UNITY CARE Life Insurance Service

UNITY CARE Life Insurance Service

Life Insurance

11/02/2023

သင့်ဘ၀အတွက် လုံး၀အရှုံးမရှိတဲ့ 🍀investment အသက်အာမခံ...💥
=====================================
👉 အသက်အာမခံဆိုတာ ဘာလဲ???
အသက်အာမခံဆိုတာ 🍀 ငွေစုဆောင်းခြင်းတမျိုးပဲ ဖြစ်ပါတယ်။ 🍀 မိမိရဲ့ စုဆောင်းငွေထားရှိခြင်းအားဖြင့် အကြောင်းတခုခုကြောင့် အန္တရာယ်ဖြစ်ပေါ်လာနိုင်တဲ့ အသက်(သို့) ထာဝစဉ် မသန်စွမ်းခြင်းအတွက် Cover ပေးသွားမှာ ဖြစ်ပါတယ် ။

🍀 စုငွေလေးတွေစုရင်းအကာအကွယ် ယူနိုင်ကြပါပြီ။ 🍀

အသက်အာမခံတွင် သတ်မှတ်ထားသောနှစ်အတွင်း ကျန်းမာနေပါက မိမိသွင်းထား‌‌သောသွင်းငွေများအားလုံးကို အတိကျပြန်လည်ထုတ်ယူနိုင်ခြင်းက အသက်အာမခံရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အသက်အာမခံ၀ယ်ယူထားခြင်းဖြင့် သတ်မှတ်ထားသောနှစ်အတွင်း ရုတ်တရက်သေဆုံးခြင်းဖြစ်ပါက...
🍀 မိမိသွင်းထား‌သော သွင်းငွေ၏ (၂)ဆ၊
🍀 Accident တခုခုကြောင့် သေဆုံးမှုဖြစ်ပါက (၄)ဆရရှိ
မှာဖြစ်ပြီး၊
🍀 သတ်မှတ်နှစ်အတွင်း ကျန်းမာလျက်ရှိပါက သွင်းငွေ
များအားလုံးကို ပြန်လည်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

ခုလို အားသာချက်တွေရှိနေတဲ့ အသက်အာမခံကို ၀ယ်ယူလိုပါက 💚UNITY CARE မှ တာ၀န်ယူမှု တာ၀န်ခံမှုအပြည့်၀ဖြင့် ဆောင်ရွက်ပေးနေတာကြောင့် စိတ်၀င်စားပါက အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

သင့်ဘ၀ရဲ့ အာမခံအတွက် အမြဲအသင့်ရှိမယ့်
✨UNITY CARE (Life Insurance) ✨

03/02/2023

မိမိရဲ့ လက်ရှိအလုပ်လဲ မပျက် 🤔
အများအကျိုးပြုအလုပ်တခုဖြစ်တဲ့ Insurance Advisor တစ်ယောက်အဖြစ် ရပ်တည်လိုပါသလား ⁉️
=====================================
အသက်အာမခံလုပ်ငန်းဆိုတာ အာမခံထားသူများရဲ့ ငွေကြေးစီမံခန့်ခွဲပေးရတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ ဒါကြောင့်မို့ Insurance Advisor တစ်ယောက်အနေဖြင့်
☘️ ငွေရေးကြေးရေးစီမံခန့်ခွဲမှုတွင် စေ့စပ်သေချာမှုရှိရန် ☘️ မှာ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတခုဖြစ်ပါတယ်။

Insurance လုပ်ငန်းတွေဟာ စီမံရေး၊ ဘဏ္ဍာရေးနှင့် စက်မှု၀န်ကြီးဌာနတွေရဲ့ လက်အောက်ဌာနတွေဖြစ်တဲ့
👉 ငွေရေးကြေးရေးကြီးကြပ်စိစပ်ရေးဌာန (FRD) နှင့်
👉 အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (IBRB) ဆိုတဲ့ အဖွဲ့အစည်း‌တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုတွေအောက်မှာ လုပ်ကိုင်ရတဲ့အတွက် Investor များဆီမှ စိတ်ချယုံကြည်မှုကို အပြည့်အ၀ရရှိနိုင်တဲ့လုပ်ငန်းတခုဖြစ်ပြီး မိမိလက်ရှိအလုပ်အပြင် Freelance အနေနဲ့ ဂုဏ်သိက္ခာရှိရှိ ၀န်ဆောင်မှုပေးနိုင်တဲ့ အလုပ်တခုဆိုလဲ မမှားပါဘူး။ ☘️💚☘️

Insurance Advisor တွေရဲ့ Audiences တွေသည် အများအားဖြင့် အသက်လတ်ပိုင်း စီးပွားရေးသမားများနှင့် လူကြီးပိုင်းများ ပိုမိုစိတ်၀င်စားကြသည့်အတွက်...

