Win Theingi Pharmacy _ဝင်းသိင်္ဂီဆေးဆိုင် အမရပူရ

Win Theingi Pharmacy _ဝင်းသိင်္ဂီဆေးဆိုင် အမရပူရ

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Theingi Pharmacy _ဝင်းသိင်္ဂီဆေးဆိုင် အမရပူရ, Medical and health, .

10/11/2022

Pediasure အသင့်ဖျော် 5ဗူးဝယ်ယူတိုင်း မေတ္တာလက်ဆောင် 1ဗူး ရယူနိုင်ပါပြီ

21/07/2022
22/06/2022

မိုးရာသီလည်း ရောက်ပြီဆိုတော့ ရာသီဥတုကြောင့် ဆီးခနခနသွားချင်တာရော ဆီးမထိန်းနိုင်တာဖြစ်တာတွေက ပိုများလာတတ်ပါတယ်။ 🌧

အိမ်မှာလဲ စိုထိုင်းမှုကြောင့် အနံ့အသက်တွေနဲ့ ဆီးယိုစိမ့်မှုကြောင့်ဖြစ်တဲ့ အနံ့အသက်တွေကြောင့် စိတ်ညစ်နေတာမျိုးဆိုရင် လူကြီးသုံးဒိုင်ဘာဝတ်ဖို့ အကြံပြုပါတယ်။

လိုက်ဖ်ဖရီးလူကြီးသုံးဒိုင်ဘာက ဝတ်ဆင်ရလွယ်ကူပြီး သူ့ရဲ့ သာမန်ထက် ၂ ဆ ကျုံ့ဆန့်နိုင်တဲ့ ခါးစည်းက ဝတ်ဆင်ရတာ သက်သောင့်သက်သာဖြစ်စေပါတယ်။ ကပ်ခွာမဟုတ်ဘဲ ဘောင်းဘီအမျိုးအစားဖြစ်တာကြောင့် တစ်နေရာကနေတစ်နေရာ လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ 👌👌

လိုက်ဖ်ဖရီးမှာပါတဲ့ Anti-Bacteria Gel က အနံ့ဆိုးထွက်ခြင်းကို ထိန်းထားနိုင်လို့ ယုံကြည်မှုရှိစွာ ဖြတ်သန်းနိုင်ပါပြီ။

16/06/2022

ကိုယ်အလေးချိန်မတက်အောင် ဘယ်လိုထိန်းသိမ်းမလဲ❓
🙍အင်ဆူလင်ထိုးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတစ်ခုကကိုယ်အလေးချိန်တက်ခြင်းပဲဖြစ်ပါတယ်။ 🌟ဒါကြောင့် ကိုယ်အလေးချိန်မတက်အောင် ဘယ်လိုထိန်းသိမ်းသင့်လဲဆိုတာဖော်ပြပေးချင်ပါတယ်။
💉အင်ဆူလင်ထိုးထားတဲ့အတွက် သွေးထဲမှာအင်ဆူလင်ဓာတ်မြင့်မားနေပြီး ဗိုက်မကြာခဏဆာခြင်းနဲ့ သွေးချိုအကျလွန်မှာကြောက်ပြီး လူနာကိုယ်တိုင်မဆာသေးခင်ကြိုတင်စားခြင်းတို့ကြောင့် အဝလွန်လာခြင်းဖြစ်ပါတယ်။
🌟ဆီးချိုသွေးချို ဝေဒနာရှင်များ အင်ဆူလင်ထိုးခြင်းကြောင့် ကိုယ်အလေးချိန်မတက်အောင် ထိန်းသိမ်းနည်းကတော့ အစားကိုလိုအပ်တာထက်ပိုမစားဘဲ ကိုယ်အလေးချိန်ကိုအမြဲဂရုတစိုက်စောင့်ကြည့်ရင်း အစားအစာစား‌သောက်ပုံနည်းစနစ်ထိန်းသိမ်းပေးခြင်းတွေ လုပ်ဆောင်နိုင်ပါတယ်။
🌟အားကစားအနေနဲ့ လမ်းလျှောက်တာ🚶၊ နေ့စဉ် မိနစ် ၂၀ ခန့်ပြေးတာ🏃‍♀️၊ ကာယလေ့ကျင့်ခန်းလုပ်တာ 🏋️၊ ကြိုးခုန်တာ၊ တရားထိုင်ယောဂကျင့်တာ🧘၊ Workout လုပ်တာ🏃စတဲ့အပေါ့စားလေ့ကျင့်ခန်းလေးတွေပြုလုပ်ပေးပြီး ကိုယ်အလေးချိန်မတက်အောင်ထိန်းညှိနိုင်ပါတယ်။
🍎နေ့စဉ်ပုံမှန်စားသုံးနေကျအစားအစာတွေထဲမှာ အဆီအဆိမ့်တွေအလွန်အမင်းစားသုံးခြင်းကိုလည်းရှောင်ကြဉ်သင့်ပါတယ်။
🛌ညဘက်အချိန်မှန်အိပ်စက်အနားယူလျှင် မလိုအပ်တဲ့စိတ်ပူပန်မှုတွေကိုလျှော့ချရင်း အရမ်းစိတ်ဖိစီးလာတဲ့အခါခေတ္တအနားယူလိုက်ခြင်းကလည်း ကိုယ်အလေးချိန်မတက်ဖို့အထောက်အကူပြုတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။
💁 ဒီအချက်တွေကိုသေချာလိုက်နာပေးရင်တော့ ဆီးချိုသွေးချိုရောဂါဝေဒနာရှင် တွေလည်း အင်ဆူလင်ရဲ့‌‌ေဘးထွက်ဆိုးကျိုးဖြစ်သော ကိုယ်အလေးချိန်တက်ပြီးအဝလွန်တဲ့အဖြစ်မျိုးမှ ကင်းဝေးနိုင်မယ်ဆိုတဲ့အကြောင်း အသိပေးဖော်ပြလိုက်ရပါတယ်။


#𝙒𝙚𝙞𝙜𝙝𝙩𝘾𝙤𝙣𝙩𝙧𝙤𝙡

04/06/2022

💦ကလေးဆေးများဖွင့်/ဖောက်ပြီးလျှင် ဘယ်အချိန်အထိသုံးနိုင်သလဲ?

