May Tin - Kyaukphyu Kitchen Food Online shopping

May Tin - Kyaukphyu Kitchen Food Online shopping

Be faithful in small things because it is in them that your strength lies. ( Mother Teresa )

20/04/2024

အရှေ့ ဂါယာ က နေမင်း သည် အထက်သို့ တဖြည်းဖြည်းချင်း တက်လာခဲ့ပေသည်။ အလှူရှင်တို့ မွန်မြတ်စွာ လှူဒါန်းသော ဝိယာဝိစ အဖွဲ့ရဲ့ ကောင်းမွန်စွာ ချက်ပြုတ်သော အာရုံဆွမ်း ကို သုံးဆောင်ပီး ဆရာတော် ဆီ ထွက်လာခဲ့ပါသည်။
ဆရာတော် ဦးချရင်း မေးခွန်းများ ကို စတင်မေးမြန်းပါတော့သည်။
1) မှတ်တယ် ဆိုပီး မည်သည့်အတွက်ကြောင့် ထပ်ခါထပ်ခါ ရွတ်ဆိုရပါသည်နည်း ဆိုတဲ့ မေးခွန်း ကိုတော့ " ဒကာ ငယ်ငယ်တုန်းက ညအခါ လသာသာ ကို ည ရေ ည လ ရေ လ ဆိုပီး ကျွမ်းကျင်လာတော့ မှ ညအခါ လသာသာ ကို တိုက်ရိုက် ဆိုနိုင်ပေသည် ရွတ်ဆိုလို့ ကျွမ်းကျင်လာတဲ့အခါ မှတ်နိုင်လာလိမ့်မယ် " ဆိုတဲ့ အဖြေ နဲ့ လည်းကောင်း
2) ပဋိစသမုပ္ပါဒ် မှာ ဝိညာဉ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟာ အစဉ်အတိုင်းဖြစ်သည် လို့ ပြောပီး ခန္ဒာ ငါးပါးကို ရှုမှတ်တဲ့အခါ ရူပက္ခန္ဓာ - ဝိဉာဏက္ခန္ဓာ - သညက္ခန္ဓာ - ဝေဒနာက္ခန္ဓာ - သင်္ခါရက္ခန္ဓာ အစဉ်အတိုင်း ရှုမှတ်ရပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ “ ဒကာ ကလေးဘ၀ တုန်းက စသင်တဲ့အခါ ၀လုံး ကို အခြေပြုပီးသာ သင်ပီးမှ ထ သင်ရသလို ထင်ရှားက ရှုရတာ ဖြစ်ပါတယ် ဆိုတဲ့ အဖြေ ဥပမာ နဲ့ လည်းကောင်း
ကျေလည်စွာ ဖြေရှင်းပေးတော်ပါတယ်
လောကမှာ ဆရာသမား များ ရဲ ကျေးဇူးသည် ကြီးမားလှပါပေသည်။ နေမင်းသည် လောက ကို အလင်း ပေးတတ်သလို ဆရာသမားတို့ ရဲ့ ပညာ သည် တပည့်များ ရဲ့ မောဟ ကို အမှောင်ကို ခွင်း အလင်း ဆောင်တတ်ပါပေသည်။

11/04/2024

ဆယ်တန်းတုန်းက ရေသယ်ပြဇာတ်ကို ဖတ်တုန်းက အုတ်မြို့ကြားက ငွေဆယ်ပြားကို လိုချင်ပါတယ် ဆိုတုန်းက သယ်.. ဒီ ရေထမ်းသမား တယ် လောဘကြီးသကော လို့ မှတ်ချက်ချဖူးပါတေ.... အခုတော့ ကျူပ်အလှည့်...

အဖေ ကွယ်လွန်ပီးနောက် ... အိမ်မရှိ ယာမရှိ ဟိုပြေးဒီပြေးဘ၀ကနေ ကုတ်ကုတ်ပါအောင် စုထားလို့ရတဲ့ အိမ်ကလေး ထိခိုက်ရှာရတော့မလားဆိုတော့ မနေ့က တစ်ညနေခင်းလုံး ရတတ်မအေး.ဟိုပြောဒီပြောလုပ်နေတော့ ... နင် ပစ္စည်းအပေါ် အစွဲအလမ်းတယ်ကြီးသကော လို့ အစ်မတော် က ပြောလိုက်တော့မှ ရင်ထဲက လှိုက်ခနဲ လှိုက်ခနဲ ဖြစ်လာသည်

ညည်း သား ကို ချစ်သလိုပေါ့အေ.. ကျုပ်လည်း ကျူပ်ချွေးနွဲစာ နဲ လုပ်ထားတဲ့ အိမ် ကလည်း ချစ်သပေါ့...

