Simply Smart

Simply Smart

Simply Smart is an English language learning center and we warmly welcome every keen learner of Engl

*** Mission ***

We aim to provide quality English proficiency to youths and nurture personal development of our students through an interactive and creative learning environment. We strive for excellence together with honesty, compassion and friendliness.

*** Vision ***

We envision to create a learning platform which supports our students in building self-assuredness and self-confidence in pur

11/05/2023

You’re welcome or Your welcome? 🤔

If you know the answer to this question, we can say that you English does have a good start!
ဒီမေးခွန်းရဲ့ အဖြေကို သိရင်တော့ အင်္ဂလိပ်စာ အခြေအနေ မဆိုးဘူး ပြောရမယ်။

However, there are a lot of other confusing word pairs in English. Knowing them might put you in an advantageous situation when you have to use English professionally.
ဒါပေမယ့်လည်း အင်္ဂလိပ်ဘာသာစကားမှာ အပေါ်ကနေ ပေးထားတဲ့ စကားစု ၂ ခုလို ဟိုလိုလို ဒီလို ဒွိဟဖြစ်စရာ စာလုံးလေးတွေ ရှိပါသေးတယ်။ အင်္ဂလိပ်စကားပြောတဲ့အခါမှ မှားတတ်တဲ့ ဒီလို စကားစုလေး ၃ ခုကို ပြောပါရစေ။

Let’s take a look at 3 of the most confusing pairs in English.

1. Lie Vs. Lay

Lie = To recline or rest on a surface
(မျက်နှာပြင်တစ်ခုအပေါ်တွင် လဲလျောင်းခြင်း။)

[Example: Mom’s currently lying down on her bed. She seems pretty tired.]
[ဉပမာ။ ။ လောလောဆယ် အမေ သူ့ကုတင်ပေါ်မှာ လှဲနေတယ်။ သူ့ကို ကြည့်ရတာ ပင်ပန်းနေပုံပဲ။]

Lay = To put or place something
(နေရာချထားသည်။)

[Example: I clearly remember that this is where I had laid my bracelet.]
[ဉပမာ။ ။ ငါသေချာမှတ်မိတယ်။ ငါ့လက်ကောက်ကို ဒီမှာပဲ ငါထားခဲ့တာ။]

2. Affect Vs. Effect

Affect = To influence on something or someone (တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက် အပေါ်တွင် လွှမ်းမိုးနိုင်သည်၊ စိုးမိုးနိုင်သည်။)

[Example: I am convinced that deforestation is severely affecting the weather and temperature today.]
[ဉပမာ။ ။ ငါသေချာပေါက် ယုံကြည်တာက သစ်တောတွေ ပြုန်းတီးလာတာက ဒီနေ့ခေတ် ရာသီဉတုနဲ့ အပူချိန်အပေါ်မှာ ဆိုးရွားစွာ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာပဲ။]

Effect = Result/ Impact
(ရလဒ်/ အကျိုးသက်ရောက်မှု။)

[Example: What is the effect of procrastination on your previous exam?]
[ဉပမာ။ ။ အချိန်ဆွဲ အီးရောအီးရော လုပ်တာက မင်းရဲ့ နောက်ဆုံးစာမေးပွဲအပေါ်မှာ ဘယ်လိုရလဒ်မျိုးပေးခဲ့လဲ?]

3. Anyway Vs. Any Way

Anyway = Regardless ဘယ်လိုပဲ ဖြစ်ဖြစ်

[Example: My work finished pretty late yesterday. Anyway, we aren’t canceling our date night.]
[ဉပမာ။ ။ ငါ့အလုပ်က မနေ့က တော်တော် နောက်ကျမှ ပြီးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ ချိန်းတွေ့မယ့်ညလေးကို တော့ အပျက်မခံနိုင်ဘူး။]

Any Way = In any method or way
(ဘယ်နည်းလမ်းနဲ့ဖြစ်ဖြစ်။)

[Example: I am not letting my mother down again in any way.]
[ဉပမာ။ ။ ဘယ်နည်းလမ်းနဲ့ဖြစ်ဖြစ် ငါ့အမေ့ကို ထပ်ပြီး စိတ်မပျက်စေရဘူး။]

That’s all for today!
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲဗျာ။

10/05/2023

Hello, Smarties!

Simply Smart မှ IELTS one-to-one session များ မှ ဆွတ်ခူးနိုင်ခဲ့သော IELTS ရလဒ်ကောင်းများပေါင်းချုပ်

A compilation of IELTS results achieved by our Smarties who had taken one-to-one IELTS session!

IELTS ဖြေရင်း ရလဒ်ကောင်းတွေ ရချင်ရင် Simply Smart ကို chat box မှာ စာပို့လိုက်နော်။
Ring us a bell in our chat box if we can be a stepping stone for your next IELTS success, too!

10/05/2023

Hello, Smarties!

Simply Smart မှ Duolingo one-to-one session များ မှ ဆွတ်ခူးနိုင်ခဲ့သော Duolingo ရလဒ်ကောင်းများပေါင်းချုပ်

A compilation of Duolingo results achieved by our Smarties who had taken one-to-one Duolingo session!

Duolingo ဖြေရင်း ရလဒ်ကောင်းတွေ ရချင်ရင် Simply Smart ကို chat box မှာ စာပို့လိုက်နော်။
Ring us a bell in our chat box if we can be a stepping stone for your next Duolingo success, too!

Photos from Simply Smart's post 05/05/2023

IELTS One-to-One Sessions

IELTS တစ်ဦးချင်း အတန်းများ ပြန်လည်ဖွင့်လှစ်နေပါပြီ။

IELTS Foundation

(IELTS ကို စလုံးရေစမှာ လေ့လာပြီး Band Score 4.5 နှင့် 6.0 ကြားရရှိရန် ရည်မှန်းထားသူများအတွက်)

အချိန် နှင့် ရက်။ သင်တန်းနည်းပြနှင့် အဆင်ပြေသလို ညှိနှိုင်းနိုင်ပါသည်။
ဖတ်စာအုပ်။ Improve Your Skills for IELTS 4.5 - 6.0 နှင့် Cambridge IELTS 8, 9 & 10 (လေ့ကျင့်ရန်)
သင်တန်းကာလ။ ၃၆ နာရီ (၃ လ အထိ ကြာမြင့်နိုင်ပါသည်)
သင်တန်းကြေး။ ၃၆ နာရီအတွက် မြန်မာငွေ ၃ သိန်း ၆ သောင်းကျပ် (လစဉ် အရစ်ကျ ပေးသွင်းနိုင်ပါသည်။)

