မြန်မာပြည် ဆေးသုတ်လုပ်ငန်း Ko Zaw Hein Htet

မြန်မာပြည် ဆေးသုတ်လုပ်ငန်း Ko Zaw Hein Htet

ရန်ကုန်တိုက်အလှဆင်

Photos from မြန်မာပြည် ဆေးသုတ်လုပ်ငန်း Ko Zaw Hein Htet's post 21/05/2024

🌈. ဆေးသုတ်ဖို့ ဆေးအရောင် ဘယ်လိုရွေးချယ်ပေးရမလဲ (ဆေးအရောင်တွေရဲ့ အဓိပ္ပါယ် )
==========================================

🏠အိမ်ဆေးသုတ်ဖို့ အရောင်တွေကို ဆေးအရောင်တွေရဲ့ အဓိပ္ပါယ်ပေါ် အခြေခံပြီး အသင့်တော်ဆုံး ဆေးအရောင် ( PAINT) ကို ရွေးချယ်ပေးရပါတယ်။

🟢🛑ဆေးလောကမှာ လူကြိုက်များပြီး အသုံးများတဲ့ ဆေးအရောင်တွေရဲ့ အဓိပ္ပါယ်ကို မျှဝေပေးချင်ပါတယ်။

1. # အပြာရောင်
အပြာရောင် ဆိုတာ ငြိမ်သက်ခြင်းနှင့် အေးမြမှုတို့ကို ကိုယ်စားပြုထားတဲ့အရောင်လေးဖြစ်ပါတယ်။ အပြာရောင်ကတော့ ယုံကြည်ကိုးစားမှုနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပါတယ်။ သစ္စာရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းလို့ ပြောနိုင်သလို ရှေးရိုးစွဲအားကြီးမှုနဲ့ စိမ်းကားအေးစက်မှုလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။ငြိမ်သက် အေးဆေးသော စွမ်းအားတို့ကို ကိုယ်စားပြုတဲ့ အပြာရောင်လေးကို အိပ်ခန်းထဲမှာ သုတ်ထားမယ်ဆိုရင်တော့ ကောင်းစွာအိပ်ပျော်ဖို့ အတွက် အသင့်တော်ဆုံးဖြစ်စေမှာပါ။

2. # အဝါရောင်
အဝါရောင်လေးကတော့ ပျော်ရွှင်မှုရှိစေမယ့်အရောင် လှုံဆော်မှု၊ အကောင်းမြင်မှုတို့ကို ကိုယ်စားပြုထားတဲ့ နွေရာသီအရောင်လေးဖြစ်ပါတယ်။အဝါရောင်ကြိုက်နှစ်သက်သူတွေက အသစ်သစ်တွေနဲ့ ခေတ်ဆန်မှုတွေကို အလိုရှိသူလေးတွေဖြစ်ပါတယ်။အဝါရောင်ဖျော့ သုတ်ထားတဲ့နေရာလေးက နွေရာသီရဲ့ အငွေ့အသက်လေးတွေကို ဆောင်ကြဉ်းပေးနိုင်ပြီး အမြင်အာရုံမှတဆင့် တက်ကြွပျော်ရွှင်စေမှုတို့ကို ဖြစ်ပေါ်စေပါတယ်။

3. # ခရမ်းနုရောင်
ခရမ်းနုရောင်ကတော့ စိတ်ကူးနိုင်စွမ်းရဲ့ အရောင်ပါ။ သူဟာ ဖန်တီးနိုင်စွမ်းနဲ့ သီးသန့်ဆန်မှု အပြင် မရင့်ကျက်မှုနဲ့ လက်တွေ့မဆန်မှုလဲ ဖြစ်နိုင်ပါတယ်။

4. # ခရမ်းရောင်
ခရမ်းရောင်လေးကတော့ စိတ်ကူးစိတ်သန်းတို့ကို လှုံဆော်ပေးတဲ့အရောင်လေးဖြစ်ပါတယ်။ဒါဟာ နန်းဆန်မှုနဲ့ အတူ စည်းစိမ်ရှိရှိနေခြင်းရဲ့ အရောင်လေးလဲဖြစ်ပါတယ်။ခရမ်းရောင် ကြိုက်နှစ်သက်သူတွေက ဖန်းတီးမှုရှိသူ အမြော်မြင်ရှိမှု နဲ့ Romantics ဆန်တဲ့သူတွေဖြစ်ကျပါတယ်။အခန်းတခန်းထဲမှာ အနားယူပြီး သောကကင်းဝေအောင် ဖန်တီးချင်ပါလား။အိမ်ကနံရံကို ခရမ်းဖျော့ရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

5. # အနီရောင်
အနီရောင်ဆိုတာ ယုံကြည်မှုရှိမှု ၊ စိတ်လှုပ်ရှားမှု ၊ စွမ်းအားရှိမှုတို့ကိုဖြစ်ပေါ်စေပြီး… စိတ်ပိုင်းဆိုင်ရာ အလှုံ့ဆော်နိုင်ဆုံးသော အရောင်ဖြစ်ပါတယ်။အနီရောင်ကြိုက်နှစ်သက်သူတွေဆိုတာ စိတ်ဓာတ်ပြင်းပြ…ခွန်အားပြည့်ဝပြီး…စိတ်မြန်…ရဲရင့်သူတွေ ဖြစ်ကျပါတယ်။သင်ရဲ့ အိမ်ခန်းနေရာလေးကို ရွှင်လန်းတက်ကြွပြီး စိတ်ဓာတ်ပြင်းတဲ့ နေရာလေးဖြစ်စေချင်တယ်ဆိုရင်တော့
အနီရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

6. # နီညိုရောင်
နီညိုရောင်ကတော့ တည်ကြည်လေးနက်ခြင်းရဲ့ အရောင် ဖြစ်ပါတယ်။ လုံခြုံမှုရှိခြင်း၊ ကာကွယ်မှုပေးခြင်းနဲ့ ပေါများကြွယ်ဝခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။

7. # အစိမ်းရောင်
ဟန်ချက်ညီမှုနဲ့ ရှင်သန်ကြီးထွားခြင်းတို့ရဲ့ အရောင်ပါပဲ။ အစိမ်းရောင်ဆိုတာ သဘာဝရဲ့အရောင်လေးဖြစ်ပြီး ငြိမ်သက်မှုနှင့်အတူ သက်သောင့်သက်သာရှိစေပါတယ်။ဘဝမှာ ဝမ်းမြောက်မှုကိုဖြစ်ပေါ်စေ၍ သဟာဇာတဖြစ်မှု နှင့် သွက်လက်မှု ရှိစေအောင် အစိမ်းရောင်က အမြဲဖော်ကြူးပေးမှာပါ။အစိမ်းရောင်ကို ကြိုက်နှစ်သက်သူတွေဆိုတာ မျှတ၍ တည်ငြိမ်မှုရှိပြီး ဇွဲကောင်းသူလေးတွေ ဖြစ်ကျပါတယ်။အဲ့ဒီလို စွမ်းအားတွေရရှိနေအောင် အိမ်ကအခန်းကို အစိမ်းရောင်လေး သုတ်ထားရင်ပိုအဆင်ပြေပါတယ်နော်။

8. # စိမ်းနုရောင်
အစိမ်းနုရောင်ကတော့ လူမှုဆက်ဆံရေးနဲ့ စိတ်ကြည်လင်ပြတ်သားခြင်းကို ဆိုလိုပါတယ်။ စိတ်ကူးယဉ်မှုနဲ့ လက်တွေ့မဆန်မှုလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။

9. # ပန်းရောင်
အချစ်စစ်နဲ့ စောင့်ရှောက်ဖေးမခြင်းတို့ရဲ့ အရောင်ဖြစ်ပါတယ်။ ပန်းရောင်ဆိုတာ နှုးညံ့မှုကို ကိုယ်စားပြုထားတဲ့ အနီရောင်ရဲ့ မိသားစုဝင် အရောင်လေးဖြစ်ပါတယ်။ဗျာဆန်မှု၊ မရင့်ကျက်မှုနဲ့ တွေးခေါ်သုံးသပ်နိုင်စွမ်းမရှိမှုတို့ကိုလဲ ကိုယ်စားပြုပါတယ်။ပန်းရောင်ကိုကြိုက်နှစ်သက်သူတွေကတော့ အမျိုးသမီး လေးတွေက အများစုဖြစ်ပြီး…အပြစ်ကင်းသူ၊ Romantic ဆန်သူလေးတွေ ဖြစ်ကျပါတယ်။အနီရောင်နဲ့ ယှဉ်ရင်တော့ ပန်းရောင်က ငြိမ်သက်အေးချမ်းတဲ့အရောင်လေးဖြစ်လို့အိပ်ခန်းထဲမှာသုတ်မယ်ဆိုရင် ပိုအဆင်ပြေမယ့် အရောင်လေးဖြစ်ပါတယ်။

10. # ရွှေရောင်
ရွှေရောင်ကတော့ အောင်မြင်မှုရဲ့ အရောင်ပါ။ ဖြစ်ထွန်းမှုနဲ့ အောင်ပွဲရဲ့ အဓိပ္ပါယ်လဲ ဖြစ်ပါတယ်။ ပေါကြွယ်ဝမှုနဲ့ ကြီးပွားတိုးတက်မှု၊ စည်းစိမ်နဲ့ အရည်အသွေး၊ ရိုသေလေးစားမှုနဲ့ အတွေ့အကြုံများခြင်း၊ တန်ဖိုးရှိမှုနဲ့ ရည်မွန်ကြော့ရှင်းမှု စတာတွေနဲ့လဲ ဆက်စပ်နေပါတယ်။ ဓနငွေကြေးပေါကြွယ်ဝခြင်း၊ ပစ္စည်းဥစ္စာချမ်းသာခြင်းနဲ့ သုံးမကုန်၊ဖြုန်းမကုန်ခြင်းတို့ကိုလဲ ကိုယ်စားပြုပါတယ်။

