TK International

TK International

TK International are the leading piling Contractor specializing in all aspects of Piling work.

Photos from TK International's post 30/11/2023

🌷မင်္ဂလာပါရှင့်🌷

ကျွန်မတို့TK International Co.Ltdမှ 2022ခုနှစ်မှစတင်၍ လက်ရှိအချိန်ထိပိုင်လုပ်ငန်းအား တာဝန်ယူ‌ဆောင်ရွက်လျက်ရှိ‌သော မင်္ဂလာဒုံစက်မှုဇုန်အတွင်းရှိHoneys Garment Project ပုံရိပ်များကိုဖော်ပြလိုက်ပါတယ်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
TK International Co.,Ltdမှ ရရှိနိုင်သောဝန်ဆောင်မှုများမှာ
⭐ Sheet Pile
⭐ RC Pile (Jack-in Pile),Spun Pile
⭐ Bored Pile
⭐ Excavation & ERSSအပြင် Pile Design Service
များကိုပါရရှိနိုင်ပါတယ်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
လူကြီးမင်းတို့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းများအတွက်
Pile Foundation နှင့်ပက်သက်၍ ဝန်‌ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက Page Messenger (သို့)
အောက်ဖော်ပြပါဖုန်းနံပတ်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

📱 09-969060201, 09-979305205
📩 [email protected]
🌐 https://tkinternational.com.mm/

Office Address -B8,Room-105, Hantharwaddy Villa, Hantharwaddy Street,6 Ward,South Okkalapa Tps, Yangon.

𝕋𝕂-𝕐𝕆𝕌ℝ 𝕋ℝ𝕌𝕊𝕋𝔼𝔻 ℙ𝔸ℝ𝕋ℕ𝔼ℝ 𝕀ℕ 𝔾ℝ𝕆𝕌ℕ𝔻 𝔼ℕ𝔾𝕀ℕ𝔼𝔼ℝ𝕀ℕ𝔾

26/11/2023

🪔တန်ဆောင်တိုင်အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ၍ကိုယ်ကျန်းမာပြီး စီးပွါးလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း 🪔

🅣🅚 🅘🅝🅣🅔🅡🅝🅐🅣🅘🅞🅝🅐🅛 🅒🅞.,🅛🅣🅓 မိသားစုမှဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင့်🙏🙏

#တန်ဆောင်မုန်း #သာမညဖလအခါတော်နေ့

Photos from TK International's post 15/11/2023

🔴 Sheet Pile Extraction & Installation Work at Botahtaung ☝️

28/10/2023

✨✨✨သီတင်းကျွတ် အချိန်ခါသမယလေး မှာဘေးအန္တရာယ် အပေါင်းကင်းရှင်း၍ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း✨✨✨

𝑇𝐾 𝐼𝑛𝑡𝑒𝑟𝑛𝑎𝑡𝑖𝑜𝑛𝑎𝑙 𝐶𝑜.,𝐿𝑡𝑑 မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

17/10/2023

🅢🅗🅔🅔🅣 🅟🅘🅛🅔 နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေး🇲🇲🇲🇲🇲🇲

တစ်ထပ်တိုက်ကစလို့ အထပ်မြင့်အဆောက်အဦးတွေဆောက်လုပ်တဲ့အခါ Foundation ဟာ အင်မတန် အရေးကြီးလှပါတယ်။ခိုင်ခံ့ကောင်းမွန်တဲ့ Foundation ရရှိဖို့ "Bearing Capacity" ကောင်းကောင်းရတဲ့အထိ မြေသားအနက်ကို တူး ထုတ်ရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက် မြေသားတူးတဲ့အခါ မြေသား ကောင်းမွန်ပီးခြောက်သွေတဲ့အနေထားမှာ အဆင်ပြေနိုင်ပေမဲ့ မြေသား ကောင်းမွန်မှုမလုံလောက်တဲ့ အခြေအနေမျိုးမှာ Foundation တွေအတွက်မြေတူးရတာက စိန်ခေါ်မှုတရပ်ပါပဲ။