အလိပ်လိပ် ထ လာတဲ့ တိမ်မဲအောက်က လေပြင်းတွေကြားမှာ....
ဘယ်သူ ကို တောင်းလျိူးပန်လို့ ဘယ်သူဆီမှာ အသနားခံရမှန်းလည်း မသိပါတော့.. အတင် ဆိုလည်း ကြေပါစေ အဆပ်ဆိုလည်း ကြေပါစေ..

လွမ်းပါတေ ကျူပ်ရဲ့ အိမ်အိုလေးကို.......

28/03/2024

အလုပ်တစ်ခုရဲ့ ကနဦးမှာ ဘယ်သူ မှ မသိနိုင်တဲ့ အရာ တစ်ခု ရှိပါသည်။ အကြံကောင်း ဉာဏ်ကောင်း ဘယ်တော့ မှ ချက်ချင်း ထွက်မလာနိုင်တော့ဘူး ။ တကယ် အလုပ်လုပ်ကြည့်မှသာ အကြံဉာက်ကောင်းထွက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် မင်းလုပ်ရမှာက မင်းစလုပ်ကြည့်ရမှာပဲ

(မတ်ဇူကာဘတ်)

04/03/2024

ga. Company: Auto Repair Company
Position: Accountant and ClerkNTS Myanmar
Salary: Basic salary $2,500 (self-living)
Time: Monday to Friday 9AM-6PM
Saturday 9AM-1PM 6 days off per month
Requirements: Female under 36
——Must have Singapore accounting experience
——Speak Chinese and English. Fluency in English and Chinese is required.
——Familiar with computer office software word, excel, etc.
——Willing to learn and make progress
Don't have kids or smokers
Location: Ang Mo Kio

Sg Agent-1 whatapps ( +95 9 263 063 188 )

21/02/2024

( CB ထွေးထွေး ကို လိုက်ကာပို့
Yangon International Airport )

ကျူပ်သည် ဆားထွက်သော ဂန့်ဂါကျွန်း မှ ဖြစ်ပြီး ထွေးကြည် သည်ကား ပဒေးကျွန်း မှ ဖြစ်ပါသည်။ ကျူပ်တို့ ဆားကွင်းမှ လှမ်းမျှော်ကြည့်လိုက်ရင် မြစ်ပြင်ကျယ် တစ်ဖက်ကမ်း မှာ ပဒေးကျွန်း ခုတော့ ညအနက်ရောင်အောက်မှာ မီးရောင် နဲ့ ထင်းလင်းလျှက်ရှိပါသည် - ဟိုးလွန်ခဲ့တဲ့ နှစ် ၅၀ ကျော်တုန်း ဆိုရင်တော့ အဖေ ဆားချက်ဖို့ ထင်းသွားရှာတဲ့ နေရာ အဖေရဲ့ ခရီးတစ်ထောက်နား စားအိမ်သောက်အိမ် လေး ဆိုကြပါစို့

ထွေးကြည် သည်ကား လှိုင်းကြက်ခွတ်လေးတွေ အပြေးလေး ဦးခိုက်ရတဲ့ စိမ်းပြာညိုမှောင်တဲ့ မြဒေးကျွန်းအလယ်က လူငယ်လေး ဖြစ်ပါသည်။ မြဒေးကျွန်း က‌နေ ကျောက်ဖြူ .. ကျောက်ဖြူကနေ ရန်ကုန် ရန်ကုန် ကနေ မကာအို မကာအိုကနေ ရန်ကုန်ကို ရောက်လာချိန်မှာတော့ ထွေးကြည် ရဲ့ ပွဲစား နှင့် ကျူပ် နဲ့ တွေ့ကြလေတော့သည်

ပွဲစား - ခင်ဗျားက ဘယ်သူလဲ ထွေးကြည် ကိစ္စ ဘာကြောင့်ဝင်ပြောနေလဲ
ကျူပ် - ကျူပ် က ညီညီကြည် ထွေးကြည် အစ်ကို ကျူပ်ညီကိစ္စ ကို ကျူပ် အကုန် ဝင်ပါရလိမ့်မယ်

