AUNG MIN KO KO

AUNG MIN KO KO

Air.con Service

04/03/2022

🚩 #အဲကွန်းဂက်စ်တပေါင်မှာPSIဘယ်လောက်ရှိလဲ

အဲကွန်း ဂက်စ်1Lb မှာ PSIဘယ်လောက် လဲရှိတာသိချင်ရင် ဂက်စ်တပေါင်၀ယ်ပြီး
၁-ဂက်စ်မရှိတဲ့ 1HP အဲကွန်း outdoorအလွတ်ထဲထည့်ကြည့်ပါ။
၂-အဲကွန်ဂက်စ်အိုးအလွတ် ပေါင်(၃၀)အိုးထဲထဲထည့်ကြည့်ပါ
၃-အခု လူတွေရှူနေတဲ့ အောက်ဆီဂျင်အိုးကြီး 40L ထဲထည့်ကြည့်ပါ။
၄-ဂက်စ်မရှိတဲ့ 3HP အဲကွန်း outdoor အလွတ်ထဲထည့်ကြည့်ပါ။
၅-ဂက်စ်မရှိတဲ့ 1HP အဲကွန်း Indoor ထဲထည့်ကြည့်ပါ။

အဲဒီမှာ PSI တွေမတူတာတွေ့ရင် သဘောပေါက်လာပါလိမ့်မယ်။

အဲကွန်းဂက်စ် အလေးချိန် (Lb)နဲ့ ဖိအား (PSI)က သူတို့နှစ်ဦးကြား တိုက်ရိုက်ဆက်စပ်မှု မရှိပါ။

အားလူးတစ်ပိဿာ ဘယ်နှလုံးရှိလဲဆိုတဲ့ မေးခွန်းမျိုးပါ။
အာလူး တစ်ပိဿာ မှာ အလုံးသေးရင် အရေအတွက်များမယ် ကြီးရင် အရေအတွက်နည်းမယ်။အသေတွက်မရသလိုပါ။

ဂက်စ်တပေါင်မှာရှိနေမည့် ဖိအား PSI ကြတော့
အဲဒီဂက်စ်ထည့်ထားတဲ့ အိုးနဲ့ ပိုက်တွေရဲ့ ထုထည်၊
ပတ်၀န်းကျင်အပူချိန် တွေပေါ်မူတည်နေတာပါ။

ပတ်၀န်းကျင် အပူချိန် တူတဲ့အခြေအနေမှာ
ဂက်စ်တပေါင်ကို 1HP စက်ထဲထည့်ရင် PSI များမယ်။
2HP စက်ထဲထည့်ရင် PSI နည်းမယ်။
10 HP စက်ထဲထည့်ရင် မဆိုစလောက်ပဲရှိမယ်။

ဒီကြားထဲပတ်၀န်းကျင်အပူချိန်နိမ့်ရင် PSI လျော့မယ်။
အပူချိန်မြင့်ရင် တိုးလာမယ်။

ဆိုလိုချင်တာက ဂက်စ်တပေါင်မှာ PSI ဘယ်လောက်ရှိလဲ တိကျတဲ့ ဆက်သွယ်ချက်မရှိပါ။

ဒီလိုအခြေခံကျတဲ့ ဟာမျိုးတွေကို အဲကွန်းနဲ့အသက်မွေးမည့်သူများက သူများကဲ့ရဲ့မခံရအောင် နားလည်သူတွေဆီမှာ သေချာမေးမြန်း မှတ်သားထားရင်အသင့်တော်ဆုံးပါဗျ။

🚩 #အဲကွန်းတွေကိုဂက်စ်PSIဘယ်လောက်ဖြည့်ရတာလဲ။ဘယ်နှစ်ပေါင်ဖြည့်ရတာလဲ?

🚩လုပ်ငန်းခွင်၀င်စအဲကွန်းလောကကညီငယ်တွေ
မေးတတ်တာရှိပါတယ်။အဲကွန်းတလုံးကို ဂက်စ်ဖိအား PSI ဘယ်လောက်ဖြည့်ရမလဲ?ဘယ်နှစ်ပေါင်ဖြည့်ရမလဲ?

တချို့ကလည်း စက်မှာပါတဲ့အလေးချိန်တိုင်းဖြည့်ရမှာတဲ့။တချို့ကလည်း PSIနဲ့တဲ့။
နှစ်ခုစလုံးက လုပ်ငန်းခွင်လိုအပ်ချက်အရ သုံးရမှာပါ။
PSI နဲ့ဖြည့်တယ်ဆိုတာကတော့ အိမ်သုံးအဲကွန်းစက်သေးတွေ ဂက်စ်လျော့တဲ့အခါ ထပ်ဖြည့်ရတဲ့ဂက်စ်က ပေါင်ချိန်နည်းတော့ အလေးချိန်နဲ့တောင်းရင်လည်း ၀န်ဆောင်ခအတွက်အဆင်မပြေဘူး။

ဒါကြောင့် PSI နဲ့တောင်းကြပုံပေါ်ပါတယ်။ တကယ်တော့ ကိုယ်ဖြည့်ရတဲ့ ဂက်စ်ကို
အလေးချိန်နဲ့၀ယ်ရတဲ့အတွက် အလေးချိန်နဲ့ပြန်တောင်းရတာက ပိုသဘာ၀ကျပါတယ်။

ဒါပေမယ့် စက်ကဂက်စ်လျော့လို့ ထပ်ဖြည့်ရတဲ့အခါ တလုံးလုံးစာဖြည့်ရတဲ့ ဂက်စ်အလေးချိန်ကို Name Plateဖတ်ကြည့် သိပေမဲ့ စက်ထဲမှာကျန်ခဲ့တဲ့ ဂက်စ်ရဲ့ လက်ကျန်အလေးချိန်ကို မှန်းဆသိနိုင်ဖို့ကအခက်အခဲရှိတော့ စက်သေးတွေပြင်တဲ့အခါ
ဖိအားPSIနဲ့တောင်းယူကြတဲ့သဘောပါ။

အဲဒီအတိုင်း စက်ကြီးတွေကို ဂက်စ်ဖြည့်ရာမှာ
သွားတောင်းလို့မရပါဘူး ဘာကြောင့်လဲဆိုတော့ စက်သေးသေးကြီးကြီး သုံးစွဲတဲ့ ဂက်စ်အမျိုးအစားတူရင် ဖြည်ြ့ရတဲ့ ဂက်စ်ရဲ့ PSI ကတူနေလို့ပါ။

အဲဒါကြောင့် စက်သေးတွေပြင်ရင် PSIနဲ့တောင်းပြီး၊စက်ကြီးတွေပြင်ရင် ပေါင်အလေးချိန်နဲ့ တောင်းကြတဲ့သဘောထင်ပါတယ်။

စက်ကြီးတွေကို PSI နဲ့ 1PSI ဘယ်လောက်သွားတောင်းရင် စက်ပြင်ဆရာခံသွားရပါမယ်။

တကယ်တော့ အဲကွန်းပြင်ရာမှာ
စက်လည်နေချိန် စက်ရဲ့ ဂက်စ်ဖိအားကို PSIနဲ့ ကြည့်တာက စက်က ပုံမှန်ဂက်စ်ဖိအားနဲ့အပူချိန်တွေအတိုင်း အလုပ်လုပ်နေမနေ မဖြစ်မနေကြည့်ရတဲ့သဘောပါ။ဆရာ၀န်တွေနားကျပ်ထောက်သလိုပါ။
ဂကစ်ကို ပေါင်ချိန်အတိုင်း စက်ထဲရောက်သွားတာနဲ့စက်ကတန်းမကောင်းသွားပါဘူး။အဲကွန်းမှာပါတဲ့
အပူကွိုင်၊အအေးကွိုင်၊ကွန်ပရက်ဆာတွေပုံမှန်အလုပ်နေမနေကတော့ ပိုက်လိုင်းတလျှောက်မှာရှိသင့်သူ့ရဲ့ သတ်မှတ် ဂက်စ်ဖိအားနဲ့အပူချိန်တွေကို သိနေဖို့လိုအပ်ပါတယ်။
အဲဒါတွေကြည့်ဖို့ Pressure Guageကိုသုံးရတာပါ။

ပိုက်ဆံတောင်းတာကတော့ ကိုယ့်ဖြည့်ရတဲ့
ဂက်စ်ပမာဏအလေးချိန်နဲ့ တောင်းတာကအသင့်တော်ဆုံးပါ။

စက်တလုံးကို မြင်းကောင်ရေ HPလိုက်လို့
ဂက်စ်ဘယ်လောက်သုံးထားတယ်ဆိုတာ အောက်မှာ အနီးစပ်ဆုံးရှင်းပြပေးထားပါတယ်။

🚩အဲကွန်းမှန်ရင် ဘယ်အဲကွန်းဖြစ်ဖြစ် ဘာဂက်စ်အမျိုးအစားပဲသုံးသုံးလူတွေအတွက်သုံးတဲ့အဲကွန်းမှန်ရင် ပတ်၀န်းကျင်အပူချိန် 40'Cမ‌ကျော်ရင်၊အအေးကွိုင်ကို၀င်တဲ့ ဂက်စ်ရဲ့အပူချိန်က 4.4'C ကနေ 7.2'C ကြားထဲမှာ စံအနေနဲ့ဒီဇိုင်းလုပ်ပြီးထုတ်ထားလေ့ရှိပါတယ်။
အအေးကွိုင်းအ၀င် Liquid pipeကို သာမိုမီတာနဲ့တိုင်းကြည့်လို့ရပါတယ်။တကယ်တော့ အထူးတလည်တိုင်းစရာမလိုပါဘူး
အဲကွန်းသမားတွေသုံးနေတဲ့ ဂိတ်မှာလဲ ကိုယ်တိုင်းနေတဲ့ ဂက်စ်က Saturatedအပူချိန်ဘယ်လောက်ရှိတယ်ဆိုတာ ပါပြီးသားပါ။
ဂိတ်ကိုသေချာကြည့်ပါ။

🚩အဲဒါကြောင့် အအေးကွိုင်ကိုသွားတဲ့ Liquid lineရဲ့အပူချိန်ကို အင်ဒိုးအ၀င်မှာ သာမိုမီတာနဲ့တိုင်းကြည့်ရင် အပေါ်ကပြောတဲ့အပူချိန်အတွင်းရှိပါလိမ့်မယ်။
အဲဒီအပူချိန်မှာရှိနေတဲ့ ဂက်စ်ရဲ့ဖိအားကတော့
အဲကွန်းထဲမှာ သုံးထားတဲ့ဂက်စ်အမျိုးအစားလိုက်လို့ မတူပါဘူး။