Foundation အတွက်မြေတူးရတဲ့အခါကပ်လျှက်အဆောက်အဦးများ ထိခိုက်ပျက်စီးတာ မြေသားပြိုကျတာတွေ နဲ့ Deep Excavation လုပ်ငန်းစဉ်ကြောင့် လုပ်သားများSafety ကို စိုးရိမ်ရတာမျိုးတွေ ကို မကြာခဏကြုံရတတ်ပါတယ်.....တဆက်တည်းမှာပဲလုပ်ငန်းခွင်နှောင့်နှေးမှုအပြင် ကုန်ကျစရိတ်များပြားလာမှုများကိုပါ ထပ်မံရင်ဆိုင် ရပါတော့တယ်။

ဒါတွေကိုစနစ်တကျဖြေရှင်းဖို့ဆိုရင်Sheet Pileကိုအသုံးပြုသင့်တယ်လို့ အကြုံပြုပါရစေ....... Flexible Retaining System တစ်ခုဖြစ်တဲ့ Sheet Pileကိုမြေထိန်းနံရံအဖြစ်အသုံးပြုခြင်း အားဖြင့်မြေကြီးတူးရာတွင် ဘေးပတ်ဝန်းကျင်မှမြေပြိုကျတာတာတွေကို အရံအတား အဖြစ် 100% ကာကွယ်ပေးတဲ့အပြင်.....မလိုလားအပ်တဲ့ unexpected cost ကုန်ကျမှု နှင့် လုပ်ငန်းခွင်ဘေးအန္တရယ်ဆိုးကျိုးများကို ကင်းရှင်းမှု အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

ကျွန်မတို့ 𝑻𝑲 𝑰𝒏𝒕𝒆𝒓𝒏𝒂𝒕𝒊𝒐𝒏𝒂𝒍 𝑪𝒐.,𝑳𝒕𝒅 မှာဆိုရင်ဖြင့် 𝓢𝓱𝓮𝓮𝓽 𝓟𝓲𝓵𝓮 တွေကို Installation Service အပြင်၊ ရောင်းချခြင်း နှင့် ငှားရမ်းခြင်း စတဲ့ ဝန်ဆောင်မှု တွေကိုပါ ရရှိ နိုင်တယ်။

Contact Us:
Phone : 📲 09 969060201
📲 09 979305025
Email : marketing .com.mm
Website: https://tkinternational.com.mm/

Photos from TK International's post 06/06/2023

🙏မင်္ဂလာပါ ရှင့်🙏

လူကြီးမင်းတို့၏ အဆောက်အအုံ များ🏠🏭🏢🏨 အတွက် လိုအပ်သော.......

👉𝐒𝐡𝐞𝐞𝐭 𝐏𝐢𝐥𝐞
👉𝐉𝐚𝐜𝐤 𝐈𝐧 𝐏𝐢𝐥𝐞
👉𝐁𝐨𝐫𝐞𝐝 𝐏𝐢𝐥𝐞
👉𝐄𝐱𝐜𝐚𝐯𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐄𝐑𝐒𝐒 လုပ်ငန်း များ အတွက် 𝙏𝙆 𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 𝘾𝙤.,𝙇𝙩𝙙 မှတာဝန်ယူဆောင်ရွက်ပေးလျှက်ရှိပါတယ်။

Pile Foundation လုပ်ငန်းများနှင့်ပက်သက်၍ အသေးစိတ်တိုင်ပင် ဆွေးနွေးလိုပါက............

📲09-969060201
📲09-979305025 သို့ ဆက်သွယ်စုံစမ်းမေး မြန်းနိုင်ပါတယ်။

𝐓𝐊 -𝐘𝐨𝐮𝐫 𝐏𝐢𝐥𝐢𝐧𝐠 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐨𝐧𝐭𝐫𝐚𝐜𝐭𝐨𝐫

Photos from TK International's post 23/05/2023

TK International မှ Pile Foundations လုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်နေသော၊ စမ်းချောင်းမြို့နယ် ဦးဝီစာရလမ်း နှင့် မပိုလမ်းထောင့် မှာ တည်ရှိတဲ့ Rich Gems စိန်တိုက် project မှ ပုံရိပ်များဖြစ်ပါတယ်ရှင့်။

လူကြီးမင်းတို့၏…..