11. # အညိုရောင်
အညိုရောင်လေးကတော့ ကမ္ဘာကြီးရဲ့ သင်္ကေတဖြစ်ပြီး..လုံခြုံမှု၊ ရောင့်ရဲနိုင်မှု နှင့် အားရကျေနပ်မှု တို့ကို ကိုယ်စားပြုထားတဲ့ အရောင်လေးဖြစ်ပါတယ်။အညိုရောင်ကြိုက်နှစ်သက်သူတွေကတော့ သဘာဝကို ချစ်မြတ်နိုးသူလေးတွေဖြစ်ပြီး ရိုးသားခြင်းရှိသော စိတ်ချမ်းသာမှုကို အလိုရှိတဲ့ သူလေးတွေ ဖြစ်ပါတယ်။

12. # လိမ္မော်ရောင်
လိမ္မောရောင်လေးကတော့ ကျန်းမာရေးကိုမြင့်တင်ပေးပြီး…စဉ်းစားဉာဏ်ရှိမှု၊ ကောင်းမွန်သည့်အကျိုးကျေးဇူးရရှိမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။မျှတမှုရှိပြီး နွေးထွေးခြင်း၊ မြူးကြွခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း ၊ အာရုံစူးစိုက်မှုရှိခြင်းတို့နဲ့ ပြည့်စုံစေတဲ့ အရောင်လေးဖြစ်ပါတယ်။လိမ္မော်ရောင်ကြိုက်တတ်တဲ့ သူလေးတွေကတော့ လူတိုင်းနှင့် ခင်မင်တတ်တဲ့သူလေးတွေ ဖြစ်ပါတယ်နော်။
လိမ္မော်ရောင်ဟာ စားချင်သောက်ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့အရောင်လေးဖြစ်ပြီး…ထမင်းစားခန်းမှာ ထပ်ဖြည့်ဖို့လိုတဲ့ ဟင်းခတ်အမွေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။

13. # အဖြူရောင်
အဖြူရောင်ကတော့ သန့်ရှင်းစင်ကြယ်မှုနဲ့ ပြီးပြည့်စုံမှုကို ဖော်ဆောင်ပါတယ်။ ဖြူစင်ခြင်း၊ အပြစ်ကင်းခြင်း၊ ကြီးမြတ်ခြင်း၊ ပြည့်စုံခြင်းလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။အဖြူရောင်ဟာ ငယ်ရွယ်မှု၊ သန့်ရှင်းမှုနဲ့အတူ အေးမြအောင်ဖန်တီးပေးတဲ့ အရောင်လေးဖြစ်ပြီး လန်းဆန်းတဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်လို့ ရွေးချယ်သင့်တဲ့ အရောင်လေးဖြစ်ပါတယ်နော်။အဖြူရောင်ကြိုက်တဲ့သူတွေက ခေတ်ပေါ်စတိုင်လေးတွေကို ကြိုက်နှစ်သက်မှုရှိတဲ့ သူလေးတွေလဲ ဖြစ်ပါတယ်။ပူနွေးပြီး အရိပ်ကျနေတဲ့နေရာတွေမှာ အဖြူရောင်ဟာ အေးမြမှုကိုရရှိအောင် အကူညီပေးပြီး…အအေးရိပ်ကျနေတဲ့ နေရာလေးတွေမှာ ဆိုရင်တော့ အေးမြမှုကို ပိုမိုခံစားရအောင်ပြုလုပ်ပေးပါတယ်။

14. # အမဲရောင်
အမဲရောင်ကတော့ လှပတင့်တယ်မှု ၊ လျိုဝှက်ဆန်းကြယ်မှု နဲ့ စွမ်းအားရှိမှုတို့ကို ကိုယ်စားပြုတဲ့ အရောင်လေးဖြစ်ပါတယ်။အမဲရောင်ကြိုက်တဲ့ သူတွေက ရည်မှန်းချက်ကြီးသူတွေ ၊ ခေတ်မှီဆန်းပြားတဲ့သူတွေ ဖြစ်ကျပါတယ်။တစ်ဖက်မှာတော့ စိတ်မချမ်းသာမှုဖြစ်ခြင်း ရဲ့ အရောင်လေးလဲဖြစ်ပြီး…Drama ဆန်ဆန် ပြင်ဆင်ချင်တယ်ဆိုရင်တော့ အလေးပေးအရောင် အဖြစ် ရွေးချယ်သင့်ပါတယ်။

15. # မီးခိုးရောင်
မီးခိုးရောင်လေးကတော့ လှပကြော့ရှင်းတဲ့ အရောင်လေးဖြစ်ပြီး အခြားသောအရောင်တွေနဲ့ အံဝင်ခွင်ကျအဖြစ်ဆုံးသော အရောင်လေးလဲဖြစ်ပါတယ်နော်။မီးခိုးရောင်ကြိုက်သူတွေက လိမ္မာပါးနပ်ပြီး စည်းကမ်းရှိသော သူတွေဖြစ်ပါတယ်။အခြားသောနွေးထွေးမှုရှိတဲ့ အရောင်လေးတွေနဲ့ တွဲဖက်ပြီး သုတ်ထားမယ်ဆိုရင်တော့ ဖျတ်လတ်တက်ကြွတဲ့နေရာလေးတစ်ခုဖြစ်စေမှာ အသေအချာပါပဲနော်။

16. # လိမ္မော်ရောင်
လူမှုဆက်ဆံရေးနဲ့ အကောင်းမြင်ဝါဒကို ကိုယ်စားပြုပါတယ်။ ပြောင်းပြန်အဓိပ္ပါယ်အနေနဲ့ မကောင်းမြင်ဝါဒ၊ တုန်လှုပ်ချောက်ချားနေခြင်း နဲ့ ဘာခံစားချက်မှ မရှိ၊ ဟာလာဟင်းလင်းဖြစ်နေမှုကိုလဲ ကိုယ်စားပြုနိုင်ပြန်ပါတယ်။အဝါရောင်ကတော့ အတွေးအခေါ်နဲ့ ဉာဏ်ပညာတို့ရဲ့ အရောင်ပါ။ အကောင်းမြင်ဝါဒနဲ့ ပျော်ရွှင်တက်ကြွခြင်းကိုလဲ ကိုယ်စားပြုပါတယ်။ ဒါ့အပြင် စိတ်မရှည်ခြင်း၊ အပြစ်မြင်ခြင်းနဲ့ သူရဲဘောနည်းခြင်းလို့လဲ အဓိပ္ပါယ်ကောက်ယူနိုင်ပြန်ပါတယ်။

လှပတဲ့ ရောင်စုံကမ္ဘာကို ပိုင်ဆိုင်နိုင်ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မူရင်းရေးသားသူ လေးစားဂါဝရပြုပါတယ်🙏🙏🙏

🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡

📞09452 380 969

ရေဆေး ဆီဆေး ပေါလစ်ဆေးသုတ်လုပ်ငန်း

19/05/2024

#အိမ်နံရံကဆေးအဟောင်းတွေဘယ်လိုပြုပြင်ရမလဲ?

အိမ်နံရံကဆေးအဟောင်းတွေပြုပြင်ပုံ ၃မျိုးရှိပါတယ်

(၁) #ဆေးအမျိုးစားအညံ့စားသုံးထားပြီး ဆေးသားသက်တန်းကုန်လို့ပျက်စီးနေတဲ့နံရံကိုပြုပြင်ဆိုရင်

ပေါက်ပြဲကွာကျနေတဲ့ဆေးအဟောင်းတွေကို ကွာသလောက်အကုန်ခွာချပြီး ကော်ပတ်စား သန့်ရှင်းရေးလုပ်ရပါမယ် မကွာပဲကုတ်အားကောင်းနေတဲ့ဆေးအဟောင်းတွေကိုဆီလာခံဆေးနဲကုတ်အားကောင်းအောင်ပြန်သုတ်ရပါမယ်
ဆီလာခြောက်ရင်ပတ်တီးရိုက်လိုရပါပြီ ပတ်တီးခြောက်ရင်ကော်ပတ်တိုက်လို့ရပါပြီ ကော်ပတ်တိုက်လို့ပြီးရင်အမှုန့်ခါသန့်ရှင်းရေးလုပ် ဆီလာခံဆေးသုတ်ရပါမယ် ဆီလာခံဆေးခြောက်ရင် ဆေးကာလာတစ်ထပ်သုတ်လို့ရပါပြီဆေးတစ်ထပ်ခြောက်ရင် ဆေးကာလာနှစ်ထပ်ဖိုင်နယ်သုတ်လို့ရပါပြီခင်ဗျာ
အခုလိုပြုပြင်ပြီးဆေးပြန်သုတ်လိုက်ရင်ကြာရှည်ခံလှပတဲ့နေအိမ်လေးပြန်ရရှိပါပြီခင်ဗျာ

(၂) #ရေအစိုဓာတ်ကြောင့် အိမ်နံရံကဆေးတွေပျက်စီးလို့ပြန်ပြုပြင်မယ်ဆိုရင်

အဝါရောင်အကွက်တွေထနေတဲ့ နေရာတွေကို ဆေးသားကုန်အောင်ခွာချရပါမယ် မှိုတွေထနေတဲ့နေရာကိုလဲ မှိုတွေပျောက်အောင် ကော်ပတ်စားသန့်ရှင်းလုပ်ရပါမယ် လေဘုထပြီးကြွနေတဲ့ဆေးတွေကို ပြောင်အောင်းခွာချရပါမယ် အားလုံးပြီးရင်နံရံအားလုံးကိုကော်ပတ်စားသန့်ရှင်းရေးလုပ်ရပါမယ် မကွာပဲကုတ်အားကောင်နေတဲ့ဆေးအဟောင်းတွေကို ဆီလာခံဆေးနဲ့ကုတ်အားကောင်းအောင်ပြန်သုတ်ရပါမယ် (ရေတားဆေးသုတ်ရင်ပိုကောင်းပါတယ်)ကျနော်တို့ဖွဲ့မှရေးတားဆေးမသုတ်ပေးပါဘူးခင်ဗျာ

