Pioneer Car Care Products

Pioneer Car Care Products

Car care Products

19/10/2023

ကားရေဆေးအလုပ်သင်ဝန်ထမ်းအလိုရှိသည်
နေစားငြိမ်း၁၂၀၀၀၀
ရန်ကုန် တောင်ဥက္ကလာ
09420021368

28/06/2023
03/06/2023

#မိုးရာသီတွင် ယာဉ်မောင်းသူများ သတိပြုရန် အချက်များ .........

ယခုအချိန် ဟာဆိုရင် မိုးရာသီရောက်လာပြီ ဖြစ်တဲ့အတွက် ယာဉ်မောင်းသူများ သွားရလာရတာ ခက်ခဲလာပါတယ်။
အထူးသဖြင့် ညအချိန်ခရီးဝေးသွားရလို့ လမ်းမှာ မိုးရွာရင် ပိုအန္တရာယ်ရှိပါတယ်။ ဒါကြောင့် မိုးရာသီမှာ မောင်းနှင်သွားလာကြမယ့် ယာဉ်မောင်းသူတွေ အတွက် သတိပြုဖွယ်အချက်လေးတွေကို မျှဝေ လိုက်ရပါတယ်။

(၁) လက်နှစ်ဖက် ဖြင့် စီယာရင်ကို ကိုင်ပါ။

ရာသီဥတုသာယာနေတဲ့ အချိန်မှာဆို စတိုင်ကျကျ စတီယာရင်ကို လက်လေး တစ်ဖက်တည်းနဲ့ မောင်းနိုင်ပေမယ့် မိုးတွင်းမှာ ဆိုရင်တော့ လက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး မောင်းဖို့လိုအပ်ပါတယ်။

(၂) စိတ်ပျံလွင့်စေမယ့်အရာတွေ ခဏ ဖယ်ထားပါ။

မိုးတွင်းမှာ ကားမောင်းတဲ့အခါ ဖုန်းသုံးတာဟာ တကယ်ကို အန္တရာယ်များပါတယ်။ သာမာန်ရာသီဥတုမှာတောင် ကားမောင်းရင်း ဖုန်းသုံးတာကြောင့် မလိုလားအပ်တာတွေ ဖြစ်တတ်သေးတာ ရာသီဥတု ဆိုးရွားတဲ့ အချိန်ဆို ပိုဆိုးပါတယ်။
လျှပ်စီးကူးမှုအပါအ၀င် မဖြစ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ကားမောင်းမယ်ဆိုရင် ဖုန်းကို ခပ်ဝေးဝေးမှာ သာထားပါ။
ဖြစ်နိုင်ရင် ရေဒီယိုတောင် မဖွင့်သင့်ပါဘူး။

(၃) ဘေးဘယ်ညာကို မျက်ခြေမပြတ်ပါစေနဲ့

ကားမောင်းရင်းနဲ့ ရှေ့ကိုသာမက နောက်ကြည့်မှန်ကနေရော ဘေးမှန်တွေကပါ ပါတ်၀န်းကျင်ကို အကဲခတ်နေပါ။
ဒါမှသာ ကိုယ်သွားနေတဲ့ လမ်းပေါ်မှာ ချိုင့်တွေ၊ သစ်ပင်လဲနေတာတွေ၊ ဓါတ်ကြိုးပြတ်ကြတာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

(၄) ရှေ့မီးကြီးကို သုံးပါ

မိုးအရမ်းသည်းနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ မိုးအတော်အသင့်ရွာနေတဲ့ အချိန်ပဲဖြစ်ဖြစ် ရှေ့မီးကြီးကို ဖွင့်ထားပါ။
ဒါမှသာ ကိုယ်တိုင်လည်း ရှေ့ကို သဲသဲကွဲကွဲမြင်နိုင်မှဖြစ်သလို၊ ရှေ့ကလာနေတဲ့ ကားကလည်း ကိုယ့်ကို မြင်နိုင်မှာပါ။

(၅) ကပ်မလိုက်ပါနဲ့

ရှေ့ကားကို အရမ်းကြီးကပ်လိုက်တာဟာ အန္တရာယ်ရှိနိုင်ပါတယ်။ လမ်းကြောင့် ဖြစ်စေ၊အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ
မတော်တဆ ရှေ့ကကား တစ်ခုခုဖြစ်ပါက ကိုယ့်ကိုလဲ လာရောက်ထိခိုက်နိုင်တာကြောင့် ခပ်ခွာခွာသာလိုက်ပါ။

