Ash Mellow

Ash Mellow

လက်မှုပညာဖန်တီးမှုများမှတဆင့် စိတ်ချမ်းသာမှုကို ဝန်ဆောင်မှုပေးပါသည်

Photos from Ash Mellow's post 02/04/2022

ပိုး အတွက် ဖန်တီးပေးဖြစ်ပါသော 🌷🌼

Photos from Ash Mellow's post 01/04/2022

ဝယ်သူအလိုကျဖန်တီးပေးဖြစ်ပါသော ချည်ပန်းထိုး ဇစ်ပိတ်ကြိုးအရှည် အိတ်လေးဖြစ်ပါတယ်ရှင် 🖤🌹
ဖုန်း၊ပိုက်ဆံနဲ့ကတ်ပြားလေးတွေပါထည့်လို့ရပါတယ်
ထသွားထလာ ပေါ့ပေါ့ပါးပါးလွယ်လို့ရပါသော အိတ်လေးပါရှင့် 🌹🖤

Photos from Ash Mellow's post 29/03/2022

ပန်းတွေနဲ့ဝေနေတဲ့ ပန်းနာရီလေး Instockရှိပါမယ်ရှင်
စောင့်ဆိုင်းစရာမလိုအပ်ဘဲ အခုလိုချင်ရင် အခုရနိုင်ပါတယ်ရှင့် ❤️☘️🙆😍

ဓာတ်ခဲထည့်ပြီးသား အချိန်လဲမှန်ပါတယ်။ လက်မှုလက်ရာစစ်စစ်ဖြစ်တာမို့ တန်ဖိုးထားပြီး အိမ်မှာ ချိတ်ဆွဲထားရင် အလှကျက်သရေတိုးမြင့်စေပါတယ်ရှင့်

ဝယ်ယူလိုပါက Chat boxမှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင် 🙆😍

Photos from Ash Mellow's post 28/03/2022

အမှတ်တရ မင်္ဂလာနှစ်ပတ်လည်
ရက်စွဲလေးဖြင့် ဖန်တီးပေးဖြစ်ပါသော နာရီလေးပါရှင် 🙆💛

ချစ်ခြင်းမေတ္တာတွေ အမြဲထာဝစဉ်
စိမ်းစိုလန်းဆန်းနေပြီး အိမ်ထောင်ရေးသုခနှင့် ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ရှင့် 💚☘️🌟🌷❤️

မှာယူအားပေးမှုအား ကျေးဇူးအထူးတင်လျှက်ပါရှင့်

Photos from Ash Mellow's post 22/03/2022

သဘာဝအရောင်နဲ့ အဖြူရောင်ကွာခြားပုံလေးပါရှင့်
သဘာဝအရောင်ဆိုတာ ဘာဆေးမှဆိုးထားခြင်းမရှိတဲ့ အထည်တွေရဲ့ ပင်ကိုယ်အရောင်စစ်စစ်ဖြစ်ပါတယ်
နှင်းပွင့်လေးလိုဖြူဖတ်နေတဲ့ အရောင်လေးရရှိဖို့အတွက်ကတော့ ဆေးဆိုးနည်းသုံးရပါတယ်

ပန်းထိုးတာလေးကတော့ ပိတ်အရောင် ၂မျိုးလုံးပေါ်မှာ သေသပ်ကြွရွနေတာပါပဲရှင် 🙆🌼❤️

Photos from Ash Mellow's post 21/03/2022

နွေအပူမှာ ရင်အေးစေမယ့် လက်ရာလေးတွေထွက်ရှိလို့လာပါပြီရှင့် 🙆🌻🌻
ကြာမြင့်စွာစောင့်ဆိုင်းမှာယူပေးပါသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးပဲကျေးဇူးတင်ရှိလျှက်ပါရှင့်

