FStep Computer Learning

FStep Computer Learning

#Computer Basic
#Advanced Excel
#FSTEP
#basiccomputer
#AdvancedExcel
#computerclasses
#computertrain

15/11/2022

အမျိုးသားနေ့ ကျောင်းပိတ်ရက် ကြေငြာခြင်း

အားလုံးပဲ မင်္ဂလာပါရှင်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ (၁၇)ရက်မှာ ကျရောက်တဲ့ (၁၀၂) နှစ်ပြည့် မြန်မာ အမျိုးသားနေ့အခါသမယမှာ FStep Computer Learning မှ သင်ကြားလျက်ရှိသော အတန်းများအားလုံး ပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။
မြန်မာပြည်သူပြည်သားအပေါင်းတို့ ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းဝေးချမ်းသာကြပါစေ လို့
FStep Computer Learning မှ ဆုမွန်ကောင်း တောင်းဆုပြုလိုက်ပါတယ်ရှင်။

27/08/2022

သင်တန်းအမှတ်စဉ်(၇) မကြာမီဖွင့်လှစ်သွားပါမည်

ဒဂုံဆိပ်ကမ်းမြို့နယ်၊ချမ်းမြေ့အေးကျောင်းတိုက်
ရွှေဖီမြေပညာရေးဖောင်ဒေးရှင်းမှကြီးမှူးဖွင့်လှစ်၍
ဆရာမဇင်မာဦး၊ဆရာမအလင်းစက်၊ဆရာမမိုးနှင်းပွင့်တို့
ဦးစီးဦးဆောင်ပြီး ပညာဒါနပြုသင်ကြားပေးသွားမည့်
ရွှေဖီမြေပညာဒါနကွန်ပျူတာသင်တန်းအမှတ်စဉ်(၇)ကို
လာမည့် ၃.၉.၂၀၂၂၊စနေနေ့တွင် စတင်သွားပါမည်။

တစ်ပတ်လျှင် နှစ်ရက်(စနေ၊တနင်္ဂနွေ)
သင်တန်းချိန်တစ်ချိန်လျှင် နှစ်နာရီခွဲဝန်းကျင်
သင်တန်းသားတစ်ဦးလျှင် ကွန်ပျူတာတစ်လုံးစီ
သင်တန်းကြာမြင့်ချိန် နှစ်လဝန်းကျင်ဖြင့်
ဝါရင့်ဆရာမသုံးဦးတို့၏စေတနာ၊ဝါသနာ၊အနစ်နာနဲ့
နာသုံးနာအရင်းခံပြုပြီး ပညာဒါနပြုတဲ့သင်တန်းမို့

တက်ရောက်သင်ကြားလိုသော
သင်တန်းသူ၊သင်တန်းသားများအနေဖြင့်
သင်တန်းတာဝန်ခံဆရာတော် အရှင်ဇဋိလထံ
လူကိုယ်တိုင်ဖြင့်သော်လည်းကောင်း၊ဖုန်းအနေဖြင့်
သော်လည်းကောင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ။

သင်တန်းတာဝန်ခံဆရာတော် အရှင်ဇဋိလ
ချမ်းမြေ့အေးကျောင်းတိုက်၊ ဒဂုံဆိပ်ကမ်း၊ရန်ကုန်
ဖုန်း 09260472988

Photos from FStep Computer Learning's post 23/05/2022

တောင်ဒဂုံမြို့နယ်၊ (၈၈) ရပ်ကွက်၊ ချမ်းမြေ့အေးကျောင်းတိုက်၊ ရွှေဖီမြေပညာရေးဖောင်ဒေးရှင်းမှ ဖွင့်လှစ်သော ကွန်ပျူတာ အခြေခံပညာဒါနသင်တန်း အမှတ်စဉ် (၅)အား First Step ကွန်ပျူတာသင်တန်းမှ ပညာဒါနအနေဖြင့် ၂၀၂၂ ခုနှစ် နှစ်သစ်ကုသိုလ်အဖြစ် ပါဝင်ကုသိုလ်ပြုခဲ့သည့်ပုံရိပ်များ၊
ဒီထဲက သင်တန်းသူတဦးကတော့ ရုံးပိုင်းဆိုင်ရာအလုပ်ဝင်ရောက်လုပ်ကိုင်နေကြောင်း ဝမ်းသာစရာ သတင်း ဒီရက်ထဲ လာပြောပါတယ်။ အချိန်နဲ့ တတ်သိတဲ့ပညာကို အကျိုးရှိစွာ အသုံးပြုနိုင်သူများဖြစ်ကြပါစေ။