IELTS Preparation

(IELTS ကို စာမေးပွဲဖြေရန်အတွက် လေ့ကျင့်လိုသူ၊ Band Score 6.0-7.5 ကြားရရှိရန် ရည်မှန်းထားသူများအတွက်)

အချိန် နှင့် ရက်။ သင်တန်းနည်းပြနှင့် အဆင်ပြေသလို ညှိနှိုင်းနိုင်ပါသည်။
ဖတ်စာအုပ်။ Improve Your Skills for IELTS 6.0 - 7.5 နှင့် Cambridge IELTS 15, 16 & 17(လေ့ကျင့်ရန်)
သင်တန်းကာလ။ ၄၀ နာရီ (၃ လ အထိ ကြာမြင့်နိုင်ပါသည်)
သင်တန်းကြေး။ ၄၀ နာရီအတွက် မြန်မာငွေ ၄ သိန်း ၅ သောင်းကျပ် (လစဉ် အရစ်ကျ ပေးသွင်းနိုင်ပါသည်။)

Foundation Class

Time: Negotiable with Instructor
Days: Negotiable with Instructor
Coursebook: Improve Your Skills for IELTS (4.5 - 6.0) + Cambridge IELTS 8,9 & 10 (For Practice)
Duration: 36 Hours or Up to 3 Months
Fees: 360,000 MMK for 36 Hours (Payable in monthly installments)

Preparation Class

Time: Negotiable with Instructor
Days: Negotiable with Instructor
Coursebook: Improve Your Skills for IELTS (6.0 - 7.5) + Cambridge IELTS 15,16 & 17 (For Practice)
Duration: 40 Hours or Up to 4 Months
Fees: 450,000 MMK for 40 Hours (Payable in monthly installments)

Free mock IELTS test with a full score report and feedback is available for those who register and transfer the class fees at once.

01/05/2023

International Workers Day Special: Lexical Resources on Employment
အလုပ်နှင့် ပက်သက်သော ဝေါဟာရများ

Hello, Smarties!🙌🏻

Hi ပါ Smarties လေးတို့။

Do you all know what day it is today?🤔
ဒီနေ့ ဘာနေ့လဲ သိကြလား? 🤔

You are right. It’s the Labor Day @ International Workers Day. In celebration of this momentous day, we are going to educate you with some lexical resources related to employment/ work.
ဟုတ်ပါတယ်။ ဒီနေ့ကတော့ ကမ္ဘာတစ်ဝှမ်းက ဝန်ထမ်းတွေ အကုန်လုံးကို အသိအမှတ်ပြုတဲ့ အလုပ်သမားနေ့ ဆိုတဲ့ အထိမ်းအမှတ်နေ့လေးပဲ ဖြစ်ပါတယ်။ ဒီနေ့ကို ပါဝင်ဆင်နွှဲတဲ့အနေနဲ့ အလုပ်နဲ့ ပက်သက်တဲ့ ဝေါဟာရလေးတွေကို တင်ပေးပါရစေ။

Let’s get down to business!
အလုပ် စလိုက်ကြရအောင်။

1. CV @ Curriculum Vitae = A summary of a person’s education and work experience; A resume [လူတစ်ဦး၏ ပညာအရည်အချင်း၊ အလုပ်ရာဇဝင် အစရှိသည့်တို့၏ အကျဉ်းချုပ်။ ]

2. Employ = To give work to someone and pay for their service [အလုပ်ခန့်အပ်သည်။ ]

3. Employment = The status of being employed; having a job [အလုပ်ခန့်အပ်မှူ၊ အလုပ်ခန့်အပ်ခြင်း။ ]

4. Unemployment = The status of lacking a job; not having a job [အလုပ်မရှိခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း။]

5. Employer = Someone who gives you a job; Someone who employs you [အလုပ်ရှင်။]

6. Employee = Someone who is being employed; Someone who is given a job at a company or organization [အလုပ်လုပ်သူ၊ ဝန်ထမ်း၊ အလုပ်သမား။]

7. Dismiss = To fire/ sack/ let go of someone from a job [အလုပ်ဖြုတ်ခြင်း။]

8. Hire = To employ someone [အလုပ်ခန့်ခြင်း။]

9. Basic Salary = The amount of money an employee earns before having any addition or deductions [အခြားပေါင်းထည့်ပေးသော သို့မဟုတ် နှုတ်သော အခကြေးငွေများ မပါသေးသည့် အခြေခံလစာ။]

10. Fringe Benefits = Additional benefits on top of basic salary (E.g.: Insurance, Retirement scheme, Company Car, Accommodation, & other types of allowances) [အခြေခံလစာအပြင် အပိုရရှိသော အခြား ခံစားခွင့်များ။ (ဉပမာ။ ။ အာမခံ၊ ပင်စင်၊ ကုမ္ပဏီကား၊ နေထိုင်စရာ အိမ်/ လိုင်းခန်း၊ နှင့် အခြားသော ခံစားခွင့် အသီးသီးကို ဆိုလိုပါသည်။]

11. Bonus = Additional payment to an employee as a form of reward or incentive [ဆုကြေးငွေ သို့မဟုတ် ဆွဲဆောင်မှု မက်လုံးတစ်ခုအနေနဲ့ ပေးအပ်သည့် အပိုဝင်ငွေ။]

12. Prospects = Opportunities for promotion or development in a job/ career [အလုပ်တစ်ခုတွင် ရာထူးတိုးရန် သို့မဟုတ် အခြားတိုးတက်ရန် အခွင့်အရေးများ။]

13. Resign = To leave a company on one’s own consent; to voluntarily leave from a company [မိမိသဘောဆန္ဒဖြင့် အလုပ်မှ နှုတ်ထွက်ခြင်း]

14.Terminate = To be fired/ sacked for breaking the rules at workplace [အလုပ်မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုဖြင့် အလုပ်ထုတ်ခံရခြင်း။]

15.Sick leave = Absence from work due to illness/ sickness (Sometimes, referred to as “medical leave”) [နေမကောင်းသဖြင့် အလုပ်မှ ယူသော ခွင့်။]

16.Vacancy = A position to be filled at work [အလုပ်နေရာတစ်ခုတွင် လစ်လပ်နေသော ရာထူး။]

17.Interview = A verbal conversation between a potential employer and job applicant [အလုပ်မခန့်အပ်ခင်တွင် အနာဂတ် အလုပ်ရှင်နှင့် အလုပ်လျှောက်သူ နှစ်ဦးကြား ပြောလေ့ရှိသည့် စကားပြောဆိုမှူ။]

18.Apprenticeship = Internship; Traineeship [အလုပ်သင်ဆင်းခြင်း။]

19.Notice = To inform one’s intention to voluntarily resign from a job to the supervisor or HR [မိမိသဘောဆန္ဒဖြင့် အလုပ်မှ နှုတ်မထွက်ခင် အလုပ်ရှင်/ ကြီးကြပ်သူ/ သက်ဆိုင်ရာ ဌာနကို အလုပ်ထွက်မည့် အကြောင်း ကြိုတင် အကြောင်းကြားခြင်း။]

20.Payslip = A document with details on one’s basic salary, tax and other deductions and paid to the employee on every payday [လစာပေးသည့်နေ့တွင် ‌ပေးသည့် မိမိလစာကို အသေးစိတ် တွက်ချက်ပြထားသော စာရွက်စာတမ်း။]

Well, we hope you have got some main vocabularies on work by the end of this post!

