Gone Yi Training School
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gone Yi Training School, Education, .
အောက်တိုဘာလတွင် ဖွင့်လှစ်မည့်သင်တန်းအတွက် စာရင်းပေးသွင်းနိုင်ပါတယ်။
အသက် ၁၃နှစ်အောက် ကလေးများကို ဖျားလျှင် အသားဆေးထိုးခြင်းမပြုလုပ်သင့်ပါ။ ရေပတ်တိုက်ခြင်း၊ ပါရာစီတမောဆေးကို စနစ်တကျ တိုက်ခြင်း၊ ပါရာစီတမောဂြိုလ်တု ထည့်ခြင်း စတာတွေကိုသာ ပြုလုပ်သင့်ပါတယ်။
“အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း"
ကလေးငယ်များဟာ လူကြီးများထက်ကိုယ်ခံအားနည်းကြတဲ့အတွက် ရာသီအကူးအပြောင်းကာလတွေမှာ ဖျားနာခြင်းဖြစ်လွယ်ပါတယ်။ ဒီအခါမှာ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသပြီးကုသတဲ့အခါ ရေပတ်တိုက်ခြင်း၊ သောက်ဆေး၊ ဂြိုလ်တုတောင့် အစရှိသည်တို့နဲ့သက်သာအောင်ကုသပြီးပျောက်ကင်းသွားတဲ့ ကလေးငယ်တွေရှိသလိုပဲ အချို့သော ကျန်းမာရေးကုသသူတွေဟာ ကလေးငယ်ကိုဆေးထိုးပြီးကုသတတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တစ်ဘဝစာအတွက် အလွန်အန္တရာယ်များတဲ့ကုသနည်းဖြစ်ပါတယ်။
အသက် ၁၃နှစ်အောက်အရွယ်များကို ကလေးဘဝလို့သတ်မှတ်ပြီး ၁၃နှစ်ကျော်ရင်တော့ ဆယ်ကျော်သက်ထဲကို ကူးပြောင်းဝင်လာပြီလို့အကြမ်းဖျင်းသတ်မှတ်ပါတယ်။ ကလေးငယ်များဟာ ဖျားနာပြီဆိုရင် လူကြီးများကိုတိုက်တဲ့ ဒိုင်ကလိုဖင်းနက် (Diclofenac)၊ မီဖန်းနမစ်အက်စစ်(Mefenamic Acid)၊ အက်စပရင်(Aspirin)တို့လို အကိုက်အခဲနဲ့ဖျားပျောက်ဆေးများကိုပေးလို့မရပါဘူး။ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန် ( Paracetamol, Ibuprofen)လိုမျိုး အဖျားကျဆေးများကိုသာ စိတ်ချလက်ချပေးလို့ရပါတယ်။ ဒီအတွက် တင်ပါးထိုးဆေးများဖြစ်တဲ့ ဒိုင်ကလိုဖင်းနက်ပါဝင်တဲ့ အဖျားကျဆေးကိုထိုးတာဟာ စနစ်မကျတဲ့အပြင် အန္တရာယ်ရှိစေသော ကုထုံးတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။
ကလေးငယ်တွေရဲ့တင်ပါးဟာသေးငယ်ပြီး လူကြီးတင်ပါးလို အသွေးအသား၊ အာရုံကြောများရဲ့နေရာကို အတိအကျမှန်းဆရခက်ခဲပါတယ်။ ဒါ့ကြောင့် တင်ပါးကိုအသားဆေးထိုးတဲ့အခါ အခန့်မသင့်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းအာရုံကြောမကြီးအပေါ်ကိုထိုးမိတဲ့အခါ ခြေထောက်ထုံကျင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်း ဒီ့ထက်ဆိုးလာတဲ့အခါ ခြေထောက်တစ်ဖက်သိမ်သွားခြင်း၊ နာကျင်ခြင်းကိုတစ်သက်တာခံစားရခြင်း၊ ခြေတစ်ဖက်မသန်မစွမ်းဖြစ်သွားခြင်းတို့ကို ခံစားရပြီး တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အသက်ရှင်သွားရနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ကလေးများကိုတတ်နိုင်သမျှ တင်ပါးဆေးမထိုးဖို့တားမြစ်ထားပြီး ကလေးများကို တင်ပါးဆေး လုံးဝ(လုံးဝ) မထိုးရန် ပြဌာန်းထားပါတယ်။
အထူးသဖြင့် သွေးလွန်တုပ်ကွေး လိုမျိုး သွေးထွက်လွန်တတ်တဲ့ရောဂါမျိုးမှာ - သွေးတိတ်စေဖို့အရေးကြီးတဲ့သွေးဥမွှားလေးတွေ နည်းနေချိန် အသားဆေးထိုးလိုက်မိရင် အဲဒီနေရာမှာသွေးထွက်လွန်ပြီး သွေးခဲဖြစ်ကာ အရေးပေါ်ကုသရနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးဆိုတာ စစချင်းမှာ ရိုးရိုးတုပ်ကွေးလိုဖျားပြီးဆေးခန်းရောက်လာတာပါပဲ။ ဒါကြောင့် ဘာကြောင့်ဖျားဖျား တင်ပါးဆေးမထိုးရပါဘူး။
ရေပတ်တိုက်ခြင်း၊ ဆေးတိုက်ခြင်းနှင့် ဂြိုလ်တုတောင့်ထည့်ခြင်းတို့ဟာ အချိုးအစားမှန်ကန်မယ်ဆိုရင် ကလေးငယ်အတွက် စိတ်ချရပြီး တော်ယုံဖျားနာခြင်းမှာ အချိန်တစ်ခုစောင့်ဆိုင်းပြီးရင် အဖျားလည်းသက်သာစေပါတယ်။
ကလေးအထူးကုနဲ့ပြဖူးတဲ့မိဘတိုင်း သတိထားမိမယ်ထင်ပါတယ်။ ဘယ်ကလေးအထူးကု ကမှ တင်ပါးကိုဆေးမထိုးတာကို သတိထားမိကြမှာပါ။
တစ်ခုပြောလိုတာကတော့ ပေါင် နဲ့ လက်မောင်းကို ထိုးရတဲ့ ကာကွယ်ဆေးတွေကိုတော့ စိတ်ချလက်ချထိုးနှံနိုင်သလို ထိုးကိုထိုးသင့်ပါတယ်။ ဒါကို တင်ပါးဆေးထိုးခြင်းနဲ့ မရောစေချင်ပါဘူး။ တင်ပါးဆေးထိုးခြင်းကတော့ ကလေးဆရာဝန်များပင် ဆေးထိုးဖို့တားမြစ်ထားပြီး အန္တရာယ်အလွန်ကြီးတဲ့အတွက် ကလေးငယ်ကိုဆေးထိုးဖို့ပြောလာရင်တောင် မိဘများအနေနဲ့ ကလေးရဲ့ရှေ့ရေးကို စဉ်းစားပြီး လုံးဝငြင်းဆန်ပစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုယ့်ကလေးတော့ ထိုးခဲ့တာပဲ ခုထိဘာမှမဖြစ်ပါဘူးကွာ၊ ငါငယ်ငယ်ကထိုးဖူးတယ် ဘာမှမဖြစ်ပါဘူး ဒီလိုပြောလာရင်တော့ " မဖြစ်လိုက်တာ" နဲ့ "မဖြစ်နိုင်တာ" အဓိပ္ပါယ်မတူဘူးလို့ပြောပါရစေ။ မြွေပေါက်ရင် သေတတ်တယ်လို့ပြောတာကို ငါမြွေပေါက်ခံရဖူးတယ် အခု ဘာမှမဖြစ်ဘူးလို့ပြောတာနဲ့အတူတူပါပဲ။ မဖြစ်ရင်ဘာမှမဖြစ်ပေမယ့် တစ်ချက်မှားရင် တစ်ဘဝစာပါ။