ကောင်းမြတ်တဲ့ စိတ်သဘောထား ရယ်ရွယ်ချက် နဲ့ ပြုလုပ်တဲ့ ခရီးစဉ် ဖြစ်တဲ့အတွက် နန်း product Crazy ... မမမီ ကတောင် ထွေးထွေးလေး ထွေးထွေးလေး ဆိုပြီး အပြေးအလွှား မမောအားပဲ ကူညီ ပေးရှာပါသည်

ခုတော့ ထွေးထွေး ဟာဖြင့် ရေမြေရပ်ခြား ဆီသွားဖို့ ကောင်းကင်ကြီး သို့ ဦးတည်နေလေပီ။ မိဘနှစ်ပါးကို ဖုန်းလေးဆက်ပီး ရိုရိုသေသေ ကန့်တော့တော့ ဆရာ တစ်ယောက် အနေနဲ့ ပီတိ ဖြစ်ရပါသည်. ထွေးထွေးပြောပြသော အချစ်တို့သည် လည်းကောင်း ကြင်နာသူသည်လည်း မြန်မာပြည်ကြီး မှာ ကျန်ရစ်ခဲ့ပေတော့မည်။

Have a safe trip - မောင်ရင်ထွေး

20/02/2024

USA က အစ်မတစ်ဦးက ခုလာမယ့် March လ (၃၊၄၊၅)တွင် ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ မစိုးရိမ်ရွှေကျင်တိုက်သစ်မှာ ရှင်သာမဏေ (၈၁) ပါးအတွက် ကုသိုလ်ပြုပေးမယ့် အစီအစဉ်လေးရှိပါတယ်။

အဲ့အစီအစဉ်လေးမှာ သားလေးတွေကို သာသနာ့ဘောင်သွင်းချင်တဲ့ မိဘများရှိရင် ပါဝင်လို့ရအောင် information sharing လုပ်ပေးလိုက်ပါတယ်။

အသေးစိတ်အစီအစဉ်နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များကို သေချာဖတ်ပေးပါရှင် ။

(ကျွန်မက အစ်မရဲ့ကုသိုလ်ကို ကုသိုလ်ယူ နိဗ္ဗာန်ဆော်ပေးတာမို့ ပြောထားတဲ့ contact များကိုသာ ဆက်သွယ်ပြီး ကျွန်မရဲ့page messenger တွင် စုံစမ်းခြင်း မပြုဖို့ ကြိုပြီး မေတ္တာရပ်ခံပါတယ်)
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

✨🙏ရှင်သာမဏေ (၈၁)ပါး အသေးစိတ်အစီအစဉ် 🙏✨
(နေစရိတ်၊ ဆွမ်းစရိတ်ငြိမ်း)

💫နေ့ရက် - ၂၀၂၄ ခုနှစ်၊ မတ်လ(၃၊၄၊၅) ရက်

💫နေရာ- မစိုးရိမ်ရွှေကျင်တိုက်သစ်
(၈မိုင် ကျိုက်ဝိုင်းဘုရားလမ်း ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့)

💫ရှင်သာမဏေ (ကိုရင်) ဝတ်လိုသူယောက်ျားလေးများ ဆက်သွယ်ရန်

ဦးကြည်ဝင်း ☎️ 09 505 4069
☎️09 7906 32132

💫မတ်လ(၃)ရက်နေ့ နေ့လည် ၁နာရီတွင် ကျောင်းတိုက်အရောက်ပို့ပေးရန်လိုပါသည်။

💫ခရီးအနီးအဝေးကိုလိုက်၍ ခရီးစားရိတ်အနည်းငယ် ပံ့ပိုးလှူဒါန်းပါမည်။

💫 ထိုရက်ထက်ပိုဝတ်လိုပါက (သို့မဟုတ်) ရာသက်ပန်ဝတ်လိုသူများအတွက် အခြားသောအစီအစဉ်ရှိပါသည်။