🍓ဆေးတစ်ခုချင်းအလိုက်ပြောပါ့မယ်။

💊ပါရာစီတမောအရည်ကို ဖွင့်ပြီး သုံးလအတွင်းအသုံးပြုတာအကောင်းဆုံးပါ။

💊နှာစေးချောင်းဆိုးပျောက်ဆေးရည် အများစုကတော့ ၆လ ခန့်အထိ အသုံးပြုနိုင်ပါတယ်။

💊အားဆေးတွေကလည်း လေလုံရင်၊ ဘူးပေါ်က expiry date မကျော်မချင်း အသုံးပြုနိုင်ပါတယ်။ သံဓာတ်ပါတဲ့ အားဆေးတွေ ကတော့ လေလုံဖို့ပိုလိုပါတယ်။

💊ဆေးခဲ၊ ဆေးအတောင့်တွေကို original ဘူးကနေ သီးသန့်ဘူးထဲ ပြောင်းထည့်ပေးလိုက်မယ်ဆိုရင်တော့ ခြောက်လအတွင်းအသုံးပြုနိုင်ပါတယ်။ Original ဘူးနဲ့ပဲ စကတည်းကသုံးမယ်ဆိုရင်တော့ expiry date အထိသုံးနိုင်ပါတယ်။

💊အလုံပိတ်ထားတဲ့ဆေးကဒ်တွေ၊ ဝမ်းချူဆေးတောင့်၊ စအိုထဲထည့်တဲ့ပါရာစီတမောဆေးတောင့်တွေကလည်း သေချာစွာသိမ်းဆည်းထားတယ်၊ အရောင်/ပုံစံမပြောင်းဘူးဆိုရင်သတ်မှတ်နောက်ဆုံးရက်/expiry date မတိုင်ခင်အထိသုံးနိုင်ပါတယ်။

💊ပိုးသတ်ဆေးရည်ဘူးတွေကလည်းလေလုံအောင်ပိတ်ထားရင် ခြောက်လအထိသုံးနိုင်တယ်ဆိုပေမယ့် အများစုဟာတခါသုံးပမာဏတွေဖြစ်တဲ့အတွက် အနည်းငယ်ပဲကျန်တယ်ဆိုရင်တော့ပြန်မသုံးတာအကောင်းဆုံးပါ။

💊ointments and cream- ညှစ်ဆေး၊ လူးဆေးတောင့်တွေကတော့ ဖွင့်ပြီးရင်သုံးလခန့်အတွင်းမှာဘဲသုံးသင့်ပါတယ်။

💊ပန်းနာရင်ကြပ်ရှုဆေးဘူးတွေကတော့ expiry date/နောက်ဆုံးရက်မတိုင်ခင်အထိသုံးနိုင်ပါတယ်။

💊နား၊ နှာခေါင်း၊ မျက်စိအစက်ချဆေး (Ear/Nose/eyes drops) နှာခေါင်းတွင်းဖျန်းဆေး (Nasal spray) တွေကတော့တစ်လအတွင်းမှာသုံးသင့်ပါတယ်။

💊ဆားရည်နှာခေါင်းအစက်ချဆေးဘူးလေးတွေကိုတော့ ဖောက်ပြီးနှစ်ဆယ့်လေးနာရီအတွင်းမှာပဲသုံးသင့်ပါတယ်။

💊ဓာတ်ဆားထုပ်တွေကိုလည်းဖျော်ပြီးနှစ်ဆယ့်လေးနာရီအတွင်းမှာပဲ သုံးသင့်ပါတယ်။

🍓ဆေးတွေကိုဖွင့်/ဖောက်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေသတ်မှတ်ထားတဲ့နောက်ဆုံးရက် (expiry date) မတိုင်ခင်အထိပဲအသုံးပြုရပါမယ်။ ဆေးရောင်း/ဆေးထုတ်ပေးလိုက်တဲ့ဆီက လမ်းညွှန်ချက်ကိုလည်း တိတိကျကျလိုက်နာရန် အရေးကြီးပါတယ်။

🍓ဆေးတွေကိုသိမ်းဆည်းထားတဲ့နေရာမှာလည်း အေးမြ၊ ခြောက်သွေ့တဲ့နေရာမှာထားရပါမယ်။ သီးသန့်အံဆွဲ၊ ဆေးသေတ္တာစသည်ဖြင့် သိမ်းဆည်းထားသင့်ပါတယ်။ ရေခဲသေတ္တာထဲထားရမယ်လို့မဆိုလိုပါဘူး။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့လို့မရပါဘူး။ အစိုပြန်လွယ်တဲ့နေရာမဖြစ်သင့်ပါဘူး။

🍓ဖွင့်ပြီးရင် လေလုံအောင်ပြန်ပိတ်ဖို့ အရေးကြီးပါတယ်။ လက်အစိုနဲ့မကိုင်ဖို့ လိုပါတယ်။ လေမလုံရင် လက်စိုနဲ့ထိထားရင် oxidation ဖြစ်ပီး ဆေးလုံးကအစက်အပျောက်တွေဖြစ်တတ်ပါတယ်။ အနံ့/ အရသာ/ ဆေးအရောင်/ပုံစံပြောင်းရင်တော့ မသုံးသင့်ပါ။

🌲အထက်ပါသတ်မှတ်ရက်သတ်မှတ်လတွေကို လိုက်နာတဲ့အပြင် ဆေးဆိုင်၊ ဆေးကောင်တာကသီးသန့်ညွှန်ကြားလိုက်တဲ့အချက်တွေကိုလိုက်နာဖို့၊ နောက်ဆုံးရက်/ expiry date မတိုင်မီသုံးစွဲဖို့၊အေးပြီးခြောက်သွေ့တဲ့နေရာမှာသိမ်းဆည်းဖို့၊ လေလုံအောင်ပြန်ပိတ်ဖို့၊ လက်အစိုနဲ့ မကိုင်ဖို့၊ အရောင်/အနံ့/အရသာပြောင်းရင် မသုံးဖို့ အချက်တွေကလည်း အရေးကြီးပါတယ်။

