Zawgyi.Shop

Zawgyi.Shop

High quality product.

Photos from Zawgyi.Shop's post 26/07/2024
26/07/2024

ဇော်ဂျီကနေ ပြည့်စုံ အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ထားပြီးသား 👍ကြက်မွ 👍ဝက်မွ ရှိသလို
အခု နောက်ထပ်အနေနဲ့
👍ဆိတ်မွ ကြွပ်ကြွပ်ရွရွမွမွ ‌ကို ထပ်မံထုတ်လုပ်ထားပါတယ် ရှင်
ပဲဆီ စစ်စစ်သန့်သန့် ဆိတ်သားစစ်စစ်ကို ဂျင်းကြက်သွန်ဖြူ များများနဲ့ ဆိတ်အညှီနံ့
မရအောင် သေချာ နေလှန်းပြီးမှ ကြော်ထားတာဖြစ်ပါတယ်
အရသာအတွက်ကတော့ ရှယ် တကာ ရှယ် မလို့ အခုပဲ အော်ဒါတင်လိုက်ပါနော်
အချိုမှုန့်လုံးဝ မပါတဲ့အတွက် ကလေးတွေ ရောဂါရှိတဲ့ လူကြီးတွေလည်း ယုံကြည်စိတ်ချစွာစားသုံးနိုင်ပါတယ်ရှင်

26/07/2024

🍠Zawgyi Shop ကနေ ကံကော်မင်းတံဆိပ်နဲ့ Organic စစ်စစ် အရွက်ခြောက်လေးတွေ လည်း ထုတ်လုပ်တာ ဇော်ဂျီရဲ့ Big fan လေးတွေက သိပြီးသားဖြစ်ကြမှာပါ
🍠အခုလည်း ဇော်ဂျီကနေ ကံကော်မင်းတံဆိပ်နဲ့ ကန်စွန်းဥ ကို အခြောက်ခံပြီး ကန်စွန်းဥမှုန့် ကို ထပ်မံ ထုတ်လုပ်ထားပါတယ်ရှင်
🍠ကန်စွန်းဥက သဘာဝ အချို အရသာဖြစ်တဲ့အတွက် အချိုမှုန့်အစား သုံးနိုင်ပါတယ်
🍠သဘာဝ သစ်သီးသစ်ဥ ကနေ လုပ်ထားတာမလို့ ကျန်းမာရေးအတွက် ဆိုးကျိုး လုံးဝ မရှိပါဘူး
🍠ဟင်းချိုလေးပဲ ချက်ချက် အသုပ်လေးပဲ သုပ်သုပ် ဟင်းချက်မှုန့် အနေနဲ့ပဲ သုံးသုံး အဆင်ပြေသင့်တော်ပါတယ် ရှင်

Photos from Zawgyi.Shop's post 10/07/2024

ဇော်ဂျီ ရဲ့ ချစ်မိတ်ဆွေများရှင့်
နေကောင်းကျန်းမာကြပါရဲ့လား
ဇော်ဂျီကနေ item အသစ်လေးတွေ ထုတ်လုပ် နေတာ‌‌ ကြောင့် အလုပ်နည်းနည်းများနေလို့ online post လေးတွေ တင်တာနည်းသွားတာ တောင်းပန်ပါတယ် ချစ်ဆုံးတို့ရေ
ဇော်ဂျီ ရဲ့ item အသစ်ထဲမှာ ပထမဆုံး မိတ်ဆက်ချင်တာကတော့
🐟ငါးမုန့်‌🐟 ဖြစ်ပါတယ်
🐟ငါးမုန့် ကတော့ ငါးဖယ်စစ်စစ် နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်
🐟ဇော်ဂျီ က ထုတ်တာမလို့ အချိုမှုန့် လုံးဝ မပါဘူးနော်
🐟ငါးဖယ် အစစ် နဲ့ လုပ်ထားတာမလို့ ဆီစုပ်ယူမှု လည်း နည်း တာမလို့ လည်ပင်းလည်း မ ယားပါဘူး
🐟 အရသာကလည်း ပြောစရာမလိုအောင် ကွက်တိဘဲမလို့ admin ကတော့ တစ်ချိန်လုံး ကိုယ်ဘာကိုကြော်စားနေမိတာ ☺️☺️

17/04/2024

နှစ်သစ်မှ စ၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေကြောင်း ဇော်ဂျီမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်