🟢 စကားပြောစွမ်းရည်၊

🟢 မိမိလုပ်ငန်းပိုင်းနှင့်ပတ်သတ်ပြီး သိရှိမှု၊လေ့လာနိုင်မှု၊

🟢 လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုအပိုင်းတွေမှာ
အင်အားစိုက်ထုတ်မှု အပြည့်၀ရှိရပါတယ်။

ဒါမှသာလျှင် မိမိနှင့် မိမိလုပ်ငန်းအပေါ် ယုံကြည်မှုရှိပြီး လုပ်ငန်းပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။💹↗️💹

တစ်ပါးသူရဲ့ ဘ၀လုံခြုံမှုရေးကို ၀န်ဆောင်မှုပေးရတဲ့အလုပ်တခုဖြစ်တဲ့ Insurance Advisor တစ်ယောက်ဖြစ်လိုတယ်၊ ဤအလုပ်ကို စိတ်၀င်စားတယ်ဆိုလျှင် ကျွန်မတို့ Unitycare Life Insurance နဲ့လက်တွဲလိုက်ဖို့ ဖိတ်ခေါ်ပါရစေ။

အသေးစိတ်သိရှိလိုပါက...
💬 Page Messenger သို့ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

28/01/2023

ကိုယ့်ဘ၀မှာ မိသားစုသည် နံပါတ်တစ်ဆိုသူများအတွက် ထားရှိသင့်တဲ့ အသက်အာမခံ... ☘️💚☘️
=====================================
မိသားစုတခုမှာ ကိုယ်မရှိတော့တဲ့အချိန်မှာတောင် ကိုယ့်မိသားစုကို ကာကွယ်ပေးနိုင်တဲ့ အသက်အာမခံ။ ☘️💚

ကြိုမသိမြင်နိုင်တဲ့ အခြေအနေတခုခုကြောင့် ကိုယ့်မှာထိခိုက်မှုဖြစ်သွားခဲ့ရင်တောင် မိသားစုကို အပြည့်အ၀ကာကွယ်မှုပေးနိုင်တဲ့ အသက်အာမခံ။ ✨

💲💸Saving သဘောမျိုးလဲ ဖြစ်
အရှုံးမရှိတဲ့ အာမခံဆိုတာ အသက်အာမခံပဲရှိပါတယ်။

အသက်အာမခံထားထားခြင်းသည် လက်ရှိမိမိအား မှီခိုနေသော ဇနီး၊ ခင်ပွန်း၊ သားမယားများနောင်ရေးအတွက် လုံခြုံစိတ်ချမှုအပြည့်ရှိတဲ့အတွက် ၀ယ်ယူထားသင့်တဲ့ အာမခံတခုဆိုလဲ မမှားပါဘူး။ ✨✨✨

တနှစ်ကို သွင်းငွေနည်းနည်းဖြင့် သတ်မှတ်နှစ်ကာလအတွင်း
☘️ အသက်အန္တရာယ်ထိခိုက်မိသော်၎င်း၊
☘️ တသက်တာမသန်စွမ်းဖြစ်သွားခဲ့သော်၎င်း၊
ကျန်မိသားစုများအနေဖြင့် သွင်းငွေရဲ့ (၂)ဆ အကျိုးခံစားမှုရရှိနိုင်သည်။ ဒါ့အပြင် သတ်မှတ်နှစ်ကာလအတွင်း ကျန်းမာနေခဲ့သည်ရှိသော် သွင်းငွေများအားလုံးကို အတိကျပြန်ထုတ်ယူနိုင်တာ အသက်အာမခံတခုပဲ ရှိပါတယ်။

ထိုကဲ့သို့သော အကျိုးများတဲ့ အသက်အာမခံကို UNITY CARE မှ တာ၀န်ယူဆောင်ရွက်ပေးနေပါပြီ။ အသေးစိတ်သိရှိလိုပါက Messenger သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ 💚

11/01/2023

☘️☘️ကိုယ့်အသက်ကိုရင်းပြီး အသက်ရှင်တုန်းမှာချစ်ပြခွင့်ရတဲ့ အရာ ကတော့ Life Insurance ပါဘဲ….☘️☘️

