Sharing By 'Phoo'
Body&facial skin care, Slimming &detox
#အလှအပနဲ့ ဗဟုသုတ အကြောင်းရာလေးတွေ စုံစုံလင်လင် သိရအောင် #ဖူးရဲ့ pageလေးကို like & follow လေး လုပ်ထား နော်
အိမ်သုံးပစ္စည်းလေးတွေနဲ့ ဆံသားပျက်စီးခြင်း
မှ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နည်း🌸
(ကျွန်မမှာ ကိုယ်ပိုင်အချိန်လေးတွေရှိလာတဲ့အခါ)
🌻မနက်စောစော ပန်းခြံမှာ လမ်းလျှောက်ပြီး
လေကောင်းလေသန့်လေးရှူမယ်
🌻ဆွမ်းထမင်းဆွမ်းဟင်း ဖွယ်ဖွယ်ရာရာလေး
တွေချက်ပြီး ဆွမ်းတော်ကပ်မယ်
🌻မိသားစုဝင်တွေ အတွက် မနက်စာ နေ့လည်စာ
လေးတွေ ချက်ပေးမယ် စိတ်ကူးပေါက်တဲ့နေ့
လေးတွေ cookieလေးတွေ bakeမယ်
🌻ကိုယ့်ရဲ့ business အတွက် ကိုယ့်ရဲ့ ကိုယ်ပိုင်
work shop လေးမှာ creation လေးတွေ ဖန်တီး
မယ်
🌻ကိုယ့်ရဲ့ workshop လေးမှာ ငြီးငွေ့တဲ့ အချိန်
ဆို ဆိတ်ငြိမ်တဲ့ book cafe လေးတစ်ဆိုင်ဆိုင်
မှာ bff တစ်ယောက်နဲ့ စာအုပ်တွေဖတ်ရင်း အသိပညာတွေ စုဆောင်းမယ် ဖလှယ်မယ်
🌻Uni နဲ့ organization တခုခု က Seminar
ပွဲလေးတွေတတ်ပြီး မိတ်ဆွေသစ်တွေနဲ့ တွေ့မယ်
တဦးနဲ့တဦး sharing လုပ်ရင်း အခွင့်အလမ်း
ကောင်းလေးတွေရှာဖွေမယ်
🌻ဘာသာစကားလေ့လာမယ် မတူတဲ့ နိုင်ငံ
လူမျိုးနဲ့ ယဉ်ကျေးမှုတွေလေ့လာပြီး ပါရမီဖြည့်
ဘက်နဲ့တူတူ အားလပ်ချိန်မှာ ခြေဆန့်ခရီးလေး
ထွက်မယ်
ကိုယ်ရွေးချယ်မယ့်လမ်း ခက်ခဲမှုတွေရှိကောင်းရှိမယ် ဆုံးရှုံးမှုတွေ ရှိကောင်းရှိမယ် ဒါပေမယ့် နိုးထမယ့်မနက်ခင်းတိုင်း motivation အပြည့်နှင့်
ကိုယ့်ရဲ့ ကိုယ်ပိုင် work shop လေးဆီသို့🌻🌻
26/2/2020
Wint War Phoo🌻sharing by phoo🌻
# Do Come True
so cute baby💞💞
💋💋💋💋🌻
Phoo တို့ တွေ နှုတ်ခမ်းခြောက်ပြီး အဖက်လေး
တွေလန်တဲ့ပြသနာလေးကို ဒီနည်းလမ်းလေး
တွေသုံးပြီး ဖြေရှင်းကြမယ်
🌻 ခန္တာကိုယ်တွင်း အပူများခြင်း
Phoo တို့တွေ ကိုယ့်ခန္တာကိုယ်မှာ အပူများတဲ့
အခါ နှုတ်ခမ်းလေးတွေခြောက်ပြီး အဖက်
လေးတွေလန်တတ်တယ်နော်
ဒါကို ဖြေရှင်းဖို့ က အဓိက ရေများများသောက်
ပေးရမယ်နော် 💦💦 အသားကင် အပူအစပ်
တွေနဲ့ အအေးဓါတ်ပါတဲ့ အရာတွေ(ရေခဲရေ,
အအေးစိမ်ထားသော အချိုရေ)🧊🍹🥤🍨🍦 စသဖြင့် အပူကန်စေတတ်တဲ့ အရာတွေ ရှောင်ပေးနော်🌻