24/05/2022

#အသားဆေးတွေထိုးပြီးရင်ချေကြတယ်
#ကာကွယ်ဆေးထိုးပြီးရင်_ဘာလို့မချေရတာလဲ ❓



ကျွန်တော်တို့ ဆီမှာ အစွဲ တစ်ခုပေါ့ " ဆေးထိုးပြီးရင် နာနာချေ မချေရင် ဆေးခဲသွားတတ်တယ်"

ဆေးထိုးရာမှာ

- Intradermal (အရေပြားထဲထိုးတယ်)
- Subcutaneous ( အရေပြားအောက် အဆီလွှာထဲထိုးတယ်)
- Intramuscular (အသား/ကြွက်သားထဲထိုးတယ် - အသားဆေးလို့ခေါ်ကြတာပေါ့)
- Intravenous ( အကြောထဲထိုးတာ အကြောဆေးပေါ့)

အကြောဆေး ဆိုလို့ ရွှေမြန်မာတွေက အဓိပ္ပာယ် အမျိုးမျိုးယူကြပါတယ်
အားနည်းနေတဲ့အတွက် အကြောအားကောင်းအောင် အကြောဆေးသွင်းချင်တယ် ဆိုတဲ့ တောင်းဆိုမှုတွေ ရှိပါတယ်။

အကြောဆေးဆိုတာ သွေးပြန်ကြော (Vein) အထဲကို အပ်နဲ့ဖောက်ပြီး ထိုးတာပါ

အကြောဆေး အသားဆေး စတာတွေက Route လမ်းကြောင်း (ဆေးထိုးရတဲ့ လမ်းကြောင်း) ကိုပြောတာပါ ထိုးတဲ့ဆေးတွေက တော့ အမျိုးအစားအများကြီးရှိပါတယ်။

__________
ကာကွယ်ဆေး (Vaccine) တွေထိုးတဲ့အခါ အများစုဟာ IM (Intramuscular) အသားဆေး အမျိုးအစားဖြစ်ကြပါတယ်။

လက်မောင်းက Deltoid ဆိုတဲ့ ကြွက်သားနေရာကို ထိုးကြပါတယ်။

ဆေးထိုးပြီးတဲ့အခါ မချေကြရတော့ ကျွန်တော်တို့ စိတ်ထဲ ကလိကလိ ဖြစ်ကြရပါတယ်

- ဆေးခဲသွားရင်ဘယ်လိုလုပ်မတုန်း ❓
- နာလာပြန်တော့ မချေရလို့ နာပြီကော ❓
- မချေလိုက်လို့ ဆေးတွေ ခန္ဓာကိုယ်ထဲ မရောက်ရင် ဘယ်လိုလုပ်မတုန်း ❓
စတဲ့ အတွေးတွေပေါ်လာကြပါတယ်

အားလုံး သံသယရှင်းသွားအောင် ရှင်းပြချင်ပါတယ်

" #ဆေးထိုးထားတဲ့_နေရာကို_မချေရပါဘူး"

ကြွက်သားတွေကို သွေးထောက်ပံ့မှုများတဲ့အတွက် အသားထဲကို ဆေးထိုးလိုက်တဲ့အခါ သွေးကနေတဆင့် သွေးဖြူဥတွေ (ကိုယ်ခံအား Immune Cells) ရောက်လာပြီး ကာကွယ်ဆေး Vaccine ကို တိုက်ခိုက်ပါတယ်

အဲ့လိုတိုက်ခိုက်ရာကနေ

ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ်က ပိုးကိုမှတ်မိသွားတဲ့ အကျိုးကျေးဇူးရရှိပြီး တကယ့်ရောဂါပိုးဝင်လာတဲ့အခါ ရောဂါမပေးနိုင်ခင် ရှင်းပစ်လိုက်နိုင်ပါတယ်။

တိုက်ပွဲအသေးလေးဖြစ်တဲ့အတွက်
- (တချို့မှာ) ကာကွယ်ဆေးထိုးထားတဲ့ နေရာတဝိုက်မှာ နာကျဉ်မှုခံစားရတတ်ပါတယ်
သွေးဖြူဥတွေစစ်ကူခေါ်ဖို့ သွေးကြောတွေကျယ်စေ (Vasodilation) ဖြစ်စေတဲ့အတွက်
- နီရဲလာသလို
သွေးကြောထဲက အရည်တွေထွက်လာတဲ့အတွက် (permeability)
- ရောင်လာတတ်ပါတယ်

ဖြစ်တတ်ပါတယ်၊ " #မချေလို့မဟုတ်ပါဘူး "

_________
ကာကွယ်ဆေး ထိုးပြီး ချေလိုက်ခြင်းအားဖြင့်

🚫 လိုတဲ့နေရာမှာဆေးတွေ တစုတစည်းထဲမရှိပဲ နေရာပတ်လည်ကို ပျံ့ကြဲသွား နိုင်ပါတယ်
🚫 တခြားဆေးတွေနဲ့ မတူတာက ကာကွယ်ဆေးတွေဟာ Bio product (ဇီဝပစ္စည်း) ဖြစ်လို့ အတင်းဖိချေခြင်းဟာ ကာကွယ်ဆေးကို ပျက်စီးစေနိုင်ပါတယ်

ဒီလောက်ဆိုရင်

ကာကွယ်ဆေးထိုးပြီးရင် မချေပါနဲ့လို့ ဆေးထိုးပေးတဲ့သူက ညွှန်ကြားရင် သံသယကင်းကင်း နဲ့ လိုက်နာနိုင်ကြမယ်လို့ ယူဆပါတယ်။

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
01:40 pm/20.05.2022
(Photo credit; NurseFocus)

10/05/2022

ယခုနှစ် အစ ထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ ပါရမီဆေးရုံကြီးမှာ အမြဲရှိ နေပါတယ် ရန်ကင်း နဲ့ ရန်ကုန် ကလေး ဆေးရုံကြီး တွေမှာ လည်းရှိတယ် လို့ သိရပါတယ်

