Teacher Hsu's Online English Classes

Teacher Hsu's Online English Classes

Learn online and prepare yourself...

11/04/2023

Teacher Hsu's Online Class များအားလုံး
13.4.2023 သင်္ကြန်အကြိုနေ့ မှ 17.4.2023 နှစ်ဆန်းတစ်ရက်နေ့ထိ ပိတ်ပါတယ်နော်

07/03/2023

📢 Basic Grammar Class batch -2
ဖွင့်မယ့်ရက်လေး နီးလာပြီမို့
အမြန်ဆုံး အပ်နှံလိုက်ကြတော့နော် 👈

Photos from Teacher Hsu's Online English Classes's post 01/03/2023

Photos from Teacher Hsu's Online English Classes's post 17/02/2023

ပျော်ပျော်ရွှင်ရွှင် သင်ယူလေ့လာနေကြတဲ့
Basic Grammar Class က ကလေးတွေ 😀😀

29/11/2022
27/08/2022

ကျောင်သားမိဘတွေ မေးနေကြတဲ့

➡️Starter Class for Young Learners

အတန်းလေး လာပါပြီ...

✅အခြေခံ ပညာအလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ
✅အသက် 10 နှစ် မှ 13 နှစ်အရွယ် ကလေးငယ်များ
တက်ရောက်နိုင်ပါတယ်။
✅ Oxford Pressed Grammar Friends (1 & 2)
Course Book ကိုအသုံးပြုပြီး
✅ Zoom Application မှ Face to Face သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းကြေး -20000 kyats (per month)
သင်တန်းစတင်မည့်နေ့ -30.9.2022 (Fri)

တစ်ပတ်နှစ်ရက်
တစ်ရက် တစ်နာရီခွဲ

➡️ Teacher's Profile
Daw Hsu Wai Hnin
B.A(Eng),B.Ed(Q)

📣PDF Course Book will be provided ❗

05/07/2022

Q: Young Learner တန်းထဲ မြန်မာလို ပြော သင့်၊ မပြောသင့်။

ဒီမေးခွန်း အဖြေကို သုတေသီ နှစ်ယောက်ရဲ့ စာတမ်းရယ်၊ TKT သင်ရိုးစာအုပ်ထဲမှာရယ် ဖတ်ရတယ်။

🌳Rebecca Klevberg ရဲ့စာတမ်းက ' The Role of Translation in Japanese Young Learners Classrooms' အကြောင်းရေးထားတယ်။ဂျပန်က ကျောင်းတချို့မှာ 'No Japanese Policy'. ပြဌာန်းပြီး English စာကို ပိုပြီး ထိတွေခွင့်ရအောင် ကြံကြတယ်။ ဒီ ပေါ်လစီကို ကျောင်းအုပ်ချုပ်ရေးပိုင်းကလည်း ကြိုက်၊ မိဘတွေကလည်း သဘောကျပါသတဲ့။ ဒါနဲ့ Rebecca ကအတန်းထဲ တကယ် ဖြစ်နေတာကို စာတမ်းတင်တော့မှ English စာတတ် ဂျပန်တွေ သင်ရတဲ့ Young Learners အတန်းမှာ ဂျပန်လို 75% သုံးတာ တွေ့ရပါတယ်။ ဒါနဲ့ Rebecca က L1 နဲ့ ပတ်သက်ပြီး အရင် သတ်မှတ်ထားတဲ့ 'No Japanese Policy' အစား 'Common Sense Policy' သုံးဖို့ အကြံပြုရပါတယ်။ အဲ့လို ပေါ်လစီအသစ် ဟာ စာသင်ခန်းအတွက် ပိုပြီးထိရောက် ကြောင်း၊ စာသင်ခန်းတွင်း ကလေးတွေလည်း ပိုပြီး သက်တောင့်သက်သာဖြစ်စေကြောင်း၊ ဘာသာစကားအခက်အခဲကိုလည်း သဘာဝကျကျ ကျော်လွှားလို့ ရ‌သွားစေတယ် ဆိုပြီး ထောက်ပြထားတယ်။