🙏 ကုသိုလ်ယူတဲ့အနေနဲ့ post ကို sharing လုပ်ပေးလို့ရပါတယ်ရှင် 🙏

Photo Crd ပါ။

18/08/2023

အိုင်းစ်

09/07/2023

crd

16/09/2022
03/09/2022

ရည်းစား မရှိတဲ့ဘဝကိုတော့ ရှက်မိပါတေ ပျင်းမိပါတေ

07/02/2022

Crd to Yoe Yoe

24/01/2022

သူ နှင့် ကျွန်မ ကိုးရီးကားတွေထဲမှာလို
မျက်နှာချင်းဆိုင်ဆုံနေကြ

ကျွန်မကိုမမြင်သလို ကဗျာကရာ သူ မျက်နှာလွဲလိုက်သလို ကျွန်မ ကလည်း မမြင်ချင်ယောင်ဆောင်လိုက်သညိ။

ကျွန်မ ဝမ်းနည်းရပါသည်။ သို့သော် ကောင်းကင်ပြင်တစ်ခု တစ်မြို့တည်းမှာ အတူရှိနေခြင်းကို ကျွန်မပျော်ရွှင်ရပါသည်။

( မယ်တင် )

06/08/2021

the art of video

Photos from May Tin - Kyaukphyu Kitchen Food Online shopping's post 13/07/2021

အောက်ဆီဂျင်အိုးသယ်ရာမှာ
သတိထားကြဖို့
တနေ့က
အောက်ဆီဂျင်အိုးတွေကို
ပါတီကြီးတစ်ခုနောက်ခံပေးထားတဲ့
ပရဟိတအသင်းက ကလေးတွေ
သယ်ဆောင်နေပုံကို
အွန်လိုင်းပေါ်မှာ သူများတင်ထားလို့
တွေ့လိုက်တယ်၊
အန္တရာယ်များလို့
သတိပေးလိုက်ရပါတယ်။
အောက်ဆီဂျင်အိုးတွေဟာ
အဆုတ္ထိခုိက္ပ်က္ဆီးလာတဲ့
​ေသခါနီး
အရေးပေါ်လူနာတွေနဲ့
ခွဲစိတ်ခန်းသုံးအတွက်ပါ
ခြေထောက်နဲ့ မကန်ပါနဲ့
မေတ္တာလေး ထားစေချင်
အောက်ဆီဂျင်အိုးတွေရဲ့အဝမှာ
ဘားတွေရှိတယ်
ဘားအဖုံးတပ်ပြီးသယ်ပါ
ဘားကနေ အလွယ်မကိုင်ပါနဲ့ ၊
လက်နဲ့ကိုင်
ဒါမှမဟုတ်
ခြေထောက်နဲ့ကန်ရင်း
ဘားကိုမတော်တဆ ခိုက်မိမယ်
အထဲမွာ ​ေအာက္ဆီဂ်င္ကုိ
ဖိအားနဲ့ထည့်သွင်းထားတာကြောင့်
ဘားကျွတ်ထွက်ရင်
ရင်ဘတ်
မျက်ခွက်
ခန္ဒာကိုယ်ကို ဒိန်းကနဲဝင်ဆောင့်မယ်
စက္ကန့်ပိုင်းအတွင်း ရုပ်ပျက်ဆင်းပျက်နဲ့
အသက်ပျောက်သွားမယ်
အင်္ဂလိပ်လိုပြောရရင်တော့
ခုမင်းတို့သယ်နေတဲ့
​ေအာက္ဆီဂ်င္တစ္အုိးမွာ
၂၀၀၀ မှ ၃၀၀၀ psi အထိပါဝင်တယ်၊
Psi ဆုိတာ
တလက်မပတ်လည်က လေပေါင်ကိုပြောတာ၊
တလက်မပတ်လည်မှာ လေပေါင် ၃၀၀၀ဖိအားရှိတယ်၊
ကားသေးတစီးရဲ့တာယာမှာ ၃၀psi သာထိုးကြတယ်
တာယာလေလျှော့ကြည့် အသံနားထောင်ကြည့်ပြီး
ပေါင် ၃၀၀၀ရဲ့ဖိအား / တွန်းကန်အား
ဘယ်လောက်ပြင်းမယ်ဆိုတာတွက်ကြည့်
ဆေးရုံရောက်ရင် ပိုက်လိုင်းအဆင့်ဆင့်
ဖိအားလျော့စက်တွေနဲ့ လူနာတွေအတွက်
သင့်တော်မယ့် အောက်ဆီဂျင်ပမာဏထိလျော့ချပြီးပေးတယ်
#မီးလောင်ရာလေပင့်တဲ့
အောက်ဆီဂျင်က မီးလောင်မှု့ကိုအရမ်းအားပေးသလို
လေထဲကိုရောက်တာလည်း
အခြားဓာတ်ငွေ့ထက်မြန်တယ်
အပူကြောင့်ပဲဖြစ်ဖြစ်
စလင်ဒါကို ထိခိုက်မှု့ဒဏ်ကြောင့်ပဲဖြစ်ဖြစ်
စက္ကန့်ပိုင်းအတွင်း
ပြင်းထန်စွာပေါက်ကွဲနိုင်တယ်
