ရွှေလှိုင်းသစ် အဆင့်မြင့် ခရီးသွားလုပ်ငန်း -Golden New Wave Travels & Tours
ရွှေလှိုင်းသစ် အဆင့်မြင့် ခရီးသွားလုပ်ငန်း -Golden New Wave Travels & Tours
ရွှေလှိုင်းသစ်
မြန်မာပြည်အနှံ့ဘုရ?
Photos from ရွှေလှိုင်းသစ် အဆင့်မြင့် ခရီးသွားလုပ်ငန်း -Golden New Wave Travels & Tours's post 31/12/2023
28/10/2023
🌟 ✨💘သီတင်းကျွတ်ရာသီမှာ🎵 ✨🙏🙏🙏
✨🌵 ကျန်းမာခြင်း⛵🎏 ✨
✨💐 ချမ်းသာကြွယ်ဝခြင်း🚀 ✨
✨🌷 ပျော်ရွှင်ခြင်း🌅 🎆 ✨
✨🍀ချစ်သူခင်သူပေါများခြင်း🌈 🎑 ✨
✨🌺 စိတ်နှလုံးချမ်းမြေ့ခြင်း😄 💪 ✨
✨🌻 ကြံစဉ်သမျှအောင်မြင်ခြင်း🎉 🎯 ✨
✨🌹 အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း🙏 🎇 ✨
✨💐 လာဘ်လာဘကြွယ်ဝခြင်း 💰 ✨🌷 🎎 ✨
✨☀ 🙌 🈵 ✨ဝါကျွတ်အချိန်အခါမှာ ပြည့်စုံပါစေကြောင်း
✨🌸 ဆုမွန်ကောင်းခြွေပါတယ်👏 🎰 ✨🌺 🉐 ☀✨🍀 🎐 👍 ✨
ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ 🎁🎁🙏🙏🙏
လေးစားစွာဖြင့်
Photos from ရွှေလှိုင်းသစ် အဆင့်မြင့် ခရီးသွားလုပ်ငန်း -Golden New Wave Travels & Tours's post 09/11/2021
ချောင်းသာခရီးစဉ် အမှတ်တရ ...📸📸📸
စိတ်ဖိစီးမှုတွေ အားလုံးကို ချောင်းသာမှာ ထားခဲ့နိုင်ပြီဖြစ်တဲ့ ဧည့်သည်တွေတွက် ရွှေလှိုင်းသစ် ခရီးသွားလုပ်ငန်းက ဝမ်းသာမိပါတယ်နော် ...😊😊😊
မွန်းကြပ်တဲ့ မြို့ပြအခြေအနေထဲမှာ လွတ်လပ် ပျော်ရွှင် ရင်ခုန်မှုတွေ မဆုံးရှုံးသွားရအောင် ...😌
ချောင်းသာ ကမ်းခြေသွားမလား ?
ငွေဆောင် ကမ်းခြေသွားမလား ?
ရွှေလှိုင်းသစ် ခရီးသွား ဝန်ဆောင်မှုက ချစ် ဧည့်သည်များရဲ့ အနီးဆုံးမှာ ရှိနေပါတယ် ...🥰🥰🥰
သွားမယ် လန်းမယ် လွင့်မယ်ဆိုရင် .. Hello သာ လုပ်လိုက်ပါ ...👌👌👌
Package လေးတွေနဲ့ သွားချင်တယ်ဆိုရင်လည်း ဈေးတန်တန်လေး နဲ့ အသက်သာဆုံး၊အကောင်းဆုံးအချိုသာဆုံး ဈေးနှုန်းလေးတွေနဲ့ ...
Hotel + Ticket (Package)
Guest House + Ticket (Package)
များလည်း အပြီးစီး စီစဉ်ပေးလျက် ရှိပါတယ်။
ရင်ခုန် .. ပျော်ရွှင် .. ကြည်နူးစရာ ခရီးစဉ်လေး ဖြစ်ဖို့ "ရွှေလှိုင်းသစ်" နဲ့ ဆက်သွယ် ကြစို့ ...🏄🏄🏄
Golden New Wave Travels & Tours
အမှတ် (၆၆၄) ၊ ရွှေဥဒေါင်း (၃)လမ်း၊ (၄၂) ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်တွေကတော့ ..
09-450 450 832
09-790 790 832
09-971 900 500
09-671 900 500
အနီးစပ်ဆုံး လမ်းညွှန်ကတော့ ..
ဖြိုးစံပယ်မှတ်တိုင်အနီး၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။
28/07/2021
ကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆို ဆေးနဲ့ပတ်သက်ပီး ကြိုတင်လေ့လာထားဖို့ပါ
===========
♣ အမေရိကန်နိုင်ငံထုတ် ကာကွယ်ဆေးများ
MODERNA
Moderna ကာကွယ်ဆေးဟာ Vanderbilt University က ၉၄.၁ ရာခိုင်နှုန်းအထိကာကွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဆေးက လောလောဆယ် ကမ္ဘာမှာ အကောင်းဆုံး ကာကွယ်ဆေး ဆိုပြီး သတ်မှတ်ထားပါတယ်
PFIZER
Moderna ထက်တစ်ပတ်စောကာ ကြေညာခဲ့တဲ့ ပထမဆုံး COVID ကာကွယ်ဆေး ဖြစ်ပါတယ်။ Pfizer ကာကွယ်ဆေးကတော့ Modernaထက် ရာခိုင်နှုန်းအနည်းငယ်လျော့ ကာကွယ်နိုင်စွမ်းရှိပါတယ် ( ၈၁.၈ - ၉၅ ရာခိုင်နှုန်း)
ဆေးထိုးပြီးရင် ဘာတွေ ခံစားရလေ့ရှိလဲ?
