Daw Kyu Kyu Mar

Daw Kyu Kyu Mar

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw Kyu Kyu Mar, Legal Service, .

Photos from Daw Kyu Kyu Mar's post 03/11/2022

Lucky month ☘️☘️☘️

Photos from Daw Kyu Kyu Mar's post 24/10/2022

(၂၄.၁၀.၂၀၂၂) ရက်နေ့ ထုတ် ကြေးမုံသတင်းစာ #

23/10/2022

(၂၃.၁၀.၂၀၂၂) ရက်နေ့ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ. ၂၈ #

15/10/2022

၁၅.၁၀.၂၀၂၂ နေ့စွဲပါ ကြေးမုံသတင်းစာ #

14/10/2022

''ရှေ့နေရေးသောစာချုပ်တစ်စောင်၏ တန်ဖိုး''

စာချုပ်ချုပ်တာများ ရှေ့နေခေါ်မနေပါနဲ့။ အပြင်ဆိုင်တွေမှာ ကြိုက်တဲ့စာချုပ် ဝယ်လို့ ရတယ်။စာချုပ် တစ်စောင်မှ အများဆုံး ၅၀၀၀ ကျပ်ပဲ ကုန်မယ်။
ပုံစံမျိုးစုံရှိတယ်။ ရှေ့နေနဲ့ခေါ်ချုပ်လည်း ဒီစာချုပ်ပဲ။ ရှေ့နေခေါ်ရင် ငွေသိန်းန ဲ့ချီတောင်းတာ ဘာညာပေါ့။

ရှေ့နေခ ပေးရတာကများတယ်။ အပို ကုန်ပါတယ် ဟု သဘောထားကြပြီး အပြင်ဆိုင်များ ရှိစာချုပ်များကို လွယ်လင့်တကူဝယ်၍ ချုပ်ဆို နေကြသည်ကို တွေ့ရပါသည်။

အဲဒီလို ချုပ်ဆိုကြတော့ အရောင်းအဝယ်ဖြစ်စေ ငှားရမ်းခြင်းအတွက်ပဲဖြစ်စေ အခြားသောကိစ္စရပ်များ အတွက်ဖြစ်စေ စာချုပ်ပါကွက်လပ် နေရာများတွင်သာ ဖြည့်စွက်ချုပ်ဆိုရ သည့်အတွက် စာချုပ်တွင်မပါသော မိမိတို့၏ သဘောတူညီချက် များကို နုတ်ကတိဖြင့်သာ ပြုလုပ်သဘော ညီကြရတယ်။ အဲဒီလို စာချုပ်ချုပ်ဆို ထားပါလျက် စာချုပ်တွင်မပါသည့်အကြောင်းအရာ များကို စာချုပ်မဆန့်သည့်အတွက် အပြင်တွင် ပေးကြသည့် နုတ်ကတိရဲ့ အကျိုးဆက် (သို့မဟုတ်) အပြင်စာချုပ်ရဲ့ အကျိုးဆက်ကတော့။

ပြသနာ မဖြစ်ရင် ဘာမှမဖြစ်ပါဘူး။ ပြသနာ ဖြစ်လာရင်တော့ ရှင်းပေတော့။ ဥပဒေမှာ စာချုပ်ချုပ်ဆို ရေးသားထားရင် စာချုပ်တွင်မပါသည့် အပြင်တွင်ပြုလုပ်ကြတဲ့ နုတ်ကတိကို သက်သေပြခွင့်မပေးသလို အမှု့ဖြစ်ခဲ့ရင်လည်း ထည့်သွင်း သုံးသပ်မှု့ပြုမှာမဟုတ်ပါ။ ဒါကြောင့် စာချုပ်တွင် မပါမဖြစ်ပါရမယ့် အချက်တွေကို စာချုပ်တွင် မပါပဲ နုတ်ကတိဖြင့်သာ သဘောတူညီခဲ့ပြီး ပြသနာဖြစ်လာတဲ့အချိန်မှာ နုတ်ကတိမပေးခဲ့ပါဘူးလို့ တစ်ဖက်ဖက်ကငြင်းဆန် ခဲ့မယ်ဆိုရင် ဘယ်လိုသက်သေပြကြမလဲ။