ထပ်မံအားပေးမှာယူ‌ကြပါအုန်းနော် 😁😁🙆🙆

Photos from Ash Mellow's post 19/03/2022

သေးငယ်တဲ့အရာလေးပဲဖြစ်ပါစေ
စိတ်ရှည်စွာဖြင့် နေ့တိုင်းကြိုးစားဖန်တီးပေးနေပါကြောင်း 🙆💛

Photos from Ash Mellow's post 18/03/2022

💛အဝါရောင်ဟာ ငွေရွှင်လာဘ်ဝင်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကံကောင်းခြင်းတို့ကိုရည်ညွှန်းပါတယ်
🌟အိတ်လေး ကိုင်ဆောင်သူတိုင်းလည်း အဝါရောင်နေ့ရက်တွေကို နေ့တိုင်းပိုင်ဆိုင်ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်
💛ဒါလေးကတော့ ပန်းထိုးပုံစံတမျိုးနဲ့လှနေတဲ့အဝါရောင်လက်ကိုင်အိတ်လေးပါရှင့်

မှာယူအားပေးသူအားကျေးဇူးအထူးတင်ရှိပါတယ် 🌻💛

Photos from Ash Mellow's post 18/03/2022

မှုန်နေအောင် လှတာလေး နော် 🙆🥰
လက်ခံရရှိသူ ပျော်ပါစေ

Photos from Ash Mellow's post 17/03/2022

၅နှစ်သားကောင်ကလေးအတွက် ဖန်တီးပေးဖြစ်တဲ့ ၂ရာသီဝတ်ဆွယ်တာနဲ့ဘယ်ရီကတ်ဦးထုပ်လေးပါရှင် 🙆🌻🍁
အကြောင်းအမျိုးမျိုးကြောင့် ၃လနီးပါးကြာသွားရတယ် 😁😁
တကူးတကမှာယူအားပေးပါသော မာမီလေးအားကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 😍😍😍

Photos from Ash Mellow's post 16/03/2022

သွားသွားလာလာနဲ့ ပေါ့ပေါ့ပါးပါးလေးကိုင်လို့ရအောင် ဖန်တီးပေးဖြစ်တဲ့လက်ကိုင်အိတ်ရှုံ့လေးပါရှင့် 🍁🌻💛🧡
ဖုန်း၊ပိုက်ဆံ၊မိတ်ကပ်ပစ္စည်းအတိုအထွာ လေးတွေအကုန်ထည့်လို့အဆင်ပြေပါတယ်နော် 🙆🧡💛

ယုံကြည်စွာမှာယူအားပေးခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🙆🧡

Photos from Ash Mellow's post 15/03/2022

Morning Gloryပန်းများနှင့် အပြိုင်လှနေကြသော
နေ့တိုင်းကြိုးစားဖန်တီးပေးနေပါတယ်ရှင့် 🙆❤️🍀

Photos from Ash Mellow's post 15/03/2022

ပန်းမမစိမ်း 😜🍀☘️💚

14/03/2022

လူတွေနည်းနည်းနဲ့ ပန်းတွေများများရှိရင် ကောင်းမယ် 🙆🌹

13/03/2022

နေ့တိုင်းကြိုးစားပေးနေပါတယ်ရှင့် 🙆🌺🌼

Photos from Ash Mellow's post 11/03/2022

မှာယူထားပါသော ဖဲပြားကလစ်လေးများ ပြီးသလောက်ပါရှင် 🙆🌹🌺

ယုံကြည်စွာမှာယူပေးသူတယောက်ချင်းစီအား ကျေးဇူးအထူးထင်ရှိပါတယ်ရှင့်

Photos from Ash Mellow's post 10/03/2022

ခိုင်မာတဲ့သံယောဇဉ်ကိုဖော်ကျူးပါသော ခရမ်းရောင်ကြယ်ပန်းလေးများ 💜💜

ယုံကြည်စွာမှာယူအားပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်ရှင့် 🙆🙆🙆