ဒီပို့စ်လေးရဲ့ အဆုံးမှာ အလုပ်နဲ့ ပက်သက်တဲ့ ဝေါဟာရတွေကို လုံလောက်စွာ လေ့လာလိုက်ရမယ်လို့ မျှော်လင့်ပါတယ်။

Don’t forget to give yourself some tokens of appreciation for your contribution today if you are an employee! 👏🏻👏🏻
ကိုယ်ကိုယ်တိုင်ကလည်း ဝန်ထမ်းတစ်ယောက်ဆိုရင် ကိုယ့်ရဲ့အားထုတ်ကြိုးစားမှုတွေအတွက် ကိုယ့်ကိုယ်ကို ဒီနေ့ ချီးမြှောက်ပေးဖို့လည်း မမေ့နဲ့ဦးနော်။ 👏🏻👏🏻

26/04/2023

Hey, Smarties!
Smarties လေးတို့‌ရေ

After learning how to say that you are happy in English, let’s now learn how to express your sadness in English using idioms!
အင်္ဂလိပ်ဘာသာစကားမှာ idioms လေးတွေသုံးပြီး ပျော်ကြောင်းကို ဘယ်လိုပြောလဲ လေ့လာပြီးပြီဆိုတော့ ဒီတစ်ခေါက်ကို စိတ်မကောင်းဖြစ်ကြောင်း၊ မပျော်ရွှင်ကြောင်း ဘယ်လိုပြောလို့ရသလဲဆိုတာကို ကြည့်ကြည့်ရ‌အောင်။

We’ve selected 5 easy idioms for our Smarties to learn today.
Smarties လေးတို့အတွက် လိုက်မှတ်ရလွယ်လောက်မယ့် idioms လေး ၅ ခုကို ရွေးထားပါတယ်။

Let’s take a look here.
ကြည့်ကြည့်ကြရအောင်။

1. Down in the dumps

Example: Maung Maung seems to be down in the dumps. His girlfriend broke up with him after 7 years of dating.
မောင်မောင့်ကိုကြည့်ရတာ စိတ်ညစ်နေသလိုပဲ။ သူ့ကောင်မလေးက သူနဲ့ ၇ နှစ်တောင်တွဲပြီးမှ ပြတ်သွားတာကိုး။

2. Feeling blue

Example: Why does he look like he is feeling blue almost everyday?
သူ့ကြည့်ရတာ ဘာလို့ နေ့တိုင်းလိုလို စိတ်ညစ်နေသလိုဖြစ်နေတာလဲ?

3. Down in the mouth
(Usually used to describe other people’s mood or feeling)

Example: My grandfather looks down in the mouth. Maybe he’s missing his long-gone wife again.
ငါ့အဘိုးကို ကြည့်ရတာ မရွှင်မပျနဲ့။ ဆုံးသွားတဲ့ သူ့အမျိုးသမီးကို သတိရပြန်ပြီ ထင်တယ်။

4. Reduce to tears
- If someone/ something reduces you to tears, they make you extremely unhappy that you cry.

Example: My thesis supervisor reduced me to tears with his criticism today.
ငါ့ရဲ့ သုတေသန စာတမ်း ကြီးကြပ်သူက ဒီနေ့ ငါ့စာတမ်းကို ‌ဝေဖန်လိုက်တာ မျက်ရည်ပါကျတယ်ကွာ။

5. Lump in your throat
- A tight feeling in your throat because of a strong emotion such as sadness

Example: This movie is just plain saddening that I get a lump in my throat.
ဒီဇာတ်လမ်းကြီးကလည်း ဝမ်းနည်းဖို့ကောင်းလိုက်တာ။ ငါ ငိုချင်သလိုမျိုးကြီးတောင် ဖြစ်လာတယ်။

We hope today’s post was knowledgeable enough for you all!
ဒီနေ့ ပိုစ့်လေးက တိုတိုနဲ့ လိုရင်းကို ထိထိမိမိ ရောက်မယ်လို့ မျှော်လင့်ပါတယ်။

See you next time!
နောက်တစ်ခေါက်မှ ထပ်ဆုံကြမယ်နော်။🥰

22/04/2023

Hey, Smarties! 👋

Welcome again with yet another knowledgeable post on our IELTS series!
ကျွန်တော်တို့ရဲ့ ဗဟုသုတု ရစရာ IELTS posts လေးတွေကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။

Today, we would like to enrich you with some additional knowledge on IELTS Task 1 and the types of tasks you might encounter.
ဒီနေ့မှာတော့ IELTS Task 1 မေးခွန်းမှာပါ‌တဲ့ ပုံအမျိုးအစားလေးတွေအကြောင်းကို ထပ်ဆောင်းပြီး ပြောပြသွားချင်ပါတယ်။

Task 1 writing seems pretty intimidating to some of us but worry no more!
Task 1 မေးခွန်းကိုကြည့်ရင် ခက်ခဲနက်နဲတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် Smarties လေး‌တို့ စိတ်မပူဖို့ ပြောချင်ပါတယ်။

Let’s get it simplified by getting to understand what types of charts you can expect in IELTS Task 1 writing. 👀
အဲဒီတော့ Task 1 မေးခွန်းမှာ တွေ့ရတတ်တဲ့ ပုံလေးတွေအကြောင်းကို ရိုးရိုးရှင်းရှင်းလေး တစ်ချက် ကြည့်ကြည့်ကြရအောင်။