Sheet Pile
Press Pile
Bored Pile
Excavation & Strutting ( ERSS) လုပ်ငန်းများနှင့်ပက်သက်၍ အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက…..

📲09-969060201
📲09-979305025 သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါတယ်။

TK… YOUR TRUSTED PARTNER IN GROUND ENGINEERING.

Photos from TK International's post 21/05/2023

ပေ-၂၀၊ ပေ-၂၅ မြေကွက်များပေါ်တွင် အထပ်မြင့်ဆောက်လုပ်နေထိုင်မှုဟာ ရန်ကုန်မြို့ရဲ့ life style လို့ပြေားရင်မှားမယ် မထင်ပါဘူး။ ထိုသို့ ဆောက်လုပ်ရာမှာ အဆောက်အဦး ရေရှည်တည်တံ့ ပီး အန္တရာယ်ကင်းရှင်းရေး အတွက် Jack-in pile( Press Pile) ရိုက်ကြရပါတယ်။ ထိုသို့ pile ရိုက်ခြင်းကြောင့် အမြဲကြုံတွေနေရတဲ့ ဘေးပတ်ဝန်းကျင်အိမ်များ၊ အဆောက်အအုံးများ ပျက်စီမှုကြောင့် လျှော်ကြေးငွေများ အဆမတန်ပေးရခြင်း၊ ဆောက်လုပ်ခွင့်ပါမစ်များ ပြန်လည်စီစစ်ခြင်းတို့ မှ ကင်းဝေးလိုပါသလား 🤔🤔🤔

အိုကေ…ဒါဆိုရင် prevention is better than cure ဆို သလိုဘဲ။ဖြစ်မှ ရှင်းရမဲ့ပြသနာထက်၊ မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းဟာ ပိုလို Professional ဆန်စေပီး Cost အရလည်း compensation ထက်အများကြီး သက်သာစေပါတယ်။

ဒီလို ပြသနာတွေအတွက် အကောင်းဆုံးအဖြေကတော့ Lateral Pressure ကို ကာကွယ်ပေးပီး ဘေးပတ်ဝန်းကျင်းမပျက်စီအောင်ကာကွယ်နိုင်တာ Sheet Pile ပဲဖြစ်ပါတယ်။ Sheet တစ်ခုနဲ့တစ်ခုကို interlock ချိတ်ဆက်ပီး ကာကွယ်ထားတဲ့အတွက်၊ H-Beam ရိုက်ပီး ဆောင်ရွက်နေတဲ့ အခြေအနေများထက် prevention ပိုမိုမြင့်မားပါတယ်။

ယခုဖေါ်ပြပါ Project ကတော့ အထက်ဖော်ပြပါ အချက်တွေ နဲ့ အညီ တောင်ဥက္ကလာ၊ သုမင်္ဂလာလမ်း မှာ ဆောင်ရွက်နေတဲ့ Temporary Retaining Project ပဲဖြစ်ပါတယ်။

TK YOUR TRUSTED PARTNER IN GROUND ENGINEERING.

Please contact for more detail…..
📲 09 979 30 50 25
📲 09 951 60 31 83
📲 09 956 83 59 82

Photos from TK International's post 13/05/2023

Sheet Pile Extraction Work at Ahlone Pan Swal Taw Condominium Project.

(TK _your piling Specialist Contractor)

Photos from TK International's post 09/05/2023

TK International Co.,Ltd မှ Sheet Piling Work & Jack-In Piling Work များကို တာဝန်ယူ​ဆောင်ရွက်ပြီးစီးခဲ့​သော Mingalardon Industrial Park အတွင်းရှိ Honeys Garment Factory Project မှ ပုံရိပ်​လေး​တွေ ဖြစ်ပါတယ်ရှင့်။

Pile Foundation နဲ့ ERSS လုပ်ငန်းများအတွက် ဆွေးနွေး စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

📱 09 979 30 50 25
📱 09 951 60 31 83
📱 09 956 83 59 82

Your Trusted Partner In Ground Engineering!