🚩အင်ဒိုးအ၀င်မှာရှိနေတဲ့ ဂက်စ်ရဲ့ဖိအားဟာအင်ဒိုးအထွက် ကွန်ပရက်ဆာအ၀င်ထိအတူတူပါပဲ။
(မဆိုစလောက်ပဲပြောင်းလဲလို့ အတူတူလို့ပြောတာပါ)
R22 ဆိုရင် 69PSI ကနေ 76 ကြား
R410aဆိုရင် 120PSI ကနေ 130ကြား
R32 ဆိုရင် 120PSI ကနေ 130PSIကြား
R134aဆိုရင် 35PSIကနေ 40PSIကြား
ရှိနေပါလိမ့်မယ်။

🚩ဘယ်‌အဲကွန်းဖြစ်ဖြစ်၊စက်ဘယ်လောက်ကြီးကြီး
သုံးတဲ့ဂက်စ်လိုက်လို့ အပေါ်ကပြောတဲ့ ပရက်ရှာ
အတိုင်းအတာနဲ့ပဲရှိပါမယ်။
(VRV စက်တွေမှာတော့ အအေးကွိုင်တွေရဲ့အပူစုပ်ရတဲ့၀န်ပမာဏာကန့်သတ်ချက်ကြောင့် စက်မှာတပ်ထားတဲ့ အအေးကွိုင်အားလုံး အကုန်မသုံးထားရင် စက်ဒီဇိုင်းလိုက်လို့
အပေါ်က‌ေပြာထားတဲ့ဖိအားထက်
နည်းနည်းပိုနိုင်ပါတယ်)

အဲဒီလိုဖိအားအနေအထားအတွင်း မှန်နေရင် သူ့စက်ရဲ့ အမ်ပီယာကို တိုင်းကြည့်ရင် စက်မှာရေးထားတဲ့အတိုင်းနီးပါး မှန်‌ေနပါလိမ့်မယ်။

ဉပမာ သူ့စက်က
4.5Ampဆိုရင် 4.8လောက်ပေါ့။

အဲလိုအမ်ပီယာအနေအထားမှာ
ဂက်စ်ပရက်ရှာက
R22 ဆိုရင် 69PSI ကနေ 76 ကြား
R410aဆိုရင် 120PSI ကနေ 130ကြား
R32 ဆိုရင် 120PSI ကနေ 130PSIကြား
R134aဆိုရင် 35PSIကနေ 40PSIကြား
ကြားတနေရာရာမှာရှိ‌ေနပါလိမ့်မယ်။

အမ်ပီယာရော
ဂက်စ်ပရက်ရှာရော အဲဒီအနေအထားမှာရှိရက်နဲ့ အအေးပေါ့တာဆိုရင်
အခန်းနဲ့စက်ကိုက်လားကြည့်ပါ
အခန်းတခါးတွေပွင့်နေလား မျက်နှာကျက်နဲ့နံရံတွေလုံလားကြည့်ပါ
အဲဒါတွေအဆင်ပြေပီးမအေးရင်တော့
ဂက်စ်အသစ်ပြန်လဲဖြည့်ကြည့်ပါ။

အဲကွန်းတွေကိုဖြည့်ရတဲ့ဂက်စ်ပမာဏက
5HPအောက်ဆိုရင် စက်ကိုလုပ်ထားတဲ့ဒီဇိုင်းလိုက်လို့ ၁ကောင်ကိုကို 1 ပေါင်ကနေ 1.3 ပေါင်ကြားရှိပါတယ်။
ဉပမာ
3HPဆိုပါတော့
3 HP X 1.3 lb =3.9 Lb (အနီးစပ်ဆုံး 4Lb)အများဆုံးရှိတတ်ပါတယ်။
အနည်းဆုံးကတော့ 3HP x 1 lb=3Lbပေါ့။
ဒါကစက်အသစ်မှာ ပါလာတဲ့ဂက်စ်ကိုပြောတာပါ။ လက်တွေ့မြေပြင်မှာ ပိုက်လိုင်းကရှည်ရင်တော့တွက်လို့ရတာထက် ၂၀%လောက်ထိပိုနိုင်ပါတယ်။

ဒါကစက်တလုံးကို မြင်းကောင်ရေလိုက်လို့ ဂက်စ်ကိုဖြည့်ရတဲ့အခါအလေးချိန်အနေနဲ့ ပိုက်ဆံတောင်းဖို့ ဘယ်နှပေါင်လောက်ဖြည့်ရမယ် မသိတဲ့အခါ အကြမ်းဖျဉ်းတွက်နိုင်ဖို့ပါ။

စက်တွေတော်တော်များများတော့ သူ့ရဲ့ Name Plateမှာ စက်ထဲဂက်စ်ဘယ်နှပေါင်ပါတယ် ရေးထားပြီးသားပါ။အဲဒီအတိုင်းဖြည့်နိုင်ရင်‌ေတာ့အ‌ေကာင်းဆံုးပါ။Name Plateပျောက်ရင်ဖြစ်စေ၊မဖတ်တတ်တဲ့အခါဖြစ်စေ မှန်းလို့ရအောင်ပြောပြတာပါ။

#ကိုနန္ဒမိုး

03/03/2022

🚩အဲကွန်းတွေSuction ပိုက်လိုင်းရေခဲတာဘာကြောင့်လဲ?
(သေချာတာက ဂက်စ်နည်းလို့မဟုတ်ပါ)

🚩အဲကွန်းတွေ အပူဖလှယ်တဲ့စက်(heat exchanger)တွေအပူစုပ် အပူထုတ်ရာမှာအဓိက
လွှမ်းမိုးတဲ့ဂုဏ်သတ္တိ ၅ ခုရှိပါတယ်။

၁ #အပူဖလှယ်တဲ့ပစ္စည်းရဲ့ အပူဖလှယ်နိုင်စွမ်းသတ္တိ
(Conductivity-k)
၂ #အပူဖလှယ်တဲ့ အရာဝတ္ထုနှစ်ခုကြားထိတွေ့ချိန်
(Time-T)
၃ #အပူဖလှယ်တဲ့အရာဝတ္ထုနှစ်ခုကြားအပူချိန်ကွာဟချက်
(Delta T)
၄ #အပူဖလှယ်တဲ့အရာဝတ္ထုနှစ်ခုရဲ့ ထိတွေ့တဲ့ဧရိယာ
(Heat transfer Area ,Fin Area or Contact Area))
၅ #အပူဖလှယ်တဲ့ကြားခံလေရေစတဲ့ ပစ္စည်းရဲ့
ထုထည်ပမာဏ စတာတွေပါ။
(Air flow , water flow , Refrigerant flow)
အဲဒါတခုခုအပြောင်းအလဲဖြစ်ရင် အပူစုပ်တဲ့ထုတ်တဲ့
ပမာဏ ပြောင်းပါတယ်။

အဲကွန်းမှာဆိုရင်တော့
အဲဒီလို​ပြောင်းပြီဆိုတာနဲ့ အအေးကွိုင်ဟာ သူ့ကိုဖြတ်သွားတဲ့ လေထဲက
အပူတွေကို စုပ်နိုင်တဲ့ပမာဏက
စက်အသစ်တုန်းကရှိ​ေနရမည့်ပမာဏထက် လျော့သွားပါတယ်။

🚩၁ #အချက်အရပြောရရင် အအေးကွိုင်ဟာ
ဂျီးပိတ်နေတဲ့အခါ ပိုက်တွေတွေဆူးတောင်ပြားတွေရဲ့ အပူဖလှယ်နိုင်တဲ့ ဂုဏ်သတ္တိကတော့ မပြောင်း
ပေမယ့် အပူဖလှယ်နှုန်းလျော့သွားလို့ အပူစုပ်အားကျဆင်းသွားပါတယ်။
🚩၂ #အချက်အရပြောရရင် ကွိုင်တွေဂျီးပိတ်သွားတဲ့အတွက် ဖြတ်သွားတဲ့လေနဲ့ ဆူးတောင်တွေ ထိတွေ့ချိန်ပိုနှေးသွားတဲ့အတွက် အပူဖလှယ်မှုမြင့်ရမှာမှန်ပေမယ့် နှစ်ခုကြားဂျီးခံနေလို့ အပူစီးကူးနှုန်းကျဆင်းသွားပါတယ်။

🚩၃ #အချက် ပြောရရင် ဖြတ်သွားတဲ့ လေနဲ့ ဂျီးပိတ်နေတဲ့ကွိုင်ကြား ထိတွေ့မှု နည်းသွားတဲ့အတွက် အအေးကွိုင်ကိုဝင်လာတဲ့လေနဲ့ ကွိုင်ကြားအပူချိန် ကွာဟချက်များနေရင်တောင် အပူဖလှယ်မှုတော့ အသစ်တုန်းကနဲ့ယှဉ်ရင် အရမ်းနည်းသွားပါပြီ။

🚩၄ #အချက်ကိုပြောရရင်လေနဲ့ ဆူးတောင်တွေကြားအပူဖလှယ်ဖို့ ထိတွေ့ဧရိယာက ဂျီးခံနေတဲ့အတွက် တကယ်ထိနေတဲ့
ဧရိယာ နည်းသွားတဲ့အတွက် အပူဖလှယ်မှုကျဆင်းသွားပါတယ်။