Photos from Ash Mellow's post 10/03/2022

လိုချင်တယ်ဆို အပြာရောင်ပန်းတွေချည်း ပွင့်စေလိုတာကလဲ သူငယ်ချင်းမေတ္တာပါပဲ 💙💙💙

ယုံကြည်စွာမှာယူအားပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်ရှင့် 🍀🌹

Photos from Ash Mellow's post 06/03/2022

ဒါလေးက နောက်တမျိုး ထိုးရတာ လက်ဝင်သောပဲ 🙆😍

Photos from Ash Mellow's post 05/03/2022

စိတ်တိုင်းကျစွာ ထွက်ရှိလာတဲ့ ဘေးထိုးကလစ်လေးတွေပါရှင် 🙆🥑🍀
မှာယူအားပေးသူများအတွက် သေသပ်လှပစွာ ချုပ်လုပ်ပေးထားပါတယ်ရှင့်
နောက်လဲအများကြီး လာအုန်းမှာ 😍😍😍

Photos from Ash Mellow's post 04/03/2022

ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျချင်တယ်ဆိုရင် Macrame Tote bagလေးတွေရှိပါတယ် 🙆😍
အသေးစိတ်ကို ချက်ဘောက်မှာ အားမနာစတမ်း လာမေးနော် 😘😘😘

Photos from Ash Mellow's post 04/03/2022

လှပတင့်တယ် Macrame Clutchလေးကိုင်စို့ကွယ် 🙆🌺

Photos from Ash Mellow's post 03/03/2022

ဟိတ် ဘယ်ခေတ်ရောက်ရောက်မရိုးသွားတဲ့ Macrame Clutchလေးတွေ Ash Mellowတွင် မှာယူလို့ရနိုင်ပါပြီနော် 🙆😘
သူကတော့ လက်နဲ့ကြိုးကျစ်နည်းကိုအဓိကအသုံးပြုပြီး ဖန်တီးတာဖြစ်ပါတယ်။
နေ့စဉ်သုံးအနေနဲ့ပဲ ကိုင်ကိုင်၊ ပွဲတက်အနေနဲ့ပဲကိုင်ကိုင် အဆင်ပြေ လှပ တင့်တယ်နေစေမှာပါ 😍😍😍
မြန်မာဝတ်စုံလေးနဲ့လဲ လိုက်ဖက်သလို အခြားဘယ်အဝတ်အစားနဲ့မဆို ကြည့်ကောင်းလိုက်ဖက်ပါတယ်ရှင့် 🙆❣️

ကြိုးအရောင်စုံလေးနဲ့ အိအိကျစ်ကျစ်လေးမို့ ဖုန်း၊ပိုက်ဆံ အပြင် မိတ်ကပ်ပစ္စည်း တိုလီမိုလီလေးတွေပါထည့်လို့ရတယ်နော် 🌷🌷🌷

အိတ်ဆိုဒ်လေးတွေကလဲ အမျိုးမျိုး ရရှိနိုင်ပါသေးတယ်
မှာယူချင်တယ်ဆိုရင်တော့ ၂ပတ်ဝန်းကျင်စောင့်ဆိုင်းရပါမယ်ရှင် 🌹🌹🌹

အသေးစိတ်ကို Chat boxမှာ အားမနာစတမ်းလာမေးပေးနော် 🌺🌺🌺🌺

Photos from Ash Mellow's post 03/03/2022

နေမကောင်းကြသော်လည်း ဒီရက်ပိုင်း အသစ်ထွက်အောင် လုပ်ပေးဖြစ်ပါတယ်။ ဖဲပြားလေးတွေ ဘေးထိုးကလစ်လေးတွေ ဆံနွယ်ထက်မှာ ဆင်မြန်းပြီး လှကြပါစေရှင် 🍀🍁😘

ကြာမြင့်စွာစောင့်ဆိုင်းမှာယူပေးခြင်းအတွက် Ash Mellowမှကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙆❣️

Photos from Ash Mellow's post 03/03/2022

ဖဲပြားလေးတွေရရင် ဒီလိုပိုစ့်မျိုးလေးတွေ ရိုက်ကြည့်နော်
ဘလိုလေးပဲဖြစ်ဖြစ် နူးညံ့လှပနေစေမှာပါ 🙆❣️