သွေးလန့်တဲ့ကလေး​တွေ သွေးရည်ကြည် အထိ သွင်းရတဲ့ ကလေးတွေလည်း ရှိပါတယ်

မိုးကျလါတာနဲ့ ကျောင်းဖွင့်ချိန်နဲ့ ပိုပြီးတွေ့လာနိုင်စရာရှိပါတယ်

အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေး ကို ဖြစ်မှန်းသိ ဆေးရုံတင်သင့်တဲ့ကလေးတွေ တင် ထားပြီး စံနစ်တကျကုသရင် အဆင်ပြေပါတယ်

ဆရာဝန်များကျန်းမာရေးဝန်ထမ်းများ မိဘများ သတိထားနိုင်ဖို့ပါ

သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်

၁. အော့ အံ ခြင်း
၂. အရေပြား ပေါ် တွင် အပိန့့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေး ဖြူ ဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် ရောင်အံခြင်း

အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

ဆေးရုံတက်သင့် သော လုနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

သွေးလွန်တုပ်ကွေးထောင်ချောက်

အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ် မှီ တွင် အဖျားကျ သွားတတ် သည်နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်
အဖျား ကျ ပြီး မလန်းဆန်းလျှင် မှိန်း လျှင် ကယောင် ကတမ်း ဖြစ် လျှင် မူးဝေအော့ အံ လျှင် ဆေးရုံ သ်ို့ အမြန် သွားရပါ မည်
စားသောက် ဆော့ ကစားနေ လျှင် မစိုးရိမ် ရပါ

သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း ဂါ ထာ

ရာသီတိုင်းတွင် ဖျားနာ လျှင်
သွေးလွန် တုပ် ကွေး မှတ်

အဖျားကျ စဉ် မလန်း လျှင်
အစဉ် သတိ ချပ်

ပါမောက္ခ ဦးစောဝင်း
ပါမောက္ခ/ ဌာနမှူး (ငြိမ်း)
ကလေးကျန်းမာပညာဌာန ဆေး(၁)

ဒေါက်တာစောဝင်း (ကလေးကျန်မာရေး )

29/04/2022

Lifree ကအသစ်ထွက်တဲ့ diaper လေး ဝင်းသိင်္ဂီဆေးဆိုင် (အမရပူရ)မှာ ဝယ်ယူအားပေးနိုင်ပါပြီရှင် ☺️

လိုက်ဖ်ဖရီးက အသစ်ထပ်ထွက်လာတဲ့ 600 ml လေးက ဆီးယိုစိမ့်မှုများသူတွေ၊ ညဘက် အချိန်ကြာကြာဝတ်ဆင်ဖို့ လိုအပ်သူတွေ၊ ဒိုင်ဘာခနခနလဲဖို့ မလွယ်သူတွေ၊ အမှီအခိုနဲ့ သွားလာရသူတွေ၊ ထိုင်ထလုပ်ရန်မလွယ်သူတွေ ဝတ်ဆင်ဖို့ သင့်တော်ပါတယ်နော်။

တစ်ခါတစ်လေ ဒိုင်ဘာဝတ်ထားတာတောင်မှ ဆီးယိုစိမ့်မှုတွေ ဖြစ်လာရင် ဒိုင်ဘာကြောင့်မဟုတ်ဘဲ ကိုယ်ကပုံမှန်မဟုတ်လို့လိုပဲ ထင်တတ်ကြပါတယ်။ ဒိုင်ဘာကြောင့်လဲ ယိုစိမ့်မှုဖြစ်တတ်တာမို့ ဆီးယိုစိမ့်မှုများရင် ပိုစုပ်ယူမှုအားကောင်းတဲ့ ဒိုင်ဘာကို ရွေးချယ်သင့်ပါတယ်။

လိုက်ဖ်ဖရီး product အသစ်လေးကတော့ 600 ml အထိ စုပ်ယူမှုအားကောင်းလို့ ပုံမှန်ဆီးသွားနှုန်းနဲ့ဆိုရင် ၃ ကြိမ်မှ ၄ ကြိမ်အထိ သွားနိုင်ပါတယ်။

29/04/2022

ကလေးငယ်များနှင့်ဆား🧂

ဖြည့်စွက်စာစကျွေးပြီဆို မေမေတို့အိမ်သားတွေနဲ့ အငြင်းအခုံလုပ်ရတာ ဆားထည့်တဲ့ ပြဿနာပါပဲ။ တစ်နှစ်အောက်ကလေးတွေဆို ဆားမထည့်ရဘူး၊ မလိုအပ်ဘူးဆိုတာ သိပေမယ့် အချက်အလက်ကျကျ မသိတဲ့အခါ... "နင်တို့ငယ်ငယ်တုန်းကလဲ ဒီလိုပဲစားပြီး ကြီးလာတာပဲ"၊ "အခုလဲ ကျန်းကျန်းမာမာပါပဲ" စသဖြင့်ပေါ့။

ကလေးကိုချစ်ရင် မွေးစကနေ တစ်နှစ်အထိ ဆားကို 🚫 လုံးဝရှောင်ဖို့ပြောပါရစေ။

💭ဘာလို့လဲ? ဆိုတော့ ...

😱 ဖွံ့ဖြိုးနေဆဲ ကလေးတွေရဲ့ ကျောက်ကပ်ဟာ ဆားပမာဏများများကို လက်မခံနိုင်သေးပါဘူး။ ဒါဟာ ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဓိက ပြဿနာပါပဲ။ အဲ့ဒီကတဆင့် ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။

😱ခန္ဓာကိုယ်ကနေ ပိုနေတဲ့ ဆားတွေကို ဆီး သို့မဟုတ် ချွေးအနေနဲ့ စွန့်ထုတ်ရတာကြောင့် ရေဓာတ်ဆုံးရှုံးနိုင်ချေများပြီး ကျောက်ကပ်ထိခိုက်တာတွေ၊ ကြွက်သားပျက်စီးတာတွေနဲ့ အသည်းပျက်စီးတာတွေ ဖြစ်လာနိုင်ပါတယ်။

😳အငံကြိုက်တဲ့ကလေးက အသက်ကြီးလာတဲ့အခါ သွေးတိုးရောဂါဖြစ်နိုင်ချေများပါတယ်။

😳နောက်တချက်က ခန္ဓာကိုယ်ထဲမှာ ဆားပမာဏ များလာတဲ့အခါ ကယ်လ်စီယမ်စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေတာမို့ အရိုးပွရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဝလွန်တာနဲ့ အချို့သော ကင်ဆာရောဂါတွေက နောက်ဆက်တွဲလိုက်လာနိုင်ပါတယ်။