စတွေ့ပါပြီ။ အဲဒီအချိန်မှ မိမိရင်းနှီးထားသည့် ငွေကြေး၏ အပုံ ၁၀၀ လျင် ၁ ပုံသာ မရှိသည့် ပေးရမည့် ရှေ့နေရေးသော စာချုပ်တစ်စောင်၏ အဖိုးခငွေ။ ထို့ပြင် မိမိတို့ဘာသာ ဝယ်ယူ ချုပ်ဆို ထားသော စာချုပ်မှာ တံဆိပ်ခေါင်းမလုံလောက်၍ လည်းကောင်း။ အရေးပါသည့်အချက် ထည့်သွင်း မရေးထားသားထားသဖြင့် စာချုပ်အရ တရား မစွဲဆိုနိုင်ပါက ။

အဲဒီအချိန်ကြမှ သိလိုက်ရတာက ရှေ့နေရေးသော စာချုပ်တစ်စောင်၏ တန်ဖိုး။
. ''ရှေ့နေတစ်ဦးအနေဖြင့် စာချုပ်တစ်စောင် ရေးတော့မည်ဆိုလျင် လုံလောက်သည့် တံဆိပ်ခေါင်းခွန် ။ အရေးပါသည့် စည်းမျဉ်း စည်းကမ်းအချက် ။ဥပဒေ နှင့် မဆန့်ကျင်သော သဘောတူညီချက် များကို ထည့်သွင်း ရေးသား ပေးရသည်။ မှတ်ပုံတင်စာချုပ်ကဲ့သို့ ခိုင်မာမှု့မရှိသော်လည်း အမှု့အခင်းဖြစ်လာပါက မိမိအမှု့သည်မနစ်နာရအောင် တရားဝင်အောင် ချုပ်ဆိုပေးရသည်။ ''

ထို့ကြောင့် ရှေ့နေရေးသော စာချုပ်တစ်ခု၏ တန်ဖိုး ဆိုသည်မှာ စာချုပ်ချုပ်စဉ်က ပေးရသည့် ငွေကြေး ဆိုသည်ထက် မိမိတို့ဘာသာ ချုပ်ဆိုကြသည့် စာချုပ် ကြောင့် ထိခိုက်နစ်နာဆုံးရှုံးရသည့် အခါ ကုန်ကျရသည့်များစွာသော ငွေကြေး များ၏ တန်ဖိုးပင်ဖြစ်ပေသည်။

မူရင်းpost:credit:

14/10/2022
25/09/2022

(၂၅-၉-၂၀၂၂) ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အိမ်နှင့် မြေအရောင်းအဝယ်စာချုပ်
ပြုလုပ် ချုပ်ဆိုခဲ့ပါတယ် #
အလုပ်အပ် နှံပေးတဲ့ ညီမလေး များလည်း
စီးပွားတိုးတက်၍ လုပ်ငန်းများ ဒီထက်မက အောင်မြင်ပါစေ #

05/09/2022

(၅-၉.၂၀၂၂) ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ်တွင်
မနက်အစောပိုင်း(၈:၀၀) နာရီ၌ ပြုလုပ် ချုပ်ဆိုသော
တိုက်ခန်းအရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့ပါ သည်။
၀ယ်ယူသူ အန်တီလည်း စီးပွားတိုးတက်၍ ထပ်မံဝယ်ယူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် #

24/07/2022

၂၄.၇-၂၀၂၂ မြန်မာ့အလင်းသတင်းစာ
စာ ၃၁ #

04/07/2022

ဒေါပုံမြို့နယ်၌ တိုက်ခန်း အရောင်း အဝယ် မှတ်တမ်း #

26/05/2022

၂၆.၅.၂၀၂၂ ရက်နေ့
ဒေါပုံမြို့ နယ်၌ တိုက်ခန်းအရောင်းအဝယ်
စာချုပ် ချုပ်ဆိုပေးခဲ့ခြင်း မှတ်တမ်း #