ပြီးရင်ပတ်တီးရိုက်လို့ရပါပြီ ပတ်တီးခြောက်ရင် ကော်ပတ်စား လို့ရပါပြီ ကော်ပတ်စားပြီးရင် အမှုန့်ခါသန့်ရှင်းရေးလုပ်ပြီးဆီလာခံဆေးသုတ်လို့ပါပြီ ဆီလာခံဆေးခြောက်ရင် ဆေးကာလာတစ်ထပ်သုတ်လို့ရပါပြီ ဆေးကာလာတစ်ထပ်ခြောက်ရင်ဆေးကာလာနှစ်ထပ်ဖိုင်နယ်သုတ်လို့ရပါပြီခင်ဗျာ
အခုလိုပြန်ပြုပြင်ပြီးဆေးပြန်သုတ်လိုက်မယ်ဆို ကြာရှည်ခံ လှပတဲ့နေအိမ်လေးပြန်ရရှိပါပြီခင်ဗျာ

(၃) #အညှစ်ကြေတွေကြောင့် နံရံတွေညစ်ပေးဟောင်းနွမ်းနေလို့ပြန်ပြုပြင်မယ်ဆိုရင်

ညစ်ပေးနေတဲ့နံရံကို ကော်ပတ်စားသန့်ရှင်းရေးလုပ် အမှုန်ခါပြီးဆီလာခံဆေးသုတ်လို့ရပါပြီ ဆီလာခံဆေးခြောက်ရင်ဆေးကာလာတစ်ထပ်သုတ်လို့ရပါပြီ ဆေးကာလာတစ်ထပ်ခြောက်ရင်ဆေးကာလာနှစ်ထပ်ဖိုင်နယ်ဆေးသုတ်လို့ရပါပြီခင်ဗျာ
အခုလိုပြန်ပြုပြင်ဆေးပြန်သုတ်လိုက်မယ်ဆိုရင်ကြာရှည်ခံလှပတဲ့နေအိမ်လေးပြန်ရရှိပါပြီခင်ဗျာ

🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡

နံရံရေဆေး သံဗန်းဆီဆေး သစ်သားပေါလစ်လုပ်ငန်း

📞 09 452 380 969

Photos from မြန်မာပြည် ဆေးသုတ်လုပ်ငန်း Ko Zaw Hein Htet's post 02/03/2024

#ဆေးသုတ်တော့မယ်ဆိုရင်ဆေးကာလာအရောင်တွေကိုဘယ်လိုရွေးခြယ်ရမလဲ

ဆေးသုတ်တော့မယ်ဆိုရင် ဆေးကာလာအရောင်တွေရွေးတက်ဖို့လည်းအရေးကြီးပါတယ် ဆေးကာလာအရောင်တွေလိုက်ဖက်မှု့ရှိမှလည်း အိမ်လေးက လှပပြီးကြည့်ကောင်းစေမှာပါ ဆေးကိုဘယ်လောက်စျေးကြီးတဲ့ဆေးအမျိုးစားသုတ်သုတ် လက်ရာဘယ်လောက်ကောင်းကောင်း ရွေးခြယ်လိုက်တဲ့ဆေးကာလာအရောင်အရွေးမှားရင်လဲ အိမ်ရဲ့လှပမှု့ကိုလျှော့နည်းစေပါတယ်

#ဆေးကာလာအရောင်တွေရွေးခြယ်တော့မယ်ဆိုရင်
ဆေးကာလာအရောင် အရွေးမမှားအောင် ကာလာကပ်သလောက်မှာကြိုက်တဲ့အရောင်ရွေးခြယ်ရပါမယ်
ရွေးခြယ်ပြီးပြီဆိုရင် ရွေးထားတဲ့ဆေးကာလာအရောင်ကို ဗူးအသေးလေးအရင်ဝယ်ပြီး သုတ်မဲ့နံရံမှာ ၅ပေပတ်လည်လောက် အရင်စမ်းပြီးသုတ်ကြည့်ရပါမယ် စမ်းသုတ်ထားတဲ့အရောင်ကိုကြိုက်တယ်ဆိုမှ ဆေးပုံးအကြီးဝယ်ပြီးသုတ်ဒါက ဆေးကာလာအရောင် အရွေးမမှားနိုင်ပါဘူး ခင်ဗျာ

သင့်အိမ်လေးအတွက်ဘယ်လိုအရောင်လေးတွေရွေးခြယ်ထားပြီးပြီလဲ?

🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡

📞09 452 380 969

29/02/2024

#ဆေးသုတ်ဒါဘာခက်လို့လဲလွယ်လွယ်လေးဘာလို့ထင်ကြတယ်

တာဝန်ယူပြီးလုပ်ဆောင်နေတဲ့အလုပ်တစ်ခုစနစ်တကျ ကောင်းကောင်းမွန်မွန်နဲ့ပြီးစီးအောင် အဖွဲ့သားအားလုံးကြိုးကြိုးစားစားလုပ်ကိုင်ပြီးမှ လှလှပပပြီးစီးဒါပါ

ဆေးသုတ်တယ်ဆိုဒါလွယ်လွယ်လေးမဟုတ်ပါဘူး

ဆေးသုတ်ရင်လုပ်ရတဲ့အဆင့်များ

၁/နံရံအားလုံးကို ကော်ပတ်တိုက် အမှုံခါသန့်ရှင်းရေးလုပ် ဆေးမပေအောင်ကြမ်းခင်းတွေအခင်းခင်း မီးခလုတ်တွေစက္ကူတိပ်ကပ်ရပါတယ်

၂/ဆီလာခံဆေးကို ရိုလာနဲ့နံရံများအားလုံးကိုသုတ်ရပါမယ်

၃/ရိုလာမထိတဲ့နံရံဒေါင့်များကို စုတ်တံနဲ့လိုက်သုတ်ရပါမယ်

၄/ပတ်တီးတစ်ထပ်ရိုက်ရပါမယ်

၅/ပတ်တီးနှစ်ထပ်ရိုက်ရပါမယ်

၆/ကော်ပတ်တိုက်ရပါမယ်

၇/ကော်ပတ်တိုက်ပြီးအမှုံခါသန့်ရှင်းရေးလုပ်ရပါမယ်

၈/ဆီလာခံဆေးကို ရိုလာနဲ့ နံရံများအားလုံးကိုသုတ်ရပါမယ်

၉/ရိုလာမထိတဲ့ နံရံဒေါင့်များကို စုတ်တံနဲ့ လိုက်သုတ်ရပါမယ်

၁၀/ဆေးတစ်ထပ် ရိုလာနဲ့လိုက်သုတ်ရပါမယ်

၁၁/ရိုလာမထိတဲ့ နံရံဒေါင့်များကို စုတ်တံနဲ့လိုက်သုတ်ရပါမယ်

၁၂/ပတ်တီးအနာ တက်ရှင်ဖာရပါမယ်

၁၃/အနာဖာထားတဲ့ပတ်တီးခြောက်ရင် ကော်ပတ်တိုက်ရပါတယ်

၁၄/ကော်ပတ်တိုက်ပြီးတဲ့ ပတ်တီးပေါ်ကိုဆီလာဖာရပါမယ်

၁၅/ဆီလာခံဆေးခြောက်ရင် ဆီလာခံဆေးပေါ်ကို ဆေးဖာရပါမယ်

၁၆/ဆေး တူးကုတ်ဖိုင်နယ် နံရံဒေါင့်များကို စုတ်တံနဲ့သုတ်ရပါမယ်

၁၇/ဆေးတူးကုတ် ဖိုင်နယ် ရိုလာနဲ့ နံရံများအားလုံးကိုသုတ်ရပါမယ်ခင်ဗျာ

နံရံများအားလုံးကိုအဆင့်ရေ ၁၇ ဆင့်လုပ်ဆောင်ပြီးမှကြာရှည်ခံလှပတဲ့နံရံလေးရရှိပါပြီခင်ဗျာ

ဆေးသုတ်ပြီးပြီဆိုရင်လဲ အလုပ်ပြီးပြီဆိုပြီးအိမ်ရှင်ကိုတန်းပြီးအလုပ်အပ်လို့မရပါဘူး

တံမြက်စည်းလှဲ သန့်ရှင်းရေးလုပ် ကြမ်းတိုက်ပြီးမှအိမ်ရှင်ကို ပြီးပြီဆိုပြီး အလုပ်အပ်ရဒါပါ

ဆေးသုတ်ဒါစနစ်တကျ ကောင်းအောင်လုပ်မယ်ဆိုရင် မလွယ်လှပါဘူးခင်ဗျာ

🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡

📞09 452 380 969

28/02/2024

#သစ်သားကြမ်းခင်းသစ်သားတံခါတွေပေါလစ်ဆေးသုတ်မယ်ဆိုဘာတွေလိုအပ်မလဲ

(၁)/သစ်သားတံခါး ကြမ်းခင်း ပရိဘောဂပစ္စည်းတွေ
ပေါလစ်ဆေးသုတ်မယ်ဆိုရင် အရင်ဆုံးကော်ပတ်အကြမ်း AA60နဲ့တစ်ကြိမ်တိုက်ရပါမယ်

(၂)/AA60တိုက်ပြီးပြီဆိုရင် သစ်မှာရှိတက်တဲ့ အနာလေးတွေကို သစ်သားပတ်တီး ဖာပေးရပါမယ်

(၃)/သစ်ပတ်တီးဖာပြီးခြောက်တဲ့အခါ AA80ကော်ပတ်တစ်ကြိမ် ပြန်တိုက်ပေးရပါမယ်

(၄)/AA80ကော်ပတ်နဲ့အကုန်တိုက်ပြီးပြီဆိုရင် AA150နဲ့တစ်ကြိမ်ထက်တိုက်ရပါမယ်

(၅)/AA150ကော်ပတ်နဲ့ တိုက်ပြီးပြီဆိုရင် အီးဇီးသုတ်လို့ရပါပြီ အီးဇီးခြောက်သွေ့ချိန် ၂၄နာရီထားပေးရပါမယ်

(၆)/အီးဇီးခြောက်သွေ့ပြီးရင် ကော်ပတ်အနု320ccနဲ့တိုက်ပြီး ဖီလာသုတ်လို့ရပါပြီ ဖီလာကို စုတ်တံနဲအရင်သုတ်ပြီး အ၀တ်စနဲ့လိုက်သုတ်ရပါမယ် ဖီလာခြောက်သွေ့ချိန် ၁၆နာရီထားပေးရပါမယ်