ဒီအကြောင်းအရာကိုလည်း အခြားအခြားသော ကလေးမိဘများသိရှိအောင် ဝေမျှပေးခြင်းအားဖြင့် ကူညီပေးကြပါလို့ စာဖတ်သူများကို တိုက်တွန်းအပ်ပါတယ်။
Crd Dr စိုင်းမြတ်သူ
20th August 2023
7th batch
Theory exam
၁၉ ဂျူလိုင်မမေ့နိုင်
အာဇာနည်အားလုံးကို အလေးပြုပါ၏။
August လတန်းခွဲတွင် တက်ရောက်ဖို့ရန် စာရင်းပေးသွင်းနိုင်ပါပြီ။
ပြင်းထန်တုပ်ကွေးအန္တရာယ် သတိပေးချက်
ဒီနှစ် တုပ်ကွေး တော်တော်ဆိုးပါမယ်။ တုပ်ကွေးမျိုးကိုက ပိုဆိုးလာသလား၊ ကိုဗစ်နဲ့ပေါင်းပြီး supervirus တွေဖြစ်ကုန်လို့လားတော့ သေချာမသိရသေးဘူး။ ကျနော်ရော အမျိုးသမီးပါ ကွေးစပြုနေကြပြီ။ အိမ်မှာလည်းအကုန်ဖျားနေကြတယ်။ ဒီရက်ပိုင်းအတွင်း ကြားရသလောက်လည်း ကလေးရော၊ လူကြီးတွေရော တော်တော်ဖျားကြတယ်။ ဖျားတဲ့အခါမှာလည်း တော်တော်ခံရတယ်ဆိုတာတွေချည်းပဲ။ ကျနော်တို့ချည်းဖြစ်နေတာတော့မဟုတ်ဘူး နိုင်ငံတကာမှာလည်း ဒီနှစ်တုပ်ကွေး ပြင်းထန်အဆင့်ဖြစ်နေတယ်လို့ ကောက်ချက်ချနေကြတယ်။ ၁၀နှစ်အတွင်း အပြင်းထန်ဆုံး တုပ်ကွေးရာသီဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီနှစ်တုပ်ကွေးရဲ့ လက္ခဏာနှစ်ခုက ရောဂါပြင်းထန်တယ်၊ ပြန့်နှုန်းမြန်တယ်။ ကိုဗစ်အလွန်ကာလမှာ ကာကွယ်ရေးနည်းလမ်းတွေ ဆက်မလုပ်ကြတော့တာကြောင့် တုပ်ကွေးက ပိုကူးနေကြတယ်လို့ဆိုပါတယ်။
- ဖျားနေတဲ့သူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။
- ဖျားနေရင် ဖျားချင်သလိုဖြစ်နေရင် အပြင်တွေလျှောက်မသွားဘဲ အိမ်မှာပဲနားပါ။
- မက်စ်ပြန်တပ်ပါ။
- လက်ဆေးတာကို သေချာပြန်လုပ်ပါ။
- မျက်စိ၊ ပါးစပ်၊ နှာခေါင်းတွေကို လက်နဲ့မကိုင်ပါနဲ့။ မျက်နှာကို မကြာခဏမကိုင်ပါနဲ့။
- ဒီအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေရမယ်။ အာဟာရပြည့်အောင်စားရမယ်၊ အိပ်ရေးဝအောင်အိပ်ရမယ်။ ကိုယ့်ကိုယ်ဂရုစိုက်ရမယ့်အချိန်ဖြစ်ပါတယ်။
- ကလေးတွေဖျားနေရင် ကျောင်းမလွှတ်ပါနဲ့။
- တုပ်ကွေးကာကွယ်ဆေး လက်လှမ်းမီရင်ထိုးပါ။ အထူးသဖြင့် ၅နှစ်အောက်၊ အသက် ၆၅နှစ်အထက်၊ သွေးတိုးဆီးချိုလို နဂိုရောဂါအခံရှိသူတွေ ပိုထိုးသင့်ပါတယ်။
တော်တော်ခံနေကြရတယ်ဆိုတဲ့အတွက် မပေါ့ကြဖို့ သတိပေးပါတယ်။ ကိုယ်ဖျားနေရင်ရော ကိုယ့်အနီးနားမှာဖျားတဲ့သူတွေ ရှိနေရင်ရော သေချာဂရုစိုက် ကာကွယ်ကြပါ။
ပုံမှန်အားဖြင့်တော့ ၁ပတ်လောက် ဖျားတတ်ကြတယ်။ အဖျားကြီးတတ်တယ်။ ချောင်းဆိုး၊ နှာစေး၊ ခေါင်းကိုက်၊ ကိုယ်တွေလက်တွေကိုက်ခဲ နုံးချိပြီး ခေါင်းမထူနိုင်အောင် ခံနေကြရတယ်။ လည်ချောင်းနာတာ၊ ကြွက်သားတွေနာကျင်နေတာနဲ့ ချမ်းတုန်တာတွေလည်းဖြစ်နိုင်တယ်။
- အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေး၊ နှာစေးနှာပိတ်သက်သာတဲ့ဆေးတွေသောက်လို့ရတယ်။ ဥပမာ ပါရာစီတမောလ်၊ ဘိုင်အိုဂျက်ဆစ်၊ အလက်ဆန် သောက်လို့ရတယ်။ နှာမွှန်နှာစေးနေရင် Citrizine, Loratidine လိုဆေးမျိုးတွေသောက်လို့ရတယ်။ ကိုယ်ပူရုံပဲဆိုရင် ပါရာသောက်၊ အရမ်းကိုက်ခဲတအားဆိုးနေရင် အလက်ဆန်လိုမျိုး အကိုက်အခဲပျောက်ဆေးပါတာသောက်ပါ။ သတိထားရမှာက အနည်းဆုံး ၆နာရီခြားရမယ်။ အကိုက်ခဲပျောက်ဆေးသောက်မယ်ဆိုရင် အစာစားပြီးမှ သောက်ရမယ်။
- ချောင်းဆိုးရင် ချယ်ရီကော့ဖ်လိုချောင်းဆိုးပျောက်ဆေးအရည် သောက်လို့ရတယ်။ လည်ချောင်းယားရင် ပူရှိန်းလို သကြားလုံးလေးတွေ ငုံလို့ရတယ်။
- ရေဓာတ်ပြည့်ဝနေအောင်နေရမယ်။ ဓာတ်ဆား ဒါမှမဟုတ် သီးစုံဓာတ်ဆားသောက်ပါ။ ချိုချိုအေးအေးမှဆိုရင် Royal-D လိုမျိုး ဓာတ်ဆားဖျော်ရည်သောက်လို့ရတယ်။ ရေဓာတ်ပြည့်ဝနေမှ မြန်မြန်ပြန်ကောင်းမယ်။
- အနားကောင်းကောင်းယူပါ။ အစာမစားချင်ဖြစ်လိမ့်မယ်။ သည်းခံပြီး ဝင်အောင်စားရမယ်။ အာဟာရပြည့်ဝတာလေးတွေ ရွေးစားမယ်။ မစားရင် ဖျားတာပိုကြာနိုင်လို့ ဝင်အောင်စားရမယ်။
- ရေချိုးလို့ရတယ်။ အဖျားအရမ်းတက်နေရင် ရေချိုးချလို့ရတယ်။ ရေနွေးလေးနဲ့ လန်းသွားအောင်ချိုးချင်လည်းရတယ်။