😟ကိုယ်ခံစွမ်းအားနည်းတာတွေအပြင်၊ နှလုံးရောဂါ၊ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် ထိခိုက်တဲ့အထိ ဖြစ်လာနိုင်လို့ပါနော်။

တစ်နှစ်အောက်ကလေးတယောက်ဟာ တနေ့ကို ဆိုဒီယမ်ပမာဏ 0.4 ဂရမ်ပဲ လိုအပ်ပါတယ်။ အဲ့ဒီပမာဏဟာလဲ မိခင်နို့ နဲ့ နို့မှုန့်တွေကနေ တဆင့်ရနေသေးတာမို့ ဆားထပ်ကျွေးဖို့ 🚫 လုံးဝမလိုအပ်သေးပါဘူးနော်။

🤔ဒါဆို တစ်နှစ်ကျော်ရင် ကျွေးလို့ရပြီလား?

ကျွေးလို့ရပါပြီ ဒါပေမယ့် ဆိုဒီယမ် 0.8 ဂရမ်လောက်ပဲမို့ ဆားကိုပါတယ်ဆိုရုံလေး ထည့်ကျွေးရမှာ ကလေးအသက် 3နှစ်ထိပါ။ ကလေးတစ်နှစ်ကျော်ပြီဆိုတာနဲ့ မေမေတို့က အဆာပြေ snack လေးတွေ ကျွေးကြတယ်ဟုတ်? မုန့်ဗူးတွေရဲ့အနောက်က ingredients (ပါဝင်ပစ္စည်းတွေ) ကို လှန်ကြည့်လိုက်ပါ။ Salt(ဆား) ဆိုတာ အမြဲလိုလို ပါနေပါလိမ့်မယ်။ တခါတရံ Sodium(ဆိုဒီယမ်) လို့ရေးထားတာလဲ တွေ့နိုင်ပါလိမ့်မယ်။ ဆိုဒီယမ် ဆိုတာ ဆားရဲ့ ဓာတုနာမည်ပါ။

ဒါကြောင့် ဆားပါတဲ့သရေစာတွေကို စားနေတဲ့အပြင်၊ ကလေးအတွက် ချက်ပြုတ်တဲ့အခါမှာလဲ ဆားကိုပမာဏများများ ထည့်မိမယ်ဆိုရင် ⚠️ တနေ့တာ လိုအပ်တဲ့ ပမာဏထက် ကျော်လွန်သွားနိုင်တယ်ဆိုတာကို သတိထားရပါမယ်နော်။

⚠️ အပြင်စာတွေကျွေးတာ(ဆား၊ သကြား၊ အချိုမှုန့် အလွန်အကျွံ ပါဝင်မှာ သေချာသောကြောင့်) တတ်နိုင်သမျှရှောင်ရပါမယ်။

🚫 လူကြီးတွေစားတဲ့ ဟင်းတွေ၊ မုန့်တွေ ကျွေးတာကိုလဲ တတ်နိုင်သမျှ ဂရုစိုက်သင့်ပါတယ်။

👶 ကလေးတွေ အသက်အရွယ်အလိုက် တစ်နေ့တာ အများဆုံး စားသုံးနိုင်တဲ့ ဆိုဒီယမ် (သို့မဟုတ်) ဆားပမာဏတွေကတော့ ...
✅ 1 နှစ် အောက် – ဆိုဒီယမ် 0.4 ဂရမ် (ဆား 1ဂရမ်)
✅ 1 နှစ် ကနေ 3 နှစ် – ဆိုဒီယမ် 0.8 ဂရမ် (ဆား 2ဂရမ်)
✅ 4 နှစ် ကနေ 6 နှစ် – ဆိုဒီယမ် 1.2 ဂရမ် (ဆား 3ဂရမ်)
✅ 7နှစ် ကနေ 10 နှစ် – ဆိုဒီယမ် 2 ဂရမ် (ဆား 5ဂရမ်)
✅ 11 နှစ် အထက် – ဆိုဒီယမ် 2.4 ဂရမ် (ဆား 6ဂရမ်)
🧮 1g of sodium per 100g = 2.5g of salt per 100g

အရသာရှိရှိကျွေးချင်တာနဲ့ ဆားအလွန်အကျွံ ကျွေးတာဟာ ထပ်တူမကျပါဘူးနော်။ ကလေးကိုချစ်ရင် ကလေးရဲ့ကျန်းမာရေးအတွက် တွေးပေးပါ ဖေဖေ မေမေတို့ရေ 😊

မေတ္တာများစွာဖြင့်
Mommy K



❤️လွပ်လပ်စွာ ရှယ်(share) နိုင်ပါတယ်။
⚠️မေမေတိုင်းအဆင်ပြေစေဖို့ ရည်ရွယ်ပြီး မေတ္တာများနဲ့ရေးထားတာမို့ ပုံလေးနဲ့စာလေးတွေကို ပြန်လည်ကူးယူပြီး မတင်ဖို့တော့ မေတ္တာရပ်ခံပါရစေ။

References :

https://www.healthline.com/nutrition/salt-for-babies -much-salt

https://www.childrensnutrition.co.uk/full-blog/salt-and-weaning

https://www.nhs.uk/live-well/eat-well/food-types/salt-nutrition/

27/04/2022

ဓာတ်ဆားဘယ်လိုရွေးမလဲ ????

ဓါတ်ဆား ဘယ်လို ရွေးမလဲ ?