(၆) အရှိန်မြှင့်မမောင်းပါနဲ့

မိုးရွာထဲမှာကားကို အရှိန်မြင့်မောင်းနှင်တာဟာ ကိုယ့် အန္တရာယ်ကိုယ်ဖိတ်ခေါ်နေတာပါ။
လမ်းကချော်နေတာကြောင့်ရော၊ မိုးတွင်းဆိုရင် ဘရိတ်တွေရဲ့ စွမ်းရည်တွေက ကျနေ တတ်တာကြောင့်ရော ရုတ်တရတ် ဘရိတ်အုပ်လိုက်ရင် အရှိန်မထိန်းနိုင်ဘဲ
မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၇) ရေလျှံနေတဲ့ လမ်းတွေကို ရှောင်ပါ

ကိုယ်သွားချင်တဲ့နေရာကို တခြားလမ်းက သွားရင်ရောက်နိုင်ရဲ့သားနဲ့ ဖြတ်လမ်းလိုက်ပြီးတော့ ရေကြီးရေလျှံနေတဲ့ လမ်းတွေကို တတ်နိုင်သမျှ
မမောင်းပါနဲ့။ ကားအင်ဂျင်ထဲရေ၀င်တာ၊ ရေကြီးနေတဲ့အောက်က အချွန်အတက်တွေကြောင့် ကားဘော်ဒီ၊တာယာ တစ်ခုခုဖြစ်နိုင်တာ၊ မြေကျွံတာတွေအပြင်
ပါဝါစတီယာရင်ဂန်းနဲ့ မော်တာကို ကားအောက်ပိုင်မှာတပ်ဆင်ထားတဲ့ အချို့ မော်ဒယ်မြင့်ကားတွေ (ဥပမာ-Crown,Mark X) ဆို မော်တာထဲကို ရေ၀င်ပြီး
မလိုအပ်ဘဲ ငွေကုန်ကြေးကျများနိုင်ပါတယ်။

(၈) လေကာမှန်တွေကို ရေငွေ့မရိုက်ပါစေနဲ့

ကားတွင်း အပူချိန်ကြောင့် လေကာမှန်တွေမှာ ရေငွေ့တွေရိုက်နေပြီဆိုရင် အဲကွန်းက လေထုတ်လမ်းကြောင်းကို လေကာမှန်ရှိရာသို့ပြောင်းပေးပြီး
ရေငွေ့ကို ပိုမြန်မြန်ဖယ်ရှားနိုင်ပါတယ်။ အဲကွန်းမနိုင်တဲ့ကားတွေဆို ရေငွေ့သုတ်ဖို့ ကားထဲမှာ သဘက်လို အ၀တ်တစ်ခုဆောင်ထားသင့်ပါတယ်။

(၉) မိုးရေမတင်နိုင်တဲ့ ဆေးရည်ကို မှန်မှာ ဖြန်းထားပေးပါ

Rain Repellent လို့ခေါ်တဲ့ ကားမှန်ပေါ်ကို ရေမတင်အောင်ကာကွယ်နိုင်တဲ့ဆေးရည်လေးကို မှန်ပေါ်မှာ ဖြန်ထားမယ်ဆို ရေစက်တွေ အရမ်းတင်လို့ အပြင်ကို မမြင်ရတဲ့ ပြသနာကို အထိုက်အလျှောက် ပြေလည်စေပါလိမ့်မယ်။ ကားပစ္စည်းရောင်းတဲ့ဆိုင်တော်တော်များများမှာ Rain Repellent ဆေးရည်ကို၀ယ်ယူလို့ရပါတယ်။