🌻ဝမ်းချုပ်မခံပါနဲ့😉
ဝမ်းချုပ်တဲ့အခါမျိုးမှာလဲ ခန္တာကိုယ်တွင်း
အပူများပါစေပါတယ်, ခံတွင်းနံဆိုးခြင်း
ဝက်ခြံထွက်ခြင်း,အသားရေ ညစ်နွမ်းခြင်းနှင့်
နှုတ်ခမ်းသားလေတွေလဲ ခြောက်ကွဲတတ်ပါ
တယ်နော် ,ဒါကြောင့် အသီးရွက် နှင့် အသီးအနှံ
များ(🍏🍎🍉🍌🍊🍓🍋🍒🥝🥬🍅🥒🥑🥦စားသုံးခြင်း ရေများများသောက်ခြင်း
ကို ပြုလုပ်ပေးပါ, အနီရောင် အသားများ🥩🥩
(အမဲသား ဝက်သား), ကောက်ညှင်းက ဝမ်းချုပ်
စေတဲ့အတွက် ဝမ်းအရမ်းချုပ်တဲ့အခါ ရှောင်
ပေးပါနော်
🌻💄 နှုတ်ခမ်းနီ
နှုတ်ခမ်းခြောက်ပြီးကွဲနေတဲ့အခါမျိုးမှာ အစိုဓာတ်
ပြည့်ဝတဲ့ နှုတ်ခမ်းနီလေးတွေ ဆိုးပေးနော်
matte typeလေးတွေ ဆိုးဖို့ အဆင်မပြေဘူးနော်
ညအိပ်ရာဝင်ချိန် နှုတ်ခမ်းပေါင်းဆေးလေးတွေ
လိမ်းပေး ခြင်းကလဲ နှုတ်ခမ်းကွဲခြောက်ခြင်းကို သက်သာစေပါတယ်, ( vaseline နဲ့ laneige က
lip careလေးတွေ အရမ်းကောင်းတယ်နော်)
နှုတ်ခမ်းနီဖျက်တဲ့အခါမှာ wet tissueနဲ့ သုတ်
တာ ,minellar water နဲ့ဖျက်တာ Tissueနဲ့
ဆွဲသုတ်ပြီးဖျက်တာမျိုးမလုပ်ပါနဲ့နော်
toner pad လေးမှာ သံလွင်ဆီလေးသုတ်ပြီး
ဖျက်ပေးခြင်းက နှုတ်ခမ်းသားကို လုံးဝ
မပျက်စီးစေပဲ အစိုဓာတ်လေးပါ ဖြည့်တင်းပေး
ပါတယ်ရှင်😉🌻🌻🌻
🌻🌻Learn From Google
🌻🌻Wint War Phoo
🌻🌻1/2/2020
🌻🌻Phoo’ Sharing လုပ်ပေးချင်တဲ့topic
လေးက အမျိုးသမီးတွေသာမက အမျိုးသား
တွေရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ life style မှာ
စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ (Acne)
ဝက်ခြံ အကြောင်း လေးကို Sharing လုပ်ပေးချင်ပါတယ်။
Phoo' တို့နေ့စဉ် အမှုမဲ့အမှတ်မဲ့ ပြုမူနေမိတတ်
တဲ့ အရာလေးတွေက Phoo'တို့ကို စိတ်အနှောင့်အယှက်ပေးတဲ့ ဝက်ခြံနဲ့ အဆီဖု
လေးတွေဖြစ်ပေါ်လာစေပါတယ်နော်။
ဒီအရာလေးတွေက ဘာလေးတွေဖြစ်မလဲ
ဆိုတာကို Phoo' sharing လုပ်ပေးမယ်နော်။
🧏🏻♀️🧏🏻♀️ Touching Skin
Phoo'တို့ နေ့စဉ်နဲ့အမျှ သတိမထားမိဘဲ ပြု
လုပ်နေမိတဲ့အလေ့အကျင့်ကတော့ အကြောင်း
မရှိ မျက်နှာကို ခနခနကိုင်နေမိတာပါ။
ဒါက ဝက်ခြံနဲ့အဆီဖုလေးတွေဖြစ်လာနိုင်ချေ
အများဆုံးရှိတဲ့အချက်လေးပါ , လုပ်ငန်းခွင်
မှာဖြစ်စေ အိမ်မှာဖြစ်စေ Phoo'တို့တွေက
ပစ္စည်းအမျိုးမျိုးကို အမြဲထိတွေ့ကိုင်တွယ်