🚩 #၅အချက်ကိုပြောရရင် အအေးကွိုင်ကို ဖြတ်သန်းသွားရမည့်လေထုထည်ပမာဏဟာ ကွိုင်ဂျီးပိတ်နေတဲ့အတွက် အသစ်တုန်းကလို ကွိုင်သန့်ရှင်းနေတုန်းကလို ပမာဏမများနိုင်တော့ပါဘူး
အဲဒါတွေကြောင့် အအေးကွိုင်ထဲဖြတ်သွားတဲ့ဂက်စ်က ပုံမှန်ရှိနေရင်တောင် ကွိုင်ဂျီးပိတ်နေတဲ့အတွက်
ဒါမှမဟုတ် လေစစ်စကာ ဂျီးပိတ်နေတဲ့အတွက်
အအေးကွိုင်ကိုဖြတ်သွားတဲ့ လေနဲ့ အအေးကွိုင်ထဲက ဂက်စ်ရဲ့ကြား
အပူဖလှယ်မှုအရမ်းနည်းသွားလို့အအေးကွိုင်တဲ့ ဝင်လာတဲ့ဂက်စ် ဟာ လိုအပ်တဲ့အပူကိုမစုပ်နိုင်လို့
အရည်ဘဝကနေ အငွေ့ဘဝကို ၁၀၀%မပြောင်းနိုင်တော့ပဲ အအေးကွိုင်ကနေ အရည်ဘဝအဖြစ်နဲ့အများစု ထွက်ခွာလာရင်း Suction ပိုက်တလျှောက်မှာ
ပတ်ဝန်းကျင် လေထုထဲကနေ အပူကိုစုပ်ယူ လိုက်တဲ့အခါ
Suction Pipe ဘေးကပတ်ဝန်းကျင် လေထုထဲက
ရေခိုးရေငွေ့တွေဟာ ပိုက်လိုင်းထဲက ဂက်စ်ရဲ့ အပူစုပ်ယူခံလိုက်ရလိူ့ ရေခဲမှတ်အောက်ထိအပူချိန်ကျဆင်းတဲ့အခါ ရေကနေ ရေခဲဘဝပြောင်းရင်း
Suction ပိုက်လိုင်းတလျှောက် ခဲနေတတ်ပါတယ်။
ဒါက အဲကွန်းရဲ့ အင်ဒိုးအအေးကွိုင် ပိတ်ရင် ဒါမှမဟုတ်လေစစ်စကာပိတ်ရင် Suction ပိုက်လိုင်းတလျှောက်ရေခဲတတ်တဲ့အပိုင်းပါ။

🚩နောက်ဖြစ်နိုင်ချေတွေကတော့...
ဂက်စ်စီးဆင်းမှုက​ေနပြောရင်
အအေးကွိုင်အထွက်
Suction လိုင်းတနေရာရာမှာ
ပိုက်ခေါက်လို့ဖြစ်စေ
တခုခုပိတ်ဆို့လို့ဖြစ်စေ..တစိတ်တပိုင်း
ပိတ်နေလို့ပါ...အဲဒီအခါ Suction ပိုက်ရဲ့ ဖိအားနဲ့အပူချိန်ကျဆင်းသွားလို့ ပတ်ဝန်းကျင်လေထုထဲ ရေခိုးရေငွေ့တွေကပိုက်ကိုသူတိူ့အပူတွေပေးလိုက်ရပြီး လာကပ်ပြီးခဲတတ်တာပါ။

🚩နောက်တခုက..
အအေးကွိုင်မှာ..
လေစစ်ဇကာပိတ်ရင်ဖြစ်စေ..
ကွိုင်ပိတ်နေရင်ဖြစ်စေ..
Blower မော်တာချွတ်ယွင်းနေရင်ဖြစ်စေ
Blower ဒလက်တွေကျိုးပဲ့နေလို့ Indoor coil ကို လေကောင်းကောင်းမဖြတ်နိုင်ရင်ဖြစ်စေ
Suction ပိုက်နဲ့ အအေးကွိုင်မျက်နှာပြင်မှာရေခဲတတ်ပါတယ်။

🚩Suction ပိုက်တလျှောက်မဟုတ်ပဲ..
ကွန်ပရက်ဆာအဝင်နားနဲ့ကွန်ပရက်ဆာမှာပဲခဲတယ်ဆိုရင်တော့...Suction အဖွင့်အပိတ် ဗားတဝက်တပျက်ပိတ်နေတာဖြစ်နိုင်ပါတယ်..။
ကွန်ပရက်ဆာ အဝင်က အကျူမလေတာလို့ခေါ်တဲ့ အရည်အနည်ထိုင်ပြီးအငွေပျံပေးတဲ့ ပစ္စည်းရဲ့အဝင်စကာပိတ်နေလို့ဖြစ်နိုင်ပါတယ်။

🚩အဓိကမှတ်ရမှာက..အဲကွန်းတွေမှာ
Suction လိုငိးနဲ့ ကွန်ပရက်ဆာဘော်ဒီအောက်ခြေတလျှောက်ရေခဲတယ်ဆိုရင်တော့..
အအေးကွိုင် (Evaporator) အပူမစုပ်အောင်
ကာဆီးထားတဲ့....အပူမစုပ်စေတဲ့ ပြဿနာရယ်
ဂက်များနေတာရယ်..

🚩အအေးကွိုင်ကအပူစုပ်နေရင်...
ပိုက်တနေရာရာမှာ..တစိတ်တပိုင်းပိတ်နေလို့ရယ်ဖြစ်နေလို့သာပဲလို့မှတ်နိုင်မယ်ထင်ပါတယ်။

🚩ကွန်ပရက်ဆာအဝင် နဲ့ ဗိုက်အောက်ခြေနဲ့ ဗားနေရာလေးပဲခဲတာဆိုရင်တော့..
အပေါ်ဟာတွေအပြင်..ဗားတစိတ်တပိုင်းပဲပွင့်နေလို့ပဲလို့မှတ်ရပါမယ်။

🚩စက်ထဲမှာဂက်စ်နည်းလို့မဟုတ်ပါ...။
စက်ထဲမှာ ဂက်စ်အရမ်းနည်းရင်
Capilary (Expansion valve)
အထွက် Liquid လိုင်း နဲ့ Expansion valve ကအအေးကွိုင်နဲ့ကပ်နေရင်
အအေးကွိုင်အဝင်မျက်နှာပြင်မှာမှာရေခဲပါမယ်။

ဘယ်အဲကွန်းမဆို
ဂက်စ် မဆိုစလောက်နည်းယုံနဲ့ Capilary(Expansion device)အထွက် liquidပိုက်တလျှောက်နဲ့ အအေးကွိုင်(Evaporator)အဝင်မှာရေမခဲသေးပါ ။ ရေခဲမှတ်အောက်(0'C)အောက် Saturation temperature ရောက်မှခဲပါတယ်။

Thermal expansion valve သုံးတဲ့စက်တွေဆိုရင် ဂက်စ်နည်းရင်..စီစီမြည်သံ(Hissing sound )ကြားရတတ်ပါတယ်။

🚩 #ကိုနန္ဒမိုး

COURSE-001
🎯အိမ်သုံးကွန်း၊ရေခဲသေတ္တာနှင့်အ၀တ်လျှော်စက်ပြုပြင်ခြင်းသင်တန်း
အခြေခံကျွမ်းကျင်မှု(၁)လအပြတ်သင်တန်း

🚩1.4.2022နေ့သင်တန်းဖွင့်ပါမည်။

(သင်တန်းဖွင့်ပေးဖို့ အဆက်မပြတ်တောင်းဆိုသူများအတွက်ပါ၊ သင်တန်းသားဟောင်းများ ပြန်လည် တက်ရောက်နိုင်ပါသည်။
အဲကွန်းဆိုင်မှာ၊ကုမ္ပဏီလုပ်ငန်းခွင်မှာ
အင်ဂျင်နီယာ၊စက်ပြင်ပညာသင်အဖြစ်
လက်တွေ့လုပ်ကိုင်ဖို့
#အဲကွန်းပညာရပ်ရဲ့အခြေခံကစပြီးအလုပ်လုပ်ပုံနဲ့
#အဲကွန်းစနစ်သုံးပစ္စည်းတွေရဲ့အလုပ်လုပ်ပုံ
#ပြစ်ချက်ရှာပုံအခြေခံတွေကိုသိရှိလိုသူများ
တက်ရောက်သင်ကြားနိုင်ဖို့ရည်ရွယ်ပါတယ်။

ဘယ်အပိုင်းတွေသင်ကြားမှာလဲ..?

✅ အဲကွန်းနှင့်အအေးခန်းစနစ်သီအိုရီအခြေခံများ
(Refrigeration Cycles & System)
✅ အဲကွန်းနှင့်ရေခဲသေတ္တာသုံးအဓိကပစ္စည်းများ
(Main Components of Refrigeration System)
✅ အဲကွန်းဂက်စ်(Refrigerant)များအကြောင်း
✅ ကွန်ပရက်ဆာပြစ်ချက်ရှာခြင်း၊ဆီသွန်ဆီလဲခြင်း
✅ ကွန်ပရက်ဆာစနှိုးရီလေးများအကြောင်း
(Types of compresor starting relays)
✅ ကပစီတာများပြစ်ချက်ရှာခြင်း၊အစားထိုးခြင်း
✅ အိမ်သုံးအဲကွန်းတရုပ်ကဒ်လဲခြင်းနှင့်
✅3-Phase အဲကွန်းဝါယာရင်းစနစ်အကြောင်း
✅ ရေခဲသေတ္တာဝါယာရင်းအကြောင်း
✅ ကြေးဝရိန်ဆော်ခြင်းဆောင်ရန်ရှောင်ရန်
✅ အဲကွန်းရေခဲသေတ္တာဂက်စ်ဖြည့်ပုံ
✅ အဲကွန်းပိုက်ရေခဲ၊အင်ဒိုးရေကျ ပြစ်ချက်ရှာခြင်း
✅ အဲကွန်းစနစ်တကျတပ်ဆင်ခြင်း
✅ Chiller တွေရဲ့အလုပ်လုပ်ပုံအခြေ ခံ
✅ ဂက်စ်(Regrigerant)များရဲ့
✅PT chart အသုံးပြုပုံ
✅အဲကွန်းစနစ်တခုရဲ့ကာကွယ်ရေးပစ္စည်းများအကြောင်း(Protective devices)
✅ အဲကွန်းနှင့်အအေးခန်းများရဲ့စနစ်အကူပစ္စည်းများအကြောင်း(Auxiliary Equipments)
✅ အဲကွန်းစနစ်ရဲ့စက်မလည်ရခြင်းပြစ်ချက်များ
ရှာခြင်း ပြုပြင်ခြင်းအသိပညာ
(Trouble shooting and Solutions)
🚩အခန်းအပူပမာဏနဲ့ BTU တွက်ချက်မှုများ
🚩ရေခဲသေတ္တာများရဲ့အခြေခံနှင့်အလုပ်လုပ်ပုံသဘောတရားအပြည့်အစုံ
🚩ရေခဲသေတ္တာထဲမှာ ပါ၀င်တဲ့ ကွန်ပရက်ဆာ၊အပူကွိုင်၊အအေးကွိုင်၊ကပလရီ၊ရီလေး၊ပန်ကာ၊ရေခဲဖျော်တိုင်မာ
ပစ္စည်းတွေရဲ့ တိုင်တာ၊ပြုပြင်အစားထိုးခြင်း
🚩ရေခဲသေတ္တာအခြေခံပြုပြင်နည်းများ
🚩အ၀တ်လျှော်စက် အခြေခံအလုပ်လုပ်ပုံနှင့်
ပျက်စီးတဲ့အစိတ်အပိုင်းများ တိုင်းတာပြုပြင်ခြင်း။
✅လုပ်ငန်းခွင်အန္တရယ်ကင်းရှင်းရေးအခြေ ခံအသိပညာ
✅လုပ်ငန်းခွင်လူမှုဆက်ဆံရေးအခြေခံအသိပညာ