Photos from Ash Mellow's post 03/03/2022

Embroidery Bow လှလှလေးများ 🙆❣️
ဖန်တီးရတာလက်ဝင်ပြီး အသေးစိတ်ကျလို့ စိတ်ရှည်ရပါသော အလှလေးများ ☘️🍀
ပုံစံအသစ်လေးတွေ ထပ်ရလို့ တင်ပေးလိုက်ပါတယ်နော် 😘😘

မှာယူချင်တယ်ဆိုရင်တော့ CB မှာ အားမနာစတမ်း အသေးစိတ် လာရောက်မေးမြန်း မှာယူနိုင်ပါတယ်ရှင့်

100% Handmade ဖြစ်တာမို့ စောင့်ဆိုင်းရနိုင်ပါတယ်ရှင့် 🍁🍁

Photos from Ash Mellow's post 28/02/2022

သေးသေးလေးတွေအများကြီးပဲ ဘာလေးတွေလဲဆိုတော့ 😍😍 မိမိဘဝရဲ့ တစ်နှစ်တာတွေ့ကြုံဖြစ်ပျက်ခဲ့သမျှ ထူးခြားမှုနေ့ရက်လေးတွေကို ထည့်သွင်း ပုံဖော်ထားတဲ့ Embroidery Artပါရှင်
ပုံလေးတွေကို သေချာကြည့်ရင် မြတ်နိုးချင်စရာသိပ်ကောင်းပါတယ် ❣️❣️

လက်နဲ့ဖန်တီးနိုင်စွမ်းတွေဟာအကန့်အသတ်မဲ့ပါကြောင်း 🍀🍀🍀

Photos from Ash Mellow's post 28/02/2022

မိခင်လောင်းတွေအတွက် စိတ်ဝင်စားစရာ‌လေးတစ်ခု🤗

ရင်သွေးလေးရဲ့ စတင်ဖြစ်တည်မှုလေးကို Embroidery Artနဲ့မှတ်တမ်းတင်ထားတာမျိုးလေးပါ

လက်နဲ့ဖန်တီးနိုင်စွမ်းတွေဟာအကန့်အသတ်မဲ့ပါကြောင်း 🥰🥰

26/02/2022

မင်မင်တို့ နေပြန်ကောင်းပြီး အလုပ်လေးတွေပြန်စပေးပါမယ်ရှင့် 🙆🙆🙆
အခုအဖျားတွေကတော့ ဘယ်သူမဆို ဖျားတာနဲ့ ကိုယ်ခံအားလျော့ပြီး လူကနုံးနေတတ်လို့ အဖျားပျောက်ရင်တောင် အလွယ်တကူပြန်ပြီး ပုံမှန်ဖြစ်မလာပါဘူးနော် 🤕
မဖျားတာတော့အကောင်းဆုံးပါပဲ ၊ မှာယူထားတဲ့ လက်မှုပစ္စည်းလေးတွေကို သေချာလေး စနစ်တကျလုပ်ပြီး ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ စိတ်ပူပေးကြသူများအား ကျေးဇူးတင်ပါတယ်ရှင့် 🍀🍀

24/02/2022

ကောင်းသောနေ့လေးဖြစ်ပါစေရှင့်
အက်မင်တို့တွေ အကုန်လုံး ဖျားနေကြလို့ လက်ရှိအော်ဒါ‌တွေပေးပို့ဖို့ ဒီရက်ပိုင်းအနည်းငယ်နောက်ကျနိုင်ပါတယ်ရှင့် ၊ အဖျားပိုးဝင်နေတာ လုံးဝမလှုပ်နိုင်လို့ပါနော် 😓
ချည်ထိုးသူကအစဖျားနေတာမို့ပါ။ ခွင့်လွတ်နားလည်ပေးကြပါအုန်းရှင့် 🤕🤕🤕