(၇)/ဖီလာခြောက်ပြီဆိုရင် ဆီလာသုတ်လို့ရပါပြီ ဆီလာ သုတ်ပြီးရင် ဆီလာခြောက်သွေ့ချိန် အနည်းဆုံး ၄ နာရီထာပေးရပါမယ် ခြောက်သွေ့ပြီးရင် ကော်ပတ်320ccအနုနဲ့ပြန်တိုက်ရပါမယ် ကော်ပတ်
တိုက်ပြီးရင် ကော်ပတ်အမှုန်ခါ သန့်ရှင်းရေးလုပ်ပေး
ရပါမယ်

(၈) /အမှုန်တွေသန့်ရှင်းရေးလုပ်ပြီးရင် ဆီလာ
နောက်တစ်ကုတ် ထပ်သုတ်ရပါမယ် ဆီလာနှစ်ကုတ်နဲ့ အသားမ​ပြည်သေးရင်နောက်တစ်ကုတ်သုတ်လို့ရ
ပါတယ်

(၉) /ဆီလာသုတ်လို့ခြောက်သွေ့ချိန်ပြီးသွားရင် ကော်
ပတ်တိုက် အမှုံခါ သန့်ရှင်းရေးလုပ်ပြီး လိုက်ကာတစ်ကုတ်သုတ်လို့ရပါပြီ လိုက်ကာခြောက်သွေ့ချိန်
အနည်းဆုံး ၄နာရီထားရပါမယ်

(၁၀) /လိုက်ကာခြောက်သွေ့ချိန်ပြီးသွားရင် ကော်ပတ်တိုက် အမှုံခါသန့်ရှင်းရေးလုပ်ပြီး လိုက်ကာတူးကုတ် ဖိုင်နယ်သုတ်ပြီးရင် ​သန့်ရှင်းလှပတဲ့ ပေါလစ်ရရှိပါပြီ ခင်ဗျာ

လေ့လာ လုပ်ကိုင်ခဲ့တဲ့ သိသလောက်လေး မျှဝေပေးလိုက်ပါတယ်

ပါ၀င်မဲ့ဆေးအမျိုးစားက( ၄ )မျိုးပါ
အီးဇီး
ဖီလာ
စီလာ
လိုက်ကာ

ဆေးအချိုးစားဆက်ရန် လေ့လာရန် လိုအပ်ပါတယ်

🏡မြန်မာပြည် ဆေးသုတ်လုပ်ငန်း🏡

📞 09 452 380 969

10/02/2024

#အိမ်နံရံကဆေးအဟောင်းတွေရဲ့ထိခိုက်မှု့များ

အိမ်နံရံကဆေးတွေ ဟောင်းနွမ်းပျက်စီးလာပြီဆိုရင်
နံရံကဆေးတွေဆားပေါက်ပြီး အမှုံတွေထွက်လာမယ် လေဘုတွေထလာမယ် ဆေးတွေအဖက်လိုက်ကွာလာမယ် မှိုကွက်တွေထလာမယ် အမှုံတွေ ဆေးဖက်တွေ
မှိုတွေက ဒီအတိုင်းမနေပါဘူး အိမ်ထဲမှာအမှုံတွေဆေးဖက်တွေက လေတိုက်တိုင်းလွင့်နေမယ် မှိုနံ့တွေကလဲအိမ်ထဲမှာအမြဲတန်းရှိနေမှာပါ
အဲယားကွန်းသုံးတဲ့အိမ်တွေဆိုရင် အိမ်ထဲမှာမှိုတွေကိုအအေးပေးပြီးလှောင်ထားသလိုဖြစ်လာပါတယ် အမှုံတွေဆေးဖက်တွေမှိုတွေရဲ့ အနံ့အငွေ့သက်တွေကအိမ်ထဲမှာအချိန်တိုင်းရှိနေမှာဖြစ်တဲ့အတွက် အိမ်ထဲမှာရှိတဲ့အချိန်တိုင်း အဲ့အငွေ့သက်တွေကိုရှူရှိုက်နေရမှာပါ

လေထုညစ်ညမ်းမှု့ကကိုယ့်အိမ်ထဲမှာဖြစ်နေတာကိုတော်တော်များများကမေ့နေကြပါတယ်

#အဲ့တာတွေရဲ့ဆိူးကျိူးကတော့ အချိန်တိုင်းအသက်ရှူနေရတဲ့ အသက်ရှူလမ်းကြောင်းကိုအဓိက ထိခိုက်လာပါတယ် အသက်ရှူလမ်းကြောင်းကတဆင့် ဗိုက်ထဲဝင်မိသွားမယ်ဆိုရင် ကင်ဆာရောဂါအထိဖြစ်နိုင်ပါတယ်
ကလေးတွေရှိရင် ပိုပြီးသတိထားသင့်ပါတယ်
ဆော့ကစားရင်းနဲ့ နံရံတွေကိုလက်နဲ့ကိုင်မိတဲ့အခါ နံရံကအညစ်ကြေးတွေက ကလေးတွေရဲ့လက်မှာ ပါလာပါတယ် ဒါကိုသတိမထားမိပဲ လက်ကိုသေချာမဆေးမိပဲ အစားအစာ စားလိုက်မိတဲ့အခါမှာ ဗိုက်ထဲရောက်သွားပြီး ကလေးတွေရဲ့ကျန်းမာရေးကိုထိခိုက်လာပါတယ်

သင့်အိမ်နံရံက ဆေးအဟောင်းတွေကသင့်မိသားစုရဲ့ကျန်းမာရေးကိုဘယ်လောက်ထိခိုက်နေမိလဲ စဥ်းစာသင့်ပါတယ်

🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡

📞09 452 380 969

23/01/2024

#ဆေးသုတ်ပြီးသားဆေးအဟောင်းတွေအပေါ်ကနေဆေးအသစ်ဘယ်လိုပြန်သုတ်ရမလဲ

ဆေးသုတ်ပြီးသားဆေးအဟောင်းတွေအပေါ်ကိုဆေးအသစ်ပြန်သုတ်တော့မယ်ဆိုရင်
{၁} ဆေးမသုတ်ခင် နံရံပေါ်ကဆေးအဟောင်းတွေကို ကော်ပတ်စားသန့်ရှင်းရေးလုပ်ရပါမယ် ပြီးရင်ကြွနေတဲ့ဆေးအဟောင်းတွေကို ရသလောက်ပြောင်အောင်ခြစ်ထုတ်ရပါမယ် သန့်ရှင်းရေစလုပ်တဲ့အခါမှာလဲ သေချာဂရုစိုက်ပြီး လုပ်ရပါမယ် သန့်ရှင်းရေးမပြောင်ရင် ထပ်သုတ်မဲ့ဆေးအသစ်တွေပါ ရေရှည်မခံတော့ပါဘူး အဲ့ဒါကြောင့်သန့်ရှင်းရေးက အဟောင်းပြန်ပြင်အိမ်တွေတိုက်ခန်းတွေးမှာအရေးအကြီးဆုံးတစ်ခုဖြစ်ပါတယ်

{၂} သန့်ရှင်းရေးပြီးပြီဆိုရင် ဆီလာခံဆေးသုတ်လို့ရပါပြီဆီလာခံဆေးသုတ်တဲ့အခါ ရိုလာနဲ့ နံရံအားလုံးကိုသုတ်ရပါမယ် ရိုလာနဲ့မထိတဲ့ နံရံဒေါင့်များကို စုတ်တံနဲ့လိုက်သုတ်ရပါမယ်

{၃} ဆီလာခံဆေးခြောက်ပြီဆိုရင် နံရံညီညာဖို့အတွက်ပတ်တီးရိုက်လို့ရပါပြီ ပတ်ရိုက်တဲ့အခါမှာလဲ နံရံအရမ်းဆိုးရင် ပတ်တီးနှစ်ကုတ်လောက်ရိုက်ရပါမယ် နည်းနည်းလောက်ပဲဆိုးရင်တော့ ပတ်တီးတစ်ကုတ်နဲ့အဆင်ပြေပါတယ် နံရံအကုန်ညီညာသေးတယ်ဆိုရင်တော့ အနာဖာ တက်ရှင်လောက်ပဲရိုက်လို့ရပါတယ်

{၄} ပတ်တီးရိုက်ပြီးပြီ ပတ်တီးလဲခြောက်ပြီဆိုရင် ပတ်တီးရိုက်ပြီးသားတွေကိုညီညာစေဖို့ကော်ပတ်တိုက်ရပါမယ်

{၅} ကော်ပတ်တွေအားလုံးတိုက်ပြီးပြီဆိုရင် ကော်ပတ်တိုက်ပြီးသားအမှုန်တွေကိုခါချပြီးအမှုန်တွေကိုသန့်ရှင်းရေးလုပ်ရပါမယ်

{၆} အမှုန်တွေသန့်ရှင်းရေးလုပ်ပြီးပြီဆိုရင်ဆေးကုတ်အားကောင်းအောင် ရေရှည်ခံအောင် ဆီလာခံဆေးသုတ်ရပါမယ် ဆီလာခံဆေးသုတ်တဲ့အခါမှာ ကော်ပတ်တိုက်သန့်ရှင်းရေးလုပ်ပြီးသားနံရံများအားလုံးကို ရိုလာနဲ့သုတ်ရပါမယ် ရိုလာမထိတဲ့ နံရံဒေါင့်များကိုစုတ်တံနဲ့သုတ်ရပါမယ်

{၇} ဆီလာခံဆေးခြောက်ပြီဆိုရင် ကြိုက်နှစ်သက်တဲ့ဆေးကာလာအရောင်တစ်ထပ်သုတ်လို့ရပါပြီ ဆေးကာလာသုတ်တဲ့အခါမှာလဲ နံရံများအားလုံးကိုရိုလာနဲ့သုတ်ရပါမယ် ရိုလာမထိတဲ့နံရံဒေါင့်များကို စုတ်တံနဲ့သုတ်ရပါမယ်