စသည်များကို အခြေခံပိုင်နိုင်စေရန် သင်ကြားပေးသွားမှာပါ။

လစဉ် ။ လဆန်း (1)ရက်နေ့တိုင်းတန်းခွဲသစ်ရှိပါသည်။



♦️သေချာသင်ယူနိုင်မှလာခဲ့ပါ။

♦️အဲကွန်းအအေးခန်းပညာအခြေခံပိုင်နိုင်ဖို့တကယ်တတ်ချင်မှလာခဲ့ပါ။အခြေခံပိုင်ဖို့Hyper က
မျှဝေပေးဖို့အသင့်ပါခင်ဗျာ။

♦️အခြေခံသင်ယူနိုင်စွမ်းနည်း
ရင် အချိန်ပိုပေးနိုင်မှလာခဲ့ပါ။

♦️အခြေခံသိသင့်သိထိုက်တာတွေ
တတ်ကျွမ်းဖို့ကတော့ စိတ်မှတကယ်ရှိရင်
Hyper ကသင်ပေးဖို့တတ်နိုင်ပါတယ်။

⛔ဆရာကြီးလိုဂျွတ်နေအောင်တခါတည်းကျွမ်းဖို့‌တော့
ကျ‌ နော်တို့လည်းမသင်‌ပေးနိုင်ပါ။
ဂျွတ်နေအောင်ကျွမ်းဖို့ကအလုပ်ထပ်လုပ်မှ
အတွေ့အကြုံစုံမှရပါမယ်။

🛑ဖောရှောသင်တန်းကျောင်း မဟုတ်ပါ။

#သင်တန်းဖွင့်မည့်ရက်-1.4.2022
# #သင်တန်းကြေး-၂၀၀၀၀၀/-ကျပ်

(သင်တန်းတချိန်လျှင်( ၈)ယောက်သာလက်ခံပါမည်)
သင်ထောက်ကူပစ္စည်းအပြည့်အစုံဖြင့် သင်ကြားနိုင်ရန်ဖြစ်ပါသည်။)

သင်တန်းအချိန်-9:00am to 5:00pm -(1)လ

🎯သင်တန်းတည်နေရာ
မြောက်ဒဂုံ၊ကုန်ပဒေသာ

#စာတွေ့+လက်တွေ့ တပတ် (၅)ရက်။

ကျန်အချိန်များမှာလည်း လုပ်ငန်းခွင်သို့
အချိန်ပေးပြီးလိုက်ပါသင်ယူနိုင်သူဖြစ်လျှင်ပို၍
အဆင်ပြေပါသည်။

ဖုန်း- 09420280525 ,09428120646 သို့
ကြိုတင်စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက
ဆရာဇင်ဘိုဘိုထွဋ်-09420280525
ကိုနန်ဒမိုး-09428120646
သို့ဖြစ်စေ၊ ဖေ့စ်ဘုတ် message မှဖြစ်စေစုံစမ်းနိုင်ပါသည်။

အဲကွန်း (Air Con) ထွင်ကာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သူ 26/02/2022

အဲကွန်း (Air Con) ထွင်ကာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သူ လူသားတွေရဲ့ နေထိုင်မှုပုံစံကို အပြောင်းအလဲကြီးပြောင်းလဲသွားစေနိုင်တဲ့ အရာတွေမှာ အဲကွန်းတွေဟာ အရေးပါတဲ့ န...

27/11/2021

🚩အဲကွန်းလုပ်ငန်းခွင်ဝင်စလူငယ်များအတွက်
#အဲကွန်းစနစ်ရဲ့အကူပစ္စည်းများ( equipments)အကြောင်း

အဲကွန်းနဲ့အအေးခန်းစနစ်တွေမှာ
(၁)အဓိကအစိတ်အပိုင်းများ (Main components)
(၂) စနစ်အကူပစ္စည်းများ(Auxiliary devices)
(၃)ကာကွယ်ရေးပစ္စည်းများ(Protective Devices)
ဆိုပြီးရှိပါတယ်။
အဲဒါနဲ့ပတ်သက်တဲ့ထဲက -Liquid Heat Exchangerလေးအကြောင်းမျှဝေချင်ပါတယ်။

-exchanger
ဒီပစ္စည်းကတော့ အပူဖလှယ်ပေးဖို့သုံးတဲ့ပစ္စည်းပါ။
အပူဖလှယ်ပေးတဲ့ ဘယ်ပစ္စည်းမဆို He

at exchanger
လို့ခေါ်ပါတယ်။အပူကွိုင် အအေးကွိုင်တွေဟာလည်း heat exchangerပါပဲ။
ရေခဲသေတ္တာတွေမှာ ကွန်ပရက်ဆာအ၀င်ပိုက်(Suction pipe)နဲ့ အပူကွိုင်ထက်စ ကပလရီပိုက်ကို ပတ်ပြီး
အပူဖလှယ်ထားတာတွေ့ကြဖူးမှာပါ။

တချို့ရေခဲသေတ္တာတွေမှာ ကပလရီကို
Suction ပိုက်ထဲဖောက်၀င်ထားပြီး အအေးကွိုင်နားနီးမှပြန်ထွက်ထားတာတွေ့ဖူးမှာပါ။

⛔VRVစက်တွေမှာဆိုရင်တော့ plate type အနေနဲ့တွေ့ရမှာပါ။သူက VRV လို့ Cooling load အပြောင်းအလဲများတဲ့စနစ်တွေမှာမပါမဖြစ်ပါ။သူ့မှာ‌ေတာ့ Sub-cooler လို့ခေါ်ကြပါတယ်။ဒါကိုနားလည်မှ VRVစနစ်ကိုနားလည်မှုပြည့်စုံမှာပါ။

ဒါက Suction-Liquid heat exchangerပါပဲ။
သူ့ကိုအကြောင်းမဲ့လုပ်ထားတာမဟုတ်ပါဘူး။
အဲဒီလုပ်ဆောင်ချက်ကဘာမှမဟုတ်ဖူးထင်ရပေမယ့်
အဲကွန်းအအေးခန်းစနစ်မှာ
အထူးအရေးကြီးတဲ့လုပ်ဆောင်ချက်တခုပါ။

ပုံမှန်အားဖြင့်
အဲကွန်း နဲ့ ရေခဲသေတ္တာအအေးခန်းစနစ်တွေမှာ ကပလရီလို့ခေါ်တဲ့Expansion device ရဲ့အလုပ်က ဂက်စ်ရဲ့ဖိအားနဲ့အပူချိန်ကိုကို လျော့အောင်လုပ်ပြီးပျမ်းမျှအားဖြင့်
🔺အဲကွန်းမှာဆို (5'C ) နဲ့
🔺ရေခဲသေတ္တာမှာဆို (5'C to-25'C)ထိ
အေးအောင်လုပ် Evaporator coilထဲကို ပို့ပေးတာပါ။

အအေးကွိုင်ကထွက်ရင် ဂက်စ်ကအခန်းထဲကအပူကိုစုပ်လာပေမယ့်အရည်ကနေအငွေ့ဖြစ်သွားခြင်းကြောင့်
အပူချိန်ကတော့အများကြီးမ‌ေပြာင်းပဲ မူလအ၀င်အပူချိန်ထက် အနည်းငယ်
(3 to 7C)ကြားပဲတိုးအောင်လုပ်ထားလေ့ရှိပါတယ်။

အအေးကွိုင်အ၀င်ထက် အထွက်က အပူချိန်အနည်းငယ်ပိုထားလေ့ရှိတယ်လို့ဆိုလိုတာပါ။အအေးကွိုင်အ၀င်ထက်အထွက်မှာ ပိုလာတဲ့အပူချိန်ကို စူပါဟိ(Super heat)လို့ခေါ်ပါတယ်။

အအေးကွိုင်အထွက်မှာ ဂက်စ်ဟာ အ၀င်ထက်အပူချိန်မြင့်နေရင် စူပါဟိ ရှိနေလို့ အဲဒီဂက်စ်ဟာ အငွေ့စစ်စစ်ဖြစ်တယ်လို့ သီအိုရီအရယူဆပါတယ်။

အအေးကွိုင်အထွက်ပိုက်(Suction pipe)ဟာ ကွန်ပရက်ဆာဆီကိုသွားတာဖြစ်လို့ အဲဒီဂက်စ်ဟာအငွေ့စစ်စစ်ဖြစ်မှရမှာ မဟုတ်ရင် ကွန်ပရက်ဆာဆီကို ပြန်တဲ့အခါ ဂက်စ်က အရည်ဖြစ်နေရင် Compressor မှာ Liquid slugging ဖြစ်ပြီး အရည်ကို ဖိသိပ်ရလို့ကွန်ပရက်ဆာပျက်စီးနိုင်ပါတယ်။ဗားဟာနိုင်ပါတယ်။ကျိုးနိုင်ပါတယ်။
ကွန်ပရက်ဆာဟာ အ‌ ငွေကိုပဲကျစ်နိုင်ဖိနိုင်ပါတယ်။
အရည်ကိုမဖိနိုင်ပါဘူး။အရည်ကိုဖိရင် Hydraulic pressureဖြစ်လို့ ဗားတွေဟာမခံနိုင်ပါဘူး။

အအေးကွိုင်အထွက်စူပါဟိရှိနေဖို့ဆိုတာက
အအေးကွိုင်က အပူစုပ်အားပုံမှန်ရှိနေဖို့လိုပါတယ်။
သတ်မှတ်အပူစုပ်အား Btuပမာဏမပြည့်မီရင်
အအေးကွိုင်ထဲဖြတ်သွားတဲ့ဂက်စ်ဟာ အရည်ဘ၀ကနေအငွေ့ဘ၀မပြောင်းပါဘူး။

