သီတာဌေးရွှေဆိုင် မြစ်ကျိုး

သီတာဌေးရွှေဆိုင် မြစ်ကျိုး

ရွှေရည်ပြည့်မှန်ပြီးဒီဇိုင်းဆန်းတ?

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 30/07/2023

ရွှေဝတ်ရင်တောဆန်တယ်ပြောတဲ့ခေတ်ကကုန်သွားပြီနော် 😍

04/05/2023

နာမည်မှာဘာစာလုံးပါပါ ကျွန်မတို့ဆိုင်မှာစျေးလာ၀ယ်ပါ 😁 ၀ယ်တိုင်းစိတ်တိုင်းကျပြီးစိတ်ချမ်းသာစေရမယ်နော် ❤️

17/04/2023

သီတာဌေးရွှေဆိုင်ကိုအစဥ်အမြဲအားပေးကြသောကျေးဇူးရှင်Customerများနှင့်တကွကမ္ဘာသူကမ္ဘာသားအားလုံး မြန်မာ့နှစ်သစ်ကူးအချိန်အခါ နှစ်ဆန်း၁ရက်မှတစ်နှစ်ပတ်လုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီး စီးပွားဥစ္စာများဆထက်တပိုးတိုးတက်ပြီး ရတနာပစ္စည်းများလည်းများစွာစုဆောင်းနိုင်ကြပါစေလို့ သီတာဌေးရွှေဆိုင်မိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် 😊

17/09/2022

🏆တန်ဖိုးထားရတဲ့ရွှေ

ရွှေ ဟာ လူတိုင်းနဲ့ ဆိုင်သလို၊ လူတိုင်းလည်း စိတ်ဝင်စားကြပါတယ်။

Safe-Haven Asset ကပ်ကျော်ပစ္စည်းဖြစ်တယ်၊

Inflation ငွေကြေးဖောင်းပွမှုကိုခံနိုင်တယ်၊

နောက် Traditional Value တွေအရလည်း ရွှေ ဆိုတာ တန်ဖိုးရှိပြန်ပါတယ်။

ရွှေဟာဘာကြောင့်အမြဲတန်ဖိုးရှိနေတာလဲ?

ယခင်က လူတစ်ချို့က ရွှေကို တန်ဖိုးမရှိတဲ့ပစ္စည်းရိုင်းတစ်ခုလိုမျိုး သတ်မှတ်ကြပါတယ်။ ရွှေဟာ ငွေဖြစ်လာမယ့် အရည် အသွေးမျိုးမရှိဘူးဆိုတဲ့ အမြင်တွေကြောင့်လည်း ငြင်းခုံမှုတွေရှိခဲ့ပါတယ်။

ဆန့်ကျင်ဘက်ခေတ်သစ်စီးပွားရေးသမားတွေကတော့ ရွှေဆိုတာ ငွေစက္ကူအဖြစ် ရွေးချယ်နိုင်တဲ့ တစ်ခုတည်းသော လက်ဝတ်ရတနာပစ္စည်းဆိုပြီး သတ်မှတ်ကြပါတယ်။ ရွှေဝယ်တယ်ဆိုတာဟာ လုံလောက်တဲ့ အကြောင်းပြချက်တစ်ခုဖြစ်သလို အကြောင်းပြချက်အားလုံးထဲမှာလည်း တန်ဖိုးအရှိဆုံးလို့ မှတ်ယူကြပါတယ်။

လက်ဝတ်ရတနာပစ္စည်းဆိုတာဟာ အလှဆင်ဝတ်ဖို့အတွက်ဘဲဖြစ်ဖြစ်၊ စုဆောင်းဖို့အတွက်ပဲဖြစ်ဖြစ် အသုံးဝင်သလို တစ် ချိန်ချိန်မှာ ငွေကြေးအဖြစ် ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ ရွှေမှာ ခိုင်မာတဲ့အရည်အသွေးရှိသလို ရင်းနှီးမြှုပ်နှံရမယ့်အချိန်မှာလည်း ယုံယုံကြည်ကြည်နဲ့ ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်တဲ့ ပစ္စည်းတစ်ခုပါ။

ရွှေဟာငွေကဲ့သို့သော သိသာထင်ရှားစေတဲ့ တန်ဖိုးတစ်ခုရှိပြီး ရွှေဝယ်လိုက်လို့၊ ရွှေစုဆောင်းလိုက်လို့ ငွေလျော့သွားတယ်ဆိုတဲ့စိတ်ခံစားမှုမျိုးကို ကျွန်တော်တို့တွေ မခံစားမိနိုင် အောင် ရွှေဟာ တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာပစ္စည်တစ်ခု ဖြစ်နေပါတယ်။

ိုးဘေးဘီဘင်လက်ထက်ကတည်းက ယုတ္တိအရှိဆုံးရွေးချယ်မှုဟာ ရွှေဆိုတဲ့ သတ္ထုပစ္စည်းတစ်ခုပါ။ ရွှေဟာ တဖြည်းဖြည်းလည်း ပျက်စီးလာတတ်တဲ့အမျိုးမဟုတ်သလို ပုတ်သိုးသွားတတ်တဲ့ပစ္စည်းလည်းမဟုတ်တာကြောင့် ဆင်မြန်းဖို့ရန် စုဆောင်းဖို့ရန် အင်မတန်မှသင့်တော်တဲ့ လက်ဝတ်ရတနာပစ္စည်းပါ။

ရွှေအကြောင်း ဖယောင်းသက်သေ'' ဆိုသလိုပဲ ရွှေဟာအခြားဒြပ်စင်တွေနဲ့မတူဘဲ နူးညံ့သိမ်မွေ့ပြီး လှပတဲ့အရောင် ကို နက်နဲစွာပိုင်ဆိုင်ထားတဲ့ သတ္ထုတစ်မျိုးပါ။ ဒါကြောင့် တစ်ချို့သူတွေက ကိုယ့်ရဲ့အသားအရောင်ကို ရွှေအဆင်းလို ဝင်းဝါတယ်ဆိုတာမျိုး တင်စားပြောလာတဲ့အခါမှာလည်း ကျွန်တော်တို့တွေက ကျေနပ်နေကြတာပဲလေ။

အကယ်၍များ ကျွန်တော်တို့အနေနဲ့ ငွေကြေးအခက်အခဲတွေ ကြုံတွေ့လာရတဲ့အခါမှာ ရွှေဟာ ငွေအဖြစ်ပြောင်းလဲ နိုင်ဖို့အတွက် အကောင်းဆုံးသောပစ္စည်းတစ်ခု ဖြစ်နေပြန်ပါ တယ်။

ဒါကြောင့်လည်း လူကြီးတွေက ရွှေစုပါ၊ ရွှေစုပါဆိုပြီး ပြောကြတာပေါ့။💰💰🔑

Credit..