07/04/2022

7.4. 2022 ကြေးမုံသတင်းစာ
စာ-မျက်နှာ-၂၆ #

31/03/2022

လယ်မြေကို ဂရန်မြေအဖြစ်လျှောက်ထားခြင်း
============================
လယ်မြေကို ဂရန်မြေအဖြစ်လျှောက်လို့ရပါတယ်။ တိုက်ရိုက်တော့ လျှောက်ထားလို့မရပါဘူး။ ရှေးဦးစွာ လယ်မြေကို လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇)လျှောက်ထားရန်အတွက် မြေပုံ/မြေရာဇ၀င်လို့ခေါ်သည့် မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျှောက်ထားရပါမည်။ မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက လယ်ယာမြေလုပ်ကိုင် ခွင့်လက်မှတ် ပုံစံ (၇) လျှောက်ထားလို့ရပါပြီ ပုံစံ (၇) စိစစ်ရာတွင် အမှန်တကယ်လယ်ယာလုပ်ကိုင်ခြင်း ရှိ/မရှိကို စိစစ်ပါတယ်။ လယ်ယာလုပ်ကိုင်သည်ဆိုလျှင် မြို့နယ်လယ်ယာမြေစီမံခန့်ခွံရေးနှင့်စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇) ထုတ်ပေးပါသည်။ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိပြီးပါက လယ်ယာမြေလုပ်ကိုင်ခွင့်ကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း များကို တရား၀င် ဆောင်ရွက်လို့ ရသွားပါတယ်။
ထိုမှတဆင့် လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် လျှောက်ထားရမှာဖြစ်ပါသည်။ အခြားနည်းအသုံးပြုခွင့်လျှောက်ထားရာတွင် သုံးစွဲလိုသည့်အကြောင်းအရင်းကို ဖော်ပြလျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားခြင်းအမှုတွဲအား ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သို့ အဆင့်ဆင်တင်ပြပြီးနောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ ဆက်လက်တင်ပြပြီးနောက် လယ်မြေတွင် အခြားနည်းသုံးစွဲခွင့်နှင့်စပ်လျဉ်း၍ ခွင့်ပြုပါက အသုံးပြုရန်ခွင့်ပြုမိန့်ပုံစံ (၁၅)ထုတ်ပေးပါသည်။ လယ်မြေအား အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ရရှိပြီးပါက ခွင့်ပြုသည့်နည်းလမ်းအတိုင်း (၆) လအတွင်း အသုံးပြုရမှာဖြစ်ပါတယ်။
လ/ယ ပုဒ်မ-၃၁ အရ ခွင့်ပြုချက်ရရှိသည့်နေ့မှ (၆) လအတွင်း စတင်အသုံးမပြုလျှင် သော်လည်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးလျှင်သော်လည်းကောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်တယ်ပြဌာန်းထားတာပါတယ်။ ဌာနမှ စိစစ်လို့တွေ့ရှိ တယ်ဆိုလျှင် လ/ယ ၃၀ ခွင့်ပြုမိန့် ပယ်ဖျက်ပြီး စည်းကမ်းပျက်မြေကို သိမ်းယူသည်အထိ အရေးယူနိုင်ပါတယ် သတိပြုဖို့လိုပါတယ်။
ထိုသို့ အသုံးပြုပြီးနောက် ဂရန်လျှောက်ထားရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ လျှောက်ထားရပါမည်။ ပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားသည့် မြေဧရိယာသည် (၁) ဧကအထိဖြစ်ပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးနိုင်ပြီး (၁)ဧကအထက် (၅) ဧကအထိဖြစ်ပါက နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သတ်မှတ်မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါသည်။ (၅) ဧကအထက်ဖြစ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ၏မှ ၀န်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံ၍ ၀န်ကြီးဌာန ခွင့်ပြုမိန့်ဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါသည်

30/03/2022

ပုံစံ( ၇ )ရှိသော လယ်မြေနှင့်ပတ်သက်ပြီးလာမေးထားကြသည့်သူများအတွက်နှင့်တခြားသိချင်သူများအတွက်
ရည်ရွယ်ပြီးဥပဒေအသိပညာ ဗဟုသုတရရန်မျှဝေပေးလိုက်ပါသည်။