အဲဒါကဘယ်အချိန်တွေမှာဖြစ်နိုင်လဲဆိုတော့
ရေခဲသေတ္တာမှာဆိုရင်
ဂက်စ်များတဲ့အခါ
အခန်းထဲမှာအရမ်းခဲနေပြီးသာမိုစတက်ပျက်တဲ့အခါ
ဖြစ်နိုင်ပါတယ်။

အဲကွန်းမှာဆိုရင်တော့
ဂက်စ်များတဲ့အခါ
အင်ဒိုးဘလိုဝါပန်ကာမလည်တဲ့အခါ
ကွိုင်ပိတ် ၊လေစစ်ဇကာပိတ်တဲ့အခါ
ဘလိုဝါဒလက်ကြိုးတဲ့အခါ
အခန်းမှာအရမ်းအေးနေပြီး အခန်းအပူချိန်ဆင်ဆာပျက်နေတဲ့အခါ ဖြစ်နိုင်ပါတယ်။

အဲဒီလိုဖြစ်တဲ့အခါ Suction pipeကိုအပူပေးပြီးစူပါဟိရနိုင်ဖို့ အပူကွိုင်ကထွက်လာတဲ့ အပူချိန် 40'C ၀န်းကျင်ရှိတဲ့ ကပလရီပိုက်အ၀င်ပိုင်းနဲ့ ထိကပ်ပေးတာ၊ပူးထားတာလုပ်ပြီး အပူဖလှယ်ပေးခြင်းအားဖြင့် အပူချိန် 5'C အောက်ရှိတဲ့ Suction ပိုက်က ကပလရီကနေ
အပူတွေရပြီးအပူချိန်မြင့်သွားလို့ အငွေ့ဖြစ် စူပါဟိရသွားတာပါ။

အဲဒီလိုအားဖြင့် Suction ပိုက်ဟာ
Pre heating effectလို့ခေါ်တဲ့ ကွန်ပရက်ဆာမရောက်ခင်ကတည်း စူပါဟိကြောင့် ကြိုပြီးအပူချိန်မြင့်နေစေပါတယ်။

(အအေးခန်းအကြီးတွေမှာတော့ Expansion valveမရောက်ခင် Liquid ပိုက်နဲ့Suctionပိုက်ကိုအပူဖလှယ်ပေးလေ့ရှိပါတယ်။)

အဲဒီလို ကပလရီအ၀င်Liquid ပိုက်နဲ့ Suction ပိုက်
ပိုက်ချင်း ထိကပ်ပြီးပူးထားပေးခြင်းဖြင့် Liquidပိုက်ဟာလည်း အပြန်အလှန်အေးသွားပြီး ကပလရီမဖြတ်ခင် သို့မဟုတ် Expansion valve မရောက်ခင်ကတည်းက
40'C ၀န်းကျင်ရှိတဲ့Liquidဂက်စ်ရဲ့၏အပူချိန်က အတော်အတန်လျော့သွားပြီး
#ကြိုတင်အေးစေခြင်း (Pre cooling effect)ရစေပါတယ်။
အဲဒီလိုရစေလို့ ကပလရီအ၀င် သို့မဟုတ် Expansion valveအ၀င်Liquidဂက်စ်ရဲ့ အပူချိန်ကျဆင်းစေလို့
Sub-cooled အပူချိန်ရပါတယ်။

ပုံမှန်လည်ပတါနေတဲ့ရေခဲသေတ္တာနဲ့အဲကွန်းတလုံးဟာ
ကပလရီ သို့မဟုတ် Expansion valveအ၀င်
အပူချိန်နိမ့်လေ သူ့ရဲ့အထွက်မှာ အငွေ့‌ေယာင်
ပမာဏနည်းလို့ အအေးကွိုင်ထဲရောက်တဲ့အခါ
အရည်ပမာဏပိုများပြီး အအေးကွိုင်မှာအပူစုပ်အား
(Cooling effect)ပိုရစေလို့ စက်ရဲ့စွမ်းဆောင်ရည်ပိုကောင်းစေပါတယ်။

⛔(ပုံမှန်အခြေအနေမှာExpansion valve သို့မဟုတ် ကပလရီအထွက်မှာ ဂက်စ်ဟာ အရည် ၇၅%နဲ့ အငွေ့ ၂၅% အချိုးနဲ့အအေးကွိုင်ထဲကို၀င်ရောက်သွားတယ်လို့ သီအိုရီအရယူဆလေ့ရှိပါတယ်၊ တူညီတဲ့အခြေအနေမှာExpansion valve သို့မဟုတ် ကပလရီအ၀င် အပူချိန်နိမ့်လေလေ အထွက်ရဲ့အငွေ့ပမာဏက နည်းသွားလေလေလို့ယူဆပါတယ်)

⛔အဲဒီလို့ Suction ပိုက်နဲ့ ကပလရီကိုဖြစ်စေ၊Liquidပိုက်ကိုဖြစ်စေ ပူးကပ်ထားပြီး အပူဖလှယ်ပေးခြင်း(Suction liquid heat exchange)အားဖြင့်
နဂိုကကို အေးအောင်လုပ်ပေးမယ့် Expansion Valve
အဝင် အပူချိန်ကို ကျဆင်းစေခြင်းနဲ့၊
Compressor အဝင်အပူချိန်ကို မြင့်တက်စေခြင်းနှစ်ခုလုံးကိုဖြစ်စေလို့ Double Suction Riser လို့လည်းခေါ်ကြပါသေးတယ်။

10/11/2021

AC လောကအငြင်းပွား နေ သော Gas ထည့်ရမလား။မထည့်ရဘူးလား Customer များစဥ်းစားနိုင် အောင် ဒီ post ကို တင် ပေးရခြင်းပါ။လိုအပ်တာရှိရင်လမ်းပြ ပေး စေချင်ပါတယ်
Air Conတလုံးတပ်ဆင်ဖို့အတွက်လုပ် ဆောင်ရန်လုပ်ငန်းစဥ်များ။
၁။indoor unitတပ်ဆင်ခြင်း
၂။outdoor unit တပ်ဆင်ခြင်း
၃။Copper pipe and control wireသွယ်တန်းခြင်း
၄။ pressure test ပြု့လုပ်ခြင်း
၅။Vaccumming ပြုလုပ်ခြင်း။
၆။စမ်းသပ် မောင်းနှင်ခြင်းတို့ဖြစ်ပါတယ်။
စမ်းသပ် မောင်းနှင်ရာမှာ
၁။Running Ampereမှန်မမှန်စစ် ဆေးခြင်း။
၂။ Running pressure စစ် ဆေးခြင်း။
၃။ အခန်းတွင်း လေထွက်နှုန်း၊အ အေးနှုန်းမှန်မမှန်စစ် ဆေးခြင်း။ကွိုင်မှာအ အေးဓါတ်ပြည့်စုံခြင်းရှိမရှိစစ် ဆေးစမ်းသပ်ရပါတယ်။အဲဒီ့အချိန်မှာ Gas ပမာဏကိုအတ်ိုးအ လျော့လုပ်ရပါတယ်။Running Condition စိတ်တိုင်းကျတဲ့အထိစမ်းသပ် မောင်းနှင်ပြီးရင် တပ်ဆင်ခြင်းပြီးပါပြီ။ သေ သေချာချာတပ်ဆင်ထားရင် ပြန်မဖြုတ်မခြင်း Gas ထပ်မထည့်ရပါဘူး။
Gas နည်းရသည့်အ ကြောင်းရင်းများ.
၁။pressure testလုပ်ရာတွင် သေ သေချာချာမလုပ်၍ Flare joint မှစိမ့်ခြင်း။
၂။L key bar နှင့် pin barများမှ စိမ့်ခြင်း။
၃။Quality မ ကောင်း သော စျေးသက်သာ သောCopper pipe များသုံးရာမှ pipe ပေါက်ခြင်း။
၄။indoor coil and outdoor coil များမှ ပေါက်ခြင်းဆိုပြီးရှီပါတယ်၊။
AirCon တလုံး Servicing လုပ် တော့မည်ဆိုပါဆို့။
ကဲ ဘယ်လိုလုပ်ကြမလဲ။
၁။ဖြတ်ချပြီး ဆေးမှာလား။
၂။မဖြုတ်ပဲ ဆေးမှာလား။
ဖြုတ်ချပြီး ဆေးမယ်ဆိုကြပါစို့။
၁။တပ်ထားပြီးသားကိုပြန်ဖြုတ်ရပါ့မယ်။
ဘယ်လိုဖြုတ်မလဲ?
Pump down လုပ်ပြီးဖြုတ်ရပါ့မယ်။
System pump down method of statement ကိုနားလည်ရပါ့မယ်။
အဲဒီ့မှာ မေးစရာရှိလာပါပြီ။
၁ ။Gas အကုန်သိမ်းမလား။10 psi ချန်ပြီးသိမ်းရမှာလာ?
Pipe line connection အားလုံးဖြုတ်ချပြီး ဆေး ကြောသန့်ရှင်း ရေးလုပ်ရပါ့မယ်။ပြီးရင်ပြန်ဆင်ရပါ့မယ်။အဲဒီ့အချိန်မှာပိုက်လိုင်းသန့်ရှင်း ရေးလုပ်ရပါ့မယ်။ဘာနဲ့လုပ်မလဲ။Nitrogen သို့မဟုတ် Gas နဲ့လုပ်ရပါ့မယ်။
၂။အဲဒီ့Gas ဘယျကရပါသလဲ။
တပ်ဆင်ပြီးရင်pipe line joint တွေလုံမလုံစမ်းရပါတယ်။ဘာနဲ့စမ်းမှာပါလဲ။
၃။Gasနဲ့ပဲစမ်းရမှာပါ။
အဲဒီ့Gas ဘယ်ကရပါသလဲ။
စမ်းသပ်ပြီးရင် စက်စတင် မောင်းနှင်ရပါ့မယ်။
Pressure,Ampere မစမ်း တော့ဘူးလား.Test run သေ သေချာချာပြန်လုပ်ရပါ့မယ်။
၄။အ စောပိုင်းတုံးက လျော့သွားတဲ့ Gas တွေ သူ့အလိုလ်ိုပြန်ပြည့်လာမှာလား။
Pipe Sizeအကြီးအ သေး,pipe lengthအတိုအရှည် ပေါ်မူတည်ပြီး Gasထည့်ရတာအနည်းအများကွာပါတယ်။သိချင်ရင် တော့လက် တွေ့စမ်းကြည့်ကြပါ။
အခု လောက်ဆို Air Conဆင်ရင်။Serviceလုပ်ရင်ဘယ်လို တွေဆိုတာသိ လောက်ပါပြီ။
Air Con ဆင်ရင်/ဒါမှမဟုတ်Serviceလုပ်ရင် gas pressure test လုပ် ပေးပြီးမလုံရင်လုံ အောင်လုပ်ရမှာ Instsller/Serviceသမား တွေအလုပ်ပါ။
Service လုပ် နေ သောTechnician များကို တခုမှာချင်ပါတယ်။ဘာလုပ်လုပ် ကိုယ့်ပညာကို တန်ဖိုးထားပါ။Service လုပ်တာကအသစ်ဆင်တာထက်ပိုခက်ပါတယ်။ကိုယ့်လိပ်ပြာကိုယ်လုံနိုင်ကြပါ စေ။
လိုအပ်တာရှိရင် ဖြည့် ပေးပါ။