Pfizer နဲ့ Moderna က ဒုတိယ အလုံးထိုးပြီးရင်ပိုဖြစ်တယ်လို့တွေ့ရှိရပါတယ် ။ ထိုးတဲ့နေရာမှာ နာတာ နုံးတာ ခေါင်းကိုက် ကြွက်သားနာတာတွေက အဖြစ်များပါတယ် ။ ရှားရှားပါပါး နှလုံးကြွက်သားရောင်တာ နှလုံးအမြှေးရောင်တာကို Pfizer နဲ့ Moderna မှာတွေ့ရပါတယ်
♣ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများ
COVISHIELD
ဗြိတိန် နည်းပညာကို အိန္ဒိယ မှာ ထုတ်ခွင့်ပေးတာပါ ။ ဗြိတိန် မှာထုတ်တာကိုတော့ AstraZeneca နာမည်ပေးထားပါတယ် ။ ဒီနိုင်ငံမှာ ဇန်နဝါရီလကတည်းက Covishield ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ တစ်ဦးကို နှစ်ကြိမ်နှုန်းနဲ့ လူဦးရေတစ်သန်းခွဲစာကို သက်တမ်းကုန်ဆုံးရက် မတိုင်ခင် ဇွန်လအထိ ထိုးပေးနိုင်ခဲ့ပါတယ်။ (ဒီ Covishield ကာကွယ်ဆေးဟာ သက်တမ်းခြောက်လသာ ရှိပါတယ်)
ဒီဆေးကို ပထမတစ်ကြိမ်ထိုးထားရင် ရောဂါမဖြစ်အောင် ၇၀.၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ၈၂.၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကို အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ဒီဆေးထိုးထားသူတွေက မိမိမှတစ်ဆင့် တခြားသူကို ရောဂါပြန်ဖြန့်နိုင်နှုန်း ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။
COVAXIN
အခုလက်ရှိ အပြင်ဆေးခန်းတချို့မှာ ထိုးပေးနေတဲ့ ကာကွယ်ဆေးက အိန္ဒိယနိုင်ငံထုတ် Covaxin အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးကိုတော့ BBV152 လို့လည်း သိကြပြီး သေဆုံးနေတဲ့ဗိုင်းရပ်စ်ကို ပြုပြင်ကာ ပြုလုပ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲကိုရောက်ရင် antibody တွေ ထွက်လာပြီး ခုခံအားစနစ်ကို လှုံ့ဆော်ကာ ရောဂါကို တိုက်ထုတ်ပစ်နိုင် ပါတယ်။ ဒီဆေးက အိန္ဒိယ နိုင်ငံအပြင် အီရန်၊ မက္ကဆီကို၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါရာဂွေး၊ ဇင်ဘာဘွေနဲ့ မောရစ်ရှားနိုင် ငံတွေမှာပါ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒီဆေးကို တစ်ကြိမ်နဲ့ တစ်ကြိမ် ၄-၆ ပတ်ခြားပြီး နှစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။ ဆေးကို နှစ်ကြိမ်ထိုး ပြီးရင် ရောဂါကို ကာကွယ်နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ အဖျား ရှိတာ၊ ခေါင်းကိုက်တာ၊ စိတ်တိုတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်တာတွေဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးအပြီး ပါရာစီတမောလို မျိုး အကိုက်အခဲပျောက်ဆေးကို သောက်ထားသင့်ပါတယ်။
ဆေးနဲ့ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်တာကတော့ အလွန်ရှားပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် လည်ချောင်းရောင်ရမ်းပြီး အသက်ရှူမ၀တာ၊ ပျို့တာ၊ အန်တာ၊ အဖုအပိမ့်ပေါက်တာ၊ အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ ခန်္ဓာကိုယ်အနှံ့ကိုက်ခဲတာနဲ့ ဆေးထိုးထားတဲ့လက်တစ်ဖက် တောင့်တင်းနေတာတွေဖြစ်တတ်ပါတယ်။
သွေးယိုစီးမှုပြဿနာရှိသူတွေ၊ ကိုယ်၀န်ဆောင်မိခင်တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေက ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။
♣ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ
တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး တွေဖြစ်တဲ့ Sinopharm ကို WHOက ယခုနှစ် မေလအတွင်း အရေးပေါ်အသုံး ပြုခွင့်ပေးထားခဲ့ပြီး Sinovac ကို ဇွန်လမှာ ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆေးတွေကို လက်ရှိမှာ နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီလို့ သိရပါတယ်။
ဒီကာကွယ်ဆေးနှစ်မျိုးစလုံး ကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ က တခြားကာကွယ်ဆေးတွေလောက် အဖြစ်မများဘူးလို့ သိရပါတယ်။ ဆေး ထိုးတဲ့နေရာမှာ နာကျင်တာ၊ ပင်ပန်းနွမ်း နယ်တာ၊ ၀မ်းပျက်တာနဲ့ ကြွက်သားနာ ကျင်တာလောက်သာဖြစ်ပြီး နှစ်ရက်အ တွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါ တယ်။
SINOPHARM
ဒီကာကွယ်ဆေးက တရုတ်နိုင်ငံက ဒီနိုင်ငံကို လှူဒါန်းခဲ့တဲ့ကာကွယ် ဆေးဖြစ်ပါတယ်။ တရုတ်ကုန်သည် များအသင်းချုပ်ကလည်း အသင်း၀င် တွေကို ဒီဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ ဒီကာကွယ်ဆေးက SARS-CoV-2 ကို Beta-propiolactone ခေါ်တဲ့ ဓာတုပစ္စည်းနဲ့ ကုသမှုပြုလုပ်ထား တာဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက ကိုဗစ်ဗိုင်းရပ်စ်နဲ့ပေါင်းပြီး COVID-19 ဖြစ် စေတဲ့ ဗိုင်းရပ်စ်ပွားများမှုကို ရပ်တန့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် သူ့မှာ ပါ၀င်တဲ့ အလူမီနီယမ်ဟိုက်ဒရော ဆိုက်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပိုမိုမြင့်တက်လာပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးဖို့သတ်မှတ်ပေးထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးပတ်ကနေ လေးပတ် ခြားကာ နှစ်ကြိမ်စီ ထိုးပေးရမှာဖြစ်ကာ ရောဂါကာကွယ်နိုင်စွမ်းမှာ ၇၉.၃ ရာ ခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒီဆေး ကို ကိုယ်၀န်ဆောင်မိခင်နဲ့ နို့တိုက်မိခင် တွေအတွက် ထိုးပေးနိုင်ပါတယ်။