ကျမတို့ Unity Care မှ Life Insurance ကိုဝယ်ယူခဲ့တဲ့ Customer ယခု လက်ရှိစီးပွါးရေး လောက မှာ အောင်မြင်မူတွေ ပိုင်ဆိုင်ထားတဲ့သူတယောက် …..
☘️သူ့အသက်အရွယ်အရ နှစ်(20)Plan ကိုဝယ်ထားခဲ့နိုင်တယ်…
☘️သူချစ်တဲ့မိသားစုအတွက်ရင်းနှီးမြုပ်နှံမူတွေထဲကတခုအနေနဲ့သူပေးထားတဲ့သူ့မေတ္တာ သူ့အချစ် သူ့ရဲ့အသက်ကိုအာမခံထားပေးခြင်းနဲ့ သူ့ရဲ့အမှတ်တရမွေးနေ့လေးမှာ မိသားစုအတွက်ပြန်ပေးလိုက်တဲ့ ခင်ပွန်းကောင်းတယောက် ဖခင်တယောက်ရဲ့ချစ်ခြင်းမေတ္တာတွေပါရှင်……..

Unity Care Life Insurance
Protect Your Family

03/01/2023

💛💛💛မိဘတိုင်းဟာ ရင်သွေးရတနာလေးတွေအတွက် တက်နိုင်သလောက်အကောင်းဆုံးစောင့်ရှောက် မှု ပေးကြပြီး ချစ်ရတဲ့ ရင်နှစ်သည်းခြာလေးတွေကို ကိုယ်ရှိနေချိန်လေးမှာ အတက်နိုင်ဆုံးကာကွယ်စောင့်ရှောက်ကြတဲ့ မိဘတွေက အများဆုံးပါဘဲ။🍀🍀
ငယ်ရွယ်လွန်းတဲ့ ကလေးတွေမှာ ကိုယ်များမရှိခဲ့ရင်ဆိုတဲ့အတွေးတွေကော ဝင်ကြဖူးလားဟင်။မင်မင်တော့ ခဏခဏ ဝင်ဖူးတယ်။၅နှစ်ခွဲအရွယ် အိပ်ပျော်နေတဲ့ သားလေးကို တစ်စိမ့်စိမ့်ကြည့်ပြီး ဒီလူသားလေးရဲ့ နောက်နှစ်၂၀လောက်ထိ ငါ အသက်ရှင်နေမှ ဖြစ်မှာ၊ ဒါမှ သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်မယ်။ ငါရှိမှ ဖြစ်မယ်ဆိုတဲ့အတွေး က အလိုလိုရောက်လာတာ။ဒါပေမဲ့လည်း လူတစ်ယောက်ရဲ့ ဘဝက သတ်မှတ်ထားပြီးသား ဖြစ်နေလေတော့ ကိုယ်မရှိခဲ့ရင်ဆိုတဲ့ အခြေအနေအတွက်ကိုလည်း စဉ်းစားထားရမယ်လေနော်။🍀☘️

💛💛💛အဲ့လို ကိုယ်မရှိတဲ့နောက်ပိုင်း မှာ အတွက်ကော စဉ်းစားပြီးတော့ သားသားမီးမီးလေးတွေအတွက် ကြိုတင်စီစဉ်မျိုးတွေတော့ လုပ်ထားချင်တဲ့ ဖေဖေ၊ မေမေတွေရှိကြလားရှင်။တစ်လကို အနည်းဆုံး ၄၅၀၀၀ စုနိုင်တယ်ဆိုရင်တော့ နောင် နှစ်၂၀လောက်ထိ သားသားမီးမီးတို့အတွက် နောင်ရေး စီစဉ်ထားတဲ့ Plan လေးရှိတယ်ဆိုရင်ကော စိတ်ဝင်စားကြမလားရှင်။စိတ်ဝင်စားတယ်ဆိုရင်တော့ page meassager မှာ ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်။🍀🍀

02/01/2023

☘️UNITY CARE Life Insurance ဆိုတာ….ဘာလဲ??

☘️ဟုတ်ကဲ့….ကိုယ့်ချစ်တဲ့မိသားစုဝင်တွေကို ကိုယ်

☘️အသက်ကိုအာမခံထားခြင်းဖြင့် ချစ်ပြလိုက်ပါ..

☘️ချစ်ခြင်းမေတ္တာကိုသက်သေပြဖို့ဆို UNITY CARE ကို

☘️ဆက်သွယ်ပါရှင်….☘️☘️☘️

Telephone

Website