U Aung Kyaw Soe
09448004999

Gas Leakage နဲ့ Service လုပ်ရင် Gas ဖြည့်ဖို့ မလိုပါဘူးဆိုခြင်းအပေါ် မှတ်ချက်ပြုလိုတာက လိုရင် လိုတယ်။မလိုရင် မလိုပါဘူး။

လိုရင်ဆိုတော့ ဘယ်လို အခြေအနေမှာ လိုတာလဲ မေးစရာ ပေါ်လာပါပြီ။
ခက်ပေါပေါ လုပ်ကွက်လေးတွေ မဆိုလိုပါဘူး။

ဟိုအရင်က All Copper Flare Nut တွေဟာ စက်သက်တမ်းထက် ပိုလို့ သက်တမ်းခံနိုင်ပါတယ်။

ခုနောက်ပိုင်း Flare nut တွေရဲ့အားနည်းချက်။
Installer & Service men အားနည်းချက်တွေကြောင့်လည်း Gas Leakage ဖြစ်တတ်ပါတယ်။

စက်ကြီးတွေ Brand ကြီးတွေ 2hp Split တွေ 3/8,5/8 Nut တွေကို ကို အတွေ့အကြုံနည်းသူ လုပ်ကြတဲ့အခါ Small leakage ကနေ Gas လိုဖို့ ကြုံလာပါပြီ။

စက်အသေးလေးတွေ ဘယ်အချိန် ဘယ်အခြေအနေလဲ ရှင်းပြပါမယ်။

Flare nut တွေ အဖြုတ် အတပ် များလာချိန် အတွင်းနှုတ်ခမ်းတွေ ချိုင့်လာတဲ့အခါ

Copper မပြည့်ဝ တဲ့အတွက် အဖြုတ်အတပ်များလို့ ကြပ်အားတွေကြောင့် nut တွေ အက်ကွဲလာတဲ့အခါ၊

နံရံ မညီညာတဲ့အတွက် တုန်ခါမှုဖြစ်လာတဲ့အခါ

စက်သက်တမ်းကြာလို ပိုက်အကွေးတွေက ပါးလို့ တုန်ခါမှုကြောင့် အက်ကွဲ လာတဲ့အခါ

ခက်ကြောင်ကြောင် နဲ့ Service ကိုကိုယ်တိုင် လုပ်လို့ရပါတယ် ဆိုပြီးရောင်းနေတဲ့ ချွတ်ဆေးတွေ သုံးမိထားတဲ့အခါ

အသစ်အတိုင်ဘဲ ဝင်းပြောင်းသွားပါပြီ ဆိုပြီး ချွတ်ဆေးသုံးပြီး ဆေးထားမိတဲ့အခါ Gas ယိုစိမ့်မှု ဖြစ်စေနိုင်ပါတယ်။

Service လုပ်ပြီးချိန် ပုံမှန် Gas ပမာဏအတိုင်း ပြန်တက်လာတဲ့ အခြေအနေဟာ ကြုံလာနိုင်သလို ဖြစ်ခဲပါတယ်။

Out door unit လေဖလှယ်မှုကောင်းမွန်ပြီး Indoor unit လေအရမ်းပိတ်နေအောင် ညစ်ပေနေချိန်မျိုး ဖြစ်နိုင်ပါတယ်။
ဆိုခဲ့ပါ အားနည်းချက်ကြောင့် စိမ့်ထွက်သွားတဲ့ Gas ကတော့ ပြန်ပြည့်မလာနိုင်ပါဘူး။

Service လုပ်ကြတဲ့အခါ Gas ကို ပြန်စုရတဲ့အပိုင်းမှာ စက်ဆရာတွေနဲ့ ကာစတန်မာတွေကြား စက်ဆရာတွေ အချင်းချင်း အငြင်းအခုန် ဖြစ်နေကြတာက PSI 0 or 5 or 10 ကျန်မှ နည်းစနစ်အမှန် ဆိုတဲ့ ကိစ္စ။

တကယ့် နည်းစနစ်အရ အမှန်က လေထုကို မထိခိုင်စေဖို့ 0 Psi က အမှန်ပါဘဲ။
ဒီအချက်မှာ Panasonic/Mitsubishi/Daikin ၃မျိုးမှာရဲ့ ရည်ညွှန်းချက်ကိုက မတူညီပါဘူး။သိလိုရင်တော့ Noti ပေးခဲ့ပါ။ဒါမှမဟုတ် လေ့လာကြည့်ပါ။

မည်သို့ပင်ဆိုစေကာမူ ယုံကြည်မှု မရှိရင် မည်သူ့ကိုမှ တွဲဖက် အလုပ်မလုပ်ပါနှင့်။အလုပ်မအပ်ပါနှင့်။မလွှဲ မရှောင်သာလို့ အလုပ်အပ်ရတဲ့အခါ သိနိုင်ဖို့ နည်းစနစ်အမှန် သိလိုလျှင် သက်ဆိုင်ရာ co.ltd တွေရဲ့ တာရားဝင် Install & Service Manual Book ကိုလေ့လာထားပါ။

သူ့ဘက်ကိုယ့်ဘက် မှန်ကန်မှု မရှိဘဲ FB မှာ လုံးသုတ်မှုတွေ ကင်းကြပါစေ။
Aung Kyaw Soe

Photos from AUNG MIN KO KO's post 04/11/2021

ညီလေးတို့အတွက်
အဲကွန်း၊ရေခဲသေတ္တာစက်ပြင်ကျွမ်းကျင်
တယောက်အဖြစ်ယုံကြည်မှုရှိရှိ
အသက်မွေးဖို့ဆိုရင်တော့

🎯အဲကွန်းရေခဲသေတ္တာ၊ကားအဲကွန်းနှင့်
အအေးခန်းစနစ်တို့ရဲ့အခြေခံတည်ဆောက်ပုံ
Refrigeration Cycle သိရပါမယ်

🎯အိမ်သုံးအဲကွန်း၊ရေခဲသေတ္တာတွင်ပါ၀င်သော
အဓိကအစိတ်အပိုင်းများအကြောင်းနဲ့သူတို့ရဲ့အခြေခံ
အလုပ်လုပ်ပုံသိရပါမည်။
Main Components and Their main function

🎯အိမ်သုံးအဲကွန်း၊ရေခဲသေတ္တာကွန်ပရက်ဆာအစားထိုး
လဲလှယ်ခြင်း၊ဆီဖြည့်ခြင်းကိုလက်တွေ့သိရပါမည်။

🎯အိမ်သုံးအဲကွန်းအင်ဒိုးဆားကစ်အဟောင်းကိုတရုပ်ကဒ်လဲလှယ်ခြင်း၊သာမစ်စတာ၊ကွိုင်ဆင်ဆာပြစ်ချက်ရှာလဲလှယ်ခြင်းနှင့်အင်ဒိုးလျှပ်စစ်ပိုင်းသေချာသိဖို့လိုပါမယ်။

🎯အိမ်သုံးအဲကွန်းအောက်ဒိုးကွန်ပရက်ဆာ၊ပန်ကာမော်တာစစ်ဆေးအစားထိုးလှဲလှယ်ခြင်း၊ကပစီတာကောင်းမကောင်းစစ်ဆေးတိုင်းတာလဲလှယ်ခြင်းပိုင်နိုင်စွာ သေချာသိရပါမယ်။

🎯အိမ်သုံးအဲကွန်း၊ရေခဲသေတ္တာကို ဘယ်လိုဂက်စ်ပဲသုံးထားသည်ဖြစ်စေ မှန်မှန်ကန်ကန်
စနစ်တကျဖြည့်တတ်စေရပါမယ်။

🎯အိမ်သုံးအဲကွန်း၊ရေခဲသေတ္တာ ကြေးပိုက်ဆက်ခြင်း၊
ကြေး၀ရိန်ဆော်ခြင်း ဆောင်ရန်ရှောင်ရန်နှင့်လုံမလုံစစ်ဆေးခြင်းနည်းလမ်းတွေသေချာသိသင့်ပါတယ်။

🎯မာတီမီတာအသုံးပြုပြီး လျှပ်စစ်ဆိုင်ရာ
ဗို့၊အမ်ပီယာ၊အုမ်း၊ကပစီတိုင်းတာခြင်း အခြေ ခံပိုင်နိုင်ဖို့လိုပါမယ်။

🎯အဲကွန်းဂက်စ်တွေအကြောင်းပကြမ်းဖျဉ်း
ကွန်ပရက်ဆာဆီအမျိုးအစားတွေအကြောင်း အခြေခံဆောင်ရန်ရှောင်ရန်နဲ့အစားထိုးလဲလှယ်ပုံတွေ
သိရပါမယ်။

🎯အဲကွန်းတပ်ဆင်ရမည့်အခန်းအလိုက်၊တပ်ဆင်ရမယ့်
စက်အရွယ်အစားအရွယ်အစားတွက်ချက်မှုအခြေခံပိုင်ရပါမယ်

🎯ဂက်စ်ဖိအား(PSI,MPa,Bar,Kg/cm2)၊အပူ(BTU,KCal,KW)၊အပူချိန်('F,'C)နဲ့အင်ဂျင်နီယာယူနစ်တွေအခေါ်အဝေါ်တွေ၊အခြေခံယူနစ်အပြောင်းအလဲအခြေခံပိုင်ဖို့လိုပါတယ်။