ပုံစံ (၇) ရှိသော လယ်ယာမြေကို ပေါင်နှံ၊ ငှားရမ်းခြင်းအတွက် သတိပြုရမည့်အချက်များ။

💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢

လယ်ယာမြေဥပဒေအရ ပုံစံ ၇ ရှိသူက လယ်ယာမြေကို ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ်ခြင်း တရားဝင်ပြုလုပ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။

ဒီလိုလုပ်မယ်ဆိုရင်......

(က) ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီး စာချုပ်ရမယ်။

(ခ) စာချုပ် ချုပ်ပြီးရင် ရက်ပေါင်း ၁၂၀ အတွင်း မြို့နယ်မြေစာရင်းဌာနမှာ မှတ်ပုံတင်ရမယ်။

(ဂ) ပုံစံ ၇ အမည်ပြောင်းဖို့အတွက် ပုံစံ ၉ နဲ့ မြို့နယ်မြေစာရင်းဌာနမှာ လျှောက်ထားရမယ်။

(ဃ) ပုံစံ ၇ အမည်ပြောင်း ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။

ပုံစံ ၇ ရှိတဲ့ လယ်ယာမြေကို ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ်ခြင်းအားလုံးအတွက် ဒီအဆင့်လေးဆင့်နဲ့ လုပ်ရမယ်လို့သာ ပြဌာန်းထားပြီး တစ်ခုချင်းအတွက် အသေးစိတ် မပါဝင်ပါဘူး။ ဆိုလိုတာက ရောင်းချမှုအတွက် ဘယ်လိုလုပ်၊ ပေါင်နှံခြင်းအတွက် ဘယ်လိုလုပ်၊ ငှားရမ်းခြင်းအတွက် ဘယ်လိုလုပ်စသည်ဖြင့် အသေးစိတ် မပါဝင်တာဖြစ်ပါတယ်။ ရောင်းတာ၊
စွန့်တာ၊ လှူတာ၊ အမွေပေးတာက အပြီးအပိုင်ဆောင်ရွက်လိုက်တာမျိုးဆိုတော့ ကိစ္စမရှိပါဘူး၊ ပေါင်တာနဲ့ ငှားတာက အပြီးအပိုင် လုပ်ဆောင်လိုက်တာမဟုတ်ပါဘူး။ အပေါင်ခံသူ အငှားရသူက ပုံစံ ၇ ကို သူ့အမည်နဲ့ အမည်ပြောင်းလုပ်ရမှာလား၊ လုပ်နိုင်တာလား ဆိုတာမျိုးဖြစ်လာနိုင်ပါတယ်။

ပုံစံ (၇) အမည်ပြောင်းတယ် ဆိုတာကလည်း လယ်ယာမြေ လုပ်ပိုင်ခွင့်ကို သားစဉ်မြေးဆက်ထိ အဆက်ဆက် ရရှိခံစားရစေနိုင်တဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာမြေကို ခေတ္တအပေါင်ထားခြင်း၊ ငှားရမ်းခြင်းများက မြေကိုအပြီးအပိုင်လွှဲပြောင်းမှု ဆောင်ရွက်ခြင်း မဟုတ်တဲ့အတွက် ပုံစံ ၇ ရှိသူ/ အပေါင်ခံသူ/ အငှားရသူများအားလုံး သတိထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပုံစံ ၇ အမည်ပေါက် ပိုင်ဆိုင်သူနဲ့ သက်ဆိုင်ရာ ဌာနကသတိပြုရမှာ ဖြစ်ပါတယ်။ ဌာနကလည်း ပေါင်နှံ ငှားရမ်းထားတဲ့ လယ်ယာမြေကို ဥပဒေအရ အပေါင်စာချုပ်၊ အငှားစာချုပ်များ မှတ်ပုံတင်ပေးနိုင်သော်လည်း ပုံစံ ၇ အမည်ပြောင်းဖို့ တင်ပြလာရင်တော့ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ပုံစံ ၇ ရှိတဲ့ လယ်ယာမြေ အမွေဆက်ခံခြင်းကိုတော့ တရားရုံးရဲ့ အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထားတင်ပြလာရင် ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ်ချုပ်စရာမလိုပဲ မြေစာရင်းဌာနမှာ ပုံစံ ၇ အမည်ပြောင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ပေါင်နှံခြင်း၊ ငှားရမ်းခြင်းအတွက် ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ် ချုပ်ဆိုရမယ်၊ စာချုပ်ကို မှတ်ပုံတင်ရမယ်၊ ဒီစာချုပ်တွေအရ ပုံစံ ၇ အမည်ပြောင်းပေးလို့မရပါဘူး။ ဥပဒေ၊ နည်းဥပဒေမှာလည်း ပြဌာန်းထားခြင်းမရှိပါဘူး။ အပေါင်ဆုံး၊ အပေါင်စာချုပ် သက်တမ်းကုန်၊ ပေါင်ထားတဲ့ သက်တမ်းကာလအတွင်း ပြန်မရွေးရင်တော့ ဥပဒေအရ အမည်ပြောင်းပေးလို့ရပါတယ်။