{၈} ဆေးကာလာတစ်ထပ်ခြောက်ရင် နှစ်ထပ်မြောက်ဖိုင်နယ်သုတ်လို့ရပါမယ် နှစ်ထပ်မြောက်ဆေးဖိုင်နယ်သုတ်တဲ့အခါ နံရံဒေါင့်များကို စုတ်တံနဲ့ သုတ်ရပါမယ် နံရံဒေါင့်များစုတ်တံနဲ့သုတ်ပြီးပြီဆိုရင် ရိုလာနဲ့ နံရံများအားလုံးကို လိုက်သုတ်ရပါမယ်ခင်ဗျာ

အခုလိုအဆင့်ဆင့်စနစ်တကျဆေးပြန်သုတ်လိုက်တဲ့အခါမှာ ကြာရှည်ခံလှပတဲ့ အိမ်အသစ်လေးလိုမျိုး သန့်ရှင်းပြီးလှပသွားပါပြီခင်ဗျာ

လေ့လာ လုပ်ကိုင်ခဲ့တဲ့ သိသလောက်လေးမျှဝေပေးလိုက်ပါတယ်

🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်းko zaw hein htet 🏡

📞09 452 380 969

06/01/2024

#အိမ်နံရံတွေဆေးသုတ်ရင်ပတ်တီးဘာလို့အသုံးပြုရဒါလဲ

တိုက်နံရံတွေဆေးသုတ်တော့မယ်ဆိုရင် ဆီလာခံဆေးတွေအသုံးပြုကြတယ် ပတ်တီးတွေအသုံးပြုကြတယ် ဆေးကာလာတွေအသုံးပြုကြပါတယ်
ဆီလာခံဆေးက ပတ်တီးတွေ ဆေတွေကုတ်အားကောင်းစေဖို့အတွက်အသုံးပြုရပါတယ် ဆေးကာလာကိုတော့ကိုယ်ကြိုက်တဲ့အရောင်တွေရရှိဖို့အတွက်အသုံးပြုကြပါတယ်

#ပတ်တီးကရောဘာအတွက်အသုံးပြုကြဒါလဲ

ပတ်တီးကိုတော နံရံသားချောမွှေ့စေဖို့အသုံပြုကြဒါပါ ပနံရံချေားသားအသစ် ဆေးတစ်ခါမှမသုတ်ရသေးတဲ့တိုက်အသစ်တွေဆို ပတ်တီးနှစ်ထပ်ရိုက်ပြီး ကော်ပတ်တိုက်လိုက်ရင် နံရံကချောမွှေ့သွားပါပြီ
ပတ်တီးကနံရံချေားမွှေ့စေဖို့အတွက်ပဲ အသုံးပြုဒါကောင်းပါတယ်

ပတ်တီးဒုထူရင် ပိုပြီးကြာရှည် ခံမယ်ထင်ကြပါတယ် တကယ်တော့ပတ်တီးကနံရံသားချေားမွှေ့စေယုံလောက်ပဲကောင်းပါတယ် ပတ်တီးဒုထူရင် ဆိုးကျိုးဖြစ်လာနိုင်ပါတယ် ဒါကြောင့်ပတ်တီးကိုလိုဒါထက်ပိုအသုံးမပြုဒါပိုကောင်းပါတယ်ခင်ဗျာ

လေ့လာလုပ်ကိုင်ခဲ့တဲ့ သိသလောက်လေးမျှဝေပေးလိုက်ပါတယ်

🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡
ရေဆေး ဆီဆေး ပေါလစ် လုပ်ငန်းများကိုတာဝန်ယူလုပ်ဆောင်ပေးပါတယ်ခင်ဗျာ

04/01/2024

#နံရံဆားပေါက်ခြင်း (Efflorescence)

နံရံချောပြီးတဲ့အခါ 1 ပတ် 2 ပတ်လောက်နေရင်နံရံမှာ ဆားပေါက်လာတာကြုံဖူးကြလား❓။ ဒါဘာလို့ဖြစ်တာလဲ၊ ဘယ်လိုပျောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာကြည့်ရအောင်

📌 နံရံဆားပေါက်ရတဲ့အဓိကအချက်ဟာ ရေကြောင့်ဖြစ်ပါတယ်။ နံရံစီဖို့ ဘိလပ်မြေ သရွတ် (mortar) ဖျော်တဲ့ ရေထဲမှာ ဆားဓာတ်တွေပါလာလို့ပါ။

📌နံရံမှာရှိတဲ့ ရေဟာ အပူချိန်ကြောင့်‌ အငွေ့ပြန်သွားတဲ့အခါ ဆားတွေကျန်ခဲ့တာပါ။ ဥပမာပေးရရင် - ပင်လယ်ရေကိုနေလှမ်းလိုက်တဲ့အခါ ဆားတွေကျန်ခဲ့သလိုပါပဲ။

📌‌ဘိလပ်မြေသရွတ် (mortar) ဖျော်တုန်းကရေက ဆားဓာတ်မပါပေမဲ့ ‌စီပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ဆားပါတဲ့ရေနဲ့ထိတွေ့ပြီး ရေစိုသွားတာ အစိုပြန်သွားတာမျိုးကြောင့်လဲဖြစ်တတ်ပါတယ်။

✅ဒီလိုမျိုးနံရံဆားပေါက်တာဟာ နံရံရဲ့ ခိုင်ခံ့မှုကိုတော့မထိခိုက်စေပါဘူး။

✅ဆားပေါက်နေတဲ့နဲရံကို ဆားတွေပြောင်သွားအောင်ကော် brush နဲ့ကောင်းကောင်း‌ပွတ်ပေးလိုက်ရင်ရပါပြီ။

📌 ဆားပေါက်နေတဲ့နံရံပေါ်ကို သန့်ရှင်းရေးမလုပ်ဘဲ ပတ်တီးရိုက်တာ ဆေးသုတ်တာ မလုပ်သင့်ပါဘူး။

မူရင်းရေးသားသူအား လေးစားပါတယ်🙏🙏🙏

🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡

📞09 452 380 969

Photos from မြန်မာပြည် ဆေးသုတ်လုပ်ငန်း Ko Zaw Hein Htet's post 03/01/2024

🌈. ဆေးသုတ်ဖို့ ဆေးအရောင် ဘယ်လိုရွေးချယ်ပေးရမလဲ (ဆေးအရောင်တွေရဲ့ အဓိပ္ပါယ် )
==========================================

🏠အိမ်ဆေးသုတ်ဖို့ အရောင်တွေကို ဆေးအရောင်တွေရဲ့ အဓိပ္ပါယ်ပေါ် အခြေခံပြီး အသင့်တော်ဆုံး ဆေးအရောင် ( PAINT) ကို ရွေးချယ်ပေးရပါတယ်။

🟢🛑ဆေးလောကမှာ လူကြိုက်များပြီး အသုံးများတဲ့ ဆေးအရောင်တွေရဲ့ အဓိပ္ပါယ်ကို မျှဝေပေးချင်ပါတယ်။

1. # အပြာရောင်
အပြာရောင် ဆိုတာ ငြိမ်သက်ခြင်းနှင့် အေးမြမှုတို့ကို ကိုယ်စားပြုထားတဲ့အရောင်လေးဖြစ်ပါတယ်။ အပြာရောင်ကတော့ ယုံကြည်ကိုးစားမှုနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပါတယ်။ သစ္စာရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းလို့ ပြောနိုင်သလို ရှေးရိုးစွဲအားကြီးမှုနဲ့ စိမ်းကားအေးစက်မှုလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။ငြိမ်သက် အေးဆေးသော စွမ်းအားတို့ကို ကိုယ်စားပြုတဲ့ အပြာရောင်လေးကို အိပ်ခန်းထဲမှာ သုတ်ထားမယ်ဆိုရင်တော့ ကောင်းစွာအိပ်ပျော်ဖို့ အတွက် အသင့်တော်ဆုံးဖြစ်စေမှာပါ။

2. # အဝါရောင်
အဝါရောင်လေးကတော့ ပျော်ရွှင်မှုရှိစေမယ့်အရောင် လှုံဆော်မှု၊ အကောင်းမြင်မှုတို့ကို ကိုယ်စားပြုထားတဲ့ နွေရာသီအရောင်လေးဖြစ်ပါတယ်။အဝါရောင်ကြိုက်နှစ်သက်သူတွေက အသစ်သစ်တွေနဲ့ ခေတ်ဆန်မှုတွေကို အလိုရှိသူလေးတွေဖြစ်ပါတယ်။အဝါရောင်ဖျော့ သုတ်ထားတဲ့နေရာလေးက နွေရာသီရဲ့ အငွေ့အသက်လေးတွေကို ဆောင်ကြဉ်းပေးနိုင်ပြီး အမြင်အာရုံမှတဆင့် တက်ကြွပျော်ရွှင်စေမှုတို့ကို ဖြစ်ပေါ်စေပါတယ်။

3. # ခရမ်းနုရောင်
ခရမ်းနုရောင်ကတော့ စိတ်ကူးနိုင်စွမ်းရဲ့ အရောင်ပါ။ သူဟာ ဖန်တီးနိုင်စွမ်းနဲ့ သီးသန့်ဆန်မှု အပြင် မရင့်ကျက်မှုနဲ့ လက်တွေ့မဆန်မှုလဲ ဖြစ်နိုင်ပါတယ်။

4. # ခရမ်းရောင်
ခရမ်းရောင်လေးကတော့ စိတ်ကူးစိတ်သန်းတို့ကို လှုံဆော်ပေးတဲ့အရောင်လေးဖြစ်ပါတယ်။ဒါဟာ နန်းဆန်မှုနဲ့ အတူ စည်းစိမ်ရှိရှိနေခြင်းရဲ့ အရောင်လေးလဲဖြစ်ပါတယ်။ခရမ်းရောင် ကြိုက်နှစ်သက်သူတွေက ဖန်းတီးမှုရှိသူ အမြော်မြင်ရှိမှု နဲ့ Romantics ဆန်တဲ့သူတွေဖြစ်ကျပါတယ်။အခန်းတခန်းထဲမှာ အနားယူပြီး သောကကင်းဝေအောင် ဖန်တီးချင်ပါလား။အိမ်ကနံရံကို ခရမ်းဖျော့ရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