31/08/2022

ကားဈေး သိန်း ၁၀၀ နဲ့ဝယ်ထားသူက သိန်း ၁၅၀ ဖြစ်နေတဲ့အချိန်မှာ အရင်ဝယ်ခဲ့တဲ့ သိန်း ၁၀၀ နဲ့ပြန်ရောင်းမလား

ရွှေ ၁၀ သိန်းဈေးနဲ့ ဝယ်ထားသူက ရွှေဈေး သိန်း ၂၀ ဖြစ်ချိန်မှာ ၁၀ သိန်းဈေးနဲ့‌ပြန်ရောင်းမလား

ရွှေဈေးတက်လို့ဆိုပြီးပျော်မနေနဲ့ အရင်က ရွှေတစ်ကျပ်သား ဆိုင်ကယ်တစ်စီးဆို အခုလည်း ရွှေတစ်ကျပ်သား ဆိုင်ကယ် တစ်စီးပဲ

အဓိကဆိုလိုချင်ဝာာက ဈေးတက်တာမဟုတ်ပါဘူး

ငွေကြေးတန်ဖိုးကျတာပါ ငွေကြေးတန်ဖိုးကကျပြီး ပစ္စည်းတန်ဖိုး‌ေတွက တက်တာပါ၊

အချိုရည် တစ်ဗူး ၇၀၀ နဲ့ ဗူး ၁၀၀ ဝယ်ထားတယ်
စုစုပေါင်းငွေ ရင်းငွေ ၇သောင်း
၈၀၀ ရောင်းတယ်၊ ပြန်ရငွေ ၈သောင်း ၊ တစ်သောင်းမြတ်တယ်မလား၊ ပစ္စည်းတန်ဖိုး မတက်မချင်း မြတ်ပါတယ်၊

အဲ့အချိုရည်ပဲ ကိုယ်ပြန်ဝယ်တော့ တစ်ဗူး ၉၀၀ ၊ ကိုယ်ရင်းထားတဲ့ ငွေ ၇ သောင်း နဲ့ မြတ်ငွေ ၁ သောင်း ပေါင်း ငွေ ၈သောင်း နဲ့ ဗူး ၁၀၀ မရတော့ပါဘူး

ဒါတောင် သယ်ယူစရိတ် ရေခဲသေတ္တာမောင်းတဲ့ မီတာခပါ ရှုံးပါတယ်။

အဲ့ဒိအတိုင်းဆက်လည်ပတ်နေရင် ပြန်မရင်းနိုင်တော့ပဲ ဆိုင်ပြုတ်သွားပါမယ်။

လူအများနားလည်သင့်တာက ဈေးတက်တယ်ဆိုတာ ပစ္စည်းတန်ဖိုးက တက်တာပါ။

အမြတ်ငွေတက်တာမဟုတ်ပါ

ဈေးကျလို့

လူအများသုံးနိုင်လေ အမြတ်များလေပါ

ကုန်ဈေးနှုန်းတက်တဲ့အခါ အရင်းများလာပြီး အမြတ်နည်းလာပါတယ်

ဈေးတက်လို့ ပျော်တဲ့ အထဲမှာ ဈေးရောင်းသူတွေလည်း မပါပါဘူးဗျာ။

Credit - Kaung Myat Linn

16/08/2022

နဝရတ်( ၉ )ပါးအကြောင်းသိကောင်းစရာများ
💎 💎 💎 💎 💎 💎 💎 💎 💎 💎 💎 💎 💎

(၁) ပတ္တမြား ~ ဘုန်းကံကြီးခြင်း

(၂) မြ ~ အေးချမ်းမှုရှိခြင်း

(၃) စိန် ~ ဂုဏ်ပညာမြင့်မားခြင်း

(၄) နီလာ ~ မေတ္တာစွမ်းအားကောင်းခြင်း

(၅) ဂေါ်မိတ် ~ ခွန်အားကြီးခြင်း

(၆) ဥဿဖရား ~ ကျန်းမာရွှင်လန်းခြင်း

(၇) သန္တာ ~ အမြင့်သို့ တက်လှမ်းလွယ်ခြင်း

(၈) ကြောင် ~ ချစ်ခင်သူများခြင်း

(၉) ပုလဲ ~ ကျက်သရေမင်္ဂလာပြည့်စုံခြင်း

ထိုနဝရတ်(၉)ပါး၏အစွမ်းသတ္တိများအကြောင်းကို
အောက်ပါကဲ့သို့ကဗျာအဖြစ် သီကုံးဖွဲ့ဆိုထားပါသည်။

" ပတ္တမြား ဘုန်းတောက်

မြကျောက် အေးချမ်း

စိန်စွမ်း ဂုဏ်ရောင်

ကြောင်ကား သိဒ္ဓိ

မဏိ နီလာ မေတ္တာလွန်စိတ်

ဂေါ်မိတ် စွမ်းအား

ဥဿဖရား ကျန်းမာ

သန္တာ ကြီးကဲ

ပုလဲ ကျက်သရေ"

မူရင်း​ရေးသားသူအား လေးစားစွာCreditပေးပါတယ်။

06/08/2022

ကဲ အဲ့လိုတွေမဖြစ်ရလေအောင် ဘယ်တော့မှအရှုံးဆိုတာမရှိတဲ့ရွှေရည်ပြည့် ဒီဇိုင်းဆန်းတွေကို ကျွန်မတို့ဆိုင်မှာအမြန်လာ၀ယ်ကြပါ 😁

05/08/2022

2021က အခေါက်တုံးရွှေ စျေး 11သိန်းကျော်

ဝယ်ထားတဲ့သူတွေ

အခုချိန်မှာ ထက်ဝက် မက မြတ်နေပါပြီ

မြင်သာအောင်ပြောရမယ်ဆိုရင်

သိန်းတစ်သောင်း တစ်ထောင်ဖိုး ဝယ်ထားတဲ့ သူဌေးများ

သိန်းနှစ်သောင်းကျော် ပိုင်သွားပြီဆိုတဲ့ သဘောပါပဲ

ဒါကြောင့် ရွှေမှာရင်နှီးမြုပ်နှံသင့်ပါတယ်

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 03/07/2022

customer order 😍
penthouse ကြိုးပုံဆန်းလေး
ဒါလေးက၂ကျပ်ကျော်လေးပါ ကိုယ်လိုချင်တဲ့ရွှေချိန်နဲ့အပ်လဲရပါတယ်
ဘာပဲလိုလိုကိုယ့်ဆိုင်ကပဲအမြဲအားပေးတဲ့မမကိုလဲကျေးဇူးအများကြီးတင်ပါတယ်ရှင် ☺

14/05/2022

“ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာ
များနှင့် မင်းကွန်းဆရာတော်ဘုရားကြီး၏
အောင်ပဏာမနှင့် အောင်ဆုတောင်း”

“ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာများ”

(၁)။
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်၊
နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍-

❦ ဗျာဒိတ်ခံယူသောနေ့ ဖြစ်ခြင်း၊
❦ ဖွားမြင်တော်မူသောနေ့ ဖြစ်ခြင်း၊
❦ ဘုရားဖြစ်တော်မူသောနေ့ ဖြစ်ခြင်း၊
❦ ပရိနိဗ္ဗာန်စံတော်မူသောနေ့ ဖြစ်ခြင်း၊

ဤထူးခြားချက် ၄ မျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။

ဤကဲ့သို့ ထူးခြားချက် ၄ မျိုးနှင့် ပြည့်စုံသောကြောင့်
ဤနေ့ကို “ကဆုန်လပြည့် ဗုဒ္ဓနေ့”ဟု
အမွှမ်းတင် ခေါ်ဆိုကြပါသည်။

(၂)။
ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို
အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို “ကဆုန်လပြည့် မာရ်အောင်နေ့”အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍ နေကြပါသည်။

(၃)။
ဝိသာခါနက္ခတ်နှင့် ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို “ဝိဆခ်ဒေး”ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

(၄)။
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော
နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို
ရေသွန်းလောင်းလေ့ ရှိကြပါသည်။

