Mingalar Shwe Pyi Pharmacy - မင်္ဂလာရွှေပြည်ဆေးဆိုင်

Mingalar Shwe Pyi Pharmacy - မင်္ဂလာရွှေပြည်ဆေးဆိုင်

We really feel honored that we are able to help you out.

12/11/2023

#တချိန်က လင်မယားတွေဖြစ်ခဲ့ကြပီး
အခုလိုအချိန်မှာ မိတ်ဆွေသူငယ်ချင်းအဖြစ်
အတူသီချင်းဆိုနေကြတဲ့ အနေအထားမျိုးက
ရှိတော့ရှိတယ် ရှားလိမ့်မယ်😊☺️

🎸🎶🎼🎶🎼🎸

#ကြည်နူးစရာမြင်ကွင်းလေး ခံစားကြည့်ရှုရင်း🥰
ဘဝ အမောတွေ ခေတ္တပြေပျောက်နိုင်ကြပါစေ☺️😊🥰

#ကိုင်ဇာ
#မေခလာ
~VDO

10/09/2022

The Daily Eleven Newspaper - Cartoon ( 10 - Sep - 2022)

Photos from Mingalar Shwe Pyi Pharmacy - မင်္ဂလာရွှေပြည်ဆေးဆိုင်'s post 10/09/2022

သွေးတိုးကျဆေး Amlong 5 mg ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး ...
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

Amlong ဆေးဟာ Amlodipine 5 mg နဲ့ Amlodipine 10 mg ဆိုပြီးလာတယ်။ Angina ခေါ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ အတွက်လဲသုံးတယ်။
Calcium-channel blockers (Calcium antagonists) အမျိုးအစားဆေးဖြစ်တယ်။
သွေးကြောနံရံအပေါ်သက်ရောက်ပြီး သွေးဖိအားကိုကျစေတယ်။

ဆေးနဲ့မတည့်သူ (အလာဂျစ်ဖြစ်သူ) တွေ၊ သွေးဖိအားနည်းနေသူတွေကို မပေးဘူး။ သတိလစ်နေသူကိုလဲ မပေးဘူး။ နှလုံး (အတက်ခ်) ရလို့ ၂၈ ရက်အတွင်းရှိသူ၊ နှလုံးဘယ်ဘက်ခန်းကို သွေးအရောက်နည်းသူတွေကိုလဲ မပေးဘူး။ ကိုယ်ဝန်ဆောင်နေရင်၊ ကလေးနို့တိုက်နေရရင် ဆရာဝန်ပေးမှသာသောက်သင့်တယ်။ အသက် ၁၈ နှစ်အောက်လဲ မပေးဘူး။

🔹 တွဲမသောက်သင့်သောဆေးများ

Diltiazem သွေးကျဆေး၊ Ketoconazole, itraconazole (ဖန်းဂတ်စ်) မှိုဆေး၊ Ritonavir ခေါ်တဲ့ HIV/AIDS ဆေး၊ Rifampicin တီဘီဆေး၊ Cimetidine, နဲ့ Aluminium/Magnesium လေနာဆေးတွေ၊ Sildenafil (Vi**ra) ယောက်ျား ပန်းသေအတွက် ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။
တခြားသွေးကျဆေးတွေဖြစ်ကြတဲ့ Beta-blockers, ACE inhibitors, Alpha-blockers တွေနဲ့ တွဲပေးရင် သတိထားရမယ်။

အများအားဖြင့် တနေ့မှာ 5 mg ပေးတယ်။ ၂-၄ ပတ်မှာ အစွမ်းမပြရင် 10 mg ပေးတယ်။ အသက်သိပ်ကြီးသူတွေ၊ ကျောက်ကပ်မကောင်းသူတွေ၊ ဆေးသောက်ချိန် တူညီသင့်တယ်။ ဆေးသောက်တာမေ့လို့ ၁၂ နာရီကျော်သွားရင် တနေ့ထဲ ၂ ခါသောက် မဖြစ်စေရဘူး။ ဆေးကို လိုတာထက် သောက်တာများသွားရင် ခေါင်းမူးဝေဝေဖြစ်မယ်။ အသက်ရှူရခက်မယ်။ ဆီးခဏခဏ သွားချင်လာမယ်။

🔹 ဘေးထွက်ဆိုးကျိုးများ

ခေါင်းကိုက်၊ မောပန်း၊ ခေါင်းမူး၊ အားယုတ်၊ နှလုံးခုန်နေတာကိုသတိထားမိတာ၊ နေမကောင်းသလိုနေတာ၊ အစာမကျေ၊ ခြေချင်းဝတ်ရောင်၊ မျက်နှာနီမြန်း၊ ဆေးသောက်နေသူတွေ ခေါင်းမူးတတ်၊ မောပန်းတတ်လို့ ကားမောင်း၊ စက်မောင်းတာ သတိထားရမယ်။

🔹 Grapefruit juice စပျစ်ရည်နဲ့မသောက်သင့်ဘူး။
ဆေးကိုရေများများနဲ့ သောက်ရမယ်။

Calcium များ ကြွက်သား ဆဲလ်များထဲသို့ ဝင်ရောက်ခြင်းကို တားဆီးပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ကျဆင်းစေပါသည်။
ဥပမာပေးရလျှင် Calcium သည် ကြွက်သားဆဲလ်များထဲသို့ ဝင်ရောက်သည့်အခါ ယင်းဆဲလ်များသည် ကျုံ့ဝင်သွားကြသည်။ Amlong 5 ကဲ့သို့သော Calcium-channel blockers ဆေးများသောက်လိုက်သည့်အခါ ကြွက်သားများ၏ ကျုံ့ဝင်မှုကို တားဆီးပေးလိုက်သဖြင့် သွေးကြောများ ကျယ်လာပြီး သွေးစီးကြောင်းသည် အခက်အခဲမရှိ လွယ်ကူစွာ စီးဆင်းလာနိုင်သည့်အတွက် သွေးပေါင်ချိန်လည်း လျော့နည်းလာခြင်းဖြစ်ပါသည်။

crd

Videos (show all)

#တချိန်က လင်မယားတွေဖြစ်ခဲ့ကြပီး အခုလိုအချိန်မှာ မိတ်ဆွေသူငယ်ချင်းအဖြစ် အတူသီချင်းဆိုနေကြတဲ့ အနေအထားမျိုးက ရှိတော့ရှိတယ် ...

Telephone

Website

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00