5. # အနီရောင်
အနီရောင်ဆိုတာ ယုံကြည်မှုရှိမှု ၊ စိတ်လှုပ်ရှားမှု ၊ စွမ်းအားရှိမှုတို့ကိုဖြစ်ပေါ်စေပြီး… စိတ်ပိုင်းဆိုင်ရာ အလှုံ့ဆော်နိုင်ဆုံးသော အရောင်ဖြစ်ပါတယ်။အနီရောင်ကြိုက်နှစ်သက်သူတွေဆိုတာ စိတ်ဓာတ်ပြင်းပြ…ခွန်အားပြည့်ဝပြီး…စိတ်မြန်…ရဲရင့်သူတွေ ဖြစ်ကျပါတယ်။သင်ရဲ့ အိမ်ခန်းနေရာလေးကို ရွှင်လန်းတက်ကြွပြီး စိတ်ဓာတ်ပြင်းတဲ့ နေရာလေးဖြစ်စေချင်တယ်ဆိုရင်တော့
အနီရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

6. # နီညိုရောင်
နီညိုရောင်ကတော့ တည်ကြည်လေးနက်ခြင်းရဲ့ အရောင် ဖြစ်ပါတယ်။ လုံခြုံမှုရှိခြင်း၊ ကာကွယ်မှုပေးခြင်းနဲ့ ပေါများကြွယ်ဝခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။

7. # အစိမ်းရောင်
ဟန်ချက်ညီမှုနဲ့ ရှင်သန်ကြီးထွားခြင်းတို့ရဲ့ အရောင်ပါပဲ။ အစိမ်းရောင်ဆိုတာ သဘာဝရဲ့အရောင်လေးဖြစ်ပြီး ငြိမ်သက်မှုနှင့်အတူ သက်သောင့်သက်သာရှိစေပါတယ်။ဘဝမှာ ဝမ်းမြောက်မှုကိုဖြစ်ပေါ်စေ၍ သဟာဇာတဖြစ်မှု နှင့် သွက်လက်မှု ရှိစေအောင် အစိမ်းရောင်က အမြဲဖော်ကြူးပေးမှာပါ။အစိမ်းရောင်ကို ကြိုက်နှစ်သက်သူတွေဆိုတာ မျှတ၍ တည်ငြိမ်မှုရှိပြီး ဇွဲကောင်းသူလေးတွေ ဖြစ်ကျပါတယ်။အဲ့ဒီလို စွမ်းအားတွေရရှိနေအောင် အိမ်ကအခန်းကို အစိမ်းရောင်လေး သုတ်ထားရင်ပိုအဆင်ပြေပါတယ်နော်။

8. # စိမ်းနုရောင်
အစိမ်းနုရောင်ကတော့ လူမှုဆက်ဆံရေးနဲ့ စိတ်ကြည်လင်ပြတ်သားခြင်းကို ဆိုလိုပါတယ်။ စိတ်ကူးယဉ်မှုနဲ့ လက်တွေ့မဆန်မှုလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။

9. # ပန်းရောင်
အချစ်စစ်နဲ့ စောင့်ရှောက်ဖေးမခြင်းတို့ရဲ့ အရောင်ဖြစ်ပါတယ်။ ပန်းရောင်ဆိုတာ နှုးညံ့မှုကို ကိုယ်စားပြုထားတဲ့ အနီရောင်ရဲ့ မိသားစုဝင် အရောင်လေးဖြစ်ပါတယ်။ဗျာဆန်မှု၊ မရင့်ကျက်မှုနဲ့ တွေးခေါ်သုံးသပ်နိုင်စွမ်းမရှိမှုတို့ကိုလဲ ကိုယ်စားပြုပါတယ်။ပန်းရောင်ကိုကြိုက်နှစ်သက်သူတွေကတော့ အမျိုးသမီး လေးတွေက အများစုဖြစ်ပြီး…အပြစ်ကင်းသူ၊ Romantic ဆန်သူလေးတွေ ဖြစ်ကျပါတယ်။အနီရောင်နဲ့ ယှဉ်ရင်တော့ ပန်းရောင်က ငြိမ်သက်အေးချမ်းတဲ့အရောင်လေးဖြစ်လို့အိပ်ခန်းထဲမှာသုတ်မယ်ဆိုရင် ပိုအဆင်ပြေမယ့် အရောင်လေးဖြစ်ပါတယ်။

10. # ရွှေရောင်
ရွှေရောင်ကတော့ အောင်မြင်မှုရဲ့ အရောင်ပါ။ ဖြစ်ထွန်းမှုနဲ့ အောင်ပွဲရဲ့ အဓိပ္ပါယ်လဲ ဖြစ်ပါတယ်။ ပေါကြွယ်ဝမှုနဲ့ ကြီးပွားတိုးတက်မှု၊ စည်းစိမ်နဲ့ အရည်အသွေး၊ ရိုသေလေးစားမှုနဲ့ အတွေ့အကြုံများခြင်း၊ တန်ဖိုးရှိမှုနဲ့ ရည်မွန်ကြော့ရှင်းမှု စတာတွေနဲ့လဲ ဆက်စပ်နေပါတယ်။ ဓနငွေကြေးပေါကြွယ်ဝခြင်း၊ ပစ္စည်းဥစ္စာချမ်းသာခြင်းနဲ့ သုံးမကုန်၊ဖြုန်းမကုန်ခြင်းတို့ကိုလဲ ကိုယ်စားပြုပါတယ်။

11. # အညိုရောင်
အညိုရောင်လေးကတော့ ကမ္ဘာကြီးရဲ့ သင်္ကေတဖြစ်ပြီး..လုံခြုံမှု၊ ရောင့်ရဲနိုင်မှု နှင့် အားရကျေနပ်မှု တို့ကို ကိုယ်စားပြုထားတဲ့ အရောင်လေးဖြစ်ပါတယ်။အညိုရောင်ကြိုက်နှစ်သက်သူတွေကတော့ သဘာဝကို ချစ်မြတ်နိုးသူလေးတွေဖြစ်ပြီး ရိုးသားခြင်းရှိသော စိတ်ချမ်းသာမှုကို အလိုရှိတဲ့ သူလေးတွေ ဖြစ်ပါတယ်။

12. # လိမ္မော်ရောင်
လိမ္မောရောင်လေးကတော့ ကျန်းမာရေးကိုမြင့်တင်ပေးပြီး…စဉ်းစားဉာဏ်ရှိမှု၊ ကောင်းမွန်သည့်အကျိုးကျေးဇူးရရှိမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။မျှတမှုရှိပြီး နွေးထွေးခြင်း၊ မြူးကြွခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း ၊ အာရုံစူးစိုက်မှုရှိခြင်းတို့နဲ့ ပြည့်စုံစေတဲ့ အရောင်လေးဖြစ်ပါတယ်။လိမ္မော်ရောင်ကြိုက်တတ်တဲ့ သူလေးတွေကတော့ လူတိုင်းနှင့် ခင်မင်တတ်တဲ့သူလေးတွေ ဖြစ်ပါတယ်နော်။
လိမ္မော်ရောင်ဟာ စားချင်သောက်ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့အရောင်လေးဖြစ်ပြီး…ထမင်းစားခန်းမှာ ထပ်ဖြည့်ဖို့လိုတဲ့ ဟင်းခတ်အမွေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။

13. # အဖြူရောင်
အဖြူရောင်ကတော့ သန့်ရှင်းစင်ကြယ်မှုနဲ့ ပြီးပြည့်စုံမှုကို ဖော်ဆောင်ပါတယ်။ ဖြူစင်ခြင်း၊ အပြစ်ကင်းခြင်း၊ ကြီးမြတ်ခြင်း၊ ပြည့်စုံခြင်းလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။အဖြူရောင်ဟာ ငယ်ရွယ်မှု၊ သန့်ရှင်းမှုနဲ့အတူ အေးမြအောင်ဖန်တီးပေးတဲ့ အရောင်လေးဖြစ်ပြီး လန်းဆန်းတဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်လို့ ရွေးချယ်သင့်တဲ့ အရောင်လေးဖြစ်ပါတယ်နော်။အဖြူရောင်ကြိုက်တဲ့သူတွေက ခေတ်ပေါ်စတိုင်လေးတွေကို ကြိုက်နှစ်သက်မှုရှိတဲ့ သူလေးတွေလဲ ဖြစ်ပါတယ်။ပူနွေးပြီး အရိပ်ကျနေတဲ့နေရာတွေမှာ အဖြူရောင်ဟာ အေးမြမှုကိုရရှိအောင် အကူညီပေးပြီး…အအေးရိပ်ကျနေတဲ့ နေရာလေးတွေမှာ ဆိုရင်တော့ အေးမြမှုကို ပိုမိုခံစားရအောင်ပြုလုပ်ပေးပါတယ်။

14. # အမဲရောင်
အမဲရောင်ကတော့ လှပတင့်တယ်မှု ၊ လျိုဝှက်ဆန်းကြယ်မှု နဲ့ စွမ်းအားရှိမှုတို့ကို ကိုယ်စားပြုတဲ့ အရောင်လေးဖြစ်ပါတယ်။အမဲရောင်ကြိုက်တဲ့ သူတွေက ရည်မှန်းချက်ကြီးသူတွေ ၊ ခေတ်မှီဆန်းပြားတဲ့သူတွေ ဖြစ်ကျပါတယ်။တစ်ဖက်မှာတော့ စိတ်မချမ်းသာမှုဖြစ်ခြင်း ရဲ့ အရောင်လေးလဲဖြစ်ပြီး…Drama ဆန်ဆန် ပြင်ဆင်ချင်တယ်ဆိုရင်တော့ အလေးပေးအရောင် အဖြစ် ရွေးချယ်သင့်ပါတယ်။