ရပါတယ်, Phoo တို့လက်မှာလဲ မမြင်နိုင်တဲ့
Bacteria တွေ ဖုန်မှုန့်တွေ ရှိပါတယ်။ ဒါပေမယ့်
အချိန်ပြည့်လက်ကို ဆေးကြောပြီး သန့်ရှင်း
အောင်ထားဖို့က အဆင်မပြေပါဘူးနော်။
Phoo’ဆိုရင် နှာခေါင်း မေးစေ့နဲ့ နှုတ်ခမ်း
အပေါ်နားဝန်းကျင်မှာချွေးထွက်တတ်ပါတယ်။
လက်နဲ့ခနခနသုတ်မိလို့လဲ ဝက်ခြံနဲ့ အဆီဖုလေးတွေထွက်လာပါတယ် , ချွေးသုတ်မယ်
ဆို Tissueနဲ့တော့ မသုတ်စေချင်ပါဘူးနော်
Tissueမှာပါတဲ့ အမှုံမွှားလေးတွေက ချွေး
ပေါက်လေးတွေထဲဝင်ပြီး ဝက်ခြံကို ဖြစ်စေ
နိုင်ပါတယ် , အမွှေးပွသားမဟုတ်တဲ့ ချည်သား
လက်ကိုင်ပုဝါသန့်သန့်လေးကို အသုံးပြုစေ
ချင်ပါတယ်,တစ်ရက်တစ်ထည်သာ အသုံးပြု
ပြီး လျှော်ပြီးရင်လဲ သန့်ရှင်းတဲ့နေရာမှာ
အခြောက်လှန်းပြီး မီးပူလေးတိုက်ပေးပါနော်။
လက်ကို အချိန်ပြည့်မဆေးနိုင်တဲ့အတွက်
hand sanitizer လေးနဲ့ မကြာခနသန့်စင်
ပေးပြီး အမှုမဲ့အမှတ်မဲ့ မျက်နှာကိုလက်နဲ့
ကိုင်တတ်တဲ့အကျင့်လေးကို သတိထားပေး
ပါနော်🌻🌻
💇♀️💇♀️ Bangs hair
မျက်နှာပေါ်ကျနေတဲ့ ဆံစလေးတွေကလဲ
ဝက်ခြံကို ဖြစ်စေပါတယ် , oily ဖြစ်တဲ့
skin တွေဆို ရှေ့ဆံမြိတ်ချတဲ့ ဆံပင်ပုံစံ
မထားသင့်ပါဘူးနော် , ဆံပင်ကိုမျက်နှာပေါ်မကျအောင်အပြောင်လေးသိမ်းပေးသင့်ပါတယ်, အနဲဆုံး ၃ရက်တစ်ခါ ခေါင်းလျှော်
ပေးပြီး မျက်နှာ ဆံပင်နဲ့ ထိကပ်နေတဲ့
ခေါင်းအုံးစွပ်လေးကိုလဲမကြာခနလဲပေး
ပါနော်🌻🌻
👓👓 Glasses (Spectacles Frame)
မိမိနေ့စဉ်တပ်နေတဲ့ မျက်မှန်လေးကလဲ
ဝက်ခြံလေးတွေ ဖြစ်စေတတ်ပါတယ်တဲ့။
မျက်မှန်တပ်ထားတဲ့အခါမှာ မျက်မှန်နဲ့
ထိကပ်နေတဲ့ မျက်ရိုးနားနဲ့ နားထင်နားမှာ
ချွေးနဲ့ အဆီလေးတွေ ရှိနေတတ်ပါတယ်။
ဒါကြောင့် မျက်နှာသစ်တဲ့အခါမှာလဲ သေချာ
သန့်ရှင်းပေးဖို့လိုအပ်ပါတယ် ,မျက်မှန်ကို
များသောအားဖြင့်တပ်ခါနီးတဲ့အခါမှာ မှန်
လေးပဲသုတ်ပြီးတတ်လေ့ရှိကြပါတယ်
မျက်မှန်ကိုင်းနဲ့ frame တစ်လျှောက်မှာ
ကပ်နေတဲ့ အဆီ ဖုန်မှုန့် လေးတွေကို များ
သောအားဖြင့်သန့်ရှင့်ဖို့ သတိမေ့နေတာလေး
ဖြစ်တတ်ပါတယ် , မိမိနေ့စဉ်အသုံးပြုနေတဲ့
tonerလေးနဲ့ သန့်ရှင်းပေးနိုင်ပါတယ်နော်🌻🌻
🙇♀️🙇♂️ Stress (Struggles)
Phoo'တို့နေ့စဉ်ဖြတ်သန်းနေရတဲ့ life မှာ
အလုပ်တာဝန်တွေ ,မိသားစု ရေးရာနဲ့