As we all know, IELTS Writing includes 2 types of Task: Task 1 and 2. In Task 1 Writing of IELTS, we are provided with a set/ sets of visual materials such as diagrams, charts and tables, from which we select and report some data in our written essay.
IELTS Writing လို့ ဆိုလိုက်တာနဲ့ Task 1 နဲ့ Task 2 မေးခွန်းဆိုပြီး ၂ ပိုင်းရှိတယ်ဆိုတာ အားလုံးပဲ သိကြမယ် ထင်ပါတယ်။ Task 1 မေးခွန်းမှာဆိုရင်တော့ ပုံ တစ်ပုံ သို့မဟုတ် ပုံ အများ ကို ပေးထားပြီး ကိုယ်က ပုံထဲက သင့်တော်ရာ အချက်အလက်ကို ပြန်လည် ကောက်နှုတ်ပြီး တင်ပြရတာဖြစ်ပါတယ်။

In short, we can expect 6 types of charts in this Task 1.
အတိုချုုံးပြောရရင်တော့ ပုံ ၆ မျိုး ရှိပါတယ်။

They are:

📌Line Graphs
📌Bar Charts
📌Tables
📌Pie Charts
📌Flow Charts
📌Maps

Sometimes, the question involves only 1 type of visual material but often, there can be more than one type of visual material in one question. Sometimes, you might be given a pair of charts of just one question, which we may call “Mixed Data/ Mixed Charts” in IELTS Task 1 Writing.
တစ်ခါတစ်လေမှာ မေးခွန်းမှာ ပုံ ၁ မျိုးပဲ ‌ပေးထားတာ ရှိသလို တစ်ချို့သော အကြိမ်တွေမှာတော့ ပုံ ၁ ပုံထက်ပိုပြီး မေးခွန်းမှာ ပေးထားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါမျိုးကို အလွယ်ခေါ်မယ်ဆိုရင်တော့ “ပုံ အရော” မေးခွန်းများလို့လည်း နာမည်တပ်လို့ ရပါတယ်။

The usual compositions are:
တွေ့ရများတဲ့ ပုံအရော မေးခွန်း အတွဲအစပ်တွေကတော့ …

Line graph + table
Line graph + bar chart
Table + line graph
Table + bar chart
Table + line graph + bar chart
Pie chart + table
Pie chart + bar chart

So, that’s it for today about the types of charts you may expect in your IELTS Task 1 question. We’ll get back to you soon with some more details about each type of chart and useful structures in our next posts. See you soon, Smarties!
ဒီနေ့အတွက် Task 1 မေးခွန်းမှာ တွေ့နိုင်တဲ့ပုံအမျိုးအစားတွေအကြောင်းကတော့ ဒီလောက်ပါပဲ။ နောက်ပိုင်းမှာလည်းTask 1 မေးခွန်းပုံ အမျိုးအစားတွေအလိုက် သုံးနိုင်တဲ့ စာရေးပုံ ရေးနည်းအကြောင်းကို တင်ပေးသွားမှာမို့လို့ စောင့်ကြည့်ပေးပါဦးနော်။ ထပ်တွေ့ကြမယ်နော် Smarties လေးတို့။

21/04/2023

Idioms to Say that You Are Happy

ကိုယ်ပျော်နေကြောင်း ပြောတဲ့အခါ သုံးလို့ရတဲ့ Idioms များ

Hey, guys! 🙋

Welcome aboard with our Simply Smart posts!
Simply Smart posts တွေမှ ပြန်လည် ကြိုဆိုလိုက်ပါတယ်။

How’s your Myanmar New Year Holidays? Were you … happy?
မြန်မာ နှစ်သစ်ကူး ပိတ်ရက်တွေမှာ ပျော်ခဲ့ကြရဲ့လား? ပျော်ကြလားပေါ့?

In fact, there are actually a number of different ways to say that you are happy using English idioms.
တကယ်တမ်းပြောရရင် အင်္ဂလိပ်ဘာသာစကားမှာလည်း ကိုယ်ပျော်နေတယ်ဆိုတာကို ပြောဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်နော်။

Let’s take a look at some idiom usages to say you are happy!
ဆိုတော့ ကိုယ်ပျော်နေပါတယ် ဆိုတာကို ပြောတဲ့အခါ သုံးလို့ရတဲ့ Idioms တွေကို လေ့လာကြည့်ကြရအောင်။

💢On cloud nine

Example: I’m on cloud nine as I passed the Matriculation Examination with flying colors!
ဥပမာ။ ။ ငါ တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်တာ ပျော်လိုက်တာ။

💢Over the moon

Example: I’m feeling over the moon right now. I won the lottery!
ဥပမာ။ ။ ငါထီပေါက်တယ်။ ငါပျော်လိုက်တာ။

💢On top of the world

Example: I’ve been feeling like I’m on top of the world since I received a job offer email this morning.
ဥပမာ။ ။ ဒီမနက် အလုပ်‌ရကြောင်း အီးမေးလ် ဝင်ကတည်းက ငါပျော်နေတော့တာပဲ။

💢Bursting with joy

Example: My sister and her husband are bursting with joy. They are finally expecting after 7 years of attempts.
ဥပမာ။ ။ ငါ့ညီမနဲ့ သူ့ယောကျ်ားနဲ့တော့ ပျော်နေကြတယ်။ ၇ နှစ်ကျော် ကြိုးပမ်းပြီးတဲ့နောက် နောက်ဆုံး သူတို့ ကလေးရတော့မယ်လေ။

💢Walking on air

Example: Everything makes me feel like I’m walking on air ever since I heard the news about our holidays to Spain!
ဥပမာ။ ။ ငါတို့ရဲ့ စပိန်ကိုသွားမည့် အားလပ်ရက်ခရီးစဉ်အကြောင်းကို ကြားကတည်းက ဘာတွေပဲ ဖြစ်နေနေ ပျော်နေတော့တာပဲ။

So, don’t forget to use one of these idioms next time you want to say that you are happy!
အဲဒီတော့ ကိုယ်ပျော်နေတဲ့ အကြောင်းပြောတဲ့အခါ ဒီ idioms လေးတွေကို သုံးကြည့်ဖို့ မမေ့နဲ့နော်။

20/04/2023

Hello, dear smarties.🥰🥰

In the turn towards a new year, let us present “The Most Beautiful English Words (Part-2)” for our English learner Smarties.
မင်္ဂလာပါ smarties လေးတို့ရေ, နှစ်ဟောင်းကုန်လို့ နှစ်သစ်အခါသမယမှာ အင်္ဂလိပ်ဘာသာစကားလေ့လာနေကြတဲ့ smarties လေးတို့အတွက် The Most Beautiful English Words (Part- 2) လေးကို ဆက်လက် တင်ပေးသွားမယ်နော်။ ✍🏻