Photos from TK International's post 07/04/2023

TK International Co.,Ltd မှ ……
Pile Design & Pile Foundation Service လုပ်ငန်း အား တာဝန်ယူ ဆောင်ရွက်‌ လျှက်ရှိ‌သော မြောက်ဒဂုံမြို့နယ်၊ ဘုရင့်နောင် လမ်းပေါ်ရှိ Thitsar Hospital Project လေးဖြစ်ပါတယ်ရှင့်။

TK-Your Piling Specialist Contractor for………

07/04/2023

Thingyan Holidays Announcement!

8th April ~ 17th April
Our office will be closed!
Our work will resume on 18th April..🤝🤝🤝

Photos from TK International's post 06/04/2023

Yangon Mandalay Railway Improvement Project
(Sheet Piling works for old track supporting)

-Your trusted Partner in Ground Engineering

Photos from TK International's post 02/04/2023

TK International Co.,Ltd မှတာဝန်ယူ​ဆောင်ရွက်​ပေး​နေ​သော လုပ်ငန်းများ

1. Pile Foundation Design
2. Sheet Piling Work
3. Jack-In Piling Work
4. Bored Piling Work
5. Supply & Rental of Sheet Pile Materials
6. Supply of RC Square Piles
7. Deep Excavation (ERSS)

Pilingနဲ့ပတ်သတ်ပြီး Serviceတစ်ခုချင်းစီအပြင်One Stop Serviceများလဲ စိတ်တိုင်းကျတာဝန်ယူ​ ဆောင်ရွက်​ပေး​လျက်ရှိပါသည်။

အသေးစိတ်သိရှိလိုပါ.....
Address -B-8,Room 105,Hantharwaddy Villa,6 ward,Hantharwaddy street,South Okkalapa Township,Yangon
📲 09-969060201,09-979305025 ကိုဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Your Trusted Partner in Ground Engineering!



(ERSS)

13/03/2023

📣📌📍Office Relocation Notice!
We are happy to announce that we have recently moved to a new office location.
Come and visit our new office.

03/03/2023

Edit : Position Closed

Job Title : Accountant
No of Vacant : 1 post
Location : Hantharwaddy Villa, Hantharwaddy St, Waizayandar Rd, South Okkalapa Tsp, Yangon. (near Coner of Waizayandar Rd & Thitsar Rd)
Employment Status : Flexible Working Hours
Salary : minimum 500,000/-
Off day : Half-Saturday, Sunday & Public Holidays

Job Description

1. Prepare and report to Managing Director - Quarterly/Monthly Budget Report, Account Receivable/Account Payable, Profit&Loss of project by project.

2. Ensure timely billing of invoices to Clients and follow up with Clients on collections.

3. Verify sub-contractors' invoices and ensure that they are approved by MD.

4. Manage Company's payroll, payments and key in/out for site expenses/cashbook.

5. Perparation & clearance for tax with Government Tax Office.

6. Must have accounting knowledge with 3 or 4 years.

7. Proficient in Microsoft Office Suite. (Especially in Excel)

8. Any ad-hoc related matters as assigned.

Please send CV to 09 951603183 (Viber or WhatsApp)

Photos from TK International's post 09/09/2022

It’s Not My Work. It’s My Passion.
When We Work Together With Other Great Minds, We Do Better & Achieve More.