15. # မီးခိုးရောင်
မီးခိုးရောင်လေးကတော့ လှပကြော့ရှင်းတဲ့ အရောင်လေးဖြစ်ပြီး အခြားသောအရောင်တွေနဲ့ အံဝင်ခွင်ကျအဖြစ်ဆုံးသော အရောင်လေးလဲဖြစ်ပါတယ်နော်။မီးခိုးရောင်ကြိုက်သူတွေက လိမ္မာပါးနပ်ပြီး စည်းကမ်းရှိသော သူတွေဖြစ်ပါတယ်။အခြားသောနွေးထွေးမှုရှိတဲ့ အရောင်လေးတွေနဲ့ တွဲဖက်ပြီး သုတ်ထားမယ်ဆိုရင်တော့ ဖျတ်လတ်တက်ကြွတဲ့နေရာလေးတစ်ခုဖြစ်စေမှာ အသေအချာပါပဲနော်။

16. # လိမ္မော်ရောင်
လူမှုဆက်ဆံရေးနဲ့ အကောင်းမြင်ဝါဒကို ကိုယ်စားပြုပါတယ်။ ပြောင်းပြန်အဓိပ္ပါယ်အနေနဲ့ မကောင်းမြင်ဝါဒ၊ တုန်လှုပ်ချောက်ချားနေခြင်း နဲ့ ဘာခံစားချက်မှ မရှိ၊ ဟာလာဟင်းလင်းဖြစ်နေမှုကိုလဲ ကိုယ်စားပြုနိုင်ပြန်ပါတယ်။အဝါရောင်ကတော့ အတွေးအခေါ်နဲ့ ဉာဏ်ပညာတို့ရဲ့ အရောင်ပါ။ အကောင်းမြင်ဝါဒနဲ့ ပျော်ရွှင်တက်ကြွခြင်းကိုလဲ ကိုယ်စားပြုပါတယ်။ ဒါ့အပြင် စိတ်မရှည်ခြင်း၊ အပြစ်မြင်ခြင်းနဲ့ သူရဲဘောနည်းခြင်းလို့လဲ အဓိပ္ပါယ်ကောက်ယူနိုင်ပြန်ပါတယ်။

လှပတဲ့ ရောင်စုံကမ္ဘာကို ပိုင်ဆိုင်နိုင်ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မူရင်းရေးသားသူ လေးစားဂါဝရပြုပါတယ်🙏🙏🙏

Photos from မြန်မာပြည် ဆေးသုတ်လုပ်ငန်း Ko Zaw Hein Htet's post 02/01/2024

#ဗြုတ်ဒီဇိုင်းနဲ့ဗြုတ်ပတ်တီးနည်းစနစ်အကြောင်း

(၁)/ဗြုတ်ဆေးသုတ်တော့မယ်ဆိုရင် အရင်ဆုံးအနေနဲ့ နံရံအကြမ်းကို ကော်ပတ်တိုက်ပြီး အမှုန်ခါသန့်ရှင်းရေးလုပ်ရပါမယ်

(၂)/သန့်ရှင်းရေးပြီးပြီဆိုရင် ဆီလာခံဆေးကိုနံရံများအားလုံးကိုသုတ်ပေးရပါမယ်

(၃)/ဆီလာခံဆေးခြောက်ပြီဆိုရင် ဗြုတ်ပတ်တီးမှုတ်လို့ရပါပြီ nipponဗြုတ်ဆေးမှာဆိုရင် ရေ ၂ရာခိုင်နှူန်းရောဆက်ပြီး အသုံးပြုလို့ရပါတယ် ဗြုတ်ပတ်တီးမှုတ်တဲ့အခါမှာ ဗြုတ် အကြီး အလတ် အသေးဆိုပြီး ၃မျိုးကို ဗြုတ်ဂန်းခေါင်းမှာ ကြိုက်နှစ်သက်ရာအရွယ်အစားကို ရွေးခြယ်ပြီးအသုံးပြုလို့ရပါတယ် ဗြုတ်ပတ်တီးမှုတ်ပြီးရင် ၂၄နာရီအခြောက်ထားပေးရပါမယ်

(၄)/ဗြုတ်ပတ်တီးခြောက်ပြီဆိုရင် ဆီလာခံဆေးကိုဗြုတ်မှုတ်ထားတဲ့ နံရံများအားလုံးကို သုတ်ပေးရပါမယ်

(၅)/ဆီလာခံဆေးခြောက်ပြီဆိုရင် ကြိုက်နှစ်သက်တဲ့ဆေးကာလာ တစ်ထပ်သုတ်လို့ရပါပြီ

(၆)/ဆေးတစ်ထပ်ခြောက်ပြီဆိုရင် ဆေးနှစ်ထပ်မြောက်ဖိုင်နယ်ကို သုတ်လို့ရပါပြီခင်ဗျာ
အခုလိုစနစ်တကျသုတ်လိုက်မယ်ဆိုရင် ကြာရှည်ခံလှပတဲ့ ဗြုတ်ဒီဇိုင်းလေး ရရှိပါပြီခင်ဗျာ

🏡မြန်မာပြည် ဆေးသုတ်လုပ်ငန်း🏡

လေ့လာ လုပ်ကိုင်ထားတဲ့သိသလောက်လေး မျှဝေပေးလိုက်ပါတယ်

📞09 452 380 969

01/01/2024

#ပေါလစ်ဆေးသုတ်မယ်ဆိုဘာတွေလိုအပ်မလဲ

(၁)/သစ်သားတံခါး ကြမ်းခင်း ပရိဘောဂပစ္စည်းတွေ
ပေါလစ်ဆေးသုတ်မယ်ဆိုရင် အရင်ဆုံးကော်ပတ်အကြမ်း AA60နဲ့တစ်ကြိမ်တိုက်ရပါမယ်

(၂)/AA60တိုက်ပြီးပြီဆိုရင် သစ်မှာရှိတက်တဲ့ အနာလေးတွေကို သစ်သားပတ်တီး ဖာပေးရပါမယ်

(၃)/သစ်ပတ်တီးဖာပြီးခြောက်တဲ့အခါ AA80ကော်ပတ်တစ်ကြိမ် ပြန်တိုက်ပေးရပါမယ်

(၄)/AA80ကော်ပတ်နဲ့အကုန်တိုက်ပြီးပြီဆိုရင် AA150နဲ့တစ်ကြိမ်ထက်တိုက်ရပါမယ်

(၅)/AA150ကော်ပတ်နဲ့ တိုက်ပြီးပြီဆိုရင် အီးဇီးသုတ်လို့ရပါပြီ အီးဇီးခြောက်သွေ့ချိန် ၂၄နာရီထားပေးရပါမယ်

(၆)/အီးဇီးခြောက်သွေ့ပြီးရင် ကော်ပတ်အနု320ccနဲ့တိုက်ပြီး ဖီလာသုတ်လို့ရပါပြီ ဖီလာကို စုတ်တံနဲအရင်သုတ်ပြီး အ၀တ်စနဲ့လိုက်သုတ်ရပါမယ် ဖီလာခြောက်သွေ့ချိန် ၁၆နာရီထားပေးရပါမယ်

(၇)/ဖီလာခြောက်ပြီဆိုရင် ဆီလာသုတ်လို့ရပါပြီ ဆီလာ သုတ်ပြီးရင် ဆီလာခြောက်သွေ့ချိန် အနည်းဆုံး ၄ နာရီထာပေးရပါမယ် ခြောက်သွေ့ပြီးရင် ကော်ပတ်320ccအနုနဲ့ပြန်တိုက်ရပါမယ် ကော်ပတ်
တိုက်ပြီးရင် ကော်ပတ်အမှုန်ခါ သန့်ရှင်းရေးလုပ်ပေး
ရပါမယ်

(၈) /အမှုန်တွေသန့်ရှင်းရေးလုပ်ပြီးရင် ဆီလာ
နောက်တစ်ကုတ် ထပ်သုတ်ရပါမယ် ဆီလာနှစ်ကုတ်နဲ့ အသားမ​ပြည်သေးရင်နောက်တစ်ကုတ်သုတ်လို့ရ
ပါတယ်

(၉) /ဆီလာသုတ်လို့ခြောက်သွေ့ချိန်ပြီးသွားရင် ကော်
ပတ်တိုက် အမှုံခါ သန့်ရှင်းရေးလုပ်ပြီး လိုက်ကာတစ်ကုတ်သုတ်လို့ရပါပြီ လိုက်ကာခြောက်သွေ့ချိန်
အနည်းဆုံး ၄နာရီထားရပါမယ်

(၁၀) /လိုက်ကာခြောက်သွေ့ချိန်ပြီးသွားရင် ကော်ပတ်တိုက် အမှုံခါသန့်ရှင်းရေးလုပ်ပြီး လိုက်ကာတူးကုတ် ဖိုင်နယ်သုတ်ပြီးရင် ​သန့်ရှင်းလှပတဲ့ ပေါလစ်ရရှိပါပြီ ခင်ဗျာ