🌳John Harbord (1992)ပြောထားတာကတော့ အောက်ပါ အခြေအနေမျိုး‌ေတွကြုံရင် မိခင် ဘာသာစကားသုံးသင့်တယ် လို့ ဆိုတယ်။
🍀ကလေးက စိတ် မကြည်တဲ့အခါ
🍀အဖြေကို English လို ကလေးက မသိတဲ့အခါ
🍀သူ့အတွေ့အကြုံကို ကလေးက ပြောပြချင်တဲ့အခါ
🍀ဟာသ ပြောတဲ့အခါ
🍀တချို့ ဂရမ်မာတွေရှင်းတဲ့အခါ
🍀နားလည်လား ၊ မလည် လား သိချင်တဲ့အခါ
🍀နည်းစနစ် တခုခု သင်ချင်တဲ့အခါ စတဲ့ အခြေအနေ တွေမှာ သုံးသင့်ကြောင်း ပြောတယ်။

🌳TKT သင်ရိုးမှာလည်း အောက်က အခြေအနေ တွေမှာ မိခင် ဘာသာစကားသုံးသင့်ကြောင်း ပြောထားတာရှိတယ်။
🍀စည်းကမ်းပိုင်းပြောစရာရှိရင်
🍀ဒဏ်ရာရရင်
🍀ကလေးက စိတ် ညစ်၊ စိတ်မကြည် ဖြစ်နေရင်
🍀ရှင်းပြတာ နားမလည် ဘူးလို့ ယူဆရင်

ပြန်ချုပ်ရရင် YL အတန်း(အသက် 7နှစ်ကနေ 12ထိ) သင်တဲ့အခါ ဘိုလိုတွေ နင်းခွ တုတ်တိုင်း ကောင်းတာမဟုတ်ဘူး။ မိခင် ဘာသာစကားကိုလည်း လိုအပ်သလို ချိန်ဆ သုံးဖို့လိုအပ်တယ် ဆိုတဲ့အချက်ကို မှတ်သားမိပါတယ်။

Ref:
1.TKT course book
2.'The Role of Translation in Japanese Young Learners
Classrooms' by Klevberg, R (2000)
3.'The Use of the Mother Tongue in the Classroom' by
Harbord, J. (1992)

Cardit to original uploader

Photos from Teacher Hsu's Online English Classes's post 18/06/2022

House made by hand.🏡
Home made by heart.⛺

This is the difference.

15/06/2022

😃😃

Photos from Teacher Hsu's Online English Classes's post 26/05/2022

အိမ်စာတွေ မှန်မှန်ထပ်ကြတယ်
လိမ္မာတ့ဲ ကလေးတွေ 😍

02/05/2022

English four skills for
Elementary Level အတန်းလေးဖွင့်ပါမယ်🔜

✔ဘယ်လိုလူတွေတက်သင့်သလဲ။
အ​ခြေခံပညာ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ၊ English Level A2 အဆင့်ရှိသူများတက်ရောက်နိုင်ပါတယ်။

✔သင်ကြားမည့်ပုံစံ
Zoom application နှင့် face to face သင်ကြားမှာဖြစ်ပါတယ်။

✔Course Book
Oxford pressed New Headway စာအုပ်ကိုအသုံးပြုသင်ကြားမှာဖြစ်ပါတယ်။

✔အချိန်
တစ်ပတ်- နှစ်ရက်
တစ်ရက်-တစ်နာရီခွဲ
ကြာချိန် -သုံးလ

✔fee
တစ်ဦးလျှင် 20,000ကျပ်(per month)

✔သင်တန်းစတင်မည့်ရက်
16.5.2022

✔Teacher's Profile
Daw Hsu Wai Hnin
B.A (English),B.Ed(English)(Q)

သင်တန်းပြီးဆုံးပါက စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး
အောင်မြင်ပါက Certificate ရရှိမှာဖြစ်ပါတယ်။

တက်ရောက်လိုသူများ page messenger မှလာရောက်ဆက်သွယ်နိုင်ပါတယ်ရှင့်။ဦးစွာ Level Test ဖြေဆို ရမှာဖြစ်ပြီး Level Test အောင်မြင်သူများသာ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်ရှင့် ။