ဒီကာကွယ်ဆေးမှာပါတဲ့ ပါ၀င် ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးသူ၊ အပူချိန် ၃၈.၅ ဒီဂရီထက် မြင့်မားသူ တွေက ဒီဆေးကို မထိုးသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာ ကွယ်ဆေးထိုးတဲ့နေရာမှာ နာကျင်တာ၊ အဖျားရှိတာတွေအပြင် ခေါင်းကိုက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေဖြစ်တတ်ပါ တယ်။
SINOVAC
ဒီကာကွယ်ဆေးက ယခုလအတွင်း တစ်သန်းရောက်ရှိမှာဖြစ်ပြီး အသက် ကြီးသူ၊ ရောဂါအခံရှိသူ၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေး၀န်ထမ်းတွေ၊ ပုဂ္ဂလိက ကျန်းမရေးစောင့်ရှောက်မှုပေး နေသူတွေကို ဦးစားပေးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ဒီဆေးက ဓာတ်ခွဲခန်းကနေ ထုတ် လုပ်ထားတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Inactivated Virus Vaccine အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ ပါ၀င်တဲ့ များစွာသော ပရိုတင်းတွေကို ခုခံအားနစ်က တုံ့ပြန်ပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်မယ့် Antibody တွေထွက်လာအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အထက်ရှိ သူ၊ နို့တိုက်မိခင်၊ ကိုဗစ်ဖြစ်နိုင်ခြေ မြင့် မားတဲ့ အ၀လွန်သူ၊ နှလုံးသွေးကြောရောဂါရှိသူနဲ့ အဆုတ်ရောဂါရှိသူတွေထိုးဖို့ သတ်မှတ်ထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြား ၂-၄ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။
ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအ ပေါ်လိုက်ပြီး ၄၉.၆ - ၅၀.၇ % ရှိကာ ကိုဗစ် ဆိုး ဆိုးရွားရွား အခြေအနေမရောက်အောင် ၈၅-၁၀၀ %၊ ကိုဗစ်ကြောင့် ဆေးရုံတက် ရတာမျိုးမဖြစ်အောင် ၈၀-၁၀၀ % ကာကွယ်နိုင်ပါတယ်။
♣ ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ
ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ် ဆေး နှစ်မျိုးဖြစ်တဲ့ Sputnik V နဲ့ Sputnik Light တွေကို မြန်မာနိုင်ငံအ တွက် ခုနစ်သန်း၀ယ်ဖို့ မှာယူထားကာ မကြာမီ အလုံးရေ နှစ်သန်းရောက်ရှိမယ်လို့ သိရပါတယ်။
SPUTNIK V
ဒီကာကွယ်ဆေးက တုပ် ကွေးရောဂါဖြစ်စေတဲ့ Adenovirus အမျိုးအစားနှစ်မျိုးကို ရောဂါသယ်ဆောင် တဲ့အနေနဲ့ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ဗိုင်း ရပ်စ်တွေက ပြုပြင်ထားတာကြောင့် ခန်္ဓာ ကိုယ်ထဲမှာ ပိုးထပ်မံပွားများတာ၊ ရောဂါ ဖြစ်တာတွေ မရှိတော့ပါဘူး။
ဒီဆေးကို အိန်္ဒိယ၊ အာဂျင်တီးနား၊ မွန်တီနီဂရိုး၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာ ရုစ်၊ ဆားဗီးယား၊ ယူအေအီးနဲ့ Europe တိုင်းပြည်ထဲက ဟန်ဂေရီအပါအ၀င် နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ အသုံးပြုနေကြ ပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးနိုင်ပြီး ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၅ ရာခိုင်နှုန်းရှိကာ ကာကွယ် ပထမအကြိမ်ထိုးပြီး သုံးပတ်အကြာမှာ ဒုတိယအကြိမ် ထပ်မံထိုးရမှာဖြစ်ပါ တယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ -ပင်ပန်း နွမ်းနယ်တာ၊အဆစ်နာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ချမ်းတုန်တာ၊ အဖျားရှိတာ၊ ပျို့အန်တာတွေ ရှိပါတယ်။
SPUTNIK LIGHT
ဒီကာကွယ်ဆေးက COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ခုခံအားတည်ဆောက် ပေးတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၇၉.၄ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။ သူရဲ့ အား သာချက်က ဆေးတစ်ကြိမ်သာ ထိုးရမှာဖြစ်ပြီး ဆေးထိုးအပြီး လေးပတ်အကြာမှာ ဗိုင်းရပ်စ်ပိုးကို အားပျော့စေတဲ့ anti-body ထွက်လာနိုင်နှုန်း ၉၁.၆၇ ရာခိုင် နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ယခုနှစ် မေလအတွင်း က အရေးပေါ်အသုံးပြုခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဒီဆေးကို ရုရှား၊ ဗင်နီဇွဲလား၊ အင်ဂိုရာ၊ ဘာရိန်း၊ နီကာရဂူး၊ မောလစ်ရှ၊ ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ဘီလာ ရုစ်၊ ကွန်ဂို၊ မွန်ဂိုလီးယား တောင်ကိုရီး ယားအပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။
source from https://www.drugmm.com
credit: drkhinmoemoe
27/07/2021
အဆုတ်ကို အားကောင်းစေပြီး မိမိကိုယ်တိုင်လည်း လုပ်လို့ရတဲ့ သဘာဝနည်းလမ်း(၅)မျိုး
•••••••••••••••••••••••••••••••••••••••
၁။ ရေနွေးငွေ့ ရှူခြင်း
============
ရေနွေးငွေ့ ရှူခြင်းသည် အဆုတ်လမ်းကြောင်း ပွင့်စေပြီး ချွဲများ ပျော်စေပါတယ်။ အဆုတ်မကောင်းသောသူများသည် အေးသောအချိန် သို့မဟုတ် ပူသောအချိန်တွင် မိမိအဆုတ်လက္ခဏာ ပိုဆိုးတတ်ကြောင်း သတိပြုမိတတ်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် အဆုတ်တွင် ချွဲဆို့တတ်ပါတယ်။ ရေနွေးငွေ့ကြောင့် လေကို စိုစွတ်နွေးစေပြီး ပျော်ဝင်လွယ်ပါတယ်။ ရေနွေးငွေ့ရှူခြင်းသည် ချွဲပိတ်ခြင်း ချက်ချင်းသက်သာကာ အသက်ရှူလို့ ပိုကောင်းပါတယ်။ လေပြွန်ကျဉ်းလူနာများကို လေ့လာချက်အရ ရေနွေးငွေ့ ရှူနေသောသူများသည် သိသာစွာ အသက်ရှူနူန်းနှင့် နှလုံးခုန်ထိန်းနိုင်ကြောင်း တွေ့ရှိရပါတယ်။
၂။ အသက်ရှူ လေ့ကျင့်ခန်း
================