#ပညာဒါနသင်တန်း
#ကွန်ပျူတာပညာဒါန

14/05/2022

ယနေ့ခေတ်မှာ လုပ်ငန်းခွင်ဝင်ဖို့ ကြံစည်နေပြီဆိုရင်တော့ မတတ်မဖြစ် လိုအပ်တဲ့ အခြေခံအရည်အချင်းတစ်ရပ်အနေဖြင့် ကွန်ပျူတာ အသုံးပြုမှုကို တတ်မြောက်ထားရမှာ ဖြစ်ပါတယ်။
FStep Computer Learning မှာ ကွန်ပျူတာ အခြေခံကနေ လုပ်ငန်းခွင်ဝင် Professional အဆင့်ထိ လေ့လာလိုသူများအတွက် ရည်ရွယ်ပြီး ကွန်ပျူတာ အခြေခံသင်တန်း နှင့် Advanced Excel သင်တန်းများကို ဖွင့်လှစ်ထားပါတယ်။
ဘဝရှေ့ရေး အခွင့်အလမ်းကောင်းရယူပိုင်ဆိုင်နိုင်စေဖို့ ပထမဆုံးခြေလှမ်းအဖြစ် ကွန်ပျူတာ အသုံးပြုမှုကို တတ်မြောက် ချင်တယ်ဆိုရင်တော့ FStep Computer Learning မှာ အွန်လိုင်းကနေ တက်မလား၊ သင်တန်းမှာ လာတက်မလားဆိုတာလေး ရွေးချယ်နိုင်ပါတယ်။
FStep အနေဖြင့် ယခုလောလောဆယ်မှာတော့ ကွန်ပျူတာ အခြေခံသင်တန်း နှင့် Advanced Excel သင်တန်းများကို သာ ဖွင့်လှစ်ထားပါတယ်။
သင်တန်းတက်ရောက်မည့်သင်တန်းသားများ လက်တွေ့လုပ်ငန်းခွင်မှာ ပြန်လည် အသုံးချနိုင်ရန်အတွက် သင်ကြားရေးအတွေ့အကြုံရှိ FStep ဆရာမများမှ ရှင်းလင်းသော သင်ကြားမှု့ပုံစံ၊ ထိရောက်သော လေ့ကျင့်မှု့များဖြင့် အကောင်းဆုံး ဝန်ဆောင်မှု့ ပေးပါရစေ။
အသေးစိတ်သိရှိလိုပါက Page Messenger (သို့) Comment Box (သို့) သင်တန်းဖုန်းအား ဆက်သွယ်နိုင်ပါသည်။






#ပညာဒါနသင်တန်း
#ကွန်ပျူတာပညာဒါန

Photos from FStep Computer Learning's post 14/05/2022

တောင်ဒဂုံမြို့နယ်၊ (၈၈) ရပ်ကွက်၊ ချမ်းမြေ့အေးကျောင်းတိုက်၊ ရွှေဖီမြေပညာရေးဖောင်ဒေးရှင်းမှ ဖွင့်လှစ်သော ကွန်ပျူတာ အခြေခံပညာဒါနသင်တန်း အမှတ်စဉ် (၆)အား First Step ကွန်ပျူတာသင်တန်းမှ ပညာဒါနအနေဖြင့် ၂၀၂၂ ခုနှစ် မေလ (၇)ရက်နေ့တွင် ပါဝင်ကုသိုလ်ပြုခဲ့သည့်ပုံရိပ်များ






#ပညာဒါနသင်တန်း
#ကွန်ပျူတာပညာဒါန

Photos from FStep Computer Learning's post 14/05/2022
Photos from FStep Computer Learning's post 30/04/2022

တောင်ဒဂုံမြို့နယ်၊ (၈၈) ရပ်ကွက်၊ ချမ်းမြေ့အေးကျောင်းတိုက်၊ ရွှေဖီမြေပညာရေးဖောင်ဒေးရှင်းမှ ဖွင့်လှစ်သော ကွန်ပျူတာ အခြေခံပညာဒါနသင်တန်း အမှတ်စဉ် (၃)တွင် First Step ကွန်ပျူတာသင်တန်းမှ ပညာဒါနအနေဖြင့် 2021 ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ (၃)လတာ သင်တန်းပို့ချပေးခဲ့ပုံကို ပထမဆုံးပို့စ်အနေနဲ့ တင်ပါရစေ။






#ပညာဒါနသင်တန်း
#ကွန်ပျူတာပညာဒါန

Website