🙎‍♂️🙎🙎‍♂️🙍
ကျောင်းသားဦးရေ အကန့်အသတ်ဖြင့်သာလက်ခံမှာဖြစ်တ့ဲအတွက် အမြန်ဆုံး စာရင်းပေးအပ်နှံလိုက်ပါနော်။
📲09771183071 သို့လဲဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

25/04/2022

English four skills for
Elementary Level အတန်းလေးဖွင့်ပါမယ်🔜

✔ဘယ်လိုလူတွေတက်သင့်သလဲ။
အ​ခြေခံပညာ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ၊ English Level A2 အဆင့်ရှိသူများတက်ရောက်နိုင်ပါတယ်။

✔သင်ကြားမည့်ပုံစံ
Zoom application နှင့် face to face သင်ကြားမှာဖြစ်ပါတယ်။

✔Course Book
Oxford pressed New Headway စာအုပ်ကိုအသုံးပြုသင်ကြားမှာဖြစ်ပါတယ်။

✔အချိန်
တစ်ပတ်- နှစ်ရက်
တစ်ရက်-တစ်နာရီခွဲ
ကြာချိန် -သုံးလ

✔fee
တစ်ဦးလျှင် 10,000ကျပ်(per month)

✔သင်တန်းစတင်မည့်ရက်
16.5.2022

✔Teacher's Profile
Daw Hsu Wai Hnin
B.A (English),B.Ed(English)(Q)

သင်တန်းပြီးဆုံးပါက စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး
အောင်မြင်ပါက Certificate ရရှိမှာဖြစ်ပါတယ်။

တက်ရောက်လိုသူများ page messenger မှလာရောက်ဆက်သွယ်နိုင်ပါတယ်ရှင့်။ဦးစွာ Level Test ဖြေဆို ရမှာဖြစ်ပြီး Level Test အောင်မြင်သူများသာ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်ရှင့် ။

🙎‍♂️🙎🙎‍♂️🙍
ကျောင်းသားဦးရေ အကန့်အသတ်ဖြင့်သာလက်ခံမှာဖြစ်တ့ဲအတွက် အမြန်ဆုံး စာရင်းပေးအပ်နှံလိုက်ပါနော်။
📲09771183071 သို့လဲဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

27/09/2021

👉 Grade 10 သင်ရိုးသစ် English

👉Grade 10 သင်ရိုးသစ်
မြန်မာစာ

👉Grade 11 English

👉Grade 11 မြန်မာစာ

👉 Grade 6 to Grade 9 English

👉Basic Grammar for beginners

တန်းခွဲများကို စတင်လက်ခံ သင်ကြားပေးတော့မှာဖြစ်တဲ့အတွက် အမြန်လေး ဆက်သွယ်စုံစမ်း အပ်နှံလိုက်တော့နော်။

☎️09 77 1183071

26/09/2021

Online Classes

🍀🍀အပြင်ထွက်ပြီး သင်တန်းတွေတက်ဖို့ခက်ခဲနေတဲ့ အခုလိုအချိန်မျိုးမှာ #အလယ်တန်းနှင့်အထက်တန်း ကျောင်းသူကျောင်းသားများအတွက်
ဘာသာရပ်ကို Zoom Applicationမှ သင်ကြားပေးသွားပါမယ်။
အထက်တန်းပြလုပ်သက် ၁၄ နှစ်ရှိပြီး တက္ကသိုလ်ဝင်တန်းစာစစ်အတွေ့အကြုံရင့် ဆရာမကိုယ်တိုင် အမှတ်ပေးစည်းမျဉ်းနှင့်အညီ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🍀🍀အထက်တန်းကျောင်းသားများအတွက် မြန်မာစာ ဘာသာရပ်ကိုလည်း ထပ်ဆောင်း သင်ယူနိုင်ပါတယ်။

🍀🍀တစ်ဦးချင်းသီးသန့် သင်ယူနိုင်သလို အဖွဲ့လိုက်လည်း သင်ယူနိုင်ပါတယ်။
အသေးစိတ်သိရှိရန်

ဖုန်း ☎️09 77 11 83071 ကို ဆက်သွယ်မေးမြန်းစံုစမ်းနိုင်ပါတယ်။

Telephone

Website