(၅)။ ဗောဓိပင်သည် သဗ္ဗုညုတ ဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော်
၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

(၆)။
မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

(၇)။
“အသနဗောဓိယမထေရ်”၏ အလောင်းသည်
တိဿဘုရားရှင်၏ ဗောဓိပင်ကို
စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့်
-နတ်ပြည်၌ဖြစ်ရခြင်း၊
-စကြာမင်းဖြစ်ရခြင်း၊
-အပါယ်ဘေးမှ လွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

(၈)။
“ဂန္ဓောဒကတိဿမထေရ်” ၏ အလောင်းသည်
ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့်
-နတ်ပြည်၌ဖြစ်ရခြင်း၊
-အနာရောဂါမရှိခြင်း၊
-သောကကင်းဝေးခြင်း
စသော အကျိုးများကို ခံစားရပါသည်။

(၉)။
အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်။

-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ
(မာဂဓီ-သာစည်) ဆရာတော်ဘုရားကြီး၏
“အခါတော်နေ့များမှ”-

*************************************************

“မင်းကွန်း ဆရာတော်ကြီး၏
အောင်ပဏာမ နှင့် အောင်ဆုတောင်း”
••••••••••••••••••••••

“ဇယော ယံ စက္ကပါဒဿ၊
နမော တေ ပုရိသုတ္တမ။
ဇယံ နော တွံ ပဂ္ဂဏှဿု၊
ယာဝ နိဗ္ဗာန ပတ္တိယာ။”

● ပုရိသုတ်တမ
= ဗောဓိဆုကြီး၊ ရွယ်တိုင်းပြီးအောင်၊
ရှာမှီးပြုလုပ်၊ ကြိုးအားထုတ်၍၊
ပုရိသုတ္တမ၊ နာမထင်ရှား၊ ရှင်တော်မြတ်ဘုရား။

● အယံ
= အကနိဋ္ဌ၊ မိုးမှဗြဟ္မာ၊ အရိယာတို့၊
မင်္ဂလာသျှန္တီ၊ အောင်ခွန်းချီသည့်
ဤအခါကာလ၊ ဤသမယသညကွား။

● စက်ကပါဒဿ၊
= ငါးပါးမာရ်ညွန့်၊ ရန်အဝှန့်ကို၊ မရွံ့မထိတ်၊
ခြင်္သေ့စိတ်ဖြင့်၊ နင်းနှိပ် အံ့ငှာ၊ အသင့်ပါသား၊
တစ်ရာ့ရှစ်ကွက်၊ ပြိုးပြိုးပြက်သည့် စက်တော်ခွေရုံ၊
ခြေတော်အစုံ ရှိတော်မူသော။

● တေ = ရှင်တော်ဘုရား၏၊

● ဇယော
= ဇာတိခေတ်ပေါင်း၊ တိုက်တစ်သောင်းဝယ်၊ ရိုက်ညောင်းခြိမ့်ညံ၊ အောင်ပွဲခံသော၊ အခါပါဘုရား။

● နမော
= ငါးပါးမာရ်ဟုန်၊ အောင်မြင်ပုံကို၊
အာရုံရှေ့သွား၊ အဦးထား၍၊
ဝပ်တွားရိုကျိုး၊ ရှိခိုးကန်တော့ပါ၏ ဘုရား။

● တွံ= ရှင်တော်ဘုရားသည်၊

● နော
= ကဆုန်လပြည့်၊ ဗုဒ္ဓနေ့၌ ချမ်းမြေ့ပူဇာ၊
မင်္ဂလာကို၊ သဒ္ဓါရှေ့ပြေးပြုအံ့ရေးဖြင့်၊ စည်းဝေညီမူ၊
ရှိကြပါကုန်သော၊ တပည့်တော်တို့အား။

● ယာဝ နိဗ္ဗာန ပတ္တိယာ
= နိဗ္ဗာန်ဟူသည်၊ ဘေးမဲ့ပြည်သို့၊ ကိုယ်စီကိုယ်င
ရောက်ဆိုက်ကြသည့်၊ ကာလတိုင်အောင်။

● ဇယံ
= ဘေးဒဏ်ရန်စွယ်၊ အန္တရာယ်ကို လှန်ပယ်နှင်မောင်း၊ အောင်မြင်ကြောင်းဟု တောင်းသမျှအောင်ဆု၊ အစုစုကို။

● ပဂဂြဏှဿု
=ရွတ်တိုင်းပြီးမြောက်၊ ခရီးပေါက်အောင်၊
ချီးမြှောက်သောအား၊ ပေးသနားတော်မူပါအရှင်ဘုရား။

-【တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်း
ဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသ ရေးသား ပူဇော်တော်မူသော ဂါထာဖြစ်ပါသည်။

မူရင်းရေးသားပူဇော်သူကိုလေးစားလျက်ပါ။

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 27/02/2022

ဒီလို ဒီလိုချစ်စရာကောင်းတဲ့ဒီဇိုင်းလေးတွေလဲအသစ်ထွက်ထားပါတယ်ရှင် စျေးနှုန်းလေးက၂သိန်း၀န်းကျင်ပါပဲနော် 😍
ဝယ်ယူအားပေးကြသောကျေးဇူးရှင်customersများအားလုံးစီးပွားဥစ္စာများဒီရေအလားတိုးပွားပါစေကြာင်းဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင် 🙏

25/02/2022

♥️မိမိတို့ရဲ့ လက်၀တ်ရတနာပစ္စည်းများကို စနစ်တကျ ထိန်းသိမ်း နည်းအကြောင်းကို အချက် ( ၃ )ချက်ဖြင့် အကြံပြုလိုပါတယ်

🟥၁-ရတနာများမဝတ်သင့်ချိန်

လက်၀တ်ရတနာများကို ချက်ပြုတ်ရေးကိစ္စများ ဆောင်ရွက်ချိန်၊ ကိုယ်လက်လူပ်ရှားအားကစားနဲ့ လူပ်ရှားမူ့များပြုလုပ်ချိန်၊ သစ်ပင်ပန်းမန် ပန်းအလှစိုက်ခြင်းများ ဆောင်ရွက်နေချိန် အထိခိုက်အပွန်းပဲ့ရှိနိုင်တဲ့ ကိစ္စတွေလုပ်တဲ့ချိန် စသည့်အချိန်များတွင် ၀တ်ဆင်ထားခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်

အထူးသဖြင့် မာဆငိ့နိမ့်တဲ့ကျောက်တွေနဲ့ ပယင်း opal ပုလဲ မြစတဲ့ ရတနာများကဲ့သို့ လက်၀တ်ရတနာ များသည် Cosmetic အသုံးအဆောင်များ ၊ အပြင်းစား အိမ်တွင်းသုံး ၊ စက်မူသုံးဓါတု ဆေးရည်များ နှင့် အခြားဓါတ်ပြုနိုင်သော အပြင်းစားအရည်အငွေ့များ ဖြင့်ထိတွေ့ ခြင်းမှ အထူး ရှောင်ကျဉ်ရန်လိုအပ်ပါတယ်။တချို့သော lotion တွေ cream နဲ့ရေမွှေးတချို့ကလည်း ပျက်စီးနိုင်စေလို့ သတိပြုရှောင်ကြည်ရပါမယ် ကလိုရင်းပါတဲ့ရေချိုးကန်မှာရေကူးခြင်းတွေမှာလည်းရှောင်ကျဉ်သင့်ပါတယ်