ဦးလေးကြီးတစ်ယောက် ဓါတ်ဆားလာဝယ်တယ်။

‘ဓါတ်ဆားပေးပါဗျို့’

‘ဘာဓါတ်ဆားလဲ’

‘ဘာဖြစ်ဖြစ် ၊ ရှိတဲ့ဟာ သာ ပေးနော်၊ နေပြင်းတော့ ချွေးတွေ အရမ်းထွက်လို့’

‘ဟုတ် ဟုတ်’

ဓါတ်ဆားလို့ ပြောလိုက်ရင် တော်တော်များများက အကုန် တူတူပဲ ထင်ကြတယ်။ ဆေးဆိုင်တွေ ကိုယ်တိုင်လဲ သိပ်မရှင်းပြကြသလို ဝယ်သူတွေကလဲ သူတို့ အကြိုက်ပဲ ဝယ်ကြတာ များပါတယ်​။ ဈေးကွက်ထဲမှာ ဓါတ်ဆားတွေ အများကြီး ရှိပေမယ့် လူသုံးများတဲ့ ဓါတ်ဆားကတော့ ၄ ၊ ၅ မျိုးလောက်ပဲ ရှိပါတယ်။ ဒီထဲမှာ မတူကွဲပြားတာလေးတွေ နည်းနည်းရှိပြီး အသုံးလေးနည်းနည်းကွာပါတယ်။ ဒီနေ့မှာတော့ ဓါတ်ဆားဘယ်လိုရွေးချယ်ရမလဲ ဆိုတဲ့ အကြောင်းကို ပြောပြပေးသွားပါမယ်။

ဓါတ်ဆားကို အမျိုးအစားခွဲရမယ်ဆိုရင် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း)က သတ်မှတ်ထားတဲ့ ဖော်မြူလာနဲ့ အညီ ထုတ်ထားတဲ့ ဓါတ်ဆားနဲ့ WHO ဖော်မြူလာနဲ့ မထုတ်ထားတဲ့ ဓါတ်ဆားဆိုပြီး ၂ မျိုးရှိပါတယ်​။ WHO Formula မှာလဲ မူလလက်ဟောင်း old formula နဲ့ osmolarity ချထားတဲ့ Low salt Formula (New Formula) ဆိုပြီး ၂ မျိုးရှိပါတယ်။ Low salt Formula ကတော့ ဆီးချိုသွေးတိုးသမားတွေအတွက် အထူးသင့်လျော်ပါတယ်။

✅ WHO ရဲ့ စံချိန်စံညွှန်းနဲ့ အညီ old formula အရထုတ်ထားတဲ့ ဓါတ်ဆားတွေဟာ တော်တော်လေး အသုံးများတယ်ပေါ့နော်။
အဓိကအားဖြင့် ဝမ်းလျှောတာ၊ ရေဓါတ်ခမ်းခြောက်တာ၊ ချွေးထွက်လွန်တာ စတဲ့ အခြေအနေအတွက် သုံးနိုင်ပါတယ်။
- BPI ကထုတ်တဲ့ ဓါတ်ဆား အပြာ
- Peditral ဓါတ်ဆားရိုးရိုး (လိမ္မော်၊ လီမွန် အရသာ)
- Electral Forte စတာတွေက ဒီအမျိုးအစားထဲကပါ။

✅ ဆီးချို သွေးတိုးအတွက် သီးသန့်ထုတ်ထားတဲ့ Low Salt Formula ဓါတ်ဆားတွေလဲ ရှိပါတယ်။ ဒီထဲမှာဆိုရင်

- BPI က ထုတ်တဲ့ ဓါတ်ဆား အစိမ်းလေးရှိမယ်
- Peditral မှာ Low salt Formula ဆိုပြီး ထုတ်ထားတာလေးရှိတယ်၊ သူလဲ အရသာနှစ်မျိုးနဲ့ပါပဲ။
- Electral ဓါတ်ဆား
- Best ORS
- ကလေးသောက်တဲ့ Pharolit တို့ Sunlife တို့ရှိပါမယ်။

✅ ဒီထဲမှာ မပါတာကWHO formula နဲ့ မထုတ်ထားတဲ့ ရိုးရိုးဓါတ်ဆားတွေပါ​။ ဥပမာဆိုရင် Royal D တို့ Fresh D တို့ဆိုရင် ပင်ပန်းနွယ်နယ်လို့ အားကုန်တဲ့အခါ ရေနဲ့ ဓါတ်ဆား ဆုံးရှုံးမှု များလွန်းတဲ့အခါမှာ အသုံးပြုနိုင်တဲ့ ရိုးရိုး ဓါတ်ဆားတွေပါ။
အရသာလေးတွေပါပြီး သောက်လို့ ကောင်းပါတယ်။

အခု ပြောခဲ့တဲ့ ဓါတ်ဆားတွေက ဈေးကွက်ထဲမှာလဲ အလွယ်တကူလဲ ဝယ်လို့ရနိုင်တယ်၊ လူသိများ အသုံးများတဲ့ ဓါတ်ဆားတွေပါ​။

✅ ဓါတ်ဆားဘယ်လိုသောက်မလဲ။

ဓါတ်ဆားသောက်တော့မယ်ဆိုရင် အရေးကြီးတာက

- ရေ ၁ လီတာနဲ့ဖျော်သောက်ပေးပါ။ ကလေးဓါတ်ဆားဆိုရင်တော့ ရေ 200 ml ပဲ လိုမှာဆိုတော့ အညွှန်းကို သေချာဖတ်ပေးပါ။
- ရိုးရိုးရေ ဒါမှမဟုတ် ရေကျက်အေးနဲ့ ဖျော်ပေးပါ။ ရေနွေးနဲ့ မဖျော်ပါနဲ့နော်။
- ဖျော်ပြီးရင် ၂၄ နာရီအတွင်းသောက်ပေးပါ။
- Expire Date ကို သေချာစစ်ပေးပါ။
- ဆီးချို သွေးတိုးရှိတယ်ဆိုရင် low salt formula ကို သုံးပေးပါ။ ဒီအချက်တွေကို သေချာ မှတ်သားထားဖို့ လိုပါလိမ့်မယ်။

ဒါဆိုရင်တော့ ဓါတ်ဆားတွေအကြောင်း ကွဲကွဲပြားပြားသိသွားပြီး ရွေးချယ်တတ်ပြီလို့ မျှော်လင့်ပါတယ်နော်။ ရာသီဥတုကလဲ တအားပူ ချွေးထွက်လဲ များတာမို့ ဂရုစိုက်ကြပါနော်။ နောက် post တွေမှာ ပြန်တွေ့ကြမယ်နော် ။