(Yan Shin St, Yankin Township)

12/07/2022

🪷🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏🪷

ဒီနေ့ ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော် နေ့ကလေး ဖြစ်ပါတယ်။ ဒီ ဝါဆို လပြည့်နေ့ နေဝင်လထွက်ချိန်မှာ မြတ်စွာဘုရားဟာ ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ ပဥ္ဒဝဂ္ဂီ (၅)ပါးကို တရားဦးဟောကြားတော်မူခဲ့တာပါ။

ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက် (၈)ချက်ကတော့.……

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေ နေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိတော် ကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ “ဧဟိ ဘိက္ခု” ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း
စတဲ့အချက်တွေပဲ ဖြစ်ပါတယ်………

ဒီလို နေ့ကောင်းနေ့မြတ်လေးမှာ မိတ်ဆွေများလည်း ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေ မမေ့မလျော့ ပြုလုပ်နိုင်ဖို့ အကျိုးမျှော်လို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

Photos from TK International's post 27/05/2022

Yangon Mandalay Railway Improvement Project !!!

TK … The Most Trusted Piling Contractor !!!

Photos from TK International's post 27/05/2022

LINCOLN ELEVATOR SHOWROOM PROJECT.

(TK … Your Trusted Specialist Piling Contractor)

Photos from TK International's post 27/05/2022

(Earth Retaining Stability Structure)

ERSS နဲ့ပက်သက်တာလေးတွေကိုမသိသေးတဲ့ကလေးတွေအတွက် ကျွန်တော်သိသလောက်လေးရေးမှာဖြစ်လို့ သိ့ပီးသားသူတွေက ကျော်ချင်ကျော်သွားပါ ဖတ်ဖြစ် ခဲ့လို့ အမှားတွေတွေ့ခဲ့ရင်လည်း ကျေးဇူးပြုပီးအမှန်
ပြင်ပေးသွားကြပါခင်ဗျာ။စာတွေကဟိုရောက်
ဒီရောက်နဲ့အစီအစဉ်မကျဖြစ်နေရင်လည်း သီးခံပေးပါ ခင်ဗျာ။

မြေတူးခြင်းလုပ်ငန်းမစမီ ကိုယ်တူးဖို့လိုတဲ့အနက်၊ ပီးတော့ ဘယ်method ကိုသုံးပီးတူးမလဲ အရင်ဆုံး စဉ်းစားရပါတယ်။open cut excavation လား ERSS သုံးပီးတူးရမယ့် အနေအထားလားစတာတွေကို စဉ်းစားရပါတယ်။စင်ကာပူမှာတော့ အနက်1.5m အထိမြေတူးရင် shoring သုံးဖို့မလိုပေမယ့် ထိုအနက်ကျော်ပီးမြေတူးမယ်ဆိုရင်တော့ ERSS Design ကို BCA ကို submit လုပ်ပီး မြေတူးခွင့်ရဖို့ approval တင်ရပါတယ်။ERSS design ကို BCA ကို
submit လုပ်တဲ့အခါလိုအပ်ချက်တွေကတော့
အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

1.5mကနေ 4m အနက်ထိမြေတူးဖို့လိုတဲ့ design
အတွက်ဆို Qualified Person(QP)structure တစ်ယောက်က သူ့structure design ကိုလက်မှတ်ထိုးရုံနဲ့လုံလောက်ပါတယ်။
4m ကနေ 6m မြေတူးဖို့လိုမယ် ပီးတော့မြေတူးမယ့် နေရာက GBW(geotechnical building work) မဟုတ်ဘူးဆိုရင် ဥပမာ sewer pipe တွေ sump pit တွေအတွက် မြေတူးတာမျိုးဆိုရင် ERSS design မှာ QP(str) နဲ့ Accredited Checker(AC)နှစ်ဦးလက်မှတ်ထိုးဖို့လိုပါတယ်။
4m ကနေ 6mပီးတော့ 6m အထက် ထိမြေတူးဖို့လိုမယ် ပီးတော့မြေတူး မယ့်နေရာက GBW(excavation area 10 Sq Meterထက်ကျော်ရင် GBW အဖြစ်သတ်မှတ်တယ်လို့ ပြောပါတယ်) ဖြစ်ခဲ့မယ်ဆိုရင်တော့ ERSS design မှာ QP(str), AC,QP( Geo) နဲ့ AC(Geo) တို့ လေးဦး မှ တွက်ချက်စစ်ဆေး လက်မှတ်ထိုးပီး submitလုပ်မှ အောင်မြင်တဲ့ submission ဖြစ်ပါတယ်။