🟥၂-ရတနာများကိုသိမ်းဆည်းပုံ

လက်၀တ်ရတနာများကိုသိမ်းဆည်းထားလိုသည့်အခါ ခြောက်သွေ့သန့်ရှင်းတဲ့နေရာတွေမှာ အခြားပစ္စည်းများနှင့် မရောယှက်ပဲ သီးသန့်စီထားရန် ၊ ပွတ်တိုက်ခြင်းမျိူးမရှိအောင် သီးခြားစီခွဲ၍ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်
လက်၀တ်ရတနာများကို အရွယ်အစားသေးငယ်သော ဗူးထဲသို့ အတင်းဖိမထည့်ဖို့ နှင့်သက်ဆိုင်ရာရတနာများအလိုက်သီးသန့် အိတ် (သို့) ရတနာဗူးများ (သို့) ပစ္စည်းဗူးထဲရှိအကန့်များ တွင်သီးခြားစီ သိမ်းဆည်းထား သင့်သည်။
မာဆင့်နိမ်ကျောက်များနဲ့ ပယင်းပုလဲ မြ လက်၀တ်ရတနာများကို ဓါတုဗေဒပစ္စည်းများအနီးတွင် ထားမိခြင်းကို အထူးရှောင်ရှားရမည်ဖြစ်သည်။
ကျောက်မျက်လေးတွေက အပူအအေးမမျှတခြင်းမှာ ပျက်စီးနိုင်တာမို့ အလွန်ပူပြင်းသောနေရာ (သို့) အပူချိန်မြင့်မားလွန်းသော နေရာများတွင် ထားရှိခြင်းကိုမပြုလုပ်မိရန်လည်းဂရုပြုသင့်သည်။

🟥၃-လက်ဝတ်ရတနာများကြည့်ရူစစ်ဆေးခြင်း

မိမိ၏တန်ဖိုးကြီး လက်၀တ်ရတနာများနှင့် နေ့စဉ်သုံး လက်၀တ်ရတနာများကို ဝတ်ဆင်ပီးတဲ့ခါတိုင်း သေချာ tissue အဝတ်နုများနဲ့ သန့်စင်ခြင်း စိန်ကျောက်ဆေးရည် ဆပ်ပြာအနုစားနဲ့ဆေးကြောပီးသိမ်းဆည်းသင့်ပါတယ် ထိုအပြင်အခါအားလျော်စွာကျွမ်းကျင်သည့် ကျောက်မျက်စစ်ဆေးသူ (သို့) ပန်ထိမ်များတွင် ကျောက်စွန်ကုပ်များ၏ ခိုင်ခံမူ စစ်ဆေးခြင်းဖြင့် တန်ဖိုးကြီး စိန်၊ ကျောက်ပြုတ်ခြင်းမှ ကာကွယ်သင့်ပါသည်။
နောက်ဆုံးအနေဖြင့် မိမိလက်၀တ်ရတနာများအား အမြဲတမ်း သန့်ရှင်းလှပ တောက်ပြောင်မူရှိနေစေရန် ၆လ တနှစ်တန်သည် အရောင်တင်ခြင်းများ ပြုလုပ်ပေးခြင်းဖြင့် တာရှည်ခံသော လက်၀တ်ရတနာများအဖြစ် အစဉ်မြဲထိန်းသိမ်းနိုင်ကြပါစေ

Credit : Min Thu

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 18/02/2022

ကိုယ့်ရဲ့မွေးနံကိုအဆောင်သဘောမျိုးလေးဆွဲချင်သူတွေအတွက် ၁သိန်းမကျော်တဲ့စျေးနှုန်းနဲ့နေ့နံဆွဲပြားလေးတွေအသစ်ထွက်ထားပါတယ်ရှင်
ရွှေဝယ်မယ်ဆိုအချိန်မရွေးပြန်ရောင်း ပြန်လဲလို့ရတဲ့ ရွှေရည်အာမခံချက်အပြည့်ရှိတဲ့သီတာဌေးကိုသတိရပေးပါနော် ❤️

14/02/2022

အချို.တွေကျ မာလာရှမ်းကော တစ်သောင်းကျော်တန်ကို စားနိုင်ပေမဲ့ ရွှေတစ်ရွေးကို မဝယ်နိုင်ကြပါဘူး။

ဘာလို.လဲဆိုတော့ တစ်လ တစ်သိန်း စုနိုင်တဲ့သူက
တစ်မတ်သားမှ ရွှေထင်တယ်။ တစ်လငါးသိန်းစုနိုင်တဲ့သူက တစ်ကျပ်သားမှ ရွှေထင်တယ်။ တစ်လ ၁၅သိန်း
စုနိုင်တဲ့သူက တစ်ဆယ်သားမှ ရွှေလို. ထင်ကြလို.ပါ။

မှတ်မှတ်ရရ တစ်လ ဆယ်သိန်းကျော် ဝင်တဲ့ အမက မေသော်ရယ် အမက ဘယ်လိုလုပ် ရွှေစုနိုင်ပါ့မလဲတဲ့။

ဒါပေမဲ့ တစ်လမှ တစ်သိန်းခြောက်သောင်းပဲ ဝင်တဲ့ ညီမလေးက အမရေ ညီမ တစ်လ ၅သောင်းဖိုး ရွှေအမြဲစုဖြစ်တယ်တဲ့။ သူစုနေတာ ငါးနှစ်ရှိပြီ။

တကယ်တမ်းကျ စုဖြစ်အောင်စုမယ်ဆိုတဲ့ စိတ်ပဲ လိုတာပါ။
ပြီးတော့ တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန်လို. မြင်ကြသလို တစ်ရွေးလည်းရွှေ တစ်ပိုင်းလည်းရွှေပါလားလို. မြင်နိုင်ကြပါစေရှင်။

ဒီကာလမှာ Inflation ဒဏ်ခံနိုင်တဲ့ ရွှေကို စုသင့်ကြောင်း recommend လုပ်ပါတယ်ရှင်။

Crd

အခေါက်ရွှေ1ရွေးခန့်မှန်းတန်ဖိုး 15000ကျပ်

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 14/02/2022

Happy Valentine's day ❤️
၂သိန်း၀န်းကျင်နဲ့ဒီလိုဒီဇိုင်းမိမိုက်နေတာလေးတွေဝတ်ချင်ရင် သီတာဌေးရွှေဆိုင် မြစ်ကျိုး ကိုအပြေးလေးလှမ်းလာခဲ့လိုက်ပါနော် 😍
အဝေးရောက်နေသူတွေကိုယ့်ချစ်သူလေးကို👩 ကိုယ့်မိသားစုဝင်တွေကို💑လက်ဆောင်ပို့ပေးချင်တယ်ဆိုရင်လဲ ငွေလွှဲနဲ့လက်ခံပေးပြီးအဆင်ပြေအောင်ဆောင်ရွက်ပေးနေပါပြီရှင် 🙏
ရွှေဝယ်မယ်ဆို ရွှေရည်ပြည့်မှန် အာမခံချက်အပြည့်ရှိပြီး အချိန်မရွေးအရောင်းအလဲလုပ်လို့ရတဲ့ သီတာဌေးကိုသတိရပေးပါရှင် 😍