တခြားသော struggles မျိုးစုံကြောင့်
စိတ်ဖိစီးမှုတွေ အနည်းအများမဆိုရှိတတ်
ကြပါတယ်, ဒီ စိတ်ဖိစီးမှုဆိုတဲ့ stressက
(androgens)ဆိုတဲ့ ဟော်မုန်းရဲ့ level ကို
မြင့်တတ်စေပြီး ဝက်ခြံဖြစ်ပေါ်စေတဲ့ အဆီ
ဂလင်းတွေကို active ဖြစ်စေနိုင်ပါတယ်။
မိမိရဲ့ stressကိုဖြေလျော့စေဖို့အတွက်
mind relax songs နားထောင်တာ, မိမိနှစ်
သက်တဲ့ စာအုပ်လေးဖတ်တာ ,funny movie
လေးတွေကြည့်တာ စသဖြင့်ပေါ့ ကိုယ်နဲ့ အဆင်
ပြေနိုင်မယ့် နည်းလမ်းလေးတွေနဲ့ stressကို
ဖြေလျော့ပေးပါနော် 🌻🌻
💦💦 Stay Hydrate
Phoo’တို့ ခန္ဓာကိုယ်မှာ တနေ့တာအတွက်လို
အပ်တဲ့ ရေပမာဏက 8-ounce (2 liter)ပါ။
ဒါပေမယ့် အများစုက ရေဆာတဲ့အချိန်မှ
သာရေသောက်လေ့ရှိကြပြီး ရေဓါတ်ပြည့်ဝ
အောင်သောက်ရန် သတိမပြုမိတတ်ကြပါဘူး။
ရေဓါတ်မမျှခြင်းဟာလဲ ဝက်ခြံဖြစ်စေတတ်
သောကြောင့် ရေများများသောက်ပေး သင့်
ပါတယ် , Phoo'ကတော့တစ်ရက်ကို 3liter
ကျော်လောက်သောက်ဖြစ်ပါတယ် ,ရေဆာ
မှမဟုတ်ဘဲ အကျင့်တခုအနေနဲ့ကို စွဲမြဲ
ပြီးသောက်ပါတယ် ,ရေသောက်ခြင်းဟာ
ဝက်ခြံအတွက်သာမက အသားရေကိုစိုပြေ
စေပြီး အရွယ်ကျခြင်းကိုလဲ ကာကွယ်
ပေးနိုင်ပါတယ်နော်🌻🌻
🛌🛌 Bed Time
အိပ်ရေးပျက်တာ အိပ်ချိန်ပုံမှန်မရှိတာ
ညဉ့်နက်အထိဖုန်းအသုံးပြုခြင်းကလဲ
ဝက်ခြံနဲ့ အသားရေ ပြသနာများကိုဖြစ်ပေါ်စေ
ပါတယ် ,လူတစ်ဦးရဲ့ ပျမ်းမျှအနည်းဆုံး အိပ်
ချိန်က7နာရီ ရှိပါတယ် ,တစ်နေ့7နာရီပြည့်
အောင်အိပ်တဲ့နေရာမှာလဲ ညလယ်2နာရီလောက် အိပ်ပြီး မနက်9နာရီ လောက်ထိအိပ်
တာမျိုးဆို အိပ်ချိန်7နာရီပြည့်ပေမယ့်လဲ မှန်
ကန်တဲ့အိပ်ချိန်မဟုတ်ပါဘူးနော် , Phoo'
ဆို ည11အိပ်ရာဝင် မနက်6နာရီလောက်ဆိုပုံမှန်
အိပ်ရာထပါတယ် ,ရုံးပိတ်ရက်ဆိုရင်တော့
မနက်8နာရီလောက်ထိ အိပ်ပါတယ်နော်။
အသက်ရွယ်အရအိပ်ချိန်သတ်မှတ်သင့်တဲ့
အကြောင်းရာ အသေးစိတ်ကိုလဲPhoo'
နောက်ထပ်sharing လုပ်မေးမယ့် post မှာ
ထပ်ရေးပေးမယ်နော်🌻🌻
ခု ဒီအကြောင်းရာလေးတွေကို သိပြီဆိုတော့
Phoo'တို့ ရဲ့နေ့စဉ်နေထိုင်မှုပုံစံလေးကို
ပြောင်းလဲပြီး ဝက်ခြံ အဆီဖုနဲ့အသားရေ
ပြသနာများကို ရပ်တန့်ကြရအောင်နော် 🥰
Phoo (24-1-2020)
Learn From Google
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