အသက်ရှူကျပ်လာတာ၊ ရင်ဘတ်တွေတအားအောင့်တာ၊ အရမ်းအန်တာ၊ အစာလုံးဝမဝင်တာ၊ အဖျားတာရှည်နေတာ (၁ပတ်ကျော် ၂ပတ်)၊ အရောင်ရင့်တဲ့ချွဲတွေထွက်နေတာ၊ ဆေးသောက်ပေမယ့်လည်း လုံးဝမသက်သာဖြစ်နေတာ၊ အစက်အပျောက်တွေပေါ်လာတာဆိုရင် ဆေးရုံဆေးခန်းသွားရမယ်။
အရာရာကို လက်တွေ့ဖြင့် ပေါင်းစပ်သင်ယူမှသာ အောင်မြင်ပါမည်။ တတ်ပါမည်။
သတိပြုစရာရောဂါ။
ကြွက်ရဲ့သေးက သေတတ်လား
ကြွက်သေးစွန့်ထားတဲ့ဟင်းခွက်ကို စားမိလို့ သေတယ်ဆိုတာတွေ့မိမှာပါ။ တချို့တွေ ကြွက်ကလေးတွေ မွေးထားတာလည်းရှိတော့ ကြွက်ရဲ့သေးက လူကို သေစေနိုင်တဲ့အထိ အန္တရာယ်ရှိလားလို့ သိချင်ကြမယ်ထင်တယ်။
သက်ရှိတိုင်းကတော့ ရောဂါသယ်နိုင်တာချည်းပဲ။ ကြွက်မှတင်မဟုတ်ဘူး။ ကြောင်တွေ ခွေးတွေနဲ့ ရှဉ့်၊ ယုန် အစရှိတာတွေလည်း ရောဂါသယ်နိုင်ကြပါတယ်။ အဲဒီထဲ ကြွက်တွေကတော့ ညစ်ပတ်ပြီး ပိုရောဂါစုံတာပေါ့။ ပိုဆိုးတာက သူတို့ဆီမှာ ရောဂါလက္ခဏာမပြ ကျန်းကျန်းမာမာရှိကြပေမယ့် လူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေမှာတော့ ရောဂါတွေဖြစ်စေတယ်။
- ကြွက်ရဲ့ သေး၊ မစင်၊ ကြွက်ကိုက်ခံရတာတွေကနေ ရောဂါကူးနိုင်သလို
- ကြွက်ကိုယ်မှာ တွယ်ကပ်နေတဲ့ သန်းနဲ့ ပိုးမွှားတွေကြောင့်လည်း ရောဂါကူးနိုင်တယ်။ ဥရောပမှာ လူဦးရေ ၃ပုံတစ်ပုံကို သေဆုံးစေခဲ့တဲ့ Black death ဆိုတာဟာ ကြွက်သန်းကနေကူးစက်တဲ့ ပလိပ်ရောဂါဖြစ်တယ်။ လူပေါင်း သန်း ၂၀၀ လောက်ထိ သေဆုံးစေခဲ့တယ်။
အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်တာဆိုရင်တော့ ကြွက်သေးကနေတဆင့်ကူးစက်တဲ့ Leptospirosis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်မယ်။ ကြွက်ရဲ့ သေး၊ မစင်တို့မှာ ဒီပိုးက ရှိနေပြီးတော့ လူနဲ့ထိတွေ့မိမယ် ဥပမာ ရေကူးတာမျိုး။ ဒါမှမဟုတ် အစားအသောက်ကနေတဆင့် စားမိသောက်မိမယ်ဆိုရင် လူ့ခန္ဓာကိုယ်ထဲကို ဒီပိုးရောက်လာနိုင်တယ်။ ကြွက်ရဲ့သေး၊ မစင်တွေက ခြောက်သွေ့ပြီး အမှုန်တွေအဖြစ်လွင့်နေတာကို ရှူမိတာ၊ အနာရှိနေတဲ့အရေပြားနဲ့ ထိတွေ့မိတာ၊ ကြွက်ကိုက်ခံရတာတွေမှာလည်း ဒီပိုးက ကူးစက်နိုင်တယ်။ ကြွက်တွေမှာ ရောဂါလက္ခဏာမပြဘူး ဒါကြောင့် ကြွက်တွေအများကြီးမှာ ကူးစက်နေနိုင်တယ်။ လူတွေမှာတော့ လက္ခဏာ မပြတာမျိုးဖြစ်နိုင်သလို ကျောက်ကပ်ပျက်စီးတာ၊ ဦးနှောက်အမှေးပါးရောင်တာ၊ အသည်းပျက်စီးတာနဲ့ အသက်ရှူလမ်းကြောင်းပြဿနာဖြစ်တာ၊ အသက်သေဆုံးတာတွေအထိ ဖြစ်နိုင်တယ်။
ဒီရောဂါက အဆင့်နှစ်မျိုးနဲ့ လက္ခဏာပြလေ့ရှိတယ်။
- ပထမအဆင့်မှာ အဖျားတက်မယ်၊ ခေါင်းကိုက်မယ်၊ ချမ်းတုန်မယ်၊ ကြွက်သားတွေနာကျင်ကိုက်ခဲပြီး အော့အန်မယ်။ အစက်အပျာက်တွေထွက်မယ်။ ၃ ရက်ကနေ ၅ ရက်အကြာမှာပြန်ကောင်းသွားနိုင်တယ်။ ပင်ပန်းနွမ်းနယ်နေတာနဲ့ စိတ်ကျရောဂါတွေကိုတော့ ဆက်ခံစားရတတ်တယ်။
- မပျောက်သွားဘူးဆိုရင်တော့ ဒုတိယအဆင့်ထိ ဆက်ဖြစ်နိုင်တယ်။ အသားတွေဝါလာတာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာတွေဖြစ်နိုင်တယ်။ ဦးနှောက်အမှေးပါးရောင်တာကြောင့် တက်တာ၊ သတိလစ်သွားတာမျိုးတွေဖြစ်နိုင်မယ်။ အရမ်းဆိုးလာရင်တော့ ကျောက်ကပ်၊ အသည်းနဲ့ အသက်ရှူလမ်းကြောင်းပျက်စီးတာတွေဖြစ်ပြီး သေဆုံးနိုင်တယ်။
ဘယ်လိုကာကွယ်မလဲ။
- ညစ်ပတ်တဲ့ ရေတွေနဲ့ မထိတွေ့မိအောင် အတတ်နိုင်ဆုံးရှောင်သင့်တယ်။
- အနာတွေဘာတွေရှိတယ်ဆိုရင် ဖုံးအုပ်ထားရမယ်။ အထူးသဖြင့် ရေထဲသွားဖို့ရှိတယ်ဆိုရင် အနာတွေကို ရေစိုခံပလာစတာနဲ့ ဖုံးအုပ်ရမယ်။
• သန့်ရှင်းရေးလုပ်တဲ့အခါ ညစ်ပတ်နေတာတွေကို ရှင်းလင်းတဲ့အခါ မျက်နှာဖုံးတပ်ပြီး လက်အိတ်စွပ်သင့်တယ်။
• မသန့်တဲ့ရေနဲ့ထိတွေ့ပြီးရင် ရေသန့်နဲ့ အမြန်ဆုံးပြန်ဆေးကြောသင့်တယ်။
• ဖုံးအုပ်ထားခြင်းမရှိတဲ့ အစားအသောက်တွေကို မစားသင့်ဘူး။ ပူပူလောလောပြင်ဆင်ထားတဲ့ အစားအသောက်တွေပဲ စားသင့်တယ်။
• မွေးထားတာမဟုတ်တဲ့ ကြွက်တွေကိုရှင်းလင်းသင့်တယ်။
ကုသလို့မရဘူး ဖြစ်ရင်သေတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ကုလို့ရတယ်။ အချိန်မီကုသရင် သက်သာပျောက်ကင်းပါတယ်။
ရည်မှန်းချက်ရှိပြီး ကြိုးစားတဲ့သူတွေအတွက် ဂုဏ်ရည်က အမြဲဂုဏ်ပြုနေပါတယ်။
အကူသူနာပြုသင်တန်း အပတ်စဉ် ၇ ကို မေလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ပါမည်။ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။