ဒါကြောင့် အောက်စီဂျင်အိုးတွေကို
လုံးဝ(လုံးဝ)လှဲပြီးမသယ်ရပါ
ဒေါင်လိုက်ထောင်ပြီး၊
ကပ်လို့ခေါ်တဲ့ အဖုံးကိုရစ်ပြီး အုပ်ရတယ်၊
ကြိုးဖြင့် သေချာတုပ်နှောင်ပြီးသာ
သယ်ရပါတယ်၊
အိုးတစ်လုံးချင်းစီသယ်ရာမှာလည်း
အရပ်ရှည်တဲ့သူသာသယ်သင့်တယ်၊
လက်အိတ်၊(protective glove non slip)
မျက်မှန်၊ (goggle)
နှာခေါင်းကာ အမာစား၊(full face mask)
ထိပ်သံပိတ်ပါတဲ့ လုပ်ငန်းခွင်သုံးဖိနပ်အမာတို့
ဝတ်ဆင်ထားရပါမယ်။(safety boot with steel toe cap)
#ပထမဆုံးအိုးကို အနည်းငယ်စောင်းပါ၊
လှိမ့်သယ်ပါ၊
စလင်ဒါထားတဲ့နားရောက်ရင်
ချိန်းကြိုးနဲ့ပတ်ပါ၊
အုိးအဝမွာ
ဖုန်တွေ
သဲတွေ
ရေတွေ ရှိ မရှိ စစ်ပါ၊
ရှိရင်ပြောင်နေအောင် သုတ်ပါ။
ပြီးမှ ပိုက်ခေါင်းတပ်ပါ။
ၾကပ္ပါ။
ခေါင်းကအရစ်မချော်
အရစ်မပြုန်းစေဖို့ သတိထားပါ။
ပြန်ဖြုတ်တဲ့အခါ ခက်တက်တယ်။
ဘားအဆုံးမဖွင့်ရပါဘူး
၃၀ရာခိုင်နှုန်းလောက်ချန်ရပါတယ်
ဖိအားများလို့ပါ။
တပ်/ ကြပ် ပြီးတဲ့ ပိုက်နဲ့
ပိုက်ဆက်တွေကြားထဲကို
ဆပ်ပြာရည်လောင်းချပါ
ဘူဖောင်းမထရင် လေလုံတယ်၊
အိုကေပါပြီ။
#အောက်ဆီဂျင်အိုးတင် ကားမောင်းတဲ့လူဟာ
လွန်စွာသတိထားရပါတယ်
ကားပေါ်မှာ ဆေးလိပ်မသောက်ရ
ဖုန်းမပြောရပါ
လိုက်ထရပ်တို့
သုံးဘီးတို့
ဆိုင်ကယ်တို့ နဲ့ မသယ်ပါနဲ့ ၊
ဘော်ဒီတောင့်ပြီး
မာတဲ့
၈ဘီး
၁၀ဘီး ထရပ်နဲ့
ဒေါင်လိုက်
ကြိုးချည် စုပြီးသယ်ပါ။
လမ်းမှာ အမြန်မမောင်းရပါ။
စလင်ဒါတွေကားပေါ်မှာ လှုပ်ရမ်းနေလို့မရပါ။
ပွတ်တိုက်မှု့ကြောင့် မီးပွင့်တက်တယ်
ဘားမလုံရာမှ တဆင့် ပေါက်ကွဲထွက်တက်တယ်၊
ကားလမ်းပေါ်က ချိုင့်ထဲကျတာတို့
ယာဉ်တိုက်မှု့ဖြစ်လို့ စလင်ဒါအချင်းချင်း
ကြီးမားတဲ့ပွတ်တိုက်
ဆောင့်ဒဏ်
ထိခိုက်မှု့ဖြစ်ချိန်မှာ ဆလင်ဒါပေါက်ကွဲနိုင်တယ်၊
မီးသတ်လည်းမမှီဘူး
ဗုံးပေါက်တာထက် ဆိုးပါမယ်
သယ်တဲ့ကားမှာ ပေါက်ကွဲလွယ်တဲ့ပစ္စည်းပါတာကို
​ေရးသားထားပါ၊
ဥရောပနိုင်ငံတွေမှာတော့
ဆိုင်းဘုတ်ကပ်မထားရင် ထောင်ဒဏ်ပဲ၊
မတော်တဆပေါက်ကွဲရင်
လမ်းပေါ်ကလူတွေနဲ့
အခြားကားတွေပါ ထိခိုက်ကုန်မှာဖြစ်လို့ပါ။
၁၉၉၀ဝန်းကျင်က အမေရိကန်ဟိုင်းဝေးလမ်းမှာ
ဂတ္စ္စလင္ဒါသယ္လာတဲ့ကား
မီးလောင်တာကနေ
စလင်ဒါတွေ ခုန်ပျံပြီးပေါက်ကွဲတာ
တခြားကားတွေပါထိကုန်
၁မိုင်အကွာက အိမ်ပေါ်ကိုပါပြုတ်ကျတယ်
၁၅ဦးသေ ၊ လူ ၅၀လောက် ဒဏ်ရာတွေအကြီးအကျယ်ရ
တဖက်ပိတ်စလင်ဒါဟာ ဒုံးကျည်တလုံးနဲ့
သဘောတရားတူပါတယ်
#အောက်ဆီဂျင်ဖြစ်လို့အန္တရာယ်မရှိဘူး
မထင်ပါနဲ့
စလင်ဒါအထဲမှာ ဖိအားနဲ့
အောက်ဆီဂျင်အများအပြားထည့်သွင်းထားတယ်၊