ပုံမှန် အသက်ရှူတာမျိုး မဟုတ်ဘဲ အသက်ကို ဝမ်းဗိုက်ထဲထိရောက်အောင် ရှူရတာပါ။ ရင်ဝမ်းခြားမြှေး ကြွက်သားကို ကျုံ့ဆန့်ပေးပြီး သန်မာလာစေဖို့လည်း ထောက်ကူပေးပါတယ်။
ဒီလေ့ကျင့်ခန်း လုပ်ဖို့ဆိုရင် အရင်ဆုံး သက်တောင့်သက်သာ ဖြစ်အောင် ပက်လက်လှဲလိုက်ပါ။ ပြီးရင် လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်မှာ ထားပြီး တစ်ဖက်ကို ရင်ဘတ်ပေါ်မှာ ထားပေးပါ။ ဒူးခေါင်းအောက်မှာ စောင် မထူမပါးလေး ထည့်ထားပေးပါ။
ပြီးရင်တော့ နှာခေါင်းကနေတဆင့် လေကို ဝအောင် ရှူသွင်းပါ။ ဝမ်းဗိုက်လေး ချပ်သွားတဲ့အထိပေါ့။ ခဏလေး အောင့်ထားပြီး ပါးစပ်ကနေ လေကို ပြန်မှုတ်ထုတ်ပါ။ ၁၀ ခေါက်လောက် လုပ်ပေးပါ။
ပက်လက် မလှုပ်ချင်ဘူးဆိုရင်တော့ ခပ်မတ်မတ်လေးထိုင်ပါ။ ပခုံးတွေကို ဖြေလျော့ထားပါ။ ခါးကျောလေး ဆန့်နေဖို့ မမေ့ပါနဲ့။ ပြီးရင် နှာခေါင်းကနေ လေကို တဝ ရှူသွင်းပါ။ ပြီးရင် ပါးစပ်ကနေ ပြန်ထုတ်လိုက်ပါ။
၃။ လက်ဖက်စိမ်း ရေနွေးကြမ်း
==================
လက်ဖက်စိမ်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် အဆုတ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ၎င်းဒြပ်ပေါင်းသည် အဆုတ်ကို အငွေ့အမှုန် အန္တရာယ်မှ ကာကွယ်ပေးပါတယ်။ တနေ့ လက်ဖက်စိမ်း ရေနွေးကြမ်း ၂ ခွက်သောက်ခြင်းသည် အဆုတ်ပိုမိုအားကောင်းကြောင်း တွေ့ရှိရပါတယ်။
၄။ ရေဓာတ်ပြည့်ဝအောင်နေပါ
=================
ရေကို လုံလုံလောက်လောက်သောက်သုံးတာက အဆုတ်အတွက်လည်း အရေးကြီးပါတယ်။ သင်က ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အဆုတ်ရဲ့လုပ်ဆောင်ချက်အား ပိုကောင်းလာစေပါတယ်။
၅။ အဆုတ်အားကောင်းစေသော အစာအစားများ
============================
လေပြွန်ရောင်ရမ်းခြင်းသည် အသက်ရှုရန်ခက်ခဲစေပြီး အဆုတ်ကို ပိုမိုကြပ်စေပါတယ်။ အဆုတ်ရောင်ရမ်းမှု သက်သာစေသော အစာအစားများမှာ
– ကွမ်းရွက်၊ဂျင်း၊လောက်သေရွက်၊ပဒဲကော၊နွယ်ချို၊လေးညှင်း
– အစိမ်းရောင်ရှိသောအရွက်များ
– ပင်စိမ်း၊ဇီယာ၊နာနတ်ပွင့်၊ ကြက်သွန်ဖြူ/နီ
– ကြက်ပြုတ်ရည်ကို ငရုတ်ကောင်းထည့်ပြီး စားပေးပါ။
– ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးပါ။
– အားဆေးတစ်ခုခုသောက်ပါ
Credit
Photos from ရွှေလှိုင်းသစ် အဆင့်မြင့် ခရီးသွားလုပ်ငန်း -Golden New Wave Travels & Tours's post 26/07/2021
အောက်စီဂျင်အိုး ဗဟုသုတနှင့် အရေးကြီးသည့် အချက်များ
Photos from ရွှေလှိုင်းသစ် အဆင့်မြင့် ခရီးသွားလုပ်ငန်း -Golden New Wave Travels & Tours's post 19/02/2021
အေးဆေးစွာ ဆန္ဒဖော်ထုတ်ပါ။
"အမှိုက်"က
ကျွန်ုပ်တို့ တာ၀န်ပါ။
Photos from ရွှေလှိုင်းသစ် အဆင့်မြင့် ခရီးသွားလုပ်ငန်း -Golden New Wave Travels & Tours's post 11/02/2021
အေးချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေရှိတဲ့ လမ်းမ
ပေါ်တွေနဲ့ အနီးနား အမှိုက်တွေအတွက် သန်းရှင်းမှုရှိစေ
ရန်အတွက် တစ်ဖက်တစ်လမ်းကနေ ကိုယ့်စွမ်း
သလောက်ကြိုးစားနေပါတယ်
# အခုလို လုပ်ခွင့်ရဖို့အတွက် ပါဝင်ခွင့်ပေးတဲ့ အကိုရေ
ကျေးဇူးအများကြီးတင်ပါတယ်🙏🙏🙏
​>အမှိုက်ကောက် သန့်ရှင်းရေးလုပ်နေတဲ့ အချိန်မှာ
ပါဝင်ကူညီခဲ့ကျတဲ့ ညီအကို မောင်နှအားလုံးကိုတွေ့ရ
တော့ ကျေနပ်ပီတီဖြစ်ရပါတယ်လို့🤩
👉နောက်နေ့တွေလဲ အမြဲတမ်းဆက်လုပ်ဖို့ ရှိပါတယ်နော်
# # ပါဝင်ချင်တဲ့ ညီအကို မောင်နှမတွေအားလုံးကို
ဖိတ်ခေါ်ပါတယ်နော်🤝🤝🤝
06/05/2020
ကဆုန်လပြည့် (ဗုဒ္ဓနေ့)
~~~~~~~~~~~
ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ သတ္တဝါအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်ုစုံကြပါစေ...🙏
Photos from ရွှေလှိုင်းသစ် အဆင့်မြင့် ခရီးသွားလုပ်ငန်း -Golden New Wave Travels & Tours's post 03/05/2020
ရွှေလှိုင်းသစ်ရဲ့ ချစ်ခရီးသွားများအားလုံး မင်္ဂလာပါခင်ဗျာ...🙏
ကျွန်တော်တို့ "ရွှေလှိုင်းသစ်" အဆင့်မြင့်ခရီးသွား လုပ်ငန်းမှ Covid-19 ကာလအတွင်း မိသားစုဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ အနှေးယာဉ်လုပ်သားများအား ဆန်နှင့်ဆီများကို တတ်နိုင်သလောက် ပေးဝေလှူဒါန်းခဲ့ပါတယ်...
ရွှေလှိုင်းသစ်ရဲ့ ချစ်ခရီးသွားများအားလုံးလည်း ကျန်းမာချမ်းသာကြပြီး ကျွန်တော်တို့နဲ့ထပ်တူ သာဓုခေါ်ဆိုနိုင်ကြပါစေ...
Covid-19 ကင်းစင်သွားတဲ့အချိန် အပန်းဖြေဖို့ ချောင်းသာနဲ့ငွေဆောင်ကိုသွားကြရင်း ပြန်လည်ဆုံဆည်းကြပါစို့...
ရွှေလှိုင်းသစ် ခရီးသွားလုပ်ငန်းကို ဆက်သွယ်နိုင်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ်များကတော့ ...🤳🤳
Golden New Wave Travels & Tours
အမှတ် (၆၆၄) ၊ ရွှေဥဒေါင်း (၃)လမ်း၊ (၄၂) ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်တွေကတော့ .. 📲📲📲
09-450 450 832
09-790 790 832
09-971 900 500
09-671 900 500
အနီးစပ်ဆုံး လမ်းညွှန်ကတော့ ...⤵️⤵️⤵️
ဖြိုးစံပယ်မှတ်တိုင်အနီး၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။
01/05/2020
၂၀၂၀ခုနှစ် မေလ(၁)ရက်နေ့တွင်ကျရောက်သော အလုပ်သမားနေ့အား"ရွှေလှိုင်းသစ်" အဆင့်မြင့်ခရီးသွားလုပ်ငန်းမှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်...
25/04/2020
Home Stay နေရင်း အကျိုးရှိအောင် ဘယ်လိုနေထိုင်မလဲ ?