Photos from Ash Mellow's post 22/02/2022

Miracleတွေကိုယုံလား 🦋 အာကာသထဲမှာ အချိုးအစားညီညီ လည်ပတ်နေတဲ့ မတူညီတဲ့ ဂြိုလ်တွေနဲ့ မိမိရဲ့မွေးလရာသီခွင်ကဆက်စပ်မှုရှိနေပါတယ် 🍂☘️

🍁လူတစ်ဦးချင်းစီရဲ့မွေးဖွားလာမှုဟာဆန်းကျယ်လှပပြီး အာကာသထဲမှာလည်ပတ်နေတဲ့ Zodiac Element တခုခုနဲ့လည်း သွားရောက်ချိတ်ဆက်နေပါသေးတယ်။ မိမိမွေးဖွားရာ အချိန်ကာလအပိုင်းအခြားပေါ်မူတည်ပြီး မိမိကိုလွှမ်းမိုးမှုရှိတဲ့ Zodiac signကိုကြည့်ရင်း စိတ်နေသဘောထား၊အမူအကျင့်၊အချစ်နဲ့ပတ်သက်တဲ့ခံယူချက်၊အလုပ်လုပ်ကိုင်တဲ့ပုံစံ စတာတွေကို ခန့်မှန်းတွက်ချက်လို့ရပါသေးတယ်နော် ✨✨

ရှေးဂရိနဲ့ရောမဒိုင်ယာရီတွေအရတော့ ဒီ Zodiac signsတွေဟာ နတ်ဘုရားတွေကို ကိုယ်စားပြုတာဖြစ်ပြီး စွမ်းအားတစ်မျိုးစီလည်းရှိကြပါတယ် 🍃🍃🍃
Zodiac signs တစ်ခုချင်းစီဟာလည်း မျက်စိနဲ့မြင်နိုင်စွမ်းရှိပြီး သိပ်ကိုလှပလွန်းတာမို့ ကိုယ်ပိုင်ဆိုင်တဲ့ Zodiac signကိုသိထားတဲ့အခါ

🌺ကိုယ်ကဘယ်လိုလူမျိုးဖြစ်မလဲ?
🌹ကိုယ့်စိတ်နေစိတ်ထားကဘယ်လိုမျိုးလဲ?
🌷ချစ်သူရွေးရင်ဘယ်လိုပုံစံမျိုးကြိုက်မလဲ?
💮လုပ်ငန်းနယ်ပယ်မှာ ဘယ်လိုလုပ်ကိုင်တတ်သူလဲ?
🌼ပေါင်းသင်းဆက်ဆံရေးမှာရော ဘယ်လိုမျိုးလဲ?

စသဖြင့် သိရှိနိုင်မှာပဲဖြစ်ပါတယ်🙆🙆🙆

🤔ကိုယ့်အကြောင်းကိုယ်စိတ်မဝင်စားဘူး ကိုယ့် ချစ်သူ/Crushအကြောင်းသိချင်တယ်ဆိုရင်လဲ သူ့မွေးနေ့အပြည့်အစုံသာသိရရင် သူ့အကြောင်းခန့်မှန်းလို့ရမှာပါနော် 😛😛😛

မွေးနေ့အပြည့်အစုံတော့သိပါတယ် ဘယ် Zodiac signကိုယ်စားပြုမွေးဖွားလဲ မသိဘူး မင်မင်ရေ ဆိုလဲ ကိစ္စမရှိပါဘူးရှင့်🤗🤗

မင်မင့်ကိုလာမေးပါနော်
မင်မင်ကZodiac Elementတွေအကြောင်းလေ့လာနေသူမို့ အသေးစိတ်ကိုပြောပြပေးအုန်းမှာ 😇😇😇