The Most Beautiful English Words (Part – 2)

Words definitions/explanations 📗
စကားလုံးအဓိပ္ပါယ်ဖွင့်ဆိုချက်များ

(1) Euphoria (Noun) – a feeling of extreme happiness or confidence (ဝမ်းသာပီတိ၊ ပျော်ရွှင်မှု သို့မဟုတ် ယုံကြည်မှုလွန်ကဲသောခံစားချက်)။

Eg. I was caught up in a state of euphoria when I heard the news of winning the lottery.
ငါထီပေါက်တဲ့သတင်းကြားရတော့ ရင်ထဲ ဝမ်းသာကြည်နူးပျော်ရွှင်သွားတာပဲ။

(2) Clinomania (Noun) - an obsession with bed rest (or) the excessive desire to stay in bed all the time
အိပ်ရာထဲတွင် လှဲလျောင်းအနားယူနေရသည်ကို နှစ်သက်စွဲလမ်းခြင်း ( သို့မဟုတ် ) အိပ်ရာထဲတွင် အချိန်ပြည့်နေလိုစိတ် လွန်ကဲနေခြင်း။

E.g. I find it hard to get out of my bed every morning. I definitely have clinomania.
ငါ့အတွက် မနက်တိုင်း အိပ်ရာထဖို့ ခက်လိုက်တာ။ ငါ့မှာ အိပ်ရာထဲမှာပဲ အချိန်ပြည့်နားနေချင်တဲ့ စိတ်အခြေအနေတစ်ခု သေချာပေါက်ရှိနေပြီ။

(3) Solitude (Noun) - The state of being or living alone, especially when this is peaceful and pleasant
အေးအေးချမ်းချမ်း သာသာယာယာ တစ်ဦးတည်းရှိနေခြင်း (သို့မဟုတ်) တစ်ဦးတည်းနေထိုင်ခြင်း။

E.g. He enjoyed his moments of solitude before the pressures of the day began.
ဖိအားများတဲ့ နေ့တစ်နေ့ မစတင်ခင်မှာ တစ်ယောက်တည်း အေးအေးချမ်းချမ်း သာသာယာယာ နေရတဲ့ အချိန်လေးကို သူ ကြိုက်နှစ်သက်ခဲ့တယ်။

(4) Aurora (Noun) - A natural light display in the sky that is caused by particles from the sun interacting with a planet’s magnetic field (The green and red lights which can be seen in the the North Pole and South Pole)
နေမှ အမှုန်အမွှားများ နှင့် ဂြိုလ်၏ သံလိုက်စက်ကွင်းတို့ တုံ့ပြန်သက်ရောက်မှုကြောင့်ဖြစ်ပေါ်လာသော ကောင်းကင်တွင်မြင်ရသည့် သဘာဝအလင်းတန်း။ (မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းဒေသဘက်တွင် တွေ့မြင်ရလေ့ရှိသည့် အစိမ်းရောင်၊ အနီရောင်အလင်းတန်းများ)

E.g. Watching aurora in the North Pole is one of the wishes from my bucket list.
မြောက်ဝင်ရိုးစွန်းဘက်မှာရှိတဲ့ အလင်းတန်းရောင်စဉ်တွေကို ကြည့်နိုင်ဖို့က ကျွန်တော် လုပ်ချင်တဲ့ အရာတွေထဲက အိပ်မက်တစ်ခုပဲ။

(5) Pluviophile (Noun) – a lover of rain, someone who finds joy and peace of mind during rainy days
မိုးကိုချစ်သောသူ၊ မိုးရွာသောနေ့များမှာ စိတ်သာယာပျော်ရွှင်အေးချမ်းမှုခံစားရသောသူမျိုး။

E.g. My brother never feels gloomy whenever the pouring rain comes. As a pluviophile, he is fascinated by the sight and sound of the rain.
ငါ့မောင်လေးကတော့ မိုးတဖွဲဖွဲကျလာတိုင်း စိတ်ညစ်အားငယ်တယ်လို့ရယ်ကို မရှိဘူး။ မိုးရာသီ နဲ့ မိုးကို အသည်းစွဲတစ်ယောက်ဖြစ်တဲ့ သူ့အတွက်ကတော့ မိုးရွာတဲ့ မြင်ကွင်းနဲ့ မိုးသံလေးကို ကြားတာနဲ့ ကြည်နူးပျော်ရွှင်နေတော့တာပဲ။

References:
Cambridge University Press & Assessment
Macmillan dictionary
Collins Dictionary
Dictionary.com


-words

28/02/2023

IELTS Listening Test နဲ့ ပက်သက်ပြီး Smarties လေးတို့ သိချင်လောက်မယ့် အကြောင်းအရာများ😍

Hey Smarties!

IELTS ဖြေဆိုဖို့ စဉ်းစားနေတဲ့သူတွေ၊ ပြင်ဆင်နေတဲ့သူတွေအတွက် IELTS Listening Test နဲ့ပက်သက်တဲ့ သိလိုရာရာလေးတွေကို အမေးအဖြေ ပုံစံမျိုးလေးနဲ့ မျှဝေပေးပါရစေ။

🌷မေးခွန်းလေးတွေကို ကြည့်ကြရအောင်နော်။

(၁) မေးခွန်း အရေအတွက်နဲ့ ဖြေဆိုချိန် စုစုပေါင်းဘယ်လောက် ကြာမှာလဲ?⏰

မေးခွန်း ၄၀ ကို မိနစ် ၃၀ ဝန်းကျင်အတွင်း ဖြေဆိုရမှာ ဖြစ်ပါတယ်။
(ခြွင်းချက်။ ။ ကိုယ်တိုင်စာရွက်ပေါ်မှာ အဖြေကို ခဲတံနဲ့ ရေးသားပြီး ဖြေရတဲ့ Paper-based test တွေမှာဆိုရင်တော့ မိနစ် (၃၀) ဝန်းကျင်နားထောင်ပြီးရင် အဖြေတွေကို သီးသန့်ရေးရတဲ့ Answer Sheet မှာ ပြန်ပြီး ကူးဖို့အတွက်Transfer Time ဆိုပြီး ၁၀ မိနစ် ထပ်ပြီး ပေးပါတယ်။)

(၂) အပိုင်း ဘယ် နှစ်ပိုင်း ပါတာလဲ?❓

IELTS Listening Test မှာ အားလုံးပေါင်း အပိုင်း (၄) ပိုင်း ပါဝင်ပါတယ်။

(၃) တစ်ပိုင်းချင်းစီမှာ ဘယ်လို အကြောင်းအရာမျိုးကို ကြားရမှာလဲ?

