီဇိုင်းဖြစ်ပြီး Starry Black ၏ နောက်ကျောဘက် ကာဗာသည် ချွေးစိုခံပြီး လက်ဗွေရာမထင်သော ဒီဇိုင်းဖြစ်သည်။

အရှေ့ဘက်ကင်မရာကို 16 MP Camera တပ်ဆင်ထားပြီး နောက်ကျောဘက်ကင်မရာများကို 50 MP Main Camera၊ 2 MP Bokeh Camera နှင့် 2 MP Macro Camera ဟူ၍ ကင်မရာ ၃ လုံးကို Triple Camera Setup ဖြင့် တပ်ဆင်ပေးထားသည်။ OPPO A*5 ၏ ရှေ့ကင်မရာနှင့် နောက်ကင်မရာ နှစ်ခုစလုံးသည် AI Beautification ကို ပံ့ပိုးပေးထားသည့်အတွက် ပိုမို သဘာဝကျကျ လှပစေသည့် ဓာတ်ပုံများကို အသုံးပြုသူ စိတ်ကြိုက် ရိုက်ကူးနိုင်မည်ဖြစ်သည်။ OPPO A*5 ကင်မရာတွင် Pixel ၄ ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပေးသည့် Pixel Binning Technology အသုံးပြုထားသည့်အတွက် ဓာတ်ပုံများ၏ ရုပ်ထွက်ကို ပိုမိုကြည်လင်ပြတ်သားပြီး ပိုမို အသေးစိတ်ကျစေကာ 360˚ Fill Light Feature ပါဝင်သည့်အတွက် အလင်းမှိန်သော ပတ်ဝန်းကျင်တွင်ရိုက်ကူးလျှင်ပင် ကြည်လင်ပြတ်သားသော Night Selfie ကို ရရှိစေမည်ဖြစ်သည်။

Octa-core Processor ဖြစ်သော MediaTek Helio G35 / MT6765G ကို ထည့်သွင်းပေးထားပြီး RAM 4GB နှင့် ROM 128GB ပါဝင်သည့်အဝင်သည့်အတွက် ပိုမို သွက်လက်ပြီး ချောမွေ့သော User Experience ရရှိနိုင်မည်ဖြစ်သည်။ ColorOS 11.1 ကို အသုံးပြုထားပြီး System Booster ပါဝင်သည့်အတွက် Idle Time Optimizer၊ Storage Optimizer နှင့် UI first 3.0 ၏ လုပ်ဆောင်ချက်များအားဖြင့် တုန့်ပြန်မှုနှုန်း +5.0% တိုးတက် နိုင်သည်။ OPPO A*5 တွင် OPPO Lab မှ အချက်အလက်အရ Link Boost 2.0 ဖြင့် ကွန်ရက်တစ်ခုလုံး၏ သွက်လက်မှုကို 33% ခန့်တိုးတက်စေပြီး Multitasking အတွက် App Windows များကို လျှော့ချပေးသည့် FlexDrop နှင့် Google Lens ကို အသုံးပြု၍ ဘာသာပြန်နိုင်သော Three-Fingers Google Translate လည်း ပါဝင်သည့်အတွက် တစ်နေ့တာ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အဆင်ပြေစေသည်။

တန်ဘိုး ၄၂၉,၉၀၀ ကျပ်ဖြင့်ပြည်တွင်းစျေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်သည်။

Photos from Otra's post 02/06/2022

OPPO Find N တွင် Android 13 အသုံးပြုနိုင်မည်
=================================
ရန်ကုန်၊ ဇွန် ၂

OPPO ရဲ့ Foldable Smartphone တွင် Google ရဲ့ Android 13 ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ အဆိုပါ android 13 ကို Google နဲ့ OPPO တို့မှ ပူးပေါင်းဆောင်ရွက်ကာ ဖန်တီးခဲ့တယ်လို့သိရပါတယ်။

OPPO Find N ဟာ ကမ္ဘာတစ်ဝန်းမှာ Android 13 Beta ကို အသုံးပြုခွင့်ရရှိထားတဲ့ ပထမဆုံးသော စမတ်ဖုန်းများထဲမှ တစ်ခုဖြစ်ပါတယ်။ OPPO ရဲ့ ColorOS လည်ပတ်မှုစနစ်အပေါ် အခြေခံ၍ Android 13 Beta ၏ Developer Preview ကို မေလ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံက Find N အသုံးပြုသူများအတွက် Download ပြုလုပ်နိုင်ပြီဖြစ်ကြောင်း OPPO မှ ကြေညာခဲ့ပါတယ်။

Find N နှင့်အတူ Android 13 Beta စနစ်ကို OPPO စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်တဲ့ Find X5 Pro တွင်လည်း အသုံးပြုနိုင်ပြီမှာဖြစ်ပါတယ်။

Photos from Otra's post 29/05/2022

Realme GT Neo3 ရဲ့ Naruto anime edition
==============================
ရန်ကုန်၊ မေ ၂၉