(၁၀) ကြိုတင်ပြင်ဆင်ထားပါ

မိုးရာသီမှာ ညဘက် အနီးအနားဖြစ်စေ၊ ခရီးဝေးဖြစ်စေ မလွှဲမရှောင်သာသွားရတော့မယ်ဆို ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါ။
မိုးကာအကျီ၊ လက်နှိပ်ဓါတ်မီး၊ အပိုဘီး၊ ဂျိုက်၊ ဂွ စတာတွေ အစုံအလင် ကားထဲမှာ ထားထားပါ။
ခရီးဝေးသွားရမယ်ဆို လမ်းခုလတ်မှာ မိမိဘာသာ မပြုပြင်နိုင်တဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းတာပဲဖြစ်စေ၊ အရေးပေါ်အခြေအနေကြုံလာတာပဲဖြစ်စေ
အကူအညီတောင်းလို့ရအောင် မိမိရဲ့လက်ကိုင်ဖုန်းကို အားပြည့်အောင်သွင်းထားပါ။

(ဗဟုသုတ အနေဖြင့်ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

Pioneer Car Care Products on TikTok 27/05/2023

Pioneer Car Care Products on TikTok Pioneer Car Care Products's short video with ♬ original sound - Pioneer Car Care Products

27/05/2023

အလုပ်လုပ်ရင်းမှတ်တမ်းတင်ဖြစ်တာလေးတစ်ဖြတ်😊😊

20/05/2023

ကီလိုမှ မိုင် ကို
8 နဲ့စား 5 နဲ့မြောက်
မိုင်မှ ကီလို ကို
5 နဲ့စား 8 နဲ့ မြောက်

စိတ် နဲ့တွက် ရပါတယ်

ခရီးအကွာဝေး မိုင်တွက်နည်း
________
1 .6 kilometer = 1 mile
48 kilometer 😞 48 ÷ 1.6 ) × 1
= 30 × 1
= 30 miles
ဒိုင်ခွက်ထဲက လက်တံ က 48 km မှာထားပီးမောင်းလျှင် 1 နာရီမှာ မိုင် 30 ရောက်ပါမည်

80 kilometer = (80 ÷ 1.6 )× 1
= 50 × 1
= 50 Miles
80 kilometer နှုန်းနဲ့ မောင်းလျှင် 1 နာရီ ကြာပြီးသွားလျှင် မိုင် 50 ရောက်ပါမည်

100 kilometer = ( 100 × 1.6 ) ×1
=62.5 miles
100 kilometer နှုန်းနဲ့ မောင်းလျှင် 1 နာရီကို 62.5 မိုင်ရောက်ပါမည်

ကိုယ့်သွားမည့်မိုင် ကိုသိလျှင်
ဘယ်လောက် speed နဲ့မောင်းလျှင် ဘယ် အချိန်ရောက်မှလဲ တွက်ပေးတာပါ

op

19/05/2023

ကျွန်တော်တို့ရဲ့ ပုံမှန် ဖောက်သည်ကြီး စီးပွားတိုးတက်ပြီး ကျန်းမာရွှင်လန်းပါစေ ခင်ဗျာ လူပျိုလေးကိုသီဟ Zaw လည်း သိန်းတစ်သောင်းနဲ့တင်တောင်းနိုင်ပါစေခင်ဗျာ😁😁😁

03/05/2023

မင်္ဂလာရှိသော ကဆုန်လပြည့်နေ့ဖြစ်ပါစေခင်ဗျာ
ကိုယ်စိတ်နှလုံးသုံးပါးလုံးကျမ်းမာပြည့်စုံပြီး
လိုလားအပ်တောင့်တအပ်သောဆန္ဒများပြည့်ကြပါစေကြောင်း Pioneer မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်

Photos from Pioneer Car Care Products's post 26/04/2023

Before & After ဒီလိုdegreeserမျိုး ဈေးသက်သက်သာသာနဲ့ရမယ်ဆိုရင် စိတ်ဝင်စားကြလားခင်ဗျ😊😊😊 လူတော့အရမ်းသက်သာပါတယ်နော် packaging ပြီးတာနဲ့ ရောင်းချပေးတော့မှာပါခင်ဗျာ

25/04/2023

ပူပြင်းလှတဲ့အပူဒါဏ်ကိုအံတုပြီး wayပတ်နေကြရတဲ့ညီငယ်တို့ကို😰😰😰 စာနာမိပါတယ် ဒါပေမယ့်လည်း ကာကာတို့တဲ့လိုအပ်ချက်တွေကိုsupplyလုပ်နိုင်ဖို့ ကျွန်တော်တို့ရဲ့ညီငယ်လေးတွေဆိုင်အရောက်လိုက်လံပို့ဆောင်ပေးနေပါတယ်နော် ကျွန်တော်တို့ Pioneer မိသားစုနဲ့စတင်လက်တွဲလာတဲ့ လုပ်ငန်းရှင်ကြီးများကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ🙏🙏🙏