လောင်စာနဲ့တွေ့ရင် ပေါက်ကွဲနိုင်တယ်၊
မင်းတို့အသက်ကို
စက္ကန့်ပိုင်းအတွင်း နှုတ်ယူသွားလိမ့်မယ်။
ပရုတ်ဆီလိမ်းလို့ရမှာမဟုတ်ဘူး
ပုံတွေမှာ
ဆောင်ရန်
ရှောင်ရန်
စာလေးတွေ ရေးပေးထားတယ်
​ေလ့လာပါ
ဆရာက ဒီEHSနယ္ပယ္မွာ
လုပ်သက်အနှစ် ၄၀ကျော် ၊
လုပ်ငန်းခွင်မတော်တဆကြောင့်
သေဆုံးသူများစွာ ကြုံခဲ့ဖူးတယ်
#အမွိဳက္ကစျပသာဒ္မီး​ေလာင္တဲ့
သေးသေးလေးကနေ
အကြီးကြီးဖြစ်သွားတက်တယ်
ပရဟိတအသင်းများ
သေချာလေ့ကျင့်မှု့မရှိ
စေတနာအရင်းခံပြီးလုပ်ဆောင်နေတာ နားလည်ပါတယ်
နောင်သတိထားပေးပါ
မတော်တဆမှု့ဖြစ်ရင် တဖွဲ့လုံး ဂိမ်းသွားမယ်
ကိုဗစ်က အကုန်မသေဘူးနော်
ချစ်လို့ပြောတယ်မှတ်ပါ
ဒီစာက ပုံပါတဖွဲ့ထဲအတွက်မဟုတ်ပါဘူး
မြန်မာတပြည်လုံးမှာ ကိုဗစ်ရောဂါကာကွယ်ရေးအတွက်
ကိုယ့်ထမင်းကိုယ်စားပြီး
ကူညီပေးနေကြတဲ့
ဗော်လန်တီယာ
သားငယ် သမီးငယ်များအားလုံး
အသက်အန္တရာယ် ဘေးကင်းကြစေဖို့
ဆရာ့အတွေ့အကြုံနဲ့ရင်းပြီး
ရေးသားလိုက်ရပါတယ်။
#တကယ်
တော့ ဒီအောက်ဆီဂျင်အိုးတွေက
ဆေးရုံမသုံးသင့်ပါဘူး
စက်မှု့လုပ်ငန်းသုံးဂရိတ်တွေပါ၊
စက်ရုံကထွက်ကတည်းက အဖုံးမပါလာဘူး၊
သယ်နေတာတွေစနစ်မကျတာကိုကြည့်ရင်း
လေထုထဲအောက်ဆီဂျင်ပါဝင်မှု့နှုန်း
သန့်စင်မှု့ (Purity) အတွက် ဆရာသံသယရှိတယ်၊
ဆေးရုံတွေမှာ လူနာဆီမရောက်ခင်
ဖစ်တာအဆင့်ဆင့်ခံထားပေမယ့်
ဒါတွေပုံမှန်လဲ မလဲလည်း မသိနိုင်
စစ်ဖို့အတွက် ပိုက်လိုင်းကလည်းအရှည်ကြီး
အားနည်းချက်များစွာ . . .
ရေရှည်အဆင်မပြေနိူင်ပါ။
#ဆေးရုံတွေမှာ တကယ်လိုအပ်နေတာ
အောက်ဆီဂျင်plant လို့ခေါ်ပါတယ်။
၂၄နာရီ အောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့ စက်ကြီးတွေ
ဒါတွေတည်ဆောက်ဖို့ အချိန်လိုမယ်
ကျပ်သိန်းသောင်းချီကုန်မယ်
စတာတွေကြောင့် အလွယ်သုံးနေတာဖြစ်နိုင်၊
အောက်ဆီဂျင်အိုးတွေက အလေးချိန်မနည်းပါ
ကားကရိန်းနဲ့ ၆အိုးတတွဲမရတယ်၊
ကလေးများရေရှည်မနိူင်ပါဘူး
ခါးဒဏ်ဖြစ်မယ်
ဒီအပိုင်းမှာ ကျွမ်းကျင်သူတွေမဟုတ်လို့
အန္တရာယ်လည်းများတယ်
တာဝန်ရှိသူများ ဒါလေးတွေထည့်တွက်ပေးပါ။
အစိုးရမင်းများ
ဝန်ထမ်းမလောက်တာလဲတပိုင်းပေါ့
ကျောသပ်ရင်သပ်
အမေ့လက်မှတ်
စာရွက်ပေးမယ်တချက်နဲ့
ဗော်လန်တီယာကလေးတွေကို
ပိုက်ဆံလည်းမပေး
ညာခိုင်းနေကြတယ်၊
သူတို့မှာလည်း မိသားစုနဲ့
အသက်တွေနဲ့ပါ
အလုပ်တခုမခိုင်းခင်
နာရီပိုင်းပဲ ဖြစ်ဖြစ်
ရှင်းပြ ပြောပြပါ
လိုအပ်တဲ့ပစ္စည်းများထောက်ပံ့ပါ
သင်တန်းတွေပေးပေးပါ
လူ့အသက်က
စပယ်ယာဘီးလို ဖြုတ်လဲမရပါ
Credit to original.uploader