ယခု ကမ္ဘာကပ်ရောဂါ Covid-19 ဖြစ်ပွားနေတဲ့အချိန်ကာလမှာ "ရွှေလှိုင်းသစ်" ရဲ့ခရီးသွားမိတ်ဆွေအားလုံး အိမ်မှာပဲ နေကြဖို့ တိုက်တွန်းချင်ပါတယ်နော် ဒါပေမဲ့ Home Stay နေရင်း ကို့ရဲ့အိမ်မှာပဲ အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ အကြံပြုချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်….
(၁) ကျန်းမာလန်းဆန်းနေစေဖို့ ကိုယ်လက်လှုပ်ရှားလုပ်ကြစို့
Home Stay ကာလမှာ အိမ်တွင်းအောင်းပြီး ဖုန်းပဲသုံးနေတာထက်စာရင် အချိန်လေးပေးပြီးတော့လေ့ကျင့်ခန်းလေး လုပ်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်လှပဖို့တွက်သာမကပဲ ၊ ကျန်းမာရေးအတွက်ပါ ကိုယ်လက်လေ့ကျင့်ခန်းတွေကို တပိုင်တနိုင် အချိန်လေးပေးပြီးတော့လုပ်ပေးပါနော်။ ဒါမှလဲ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်မနေပဲ စိတ်ရော၊ကိုယ်ပါ Active ဖြစ်နေစေဖို့ လေ့ကျင့်ခန်းလေး လုပ်ဖို့ အကြံပြုပါတယ်နော်။
(၂) နှစ်သက်ရာ အပင်လေးတွေစိုက်ကြမယ်
အိမ်မှာနေရင်းနဲ့ပဲ ကိုယ်ကြိုက်နှစ်သက်ရာ ပန်းပင်လေးတွေကို ပန်းအိုးလေးနဲ့ စိုက်ပျိုးကြမယ်။ အရင်ကိုယ်က အလုပ်နဲ့မို့ အချိန်မပေးနိုင်ပေမဲ့ အခုတော့Home Stay နေရင်း ကိုယ့်ဝါသနာလေးကို အကောင်ထည်ဖော်လိုက်ပါနော်။ ကိုယ်စိုက်ပျိုးတဲ့ အပင်လေးတွေ အသီးအပွင့်ဝေဆာလာတဲ့အခါ ကြည်နူးရမှာပါ။
(၃) ဘာသာစကား လေ့လာမယ်
ယခုလို Home Stay ကာလမှာ အချိန်တွေကို အကျိုးမရှိ မကုန်ဆုံးစေပဲ တန်ဖိုးရှိရှိ အသုံးချမယ်ဆိုရင်တော့ အခုလိုအချိန်က ဘာသာစကားတစ်ခုခုကို လေ့လာဖို့အကောင်းဆုံးအချိန်ပါပဲ။ Internet ရှိရုံ၊ ဖုန်း ရှိရုံနဲ့ Online ပေါ်ကနေ ဘာသာစကား သင်ခန်းစာတွေကို လေ့လာလို့ရပါတယ်။ Youtube မှာ နှစ်သက်ရာ ဘာသာစကားသင်ခန်းစာတွေကို လေ့လာရင်း အချိန်တွေကို အကျိုးရှိရှိ အသုံးချလိုက်ပါနော်။
(၄) ဗဟုသုတ တိုးစေဖို့ စာအုပ်ဖတ်ပါ၊ စိတ်တည်ငြိမ်ဖို့ တရားထိုင်ပါ
အိမ်မှာနေရင်းနဲ့ပဲ ကိုယ်ရဲ့အချိန်တွေကို စာအုပ်ဖတ်ဖို့ အကြံပြုချင်ပါတယ်။ ကိုယ်မအားလို့ မဖတ်ရသေးတဲ့စာအုပ်တွေကို အခုချိန်မှာ စိတ်ကြိုက် ဖတ်ရှူလို့ရပါပြီ။ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို Online ပေါ်ကနေလဲ အဆင်ပြေပြေဖတ်နိုင်ပါတယ်နော်။ ယခုလို အချိန်ကာလကို တည်တည်ငြိမ်ငြိမ် နဲ့ ဖြတ်ကျော်စေဖို့အတွက် စိတ်တည်ငြိမ်အောင် တရားထိုင်ပါ လို့လဲ အကြံပြုပါတယ်။
(၅) အာဟာရလည်းပြည့်အောင်စား၊ အိပ်ရေးဝအောင်လဲအိပ်ပါ
ယခုလိုအချိန်မှာ ကိုယ်ခံအားကောင်းနေဖို့က အရေးကြီးပါတယ်။ အာဟာရပြည့်ဝအောင် အားရှိစေမဲ့ စားစရာတွေစားကြဖို့လဲပြောချင်ပါတယ်နော်။ နောက်တစ်ခုကတော့ အိပ်ရေးဝအောင် အိပ်ဖို့ပါပဲ။ ညနက်တွေထိ မနေပဲ အိပ်ရေးဝဝ အိပ်ဖို့လဲ အကြုံပြုလိုက်ပါတယ်နော်။
(၆) သူငယ်ချင်းတွေနဲ့လဲ အဆက်သွယ်ရှိပါနော်
Home Stayနေတော့ သူငယ်ချင်းတွေနဲ့ မတွေ့ရပေမဲ့ Online ကနေတော့အဆက်သွယ်လုပ်ပါနော်။ အိမ်မှာနေရင်း အပျင်းလဲပြေ Video Call ပြော၊ Covid-19 ပြီးရင်း ဘာလုပ်ကြမယ်၊ ခရီးတွေသွားဖို့ ကြိုတင်ပြီး plan ချလို့ရပါတယ်နော်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ပျော်ရွှင်ရီမောစရာ အချိန်လေးတွေ ဖန်တီးဖို့လဲ မမေ့ပါနဲ့နော် ။
at home
24/04/2020
Go Away CORONA 👊🏿👊🏿👊🏿
17/04/2020
နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ
မြန်မာနှစ်ဆန်း(၁)ရက်နေ့မှစ၍ တစ်ကမ္ဘာလုံး COVID-19 ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးကြပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ...🙏🙏🙏
12/04/2020
ဆုမွန်ကောင်း တောင်းအပ်ပါသည်...🙏🙏🙏
05/04/2020
Stay At Home
COVID-19 ရောဂါ
မိမိမှ စ၍ ကာကွယ်ပါ
03/04/2020
ရွှေလှိုင်းသစ်ရဲ့ ချစ်ခရီးသွားများအားလုံး မင်္ဂလာပါခင်ဗျာ...🙏
ယခုအချိန်ဟာဆိုရင် Covid-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှုဒဏ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ ခံစားနေကြရပါတယ်...