လေကြောရှည်နေတာနဲ့ ဈေးရောင်းရမယ့်ဟာကို လိုရင်းမရောက်တော့ဘူး😅😅😅

ဟုတ်ကဲ့ အောက်မှာဖော်ပြထားတဲ့ပုံလေးတွေကတော့ လက်နဲ့အသေးစိတ်ရေးထိုးဖန်တီးပုံဖော်ထားတဲ့ 🌀 Embroidery Zodiac Hoop 🌀 လေးတွေပါ ချစ်တို့ရေ

🥑 Astrologyကိုစိတ်ဝင်စားသူ
🥑မိမိရဲ့Zodiac sign ကိုစိတ်ဝင်စားသူ
🥑မိမိချစ်သူ/Crushရဲ့ Zodiac signကို သိမ်းထားချင်သူ၊ လက်ဆောင်ပေးချင်သူ
🥑 Manifestationလုပ်တဲ့သူများအပြင် အခြားသောအကြောင်းအရင်းများစွာဖြင့် ဝယ်ယူချင်သူများအတွက်
🍁Ash Mellow🍁မှ ဖန်တီးပုံဖော်ပေးဖို့ စတင်ကြေငြာလိုက်တာပဲဖြစ်ပါတယ်ရှင့်

Tshirts,Tote bag‌တွေပေါ်မှာရေးထိုးဝတ်ဆင်ရင် 🤩 ဟယ် ဘာဒီဇိုင်းလေးပါလိမ့်🤩 ဆိုပြီး ငေးကြည့်ခံရမှာဖြစ်သလို Wall decoration များပေါ်မှာလည်း ရေးထိုးအလှဆင်နိုင်ပါတယ်နော် 🤗🙆

လိုချင်တဲ့ဆိုဒ်၊Zodiac sign အမျိုးအစားကို Chat boxမှာ အားမနာစတမ်း မေးမြန်းမှာယူနိုင်ပါတယ်ရှင့် ☘️☘️☘️

Photos from Ash Mellow's post 21/02/2022

Class room ထဲ စမတ်ကျကျ ပိုစ့်ချင်ရင် CB 😛😛
ခေါင်းပေါ်ကဦးထုပ်လေး မင်မင်တို့ဆီမှာလို့ ရ 🥰🙆

Photos from Ash Mellow's post 21/02/2022

ပူနွေးပြီး တောက်ပတဲ့နွေရာသီလေးမှာ Butterfly Topနဲ့ Pineappleစကပ်လေးဝတ်ပြီး ကိုယ့်ရဲ့အရှိအလှတရားတွေကို ထုတ်ပြလိုက်ပါ 🤗🦋

ဒါမျိုးလေး ဝတ်ချင်တယ်ဆိုရင် CB မှာ အားမနာစတမ်း လာမေးပေးနော် 🙆🤗
အခုချိန်မှာထားမှ 3လပိုင်းလောက်ရနိုင်မှာပါလို့ 🙆🦋

Full credit to

Photos from Ash Mellow's post 20/02/2022

🦋သိပ်လှတဲ့လိပ်ပြာတောင်ပံကလစ်လေးတွေ မှာယူလို့ရပါပြီနော် 🙆
ဖဲသားရောင်စုံနဲ့လည်း ရရှိနိုင်သလို အင်းချည်ပေါင်းသားရောင်စုံ၊ရေစိုပိတ်စအရောင်များဖြင့်လည်း ရရှိနိုင်ပါတယ်ရှင့် 🙆🦋🥰

မှာယူလိုပါက အားမနာစတမ်း CB ကိုလာမေးပေးနော် 🙆🦋

Photos from Ash Mellow's post 20/02/2022

ဟိတ်ဟိတ် မမJisoo ခေါင်းမှာပန်ထားတဲ့ လိပ်ပြာတောင်ပံကလစ်လေးတွေ Instockထားရောင်းပေးရမလားဟင် 🤗🙆
ပန်ထားလိုက်ရင် မင်းသမီးလေးလို ချစ်ဖို့ကောင်းနေမှာနော်
ဘယ်လိုဆံပင်ပုံစံမျိုးနဲ့မဆိုလိုက်ဖက်လှပသလို လက်ဆောင်ပေးရင်လဲ ပေးသူရဲ့မေတ္တာကိုပေါ်လွင်ခံစားသိရှိစေမှာပါနော် 🥰😍