မြန်မာနှစ်သစ်အချိန်အခါမှစ၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း ဂုဏ်ရည်မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါသည်။
Graduation day
All the best my dear
ခေါင်းမဖော်နိုင်တော့ဘူး။😊🥰
အင်္ဂလိပ်စာ လုပ်ထားကြပါ။ မကြာမှီ ပိုကောင်းတဲ့ အစီအစဉ်လေး လာပါတော့မည်။
အကူသူနာပြု သင်တန်းသစ်အား မတ်လ ၆ ရက်နေ့တွင် ဖွင့်လှစ်ပါမည်။ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီရှင့်။
cc (စီစီ)ဆိုတာ ဘာလဲ။
Adrenalin 1:1000 ဆိုတာ ဘာလဲ။
1% - 2% lignocaine ဆိုတာမှာ % က ဘာအဓိပ္ပါယ်လဲ။
"cc (စီစီ)ဆိုတာ ဘာလဲ။"
1 cc syringe ၊ 3 cc syringe ၊ 5 cc ၊ ကားတွေမှာလည်း 1300 cc (1.3) ၊ 2000 cc (2.0) စသဖြင့် ပြောလေ့ရှိကြပါတယ်။
cc = cubic centimetre ပါ။
1 cm ပတ်လည်ရှိတဲ့ ကုဗတုံးရဲ့ ထုထည် (volume) ကို ခေါ်တာပါ။
1 cc = 1 cm^3 ၊ ဒီပမာဏဟာ ရေဆိုရင် 1 mL (millilitre) မေးလ် / မီလီလီတာ နဲ့လည်း တူပါတယ်။ ဒါကြောင့်
1 cc = 1 cm^3 = 1 mL
ရေ တလီတာဗူး (1 L = 1 Litre) ဆိုရင်
1 L = 1000 mL (m = milli = 10^-3)
1 L = 1000 mL = 1000 cc
နောက်တခု သိရမှာက ရေ 1 cc = 1 g (at 3.98°C)
ရေ 1 cc ဟာ 1 g လေးတယ်ဆိုတာကိုပါ။ ဒါကိုသိရင် ဆေးတွေဖျော်ရတာ လွယ်ပါပြီ။
"Adrenalin 1:1000 ဆိုတာ ဘာလဲ။"
1 cc ampule မှာ adrenalin 1 mg ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဘယ်လို ရတာလဲ။
1:1000 =
1 part of something in 1000 parts of water
Adrenalin (1:1000)
1 part of adrenalin : 1000 parts of H2O
1 g of adrenalin : 1000 g of H2O
(ရေ 1 g ဟာ 1 cc ရှိတဲ့အတွက်)
1 g of adrenalin : 1000 cc of H2O (g = cc)
1 g : 1000 cc
1000 mg : 1000 cc (1 g = 1000 mg)
(နှစ်ဘက်လုံးကို 1000 နဲ့ ÷)
--> 1 mg : 1 cc
--> 1 mg/cc
--> 1 cc မှာ adrenalin 1 mg ပါပါတယ်။
% ဆိုတာကော ဘာလဲ။
(100) တရာပေါ်မှာ အခြေခံပြီးပြောတာက % (ရာခိုင်နှုန်း) ပါ။
2% lignocaine
--> 2/100 lignocaine = 2:100
--> 2 parts of lignocaine : 100 parts of H2O
--> 2 g : 100 g
(ရေ 1 g ဟာ 1 cc ရှိတဲ့အတွက်)
--> 2 g : 100 cc
(both sides ÷ 100)
0.02 g : 1 cc
20 mg : 1 cc (1 g = 1000 mg)
20 mg/cc
2% lignocaine 1 cc မှာ 20 mg ပါပါတယ်။
0.5 % bupivacaine
--> 0.5/100 bupivacaine = 0.5:100
--> 0.5 part of bupivacaine : 100 parts of H2O
--> 0.5 g : 100 g
(ရေ 1 g ဟာ 1 cc ရှိတဲ့အတွက်)
--> 0.5 g : 100 cc
(both sides ÷ 100)
0.005 g : 1 cc
5 mg : 1 cc (1 g = 1000 mg)
5 mg/cc
0.5% bupivacaine 1 cc မှာ 5 mg ပါပါတယ်။
အဲ့တော့ % ဆိုရင် အလွယ်က အဲ့ဒီ % ကို 10 နဲ့ မြှောက် ( = ဒဿမ တလုံး နောက်ဆုတ်) လိုက်ရင် 1 cc မှာပါတဲ့ mg ပမာဏ ရပါတယ်။
0.25% --> 2.5 mg/cc (0.25% bupivacaine)
0.5 % --> 5 mg/cc (0.5% bupivacaine)
1% --> 10 mg/cc (1% lignocaine)
2% --> 20 mg/cc (2% lignocaine)
4% --> 40 mg/cc (4% lignocaine)
5% --> 50 mg/cc (5% DW)
10% --> 100 mg/cc (10% DW)
ဆေးတွေမှာ
၁) each mL မှာ ဘယ်လောက် mg ပါတယ်။
၂) 1:1000 ၊ 1:80,000 ၊ 1:200,000 စသဖြင့် အချိုးနဲ့ ဖော်ပြတယ်။
၃) 0.5 % ၊ 2% ၊ 4% စသဖြင့် % နဲ့ ဖော်ပြတယ်။
ဆိုပြီး ၃ မျိုး ရှိပါတယ်။
နံပါတ် (၁) က each mL မှာ ဘယ်လောက် mg ပါတယ်လို့ ပြောထားတော့ အဲ့အတိုင်း တွက်ရုံပါပဲ။ နံပါတ် (၂) နဲ့ (၃) ကသာ မသိရင် ရှုပ်နေမှာပါ။ အခုတော့ ရှင်းလောက်ပြီ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Crd.Myanmar Anaesthesiology
ကိုးကား
https://en.wikipedia.org/wiki/Cubic_centimetre
An Introduction to Pharmacology and Drug Doses
https://www.google.com/url?sa=t&source=web&rct=j&url=https://e-safe-anaesthesia.org/e_library/03/Pharmacology_and_drug_doses_an_introduction_Update_2008.pdf&ved=2ahUKEwiqruP5uLr8AhVxU2wGHXFjDaMQFnoECAcQBg&usg=AOvVaw3GeH4MOV6jseMbp4EKDLqN
ကျေးဇူးတော်ကြောင့် တစ်နှစ်သားလေးပြည့်ခဲ့ပါပြီ။
စားပြီးထွေဖို့အဆင်သင့်ပဲ။ 😁