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 13/02/2022

"နဝရတ်ကိုးသွယ်လှမျိုးချယ်" ဆိုတဲ့အတိုင်း ဘုန်းကံမြင့်မားစေသော နဝရတ်ကိုးသွယ်လက်စွပ်
နဝရတ်ကိုးပါး မှ အလယ် " ပတ္တမြား " အစွမ်း
-------------------------------
နဝရတ်ကိုးသွယ် လက်စွပ်တွေ မှာ မထားမဖြစ် အလယ်ဗဟိုမှာ အနီရောင် ပတ္တမြား ကို အစီအရင်
အရ ထား ကို ထားရပါတယ် ။
ပတ္တမြားဆိုတာ လိုအင်ဆန္ဒ ပြည့်ဝစေတယ်။
စည်းမျဥ်းနှင့်အညီ လုပ်ဆောင်ထားတဲ့ နဝရတ်ကိုးသွယ်လက်စွပ်ကို ဝတ်ဆင်ထားရင် ဆွဲဆောင်မှုပီယနဲ့ ပြည့်စုံပြီး ဘေးအန္တရာယ်က ကာကွယ်တတ်တယ် ဆိုပါတယ်။
ပတ္တမြား လက်စွပ်ကို ဝတ်ရင် တစ်ခြားလက်ချောင်းတွေ မှာ မဝတ်ဘဲ လက်သူကြွယ် မှာ ဝတ်ဆင်ပါ ။
ဒီလိုအဖိုးတန်လက်ဆောင်လေးကို ကိုယ့်ရဲ့အိမ်ဦးနတ်ကိုဖြစ်ဖြစ်👦 မွေးဖခင်ကိုပဲဖြစ်ဖြစ်👴လက်ဆောင်ပေးချင်တယ်ဆိုရင် သီတာဌေးရွှေဆိုင် မြစ်ကျိုး မှာအားပေးလို့ရပါပြီရှင် 🙏

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 13/02/2022

၃၅၀၀၀၀ ဝန်းကျင်နဲ့ရမဲ့ ပွဲတိုးထည်ဝါသောလက်စွပ်ဒီဇိုင်းဆန်းလေး
မြစ်ကျိုးကသီတာဌေးရွှေဆိုင်မှာအားပေးလို့ရပါပြီရှင် 🥰
အခုလိုပွဲလမ်းသဘင်တွေများတဲ့ရာသီမှာဒီလိုလက်စွပ်လေးတစ်ကွင်းလောက်တော့ရှိထားသင့်တယ်လေနော် 😉
လိပ်စာ - မြစ်ကျိုးမဂ်လာစျေးအတွင်း
ph -09796975168

28/01/2022

😆

24/01/2022

ယူကိူယူရမဲ့၂သိန်း၀န်းကျင်နဲ့တင်လှပထည်၀ါနေသော၁၅ပဲရည်ပြည့်နောက်ထိုးကလစ်လေးတွေနော်🤭 ယူကိုယူပါနော် ကိုယ့်အစ်မတွေ ညီမတွေလက်ထဲကိုအလှတရားတွေ ဟောသလို ဟောသလိုထည့်ပေးနေတာပါ 😌
လိပ်စာ - မြစ်ကျိုးမဂ်လာစျေးအတွင်း

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 14/01/2022

တစ်ကွင်းလောက်ဝယ်ထားရုံနဲ့ခန့်ညားသွားစေမဲ့ကျောက်လက်စွပ်ဒီဇိုင်းထည်ထည်လေးတွေပြပေးပါလို့​အမေးများလို့တင်ပေးလိုက်ပါပြီနော် 😊( စျေးနှုန်း ၄သိန်း-၅သိန်း၀န်းကျင် )
လိပ်စာ - သီတာဌေးရွှေဆိုင် စျေးအတွင်း မြစ်ကျိုး 🙏

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 26/12/2021

ဘယ်လောက်၀တ်၀တ်ရိုးမသွားတဲ့ထဲမှာသံကြိုးလေးတွေကထိပ်ဆုံးကပါတယ်နော်👍 ရောင်းအားအကောင်းဆုံး လူကြိုက်အများဆုံး ၅မူးသားသံကြိုးလေးတွေပါ 😊 စျေးနှုန်းလေးတွေပါရေးပေးထားလို့တစ်ပုံချင်းကြည့်ပေးပါဦးရှင် 😍
လိပ်စာ - သီတာဌေးရွှေဆိုင် မဂ်လာစျေးအတွင်း မြစ်ကျိုး
ph - 09796975168/09786569088

26/12/2021

စီးပွားတူတိုင်းရန်သူမဟုတ်ပါ..
စီးပွားတူတွေများလေ
Creative ပိုဖြစ်လေပါ
ပင်လယ်ရေသောက်မကုန်ပါဘူး။
တဦးတည်း monopoly စနစ်က
ကျန်ခဲ့တာကြာပါပြီ
သူများလုပ်တဲ့အလုပ်မလို့
မလုပ်ချင်ဘူးမစဉ်းစားပါနဲ့။
ဒါဆိုဘာမှကို လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။
ကိုယ့်အတွေးနဲ့ ကိုယ် ၊
ကိုယ်မိတ်နဲ့ ကိုယ် ၊ ကိုယ့်ပုံစံနဲ့ ကိုယ်ပါပဲ။
📌အမျိုးအစားချင်းတူတောင် qualityချင်းမတူဘူး။
📌Qualityချင်းတူတောင် ထုပ်ပိုးမှုချင်းမတူဘူး။
📌ထုပ်ပိုးမှုချင်းတူရင်တောင်ဝန်ဆောင်မှုချင်းမတူဘူး။
📌ဝန်ဆောင်မှုချင်းတူတောင် management system ချင်းမတူဘူး ။
📌Management systemချင်းတူရင်တောင်
location အလွယ်ရနိုင်ပုံချင်းမတူဘူး။
👉နောက် ကံတရားချင်းလည်း မတူပါဘူး
👉ပြိုင်ဘက်မရှိတဲ့စျေးကွက်ဆိုတာလည်းမရှိဘူး ။
Townshipတခုထဲပြိုင်ဘက်မရှိရင် မြို့ထဲမှာ ပြိုင်ဘက်ရှိမယ်
👉တမြို့လုံးဘယ်သူမှပြိုင်ဘက်မရှိရင် တခြားမြို့မှာ ပြိုင်ဘက်ရှိမယ်။
👉တခြားမြို့မှာပြိုင်ဘက်မရှိရင် တခြားနိုင်ငံမှာတော့ပြိုင်ဘက်ရှိမယ်။
☝️တခုပဲ အတွေးတခုရတာနဲ့အကောင်အထည်ဖော်ပြီး လုပ်နိုင်အောင်သာလုပ်ပါနော်။
💁အတွေးကိုအတွေးထဲ ထားရင်တော့လက်တွေ့မှာ ဘာမှရမည်မဟုတ်။

💢 တစ်ခုပဲ ဘာပဲလုပ်လုပ်စေတနာထားပြီးလုပ်💢

25/12/2021

To our loyal customers 🙏
We hope you enjoy peace and happiness at Christmas🎄🌲🍀
💛Thidar Htay Gold&Jewellery💛

24/12/2021

ကျက်သရေမဂ်လာနှင့်ပြည့်စုံသောနေ့ရက်လေးဖြစ်ပါစေရှင်❤️
လုပ်ကိုင်သမျှအရာအားလုံးအဆင်ပြေချောမွေ့ပါစေလို့ဆုတောင်းပေးပါရစေရှင် 🍀