23/04/2023

ကျွန်တော်တို့ရဲ့ ပုံမှန် ကာစတန်မာကြီး Day & Night Car Polish ဒီ့ထက်မက လုပ်ငန်းတွေတိုးတက်ပြီး ဆိုင်ခွဲတွေ အမြန်ဖွင့်နိုင်ပါစေဗျာ🙏🙏🙏

Photos from Pioneer Car Care Products's post 20/04/2023

ကျောက်စိမ်းမြို့တော် ဖားကန့်မှမှာယူအားပေးပါသောcustomerမမလေး အား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ စီးပွားဥစ္စာတွေဒီရေအလားတိုးတက်ကြပါစေ🙏🙏🙏

20/04/2023

ပစ္စည်းအမှာများကို ယနေ့၂၀ရက်နေ့မှစတင်၍ပြန်လည်ပို့ဆောင်ပေးနေပါပြီခင်ဗျာ နှစ်သစ်မှာ မင်မင်တို့တစ်တွေ အားသစ်အင်သစ်နဲ့ အမြန်ဆုံးဝန်ဆောင်မှုများပေးမှာဖြစ်လို့ အခုပဲ အော်ဒါလေးတွေ ပက်ပက်စက်စက်လက်ခံနေပါပြီ😊😊😊 ရန်ကုန်မြို့တွင်း အော်ဒါများကို ၃သောင်းဖိုးနှင့်အထက်မှာယူပါက ဆိုင်အရောက်ပို့ဆောင်ပေးနေပါပြီနော်🤗🤗🤗

20/04/2023

နှစ်သစ်မှာအားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လုပ်ငန်းစီးပွားတိုးတက်အောင်မြင်ကြပါစေကြောင်း
Pioneer မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

06/04/2023

ရန်ကုန်မှာ သူဌေးတွေအများကြီးပဲ
ဟုတ်တယ်

ဈေးထဲကပဲပြုတ်သည်ကိုကြည့်တော့
ပဲကတမျိုးပဲရောင်းတယ်။

အဲ့ဒါနဲ့

အစ်မရယ်
ပဲပြုတ်က ၂မျိုး၃မျိုးရောင်းလို့ရတာကို '
လို့ပြောတော့ပြန်မဖြေဘူး။

အစ်မက ပဲတမျိုးကို
ဥပမာ ၅၀၀၀မြတ်တယ်ထား
၂မျိုး၃မျိုး တင်တော့ ပိုမြတ်မှာပေါ့ '

ဆိုတော့
အလုပ်ရူပ်တယ် မရောင်းချင်ဘူးတဲ့။

ဂိတ်မှာအိပ်နေတဲ့ဆိုက်ကားသမားကို
တိုက်ခန်းပေါ်ပစ္စည်းတင်ဖို့ခေါ်မိတယ်။

ကျနော်သွားစရာရှိလို့ ' ဆိုပြီး
ပြန်အိပ်နေတယ်။

၁၀မိနစ်လောက်
သူပစ္စည်းတင်ပေးလိုက်ရင်
၄ /၅ထောင်ရမှာ။မလုပ်ဘူး။

ရွှေတိဂုံဘုရားကနေ ယုဇနပလာဇာကို
၃၀၀၀ ပေးငှားတယ်။

မလိုက်ဘူးတဲ့ ကားပိတ်မှာကြောက်လို့။
ပိတ်မှာကြောက်ရင်
ဘာလို့ကားမောင်းနေလဲမသိဘူး။

ကိုယ်က
အိမ်ကိုနောက်ကျမှပြန်ရောက်လို့
ရေသန့်ဗူးကို ဖုန်းဆက်တဲ့အချိန်လာပို့ပါ
၅၀၀ပိုပေးမယ်ဆိုတာကို လာမပို့ဘူး။