သို့ပါသောကြောင့် ၄င်း Virus ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ယခုဧပြီလအတွင်း ကျွန်တော်တို့ "ရွှေလှိုင်းသစ်"ခရီးသွားလုပ်ငန်းနဲ့ ဆက်သွယ်ဝယ်ယူထားတဲ့ ချစ်ခရီးသွားတို့ရဲ့ လက်မှတ်တန်ဖိုးငွေများကို ပြန်လည်အမ်းပေးပြီးဖြစ်ပါကြောင်းနဲ့ Covid-19 ကင်းစင်သွားတဲ့အချိန် အပန်းဖြေဖို့ ချောင်းသာနဲ့ငွေဆောင်ကို သွားကြမယ်ဆိုရင်တော့ ရွှေလှိုင်းသစ် ခရီးသွား လုပ်ငန်းကို ဆက်သွယ်နိုင်ကြပါတယ်နော် ...🤳🤳🤳
Golden New Wave Travels & Tours
အမှတ် (၆၆၄) ၊ ရွှေဥဒေါင်း (၃)လမ်း၊ (၄၂) ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်တွေကတော့ .. 📲📲📲
09-450 450 832
09-790 790 832
09-971 900 500
09-671 900 500
အနီးစပ်ဆုံး လမ်းညွှန်ကတော့ ...⤵️⤵️⤵️
ဖြိုးစံပယ်မှတ်တိုင်အနီး၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။
28/03/2020
စနစ်တကျ လက်ဆေးပါ
27/03/2020
27/03/2020
(၇၅)နှစ်ပြည့် စိန်ရတု တပ်မ‌‌တော်နေ့
တပ်မတော်နဲ့ ပြည်သူ တစ်သားတည်းဆိုတဲ့ စည်းလုံးညီညွတ်မှုခွန်အား၊ မျိုးချစ်စိတ်ဓာတ်တွေနဲ့ မြန်မာကို ကမ္ဘာက သိအောင်ပြသခဲ့သည်မှာ (၇၅) နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်ပြည့် စိန်ရတု တပ်မတော်နေ့အား "ရွှေလှိုင်းသစ်" မိသားစုမှ ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။
Photos from ရွှေလှိုင်းသစ် အဆင့်မြင့် ခရီးသွားလုပ်ငန်း -Golden New Wave Travels & Tours's post 25/03/2020
COVID-19 ကူးစက်ပျံ့ပွားမှုကို ဝိုင်း၀န်း ကာကွယ်စို့ ...
အောက်က ပုံလေးတွေမှာ ဖော်ပြထားတဲ့အတိုင်း
(၁) စျေး၀ယ် စင်တာတွေမှာ စျေး၀ယ်တဲ့အခါ (သို့) စျေး၀ယ်တဲ့အခါမှာ တိုးကြိတ်မနေဘဲ ၀ယ်သင့်ပါတယ်...
(၂) မလိုအပ်ဘဲ အပြင်ထွက်ခြင်းက COVID -19 ကူးစက်မှုကို ပိုပြီး ပျံ့နှံ့နိုင်ပါတယ်။
(၃) အိမ်မှာပဲ နေကျမယ်ဆိုရင်တော့ ပျံ့နှံ့မှုကို အတတ်နိုင်ဆုံး လျှော့ချနိုင်မှာ ဖြစ်ပြီး ရောဂါပိုး ကူးစက်မှုကို အကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
မိဘ ညီအစ်ကိုမောင်နှများအားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေနော် ..
For GNW Page ..
(၁) ဈေးဝယ် စင်တာတွေမှာ ဈေးဝယ်တဲ့အခါ (သို့) ဈေးဝယ်တဲ့အခါမှာ တိုးကြိတ်မနေဘဲ ၀ယ်သင့်ပါတယ်...
Photos from ရွှေလှိုင်းသစ် အဆင့်မြင့် ခရီးသွားလုပ်ငန်း -Golden New Wave Travels & Tours's post 21/03/2020
အညံ့တွေ ပျောက်ပြီး ပိုးသေ ချင်ရင် ပင်လယ် ကမ်းခြေ သွားပါ ..🌊🌊🌊
ကောလဟာလတွေကြားမှာ စိတ်ဖိစီးနေမယ့်အစား .. စိတ်အပြောင်းအလဲလေး လုပ်ပြီး ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်မယ့် ပင်လယ် ကမ်းခြေ ခရီးတစ်ခု ခုကို ထွက်သင့်ပါတယ်လို့ဘဲ အကြံကောင်းလေးပေးပါရစေနော်။ ဘာကြောင့်လဲဆိုတော့ ..
သင်မသိသေးတဲ့ ကောင်းကျိုးတွေက ကမ်းခြေမှာ ရှိနေလို့ပါပဲ ...🤗🤗🤗
ဒါဆို .. ကမ်းခြေက ဘယ်လို ကောင်းကျိုးတွေ ရှိနေမလဲ .🤔🤔🤔
ကမ်းခြေအကြောင်းမစခင် အိမ်က ဆားရည်လေး အကြောင်း အနည်းငယ် စပြောချင်ပါတယ်။ ဆားရည်ရဲ့ ကောင်းကျိုးကို သိမယ်ထင်ပါတယ်။ ဆားရည်ဟာ အလှအပ ရေးရာကို အထူးပဲ ထောက်အပံ့ပေးပါတယ်။
ဒါကြောင့် အိမ်က ဆားရည်နည်းတူး ပင်လယ် ဆားငံရည်ကလည်း အကျိုးသက်ရောက်မှု ပိုရှိစေပါတယ်။ ပင်လယ်ရေမှာ သတ္တုဓာတ်တွေ များစွာ ပါဝင်ပါတယ်။ အဲ့သတ္တုဓာတ်များစွာထဲကမှ အကျိုးရှိစေမယ့် သတ္တုဓာတ်တွေကတော့ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ် ဓာတ်တို့ ပါဝင်ပါတယ်။
ဖော်ပြပါ ဓါတ်တွေ ပါဝင်တာကြောင့် အရေပြားပေါ်က ဘက်တီးရီးယားအပါအဝင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ရောဂါပိုးများ ကူးစက်ခံရခြင်းမှလည်း ကာကွယ်ပေးနိုင်ပြီး အနာလည်း အကျက်မြန်စေတယ်လို့ ဆိုပါတယ်။
ဒါတင်မကသေးပါဘူး။ ပင်လယ် ဆားရည်မှာ ပါတဲ့ သတ္တုဓါတ်များဟာ ချွေးပေါက်တွေကို ပွင့်စေနိုင်တဲ့အပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ကြွက်သားနာကျင်ခြင်းများကိုလည်း သက်သာစေပါသေးတယ်။
သင်ဟာ စိတ်ဖိစီးမှု များနေတဲ့သူတစ်ယောက်ဆိုရင်တော့ အခုပဲ ချောင်းသာ (သို့) ငွေဆောင်ကို အမြန်ဆုံးသွားသင့်ပါတယ်။ ချောင်းသာ/ငွေဆောင် ပင်လယ် ကမ်းခြေက ပင်လယ် လှိုင်းလေးတွေရဲ့ ရိုက်ခတ်သံလေးတွေက သင့်ရဲ့ စိတ်ဖိစီးမှုများကို လျော့ချစေဖို့ စောင့်ကြိုနေလို့လေ ..☺️☺️☺️
နောက်တစ်ခုက ကမ်းခြေရောက်တာနဲ့ ဖိနပ် ခဏချွတ်ပြီး လျှောက် ပြေးလွှားဖို့ လိုပါတယ်နော်။ ဒါက သင့် ခြေဖဝါး အောက်က အာရုံကြော (nerve) လေးတွေကို အကောင်းဆုံး လှုံဆော်ပေးနိုင်မှာ ဖြစ်ပြီး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