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 24/12/2021

ရွှေလဲစုချင်တယ် ဒီဇိုင်းလှတာလေးလဲဝတ်ချင်တယ်ဆိုတဲ့မမတွေ ညီမလေးတွေ အကြိုက်တွေ့စေမဲ့ ၁၅ပဲရည်ပြည့်ဆွဲကြိုးလှလှလေးတွေကိုမိတ်ဆက်ပေးပါရစေရှင် ☺ စျေးနှုန်းလေးလဲ၃သိန်းဝန်းကျင်ကစပြီးရှိတာမို့ အကြိုက်တွေ့တယ်ဆိုရင် မြစ်ကျိုးစျေးအတွင်းကသီတာဌေးရွှေဆိုင်မှာလာအားပေးကြပါဦးရှင် 💛
အရောင်းသွက်တဲ့ဒီဇိုင်းလေးတွေဖြစ်လို့ကြိုက်တယ်ဆိုအမြန်လေးလာရွေးလိုက်တော့နော် 😉
လိပ်စာ - သီတာဌေးရွှေဆိုင် မဂ်လာစျေးအတွင်း မြစ်ကျိုး
update design လေးတွေကြည့်ချင်ရင်Telegram link ➡️ https://t.me/thidarhtaygoldandjewellery

ph - 09786569088
09796975168

19/10/2021

ရွှေ​စျေး ဘယ်သူ ဖွင့်တာလဲ၊ ​ရွှေဆိုင်​တွေ ဘာလို့ ​စျေး မတူကြတာလဲ၊ သွားဝယ်ရင်၊ သွား​ရောင်းရင် ဘာလို့ ​ကြေညာထားတဲ့ ​စျေးနဲ့ မရတာလဲ

ခနခန အ​မေးခံရတဲ့ ​မေးခန်း​တွေပါ၊

မနက် ၁၁ နာရီ​လောက်ဆိုရင် ရွှေဘုံသာလမ်းက ရန်ကုန်တိုင်း ​ရွှေကုန်သည်များ အသင်းမှာ အသင်းဝင်​ ကုန်သည်​တွေ၊ ပွဲစား​တွေ ​စုရုံး ​ရောက်ရှိ​နေကြပါပြီ၊ ​ရောင်းချင်သူပါမယ်၊ ဝယ်ချင်သူ ပါမယ်၊ အ​ခြေအ​နေကြည့်ပြီး ကစားမယ့်သူ ပါမယ်၊ ​နောက်ကွယ်က ​ဘောစိကို သတင်းပို့ဖို့ ​စျေး လာနား​ထောင်သူ ပါမယ်၊ အ​ခေါက်​ရွှေ အ​ရောင်းအဝယ် လုပ်တဲ့ ​ရွှေဆိုင်ကြီး​တွေက လွှတ်ထားသူ ပါမယ်၊

အသင်းဝင် မဟုတ်သူ​တွေက​တော့ အသင်းထဲ ဝင်ခွင့် မရှိ​တော့ အသင်းနားက လ္ဘက်ရည်ဆိုင်မှာ၊ အုတ်ခုံမှာ၊ ပလက်​ဖောင်း​မှာ ​ဖုန်း​လေး​တွေ တကိုင်ကိုင်နဲ့ နားစွင့်​နေကြတာ​ပေါ့

အသင်းထဲမှာ ​မ​နေ့က ပိတ်တဲ့​စျေး၊ ​ဒေါ်လာ​စျေး၊ ကမ္ဘာ့​ရွှေ​စျေး အတက် အကျကို ကြည့်ပြီး ​ရောင်းချင်သူ​တွေကလဲ သူတို့ ​ရောင်းချင်တဲ့​စျေး ​ရောင်းမယ့်အ​ရေအတွက် တပိုင်း၊ နှစ်ပိုင်း၊ တထုပ် ​စသဖြင့် ​​အော်နေကြတယ် (တပိုင်းဆိုတာ တဆယ်သား တထုပ်ဆိုတာ ၁၀ ပိုင်း တပိသာ)

ဝယ်မယ့်သူ​တွေကလဲ သူတို့ ဝယ်ချင်တဲ့​စျေးကို ​​အော်နေကြတယ်၊ တ​ယောက်တ​ပေါက်​ပေါ့၊

အဲ့လို ​​အော်နေရင်းနဲ့ ဝယ်ချင်သူ တ​ယောက်နဲ့ ​ရောင်းချင်သူ တ​ယောက် ​စျေးတဲ့သွားရင် အဲဒါ အဲ့ဒီ​နေ့အတွက် ဖွင့်တဲ့ ​စျေးပါပဲ၊

ကျန်တဲ့ ​ရောင်းချင်သူ၊ ဝယ်ချင်သူ​တွေကလဲ သူတို့ ​ရောင်းချင်တဲ့​စျေး၊ ဝယ်ချင်တဲ့​စျေး ဆက် ​အော်​နေကြတာ​ပေါ့၊ ​

ဝယ်ချင်သူ များလာရင် ​ရောင်းမယ့်သူ​တွေက ​စျေးကို တက်​အော်ကြသလို ​ရောင်းချင်သူ များလာရင် ဝယ်မယ့်သူ​တွေက ​စျေးကို ​လျော့ ​အော်ကြတာ​ပေါ့၊ အ​ခြေအ​နေအရ ဝယ်ချင်သူ ​အော်​စျေးနဲ့ ​ရောင်းချင်သူ ​အော်​စျေးဟာ ၅၀၀ က​နေ တ​သောင်းအထိ ကွာ​နေတတ်ပါတယ်

တခါတရံ ဝယ်ချင်တယ် အော်​သံသာ ကြားရပြီး ​ရောင်းချင်တယ် ​အော်သံ မကြားရရင် အ​ရောင်း ​ပျောက်တယ် ​ခေါ်သလို ​​ရောင်းချင်တဲ့ ​အော်သံသာ ကြားရပြီး ဝယ်ချင်တဲ့ ​အော်သံ မကြားရရင် အဝယ်​ပျောက်တယ်လို့ ​ခေါ်ပါတယ်

ဘယ်​စျေး အလုပ်ဖြစ်သွားပြီ ဘယ်​စျေး အဝယ်ကျန်တယ် (ဝယ်ချင်သူ ​အော်​နေတဲ့​စျေး)၊ ဘယ်​စျေး အ​ရောင်းကျန်တယ် (​ရောင်းချင်သူ ​အော်​နေတဲ့​စျေး) ဆိုတာကို သိရ​အောင် အ​သင်း အခန်းထဲ ရှိ​နေသူကို ​မေးမှ သိရပါတယ်

မ​မေးဘဲနဲ့ online က​နေ သိချင်တယ် ဆိုရင်​တော့ အသင်းက CCTV ကို Internet က​နေ Live ထိုင်ကြည့်​နေမှ သိရပါလိမ့်မယ်၊ Online မှာ တင်ထားတဲ့ ​စျေး​တွေ၊ ဆိုင်​တွေမှာ တင်ထားတဲ့ ​စျေး​တွေဟာ သူတို့ သိတဲ့အချိန်က ​စျေးသာ ဖြစ်ပြီး လက်ရှိ​စျေး မဟုတ်ပါဘူး၊



ဆရာ​ဇော် (Shwebonthar Gold Class)

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 22/06/2021
02/02/2021
18/01/2021