ကိုယ်သွားကြည့်တော့
ဖုန်းထိုင်ကြည့်နေတယ်။

ပစ္စည်းပို့စရာရှိလို့ အောင်ဆန်းကွင်းကို
၈နာရီသွားပို့တယ်။

ဂိတ်ကကောင်တွေကအထဲကနေ
၈နာရီခွဲမှ ဂိတ်ဖွင့်မယ်ပြန်ပြောတယ်။

အမှန်က တံခါးဖွင့်ပီး ပစ္စည်းယူလိုက်ရင် ရပီ။

ထမင်းဆိုင်မှာ ကြက်သား အာလူး
ရောချက်ထားတာကို
အာလူးပဲသပ်သပ်ပေးပါ
ပိုက်ဆံပိုပေးပါမယ်ဆိုတာကို
ခွဲမရောင်းဘူးတဲ့။

မွာထားတာ လာပို့တဲ့ Deliveryသမားကို

ဒီအချိန်တွေအလုပ်မအားလို့
ညနေမှလာပို့ပါ
ကျတဲ့deliခထက် ပိုပေးပါမယ်
လို့ပြောတာကို
ကျနော်တို့က ဒီအချိန်ပဲလာပို့လို့ရမှာတဲ့။

ကောက်ညှင်းပေါင်းသည်က
ငချိတ်တစ်ရက်
ဆီထမင်းတစ်ရက်ရောင်းတယ်။

တွဲရောင်းပါလား ဆိုတော့
သူက
တစ်ရက်ဆီပဲရောင်းတာတဲ့ တမျိုးကို။

ည ၇နာရီလောက် အိမ်သော့ပျောက်လို့
သော့ပြင်တဲ့လူကိုသွားခေါ်တယ်။

ပုံမှန်သော့ဖျက်ပေးတာကို ၈၀၀၀ယူတယ်။

ကိုယ်က ၁၅၀၀၀ပေးမယ်ပြောပီးခေါ်တာကို
မိုးချုပ်နေပြီမလိုက်တော့ဘူး လို့ပြောတယ်။

ကိုယ့်အိမ်က သူ့ဆိုင်က
လှမ်းကြည့်ရင်တောင်မြင်နေရတာ။

အိမ်မှာသစ်သားအကောင်းတွေပိုနေလို့
အမှိုက်ပစ်တဲ့လူကို
လက်ဆောင်ထည့်ပေးမိတယ်။

' ကျနော်တို့က မလိုဘူး 'ဆိုပီး
သယ်ရမှာပျင်းတာနဲ့ယူမသွားဘူး။

ပြီးရင်
စီးပွားရေးက ဘာဖြစ်တယ်ညာဖြစ်တယ်

နိုင်ငံကြီးက ဘာဖြစ်တယ်
ညာဖြစ်တယ်ဆိုပြီး
ကြည့်လိုက်ရင် ဒီလိုလူတွေချည်းပဲ။

လူစီး လူကပ် လူပေလူတေ တွေ။

အဲ့ဒါကြောင့်ပြောတာ
ရန်ကုန်မှာ လုပ်မစားချင်တဲ့
သူဌေးတွေအများကြီးပဲ။

Credit to Original Writer

တချို့သောအချက်တွေမှန်သလို တချို့ လဲနဲနဲလွဲ
ပြန်လည်မျှဝေပါသည်

Photos from Pioneer Car Care Products's post 03/04/2023

ဆိုင်က ခလေးတွေ လက်ဆော့သွားပြန်ပြီထင်တယ်😒
ဘယ့်နှယ်...တစ်ခြမ်းထဲသုတ်ထားရတယ်လို့😁😁😁

Photos from Pioneer Car Care Products's post 03/04/2023

တောင်ကြီးမြို့မှပထမဆုံးcustomerပါခင်ဗျာ😍😍
ယုံကြည်စိတ်ချစွာဖြင့်မှာယူအားပေးပါသော ချစ်ကိုကြီးကိုအထူးအထူးကျေးဇူးတင်ပါတယ် လုပ်ငန်းစီးပွားတွေတိုးတက်ပြီး နေကောင်းကျန်းမာပါစေခင်ဗျာ🙏🙏🙏

Photos from Pioneer Car Care Products's post 02/04/2023

မြန်မာပြည်တောင်ဘက်အစွန်းက သိပ်လှတဲ့မြို့ကလေးဖြစ်တဲ့ ကော့သောင်း မှ ဝယ်ယူအားပေးလာတဲ့ customerကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
လုပ်ငန်းတွေတိုးတက်ပြီး စီးပွားလာဘ်လာဘတွေတိုးပွားကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏

Photos from Pioneer Car Care Products's post 01/04/2023

မော်ရွှေမြိုင်မှ အရမ်းသဘောကောင်းတဲ့customer ကိုမင်းထက်မွန် အား Pioneer မိသားစုမှ ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ😊😊😊 လုပ်ငန်းစီးပွားတွေလည်းဒီရေအလားကြီးပွားတိုးတက်ပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏🙏🙏

Photos from Pioneer Car Care Products's post 31/03/2023

ရွှေမန်းမြေမှ အားပေးပါသော Aga Aung Myanmar Automobile Repair ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ🙏🙏🙏 ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပြီး အသက်ရှုတိုင်းငွေဝင်ပါစေဗျာ😊😊😊

Photos from Pioneer Car Care Products's post 31/03/2023

Pioneer products များကိုအစဥ်အမြဲဝယ်ယူအားပေးနေတဲ့ Day & Night Car Spaကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။🙏🙏🙏 စီးပွားလာဘ်လာဘတွေဒီရေအလားတိုးပွားကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်😊😊😊 Day & Night Car Polish

Photos from Pioneer Car Care Products's post 29/03/2023

လောင်စာဆီဈေးတွေကြီးမြင့်နေတာမို့
အားလုံးပဲ ဆီစားသက်သာတာကိုကြိုက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ ဆီစားသက်သာခြင်းဟာ ပိုက်ဆံကိုချွေတာရာရောက်သလို ကာဗွန်ထုတ်လွှတ်မှုကိုလည်း လျော့ပါးစေပါတယ်။
ဒါ့ကြောင့်ဆီစားသက်သာစေဖို့ လိုက်နာသင့်တဲ့အချက်လေးတွေကို လက်လှမ်းမီသလောက် မင်မင်က ချစ်ခြင်းအားဖြင့် ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ😊😊😊

Photos from Pioneer Car Care Products's post 28/03/2023

ဆိုင်မှာလာအားပေးတဲ့ customer ဘောစိရဲ့ကားလေးကို service ပေးဖြစ်တာလေးပါ👇👇👇

28/03/2023

တရုတ်မလေးနဲ့တွေ့တော့ဂျာမန်ကြီးရှဲကျွတ်သွားတယ်😁😁😁
photo: credit

27/03/2023

ပူပြင်းတဲ့နွေရာသီမှာကာကာတို့ရဲ့ကားတွေအတွက် ဆောင်ရန်ရှောင်ရန်အချက်၁၀ချက်ကိုချစ်ခြင်းအားဖြင့်မျှဝေလိုက်ပါတယ်😊😊😊
1.✅ကား၏coolant level ကိုပုံမှန်စစ်ဆေးပြီးဖြည့်စွက်ခြင်း သို့မဟုတ် လဲလှယ်ခြင်းများပြုလုပ်ပေးပါ။
2.✅ကားကိုအရိပ်ရသောနေရာတွင်ရပ်ပါ သို့မဟုတ် အတွင်းခန်းအပူလွန်ကဲခြင်းမှကာကွယ်ရန် လေကာမှန်နေကာကိုအသုံးပြုပါ။
3.✅ပူပြင်းသောရာသီဥတုကြောင့်ကားဘက်ထရီကိုသက်တမ်းတိုစေနိုင်သဖြင့်သင့်ကား၏ဘက်ထရီကိုစစ်ဆေးပါ။အခြေအနေမကောင်းပါက အသစ်လဲရန်စဥ်းစားပါ။
4.✅တာယာလေပေါင်ကိုပုံမှန်စစ်ဆေးပါ တာယာသက်တမ်းကိုစစ်ဆေးပြီး လိုအပ်လျှင်လဲလှယ်ပါ။
5.✅A/Cကို recycle mood ထားပြီးအသုံးပြုပါ။
6.❌အင်ဂျင်၏အပူကိုအင်ဂျင်ဝိုင်မှတစ်စိတ်တစ်ပိုင်းလျော့ချပေးနိုင်သဖြင့်အင်ဂျင်ဝိုင်ကိုနေ့တိုင်းစစ်ဆေးရန်နှင့် ကီလိုပြည့်လျှင်လဲလှယ်ရန် မပျက်ကွက်ပါနှင့်။
7.❌နေ၏အပူချိန်သည်ကားအတွင်းပိုင်းနှင့်အပြင်ပိုင်းကိုထိခိုက်ပျက်စီးစေနိုင်သောကြောင့် နေရောင်ခြည်တိုက်ရိုက်အောက်တွင်အချိန်ကြာမြင့်စွာမထားခဲ့ပါနှင့်။
8.❌ဓာတ်ဆီအင်ဂျင်ကားများ လောင်စာဆီကိုပြည့်လျှံသည်အထိဖြည့်ထည့်ခြင်း၊ လက်ကျန်ခံဆီဖြင့် ပေကပ်မောင်းခြင်း မပြုလုပ်ပါနှင့်။
9.❌အင်ဂျင်လေစစ်တွင်ဖုန်မှုန့်နှင့်အညစ်အကြေးများပိတ်ဆို့နေပါက ကား၏စွမ်းဆောင်ရည်နှင့် ဆီစားသက်သာမှုကို ဒုက္ခပေးနိုင်သဖြင့် အင်ဂျင်လေစစ်ကိုပုံမှန်စစ်ဆေးရန်မမေ့ပါနှင့်။
10.❌ကလေး သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များကိုကားထဲတွင်ထားခဲ့ခြင်းမပြုပါနှင့်။