လေ့လာ လုပ်ကိုင်ခဲ့တဲ့ သိသလောက်လေး မျှဝေပေးလိုက်ပါတယ်

ပါ၀င်မဲ့ဆေးအမျိုးစားက( ၄ )မျိုးပါ
အီးဇီး
ဖီလာ
စီလာ
လိုက်ကာ

ဆေးအချိုးစားဆက်ရန် လေ့လာရန် လိုအပ်ပါတယ်

🏡မြန်မာပြည် ဆေးသုတ်လုပ်ငန်း🏡

📞 09 452 380 969

31/12/2023

#ဘာကြောင့်ဆေးသုတ်သင့်လဲ

အိမ်အပြင်ခြမ်း နံရံတွေကို ဆေးမသုတ်ထားရင်

နံရံပန်းရံသားကို ရာသီဦးတုဒဏ် အကာကွယ်မရှိ

ထိတွေ့ရပါတယ်

အဲ့လိုထိတွေ့တဲ့အခါ မိုးရွာရင်ရေညှိတွေတက်မယ်

နေပူရင် အပူရှိန်ကြောင့် နံရံပန်းရံသားတွေ

အက်ကွဲတက်ပါတယ်

နောက်ပိုင်းကြာလာတဲ့အခါ နံရံပန်းရံသားတွေ ဆွေးမြေ့

လာပြီး အထဲကိုပါ ရေစိုကွက်ထတာ ရေ၀င်ဒါတွေပါ

ဖြစ်လာနိုင်ပါတယ်

#အတွင်ပိုင်းမှာတော့ ရာသီဦးတုဒဏ် မခံရလို့

အရေးမကြီးဘူးလို့ထင်ရပါတယ် တကယ်ကအတွင်း

ပိုင်းကအရေးကြီးဆုံးပါ ဘာလို့အရေးကြီးလဲဆိုတော့

နံရံပန်းရံသားတွေက နေ့ဘက်မှာ အပူတွေကိုစုပ်ယူ

ပါတယ် ညဘက်ရောက်တဲ့အခါမှာ နံရံကစုပ်ယူထားတဲ့

အပူငွေ့တွေက ပြန်ကန်ထွက်လာပါတယ်

မိုးရောက်တဲ့အခါမှာ ရေစိုပြန်တာတွေ

ဖြစ်လာတက်ပါတယ် ရေစိုပြန်တဲ့အခါ နံရံမှာ

မှိုစွဲလာပါတယ် အဲ့လိုအပူငွေ့တွေ ရေစိုပြန်ဒါတွေ

မှိုတွေက အထဲမှာလှောင်ထားသလိုဖြစ်ပြီး အနံ့ အငွေ့

သက်တွေဆိုး၀ါးလာပြီး

ကျန်းမာရေးကို ထိခိုက်လာပါတယ် ကလေးသူငယ်

အသက်ကြီးရွယ်အို ရောဂါအခံရှိသူတွေဆို

ကျန်းမာရေးကို ပိုမိုသိသာစွာ ထိခိုက်နိုင်ပါတယ်

#အဲလိုတွေမဖြစ်အောင်

အပြင်ရော အတွင်းပါ ဆေးကိုစနစ်တကျ

သုတ်ထားလိုက်မယ်ဆိုရင် အိမ်နံရံတွေ ပျက်စီးဒါကို

ကာကွယ်ပေးပြီး အိမ်နံရံကို ရေရှည် ခိုင်ခံ့လှပစေပြီး

ရေကွက်ထဒါ မှိုစွဲဒါတွေ အနံ့ အငွေ့သက်တွေ

မရှိတော့ဒါကြောင့် ကျန်းမာရေးအတွက်လည်း

ကောင်းမွန်စေပါတယ် ခင်ဗျာ

ကျန်းမာပျော်ရွှင်သော မိသားစုလေး ပိုင်ဆိုင်နိုင်ပါစေ

ခင်ဗျာ

🏡မြန်မာပြည် ဆေးသုတ်လုပ်ငန်း🏡

📞Ph 09 452 380 969

30/12/2023

#သင့်အိမ်လေး ဆေးသုတ်ဖို့ ဆေးသုတ်အဖွဲ့လိုအပ်နေပါသလား ခင်ဗျာ🥰

အိမ်နံရံကဆေးတွေ ဟောင်နွမ်း ပျက်စီးနေပြီလာ?

နံရံမှာ ရေညှီတွေ မှိုတွေထပြီးကြည့်ရဆိုးနေပြီလား?

နံရံက ဆေးအရောင်တွေ လွင့်ပြီး မညီမညာ ဖြစ်နေပြီလား?

စိတ်ချရပြီး စနစ်တကျလုပ်ပေးတဲ့ ဆေးသုတ်အဖွဲ့မရှိလို့စိတ်ရှုတ်နေပြီလား?

ဆေးသုတ်ဖို့အတွက်ဆိုရင်တော့ စိတ်ရှုတ်မနေပါနဲ့တော့
ကျနော်တို့🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡မှ
နံရံရေဆေး|သံဗန်းဆီဆေး|သစ်သားပေါလစ်လုပ်ငန်းများကို လက်ရာကောင်းကောင်းမွန်မွန်နဲ့ နည်းစနစ်မှန်မှန်ကန်ကန်ဖြစ်အောင် သင့်အိမ်လေး ကိုတာဝန်ယူလုပ်ဆောင်ပေးပါခင်ဗျာ

ဆေးသုတ်ဖို့အတွက် တိုင်ပင်ဆွေနွေးချင်ရင်တော့
📞09452380969ဆက်သွယ်ပြီး အသေးစိပ်မေမြန်းနိုင်ပြီး 📝စာပေးအနေနဲ့လည်းအခမဲ့အိမ်ဒါရာရောက်
ကျင်းတိုင်းပေးချင်း ကုန်ကျစရိတ်အတိကျတွက်ချက်ပေးချင်းများကို အသေးစိပ်တွက်ချက်ပေးပါတယ်ခင်ဗျာ

📝ကျင်းတိုင်းတွက်ချက်ပေးချင်းက အခမဲ့ပေးမှာဖြစ်တဲ့အတွက် လာရောက်တွက်ချက်ပေးတယ်ဆိုပြီး အားနာပြီးအလုပ်အပ်စရာမလိုပါဘူးခင်ဗျာ ကုန်ကျစရိတ် လုပ်မဲ့စနစ်အသေးစိပ်ရှင်းပြီးရင်လည်း ပြန်လည်စဥ်းစားပြီးမှအလုပ်အပ်လို့ရပါတယ်ခင်ဗျာ

🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡
📞09 452 380 969

Photos from မြန်မာပြည် ဆေးသုတ်လုပ်ငန်း Ko Zaw Hein Htet's post 25/12/2023

ဆေးသုတ်ပြီးစီးခဲ့တဲ့ သန်လျင် Star Cityအခန်းလေး

ယုံကြည်မှု့နဲ့အလုပ်အပ်တဲ့ အိမ်ရှင်ကိုကြီးကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏🙏🙏

🏡မြန်မာပြည် ဆေးသုတ်လုပ်ငန်း🏡
နံရံရေဆေး သံဗန်းဆီဆေး သစ်သားပေါလစ် လုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်ပေးပါတယ်ခင်ဗျာ

အသေးစိပ်သိရှိလိုပါက 09 452 380 969 ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ

Photos from မြန်မာပြည် ဆေးသုတ်လုပ်ငန်း Ko Zaw Hein Htet's post 04/12/2023

#အိမ်နံရံတွေဆေးသုတ်တဲ့အခါပတ်တီးဘာလို့အသုံးပြုရဒါလဲ

တိုက်နံရံတွေဆေးသုတ်တော့မယ်ဆိုရင် ဆီလာခံဆေးတွေအသုံးပြုကြတယ် ပတ်တီးတွေအသုံးပြုကြတယ် ဆေးကာလာတွေအသုံးပြုကြပါတယ်
ဆီလာခံဆေးက ပတ်တီးတွေ ဆေတွေကုတ်အားကောင်းစေဖို့အတွက်အသုံးပြုရပါတယ် ဆေးကာလာကိုတော့ကိုယ်ကြိုက်တဲ့အရောင်တွေရရှိဖို့အတွက်အသုံးပြုကြပါတယ်

#ပတ်တီးကရောဘာအတွက်အသုံးပြုကြဒါလဲ

ပတ်တီးကိုတော့နံရံချောမွှေ့စေဖို့အသုံပြုကြဒါပါ ပန်းရံချေားသားအသစ်တွေဆို ပတ်တီးနှစ်ထပ်ရိုက်ပြီး ကော်ပတ်တိုက်လိုက်ရင် နံရံကချောမွှေ့သွားပါပြီ
ပတ်တီးကနံရံချေားမွှေ့စေဖို့အတွက်ပဲ အသုံးပြုဒါကောင်းပါတယ် ပတ်တီးဒုထူရင် ပိုပြီးကြာရှည် ခံမယ်ထင်ကြပါတယ် တကယ်တော့ပတ်တီးကနံရံချေားမွှေ့စေယုံလောက်ပဲကောင်းပါတယ် ပတ်တီးဒုထူရင် ဆိုးကျိုးဖြစ်လာနိုင်ပါတယ် ဒါကြောင့်ပတ်တီးကို
လိုဒါထက်ပိုအသုံးမပြုဒါပိုကောင်းပါတယ်ခင်ဗျာ

🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡
09 452 380 969

Videos (show all)

#အိမ်နံရံတွေဆေးသုတ်ရင်ပတ်တီးဘာလို့အသုံးပြုရဒါလဲတိုက်နံရံတွေဆေးသုတ်တော့မယ်ဆိုရင် ဆီလာခံဆေးတွေအသုံးပြုကြတယ် ပတ်တီးတွေအသုံး...
#နံရံဆားပေါက်ခြင်း (Efflorescence)နံရံချောပြီးတဲ့အခါ  1 ပတ် 2 ပတ်လောက်နေရင်နံရံမှာ ဆားပေါက်လာတာကြုံဖူးကြလား❓။ ဒါဘာလို့ဖြ...
၃၈လမ်း ဆေးသုတ်ဝင်လက်စဆိုဒ်လေး🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡📞09452380969
'#ဆီလာခံဆေးမပါရင်ဖြစ်တတ်သောပတ်တီးနဲ့ဆေးအကြောင်းအရာများဆေးသုတ်ပြီဆိုရင် တိုက်အသစ်ကိုပဲသုတ်သုတ်တိုက်အဟောင်းကိုပဲ ပြန်ပြီးဆ...
တောင်ဥက္ကလာ လုပ်လက်စဆိုဒ်လေး🥰🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡📞09 452 380 969
တောင်ဥက္ကလာသုတလမ်း ဝင်လက်စဆိုဒ်လေး အတွင်းအပြင် UPG orientအမျိုးစားအသုံးပြုမှာဖြစ်ပါတယ်ခင်ဗျာ🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡0...
ရတနာနှင်းဆီကွန်ဒိုဆေးသုတ်ခြင်း🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡📞09452 380 969
ကျွန်းပါကေးကြမ်းခင်း BHlဖီလာသွင်း🏡မြန်မာပြည်ဆေးသုတ်လုပ်ငန်း🏡#MMPpaint
ဆေးသုတ်ပြီးစီမှု့လေးပါ
အီးဇီးသုတ်ခြင်း

Telephone

Website