Realme ရဲ့Noe3 series မှာတော့ Naruto Fan တွေအတွက်ကြိုက်လောက်မယ့် Theme ပုံစံမျိုးနဲ့ပါ ထွက်လာဖို့ရှိနေပါတယ်။
ပုံပါအရင်းအမြစ်တွေအရထွက်လာခဲ့မယ်ဆိုရင် Naruto Fan တွေအတွက်ပျော်စရာပါ။ အသုံးပြုထားတဲ့ အရောင်နဲ့ အချိုးကျကျပေါင်းစက်ထားတဲ့ ကိုနိုဟာ(ရွက်ဖုံးရွာ) လိုဂိုလေးက ဆွဲဆောင်မှုအပြည့်ဖြစ်နေပါတယ်။
လက်ရှိမှာတော့ နိုင်ငံတကာစျေးကွက်ထဲနဲ့ ပြည်တွင်းစျေးကွက်ထဲကို ဘယ်အချိန်မှာ စတင်ဖြန့်ချိမလဲဆိုတာကတော့ မသိရသေးပါဘူး။

Photos from Otra's post 18/05/2022

OPPO F21 Pro ပြည်တွင်းဈေးကွက်တွင်ဝယ်ယူနိုင်မည်
================================
ရန်ကုန်၊ မေ ၁၈ ရက်

OPPO F21 Pro ကို ‌မေ (၁၇) ရက်၊ ပြည်တွင်းဈေးကွက်မှာ စတင်ဝယ်ယူနိုင်တော့မှာဖြစ်ကြောင်း OPPO ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုဖုန်းကိုအရောင်နှစ်မျိုးနဲ့ရရှိနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ OPPO အရောင်းကောင်တာများတွင် ၆၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

OPPO F21 Pro မှာ မျက်နှာပြင် ၆.၄၃ လက်မပါဝင်ကာ Resolution 1080x2400 pixels ကို AMOLED Display အသုံးပြုပေးထားပါတယ်။ မြန်နှုန်းမြင့် Octa-core (4x2.4 GHz Kryo 265 Gold & 4x1.9 GHz Kryo 265 Silver) CPU ကိုတပ်ဆင်ပေးထားပါတယ်။ RAM 8 GB ပါဝင်ပြီး အချက်အလက်သိုလှောင်မှုစနစ်အတွက် 128 GB ပါဝင်သလို Micro SD Card ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ကျောဘက်ကင်မရာ Triple Camera ထည့်သွင်းအသုံးပြုပေးထားပြီး Main Camera 64 MP ပါဝင်ပါတယ်။ ‌‌Selfie Camera အတွက် ရှေ့ဘက်မှာ 32 MP အဆင့်ရှိတဲ့ Camera ကိုတပ်ဆင်ပေးထားပါတယ်။ Android 12 အခြေခံ OPPO ရဲ့ Color OS 21.1 ကိုအသုံးပြုထားပါတယ်။

14/05/2022

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း Otra က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Photos from Otra's post 11/05/2022

ViVO အရောင်းပြခန်းထပ်မံဖွင့်လှစ်
========================
ရန်ကုန်၊ မေ ၁၁

vivo အရောင်းပြခန်းအသစ်ဖွင့်ပွဲနှင့်အတူ vivo ပရိသတ်များ စုစည်းသည့်ပွဲကို မေလ ၇ ရက်နေ့ မြေနီကုန်းတွင် ပူးပေါင်းကျင်းပခဲ့တယ်လို့ သိရပါတယ်။

မြေနီကုန်းအရောင်းပြခန်းအသစ်ဖွင့်ပွဲကို vivo Mobile Myanmar မှ တာဝန်ရှိလူကြီးမင်းများ၊ Online partners များ၊ vivo Fan များနှင့်အတူ ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားစတင်ဖွင့်လှစ်ပြီးနောက် vivo Fan များမှ နောက်ဆုံးထွက် V23 series အကြောင်း အတွေ့အကြုံမျှဝေခြင်း၊ အပြန်အလှန် ရင်းရင်းနှီးနှီးဂိမ်းများ ကစားခြင်း၊ vivo Myanmar မှ ပွဲတက်လာသည့် vivo Fan များနှင့်အတူ အမှတ်တရဓာတ်ပုံတွေရိုက်ကူးကာ ဆုလက်ဆောင်တွေ ပေးအပ်ပြီး အခမ်းအနားအား ပြီးမြောက်အောင်မြင်ခဲ့ပါသည်။

မြေနီကုန်းအရောင်းပြခန်းအသစ်ဖွင့်ပွဲ အခမ်းအနား သည် vivo အား အဆက်မပြတ်အားပေးခဲ့သော customer များ အားကျေးဇူးတုံပြန်သောအနေနှင့် Fan-gathering ပွဲအဖြစ်လည်း ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။