အလျော့တွက်လဲသက်သာ ဒီဇိုင်းလဲဘယ်တော့မှရိုးမသွားတဲ့ ဆိုင်မှာအရောင်းရဆုံးသံကြိုးလေးတွေဆိုဒ်စုံပြန်ရနေပါပြီရှင်😍
စျေးနှုန်းကလဲ၂သိန်းကျော်ကစပြီးအားပေးလို့ရပြီဆိုတော့အပြေးလေးလှမ်းလာလိုက်တော့နော် 🏃🏃‍♀️
လိပ်စာ - ကိုဝင်းနိုင်+မသိန်းဌေး (သီတာဌေးရွှေဆိုင်)
မဂ်လာစျေး မြစ်ကျိုး
ဖုန်း - 09796975168

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 14/01/2021

စေ့စပ်လက်စွပ်လား 😇
လက်ထပ်လက်စွပ်လား😊
V dayမှာချစ်ချစ်ကိုလက်ဆောင်ပေးချင်လား😍
အပျိုကြီးတွေကိုယ်တိုင်ဝတ်ချင်လား😁
ဘယ်တော့မှရိုးမသွားတဲ့ အလျော့တွက်လဲအရမ်းသက်သာတဲ့မောင်းကွင်းလေးတွေသီတာဌေးမှာပုံစံအစုံရှိပါတယ်ရှင် 😉
စျေးနှုန်း ၆၀၀၀၀ ကျပ်မှစပြီး ၂၀၀၀၀၀ ကျော်ထိရှိတော့ရွေးချယ်စရာအများကြီးပေါ့
လိပ်စာ - ကိုဝင်းနိုင်+မသိန်းဌေး (သီတာဌေးရွှေဆိုင်)
မဂ်လာစျေး မြစ်ကျိုး
Ph. - ၀၉၇၈၆၅၆၉၀၈၈
၀၉၇၉၆၉၇၅၁၆၈

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 13/01/2021

စျေး၃သိန်းကျော်နဲ့ထည်ဝါနေစေမဲ့လက်စွပ်လေးတွေပါရှင့်

13/01/2021

#ရွှေအလေးချိန်တွက်နည်းနဲ့အခြေခံအကြောင်းအရာများ
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

မြန်မာနိုင်ငံမှာတော့ ရွှေကို အလေးချိန် ကျပ် ပဲ ရွေး နဲ့ပဲ ချိန်လေ့တွက်လေ့ရှိပါတယ်
တစ်ကျပ် = ၁၆ ပဲ
တစ်ပဲ = ၈ ရွေး
တစ်ကျပ် = ၁၂၈ ရွေး
ရန်ကုန်နဲ့ အခြားမြို့တွေမှာ ဒီအလေးချိန်ကိုပဲ အသုံးပြုကြပါတယ်
မန္တလေးမှာတော့ အချို့နေရာတွေမှာ တစ်ပဲ=၇.၅ ရွေး တစ်ကျပ်=၁၂၀ရွေးနဲ့ တွက်ပါတယ်
ဂရမ်အနေနဲ့ဆို
၁ ကျပ်သား = ၁၆.၃၃၁ ဂရမ်
၁ အောင်စ = ၁ ကျပ် ၁၁ ပဲ ၆ ရွေး

ဘယ်နှစ်ပဲရည်ဆိုတာကတော့ တစ်ကျပ်သားမှာ ပါဝင်တဲ့ ရွှေ% ကိုပြောတာပါ
ရွှေကိုအထည်လုပ်မယ်ဆို ရွှေသားစစ်စစ်ကပျော့တဲ့အတွက် အခြားသတ္တုနဲ့ရောစပ်ရပါတယ်
၁၆ပဲရည်ဆိုတာ တစ်ကျပ်သားဖြစ်တဲ့ ၁၆ ပဲလုံးရွှေသားစစ်စစ် အရောအနှောမရှိဘူးလို့ပြောတာပါ မီးဖုတ်ကြည့်ရင် မမဲတဲ့အတွက် မီးလင်း အခေါက်ရွှေလို့ခေါ်ကြပါတယ်
၁၄ ပဲရည်ဆိုတာ ၁၆ပဲမှာ ရွှေ ၁၄ ပဲနဲ့ အခြားသတ္တု(ကြေး) ၂ ပဲ ရောစပ်ထားတာပါ ကြေးပါတဲ့အတွက်ကြောင့် မီးဖုတ်ကြည့်ရင် မဲသွားပါတယ် ငရဲမီးစိမ်လိုက်မှ မူလရွှေရောင် ပြန်ရပါတယ်
၁၅ ပဲရည်လဲ ဒီသဘောတရားအတိုင်းပါပဲ
အတွင်းစပ်ဆိုတာ ရွှေ၁၄ ပဲ+ ကြေး ၂ပဲ ပေါင်းတစ်ကျပ် ဖြစ်ပြီး
အပြင်စပ်ဆိုတာ ရွှေတစ်ကျပ်+ကြေး ၂ပဲ ပေါင်း ၁၈ပဲ ဖြစ်ပါတယ်
၁၄ပဲ ၂ပြားဆိုတာ ရွှေ ၁၄ပဲ ၄ရွေး+ကြေး ၁ပဲ၄ရွေး ရောစပ်ထားတာဖြစ်ပါတယ်

အနောက်တိုင်းမှာတော့ ရွှေပါဝင်နှုန်းကို Karat နဲ့ပြောပါတယ် (ကျောက်မှာသုံးတဲ့ unit ဖြစ်တဲ့ carat နဲ့ မတူပါ) အတိုကောက် k လို့သုံးပါတယ်
24 k = ၁၆ ပဲရည်
23 k = ၁၅ ပဲရည်
22 k = ၁၄ ပဲ ၂ ပြား
21 k = ၁၄ ပဲရည်
20 k = ၁၃ ပဲရည်
19 k = ၁၂ ပဲ ၂ ပြား
18 k = ၁၂ ပဲရည်
17 k = ၁၁ ပဲ ၂ပြား
16 k = ၁၁ ပဲရည်
15 k = ၁၀ ပဲရည်
14 k = ၉ ပဲရည်
13 k = ၈ ပဲ ၂ ပြား
12 k = ၈ ပဲရည်

၈ ပဲရည်အောက်နိမ့်သောရွှေကို မိုးကြိုးလို့ခေါ်ပါတယ် ဂဟေဆော်ရာမှာသာ အသုံးပြုပြီး လက်ဝတ်ရတနာအနေနဲ့တော့ ၁၂ ပဲရည်အောက် လုပ်လေ့မရှိပါ

☘ ရွှေတွက်နည်း☘

၁၆ပဲရည်တစ်ကျပ်သား ပေါက်စျေးကို ကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစား တစ်ကျပ်သားစျေးအဖြစ် အရင်တွက်ရပါမယ်

ဥပမာ ၁၄ ပဲရည် အပြင်စပ်အတွက်
16÷18×️ပေါက်စျေး
16÷18×️887000=788444

၁၄ ပဲရည် အတွင်းစပ်အတွက်
14÷16×️ပေါက်စျေး

၁၅ ပဲရည်အတွက်
16÷17×️ပေါက်စျေး (အပြင်စပ်)
15÷16×️ပေါက်စျေး (အတွင်းစပ်)

ဒါဆိုကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစားရဲ့ တစ်ကျပ်သားစျေး ရပါပြီ
ရွှေတင်ချိန်ကို အလျော့တွက်နဲ့ပေါင်း ပြီးရင်စုစုပေါင်းအလေးချိန်ကို ဒီလိုတွက်ရပါမယ်