Photos from Pioneer Car Care Products's post 27/03/2023

ကိုယ်တိုင်လာရောက်ဝယ်ယူချင်တဲ့customerတို့အတွက်လည်းဆိုင်မှာinstockထားရှိပါတယ်
အပြုံးချိုချိုလေးများနဲ့ဝန်ထမ်းလေးတွေကလည်း
လူကြီးမင်းတို့ကိုပျူငှာစွာserviceပေးနေပါတယ်နော်😊😊😊
ဆိုင်လိပ်စာ- Kyaw Family Auto ၅/၇ ဗြဟ္မစိုရ်လမ်း၊၇ရပ်ကွက်၊တောင်ဥက္ကလာ။

Photos from Pioneer Car Care Products's post 27/03/2023

ညိုကီတို့ရေ ပူပြင်းလာတဲ့နွေရာသီမှာ အတတ်နိုင်ဆုံး
အရိပ်ထဲနေကြပါနော်😥😥 အပြင်မှာထားခဲ့ရတဲ့ကားလေးတွေအတွက်တော့ ကျွန်တော်တို့ရဲ့Leather polish
လေးပွတ်တိုက်ပေးထားခြင်းအားဖြင့် Dashboardတွေမွဲခြောက်ကွဲအက်တာ၊ အပူကြောင့်ကျွတ်ဆတ်လာတာတွေကိုကာကွယ်ပေးနိုင်ပါတယ်ဗျာ😊😊 အကြာကြီးတောက်ပြောင်နေအောင်လည်းထိန်းသိမ်းပေးပါတယ်။
အိမ်သုံးအတွက်700ml pressဗူး၊
ဆိုင်သမားတွေအတွက်5Lလက်ဆွဲဗူး ဆိုပြီး၂မျိုးရှိပါတယ်။ဈေးနှုန်းလေးတွေကတော့......
☀700ml -8000ks
☀5L. -28000ks
ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကတော့
📱09420021368
📱09424662225
viber / messenger တို့မှလည်းမှာယူနိုင်ပါတယ်ခင်ဗျာ😊😊😊

Photos from Pioneer Car Care Products's post 26/03/2023

ဘောစိတို့ရေ 😊😊😊
Tyre Shinning. 18L ရပါပြီနော်👇👇👇
အဝကျယ်ပုံးလေးနဲ့ဆိုတော့ပိုအဆင်ပြေတာပေါ့😉😉
ပုံမှန်ရောင်းနေကျ5Lဘူးလေးတွေလည်းလိုသလောက်instockရနေပါတယ်နော့
ဈေးနှုန်းလေးတွေကတော့

