Myint Myat Dental Clinic - မြင့်မြတ်သွားနှင့်ခံတွင်းဆေးခန်း

We strive to make comfortable and stress-free while helping you maintain a healthy,beautiful smile.

09/05/2023

ဆုံးရှုံးလိုက်ရတဲ့ သွားလေးတွေအတွက် သွားပြန်စိုက်ဖို့စဉ်းစားနေပြီဆိုရင်

Dental Bridge လို့ခေါ်တဲ့ တံတားထိုးသွားစိုက်နည်းလေးရှိနေပါပြီနော်🙋

တံတားထိုးသွားစိုက်နည်းဆိုတာဘာလဲ ‼️

မရှိတော့တဲ့ သွားရဲ့ အရှေ့၊ နောက် သွားတစ်ချောင်းစီကို အကူယူပြီး တံတားထိုးသလို ၃ချောင်းတွဲ ၊ ၄ချောင်းတွဲ အသေစွပ်ပေးတဲ့ သွားစိုက်နည်းလေးပဲဖြစ်ပါတယ်။

တံတားထိုးသွားစိုက်နည်းကတော့ သွားတုအမျိုးအစား ၃ မျိုးရှိတဲ့အတွက် ကြိုက်နှစ်သက်ရာ အမျိုးအစားကို‌ ရွေးချယ်ပြီး စိုက်လိုက်လို့ရပါတယ်😊

🦷 သတ္တုသွားတု (Metal Bridge )

ကုန်ကျစရိတ်အသက်သာဆုံး crown အမျိုးအစားလေးဖြစ်ပြီး သွားအစစ်တွေကဲ့သို့ အရောင်မတူပဲ သတ္တုရောင်လေးဖြစ်နေတာမို့ အရှေ့သွားလေးတွေထပ်စာရင် အနောက်သွားလေးတွေအတွက် ပိုပြီးသင့်တော်တဲ့ crown အမျိုးအစားလေးဖြစ်ပါတယ်။

🦷သတ္တုစပ်ကြွေသွားတု (PFM Bridge )

‌ကြွေကိုယ်ထည်နဲ့ကိုမှ အောက်ခံမှာ သတ္တု‌ခံထားတာမျိုးဖြစ်လို့ သွားအပေါ်ကနေ စွပ်ပြီးတဲ့အခါ သတ္တုရောင်ပေါ်မနေပဲ ကြွေ‌အရောင်သာပေါ်နေမှာမို့ အရှေ့သွားလေးတွေအတွက် သင့်တော်တဲ့ crown အမျိုးအစားလေးဖြစ်ပါတယ်။

🦷 ကြွေအစစ်သီးသန့် သွားတု (Zarconia bridge)

အကောင်းဆူံးသွားတုလို့ နာမည်ကြီးတဲ့ သွားတုအမျိုးအစားပါ။ နှစ်ကြာရှည် အခံဆုံး ဖြစ်သလို သွားအစစ်နဲ့ အတူဆုံးဖြစ်တဲ့အပြင် သွားအလှအပရေးရာနဲ့ ရှေ့သွားတွေအတွက် ရွေးချယ်စရာ အ‌ကောင်းဆုံး အမျိုးအစားတစ်ခုဖြစ်ပါတယ်။

✨လူကြီးမင်းတို့ရဲ့ သွားနဲ့ခံတွင်းနဲ့ကျန်းမား‌ရေးပတ်သက်ပြီး ကုသမှုမခံယူမှီ ဆွေးနွေးတိုင်ပင်ချင်ရင်လည်း အခမဲ့ consult လုပ်ပေးပါတယ်ခင်ဗျာ။

🦷Myint Myat Dental Clinic မြင့်မြတ်သွားဆေးခန်း

https://g.co/kgs/UCznSK

🏥အမှတ် ( 282 ) ရေကူးရွာမလမ်း၊ 9ရပ်ကွက် ၊ကမ္ဘာအေး

☎Phone – 09 788 397 738

Page messenger ကနေ မေးမြန်းနိုင်သလို ဖုန်းဆက်ပြီးလည်း Appointment ကြိုယူနိုင်ပါတယ်ခင်ဗျာ။

11/04/2023

🙏🙏🙏🙏🙏

မြန်မာနှစ်ဦး တန်ခူးလ မင်္ဂလာရှိတဲ့
သက်ြန် အ ချိန်ခါမှာ အားလုံး
ဘေးကင်း ရန်ကင်း သောကကင်း
ရောဂါကင်းစွာဖြင့် အာဟာရပြည့်ဝ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့်
အသက်ရှည်ကြပါစေ လို့
ဆုတောင်း မေတ္တာ ပို့သပါရစေ။
🙏🙏🙏🙏🙏

🦷Myint Myat Dental Clinic မြင့်မြတ်သွားဆေးခန်း

🏥အမှတ် ( 282 ) ရေကူးရွာမလမ်း၊ 9ရပ်ကွက် ၊ကမ္ဘာအေး

https://g.co/kgs/GE7ZqE

☎Phone – 09 788 397 738

Page messenger ကနေ မေးမြန်းနိုင်သလို ဖုန်းဆက်ပြီးလည်း Appointment ကြိုယူနိုင်ပါတယ်ခင်ဗျာ။