ERSS system ခြောက်မျိုးရှိပါတယ်…….
၁။ Sheet Pile Wall
၂။ Diaphragm Wall
၃။ Secant Pile Wall
၄။ Contiguous Bored Pile Wall
၅။ Reinforced Wall Anchor
၆။ Soldier Pile with Horizontal Timbering

အထက်ပါအမျိုးအစားတွေထဲကမှ ကိုယ့်site နဲ့ကိုက် မယ့် ကိုယ့်ရဲ့ excavation size၊မြေသားအနေအထား၊ground water(water table)၊
Overhead obstructions(မီးကြိုးတွေ၊သစ်ပင်တွေ)၊ ပတ်ဝန်းကျင်ကအဆောက်အဦအနေအထား စတာတွေ အပေါ်မူတည်ပီး
ERSS system ကိုရွေးချယ်ကြရပါတယ်။

ERSS မစမီ ပြင်ဆင်စရာရှိတာတွေကတော့ underground services detection၊ကိုယ့်ရဲ့လုပ်ငန်း ဆောင်ရွက်မှုတွေကြောင့် အနီးအနားက အဆောက် အဦတွေကို သက်ရောက်မယ့် လှုပ်ရှားမှုတွေကို စောင့်ကြည့်မယ့် monitoring instruments(eg-vibration meter,noise meter,crack meter,inclino meter,settlement marker,building settlement marker)များကိုdesigner ရဲ့တွက်ချက်ထားတဲ့ သတ်မှတ်အရေအတွက်အတိုင်း အနီးအနားက အဆောက်အဦတွေမှာ ခွင့်တောင်းပီးတပ်ဆင်ကာ နေ့စဉ်သို့မဟုတ်အပတ်စဉ် monitoring လုပ်ရပါတယ် ။ပီးတော့ preconstruction photo လို့ခေါ်တဲ့လုပ်ငန်းမစမီမှာ ရှိတဲ့အဆောက်အဦတွေရဲ့အခြေအနေကို ဓာတ်ပုံ မှတ်တမ်းယူပီး အဆောက်အဦပိုင်ရှင်ကိုတစ်စုံ ကိုယ်တစ်စုံ သိမ်းထားရပါတယ်။အဲ့ဒါမှသာ ကိုယ် လုပ်ငန်းစတဲ့အချိန် ကိုယ့်ကြောင့် အနီးအနားက အဆောက်အဦကိုဘာတွေသက်ရောက်မှုရှိနေတယ် ဘယ်လောက်သက်ရောက်မှုရှိနေတယ်ဆိုတာကို
သိရမှာဖြစ်ပါတယ်။

Deep excavationလုပ်တဲ့အခါမြေပြိုမှုကိုကာကွယ်ဖို့ နဲ့ မြေကြီးရဲ့ဘေးတိုက်တွန်းအားကိုတောင့်ခံကာကွယ်ဖို့ temporeary ERSS systemတွေကိုအသုံးပြု ကြတာပဲဖြစိပါတယ်။Temporary ERSS system တွေထဲမှာမှ sheet pile wallကိုအသုံးများကြပါတယ်။Sheet pile တွေဟာ အသင့်ထုတ်လုပ်ထားတဲ့ standard size metal pile များဖြစ်ပီး ပေါ့ပါးတယ်၊ အကြိမ်ကြိမ်ပြန်အသုံးပြုလို့ရတယ်။မြေပျော့ရော အတန်မာတဲ့မြေသားနေရာတွေမှာပါအသုံးပြုလို့ရတယ်။sheet pile တွေဟာတစ်ခုနဲ့တစ်ခု interlock ချိတ်ထားတာဖြစ်လို့ ရေစိမ့်ဝင်မှုကို အထိုက်အလျောက် ကာကွယ်ပေးတယ်။အနက် 15m-20m ရှိတဲ့မြေတူးခြင်းလုပ်ငန်း တွေအတွက်ထိအသုံးပြုလို့ရတယ်။ကုန်ကျစရိတ်သက်သာတယ်။construction အချိန်လည်းမြန်တဲ့အတွက်အသုံးများကြပါတယ်။