📌Part 1: နေ့စဉ် လူမှုရေး အကြောင်းအရာကိစ္စတစ်ခုခုကို လူ ၂ ဦးကြားပြောဆိုနေသော စကားပြောပုံစံမျိုး။

📌Part 2: နေ့စဉ် လူမှုရေးနှင့် ပက်သက်သော အကြောင်းအရာ တစ်ခုခု (ဥပမာ။ ။ မိမိနေထိုင်နေသည့်
မြို့နယ်တွင် ရှိသော ကျောင်းနှင့် ပက်သက်သည့် အကြောင်းအရာ။) မျိုးကို လူ ၁ ဦးထဲမှာ ပြောနေသော
စကားပြော ပုံစံမျိုး။

📌Part 3: ပညာရေးနယ်ပယ်မှ အကြောင်းအရာ တစ်ခုခုကို လူ ဦးဝန်းကျင်က ဆွေးနွေးပြောဆိုနေသော
စကားပြောပုံစံမျိုး။

📌Part 4: ပညာရေးနယ်ပယ်မှ အကြောင်းအရာ တစ်မျိုးမျိုးကို လူ ၁ ဦးက ဆွေးနွေးပြောဆိုနေသော
စကားပြောပုံစံ။
(ဥပမာ။ ။ တက္ကသိုလ်တွင် သင်ခန်းစာပေးနေသော ဆရာ တစ်ဦး၏ စကားပြော။)

(၄) ဘယ်နိုင်ငံရဲ့ လေယူလေသိမ်း စကားသံ တွေကို အဓိက ကြားရလောက်လဲ?🤔

British, Australian, New Zealand, American & amp; Canadian လေယူလေသိမ်းနဲ့ စကားသံတွေ ပါဝင်လေ့ရှိပါတယ်။

(၅) ဘယ်လို မေးခွန်း အမျိုးအစားတွေ ပါတာလဲ?

အကျဉ်းချုံးပြောရမယ်ဆိုရင်တော့ အောက်ပါ မေးခွန်းအမျိုးအစားတွေကို တစ်မျိုးမဟုတ် တစ်မျိုး တွေ့နိုင်ပတယ်။

(📌၁) Multiple Choice ပေးထားသည့် ဖြစ်နိုင်‌သော အဖြေများထဲမှ အမှန်ကို ရွေးချယ်ရသောမေးခွန်းပုံစံ။

(📌၂) Matching ပေးထားသည့် ရွေးချယ်စရာ အဖြေများထဲမှ အမှန်နှင့် ပြန်တွဲပေးရသော မေးခွန်းပုံစံ။

(📌၃) Planning, Mapping or Diagram-Labelling ပေးထားသည့် ပုံ သို့မဟုတ် အဆင့်ပြ ဇယားမျိုးကို label (အညွှန်း) တပ်ပေးခြင်း/ တွဲပေးခြင်း/ ရွေးပေးခြင်း လုပ်ရသော မေးခွန်းပုံစံ။

(📌၄) Form/Note/Table/Flow-Chart/ Summary Completion ဖောင်/ notes/ ဇယား/ အဆင့်ပြ ဇယား/အကျဉ်းချုံး စာပိုဒ်ကို ကွက်လပ် ဖြည့်ရသော မေးခွန်းပုံစံ။

(📌၅) Sentence Completion ပေးထားသော စာကြောင်းကို မေးခွန်းပါ စာလုံးရေ အကန့်အသတ်နှင့် အညီ ဖြည့်ရသော မေးခွန်းပုံစံ။

📌(၆) Short Answer Question ပေးထားသော မေးခွန်းအတွက်‌ မေးခွန်းပါ စာလုံးရေ အကန့်အသတ်နှင့်အညီ ဖြေရသော မေးခွန်းပုံစံ။

အခုလောက်ဆိုရင်တော့ Smarties တို့လည်း IELTS Listening Test နဲ့ ပက်သက်ပြီး အကြမ်းဖျင်းသိလောက်ပြီလို့ ထင်ပါတယ်။

IELTS အတွက် သင်တန်းတက်ဖို့အတွက် စိတ်ဝင်စားရင် Simply Smart chat box မှာ လာစုံစမ်းလို့ရတယ် ဆိုတာလည်း မမေ့နဲ့နော်။ One-to-One တစ်ဦးချင်း အတန်းလေးတွေရော၊ ၂ယောက်ကနေ ၄ ယောက်အထိ လက်ခံတဲ့ အဖွဲ့လိုက်သင်တန်းတွေပါ စီစဉ်ပေးတာမို့လို့ စိတ်ပါဝင်စားတယ်ဆိုရင် chat box မှာ လာပြီး စုံစမ်းလိုက်တော့နော်။

https://m.facebook.com/story.php?story_fbid=205353145349935&id=100076257527543&mibextid=unz460

All You Might Wanna Know about IELTS Listening Test🥰

Hey, Smarties! 😍

Let us share an informative article about IELTS Listening Test to those of our Smarties who has been either planning or preparing to the take the IELTS test!

(1) How many questions are there and how long is the whole listening test in total?

There are 40 questions which will take approximately 30 minutes in total. (Note: There is also a 10-minute “Transfer Time” to transfer your answers onto the answer sheet in the paper-based test.)

(2) How many parts are there in the IELTS Listening Test?

IELTS Listening Test comprises 4 parts.

(3) What type of information will I hear in each part of the Listening Test?

Shortly, you will hear this type of context in each part of the IELTS Listening Test.

📌Section 1 – Conversation between 2 people set in everyday social context.

📌Section 2- Monologue set in everyday social context.
(Example: A speech about local facilities)

📌Section 3 – Conversation between up to 4 people set in educational or training context.
(Example: A university tutor and a student discussing an assignment)

📌Section 4 – Monologue on an academic subject (Example: A university lecture)

(4) What kind of accents should I expect to hear in the IELTS Listening Test?🤔

British, Australian, New Zealand, American & Canadian accents, mostly!

(5) What type of questions should I expect in the IELTS Listening Test?

Briefly, these are the kind of tasks you may find in the IELTS Listening Test.

📌1. Multiple Choice: A question type where you have to pick the correct answer out of given options.

📌2. Matching: A task to match a numbered list of items from the listening text to a set of options.

📌3. Planning, Mapping or Diagram Labelling: Completion of labels on a plan such as a building, or a map of a town or the structure of an equipment; answers/ options are to be selected from a provided list.