Pharmacist Noble

27/04/2022

ဆံစလေးကနေ ခြေဖျားအထိလှနေဖို့အတွက် Fame collagen ☺️
Win Theingi Pharmacy မှာ ဝယ်ယူအားပေးနိုင်ပါပြီရှင် 👍👍👍

"ဆံစလေးကနေ ခြေဖျားလေးအထိ လှနေတာ" ဆိုပြီး လူတိုင်းအားကျရလောက်တဲ့အထိ

☑နူးညံ့ချောမွေ့စိုပြေတဲ့ အသားအရေ ☑သန်စွမ်းလှပတဲ့ ဆံသား၊
☑ကျန်းမာလှပတဲ့ လက်သည်းခြေသည်း ☑တင်းရင်းကျစ်လျစ်နေတဲ့ခန္ဓာကိုယ်နဲ့
အမြဲလှနေဖို့ဆိုရင်တော့

FAME ရဲ့ 💟💜 Collagen 💜💟 ကို ရွေးချယ်လိုက်ပါ။

အသားအရေ၊ ဆံပင်၊ ခြေသည်းလက်သည်းတွေ အမြဲလှပနေစေဖို့ မရှိမဖြစ်လိုအပ်တဲ့
Type I Collagen Peptide (Marine Source) 250 mg ပါဝင်ပါတယ်။

💟အသားအရေကိုတင်းရင်းစေတဲ့Fibroblast နှင့် Collagen Fibre တွေကိုလည်း ပွားများစေတယ်။
💟အသားအရေကို နူးညံ့စိုပြေစေတဲ့ Hyaluronic Acid ထုတ်လုပ်တာကိုလည်း အားပေးတယ်။
💟 အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ ခရမ်းလွန်ရောင်ခြည် A ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
💟ဆံပင်သန်စွမ်းစေဖို့ အရေးကြီးတဲ့ အာဟာရဓါတ် Arginine ကို ဖြည့်ပေးပြီး ဆံပင်ကျွတ်တာတွေကိုလည်း သက်သာစေပါတယ်။
💟ခြေသည်း၊ လက်သည်းတွေ ကြွပ်ဆတ်ပြီး ကျိုးပဲ့လွယ်တာတွေကို ကာကွယ်ပေးပြီး ကျန်းမာကောင်းမွန်စေပါတယ်။
💟ခန္ဓာကိုယ်မှာ အဆီပိုတွေစုပုံတာကို တားပေးပြီး ကျစ်လျစ်စေပါတယ်။

ဒါဆိုရင်တော့ ခေါင်းအစ ခြေအဆုံး လှဖို့အတွက် ပြည့်စုံနေပါပြီနော်။

✅ တစ်ဘူး (အလုံး ၆၀) - ၁၂,၀၀၀ ကျပ် ✅

ရွှေအိုးဆေးဆိုင်၊ City Mart , Ocean, Marketplace ရှိ City Careဆေးကောင်တာ, Medicare ဆေးဆိုင်များ၊ Life Plus ဆေးဆိုင်ခွဲများနှင့် သစ်ခွဆေးဆိုင်များ၊ အမြို့မြို့ အနယ်နယ်ရှိ ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်ရှင်...

မှာယူချင်တယ်ဆိုရင်တော့
☎️09 95 500 5000
☎️09 75 273 1908
☎️09 75 284 1908
☎️09 95 616 1908
☎️09 96 512 1908
☎️09 98 521 1908 နံပါတ်များသို့

တနင်္လာမှ ကြာသာ‌ပ‌တေး (မနက် 7:45 နာရီမှ ညနေ 5:00 နာရီအတွင်း)
သောကြာ (မနက် 7:45 နာရီမှ ညနေ 4:00 နာရီအတွင်း) ဆက်သွယ်နိုင်ပါတယ်ရှင်။

⚠️ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည် ⚠️

Photos from Dr. Aye Min Htoo's post 27/04/2022
26/04/2022

𝗙𝗔𝗠𝗘 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 အကြောင်း အမေးများတာတွေ ဖြေပေးလိုက်ပြီနော်👌

𝗤. 𝗙𝗔𝗠𝗘 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 ကို ဘယ်ကနေရပြီးတော့ ဘယ်နိုင်ငံထုတ် Collagen ကို အသုံးပြုထားတာပါလဲ❓❓

𝗔. ပြင်သစ်နိုင်ငံထုတ် 𝗡𝗮𝘁𝗶𝗰𝗼𝗹® 𝗠𝗮𝗿𝗶𝗻𝗲 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗧𝘆𝗽𝗲 𝟭 (dipeptides and tripeptides) ကုန်ကြမ်းကို အသုံးပြုပြီး မြန်မာနိုင်ငံရှိ FAME ဆေးဝါးစက်ရုံတွင် GMP နှင့် ISO စံချိန်စံညွှန်းများနှင့် အညီ ထုတ်လုပ်ထားပါသည်။
Naticol® collagen ထုတ်သည့် 𝗪𝗘𝗜𝗦𝗛𝗔𝗥𝗗𝗧 𝗖𝗼𝗺𝗽𝗮𝗻𝘆 သည် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး Collagen ထုတ်သည့် အတွေ့အကြုံ နှစ်ပေါင်း ၁၇၀ ကျော်ပြီဖြစ်ပါသည်။

𝗤. 𝗡𝗮𝘁𝗶𝗰𝗼𝗹® 𝗠𝗮𝗿𝗶𝗻𝗲 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 ၏ အာနိသင် ထက်မြက်မှု (Efficacy) ကို သုတေသနပြုလုပ်ထားတာ ရှိပါသလား❓❓

𝗔. ဓာတ်ခွဲခန်းတွင် စမ်းသပ်လေ့လာမှုများ၊ တိရစ္ဆာန်များဖြင့် စမ်းသပ်လေ့လာမှု နှင့် လူများတွင် စမ်းသပ် လေ့လာခြင်းများကို ပြင်သစ်နိုင်ငံရှိ National Medical Research Institute နှင့် Centre of Clinical Pharmacology Applied to Dermatology တို့ ပူးပေါင်းပြီး သုတေသနများစွာ ပြုလုပ်ပြီးဖြစ်ပါသည်။
https://www.weishardt.com/nutraceutical/naticol-collagen-peptides/ တွင်၀င်ရောက်လေ့လာနိုင်ပါသည်။