Sheet pile wall, ERSS systemမှာ sheet pile များ ဖိရိုက်သွင်းခြင်းနဲ့ sheet pile wall ကို steel structure နဲ့ structing လုပ်ခြင်းဆိုပီး အပိုင်းနှစ်ပိုင်း ရှိပါတယ်။sheet pile များကိုinstallation လုပ်တဲ့အခါ Hydraulic vi****or နဲ့ဖိသွင်းတဲ့နည်းရယ် Silent Piler ကို အသုံးပြုပီး hydraulic clamp နဲ့ push လုပ်သွင်းတဲ့(silent piling)ရယ်ဆိုပီး နှစ်မျိုးထပ်ကွဲပါတယ်။hydraulic vibro machine လို့ခေါ်တဲ့ vi****or တပ်ဆင်ထားတဲ့ excavator ကဲ့သို့သော machine နဲ့sheet pile တစ်ခုခြင်းကိုVibrator နဲ့ညှပ်ပီးတုန်ခါစေကာဖိနှိပ်သွင်းတဲ့နည်းကမြန်ဆန်ပေမယ့် vibro အသံကြောင့်ပတ်ဝန်းကျင်ကိုဆူညံစေသလို vibration လည်းများပါတယ် ။ထို့ကြောင့် အသံဆူညံလို့လည်းမရ vibration လည်းအရမ်းများလို့မရတဲ့နေရာတွေမှာ
Silent sheet piling system (Silent Piler) ကိုသုံးရပါတယ်။excavation လုပ်မယ့်နေရာရဲ့ပတ်လည်လုံးကို sheet pile များတစ်ခုချင်းစီအစဉ်တိုင်းချိတ်ပီး install လုပ်ပီးသွားတာနဲ့ structure structing များကို ဒီဇိုင်းအတိုင်းတသွေမတိမ်းလိုက်နာပီး တပ်ဆင်ရပါတယ်။structing လုပ်ငန်းလုပ်နေတဲ့ အချိန်မှာ structural members,walers တွေ strut တွေ splay တွေwelding connection တွေ နေရာ
တွေကို RTO /RE တွေကိုစစ်ဆေးမှုပြုစေရပါတယ်။

စစ်ဆေးမှုမှတ်တမ်းယူရပါတယ်။စစ်ဆေးမှုအားလုံး အဆင်ပြေပီး အဆင်သင့်ဖြစ်တာရင် struct တွေ splay တွေမှာ strain gauge တွေstruct တွေကိုသက်ရောက်လာမယ့်မြေကြီးရဲ့တွန်းအားကိုအာရုံခံမယ့် load sensor တွေကိုတပ်ဆင်ရပါတယ်။ပီးရင်တော့ မြေတူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ပါပီ။

Special Thank To …..
#ကိုအောင်ဖြိုးဝေ။

Photos from TK International's post 23/08/2021

Sheet Pile Extraction 100% Work Done ✅
Total Points : 4++
Depth : 14m & 18m



💪💪💪

Photos from TK International's post 13/08/2021

Gyaing - Zathapyin Bridges memo 📝
with Our respected Japanese 🇯🇵 Client !!!

19/07/2021

Today is Martyrs’ Day !!!

အာ ဇာ နည် နေ့ ဒို့ မ မေ့…..
ဗိုလ် ချုပ် အောင် ဆန်း နှင့် တစ် ကွ ကျ ဆုံး လေ ပီး သော အာ ဇာ နည် ခေါင်း ဆောင် ကြီး များ အား အ လေး ပြု ဦး ညွှတ် ရ ပါ တယ် 😓

Telephone

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 12:00