📌4. Form/ Note/ Table/ Flow-Chart/ Summary Completion: Filling in the gaps in the outline of part or of all in the listening.

📌5. Sentence Completion: Filling in gaps (of limited word count) in a set of sentences summarizing key information from all or part of the listening text.

📌6. Short Answer Questions: Writing a short answer (of limited word count) for a question.

Well, can we assume that our Smarties have grasped the ground information about the IELTS Listening Test?

Don’t forget that Simply Smart also offers IELTS classes out of plenty more options. We can arrange both one-to-one customized private courses and 2-4 persons group sessions for IELTS learners so send us a quick message to our chat box, if you would like to know more about our IELTS classes.🥰

shorturl.at/bhiuC

24/02/2023

Language is a powerful tool that helps us ever with different ways in our life.🥰🥰
ဘာသာစကားဆိုတာ မတူညီတဲ့ပုံစံတွေနဲ့ အဓိပ္ပာယ်ရှိရှိ ကျွန်တော်တို့ဘဝတွေကို အမြဲကူညီပေးနေတာပါ။🥰🥰

In English language, there are some vocabularies which are not only beautiful but also meaningful.
အင်္ဂလိပ်ဘာသာစကားမှာ စကားအသုံးအနှုန်းလှရုံတင်မက အဓိပ္ပာယ်လည်းကြွယ်လှတဲ့ စကားလုံးတွေရှိပါတယ်။

In this post, we will share the first part of our series about "The Most Beautiful English Words".
ဒီပိုစ့်မှာတော့”အလှပဆုံးသောအင်္ဂလိပ်စကားလုံးများ" ရဲ့ပထမဆုံးအပိုင်းကိုရှင်းပြပေးသွားမှာပါ။😇

Word Definitions

1. Apricity (Noun) - The warmth of the sun in winter.
ဆောင်းရာသီတွင်းတွင် ခံစားရသော နေရောင်ခြည်၏ နွေးထွေးမှု။
E.g. Little pups are enjoying the apricity despite the plunging temperature and the windy weather.
ထိုးဆင်းလာတဲ့ အပူချိန်နဲ့ ပြင်းပြင်းထန်ထန်တိုက်ခတ်နေတဲ့ လေတွေကြားမှာ ဆခွးပေါက်လေးတွေဟာ နေရောင်ခြည်ရဲ့ နွေးထွေးမှုကို ပျော်ပျော်ကြီး ခံစားနေကြပါတယ်။

2.Serenity (Noun) - The state of being calm, peaceful and untroubled.
တည်ငြိမ်မှု၊အေးချမ်းမှု၊ စိတ်ငြိမ်မှုတို့ ရှိနေသော အချိန်/ အခြေအနေ။
E.g. I find it hard to find serenity on days when I’m under the weather.
ကျွန်တော့်အတွက်တော့ စိတ်ညစ်နေတဲ့အခါတွေဆိုရင် တည်ငြိမ်အေးချမ်းမှုကို ရှာရခက်ပါတယ်။

3. Ethereal (Adjective) - Extremely delicate or refined; heavenly or celestial.
လွန်စွာပင် နူးညံ့ သိမ်မွေ့သော၊ နတ်ပြည်အလား ခန့်ညားသော။
E.g. The Northern Lights cast an ethereal glow.
Northern Lights ဆို့သည် နတ်ပြည်တစ်မျှ ခံ့ညား တောက်ပလင်းလက်နေပါတယ်။

4. Ineffable (Adjective) - Too great or beautiful to be described in words.
စာလုံးများဖြင့်ရေးဖွဲ့အမွှန်းတင်၍မလုံလောက်နိုင်လောက်အောင် ကောင်းမွန်ပြည့်စုံသော။။😍
E.g. The beauty of a sunset is ineffable.
နေဝင်ချိန်၏ အလှသည် စာဖွဲ့၍ပင်မလောက်ပါ။

5. Petrichor (Noun) - The fresh, earthy smell that rises from the dry ground after the first drops of rain fall.
မိုးတွင်းအစ ပထမ မိုးရွာအပြီးတွင် ရလေ့ရှိသော မြေသင်းရနံ့။
E.g. I always feel delighted when petrichor comes off after the rain. မိုးရွာပြီးရတဲ့ မြေသင်းနံ့က ကျွန့်တော်ကို အမြဲ စိတ်ချမ်းသာစေပါတယ်။

We hope this post has motivated and inspired our smarties to delve deeper into "The Most Beautiful English Words".
ဒီပို့စ်မှာsmarties တွေရဲ့စူးစမ်းလိုစိတ်ကို လှုံဆော်ပေးပြီး အင်္ဂလိပ်စကားလုံးတွေရဲ့လှပမှုကို ပိုမိုပြီးသိမြင်လာစေရန် လှုံဆော်ပေးမယ်လို့ မျှော်လင့်ပါတယ်။🥰🥰

Stay tuned for more posts on "The most Beautiful English Words".
အလှဆုံးအင်္ဂလိပ်စကားလုံးနဲ့ပက်သက်တဲ့နောက်ထပ်ပိုစ့်တွေကိုလည်း စောင့်မျှော်ပေးပါဦးနော်။

References:
Merriam Webster Dictionary
Dictionary.com
www.translateen.com
www.sentencedict.com



-words

23/02/2023

ပေါ့ပေါ့ပါးပါးဖတ်ဖို့ အင်္ဂလိပ်စာအုပ်လေးတွေ ရှာနေတာလား Smarties တို့?🫣

ကိုယ့်အတွက် ဖတ်ရတာလည်းလွယ်၊ ပြီးတော့ ပေါ့ပေ့ါပါးပါး ပုံစံမျိုးလေးနဲ့ ရေးထားတဲ့ self-help စာအုပ်မျိုးလေးများ ရှာနေတာလား? 🤔

မင်္ဂလာပါ Smarties လေးတို့ရေ။🥰

ဒီတစ်ခေါက်မှာတော့ တီချယ်မွန်တစ်ယောက်က Simply Smart မှာ တင်နေကျမဟုတ်တဲ့ ပို့စ်လေးတစ်ခု တင်ပေးဖို့ တောင်းဆိုလာပါတယ်။တီချယ်က သူသိပ်မကြာခင်က ဖတ်ထားတဲ့ Haemin Sunim ရဲ့ “Love for Imperfect Things” ဆိုတဲ့ စာအုပ်လေးအကြောင်းကို Smarties လေးတွေတို့နဲ့ ဝေမျှပေးချင်လို့ပါတဲ့။ ဒီစာအုပ်လေးကို ၂၀၁၆ ခုနှစ်မှာ ကတည်းက ထုတ်ဝေခဲ့တာဖြစ်ပေမယ့် မဖတ်ဖူးသေးတဲ့ သူလေးတွေ အတွက်ကတော့ တကယ့်ကို ဖတ်ကြည့်သင့်တယ့် စာအုပ်လေးတစ်အုပ်လို့ ပြောပါရစေ။ ဆိုတော့ ဒီနေ့မှာတော့ Simply Smart က smarties လေးတွေအတွက် book recommendation post လေးတင်ပေးပါရစေ။