01/03/2024

🧡ဇော်ဂျီ ရဲ့အရောအနှောကင်းစင်တဲ့ နနွင်းမှုန့် စစ်စစ်လေး ရပါပြီရှင်
🧡ရောဂါဘယတွေ ထူ လှ တဲ့ ခုခေတ်မှာ အစားအစာကို အထူးသတိထားသုံးမှ စိတ်ချရမှာ ဖြစ်လို့
🧡မြန်မာပြည်မှာ ဖြစ်ဖြစ် နိုင်ငံခြားမှာဖြစ်ဖြစ် တကယ့် နနွင်းစစ်စစ်ကို သုံးချင်ရင်တော့ ဇော်ဂျီကို သာ သတိရလိုက်ပါနော်

10/02/2024

❤️ဇော်ဂျီ ချစ်သူတို့ရေ
နေကောင်းကျန်းမာရဲ့လား
အခုတစ်လော နိုင်ငံခြား အော်ဒါလေးတွေနဲ့ အလုပ်နည်းနည်း များနေလို့ အွန်လိုင်းပေါ် မတင်ဖြစ်ဘူးဖြစ်နေတာ
🌶️အခု စပါယ်ရှယ် ငြုပ်သီးအရောင်တင်မှုန့်လေး ရထားလို့ ချစ်ရသူတွေကို သတိရလို့ပါ
🌶️ဇော်ဂျီကနေ ထုတ်ထားတဲ့ငြုပ်သီးအရောင်တင်မှုန့်က အညှာလုံးဝမပါပဲ ကိုယ်တိုင်သေချာကြိတ်ထားတာဖြစ်ပါတယ်
🌶️ကိုယ်တိုင်ကြိတ်လို့ အရောအနှော ကင်းတာ ကို 100%အာမခံပါတယ်ရှင့်
🌶️ရာသီပေါ်မှိုကင်းစင်တဲ့ ဆင်ဖြူကျွန်းငြုပ်သီးကို သေချာကြိတ်ထားတာဖြစ်ပါတယ်
🌶️စပ်လည်းမစပ်လို့ လူကြီးကလေး အားလုံးအတွက် အဆင်ပြေပါတယ်နော်

01/01/2024

🎆Happy New Year 2024🎆
နှစ်သစ်အခါသမယ မှာ ဇော်ဂျီ ချစ်သူ မိတ်ဆွေ အပေါင်း ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်

Photos from Zawgyi.Shop's post 26/12/2023

🍃ဒီနေ့ မှာတော့ ကင်ပွန်းချဥ်ရွက်ရဲ့ ကောင်းကျိုးတွေက်ိုဖော်ပြပေးချင်ပါတယ်
🍃ကင်ပွန်းချဉ်ရွက်ကို အချဉ်ရည်ချက်စားခြင်း၊ ကြော်စားခြင်း၊ ဟင်းချိုချက်သောက်ခြင်းများပြုလုပ်၍ စားသုံးနိုင်ပါတယ်။
🍃ကင်ပွန်းချဉ်သည် အသည်းအတွက် အလွန်အသုံးဝင်ပါတယ်။
🍃ခံတွင်းရောဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပြီး ခံတွင်းနံ့ နံခြင်းကိုလည်း လျော့နည်းစေပါတယ်။
🍃ကိုယ်တွင်းအပူကိုလည်းငြိမ်းစေပါတယ်။
🍃ဆီးချိုရောဂါဖြစ်ပွားမှုကို လျော့ချပေးရာတွင်လည်း အသုံးပြုနိုင်ပါတယ်။
🍃ခန္ဓာကိုယ်တွင်း ကိုလက်စထရောမြင့်တက်မှုကို လျော့နည်းစေပါတယ်
🍃အစာအိမ်ရောဂါများနှင့် ဝမ်းချုပ်ခြင်းကို အမှန်တကယ် သက်သာပျောက်ကင်းစေနိုင်ပြီး ဆီးပူ ဆီးအောင့်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တယ်
🍃သွေးသားသန့်စင်ပေးပြီး ခန္ဓာကိုယ်အဆီကျပေါ့ပါးစေပါတယ်။
🍃ဒါကြောင့် ဇော်ဂျီ Shop ကနေ ကံကော်မင်းတံဆိပ်ကင်ပွန်းချဥ်ရွက်ခြောက်လေးတွေကို ထုတ်လုပ်ပေးထားပါတယ် အားပေးမှာယူကြပါအုံးရှင်🤗🤗🤗

25/12/2023

🎄Merry Christmas to you all🎄
🎉🎉🎉ဇော်ဂျီ Shop ရဲ့ ချစ်မိတ်ဆွေများအားလုံး
Christmas ရက်မြတ်လေးမှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်
နားရက်လေးမှာ ပင်ပင်ပန်းပန်းချက်ပြုတ်မနေပဲ ဇော်ဂျီ ရဲ့ စားသောက်ကုန်လေးတွေကို အမြန်ပဲ အော်ဒါတင်လိုက်ကြပါနော်