Merry Christmas to all family, friends, colleagues and students
မနက်ဖြန် တွေ့ကြရအောင်။ ကျောင်းပြီးသွားတဲ့သူတွေရော အိမ်ထောင်ကျသွားတဲ့သူတွေရော အားလုံးဖိတ်တယ်နော်။ 😊
သင်တန်းအပတ်စဥ် ၅ ကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ်ပါမည်။ ကြိုတင်စာရင်းပေးနိုင်ပါကြောင်း သတင်းကောင်းပါးပါသည်။
ဆေးရုံဆေးခန်း အသီးသီးမှာ အလုပ်ရသွားကြတဲ့ သား၊သားမီးများကို ဂုဏ်ပြုပါတယ်။ အဆင်ပြေ အောင်မြင်ကြပါစေလို့ မေတ္တာဆန္ဒပြုပေးပါတယ်။
သင်တန်းက စီးပွါးဖြစ် ဖွင့်လှစ်တာမဟုတ်ပါဘူး။ လူငယ်တွေအတွက် ဖြောင့်မတ်မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုအဖြစ်နဲ့ လူသားအကျိုးပြု လုပ်ငန်းလေးလုပ်ရဖို့ ဖန်တီးပေးဖြစ်တာပါ။
သည်လို ပြုံးပန်းဝေသည့် သင်တန်းတက်ရန် ၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ ဖွင့်လှစ်မည့် တန်းခွဲသစ်အတွက် ကြိုတင်အပ်နှံနိုင်ပါသည်။
30/10/22 3rd batch
Memories of closing ceremony
ပွဲမဝင်ခင် အပြင်က ကျင်းပ
Practical ကို သေချာလုပ်မှ လုပ်ငန်းခွင်မှာ အဆင်ပြေကြမှာပါ။
ဗဟုသုတ ဖြစ်စေရန် မျှဝေပါသည်။
SLE (Systemic Lupus Erythematosus) နှင့် အာဟာရ
ဒီတစ်ပတ်မှာတော့ SLE လူနာတွေအတွက် ဘာအစားအစာတွေ စားရမလဲ
ဘယ်အစားအသောက်တွေကို ရှောင်ရမလဲဆိုတာ ဖော်ပြပေးသွားပါမယ်။
🔸 SLEကို အရေပြားလေးဘက်နာ လို့ လူသိများပါတယ်။
🔹ဘာကြောင့်ဖြစ်ရလဲ?
ဖြစ်စေတဲ့အကြောင်းကတော့ Autoimmune လို့ခေါ်တဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ကိုယ့်ကို ပြန်ပြီး တိုက်ခိုက်တဲ့အတွက် SLE ဝေဒနါ ခံစားရတာပါ။
တချို့တွေမှာ သိပ်မပြင်းထန်ပေမယ့် တချို့သောသူတွေမှာတော့ ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းပြီး ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ရှိတတ်ပါတယ်။
တချို့မှာ အရေပြားမှာ အကွက်တွေ ထွက်တာ၊ နေပူထဲသွားရင် အကွက်တွေ ပိုဆိုးတာလောက်ပဲ ခံစားရတတ်ပါတယ်။
တချို့မှာတော့ အရေပြား အပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါရောင်ရမ်းတာ၊
အရိုးအဆစ်တွေ
အာရုံကြော
ကျောက်ကပ် စတာတွေပါ ထိတာမျိုး ဖြစ်တတ်ပါတယ်။
🔹SLE နဲ့ အစားအသောက်ပုံစံ
SLE ဝေဒနါရှင်တွေမှာ
- နှလုံးသွေးကြောကျဥ်းတာ
-သွေးတွင်းအဆီဓာတ်တွေ မညီမျှတာ၊ များတာတွေ
-အသားဓာတ် မညီမျှတာတွေက
တခြားသူတွေထက် ဖြစ်နိုင်ခြေ များတဲ့အတွက် အစားအသောက်ပုံစံ သတိထား စားပေးဖို့ အရေးကြီးပါတယ်။
🔸ဘာတွေရှောင်သင့်လဲ?
-ပြည့်ဝဆီ အသွင်ပြောင်းဆီ ရှောင်ပါ။
-အနီရောင်အသား
-ဝက်ဆီ
-ကြက် ဘဲ အရေခွံ
-ထောပတ်
-မလိုင်ပြည့်နို့
-အုန်းဆီ၊ အုန်းနို့
-စားအုန်းဆီ
-ပြန်ကြော်ဆီ
-အသင့်စား အစားအသောက်တွေ
-နှစ်ပြန်ကြော်တွေ စတာတွေကို ရှောင်ကြဥ်သင့်ပါတယ်။
✅ဘာတွေစားသင့်လဲ?
-ကြက်သား (အရေခွံမပါ)
-ငါး
-ကြက်ဥ အကာ
-မလိုင်ထုတ်ထားတဲ့ နို့ စတာတွေ စားပေးနိုင်ပါတယ်။
ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေ
-မပြည့်ဝဆီတွေ ဥပမာ
-ပဲပိစပ်ဆီ
-မြေပဲဆီ
-နေကြာဆီ
-သံလွင်ဆီ အပြင်
အစေ့အဆံတွေ
-မြေပဲ
-ဗာဒန်စေ့
-ထောပတ်သီး စတာတွေ စားပေးနိုင်ပါတယ်။
ဗီတာမင် E ကြွယ်ဝသလို အိုမီဂါ သရီး ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။
✅အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ
-အသီးအရွက် သစ်သီးတွေ များများစားပေးပါ။
-SLE ဝေဒနါ ခံစားရသူတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ Antioxidants များများ စားပေးခြင်းက ကိုယ်အင်္ဂါ ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် အမျှင်ဓာတ် ကြွယ်ဝအောင် စားပေးဖို့လည်း လိုပါတယ်။
အကြောင်းက အမျှင်ဓာတ်ဟာ သွေးထဲမှာ ကိုလက်စထရော စုပ်ယူမှုရော
ေသွးတွင်းအချိုဓာတ် မြင့်တက်မှုကိုပါ လျှော့ချပေးနိုင်တဲ့ အတွက်ပါ။
စတီးရွိုက်ဆေး ေသာက်နေရတဲ့ SLE လူနာတွေအနေနဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်တာကို ခံစားရပါတယ်။
သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ စားပေးခြင်းက အမျှင်ဓာတ်ရော Antioxidants ပါ ကြွယ်ဝစွာ ရစေတဲ့အတွက် သွေးတွင်းအဆီဓာတ် လျှော့ချပေးခြင်းအားဖြင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို သွေးတွင်းအချိုဓာတ် တက်တာကိုပါ အနည်းနဲ့အများ ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်တွင်းအင်္ဂါ ရောင်ရမ်းတာကို သက်သာစေခြင်း စတဲ့ ကောင်းကျိုးတွေ ရစေနိုင်ပါတယ်။
-အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဥပမာ ဟင်းနုနယ်ရွက်
-ဌက်ပျောသီး
-လိမ္မော်သီး
-ပဲအမျိုးမျိုး
စတာတွေ စားပေးပါ။
-အစေ့အဆံတွေ
-ဆန်လုံးညို
-ပေါင်မုန့်ကြမ်း
စတာတွေ စားပေးပါ။
ဆီပြန်ချက်တာ၊ ကင်တာ တွေအစား
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ချက်ပြုတ်နည်းတွေဖြစ်တဲ့
ပြုတ်တာ
ပေါင်းတာ
ပြုတ်ကြော်တာ စတဲ့ နည်းတွေနဲ့ ချက်ပြုတ်ပေးပါ။
✅အငန်ဓာတ် လျှော့စားဖို့လည်း လိုပါတယ်။
SLE ရောဂါ ကိုယ်တိုင်ကိုက ကျောက်ကပ် ထိခိုက်တတ်သလို နှလုံးရောဂါ သွေးတိုးတာတွေပါ ဖြစ်စေနိုင်တဲ့အတွက် အငန်ဓာတ်များတာတွေ ရှောင်ပါ။
-အသင့်စား အစားအစာတွေ
-အသီးခြောက်တွေ
-ငါးပိ ငါးခြောက်
-အချဥ်ထုပ်တွေ
-သနပ်စုံတွေ
-ကြက်အူချောင်း ဝက်အူချောင်း
-စည်သွပ်ဘူးတွေ ရှောင်ပေးပါ။
✅ကယ်လ်စီယမ် ဗီတာမင် ဒီ ကြွယ်ဝတာတွေ စားပေးပါ။
အရိုးပါ ဝါးစားလို့ရတဲ့ ငါးသေးသေးလေးတွေ
အဆီထုတ်ထားတဲ့ နွားနို့
ပဲနို့
စတာတွေ စားနိုင်ပါတယ်။
✅ လေ့ကျင့်ခန်း တစ်ခုခု မှန်မှန်လုပ်ပေးပါ။
စတီးရွိက်ဆေး သောက်နေရသုတွေမှာ အရိုးပွခြင်း ဖြစ်တတ်တာကြောင့် ကယ်လ်စီယမ်၊ဗီတာမင်ဒီ ကြွယ်ဝတာတွေ စားပေးတာအပြင်
လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးခြင်းကလည်း ကိုယ်အလေးချိန် မတက်အောင် ကူညီပေးသလို အရိုးပွခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ
DR. Christine: Nutrition Diary
ကျင့်ပါကျင့်ပါ မမရာ 🥰
Home base learning
Sweet girls
Another milestone
လူနာဆေးမှတ်တမ်း အရေးကြီးပုံ။
လူနာမှတ်တမ်း ဘယ်သူပိုင်လဲ။
(Family Physician တစ်ဦးရဲ့ အမြင်)
*******************************************
Patient Record ဘယ်သူပိုင်လဲ ဆိုတာ ကျွန်တော်တို့ဆီမှာ မရှင်းမလင်းဖြစ်တတ်ကြတယ်။
“လိုတိုရှင်းပြောရရင် patient record ကို ဆေးရုံ၊ဆေးခန်းကပိုင်ပြီး record အထဲက patient data ကို ကာယကံရှင် လူနာ က ပိုင်တယ်။”
👉 လူနာမှတ်တမ်း (patient record) ဘာ အတွက်ထားရလဲ။❓❓
လူတစ်ဦးရဲ့ ဘဝမှာ ကျန်းမာရေးရဲ့သဘောဟာ မွေးသည်မှ သေသည်အထိ အပြောင်းအလဲတွေ ရှိသလို ကျန်းမာရေးကိစ္စရပ်တွေဟာ အရှေ့ အနောက် အချိန်ကာလတွေ ဆက်စပ်မှုရှိနေတတ်ပါတယ်။ အဲ့ဒီကိစ္စတွေဟာ ဆေးကုသမှုပေးရာမှာ စဉ်းစားပေးမယ့် ဆရာဝန်အတွက် အရေးကြီးတယ်။ သာမန်လူတစ်ဦးအနေနဲ့ မိမိရဲ့ ကျန်းမာရေးပြဿနာတွေကို စိတ်ထဲမှာ အလုံးစုံ မှတ်မိဖို့ ခက်ခဲတဲ့အခါ လူနာမှတ်တမ်းထားရှိခြင်းဟာ အရေးပါလာပါတယ်။
👉 Patient record ဘယ်သူသိမ်းမလဲ။ ❓❓
Patient record လို့ ပြောရာမှာ medical record နဲ့ personal health record ရယ်လို့ အသေးစိတ်ခွဲခြားလို့ရပါတယ်။ “Medical Record” မှာ လူနာတစ်ဦးရဲ့ ဆေးကုသမှု အသေးစိတ် (presenting symtoms, diagnosis, treatment, medication) ကို medical jargon များဖြင့် ဖြည့်ထားပြီး ဆေးရုံ၊ဆေးခန်းတွေမှာ သိမ်းဆည်းထားလေ့ရှိပါတယ်။ “Personal Health Record” ကတော့ လူနာရဲ့ ကျန်းမာရေးအခြေအနေကို အနှစ်ချုပ်ရေးသားထားပြီး လူနာကိုယ်တိုင်က သိမ်းဆည်းထားလေ့ရှိပါတယ်။
Good medical practice အရ
- ဆေးရုံ၊ဆေးခန်းတွေဟာ လူနာမှတ်တမ်းကို သိမ်းဆည်းပေးရမယ့် တာဝန်ရှိပါတယ်။
- သို့သော် လူနာက လိုချင်တယ်ဆိုပါက မည်သည့်အချိန်မဆို လူနာကိုယ်တိုင် လာတောင်းယူမယ်ဆိုရင် ဆေးရုံ၊ဆေးခန်းက copy ပေးရမယ့် တာဝန်လည်း ရှိပါတယ်။
- Third party ခေါ် အခြားသူတစ်ဦး၊ အဖွဲ့တစ်ဖွဲ့ (ဥပမာ - အာမခံကုမ္ပဏီ၊ အလုပ် ကုမ္ပဏီ) က လာတောင်းတယ်ဆိုရင်တော့ လူနာခွင့်ပြုချက်မပါဘူးဆိုရင် ဆေးရုံ၊ဆေးခန်းက ထုတ်ပေးခွင့်မရှိပါဘူး။
- ဥပဒေရေးရာကိစ္စများအတွက် တောင်းယူခြင်းဖြစ်ပါက ရုံးစာ လိုအပ်ပြီး record ထဲမှ မဖြစ်မနေ ထုတ်ပေးရမည့် အစိတ်အပိုင်း တချို့ကိုသာ လူနာခွင့်ပြုချက်ဖြင့် ဆရာဝန်က တာဝန်ခံပြီး ထုတ်ပေးရမှာ ဖြစ်ပါတယ်။
- မိမိ၏ ဆေးရုံတက်မှတ်တမ်း၊ လူနာမှတ်တမ်းများကို ဖျက်စီးပေးရန် လူနာမှ ဆေးရုံ၊ဆေးခန်းကို တောင်းဆိုခွင့်မရှိပါ။