ကဲ ... ပထမဆုံးတော့ စာအုပ်ထဲမှာပါတဲ့ မာတိကာလေးနဲ့ စရအောင်။ ဒီစာအုပ်ထဲမှတော့ Self-Care, Family, Empathy, Relationships, Courage, Healing, Enlightenment နဲ့ Acceptanceဆိုပြီး အားလုံးပေါင်း အခန်း ၈ ခန်း ပါပါတယ်။ အခန်း ၁ ခန်းချင်းစီက ကိုယ့်မှာ ရှိနေတဲ့ အဆိပ်အတောက်တွေ မကောင်းတဲ့ အတွေးတွေကနေ ရုန်းထွက်ပြီး ကုစားနိုင်ဖို့ကို ကူညီပေးသွားမှာပါ။ အဲဒီကနေမှ စာဖတ်သူကို ကိုယ့်ကိုယ်ကိုချစ်တတ်အောင်၊ relationshipsတွေဆီက ရလာတဲ့ ‌ဝေဒနာတွေကို ကျော်လွှားနိုင်အောင် ကူညီပေးနိုင်တဲ့ စာအုပ်လေးဖြစ်ပါတယ်။

တီချယ့်အတွက်ဆိုရင်တော့ ဆိုရင်တော့ ဒီစာအုပ်ဖတ်နေတဲ့ အချိန်အတွင်းရတဲ့ ခံစားချက်က ကိုယ်အကြာကြီး ခင်ခဲ့ရတဲ့ သူငယ်ချင်းနဲ့ အေးအေးဆေးဆေးထိုင်ပြီး စကားပြောနေရသလိုပါပဲ။ စိတ်သက်သာရရစေတဲ့ အပြင် ကိုယ့်ဘဝထဲက လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေပါ ရသွားလိုက်သလိုပါပဲ။

အင်္ဂလိပ်စာ လေ့လာနေတဲ့သူတွေအတွက်ဆိုရင်လည်း တကယ့်ကို ရိုးရှင်းပြီး နားလည်ရလွယ်တဲ့ စာကြောင်းလေးတွေနဲ့ ရေးပေးထားတာပါ။ ရှုပ်ထွေးခက်ခဲတဲ့ စာကြောင်းမျိုးတွေ မပါဘဲ လိုက်ဖတ်ရတာ တကယ့်ကို လွယ်ကူရှင်းလင်းတယ်လို့တောင် မှတ်ချက်ချလို့ရပါတယ်။ ဒါ့အပြင် စာမျက်နှာ တစ်မျက်နှာချင်းစီမှာ စိတ်အားဖြည့်ပေးနိုင်တဲ့ ဆိုရိုးစကားမှတ်ချက်လေးတွေလည်း ထည့်သွင်းပေးထားတာမို့လို့ စာအုပ်မပြီးမချင်းကို တစ်ထိုင်တည်း ဆက်ဖတ်ချင်လောက်အောင် ဆွဲဆောင်မှု ရှိလွန်းတဲ့ စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။

အဲဒီတော့ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ်ချစ်ရတဲ့သူတွေဆီက သစ္စာဖောက်တာ ခံလိုက်ရတာမျိုး၊ ဘ၀မှာ တစ်ခုခုနောက်ကို လိုက်ရင်း မောလွန်းလို့ ခဏနားချင်တာမျိုး၊ ဒါမှမဟုတ် ဖတ်ဖို့ အင်္ဂလိပ်စာ စာအုပ်ကောင်းကောင်းလေးတစ်အုပ်ကို ရှာနေတာမျိုးဆိုရင်တော့ ဒီစာအုပ်လေးကို အမှတ်ရပေးဖို့ ပြောပါရစေ။

Smarties လေးတို့ သိတဲ့ စာအုပ်ကောင်းလေးတွေ ရှိရင်လည်း မျှဝေပေးပါဦး။ Smarties တို့ ပြောပြတဲ့ စာအုပ်ကောင်းလေးတွေ အကြောင်းလည်း ကြားချင်ပါတယ်နော်။ 😇

Hey Smarties!🥰

Are you looking for an English book for light-reading?🤔
Do you need any recommendation for self-help book with easy-to-read format?

Hello Smarties!

Tr.Mon requested this post which is unusual for the content of Simply Smart Page. She would like to share this book she finished reading a few weeks ago, “Love for Imperfect Things” by Haemin Sunim for our audience. It was published in 2016 but still worthy to share to those who don’t know. So, just for today, Simply Smart would like to upload a book recommendation post.

First, let’s start with the content of the book. There are 8 chapters in this book: Self-Care, Family, Empathy, Relationships, Courage, Healing, Enlightenment and Acceptance. Each chapter will help you heal from all negativity and toxic thoughts in your life. It will teach you self-love, how to be kind to yourself and how to overcome some relationship burnouts through practical day-to-day practices.

Personally speaking, while I was reading this book, I felt like having a warm and peaceful conversation with someone I have known for a long time. It was so relaxing and gave me solutions to my problems.
For those English learners, the sentences are mostly simple and easy to understand for interpretation. It does not include long complex structures so that you can easily follow. Besides, most of the pages are about beautiful quotes which will motivate you to continue reading.

So, if you are betrayed by your loved ones, or if you want to take a break from your going too fast life or looking for a good English book to read, please remember this book!

And smarties, share your favorite book also. We would love to hear recommendations from you too!🤗🤗

Videos (show all)

ကိုယ့်ရဲ့ English Speakingနဲ့ ပက်သက်ပြီး ကိုယ့်ကိုယ်ကို ၁၀၀% စိတ်တိုင်းကျ ယုံကြည်မှုရှိရဲ့လား❓📌 သူများပြောတာကို နားလည်တယ...
“New - Knew”, “Sea - See” ဒီစကားလုံးအတွဲလေးတွေကို ဘယ်လိုခေါ်လဲသိပါသလား။ 🤔❓🌟အသံထွက်တူပြီး အဓိပ္ပာယ်တွေ၊ စာလုံးပေါင်းတွေကွ...

Telephone

Website