Photos from Zawgyi.Shop's post 22/12/2023

🌿ဒန့်သလွန်သီး' ၊ ဒန့်သလွန်ရွက်ကို မြန်မာလူမျိုးများက နှစ်သက်စွာ ချက်ပြုတ်စားသောက်လေ့ရှိကြပါတယ်။
🌿ဒန့်သလွန်သီးကို ချဉ်ရည်ဟင်း ချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်ရွက်ကို ကြော်ပြီးဖြစ်စေ ဟင်းခါးရည် ချက်လို့ ဖြစ်စေ စားကြပါတယ်။
🌿ဒန့်ဒလွန်ရွက်အား အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင် ထည့်၍ ချက်ပြုတ်ခြင်းများကိုလည်း နိုင်ငံအရပ်ရပ်တွင် တွေ့ရှိရလေ့ရှိပါသည်
🌿ဒန့်ဒလွန်ရွက်မှာ အာဟာရပြည့်ဝပြီး အရသာရှိတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်
🌿ဗီတာမင်အေ၊ ဘီဆစ်၊ စီ၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်၊ ဖော့စဖောရတ်၊ မဂ္ဂနီဆီယမ်၊ ဖောလိတ်စတဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။
🌿ဒါကြောင့် ဒန့်ဒလွန်ရွက်ကို ပုံမှန်စားသုံးခြင်းဖြင့်
၁) ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပါတယ်။
၂) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
၃) အဆိပ်အတောက်ကင်းစေပါတယ်။
၄) ဆီးချိုရောဂါကိုထိန်းညှိပေးနိုင်ပါတယ်။
၅) သွေးတိုး ကိုကျစေပါတယ်
၆) Antioxidant တွေ ပါဝင်ပါတယ်။
၇) အိပ်မပျော်ခြင်းကိုသက်သာစေပါတယ်။
၈)ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။
၉) ကိုယ်ခန္ဓာကို အား ဖြစ်စေပါတယ်ရှင်
🌿ဒီလ်ိုအကျိုးကျေးဇူး တွေ အများကြီး ရရှိတဲ့
ဒန့်ဒလွန်ရွက်ကို ကံကော်မင်းကနေ သဘာဝ အတိုင်းအခြောက်ခံပြီး ထုတ်လုပ်ပေးထားပါတယ်
🌿မူလ အရောင် အရသာလုံးဝ ပြောင်းလဲမှု မရှိပဲ ထုတ်လုပ်ထားတဲ့ ကံကော်မင်းရဲ့ ဒန့်ဒလွန်ရွက်ခြောက်လေးပါ
🌿ဒန့်ဒလွန် အရွက်ခြောက်တင်မကပဲ ဒန့်ဒလွန်ရွက်အမှုန့် ပါ ထပ်မံ ထုတ်လုပ်ပေးထားပါတယ်ရှင်

Photos from Zawgyi.Shop's post 21/12/2023

🌱ဇော်ဂျီရဲ့ ထုတ်ကုန် တစ်မျိုးဖြစ်တဲ့ ဆေးကုလားမ (လျှော်ဖြူ) ရဲ့ အသုံးဝင်ပုံလေးတွေကို ဗဟုသုတ မျှဝေ ပေးချင်ပါတယ်ရှင်
🌱ဆေးကုလားမကို သောက်သုံးခြင်းသည် အလွန်ဆေးဘက်ဝင်ပါတယ်
🌼သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးခြင်း
🌼အပူလောင်နာတွေကို သက်သာစေခြင်း
🌼ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ခြင်း
🌼ဆီး ဝမ်းမှန်စေခြင်း
🌼ချောင်းဆိုးခြင်း နှင့်ဖျားနာခြင်းကိုလည်း သက်သာစေခြင်း
🌼တစ်ညလုံးရေစိမ်ထားပြီး မိုးလင်းချိန်မှာစားပေးလျှင်ခန္ဓါကိုယ်ကို အပူဒဏ်ကနေသက်သာစေနိုင်ခြင်း
🌼အသားအရည်စိုပြေလှပစေခြင်း
🌼ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်းစသောအကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်
🥤ဆေးကုလားမကို သူတစ်မျိုးတည်းသကြားရည်နှင့်ဖျော်သောက်နိုင်သလို ပင်ပွား/ကျောက်ကျော/မန်ကျည်းမှည့်/နှစ်သက်ရာ အသီးတို့နှင့်လည်း တွဲဖက်သောက်သုံးနိုင်ပါတယ်