🎯အိမ်သုံးအဲကွန်းနှင့်ရေခဲသေတ္တာတွေရဲ့
ဝါယာရင်းအခြေခံ သေချာသိဖို့လိုပါတယ်။

🎯အဲကွန်းတပ်ဆင်တာ၊ပိုက်လိုင်းရှင်းတာ၊ရေခဲသေတ္တာ
ပိုက်လိုင်းရှင်းပြစ်ချက်ရှာတာကျွမ်းရင်ကျွမ်းသလို့
လခ ဒါမှမဟုတ် ဝင်ငွေပိုပါလိမ့်မယ်။

🎯အခြေခံလျှပ်စစ်ကွန်ထရိုးတတ်ထားရင် ပိုကောင်းပါတယ်။
(DOL Starter, Relay ,Thermostat,Pressure Cutout,Starting relay)

🎯အအေးခန်း၊ရေခဲစက်တွေရဲအကူပစ္စည်းတွေအကြောင်းအခြေခံအလုပ်လုပ်ပုံနဲ့ပြစ်ချက်လေးတွေ၊တပ်ဆင်ပုံလေးတွေသိထားသင့်ပါတယ်။
Oil separator,Muffler,Vibration absorber,Receiver,Sight glass,Strainer,Solenoid Valve,Heat Exchanger,Defrost Heater,Accumulator,Crank case heater
တွေရဲ့အခြေခံအလုပ်လုပ်ပုံသိထားရင်ကောင်းပါတယ်။

🎯လေထုရဲ့ Psychrometric အခြေခံဗဟုသုတ နဲ့
အသုံးချပုံအခြေခံသိဖို့လိုပါတယ်။
(မသိလည်း စက်ပြင်လုပ်လို့ရပါတယ်)

🎯ဂက်စ်တွေရဲ့အပူချိန်နဲ့ဖိအားအဆက်အစပ်အကြောင်း
PT Chart နဲ့ အသုံးချအခြေခံမဖြစ်မနေသိရပါမယ်။

🎯အဲကွန်း၊ရေခဲသေတ္တာ တွေရဲ့သီအိုရီနဲ့လက်တွေ့အခြေခံပြီး ပြစ်ချက်ရှာဖွေခြင်းတွေလေ့လာမှတ်သားထားရပါမယ်။

🎯အိမ်သုံး ၂၂၀ ဗို့သုံးအဲကွန်းများနှင့် ၄၀၀ဗို့
3-phase အဲကွန်းများ၏ အခြေ ခံဝါယာရင်းသိထားရင်
ပိုကောင်းပါတယ်။

🎯အိမိသုံးအဲကွန်း1Hp ကနေ 5Hp ထိဆားဗစ်ကိုစနစ်တကျလုပ်တတ်ထားဖို့ မဖြစ်မနေတတ်ကျွမ်းထားရပါမယ်။

🎯လက်သုံးပစ္စည်းတွေအကြောင်းနဲ့
PVC Trunkingလက်တွေ့ဖြတ်တောက်တပ်ဆင်ခြင်း
မဖြစ်မနေတတ်နေရပါမယ်။

🎯စက်ပြင်ခစျေးတောင်းတာ၊ဖောက်သည်တွေနဲ့ပြောဆိုဆက်ဆံတာ ပြေပြေပြစ်ပြစ်ပြောနိုင်ဖို့လိုပါမယ်။

🎯အဲကွန်းစပယ်ယာပစ္စည်းတွေရောင်းတဲ့နေရာ၊
အရေးပေါ် ပစ္စည်းအပေးယူလို့ရမယ့် လမ်းကြောင်းတွေနဲ့
လုပ်အားရနိုင်တဲ့အဆက်အသွယ်တွေရှိထားဖို့လ်ုပါမယ်။

🎯ငွေကြေးနဲ့ပတ်သက်လို့အဝင်အထွက်အသုံးစရိတ်ကို
စနစ်တကျမှတ်တမ်းထားပြီး လုပ်တတ်ကိုင်တတ်သုံးစွဲတတ်ဖို့လိုပါတယ်။

အဲဒါတွေတတ်ထားတယ်ဆိုရင်တော့
ကိုယ်ပိုင်အဲကွန်းလုပ်ငန်းလုပ်ဖို့ အိမ်သုံးအဲကွန်းပြင်ဖို့ပညာစုံပြီလို့ပြောနိုင်ပါတယ်။

#ဒါတွေတတ်ဖို့ စာရေးတတ်ဖတ်တတ်ပြီး
အခြေခံပေါင်းနှုတ်မြှောက်စားအတွက်အချက်နဲ့ လေ့လာချင်စိတ်ရှိပြီးလေ့လာဖို့ပဲလိုပါတယ်။
အဓိကက ဇွဲပါ။

အဲဒါကြောင့် အိမ်သုံးအဲကွန်းပညာနဲ့အသက်မွေးမယ်ဆိုတဲ့ ညီလေးတွေအနေနဲ့ ဒီအချက်လေးတွေ ကိုယ့်မှာပိုင်နိုင်မှုရှိပြီလား တချက်ချင်းဆန်းစစ်ရင်း
မရှိသေးရင် ဖေ့စ်ဘုတ်က နည်းပညာဂရုတွေမှာ
ပညာရှင်တွေဆွေးနွေးတာ ပုံမှန်ဖတ်ရှုလို့ဖြစ်စေ၊

🚩 ပြည်တွင်းက နည်းပညာရှင်တွေရဲ့စာအုပ်တွေဖတ်ရှုလို့ဖြစ်စေ၊
🚩လုပ်ငန်းခွင်က ကိုယ့်ရဲ့စီနီယာတွေဆီကအားလပ်ချိန်မှာမဖြစ်မ‌ေန နေ့စဉ်မေးမြန်းသင်ကြားလို့ဖြစ်စေ

🚩အားလပ်ချိန်မှာ သက်ဆိုင်ရာ
သင်တန်းလေးတွေတက်လို့ ဖြည့်တင်းရင်းဖြစ်စေ

ဖြည့်ဆည်းသွားရင် ထိုက်သင့်တဲ့အချိန်ရောက်ရင်
လိုအပ်တဲ့အသိပညာလေးတွေပြည့်လို့
ကိုယ့်ကိုယ်ကိုယ် အိမ်သုံးလုပ်ငန်းသုံးအဲကွန်းပြင်ဆင်မှု
ကျွမ်းကျင်တဲ့သူအဖြစ် ယုံကြည့်မှုရှိရှိရပ်တည်နိုင်မှာပါ။

သေချာလေ့လာမယ်ဆိုရင် ဒါတွေအတွက် အချိန်
အများကြီးမပေးရပါဘူး။အများဆုံး
နှစ်နှစ်ပါ။စဉ်ဆက်မပြတ်နေ့စဉ်လေ့လာနေမယ်ဆိုရင်ပေါ့။ယောင်ပေပေလုပ်နေမယ်ဆိုရင်တော့
ကိုယ်တိုင်လုပ်နိုင်ဖို့အချိန်အများကြီးယူရပါမယ်။

အဲဒါကြောင့်ကိုယ့်ဟာကိုယ်ဆန်းစစ်ပါ၊မရှိသေးရင်
ရေဖြည့်ပါလို့ပြောရင်း အားပေးလိုက်ပါတယ်။

🎯🎯🎯🎯🎯🎯💮🧗‍♂️🧗‍♂️🧗‍♂️

You Can Do It🎯

#ကိုနန္ဒမိုး

04/11/2021

🚩🚩အဲကွန်း အသုံးပြုသူများ မဖြစ်မ‌နေလိုက်နာဆောင်ရွက်သင့်တဲ့အချက်များ
(Installerတွေ ကူးယူပြီးရှယ်ကြဖို့)

⛔ #လျှပ်စစ်နှင့်ပတ်ပြီးရှောင်ရန်များ
🔺အဲကွန်းသုံးရင် ဆေ့ဖ်ဂတ်တပ်ဆင်ပြီးသုံးစွဲသင့်ပါတယ်။(မြန်မာပြည်မှာ မီးအားငြိမ်တတ်လို့၊ဗို့အားအပြောင်းအလဲကြောင့် အဲကွန်းပျက်စီးတတ်လို့ပါ)

🔺ယာယီသုံးစွဲတဲ့မီးကြိုးခွေ(Extension Chord) တွေသုံးပြီးနဲ့အဲကွန်းကို အချိန်အကြာကြီးမသုံးသင့်ပါဘူး
(သတ်မှတ်ထားတဲ့ အမ်ပီယာ မပြည့်မီသည့်ကြိုးနဲ့ပလပ်ပေါက်အမျိုးအစားနဲ့လုံး၀မသုံးစွဲသင့်ပါဘူး။ကြိုးပူပြီး ပျက်စီးရင် လျှပ်စစ်အန္တရာယ်ရှိလို့ပါ။)

🔺အဲကွန်းကိုအပိတ်အဖွင့်လုပ်သည့်အခါ ပလပ်ကိုဆွဲဖြုတ်တာ၊ထိုးသွင်းတာ အပိတ်အဖွင့်လုပ်ခြင်း (လုံးဝ) မလုပ်ပါနှင့်။ Shock ဖြစ်ပြီး စက်ပျက်တတ်ပါတယ်။

🔺‌‌ေဆ့ဖ်ဂတ်ကို အဲကွန်းအင်ဒိုးရဲ့အောက်မှာထားပြီးမသုံးစွဲပါနဲ့
(အင်ဒိုးကရေကျပြီးဆေ့ဖ်ဂတ်ထဲ၀င်ရင် မီ‌ဘေးအန္တရာယ်ရှိလို့ပါ။)

⛔ Remote Control ကိုသုံးတဲ့အခါ
သိထားရန်အချက်များ
🔺လူတွေအတွက် သင်တော်တဲ့အပူချိန်က
24'C ဝန်းကျင်ပါ။အဲဒါကြောင့် ရီမုတ်ကွန်ထရိုးမှာ အပူချိန်ချိန်ပြီဆိုရင်
သင့်တော်မည့် အပူချိန်မှာသာချိန်ထားသင့်ပါသည်။

(တချို့က အရမ်းအေးဖို့အတွက်ဆိုပြီး
16'C ဂိတ်ဆုံးကို ချိန်ထားတာမျိုးက ကျန်းမာရေးအတွက်မကောင်းသလို၊မီတာခလည်းပိုကုန်နိုင်လို့ပါ။)

