Mandarin For You
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mandarin For You, Language school, .
Hello! 大家好! အားလုံးပဲ မင်္ဂလာပါ။
Mandarin for you ကနေပြီးတော့ ဧပြီလမှစတင်ပြီး ဦးစီးဖွင့်လှစ်ခဲ့တဲ့ အခြေခံတရုတ်စာ အခမဲ့အတန်းဟာ ဒီအပတ်မှာဘဲအောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ရှင်။
အခမဲ့အတန်းဆိုပေမယ့်လဲ သင်တန်းပြီးဆုံးတဲ့အထိ ကြိုးကြိုးစားစား တက်ရောက်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူအချို့ရဲ့ ကြိုးစားမှုလေးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။
မကြာခင်မှာ ဖွင့်လှစ်တော့မယ့် online class အချိန်စာရင်းတွေကိုလဲ ကြေငြာပေးတော့မှာဖြစ်လို့ page ကို like and follow လုပ်ပေးထားကြပါဦီးရှင်။
Jack Ma ရဲ့ ဝန်ထမ်းတစ်ဦးမှမရှိဘဲ စက်ရုပ်တွေဝန်ဆောင်မှုပေးမယ့် ကမ္ဘာ့ပထမဆုံးဟိုတယ်
大家好~~
ကျွန်မတို့ Mandarin For You page မှ မကြာခင်အချိန်အတွင်းမှာ တရုတ်စာသင်တန်းများစသင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
သင်တန်းများကို ဦးစီးသင်ကြားပေးမယ့် ဆရာမ၂ဦးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ရှင့်။
တရုတ်ရိုးရာ ကောက်ညင်းထုပ်ပွဲတော် ရဲ့ နောက်ကွယ်မှာ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တစ်ပုဒ်ရှိတာကို သိပါသလား ?
🔺ဒီနေ့ဟာ တရုတ်ပြက္ခဒိန် ၅လပိုင်း ၅ ရက်နေ့ Duan Wu Jie ဖြစ်ပါတယ်။ အဂ်လိပ်လိုကတော့ Dragon Boat Festival ဆိုပြီးလူသိများတဲ့ တရုတ်ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်။
🔺ပွဲတော်နေ့မှာ တရုတ်ပြည်က တရုတ်လူမျိုးတွေဟာ ကောက်ညင်းထုပ်တွေစားကြပြီး နဂါးလှေလှော် ပြိုင်ပွဲတွေကျင်းပလေ့ရှိကြပါတယ်။
🔺ခရစ်တော်မပေါ်မှီ နှစ်ပေါင်း ၃၀၀ ဝန်းကျင်ခန့် ချူနိုင်ငံ ၊ ချင်နိုင်ငံ၊ ထိုက်နိုင်ငံ စသဖြင့် နိုင်ငံပေါင်း ၇ နိုင်ငံရှိခဲ့ပါတယ်။ ဒီပွဲတော်ကို ကျင်းပရခြင်းအကြောင်းကတော့ ရှေးအခါက ချူနိုင်ငံမှ ချူဘုရင်ရဲ့ အမတ်တစ်ပါးဖြစ်တဲ့
ချွီးယန်ဆိုသူကို သတိရအောက်မေ့တဲ့အနေနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်။
🔺ချွီးယန်ဆိုသူဟာ ကဗျာဆရာတစ်ဦးဖြစ်ပြီး ဉာဏ်ပညာအမျှော်အမြင်နဲ့ပြည့်စုံတာကြောင့် ဘုရင်ရဲ့အားထားရတဲ့ အမတ်တစ်ဦးလည်းဖြစ်ပါတယ်။
🔺အမျှော်အမြင်ကြီးသူဖြစ်သည်သာမက ဘဲ သူဟာမိမိတိုင်းပြည်ကို သစ္စာရှိသောသူလည်းဖြစ်ပါတယ်။ ချူဘုရင်၏ ချွီးယွမ်အပေါ်အရေးပေးမှုများကြောင့် အခြားသောအမတ်များဟာ ချွီးယွမ်ကို မနာလို မုန်းတီးကြပြီး ချူဘုရင်ဆီကို မဟုတ်မမှန်သောအကြောင်းအရာများ လျှောက်တင်ကြပြီးနောက်မှာတော့ ချွီးယွမ်ဟာ နန်းတော်ထဲမှ နှင်ခံရပြီး အဝေးတစ်နေရာကိုပို့ဆောင်ခံလိုက်ရပါတော့တယ်။
🔺နှင်ထုတ်ခံလိုက်ရပြီးနောက်မှာတော့ ချူနိုင်ငံဟာ ချင်နိုင်ငံရဲ့ တိုက်ခိုက်ခြင်းကိုခံလိုက်ရတယ်လို့ ကြားပြီးနောက်မှာတော့ ချွီးယွမ်ဟာ စိတ်မကောင်းဖြစ်ပြီး တရုတ်ပြက္ခဒိန်ရဲ့ ၅ လပိုင်း ၅ရက်နေ့မှာ ကျောက်တုံးကိုခြေမှာဆွဲပြီး မိလော်မြစ်ထဲသို့ ခုန်ချအဆုံးစီရင်သွားခဲ့ပါတယ်။
🔺ဒီသတင်းကိုကြားပြီးနောက်မှာတော့ အနီးတစ်ဝိုက်မှာရှိကြတဲ့ ပြည်သူပြည်သားတွေဟာ လှေလှော်ပြီး ချွီးယွမ်ရဲ့ အလောင်းကိုရှာကြပါတယ်။ မြစ်ရေထဲမှာရှိတဲ့ ငါး၊ပုစွန်၊ဂဏန်း အစရှိတဲ့သတ္တဝါများ ချွီးယွမ်ရဲ့ အလောင်းကို မစားသုံးဖို့ ကောက်ညှင်းထုပ်တွေကိုရေထဲပစ်ချပြီး လှေလှော်ရှာနေတဲ့အချိန်မှာလဲ ရေထဲကတိရစ္ဆာန်တွေကို ခြောက်လှန့်ချင်လို့ လှေကို နဂါးအသွင်ပုံဖော်ပြီး အသုံးပြုခဲ့ကြပါတယ်။
🔺အဲ့ဒီအချိန်ကနေစပြီး တရုတ် ပြက္ခဒိန်ရဲ့ ၅ လပိုင်း ၅ ရက်နေ့ရောက်တဲ့အခါတိုင်း နဂါးလှေလှော်ပြိုင်တဲ့အလေ့အထ ကောက်ညှင်းထုပ်စားတဲ့ အလေ့အထဟာ ခေတ်တစ်ခေတ်ပြီးတစ်ခေတ် လက်ဆင့်ကမ်းလာကြပြီးတော့ ဒီနေ့ဒီအချိန်ထိ တရုတ်ရိုးရာပွဲတော်အနေနဲ့ တည်ရှိနေတာဘဲဖြစ်ပါတော့တယ်။
祝各位朋友端午快乐,合家安康!❤️
ကောက်ညှင်းထုပ်ပွဲတော်နေ့မှာ အယောက်စီတိုင်း အေးအေးချမ်းချမ်း ကျန်းကျန်းမာမာ ရှိကြပါစေလို့ Mandarine For You မှ ဆုတောင်းပေးလိုက်ပါတယ်။