21/12/2023

Kyawt' Business Distribute the all kind of items from Thailand

21/12/2023

🎄Christmas နဲ့ New Year အချိန်အခါ လည်း နီးကပ်လာပြီ ဖြစ်တဲ့ အတွက် ပိတ်ရက်လေးတွေ ဆက် အပန်းဖြေခရီးထွက်သူကထွက် မိသားစုတွေ ဆုံတွေ့ကြ စားကြသောက်ကြ အပန်းဖြေကြပါမှာ အသေချာ ပဲ မဟုတ်လားရှင်
🎄ဒီလိုအချိန်လေးတွေပါ အပင်ပန်းခံချက်ပြုတ်နေစရာမလိုအောင် ဇော်ဂျီ Shop ရဲ့ အိမ်ချက် လက်ရာ စစ်စစ်လေးတွေကို မှာယူပြီး အပန်းဖြေ အနားယူလိုက်ကြရအောင်လားနော်

21/12/2023

🇹🇭ထိုင်းနိုင်ငံကနေ ဇော်ဂျီ ထုတ်ကုန်များကို မှာယူအားပေးချင်ရင်တော့ Kyawt' Business မှာအားပေးနိုင်ပါတယ်ရှင်
https://www.facebook.com/profile.php?id=61554951890987&mibextid=ZbWKwL

Kyawt' Business Distribute the all kind of items from Thailand

Photos from Zawgyi.Shop's post 09/12/2023

🍀ဇော်ဂျီ Shop ကနေ ထုတ်လုပ်တဲ့
ကံကော်မင်း အရွက်ခြောက်လေးတွေပါရှင်
🍀အရွက်ခြွေသန့်ရှင်းပြီးသား ဖြစ်လို့ ရေဆေးပြီး အဆင်သင့်ကြော်စားမလား
🍀ရေနွေးပွက်ပွက်ဆူထဲ ကြက်သွန်ဖြူလေး ဓါးပြားရိုက်ပြီး အရွက်လေးတွေ ပစ်ထည့် အပေါ့အငန်လေးပြင်ပြီး ဟင်းချိုလေး ချက်မလား Ready ပါပဲနော်
🍀🍀အရွက်ခြောက်ပေမဲ့ အရောင်အနံ့အရသာမပြောင်းလဲတာကံကော်မင်းရဲ့အားသာချက်ပါ🍀🍀
☘️ဒန့်သလွန်☘️ချဥ်ပေါင်
🍀ကင်ပွန်းချဥ်🍀မကျည်း
☘️ကြက်သဟင်း☘️ဆူးပုပ်
☘️ခွေးတောက်☘️မျှစ်
☘️ကန်ဇွန်းရိုးနီ☘️ပျဥ်းတော်သိမ်
☘️မြင်းခွာရွက်☘️ငှက်ပျောအူ

Photos from Zawgyi.Shop's post 08/12/2023

🌺ဇော်ဂျီရဲ့ချစ်သောလေးတို့ရေ
🌺ဆီတွေတန်းစီနေရတာနဲ့ အိမ်မှာ ဟင်းရော ချက်ဖြစ်ကြရဲ့လား
မချက်ဖြစ်လဲ မပူနဲ့နော် အဲ့အတွက်ဇော်ဂျီရှိပါတယ်
🌺ငါးကွန်းရှပ်ခြောက်ကြော်
🌺ငါးနှပ်ကြော်
🌺ငါးမွှေထိုးခြောက်ကြော်
🌺ငါးနီတူခြောက်ကြော်
🌺ငါးခြောက်မွ
🌺ငါးကျည်းခြောက်ကြော်
🌺ခရမ်းချဥ်သီးငါးခြောက်ကြော်
အချို/အစပ် ရရှိနိုင်သလို
🌺အသီး ငပိကြော်အစုံ
🌺ငါးရံ့ခြောက်ဖုတ်
🌺ကသပေါင်းခြောက်ဖုတ်
🌺ငါးနှပ်ခြောက်ဖုတ် နှင့်
🌺ကြက်မွ
🌺ဝက်မွကြော်တွေ လည်း ရရှိနိုင်ပါတယ်

Photos from Zawgyi.Shop's post 06/12/2023

💙ဇော်ဂျီ Shop ကနေ ထုတ်လုပ်သော
ဇော်ဂျီ ပြည့်စုံ Item လေးများ
💙Florida,USA ကနေ တစ်ဦးတည်း အမှာလေးပါ
💙စမ်းချောင်း ရုံး မှာ တကူးတက ကို လာရောက်မှာယူအားပေးမှုအတွက် လည်း ကျေးဇူးတင်ပါတယ်ရှင်
💙စားကောင်းအောင်လည်း စေတနာတွေအများကြီးနဲ့ ပြင်ဆင် ပေးထားပါတယ်ရှင့်

Telephone