24/03/2023

ဆုံးရှုံးရမှာကြောက်လေလေ ၊ ပိုပြီးနာကျင်လေ ဖြစ်လာမယ့် အံ့‌ဆုံးသွားအခြေအနေ ❔

ကျနော်တို့တွေဟာ ကိုယ့်အပေါ်တစ်ချိန်မှာ နာကျင်နေရမယ်ဆိုတာသိပေ့မယ်လည်း မသိချင်ယောင်ဆောင်ပြီး‌နေ‌‌ရတဲ့ အခိုက်အတန့်တွေဟာ တကယ်အဆင်မပြေလှပါဘူး

အလားတူပါပဲ သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ပတ်သက်ပြီး အံ့ဆုံးသွားလေးတွေက တစ်ချိန်ချိန်မှာ နာကျင်စေရမှာအမှန်ပါပဲ။

အံ့ဆုံးသွားကို သန့်ရှင်းရေးလုပ်ဖို့ ၊သွားသေချာတိုက်ဖို့ ခက်ခဲတာကြောင့် သွားပိုးပေါက်တွေဖြစ်တာ ၊ သွားဖုံးရောင်တာတွေအဖြစ်များပါတယ်။ အံ့ဆုံးသွားနဲ့ ဘေးချင်းကပ် သွားကြားမှာ အစာတွေညှပ်နေရင် ကြာလာတဲ့အခါ သွား(၂)ချောင်းစလုံး ပိုးစားသွားတတ်ပါတယ် ။

အံ့ဆုံးသွားက အတည့်မပေါက်ပဲ ဘေးဘက် ပါးစောင်ဘက်ကို စောင်းပေါက်နေတဲ့အခါ မကြာခဏ ပါးစောင်ကိုကိုက်မိတတ်ပြီး၊ အစားစားတဲ့အခါမှာလည်း အံ့ဆုံးသွားလေးက အသုံးမဝင်တာမို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ နှုတ်ပစ်လိုက်ဖို့ အကြံပြုပါတယ်။

🦷Myint Myat Dental Clinic မြင့်မြတ်သွားဆေးခန်း

🏥အမှတ် ( 282 ) ရေကူးရွာမလမ်း၊ 9ရပ်ကွက် ၊ကမ္ဘာအေး
https://g.co/kgs/fV8mgo

☎Phone – 09 788 397 738

Page messenger ကနေ မေးမြန်းနိုင်သလို ဖုန်းဆက်ပြီးလည်း Appointment ကြိုယူနိုင်ပါတယ်ခင်ဗျာ။

22/03/2023

သွားကျောက်တည်ရခြင်း နှင့် နောက်ဆက်တွဲပြဿနာ ‼️

သွားကျောက်ဘာကြောင့်တည်ရသလဲ❓

1.သွားတိုက်နည်းစနစ်မမှန်ခြင်း။

2.သွားဖုံးနဲ့ သွားကြားမှာ ပုံမှန်သွားတိုက်ရုံနဲ့မလုံလောက်လို့ စားကြွင်းစားကျန်ဟောင်းများကပ်ကျန်နေခြင်း။

3.ခံတွင်းထဲမှာရှိနေတဲ့ တံထွေးဂလင်း နှင့်စားကြွင်းစားကျန်ဟောင်းများ ဓာတ်ပြုပြီးအစိုင်အခဲကျောက်လေးတွေဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။

ခံတွင်းထဲမှာ သွားကျောက်တွေရှိနေတဲ့အခါ

🔥ခံတွင်းနံ့ဆိုးခြင်း

🔥သွားဖုံးရောင် သွေးထွက်ခြင်း

🔥သွားဖုံးသားနိမ့်ကျပြီး ဖုံးထားတဲ့ သွားအောက်ခြေအမြစ်များ ပေါ်လာခြင်း

🔥ရေစီးကမ်းပြိုဖြစ်ခြင်း

အဆိုးဆုံးအနေနဲ့ သွားကျောက်တည်တာကနေတစ်ဆင့် နလုံးနှင့် အဆုတ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

ဒီလိုပြဿနာတွေမဖြစ်အောင် သွားသန့်ရှင်းရေးကို ပုံမှန် 6လ သို့မဟုတ် ၁ နှစ် တစ်ကြိမ်အမြဲလုပ်ပေးဖို့ အကြုံပြုလိုက်ပါတယ်ဗျ။🥰

🦷Myint Myat Dental Clinic
မြင့်မြတ်သွားဆေးခန်း 🦷

🏥အမှတ် ( 282 ) ရေကူးရွာမလမ်း၊ 9ရပ်ကွက် ၊ကမ္ဘာအေး

https://g.co/kgs/rT6mG7

☎Phone – 09 788 397 738

Page messenger ကနေ မေးမြန်းနိုင်သလို ဖုန်းဆက်ပြီးလည်း Appointment ကြိုယူနိုင်ပါတယ်ခင်ဗျာ။

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Myint Myat Dental Clinic - မြင့်မြတ်သွားနှင့်ခံတွင်းဆေးခန်း

Category

Telephone

Website