⭐⭐⭐700ml-5000ks
⭐⭐⭐ 5L -18000ks
⭐⭐⭐ 18L-55000ks

viber/messenger/phoneအဆင်ပြေတာနဲ့မှာယူနိုင်ပါတယ်
📱09420021368
📱09424662225

Photos from Pioneer Car Care Products's post 24/03/2023

*Wash & Shine Car Shampoo*
ကားရေဆေးထားပြီး သန့်ရှင်းနေပြီထင်ရပေမယ့် မွဲခြောက်ခြောက်ဖြစ်နေတဲ့ကိုယ့်ကားကိုယ်ကြည့်ပြီး
ညစ်နေတဲ့ဆရာတွေရှိလား🕵️‍♀️🕵️‍♀️🕵️‍♀️
မင်မင်တို့ရဲ့Pioneer wash & shine car shampooကိုစတင်မိတ်ဆက်လိုက်ပါတယ်။ဘရာဇီးနိုင်ငံကထွက်တဲ့Carnauba waxကိုခေတ်မှီဖော်မြူလာများနဲ့ပေါင်းစပ်ထားလို့ဆရာကြီးတွေရဲ့ကားကိုမီးချောင်းကြီးလို လင်းထွက် ဝင်းထွက်သွားစေမယ်နော်😊😊😊
သုံးရတာလည်းသိပ်လွယ်တယ်.ရေအဆ၂၀အထိစိတ်ကြိုက်ရော.များများဝင်းချင်ရင်တော့ရေ၁၀ဆလောက်ပဲရောပေါ့😁😁😁
နောက်ပြီးPH level 8နဲ့9ကြားမှာရှိလို့ကားဆေးသားနဲ့အလွိုင်းတွေကိုacidကြောင့်ဖြစ်တတ်တဲ့ပျက်စီးမှုတွေမရှိဘူး။ alkaline ကြောင့်ဖြစ်တတ်တဲ့ပြဿနာတွေ(ဥပမာ.လက်အညောင်းခံတင်ထားတဲ့waxတွေစားကုန်တာ၊ဈေးကြီးပေးပြီးတင်ထားတဲ့Coatingတွေပျက်ကုန်တာ စတာတွေ)လုံးဝမရှိဘူးနော်😉😉😉
မယုံရင်ဝယ်သုံးကြည့်လိုက်!!ပေးရတဲ့ဈေးနဲ့"တန်တယ်ဟ"ဖြစ်သွားမယ်။
ရေဆေးခုံလုပ်ငန်းရှင်ကြီးတွေအတွက်လည်း 5L 18L တွေထုတ်ထားပေးလို့ လုပ်ငန်းအတွက်တွက်ခြေကိုက်ပါတယ်။
မင်မင်တို့ရဲ့Detailingလုပ်ငန်းမှာလည်း၂နှစ်ကျော်အသုံးပြုခဲ့ပြီးပြီမို့ Qualityပိုင်းကိုတော့စိတ်သာချ.တွက်ချေလည်းကိုက်😊😊😊 ကဲ ဘာလိုနေသေးလဲ😁😁
$$$ဈေးနှုန်းလေးတွေကတော့

🔷🔷🔷700ml - 7000ks
🔷🔷🔷5L. - 15000ks
🔷🔷🔷18L. - 38000ks

viberကနေလည်းဆက်သွယ်မှာယူလို့ရပါတယ်
09420021368
09424662225
ရန်ကုန်မြို့တွင်းcash on deli ရပြီး
နယ်ကဆရာကြီးတွေအတွက် kpay /wave money
တို့နဲ့ပေးချေမှာယူနိုင်ပါတယ်။

02/05/2022

မင်္ဂလာပါခင်ဗျာ🙏
Pioneer Car Care Products မှကြိုဆိုပါတယ်။
ကျွန်တော်တို့ရဲ့ instock ရရှိနိုင်သော ကုန်ပစ္စည်းများနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ။ယခုလတ်တလော ရရှိနိုင်တာကတော့ PIONEER (Leather & Vinyl Polish) နဲ့ PIONEER (Tyre Shinning Moisturiser) တို့ပဲဖြစ်ပါတယ်။ 500ml, 5 Liters, 20 Liters စသည်ဖြင့် လူကြီးမင်းတို့စိတ်ကြိုက် မှာယူနိုင်ပါပြီခင်ဗျာ။😊😊😊😊

Videos (show all)

ဆိုင်ကိုဆွဲလာရတဲ့ကားလေးတစ်စီးပြင်ပေးဖြစ်တယ်
ကားရှမ်ပူ၁ဆ ရေအဆ၂၀ အရော testing
အလုပ်လုပ်ရင်းမှတ်တမ်းတင်ဖြစ်တာလေးတစ်ဖြတ်😊😊

Telephone

Website