ရွေး÷8+ပဲ÷16+ကျပ်×️တစ်ကျပ်သားစျေး

ဥပမာ
၁၄ ပဲရည် အပြင်စပ်
ရွှေတင်ချိန် 1 ကျပ် 7 ပဲ 4 ရွေး
အလျော့တွက် 1 ပဲ 6 ရွေး ဆိုပါဆို့
ပေါင်းလိုက်ရင် 1 ကျပ် 9 ပဲ 2 ရွေးပါ

2÷8+9÷16+1×788444=1244263 ပါ

ရွှေဝယ်ပြီး ပြန်ရောင်းတဲ့အခါ ရွှေစျေးတက်တာတောင် ရှုံးတယ် ဆိုတာကတော့ ပြန်ရောင်းတဲ့အခါ အလျော့တွက်ကို ထည့်မတွက်ပဲ ရွှေတင်ချိန်ကိုသာ တွက်လေ့ရှိတာကြောင့်ပါ

အလျော့တွက်ဆိုတာ အထည်လုပ်တဲ့အချိန်ရွှေအလေအလွင့် ပန်းတိမ်ဆရာလက်ခ တွေပေးရတာဖြစ်တာကြောင့် ပြန်မရတာပါ
ဒါပေမယ့် မရှုံးချင်ဘူးဆို အလျော့တွက်မပါတဲ့ အလျော့တွက်နည်းတဲ့ အထည်တွေကိုရွေးချယ်ဝယ်ယူလို့ ရပါတယ်
ကျွန်မတို့ဆိုင်မှာတော့ အထည်မပျက်စီးရင် အလျော့တွက် အပြည့်မနှုတ်ပါ

ကမ္ဘာ့ရွှေစျေးကို မြန်မာရွှေစျေးအဖြစ်တွက်ပုံကတော့
ကမ္ဘာ့ရွှေစျေး÷1.875×ဒေါ်လာပေါက်စျေးပါ
1304÷1.875×1280=890000 ပါ
ဒါပေမယ့် ရွှေဟာ export inport ပစ္စည်းမဟုတ်တာကြောင့် ပြည်တွင်းစျေးနဲ့ တစ်ထပ်ထည်းတော့ မကျနိုင်ပါ

နောက်တစ်ချက် ရွှေရဲ့ Specific Gravity ဟာ 19.32 ရှိတာကြောင့် သိပ်သသည်းဆအများဆုံးသတ္တု ဖြစ်တာကြောင့် အတုလုပ်မယ်ဆို ဒါမှမဟုတ်အတွင်းမှာ အစာသွပ်ထားမယ်ဆိုရင် ထုထည်ဟာရှိသင့်တဲ့အရွယ်အစားထက် ကြီးကိုကြီးနေမှာပါ......
🙏

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 12/01/2021

ဖေဖေမေမေတို့ရေ ဖေဖေမေမေတို့အတွက်ပဲဝယ်မနေနဲ့နော် သားသားမီးမီးတွေအတွက်လဲသီတာဌေးရွှေဆိုင်မှာလသားကစပြီးဝတ်လို့ရတဲ့ကလေးလက်ကောက်လေးတွေပုံစံအစုံရှိပါတယ်နော် 👼👶👶
ရွှေရည်၁၅ပဲရည်ဖြစ်လို့ဘယ်လောက်၀တ်၀တ်အရောင်မမှိန်ပါဘူးရှင်
စျေးနှုန်းလေးတွေလဲရေးပေးထားလို့တစ်ပုံချင်းကြည့်ပေးပါဦးရှင်
လိပ်စာ - ကိုဝင်းနိုင် + မသိန်းဌေး(သီတာဌေးရွှေဆိုင်)မဂ်လာစျေးအတွင်း မြစ်ကျိုး
ဖုန်း - 09-974087139

11/01/2021

ဒီဇိုင်းလေးလှလို့pageမှာတင်ပေးမလို့လုပ်တုန်း sold outသွားပါပြီရှင် 😁 အမြဲအားပေးတဲ့မမကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙏

11/01/2021

တစ်ကြိုးထဲနဲ့ပြီးပြည့်စုံစေမဲ့ဒီဇိုင်းလေး
ဘောလုံးကြိုးကိုမှဆွဲသီးပါအပါကြိုးလေးပါ
စျေးနှုန်း၇သိန်းဝန်းကျင်နဲ့အလှူ မဂ်လာဆောင်ထိပါဝတ်လို့ရတဲ့ပွဲလယ်တင့်စေမဲ့ကြိုးလေးပါ
လိပ်စာ - ကိုဝင်းနိုင်+မသိန်းဌေး (သီတာဌေးရွှေဆိုင်)
မဂ်လာစျေး မြစ်ကျိုး
Ph. - 09796975168

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 07/01/2021

ဘဝမှာဒီလိုပုလဲတစ်ဆင်စာလေးတော့ပိုင်ဆိုင်သင့်တယ်လို့မထင်ဘူးလား🥰

07/01/2021

မဂ်လာရှိသောနေ့ရက်လေးဖြစ်ပါစေ

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 04/01/2021

👑၁၅ပဲရည်ပြည့်👑ဟန်းချိန်းလေးတွေဒီဇိုင်းအစုံတင်ပေးလိုက်ပါပြီရှင် 😘
ဘယ်ဟန်းချိန်းလေးကကိုယ့်အကြိုက်နဲ့ထပ်တူကျမလဲနော် စိတ်ကြိုက်ဒီဇိုင်းလေးတွေ့ရင်လာအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်
ကိုယ်ကြိုက်တဲ့ပုံလေးတွေပြပြီးလာအပ်ချင်လဲလက်ခံဆောင်ရွက်ပေးနေပါတယ်ရှင်
စျေးနှုန်းလေးတွေတစ်ပုံချင်းစီအောက်မှာကြည့်ပေးပါနော် 😇
လိပ်စာ - ကိုဝင်းနိုင်+မသိန်းဌေး(သီတာဌေးရွှေဆိုင်)
မဂ်လာစျေး မြစ်ကျိုး
Ph - ၀၉၇၉၆၉၇၅၁၆၈

31/12/2020

Happy New Year 2021
နှစ်သစ်မှာကိုယ်ရောစိတ်ပါကျန်းမာရွှင်လန်းပါစေလို့သီတာဌေးရွှေဆိုင်မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်

Photos from သီတာဌေးရွှေဆိုင် မြစ်ကျိုး's post 31/12/2020

စျေးနှုန်း၁သိန်းလောက်နဲ့အရမ်းလှတဲ့လက်စွပ်လေးတွေဝတ်ချင်ရင်တော့ သီတာဌေးရွှေဆိုင် ကိုမမေ့ပါနဲ့နော် 😍
ရွှေရည်ပြည့်မှန်မှု ၁၀၀% အာမခံ
စျေးနှုန်း ၁၀၀% အာမခံ နဲ့အချိန်မရွေးပြန်ရောင်း ပြန်လဲလို့ရတဲ့ နောက်ဆုံးပေါ်ဒီဇိုင်းအသစ်တွေဝယ်ချင်တယ်ဆို
➡ ကိုဝင်းနိုင် +မသိန်းဌေး (သီတာဌေးရွှေဆိုင်)
မဂ်လာစျေး မြစ်ကျိုး ကိုသာသတိရလိုက်ပါရှင် 😇

Telephone

Website

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00