🔺ညအိပ်တဲ့အခါ ရီမုတ်ကွန်ထရိုးက
Sleep modeပါရင် အဲဒီModeနှိပ်ထားပြီးသုံးစွဲသင့်ပါတယ်။
🔺အိပ်ခန်းတွေမှာသုံးတဲ့Fanကို Lowလောက်ပဲထားပြီးသုံးသင့်ပါတယ်။
(မီတာခသက်သာသလို ဆူညံမှုလည်းလျော့စေလို့ပါ)

🔺လိုအပ်ရင်ညအိပ်ချိန်မှာအချိန်ထိန်းခလုတ်(Timer) ကို အသုံးပြုနိုင်ပါသည်။

🔺Remote Control ကို လွတ်မကျပါစေနှင့် ။ ရေနဲ့ အချိုရည် လို အရည်‌ေတွနဲ့မထိပါစေနဲ့။ ။
( လွတ်ကျတာရေစင်တာ ဖြစ်ရင် Remote ပျက်စီးနိုင်လို့ပါ)

🔺 Remote Control မှာ ဘက်ထရီအားနည်းရင် အလုပ်ကောင်းကောင်းမလုပ်တတ်လို့ ဘက်ထရီကိုလိုအပ်သလို လဲပေးဖို့ သတိပြုပါ။

⛔အဲကွန်းတပ်ဆင်ထားတဲ့နေရာနဲ့ပတ်သက်ပြီးသတိပြုဖို့

🔺အဲကွန်းတပ်ဆင်ထားတဲ့နေရာက လူရဲ့ခေါင်းနဲ့အနီးဆုံးနေရာမဖြစ်ဖို့လိုပါတယ်။
(ဦးခေါင်းကိုလေအေး တိုက်ရိုက်ထိတွေ့တာများရင်အအေးမိပြီးဖျားတတ်လို့ပါ)

🔺အင်ဒိုးတပ်ထားတဲ့နေရာက အီလက်ထရောနစ်ပစ္စည်းတွေနဲ့နီးတဲ့နေရာ ထိခိုက်ပျက်စီးလွယ်တဲ့ပစ္စည်းတွေရှိတဲ့နေရာ မဖြစ်ဖို့လိုပါတယ်။
(ရေစိုပြီး အစိုဓာတ်ကြောင့်ပျက်စီးတတ်လို့ပါ)

⛔အဲကွန်းနဲ့ပတ်သက်လို့ အထွေထွေသတိပြုရမယ့်အရာတွေကတော့

🔺Air con Indoor Filter ( လေစစ်စကာ) ကို ဖြစ်နိင်လျှင် အနည်းဆံုးသုံးလတစ်ကြိမ်သန့်ရှင်းရေးလုပ်ပေးပါ ။
(မီတာခသက်သာသလို ၊ စိတ်ညစ်စရာလည်းမကြုံဖူးပေါ့)

🔺ခရီးရက်ရှည်ထွက်စရာရှိ လျှင် လျှပ်စစ်ဘရိတ်ကာပါချပြီးAir con ကို သေသေချာချာ ပိတ်ခဲ့ပါ ။
(မတော်တဆ လျှပ်စစ်နဲ့မီးအန္တရာယ်ရှိလို့ပါ)
🔺Air conရဲ့ Indoor unit အတွင်း( သို့မဟုတ်) အပြင်ဘက်ရှိ အစိတ်အပိုင်း‌ေတွကို သုံးစွဲသူကိုယ်တိုင်ရေနဲ့ ဆေးပြီး သန့်ရှင်း‌ေရးမလုပ်သင့်ပါ ဘူး။
(လျှပ်စစ်အန္တရာယ်ရှိလို့ပါ။)
ကျွမ်းကျင်သူများကိုသာ ဆောင်ရွက်သင့်ပါတယ်။

🔺 Air con တပ်ဆင်ထားတဲ့အခန်းက လေတွေမလုံတာ ၊တံခါးခဏခဏဖွင့်တာ မလုပ်သင့်ပါဘူး။

(အခန်းထဲမှာအေးဖို့ကြာတတ်လို့ပါ။)
(အခန်းထဲမှာ လေးကောင်းလေသန့်လိုရင်တော့
နာရီ၀က်တနာရီ ဖွင့်ထားပေးသင့်ပါတယ်)
(လူရော စက်ပါ အန္တရာယ်ရှိစေနိုင်လို့ပါ)

🔺 Air conကညှော်နံ့ရလျှင် ခလုတ်ကို ချက်ခြင်းပိတ်ပြီးပြင်ဆိုင်သို့အကြောင်းကြားသင့်ပါတယ်။

🔺အောက်ဒိုးယူနစ် ထဲကို တုတ် (သို့မဟုတ်) လက်ဖြင့် မထည့်ပါနဲ့ ။ အထဲမှာ ပန်ကာ ရှိလို့
လူကို အန္တရာယ် ဖြစ်စေတတ်ပါတယ်။

🔺အောက်ဒိုးပေါ်မှာ အဝတ်များလှန်းတာ၊
ပစ္စည်း‌ေတွတင်တာမလုပ်ပါနဲ့။
(စက်အပူလွန်ပြီး ပျက်စီးတတ်လို့ပါ)

🔺အိမ်အပြင်က အောက်ဒိုး‌ကွိုင်မှာ အမှိုက်သရိုက်‌ကပ်နေမနေ ပုံမှန် စစ်ဆေးပါ။ အမှိုက်ကပ်နေရင်
ရှင်းပေးဖို့ ဆားဗစ်ခေါ်သင့်ပါတယ်။

(မဟုတ်ရင် အဲကွန်းအမြန်ပျက်စီးနိုင်လို့ပါ)

TCM partners+ကိုနန်ဒမိုး

26/10/2021

Refrigerator Part ( 8 )

Refrigerator Calculation
(1) Compressor Watt တွက်နည်း
(2) Condenser တွက်နည်း
(3) Evaporator တွက်နည်း
(4) Expansion Device /
Capillary Tube တွက်နည်း

တွက်နည်းကတော့ Aircon တလုံးတပ်တော့မည်ဆိုရင် အလွယ်တွက်နည်းနဲ့ တွက်ရရူပ်ထွေးပြီး အတိအကျ တွက်တဲ့နည်းရှိသလို

Refrigerator တလုံးကိုထုတ်လုပ်တဲ့အဆင့်အနေနဲ့အတိအကျ တွက်ချက်သောနည်း နှင့် ပြုပြင်မည့်သူများအတွက် တွက်ချက်သောနည်း ရှိပါတယ် ကျနော်တို့ Service သမားများအတွက် ပြုပြင်မည့်သူတွေအတွက် တွက်နည်း ထဲမှ အလွယ်ဆုံးဖြစ်ရန်
ကျနော်သိထားသလောက်လေး မျှဝေပေးပါမယ်

ကျနော်တင်သော Post များကို Copy မယူဘဲ Share ဖြင့် နောက်ဆက်ရေးရန်အားအင်ဖြစ်စေဖို့ကူညီပေးပါ
ပညာဒါနအဖြစ် ကျိုး စားရေးသားခြင်းအား Copy ယူခံလိုက်ရပါက နောက်ရေးဖို့ ရေးသူတိုင်း အားလျော့စေပါတယ်

Compressor Calculation
Step (1)
Find Out Compressor Power (Watt)
Find Out Volume of Refrigerator (ft3)
Example (ဥပမာ)
Refrigerator Lenght အရှည် = 20 in
Refrigerator Wide အကျယ် = 20 in
Refrigerator Heught အမြင့်= 60 in
Volume ဧရိယာ = L× W × H
Volume = 20 × 20 × 60 = 24000 in
ပုံသေနည်းအရ
Now, Exact Inside Volume of The Refrigerator=(Volume÷1728)×0.45
= (24000÷1728)×0.45
= 6.25 / ft3 ရပါတယ်
For, 1ft3 Volume Need = 23 Watt Compressor Power
So, Total Compressor Power Need
Compressor Power = 6.25ft3 × 23
= 143.75 Watt
Refrigerator 20in×20in×60in Size အတွက်လိုအပ်သော Cmpressor
Power မှာ 143.75 Watt ဖြစ်ပါတယ်

Condenser Calculation
Step (2)
Find Out Lenght of Condenser Tube
For Condenser Tube Diameter ( အပူကွိုင် ပိုက်ဆိုဒ် အချင်း 3/16 inch ဖြင့်စံယူတွက်ထားပါတယ်)
ပုံသေနည်းမှာ
3Watt Compressor Power Need 1feet Condenser Tube
3Watt = 1feet (ပိုက်ဆိုဒ် 3/16 inch)
Compressor Power = 143.75 Watt
Condenser Tube = Power á 3
= 143.75 á 3
= 47.91ft

အပူကွိုင်ကို ပိုက်ဆိုဒ် 3/16 ဖြင့်ပိုက် အရှည် = 48 ပေတပ်ဆင်ရန်လိုအပ် ပါမယ်

Evaporator Calculation
Step (3)
Length Neet of Evaporator Tube Diameter 5/16 inch ( အအေးကွိုင် ပိုက်ဆိုဒ် အချင်း 5/16 inch ဖြင့်စံယူတွက်ထားပါတယ် )
ပုံသေနည်းအရ
Compressor Power = 143.75 Watt
5/16 inch 1ft = 4Watt
Evaporator Tube = Power á 4 Watt
= 143.75 á 4
= 35.94 ft
အအေးကွိုင်ကို 5/16 inch ဆိုဒ်ပိုက်ဖြင့်အရှည် = 36 ပေ တပ်ဆင်ရန် လိုအပ် ပါမယ်

လက်တွေ့ မှာကတော့ Deep Freeze
Evaporator က Negative Temperature (- 25ံC )ရဲ့အောက်ကိုအသုံး များတဲ့အတွက် ပိုက်ပိုရှည်ပြီးသုံးထားတာ တွေ့ရပါတယ် အခုတွက်နည်းမှာ Refrigerator အတွက်သာ ဖြစ်နိုင်တာ သတိပြုစေခြင်ပါတယ်

အနီီးစပ်ဆုံးတွက်ချက်နိုင်ခြင်းဖြင့်လိုအပ်ချက်များ ပြည့်ကြ ပါစေ

Khit Thit (Inle Nyung Shwe)

Telephone

Website