👉 မြန်မာနိုင်ငံမှာ patient record သိမ်းဆည်းမှု အနေအထားက ဘယ်လို ဖြစ်နေလဲ။ ❓❓
မြန်မာနိုင်ငံမှာက လူနာမှတ်တမ်း သိမ်းဆည်းမှု အနေအထားဟာ standard ဖြစ်မနေပါဘူး။ ဟိုး အရင်ကတည်းက လူနာတွေက ကိုယ့်မှတ်တမ်းကို ကိုယ့်ဘာသာ သိမ်းဆည်းနေရပါတယ်။
လူနာမှတ်တမ်းကို လူနာကိုယ်တိုင်သိမ်းဆည်းခြင်းကောင်းကွက်က
- မိမိ ကြိုက်နှစ်သက်တဲ့အချိန် ကြိုက်တဲ့ဆရာဝန်/ ကြိုက်နှစ်သက်တဲ့သူကို ပြခွင့်ရှိတာပါ။
မကောင်းတာကတော့
- အခြားသူကို မသိစေလိုတဲ့ရောဂါ (ဥပမာ - HIV) လိုမျိုးကို မှတ်တမ်းစာအုပ်ကတဆင့် တွေ့မိနိုင်ခြင်း
- ဆေးမှတ်တမ်း နေရာထားမှား ပျောက်ခြင်း
- မှတ်တမ်းများ ရေစို ပျက်စီးခြင်း
- ECG စာရွက်များ အချိန်ကြာလာသည့်အခါ အရောင်မှိန်တတ်ခြင်း (အချို့စာရွက်များသာ)
- ဓာတ်မှန်များ ခေါက်ချိုးသိမ်းထားမိ၍ ဖတ်မရခြင်း
- အခြား ဆရာဝန်၏ လက်ရေး notes များကို နောက်ဆရာဝန်က ဖတ်မရခြင်း
- မိမိဘာသာ ဆရာဝန်ပြသည့်အချိန် လိုအပ်သည့် စာရွက်စာတမ်း ပါမလာခြင်း
- ဆရာဝန်တစ်ယောက်ပြ စာအုပ်တစ်အုပ်ဖြစ်ခြင်း (တစ်ခါပြ တစ်အုပ်ဖြစ်တာတောင် ရှိသေး😁)
- ဆေးမှတ်တမ်း တစ်ထပ်ကြီးကို ရက်စွဲအစဉ်လိုက် စီ မထား၍ ပြန်လည်ရှာဖွေရခက်ခြင်း စသည်တို့ တွေ့ရပါတယ်။
လူနာမှတ်တမ်းကို ဆေးရုံ၊ ဆေးခန်းမှာ တာဝန်ယူ သိမ်းထားတာရဲ့ ကောင်းကွက်ကတော့
- လူနာ လိုအပ်ချိန်မှာ လာရောက်တောင်းယူနိုင်ခြင်း
- စနစ်တကျ သိမ်းဆည်းထားခြင်း
- လူနာက အခြားဆရာဝန်ကို ပြသလိုပါက ထိရောက်သည့် effective referral စာ ရေးပေးနိုင်ခြင်း
- ရုံးမှ ဥပဒေရေးရာကိစ္စ တောင်းခံလာပါက အဆင်ပြေအောင် ကူညီပေးနိုင်ခြင်း တို့ဖြစ်ပါတယ်။
မကောင်းတာတွေက
- စာရွက် ဆေးမှတ်တမ်းများ ဖောင်းပွ၍ သီးသန့်သိမ်းဆည်းရခြင်း (အခုအခါ electronic medical record စနစ်ကြောင့် ကျစ်လျစ်လာပါတယ်။)
- သိမ်းဆည်းထားသည့် မှတ်တမ်းများ ပျောက်ဆုံးခြင်း
- လူနာမှ မိမိဘာသာ ကြိုက်နှစ်သက်ရာ ဆရာဝန်ကို ချက်ချင်း မပြသနိုင်ခြင်း
- လူနာမှတ်တမ်း အရေးပေါ်လိုအပ်ပါက ဆေးရုံ၊ဆေးခန်းများမှ ချက်ချင်းထုတ်မပေးနိုင်ခြင်း တို့ ရှိပါတယ်။
အခုအချိန်အခါမှာ မြန်မာနိုင်ငံမှာ လူနာမှတ်တမ်းကို အထွေထွေရောဂါကုဆေးခန်းတွေက Family Practice လုပ်သူဆရာဝန်များက လူနာကိုယ်စား စနစ်တကျ သိမ်းဆည်းထားပေးကြပါတယ်။ အထူးကုဆေးခန်းများ (polyclinic) တွင်တော့ လူနာမှတ်တမ်းကို ဆေးခန်းက တာဝန်ယူ သိမ်းဆည်းခြင်း မလုပ်ပေးပါ။ လူနာမှသာ မိမိဘာသာ တာဝန်ယူသိမ်းဆည်းရပါတယ်။ အထူးကု (၃) ယောက်ပြရလျှင် ဆေးမှတ်တမ်း (၃) အုပ် ဖြစ်နေတတ်ပါတယ်။
ဆေးရုံများတွင်တော့ ဆေးရုံမှတ်တမ်း (hospital admission record) ကို ဆေးရုံတွင် သိမ်းဆည်းထားပြီး လူနာဆေးရုံဆင်းလျှင် လူနာမှ တောင်းယူခွင့် မရှိပါ။ ဆေးရုံဆင်းလက်မှတ် (hospital discharge record) သာ ထုတ်ပေးပါတယ်။ သို့သော် တရားရေးကိစ္စအတွက် လိုအပ်ပါက ကာယကံရှင် လူနာကိုယ်တိုင် ဆေးရုံမှတ်တမ်းများကို မိတ္တူတောင်းယူခွင့် ရှိပါတယ်။
👉 နိုင်ငံတကာ ဆေးမှတ်တမ်း သိမ်းဆည်းပုံ ဘယ်လိုရှိနေလဲ။ ❓❓
ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဆေးမှတ်တမ်းတွေကို ဆေးရုံ၊ဆေးခန်းတွေကပဲ သိမ်းဆည်းပါတယ်။ အနီးစပ်ဆုံး ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ ဆေးရုံဆေးခန်း ပြသူများကို ကြည့်ပါ။ သူတို့လက်ထဲမှာ medical record မရှိပါ။ အများစုက ဆေးကုန်ကျစရိတ် ဘောက်ချာပဲ ရှိပါတယ်။ တချို့ check up လုပ်တဲ့သူတွေ လက်ထဲမှာ check up file ကြီးရှိပါတယ်။ အဲ့ဒါ personal health record ပါ။ သူတို့ရဲ့ medical record က ဆေးရုံ၊ ဆေးခန်းရဲ့ EMR စနစ်ထဲမှာပါ။
နိုင်ငံခြားမှာပဲ ဆေးခန်းပြနေကြတဲ့ တချို့ နာတာရှည်ရောဂါရှင်လူနာများဆိုလျှင် သောက်ဆေးပဲ ရှိပါတယ်။ လိုအပ်ရင် နိုင်ငံခြားထွက်ပြီး ပြန်ပြကြရပါတယ်။ ဆေးမှတ်တမ်းမပေးပါ။ တချို့ ဆေးရုံ၊ဆေးခန်းတွေက summary notes ထုတ်ပေးတာတွေ့ရပါတယ်။
ဖွံ့ဖြိုးပြီး US, UK, australia နိုင်ငံများကတော့ nationwide EMR စနစ်ဖြစ်ကုန်တဲ့အခါ လူနာလက်ထဲ ဘာ patient record မှ သိမ်းစရာ မလိုတော့ပါ။ တစ်ခုခု လိုအပ်ပါက ဆရာဝန်ဘက်က လူနာရဲ့ EMR patient code/ID ကိုကြည့်ပြီး data access လုပ်ရုံပါပဲ။ နိုင်ငံတော်က သူတို့ပြည်သူအတွက် လုပ်ပေးတာပါ။