ပြင်လယ်သွားရင် အညံ့ပျောက်တယ်လို့လည်း အယူအဆလေး တစ်ခု ရှိနေပါသေးတယ်။ ရှေးလူကြီးများ အဆိုအရ ဆားရည်ဟာ အညံ့ကို ပျောက်စေတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အညံ့ လေးတွေပျောက်ပြီး ပိုးသေ ချင်တယ်ဆိုရင်တော့ ကမ်းခြေဟာ အကောင်းဆုံးပါပဲလို့ အကြံပြုလိုက်ရပါတော့တယ် ခင်ဗျာ .. 😊😊😊
"ရွှေလှိုင်းသစ်" ခရီးသွားလုပ်ငန်းက ချစ်ခရီးသွားတွေ အတွက် ချောင်းသာ၊ ငွေဆောင် သွားမယ်ဆိုရင် အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ ရှိနေပါပြီနော် ..🤗🤗🤗
ကားလက်မှတ် သီးသန့်
================
ချောင်းသာ (နေ့စဉ်)
ကားခ (သွား/ပြန်) - ၁၅,၀၀၀ ကျပ်
ငွေဆောင် (နေ့စဉ်)
ကားခ (သွား/ပြန်) - ၁၈,၀၀၀ ကျပ်
"ဟက်လို .. " လေး လုပ်လိုက်ရုံနဲ့ ကားလက်မှတ်များကို အိမ်အရောက်ပို့ (Delivery Free) ဝန်ဆောင်မှုလည်း ရှိတယ်ဆိုတော့ .... အခုပဲ ဆက်သွယ်လိုက်တော့ ...📞📞📞
ဒါ့အပြင် Package လေးတွေနဲ့ သွားချင်တယ်ဆိုရင်လည်း ဈေးတန်တန်လေး နဲ့ အသက်သာဆုံး၊အကောင်းဆုံးအချိုသာဆုံး ဈေးနှုန်းလေးတွေနဲ့
Hotel + Ticket (Package)
Guest House + Ticket (Package)
များလည်း အပြီးစီး စီစဉ်ပေးလျက် ရှိပါတယ်။
ရင်ခုန် .. ပျော်ရွှင် .. ကြည်နူးစရာ ခရီးစဉ်လေး ဖြစ်ဖို့ "ရွှေလှိုင်းသစ်" နဲ့ ဆက်သွယ် ကြစို့ ...🏄🏄🏄
Golden New Wave Travels & Tours
အမှတ် (၆၆၄) ၊ ရွှေဥဒေါင်း (၃)လမ်း၊ (၄၂) ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်တွေကတော့ ..
09-450 450 832
09-790 790 832
09-971 900 500
09-671 900 500
အနီးစပ်ဆုံး လမ်းညွှန်ကတော့ ..
ဖြိုးစံပယ်မှတ်တိုင်အနီး၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။
Zawgyi
ကောလဟာလတွေကြားမှာ စိတ်ဖိစီးနေမယ့်အစား .. စိတ်အပြောင်းအလဲလေး လုပ်ပြီး ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်မယ့် ပင်လယ် ကမ်းခြေ ခရီးတစ်ခု ခုကို ထွက်သင့်ပါတယ်လို့ဘဲ အကြံကောင်းလေးပေးပရစေနော် ဘာကြောင့်လဲဆိုတော့ ..
ကားလက်မှတ် သီးသန့်
================
ချောင်းသာ (နေ့စဉ်)
ငွေဆောင် (နေ့စဉ်)
Hotel + Ticket (Package)
ဖုန်းနံပါတ်တွေကတော့ ..
09-450 450 832
09-790 790 832
09-971 900 500
09-671 900 500
19/03/2020
(၁၀)တန်းစာမေးပွဲကြီးလဲပြီးပြီဆိုတော့ အတန်ဆုံးဈေးနှုန်းတွေနဲ့ ကမ်းခြေမှာ အပန်းဖြေကြမယ်...🌊🌊🌊
ကားခ(သွား/ပြန်) + Hotel (၁)ညအိပ် + Breakfast 👉 30000~50000 😱
ဒီဈေးတွေနဲ့ ကမ်းခြေမှာ အပန်းဖြေလို့ရပါ့မလား..?
"ရွှေလှိုင်းသစ်" အဆင့်မြင့် ခရီးသွားလုပ်ငန်းနဲ့ဆို ရပါတယ်နော်...👍
✳️ကားခ(သွား/ပြန်) + Hotel (၁)ညအိပ် + Breakfast - 30000/-ကျပ် (ကားလမ်းတဖက်ခြား)
✳️ကားခ(သွား/ပြန်) + Hotel (၁)ညအိပ် + Breakfast - 50000/-ကျပ်(ကမ်းခြေဘက်အခြမ်း)
ဒါ့အပြင် ကားလက်မှတ် သီးသန့်နဲ့သွားချင်တဲ့သူတွေအတွက်ကတော့...
===========
ချောင်းသာ (နေ့စဉ်)
ကားခ (သွား/ပြန်) - ၁၅,၀၀၀ ကျပ်
ငွေဆောင် (နေ့စဉ်)
ကားခ (သွား/ပြန်) - ၁၈,၀၀၀ ကျပ်
စားမေးပွဲပြီးလို့ ကမ်းခြေမှာ ခေါင်းဆေးမယ်ဆိုရင် "ဟက်လို .. " လေး တစ်ချက် လုပ်လိုက်ရုံနဲ့ ကားလက်မှတ်များကို အိမ်အရောက်ပို့ (Delivery Free) ဝန်ဆောင်မှုလည်း ရှိ‌နေတယ်ဆိုတော့ .... အခုပဲ ရွှေလှိုင်းသစ် ခရီးသွား လုပ်ငန်းကို ဆက်သွယ်လိုက်ကြပါစို့လား ...🤳🤳🤳
ရင်ခုန် .. ပျော်ရွှင် .. ကြည်နူးစရာ ခရီးစဉ်လေး ဖြစ်ဖို့ "ရွှေလှိုင်းသစ်" နဲ့ ဆက်သွယ် ကြစို့ ...🥳🥳🥳
Golden New Wave Travels & Tours
အမှတ် (၆၆၄) ၊ ရွှေဥဒေါင်း (၃)လမ်း၊ (၄၂) ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်တွေကတော့ .. 📲📲📲
09-450 450 832
09-790 790 832
09-971 900 500
09-671 900 500
အနီးစပ်ဆုံး လမ်းညွှန်ကတော့ ...⤵️⤵️⤵️
ဖြိုးစံပယ်မှတ်တိုင်အနီး၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။
===========
ချောင်းသာ (နေ့စဉ်)
ငွေဆောင် (နေ့စဉ်)
ဖုန်းနံပါတ်တွေကတော့ .. 📲📲📲
09-450 450 832
09-790 790 832
09-971 900 500
09-671 900 500
14/03/2020
😷ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ
Photos from ရွှေလှိုင်းသစ် အဆင့်မြင့် ခရီးသွားလုပ်ငန်း -Golden New Wave Travels & Tours's post 13/03/2020
Breaking News
12/03/2020
ကောလာဟလ သတင်းများ အထူးသတိပြုကြပါ ခင်ဗျာ
မဂ်လာညချမ်းပါ ခင်ဗျာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ ..