အနှစ်ချုပ် တင်ပြရရင် ပုံစံ ၇ ရှိတဲ့ လယ်ယာမြေ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ်ခြင်းများ ဆောင်ရွက်ရာမှာ...........…...............

၁။ ရောင်းဝယ်၊ လွှဲပြောင်း၊ လဲလှယ်၊ ပေးကမ်းခြင်းများကို ရပ်ကျေးလယ်စီရှေ့မှာ စာချုပ်ရမယ်၊ တံဆိပ်ခွန်ထမ်းဆောင်ရမယ်၊ မှတ်ပုံတင်ရမယ်၊ ပုံစံ (၉) နဲ့အမည်ပြောင်း လျှောက်ထားပြီး ပုံစံ ၇ အမည်ပြောင်းပြုလုပ်ရပါမယ်။

၂။ လယ်ယာမြေ အမွေဆက်ခံခြင်းကို ရပ်ကျေးလယ်စီရှေ့မှောက်မှာ စာချုပ်ဖို့မလိုပါဘူး၊ တရားရုံးက ထုတ်ပေးတဲ့ အမွေဆက်ခံခြင်းလက်မှတ်ကို မြေစာရင်းဌာနမှာ တင်ပြပြီး ပုံစံ ၇ အမည်ပြောင်းပြုလုပ်ရပါမယ်။

၃။ ပေါင်နှံခြင်း၊ ငှားရမ်းခြင်းကို ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ်ရမယ်၊ တံဆိပ်ခွန် ထမ်းဆောင်ရမယ်၊ မှတ်ပုံတင်ရမယ်၊ အပေါင်ဆုံးမှ ပုံစံ ၇ အမည်ပြောင်းနိုင်မယ်၊ ငှားရမ်းခြင်းအတွက် ပုံစံ ၇ အမည်ပြောင်းမရ/ ဆောင်ရွက်ပေးလို့မရ။

25/03/2022

25.3.2022 နေ့ တွင် တာမွေမြို့နယ်၌ အိမ် နှင့်မြေ အရောင်းအဝယ်
စာချုပ်ချုပ်ဆိုပေးခဲ့ ခြင်း #

Photos from Daw Kyu Kyu Mar's post 09/02/2022

ယနေ့ (၉.၂.၂၀၂၂) နေ့ Royal Thiri Condominium
တိုက်ခန်း ငွေအပြေအကြေ ပေးချေခြင်း #

06/02/2022

6.2.2022 ရက်နေ့ အင်းစိန်မြို့နယ်၌
ကွန်ဒိုတိုက်ခန်းအရောင်း အ၀ယ်စာချုပ် ချုပ်ဆိုပေးခဲ့ပါတယ် #

03/02/2022

၃.၂.၂၀၂၂ နေ့ထုတ်
ကြေးမုံသတင်းစာ #

Telephone

Website