👉 မြန်မာ General Practice နဲ့ medical record သိမ်းဆည်းပုံ တိုးတက်မှု❓❓
မြန်မာနိုင်ငံရဲ့ General Practice စနစ် အားနည်းမှုကြောင့် ဆိုင်းဘုတ်တောင်တင်စရာမလိုဘဲ ကုတင်တစ်လုံး၊ ခုံတစ်လုံးနှင့် နားကြပ်တစ်စုံ ပုခုံးပေါ်တင် ဆေးကုသလို့ရနေပါတယ်။ သို့ပါသော်လည်း တိုးတက်ချင်တဲ့ GP ဆရာဝန်တွေ၊ လူနာကောင်းကျိုးအတွက် ကြည့်ပေးကြတဲ့ GP ဆရာဝန်များကတော့ medical record ကို ကြိုးစား သိမ်းဆည်းပေးလာကြပါတယ်။
ဆေးခန်းတွေမှာ လူနာကျန်းမာရေးမှတ်တမ်းကို သိမ်းဆည်းထားပေးခြင်းဖြင့် လူနာဘက်က ကျန်းမာရေးကိစ္စ တစ်ခုခု ဖြစ်ရင်ကို သူ့ရဲ့ General Practice ဆေးခန်းမှာ
- လူသက်သက် ဝင်လာပြလို့ရပါတယ်။ မှတ်တမ်းထုပ်ကြီး ထမ်းလာစရာမလိုပါ။
- ရှည်လျားထွေပြား ရောဂါရာဇဝင်ကို ပြန်ပြောစရာမလိုပါ။
- သွေးစစ်၊ ဆီးစစ်၊ ဓာတ်မှန်၊ ECG မှတ်တမ်းများ မလိုအပ်ဘဲ ခဏခဏ ပြန်ရိုက်စရာမလိုပါ။
- နာတာရှည်ရောဂါဆေးများ မှတ်တမ်းပါအတိုင်း ပြန်ဝယ်လို့ရပါတယ်။
- အထူးကုဆီ လွှဲပို့ရန် လိုပါက အရေးကြီးအချက်အလက်များကို GP ဆရာဝန်က အနှစ်ချုပ်ပြီး လွှဲစာအနေနဲ့ရေးပေးလို့ရပါတယ်။
- ရုံးကိစ္စ စာရွက်စာတမ်းလိုအပ်လာပါက ထောက်ခံစာအတွက် မှတ်တမ်းကိုကြည့်ပြီး ပြင်ဆင်ပေးလို့ရပါတယ်။
အထွေထွေကုဆေးခန်းများ နှင့် မိသားစုဆေးခန်းများက အဲ့လို medical record system ကို အဆင့်မြှင့် သိမ်းဆည်းပေးလာကြပါတယ်။ အခုဆို တချို့ဆေးခန်းတွေမှာ paper record မှ electronic medical record စနစ်ကို ပြောင်းသွားကြပါပြီ။
ကျွန်တော်တို့ Family Physician များအနေနှင့် လူနာမှတ်တမ်းကို ဆေးခန်းမှာသိမ်းဆည်းထားပါတယ်။ လူနာက specialist အထူးကုဆရာဝန်နဲ့ ပြတဲ့ ဆေးမှတ်တမ်းသက်သက်ရှိရင်လည်း အထဲက အကြောင်းအရာ အနှစ်ချုပ်ကို မိမိတို့ ဆေးခန်းရဲ့ Clinic medical record မှာ ပြန်ဖြည့်ထားပါတယ်။ လူတစ်ဦးအတွက် ပြည့်စုံတဲ့ medical record ဖြစ်ဖို့ပါ။
👉 အဆင့်မြင့် GP ဆေးခန်းများ၏ လူနာမှတ်တမ်းသိမ်းဆည်းပုံကို ဘယ်သူတွေ သိသင့်လဲ။❓❓
မိမိပြသနေတဲ့ အထွေထွေရောဂါကုဆေးခန်း သို့မဟုတ် မိသားစုဆေးခန်းရဲ့ medical record သိမ်းဆည်းပုံစနစ်ကို လူနာက သိရှိထားဖို့ လိုပါတယ်။
မိမိ အနေနဲ့ အထူးကုဆေးခန်းကို ပြသလိုသည်ဖြစ်စေ၊ အခြား ရုံးကန္နားကိစ္စ ဆောင်ရွက်ရန် ဖြစ်စေ မိမိရဲ့ ဆရာဝန်ကို ဆေးမှတ်တမ်းမိတ္တူ ဖြစ်ဖြစ်၊ လွှဲစာ ဖြစ်ဖြစ်၊ ထောက်ခံစာဖြစ်ဖြစ် သင့်တော်တာ တောင်းဆိုနိုင်ပါတယ်။
လူနာများကို ကြည့်ရှုပေးနေကြတဲ့ specialist အထူးကုဆရာဝန်များ နှင့် ဆေးရုံ hospital MO များကလည်း လူနာလာပြလို့ မှတ်တမ်းမပါတဲ့အခါ မေးရမယ့် မေးခွန်းတစ်ခု ပိုလာပါတယ်။ “ခင်ဗျားမှာ ပုံမှန်ပြနေတဲ့ မိသားစုဆရာဝန်ရှိလား။ သူ့မှာ ခင်ဗျား ကျန်းမာရေးမှတ်တမ်းတွေ ရှိလား။ ရှိရင် တောင်းခဲ့ပေးပါ။” လို့ ပြောရမှာပါ။ လူနာမှတ်တမ်း သူ့မှတ်တမ်း သူမသိမ်းရကောင်းလား စိတ်ဆိုးရမှာမျိုး မဟုတ်ပါ။ လူနာက သူ့ မိသားစုဆရာဝန်ကို ယုံလို့ မှတ်တမ်းတွေ သိမ်းတာ လက်ခံတာလဲ ဖြစ်နိုင်လို့ပါ။
နိဂုံး
ဆေးပညာရှင် ဆရာဝန်ဆရာမ အားလုံးဟာ လူနာကျန်းမာရေးအတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ကြတဲ့အခါ လူနာရဲ့ ကျန်းမာရေးမှတ်တမ်းဟာ အရေးကြီးတဲ့ ကဏ္ဍကနေ ပါလာပါတယ်။ ကိုယ်က လူနာအတွက် အကောင်းဆုံးလုပ်ပေးချင်တဲ့အချိန်မျိုးမှာ လူနာရဲ့ ရောဂါရာဇဝင်က ရှုပ်ထွေး၊ မှတ်တမ်းက မရှိတဲ့အချိန် အင်မတန်မှ စိတ်တိုစရာကောင်းရပ်တယ်။ အဲ့လို အခြေအနေကနေ primary care မှာ အလုပ်လုပ်နေတဲ့ General Practitioners များနဲ့ secondary care က အထူးကုများ၊ ဆေးရုံများ အချိတ်အဆက်မိမိ လုပ်မယ်ဆို ပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်သူကိုပေးနိုင်မှာပါ။
Dr Aung Pyi Soe
3-8-2022
Picture: Clinic Record Shelf at Family Clinic
သင်တန်း အပတ်စဉ်(၃) အား ဩဂုတ်လ ၈ ရက်နေ့တွင် ဖွင့်လှစ်ပါမည်။
အမှတ်တရလေးတွေ ဝေမျှရင်း အောင်မြင်သော နေ့သစ်တွေကို ရန်ခုန်စွာနဲ့ ဖြတ်သန်းနိုင်ဖို့ စောင့်မျှော်ရင်း
#24722
ဟုတ်ကဲ့ Batch 2 ကပါ။
စာတွေ့၊ လက်တွေ့၊ အောင်မှသာ
သင်တန်းမဆင်းချင်ဘူးဆိုလို့ အားလုံးအအောင်ပေးရမည့်အဖွဲ့ကပါ။ 🥰😁
First day at RLE
ဂုဏ်ရည်🥰
လေ့ကျင့်ချိန်
Telephone
Website
Opening Hours
09:00 - 17:00 |