𝗤. Collagen ကို ငါးအရေခွံက ထုတ်တဲ့အခါ အန္တရာယ်ကင်းရှင်းအောင် မည်ကဲ့သို့ နည်းပညာများ အသုံးပြုထားပါလဲ❓❓

𝗔. 𝗡𝗮𝘁𝗶𝗰𝗼𝗹® 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 သည် White Biotechnology Process ဖြစ်သော Protease အင်ဇိုင်းနှင့် ဓာတ်ပြုပြီး ပြိုကွဲခြင်းကို အသုံးပြုထားပါသည်။ သဘာ၀နည်းပညာဖြစ်သောကြောင့် သန့်စင်မှုမှာလည်း ၉၉% ကျော်မြင့်မားကာ 𝗚𝗥𝗔𝗦 (𝗚𝗲𝗻𝗲𝗿𝗮𝗹𝗹𝘆 𝗥𝗲𝗰𝗼𝗴𝗻𝗶𝘇𝗲𝗱 𝗔𝘀 𝗦𝗮𝗳𝗲) အသိအမှတ်ပြု ရရှိပြီးဖြစ်ပါသည်။

𝗤. လူတစ်ယောက်နဲ့ တစ်ယောက် Collagen လိုအပ်ချက် တူညီနိုင်ပါသလား❓❓

𝗔. Collagen လိုအပ်ချက်မှာ မတူညီပါ။ အသက် ၂၅ နှစ် နောက်ပိုင်းမှစ၍ ခန္ဓာကိုယ်တွင်း Collagen ထုတ်လုပ်မှုမှာ ၁ နှစ်လျှင် ၁.၅% ခန့် ကျဆင်းလာ၍ အသက်အရွယ်ပေါ် မူတည်ပါသည်။ ထို့ပြင် ဟော်မုန်း၊ မျိုးဗီဇ၊ အာဟာရ၊ စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်းနှင့် ပတ်၀န်းကျင်ညစ်ညမ်းမှု အစရှိသည်တို့ပေါ် မူတည်၍လည်း လိုအပ်ချက်ပမာဏ ကွဲပြားပါသည်။

𝗤. Collagen သောက်ပြီး ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများက ဘာတွေလဲ❓❓

𝗔. နိုင်ငံတကာသုတေသနများအရ Collagen သောက်သုံးမှုကြောင့် ရင်ပူခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနှင့် ဝမ်းချုပ်ခြင်း စသော ဘေးထွက်ဆိုးကျိုးများ အဖြစ်များသည်ကို တွေ့ရပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ နိုင်ငံတကာ ဆေးဝါး စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (WHO Collaborating Centre for International Drug Monitoring) သည် ကမ္ဘာတစ်ဝန်းမှ သတင်းပို့လာသော ဆေးဝါးမျိုးစုံ၏ ဘေးထွက်ဆိုးကျိုးများကို စုပေါင်း၍ VigiBase ဟူသော Database တစ်ခုကို ထားရှိထားပါသည်။
အဆိုပါ Database တွင် ကော်လာဂျင်သောက်သုံးမှုနှင့် ဆက်စပ်၍ ၁၉၉၂ ခုမှ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ဘေးထွက်ဆိုးကျိုးများကို မှတ်တမ်းတင်ထားရာတွင်လည်း အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများသာ အဖြစ်များသည်ကို တွေ့ရပါသည်။
မည်သူမဆို http://www.vigiaccess.org/ သို့ဝင်ရောက်၍ “Collagen” ဟုရိုက်ထည့်ကာ ဘေးထွက်ဆိုးကျိုးများကို မိမိကိုယ်တိုင် ရှာဖွေကြည့်ရှုနိုင်ပါသည်။

25/04/2022

အရမ်းအမေးများနေတဲ့ လူငယ်စုံတွဲတွေရဲ့ ပြဿနာအခက်အခဲတွေနှင့်ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။
Q: မတော်တဆ အတူနေမိပြီးမှ ကိုယ်ဝန်မရအောင် ဘယ်လို လုပ်ရမလဲ???
Q:ဘာဆေးသောက်ရမလဲ???
Q:ဆေးကိုဘယ်လိုမှန်အောင်သောက်ရမလဲ???
စတာတွေကို ဖြေပေးထားပါတယ်။
ကဲ လိုအပ်မယ်ထင်တဲ့ သယ်ရင်းတွေကိုလည်း မန်းရှင်းခေါ်ပေးဖို့ မမေ့နဲ့နော်😊

25/04/2022

💁အခုလိုမျိုး ခန္ဓာကိုယ်ရဲ့ Immuse Systemအထူးကောင်းမွန်ဖို့ လိုအပ်နေတဲ့ အချိန်ကာလလေးမှာ VitaminC ကတော့ မဖြစ်မနေ လိုအပ်မှုလေးပါဘဲနော်။🍊 ❤

VitaminC အတွက် တကယ့်ကို ရွေးချယ်ဖို့ခက်ခဲနေမယ်ဆိုရင်တော့...
21st Century က ထုတ်လုပ်တဲ့ အစာအိမ်ကို မထိခိုက်စေသော Acid Free C ကို သတိရလိုက်တော့နော်…🍊😍
21st Century Acid Free C 500mg သည် Vitamin C ၏ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်းတို့ လုံးဝမဖြစ်စေဘဲ ကိုယ်ခံစွမ်းအားကောင်းစေပြီး လန်းဆန်းတက်ကြွစေနိုင်သည့် အပြင် ရောဂါမျိုးစုံကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 💪😍

ဘာကြောင့်လဲဆိုတော့
🍊Acid Free C သည် acid ပမာဏပါဝင်မှုနည်းပါးတဲ့ Non-acidic Calcium Ascorbate မှထုတ်လုပ်ထားလို့ဖြစ်ပါတယ်။
🍊 Calcium Ascorbate သည် ကိုယ်ခံအားမြှင့်တင်ပေးသော Vitamin C ပါဝင်သည့်အပြင် အရိုးနှင့်သွားများ ကျန်းမာသန်စွမ်းစေတဲ့ Calcium သတ္တုဓာတ် လည်းပါဝင်ပါသည်။

Telephone

Website