29/06/2021

ငပိသည်မလေး မယ်တင် ပြန်လာပါပီ

Photos from May Tin - Kyaukphyu Kitchen Food Online shopping's post 11/01/2021

Beautiful Kyaukphyu

09/01/2021

crd အမာရပူရ ဂျေမောင်မောင်

04/01/2021

ရယ်မောခြင်းဖြင့် ဘဝအမောတွေ ဖြေဖျောက်နိုင်ကြပါစေ

04/01/2021

ပျော်ရွှင်စရာတွေကို နှလုံးသားနဲ့တိုက်ရိုက်ခံစားပါ။ နာကျင်စရာတွေကိုတော့ ဦးနှောက်ဖြင့် စီစစ်ပြီးမှ ခံစားပါ

Crd_Than Htike Soe

01/01/2021

Crd_ Sunday Journal

30/12/2020

မြတ်စွာဘုရားရှင်ဟာ တခုခုကို သဘောမတူရင် ငြင်းခုံတာမျိုးမလုပ်ဘဲ ဆိတ်ဆိတ်ပဲနေတော်မူတယ်လို့ ဗုဒ္ဓဝင်ထဲမှာ ဖတ်ရဖူးတယ်

crd -

27/12/2020

Motivation

05/12/2019
Photos from ဒြြါရာဝတီ အနာဂတ္သစ္'s post 01/12/2019

Videos (show all)

crd
စပ်စု .... Crd
#စိန်ရွှေအောင် #ရမည်းသင်း
မနှင်းရေ ငပိဝယ်ဖို့လည်း ပူဆာခိုင်းလေနော်

Telephone

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00