ကောလာဟလသတင်းမှားများနှင့် ပတ်သက်၍ ပြည်သူများထံ ရှင်းလင်းခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၂) ရက်နေ့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် သံသယလူနာများသတင်းများ၊ အဆိုပါလူနာများ၏ ဓာတ်ခွဲအဖြေသတင်းများကို ပြည်သူများထံ နေ့စဉ် (update) ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယနေ့ (၁၂-၃-၂၀၂၀)၊ ည (၁၀) နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိသေးပါ။
ယခုအခါ မသမာသူများက ပြည်သူများအား စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍လည်းကောင်း၊ ထိုသို့ ပြည်သူများ၏ စိုးရိမ်ထိန်လန့်မှု အပေါ်တွင် မကောင်းသောစိတ်ထားဖြင့် အကျိုးအမြတ်ထုတ်လို၍ လည်းကောင်း ကောလာဟလသတင်းမှားများကို ပုံစံအမျိုးမျိုးဖြင့် ဖန်တီးဖြန့်ဖြူးလျက်ရှိပါသည်။
ယနေ့ညနေတွင် လူမှုကွန်ရက် (Facebook messenger) မှ တစ်ဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်ဖြင့် ဖန်တီးဖြန့်ဖြူးနေသည်ကို တွေ့ရှိနေရပါသည်။ အဆိုပါ အသံဖိုင်တွင် “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆို၍ မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်မှုမှာ ပြည်သူတစ်ဦး၊ နိုင်ငံသားတစ်ဦး အနေဖြင့် မည်သို့မျှမလုပ်ဆောင်သင့်ပါ။
ကောလာဟလသတင်းမှားများ ဖြန့်ဖြူးနေသူများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ရှာဖွေဖော်ထုတ်၍ တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ပါသည်။
ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပညာပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန်နှင့် မှန်ကန်သော ကျန်းမာရေးအသိပညာများကို ဝေမျှကြပါရန် ထပ်မံတိုက်တွန်း နှိုးဆော်အပ်ပါသည်။
12/03/2020
အုန်းရေလေးသောက်ပြီး ကမ်း‌ခြေမှာ အေးဆေး အနားယူမယ် ...🌴🌴🌴
ရာသီဥတုကလည်း ပူလာပြီ။ မြို့ပြရဲ့ မွမ်းကြပ်မှုတွေကလည်း နစ္စဓူဝဆိုတော့ ငြီးငွေ့လာပြီ။ အိုကီ .. ဒါဆို မွမ်းကြပ် ပူလောင်မှုတွေကို ကမ်း‌ခြေသွားပြီး ... အုန်းရေလေးသောက် အေးဆေးအနားယူဖို့ သင့်ပြီနော် 😎😎😎
ချောင်းသာ ကမ်း‌ခြေသွားမလား?
ငွေဆောင် ကမ်း‌ခြေသွားမလား ?
ဘယ် ကမ်းခြေသွားသွား နွေးထွေးတဲ့ ဝန်ဆောင်မှုတွေနဲ့ ကမ်းခြေ အပန်း‌ဖြေခရီး ပို့ဆောင်ပေးဖို့ "ရွှေလှိုင်းသစ်" အဆင့်မြင့် ခရီးသွား လုပ်ငန်းက ဖော်ရွေ ပျူငှာမှုများနဲ့ ချစ်ခရီးသွားများနဲ့ ထပ်တူ ရှိနေပါတယ်နော်
"ရွှေလှိုင်းသစ်" ခရီးသွားနဲ့ ချောင်းသာ၊ ငွေဆောင် သွားမယ်ဆိုရင် ..
ကားလက်မှတ် သီးသန့်
================
ချောင်းသာ (နေ့စဉ်)
ကားခ (သွား/ပြန်) - ၁၅,၀၀၀ ကျပ်
ငွေဆောင် (နေ့စဉ်)
ကားခ (သွား/ပြန်) - ၁၈,၀၀၀ ကျပ်
"ဟက်လို .. " လေး တစ်ချက် လုပ်လိုက်ရုံနဲ့ ကားလက်မှတ်များကို အိမ်အရောက်ပို့ (Delivery Free) ဝန်ဆောင်မှုလည်း ရှိ‌နေတယ်ဆိုတော့ .... အခုပဲ ရွှေလှိုင်းသစ် ခရီးသွား လုပ်ငန်းကို ဆက်သွယ်လိုက်ကြပါစို့လား ...🤳🤳🤳
ဒါ့အပြင် Package လေးတွေနဲ့ သွားချင်တယ်ဆိုရင်လည်း 👇👇👇
Hotel + Ticket (Package)
Guest House + Ticket (Package)
များလည်း အပြီးစီး စီစဉ်ပေးလျက် ရှိပါတယ်။ 👌👌👌
ရင်ခုန် .. ပျော်ရွှင် .. ကြည်နူးစရာ ခရီးစဉ်လေး ဖြစ်ဖို့ "ရွှေလှိုင်းသစ်" နဲ့ ဆက်သွယ် ကြစို့ ...🥳🥳🥳
Golden New Wave Travels & Tours
အမှတ် (၆၆၄) ၊ ရွှေဥဒေါင်း (၃)လမ်း၊ (၄၂) ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်တွေကတော့ .. 📲📲📲
09-450 450 832
09-790 790 832
09-971 900 500
09-671 900 500
အနီးစပ်ဆုံး လမ်းညွှန်ကတော့ ..📌📌📌
ဖြိုးစံပယ်မှတ်တိုင်အနီး၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။
Zawgyi Code
ကားလက်မှတ် သီးသန့်
================
ချောင်းသာ (နေ့စဉ်)
ငွေဆောင် (နေ့စဉ်)
Hotel + Ticket (Package)
ဖုန်းနံပါတ်တွေကတော့ .. 📲📲📲
09-450 450 832
09-790 790 832
09-971 900 500
09-671 900 500
Telephone
Website