Photos from Otra's post 15/03/2022

Selfie Camera 50MP AF ပါဝင်သည့် vivo V23e မိတ်ဆက်။
==================================

ရန်ကုန်၊ မတ် (၁၅) ရက်

Selfie Camera 50 MP AF ပါဝင်တဲ့ vivo v23e ကို စတင်မိတ်ဆက်ခဲ့တယ်လို့သိရပါတယ်။
AMOLET မျက်နှာပြင် အသုံးပြုထားပြီး ၆.၄၄ လက်မရှိကာ Resolution 1080x2400 pixels ဖြစ်တဲ့အတွက်ရုပ်ရှင်နဲ့ ဂိမ်းရုပ်ထွက်တွေကို အကောင်းမွန်ဆုံးရုပ်ထွက်နဲ့ ခံစားရမှာဖြစ်ပါတယ်။ မြန်နှုန်းမြင့် CPU Octa core 2x2 GHz Cortex A76 ထည့်သွင်းထားပြီးတော့ ဂရပ်ဖစ်စနစ်အတွက် Mail-G57 MC2 ကိုအသုံးပြုထားပါတယ်။
မှတ်ဉာဏ်စနစ် 8GB ပါဝင်ပြီး အချက်အလက်သိုလှောင်မှုအတွက် 128 GB ပါဝင်ပါတယ်။ SD card ထည့်သွင်းအသုံးပြုနိုင်ဖို့လည်း အထောက်ပံ့ပေးထားပါတယ်။ ကျောဘက်ကင်မရာ 60 MP ထည့်ပေးထားပြီး ညအချိန်ရိုက်ကူးရာမှာလည်း ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးကို ရရှိစေမှာဖြစ်ပါတယ်။
Android 11 အခြေခံပြီး vivo funtouch OS 12 ပါဝင်ပါတယ်။ Moonlight shadow, Sunshine Coast Edition ဆိုပြီး အရောင်နှစ်မျိုးနဲ့ရရှိနိုင်ကာ စျေးနှုန်း ၆၂၉,၈၀၀ ကျပ်နဲ့ စျေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်ပြီလို့သိရပါတယ်။

FANTECH Gamining Accessories 27/06/2020

ဝယ်ယူလိုသူတွေအနေနဲ့ Otra ရဲ့ Chat Box ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ 😘😍

ပစ္စည်းတစ်မျိုးချင်းစီရဲ့ အချက်အလက်တွေ ဈေးနှုန်းတွေကို ပုံတစ်ပုံချင်းစီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

Photos from Otra's post 27/06/2020

ပစ္စည်းလေးတွေတော့ရောက်နေပါပြီ ...

01/06/2020

Battle pass ($9.99)ကံထူးသွားတဲ့လူကတော့
Bro Ye Thway Sit. ဖြစ်ပါတယ်😱😱
Congrats ပါ bro

01/06/2020
01/06/2020

ကဲ Battle Pass 2020($9.99)ကို ဒီနေ့ညနေ ၅နာရီ အချိန်မှာမဲဖောက်ကြေငြာပေးသွားမှာ ဖြစ်ပါတယ်..........🤗

27/05/2020

မင်္ဂလာပါ
Otra က ကြိုဆိုလိုက်ပါတယ်။
- ဒီ Page ကနေရောင်းချမယ့် IT ပစ္စည်းတွေ၊ Gaming ပစ္စည်းတွေအကုန်လုံးကို Products Review Video တွေပြုလုပ်သွားမှာဖြစ်ပါတယ်။

- လိုချင်တဲ့ IT ပစ္စည်းတွေအကုန်လုံးကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်ဖို့အတွက် Page ကို Like and Follow ထားဖို့ အသိပေးပြောကြားလိုပါတယ်။

- ကျွန်တော်တို့ရဲ့ Page နဲ့ ယခု ဗီဒီယိုကို Like & Shared ပြုလုပ်တဲ့သူတွေထဲကမှ
Give Away အစီအစဥ်အနေနဲ့ Battle Pass 2020 9.99$ ကို ၅ ရက်အတွင်း မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

- Battle Pass ကံထူးရှင်ကို IT Market ရဲ့ Page မှာဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုပေးပါအုံးခင်ဗျာ။

27/05/2020

မင်္ဂလာပါ
======
Otra ကကြိုဆိုလိုက်ပါတယ်။

- ဒီ Page ကနေရောင်းချမယ့် IT ပစ္စည်းတွေ၊ Gaming ပစ္စည်းတွေအကုန်လုံးကို Products Review Video တွေပြုလုပ်သွားမှာဖြစ်ပါတယ်။

- လိုချင်တဲ့ IT ပစ္စည်းတွေအကုန်လုံးကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်ဖို့အတွက် Page ကို Like and Follow ထားဖို့တိုက်တွန်းလိုက်ပါတယ်။
👍👍👍

Videos (show all)

Dota2 The International Battle Pass(TI10)

Telephone

Website