ဖဲသား‌ရောင်စုံလေးနဲ့လဲရရှိနိုင်မှာဖြစ်သလို အင်းချည်ပေါင်းသားရောင်စုံနဲ့လဲ ရရှိနိုင်မှာဖြစ်ပါတယ်ရှင် 🤗🙆🥰

လက်နဲ့ဖန်တီးရတာချင်းတူညီပေမဲ့ လိပ်ပြာတောင်ပံကလစ်လေးတွေက ပိုမိုလွယ်ကူလို့ အမြန်ရနိုင်ပါတယ်ရှင့်🙆🥰

အားပေးဝယ်ယူသူများရင် Instockရောင်စုံထားပေးပါမယ်နော် 🤗🤗🤗

Photos from Ash Mellow's post 17/02/2022

ပြည်တွင်းဖြစ်ချည်သားနဲ့ချုပ်လုပ်ထားပြီး ဇစ်ရောတပ်ပေးထားတဲ့ ဘေးလွယ်အိတ်လေးတွေလဲ မှာယူနိုင်ပါတယ်ရှင့် 🙆🤗

Photos from Ash Mellow's post 17/02/2022

Edit- ရောင်းထွက်သွားပါပြီရှင့်🙆✨
ဝယ်ယူပေးပါသောမမ ငွေရှိရာငွေလာပါစေရှင့်

Photos from Ash Mellow's post 17/02/2022

Morning Star ✨ပန်းလေးများနဲ့အပြိုင် လှပနေတဲ့ ပါကင်ထုပ်လေးပေါ့ရှင် 🙆📦📦💗

Photos from Ash Mellow's post 17/02/2022

မင်္ဂလာနံနက်ခင်းပါရှင့် 🙆🍁
ပုံထဲက လာဘ်ရွှင်ငွေဝင်အိတ်ရှုံ့လေး Instockရှိပါမယ်ရှင့်
ငွေဝင်စေတဲ့အရောင်ကိုသုံးစွဲပေးထားပြီး ရွှေချည်နဲ့‌ပန်းထိုးပေးထားတဲ့အပြင် 😍😍
လက်ကိုင်ကွင်းလေးရောပါဝင်တာဖြစ်လို့ အိတ်လေးချည်းသီးသန့်ကိုင်ဆွဲချင်ရင်လဲ ရနိုင်ပါတယ်နော် 🤗🤗
ဒါလေးယူမယ်ဆိုရင်တော့ စောင့်ဆိုင်းစရာမလိုအပ်ပါဘူးရှင် 🌟💗

Photos from Ash Mellow's post 16/02/2022

နေရာမရွေး၊အဝတ်အစားမရွေး ပွဲလယ်တင့်ချင်ရင်တော့ ဒီလို ပုဝါလေးတွေကိုရွေးပါရှင့် 🤗🙆
မြန်မာပြည်တွင်းထုတ် အင်းလေးချည်သားအိအိလေးပေါ်မှာ လက်နဲ့သေချာအချိန်ယူရေးထိုးထားတဲ့ ပန်းပွင့်လေးတွေနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် လှတယ်ဆိုတာထက်တောင် ပိုသွားအုန်းမှာပါနော် 💗💗

ခေတ်နဲ့အညီဖက်ရှင်ရေစီးကြောင်းကိုအမှီလိုက်နိုင်ဖို့ လိုတယ်နော် လေဒီတို့ 😍😍😜
ဂါရဝလက်ဆောင်အဖြစ်ပေးအပ်ဖို့လဲ အကောင်းဆုံးပါပဲလို့ 🤗💙

မှာယူချင်တယ်ဆိုရင်တော့ အသေးစိတ်ကို CB မှာ အားမနာစတမ်းလာမေးပါရှင် 🙆🍁

Telephone

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00